Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ဂျော်ဒီး ● မိုးမခရွာဈေးဂေဇက် (၅)

$
0
0

ဂျော်ဒီး ● မိုးမခရွာဈေးဂေဇက် (၅)
(မိုးမခ) သြဂတ်စ် (၆) ၂၀၁၆

မိုးဦးကျပြီဆိုကတည်းက မိုးမခရွာတရွာလုံး.. နှစ်စဉ်ကြုံတွေ့နေကျကား ရန်သူမျိုးငါးပါးတွင် တပါးအပါအ၀င်ဖြစ်သော ရေဘေးဒုက္ခပင်တည်း။ မိုးမခဈေးသူဈေးသားများကား အရောင်း အ၀ယ်ပါးသော်လည်း တရွာတည်းသား ရေဘေးဒုက္ခ သည်များကို ကူညီကယ်ဆယ်ရေး ပြုလုပ်ရန်..ထမင်းထုပ်စုဆောင်းသူကစုဆောင်း။ အ၀တ်အစား အသုံးအဆောင် ထုပ်ပိုးသူက ထုပ်ပိုးရင်း…နှစ်စဉ်တွေ့နေကျ ရေဘေးဒုက္ခများအကြောင်းကို အာဘောင်အာရင်းသန်သန် ဝေဖန်ဆွေးနွေး နေကြလေသည်။

ဒေါ်အာကျယ်။  ။ ရေကြီးတဲ့ကိစ္စရဲ့လက်သည်တရားခံကတော့ သွားလေသူ.. အစိုးရ မင်းများပဲဟေ့။

သာဂိ။  ။သွားလေသူလို့ မသုံးနဲ့ဦး ဒေါ်အာကျယ်။ သူတို့အလုံးစုံ မသွားသေးဘူးဗျ။ အစိုးရအဖွဲ့ထဲမှာလည်း အမျိုးသားပြန်လည်ရင်ချင်းဆက်ရေးအရဆိုလား.. အရင်လူတွေ ပြန်ခန့်ထားတယ်။ အစိုးရယန္တရားထဲမှာလည်း အရေးကြီးတဲ့ ၀န်ကြီးဌာနတွေကို ဆုပ်ကိုင် ထားတယ်။ အောက်ခြေတွေမှာလည်း စနစ်ဟောင်းကိုဖက်တွယ်ထားသူတွေ အများကြီးဗျ။ ရွာထောင်စုလွှတ်တော်ထဲပဲကြည့်ဦးမလား။ သူတို့တကယ်မသွားသေးဘူးဗျ။

ဒေါ်အာကျယ် ။   ။ အေးပါဟယ်.. အဲဒီပြူတစ်မင်းများလက်ထက်က သစ်တောတွေအပြောင် ခုတ်ခဲ့လို့ ရာသီဥတုတွေ ဖောက်ပြန်…။ မိုးကြီး၊ မြေပြို..။ မြစ်ရေကြီး..။ ဟော..ဒင်းတို့ တရွာတကျီဆောက်သလိုဆောက်ခဲ့တဲ့ဆည်ကြီးတွေက မိုးကြီးတဲ့ဒဏ်မခံနိုင်ဘဲ ကျိုးကြ။ လူနေအိမ်တွေနစ်..။ စိုက်ခင်းတွေပျက်စီး..။

သာဂိ ။   ။ အခုလက်ရှိ အစိုးရမင်းတွေကတော့ အရင်လူတွေထက်သာပါတယ်ဗျာ၊ သဘာဝဘေး ရေကြီးတဲ့နေရာသွားကို ချက်ချင်းသွားပြီး ရိုက်တော့တာပဲဗျ..။

ဂျီးဒေါ်။  ။ ဘာရိုက်တာလဲဟေ..။ ဟို..ဘိုးတော်ဦးဝိုင်းတို့ခေတ်ကလို..မြစ်ရေကြီးတာကို ရှင်ဘုရင်ကကြိမ်းလုံးနဲ့ရိုက်တားတာမျိုးလား..။

သာဂိ။  ။ ဓာတ်ပုံရိုက်တာဗျ..။ ဓာတ်ပုံရိုက်တာ…။ ပြီးရင် ဆိုရှယ်မီဒီယာတွေတင်ပေါ့ဗျာ။ ဆိုရှယ်မီဒီယာတွေတင်ရတာလဲ လွယ်မှတ်လို့။ ၀န်တစ်ပါးဆို ခုလိုလှူဒါန်းရတာ ၀မ်းသာတယ် လို့.. ပြောမိပြောရာ ပြောလိုက်မိတာ..ရေကြီးတာ ၀မ်းသာစရာလားလို့ အဝေဖန်ခံလိုက်ရသေး တယ်..။ လူတွေကလည်း ခက်တာဗျာ..။ မျက်စိဒေါက်ထောက်လိုက်ပြောနေကြတာပဲ..။

ဒေါ်အာကျယ်။  ။ အေးလေ။ လူပဲ ပြောမှားဆိုမှားရှိမှာပေါ့။ တို့ရွေးကောက်ထားတဲ့အမတ်တွေက.. အရင် ၀န်မင်းတွေလို ပါးရိုက်မယ်တို့ ဘူးလက်နဲ့ဆော်မယ်တို့။ ထမင်းတစ်နပ်လျှော့စားတို့ထက် စာရင် တော်ပါသေးတယ်..။ ဒါနဲ့..ခုတခါ  ရေကြီးတာမှာ အရင်နှစ်ကထက်ကူညီတာ..။ အရပ်ဖက်အဖွဲ့အစည်းတွေလည်း သိပ်မလုပ်နိုင်ကြတော့သလိုပဲ..။

ဂျီးဒေါ်။  ။ ပြောင်းလည်းချိန်တန်ပြီဆိုတော့…ကိုယ့်အစိုးရမင်းတွေကိုအားကိုးတာနေမှာပေါ့ဟယ်..။ သွားလေသူတို့လို မနေစိမ့်လောက်ဘူးထင်လို့စောင့်ကြည့်နေကြတာနေမှာပေါ့။

သာဂိ ။   ။ မျှော်လင့်တာလည်းပါတယ်..။ ရွာလူထုခမျာ နှစ်(၆၀)လောက် ကိုယ်ထူကိုယ်ထ လာရတော့ ခြေကုန်လက်ပန်းကျ လာတာလည်း ပါမယ်ပေါ့ဗျာ..။ ကဲကဲ.. ခြေကုန်လက်ပန်းကျတဲ့ ကြားကပဲ ရွာတောင်ပိုင်း မြစ်ကမ်းပါးက  ရေမြုပ်အိမ်လေးတွေ ဆီသွားကူဖို့… အထုပ်တွေပြင်ကြစို့။ ကျုပ်တို့လူထုမှာ ကိုယ့်ဘာသာမထူရင် ထရမှာမဟုတ်ဘူး..။ အခုအထိရွာထောင်စုအဆင့် အရေးပေါ်ကယ်ဆယ်ရေးတွေ  မရှိသေးဘူးဗျ..။

ဒေါ်အာကျယ် ။  ။ သာဂိရယ်..။ တို့အစိုးရကိုအပစ်တင်မနေပါနဲ့ဟယ်..။ သူတို့ခမျာ.. အနှစ်နှစ်အလလက သွားလေသူ အစိုးရမင်းများရဲ့ အရှုပ်တော်ပုံတွေကိုတောင် မနည်း ရှင်းနေ ရတာ။ နောက်ပြီး..၂၁ ရာစုညောင်နှစ်ပင်.. အဲလေ.. ပင်လုံညီလာခံကြီးကလည်း ရှိသေးတယ် မဟုတ်လား..။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ဖို့ အားလုံးပါဝင်နိုင်ဖို့ တို့မယ်မယ်ဒီခမျာ နေ့မအားညမနား ကြိုးစားနေရတာ.။ တို့ပြည်သူတွေလည်း တတ်အားသမျှပါဝင်နိုင်ဖို့ အခုဆို လူထုထောက်ခံ ဆန္ဒပြပွဲတွေတောင်..လုပ်ကြဖို့ ပြင်နေကြတယ်..။

ဂျီးဒေါ်။  ။ ဟဲ့..ကြည့်ကျက်လည်း  ဆန္ဒပြကြနော်။ ဟိုရက်က ၀န်ချုပ်ကြီးဘကြီးဖြိုးက.. နေရာ တကာ လမ်းပေါ်တက်ဆန္ဒပြတဲ့ အလေ့အထတွေကို ပြန်သုံးသပ်သင့်ပြီတဲ့။ မတော် ပုဒ်မ(၁၈)နဲ့ အရေးယူခံနေရမယ်..။ ဟို..(၅)ညဖမ်းနိုင်တဲ့ ဥပဒေပယ်ဖျက်ဖို့ ကိစ္စကလည်း တမတ်တန် ကိုယ်တော်တွေဘက်က မီးစိမ်းမပြသေးဘူးတဲ့။ နောက်ပြီး..ဟိုတလောကဖွဲ့လိုက်တဲ့ အရေးပေါ် ကာလစီမံခန့်ခွဲမှုကော်မတီ..ဆိုတာကြီးလည်း ရှိတယ်နော်..။ သတိထားကြ။

ဒေါ်အာကျယ် ။  ။ ဂျီးဒေါ်ရယ်..အခု  ထောက်ခံဆန္ဒပြမှာကို ရွာဂံတော်အစိုးရက သဘောတောင် ကျဦးမှာ။ သွားလေသူ အစိုးရမင်းများလက်ထက် ဘောလုံးကွင်းတွေထဲမှာလုပ်တဲ့ဆန္ဒပြပွဲတွေလိုပဲ။ အစိုးရအကြိုက်ဆန္ဒပြပွဲတွေဆို အစိုးရမင်းတွေ က ဖမ်းမလားရှင့်။ ၀န်ချုပ်ကြီးတပါးဆို ဆန္ဒပြသူတွေနဲ့ဓာတ်ပုံတောင် တွဲအရိုက်ခံထားသေးတယ်။ ရွာဂံတော်အဆင့် ဆန္ဒပြပွဲပါရှင့်။

သာဂိ ။   ။ အားလုံးပါဝင်ရေး..ဆိုပေမယ့် ကြည့်ရတာတော့ လက်နက်ရှိတဲ့သူတို့လက်နက်ကိုင် နိုင်တဲ့သူတွေပဲ အရာနံနေတာ တွေ့တာပဲဗျာ။ အနှစ်နှစ်အလလက တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံလာတဲ့ နိုင်ငံရေးအင်အားစုတွေကိုလည်း မမေ့သင့်ဘူးပေါ့ဗျာ..။

ဒေါ်အာကျယ် ။  ။ သာဂိရယ်။ ပုဂ္ဂလိက ခံစားချက်တွေကိုဘေးဖယ်ထားကြစို့ ။တို့တိုင်းပြည်မှာ အခုအရေးအကြီးဆုံးက   “အမျိုးသားပြန်လည်ရင်ကြားစေ့ရေး” ပဲ။ ဒါမရှိရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ ဒါကြောင့် အခုလက်ရှိအစိုးရက.စီးပွားရေးမူဝါဒတွေချမှတ်တာတောင်.. “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး” ကိုပဲ ဦးစားပေးထားတာတွေ့လား..။

သာဂိ ။   ။ တွေ့ပါတယ်ဗျာ တွေ့ပါတယ်။ စီးပွားရေး..နိုင်ငံရေးကဏ္ဍတိုင်းမှာ.. အမျိုးသားပြန်လည် ရင်ကြားစေ့ရေးက ရှေ့ တန်းရောက်နေသမျှ တိုင်းပြည်ကိုအဖက်ဖက်က ဖျက်ခဲ့တဲ့စစ်ရာဇ၀တ် ကောင်တွေ ခရိုနီတွေကတော့ စင်ပေါ်မှာပန်းပန်လှက်ပါပဲပေါ့ဗျာ။ ဟိုတလောက သတင်းတွေထဲ မှာ…၀န်ချုပ်ကြီးဘကြီးဖြိုးက တပ်ထိန်းနာနီကြီးရဲ့မြေးခရိုနီတွေကိုတောင် ပွဲထုတ်လာပါရောလား။ ဒါလည်း အမျိုးသားရင်ကြားစေ့ရေးနဲ့အားလုံးပါဝင်နိုင်ရေး မူထင်ပါရဲ့ဗျာ။

ဒေါ်အာကျယ် ။  ။ ဘာပဲဖြစ်ဖြစ်။၂၁ ရာစုပင်လုံညီလာခံကြီးကိုတော့ အောင်မြင်စေချင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးလည်း တကယ်ရစေချင်ပါပြီ။ တိုင်းရင်းသားဒေသက စစ်ဘေးဒုက္ခသည်တွေ လည်း နေရပ်ကို အေးအေးချမ်းချမ်းပြန်စေ့ချင်ပါပြီ။

သာဂိ ။  ။ ငြိမ်းချမ်းရေးတကယ်ရဖို့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်ဖြစ်ဖို့ တိုင်းရင်းသားတွေအားလုံး တန်းတူအခွင့်အရေး ရဖို့လိုတယ်..။ ပါးစပ်ကတင် ၂၁ ရာစုပင်လုံညီလာခံကြီး အောင်မြင်ပါစေ.. ကြွေးကြော်နေလို့မရဘူးဗျ။ ခင်ဗျားတို့ကျနော် တို့တွေလည်း ဗမာလူမျိုးကြီးဝါဒစွဲတွေ အမြင်စွဲတွေကိုလည်း မှန်မှန်ကန်ကန် သုံးသပ်ရမယ်။ ဗမာဆိုတာအခွင့်ထူးခံလူမျိုးကြီးဆိုတဲ့ စိတ်ဓာတ်တွေကို ပြင်ရမယ်။

ဒေါ်အာကျယ် ။   ။ ဟုတ်တယ်။ နောက်ပြီး..အရေးကြီးတာက  ၂၀၀၈ ဖွဲ့စည်းပုံကိုဖောက်ထွက်နိုင် မှ ၂၁ ရာစုပင်လုံညီလာခံအောင်မြင်နိုင်မယ်။ ဘယ်လိုဖောက်ထွက်နိုင်မလဲ တို့တွေ ၀ိုင်းကူစဉ်းစား ရမယ်။

သာဂိ ။   ။ ၀ိုင်းကူစဉ်းစားရအောင်..ခင်ဗျားမှာ လက်နက်ကိုင်တပ်ရှိလား..။ ဒါမှမဟုတ်.. အနိုင်ရအမတ်ဦးရေများများရှိတဲ့ နိုင်ငံရေးပါတီလက်ကိုင်ရှိလား..။ ဒါမှမဟုတ်…NGO အမည်ခံ အရပ်ဖက်အဖွဲ့အစည်းတခုခုရှိလား..။ ဒါတွေမရှိရင် ၀ိုင်းကူစဉ်းစားခွင့်ကို စိတ်ကူးယဉ် မနေနဲ့။

ဒေါ်အာကျယ်။  ။ တို့လည်း တို့တိုင်းပြည်အရေး ကိုယ်တတ်နိုင်တဲ့နေရာက ပါချင်သေးတာပေါ့ဟဲ့။

သာဂိ ။   ။ ပါချင်ရင်..   ဘေးက  လက်ခုပ်လက်ဝါးလေးတီးပေး၊ ဆန္ဒပြဆိုပြပေးပေါ့ဗျာ။ လက်နက်မဲ့ ကျုပ်တို့ပြည်သူတွေမှာတော့ စစ်ဖြစ်ရင် စစ်ဘေးဒုက္ခသည်အဖြစ်ပါ ၀င်၊ ရေကြီးရင်.. ရေဘေးဒုက္ခသည်အဖြစ်ပါဝင်ပေါ့ဗျာ၊ ကုန်ဈေးနှုန်းကြီးရင် ကုန်ဈေးနှုန်းကြီးတဲ့ဒဏ် အားလုံးနဲ့ အတူတူခံရင်း ပါဝင်ပေါ့ဗျာ။ ဒါလည်း..အားလုံးပါဝင်ရေးမူအရ ခင်ဗျားတို့ကျနော်တို့ရဲ့ ပါဝင်မှုစစ်စစ်တွေပေါ့ဗျာ။ ။

