Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မောင်သော်တာ ● နေရိုင်းရဲ့ ဒိုင်ယာလက်တစ် လွင်ပြင်

$
0
0
မောင်သော်တာ ● နေရိုင်းရဲ့ ဒိုင်ယာလက်တစ် လွင်ပြင်
(မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၆

ကဗျာစာအုပ်တစ်အုပ်
ငါမရေးဘဲဖြစ်သွားတဲ့ကဗျာ
ကဗျာဆရာ… … နေရိုင်း

ကျောင်းပိတ်ရက်တနင်္ဂနွေဟာ ကျွန်တော့်အတွက်ကဗျာတောင်ပံ လွတ်လပ်ဖြန့်ထွက်ရတဲ့နေ့ပါ။

ကျွန်တော်တို့ရဲ့ရဲဘော် ကိုနေရိုင်းရဲ့ကဗျာ Solo လေးတစ်ခု ထုတ်ဖြစ်ခဲ့ပြီဆိုတဲ့ ဝမ်းမြောက်ပီတိစိတ်က ရင်ထဲမှာနွေးနေတော့ မိုးထဲလေထဲကြားကပဲ ပျဉ်းမနားကိုရောက်အောင် လာခဲ့တာပေါ့။

ပျားရည်လွင်ပြင်ကိုဝင်ဝင်ချင်း ချစ်သောဗိုကြူးရဲ့အစီအစဉ်ပြောဆိုစကားသံကြားရပြီ။

ကဗျာဆရာတွေ စာရေးဆရာတွေ သတင်းသမားတွေ ကင်မရာတွေ ဟန်းဆက်ဖုန်းမျိုးစုံနဲ့ပေါ့။

ကိုနေရိုင်းကို အပြုံးနဲ့နှုတ်ဆက်
ညီငယ် ဆောင်းချစ်ငြိမ်တို့စားပွဲမှာ နေရယူ
တိုက်ပွဲတစွန်းတစမှာ ဝင်ရောက်ရင်ဆိုင်ရတဲ့ ဓားတစ်လက်လိုလေ။

အရေးတော်ပုံကြီးပြီးစ ၁၉၈၉ မှာ ကျွန်တော်နဲ့တွေ့ဆုံရင်းနှီးခဲ့တဲ့ ဆရာဇော်(ပျဉ်းမနား)၊ နီဇော်(ပျဉ်းမနား)၊ ရိုးမြင့်(လယ်ဝေး)တို့နဲ့အတူ ကိုနေရိုင်းရဲ့ကဗျာတွေ သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို လက်ဖက်ရည်ဆိုင်စားပွဲမှာ ကျွန်တော်ဖတ်နေ ကြားနေခဲ့ပြီ။

အခုနေများ ဦးဇော်တို့၊ ကိုကျော်သန်း(နီဇော်)တို့များရှိရင်လေ… ဆိုပြီး လွမ်းလိုက်မိပါရဲ့။ သူတို့ညီ ကိုနေရိုင်းရဲ့ကဗျာစာအုပ်ကို ဖွင့်ဖတ်နေကြပြီပေါ့။

ကိုနေရိုင်းက ဦးဇော်ရဲ့"မနာလိုစရာကောင်းတဲ့ဦးခေါင်း"


ဗိုကြူးက "ပျဉ်းမနားသားမေတ္တာစာ"ကဗျာကိုရွတ်လိုက်ကြတယ်။ ကျွန်တော်က ကိုနေရိုင်းရဲ့ကောင်းကင်ကြီးပြာနေတယ်"ကဗျာကို ရွတ်တယ်။

