မင်းညွှန့်လှိုင် ● RC 2874 ရဲ့ ကြေကွဲခြင်းအနက်ရောင်
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၆
ငါဟာ မော်တော်ကားတစင်းပါ
ငါဟာ ခေတ်ဟောင်းမော်တော်ကားတစင်းပေါ့
ခုတော့ဖြင့် လမ်းတွေကိုငတ်မွတ်နေရပြီ
ခရီးမိုင်တွေကိုဆာလောင်နေရပြီ
အများပြည်သူအကြည့်ရှုခံရုံသက်သက်
တိတ်ဆိတ်ငြိမ်သက်နေရပြီ။
ဟိုအရင်ကဆို
ငါ့သခင်ကိုထမ်းပိုးလို့
ကိုးကုန်းကိုးကျင်း
ဒီတိုင်းပြည်ရဲ့တနံတလျား
သမိုင်းဝင်ခရီးတွေငါသွားခဲ့တာပေါ့။
ငါ့သခင်နဲ့
သူချစ်တဲ့ရဲဘော်ရဲဘက်တွေကို
သူချစ်တဲ့သူ့မိသားစုကို
သူကလည်းချစ် သူ့ကိုလည်းချစ်ကြတဲ့
မြေပြန့်တောင်ပေါ်အညာအကြေ
ပြည်သူတွေရှိရာဆီငါဆောင်ပို့ခဲ့ရ
ရွှေထီးဆောင်းခဲ့ရတဲ့နေ့ရက်တွေပေါ့။
ငါ့သခင်က
အာဂယောက်ျား အာဂခေါင်းဆောင်
တိုင်းနိုင်ငံရဲ့နှလုံးသည်းပွတ်
ကမ္ဘာကြီးကစောင့်ကြည့်ရတဲ့
တောက်ပတဲ့ ကြယ်တပွင့်ပေါ့။
အဲသလို သခင်မွန်ကိုမှ
သူကြွေကျမယ့်တွင်းနက်ကြီးထဲ
မိုက်မိုက်မဲမဲ
အရောက်ပို့ပေးခဲ့မိတဲ့ငါ့အဖြစ်
ဘယ်လိုမှ
မဖြေသိမ့်နိုင်တဲ့အဖြစ်ဆိုးကြီးပါလေ။
အို..
၁ ၉ ၄ ၇
အတွင်းဝန်ရုံး
အမှောင်မိုက်ဆုံးရက်တရက်
ဇူလိုင် ၁၉ ရဲ့မိုးစွေစွေမနက်ခင်း
ကျည်တစ်တောင့်မှမထိပဲနဲ့ငါ
စင်းစင်းကြီး သေဆုံးခဲ့ရပါပြီ။
ဒီမယ်ကြည့်ကြ
တာဝါလိန်းအိမ်တော်ရှေ့
ဂိုဒေါင်ဟောင်းလေးမှာ
ဒဏ်ရာမပေါ်တဲ့မြစ်အသေလို
ငါ့ကိုမြင်တွေ့နိုင်ပါပြီ။
ကြားကြရဲ့လား
နှစ်စဉ်နှစ်တိုင်း
အမှောင်ဆုံးသောနေ့ရက်မှာ
မနက် ၁၀ နာရီ ၃၇ မိနစ်
ဝူစလီ*ကားတစင်းရဲ့
အနက်ရောင်....
အော်သံ !
မင်းညွန့်လှိုင်
* Wolsely
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၆
ငါဟာ မော်တော်ကားတစင်းပါ
ငါဟာ ခေတ်ဟောင်းမော်တော်ကားတစင်းပေါ့
ခုတော့ဖြင့် လမ်းတွေကိုငတ်မွတ်နေရပြီ
ခရီးမိုင်တွေကိုဆာလောင်နေရပြီ
အများပြည်သူအကြည့်ရှုခံရုံသက်သက်
တိတ်ဆိတ်ငြိမ်သက်နေရပြီ။
ဟိုအရင်ကဆို
ငါ့သခင်ကိုထမ်းပိုးလို့
ကိုးကုန်းကိုးကျင်း
ဒီတိုင်းပြည်ရဲ့တနံတလျား
သမိုင်းဝင်ခရီးတွေငါသွားခဲ့တာပေါ့။
ငါ့သခင်နဲ့
သူချစ်တဲ့ရဲဘော်ရဲဘက်တွေကို
သူချစ်တဲ့သူ့မိသားစုကို
သူကလည်းချစ် သူ့ကိုလည်းချစ်ကြတဲ့
မြေပြန့်တောင်ပေါ်အညာအကြေ
ပြည်သူတွေရှိရာဆီငါဆောင်ပို့ခဲ့ရ
ရွှေထီးဆောင်းခဲ့ရတဲ့နေ့ရက်တွေပေါ့။
ငါ့သခင်က
အာဂယောက်ျား အာဂခေါင်းဆောင်
တိုင်းနိုင်ငံရဲ့နှလုံးသည်းပွတ်
ကမ္ဘာကြီးကစောင့်ကြည့်ရတဲ့
တောက်ပတဲ့ ကြယ်တပွင့်ပေါ့။
အဲသလို သခင်မွန်ကိုမှ
သူကြွေကျမယ့်တွင်းနက်ကြီးထဲ
မိုက်မိုက်မဲမဲ
အရောက်ပို့ပေးခဲ့မိတဲ့ငါ့အဖြစ်
ဘယ်လိုမှ
မဖြေသိမ့်နိုင်တဲ့အဖြစ်ဆိုးကြီးပါလေ။
အို..
၁ ၉ ၄ ၇
အတွင်းဝန်ရုံး
အမှောင်မိုက်ဆုံးရက်တရက်
ဇူလိုင် ၁၉ ရဲ့မိုးစွေစွေမနက်ခင်း
ကျည်တစ်တောင့်မှမထိပဲနဲ့ငါ
စင်းစင်းကြီး သေဆုံးခဲ့ရပါပြီ။
ဒီမယ်ကြည့်ကြ
တာဝါလိန်းအိမ်တော်ရှေ့
ဂိုဒေါင်ဟောင်းလေးမှာ
ဒဏ်ရာမပေါ်တဲ့မြစ်အသေလို
ငါ့ကိုမြင်တွေ့နိုင်ပါပြီ။
ကြားကြရဲ့လား
နှစ်စဉ်နှစ်တိုင်း
အမှောင်ဆုံးသောနေ့ရက်မှာ
မနက် ၁၀ နာရီ ၃၇ မိနစ်
ဝူစလီ*ကားတစင်းရဲ့
အနက်ရောင်....
အော်သံ !
မင်းညွန့်လှိုင်
* Wolsely