Quantcast
Viewing all articles
Browse latest Browse all 9633
ဒေါက်တာခင်မောင်ဝင်း( သင်္ချာ ) - ပျော်တော်ဆက်၏ မြစ်ဖျားခံရာများ
ဒေါက်တာခင်မောင်ဝင်း( သင်္ချာ )     - ပျော်တော်ဆက်၏ မြစ်ဖျားခံရာများ
(ကာတွန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် စာမူ) ဇူလိုင် ၂၉၊ ၂၀၁၅
        ဂျူနီယာဝင်းသည် သူ၏ အင်္ဂလိပ်ဘာသာဖြင့် ရေး သားခဲ့သော ကင်ဒယ်   ebook  ဆောင်းပါး ဖြစ် သည့်   The Rise and Fall of  Pyaw Daw Zet   ကို  သူ ကိုယ် တိုင်-- ပျော်တော်ဆက်ကျဆုံးခန်း --  ဟူ၍  ဘာသာ ပြန် ပြီး မိုးမခ မဂ္ဂဇင်း၊ ဂျူလိုင် ၂၀၁၁  တွင် ထည့် ခဲ့ သည်။ ဘာသာပြန်ရာတွင်  The Rise  (တက် လာ ခြင်း) ကိုထည့်  မပြန်တော့ ဘဲ  The Fall  (ကျဆုံးခန်း )   ကိုသါ အသားပေး ခဲ့ သည်ကို တွေ့  ခဲ့ ရပါ သည်။  ပျော်တော်ဆက်  မဂ္ဂ ဇင်းသည်  နတ်သမီး ပုံပြင်လေး ပမာ အစကေါင်းခဲ့ပြီး  ၊ နောက်ဆုံးတွင်  ရှိတ်စပီးယား  ၏ကြေကွဲဖွယ်  ပြဇာတ်ပမာ  အဆုံးသတ်ခဲ့ရပုံကို  ဂျူနီယာဝင်း  ကရေးသါး ထားပါသည်။ ထိုဇာတ်လမ်း  ထဲမှ အကြောင်းအရာ အချို့  ကို ထပ်မံ  ဖြည့် စွက်၍ တင် ပြရန် ဤဆောင်း ပါးကို ရေးသားခြင်း ဖြစ် ပါ သည် ။                        
    အထူးသဖြင့် တင်ပြလိုသည်မှာ ၊ ပျော် တော်ဆက်၏ မြစ်ဖျား  ခံရာ စါ စေါင်များ အကြောင်း ဖြစ်ပါသည် ။ မေမေ ဒေါ်ခင်မျိုးချစ်သည် ပျော်တော်ဆက် အတွက် အ ကြံ အစည် များ ကိုရ ရှိခဲ့သော  ထိုခေတ်က  ထွက် ခဲ့သော (၁၉ ၅၀ - ၁၉၇၀ ) စါစောင် များအကြောင်း ဖြစ်ပါသည် ။   
ယင်းရုပ်ပြစါစေါင်များသည်  ယခုအခါတွင် မရှိတော့သည့်အတွက် ၊    ၄င်းတို့သည် သမိုင်းဝင်ပစ္စည်း  များဖြစ် နေပါပြီ။  ထိုစာစောင်များ၏ အမည်များမှာ--   Eagle (E), Swift (S), Robin (R), Girl (G) , School Friend (SF), Princess (P), Finding Out (FO), Look and Learn(LAL) , Knowledge (K), Understanding Science)(US) တို့  ဖြစ်ကြပါသည်။   E ,S , R  ,G   တို့ သည် ကုမ္ဗဏီ  တစ်ခုတည်း  မှထုတ် သေါ စာစောင်များ ဖြစ် ကြသည်။  E သည်လင်းယုန်ငှက် ၊ S    သည် ပျံ  လွှားငှက်  ၊ R      သည်ုသပိတ်လွယ် ငှက်  ဟု အဓိပ္ဗါယ် ရပါ သည် ။   
