Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

သန်းဆွေမိုး (ကလော) ● ရောင်နီ

$
0
0
 

သန်းဆွေမိုး (ကလော) ● ရောင်နီ
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၆

ဟို.... အရှေ့ဖျား
စိန်ပွင့်ကလေးများ
ကြဲပက်ထားတာကလွဲရင်
မှိုင်းမှိုင်းညို့ညို့ မှုန်မှုန်ပြာပြာရီ မီးခိုး။

တပိုင်းကတော့
မည်းမည်းမှောင်မှောင်ထူပိန်းပိန်း
ဒီလိုနဲ့ပဲ
တဖြည်းဖြည်း
အနှေးပြကွက် မြင်ကွင်းထဲမှာ
မဟူရာခြင်ထောင်စ အသာမလို့
ပတ္တမြားရည်တွေ ကုန်းထ ဖိတ်လျှံလို့ကျခဲ့ပြီ။

ဟော....
တညလုံး အိပ်ရေဝဝ
အိပ်ကောအိပ်ခဲ့ကြ ပါလေစ
ငှက်ကလေးတို့ရဲ့သံစုံနိုးစက်
နံနက်ခင်းတခုရဲ့ စာမျက်နှာအသစ်ကို
သီချင်းဆို၍ ဖွင့်ကြပြီ။

ဒီအချိန်မှာပဲ
သင်းသင်းပျံ့ပျံ့ရနံ့သစ်မွှေးမွှေး
ဖြန့်ဝေပေးချင်ရှာတဲ့
ပန်းပွင့်ကလေးတွေခမျာမှာတော့
လေအကြုံပါးဖို့စောင့်ရင်း
သနပ်ခါးသွေးလို့နေကြပြီ ။ ။

သန်းဆွေမိုး (ကလော)

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>