မင်းကိုနိုင် ● ရီပို့ကတ်လေးများမှ တစ်ဆင့်

$
0
0


မင်းကိုနိုင် ● ရီပို့ကတ်လေးများမှ တစ်ဆင့်
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။
 
မီးလင်းတာမြင်ရင် အက်ဒီဆင်ကို ကျေးဇူးတင်။ အက်ဒီဆင်ကိုကျေးဇူးတင်ရင် အက်ဒီဆင်ရဲ့အမေကိုလည်း ကျေးဇူးတင်။ အဲဒီလို အစပြုပြီး လူကြီးနှင့် ကလေးတစ်စု စကားဝိုင်းဖွဲ့ကြပါတယ်။

တစ်ခါက ကလေး တစ်ယောက် ကျောင်းက ပြန်လာ ဆရာမရဲ့စာကို သူ့မေမေ လက်ထဲအပ် မေမေက ဖတ်ပြီးတော့ ပြုံးတယ်။မင်း မဖတ်ရဘူး၊ ဒါ မင်း မေမေ တစ်ယောက် တည်းပဲ ဖတ်ရမှာဆိုတဲ့ စာမှာ ဘာတွေ ပါပါလိမ့်။ မေမေက ပြန်ပြော ပြတာပေါ့။ “သားဟာ တော်လွန်းတော့ သင်ပေးနိုင်မယ့် ဆရာမကျောင်းမှာ မရှိဘူးတဲ့၊ မေမေပဲ သင်ပေးလိုက်ပါလို့ မှာလိုက်
တာ” တဲ့။

အဲဒီ ကလေးဟာ တစ်ချိန်မှာတော့ လျှပ်စစ်မီးသီးတွေ တီထွင်တဲ့သောမတ်စ် အက်ဒီဆင် ဖြစ်လာတာပေါ့။ ပညာရှင်ကြီးပဲလို့ ကလေးတွေက ရေရွတ်ကြပါတယ်။ အေး ဟုတ်တယ် သူ့မေမေဆုံးပြီး အတော်ကြာမှ အဲဒီပညာရှင်ကြီးဟာ မေမေ တစ် ယောက်ပဲဖတ်ရမယ့် စာကိုကြည့်တဲ့အခါ “ရှင့်သားဟာ သင်ပေးလို့မရလောက်အောင် ဥာဏ်မမီဘူး၊ ဒါကြောင့် ကျောင်းက လက်မခံတော့ပါ”လို့ အဓိပ္ပာယ်ရတဲ့စာဖြစ်နေတာကို တွေ့တယ်တဲ့။ကလေးတွေက “ဟာ” လို့ ရေရွတ်ကြပြီး အက်ဒီဆင် ရဲ့မေမေကို စိတ်ကူးထဲ ပုံဖော်ကြည့်ကြပါတယ်။ ပြီးတော့မှ “ဟုတ်တယ်၊ အက်ဒီဆင် မေမေကိုလည်း ကျေးဇူးတင်တယ်” လို့တကယ် စိတ်ပါလက်ပါ အသိအမှတ် ပြုကြတာပါပဲ။
--------*--------*------------

တစ်ခါကလည်း မူလတန်းကလေးတစ်ယောက် ကျောင်းကပြန်လာ Report Card ခေါ်တဲ့ လစဉ်အစီရင်ခံစာကို အဖေ့ လက်ထဲ အပ်ပါတယ်။ အဖေ ဖတ်ပြီးတဲ့အခါ သားကိုဆူပါတယ်။ “ဟေ့...ဒီမှာ ဒါတော့ အဖေလက်မခံနိုင်တော့ဘူးကွာ၊ ဘယ်နှယ့် စာညံ့တယ်ဆိုရင် တော်သေးတယ်။ စည်းကမ်းရိုသေမှု “သင့်” ဆိုတာတော့ မဟုတ်သေးဘူးတဲ့။ ကလေးဟာ တွေးရခက်သွားပါတယ်။ အတော်ကြာစဉ်းစားပြီးမှ သားလည်း ကောင်းကောင်းနေတာပဲ” လို့ ဖြေပါသတဲ့။

“ကောင်းကောင်းနေရင် စည်းကမ်းရိုသေမှု “ကောင်း” ဖြစ်ရမှာပေါ့။ သားကျောင်းမှာ ဘာတွေမှားသလဲ၊ အဆော့သန်လား၊ စာသင် နေချိန်မှာ ဘာလုပ်နေလဲ” စသဖြင့် အဖေ့အမေးတွေကို ကလေးက မှတ်မိသလောက် ပြန်စဉ်းစားပေမယ့် သူ ကောင်းကောင်းနေခဲ့တာကိုပဲ သိတယ်။ တခြား ဘာမှဝန်ခံစရာလည်း မတွေ့ရှာပါဘူး။ အဖေကမကျေမချမ်းနဲ့ လက်မှတ်သာ ထိုးပေးလိုက်ရတယ် နောက်လReport Card ထဲမှာ ဒီလိုပါလို့ကတော့ အဖေကိုယ်တိုင်လိုက်လာပြီး ဆရာမတိုင်တာကို နားထောင်မယ်လို့ သတိပေးပါသတဲ့။

ကျောင်းကိုပြန်ရောက်တော့ ကလေးဟာ နံဘေးကသူငယ်ချင်းတွေရဲ့ ကတ်ပြားတွေ တောင်းယူကြည့်တော့အားလုံးမှာ စည်းကမ်း ရိုသေမှု “သင့်” ဆိုတာတွေပဲတွေ့ရပါတယ်။ အတန်းထဲက ကျန်သူ အားလုံးနီးပါးကိုမေးကြည့်တော့လည်း သူ့ လိုပဲ တူညီမှတ်ချက် ပေးထားကြောင်း သိရပါတယ်။ ဒီကလေး ကြီးလာမှ စဉ်းစားမိတာတော့ ဆရာမဟာ ကလေးအားလုံးကို တစ်ဦးချင်းမသုံးသပ်နိုင်တဲ့ အဆုံး ယေဘုယျ မှတ်ချက်ပဲပေးလိုက်တယ်လို့ ယူဆလိုက်ပါတော့တယ်။ ကျောင်းသား ၅၀ ကျော်လောက်ရှိတဲ့ အတန်းထဲမှာ အားလုံးဟာစည်းကမ်းနဲ့ပတ်သက်ရင် တစ်ပုံစံတည်းတော့ မဖြစ်နိုင်ဘူးလို့ တွေးနေမိပါ သတဲ့။
--------*--------*---------

ဗြိတိန်နိုင်ငံရှိ ပေါင်းကူးကျောင်းနှင့် အားကစားကောလိပ်တစ်ခုမှ ကျောင်းသားတစ်ဦးထံ ကျောင်းအုပ်ကြီးရေးတဲ့စာမှာ အခုလို ပါရှိပါတယ်။ ကလေးရေ တို့ကျောင်းကစမ်းသပ်ချက်အရ မင်းရဲ့ရလဒ် မကောင်းလှတာကို စိတ်မပျက်ပါနဲ့။ ဒီစမ်း သပ်တွေ့ရှိချက်ဟာ မင်းရဲ့အရည်အချင်းတွေ အားလုံးကို မစစ်ဆေးနိုင်ခဲ့ပါဘူး။ မဆိုစလောက်နည်းနည်းလေးပဲ စမ်းသပ် တွေ့ရှိချက်ပါ။

မင်းမှာရှိတဲ့ အနုပညာပါရမီတွေ၊ ကိုယ့်အားကိုယ်ကိုးလိုစိတ်တွေ၊ ကြင်နာသနားတတ်တဲ့စိတ်တွေကို ထည့်မတိုင်းတာ နိုင်ခဲ့ ပါဘူးလို့ဆိုလိုရင်းနဲ့ အားပေးတဲ့စာ ဖြစ်ပါတယ်။ အဲဒီကလေးရဲ့ အရည်အသွေးတွေ ထဲကအသင်းအဖွဲ့နဲ့ စုပေါင်း လုပ်နိုင် စွမ်းတွေ၊ ကိုယ့်ထင်မြင်ယူဆချက်ကို ပြန်ပြောနိုင်စွမ်းတွေ၊ အားကစားစွမ်းရည်တွေ၊ ပေါင်းသင်းဆက်ဆံရေး အရည်အချင်း တွေ၊ ကိုယ့်တိုးတက်မှုအတွက် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းတွေ၊ ပင်ကိုအရည်အချင်းကို ဖန်တီးတည်ဆောက် နိုင်စွမ်းတွေ၊ ဂီတစွမ်းရည်တွေ စသဖြင့် အရည်အချင်းတွေကိုလည်းဒီစမ်းသပ်မှုမှာ မစစ်ဆေးနိုင်ခဲ့ပါဘူး။ တကယ်တော့ ဒီကလေးဟာ မွေးချင်း သုံးယောက်ထဲမှာ ဉာဏ်ရည်ချို့ကလေးပါ။ သူ့မိခင်ကိုယ်တိုင်က ကျောင်းအုပ်ကြီးရဲ့အားပေးနှစ်သိမ့်စာကို ကြည် နူးစိတ်နဲ့ ကျေးဇူးတင်စွာအများသိအောင် Twitter ခေါ်တဲ့ လူမှု စာမျက်နှာမှာပြန်ဝေမျှ ခဲ့တာပါ။

ကျွန်တော်တို့ဆီမှာ ပညာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေစတင်နေချိန် အတန်းကျောင်း များမှာ ကလေးတွေကိုအမှတ်စဉ် အတိအကျ ထုတ်မပေးပဲ Grade ခေါ် A, B, C..... စသဖြင့် သတ်မှတ်ပြီးသာ ဖော်ပြမယ်လို့ ဆိုတဲ့အခါ ကလေးမိဘ အများစုကြားမှာ လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်းထောက်ခံသူ၊ ကန့်ကွက်သူတွေရဲ့ အသံစုံကိုလည်း ကြားရတာပါပဲ။ ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ်ပေါ့လေ။ ကိုယ့်သားသမီးဟာ အမြဲတမ်း အဆင့်တစ်ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အား ကုန်စိုက် လေ့ကျင့်ပေးလာခဲ့တဲ့ မိဘတွေထံက ဘ၀င်မကျ လေသံ ဝေဖန်ချက်တွေ ကြားရသလိုသဘောတူသူတွေထံကလည်း ဒါဟာ ခွဲခြား ဆက်ဆံခံရမှုကို ကျဉ်းမြောင်းသွားစေတယ်။

စာမေးပွဲအမှတ် အထူးသဖြင့် စာကျက်နိုင်စွမ်းကို တိုင်းတာတဲ့အမှတ်ကလေး တစ်မှတ်၊ နှစ်မှတ်အပေါ် မူတည်ပြီး မဆို စလောက်လျော့နည်းခဲ့ရင် ကလေးတွေခံစားရမယ့် နာကျင်မှုကိုကုစားနိုင်မယ်လို့ သဘောထားကြသူတွေလည်း ရှိပါတယ်။ စာကျက် ဂဏန်းတွက်နိုင်စွမ်းကသာ ပညာအရည်အချင်းလို့သတ်မှတ်ရ ခက်ကြောင်း၊ ကျောင်းသားကလေးတစ်ယောက်ရဲ့ အရည်အချင်းတွေကိုလည်း ထုတ်ဖော်အားပေးနေရမှာဖြစ်ကြောင်း ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ပြီးမို့ အထူး မဖော်ပြတော့ ပါဘူး။
--------*--------*---------

ကလေးတစ်ယောက် တော်တယ် ညံ့တယ်ဆိုတာ ဘာနဲ့တိုင်းတာခဲ့ကြပါသလဲ။ အရင် ပေတံဟောင်းကိုပဲ အမြဲဆက်ကိုင် ထားမလား၊ နောက်ထပ် ပေတံအသစ်တွေဆီကရတဲ့ ခွန်အားတွေနဲ့ ထူးချွန်ကျောင်းသားအသစ်တွေ၊ စိတ်နှလုံးကောင်း မြတ်တဲ့ ကျောင်းသားသစ်တွေ ရှာဖွေကြည့်ကြမယ်ဆိုရင်ကော။

သေချာတာကတော့ ပညာရေးကို အခြေခံပြီး ခေတ်ကြီးကိုဦးဆောင်နေတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကလေးတွေရဲ့ပုန်းကွယ်နေတဲ့ အရည်အချင်းတွေကို ရှာဖွေ အားပေးလေ့ရှိတာပါပဲ။ “ဒီမှာကြည့်စမ်း၊ မင်းအိတ်ထဲက ထွက်လာတာအဖိုးတန် ကျောက်မျက် ရတနာလေး၊ မင်းကိုယ်တိုင်တောင်မသိဘူး မဟုတ်လား၊ မင်းကတော့ တကယ့်ကို တန်ဖိုးကြီးတဲ့ ရတနာပိုင်ရှင်ပဲ” ဆိုတာမျိုး။ ငါတစ်နေရာမှာ ညံ့နေပေမယ့် ငါစွမ်းနိုင်တဲ့ နေရာလည်း ရှိတာပဲ။ အားနည်းတဲ့နေရာကို ပိုကြိုးစားပြီး၊ အားသာ ချက်တွေ ကိုလည်းပိုကောင်းစေရမယ်လို့ ကလေးတွေ ခံယူနိုင်အောင်ပါ။ ဘောလုံးကစားတယ်ဆိုရင် အများစုက ခြေတစ် ဖက်က ပိုသန်ကြသလိုပေါ့။ ဥပမာ-ညာသန်ဟာ ဘယ်ခြေအားနည်းတတ်ကြတယ်။ ဒါပေမဲ့ အနည်းဆုံး ဘယ်ခြေနဲ့လည်း ကန်နိုင်အောင်တော့ အချိန်ယူကျင့်မယ်၊ သန်ပြီးသား ညာခြေနဲ့လည်း ပို့နိုင်ပေးနိုင် ဆွဲပြေးနိုင် ဂိုးသွင်းနိုင်ရမယ် ဆိုတာမျိုး ပေါ့။

တကယ်တော့ စာမေးပွဲအမှတ်စာရင်းနဲ့ ဆရာ၊ ဆရာမများရဲ့ မှတ်ချက်ဆိုတာ တူမယောင်နဲ့ ကွာခြားလှပါလား။ အားနည်း ချက်၊ အားသာချက် ကိုယ်စီရှိကြတဲ့ ကလေးတိုင်းအပေါ် စာနာစိတ်၊ နှစ်သိမ့်ပေးလိုစိတ်များနဲ့ အားပေးလိုက်တဲ့သတင်းစကား တွေဟာ ကလေးတွေရဲ့ ဘ၀အချိုးအကွေ့တွေအတွက် အရေးကြီးလှတဲ့ ထိန်းကျောင်းကိုင်တွယ်မှုပါလားလို့ တွေးမိပါတယ်။

‪#‎မင်းကိုနိုင်‬
ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၉၃ မင်းကိုနိုင် ဆောင်းပါး

ကာတွန်း ရွှေဗိုလ် ● မာန်တက်နေသူတွေ

$
0
0


ကာတွန်း ရွှေဗိုလ် ● မာန်တက်နေသူတွေ
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၆

စိုးလွင် ● ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ (၈၈ ..

