Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဆောင်းယွန်းလ - “အသစ်"

$
0
0
Photo Aung Htet

  ဆောင်းယွန်းလ - “အသစ်"
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၅

  တပွဲတခါဆိုနေကျ သီချင်းကို
  version ပြောင်းဆိုမယ့်အစား
  ကိုယ်ပိုင်သံစဉ် စာသားစစ်စစ်နဲ့
  ကိုယ်ပိုင်သီချင်းသစ်တပုဒ်ကို
  ကိုယ့်စိတ်ကူးနဲ့ ကိုယ်လည်း ညှစ်ထုတ်ဦးမှ...

  တနှစ်တခါကူးတဲ့ တန်ခူး
  ဘာမှမထူးခဲ့တာ ဘာမှမဆန်းဘူး...

  တနှစ်တခါပြောင်းတဲ့ တပေါင်း
  ဘာမှမပြောင်းခဲ့တာ ဘာမှမဆန်းဘူး...

  တ၀ါတခါဆိုတဲ့ ၀ါဆိုပန်းတွေလည်း
  နွမ်းညိုခဲ့ပေါင်းများပြီ...

  တနှစ်တခါကျွတ်တဲ့ သီတင်း
  အဟောင်းနဲ့မကင်းသေးတာ ဘာမှမဆန်းဘူး...

  အဟောင်းတန်းမှာတော့
  ရောင်းတန်းမ၀င်တဲ့
  အဟောင်းအနွမ်းတွေပဲ ရှိမှာပေါ့..

  နယ်လှည့်ပါးရိုက်တယ်ဆိုတဲ့
  အမေရိကန်မသွားရလို့ ဘာမှမဖြစ်ဘူးဆိုတဲ့
  ထမင်းတနပ်လျှော့စားပါဆိုတဲ့
  ဖယောင်းတိုင်ထွန်းပြီးနေပါဆိုတဲ့
  သမ္မတထက်မြင့်တဲ့ ရာထူးတွေကိုထမ်းဆောင်နိုင်ပါတယ်ဆိုတဲ့
  အရက်အစား နွားနို့သောက်ပါဆိုတဲ့
  ချမ်းသာအောင် ဆိုက်ကားနင်းပါဆိုတဲ့
  အာဇာနည်တန်းဝင်တဲ့ အာဇာနည်စစ်စစ်တွေပါဆိုတဲ့
  အလုံးစုံသော...ဆိုတဲ့..ဆိုတဲ့သူတွေထဲမှာတော့
  လျှာထွက်အောင်ရှာလည်း အသစ်ကိုတွေ့မှာမဟုတ်ဘူး...

  အသစ်ဟာအသစ်ထဲမှာပဲရှိတယ်
  အသစ်အတွက် နေမထွက်ခင် မျက်နှာသစ်
  အသစ်အတွက် နေမ၀င်ခင် မျက်နှာသစ်
  အသစ်အတွက် ညဥ့်မနက်ခင် မျက်နှာထပ်သစ်....။


ဆောင်းယွန်းလ

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>