Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ရဲ့ရင့်သက်ဇွဲ - さようなら - ဆာယိုနာရား

$
0
0

ရဲ့ရင့်သက်ဇွဲ  - さようなら - ဆာယိုနာရား
(မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၆


ယုခိစံ
တို့ ဘယ်လိုငြိတွယ်ခဲ့ကြသလဲ
ပြန်စဉ်းစားဘို့ အချိန်ကို
မင်းရဲ့ ဆုံးဖြတ်ချက်တွေက
သယ်ဆောင်သွားခဲ့ပြီပဲ ..။


ဟောဒီပင်လယ်ကမ်းခြေကြီးမှာ
တို့ နှစ်ယောက် လက်တွဲလျှောက်ခဲ့ဖူးကြတယ်နော်
တိုကျိုမြို့ ရဲ့ လမ်းများပေါ်မှာ
ရှင်ဂျူးကု တာကာဒါနိုဘာဘာ အရပ်က
ဂျပန်ရိုးရာ ဆာကေး အရက်ဆိုင်လေးတွေ
မြန်မာစားသောက်ဆိုင်နဲ့ ကာရာအိုကေတွေမှာ
တို့ နှစ်ယောက်ပျော်မြူးခဲ့ကြဘူးတယ် ..။


မင်းဆိုပြခဲ့ဘူးတဲ့ Ue O Muite သီချင်းသံနဲ့ 
မင်းကြိုက်နှစ်သက်တဲ့ Nagabuchi Tsuyoshi -kampai
သီချင်းသံတွေကို ကြားရတဲ့အခါတိုင်းမှာ
ကိုယ့်ရင်မှာ ဆူနာမီးလှိုင်း
ကိုယ့်မျက်ဝန်းမှာ မျက်ရည်မုန်တိုင်း
ကိုယ့်နှလုံးသားမှာမီးပင်လယ်ဝိုင်ဲး
သောကစစ်စစ်နဲ့ 
ဒီလောကမှာ ဘာ့အတွက်များ
ငါ လူဖြစ်လာရပါသလဲ


ယုခိစံ
ငါဟာ မြန်မာနိုင်ငံသားတယောက်ပါ
ကံအကြေင်းတရားကြောင့် မဟုတ်ပါပဲ
စနစ်ဆိုးတခုကို တိုက်ဖျက်
အသိုက်ပျက်ခဲ့ရတဲ့ ကိုယ်ဟာ
မင်းတို့ ဂျပန်နိုင်ငံမှာ
ရေမျောကမ်းတင်တယောက်ပါ


မတူသာယဉ်ကျေးမှုတွေ
မတူသောဘာသာစကားတွေ
မတူသော ကိုးကွယ်မှုတွေကြားမှာ
ငါဟာ တလူးလူးတလိမ့်လိမ့်  မျောပါနေရင်း
အားလပ်ရက် ဂျပန်စကားပြောသင်တန်း
တခုအသွားမှာမထင်မှတ်ပဲ
တို့ မင်းနဲ့ ဆုံတွေ့ ခဲ့ရတယ်
ဘယ်တော့မှ မမေ့ဘူး ယုခိစံ..


ရင်းနှီးမှုတွေကြာရှည်လာ
သံယောဇဉ်တွေ ပိုခိုင်မာလာခဲ့ကြ
နှစ်တနှစ်ရဲ့  တခုသော
အတာရေပွဲတော်မှာ
ချယ်ရီပင်အောက်ကပိတောက်ချစ်သူ
တို့ နှစ်ယောက်ချစ်သူဘ၀ကိုရောက်ရှိသွားကြတယ်နော်…
ပိတောက်နဲ့ ချယ်ရီ အလှချင်းပြိုင်ကြ
ပိတောက်နဲ့ ချယ်ရီ အချစ်ခြင်းပြိုင်ကြ
သံသာလေကမ်းတိုင် မိုးမမြင်လေမမြင်
ပျော်ပွဲဆင်ခဲ့ကြတယ်မ ဟုတ်လား..


ယုခိစံရေ
ပျော်လို့ အားမရသေးခင်မှာ
ကြမ္မာဆိုးအငြိုးတွေက
တို့ ဘ၀ထဲဝင်လာခဲ့ကြတယ်
မိသားစုကိုတန်ဘိုးထားတဲ့
မိသားစုကိုချစ်လွန်းအားကြီးတဲ့
မင်းရဲ့ စိတ်ကိုနားလည်ဘို့ ကြိုးစား
မင်းမိဘတွေရဲ့  ဖိအားပေးမှုများ
တို့ ရဲ့ လက်ကို ဆုပ်ကိုင်ထားတဲ့
မင်းရဲ့ လက်များက တဖြေးဖြေးပြေလျော့လာ..


မင်းငါ့ကိုလွှတ်ချထားခဲ့တော့မှာပဲဆိုတဲ့ အတွေးက
ငါ့ရဲ့ အသက်ဝိညာဉ်ကို ဆွဲနှုတ်ယူငင်သွားသလိုပဲ.။


လမ်းတွေက ကောက်ကွေ့ လွန်းတယ်
လူတွေက မာယာများလှတယ်
ကမ္ဘာကြီးဟာ မှားယွင်းမွေးဖွားလာသလား
အတူနေရန်အခွင့်အရေးဟာ
ငါနဲ့ မထိုက်တန်မှန်း
သိခဲ့ရပြီးတဲ့နောက်
မင်းနဲ့ ဝေးရာ …. အဝေးဆုံး
အဝေးဆုံး အဝေးဆုံး ကို ကိုယ်ထွက်သွားခဲ့ပြီ
တသက်တာအတွက်
နှုတ်ဆက်ခဲ့တယ် …. ဂွတ်ဘိုင်
さようなら
ဆာယိုနားရား .......


ရဲ့ရင့်သက်ဇွဲ

(ဂျပန်အလွမ်းပြေ)

Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>