$
0
0

စိုးလွင် ● ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ (၈၈ ..
(မိုးမခ/ သစ်ခက်သံလွင်) သြဂတ်စ် ၆၊ ၂၀၁၆

၁၉၈၈  ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်​အာဏရှင်​စနစ်​ အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေး​အတွက် တိုက်ပွဲဝင်ခဲ့ကြ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်​လှန်​​ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ​ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်​ပွဲဝင်​ခဲ့ကြတဲ့ ရဲ​ဘော်​သူငယ်​ချင်း​များအား အမှတ်​ရဂုဏ်​ပြုခြင်းအဖြစ်​​သော်​လည်း​ကောင်း၊ နောင်​ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်​မျိုးဆက်​သစ်​များ​ သိရှိလေ့လာနိုင်​ရန်​အတွက်​သော်လည်းကောင်း.. မိုးမခ၊ သစ်​ခက်​သံလွင်​တို့မှတဆင့်​ ​ရေးသားတင်​ဆက်​လိုက်​ပါသည်​။

စိုးလွင်
(၂၁၁) (၀မ်​ခ)

● အသက်ကို ဖက်နဲ့ထုပ်၍
KNU တပ်မဟာ ၃ ရင်း ၇ က တပ်စုတစုနဲ့ ကျနော်တို့ကျောင်းသားတပ်စုတစု တပ်ရင်း ၈ နယ်မြေမှာ စစ်ကြောင်းတကြောင်း ဖွဲ့ဖြစ်တယ်။ ဖွဲ့ဖြစ်တော့ ကျနော်တို့ကျောင်းသားတပ်ဖွဲ့ရဲ့တပ်စုမှူးဝင်းချိုက ဒုစစ်ကြောင်းမှူးဖြစ်သွားပြီး ကျနော်က တပ်စုမှူး ဖြစ်လာတယ်။

ရင်း ၈ နယ်မြေထဲမှာ ကျနော်တို့တာဝန်ထမ်းနေတာ လပေါင်းများစွာကြာပါပြီ။ KNU ကေအန်ယူက ကျနော်တို့ကို ဆန် ထောက်ပံ့ပြီး ဟင်းအတွက်ကတော့ ကိုယ်ဟာကို ရှာစားပေါ့လေ။ KNU က ရဲဘော်တွေ တောပစ်ထွက်လို့ သားကောင်တွေ ရလာရင်တော့ အူစိုတဲ့နေပေါ့။ အများအားဖြင့်ရတတ်တာက တောဝက်၊ ဆတ်၊ မျောက်၊ ၀က်ဝံတွေပဲ။

ရလာတဲ့အသားကို ဆား နနွင်းနဲ့နယ်ပြီး ဆီမပါပြားမပါ ရေလုံပြုပ်ရတာပဲ။ ချက်ပြီးလို့ ခွဲတမ်းချရင် ရဲဘော် တယောက်ကို လက်နှစ်သစ်လောက်ရှီတဲ့အသား နှစ်တုံး သုံးတုံးလောက်တော့ ရတတ်တယ်။ ကျနော်က လူတမျိုး..အသားမပါဘဲ ထမင်း စားရတဲ့နေ့မျိုးဆို တော်တန်ရုံစားပေမဲ့ အသားပါတဲ့နေ့မျိုးဆို ဗိုက်ကာအောင် စားတတ်တယ်။ တခါတလေ ကိုယ်က မ၀သေးလို့ ထပ်စားချင်၊ ဟင်းကလည်း ကုန်ခါနီးပြီဆိုရင်..ဟင်း မကုန်အောင် ၀ါးပြီးမျိုချလိုက်တဲ့အသားကို အာခေါင်ထဲက ပြန်ဆွဲထုတ်၊ နောက်ထမင်းလုပ်နဲ့ အတူ ပြန်စား။

ဒီလိုနဲ့ဆွဲထုတ်လိုက် ပြန်စားလိုက်နဲ့ ..လေးကြိမ်မြောက်လောက်ဆို ပြန်ဆွဲထုတ်လို့မရတော့ဘူး။ အသားက ၀ါးပါများတော့ ကြေကုန်ပြီလေ။

ဒီလိုအစားအသောက်ဆင်းရဲရတဲ့ကြားထဲ ခရီးထွက်ပါများလို့ ကျနော့်တပ်စုတစုလုံးရဲ့ တောစီးဖိနပ်တွေ တယောက်မှ အကောင်းမရှိတော့ဘူး။ တချို့ဖိနပ်တွေကို ပြန်ချုပ်ပြီး စီးလို့ရပေမဲ့ အတော်များများဖိနပ်တွေ က ပြန်ချုပ်ပြီးစီးလို့မရတော့လို့ ညှပ်ဖိနပ်တွေစီးနေရပြီး.. မြစ်ချောင်းပေါတဲ့ဒေသဖြစ်လို့ ရွံ့နွံတွေနဲ့ ညှပ်ဖိနပ်နဲ့ဆို ခရီးမတွင်တော့ဘူး။

ဒါနဲ့ပဲ ရိက္ခာဖိုးမရရင်နေပါ..ဖိနပ်ဖိုးတော့ ပေးပါလို့ ဗဟိုကို လှမ်းတောင်းရတော့တာပေါ့..။

၂ လလောက်နေတော့ ဖိနပ် ၆ ရံစာပဲ ဗဟိုကပို့ပေးလာတယ်။ တတ်နိုင်ဘူး။ ရသလောက်ပဲဆိုပြီး စခန်းနဲ့ ၃ နာရီခရီးအကွာ မှာရှိတဲ့ ကနစိုပင်ရွာကိုသွားပြီး ကုန်သည်ကို ဖိနပ်မှာရတယ်။

ကုန်သည်ကလည်း ဖိနပ်ကို ဇရပ်ကြီးမြို့မှာသွားဝယ်ရတာ။ စစ်တပ်က ခိုးရောင်းတဲ့ဖိနပ်တွေကို ၀ယ်ရတာ။ သူပုန်တွေကို ပြန်ရောင်းမယ်လို့တော့ ဘယ်ပြောမလဲ။

ကုန်သည်နဲ့ရက်ချိန်းတွေလုပ်ပြီး စခန်းကိုပြန်လာစောင့်ပေါ့။ ရက်ချိန်းပြည့်တော့ ဆေးမှူး အောင်စိုးထွေး (တပ်ရင်း ၂၁၄) (အောင်စိုးထွေးက ဖြူးမြို့သား) နဲ့ ကနစိုပင်ရွာ ဆင်းဖို့စီစဉ်တုန်း ရန်သူစစ်ကြောင်း ၀င်လာမယ်လို့သတင်းရရော..ကုန်သည်နဲ့ကလည်း ချိန်းထားပြီးဖြစ်ပြန်၊ ရန်သူကလည်း မရောက်လာသေး ဆိုတော့၊ အမြန်သွား အမြန်ပြန်မယ်ဆိုပြီး မနက်စောစော အောင်စိုးထွေးနဲ့အတူ ကနစိုပင်ရွာကို မပြေးရုံ တမယ် ဆင်းချသွားလိုက်တယ်။

ရွာရောက်လို့ ကုန်သည်ကိုစုံစမ်းတော့ ကုန်သည်က မရောက်သေး။

၂ နာရီလောက် နောက်ကျပြီးမှ ကုန်သည်ကရောက်လာ..ငွေချေ၊ ဖိနပ်ယူပြီး အမြန်ပြန်ပေါ့..။ ကုန်သည်က နေလည်စာစားပြီးမှပြန်ဖို့ပြောပေမဲ့ အရင်လိုနေတဲ့အတွက် စခန်းရောက်မှစားမယ်ဆိုပြီး ပြန် တက်လာခဲ့ကြတယ်။

စခန်းရောက်တော့ ကျနော်တို့နှစ်ယောက် အမော့ဆိုပါပြီ။

သေနတ်တွေ၊ အီကွေ့မင့်တွေ၊ ကျောပိုးအိတ်တွေ ဖိနပ် ၃ ရံစီလွယ်ပြီး အမြန်တက်လာတဲ့ ကျနော်တို့နှစ်ယောက် စခန်းရောက်တော့ ကျနော်တို့ကျောင်းသားရဲဘော်တွေ မတွေ့တော့ဘူး။ ထမင်းဆာဆာနဲ့ စခန်းရောက်ရင် စားမဟဲ့ဆိုတဲ့ရည်မှန်းချက်လည်း ပျက်ပါပြီ။

စခန်းမှာကျန်နေတဲ့ KNU ခွဲ(၁) မှူး ဗိုလ်တကိုမေးတော့ ကျနော်တို့ကျောင်းသားအဖွဲ့ ရင်း ၈ တပ်ရင်းဖြစ် တဲ့ နွားလေးခိုကို ထွက်သွားကြောင်းသိရတယ်။ နွားလေးခိုကို လိုက်သွားမယ်လို့ စီစဉ်ပြန်တော့ လမ်းမှာ ရန်သူရောက်နေပြီးပြောလို့ အစီစဉ်ကိုဖျက်ရပြန်တယ်။ ဒါနဲ့ပဲ ဗိုလ်လေတိုတို့အဖွဲ့နဲ့ပူးပေါင်းဖို့ ဗိုလ်တနဲ့အတူ လိုက်သွားလိုက်တယ်. ဆုံရပ်ရောက်တော့ ဗိုလ်လေတို့အဖွဲ့တွေကို ၆၀ မမ စိန်ပြောင်းတလက်နဲ့ အတူတွေ့ရတယ်။ စိန်ပြောင်းမပစ်ဘူးပေမဲ့ ၀မ်ခမှာနေတုန်းက ဗိုလ်လှဝေတို့၊ တင်ရွှေတို့ ပစ်တာမြင်ဖူး ထားတော့ ဗိုလ်လေတိုတို့စိန်ပြောင်းကိုကြည့်ရတာ အားမရလှပါ။

ကျည်အသီးတွေက သံချေးလိုက်နေတာ တွေ့ရတယ်။ ဒီလိုနဲ့ သူတို့ခေါ်တဲ့နောက် လိုက်သွားပေါ့လေ။ တနေရာရောက်တော့ လက်နက်ကြီးပစ်မယ်လို့ ပြင်ကြပါလေရော။ ညနေကလည်း စောင်းနေပြီ။

ကျနော်တို့ကျောင်းသားရဲဘော်နှစ်ယောက်လည်း ဗိုက်ဆာလွန်လို့ သူတို့လုပ်တာတွေလည်း စိတ် မ၀င်စားနိုင်တော့ဘူး။ ကိုယ့်နဲ့လည်း မဆိုင်ဘူးလေ။ ဒါပေမဲ့ ဆိုင်ရပြန်အုံးမယ်။

ကြည့်ပါ။ ၆၀ မမစိန်ပြောင်းအထိုင်ခုံကိုချနေတဲ့သူက ရည်းစားမျက်နှာ သနပ်ခါးလိမ်းပေးသလို ဖွဖွလေးအထိုင်ချနေတယ်။ ။ သူတို့ကိုကြည့်ပြီး ကျနော်သိလိုက်ပါပြီ။ သူတို့တွေမကျွမ်းကျင်ဘူးဆိုတာ။

ဒါနဲ့ပဲ အမြင်မတော်တာရော မြန်မြန်ပြီးမြန်မြန်အေးဆိုတဲ့သဘောနဲ့ ကျနော်ဝင်ပါပါပြီး..၆၀ မမ အထိုင်ခုံ ကိုမ၊ မြေမှာဆောင့်ချ။ အထိုင်ကျပြီးဆိုမှ ပြောင်းနဲ့ဒေါက်ကိုယူပြီးတပ်။ ပြီးတော့ သံလိုက်အိမ်မြှောင်ပါ သလားမေးလိုက်တော့ မရှိဘူးတဲ့။

ကဲ မထူးဘူး..ဘယ်ကိုပစ်မှာလဲမေးလိုက်တော့ ရှေ့ကိုက်၂၀၀ လောက်မှာရှိတဲ့ ငှက်ပျောပင်အုပ်ကို ညွှန်းပြ တယ်။ ဒါနဲ့ပဲ စိန်ပြောင်းကို ၆၀ ဒီဂရီလောက်ထားပြီး ငှက်ပျောပင်အုပ်တည့်တည့် ချိန်ထားပေးလိုက်တယ်။
(ဒါတောင် ဗိုလ်လေတိုက ပြောသေးတယ်...သူက အင်္ဂလိပ်ပေးတဲ့ သင်တန်းဆင်းတဲ့)

ကဲ .. အဆင်သင့်ဖြစ်ပြီး ပစ်ကြတော့ဆိုတော့လည်း ကျည်သီးကိုင်ပုံတွေကလည်း မဟုတ်ကြပြန်။ အသီးထိပ်ကနေ အုပ်ကိုင်နေကြတယ်။ ပင်ဖြုတ်ထားတဲ့အချိန်များ ဖိကိုင်မိရင် သေလိုက်ကြမည်ဖြစ်ခြင်း။

ကျနော်လည်း ဗိုက်ဆာလွန်တာနဲ့ ဘာမှထပ်မပြောတော့ဘူး။ သေလည်း အေးတာပဲပေါ့။

ဒါနဲ့ ပထမတလုံး စပစ်တယ်။ ထွက်သွားတယ် မကွဲဘူး။ နောက်တလုံးပစ်တယ်။ မထွက်ဘဲ ပြောင်းထဲမှာ ရုန်းနေတယ်။ အကုန်လုံးထွက်ပြေးကြရော။

ခဏနေတော့ ကျည်အသီးကို ပြန်ထုတ်ဖို့ လုပ်ကြရော။ ဒီမှာလည်း တွေ့ပြန်ပြီ။ စိန်ပြောင်းသီးတွေရဲ့ထိပ်ကို ဖိမိလို့မတော်ရင် ကွဲမှာကို စိန်ပြောင်းထိပ်က လက်နဲ့ပိတ်ပြီး အသီးကိုသွန်ချတယ်။ ကျနော်လည်း ပြေးသွားပြီး နည်းလမ်းတကျထုတ်တတ် အောင်ပြပေး။

ပြီးတော့ ငါကိုယ်တိုင်ပဲပစ်တော့မယ်လေဆိုပြီး တလုံးပစ်လိုက်တာ ကံကောင်းထောက်မစွာ ထွက်သွားပြီး ကွဲသွားတယ်။ အားလည်းတက်သွားတယ်။

ဒါပေမဲ့ နောက်အသီးတွေက မထွက်တဲ့အလုံးနဲ့ထွက်သောလည်း မကွဲတဲ့အလုံးနဲ့ စခန်းသိမ်းသွားတယ်။ ဒါနဲ့ပဲ သေနတ်တွေ သိမ်းပြီး စခန်းချမယ့်နေရာပြန်ရောက်တော့ ည ၉ နာရီလောက် ရှိပြီ။ ထမင်းစားရတော့ ည ၁၁ နာရီထိုးပြီ။

အဆာလွန်သွားလို့ မစားနိုင်တော့ဘူး။ စားပြီးလို့ ပင်ပမ်းလွန်တာနဲ့အိပ်လိုက်တာ မနက် ၂ နာရီ လောက် လာနိုးလို့ကြည့် လိုက်တော့ KNU ရဲဘော်လေး..ဘာလဲလို့မေးကြည့်တော့ ကင်းအလှည့်တဲ့။

ငါက ကျောင်းသားတပ်စုမှူးကွ။  ဗိုလ်ကွ မစောင့်နိုင်ဘူးလို့ပြောလိုက်တော့..အောင်စိုးထွေးကို သွားနိုး တယ်။ သူလည်း ဆေးမှူးကွ မစောင့်နိုင်ဘူးလို့ပြောလိုက်တော့.. KNU ရဲဘော်လေးလည်း ကုပ်ကုပ်နဲ့ လစ်သွားလေရဲ့..။

မနက်မိုးလင်းတော့ ဗိုလ်တတို့နဲ့အတူထွက်လာလိုက်တာ တဲအိမ်စုတခုဆီ ရောက်သွားတယ်။ ကျနော်တို့နှစ်ယောက်ကို ရွာသားတယောက်နဲ့အတူ ဒီနေရာမှာထားခဲ့မယ်လို့ ဗိုလ်တပြောတယ်။ ကျနော်တို့ရဲဘော်တွေရှိရာ နွားလေးခိုကို ကျနော်တို့ သွားလို့ရလာမေးတော့..လမ်းမှာ ရန်သူနဲ့လည်း တွေ့နိုင်တယ်။ KNU အဖွဲ့ငယ်လေးတွေနဲ့လည်း လူမှားပြီးပစ်ခတ်နိုင်တဲ့ အတွက် မသွားဖို့ပြောတယ်။ ဗိုလ်တတို့ ကျနော်တို့ထားပြီးထွက်သွားတော့ ကျနော်စဉ်စားရပါပြီ။

