Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

တောင်ပေါ်အလှနှင့် တောင်ပေါ်ဘဝ

$
0
0
တောင်ပေါ်အလှနှင့် တောင်ပေါ်ဘဝ
ဖြိုးသီဟချို/Myanmar Now၊ မိုးမခ၊ မတ် ၄၊ ၂၀၁၇


တောင်ထူထပ်သည့်မြေမျက်နှာသွင်ပြင်နှင့် ကြမ်းတမ်းသည့် ရာသီဥတုအခြေအနေ ပိုင်ဆိုင်ထားသည့် ချင်းတောင်တန်းသို့ မကြာသေးမီက သွားရောက်ခဲ့သည့် သတင်းထောက်က တွေ့မြင်ရသည့် မြင်ကွင်းတချို့ကို မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။ (ဓာတ်ပုံများ - ဖြိုးသီဟချို/Myanmar Now)


aa - ဟားခါးမြို့၊ သီဖူးလ်ကျေးရွာရှိ အမြဲတမ်းစိုက်ပျိုးနိုင်သည့် လှေကားထစ်တောင်ယာ မုံညင်းစိုက်ခင်းဖြစ်သည်။ ကျေးရွာရှိ လှေကားထစ်တောင်ယာ ဧက၂၀ တွင် ဆောင်းသီနှံအဖြစ် မုံညင်း၊ ဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အဓိကထားစိုက်ပျိုးကြသည်။



bb - အမြဲတမ်းစိုက်ပျိုးမြေပေါ်တွင် တောင်ယာ လုပ်ကိုင်နေသူများ။ တောင်ယာထွက်ကုန်တို့မှာ ကျယ်ကျယ်ပြန့်ပြန် ရောင်းချရန် ဈေးကွက် အခဲအခဲ ရှိနေသောကြောင့် ဝမ်းစာအတွက်သာ စိုက်ပျိုးကြသည်ကို တွေ့ရသည်။


cc - သီဖူးလ်ကျေးရွာမှ တစ်နာရီကြာ ခြေလျင်သွားရသည့် ခရီးနှင်ပြီး လှေကားထစ်တောင်ယာ စိုက်ခင်းသို့ ရောက်ရှိလာသော အမျိုးသမီးများ။


dd - ကြက်သွန်စိုက်ခင်းတွင် ရေပက်ဖြန်းနေသည့် ချင်းအမျိုးသမီးငယ်နှစ်ဦး။ တောင်ကျချောင်းမှ စီးဆင်းလာသောရေကို မြောင်းဖောက်သွယ်တန်း၍ ကြက်သွန်စိုက်ခင်းအတွင်း စီးဝင်စေသည့်နည်းသည် စိုက်ပျိုးရေအထိရောက်ဆုံး ရရှိနိုင်သည့် နည်းလမ်းဖြစ်သည်ဟု ဆိုသည်။


ee - သီဖူးလ်ကျေးရွာ ဒေသခံတို့၏ ဆုတောင်းပွဲတွင် ချင်းရိုးရာ သီချင်းများ သီဆို ကခုန်နေကြသည်။ သက်ကြီးအမျိုးသားတစ်ဦးက ချင်းဘာသာဖြင့် ရေးစပ်ထားသည့် သီချင်းကို ဦးဆောင် သီဆိုကခုန်ပြီး သီချင်းဆိုရာတွင်ပါဝင်နေသူများကို ဆုတောင်းပေးနေသည်။


ff - တောင်ထူထပ်သောကားလမ်းတွင် နာရီအတန်ကြာ မောင်းနှင်ရပြီး ချင်းဒေသသို့ ရောက်ရှိလျှင်လည်း မြေပြန့်သည့်နေရာကို တွေ့ရန် ခဲယဉ်းသည်။


gg - တောင်ထူထပ်သော ချင်းဒေသတွင် နေအိမ်များကို တောင်စောင်းပေါ်တွင်ပင် တည်ဆောက်ထားကြသည်။


hh - ဟားခါးမြို့ရှိ မြန်မာဘာသာဖြင့် ဝတ်ပြုကြသည့် ဘုရားကျောင်း၏ မြင်ကွင်းတစ်ခု။


ii - ဟားခါးမြို့ရှိ ရှေးခေတ် အုပ်ချုပ်သူတစ်ဦး၏ နေအိမ်ကို ပြတိုက်အဖြစ် ပြုလုပ်ထားသည်။ သို့သော်လည်း ဧည့်သည် လာရောက် လေ့လာမှု နည်းပါးသည်ဟု သိရသည်။


jj - သီဖူးလ်ရွာအတွင်းရှိ နေအိမ်တစ်ခုတွင် တောကောင်သားရေကျပ်ပြီး နေလှန်းထားသည်။


kk - သီဖူးလ်ရွာတွင် မြစိမ်းရောင် စီမံကိန်း ရှိနေကြောင်း အမှတ်အသား ပြုထားသည့် ဆိုင်းဘုတ်တစ်ခုအနီး စောင်များ လှန်းထားသည်။ ချင်းဒေသသည် ရာသီဥတု ကြမ်းတမ်းသည့် ဒေသတစ်ခု ဖြစ်သည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>