Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ထွန်းဝင်းငြိမ်း - သခင်ဇင် (၁၉၁၂ - ၁၉၇၅) အပိုင်း(၄)

$
0
0
သခင်ဇင် (၁၉၁၂ - ၁၉၇၅)
အပိုင်း(၄)

ထွန်းဝင်းငြိမ်း ပြုစုသည်။
(မိုးမခ) မတ် ၁၉၊ ၂၀၁၈
 
မဒညတနဲ့အတူ

၁၉၅၉၊ မေလ ၃ဝ ရက်နေ့စွဲနဲ့ သခင်ဇင်ဟာ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု(မဒညတ) သဘာပတိအဖွဲ့ (ဗဟို)အနေနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းထံကို တိုက်ရိုက်ပေးစာတစ်စောင်ပေးပို့ခဲ့ပါတယ်။
အဲဒီပေးစာမှာ ''တရား မျှတသော ရွေးကောက်ပွဲ ပြုလုပ်၍ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်သော ပါလီမန် ဒီမိုကရေစီအစိုးရ ဖွဲ့စည်းရန်နှင့် ဒီမိုကရေစီကျသော သူမနာကိုယ်မနာ ပြည်တွင်ငြိမ်းချမ်းရေးတည် ဆောက်ရန် တင်ပြခြင်း''ခေါင်းစီးနဲ့ '' ...... လူမျိုးစုံအခွင့်အရေးများ အပြည့်အဝရရှိရန်နှင့် ပြည်တွင်းငြိမ်း ချမ်းရေး ပြန်လည်တည်ဆောက်ရန်တို့ အတွက် ၁၉၅၉ ခုနှစ်၊ မေလ ၂၅ ရက်တွင် အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ပါသည်။''ဆိုပြီး ဖော်ပြထားပါတယ်။

အဲဒီစာမှာ သခင်ဇင်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ မန်းဘဇန်၊ ကေအဲန်ယူပါတီ၊ နိုင်ဘလွင်၊ မွန်ပြည်သစ်ပါတီ တို့က အသီးသီး လက်မှတ်ရေး ထိုးထားကြပါတယ်။
သခင်ဇင်ဟာ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် မဒညတကို ရဲဘော်ဌေးနဲ့အတူ ဦးဆောင်ဖွဲ့ စည်းခဲ့ပြီး ငြိမ်းချမ်းရေး ကြေညာချက်များနဲ့ ပေးစာပေါင်းမြောက်မြားစွာကို ရေးသားထုတ်ပြန်ခဲ့ကြပါတယ်။

မဒညတမှာ သခင်ဇင်ရဲ့ဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး အတူတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဗကပ တပ်မှူးဟောင်းဦးစောရင်က အခုလို သုံးသပ် တင်ပြထားပါတယ်။

''၁၉၄၈ ခုနှစ် လက်နက်ကိုင်တော်လှန်ရေးကြီးတွင် သခင်ဇင်မှာ ပေါ်လစ်ဗြူ ရိုအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ ပြီး တပ်ပေါင်းစုခေါင်းဆောင် အဖြစ်လည်းကောင်း၊ ဗဟိုတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌအဖြစ်လည်း ကောင်းတာဝန်ယူခဲ့သည်။ တော်လှန်ရေးနောက်ပိုင်းတွင် ဗဟိုမဒညတခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ သည်။ မဒညတခေါင်းဆောင်တာဝန်ယူရင်း လူမျိုးစုများ၏လေးစားကြည်ညိုမှုကိုအခံရ ဆုံးပုဂ္ဂိုလ်ကြီး ဖြစ်ခဲ့သည်။''

ဆက်လက်ပြီး မဒညတအတွင်းညီညွတ်ရေးတည်ဆောက်ရာမှာ ကျင့်သုံးခဲ့တဲ့ သခင်ဇင်ရဲ့ ပျော့ပျောင်းညင် သာတဲ့လုပ်ဟန်ကို မှတ်ချက်ပြုရာမှာတော့...

