Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

၈၈ မျိုးဆက် ကိုသက်ဝင်းအောင် ကျဆုံးခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်ကျင်းပ

$
0
0

၈၈ မျိုးဆက် ကိုသက်ဝင်းအောင် ကျဆုံးခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်ကျင်းပ
(ဌေးအောင်၊ မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၆

၈၈မျိုးဆက် အခြေခံပညာကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုသက်ဝင်းအောင်ကျဆုံးခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ် ဆွမ်းကျွေးအလှူနှင့် ကိုသက်ဝင်းအောင်အထိမ်းအမှတ်ဆုပေးပွဲအား ယနေ့ (၁၆.၁၀.၂၀၁၆) နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ တာမွေလေးရှိ ကောဝိဒါရာမကျောင်းတိုက်တွင်ကျင်းပရာ ကိုသက်ဝင်းအောင်အား ချစ်ခင်လေးစားသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် အဖွဲ့ အစည်းအသီးသီးမှ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူဧည့်ပရိတ်ဿတ် စုစုပေါင်း ၁၅၀ကျော် တက်ရောက်ခဲ့ကြပါသည်။



ကိုသက်ဝင်းအောင်အထိမ်းအမှတ်အဖြစ် ပရဟိတ ပညာရေးလုပ်ငန်းများဆောင်ရွက်နေသော မေတ္တာရောင်ခြည်အဖွဲ့ အား ဆုပေးအပ်ခဲ့သည်။

ကိုသက်ဝင်းအောင်သည် ၁၉၉၈ သြဂုတ်လတွင် လွှတ်တော်များခေါ်ယူပေးရေး ကျောင်းသားလှုပ်ရှားမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး (၁၇.၁၀.၂၀၀၆)တွင် မန္တလေးအကျဉ်းထောင်တွင် ကျဆုံးခဲ့ပါသည်။ ကိုသက်ဝင်းအောင်အား မန္တလေး ကြာနီကန်သုဿန်တွင် မီးသဂြိုလ်ခဲ့ပြီး ကျန်ရစ်သောအရိုးပြာအိုးကို ၄င်းသုဿန်တွင် အမှတ်တရကျောက်တိုင် စိုက်ထူထားခဲ့ပါသည်။

ဓာတ်ပုံ-ဌေးအောင်



Viewing all articles
Browse latest Browse all 9633

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>