Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဇာနီကြီး - ကချင်အကြီးအကဲ အင်ဘန်လ နေပြည်တော်ရောက်

$
0
0

ဇာနီကြီး - ကချင်အကြီးအကဲ အင်ဘန်လ နေပြည်တော်ရောက် 
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၅

ဒုသမ္မတ စိုင်းမောက်ခမ်း ပြုလုပ်တဲ့ ညစာစားပွဲကို တက်ရောက်ဖို့၊  (NCA) အင်စီအေ အပစ်ခတ်ရပ်စဲရေး တိုင်းရင်းသားအဖွဲ့ ၁၅ခု နဲ့ သမ္မတဦးသိန်းစိန်အစိုးရ တွေ့ဆုံကြပါတယ်။ ဒါပေမဲ့ ကာ/ချုပ် ကတော့ အစ္စရေးနိုင်ငံကို ကာကွယ်ရေးကိစ္စ ခရီးထွက်နေလို့ မရှိဘူးဆိုပါတယ်။ အားလုံး စုပေါင်းပြီး ဓါတ်ပုံ ရိုက်ထားကြတာတော့ အားရစရာကောင်းပါတယ်။

 အင်အားကြီးမားလှတဲ့ မြန်မာတပ်မတော်ကြောင့် စစ်ဘေးဒုက္ခသည် သိန်းနဲ့ချီပြီး လက်ရှိခံစားနေရသူများ ကချင်၊ ရခိုင်၊ ကိုးကန့်တရုတ် ..တွေက ..မယုံသေးတာ မဆန်းဘူးလို့ အကဲခတ်တချို့က သုံးသပ်ပါတယ်။ ၂၀၁၄ မနှစ်က တွေ့ဆုံပွဲ ညစာစားပွဲမှာ ကချင်ဗိုလ်ချုပ် ဂွမ်မော် စင်ပေါ်တက်သီချင်းဆိုတော့ ''မျော်သာမျော်သည် မယုံကြည်...ဘုရားမှာစနေဒေါင့် ပန်းလှုမည် ''မြန်မာပြည်သိန်းတန်သီချင်း ဆိုခဲ့ပါတယ်။ ယခုမေးခွန်းကတော့  ကချင်ခေါင်းဆောင်အကြီးဆုံး အင်ဘန်လ ကိုယ်တိုင် နေပြည်တော်ရောက်လာခြင်းက ယုံကြည်ခြင်း ..စလာပြီလား ။ ကာချုပ်က မြန်မာတပ်မတော် အကြီးကဲဆိုတော့ မျက်နှာမဆိုင်ကြသေးပါ။

ကေအိုင်အို ကချင်လက်နက်ကိုင်များ အကြီးအကဲ အင်ဘန်လ နေပြည်တော်ကို ပထမဆုံး ရောက်လာတဲ့ပုံ ..အပစ်ခတ်ရပ်စဲဖို့ ၁၅ ဖွဲ့ဆွေးနွေးမှု ပါဝင်ဖို့ ဖြစ်ပါတယ်။ ဒုစစ်ဦးချုပ် ဗိုချုပ်ဂွမ်မော် (မန္တလေးတက္ကသိုလ်ဘွဲ့ရ) ကတော့ မြန်မာ အစိုးရအဖွဲ့တွေ  မီဒီယာအဖွဲ့တွေနဲ့ နေထိုင်ဆက်ဆံရေး ကောင်းပါတယ်။

အပစ်ခတ်ရပ်စဲရေး အရင်လုပ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ အစိုးရဖက်က ၁၅ ဖွဲ့နဲ့ အရင်လက်မှတ်ထိုးမယ် ပြောပါတယ်။ လက်နက်စွန့်ဖို့ ဆိုတာလဲ တီးတိုးပြောနေတုန်းပါပဲ။ ကချင်ခေါင်းဆောင်ကြီး အင်ဘန်လက တိုင်းရင်းသားအားလုံး အကုန်လုံးပါဝင် လက်မှတ်ထိုးမှ , တင်းခံပြောနေပါတယ်။ တခြားတိုင်းရင်းသားအဖွဲ့တွေ အားလုံးမျက်နှာစုံညီရှေ့မှာ အားနာခြင်း မလုပ်နိုင်ပါဘူး..လို့  မဇ္ဖျိမသတင်းဌာနကတဆင့် ဆိုပါတယ်။




Viewing all articles
Browse latest Browse all 9633


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>