Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ရေဘေးကူညီရေး စာပေဟောပြောပွဲ အမှတ်တရ

$
0
0

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)  - ရေဘေးကူညီရေး စာပေဟောပြောပွဲ အမှတ်တရ
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၅


၂၀၁၅ သြဂုတ်လ၂၃-ရက် တနင်္ဂနွေနေ့ညပိုင်းမှာ ဆန်ဖရန်စစ်စကို၊ ဘေးဧရိယာ၊ ဖရီးမောင်မြို့၊ ကောင်တီလမ်း၊ မြန်မာကွန်မြူနတီနှင့် ယဉ်ကျေးမှုစင်တာ မှာ ပြုလုပ်တဲ့“မြန်မာနိုင်ငံ ရေဘေးကူညီရေး"ရဟန်းစာဆို(၄)ပါး စာပေဟောပြောပွဲကတော့ မမျှော်လင့်ပဲနဲ့ မျှော်လင့်သည်ထက် အောင်မြင်ကြည်နူးရတဲ့ ဟောပြောပွဲလေးပါ။

ဒီပွဲနဲ့ပတ်သက်လို့  မိမိတို့အနေနဲ့ အဓိကကျေးဇူးတင်စရာ အကောင်းဆုံးကတော့-ဖရီးမောင့်က ညီတော် မောင်ကြည်ဖြူပါပဲ။

သူက စောစောကတည်းက"ကံ,ဉာဏ်,ဝီရိယ"သုံးပါးဆုံပွဲလုပ်ချင်လို့ တပူပူ။  ဒါပေမယ့် လူချင်းက မစုမိကြလို့ မလုပ်ဖြစ်။ ခုမှ ဂင်္ဂါရော လေးပါးဆုံ မိတဲ့အပြင်  ရည်ရွယ်ချက်ကလဲ "မြန်မာနိုင်ငံ ရေဘေးအတွက်"ဆိုတော့ မဖြစ်မနေ (၄)ပါးလုံး ဆုံပြီး ဒီပွဲဖြစ်မြောက်သွားတာ။

မြန်မာနိုင်ငံရေဘေးအတွက် ဖုန်းနဲတဆင့် လှူတန်သလောက် လှူခဲ့ပေမယ့် ကိုယ်တိုင် အားပါးတထုတ် မပါဝင်ရသလိုဖြစ်လို့ စိတ်ထဲမှာ ဘဝင် မကျနိုင် ဖြစ်နေရာက မောင်ကြည်ဖြူကပဲ မြန်မာကွန်မြူနတီနဲ့တိုင်ပင်ပြီး ကျယ်ကျယ်ပြန့်ပြန့်လေးဖြစ်သွားအောင် အားထုတ်လှုံ့ဆော်ရာက ခုလို အောင်အောင်မြင်မြင် လေးဖြစ်သွားတာ။

ပွဲမစခင်ကတော့ ခပ်ချောက်ချောက်ကြီးများ ဖြစ်သွားခဲ့ရင် ရေဘေးအတွက် လေဘေးဆင့်သလို ဖြစ်သွားမလားလို့ အချင်းချင်း ရယ်စရာပြောမိသေး။ တကယ်လုပ်တော့ ဟောသူ,နာသူ အားလုံး တက်ကြွစိုပြေ အတော်လေးကိုကျေနပ်စရာ။


ပွဲပြီးတော့ ရေဘေးအတွက် ဒေါ်လာ-၄၃၁၅(လေးထောင်သုံးရာတဆယ့်ငါး) လှူဒါန်းလိုက်နိုင်တယ်ဆိုတော့ “ကိုယ်တိုင် တတတ်တအား ပါဝင်ခွင့်ရလိုက်လို့"ဝမ်းသာကြည်နူးမိသလို၊  ဒီပွဲဖြစ်မြောက်ရေးအတွက် ခန်းမငှားခနဲ့ ပရိတ်သတ်များအတွက် ဧည့်ခံကျွေးမွေမှုများပါ
အစစ တာဝန်ယူဆောင်ရွက်တဲ့ ညီတော် မောင်ကြည်ဖြူ + ငယ်ကြည်ကြည်သိန်းတို့ မိသားစုကိုလဲ (ခါတိုင်းလို မဟောက်, မငေါက်ရက်တော့ဘဲ)အတော်ကို ကျေးဇူးတင်နေမိတယ်။

ဟောပြောပွဲမှာ ကိုယ့်ဇောနဲ့ကိုယ် အချိန်ကိုက်ဖြစ်ရေး အလေးထားနေရလို့ ကျေးဇူးစကားလေးမှ ထည့်မပြောလိုက်မိတဲ့အတွက် ညီတော်မောင်အကြောင်းကို အဓိကပြောနေရတာပါ။  အမှန်ကတော့ မြန်မာပြည်သူတို့အပေါ် သံယောဇဉ်ကြီးကြတဲ့ မြန်မာကွန်မြူနတီအဖွဲ့သား
အားလုံးရဲ့ စိတ်တူညီမျှ ကြိုးစားမှုဖြစ်လို့ အားလုံးကို ကျေးဇူးတင်နေမိတာပါ။

အရေးကြီးချိန်မှာ သွေးစည်းကြတဲ့ အမေရိကန်ရောက် မြန်မာအားလုံးကိုပဲ ကျေးဇူးတင်မဆုံး ဝမ်းသာမဆုံးလို့ ပြောပါရစေ..။

ဒီနေ့လိုပဲ အမြဲ သွေးစည်းညီညွတ်ကြပါစေလို့လဲ ဆုတောင်း မေတ္တာပို့ပါတယ်။

အားလုံး ကျေးဇူးမင်္ဂလာပါ..!

သြဂုတ် ၂၃၊ ၁၅။ ဖရီးမောင့်မြို့၊ ဆန်ဖရန်ဘေးဧရိယာ။

(ဓာတ်ပုံ - ကိုစံလင်း)

Viewing all articles
Browse latest Browse all 9633

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ချစ်စရာ့ မြန်မာ့ဓလေ့


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>