ချမ်းမြ - တော်လှန်ရေးတွေပြီးတဲ့နေ့ ငါမင်းဆီကိုဆက်ဆက်ပြန်လာမယ်...လမင်း
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅
အရေးတော်ပုံဆိုတာ
ကန့်လန့်ကာဆွဲချပြီး အမှောင်ချလိုက်လို့လည်း
ပြီးဆုံးသွားမယ့်အရာမဟုတ်ဘူး... လမင်း
သူတို့ကခေါ်တော့ ဒုက္ခသည်ပေါ့
ကိုယ့်ကိုယ်ကိုတော့ တော်လှန်းရေးသမားပဲ
တကယ်တော့.... လမင်းရေ
ငါတို့အားလုံးဟာ ဘုန်းမော်
ငါတို့အားလုံးဟာ တံတားနီ
ငါတို့အားလုံးဟာ ဦးဝင်းတင်
ငါတို့အားလုံးဟာ ကျောင်းသား
ငါတို့အားလုံးဟာ သမဂ္ဂ
ဒီကဗျာရဲ့နောက်မှာအသက်ရှူနေတဲ့
သမိုင်းတွေအများကြီးရှိတယ်
လမင်းရေ.....
တော်လှန်ရေးတွေပြီးတဲ့နေ့ကျ
ငါမင်းဆီကို ဆက်ဆက်ပြန်လာခဲ့ပါ့မယ်...။
ချစ်ခြင်းအားဖြင့်
ချမ်းမြ
Sep'19 ၊ 2015
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅
အရေးတော်ပုံဆိုတာ
ကန့်လန့်ကာဆွဲချပြီး အမှောင်ချလိုက်လို့လည်း
ပြီးဆုံးသွားမယ့်အရာမဟုတ်ဘူး... လမင်း
သူတို့ကခေါ်တော့ ဒုက္ခသည်ပေါ့
ကိုယ့်ကိုယ်ကိုတော့ တော်လှန်းရေးသမားပဲ
တကယ်တော့.... လမင်းရေ
ငါတို့အားလုံးဟာ ဘုန်းမော်
ငါတို့အားလုံးဟာ တံတားနီ
ငါတို့အားလုံးဟာ ဦးဝင်းတင်
ငါတို့အားလုံးဟာ ကျောင်းသား
ငါတို့အားလုံးဟာ သမဂ္ဂ
ဒီကဗျာရဲ့နောက်မှာအသက်ရှူနေတဲ့
သမိုင်းတွေအများကြီးရှိတယ်
လမင်းရေ.....
တော်လှန်ရေးတွေပြီးတဲ့နေ့ကျ
ငါမင်းဆီကို ဆက်ဆက်ပြန်လာခဲ့ပါ့မယ်...။
ချစ်ခြင်းအားဖြင့်
ချမ်းမြ
Sep'19 ၊ 2015