''မဒညတအတွင်း မည်မျှပင်တိုက်ပွဲများပြင်းထန်စေကာမူ၊ တိုက်ပွဲတွင် မည်မျှပင်ရုန့်ရင်းခက်ထန်ပြီး မည်မျှ ပင်ရိုင်းပျသည့်စကားလုံးများဖြင့် တိုက်ပွဲဝင်ကြစေကာမူ ခေါင်းဆောင်ကြီးသခင်ဇင်မှာ တဖက်သားအား လုံးဝ အာဃာတမထား။ စိတ်လှုပ်ရှားမှု လုံးဝမရှိဘဲ တည်ငြိမ်အေးဆေးစွာပင် ပျော့ပျောင်းစွာ ပြန်လည် တိုက်ခိုက်ရင်း ညီညွတ်မှုကို မရမနေကြိုးပမ်းနိုင်သည့် ပုဂ္ဂိုလ်ကြီးဖြစ်သည်။ လက်နက်ကိုင်တပ်များ အချင်း ချင်းပူးပေါင်းကာ တခုတည်းသောခေါင်းဆောင်မှုအောက်တွင် မဒညတလက်နက်ကိုင်တပ်ကို ဖွဲ့စည်းနိုင် ခြင်းကပင် ၄င်း၏စွမ်းရည်ကို ဖော်ပြနေပါသည်။

ခေါင်းဆောင်ကြီးသခင်ဇင်၏အထူးခြားဆုံးမှာ ဝေဖန်ရေးကို အာဃာတကင်းစွာ အလေးအနက်ခံယူနိုင် ခြင်းနှင့် မိမိအမှားကို ရဲဝံ့စွာဖော်ထုတ်နိုင်ခြင်းပင် ဖြစ်သည်။ မိမိမှားခဲ့သည့်အမှားကို ပါတီတွင်းသို့ ရဲဝံ့စွာ ထုတ်ဖော်ဝန်ခံခဲ့သည်။''ဆိုပြီး တွေ့ရပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့အာဏာသိမ်းစစ်အစိုးရ တော်လှန်ရေးကောင်စီက ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးဖို့ တောတွင်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကို ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက် နေ့မှာ ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပါတယ်။ တော်လှန်ရေး ကောင်စီရဲ့ ကမ်းလှမ်းဖိတ်ခေါ်ချက်အရ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ ကေအဲန်ယူပါတီ၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့ ပါဝင်တဲ့ ၃ ပါတီတို့ဟာ တော်လှန်ရေးကောင်စီနဲ့ လာရောက်ဆွေးနွေးကြပါတယ်။

အဲဒီပါတီအဖွဲ့အစည်းတွေ တော်လှန်ရေးကောင်စီနဲ့ ဆွေးနွေးနေစဉ် ချင်းဦးစီးအဖွဲ့ကိုပါ ထည့်သွင်းပြီး အမျိုး သားဒီမိုကရေစီတပ်ပေါင်းစု (မဒညတ) ဗဟိုကိုယ်စားလှယ်အဖွဲ့အနေဖြင့် တော်လှန်ရေးကောင်စီနဲ့ အပစ် အခတ်ရပ်စဲရေးပြဿနာကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မဒညတ ပဏာမကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ဝင် ၁၆ ဦးပါဝင်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် မန်းဘဇန်၊ အတွင်းရေးမှူးအဖြစ် ရဲဘော်တင်ထွန်းတို့က တာဝန် ယူဆောင်ရွက်ခဲ့ကြပါတယ်။

အဖွဲ့ဝင် ၁၆ ဦးကတော့ (၁)မန်းဘဇန် (၂)စကောလယ်တော (၃)ဗိုလ်ကျင်ဖေ (၄)ဗိုလ်သန်းအောင် (၅) နိုင် ဘလွင် (၆) နိုင်ထင် (၇) နိုင်တက်ထွန်း (၈) စောမော်ရယ် (၉) ဗိုလ်စံလင်း (၁ဝ) ဆလိုင်းစံအောင် (၁၁) ဆလိုင်းသာဦး (၁၂) ရဲဘော်ဌေး (၁၃) ရဲဘော်ဇင် (သခင်ဇင်) (၁၄) ရဲဘော်တင်ထွန်း (၁၅) ရဲဘော်အောင် ကြီး (၁၆) ရဲဘော်ဗိုလ်ဇေယျတို့ဖြစ်ကြပါတယ်။

ဒါပေမဲ့  တော်လှန်ရေးကောင်စီရဲ့အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မအောင်မြင်ခဲ့ပါဘူး။

