Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

မြင့်မောင်ကျော် ● ရသမြင်းစီး သရုပ်ဖေါ်ပန်းချီဖန်တီးခြင်း (၆)

$
0
0
မြင့်မောင်ကျော် ● ရသမြင်းစီး သရုပ်ဖေါ်ပန်းချီဖန်တီးခြင်း (၆)
(မိုးမခ) မတ်လ ၁၉၊ ၂၀၁၈

" ....................................
ခေတ်ကြီးကိုက မကောင်းပါဘူး
ယူဂျင်းပေါ်တီယာရယ်
ကွန်မြူနစ်ကိုဆန့်ကျင်ရင်
ခေတ်မီတယ်ဆိုတဲ့အဖြစ်လေ။

တကယ်တော့
မြစ်ကရေနစ်နေတာပါ ပေါ်တီယာ။"

ဒါကတော့ .... အောင်ဝေးရဲ့ ယူဂျင်းပေါ်တီယာသို့တေး (အဝေးရောက်ကဗျာရှည်များ) ထဲက ကျနော်ကြိုက်တဲ့တစ်ပိုဒ် ဖြတ်ထုတ် မလုပ်ကောင်းတဲ့အလုပ် လုပ်လိုက်မိတာပါပဲ။

တကယ်တော့ သိပ်ကောင်းတဲ့ကဗျာရှည်တစ်ပုဒ်ထဲက တစ်ပိုဒ်ဖြတ်ထုတ်ဖို့ မရဲတရဲပါ။ ဒါပေမယ့် ကိုအောင်ဝေးပြောမှာ ကျနော်မကြောက် ...။

ကိုအောင်ဝေးနှင့် ကျနော်သည် မဂ္ဂဇင်းလောကတွင် ထီစပ်တူပေါက်ခဲ့ဘူးသည့် အတွဲ။ ၁၉၈၆ ခုနှစ်လောက်ဆီက ပေဖူးလွှာ မဂ္ဂဇင်းမှာ ဖြစ်သည်။

"ယာမာဂူချီ ခင်ဆွေရီ"ဆိုသည့်ကဗျာရှည်ကြီးကို ကျနော် ထပ်တူထပ်မျှခံစားပြီး အဲဒီခေတ်အဲဒီအခါက အထူးခြားဆုံးသရုပ် ဖော်ပုံအပြည့်နှင့် အံ့ခမန်းထင်ရှားခဲ့။

၁၉၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းစည်းရုံးရေးခရီးစဉ်တွင်လည်း အောင်ဝေး ကဗျာရှည်နှင့် ကျနော့် သရုပ်ဖော်ပန်ချီ ဝေဝေဆာဆာ မြိင်ဆိုင်ခဲ့ဖူးသည်။

ယခု "ယူဂျင်းပေါ်တီယာသို့တေး"ကိုလည်း ထပ်တူထပ်မျှခံစားမိပြန်သည်။

ယူဂျင်းပေါ်တီယာ ကိုဖတ်ရင်း ၁၉၇၄ ခုနှစ်ဆီက ကျနော် မွေးရပ်ကိုစွန့်ခွာ ရန်ကုန်သို့ထွက်လာသည့်အခါတွင် "ပန်းချီဆရာအနုပညာသမားဖြစ်ရင်ဖြစ် မဖြစ်လည်း ပဲခူးရိုမဆီက ဗကပတွေဆီတော့ရောက်မယ့်ကောင်ပါ"ဟု ကျနော့်ဆရာရဲက နှုတ် ဆက်ကင်ပွန်းတပ်ပေးလိုက်တာကို ပြန်လည်ကြားရောင်နေမိပါသည်...။

အဲဒီကာလတွေက ရန်ကုန်အလာမီးရထားပေါ်ကနေပြီး ရထားလမ်းဆုံတွေရောက်တိုင်း နိုင်ဝင်းဆွေကို စိတ်ကူးနှင့် ရှာ ကြည့်နေမိသည်။ ကျနော့်မွေးရပ်ဇာတိက သခင်စိုးကြီးနောက်ဆုံးစခန်းချသွားခဲ့သည့်အရပ်...။ ဒီနေရာမှာ စာရှည်နေမှာစိုးလို့ မပြောတော့ပါဘူး ယူဂျင်းပေါ်တီယာ ...ကျနော်ပြောချင်တာက ...

ကိုအောင်ဝေး ခင်ဗျားသား လပြည့်ကိုသာ မေးကြည့်ပါ။ ယူဂျင်းပေါ်တီယာသို့တေး အတွက်...ကျနော့်သွေးကို ပြန်နွှေးပြီး ရေးလိုက်ပါပြီလို့။

Viewing all articles
Browse latest Browse all 9633

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>