Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633
အစိုးရ၏ကယ်ဆယ်ရေးအကူအညီများ ချင်းဒေသတွင် အမြန်ဆုံးလိုအပ်ကြောင်းရှင်းလင်း
$
0
0
အစိုးရ၏ကယ်ဆယ်ရေးအကူအညီများ ချင်းဒေသတွင် အမြန်ဆုံးလိုအပ်ကြောင်းရှင်းလင်း
ဟန်သစ်နိုင်၊ မိုးမခ၊ သြဂုတ် ၇ရက်၊ ၂၀၁၅ခုနှစ်
ချင်းလူမျိုးများသည် သဘာဝဘေးဒဏ်ကြောင့် ယခုလက်ရှိခံစားနေရသော  ရေဘေးနှင့် မြေပြို မှုများဖြစ်နေမှုအပေါ် အစိုးရမှ မြန်မြန်နှင့် ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးရန် ချင်းအဖွဲ့အစည်းမှ ရှင်းလင်းပွဲကို သြဂုတ်လ ၅ ရက်နေ့တွင် PARK ROYAL ဟိုတယ်၌ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင်လည်း သဘာဝဘေးဒဏ်ကြောင့်ကြုံတွေ့နေရသူများကို တစ်မိနစ်မတ်တပ်ရပ် မေတ္တာပို့ဆုတောင်းမှုပြုလုပ်ခဲ့သည်။
          ချင်းပြည်နယ်သည်  သဘာဝဘေးအန္တရယ်ကြောင့် အိမ်များပျက်စီးခြင်း၊ လမ်းများပျက် စီးခြင်း၊ မြေပြိုခြင်းတို့ကြောင့် တောင်ပေါ်ဒေသဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေ သဖြင့် ထောက်ပံ့ရေးလုပ်ဆောင်မှုများတွင်လည်း ခက်ခဲမှုရှိနေကြောင်း၊ ချင်းပြည်နယ်တွင် တစ်မြို့နှင့် တစ်မြို့ တစ်ရွာနှင့်တစ်ရွာသွားလာရခက်ခဲနေသောကြောင့် လူအသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှုပမာဏ စာရင်းကို အတိအကျမသတ်မှတ်နိုင်သေးကြောင်း၊ ဟားခါးမြို့၊ ဖလမ်းမြို့၊ ပလက်ဝမြို့၊ တီးတိန်မြို့နှင့် မတူပီမြို့များသည် တောင်ပြိုခြင်း၊ လမ်းများပျက်စီးခြင်းများရှိနေသောကြောင့် ၄င်းဒေသတွင်နေထိုင်သော သူများသည် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေသဖြင့် စားနပ်ရိက္ခာများကို ရဟတ်ယာဉ်များဖြင့်သာ ကူညီဆောင်ရွက်ပေးမှဖြစ်နိုင်ကြောင်း၊ ၄င်းဒေသများသည် စားနပ်ရိက္ခာများမကြားမီပြတ်လပ်တော့ မည်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများအတွက် အမြန်ဆုံး ထိရောက်မြင်သာထင်ရှားစွာ ပံ့ပိုးကူညီဆောင်ရွက်ပေးရန်လိုကြောင်း ချင်းလူမျိုး ဒေါက်တာရွှေခါးရ်မှပြောကြားသည်။
 ဆက်လက်၍ ချင်းပြည်နယ်ရှိ ချင်းလူမျိုးများအမြတ်တနိုးထားသောတောင်ကုန်းများသည် ယခုအခါစစ်တပ်ပိုင်များဖြစ်ပြီး သစ်တောပြုန်းတီးမှုများကြောင့် တောင်ကတုံးများဖြစ်သွားကြောင်း၊ အစိုးရအနေဖြင့် ချင်းပြည်နယ်ကို ဥပက္ခါပြုမှုများရှိနေသောကြောင့် အခြေအနေပိုးဆိုး သွားကြောင်း၊ တောင် များပြိုကျမှုများသည် မြို့ရွာများကို ခြိမ်ခြောက်မှုများရှိနေသောကြောင့် အိမ်များအတွင်းတွင်မနေရဲသဖြင့် အပြင်များတွင်ထွက်နေနေရကြောင်းများပြောသည်။
  “အိမ်တွေလည်းပျက်စီးကုန်ပါပြီး၊ မြေကြီးတွေလဲအက်ကွဲ၊ ရွှံ့တွေကလည်းဖုံးလွှမ်းနေတယ်၊ တကယ့်ကြောက်စရာဖြစ်တဲ့အတွက်ကြောင့် အဲဒီအိမ်မှာလဲလူတွေကမနေရဲကြတော့ပါဘူး၊ ပြန်ဆောက် မယ်ဆိုလဲ မြေနေရာတွေကမရှိကြတော့ပါဘူး၊ ကျနော်တို့ ချင်းတွေက တောင်ယာတွေနဲ့အသက်မွေးဝမ်း ကြောင်းပြုကြပါတယ်၊ ပျက်စီးတဲ့အတွက် ဒီနှစ်စပါးတွေလဲရိတ်  သိမ်းစရာမရှိတော့ဘူး၊ ရန်ကုန်မြို့ကလူတွေကျတော့ လစာလေးနဲ့ လကုန်ရင်စားလို့ရတယ်၊ ဒီတောင်သူတွေကျတော့ နှစ်ကုန်မှ ဝင်ငွေရှိမယ်၊ ပျက်စီးသွားတဲ့အတွက်တစ်နှစ်ပတ်လုံးဝင်ငွေမရှိတော့ဘူး”  ၄င်းကပြောသည်။
Viewing all articles
Browse latest Browse all 9633
Trending Articles
တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )
ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...
စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link
၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ
ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း
ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ
ဆားပုလင်းနှင်းမောင်၏ နိဂုံး
ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ
ကရဝေး စိုက်ပျိုးနည်း
စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>