Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

စံညိမ်းဦး - ၁၉၉၆

$
0
0
KT#


စံညိမ်းဦး - ၁၉၉၆
(မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၆


ကျောင်းတံခါးတွေ အကြိမ်ကြိမ် ချိပ်ချလည်း
နှလုံးသားများ ဘယ်သောအခါမှ အိပ်မောကျမနေခဲ့။

မင်းဆိုးမင်းညစ် သမိုင်းထဲ
ပြက္ခဒိန်မှာ အထူး မှင်နီတားကြရ
ကြယ်တလုံးကားကိုအင်ဂျင်နွှေးပြီးထိတ်လန့်နေစေခဲ့တယ်
မီးသတ်ကားကို ရေအပြည့်ဖြည့်ပြီး တုန်လှုပ်နေစေခဲ့တယ်။

စစ်ဖိနပ်အောက်
နေဝင်မီးငြိမ်းပိပြားနေရရှာတဲ့ အမှန်တရားကိုမှ
လက်ဖျံတွေလောင်စာပြုလို့ အလင်းမြှင့်ရုန်းကြွ ရုန်းထ
လူငယ်ဘဝတွေကို ထင်းလိုခုတ်ထစ်ပစ်ထိုးလို့ အလင်းပြ
တိုင်းပြည်ကို ချစ်ခဲ့ကြတာတွေ။

ဒီမိုကရေစီဘုရား ပွင့်ဖို့ဆို
၁၉၉၆ဆိုတာ ရင့်မာတကျိပ်
စွန့်ဝံ့တဲ့ဒေါင်းတို့
ဖြည့်ကျင့်ခဲ့ပါရမီ အတိတ်ပါပဲ။

မခြောက်သေးတဲ့သွေးတွေကို
သတိရကြ !

၇ ၁၀၁၆

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>