Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

နေ၀န်းနီ (မန္တလေး) - ၈ ရက်​ ၊ ၈ လ ၊ ၈၈ အတွက်​​ မွေးဖွားခဲ့​သော ​ ရွှေဘုန်းလူ (သို့မဟုတ်​) စာ​ရေးဆရာ တာရာမင်း​ဝေ

$
0
0

နေ၀န်းနီ (မန္တလေး) - ၈ ရက်​ ၊ ၈ လ ၊ ၈၈ အတွက်​​ မွေးဖွားခဲ့​သော ​ ရွှေဘုန်းလူ (သို့မဟုတ်​) စာ​ရေးဆရာ တာရာမင်း​ဝေ
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၅

ရှစ်​​လေးလုံးလူထုဒီမိုက​ရေစီလှုပ်​ရှားမှုကြီးဖြစ်​ခဲ့သည်​မှာ ဒီနှစ်​ ၂၀၁၅ ၊ သြဂုဏ်​လ ၈ ရက်​ဆို (၂၇) နှစ်​ပြည့်​ပြီဖြစ်​သည်​။ ရှစ်​​လေးလုံးလူထုဒီမိုက​ရေစီလှုပ်​ရှားမှုတွင်​ အသက်​​ပေါင်းများစွာစ​တေးခဲ့ရသလို ပညာတပိုင်းတစနဲ့​ ကျောင်းထွက်​လိုက်​ရသူ များလည်းရှိသည်​။ ရှစ်​​လေးလုံးတိုက်​ပွဲဟာ စုစု​ပေါင်းရက်​​ပေါင်း​ (၄၀) ပဲ ကြာခဲ့သည်​။ ဒီရက်​က​လေးနီးလာ​တော့ ကျွန်​​တော်​အမှတ်​ရသူ၊ သတိရ​နေသူတယောက်​ရှိသည်​။ သူက​တော့ တခြားလူမဟုတ်​​ပါ။၂၀၀၇ ခုနှစ်​ ၊ သြဂုဏ်​လ ၅ ရက်​​နေ့က ကွယ်​လွန်​သွားရှာတဲ့ ဆရာ တာရာမင်း​ဝေပင်​ဖြစ်​သည်​။

ဒီနှစ်​ဆရာကွယ်​လွန်​တာ (၈) နှစ်​ပြည့်​ပြီဖြစ်​သည်​။ ယ​နေ့အချိန်​ထိ ဆရာ့ကို အမှတ်​ရ​နေစဲပါ။ သူ့ရဲ့ကဗျာ​တွေကိုလည်း ဖတ်​စဲပါ။ အ​ရေး​တော်​ပုံကာလအတွင်း “ရွှေဘုန်းလူ”က​လောင်​အမည်​ဖြင့်​ “ကျောင်းဖွင့်​ချိန်​” ကဗျာရှည်​မှာ ထင်​ရှားလူသိများ​သောကဗျာတစ်​ပုဒ်​ဖြစ်​ခဲ့​လေသည်​။

ငါ့တို့​ကျောင်း​တော်​ကြီးရဲ့
မော်​ကွန်းထိန်းသိမ်း​ရေးအခန်းမှာ
ဟစ်​တလာရုပ်​ကို
လူတစ်​စုထုဆစ်​​နေကြတယ်​။

သူတို့ဟာ
ရုပ်​ထုရဲ့​ရှေ့မှာ ကျိန်​စာ​တွေရွတ်​ဖတ်
ပျားရည်​စက်​​တွေကိုမီးရှို့ပူ​ဇော်
ဆိုင်​ရာနိုက်​ဖြူ​လျော်​​လျော်​​တွေ သွန်းကြဲပက်​ချ
ဟစ်​တလာပါးစပ်​ထဲက
ကျည်​ဆန်​တစ်​​တောင့်​ ထွက်​အံကျလာတယ်​။

(​ရွှေဘုန်းလူ “​ကျောင်းဖွင့်​ချိန်​“ကဗျာ ပထမပိုဒ်မှ)