စါစောင်များ၏  မျက်နှာဖုံး တွင် ထိုငှက်  များ၏ပုံ  များပါ  ရှိ ပါ သည်။  အရွယ်အား ဖြင့် လင်းယုန်ငှက်  သည် အကြီးဆုံး၊ပျံ လွှား သည် ဒုတိယ၊ သပိတ်လွယ်ငှက်  သည် အ  ငယ်ဆုံးဖြစ် သည်။သို့ ရာတွင် စာဖတ် ပရိသတ်  ကိုရည်ညွှန်းရာတွင်  E  ကို ၁၅ နှစ် မှ အသက်  ၂၀ အရွယ် အတွက် ၊ S    ကိုဆယ် နှစ်မှ  ၁၅  နှစ် အရွယ် ၊    R   ကို  ဆယ်နှစ် အောက် အတွက်   ဟူ ၍ ဖြစ် ပါသည်။ E   သည်ယောက်ျား လေးများ အတွက်ဖြစ်ပြီး   S   နှင့်   R       တို့ သည်  ကျား  နှင့် မ နှစ် မျိုး စလုံး  အတွက် ဖြစ် သည် ။ G    သည်       E   ဖတ်သော  ယောက်ျားလေများ  နှင့်  ရွယ်တူ  မိန်းကလေးများ  အတွက်ဖြစ်သည် ။  ထို့ေ ကြာင့်       E  ထဲတွင်ပါဝင်သော   အဓိက  ဇါတ်ကေါင်များ သည် အမျိုးသားများ ဖြစ် ကြ ပြီး ၊   G    ထဲတွင် ပ၀င် သေါ  အဓိက ဇာတ်ကေါင် များ မှာ အမျိုး သမီးများ  ဖြစ် ကြ သည်။    E ထဲတွင်  က မ္ဘာ့ ထင် ရှားသော ပု ဂ္ဂိုလ် များ အကြောင်းတွင် ၊  အမျိုး သားများ ဖြစ် ကြ သော Isaac Newton , Graham Bell ,Pythagoras ,Einstein,       စသည် တို့  အ ကြောင်း များကို ဖေါ်ပြ  သလို    G       ထဲ တွင်  အမျိုး  သမီး  များ  ဖြစ် ကြသော     Florence Nightingale , Madame Curie ,Mary Shelley,   Anne Frank , စ သည်တို့  အကြောင်း မျာ ကိုဖေါ် ပြ သည် ။
School Friend   နှင့်     Princess     များ သည် ဆယ်ကျော်သက် ကျောင်း သူ လေးများ အတွက်  ရုပ်ပြ အပါတ်စဉ် ရုပ်ပြ စါစောင် များ  ဖြစ် သည်။ ၄င်း တိုထဲ တွင်ပါဝင်သော အဓိက ဇာတ် ကောင် များသည် ဆယ်ကျော်  သက် အ မျိုး သမီးလေးများ  ဖြစ် ကြသည်။ဤ နေရာတွင် Princess        ထဲမှ  အခန်း ဆက် ရုပ် ပြ ဇတ်လမ်း တစ် ခု အကြောင်းကို  ယခု တိုင် မှတ် မိ နေပါ သေး သည်။  ထိုဇာတ်လမ်း ၏ အမည်မှာ  The Happy Days  ဖြစ် သည်။ အဓိကဇါတ်  ကေါင် မှာ  Sue Day          အမည်ရှိ ဆယ် နှစ် အရွယ် မိန်း ကလေးတစ်  ဦးဖြစ် သည်။ သူ ၏မိသားစုထဲတွင်  အဖေ၊အမေ ၊ အစ်ကို ၊ အစ်မ ၊   မောင်လေး ၊ ညီ မလေး ၊ တို့ ပါ ၀င် သည် ။
     ထိုအချိန်က  မေမေ ဒေါ်ခင်မျိုးချစ် သည် လုပ်သား( အင်္ဂလိပ် )  သတင်း  စါတွင်  လက်ထောက် အယ်ဒီတာ အဖြစ် အမှုထမ်း  နေစဉ် ဖြစ်သည်။ အစိုး  ရ၏  တာဝန်ပေးမှုကြောင့်  တေဇ နှင် ရွှေ သွေး စါ စောင် တို့ ၏ အယ်ဒီတာ   အဖွဲ့  ၀င်ဖြစ်ခဲ့ ပါသည်။ မေမေသည်ဆိုခဲ့သော   မိသားစု ဇာလမ်းကို    “ချစ်ချစ် နှင့် မိသားစု”  ဟူ၍ မြန်မာမှုပြုပြီး   အခန်းဆက်  ရေးခဲ့ပါသည်။ထို အချိန်က  ယင်း ရုပ်ပြ အခန်းဆက် ဇာတ်လမ်း  