Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မြင့်အောင်သန့် - ဘကြီးရဲ့ကား

$
0
0


မြင့်အောင်သန့်  - ဘကြီးရဲ့ကား
(မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၆


တဆယ့်ကိုးရာစုရဲ့အစ

ငါတို့ဘကြီးကားတစီးထွင်ခဲ့တယ်
နေရာက ရွာတရွာပေါ့။

စက်ရုံက ငွေမကုန် လေပဲကုန်တယ်
ခွန်အားနဲ့ ထွန်တုန်း ထွန်သွား ပေါက်တူး ပေါက်ပြားတို့ ထုတ်လုပ်တယ်။
နာမည် က တိုးတက်ရေးပန်းပဲဖို
ကားလုပ်မယ်ဆိုတော့ ရွာသားတွေစုပ်တသပ်သပ်နဲ့
တော်ကြောင်းတတ်ကြောင်း
အုတ်အော်သောင်းတင်းပေါ့။

ကားလည်းပြီးရော ဘကြီးကားက
ရှေ့တိုးမလိုလိုနဲ့ နောက်ကိုဆုတ်
ဟုတ်ဟုတ် မဟုတ်ဟုတ်နဲ့ ညာသံတွေပေးလိုက်တာ
ကျုပ်တို့ အိမ်တွေ ခြံတွေ ကုန်ပါရော။

ဘကြီးကတော့ တသောသောရယ်မောရင်း
ခရုမှာအဆန် လူမှာအကြံ ငါ့မြေးတဲ့
အင်းပေါ့ ... အင်းပေါ့။

မြင့်အောင်သန့်
၁၉၈၄

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>