သူတို့ထားခဲ့သောနေရာသည် လုံခြုံသော်လည်း သေနတ်ရှိရဲ့နဲ့ ငုပ်တုတ်နေနေရမှာကို ကျနော်မလိုလားပါ။

ကျနော်တို့ရဲဘော်တွေနဲ့အတူတကွ သေအတူ ရှင်မကွာ ရန်သူကိုတိုက်ချင်သည်။ ဒါဆို ဘယ်လိုလုပ်မလဲ။ ကျနော်တို့ ရဲဘော်တွေရှိရာ နွားလေးခိုကို သွားရမည်..လမ်းမှာ ရန်သူနဲ့လည်း တွေ့နိင်တယ်။ KNU နဲ့တွေ့ပြီးလည်း မှားပစ်ခံရနိုင်တယ်။ (ကျနော်တို့ပုံစံတွေနဲ့ စစ်ဝတ်စုံဟာလည်း ရန်သူနဲ့သိပ်မကွဲဘူး)

ကျနော်တို့နှစ်ယောက်မှာ ကျနော်ဟာ တာဝန်အရှိဆုံးနဲ့ ကိုယ့်ဆုံဖြတ်ပိုင်ခွင့်နဲ့ လုပ်နိုင်ပေမဲ့.. ဒီလမ်းကို သွားရင် ရန်သူနဲ့ရော ကိုယ့်မဟာမိတ်နဲ့ရော တိုက်ပွဲဖြစ်နိုင်တယ်။ ကိုယ်တွေက နှစ်ယောက်ထဲမို့ သေဖို့လမ်းများသည်အတွက် အောင်စိုးထွေးကို တိုင်ပင်ကြည့်တယ်။

ငါသွားချင်တယ်၊ မင်းရောသွားချင်လား မေးကြည့်တော့ အကို့သဘောတဲ့။ ငါ့သဘောမလုပ်နဲ့ မင်းရော သွားချင်လာ ပြန်မေးတော့..သူလည်း ဒီမှာမနေချင်ဘူးတဲ့၊ ရဲဘော်တွေရှီရာ နွားလေးခိုကို သွားချင်တယ်တဲ့။ ဒါဆို ဟုတ်ပြီး သွားကြ မယ်ဆိုတော့ ကျနော်စဉ်းစားရပြန်ပြီ။

တကယ်ဆို ကျနော်က တပ်စုမှူး သူကရဲဘော်ဖြစ်တော့ သူကို ပွိုင့်သွားခိုင်းရမှာ။ ဒါပေမဲ့ ကျနော်က အသက် အထိုက် အလျောက်ရပြီ၊ လောကအကြောင်း တချို့တ၀က်သိနေပြီ။ သူက အဲဒီအချိန်မှာ ၂၀ ပတ်ဝန်းကျင်   လောကအကြောင်း ဘာမှမသိသေး။
မြို့မှာနေတုန်း ရည်းစားတောင် ထားဖူးခဲ့ရဲ့လားမသိ။

ဒါဆို ပထမဆုံးသေသင့်သည်မှာ ကျနော်....။

ဒါနဲ့ ရှေ့ခရီးမဆက်ခင်မှာ သူ့ကိုအပြီးသတ်မှာရပြီး...ငါ ရှေ့ကသွားမယ်။ မတော်လို့တိုက်ပွဲ့ဖြစ်ခဲ့ရင်…
 
(၁) တိုက်ပွဲဖြစ်လို့ ငါကျသွားရင် မင်း ပစ်ပြေးပေတော့..။
(၂) ငါ ဒဏ်ရာရလို့ မပြေးနိုင်ခဲ့ရင် မင်းကို ငါ ကာပစ်ပစ်ထားပေးမယ် မင်းပြေးပေတော့ (သံယောဇဉ်တွယ်ရင် နှစ်ယောက်လုံး သေမှာ)...
(၃) ငါ ဘာမှမဖြစ်ရင် ငါ့ကို ကာပစ်ပစ်ထားပေး၊ ငါဆုတ်လာပြီး မင်းနဲ့အတူ ပြေးကြမယ်။

ကဲ ဒါဆိုသွားကြမယ်ဆိုတော့..ကျနော် လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရအောင် ကျနော်ထမ်းထားတဲ့ ဖိနပ်သုံးရံထဲကနှစ်ရံကို သူ့ကိုပေးလိုက်တော့..သူက ပေါင်း ငါးရံ ထမ်းလိုက်ရတာပေါ့။ မတတ်နိုင်ဘူးလေ။ သေရေးရှင်ရေးဆိုတော့ ဒီလောက်တော့ အပင်ပမ်းခံရမှာပေါ့။

ကျနော်လည်း နားရောမျက်စိရောဖွင့်ပြီး တလှမ်းချင်းတက်ခဲ့တယ်။

အံ့သြစရာကောင်းတာက အဲဒီအချိန်တုန်းက စိတ်လုံးဝမလှုပ်ရှားဘဲ တည်ငြိမ်စွာလှုပ်ရှားခဲ့တာပဲ။ ထွက်လာပြီး မိနစ်၂၀ အလောက်အကြာမှာ ကျနော်အရှေ့ခပ်လှမ်းလှမ်းက လူရိပ်မြင်လိုက် လို့ အောင်စိုးထွေးကို အချက်ပြလိုက်တာနဲ့ သူလည်း သစ်ပင်အကွယ်မှာ နေရာယူ လိုက်တယ်။ ကျနော်လည်း ကျောက်နံရံဘေးမှာ ကပ်နေလိုက်တယ်။ ရှေ့ကလာနေတဲ့သူလည်း ကျနော့်နားရောက်ရော.. သူ့ရဲ့လည်ပင်းကို ဘယ်လက်နဲ့ဖက် ညာလက်ကသေနတ်နဲ့ သူ့နားထင်ကို ထောက် ထားလိုက် တယ်. ပြီးတော့ ကရင်ဘာသာစကားနဲ့ ကျိုးဖိုး ကျိုးဖိုး(ဗမာလို့ပြောရင် ကျောင်းသား) လို့ ပြော...ကိုယ်ကလည်း ကရင်စကား ဒီလောက်ပဲရတော့ ကိုယ့်ထက်ပိုပြောတတ်တဲ့ အောင်စိုးထွေးကို လှမ်းခေါ်ပြီး ပြောခိုင်းရသေး တယ်. အောင်စိုးထွေး ရှင်းပြနေတဲ့ချိန်မှာ ကိုယ်ကလည်း အင်္ကျီလက်မောင်း တံဆိပ်ကိုပြပြီး ကျောင်း သားဖြစ်ကြောင်းပြောရ သေးတယ်။ ဒီက ရင်က ပထမတော့ ရုန်းတာပေါ့။ ကျနော်ကလည်း မလွတ်တမ်း ဖက်ထား၊ အောင်စိုးထွေးက ရှင်းပြနဲ့မှ ငြိမ်သွားတယ်။

သူယုံပြီဆိုမှ KNUတွေ ရှိတဲ့နေရာ လိုက်ပို့ခိုင်းရတယ်။ KNU တွေလည်း ကျနော်တို့နှစ်ယောက်ကို ။ တွေ့တော့ အံ့သြနေကြတယ်သူတို့ကလည်း လမ်းမှာဘာထူးခြားလဲမေး။ ကျနော်တို့ကလည်း ရှေ့မှာ KNU တွေရှိသေးလာလို့မေးတော့ ရှိသေးတယ်တဲ့။ စက်နဲ့ဆက်ပြီး ပြောထားပေးလို့ရမလားဆိုတော့.. ဘယ်အဖွဲ့တွေရှိမှန်းမသိတဲ့အတွက် မရဘူးတဲ့။ မတတ်နိုင်ဘူးလေ ဆက်သွားရုံပေါ့..။

ကိုယ်တွေအဖြစ်က ဆိုးတယ်။ ရန်သူလည်း ကြောက်ရ။ အချင်းချင်းလူမှားပစ်မှာလည်း ကြောက်ရ။ ဒါနဲ့ပဲ နှစ်ယောက်သား ဆက်ထွက်လာပြန်ပေါ့။ သိပ်မကြာဘူး လူရိပ်မြင်လို့ အချက်ပြပြီး ပုန်းကြပြန်ရော..။

လာပြန်ပြီး နောက်ကရင်တယောက်။

ပထမတခါလိုပဲ ဖမ်းပြန် မေးပြန်.။

သူကဆင့် KNU နောက်တဖွဲ့နဲ့တွေ့ပြန်...။ ဒီတခါတော့မဆိုးဘူး...သူတို့က အကူညီပေးတယ်..။ ရှေ့ဆက် သွားရင် နွားလေးခိုရောက်မယ်။ ကင်းသမားကို စက်နဲ့လှမ်းပြောထားပေးမယ်လို့ ပြောတယ်..။ သူတို့က လှမ်းပြောထားပေးမယ်ပြောပေမယ့်လည်း ကိုယ်တွေကတော့ သတိနဲ့ သွားရတာပဲ..။ တချက်မှားရင် အသက်ထွက်သွားမှာကိုး..။

ဒီလိုနဲ့နောက်ဆုံးမှာ နွားလေးခိုကို အောင်မြင်စွာရောက်ရှိသွားသည်ပေါ့…

ကျနော်တို့နှစ်ယောက်ထဲ ဒီလမ်းကိုဖြတ်လာတာ KNU တွေက အံ့သြနေကြတယ်…။ သတ္တိရှိတယ်လို့များ တွေးနေကြမလာ..မိုက်ရှုးရဲတယ်လို့ တွေးနေကြမလားမသိ...။ ကျနော်တို့နှစ်ယောက် ဘေးမထိရန်မခဘဲ လိုရာပန်းတိုင်ရောက်လာရတာကိုပဲ ကျနော့်စိတ်ထဲမှာ ကျေနပ်နေမိတယ်..

ကျနော်တို့ နွားလေးခိုရောက်တော့ ကျနော်တို့အဖွဲ့တွေ တခြားနေရာရောက်နေလို့ မတွေ့ရ ဘူး။ နှစ်ရက်လောက်နေတော့မှ ဗိုလ်တနဲ့အတူ ပြန်ရောက်လာကြတယ်။ ကျနော်ကိုတွေ့တော့ ဗိုလ်တခင်ဗျာ သူ့စကားနားမထောင်ရကောင်းလာဆိုပြီး တဖျစ်တောက်တောက်နဲ့...။ သူ့စေတနာကို နားလည်ပေမဲ့ ကိုယ်တွေက သေနတ်ကိုင်ပြီး ပုန်းမနေနိုင်ဘူးလေ..

စိုးလွင်(၀မ်ခ) (၂၁၁)

ဂါမဏိ ● ငြိမ်းချမ်းရေးလား ... လာထား

$
0
0
ဂါမဏိ ● ငြိမ်းချမ်းရေးလား ... လာထား
၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၂ ၇ )
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၆

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဗဟိုကော်မတီ နဲ့ လုပ်ငန်းကော်မတီ ဆိုတာတွေကို မေလ ၃ ရက်နေ့က ဖွဲ့စည်းခဲ့ရာ မှာ နိုင်ငံရဲ့အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ ကာ-လုံအဖွဲ့ဝင် ၁၁ ယောက်ထဲက ၁၀ ယောက်တောင်ပါနေတာ တွေ့ရပါ တယ်။ ငြိမ်းချမ်းရေးထဲမပါတဲ့ကာ-လုံဆိုလို့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ဘဲ ကျန်ပါတယ်။ ဗမာပြည်မှာ အာဏာအကြီးဆုံး ကာ-လုံအနေနဲ့ ဘာလို့ ငြိမ်းချမ်းရေးကို တိုက်ရိုက်မလုပ်ဘဲ ဘာကော်မတီ ညာကော်မတီတွေ ဖွဲ့နေ ရတာလဲ။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဗဟိုကော်မတီ ၁၁ ယောက်မှာ ကာ-လုံ က ၉ ယောက်ပါနေပါပြီ။ ဒီတော့ ဒီကော်မတီတွေ ဟာ ပြစား လုပ်စားဖို့သက်သက် ဆိုတာ ရှင်းနေပါတယ်။

လုပ်စားတဲ့နေရာမှာ သြချလောက်တာတကွက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အောင်မြင်စွာအပစ်အခတ် ရပ်စဲရေးတွေ ဆွေးနွေးရယူနိုင်ခဲ့တယ်ဆိုတဲ့ မီးရထားဝန်ကြီးကို ဒုံးဝေးလှတဲ့နော်ဝေးနိုင်ငံက အထင်တကြီးခေါ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ အကူအညီလိုသလောက်ပေးမယ် ပြောတော့ ဝန်ကြီးမင်းက ထိုင်း-ဗမာနယ်စပ် ဒုက္ခသည် စခန်းတွေက ဒုက္ခသည် "၉ သိန်း"ပြည်တော်ပြန်နိုင်ဖို့ ပရိုပိုဇယ် တင်ခဲ့တာဘဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံးက ရိက္ခာစားစာရင်း၊ ဆေးနားစာရင်းတွေအရ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ စုစု ပေါင်း ၁ သိန်းခွဲကျော်လို့ စာရင်းကောက်ထားပေမဲ့ ဝန်ကြီးမင်းရထားအောင်မင်းကတော့ အိုင်ဒီပီမပါ၊ ရှမ်း (အက်စ် အက်စ်အေ-တောင်ပိုင်း) မပါ၊ ၉ သိန်းလို့ ရဲရဲဝံ့ဝံ့စာရင်းပေးပြီး ရဲရဲကြီးလုပ်စားဖို့ ကြံလိုက်တာဘဲ ဖြစ်ပါတယ်။ (တချိန် ကတော့ ဒုက္ခသည်ဆိုတာ မရှိဘူး၊ သူပုန်တွေက ဒုက္ခသည်အယောင်ဆောင်ပြီး စခန်းဖွင့်ထားတာဘဲရှိတယ် လို့လဲ နအဖတွေ ဇွတ်ပြောခဲ့ဖူးပါတယ်။)

၂၀၁၀ ခု နိုဝင်ဘာ ၇ ရက်မှာ ကန်တော့ပွဲပေးခဲ့ပြီး ၂၀၁၁ မတ်လ ၃၀ ရက်နေ့ကစပြခဲ့တဲ့ "ဒီမိုကရေစီလား လာထား"ဇာတ်ကားကြီးဟာ နာမယ်ကျော်ဒါရိုက်တာကြီး မိုက်ကြီးသန်းရွှေရဲ့ရိုက်ချက်တွေနဲ့ ပီပီပြင်ပြင်ပြသနိုင်ခဲ့လို့ ပြည်တွင်း ပြည်ပက လက်ခုပ်သံတဖြောင်းဖြောင်း အားပေးတာခံခဲ့ရပြီး အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုတောင်ရဖို့ တစ် ပေးခံခဲ့ရပါတယ်။

ဒီမိုကရေစီလား လာထား ဇာတ်ကားကြီးပေါက်သွားပြီးနောက်မှာ ငြိမ်းချမ်းရေးလား လာထား ဇာတ်ကားကြီးကိုလဲ သရုပ်ဆောင်အင်အားကောင်းကောင်း ပံ့ပိုးမှုကောင်းကောင်း ဆက်တင်ကောင်းကောင်းနဲ့ ဆက်ရိုက်ခဲ့လို့ ပရိသတ် တချို့ဆို ထိုင်တောင်ရှိခိုးမတတ်ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရုပ်ရှင်အဖွဲ့သားတချို့ရဲ့ အတွင်းရေးဖွင့်ချချက်ကြောင့် အတွင်းက နောက်ချီးခံထားတဲ့အကွက်တွေကို အခုလိုတွေ့လာရပါတယ်။