သည် လူကြိုက်  အလွန်များ  သောကြောင့်၊ အုပ်ချုပ်သော အစိုးရက မျက်စိ ကျလာခဲ့ သည်။   ထိုအခါ    မေမေရေးသော ချစ်ချစ်နှင့် မိသားစု  ဇာတ်လမ်းများသည်   အပျော်ဖတ်   သက်သက် သာဖြစ်နေ၍ ပေါ်လစီနှင့် မကိုက် ၊  ချစ်ချစ်နှင့်မိသါးစု    ဇါတ်လမ်းများ သည် ၊ အစိုးရ၏  ၀ါဒ  ဖြန့်  ချီ ရေး အတွက်  သါဖြစ် ရမည်  ဟူ၍   မူဝါဒ  ကိုချမှတ် လိုက်သည်။  ထို့  ကြောင့် ၊ မေမေ  ဒေါ်ခင်မျိုးချစ် သည်   အယ်ဒီတာ  အဖွဲ့မှ နှုတ်ထွက်ခဲ့ရသည်။ ချစ်ချစ်  နှင့် မိသားစု  ဇာတ်လမ်း  များ ကို ဒေါ် ခင်မျိုးချစ် က မရေးသော်လည်း ၊ကျန် ခဲ့သော  အယ်ဒီတာ  အဖွဲ့  ၀င် များ က ဆက်လက်၍ ရေး ကြသည်။ ထိုအခါ  ချစ်ချစ် နှင့် မိသားစုဝင်  များသည်  လမ်းစဉ်ပါတီဝင်များ  (ယခုဆို  လျှင် ကြံ့  ခိုင်ရေး နှင့် ဖွံ့  ဖြိုရေး ပါတီ ) ၊ လမ်း စဉ်လူငယ်များ  ၊  တေဇလူငယ်များ ၊  ဖြစ်သွား ကြ သည် ။ဇါတ်လမ်း များ  မှာလည်း  အစိုး ရ ၏ ၀ါဒ ဖြန့်  ချက်များ  သာ ဖြစ်  နေလေသည် ။
    Knowledge, Finding Out , Understanding Science   တို့  သည် စါပေ တိုက် တစ် ခု တည်း မှ ထုတ်သော ပညာပေး စါစောင် များ  ဖြစ် ကြ သည်။ခေါင်းစဉ် ၏ အ ဓိပ္ဗါယ် အရ  Knowlegdge      သည် ပညာ ဗဟုသုတ စါစောင်  ဖြစ်သည်။၎င်း ၏ မျက်နှာဖုံး  တွင်   The colour  magazine   which  grows into an encyclopedia  ( စွယ်စုံကျမ်း တစ်ခု  အဖြစ် ကြီး  ထွား လာ စေမည့်  ရောင် စုံ မဂ္ဂ ဇင်း )  ဟူ၍ ကဗျည်း  ထိုး ထား သည် ။Knowledge သည်  ၀ိဇ္ဇာ၊  သိ ပ္ဗံ ၊ အ နုပညာ ၊သမိုင်း ၊ပထ၀ီ ၊ ဘာသာစါပေ ၊ ဆိုင်၇ာ  ပညာပေး ဆောင်း ပါးများ ပါဝင်  ပြီး  ထို မ ဂ္ဂ ဇင်း များကို  စု ထား လျှင်  စွယ်စုံ  ကျမ်း တစ် ခု ဖြစ် လာ မည် ဖြစ် သည်။   Finding Out    သည် Knowlegde           အလွယ် စား ဟု ဆို နိုင် သည် ။ Knowledge   ကို လူငယ်များ   ဖတ် ၍  လွယ်ကူ  အောင် ရေး သား ထား ခြင်း ဖြစ် သည် ။
     အသက်အရွယ် အား ဖြင့်   Knowledge (K)     သည်  အသက် ၂၀ နှစ်လောက်  အတွက်  ဖြစ် ပြီး   Finding Out (FO)          သည်  ဆယ်ကျော်သက်  များ အတွက်  ဖြစ် သည် ။   K ထဲတွင် မပါဝင်သော  အခန်းများ  ဖြစ် သည့် --  ပုံပြင် ကဏ္ဍ ၊ အ င်္ဂ လိပ်စာ သင်ခန်းစာ ၊ရှိတ် စပီးယား ၏ ပြ ဇာတ် များ  ကို  သရုပ် ဖေါ် ထား သေါ ရုပ် ပြ ဇာ တ်လမ်း များ  သည်   (FO)      ထဲ တွင် ပါ သည် ။ Understanding Science(US)  သည် သူ၏ အမည်အတိုင်း သိပ္ဗံ အကြောင်းဖြစ် သည်။ အရေးအသါး နှင့် တင်ပြ ပုံများ သည်  K  ထက် ပို ၍ အဆင့်  မြင့် သည်။
