Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

နယူးယောက်စာပေဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

$
0
0


~ ☮ နယူးယောက်စာပေဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး ☮ ~
စက်တင်ဘာ ၁၂ရက်၊ ၂၀၁၅ခုနှစ်၊ နယူးယောက်မြို့
- သတင်းမှတ်တမ်းတင်။ ကိုရဲထွဋ်၊ ကိုမျိုး
- သတင်းမှတ်တမ်းတင်ဓါတ်ပုံ။ ကိုသိန်းမင်း၊ ကိုမျိုး


ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ဆရာဦးဘုန်း(ဓါတု)၊ နှင့်ဆရာညီမင်းညိုတို့၏ စာပေဟောပြောပွဲအစီအစဉ်တရပ်ကို နယူးယောက်မြို့၊ ကွင်းစ်တိုင်းနယ်ဒေသ၊ အယ်လ်မ်ဟာ့စ် မြို့အရပ်၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ စာပေဟော ပြောပွဲ အစီအစဉ်သို့ စာပေ၀ါသနာရှင်(၃၀၀)ကျော်ခန့် တက်ရာက်ခဲ့ပြီး၊စာပေဟောပြောသူစာရေးဆရာများအား သောင်းသောင်းဖျဖျအားပေးခဲ့ကြကြောင်းတွေ့ရှိခဲ့ကြပါသည်။ စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီဝင်များနှင့် အလှူရှင်များကကြွရောက်လာကြသူ စာပေပရိဿတ်တို့အားစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါသည်။

ဆရာဦးဘုန်း(ဓါတု)မှ အိမ်ဟူသော ခေါင်းစဉ်ဖြင့် မြန်မာပြည်တွင်း၌ နေတဓူဝဖြစ်ပျက်နေသော ဖြစ်စဉ်များကိုအ သေးစိတ် ချယ်မှုန်းတင်ပြသွားပြီး ကမ္ဘာမကြေဘူး သီးချင်းဖြင့် ပရိသတ်အား စိတ်စွမ်းအားများမြင့်တင်ပေးသွားပါသည်။ 

ဆရာညီ မင်းညိုကတော့ လက်နက်ကိုင်ပြီး အရသာခံတတ်သူတွေ ကမ္ဘာပေါ်မှာ နည်းနိုင်သမျှနည်းပါစေ ဟူသောခေါင်းစဉ် အောက်တွင် ရုံးအုပ်ကြီးဦးခင်မောင်တင့်၏ တနေ့တာရုံး လုပ်ငန်းခွင်အတွင်း အာဏာရှင်အထက်လူကြီးမှ မတရားနှိပ်စက်ပုံများကို ကွက်ကွက်ကွင်းကွင်းသရုပ်ဖော်ပြောဆိုကာ အမှန်တရားအတွက်ပြန်လည် တုန့် ပြန်ဖြေရှင်းမှုမရှိပဲ သည်းခံနိုင်စွမ်းအားကြီးလှသော ရုံးအုပ်ကြီးဦးခင်မောင်တင့်စရိုက်သဘာဝကို သုံးသပ်တင်ပြခဲ့သလို အမှန်တရားအတွက်မ ကြောက်မရွံ့ပြန်လည်ခုခံချေပသင့်ကြောင်း ဇာတ်ကောင်၏စရိုက်သဘာဝကို ထောက်ပြသွားပါသည်။

။နောက်ဆုံးအနေ ဖြင့် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)မှ ဒေါင်းတို့၏စောင်း ခေါင်းစဉ်ဖြင့် စာပေအမြင်၊ နိုင်ငံရေးအမြင်၊ ထိုအမြင်နှစ်ခုတို့ ၏ဆက်စပ်မှုအမြင် တွေးခေါ်တင်ပြပါသည်။ ထို့ပြင် တောင်ဆိတ်တို့ညီညွတ်မှုအင်အား၊ အနစ်နာခံပေးဆပ်တတ်ပုံ၊ စေ့စေ့စပ်တွေးခေါ်ဟောပြောခဲ့ပြီး၊ အိန္ဒိယကဗျာဆရာကြီး ရာဘင်ဒရာနတ်ဒဂိုး ၏ အထင်ကရကဗျာတပုဒ်ကို ကိုးကား ပြီးအောင်မြင်နိုင်ကြောင်း အချက်(၇)ကြောင်းကို တချက်ချင်းရှင်းလင်းကာ၊ မြန်မာပြည်တွင် တရားဥပဒေစိုးမိုးရေး အရေးကြီးပုံ ၊ဒေါင်းတို့၏အရည်အချင်း၊ အကြောက်တရာများဖယ်ရှားရေးတို့ကို ရှင်းလင်းပြောကြားကာ ဒေါင်းတို့ စောင်း ကဗျာကိုရွတ်ဆိုဖတ်ကြားသွားခဲ့ပါသည်။











စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီသည် ကြွရောက်လာသောစာပေပရိဿတ်များထံမှ လှူဒါန်းငွေဒေါ်လာ (၅၀၀၀) ကျော်လက်ခံရရှိခဲ့ပြီး၊ စာရေးဆရာတဦးချင်းအား (ဒေါ်လာ၁၄၇၆ ဒေါ်လာ) လက်ဆောင်အဖြစ်ပေးအပ်နိုင်ခဲ့ကြပါသည်။ နယူးယောက်စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီအနေဖြင့် လာရောက် ဟောပြောခဲ့ကြသော စာရေးဆရာများအားလည်းကောင်း၊ ဖြစ်မြောက်ရေးအတွက် စီစဉ်သူများ အားလည်း ကောင်း၊ အစားအသောက်များ၊ Sound System များ၊ အပါအ၀င်အဖက်ဖက်မှ ၀ိုင်းဝန်းကူညီပါဝင်သူများ အားလည်း ကောင်း၊ ကြွ ရောက်အားပေးခဲ့ကြသော စာပေပရိဿတ်များကိုလည်းကောင်း အထူးကျေးဇူးတင်ဝမ်းမြောက် မှတ်တမ်းတင်အပ်ပါကြောင်း သိရှိရပါသည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>