ကိုသန်းလွင် - ပြည်သူအတွက်အစိုးရ
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၅
(၁)
နိုင်ငံတနိုင်ငံ၏ စည်ပင်ဖွံ့ဖြိုးမှုကိုမည်သို့တိုင်းတာကြပါသနည်း၊ နိုင်ငံရေးသုခမိန်များက နိုင်ငံတစ်ခု၏ အဆင့် အတန်းကို အောက်ပါစံ (၃)ချက်ဖြင့် ဆုံးဖြတ်ကြပါသည်၊
ပဌမဦးစွာ နိုင်ငံ၏ ဒီမိုကရေစီအဆင့်အတန်းနှင့် ပြည်သူအများ၏ပူးပေါင်း ပါဝင်မှု၊ နိုင်ငံရေးအရ လွတ်လပ်စွာ ပြောရေး ဆိုခွင့်ရှိမရှိဆိုသောအချက်ကိုဆန်းစစ်ကြပါသည်၊
ဒုတိယအချက်အနေဖြင့် ပြဿနာကိစ္စရပ်များ ပေါ်တိုင်းပေါ်တိုင်း အစိုးရကဖြေရှင်းပေးနိုင်ခြင်း၊ ပေါ်လစီအသစ် ချမှတ်ပြီးတိုင်း အစိုးရက အကောင်အထည်ဖေါ်နိုင်ခြင်း နှင့်နိုင်ငံတွင်းခြစားမှု ကိုကာကွယ်တိုက်ဖျက် နိုင်စွမ်း ရှိမရှိ ကြည့်ကြရပါသည်၊
တတိယအချက်မှာ ပြည်သူတို့လိုလားသောအရာများကို အစိုးရကဖန်တီးပေးနိုင်ခြင်းရှိမရှိ၊ ပြည်သူတို့ ၏ ၀င်ငွေတိုးတက်လာခြင်းရှိမရှိ၊ ကျန်းမာရေး၊ ဆေးကုသရေး၊ အခွင့်အလမ်းများနှင့် လူမှုဘ၀လုံခြုံရေးရှိမရှိ ဆိုသော အချက်များကိုကြည့်၍ နိုင်ငံတနိုင်ငံ၏အဆင့်အတန်းကို ဆုံးဖြတ်ကြပါသည်။
(၂)
အမေရိကန်တို့သည် ကမ္ဘာနှင့်အ၀ှမ်း ဒီမိုကရေစီနိုင်ငံထူထောင်ရေး ကိစ္စများတွင် မိမိနိုင်ငံကို ပုံစံအဖြစ်ပြခါ လက်ချာပေးလေ့ရှိပါသည်၊ ယခုအခါ ၀ါရှင်တန်အစိုးရမှာ မိမိအကောင်အထည် ဖော်လိုသမျှ စီမံကိန်းများ စွာတို့တွင် အနှောင့်အယှက် အပာန့်အတားများနှင့် ရင်ဆိုင်နေကြရပြီး တိုင်းပြည်အတွက် လိုအပ်သော ပြုပြင် ရေးဆိုင်ရာလုပ်ငန်းများကိုလည်း လုပ်နိုင်စွမ်းမရှိ ဖြစ်နေခဲ့ပါသည်၊ ဒီမိုကရေစီ၏ မီးရှုးတန်ဆောင်သဘွယ် ဖြစ်ရမည့် နိုင်ငံကြီးမှာ အစိုးရ၏ လုပ်နိုင်စွမ်းအားတွင် ချို့ယွင်းချက်များကိုမြင်နေကြရပါသည်၊
လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း စင်္ကာပူသည် တပာုန်ထိုးတိုးတက် လာခဲ့ပါသည်၊ ဂျီဒီပီ မှာ ၁၂ ဆတိုးလာ ခဲ့ပါသည်၊ ၁၉၆၅ ခုနှစ်က အလုပ်သမား တယောက်၏ တနှစ်စာဝင်ငွေမှာ ဒေါ်လာ ၅၀၀ ရှိခဲ့ရာမှ ယခုအခါ ၅၅,၀၀၀ ဖြစ်လာခဲ့ပါသည်၊ အမေရိကန်နိုင်ငံကို မှီလုနီးရှိနေပါသည်၊ အမေရိကန်နှင့် ဖိလိပိုင်နိုင်ငံတိ့၏ ဂျီဒီပီ မှာ၂ဆတိုးလာခဲ့ပါသည်၊ လွန်ခဲ့သော နှစ် ၅၀ခန့်က စင်္ကာပူနှင့် မရှေးမနှောင်း လွတ်လပ် ရေးရခဲ့သော ဇင်ဘာဘွေနိုင်ငံမှာ ဂျီဒီပီကိုကြည့်လျင် တိုးတက်လာမှုမရှိသည့်အပြင် ကျဆင်းသွားလျက်ရှိသည်။
လွန်ခဲ့သော ၁၅နှစ်အတွင်း အမေရိကန်၏ ဂျီဒီပီ မှာ တနှစ်လျင်ပျမ်းမျှ ၂% အောက်သာတိုးတက်ခဲ့သည်၊ စင်္ကာပူနိုင်ငံ၏ တိုးတက်မှုမှာ ၆%ရှိသည်၊ World Economic Forum ကထုတ်ပြန်ချက်များအရတကမ္ဘာလုံး စီးပွားရေးလုပ်ငန်းပြိုင်ဆိုင်မှု (Competitiveness) မှာ ပဌမ ဆွစ်ဇာလန်နိုင်ငံပြီးလျင် စကာင်္ပူသည် ဒုတိယလိုက်သည်၊ အမေရိကန်မှာ တတိယနေရာတွင်ရှိသည်၊ ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ရန်အကောင်းဆုံး နေရာမှာ စကာင်္ပူ နိုင်ငံဖြစ်သည်၊ လွန်ခဲ့သော ခုနှစ်နှစ်ကာလ ပါတ်လုံး စကာင်္ပူသည် အကောင်းဆုံး နေရာ မှာ ရှိနေခဲ့သည်။
စင်္ကာပူ၏ ကလေးသေနှုန်းကိုကြည့်သော် ကလေးဦးရေ ၁၀၀၀ တွင် ၁၉၆၅ ခုနှစ်က သေနှုန်း ၂ရ.၃ ရှိခဲ့သည်၊ ၂၀၁၃ခုနှစ်တွင် ၂.၂သာရှိခဲ့သည်။ အမေရိကန်မှာ ကလေးသေနှုံးမှာစင်္ကာပူထက် ၃ ဆများသည်၊ ဖိလစ်ပိုင်ကျွန်းတွင်ကလေးသေနှုန်းမှာ၂၃ရှိပြီးဇင်ဘာဘွေတွင် ၅၀ ယောက်ရှိသည်။
Bloomberg က ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သောကျန်းမာရေးဆိုင်ရာ ထုတ်ဖော်ချက်အရ ကမ္ဘာပေါ်တွင် ကျန်းမာရေးအကောင်းဆုံး နိုင်ငံမှာ စကာင်္ပူ ဖြစ်သည်၊ အမေရိကန်က အဆင့် ၃၃ ရှိသည်။ ဖိလစ်ပိုင်က ၈၆ နှင့် ဇင်ဘာဘွေက ၁၁၆ လိုက်သည်။
အမေရိကန်တွင် ရာဇ၀တ်မှုဖြစ်ပွားနှုံးမှာ စင်္ကာပူထက် ၂၄ ဆများသည်၊ ၂၀၁၂ ခုနှစ် Survey အရ မိမိတို့စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရပါသည်ပာု ပြောဆိုသူမှာ စင်္ကာပူလူဦးရေ၏ ၁% ပင်မပြည့်ပေ။