         Look and Learn  (LAL )   သည် အပါတ်စဉ် ထုတ်သော  ပညာပေး စါစောင်  ဖြစ် သည်။  ၄င်း သည်   K , FO , US  တို့  ကို  ပုံစံ  တစ် မျိုး ဖြင့်  ခွဲ  ထုတ် သော စါစောင် ဖြစ် သည် ။ အပေါ် ရံ  ကြည့်   လိုက် လျှင်  K, FO , US                          တို့  သည် စက္ကူ အ ထူ စား ကို သုံးထား သည် ကိုတွေ့ ရ သည်။  LAL  တွင်သုံးထား  သော စ က္ကူ မှာ မဂ္ဂ ဇင်း စက္ကူမျိုး ဖြစ် သည်။  LAL  တွင် ဆောင်းပါးမျာ တင် ဆက် ပုံ  မှာ     K , FO , US    တို့  ဖြင့် လွန်စွာ ကွာ ခြား ပါ သည် ။    LAL   တွင်  ပါဝင်သောဆောင်းပါး  များ သည် ပညာပေး ဆောင်းပါးများ ဖြစ်သော် လည်း ၊ တင်ပြပုံမှာ သာမန်အပျော်ဖတ်  ဆောင်းပါး   များ ပုံစံမျိုး ဖြစ် ပါသည်။ LAL၏ ထူးခြားချက်မှာ ဆောင်းပါးများ၏ ခေါင်းစဉ်များဖြစ်သည်။ ထိုစာစောင်ထဲရှိ  ဆောင်းပါးများကို ဖတ်သွားရုံဖြင့်ပင် အလွန်စိတ်ဝင်စားဖွယ် ဖြစ်စေပါသည်။ ဥပမာ - အောက်ပါခေါင်းစဉ်များကို ဖတ်ကြည့်ပါ။
အနာဂတ်ကို ကြိုမြင်သောသူ (စာရေးဆရာ H.G Wells အကြောင်း)၊ ပင်လယ်ထဲမှ ဆယ်ယူခဲ့ရသောမြို့ (Amsterdam မြို့၏သမိုင်း)၊ မိုင်ပေါင်း သုံးရာရှည်သော ရွှေလမ်းကြီး (တောင်အာဖရိက၏ ရွှေတွင်းအကြောင်း)၊  သူ၏ပန်းချီလက်ရာများကို ငွေရဖို့အတွက်သာသုံးသူ (ပန်းချီဆရာ Teniers အကြောင်း)၊ အစိုးရတစ်ခုကို ပြုတ်ကျစေခဲ့သော စာရေးဆရာ (Gullivers Travels ရေးသော စာရေးဆရာ Jonathan Swift အကြောင်း)၊ ဟိုရှေးအခါမှ ယခုအထိ သာမာန်ဈေးဆိုင်များ စူပါမားကက်များဖြစ်ပေါ်လာပုံ သမိုင်း၊ ငလက်မ၏ အံ့ဖွယ်သမိုင်း၊ ပျော်ရွှင်သော မျက်နှာဖန်တီးသူများ (မျက်နှာဖုံးပြုလုပ်သူများ)၊ သဲကန္တာရထဲမှ သူပုန်ခေါင်းဆောင် (Lawrence of Arabia ၏ အထုပ္ဗတ္တိ)၊ မီးဖြင့် စာရေးသောဓါတ်ငွေ့ (နီယွန်ရောင်ခြည် အကြောင်း)။
         LAL    ထဲတွင် ကျွန် တော် အလွန်ကြိုက်နှစ်သက်သေါ  အခန်း တစ် ခု မှာ   A Guide to Authors and their  works    - စါရေးဆရာများ   နှင့် ၄င်း တို့ ၏ စါပေ လက်ရာ များ-- ဖြစ်သည်။ စိတ်ထဲတွင်  ဤ ကဲ့ သို့ သော  ခေါင်း စဉ် ဖြင့် မြန် မာစာပေ အကြောင်း ကိုရေးချင်စိတ် များ ပေါ်လာ သည် ။  သို့ သော် ကျွန်တော် ၏အားနည်းချက်  တစ်ခု ကြောင့် မရေးနိုင်ပါ ။ ထိုအားနည်း  ချက် မှာ -ကျွန်တော်  ကိုယ်တိုင် က မြန်မာစာပေကို  ကျွမ်းကျင်စွာ   မတတ်မြောက်ခြင်း ဖြစ် သည် ။ မြန်မာလူမျိုး  ဖြစ်လျက် နှင့်  မြန်မာ  စါပေ ကို  မတတ်ကြောင်း ကို ၀န်ခံ ရသည် မှာ  ရှက်ဖို့  ကေါင်း ပါ သည် ။