မဒညတအဖွဲ့ဝင်ပါတီများသည် တော်လှန်ရေးကောင်စီအား အကြပ်ကိုင်ရန်ဆန္ဒဖြင့် ပြုလုပ်သည့် ၆ ခရိုင် ဆန္ဒပြပွဲကို တောနယ်လူထုအား မတက်မနေရစည်းရုံးခြင်း၊ အတင်းအကြပ်ကိုင် တိုက်တွန်းခြင်း၊ ခြိမ်းေ ခြောက်၍ ဆန္ဒပြပွဲအတွက် ငွေကောက်ခံပေးခြင်းများ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ ကေအဲန်ယူပါတီအပေါ် ပြစ်တင်ဝေဖန်ပြီးလုပ်ကြံဝါဒဖြန့်ခဲ့ကြပါတယ်။

အလွန်တင်းကြပ်တဲ့စည်းကမ်းတွေ သတ်မှတ်ပြီး ၁၄၊ ၁၁၊ ၁၉၆၃ မှာ တော်လှန်ရေးကောင်စီက ဆွေးနွေးပွဲ ကို တဖက်သပ်ရပ်ဆိုင်းလိုက်ပါတယ်။
ဆွေးနွေးပွဲပျက်သွားပြီး မဒညတက နောက်ဆုံးအကြောင်းပြန်ခဲ့တဲ့ ကြေညာချက်မှာတော့....

'' .... ယခုကဲ့သို့ ဆွေးနွေးပွဲများပျက်သွားစေကာမူ မိမိဘက်ကတပ်များက တော်လှန်ရေးကောင်စီ၏ တပ်များကို စတင်တိုက်ခိုက်ခြင်းမပြုဘဲ လက်တွေ့ရထားပြီးဖြစ်သော တစုံတရာ အေးငြိမ်းလာသော အခြေ အနေကိုထိန်းသိမ်းသွားရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

တော်လှန်ရေးကောင်စီကလည်း ဤအခြေအနေကို အလားတူပင် ဆက်လက်ထိန်းသိမ်းသွားပြီး ယခု အပစ်အခတ်ရပ်စဲရေးတွင် တူညီမှုရထားသောအချက်အလက်များကိုလည်းကောင်း၊ ယခင် ပါတီလိုက် ဆွေးနွေးရာ တွင် ရရှိထားသောသဘောတူညီချက်များကိုလည်းကောင်း မပျက်စေဘဲ မဒညတပါတီဝင်များ ၏ ပါတီဗဟိုအာဏာပိုင်အဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေး ပွဲများ ဆက်လက်ခေါ်ယူ ဆွေးနွေးသွားရန် လေး နက်စွာ မေတ္တာရပ်ခံခဲ့ပါသည်။
မဒညတအဖွဲ့အနေဖြင့် ဤသဘောထားအတိုင်း တပြည်လုံး အာသာငမ်းငမ်း တောင့်တနေသော ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်သူလူထုကြီးအား တင်ပြအပ် ပါသည်။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒညတ) ဗဟိုကိုယ်စားလှယ်အဖွဲ့ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် ''ဆိုပြီး တွေ့ရပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မဒညတကိုယ်စားလှယ်အနေနဲ့ သခင်ဇင် တက်ေ ရာက်လာတဲ့အခါ မိသားစုနဲ့ တွေ့ပုံကို ဒေါ်ခင်လက်ျာက အခုလို ရေးသားခဲ့ပါတယ်။

''၁၉၆၃ ခုနှစ်မှာ သခင်ဇင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရန်ကုန်ကိုလာရောက်ခဲ့ပါတယ်။ ဖခင်ကိုတွေ့ပေမယ့် မဟားက ဝိုးတိုးဝါးတားဖြစ်ပြီး မျက်နှာကို ကောင်းကောင်းမမှတ်မိ ဖြစ်နေပါတယ်။ အမေ ဘယ်ကလူကြီးနဲ့ စကားပြောနေပါလိမ့်လို့ ဖြစ်မိသတဲ့။ ဖခင်နဲ့ကွဲခဲ့စဉ်က တစ်နှစ်ခွဲအရွယ်သာရှိသေးတာကိုး။ ဆွေးနွေးပွဲက ပျက်သွားပြီး သခင်ဇင်လည်း တောကိုပြန်သွားပါ တယ်။''