နောက်ထပ်အရေးကြီးသောအချက်မှာ အစိုးရ၏ Effectiveness ခေါ် အုပ်ချုပ်နိုင်မှု စွမ်းရည်ပင်ဖြစ်သည်၊ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ခြင်း၊ လာဒ်ပေးလာဒ်ယူ အမှုကိစ္စများ ကာကွယ်နိုင်ခြင်းတို့မှာနိုင်ငံတခု၏ စံနှုံးကို တိုင်းတာနိုင်သော အချက်များပင်ဖြစ်သည်၊ ကမ္ဘာ့ဘဏ်က နှစ်စဉ်နိုင်ငံ တခုစီ၏ရီပို့ကိုထုတ်ပြန်လေ့ ရှိရာ အမေရိကန်သည် စင်္ကာပူကိုမမှီပေ၊ ခြစားမှု၊ အကျင့်ပျက်မှုကာကွယ်ရေးတွင် စင်္ကာပူမှာ ကမ္ဘာ့အကောင်း ဆုံး ဆယ်နိုင်ငံတွင် ပါဝင်ပါသည်၊ အမေရိကန်က စင်္ကာပူ၏ အောက်အဆင့် ၂၀ ကွာသောနေရာတွင်ရှိသည်၊ ၂၀၁၄ခုနှစ်တွင် ကောက်ယူသော Gallup Poll အရ ၈၅% သောအမေရိကန်လူမျိုးများက သူတို့အစိုးရသည် ခြစားမှုကို မတိုက်ဖျက်နိုင်ပာုဆိုသည်၊ စင်္ကာပူ လူမျိုးတို့၏ ၈%သာ သူတို့အစိုးရအပေါ် မယုံကြည်ဘူးပာု ပြောကြသည်။
၂၀၁၄ ခုနှစ်က Freedom House ၏ ထုတ်ပြန်ချက်အရ အမေရိကန်သည် ကမ္ဘာပေါ်တွင် အလွတ်လပ်ဆုံး နိုင်ငံဖြစ်သည်၊ စင်္ကာပူမှာ နိုင်ငံရေးလွတ်လပ်မှုတွင် အောက်ဆုံးနိုင်ငံများ၏ အလယ်လောက်တွင်ရှိသည်၊ တောင်ကိုရီးယား ဖိလစ်ပိုင် နိုင်ငံတို့၏ နောက်မှာရှိသည်၊ အဖွဲ့ကြီး၏ မှတ်ချက်တွင် အတိုက်အခံပါတီများ၏ လှုပ်ရှားနိုင်မှုတွင် အကန့်အသတ်ရှိပုံ၊ အသရေဖျက်မှုနှင့် တရားစွဲခံရမည့် အန္တရာယ်၊ အတိုက်အခံပါတီတို့ အတွက် တင်းကျပ်သော ဥပဒေ နှင့် အာဏာရပါတီ၏ သတင်း မီဒီယာချုပ်ကိုင် ထားပုံတို့မှာ စင်္ကာပူနိုင်ငံ အတွက်ဂုဏ်ယူစရာ ဘာမှမရှိပေ၊
ပဌမစံ နှစ်ခုတွင် ကမ္ဘာ့ထိပ်တန်းမှာ ရှိခဲ့သော စင်္ကာပူသည် အဘယ့်ကြောင့် တတိယအချက်တွင် နိမ့်ကျရပါသနည်းပာု စဉ်းစားရန်ရှိသည်၊ တချိန်တည်းမှာပင် နိုင်ငံတော်စည်ပင်တိုးတက်ရေးအတွက် နိုင်ငံ တော် အစိုးရ၏ ကဏ္ဍသည် ဘာ့အတွက်အရေးကြီးပါသနည်းပာု မေးစရာရှိလာသည်။
