UCLA ကျောင်းဝင်းထဲမှာ သေနတ်ပစ်ခတ်မှုဖြစ်၊
တဦးက အခြားတဦးကို ပစ်သတ်ပြီးနောက် သူ့ကိုယ်သူ အဆုံးစီရင်
(မိုးမခ) ဇွန် ၁၊ ၂၀၁၆
Image may be NSFW.
Clik here to view.
(Los Angeles, CA, USA) ယနေ့ မနက်ခင်း ၁၀ နာရီခန့်က စာသင်ဆောင်တခုအတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ကျောင်း၏ Bruin Alert မက်ဆိပို့စနစ်ကြောင့် ကျောင်းသားများက မိမိရောက်ရှိနေရာအတွင်း လုံခြုံအောင် ပိတ်ဆို့ပြီး ကာကွယ်မှု ရယူခဲ့သည်။ ပုလိပ်တပ်ဖွဲ့ပေါင်းစုံက ၁၅ မိနစ်အတွင်း ကျောင်းဝင်းကို ပိတ်ဆို့ပြီး ရှင်းလင်းခဲ့ကြသည်။
Image may be NSFW.
Clik here to view.
အချိန်နှင့် တပြေးညီ သတင်းပေးမှုကို ကျောင်း၏ Bruin alert, twitter, facebook page တို့မှတဆင့် ကျောင်းနှင့် ပြည်သူတို့ကို သတင်းပေးနိုင်ခဲ့သည်။ အခင်းဖြစ်ပွားရာ ကျောင်းဆောင်ကို ပုလိပ်တပ်ဖွဲ့များက ၀င်ရောက် ရှင်းလင်းပြီးနောက် နေ့ခင်း ၁၂ နာရီတွင် ပုလိပ်မင်းကြီးက အမျိုးသား ၂ဦးတို့ သေနတ်ဒဏ်ရာဖြင့် သေဆုံးကြောင်း၊ တဦးက နောက်တဦးကို ပစ်ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်သွားကြောင်း၊ လက်ရှိစုံစမ်းစစ်ဆေးမှုအရ နောက်ထပ် ဘေးအန္တရာယ် မရှိဘူး ဆုံးဖြတ်သဖြင့် ကျောင်းကို ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း၊ အမှုကို လူသတ်မှုအဖြစ် ဆက်လက် စစ်ဆေး ဖော်ထုတ်သွားမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲဖြင့် ထုတ်ပြန်လိုက်သည်။
Image may be NSFW.
Clik here to view.
UCLA ကျောင်းမှာ စာမေးပွဲရာသီချိန်ဖြစ်သဖြင့် စာမေးပွဲများကို ရွေ့ဆိုင်းထားကြောင်း ကြေညာလိုက်သည်။ နက်ဖြန်တွင် ကျောင်းကို ပုံမှန် ပြန်ဖွင့်မည်ဟု သိရသည်။
ကျောင်းဆောင်များ၏ အပြင်စက်ဝန်းတွင်ရှိသော ကျောင်းဆောင်များတွင် ရှိသော ကျောင်းသားများက အဆောင်တံခါးများကို ပိတ်ဆို့ပြီး အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည်ဟု ကျောင်းဆောင်ရှိ ကျောင်းသူတဦးက မိဘများထံ ဖုန်းဆက် အကြောင်းကြားခဲ့သည်။ အဆိုပါအဆောင်များကို ပုလိပ်များ ချက်ခြင်း မရောက်သော်လည်း ကျောင်းလုံခြုံရေးက အစောင့်ပေးသည်ဟု ကျောင်းသူက ပြောသည်။ စိုးရိမ်သော မိဘဆွေမျိုးများက ကျောင်းဝင်းထဲကို ချက်ခြင်း အရောက်လာရန် မလိုကြောင်း သတင်းများကိုသာ စောင့်ကြည့်ရန် လိုသည်ဟု သူတို့က မေးမြန်းသူများကို ပြန်ကြားခဲ့ကြသည်။
LA မြို့တော်ဝန်ကလည်း သူ့၏ twitter အကောင့်မှနေ၍ ၀မ်းနည်းကြောင်း၊ တည်ငြိမ်စွာ တုန့်ပြန်နိုင်ခဲ့သဖြင့် အားလုံးကို ဂုဏ်ယူပါကြောင်း၊ ထုတ်ပြန်ခဲ့သည်။