Quantcast
Viewing all articles
Browse latest Browse all 9633

ရန်ဝင်း (တောင်တံခါး) - နန္ဒမညာ ဂူဘုရား၊ မင်းနန်သူ

ရန်ဝင်း (တောင်တံခါး) - နန္ဒမညာ ဂူဘုရား၊ မင်းနန်သူ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅
 
Image may be NSFW.
Clik here to view.
နန္ဒမညာ ဂူဘုရား၊ ယခင်

ပုဂံမြို့ဟောင်း၊ မင်းနန်သူအရပ်၊ ဘုရားသုံးဆူ ဂူဘုရားအတွဲရဲ့မြောက်ဘက် မလှမ်းမကမ်းမှာ နန္ဒမညာဂူဘုရား၊ ဘုရား အမှတ် (၅၇၇/၃၀၆-က) တည်ရှိပါတယ်။

အဲဒီ ဂူဘုရားနဲ့ကပ်လျက် ဥမင်တစ်ခုလည်းရှိပါတယ်။ အဲဒီဥမင်ထဲမှာတွေ့ရှိရတဲ့ သက္ကရာဇ် ၆၂၁ ရေးထိုးပါရှိတဲ့ ကျောက်စာ ကို အထောက်အထားပြုပြီး နန်းစံနှစ် သက္ကရာဇ် (၆၂၁ မှ ၆၃၈) နရသီဟပတေ့မင်းကြီးလက်ထက် ကာလအတွင်း၊ သခင် အနန္ဒပညာ ဘွဲ့တော်ရှိတဲ့ မထေရ်ကြီး သီတင်းသုံးရာ ဥမင် ဖြစ်တယ်လို့ ပြောဆိုနိုင်ပါတယ်။

ဥမင်နဲ့ ကပ်လျက်ဂူဘုရားကိုလည်း အနန္ဒပညာ - နန္ဒပညာ - နန္ဒမညာလို့ အခေါ်အဝေါ် ပြောင်းလဲလာပြီး၊ ဒီကနေ့ နန္ဒမ ညာ ဘွဲ့တော်အမည်တွင်နေတာ ဖြစ်နိုင်တယ်လို့ မှန်းဆရပါတယ်။

ဂူဘုရားအတွင်းမှာ တွေရတဲ့ နံရံဆေးရေး ပန်းချီတွေက တွေ့ရှိရသမျှ ပုဂံခေတ် နံရံဆေးရေးပန်းချီတွေထဲမှာ လက်ရာ အကောင်းဆုံးတွေထဲမှာ ပါဝင်ပါတယ်။ တန်ဆာဆင်မှု၊ အကြောင်းအရာ ဖွဲ့စည်းမှု၊ သရုပ်ဖေါ်မှု၊ ဆေးရောင်သွင်းမှုတို့မှာ အင်မတန်မှ လက်သားကျနေပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေဖြစ်ကြောင်းကို သက်သေပြနေပါတယ်။ အသေးဆုံးစုတ်တံ တွေကို အသုံးပြုရေးဆွဲထားတဲ့ အနုစိတ်လက်ရာတွေက ဒီကနေ့အထိ ထင်ရှားပြတ်သားနေဆဲပဲ ဖြစ်ပါတယ်။ ဗုဒ္ဓ ပုံတော် ပါရှိတဲ့ ပန်းချီကွက်ကြီး ၆ ခု၊ မတ်ရပ် နတ်ရုပ်ကြီး ၃ ခု၊ မယ်တော်မာယာ သားဖွားခန်းတွေအပါအ၀င် အသေးစိတ် ခြယ် မှုန်းထားပါတယ်။


Image may be NSFW.
Clik here to view.
နန္ဒမညာ ဂူဘုရား၊ ယခု

ဂူအမိုး မျက်နှာကျက်မှာ ရေးဆွဲထားတဲ့လက်ရာတွေကိုကြည့်ရင် ဒီလောက်တောင်မှ ကောင်းမွန်တဲ့လက်ရာတွေကို နေရာ ကပ်ကပ်သပ်သပ် အပေါ်တည့်တည့်မှာ ရေးဆွဲထားပုံက ပန်းချီပညာရှင်ရဲ့အရည်အချင်းကို ပြဆိုနေသလိုပဲ အံ့မခန်း ရှိလှပါ တော့တယ်။

