Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဇာနည်သွေး (ပလိပ်) ● သို့ ... ကဗျာဆရာ အောင်ဘညို

$
0
0
  ဇာနည်သွေး (ပလိပ်) ● သို့ ... ကဗျာဆရာ အောင်ဘညို
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၆

ခင်ဗျားကြွေသွားတာကလည်း
ကြယ်တွေရဲ့ယဉ်ကျေးမှုပဲလား
ကျွန်တော်တို့မှာ
ကဗျာသမ္မတကြီးတယောက် ပျောက်ရှသွားသလို

ခင်ဗျားရဲ့နာရေးသတင်းဟာ
ကမ္ဘာ့ရင်ခွင်ထဲက
ကဗျာဥယျဉ်မှူးတယောက်ရဲ့
ဆို့နင့်ဖွယ်
လန်းစွင့်လာတဲ့ကဗျာလား

ခင်ဗျားကြွေသွားပေမယ့်
ခင်ဗျာ့ကဗျာတွေဟာ
ကျွန်တော်တို့တွေအတွက်တော့
ထာဝရလင်းဆွတ်နေမယ့်
ကြယ်တွေပဲဗျ

ခင်ဗျားက ပိုသိတာပေါ့
ကဗျာဆရာဆိုတာ
ဘယ်တော့မှ မသေတဲ့ကဗျာလေ

ဦးညွှတ်တဲ့အနေနဲ့
ကျွန်တော်တို့ နှလုံးသားတွေကို
တိုင်တဝက် လွှင့်ထူလိုက်တယ်

ပြီးရင်
လွမ်းဆွတ်တောက်ပနေတဲ့
ကဗျာတွေနဲ့
ခင်ဗျားရဲ့အမည်နာမကို
ခမ်းခမ်းနားနားကြီး ဂုဏ်ပြုလိုက်ကြမယ်……။ ။

ဇာနည်သွေး (ပလိပ်)
10.6.2015
 
ပန်းချီ - ကိုကိုနိုင်

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>