ဗမာပြည် နိုင်ငံရေးလှုပ်ရှားမှုရဲ့ ပင်မစစ်မြေပြင်လဲဖြစ်၊ အတိုက်အခံဒီမိုကရေစီအင်အားစု အားအကောင်းဆုံးနယ်မြေ လဲဖြစ်တဲ့ ရန်ကုန်တိုင်းကို တပ်မ ၇၇ နဲ့ စကခ (၄) တို့က လုံခြုံရေးတာဝန်ယူခဲ့တာ လူအတော်များများသိကြပါတယ်။ တပ်မ ၆၆ ကိုလဲ ကကကြည်းအရံအဖြစ် သတ်မှတ်ပြီး လူထုတိုက်ပွဲချေမှုန်းဖို့ အသင့်ထားခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၁ ခု နိုဝင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးပြီးတဲ့နောက် အတိုက်အခံတွေဘက်က ထိပ်တိုက်ရင်ဆိုင် လူထု တိုက်ပွဲဆင်မယ့်အလား အလာ အင်မတန်နည်းသွားတဲ့အတွက် တပ်မ ၇၇ ကို ကရင်ပြည်နယ်စစ်ဆင်ရေးအတွက် တာ ဝန်ပေး၊ ဖားအံခရိုင် လှိုင်းဘွဲ့၊ သင်္ဃန်းညီနောင်၊ ရှမ်းရွာသစ်တို့မှာ အခြေစိုက်ပြီး ကေအဲန်ယူတပ်မဟာ ၇ ကို ဦးတည် တိုက်ခိုင်းခဲ့သလို စကခ(၄)ကိုလဲ ဖာပွန်ခရိုင်မှာ ကေအဲန်ယူတပ်မဟာ ၅ ကို ဦးတည်တိုက်ခိုင်းခဲ့ပါတယ်။ တပ်မ ၆၆ ကလဲ တောင်ငူခရိုင်ကို ဝင်ထိုးပြီး ကေအဲန်ယူ တပ်မဟာ ၂ နဲ့ ၅ ကို ဦးတည်တိုက်ခဲ့ပါတယ်။

တကယ်တော့ စစ်အစိုးရဟာ ၁၉၉၂ ခု ဧပြီလ ၂၈ ရက်နေ့ကတည်းက "တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေ့ရှု"တယ်ဆိုပြီး ကရင်ပြည်နယ်စစ်ဆင်ရေးတွေ ရပ်ဆိုင်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တပ်မ ၁၁၊ တပ်မ ၃၃၊ တပ်မ ၄၄၊ တပ်မ ၈၈၊ တပ်မ ၁၀၁၊ စကခ(၂)၊ စကခ(၅)၊ စကခ(၆)၊ စကခ(၈)၊ စကခ(၉)၊ စကခ(၁၀)၊ စကခ(၁၂)၊ စကခ(၁၅)၊ စကခ(၁၆)၊ စကခ(၁၉)၊ စကခ(၂၀)၊ စကခ(၂၁) တို့ဟာ တပ်မတခုပြီးတခု အလဲ အလှယ်နဲ့ရော၊ တပြိုင်တည်း တပ်မ ၄-၅-၁၀ ခုလောက် ကရင်ပြည်တခုလုံးကိုဖြန့်ပြီးတော့ရော တောက်လျှောက်မရပ် မနားထိုးခဲ့ကြပါတယ်။ အရံထားတဲ့ တပ်မ ၇၇ နဲ့ စကခ(၄)တောင် တခါတလေပါခဲ့ပါသေးတယ်။ ရလဒ်ကတော့ ဗမာစစ်တပ်တွေထဲ အကျိုးအပြတ်တွေ မုဆိုးမတွေများလာပြီး ကရင်ပြည်စစ်ဆင်ရေးသွားရမယ် သတင်းကြားရင် ဗမာ စစ်သားအခြားအဆင့်တွေ အရာရှိတွေ အကြီးအကျယ်စိတ်ဓာတ်ကျဆင်းတာတွေဖြစ်၊ ဘိုးတော်တွေပင့် ယတြာချေ၊ တပ်ပြေးတွေလဲ ထောင်းလမောင်းထလာပါတော့တယ်။

အဲဒီကာလတွေတုံးက ကချင်ပြည်နဲ့ရှမ်းပြည်မှာ "ငြိမ်းချမ်းရေး"လုပ်ထားတဲ့အတွက် အဲဒီပြည်နယ်တွေက ဗန်းမော် အခြေစိုက် စကခ (၂၁)၊ မိုင်းနောင်အခြေစိုက် စကခ(၂) နဲ့ သိန္နီအခြေစိုက် စကခ(၁၆) တို့ ကရင်ပြည်ကိုလာတိုက် ခဲ့ကြပါတယ်။ အခု ကရင်ပြည်မှာ အပစ်အခတ်ရပ်စဲလိုက်တော့ တပ်မ ၇၇ ကို ကချင်ပြည်ထဲသွင်းပြီး ကေအိုင်အေကို ထိုး ခိုင်းနေပါပြီ။

၂၀၁၁ ခု ဒီဇင်ဘာ ၁၀ ရက်တုံးကတော့ ကချင်ပြည်စစ်ဆင်ရေးတွေ ရပ်ဖို့ သမတဆိုသူကြီးက အမိန့်ပေးခဲ့တယ် ပြော ပါတယ်။ ဒီလိုနဲ့ဘဲ ဗမာပြည်မ ကတက်လာတဲ့ တပ်မ ၇၇၊ တပ်မ ၈၈၊ တပ်မ ၉၉၊ ကချင်ပြည်မှာ လာအခြေစိုက်ထား တဲ့ စကခ(၃)၊ စကခ (၂၁)၊ ရှမ်းပြည်မြောက်ပိုင်းမှာ လာအခြေစိုက်ထားတဲ့ စကခ(၁)၊ စကခ (၁၆) ဆိုတဲ့တပ်မတွေ အပြင် မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အနောက်မြောက်တိုင်းကတပ်တွေဟာ ကိုယ့်နယ်မြေထဲကိုယ်နေတဲ့ ကချင်တိုင်းရင်းသားတပ်တွေကို ဝိုင်းအုံကိုက်ခဲနေကြပါတော့တယ်။

အခု ကချင်ကိုထိုးဖို့ တပ်အင်အားတွေ ဖြည့်ရာမှာလဲ ထွက်မပြေးနိုင်အောင် သင်္ဘောနဲ့ဘဲ ခိုးကြောင်ခိုးဝှက်နဲ့ ဗန်းမော် ကို တိုက်ရိုက်ပို့နေရပါတယ်။ ရထားနဲ့ ကားနဲ့ပို့ရင် ရပ်တဲ့နေရာမှာ သေနတ်ထားပြီး ပြေးကုန်ကြလို့ပါ။ အင်မတန်အထိ နာနေတဲ့ တပ်မ ၈၈ ခမြာလဲ တိုက်ပွဲရှုံးရကောင်းလားဆိုပြီး အပြစ်ပေးတဲ့အနေနဲ့ နောက်တန်းပြန်နားခွင့် မပေးဘဲထား လို့ ရဲဘော်တွေ ပိုမိုထိခိုက်ကျဆုံးရသလို ရှုံးမဲမဲတဲ့တပ်တွေက ကချင်လူထုတွေအပေါ် လူ့အခွင့်အရေးဖောက်ဖျက်မှု တွေ ပိုပြီးအနာတကျည်း ကျူးလွန်လာကြပါတယ်။ မကြာခင်ကလေးက တခြားတိုက်ပွဲတွေအတွင်းမှာလဲ ခမရ ၃၈၆ နဲ့ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းမှူးတယောက် ကျသွားခဲ့ပါတယ်။

မြန်မာပြည်သူတရပ်လုံးရဲ့ လူထုတိုက်ပွဲကြောင့် မြစ်ဆုံရေကာတာစီမံကိန်း ရပ်သွားသလို ကချင်ပြည်သူ့စစ်ပွဲကြောင့် ဧရာဝတီရေကာတာစီမံကိန်း စုစုပေါင်း ၇ ခုအနက်က ဒုတိယဖြစ်တဲ့ ချီဗွေရေကာတာစီမံကိန်းလဲ လန့်ဖြန့်ပြီး နားသွား ပြီဖြစ်ပါတယ်။ ဒါကြောင့် တရုတ်အရင်းရှင်ကြီးတွေဆီက စားထားဝါးထားတဲ့၊ စားဖို့ဝါးဖို့ရှိတဲ့ အငြိမ်းစား အငြိမ်းမစား စစ်ဗိုလ်ချုပ်တွေဟာ ရဲဘော်တွေ သေမှာကြေမှာ ကျိုးမှာပြတ်မှာကို ခေါင်းထဲမထည့်ဘဲ ကချင်ချေမှုန်းရေးကို အတင်း တွန်းနေတာဖြစ်ပါတယ်။ မတ်လလယ်က မိတ္ထီလာမှာ အမြောက်တပ်၊ တင့်ကားတပ်၊ ခြေလျင်တပ်တွေ ပူးတွဲပြီး စစ်လေ့ကျင့်ခန်း လုပ်ခဲ့ရာမှာ ကချင်ပြည်စစ်မြေပြင်ကို အတုဖန်တီးပြီး လေ့ကျင့်တာ ၃ ခန်းလောက်ပါခဲ့ပါတယ်။ ရယ် စရာကောင်းတာက ကချင်"သောင်းကျန်းသူ"တွေ၊ ဝ တွေဟာ တရုတ်သြဇာခံ ပရော့ဆီတွေပါလို့ တရုတ်နဲ့အတင်း ပေးစားပြီး တရုတ်ဝိုင်းပတ်ရေး ရူးနေတဲ့ အမေရိကန်ဆီက စစ်ရေး နိုင်ငံရေးအကူညီလေးများ ရမလားလို့ အမေရိကန်ကိုမျက်ရည်ခံထိုးနေတာ ဖြစ်ပါတယ်။

အငြိမ်းစားဗိုလ်မှူးကြီးတယောက် သုံးသပ်တာကတော့ ကချင်စစ်ပွဲတလျှောက်လုံး အရှက်တကွဲအကျိုးနည်းဖြစ်နေတဲ့ ဗမာ့တပ်မတော်ဟာ လောက်လောက်လားလား ဆုပ်ဆုပ်ကိုင်ကိုင်ပြစရာ အောင်ပွဲလေးတခု ရအောင်လုပ်ဖို့ အရေး တကြီးလိုနေတယ်၊ အဲသလို ပြစရာလေးတခုရပြီးမှ "သဘောထားကြီးလေသူ မဟာကရုဏာရှင်ကြီးရယ်လို့"ကမ္ဘာနဲ့ မြန်မာကိုပြပြီး ငြိမ်းချမ်းရေးနိုဘယ်ဆုပေးချင်စိတ်ပေါ်လောက်အောင် အပစ်အခတ်အတင်းရပ်စဲပေးလိမ့်မယ်လို့ သုံး သပ်ပြပါတယ်။ တနိုင်ငံလုံးအနှံ့ မြေတွေယာတွေ ဂဒီးဂဒီး လိုက်သိမ်းခဲ့တဲ့၊ လက်ရှိလဲလိုက်သိမ်းနေဆဲဖြစ်တဲ့ မြေ ခရေးဇီးစစ်တပ်ဟာ ကချင့်လက်ထဲက အရေးကြီးစခန်း သို့မဟုတ် ကုန်း လိုမြေနေရာတခုရပြီးရင် ရဲရဲကြီး 'ငြိမ်းချမ်း'ပြပါလိမ့်မယ်လို့ အဲဒီအဘကြီးက သုံးသပ်ပါတယ်။

ကချင်ကိုထိုးဖို့အတွက် ဆင်ခြေဆင်လက်ပေးတဲ့အနေနဲ့ ကချင်တပ်တွေ ဗုံးခွဲတယ်၊ လူသတ်တယ်၊ ကလေးစစ်သား ကောက်တယ်၊ တံတားချိုးတယ်၊ ဖွံ့ဖြိုးရေးတွေ ဖျက်ဆီးတယ်၊ တိုင်းရင်းသားနယ်ခြားစောင့်တပ်ကိုတိုက်တယ် စသဖြင့် စသဖြင့် အာဘော်ဖန်တီး ဝါဒဖြန့်တာကိုလဲ အကြီးအကျယ်လုပ်နေပါတယ်။ တကယ်တော့ ပန်ဝါကိစ္စမှာ အထူးဒေသ-၁ NDA-K တဖြစ်လဲနယ်ခြားစောင့်တပ် သုံးရင်းရှိတဲ့အနက် တရင်းက ကေအိုင်အေကို ဖိတ်ခေါ် ပူးပေါင်း သွား၊ တရင်းကတော့ စစ်အစိုးရရဲ့ ရုရှားရဟတ်ယာဉ်တွေက မှားပြီးပစ်လို့ သေတဲ့လူသေ မသေတဲ့လူလဲ စိတ်ဓာတ် ကျကြောက်လန့်ပြီး ပြေးကုန်ကြလို့ တပ်ပျက်သွား၊ ဒါကြောင့် ကချင် အထူးဒေသ-၁ မှာ တင်ယိန်းရဲ့လက်ရင်း နယ် ခြားစောင့်တပ် ၁၀၀၃ တရင်းဘဲကျန်နေပြီး နအဖစစ်ဗျူဟာတခုနဲ့ နအဖတပ်တွေကိုယ်တိုင် လာထိုင်ပေးထားရပါ တော့တယ်။

ဒါ့အပြင် ပန်ဝါတိုက်ပွဲမှာ ကေအိုင်အေ ၂၉ ယောက်သေတယ်လို့ စစ်အစိုးရကကြေညာပေမဲ့ တကယ်တော့ ၈ ယောက် ဘဲကျခဲ့တာဖြစ်ပြီး ကျန်တာတွေက ရုရှားရဟတ်ယာဉ်တွေ မှားပစ်လို့သေတဲ့ နယ်ခြားစောင့်တပ်သားတွေ ဖြစ်ပုံရပါ တယ်။ ဒီနယ်ခြားစောင့်တပ်တွေကို ကေအိုင်အေယူနီဖောင်းတွေ ဝတ်ခိုင်းထားတာကလဲ စဉ်းစားစရာပါဘဲ။ အခုလို မှားသလိုလိုနဲ့ ရဟတ်ယာဉ်နဲ့ဆော်ဖို့ ကြိုတင်အစီအစဉ်ဆွဲထားတာလား။

ကိုးကန့်မှာရှိတဲ့ တရင်းတည်းသောနယ်ခြားစောင့်တပ်ရင်း ၁၀၀၆ မှာလဲ ပုန်ကန်မှုဖြစ်ပြီး စစ်အစိုးရသြဇာခံ ကိုးကန့် ခေါင်းဆောင် ပိုင်စောက်ချိန်ကို ပြန်လုပ်ကြံတာတွေဖြစ်လို့ တပ်ပျက်သလောက်ဖြစ်သွားတဲ့အတွက် နယ်ခြားစောင့် တပ် လက်မခံတဲ့ ဖုန်ကြားရှင်းရဲ့ပျောက်ကျားတပ်တွေကို အပစ်အခတ်ရပ်စဲထားတဲ့ချင်းပြည်ကလာတဲ့ စကခ(၁၀) တပ်မတစ်မက ရင်ဆိုင် တိုက်ခိုက်နေရရှာပါတယ်။

ကယားပြည်မှာရှိတဲ့ ကလလတတဖြစ်လဲနယ်ခြားစောင့်တပ်ရင်း ၁၀၀၄ နဲ့ ၁၀၀၅ မှာတော့ တွဲဖက်မြှုပ်နှံထားတဲ့ နအဖ စစ်သားနဲ့အရာရှိတွေဟာ လခဘဲထုတ်စားပြီး တပ်ကိုတယောက်မှမလာတော့တဲ့အတွက် လက်တွေ့မှာ ဒီနယ်ခြား စောင့်တပ်တွေဟာ တိုင်းရင်းသားသီးသန့်တပ်တွေ ပြန်ဖြစ်သွားပြီး ဒကစ သို့မဟုတ် ကကကြည်းရဲ့အမိန့်သြဇာ မသက်ရောက်တော့ပါဘူး။

