Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ရန်ဝင်း (တောင်တံခါး) - သီရိပစ္စယာ ဂူပြောက် ဂူဘုရား

$
0
0
ရန်ဝင်း (တောင်တံခါး) - သီရိပစ္စယာ ဂူပြောက် ဂူဘုရား
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၅

ပုဂံမြို့ဟောင်းမှာ ဂူပြောက်အမည်နဲ့ ဂူဘုရားတွေ ရှိပါတယ်။ သီရိပစ္စယာ အရပ်မှာရှိတာကြောင့် သီရိပစ္စယာဂူပြောက် ဂူဘုရားလို့ အမည်ပေးထားတဲ့ ဘုရားအမှတ် (၉၉၅/၄၁၅-က) က မဟာဗောဓိပုံစံမျိုး ကွန်းထောင်ပါရှိတဲ့ ဂူဘုရားတစ်ဆူပါ။ ဗုဒ္ဓဂယာမှာရှိတဲ့ မဟာဗောဓိစေတီတော်ကြီးရဲ့ပုံစံကိုမှီငြမ်းပြီး ဂူဘုရားအထက်မှာ ကွန်းထောင်အဖြစ်ထည့်သွင်း တည် ဆောက်ထားပါတယ်။

သီရိပစ္စယာဂူပြောက်၊ ယခင်
တည်ဆောက်တဲ့ခုနှစ်ကိုတော့ အတိအကျမပြောနိုင်ပေမယ်လို့ မဟာဗောဓိ ကွန်းထောင်ပါရှိတဲ့ ဂူဘုရားအများစု တည် ဆောက်ကြတဲ့ကာလ၊ ၁၃ ရာစုအတွင်းလောက်မှာ တည်ဆောက်ထားတာဖြစ်နိုင်တယ်လို့ ပညာရှင်များက ခန့်မှန်းထားကြ ပါတယ်။

သီရိပစ္စယာဂူပြောက်၊ ယခင်
သီရိပစ္စယာဂူပြောက် ဂူဘုရားပုံစံက ပုဂံခေတ်လယ်ပိုင်းမှာ ဆောက်တည်တဲ့ မြင့်မြင့် စွင့်စွင့် မြန်မာပုံဂူဘုရားတွေနဲ့လည်း နည်းနည်းကွာခြားနေပါတယ်။ ရှေးပိုကျတဲ့ မွန်ပုံဂူဘုရားတွေအတွင်းမှာ တည်ဆောက်ထားသလို အာရုံခံခန်းမမှာ ခပ် မှောင်မှောင်ပဲရှိနေပြီး၊ ရှေ့မျက်နှာစာ မုခ်ပေါက်တစ်ခုတည်းပါဝင်တဲ့ ဂူဘုရားတစ်ဆူဖြစ်ပါတယ်။ အာရုံခံခန်းမနဲ့ ဂန္ဓကုဋီ တိုက်ကို ပိုင်းခြားထားတဲ့ အတွင်းဝင်ပေါက် မုခ်ဝ ၃ ခုပါဝင်တဲ့ခုံးကို တည်ဆောက်ထားပုံက ထူးခြားမှတ်သားဖွယ်ရာ ဖြစ်ပါ တယ်။

သီရိပစ္စယာဂူပြောက်၊ ယခင် မဟာဗောဓိ ကွန်းထောင်

ဂူဘုရားအထက် ကွန်းထောင်အခြေမှာတော့ မွန်ပုံဂူဘုရားတွေလို အမိုးခုံးလျှောမဟုတ်ဘဲ၊ ပစ္စယံအဆင့်တွေကို ခံထားပါ တယ်။ အပေါ်ပိုင်းဆီကို ရှူးသွားတဲ့ ကွန်းထောင်ပတ်ပတ်လည်က အ၀ိုင်းပုံ အချိုင့်တွေအထဲမှာ လက်ရာမြောက်တဲ့ ရုပ်ကြွ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်တွေ ရှိပါတယ်။

သီရိပစ္စယာဂူပြောက်၊ လက်သစ် အထွတ်မတင်မီ

သီရိပစ္စယာဂူပြောက်၊ ယခု
သီရိပစ္စယာဂူပြောက် ဂူဘုရား ကို ရပ်ရွာက ဗိုလ်ချိုမိ ဂူဘုရားလို့လည်း ခေါ်ကြပါသေးတယ်။ နယ်ချဲ့တွေ အုပ်စိုးနေတုန်းက ပုဂံနယ် နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် သူရဲကောင်း အာဇာနည် ပုဂံ ဗိုလ်ချို ကို အဲဒီဘုရားထဲမှာ ဖမ်းမိသွားတဲ့အတွက် အမှတ်တရ အနေနဲ့ ခေါ်ကြတာ ဖြစ်ပါတယ်။
သီရိပစ္စယာဂူပြောက်၊ ပန္နက် ဆွဲပ
 ညောင်ဦးမြို့နယ်၊ ငါ့သရောက် ဇာတိဖွား နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် သူရဲကောင်း အာဇာနည် ပုဂံဗိုလ်ချိုနဲ့ သား တွေ၊ ဆွေမျိုးတွေ၊ အပေါင်းအပါတွေက အေဒီ ၁၈၈၆ က ၁၈၉၅ အထိ၊ ၁၀ နှစ်နီးပါး နယ်ချဲ့အုပ်စိုးသူကို တော်လှန်ခဲ့ကြပါတယ်။  သစ္စာဖောက်တို့ရဲ့သတင်းပေးမှုကြောင့် ၁၈၉၅ ခုနှစ်မှာ သားနှစ်ဦးနဲ့အတူ ပုဂံဗိုလ်ချိုကို ဖမ်းမိသွားတာပါ။ ဇွန်လ ၃၀ ရက်၊ ၁၈၉၅ ခုနှစ်၊ ငါ့သရောက် မြနန္ဒာကန်တော်ကြီးကုန်းမှာ ကွပ်မျက်ခံရပြီး ကျဆုံးခဲ့ပါတယ်။

သီရိပစ္စယာဂူပြောက်၊ အာရုံခံခန်းမ

ဒါကြောင့် ဗိုလ်ချိုမိဂူဘုရားလို့ခေါ်ကြတဲ့ သီရိပစ္စယာဂူပြောက်ဂူဘုရားက တည်ဆောက်ပုံ လက်ရာထူးခြားသလိုပဲ တော်လှန် ရေး သမိုင်းအစဉ်အလာရှိတဲ့ ဂူဘုရားတစ်ဆူဖြစ်ကြောင်း သတင်းပေးဖြန့်ဝေလိုက်ပါတယ်။

အညွှန်း။
ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ၊ ပထမအကြိမ်၊ ၁၉၈၁
Pagan, Art and Architecture of Old Burma: Paul Strachan 2nd Edn. 1996
http://www.ygnnews.com
http://www.baganmyanmar.com
http://bagan.travelmyanmar.net

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>