ဆရာတာရာမင်း​ဝေက ရှစ်​​လေးလုံးမတိုင်​မီ အလယ်​တန်း​ကျောင်းသားဘဝထဲက ကဗျာ​တွေစ​ရေး​နေပြီဖြစ်​သည်​။ အဲဒီ တုန်းက ဆရာက​လောင်​အမည်​က “မီးခိုးဖြူ” ဖြစ်​သည်​။ ၁၉၈၂ မှာ “မီးခိုးဖြူ” နာမည်​နဲ့ ပထဆုံးမဂ္ဂဇင်းမှာ ကဗျာပုံနှိပ်​​ဖော်​ပြခံရပါတယ်​။ အဲဒီ​နောက်​ ​ရွှေဘုန်းလူ က​လောင်​နာမည်​နဲ့အ​ရေး​တော်​ပုံကာလမှာ ကဗျာ​တွေဆက်​​ရေးပါတယ်​။ “တာရာ မင်း​ဝေ” ဆိုတဲ့က​လောင်​နာမည်​က ဘယ်​ကရလာလည်းဆို​တော့ ... ဒီလိုပါ .. ၁၉၉၀ ​ဖေ​ဖော်​ဝါရီ မှာ ဆရာ​ အဖမ်းခံရပါတယ်​။ ထောင်​က (၅) နှစ်​ကြပါတယ်​။ ပထမအင်းစိန်​​ထောင်​မှာပဲထားပါတယ်​။ အဲဒီအင်းစိန်​ထောင်​ထဲမှာ အကိုဖြစ်​သူ ဆရာ​အောင်​ဒင်​နဲ့ ​တွေ့ပါတယ်​။ နောက်​​တော့ ညီအကိုနှစ်​​ယောက်​လုံး သရက်​​ထောင်​ကို​ပြောင်း​ရွှေ့ခံလိုက်​ရပါတယ်​။ အဲဒီသရက်​​ထောင်​မှာ ညီအကိုနှစ်​​ယောက်​က ​ထောင်​မှူးရဲ့စည်းကမ်းတစ်​ခုကိုမကြိုက်​လို့ ဆန္ဒထုတ်​​ဖော်​လိုက်​​တော့ တိုက်​ပိတ်​ခံလိုက်​ရပါတယ်​။

ညတစ်​ညမှာ​တော့ ဆရာက အကိုဖြစ်​သူကို​မေးပါတယ်​။

“ကိုကို ​ထောင်​ကထွက်​ရင်​ဘာလုပ်​မယ်​စိတ်​ကူးထားလည်း”

အဲဒီ​တော့ အကိုဖြစ်​သူက “အရင်​ဆုံးအလုပ်​တစ်​ခုရှာရမှာ​ပေါ့။ အိမ်​မှာလည်း အ​ကြွေး​တွေတင်​​နေတာများလှပြီ၊ ဒီအ​ကြွေး​တွေအမြန်​ဆုံးဆပ်​နိုင်​​အောင်​ကြိုးစားရမှာ​ပေါ့”

ဆရာ​ရွှေဘုန်းက “ငယ်​ငယ်​က​တော့​ထောင်​ကလွတ်​ရင်​ စာ​ပေ​လောကထဲ​ခြေစုံပစ်​ဝင်​​တော့မယ်​။ စာ​ရေးဆရာတစ်​​ယောက်​အဖြစ်​ရပ်​တည်​​တော့မယ်​“

အကိုဖြစ်​သူက “ကောင်းပါတယ်​ကွာ” လို့​ထောက်​ခံလိုက်​တဲ့အခါ

ဆရာ​ရွှေဘုန်းလူက ငယ်​ငယ်​ ကိုကိုဆီက တစ်​ခု​တောင်းချင်​တယ်​။
“ဘာများလည်းကွ”လို့အကိုဖြစ်​သူက​မေး​တော့
“တာရာမင်း​ဝေ” ဆိုတဲ့နာမည်​ကို ငယ်​ငယ်​ရဲ့က​လောင်​အဖြစ်​သုံးချင်​တယ်​။ ကိုကို အဲဒီနာမည်​ကို ငယ်​ငယ်​ကို​ပေးမလားတဲ့”