ကျောက်စာဝန် ချားလ်စ် ဒူရွိုင်းဆဲလ် (Charles Duroiselle ) က နန္ဒမညာ ဂူဘုရားအထဲမှာရှိတဲ့ နံရံဆေးရေး ပန်းချီတွေကို လေ့လာပြီး ကောက်ချက် စာတမ်းတွေ ရေးခဲ့ပါတယ်။ သုတေသီပညာရှင်တွေက သူ့ ယူဆချက်တွေမှာ လက်မခံနိုင်စရာတွေ ပါရှိနေတယ်လို့ ထောက်ပြကြပါတယ်။ ရှေးဟောင်းသုတေသနဆိုတာ ရံဖန်ရံခါ တစ်ဦးနဲ့တစ်ဦး အယူအဆ မတူညီတာ တွေတော့ ရှိတတ်ကြပါတယ်။

Image may be NSFW.
Clik here to view.
အရှေ့ဘက် အ၀င်မုခ် နံရံပေါ်က ဗုဒ္ဓဆင်းတုတော်
Image may be NSFW.
Clik here to view.
အရှေ့တောင်ဘက် နံရံပေါ်က ဗုဒ္ဓ ဆင်းတုတော်

အထူးသဖြင့် ပုဂံရာဇ၀င်တွေမှာ ရေးသားလေ့ရှိကြတဲ့အတိုင်းပဲ၊ ပုဂံခေတ် အရည်းကြီးတွေနဲ့ပတ်သက်တာတွေကို ဂူဘု ရားနံရံတွေမှာ ရေးဆွဲထားတယ်လို့ ချားလ်စ် ဒူရွိုင်းဆဲလ်က ပြောဆိုရည်ညွှန်းထားချက်တွေကို လက်မခံနိုင်ကြတာပါ။ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရှိရာ ဗုဒ္ဓဆင်းတုတော်သီတင်းသုံးတဲ့ ဂန္ဓကုဋီတိုက်ထဲမှာ အရည်းကြီးတို့ရဲ့ လော ကီကိစ္စရပ်တွေကို ဘယ်လိုအကြောင်းကြောင့်မှ ရေးဆွဲမှာမဟုတ်တာက အင်မတန် သေချာခိုင်လုံတဲ့ အကြောင်းချင်းရာ တစ်ရပ်ပါပဲ။

အရှေ့တောင်ဘက်နံရံ ဆင်းတုတော်ပုံ ပန်းချီကွက်ကြီးရဲ့အောက်မှာ ချားလ်စ် ဒူရွိုင်းဆဲလ် ရဲ့ ကောက်ချက် မှတ်တမ်းတွေမှာ ပါရှိတဲ့ ပန်းချီကွက်တစ်ကွက် ရှိပါတယ်။ ဒူရွိုင်းဆဲလ်တင်ပြသလို အရည်းကြီးတွေဆီသို့ အမျိုးသမီးတွေကို ပို့ဆောင်တဲ့ပုံ လုံးဝမဟုတ်ပါ။


Image may be NSFW.
Clik here to view.
မာရ်နတ်ရဲ့ သမီးသုံးဦးတို့ ဖန်ဆင်းပြကြတဲ့ အမျိုးသမီးအရွယ်အမျိုးမျိုး

မြတ်စွာဘုရားထံကို လာရောက် ဖျားယောင်း သွေးဆောင်ကြတဲ့ မာရ်နတ်ရဲ့ သမီးသုံးဦးတို့ ဖန်ဆင်းပြကြတဲ့ အမျိုးသမီး အရွယ်အမျိုးမျိုး ပုံ ဖြစ်ပါတယ်။ ပန်းချီကွက်နှစ်ခုကိုပေါင်းစပ်ပြီး အဓိပ္ပါယ်ဖွင့်ဆိုရရင်၊ ဗုဒ္ဓမြတ်စွာဘုရား က “ယဿဇိတံ နာဝဇီယတိ ” နဲ့ “ ယဿဇာလိနီ ၀ိသတ္တကာ ”  အစချီတဲ့ ဂါထာတွေကို မြွက်ဆိုပြီး ကိလေသာတဏှာကို အောင်အပ်ပြီးကြောင်း မိန့်ဆိုနေဟန် ဖြစ်ပါတယ်။

အညွှန်း

- ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ၊ ပထမအကြိမ်၊ ၁၉၈၁
- နံရံပန်းချီမှပြောသောပုဂံခေတ် ပုံရိပ်များ၊ စန္ဒာခင်၊ ပထမအကြိမ်၊ ၂၀၀၇ ခုနှစ်၊ ဧပြီလ
- ပိဋကတ်တော်လာ ပုဂံခေတ် နံရံဆေးရေးပန်းချီ (ဦးမျိုးညွန့်- ရှေးဟောင်းသုတေသနဌာန)   ပထမအကြိမ်၊ ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ
- Pagan, Art and Architecture of Old Burma: Paul Strachan 2nd Edn. 1996
- Pictorial Guide to Pagan: Ministry of Union of Burma, Reprint 1971
- Historical Sites in Burma: Aung Thaw, Director of Archaeology: Reprint 1978

- http://www.baganmyanmar.com

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...