ကရင်ပြည်မှာ နယ်ခြားစောင့်တပ်ရင်း ၁၃ ရင်းဖွဲ့ခဲ့တဲ့အထဲက အနည်းဆုံး ၅ ရင်းလောက်ဟာ ဒီကေဘီအေ အဖြစ် ပြန် လည်ခံယူပြီး ကျန်တဲ့တပ်ရင်းတွေမှာလဲ ကေအဲန်ယူဘက် ကူးပြောင်းအလင်းဝင်သူ၊ ဒီကေဘီအေဘက် ကူးပြောင်း အလင်းဝင်သူတွေများလို့ အင်အားမပြည့်တော့တာတွေ ဖြစ်နေတဲ့အတွက် တပ်,မရှိတဲ့ ဖဒိုအောင်ဆန်းအဖွဲ့သားတွေ ကို နယ်ခြားစောင့်တပ် အတင်းလုပ်ခိုင်း စစ်သားကောက်ခိုင်းနေရပါတယ်။ ဒါ့အပြင် ယိုးဒယားမှာ အလုပ်လုပ်ဖို့ ထွက် လာတဲ့၊ ကရင်စကားတလုံးမှမတတ်တဲ့ ဗမာပြည်အလယ်ပိုင်းက အညာသားတွေ၊ ဘူးသီးတောင်-မောင်းတောဘက် က ဘင်္ဂါလီတွေကိုလဲ အမျိုးမျိုးဆွဲဆောင်ပြီး ကရင်နယ်ခြားစောင့်တပ်ထဲ သွင်းနေရပါတယ်။

၂၀၁၀ ခုနှစ်တုံးက နယ်ခြားစောင့်တပ်ကိစ္စကြောင့် UWSA ဝ အဖွဲ့နဲ့ တင်းမာခဲ့ချိန်မှာ အင်အား ၄ သောင်းရှိတဲ့ ဝ တပ် တွေဟာ ရက်ပိုင်းအတွင်း အင်အား ၁ သိန်းဖြစ်အောင် mobilization လုပ်ပြလိုက်ပြီး စစ်သင်တန်းတွေ ဒလကြမ်း ပေးနေလို့ နအဖတွေ အမြီးကုတ်သွားခဲ့ပါတယ်။

စုငွေကိစ္စ၊ ဦးပိုင်ထည့်ဝင်ငွေကိစ္စတွေကြောင့် မကျေမလည်ဖြစ်ထားတဲ့ တပ်မ ၇၇၊ ပင်စင်တောင်မရလိုက်ဘဲ ဖြုတ် ထုတ်အုပ်ခံလိုက်ရတဲ့ နအဖ တွင်း-၃ ဗိုလ်ချုပ်ဝင်းမြင့်ရဲ့ တပ်မ ၇၇ ကို "ငြိမ်းချမ်းရေးရသွားတဲ့"ရန်ကုန်တိုင်း လူထု တိုက်ပွဲကွင်းကနေ အရှေ့တောင်တိုင်း ကရင်စစ်မြေပြင်၊ အဲဒီမှာ "ငြိမ်းချမ်းရေး"ရသွားပြန်တော့ မြောက်ပိုင်းတိုင်း ကချင်စစ်မြေပြင်ကို အဆင့်ဆင့်ရွှေ့တိုက်ခိုင်းပြီး "ငြိမ်းချမ်းရေးလား လာထား"ဇာတ်ကားကြီးရိုက်မယ့် ဗမာ့တပ်မ တော် ရှေ့ထွက်နောက်ထွက်ခေါင်းဆောင်တွေရဲ့ အော့နှလုံးနာစရာလက်ရာကို ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက် ရှုစားကြပါကုန်။
 

ဂါမဏိ
(၂၀၁၂)

မိုးထဲရေထဲက တာရာမင်းဝေ အမှတ်တရ အခမ်းအနား လူစည်ကား

$
0
0
တာရာမင်းဝေ ၏ အကို ဖြစ်သူ နှင့် မိခင်ကြီး / ဓာတ်ပုံ - ဌေးအောင် (မိုးမခ)
 မိုးထဲရေထဲက တာရာမင်းဝေ အမှတ်တရ အခမ်းအနား လူစည်ကား
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၆

ရွှေဘုန်းလူ (ခ) စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း (၉) နှစ်ပြည့် အထိမ်းအမှတ် အောက်မေ့ဖွယ် အခမ်းအနားနှင့် ၂၀၀၇ ရွှေဝါရောင် သံဃာတော်များအား ၀ါဆိုသင်္ဏန်းကပ်လှူပူဇော်ပွဲအား ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ်၊ အနောက် ကျိုက်က္က ဆံရပ်ကွက် မဂ္ဂင်ကျောင်းတိုက်တွင် မိသားစုက ယနေ့ (၆.၈.၂၀၁၆) နေ့  နံနက်(၉း၀၀)နာရီ ကနေ နေ့လည် (၀၂း၀၀) နာရီအထိ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နာယက သူရဦးတင်ဦး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦမြအေး အပါအ၀င် ၈၈ မျိုးဆက် ရွှေဘုန်းလူ၏ နိုင်ငံရေး ရဲဘော်ရဲဘက်များ၊ အကျဉ်းထောင် အတွင်း အတူ နေထိုင်ခဲ့သည့် မိတ်ဆွေများ နှင့် စာရေးဆရာ ကဗျာဆရာ တာရာမင်းဝေ အား လေးစားချစ်ခင်သော ဧည့်ပရိတ်သတ် ၃၀၀ခန့် တက်ရောက်ခဲ့ပြီး အမှတ်တရစကားပြောကြားခြင်းနှင့် ရွှေဘုန်းလူ ၏ ကျောင်းသား နိုင်ငံရေးကဗျာများရွတ်ဆိုခြင်၊ ရွှေဘုန်းလူ ရေးစပ်ခဲ့သည့် သီချင်းများ ဆိုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံများ - ဌေးအောင် (မိုးမခ)


မျိုးဆက်သစ် တက္ကသိုလ် ကျောင်းသား လူငယ်များက ရွှေဘုန်းလူ၏ ကျောင်းဖွင့်ချိန် ကဗျာ အမှတ်တရ ရွတ်ဆို / ဓာတ်ပုံ - ဌေးအောင် (မိုးမခ)

တာရာမင်းဝေ မိသားစုက ရွှေဝါရောင် သံဃာတော်များအား ၀ါဆိုသင်္ဏန်းကပ်လှူ / ဓာတ်ပုံ - ဌေးအောင် (မိုးမခ)

NLD နယကကြီး ဦးတင်ဦး တက်ရောက် / ဓာတ်ပုံ - ဌေးအောင် (မိုးမခ)

သင်္ဃန်းကျွန်း မဂ္ဂင်ကျောင်းတိုက် / ဓာတ်ပုံ- ဌေးအောင် (မိုးမခ)

မျိုးဆက်သစ် ကျောင်းသားလူငယ်များလည်း တက်ရောက်၊ တာရာမင်းဝေ ကဗျာ ရွတ်ခဲ့ / ဓာတ်ပုံ - ဌေးအောင် (မိုးမခ)

နေ့ခင်းပိုင်းမှာ ပြုလုပ်သည့် ရွှဘုန်းလူ အမှတ်တရ စကားဝိုင်း အဖွင့်တွင် အစ်ကိုဖြစ်သူ ကိုအောင်ဒင် က အမှတ်တရ စကားပြောကြားပြီး ကဗျာ ရွတ်ဆိုခဲ့ / ဓာတ်ပုံ - ဌေးအောင် (မိုးမခ)

၈၈ မျိုးဆက် ကိုမင်းကိုနိုင်က အမှတ်တရ စကားပြောကြားပြီး တာရာမင်းဝေ ဈာပနမှာ ရွတ်ဆိုခဲ့သည့် သူ၏ အမှတ်တရကိုပ်ပိုင်ကဗျာကို ပြန်လည်ရွတ်ဆို။ / ဓာတ်ပုံ - ဌေးအောင် (မိုးမခ)

၈၈ မျိုးဆက် ကိုကိုကြီးက အမှတ်တရ စကား ပြောကြား / ဓာတ်ပုံ - ဌေးအောင် (မိုးမခ)

တက်ရောက်လာကြသူများနှင့် မီဒီယာများ / ဓာတ်ပုံ - ဌေးအောင် (မိုးမခ)


Moemaka Media
Website: http://moemaka.com/
English Section: http://eng.moemaka.net/
Blog: http://blog.moemaka.com/
Facebook: https://web.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka

Email : editors@moemaka.net
Phone: +95 (0) 9 252 249 094 ; (0) 9 421 743 753 ; (0) 9 504 10 58

‪#‎MoeMaKa_Media_Magazine‬

မိုးမခ၏ 'တာရာမင်းဝေ အမှတ်တရ စာစုများ'ဝန်ဇင်းတွင် ရပြီ

$
0
0




မိုးမခ၏ 'တာရာမင်းဝေ အမှတ်တရ စာစုများ'ဝန်ဇင်းတွင် ရပြီ
(မိုးမခ) သြဂုတ် ၆၊ ၂၀၁၆

မိုးမခ က ထုတ်ဝေဖြန့်ချိခဲ့သည့် 'တာရာမင်းဝေ အမှတ်တရ စာစုများ'စာအုပ်ကို Wun Zinn Mobile App တွင် E-book အဖြစ် ဒုတိယအကြိမ် ဖြန့်ချိလိုက်ပါသည်။ တအုပ် ၈၀၀ ကျပ်ဖြင့် ဝယ်ယူသိမ်းဆည်းနိုင်ပါပြီ။




စာအုပ်အမည် - 'တာရာမင်းဝေ အမှတ်တရ စာစုများ'

စီစဉ်သူ - အောင်ဒင်

ထုတ်ဝေ ဖြန့်ချိ - မိုးမခ မီဒီယာ [www.moemaka.com]

မျက်နှာဖုံးနှင့် ကျောဖုံး ဒီဇိုင်း - ပန်းချီသန်းဌေးမောင်

အတွင်းပန်းချီကားများ ထိန်လင်း [www.hteinlin.com] ၊ မုတ်သုန်၊ မောင်နိုး၊ ဘိုဘိုထွန်း

ပထမ အကြိမ် ဖြန့် ချိ ခုနှစ် - ၂၀၀၉ သြဂုတ်





အမှတ်တရစာစုများပါ ကလောင်ရှင်များ (စာမျက်နှာပါ အစီအစဉ်အတိုင်း)
အောင်ဒင်၊ ရွှေဘုန်းလူ၊ တာရာမင်းဝေ၊ မင်းကိုနိုင်၊ ခေလွန်း၊ ကိုဖြိုး၊ မိုးလှိုင်ည၊ ညိမ်းညို၊ ပန်ဒိုရာ၊ စမ်းစမ်းတင်၊ နွေဆူးလင်္ကာ၊ ထိုက်သူနိုင်၊ မောင်အိုး၊ အောင်ဝေး၊ နေဘုန်းလတ်၊ ထင်မင်းမင်းလတ်၊ ခက်မာ၊ ဘိုကြည်၊ စိုးထက်ခိုင်၊ မေငြိမ်း၊ မင်းဇင်၊ မြင့်စိုး၊ ပန်းချီ ထိန်လင်း၊ မင်းလွင်၊ မောင်စွမ်းရည်၊ မောင်ရစ်


ဝန်ဇင်း ရယူရန် --

Wun Zinn Android App:

http://bit.ly/wzfbpage

Wun Zinn iOS App:

http://bit.ly/wziosfbpage

မိုဘိုင်းဖုန်း၌ ဝန်ဇင်းကို အသုံးပြုဝယ်ယူရာတွင် အခက်အခဲ ရှိပါက ဝန်ဇင်းဖုန်း ၀၉ ၂၅၂ ၅၄၅ ၇၅၃ နှင့် Facebook Page: https://web.facebook.com/wunzinn/?fref=tsတို့ကို ဆက်သွယ် အကူအညီတောင်းနိုင်ပါသည်။







Moemaka Media

Website: http://moemaka.com/

English Section: http://eng.moemaka.net/

Blog: http://blog.moemaka.com/

Facebook: https://web.facebook.com/MoeMaKaNews/

Twitter: https://twitter.com/moemaka

YouTube: https://www.youtube.com/user/moemaka

Email : editors@moemaka.net

Phone: +95 (0) 9 252 249 094 ; (0) 9 421 743 753 ; (0) 9 504 10 58

#‎MoeMaKa_Media_Magazine‬

ကာတွန်း Joker - ပြိုင်တူစွန့်လျင် ဖြစ်နိုင်ပါသည်

$
0
0

ကာတွန်း Joker - ပြိုင်တူစွန့်လျင် ဖြစ်နိုင်ပါသည်
(မိုးမခ) သြဂုတ် ၇၊ ၂၀၁၆

အိချယ်ရီအောင် (Myanmar NOW) - မျက်ကွယ်ပြုခံနေရသည့် မိသားစုအတွင်း အကြမ်းဖက်ခြင်း

$
0
0



အိချယ်ရီအောင် (Myanmar NOW) - မျက်ကွယ်ပြုခံနေရသည့် မိသားစုအတွင်း အကြမ်းဖက်ခြင်း
(Myanmar NOW) မိုးမခ၊ သြဂုတ် ၇၊ ၂၀၁၆


မိသားစုအတွင်း အကြမ်းဖက်ခံရသည့် အမျိုးသမီးများစွာရှိသော်လည်း အနည်းငယ်ကသာ ဥပဒေ၏အကာအကွယ်ကို ယူကြသည်

ရန်ကုန် (Myanmar Now) ရန်ကုန်မြို့လယ်တွင်နေထိုင်သည့် ၃၅ နှစ် အရွယ် မသန်းသန်းဝင်း (အမည်လွှဲ)သည် အိမ်ထောင်ဖက်၏ နှိပ်စက်ခြင်းကို ၉ နှစ်ကြာ ခံခဲ့ရသည်။ နှိပ်စက်မှုများထဲတွင် မျက်နှာ၊ ဦးခေါင်း၊ ရင်ဘတ်၊ ကျောကုန်း စသည့်နေရာများကို ဆောင့်ကန်ခြင်း၊ နီးစပ်ရာ အရာဝတ္ထုဖြင့် ကောက်ပေါက်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်းတို့ ပါဝင်သည်။

အိမ်ထောင်သက်ကြာလာလျှင် ညှဉ်းပန်းခံရမှု တဖြည်းဖြည်း လျော့နည်းသွားနိုင်သည်ဟူသော သူ၏ မျှော်လင့်ချက်မှာလည်း လက်တွေ့ ဖြစ်မလာပေ။

“ကျွန်မကို ပြေးပြေးကန်တာ ဘောလုံးတစ်လုံးလိုပဲ။ လူရှေ့သူရှေ့၊ နေရာဒေသ မရွေးဘူး၊ သူစိတ်ဆိုးတာနဲ့ ကျွန်မကို ရိုက်နှက်တော့တာပဲ။ ရဲတိုင်ရင် ကလေးတွေကိုပါနှိပ်စက်မယ်လို့ ပြောပါတယ်” ဟု ကျောင်းနေအရွယ် ကလေး ၃ ယောက်၏မိခင် မသန်းသန်းဝင်းက ပါးပြင်မှ မျက်ရည်စများကို သုတ်ရင်း ရှင်းပြသည်။

အိမ်ထောင်ကျစဉ်က မသန်းသန်းဝင်း၏ မိဘများက သဘောမတူသောကြောင့် စိတ်နာပြီး နှစ်ပေါင်းများစွာ နှိပ်စက်ခဲ့သည်ဟူသော ခင်ပွန်းသည်၏ အခြေအနေက လွန်ခဲ့သည် ၃ လ အတွင်း ပိုဆိုးလာသည်။ ခင်ပွန်းသည်က ဓားတစ်ချောင်းကို သွေး၍ “ဒီဓားနဲ့ နင့်ကိုသတ်မှာ” ဟု ပြောဆိုခဲ့သဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မသန်းသန်းဝင်းက ဆိုသည်။

