လင်းသက်ငြိမ် ● အကြောင်းအရာ
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၆
ရေကိုမြင်ရုံနဲ့ ရေငတ်မပြေတာ ငါလက်ခံပါတယ်
မီးကိုမြင်ရုံနဲ့ လောင်ကျွမ်းနေတာကျ ငါလက်မခံဘူး
လမ်းတွေလည်း ပျက်တာပဲ
ဖိနပ်တွေလည်း ပြတ်တာပါပဲ
ကိုယ့်စိတ်ကိုယ် စတီယာရင်နိုင်ရင်ပြီးပြီ
အကြီးကြီးပေါ့ကွာ
သေးသေးကလေးပါပဲ
လေတိုက်တဲ့အခါဆံပင်တွေဝဲနေဖို့က
လုံလောက်တဲ့ဆံပင်အလျားလိုတယ်
သိမ်ဖျင်းသောနေ့တွေကို
ဖန်ပုလင်းထဲထည့်ပြီး ပေါက်ခွဲတမ်းကစားရအောင်
ဉာဏ်ပညာနဲ့ချစ်မေတ္တာပါရင်
ရှင်သန်ခြင်းက အမြဲတမ်းအသံထွက်မှန်နေမှာပါပဲ။
လင်းသက်ငြိမ်