၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံတဲ့ ကာတွန်းပြပွဲ
(ဌေးအောင်၊ မိုးမခ) သြဂုတ် ၁၃၊ ၂၀၁၆
၂၁ရာစုပင်လုံညီလာခံအားထောက်ခံသောအားဖြင့်ကာတွန်းပြပွဲအားကာတွန်းဆရာများ စုပေါင်းကာရန်ကုန်မြို့တော်ခန်းမရှေ့ဗန္ဓုလပန်းခြံဘေးတွင်ယနေ့(၁၂.၈.၂၀၁၆) မှ (၁၄.၈.၂၀၁၆)အထိ၃ရက်ကြာ ခင်းကျင်းပြသလျှက်ရှိသည်။စိတ်ဝင်စားသောကာတွန်းဝါတနာရှင်များအနေဖြင့်နံနက် (၉) နာရီမှညနေ(၆)နာရီအထိလာရောက်ကြည့်ရှုနိုင်ကြောင်းသိရ
အဆိုပါကာတွန်းပြပွဲတွင် ကာတွန်းဆရာ (၁၀၀) ကျော်၏ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ရေးဆွဲထားသော ကာတွန်း (၃၀၀) ကျော်အားပြသထားပြီး ကာတွန်း(၁)ကားလျှင် ၅၀,၀၀၀ ကျပ်ဖြင့်ရောင်းချလျှက်ရှိ သည်။ ရရှိသောရံပုံငွေများကို ကာတွန်းဆရာများအတွက် ကျန်းမာရေးစောင့်ရှောက်မှု့ လုပ်ငန်းများတွင် အသုံးပြုသွားမည်ဟုသိရသည်။