Quantcast
Viewing all articles
Browse latest Browse all 9633

သင်းရည်လွင် ● မြို့သေးသေးလေးထဲ ပြုတ်ကျနေသူ တယောက်

Image may be NSFW.
Clik here to view.

သင်းရည်လွင် ● မြို့သေးသေးလေးထဲ ပြုတ်ကျနေသူ တယောက်
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၆

လူဟာ ပုံပြင်တွေ၊ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ၊ မပီကလာ ပီကလာ ဘဝတွေဒုက္ခ သုခတွေ၊ အထင်မှားတွေ၊ ကိုယ်က ပိုသိတယ်ဆိုတာတွေ၊ သူက ငါ့ထက်ညံ့တယ်ဆိုတာတွေ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစားရာသီတွေ၊ ကိုယ့်ထက်သာရင် မနာလိုဘူးဆိုတာတွေ၊ ၃၁ ဘုံ သီချင်းတွေနဲ့ လူလားမြောက်ခဲ့ခြင်းထဲ ကျွန်တော်ပါဝင် ကပြခွင့် ရနေခြင်း အတွက် ပထမဦးဆုံး အဖေနဲ့အမေကို ကျေးဇူးတင်စကား ခုအရွယ်ထိ မပြောဖြစ်ခဲ့သေးပါ ။

ကျောင်းသွားဖော် ကောင်မလေးကို ကျွန်တော်ချစ်နေသည်ဟုယုံကြည်ရသောနေ့တွင် ကောင်မလေး မြို့တမြို့သို့ပြောင်းရွေ့သွားသောနေ့တနေ့ဖြစ်ခဲ့ဖူးပြီး ပြန်တွေ့ရချိန်တွင် အိမ်ထောင်ကျပြီး ကလေးတယောက်အမေ ကောင်မလေးကို ကျွန်တော် တခါကသိမ်းဆည်းထားသောစကားများပြောရန် သိမ်းထားဖြစ်ခဲ့သည်ကို ကျွန်တော်နောင်တမရပါ။

ညနေ နေဝင်ချိန်မြို့အဝင်တံတားလေးသည် ကျွန်တော်တို့သူငယ်ချင်းများအတွက် မြို့လေးရဲ့ အကြောင်း မြို့ရဲ့အခြားပြင်ပ အကြောင်း ကျွန်တော်တို့အကြောင်း ကျွန်တော်တို့ချစ်သူ မုန်းသူများ အကြောင်းများ ခင်းကျင်းနေကျ နေရာတခု ဖြစ်ပါသည်။

မြို့ကလေးတွင် ကျွန်တော်တို့အဖွဲ့ကိုအမုန်းဆုံးမှာ ကျွန်တော်တို့ လမ်းထိပ်အိမ်ကြီးမှ အိမ်ခြံထဲ လှောင်ကာမွေးမြူထားသော ကြီးမားလှသည့် အင်းခွေးကြီးများဖြစ်ပါသည်။ ကျွန်တော်တို့ကျောင်းသွားချိန်တိုင်း ၎င်းအိမ်ရှေ့မှဖြတ်သွားကြရပြီး ဖြတ်သွား ဖြတ်လာလုပ်ကြတိုင်း ခွေးတွေကို တုတ်များ ခဲများ ဖြစ်စနောက်နေကြဖြစ်သည်။ ထိုသို့ စနောက်တိုင်း ခွေးများက ခြံထဲ ခုန်ထွက်တော့ မည့်ပုံ ဟောင်ကြ ဟိန်းကြပြုလုပ်ကြပုံကြည့်ရင်း စိတ်လှုပ်ရှားစွာရယ်မောခဲ့သောညနေခင်းများကို သတိရမိနေဆဲဖြစ်သည်။

လူတယောက်ဖြတ်သန်းမှုတွင် ကိုယ်ကျင်လည်ကြီးပျင်းရသော ပတ်ဝန်းကျင်အရောင်များ ရိုက်ခတ်မှုကို အနည်းနဲ့အများခံ ရလေ့ရှိသည် ပတ်ဝန်းကျင်သည် လူတယောက်ကိုအရောင်ဆိုးရန် အမြဲအဆင်သင့်ရှိနေတတ်သည် ကိုယ့်ဘက်က အ ကောင်းအဆိုး ခွဲခြားစိတ်ဖြာ နိုင်ဖို့လိုပေလိမ့်မည်။ တခါတရံ လူတစ်ယောက်ရဲ့သိမှုအတွေ့အကြုံပညာ လိုကောင်း လိုနေ တတ်သည်။ သို့သော် ကျွန်တော့်ပတ်ဝန်းကျင်တွင် ဖြည့်စွက်စရာများ ခုချိန်ထိ ပြည့်နှက်နေဆဲ ဖြစ်သည်။

မြို့ကလေးမှာ ခုတလောပြောင်းလဲမှုလေးတချို့ရှိလာခဲ့သည်။ အင်္ကျီသစ်ကလေးနဲ့ ပိုလှလာသလိုထင်ရသည်။ သို့သော် အင်္ကျီအသစ်သည် အသစ်အင်္ကျီသာ ဖြစ်ကြောင်းကျွန်တော် ခံစားနေမိသည်။ အင်္ကျီသစ်အောက်က မသစ်လာသော ရင် ဘတ် အဟောင်းတွေကြောင့် ဖြစ်ပေလိမ့်မည်။

လူသည် လူတယောက်တာဝန်တွေ အလိုအလျောက်သတ်မှတ်ထားပြီး သတ်မှတ်ချက် သီးသန့်မဟုတ်သော်ငြား လူတယောက်ရှိရမယ့် ဝတ္တရားများရှိပြီးဖြစ်သည်။ တခါတရံ လူလွန်သားတချို့ဆက်ဆံရေးကြောင့် စိတ်ပျက်လက်ပျက်ဖြစ်စရာကြုံတွေ့ရတတ်သည်။ မြို့ကလေးခမျာ စိတ်မသက်သာစရာ၊ စိတ်မချမ်းမြေ့စရာ၊ ဝမ်းနည်းစရာတို့ကို မသိသလိုနေ တတ်နေပြီ။

ကျွန်တော့်မှာသာ မြို့သေးသေးလေးထဲ လူးလဲထရန် အားယူနေရဆဲ ရင်ဘတ်မပါသော မျက်နှာတွေကို ဖတ်နေရဆဲ၊ စိတ်ပျက်လက်ပျက် ပျော်နေရဆဲ။ မြို့သေးသေးလေးမှာ………

သင်းရည်လွင်

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...