Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မင်းကိုနိုင် ● တို့ဘိုးဘွားတွေရဲ့ ပုံတူ

$
0
0
 

မင်းကိုနိုင် ● တို့ဘိုးဘွားတွေရဲ့ ပုံတူ
(မိုးမခ) မေ ၂၂၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးပါသည်။

ယောမြို့က ပြန်ခဲ့တယ်။
''ယောပြန်ဆရာ ဘယ်သူဘယ်ဝါ''တဲ့။ ''ဧည့်သည်ကို ချစ်ခင်လျှင် ဖျာနှင့်ခွာမရ အထခက်အောင် ကျီစယ်တတ် တယ်''တဲ့။ ကြားဖူးနားဝတွေက ခရီးသွား အတွက်တော့ ကျီးလန့်သလိုရှိနိုင်ပါသည်။

ယောနယ်သည် ထင်သလောက် ဂမ္ဘီရမဆန်ပါ။ ခေတ် အလျောက်ပြောင်းနေသော ဖက်ရှင်ရေစီးကြောင်းနောက် ယောနယ် က လိုက်ပါမသွား။ အားလုံးနီးပါးသော မိန်းမပျို ငယ်ရွယ်လတ်ကြီးတို့မှာ ရိုးရာအတိုင်းသာဝတ်ဆင်လျက် အလုပ်ခွင် စာသင် မပျက်၊ နေ့စဉ်ဘဝထဲ ရှိနေပါသည်။ ဒီလိုဆိုလို့ ခေတ်ကိုမျက်ခြည်ပြတ် ကျန်ခဲ့ပြီဟုတော့ မမှတ်စေလိုပါ။ သူတို့က ဉာဏ်ပ ညာကိုတန်ဖိုးထား၊ စာပေကို နှစ်လိုသူများ။

ဂန့်ဂေါဆိုလျှင် နိုင်ငံ့ဝန်ထမ်းများအတွက် ရှားပါးစရိတ်၊ လမ်းပန်းဝေးလံ၍ အပိုဆောင်းပေးရသောဒေသဖြစ်သည့် တိုင် အင်တာနက်တော့ မိပါသည်။ အင်တာနက်ဆိုသော ပြတင်းမှအလင်းရောင်ဖြင့် ပြင်ပကမ္ဘာကို သူတို့ရှုမြင် သုံးသပ်သည်။ ပြတင်းမှဝင်လာသော အဆိပ်အတောက်ဆန်သည့် အရာများကိုတော့ သန့်စင်ဖယ်ရှားနိုင်စွမ်းသူများ ဖြစ်နေဆဲပါ။


စာပေဟောပြောပွဲစချိန်မှာ မိုးသဲကြီးမဲကြီးရွာသည်။

ပွဲပျက်ပြီဟု စိတ်ဒုန်းဒုန်းချပြီးကာမှ မိုးတိတ်ရာတွင် ပွဲခင်းအလယ် ငုတ်တုတ်ကြီးတွေ ထိုင်နေသောပရိသတ်ကို တွေ့ရပါ တော့သည်။

ပွဲစီစဉ်သူများက နောက်တစ်နေ့ပြန်ချိန်းမယ်။ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ အမိုးအကာရှိတဲ့နေရာ နေ့ဘက်ပြန်လုပ်ပေးမယ်ဆိုတာလည်းမရ။ ''နေ့ဘက်ဆိုမအားဘူး။ အခုလိုလည်း မသေချာဘူး။ အခုသာပွဲစ တစ်ညလုံး နားထောင်မယ်''တဲ့။ ဒါနှင့်ပင် နားထောင်ရဲရင် ဟောရဲရမယ်မှတ်ယူကာ သန်းခေါင်တိုင်သည်အထိ အချီအချညီခဲ့ ကြပါသည်။

ဒုတိယအကြိမ်မှာတော့ ယောနယ် ဆောမြို့သို့ ရောက်ခဲ့ပြန်သည်။ ထိုဒေသတစ်လျှောက် ကျွန်တော်စွဲလမ်းမိ သောအချက် မှာ အနေရိုး၊ အစားရိုးခြင်းဟူသောအလှပေါ်တွင် ရှေးမြန်မာတို့၏ စိတ်ထားသင်္ကေတတစ်ခုကို ဒီနေ့အထိ ထိန်းသိမ်းထား နိုင်ခြင်းဟူသည့် တစ်ပွင့်ပန်းဖြင့် အယဉ်ဆင့်ပြခြင်းပင်ဖြစ်ပါသည်။

ရှေးက ကျွန်တော်တို့ဘိုးဘေးများသည် ခရီးသွားများထံမှ တည်းခိုစရာအခကြေးငွေယူသည့်စီးပွားမလုပ်သလို ရေလည်း ရောင်းမစားခဲ့ကြပါ။ စာပေများတွင်ဖတ်ဖူးသည့် ဘေးပတ်ဝန်းကျင်က သမိုင်းကြောင်းကြီးသော နိုင်ငံများတွင် ထမင်းဆိုင်၊ ဟင်းဆိုင်နှင့် တွဲလျက်ဖြစ်စေ၊ သီးခြားဖြစ်စေ၊ Inn ဟုခေါ်နိုင်မည့် နားနေကွန်းခိုရာများလို အခကြေးငွေဖြင့် ငှားရမ်းခြင်းမျိုး မြန်မာ့သမိုင်းတွင် မရှိခဲ့ပါ။


ယောနယ်အနှံ့ ဇရပ်အိုတွေက ခရီးသွားများ အပေါ် မြန်မာတို့ ၏စိတ်ရင်းကိုပြခဲ့သလို ဇရပ်သစ်တွေဖြင့်လည်း ပြနေဆဲ။ မည်ကာမတ္တမဟုတ်။ အခုချိန်အထိ ခရီးသွားများ၊ ဈေးသည်များတည်းခိုခွင့် အခမဲ့ရနေဆဲ။ ရေအိုးစင်တွေကလည်း ဇရပ်တိုင်းတွင်သာမက အရိပ်ကောင်းရှိရာ သစ်ပင်အခြေများတွင် ရေကြည်အေးနှင့်ဧည့်ခံမြဲ။

ကမ္ဘာတစ်လွှားမှာ မိုတယ်၊အင်း၊ ဧည့်ရိပ်သာစီးပွားရှာမှုတွေ တွင်ကျယ်လာပေမယ့် ယောနယ်ကတော့ မြန်မာ့ စိတ်ရင်းကို ဇရပ်၊ ရေအိုးစင်တွေဖြင့် သက်သေထူဆဲ။

‪#‎မင်းကိုနိုင်‬

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>