အကိုဖြစ်​သူကလည်း “ယူပါကွာ” ဟု ကြည်​နူးစွာ​ပေးလိုက်​သည်​။

တကယ်​​တော့ “တာရာမင်း​ဝေ” ဆိုတဲ့က​လောင်​နာမည်​က အကိုဖြစ်​သူဆရာ​အောင်​ဒင်​ရဲ့က​လောင်​ခွဲတစ်​ခုပါ။ ရက်​အနည်း ငယ်​ကြာ​တော့ ညီအကိုနှစ်​​ယောက်​ကို​ထောင်​တစ်​ခုတည်းမှာထားလို့မ​ကောင်းဘူးဆိုပြီး ဆရာ​ရွှေဘုန်းလူကို သာယာဝတီ​ထောင်​ ပို့လိုက်​ပါတယ်​။ ၁၉၉၄ ​ဖေ​ဖော်​ဝါရီမှာ သာယာဝတီ​ထောင်​က​နေ ဆရာ​ရွှေဘုန်းလူ လွတ်​လာပါတယ်​။ ၁၉၉၄ ရင်​ခုန်​သံမဂ္ဂဇင်းမှာ “​လေစီး​ကြောင်းထဲမှလူများ” စာမူသည်​ “တာရာမင်း​ဝေ” က​လောင်​နာမည်​ရဲ့ ပထမဆုံးစာမူဖြစ်​ခဲ့သည်​။ ၁၉၉၅ “စာ​ပေ​ဂျာနယ်​” မဂ္ဂဇင်းမှာ​ဖော်​ပြခဲ့တဲ့ “အာလူးစားသူများ” ဝတ္ထုတိုနဲ့ ဖြူးမိတ်​​ဆွေများစာ​ပေဆုရခဲ့​လေသည်​။ ဆရာ တာရာမင်း​ဝေရဲ့ဝတ္ထု​တွေကို ရုပ်​ရှင်​ဇာတ်​ကားအဖြစ်​​ပြောင်းလဲခြင်းကိုလည်း ခံခဲ့ရသည်​။ ထိုရုပ်​ရှင်​ကားတို့တွင်​ ဒါရိုက်​တာ ​မောင်​သူရ (ဇာဂနာ) ရိုက်​ကူးတဲ့ “မြင်းစီးထွက်​​သော အိပ်မက်​များ” ရုပ်​ရှင်​မှာ မြန်​မာနို​င်​တွင်​ပြသခွင့်​မရရှိခဲ့ပါ။

ဒေါင်းအလံကိုင်​တဲ့ “ရွှေဘုန်းလူ” ကို​ထောင်​ထဲပို့​တော့ က​လောင်​ကိုတဲ့ “တာရာမင်း​ဝေ” အဖြစ်​ပြန်​ခဲ့သူ ၂၀၀၇ သြဂုဏ်​လ ၅ ရက်​​နေ့မှာ​တော့ ကွယ်​လွန်​သွားရှာသည်​။ ဆရာ “တာရာမင်း​ဝေ” ရဲ့ ​နောက်​ဆုံးဈာပနာမှာ​တော့ ဆရာ မင်းကိုနိုင်​က “ကြယ်​​ကြွေသတိုးသား”ကဗျာကို ​ရေးဖွဲ့ရွတ်​ဆိုခဲ့​သည်​။

 
“တာရာမင်း​ဝေ”

သူက​ကျောင်းသား​ခေါင်း​ဆောင်
၈ ရက်​၊ ၈ လ၊ ၈၈ အတွက်​​ မွေးဖွားခဲ့သူ
ဒေါင်းအလံကိုင်​တဲ့ “ရွှေဘုန်းလူ” ကို​ထောင်​ထဲပို့​တော့
က​လောင်​ကိုတဲ့ “တာရာမင်း​ဝေ” အဖြစ်​ပြန်​ခဲ့တဲ့ အကို​ရေ
လွမ်းဆွတ်​သတိရခြင်း​တွေနဲ့အတူ
အကို​ကောင်းရာသုဂိ​ရောက်​ပါ​စေလို့
ကျွန်​​တော်​ ဆု​တောင်း​ပေးလိုက်​ပါ အကို....။

{ဆရာတာရာမင်း​ဝေ (၈) နှစ်​ပြည့်​ အမှတ်​တရ}

လေးစားစွာဖြင့်
နေ၀န်းနီ (မန္တလေး)

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>