မိသားစုအတွင်း အကြမ်းဖက်နှိပ်စက်မှုဒဏ်ကို ကြုံတွေ့နေရသော အမျိုးသမီးအများအပြားသည် မသန်းသန်းဝင်း ကဲ့သို့ပင် အမှုဖွင့်တိုင်ကြားလေ့ မရှိကြောင်း ကာယကံရှင်များ၊ အရပ်ဖက် အဖွဲ့အစည်းများက ပြောသည်။

အမျိုးသမီး အများအပြားသည် ဝင်ငွေမရှိခြင်း အိမ်ထောင်ကွဲလျှင် တစ်လင်ကွာဟု ကဲ့ရဲ့ပြစ်တင်ခံရနိုင်ခြင်း၊ ကလေးများ စိတ်ဒဏ်ရာရခြင်း၊ တို့ကြောင့် သည်းခံ အလျှော့ပေးတတ်ကြသည်ဟု ၎င်းတို့က ဆိုသည်။

ပညာပေးခြင်း
ဇူလိုင် ၁၃ နံနက်ပိုင်း ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ ဒေါ်စုစုလှိုင်က အိပ်ပျော်နေသူ ခင်ပွန်းသည်၏ ဦးခေါင်းကို ရဲတင်းဖြင့်ခုတ်ပြီးနောက် ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့သည် ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဒေါ်စုစုလှိုင်တို့ဇနီးမောင်နှံသည် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့မှ ပြောင်းရွှေ့လာကြသည်မှာ ၂ လ နီးပါး ရှိပြီဖြစ်သည်။

ခင်ပွန်းသည်က သူ့ကို နှိပ်စက်ကြောင်း၊ ကိုယ်ဝန်ရှိသဖြင့် ဗိုက်ကို မကန်ရန် ဒေါ်စုစုလှိုင် တောင်းပန်သည့်အသံ ညတိုင်း ကြားရကြောင်း အိမ်နီးချင်းတို့က ပြောသည်။

“ရိုက်တာ မခံနိုင်လွန်းလို့မိန်းမက အိမ်ပေါ်ကဆင်းပြေးတဲ့အဖြစ်မျိုးတောင်ရှိခဲ့ဖူးပါတယ်” ဟု ၎င်းတို့အိမ်ရှေ့တွင် နေထိုင်သည့် ဒေါ်စိုးစိုးအေးက ပြောသည်။

ခင်ပွန်းသည်က ထွက်ပြေးသည့် ဒေါ်စုစုလှိုင်ကို ဆံပင်ဆွဲ၍ အိမ်ထဲပြန်ခေါ်သွားသည်ကို မြင်တွေ့ဖူးကြောင်း သူက ဆက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် ကွန်ရက်တစ်ခုဖြစ်သည့် Irrawaddy Women’s Network မှ ဒုတာဝန်ခံ မသီတာမြင့်က ခင်ပွန်းသည်ကို အိမ်ဦးနတ်အဖြစ် သဘောထားနေကြခြင်းမှာ မိသားစုအတွင်း အကြမ်းဖက်ခြင်းကို အားပေးရာရောက်သည့် အချက်တစ်ခုဖြစ်သည်ဟု သုံးသပ်သည်။

၎င်းတို့၏ ကွန်ရက်သည် အိမ်တွင်း အကြမ်းဖက်ခြင်းနှင့် ပတ်သက်၍ ရွာပေါင်း ၃ဝ တွင် လိုက်လံ၍ ပညာပေး ဟောပြောပြီးဖြစ်သည်။

နိုင့်ထက်စီးနင်းပြုခြင်း ပြုလာပါက ခေါင်းငုံ့မခံသင့်ကြောင်း၊ တိုင်ကြားနိုင်သည့် ဥပဒေများရှိကြောင်း ဟောပြောခြင်းကို အထင်လွဲသူများ ရှိနေကြောင်း မသီတာမြင့်က ပြောသည်။

“လင်မယားတွေကြားမှာ ရန်တိုက်ပေးနေတာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

အမျိုးသမီးအများစုသည် အိမ်တွင်းအကြမ်းဖက်ခံရခြင်းကို ထုတ်ဖော်ပြောကြားခြင်း မပြုဘဲ ဖြစ်လေ့ရှိသည့် အိမ်တွင်းရေးပြဿနာအဖြစ်သာ သဘောထားနေသည်ကို လေ့လာတွေ့ရှိရကြောင်း သူကပြောသည်။

နာမည်ကျော် စာရေးဆရာမကြီး စမ်းစမ်းနွဲ့ (သာယာဝတီ) က အိမ်တွင်းအကြမ်းဖက်မှု လျော့နည်းလာစေရန်အတွက် တရားဥပဒေစိုးမိုးရေးက အဓိကကျကြောင်း ပြောသည်။

အမျိုးသမီးများ ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများကို သူ၏ ဝတ္ထုများတွင် ထည့်သွင်းရေးသားခဲ့သည်။

အမျိုးသမီးများ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းရဲသည့် သတ္တိ ပေါ်ပေါက်လာစေရန် အတွက်လည်း တွန်းအားပေးသင့်ကြောင်း၊ ဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း စသည့် အသိပညာပေးရေးလုပ်ငန်းများကို အကြိမ်ကြိမ် ပြုလုပ်သင့်ကြောင်း၊ အသိပညာ ဗဟုသုတကြွယ်ဝစေရန် အတွက်လည်း အမျိုးသမီးများသာမက အမျိုးသားများအနေဖြင့်လည်း စာများများဖတ်ရန်လိုအပ်ကြောင်းပြောသည်။

တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်း၍ရသည်ကိုပင် နားလည်သူနည်းပါးကြောင်း၊ ရဲတပ်ဖွဲ့ကလည်း တိုင်ကြားချက် ရှိလာလျှင် ထိထိရောက်ရောက် ကိုင်တွယ်သင့်ကြောင်း သူကပြောသည်။

“ဖြစ်ပြီးမှဖြေရှင်းတာထက် မဖြစ်ခင်ကြိုတင်ကာကွယ်တဲ့ နည်းလမ်းကအကောင်းဆုံးပါပဲ” ဟု သူက ဆိုသည်။

ကျောက်တံတားမြို့နယ်ရှိ ရဲအုပ်ဇော်ဝင်းနိုင်က အိမ်ထောင်ဖက်ကို တုတ်၊ ဓားသုံးပြီး တိုက်ခိုက်ခြင်းမှာ လွန်စွာ ဆိုးဝါးသည့် အပြုအမူဖြစ်သည်ဟု ပြောသည်။

စခန်းသို့ လာရောက်တိုင်တန်းမှုရှိပါက နှစ်ဖက်မိဘဆွေမျိုး၊ ရပ်မိရပ်ဖ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ဦးစွာ ညှိနှိုင်း ဖြေရှင်းခိုင်းကြောင်း၊ ထိုအဆင့် မအောင်မြင်မှ အမှုဖွင့်ခြင်းကို လက်ခံ ဆောင်ရွက်ပေးကြောင်း ပြောသည်။

တိုင်ကြားသူ၏ လုံခြုံရေး
ရန်ကုန်၊ ဒလမြို့ နယ်မှ ဒေါ်အေးသန္တာက ၎င်း၏ ခင်ပွန်းသည် ဦးတင်မောင်ဝင်း (ခေါ်) ဦးထွန်းရွှေကို ညှဉ်းပန်းနှိပ်စက်မှုဖြင့် တရားစွဲခဲ့သည်။ ဇူလိုင် ၅ ရက်နေ့ တရားရုံးချိန်းမှ အပြန်တွင် ဦးတင်မောင်ဝင်းက လည်ပင်းကို ဓားဖြင့်ထိုးသဖြင့် ဒေါ်အေးသန္တာသေဆုံးသွားကြောင်း မြို့ နယ်ရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အိမ်ထောင်ဘက်များကြား အမှုဖွင့်ထားပါက တိုင်ကြားသူ၏ အသက်အန္တရာယ် ထိခိုက်မှု မရှိစေရန် အမျိုးသားကို ၎င်း၏ ဇနီးသည် ရှိတတ်သည့် နေရာများသို့ သွားလာခွင့် ပိတ်ပင်သင့်ကြောင်း ရန်ကုန် ၊ မြောက်ဥက္ကလာပ မြို့နယ်မှ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မဝင်းဝင်းခိုင်က ပြောသည်။

“မိန်းမနဲ့နွား မသနားရ၊ မိန်းမဆိုတာ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ” ဟု တချို့က နောက်ပြောင် ပြောဆိုကြကြောင်း၊ ထိုသို့ ပြောဆိုခြင်းသည် ရိုက်နှက်ခြင်းကို အားပေးရာရောက်ကြောင်း သူက ထောက်ပြသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ အလုပ်သမားရေးရာဌာန ဒုတာဝန်ခံ ဒေါ်သက်သက်အောင်ကလည်း တိုင်ကြားခံရသူ အမျိုးသားကို လိုအပ်ပါက ၂၄ နာရီခန့် ထိန်းသိမ်းထားသင့်ကြောင်း သုံးသပ်သည်။

“အရမ်းဆိုးသွမ်းနေတဲ့သူဆိုရင် ခဏချုပ်ထားတာ အသင့်တော်ဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ ဒီအတိုင်းထားရင်လည်း ဇနီး အပါအဝင် အခြားသူတွေကိုပါ အန္တရာယ်ပေးနိုင်တယ်” ဟု ဒေါ်သက်သက်အောင်က ဆိုသည်။

ပညာပေးဟောပြောမှုအစီအစဉ်များတွင် အမျိုးသားပါဝင်မှု ရှိလာပါက အိမ်တွင်းအကြမ်းဖက်မှုပြဿနာ လျော့နည်းလာမည်ဟု သူက ပြောသည်။

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်တွင် အိမ်ဆောက်ပစ္စည်းရောင်းသူ ကလေးနှစ်ယောက်ဖခင် ဦးနေမျိုးက အိမ်ထောင်ဖက်အချင်းချင်း စိတ်ဆင်းရဲဖြစ်အောင် မပြုလုပ်သင့်ကြောင်း ပြောသည်။

“ကိုယ်ချစ်လို့လက်ထပ်ထားတာပဲ၊ စိတ်အခန့်မသင့်လို့ စကားများတာတော့ ရှိတာပေါ့။ ယောက်ျားရင့်မာကြီးက အားနွဲ့တဲ့မိန်းမသားကို အနိုင်ကျင့် ရိုက်နှက်တယ်ဆိုတာက လူကြားလို့မှမကောင်းတဲ့ ကိစ္စပါ” ဟု ၎င်းက ဆိုသည်။

အမျိုးသမီးတို့၏ စိုးရိမ်မှု
ရန်ကုန်၊ သင်္ဃန်းကျွန်း မြို့နယ်မှ ကလေးနှစ်ယောက်မိခင် ဒေါ်ဖြူဖြူ (အမည်လွှဲ) သည် ခင်ပွန်း ယောက္ခမများ၏ နေ့စဉ်နှင့်အမျှ အနိုင်ကျင့်သည့်ဒဏ်ကို မခံနိုင်တော့ဟု ဆိုကာ အိမ်ထောင်သက် ဆယ်နှစ်အကြာ ဇူလိုင်လဆန်းတွင် ခင်ပွန်းသည်နှင့် လမ်းခွဲခဲ့သည်။

မျက်နှာယောင်ကိုင်း၊ ခေါင်းကွဲ၊ လက်ကျိုးသည်အထိ နှိပ်စက်ခံရဖူးကြောင်း၊ အိမ်အပြန်နောက်ကျသည့်နေ့များတွင် “မိန်းမပျက်” ဟု အခေါ်ခံရကြောင်း သူကပြောသည်။

“သူ လက်သီးနဲ့ထိုးလို့ ကျွန်မမျက်လုံးမှာ သွေးခြည်ဥဖူးပါတယ်။ အခုတော့ ကျွန်မ ဝဋ်ကျွတ်သွားပြီ” ဟု သူက ဆိုသည်။

ရန်ကုန်၊ တောင်ဥက္ကလာပ မြို့နယ်တွင်နေထိုင်ပြီး ခင်ပွန်းသည်၏ လစာတစ်ခုတည်းဖြစ်သာမှီခိုနေထိုင်နေသည့် ၂၃ နှစ်အရွယ်ရှိသူ ကလေးတစ်ယောက်မိခင် မယုယုထွန်း(အမည်လွှဲ)ကလည်း ခင်ပွန်းသည်၏ အကြမ်းဖက်မှု ဒဏ်ကို ခံရသူဖြစ်သည်။

ခင်ပွန်းသည်က လုပ်ငန်းခွင် အဆင်မပြေသည့် ရက်များတွင် အရက်သေစာသောက်စားပြီးမှ အိမ်သို့ပြန်လာကာ အော်ဟစ် ဆဲဆို၊ အိုးခွက်ပန်းကန်များကို ရိုက်ခွဲတတ်ကြောင်း သူကပြောသည်။

“သူအဆင်မပြေတော့ ကျွန်မလည်း အရစ်ခံရတာပေါ့” ဟု မယုယုထွန်းက ဆိုသည်။

၎င်း၏ သမီးအား မိတစ်ကွဲ၊ ဖတစ်ကွဲအဖြစ်သို့မရောက်စေရန် အတတ်နိုင်ဆုံး သည်းခံသွားမည်ဖြစ်သော်လည်း ယခုထက် ပိုမို အနိုင်ကျင့်ခံရပါက ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းမည်ဟု ဆိုသည်။

လင်မယားအချင်းချင်းဖြစ်စေကာမူ အလိုမတူဘဲ လိင်ဆက်ဆံပါက မုဒိမ်းမှု မြောက်သော်လည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး တိုင်ကြားသူ မရှိသလောက်နည်းပါးကြောင်း ရန်ကုန်မြို့မှ အထက်တန်းရှေ့ နေ ဦးမင်းသက်ဇင်က ပြောသည်။

နှိပ်စက်ခံရပါက အပြင်းအထန် နာကျင်စေမှု၊ ဓားလက်နက်တို့ဖြင့် နာကျင်စေမှုများဖြင့် တရားစွဲဆို တိုင်ကြားနိုင်ကြောင်း သူက ရှင်းပြသည်။

“ဒီပုဒ်မတွေနဲ့ တရားစွဲလို့ရတယ် ဆိုတာကို ဇနီးသည်အများစုက မသိကြပါဘူး” ဟု ဦးမင်းသက်ဇင်က ဆိုသည်။

အိမ်ထောင်ဖက်အချင်းချင်း အနိုင်ကျင့်ခြင်းသည် လင်မယားကြားထဲမှ အတွင်းရေးကိစ္စသာဖြစ်သည်ဟူသော အယူအဆကို မဖျောက်ဖျက်နိုင်ပါက မိသားစုအတွင်းအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှု၊ အရေးယူမှု ရှိလာမည်မဟုတ်ဟု ရန်ကုန်အခြေစိုက် ကျား မ တန်းတူရေးကွန်ရက်မှ ညွှန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူက Myanmar Now ကို ပြောသည်။


"အိမ်တွင်းအကြမ်းဖက်မှုဟာ ရာဇဝတ်မှုမြောက်တဲ့ပြစ်မှုဖြစ်တယ်ဆိုတာကို ပထမဦးဆုံး အမျိုးသမီးတွေရော အမျိုးသားတွေရော သိဖို့ နားလည်ဖို့  အရေးကြီးပါတယ်။ ဥပဒေအရလည်း စနစ်တကျအရေးယူဖို့ လိုအပ်ပါတယ်"ဟု ဒေါ်မေစပယ်ဖြူက ပြောဆိုလိုက်သည်။ ။

မောင်အောင်ထက် ● မောင်အွမ်ဂူ (သို့မဟုတ်) ရာဇ၀င်ထဲက ပုန်းခိုရာ

$
0
0

မောင်အွမ်ဂူ အတွင်း မြင်ကွင်းများ / ဓာတ်ပုံ အောင်ထက်
မောင်အောင်ထက် ● မောင်အွမ်ဂူ (သို့မဟုတ်) ရာဇ၀င်ထဲက ပုန်းခိုရာ
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၆