အမေရိကန်၊ ဥရောပ နိုင်ငံများက လူတို့၏ နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်များကို မီးမောင်းထိုးပြချိန်တွင် စင်္ကာပူနိုင်ငံက မိမိတို့ပြည်သူများ၏ လူနေမှုအဆင့် မြင့်မားရေးကပို၍ အဓိကကျသည်ပာု ယူဆကြသည်၊ ၂၄နာရီ တပါတ်လုံး လမ်းများပေါ်တွင် စိတ်အေးချမ်းသာ သွားလာနိုင်ရေး၊ မိမိအိမ်တံခါးကိုသော့မခတ်ပဲ အပြင်ထွက်နိုင်ရေး၊ စိတ်ချလုံခြုံသောပါတ်ဝန်းကျင်ရှိရေးတို့က ပို၍အရေးကြီးသည်ပာု ဆိုကြသည်။
လွတ်လပ်ခြင်းဆိုသည်မှာ မိန်းခလေးများ ဘတ်စကား၊ ရထား၊ လွတ်လွတ်လပ်လပ်စီးနိုင်ခြင်း၊ ညနေ မိုးချုပ် ဘယ်မြေအောက်ဘူတာနားကို မသွားရဘူးဆိုသော တားမြစ်ချက်များမရှိရေးပင် ဖြစ်ပါသည်၊ ပူတင်းဖုတ်လျင် စားရဘို့က လိုရင်းဘဲပာူသော တရုတ် ဆိုရိုးစကား တခုရှိပါသည်၊ စင်္ကာပူနိုင်ငံက အလယ်အလတ် ချမ်းသာသော လူတန်းစား ဦးရေတိုးပွားလာခြင်း၊ သူတို့ဝင်ငွေပိုကောင်းလာနေခြင်း တို့ကို စင်္ကာပူခေါင်းဆောင် များက ဂုဏ်ယူကြပါသည်။
ကမ္ဘာ့သမိုင်းကို ပြန်ကြည့်လျင် အာဏာရှင်ကြီးများသည် တိုင်းသူပြည်သားတို့၏ စီးပွားချမ်းသာကို ကာလကြာရှည်မြင့်စွာ ဆောင်ကျဉ်းပေးနိုင်ခဲ့သည့် ဥပမာမှာမရှိသလောက် ရှားပါးပါသည်၊ တဖက်ကလည်း အစိုးရအဖွဲ့ ညီညွတ်မှုကို စိတ်ပျက်လက်ပျက်ဖြစ်နေသော အင်္ဂလန်ဝန်ကြီးချုပ်ပောာင်း ၀င်စတန်ချာချီက ဒီမိုကရေစီ အစိုးရ သည် စည်းကမ်းအမဲ့ဆုံး အစိုးရအမျိုးအစားဖြစ်သည်ပာု ပြောခဲ့ဘူးသည်။
(၃)
ကျွန်တော်တို့နိုင်ငံ၏တိုးတက်လာပုံအဆင့်ဆင့်ကို ကြည့်ပါ၊ တချိန်ကအိမ်သုံး ပလာယာတချောင်း ၀ယ်ယူခွင့် ရရန်အတွက်လျှောက်လွှာတင်ပြီး တစ်ပတ် ဆယ်ရက်စောင့်ခဲ့ကြရဘူးပါသည်၊ ရက်သတ္တတပါတ်ကြာမှ ဓါတ်ဆီ ၂ ဂါလံကို အလုအရက်တန်းစီဝယ်ခဲ့ကြရဘူးပါသည်၊ မိမိအိမ်ကိုဧည့်သည်လာလျင် ဧည့်စာရင်းတိုင်ကြားကြရပါ သည်၊ ဧည့်စာရင်းစစ်သည်ဆို၍လက်နက်ကိုင်ဆောင်ထားသူများ အိမ်တွင်းသို့ အချိန်နာရီမရွေး ၀င်လာနိုင်ကြ ပါသည်၊ ခဏလိုက်ခဲ့ပါဆိုပြီး ဆယ်စုနှစ်များကြာအောင် ထောင်ထဲမှာနေကြရသည့်အစဉ်လာများ လည်းရှိခဲ့ကြ ပါသည်၊ နိုင်ငံရေးလွတ်လပ်ခွင့်တောင်းဆိုသူများမှာ ဆိုးရွားသော အခြေအနေများဖြင့် ထောင်သွင်းအကျဉ်းချ ခံကြရပါသည်၊ ရွေးကောက်တင်မြှောက်ထားသောအစိုးရတဖွဲ့လုံးကို ထောင်သို့ပို့လိုက် ခြင်းများလည်း ရှိခဲ့ကြပါ သည်၊