        K ,US ,FO ,LAL   တို့ တွင် သဘောတရားအားဖြင့်   တူသော အရာ တစ်ခု ရှိ ပါသည်။ ၄င်းမှာ မျက်နှာဖုံး ဒီဇိုင်း  ဖြစ်သည် ။ ထိုစာဆောင် များ၏  မျက်နှာဖုံးများ  တွင်အတွင်း မှ အကြောင်းအရာ တစ်ခုခု ကို ပုံဖေါ် ထား သည်  ကို တွေ့ ရသည် ။ ထို အရာကို အတုယူ ၍ ၊ ပျော်တော်ဆက်  မျက် နှာ  ဖုံးတွင်  အ တွင်း ထဲမှ အကြောင်း အရာ များ ကို ပုံဖေါ် ထားသည်ကို တွေ့ ရ သည် ။  ပျော်တော် ဆက် မျက်နှာဖုံး ကို ဆရာဦးဘကြည် ကသရုပ်ဖေါ်  ပေးခြင်း  ဖြစ် ပြီး  ၊ ထူးခြားသည် မှာ  ဆရာ ကြီးသည် ပျော်တော်ဆက် ၏ အခြေအနေ ကိုသိသော ကြောင့်  ၊  ပန်းချီ ဆွဲ ခကိုလုံး ၀ မယူ ဘဲ ၊  မေတ္တာ ဖြင့် ကူညီ  ခြင်း ဖြစ် သည် ။
       မေမေဒေါ်ခင်မျိုးချစ်  ၏ စိတ်ကူးယဉ်   အိပ်မက်မှာ  ပျော်တော်ဆက်  မဂ္ဂ ဇင်း ကို  E,G,S ,R ,SF ,P ,K , US , FO , LAL      ဟူသော စါဆောင် များ ၏  အနှစ် သာရ များ ဖြင့် ဖန်တီးပေး ရန် ဖြစ်ပါ သည် ။  လက်တွေ့ ဘ၀ နှင့်  စိတ်ကူး သည် တော်တော် ကွာ ခြား ပါ သည် ။ အဖြစ်အပျက် များကို ဂျူနီယာ  ၀င်း ၏ ဆောင်းပါး ဖြစ် သော The Rise and Fall of Pyaw Daw Zet          (ပျော် တော်ဆက် မဂ္ဂ ဇင်း ၏ ကျ ဆုံး ခန်း) တွင် ဖတ် ရှု နို င် ပါ သည် ။
P= Princess
E = Eagle
K= Knowledge
G= Girl
US= Understanding Science
S= Swift
FO = Finding  Out
R= Robin
LAL  =  Look and Learn
SF = School Friend
ဒေါက်တာခင်မောင်ဝင်း ( သင်္ချာ  )
             P(2)   Eagle   မှ         Dan  Dare  - Pilot  of  the  Future _  အနာဂါတ်  ၏  လေယဉ် မှုး 
       ကို  သိပ္ဗံ မှုး တင်က ဗိုလ်မှုး ကြီး ဇွဲ မောင် ဟူသောအမည်  ဖြင့် ပျော်တော်  ဆက် တွင် အခန်းဆက် သိပ္ဗွံ ဇာတ် လမ်း  ရေး သားခဲ့ သည်။ ပန်းချီ  ကို တင်ဝင်း က သရုပ်ဖေါ် ခဲ့ သည်။
 P(3)   Eagle    မှ     Can you catch a Crook ?       ကို စုံထောက်ကျော်မင်းဒင် ဟူ ၍ ဒေါ် ခင်မျိုးချစ် ကရေးပြီး ကိုတင်ဝင်း က  သရုပ် ဖေါ် ခဲ့ သည်။
Image may be NSFW.
