Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ထိုင်းလူမျိုး (၆)ဦး က မြန်မာမိန်းကလေအား အဓမ္မပြုကျင့်ခဲ့သည်ကို ထိုင်းအစိုးရမှ အမြန်ဆုံးဖော်ထုတ်ပေးရန်

$
0
0





ထိုင်းလူမျိုး (၆)ဦး က မြန်မာမိန်းကလေအား အဓမ္မပြုကျင့်ခဲ့သည်ကို ထိုင်းအစိုးရမှ အမြန်ဆုံး ဖော်ထုတ်ပေးရန် မြန်မာတို့ ဆန္ဒပြ

 ဟန်သစ်နိုင်၊ မိုးမခ၊ ဇွန်လ ၁၆


ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေ ထိုင်းယူနီယံစက်ရုံတွင် တရားဝင်သွားရောက် အလုပ်လုပ်နေသော မြန်မာတိုင်းရင်းသူမလေး အိမ့်ချစ်ပိုင် အသက်(၁၉)နှစ်အား ဇွန်လ ၃ရက်နေ့တွင် ထိုင်းလူမျိုး (၆) ဦးက ကားပေါ်အတင်း အဓမ္မခေါ်ဆောင်သွားပြီး မဖွယ်မရာ စော်ကားဖျက်စီး ခဲ့သည်။ ထို့ကြောင့်  ထိုင်းအစိုးရမှအမြန်ဆုံး တိတိကျကျ ဖော်ထုတ်ပေးရန် ဇွန်လ ၁၆ရက်နေ့လည် ၂နာရီက  ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကစားကွင်း၌ ဆရာတော်ဦးပါမောက္ခဦးဆောင်ပြီး အနိုင်ကျင့် စော်ကားမှုကို မလိုလားသော ပြည်သူများနှင့် ကြွေးကြော်ဆန္ဒထုတ်ဖော်မှုအား ပြုလုပ်တောင်းဆိုခဲ့သည်။
           
ဆရာတော်ဦးပါမောက္ခမှ ပြေားကြားခဲ့သည်မှာ စော်ကားခံခဲ့ရသော မြန်မာတိုင်းရင်းသူလေးအား ထိုအစိုးရထံမှ ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်၊ လုးံခြုံရေးအပြည့်အဝရရှိရန်၊  ထိုင်းနိုင် ငံရောက် မြန်မာအမျိုးသား၊ အမျိုးသမီးတွေကိုလည်း အကာအကွယ်အစောင့်အရှောက်ပေးရန်၊ ထိုင်းနိုင်ငံတွင် ဥပဒေမဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်းသည် ထိုင်းအစိုးရတွင်တာဝန် ရှိကြောင်း၊ မြန်မာနှင့်ထိုင်း ချစ်ကြည်ရင်းနှီးမှုများ မပျက်စီးဖို့ ထိုဖြစ်စဉ်ကိုအတိကျအမြန် ဆုံးဖော်ထုတ်အရေးယူပေးရန် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရောက် မြန်အလုပ်သမားများအပေါ် ဖိနှိပ်စော်ကားနေမှုများ ချက်ချင်းရပ်၊
ထိုင်းအစိုးရတာဝန်သိစွာ တရားခံများကို ဖော်ထုတ်အရေးယူပေးပါ၊
ထိုင်းနှင့်မြန်မာ ချစ်ကြည်စွာ အိမ်နီးချင်းကောင်းပီသပါ၊
အဓမ္မ(၆)ဦးကို အရေးယူဆောင်ရွက်ပေးရေး …ဒို့အရေး
မြန်မာအလုပ်သမလေးအား ကူညီဆောင်ရွက်ပေးရန်… ထိုင်းအစိုးရအား တောင်းဆိုပါသည်။
လူသားမဆန် အဓမ္မမှုများ… ထိုင်းအစိုးရ လျှစ်လျှူရှုထားတော့မှာလား 
ဟူသော ကြွေးကြော်သံများဖြင့် ထိုင်းစိုးရအား တောင်းဆိုထားသည်။

 ထိုဗိုလ်စိန်မှန်ကွင်းမှတဆင့် ထိုင်းသံရုံးသို့ ၄င်းဖြစ်စဉ်နှင့်ပတ်သက်သော သဝဏ်လွှာများကို သံဃာတော်များနှင့် ပြည်သူများ သွားရောက်ပေးခဲ့ကြောင်းသိရသည်။

ထိုင်းအစိုးရမှ ယခုတောင်းဆိုမှုများကို အကောင်အထည်မဖော်ပေးခဲ့လျှင့် ကြီးကျယ်သည့် ဆန္ဒပြမှုများ ပြုလုပ်သွားမည်ဟု သိရသည်။


Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>