မောင်မောင်သော် - နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ မြန်မာပြည်ရေဘေးသင့်ပြည်သူများအတွက် ဆန်ဖရန်ဘေးဧရိယာက ဒေါ်လာ ၂သောင်း ၇ထောင် လှူဒါန်း
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၅
Image may be NSFW.
Clik here to view.

San Francisco, Bay Area မြန်မာတိုင်းရင်းသားမိသားစုများမှ မြန်မာပြည်ရေဘေးသင့် ပြည်သူများအတွက် စေတနာထက်သန်စွာ လျှုဒါန်းခဲ့သော စုစုပေါင်း အလှူငွေ USD $84,000 မှ $ 27,000.00 ကို နာရေးကူညီမှူသင်း (ရန်ကုန်) ဦးကျော်သူ ထံသို့ ဒေါ်သီတာ မှ တဆင့် သြဂုတ်လ ၂၄ ရက်နေ့က သွားရောက်လျှုဒါန်းခဲ့သည်။ ရရှိသောအလျှုငွေများသည် San Francisco, Bay Area တစ်နေရာတည်းမှ မဟုတ်ပဲ, အမေရိကန် တခြားမြို့များမှလည်း ပါဝင်လှူဒါန်းမှု အစုစု ဖြစ်ပါသည်။
ဆက်လက်ရနေသောအလျှုငွေများကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ရေဘေးပြန်လည်နေရာချထားရေးအတွက် ဆက်လက်လျှုဒါန်းသွားပါမည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေရှာဖွေပွဲကို Bay Area တွင် အောက်တိုဘာလ ၁၇ ရက် နေ့တွင်မြန်မာပြည်မှ နာမည်ကြီးအဆိုတော်များဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။