Clik here to view.
+ P(4)   School Friend    မှ       Dilly  Dreem                           ကို တူးမာ နဲ့  အင်္ဂ လိပ်စာ  ဟူ ၍ ဦးခင်မောင်လတ် ကရေး ပြီး ကိုတင်ဝင်း က  သရုပ် ဖေါ် ခဲ့ သည်။
Image may be NSFW.
Clik here to view.
     P (5)   Look and Learn      မှ        Tom Thumb  ကို     င လ က္မဟူ ၍   ပျော် တော် ဆက် တွင် ဘာ သာ ပြန် ခဲ့ သည် ။
 Image may be NSFW.
Clik here to view.
 P(6) Eagle     မှ       Historical  Flops       
       ကို  ကြံ ကြံ ဖန်ဖန်  ၊   မ စွန် သော တည်ထွင် မှုများ   ဟူ ၍ ဘာသာပြန်  တင် ဆက် ခဲ့ သည် ။
Image may be NSFW.
Clik here to view.
P(7)   ပျော် တော် ဆက် ထဲ မှ  တူး မာ နဲ့  အ င်္ဂလိပ်စါ ကို ပန်းချီ ကိုတင်ဝင်း ကရေးဆွဲပြီး ယခုအခါတွင်  ကါတွန်းမေါင်ရစ်က                         Academic Weekly      တွင်  ရွှေ မိ နဲ့  အ င်္ဂ လိပ်စာ  ဟူ၍ တင် ပြ ပုံ ။    
Image may be NSFW.
Clik here to view.
P(11)       Understanding  Science      မှ          Dinosaur’s  Eggs  ကို
               ဒို င် နောဆား ဥ များ  ဟူ၍  ပျော်တော်ဆက်  တွင်   ဘါ သါ ပြန်  တင်  ဆက် ပုံ ။
Image may be NSFW.
Clik here to view.
P(14)       Finding Out    မှ          Pottery ကို   
              အိုး ခွက် အ ကြောင်း   ဟူ ၍   တင် ပြ ပုံ  ။
Image may be NSFW.
Clik here to view.
P(16)       Finding  Out      မှ         Numbers at Work
                ကို  သချာင်္  ပညာ လွယ်  ကူ စွာ ဟူ ၍ ဘာသာ ပြန်  တင် ပြ ပုံ   ။
Image may be NSFW.
Clik here to view.
P(18)    Finding Out       မှ          Rubber
   ကို  ကြက်ပေါင်  အကြောင်း  သိကေါင်းစ ရာ ဟူ ၍ တင် ပြ ပုံ  ။
Image may be NSFW.
Clik here to view.
P(21)         ပျော် တော် ဆက်  ၏  မြန်မာ မှု ဆောင်း ပါး များ ။
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
P(27 , 29 )        Knowledge ,  Understanding Science ,   Finding Out ,
                       Look and Learn     
                        နှ င့်  ပျော် တော် ဆက် မျက်  နှာ ဖုံးများ  တွင်   အထဲ မှ  အေ ကြာင်း  အရာ များ  ကို ပုံ ဖေါ် ပြ
 ထား ပုံ  ။
Viewing all articles
Browse latest Browse all 9633
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...