တော်လှန်စစ် ဥက္ကဋ္ဌ

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗဟိုဌာန ချုပ်စခန်းဟာ သာယာဝတီခရိုင် နတ် တလင်းမြို့နယ်၊ တောင်ညို ဒေသ  ကြပ်ညိုရွာရဲ့အရှေ့ဘက် ၂ မိုင်ခန့် ကွာဝေးတဲ့ ဆင်သေချောင်းနဲ့ ဝါးနက်ချောင်းတို့ရဲ့ ရေဝေကုန်းတန်း တောင်ကြောပေါ်မှာ တည်ရှိပါတယ်။ အဲဒီဗဟိုဌာနချုပ်စခန်းမှာ ၁၉၆၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ ကကျင်းပခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ကနေ သခင်ဇင်ကို ဒု-ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ ဗဟိုကော်မတီဆုံးဖြတ်ချက်အမှတ် ၂၈ အရ မဒညတ(ဗဟို)မှာ သွား ရောက် တာဝန်ယူစေခဲ့ပါတယ်။

အဲဒီကာလမှာ ဝေဖန်ရေး၊ ကိုယ့်ကိုယ်ကို စိစစ်ရေးနဲ့ပတ်သက်ပြီး သခင် ဇင်ရဲ့ ''ဝေဖန်ရေးကို ချစ်မြတ်နိုး ခြင်း''ခေါင်းစဉ်ငယ်နဲ့ မိန့်ခွန်းတခုမှာ အခုလို တွေ့ရပါတယ်။

''ဝေဖန်ရေးနဲ့ စိစစ်ရေးဆိုတာ မိမိတို့ရဲ့ အတွေးအခေါ်လုပ်ငန်းအရပ်ရပ်မှာ တော်လှန်ရေးကျဖို့၊ ရှိနေတဲ့ အတွေးအခေါ်နဲ့ လုပ်ဆောင် ချက်တွေကိုလည်း ဘယ်ဟာကအမှန်၊ ဘယ်ဟာကတော့ မှားတယ်ဆိုတာ ကို ရှာဖွေတာဖြစ်တယ်။ ဒီလိုရှာဖွေလို့ အမှားတွေ့ရင် ဒီ အမှားမျိုး နောက်ထပ်မဖြစ်အောင် အမှားရဲ့ အန္တရာယ်ကိုဖော်ထုတ်တာ၊ အမှားရဲ့ဇာစ်မြစ်ကို တူးဖော်တာသာဖြစ်တယ်။''

''ဝေဖန်ရေးတို့ စိစစ်ရေးတို့ရဲ့ ရည်ရွယ်ချက်က ရောဂါကိုကု၊ လူနာကို ကယ်တင်ရေးသာ ဖြစ်တယ်။ ရောဂါ သည်ကို အသေသတ်ဖို့ ဝေဖန်ရေးနဲ့ စိစစ်ရေးလက်နက်ကို အလွဲသုံးစားလုပ်တာမျိုးကို ပါတီက နည်းနည်း မှ ခွင့်ပြုမှာမဟုတ်ဘူး။ ဝေဖန်ရေး၊ စိစစ်ရေးတို့ကို ကြောက်တယ်ဆိုတာဟာ တကယ့်အမှားကို ကာကွယ် ထိန်းသိမ်းတာသာ ဖြစ်တယ်။ အမှန်ကို ကြောက်တာသာ ဖြစ်တယ်။''

၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပဲခူးရိုးမ၊ မြရာပင်ကြောရဲ့ အရှေ့စောင်း ကျောက်ချောင်း ကမ်းပါးမှာ သစ္စာဖောက် ရဲဘော်မြကြီးလက်ချက်နဲ့ ဥက္ကဋ္ဌကြီးသခင်သန်းထွန်းလုပ်ကြံခံရပါတယ်။

သခင်သန်းထွန်းကျဆုံးပြီးနောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီကို သခင်ဇင် ဦးဆောင်ရပါတယ်။ အဲဒီလို ခေါင်းဆောင်ရချိန်မှာ သခင်ဇင်ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို ဗကပတပ်မှူးဟောင်း ဦးစောရင် က အခုလို သုံးသပ်မှတ်တမ်းတင်ခဲ့ပါတယ်။

''ဥက္ကဋ္ဌသခင်သန်းထွန်း ကျဆုံးပြီးနောက် သခင်ဇင်မှာ ဒု-ဥက္ကဋ္ဌမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလာရသည်။ ဥက္ကဋ္ဌအဖြစ်နှင့် တပြည်လုံး တော် လှန်စစ်ကို ခေါင်းဆောင်ခဲ့ရသည်။ သခင်ဇင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူရ သည့်အခြေအနေသည် အလွန်ဆိုးသည့်အခြေအနေတွင် တာဝန်ယူရခြင်းဖြစ်သည်။

