Quantcast
Viewing all articles
Browse latest Browse all 9633

ငြိမ်းချမ်းအေး - ရေမူး၍ အန်ချခြင်း

 ငြိမ်းချမ်းအေး - ရေမူး၍ အန်ချခြင်း
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၅

စင်မြင့် အလှူ
ပွဲတက် အလှူ
ဂုဏ်ဖော် အလှူ
ရှိခိုးခံအလှူ
မဲဆွယ် အလှူ
ကိုယ်ကျိုးမျှော် အလှူ
ကိုယ်ကျိုးဖော် အလှူ
(နောက်မှ ကောက်သင်းနှုတ်မယ့်)
ပျိုးကြဲ အလှူ
Facebook အလှူ
ဓာတ်ပုံရိုက်ခံ အလှူ
Selfie အလှူ
…. ….
…. ….
ဖလန်း ဖလန်း ထနေတဲ့
အလှူတွေ.. အလှူတွေ..
မြင်ရ၊ ကြားရ မလွယ်ပါ့လား..။
±±±±

ငါမကယ် သေဖွယ်ရာရှိတဲ့ အချိုးတွေနဲ့
ရေမြေ့ရှင် ဒါကာဂိုက်တွေနဲ့
ခါးကြီးတွေ ထောက်လို့
ရုပ်တည်ကြီးတွေနဲ့ သြဝါဒတွေပေးလို့
မိန့်မိန့်ကြီးတွေ ပြုံးလို့..

ဟာသလေးတွေ နှောသူနှော
တချို့များ အရယ်မပျက်
စင်ပေါ်တက် ညစ်တီးညစ်ပတ်တွေ ပြောသူက ရှိသေး
လက်ကလေးနှစ်ချောင်း ထောင်လား ထောင်ရဲ့
ပါးစပ်ကလေး စူ မပြတာပဲ ကျေးဇူးတင်ရဦးမယ်..။
±±±±

သတင်းစာကလည်း ဓမ္မစကြာအခါတော်နေ့
ဘုရားဖူးပြည်သူများ စည်ကားတဲ့
ထုံးစံမပျက်ပါသေး။

ဟုတ်တယ်ဟေ့..
ပြည်သူခမျာလည်း ဘုရားကလွဲလို့
အားကိုးစရာမရှိလို့ ဘုရားပဲသွား
နားပူနေရတာ..။

လုပ်ရမယ့်သူတွေ မလုပ်မလှုပ်မပြုတ်တော့
မနေတတ်သူတွေက
အပူသရုပ်ကို အလှူလုပ်ပြီ
ဖြေဖျောက်နေရတာ..။
±±±±

ငါဒို့နိုင်ငံမှာ
ကျောက်တုံးကြီးတွေ ရေပေါ်
အိမ်ခေါင် ခွေးတက်နေတာကြာခဲ့တော့..

ရန်သူမျိုးငါးပါး ကြီးစိုး
ကပ်ကြီးသုံးပါးဆိုက်
ရပ်ပြစ်ရှစ်ပါးစာရင်းဝင်ရင်း..

ခြင်ကိုက်သေ၊ ခွေးကိုက်သေ၊ ချီးပါသေ
ရေလွှမ်းသေ၊ မြေပြိုသေ၊
လမ်းသွားသေ၊ ကားတိုက်သေ၊
သေခြင်းဆိုးများနဲ့ မသာတိုင်းပြည်ဖြစ်ရ
ဒုက္ခပင်လယ်ဝေရ
ခွေးတောင်နေရာမရ
လူအများမှာ ခွေးတိုးဝက်ဝင်ဘဝ
လူလိုမနေရ၊ လူလိုမစားရ၊
လူလိုတောင် မသေရ..။
±±±±

ဒီလို တိုင်းပြည် ဒီလိုအမှောင်ခေတ်ကြီးကို
ရင်ဘတ်ကြီးနဲ့ ခံစား ဖြတ်သန်းနေရတော့
ငါ့မှာ
“ချစ်သူနဲ့ ချစ်တဲ့အခါလည်း ဥပေက္ခာစိတ်နဲ့
တဝက်ပဲ ချစ်နိုင်ခဲ့တယ်..” ဆိုတဲ့
ဗားတော့ဗရက် ကဗျာ တတွတ်တွတ် ရွတ်ရင်း
အသံတွေမာရင်း..
အံတွေကိုကြိတ်ရင်း..
လိပ်ပြာမလုံ့တလုံနဲ့..
ငါဒို့ လုပ်နိုင်တာ ဘာများရှိလဲ
သွေးရူးသွေးတန်း ရှာရင်း..
ခံစားမှု စကားလုံးများ..
အန်ချလိုက်ပါရဲ့..။  ။ူ

ငြိမ်းချမ်းအေး
သြဂုတ်လ ၁ ရက်နေ့၊ ၂၀၁၅ ခုနှစ်

Viewing all articles
Browse latest Browse all 9633

Trending Articles


TTA Oreo Gapp Installer


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ပင်လုံကျောက်တိုင်မှသည် ငြိမ်းချမ်းရေးကျောက်တိုင်ဆီသို့ (ကျော်သူ)


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>