ထက်တည်မြင့် ● ခေါင်းစဉ်လည်း ခေါင်းချစရာမရှိတော့ ....
(မိုးမခ) မေ ၂၈၊ ၂၀၁၆
ဒီနေ့သတင်းစာဖတ်ပြီးပြီလား
နံရံမမြင်တဲ့တယောက်က
နောက်ဆုံးသွေးပုလင်းခွံကို ယူသွားတယ်။
အရေးပေါ်လူနာတင်ကားတစင်းက
သော့ပျောက်နေတယ်။
ဓာတ်မှန်ထဲမှာ တံတားတဝက်ပဲတွေ့တယ်။
ရုပ်မြင်သံကြားက
မြစ်ရေကနေ စက်ရုံမီးခိုးပြောင်းသွားတယ်။
လက်မှတ်က
ဖျာလိပ်ထဲမှာသောင်တင်နေတယ်။
သုညက
ခရီးစရိတ်ပြတ်နေတယ်။
ဆေးရုံအပြင်ဖက်က
ဆန်ပြုတ်ဆိုင်လည်း ပိတ်ထားတယ်။
လိပ်ပြာကအခန်းထဲမှာ မျောနေတယ်။
မနက်ဖြန်
မိုးလေဝသသတင်းနားထောင်ပြီးပြီလား
ပြန်ချင်တာ
ဟိုဖက်ကမ်းရောက်နေတဲ့အရိပ်ကလည်း
ကြိုးပြတ်နေတယ် ။ ။
ထက်တည်မြင့်
(မိုးမခ) မေ ၂၈၊ ၂၀၁၆
ဒီနေ့သတင်းစာဖတ်ပြီးပြီလား
နံရံမမြင်တဲ့တယောက်က
နောက်ဆုံးသွေးပုလင်းခွံကို ယူသွားတယ်။
အရေးပေါ်လူနာတင်ကားတစင်းက
သော့ပျောက်နေတယ်။
ဓာတ်မှန်ထဲမှာ တံတားတဝက်ပဲတွေ့တယ်။
ရုပ်မြင်သံကြားက
မြစ်ရေကနေ စက်ရုံမီးခိုးပြောင်းသွားတယ်။
လက်မှတ်က
ဖျာလိပ်ထဲမှာသောင်တင်နေတယ်။
သုညက
ခရီးစရိတ်ပြတ်နေတယ်။
ဆေးရုံအပြင်ဖက်က
ဆန်ပြုတ်ဆိုင်လည်း ပိတ်ထားတယ်။
လိပ်ပြာကအခန်းထဲမှာ မျောနေတယ်။
မနက်ဖြန်
မိုးလေဝသသတင်းနားထောင်ပြီးပြီလား
ပြန်ချင်တာ
ဟိုဖက်ကမ်းရောက်နေတဲ့အရိပ်ကလည်း
ကြိုးပြတ်နေတယ် ။ ။
ထက်တည်မြင့်