ဥက္ကဋ္ဌသခင်သန်းထွန်းကျဆုံးပြီးစ အောက်ခြေပါတီတွင် အားငယ်နေချိန်နှင့် ပါတီဗဟိုကော်မတီများမှာ လည်း တကွဲတပြားစီဖြစ်နေသည့်အခြေအနေတွင်စုစည်းမိသည့်အနည်းငယ်မျှသော ဗဟိုကော်မတီများနှင့် သာ ခေါင်းဆောင်ခဲ့ရသည်။

တိုက်ပွဲများ ပြင်းထန်လေလေ ဗဟိုကော်မတီများ စုစည်းရလေလေ။ ဥက္ကဋ္ဌအား ပိုမိုဝန်းရံကြရန်ဖြစ်သော် လည်း ဗဟိုကော်မတီ အများစုကြီးကို စုစည်း၍ မရနိုင်ရုံသာမက စုစည်းမိနေသော၊ အနည်းငယ်သော ဗဟိုကော်မတီအထဲမှပင် တိုက်ပွဲတွင် တချို့ကျဆုံးသွားပြန်ရာ နောက်ဆုံးဥက္ကဋ္ဌနှင့် အတွင်းရေးမှူးဗဟို ကော်မတီ ၂ ဦးဖြင့်သာ တိုက်ပွဲများပြင်းထန်နေသည့်အချိန်တွင် ခေါင်းဆောင်ခဲ့ရသည်။

ဤသို့သောအခြေအနေတွင် ခေါင်းဆောင်ရခြင်းသည် အလွန်ပင်အန္တရာယ်ရှိပြီး တဦးချင်းဝါဒ ခေါင်းထောင် ထလာကာ အမှားများကို ကျူးလွန်နိုင်သည်။ အားငယ်စရာအခြေအနေဖြစ်သော်လည်း ဥက္ကဋ္ဌကြီး သခင် ဇင်မှာ အားငယ်မှု၊ တွေဝေမှုလုံးဝမရှိဘဲ လူထုကိုသာ အားကိုးအားထားပြုပြီး အောက်ခြေပါတီဝင်ထုနှင့်ပင် စုပေါင်းခေါင်းဆောင်မှုကို ရယူကာ ရဲဝံ့စွာ ခေါင်းဆောင်ခဲ့သည်။”

ဥက္ကဋ္ဌသခင်ဇင်ဟာ တော်လှန်စစ်ရဲ့အခက်အခဲတွေကို ကြံ့ကြံ့ခံဖြေရှင်းရင်း မဟာမိတ်ကေအဲန်ယူပါတီနဲ့ အဆင့်ဆင့် အောက်ခြေ ရဲဘော်တွေကို နှစ်သိမ့်ကာ စိတ်ဓာတ်မြှင့်တင်ပေးခဲ့ပါတယ်။ ၂၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ သခင်ဇင်က အခုလိုပြောကြားခဲ့တာကို တွေ့ရပါတယ်။

''လူတန်းစားတိုက်ပွဲ သဘောတရားအရ တော်လှန်စစ် အဆင့်မြင့်လေ ရင်ဆိုင်ရတဲ့အခက်အခဲများဟာ လည်း ပိုကြီး၊ ပိုများလေဆိုတဲ့အတိုင်း တော်လှန်စစ် ရှေ့တဆင့် ခုန်ကူးတော့မယ့်အခြေအနေမှာ ပိုပြီး ကြီးမားများပြားတဲ့ အခက်အခဲများ ရင်ဆိုင်ရမှာဟာ ဓမ္မတာတရားပဲ ဖြစ်ပါတယ်။ အောင်ပွဲနဲ့ အခက်အခဲ ဆိုတာ အမြွှာညီနောင်ဖြစ်တယ်။''

သခင်ဇင်ရဲ့ ရဲဘော်ရဲဘက်ဖြစ်တဲ့ တပ်မှူးဦးဘကျော်က ထိုစဉ်က အခြေ အနေများကို သုံးသပ်ခဲ့ရာမှာ -
''တော်လှန်ရေးမုန်တိုင်းကြားတွင် အခြေအနေဆိုးကို ခေါင်းဆောင်နေရသောသူအတွက် အားနည်းချက်၊ ချို့ယွင်းချက်များ မဖြစ်သင့်၊ မရှိသင့်ဟုဆို၍မရပေ။ ဖြစ်သင့်၊ ရှိသင့်သည့် ပြဿနာများဖြစ်သည်။

