Image may be NSFW.
Clik here to view.
Clik here to view.

ထွန်းဝင်းငြိမ်း ● စိတ်တိုင်းကျ လရောင်
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၆
လ ရောင်လို စိတ်အကြည်ဓါတ်ရှိသူ
အရာရာကိုအကောင်းမြင်တတ်လွန်းသူ
အနစ်နာခံမယ်၊ ကူညီဖို့အသင့်ရှိတယ်ဆိုတဲ့သူ
စိတ်တိုင်းမကျနိုင်တာတွေကို
စိတ်တိုင်းကျအောင် ကြိုးစားခဲ့သူ
လူချစ်လူခင်များပေမယ့်
မျက်နှာမများနိုင်ရှာ
လူပျိုကြီး ဇာတာပါခဲ့သူ။
မလိုသူတွေ မနာလိုလောက်အောင်
ပေါက်ရောက်ခဲ့လေသမျှ
သူ့ခမျာ နှိမ့်နှိမ့်ချချနဲ့သာ
၇၄၊ ၇၅၊ ၇၆
ဆရာကြီး ဂူဗိမာန်စောင့်ရှောက်ရေး
မှိုင်းငြိမ်းကွန်ရက်
အန်အယ်ဒီ လူမှုထောက်ကူ
အားလုံးနဲ့ ကြည်ကြည်ဖြူဖြူပါပဲ။
နိုင်ငံရေးဝင်္ကန္တမှာ
ပျော့ပြောင်းခြင်းအနုပညာနဲ့
လေးကိုင်းသဖွယ်နည်းနာကို ကျင့်သုံးလေသူ
စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းလိုသူ
ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ကို ထူထောင်လိုသူ
၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ရေးလိုသူ
အစစ်အမှန်ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတဲ့တိုင်းပြည်ကို ရရှိလိုသူ
အဲဒီလို ဈေးကြီးတာတွေကိုမှ
ရွေးပြီး ပတ်သက်ခဲ့ရင်း
အသက်ပါပေးခဲ့လေသူ။
ထွန်းဝင်းငြိမ်း
၂၃၊ ၉၊ ၂၀၁၆
(အကိုကြီး ကိုအောင်ထိုက် ကောင်းရာသုဂတိလားပါစေ။ ဂါရဝများစွာနဲ့ အလေးပြုလိုက်ရပါတယ်။)
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၆
လ ရောင်လို စိတ်အကြည်ဓါတ်ရှိသူ
အရာရာကိုအကောင်းမြင်တတ်လွန်းသူ
အနစ်နာခံမယ်၊ ကူညီဖို့အသင့်ရှိတယ်ဆိုတဲ့သူ
စိတ်တိုင်းမကျနိုင်တာတွေကို
စိတ်တိုင်းကျအောင် ကြိုးစားခဲ့သူ
လူချစ်လူခင်များပေမယ့်
မျက်နှာမများနိုင်ရှာ
လူပျိုကြီး ဇာတာပါခဲ့သူ။
မလိုသူတွေ မနာလိုလောက်အောင်
ပေါက်ရောက်ခဲ့လေသမျှ
သူ့ခမျာ နှိမ့်နှိမ့်ချချနဲ့သာ
၇၄၊ ၇၅၊ ၇၆
ဆရာကြီး ဂူဗိမာန်စောင့်ရှောက်ရေး
မှိုင်းငြိမ်းကွန်ရက်
အန်အယ်ဒီ လူမှုထောက်ကူ
အားလုံးနဲ့ ကြည်ကြည်ဖြူဖြူပါပဲ။
နိုင်ငံရေးဝင်္ကန္တမှာ
ပျော့ပြောင်းခြင်းအနုပညာနဲ့
လေးကိုင်းသဖွယ်နည်းနာကို ကျင့်သုံးလေသူ
စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းလိုသူ
ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ကို ထူထောင်လိုသူ
၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ရေးလိုသူ
အစစ်အမှန်ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတဲ့တိုင်းပြည်ကို ရရှိလိုသူ
အဲဒီလို ဈေးကြီးတာတွေကိုမှ
ရွေးပြီး ပတ်သက်ခဲ့ရင်း
အသက်ပါပေးခဲ့လေသူ။
ထွန်းဝင်းငြိမ်း
၂၃၊ ၉၊ ၂၀၁၆
(အကိုကြီး ကိုအောင်ထိုက် ကောင်းရာသုဂတိလားပါစေ။ ဂါရဝများစွာနဲ့ အလေးပြုလိုက်ရပါတယ်။)