ဗုဒ္ဓဓမ္မ ဆရာတဦးမှာသာသနာတော်ပြန့်ပွားရေးအတွက် အိန္ဒိယသို့သွားရန်ရှိသည်ကို ပတ်(စ)ပို့ ထုတ်မပေး သော ကြောင့်မသွားလိုက်ရသောအဖြစ်များလည်းရှိခဲ့ပါသည်၊ လေဆိပ်အ၀င်အထွက်တွင် လူဝင်မှုကြီးကြပ်ရေး အရာရှိများက ဘာများ လုပ်လိုက်မလဲ ဟု တထိတ်ထိတ် ခရီးသွားရသည်များလည်းရှိခဲ့ကြရပါသည်၊ လူ့အခွင့် အရေးဆိုတာ ဘာမှန်းမသိ အာဏာရှိသူ တွေကပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်တာတွေကို ပြည်သူအများ ခါးစီး ခံကြရပါသည်၊
အခုဒါတွေမရှိတော့ဘူးဟုပြောနိုင်ကြပါပြီ၊
ယခုအခါ ကျွန်တော်တို့မြန်မာနိုင်ငံတွင် စည်းကမ်းရှိသော ဒီမိုကရေစီအစိုးရ တရပ်ပေါ်ပေါက်စေရန် ကျိုးပမ်း နေကြချိန်ဖြစ်ပါသည်၊ ပြည်သူတို့၏ နိုင်ငံရေး လွတ်လပ်ခွင့်ရှိရန် လိုအပ်သည့်နည်းတူ ပြည်သူအများ စားဝတ် နေရေး ဖူလုံပြည့်ဝရန်လည်းလိုပါသည်၊ အလယ်လတ်တန်းစား လူထုဦးရေ တိုးပွားလာရေးမှာ အရေးကြီး ပါသည်၊ ဆိုင်များပေါ်တွင် လူသုံးကုန်ပစ္စည်းများ ၀ယ်၍ရနိုင်သည့်နည်းတူ အိမ်တိုင်းအိမ်တိုင်း ရေနှင့်လျှပ်စစ် ဖူလုံစွာ ရရှိရေး၊ ဓါတ်ဆီ၊ လောင်စာဆီ၊ ဖူလုံရေး၊ ကုန်ထုတ်လုပ်သော စက်မှုလုပ်ငန်းများအောင်မြင်ရေး၊ ကမ္ဘာကြီးနှင့် ရင်ဘောင်တန်းလိုက်နိုင်ရေးတို့မှာ တက်လာသော အစိုးရ အတွက်ကြီးလေးသော တာဝန်များ ပင်ဖြစ်ပါသည်။
ကျွန်တော်တို့သည် အထက်ကပြဆိုခဲ့သော စံများဖြင့် အစိုးရကို စောင့်ကြည့်အကဲခတ်ကြရပါမည်၊ တိုင်းပြည် အတွက် တာဝန်သိသော အစိုးရဖြစ်အောင်ဝိုင်းဝန်းအကြံဥာဏ်ပေးခြင်းများ ပြုလုပ်ကြရပါမည်၊
ကိုသန်းလွင်
Reference: The Lee Kuan Yew conundrum by: Graham Allison, The Straits Times 2015 April 1 issue
Photo - http://yoursdp.org