ဆိုလိုသည်မှာ အမှားများ၊ ချို့ယွင်းချက်များမဖြစ်ရဟု ပြော၍ မရပေ။ အမှန်ပင် ဖြစ်နိုင်သည်။ ၄င်းတို့မှာ ပြဿနာများ မဟုတ်ပေ။ ၄င်းအမှားများ၊ ချို့ယွင်းချက်များ ကို ပြင်နိုင်၊ မပြင်နိုင်သည်သာ ပြဿနာဖြစ် သည်။ ဥက္ကဋ္ဌကြီးသည် အမှားများကိုရဲဝံ့စွာ ကိုယ်ကျိုးမဖက်ဘဲ ပြင်နိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်း အစဉ်အလာအရ ထင်ရှားလှပေသည်''ဆိုပြီး ရေးသားခဲ့ပါတယ်။

သူရဲကောင်းတဦးရဲ့ နောက်ဆုံးခရီး

၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက်၊ မွန်းလွဲ ၁း၅ဝ နာရီ အချိန် ပဲခူးရိုးမ၊ ရဲနွယ်၊ ဖွတ်ကြားချောင်း ဖုန်းဆိုး မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌသခင်ဇင်နဲ့ အတွင်းရေးမှူးသခင်ချစ်တို့ဟာ စစ်အုပ်စု၊ စစ် အစိုးရ၊ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ပွဲဝင်ရင်း တော်လှန်တဲ့သူရဲကောင်း ပီသစွာ ကျဆုံးခဲ့ကြပါတယ်။ ကျဆုံးချိန်အထိ လူထု အကျိုးကိုကာကွယ်ရင်း ပါတီရဲ့လမ်းစဉ်ကို အစဉ် အမြဲ စိုက်လိုက်မတ်တတ် ကိုင်စွဲခဲ့တယ်။ သခင်ဇင်တို့ကို ရုပ်ခန္ဓာအရ သတ်ဖြတ်နိုင်ခဲ့ပေမယ့် ရှင်သန်နေ တဲ့ သူတို့ရဲ့ယုံကြည်မှုကို တားဆီးဖို့ မစွမ်းနိုင်ကြပါဘူး။

ကွန်မြူနစ်တယောက်ကို သတ်ပစ်လို့ရချင်ရမယ်။ ဘယ်တော့မှ ရှုံးအောင် လုပ်လို့မရဘူး။ ဆိုတဲ့စကားလို ပါပဲ သခင်ဇင်တို့ဟာ မိမိကိုယ်ကျိုး လုံးဝမငဲ့ကွက်ဘဲ လမ်းစဉ်အတွက် အသက်ကိုပင်စွန့်လွှတ်ခဲ့ကြတာဟာ တော်လှန်ရေးသမားတိုင်း အတုယူဖွယ်စိတ်ဓာတ်ပဲ ဖြစ်ပါတော့တယ်။

ထွန်းဝင်းငြိမ်း
၂၉၊ ၂၊ ၂ဝ၁၆
(သခင်ဇင် စာအုပ်၊ ယဉ်မျိုး စာအုပ်တိုက်၊ ၂၀၁၆ မှ)
ကိုးကား
ဦးဘကျော် ဦးဘကျော်၏သခင်ဇင်
သခင်စောရင် သခင်စောရင်၏သခင်ဇင် ကလောင်ပျံဦးဘကိုး ကိုဇင်(သို့)စေ့စပ်သေချာသူ
ဦးရဲလင်း ဦးရဲလင်း၏သခင်ဇင်
ဖိုးသံ(လူထု) သခင်ဇင်၊ သခင်ချစ်
ခင်ဆွေဦး သခင်ဇင့်မျိုးဆက်တဦး
ဒေါ်ခင်လင်္ကျာ ဒေါ်ကြည်ကြည်
သခင်တင်မြ ဘုံဘဝမှာဖြင့်
လူထူဒေါ်အမာ ကျွန်မရေးတဲ့သူ့ဘဝ လူထုဦးလှ ရန်ကုန်တက္ကသိုလ်သမိုင်းဌာန
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ(မူကြမ်း)
သခင်ဇင် မိန့်ခွန်းကောက်နှုတ်ချက်များ တော်လှန်ရေးကောင်စီ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ
မဟာနန္ဒ္ဒာစာပေ ဇင် ချစ် နောက်ဆုံး ၂

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>