နီဇူလိုင် - မြို့ ကလေးနဲ့ တို့အရေး
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၅
မြို့ကလေးမှာ
အဲဒီနေ့က ခြိမ်း၍မရွာသောမိုး
ရုံတင်နေတယ်...။
တတိုင်းပြည်လုံးက မြို့တွေလိုပဲ
ပြိုတော့မယ့်မိုးတွေက ခြိမ်းလို့
ရွာစေချင်ပေမဲ့
ရွာမရွာ..ဘယ်သူမှ ကြိုမသေချာခဲ့ဘူး..။
မြို့ ကလေးဟာ
ကုမ္မာရီ ၀ံသာနုခေတ်ကစလို့
ခေတ်အဆက်ဆက် ရဲရဲလက်
သတ္တိ မီးခဲတွေထွက်ခဲ့တယ်။
ဘိနပ်ချွတ် ဦးသိန်းမောင်လို
နယ်ချဲ့ ကို
စစ်အာဏာရှင်ကို
အရေခွံဆွဲခွာမယ့် ပွဲတိုင်းမှာ
မြို့သမိုင်းဟာ မရိုင်း
အာဇာနည်တွေ အပြိုင်းအရိုင်းပေါ်ခဲ့တယ်။
အဲဒီနေ့က
အထက ကျောင်းတော်ကြီးဆီက
ဒေါင်းတွန်သံတွေ.. စကြားရတယ်..။
အိုးဝေ..အိုးဝေ
မိုးတွေ ရွာပြီဟေ့
လမ်းမ လမ်းသွယ်တွေ ကြားမှာ
ခေတ်အဆက်ဆက်က သီးခြားဖွဲ့တည်ခဲ့ကြတဲ့..
မိုးရေစီးကြောင်းတွေဟာ
မြို့ လည်က.. အာဇာနည်တို့ရဲ့ရင်ပြင်မှာ ပေါင်းစုံတယ်
ဒေါင်းအကုန်ကတဲ့မိုးဟာ
ခိမ်းလဲခြိမ်း ရွာလဲ ရွာတယ်..
အခု..အနှစ်နှစ်ဆယ်ကျော်ပြီ
မြို့ ကလေးမှာ
တတိုင်းပြည်လုံးက မြို့ တွေလိုပဲ
ဒေါင်းတွန်သံ စစ်စစ်တွေပါးလို့
မိုးရေခါးခါးထဲမှာ ပျော်တဲ့
စားဖားအော်သံတွေပဲ.. ကြားနေရတယ်..။ ။
(၂.၈.၂၀၁၃)
သရုပ်ဖော် - နီဇူလိုင်
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၅
မြို့ကလေးမှာ
အဲဒီနေ့က ခြိမ်း၍မရွာသောမိုး
ရုံတင်နေတယ်...။
တတိုင်းပြည်လုံးက မြို့တွေလိုပဲ
ပြိုတော့မယ့်မိုးတွေက ခြိမ်းလို့
ရွာစေချင်ပေမဲ့
ရွာမရွာ..ဘယ်သူမှ ကြိုမသေချာခဲ့ဘူး..။
မြို့ ကလေးဟာ
ကုမ္မာရီ ၀ံသာနုခေတ်ကစလို့
ခေတ်အဆက်ဆက် ရဲရဲလက်
သတ္တိ မီးခဲတွေထွက်ခဲ့တယ်။
ဘိနပ်ချွတ် ဦးသိန်းမောင်လို
နယ်ချဲ့ ကို
စစ်အာဏာရှင်ကို
အရေခွံဆွဲခွာမယ့် ပွဲတိုင်းမှာ
မြို့သမိုင်းဟာ မရိုင်း
အာဇာနည်တွေ အပြိုင်းအရိုင်းပေါ်ခဲ့တယ်။
အဲဒီနေ့က
အထက ကျောင်းတော်ကြီးဆီက
ဒေါင်းတွန်သံတွေ.. စကြားရတယ်..။
အိုးဝေ..အိုးဝေ
မိုးတွေ ရွာပြီဟေ့
လမ်းမ လမ်းသွယ်တွေ ကြားမှာ
ခေတ်အဆက်ဆက်က သီးခြားဖွဲ့တည်ခဲ့ကြတဲ့..
မိုးရေစီးကြောင်းတွေဟာ
မြို့ လည်က.. အာဇာနည်တို့ရဲ့ရင်ပြင်မှာ ပေါင်းစုံတယ်
ဒေါင်းအကုန်ကတဲ့မိုးဟာ
ခိမ်းလဲခြိမ်း ရွာလဲ ရွာတယ်..
အခု..အနှစ်နှစ်ဆယ်ကျော်ပြီ
မြို့ ကလေးမှာ
တတိုင်းပြည်လုံးက မြို့ တွေလိုပဲ
ဒေါင်းတွန်သံ စစ်စစ်တွေပါးလို့
မိုးရေခါးခါးထဲမှာ ပျော်တဲ့
စားဖားအော်သံတွေပဲ.. ကြားနေရတယ်..။ ။
(၂.၈.၂၀၁၃)
သရုပ်ဖော် - နီဇူလိုင်