Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မိုးမခ ဝိုင်းတော်သား ဆောင်းဖြူ ရဲ့ "ရန်ကုန်ဟာ မလုံခြုံတော့ဘူး"စာအုပ်သစ် ထွက်ရှိ

$
0
0
 
မိုးမခ ဝိုင်းတော်သား ဆောင်းဖြူ ရဲ့ "ရန်ကုန်ဟာ မလုံခြုံတော့ဘူး"စာအုပ်သစ် ထွက်ရှိ
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၆

မိုးမခ တွင် ဝတ္ထုတို၊ သရော်စာ၊ ဆောင်းပါး၊ ရသအက်ဆေး၊ ကဗျာများ လစဉ် ပုံမှန် ရေးသားနေတဲ့ ဝိုင်းတော်သား ကလောင် တဦးဖြစ်သူ ဆောင်းဖြူ  ရဲ့ "ရန်ကုန်ဟာ မလုံခြုံတော့ဘူး"လူမှုရှုခင်း စာစုများ စာအုပ် အသစ် အောက်တိုဘာ လဆန်းမှာ ထွက်ရှိလာပါတယ်။ 

ယခု စာအုပ်ဟာ ဆောင်းဖြူ ရဲ့ တကိုယ်တော် (၃) အုပ် မြောက် ဖြစ်ပါတယ်။  ယခင် ရန်ကုန်ဟာသ စာစုများနဲ့ ကဗျာ (၂၀၁၅ ခုနှစ်) စာအုပ်များ တကိုယ်တော် ထွက် ရှိခဲ့ဖူးပါတယ်။ 

အခြားစာရေးဆရာများနဲ့လည်း တွဲဖက်ပြီးလည်း "သစ်ခက်မျှော်စင်နှင့် အခြားဝတ္ထုတိုများ"(၁၉၉၉ခုနှစ်)၊ "သရုပ်ဆောင်သာဒင်နှင့် အခြားဝတ္ထုတိုများ" (၂၀၀၂ ခုနှစ်) ၊ "မုန်တိုင်းကိုနိုင်တဲ့အသံနှင့် အခြားဝတ္ထုတိုများ"၊ "လေဆိပ်နှင့်လူ အက်ဆေးများ"၊ "ဆင်ခြေဖုံးဥက္ကဋ္ဌနှင့် ရယ်မောစရာဝတ္ထုတိုများ (၂၀၁၄ ခုနှစ်)
 အပါအဝင် စာအုပ်တချို့ ထွက်ရှိပြီး ဖြစ်ပါတယ်။

"ရန်ကုန်ဟာ မလုံခြုံတော့ဘူး"စာအုပ် သစ်ကို Sprint ဖြန့်ချိရေးက ဖြန့်ချိပြီး ဖုန်း ၀၉ ၄၃၁  ၇၉ ၈၅၃ ၊ ၀၉ ၄၀၀ ၃၀၃ ၃၃၈ ၊ ၀၉ ၄၄၈ ၀၃၃ ၂၁၉ ကို ဆက်သွယ် မှာယူနိုင်ကြောင်း သိရပါတယ်။

Moemaka Media
English Section: http://eng.moemaka.net/

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>