Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

အောင်ခက်မင်း - စာနာမှုနဲ့ရိုက်တဲ့ဓာတ်ပုံ ( သို့မဟုတ် ) စေတုတ္တရာ

$
0
0

အောင်ခက်မင်း -  စာနာမှုနဲ့ရိုက်တဲ့ဓာတ်ပုံ ( သို့မဟုတ် ) စေတုတ္တရာ 
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၅

 တကယ်တော့ သူသည် ဓာတ်ပုံပညာရှင်တစ်ဦးတော့မဟုတ်ပေ ။ သို့သော်ပြည်ပအသံလွှင့်ဌာနတစ်ခုတွင်သတင်းထောက်လုပ်ဖူးသည် ။ ပြည်တွင်းရောက်တော့လည်း သတင်းစာတစ်စောင်တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်သည် ။ သူကား သွားလေရာရာတွင် ကင်မရာတကိုင်ကိုင်နှင့် ကဗျာဆရာကိုငြိမ်းဝေ (ကဗျာ့အိုးဝေ)ဖြစ်သည် ။

 သူသည်ကဗျာဆရာပီပီအလှအပကိုချစ်သည် ။သဘာဝတရားကို မြတ်နိုးသည် ။လူ့ဘဝကိုတပ်မက်သည် ။သူ၏အချစ် သူ၏မြတ်နိုးမှု သူ၏တပ်မက်ခြင်းများကို စကားလုံးများဖြင့်သာမက ကင်မရာမီးရောင် ပြိုးပြက်ဖြင့်ပါ ဖမ်းဆုပ်ပြီး အလင်းပုံရိပ်များအဖြစ် ဖန်တီးလေ့ရှိသည် ။ သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ကဗျာဆန်သောဓာတ်ပုံများကို မြင်တွေ့နိုင်ပါသည် ။ သူသည် ခရီးသွားခြင်းကိုလည်းနှစ်ခြိုက်၍ ရသဟန်အဖွဲ့အနွဲ့ပါသော ခရီးသွားဆောင်းပါးများကိုလည်း ရေးလေ့ရှိသည် ။ သူသွားရောက်ခဲ့သော ခရီးစဉ်များတွင် စေတုတ္တရာမြို့လည်းပါဝင်သည် ။

 စေတုတ္တရာသည် သူစွဲလန်းလွန်းရသော မြို့လေးတစ်မြို့ဖြစ်သည် ။ ထိုစေတုတ္တရာမြို့လေးအပေါ် ရေဘေးအန္တရာယ်ဆိုးက ခုန်အုပ် လိုက်သောအခါ သူသည် ပူပင်သောကများဖြင့်ပျာယာခတ်သွားသည် ။ ရန်ကုန်မြို့တော်ရှိ တိုက်ခန်းတစ်ခန်းအတွင်းမှ သူ၏ကဗျာဆရာဘဝကို ရေဘေးသတင်းကြီးက လှုပ်ခတ်လိုက်သည် ။ ချစ်မိတ်ဆွေကဗျာဆရာ အယ်ဒီတာတစ်ဦးကိုအဖော်ပြုကာ စေတုတ္တရာရေဘေးကယ်ဆယ်ရေး လုပ်ငန်းအတွင်းသို့ သူပြေးဝင်သွားခဲ့သည် ။   ေ

စတုတ္တရာမြို့လေးမှပြန်လာတော့သူ့မှာဝေဒနာတွေပါလာသည် ။ သတင်းစကားတွေပါလာသည် ။ အလင်းပုံရိပ်တွေပါလာသည်။ ဒါတွေကို စုစည်း ခင်းကျင်းပြသမှဖြစ်တော့မည်။ သူ ကဗျာတွေရေးသည် ။ဆောင်းပါးတွေရေးသည် ။ထို့အပြင် ဓာတ်ပုံပြပွဲတစ်ပွဲပြုလုပ်ဖို့ပါ ဖြစ်လာတော့သည် ။

ကပ်ဆိုးထဲမှအနုပညာ ။ မြို့တော်ရန်ကုန် ဒဂုန်မြို့နယ် အမှတ်( ၂၃ ) နဝဒေးလမ်းရှိ "Think Art Gallery"တွင်ပြုလုပ်မည့်ဓာတ်ပုံပြပွဲကို "ရေအောက်က ကုန်းထလာခဲ့ရတဲ့မြို့ကလေး (သို့မဟုတ်) စေတုတ္တရာ "ဟုအမည်ပေးထား သည် ။

၂၀၁၅ ခုနှစ် စက်တင်္ဘာလ ( ၂၇ ) ရက်မှ ( ၃၀ )ရက်အထိ(၄)ရက် တိုင်တိုင်ပြသသွားမည်ဖြစ်သည် ။ ဓာတ်ပုံပြပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်ကို "ရေဘေးဒဏ်သင့် စေတုတ္တရာမြို့ကလေးရဲ့သရုပ်အမှန်ကိုအများသိအောင်ဖော်ပြချင်လို့ အဲဒီကမှ တဆင့် စေတုတ္တရာမြို့ကလေးရဲ့ပြန်လည်ထူထောင်ရေးနဲ့ နောင်မှာဒီလိုအဖြစ်မျိုး ထပ်ပြီးမဖြစ်ရလေအောင် ဝိုင်းဝန်းအဖြေရှာ စဉ်းစားလာစေရေး နှိုးဆော်တဲ့သဘော ဒီဓာတ်ပုံပြပွဲကိုကျင်းပဖို့ဆုံးဖြတ်ခဲ့ကြတာပါ"ဟု ဓာတ်ပုံဆရာ ကဗျာဆရာကပြောပြသည် ။

 ဓာတ်ပုံပြပွဲဖြစ်မြောက်ရေးအတွက် စုဖွဲ့ဝိုင်းဝန်းကြသူများမှာ ကဗျာစာပေဖန်တီးသူများနှင့်စာနာမှုအားကောင်းကြသည့် အဖြူရောင်(ရွှေ) မြတ်ရှိုင်းသွင် အရှင်စန္တာဝရ မြတ်သူစိုး လူပအောင် ထက်ထက် နှင့် ထနောင်းခင်မေ တို့ဖြစ်ကြသည် ။

 ပြပွဲတွင် ဓာတ်ပုံ ( ၂၅၀ ) ပြသပြီး ဓာတ်ပုံ ( ၅၀ ) ကိုရောင်းချကာ ရေဘေးကယ်ဆယ်ရေးအတွက်လှူဒါန်း သွားမည်ဖြစ်သည် ။ ကမ္ဘာကြီးကိုအထိနာစေသောကပ်ဆိုးကြီးများအကြိမ်ကြိမ်ကျရောက် ခဲ့သော်လည်း ကမ္ဘာကြီးကိုရှင်ပြန်ထမြောက်စေသောနှလုံးသားကောင်းများလည်း ရှိနေပေသည် ။ ဤအချက်အလက်အဆတွက် "ရေအောက်က ကုန်းထလာခဲ့ရတဲ့မြို့ ကလေး ( သို့မဟုတ် )စေတုတ္တရာ"ရေဘေးဒဏ်သင့်ဓာတ်ပုံပြပွဲသည်သက်သေကောင်း တစ်ခု ဖြစ်စေပေလိမ့်မည် ။ ။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>