ကျွန်တောရွတ်လို့ပြီးပြန်တော့ ကိုနေရိုင်းကို ပရိသတ်ကတောင်းဆိုလို့ သူ့ကဗျာစာအုပ်ထဲက "သမီးလေးအတွက်ကဗျာ"ကို ရွတ်တယ်။ သူ့သမီးလေးစုဇာနည်ဇော်'ကိုရည်ညွန်းရေးတဲ့ကဗျာပေါ့။ ကဗျာဆရာဟာ ရင်နင့်ပြီးရေးထားတဲ့ သူ့ကဗျာကို တနင့်နင့်ခံစားပြီးဖတ်လိုက်တဲ့အခါ ကဗျာဆုံးအောင် စိတ်တင်းထားနေရတာ ကျွန်တော်တို့မြင်ရကြားလိုက်ရတယ်။ သူ့အ သံဟာ ကြေကွဲစိတ်နဲ့ တုန်ခါနေတယ်။ တချက်တချက် အသံတိမ်သွားတယ်။

နှင်းတွေလည်းငို
ခပ်စိမ်းစိမ်းသစ်အုပ်တွေလည်းငို
တောင်တန်းတွေလည်းငို
အဝေးပျံငှက်ကလေးတွေလည်းငို
အဖေ့ရင်ထဲမှာလည်းငိုလို့ပါလား…

(၎င်းကဗျာ/စာ-၆၆ )

သောင်ရင်းမြစ်ရေအသည်းစကား
အဲဒီမှာ ချစ်သူမျဉ်းကြားတချို့
ရင်ကွဲပက်လက်
လက်ဆုပ်ပြေသွားတဲ့ည
မြို့ပြကိုစွန့်ခွာသွားသူရဲ့သီချင်းသံဟာ
တတောလုံး တတောင်လုံးမှာ
ပဲ့တင်ခြေရာထပ်
လက်ယပ်ခေါ်နေတယ်
အိုင်ချင်းသစ်ဆိုနေတယ်…(အသည်းကွဲနာရီ)

မှောင်နဲ့မည်းမည်း
အဲဒီငှက်တွေအလင်းရှာကြပေါ့
ဘဝရဲ့ခရီးတစ်ခုကိုမရောက်ဘဲ
လောကဓံက
မရဲဘဲ ကျွဲပြဲစီးပါ့မလား…(အလင်းရှာငှက်များ)

သမီးရေ
ကမ်းဆိုတာဟာ ဆိုက်ကပ်ဖို့မဟုတ်ဘူး
စွန့်ခွာဖို့
ဒါပေမဲ့
အနားယူဖို့တော့မဟုတ်ဘူး…(ကမ်း)

မောက်မာမှုတွေနဲ့ တောခွေးတွေက တစပ်စပ်
ငါတို့ရွာရဲ့မူလတန်းကျောင်းကလေး
ကလေးတွေရဲ့စာအံသံတောင်မကြားရတော့ပါလား
…….. မကြားရတော့ပါလား…(ဒီဆောင်း)

ဇော်'ပြောသလိုမျိုး
ဆင်နင်းတဲ့ယပ်တောင်
ထူးပြီးမချပ်တော့ပါဘူးကွာ…တဲ့
ဘဝမှာ
အလှနဲ့သစ္စာဟာ
စုံလုံးလှနေတာပဲ
ဘာလိုသေးလို့လဲ…(ကမ်း)

ကျွန်တော်တို့ရဲ့ဗိုဂျီး (ဆရာမောင်သင်းခိုင်) က…..
… …

ကျွန်တော်တို့နိုင်ငံဟာ ရှည်လျားထွေပြားစွာ စစ်လောင်းရိပ်ကျခဲ့ရတယ်။ အဲဒီအမှောင်ခေတ်ကြီးထဲမှာ ပြည်သူတရပ်လုံး အလင်းရှာငှက်တွေ ဖြစ်နေပါတော့တယ်။ ပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆန့်ကျင်ခဲ့ကြ တယ်။ စာရေးဆရာကဗျာဆရာတွေကလည်း အနုပညာ ဝတ္ထု၊ ကဗျာလက်နက်နဲ့ ဆန့်ကျင်ခဲ့ကြတယ်။ ကဗျာဆရာနေရိုင်းဟာ စစ်အာဏာရှင်ကို ကဗျာနဲ့ဆန့်ကျင်ခဲ့ သလို အရှေ့တောင်အရပ်တောတန်းတောင်တန်းတွေပေါ်လည်း ဒီမိုကရေစီအရေး တိုက်ပွဲဝင်ခဲ့တဲ့ ကဗျာဆရာတစ်ယောက်ဖြစ်တယ်"လို့ နေရိုင်းရဲ့ဖြတ်သန်းပါဝင်ခဲ့မှုကို မှတ်တမ်းတင်ပေးတယ်။

ဆရာမြတ်သစ်က ဒီလိုညွှန်းပြန်တယ်…

သူဘာပြောသလဲဆိုတာထက် သူဘာလုပ်သလဲဆိုတဲ့အချက် အရေးကြီးတယ်ဆိုတဲ့ ဒိုင်ယာလက်တစ်အယူအဆနည်းတူ အနုပညာရှင်(ကဗျာဆရာ)က သူပြောလိုတဲ့အချက်ကို ဘယ်လိုပြောသလဲဆိုတဲ့အချက်က အရေးကြီးတယ်။ သူပြောတဲ့အချက်ကို ကဗျာဖတ်သူတွေ ဘယ်လိုနားလည်သဘောပေါက်သလဲဆိုတာက ပိုလို့ပိုလို့အရေးကြီးတယ်…
(ရည်ညွှန်း> >ဆရာမြတ်သစ်ရဲ့အမှာစာ)

၁၉၉၅ ကနေ ယနေ့အထိရေးသားခဲ့တဲ့ငါမရေးဘဲဖြစ်သွားတဲ့ ကဗျာ "အပါအဝင် ကဗျာပုဒ်ရေ(၄၁)ပုဒ် ထည့်သွင်းထားပါတယ်။ နေရိုင်းရဲ့ပထမဦးဆုံးစာမူဖြစ်တဲ့ "ပလွေကြိုးဝိုင်းထဲက သီချင်းတစ်ပုဒ်" (မြို့တော်မဂ္ဂဇင်း-၁၉၉၅) ကဗျာဟာ သူတာဝန်ကျခဲ့ဖူးတဲ့သစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်ထဲက ဘဝမြင်ကွင်း ရေးဖွဲ့ချက် ဖြစ်ပါလိမ့်မယ်။ ကိုနေရိုင်းရဲ့ကဗျာစာအုပ်ဟာ သူရေး တဲ့ ကဗျာလက်စွမ်းကို ခံစားရတယ်ဆိုတာထက် သူ့ရဲ့ဖြတ်သန်းမှု၊ သူ့ရဲ့ယုံကြည်ချက်၊ သူ့ရဲ့ကဗျာအလင်းဓာတ်ကို ခင်း ကျင်း ပြသခဲ့တာလို့ ကျွန်တော်ဆိုချင်ပါတယ်။ အရေးအသား စကားလုံး အလင်္ကာ အဆင်တန်ဆာတွေထက် ပိုပြီး အသက် ဝင်ခွန်အားရှိတဲ့ စိတ်ဓာတ်၊ အတွေး၊ ယုံကြည်ချက်၊ စာပေလမ်းကြောင်းဆိုတာ ရှိတဲ့ အကြောင်း ကျွန်တော့်ကို သိစေလင်း ပွင့်စေခဲ့တယ်။

ပျဉ်းမနားမြို့၊ ဗိုလ်လက်ျာလမ်းထဲမှာ မိုးကြီးရေလျှံနေမှုကို ကျွန်တော်တို့ အာရုံစိုက်မနေခဲ့ကြဘူး။ ကောင်းကင်ကြီးပြာလွင်နေမယ့်အကြောင်းနဲ့ ကဗျာလွင်ပြင် ထွန်းသစ်လာမယ့်အကြောင်း ပြောဆို နေမိကြပါတယ်။

မောင်သော်တာ
၂၉ သြဂုတ်လ ၂၀၁၆

နေရိုင်း > > ငါမရေးဘဲ ဖြစ်သွားတဲ့ကဗျာ
မျက်နှာဖုံးပန်းချီ- နေမျိုး
စာအုပ်ရောင်းဈေး- ၁၅၀၀ ကျပ်
ဆောင်းစုရတီ စာပေ
၀၉ ၄၃၁ ၁၅၆၈၂


Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>