မောင်အွမ်ဂူ (Muang On Cave) ဆိုတာ ဒေသခံ ရှေးပုံပြင်တွေအရ ဂူရဲ့တည်ဆောက်ပုံအရဟာ လွန်ခဲ့တဲ့ ရာစုနှစ်တွေက ဗမာနဲ့ တခြားသော စစ်သားတွေရဲ့ ကျူးကျော်ဝင်ရောက်မှုတွေရှိလာခဲ့တဲ့အချိန်မှာ ဒေသခံ ရွာသူ ရွာသားတွေအတွက် စားနပ်ရိက္ခာတွေထည့်သိုလှောင်ပြီး ပုန်းခိုရာနေရာတခုလို ဖြစ်နေခဲ့တာပါ။

သူရဲ့ တည်နေရာကတော့ ဇင်းမယ်မြို့ရဲ့ အရှေ့ဘက် ကီလို ၃၀ လောက်ဝေးတဲ့ ဆန်ကမ်ဖဲ့က်ခရိုင်ထဲမှာ ဖြစ်ပါတယ်။ 


မောင်အွမ်ဂူ အတွင်း မြင်ကွင်းများ / ဓာတ်ပုံ အောင်ထက်

ခုချိန်မှာ Tum Muang on လို့နာမည်တွင်နေပေမယ့်လည်း သူရဲ့ ပထမဦးဆုံးနာမည်ကတော့ Tum Doi Sila လို့ ခေါ်တွင် ကြောင်းလည်း ဂူရှေ့မှာ တွေ့ရတဲ့ မှတ်တမ်းတွေက ဆိုပြန်တယ်။

လှပတဲ့ ဒီ Muang on cave ဟာ လူတွေ ပြုပြင်ဖန်တီးထားတာမဟုတ်ပဲ ... သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ဂူလည်း ဖြစ်ပါတယ်။ ခုချိန်ခါမှာ ဂူအတွင်းပိုင်းမြင်ရဖို့ လူတွေဖန်းတီးထားတဲ့ လျှပ်စစ်မီးတွေတော့ တွေ့ခဲ့ရပါတယ်။ 


မောင်အွမ်ဂူ အတွင်း မြင်ကွင်းများ / ဓာတ်ပုံ အောင်ထက်

ခုချိန်မှာတော့ သွားရောက်လည်ပတ်သူတွေလည်း ရှိနေပါပြီ။ နိုင်ငံခြားသားတွေ လာရောက်လည်ပတ်တာတွေလည်း တွေ့ရပါတယ်။ ဂူပတ်ဝန်းကျင်မှာ ပူဇော်ပသဖို့ ပန်းဆီးမီးရောင်းသူတွေရှိသလို၊ ရေနဲ့ တခြား အစားအစာရောင်းချသူတွေလည်း အနည်းအကျဉ်းတွေ့ရပါတယ်။  ဂူထဲကို ၀င်ဖို့ ၀င်ကြေးလက်မှတ် ၀ယ်ရပါတယ်။ 

မောင်အွမ်ဂူ အတွင်း မြင်ကွင်းများ / ဓာတ်ပုံ အောင်ထက်

ဂူအတွင်းပိုင်းကို ၀င်တဲ့အချိန်မှာ အဆင်းလမ်းကို ကွန်ကရစ်လှေကား လက်ရမ်းတွေနဲ့ သေသေချာချာလုပ်ထားပါတယ်။ အထဲမှာတော့ လျောင်းတော်မူနေတဲ့ ဘုရားတဆူနဲ့ ... ထိုင်တော်မူနေတဲ့ ဘုရားတဆူကို တွေ့ရမှာပါ။ ဂူရဲ့ မျက်နှာပြင် ကျောက်သားတွေက ချော့မွေ့ပါတယ်။ 

မောင်အွမ်ဂူ အတွင်း မြင်ကွင်းများ / ဓာတ်ပုံ အောင်ထက်

ဂူအတွင်းပိုင်း လေ၀င်လေထွက်လည်း ကောင်းပါတယ်။ အမှိုက်သရိုက်လည်း ကင်းစင်တယ်။ အမှိုက်မရှိတော့ အနံ့အ သက်လည်း ကင်းတာပေါ့။ 

မောင်အွမ်ဂူ အတွင်း မြင်ကွင်းများ / ဓာတ်ပုံ အောင်ထက်

ဂူအကြောင်းကို လိုက်လံရှင်းပြနေတဲ့ ဒေသခံတချို့လည်းတွေ့ရပါတယ်။ ခက်တာက ကိုယ်တွေကလည်း သူတို့ဘာသာစကား  နားမလည် မပြောတတ်တော့ မေးဖို့က ခက်ပါတယ်။ 

မောင်အွမ်ဂူ အတွင်း မြင်ကွင်းများ / ဓာတ်ပုံ အောင်ထက်

ဘာပဲပြောပြော ရာဇ၀င်ထဲက ပုန်းခိုရာနေရာဟာ ခုတော့ နိုင်ငံခြားသားတွေကို ဆွဲဆောင်တဲ့နေရာတခု ဖြစ်လို့နေပါပြီ။

သြဂတ်စ် ၆၊ ၂၀၁၆

ကာတွန်းဆွေသား ● အစည်းအဝေး စနေပြီ

$
0
0

ကာတွန်းဆွေသား ● အစည်းအဝေး စနေပြီ
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၆

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၂၀)

$
0
0

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၂၀)
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၆

● လေထီးဦးအုန်းမောင်
၂ ကျွန်းပြန်ဟုဆိုရမည့် လေထီးဦးအုန်းမောင်၏အိမ်မှာ တောင်ဥက္ကလာတွင် ဖြစ်သည်။ ရပ်ကွက်အတွင်းပိုင်းဖြစ်၍ လမ်းတော့သိပ်မကောင်းလှပေ။ သစ်သားတထပ်အိမ်တလုံးအတွင်း ဦးလေးဦးအုန်းမောင်နှင့်တွေ့ရသည်။ အသားညိုညို ပိန်ပိန်ပါးပါး အရပ်ရှည်သူ ဖြစ်သည်။ အနေအေးဆေးပြီး ပြုံးရွှင်စွာ စကားပြောတတ်သည်။ ဆရာမြကား မိမိဖခင်နှင့် ရွယ်တူခန့်ရှိပြီး ဦးအုန်းမောင်ကတော့ မိမိဖခင်ထက်ကြီးသည်။ သို့သော် ထိုသူ ၂ ဦးစလုံးက ငယ်ရွယ်သူမိမိအား ကျနော်နှင့် ခင်ဗျားနှင့် လေးလေးစားစား ပြော၍ အံ့အားသင့်မိသည်။ ပထမတခေါက်တော့ ကိုအောင်မေသုနှင့်သူတို့ စကားပြောသည်ကို နားထောင်သူသက်သက် ဖြစ်သည်။ နောက်အခေါက်တွေမှာတော့ မိမိသိလိုသူများကို မေးခွင့် နားထောင်ခွင့်ကြုံသည်။

ဂျပန်ခေတ်တုန်းက အိန္ဒိယသို့ နောင်သမ္မတဖြစ်လာမည့် မန်းဝင်းမောင်၊ ဗိုလ်မှူးချစ်ကောင်း(CPB ကျဆုံး)တို့နှင့်အတူ ဂျပန်တော်လှန်ရေးအတွက်စေလွှတ်ခံရပြီး အိန္ဒိယတွင် လေထီးသင်တန်း ရောက်ခဲ့သူဖြစ်၍ လေထီးဦးအုန်းမောင်ဟုခေါ်ကြခြင်းဖြစ်သည်။ ဒို့ဗမာအစည်းအရုံးဝင်တဦးဖြစ်ပြီး ရေနံမြေသပိတ်ချီတက်ရာတွင် အသေခံဗိုလ်စာရင်းသွင်းခဲ့သူလည်း ဖြစ်သည်။

၁၉၃၉/၄၀ ခန့်က ဖျာပုံမြေအောက်တော်လှန်ရေးအဖွဲ့ဝင် ၁၉၄၂ တွင် ဘီအိုင်အေ မြို့နယ် ငြိမ်ဝပ် ပိပြားရေးအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၄၄ တွင် ဂျပန်တော်လှန်ရေးအတွက် အိန္ဒိယသို့ စစ်သင်တန်းများတက်ရန် စေလွှတ်ခံရသည်။ ၁၉၄၅ မြန်မာပြည်ပြန်ရောက်ပြီး ဗမာပြည်ကွန်မြူနစ် ပါတီဗဟိုစည်းရုံးရေးမှူးအဖြစ်၎င်း၊ ၁၉၄၆ ခုနှစ် ဖဆပလရွှေတိဂုံဘုရား အလယ်ပစ္စယံညီလာခံ၌ ဖျာပုံခရိုင်ကိုယ်စားလှယ်အဖြစ်၎င်း၊ တာဝန်ယူခဲ့သည်။

၁၉၄၈ ခုနှစ် CPB တောခိုသောအခါ မြစ်ဝကျွန်းပေါ်တိုင်း၌ တာဝန်ယူခဲ့သည်။ ၁၉၅၃ ခုနှစ်၌ CPB ဗဟိုကော်မတီနှင့် မြစ်ဝကျွန်းပေါ်တိုင်း ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ် ပုသိမ်ခရိုင်အတွင်း တိုက်ပွဲ တခု၌ဒဏ်ရာရပြီး ဖမ်းဆီးခံခဲ့ရသည်။ ၁၉၅၈ တွင် ကိုးကိုးကျွန်းသို့အပို့ခံရပြီး ၁၉၆၀ တွင် ပြန် လွတ်ခဲ့သည်။ ၁၉၆၄ တွင် ဒုတိယအကြိမ်အဖမ်းခံရပြီး ၁၉၆၉ ခုနှစ် ကိုးကိုးကျွန်းသို့ ဒုတိယ အကြိမ်အပို့ခံရသည်။ ၁၉၇၂ ခုနှစ်တွင်ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။ တိုက်ပွဲတွင်ရခဲ့သောဒဏ်ရာကြောင့် ခြေထောက်သိပ်မကောင်းလှချေ။

ကိုလိုနီခေတ် ဒို့ဗမာအစည်းအရုံးမှစ၍ မြန်မာ့နိုင်ငံရေးတွင် ထဲထဲဝင်ဝင် လုံးပမ်းတိုက်ခိုက်ခဲ့သူ တဦးဖြစ်သူ အန်ကယ်ဦးအုန်းမောင်၏အတွေ့အကြုံ၊ အတွေးအမြင် အယူအဆတို့သည် မိမိအတွက် တန်ဖိုးရှိလှသည်။

လေအေးအေးဖြင့် ဖြေညှင်းစွာပြောလေ့ရှိသော အန်ကယ်ဦးအုန်းမောင်သည် အငြင်းပွား ဖွယ်နိုင်ငံရေးပြဿနာများနှင့်ပတ်သက်၍လည်း ထိန်းထိန်းသိမ်းပြောဆိုတတ်သူ ဖြစ်သည်။ အန်ကယ်ဦးအုန်းမောင်၏ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သည်လည်း အေးဆေးတည်ငြိမ်သူတဦးဖြစ်ပြီး လွတ်လပ်ရေးခါစက မြစ်ဝကျွန်းပေါ်တိုင်းအမျိုးသမီးသမဂ္ဂ ဒုဥက္ကဋ္ဌတာဝန်ယူခဲ့ပြီး CPB မြစ်ဝကျွန်း ပေါ်တိုင်းသို့တောခိုခဲ့သူ ဖြစ်သည်။ လင်နှင့်မယားရှေ့သွားနောက်လိုက်ညီသည်ဟု ဆိုရမည်။

မိမိနှင့်အနှစ် ၂၀ ခန့်ကင်းကွာသွားပြီး ၁၉၉၅ နောက်ပိုင်းတွင်ပြန်လည်တွေ့ဆုံရသည်။ မိမိထံမှ အရှေ့မြောက်ပိုင်းအခြေ အနေများကို သူပြန်လည် နားလည်ယူသည်။ သူ့အိမ်တွင် သခင်အုန်းမြင့် ကိုကျော်နိုင် ခေါ် စာရေးဆရာထက်မြက် ဦးစိုးမြင့် ( ယခု သခင်ကိုယ်တော်မှိုင်းဂူဗိမာန် စောင့်ရှောက်ရေး) တို့ကို တွေ့ရတတ်သည်။ အန်ကယ်ဦးအုန်းမောင်နှင့် မိမိဖခင်တို့လည်းရင်းနှီးနေပြီဖြစ်ရာ မိမိနေထိုင်ရာ စမ်းချောင်းသို့လည်း ရောက်လာတတ်သည်။ ထိုကာလက တညနေတွင် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄ ၏လမ်းတဖက် လူအုပ်ထဲတွင် ချွတ်ထား သောဖိနပ်ကလေးပေါ်ထိုင်၍ ဒေါ်အောင် ဆန်းစုကြည် တရားဟောသည်ကို ထိုင်၍ နားထောင်နေသည်ကို တွေ့ခဲ့ရဖူးသည်။

၁၉၉၉ ခုနှစ် သူအသက် ၈၀ ပြည့်မွေးနေ့ပြုလုပ်သည်။ သူလမ်းထဲ ကားဝင်မရ၍ လမ်းထိပ်တွင်ပင် ကားရပ်ထားခဲ့ရသည်။ ထိုလမ်းထိပ်တွင်လည်း ဆိုင်ကယ်နှင့်ကားများရပ်ထားသကဲ့သို့ လူအုပ် လိုက် ထိုင်နေကြသည်။

အန်ကယ့်မွေးနေ့လာသူများတော့မဟုတ်ကြ။ မွေးနေ့ပွဲကို လာစောင့်ကြပ်နေသော ရပ်ကွက်ရုံးမှ လူများ၊ ထောက်လှမ်းရေး SB များအပြင် စွမ်းအားရှင်ဆိုသူများလည်း ပါပုံရသည်။ အန်ကယ်အိမ်ရောက်တော့ အိမ်ပေါ်ရော အိမ်ဝင်းထဲရော အိမ်အောက်မကျန် လူပြည့်ကြပ် နေသည်။ ခေတ်အဆက်ဆက် အတိုက်အခံနိုင်ငံရေးသမားများ ကျွန်းပြန်များကိုတွေ့ရသည်။ အတော်စည်ကားသည်ဟု ဆိုရမည်။

အန်ကယ်တဖက်အိမ်တွင်လည်း လူတချို့လှုပ်လှုပ်ရွရွဖြစ်နေ၍ မေးမြန်းကြည့်တော့ ထောက်လှမ်းရေးမောင်မင်းကြီးသားများ အန်ကယ်အိမ်ကိုဗီဒီယိုလှမ်းရိုက်နေသည်ဟုဆိုသည်။ မိမိရောက်ပြီး မကြာမီတွင် ဒေါ်အောင်ဆန်းစုကြည်ရောက်လာရာ အားလုံးလှုပ်လှုပ်ရွရွဖြစ်သည်။ သို့သော် လှုပ်လှုပ်ရွရွဖြစ်သူများမှာ မိမိတို့မဟုတ်။ လမ်းထိပ်ကလူသိုက်နှင့် တဖက်အိမ်မှဗီဒီယိုရိုက်နေကြသော လူသိုက်ဖြစ်သည်။ မွေးနေ့ပွဲလာမိမိတို့မှအပ ရပ်ကွက်ထဲမှ ရပ်ကွက်သူ ရပ်ကွက်သားများ အပြင်မထွက်ရဲကြ။ မိမိအိမ်တွင်းမှ ပြူတစ်ပြူတစ်လုပ်၍ ကြည့်နေကြသည်။

ထိုမွေးနေ့မတိုင်ခင် ရေကျော်မှာနေသည့် ပိသုကာဦးကျော်မင်းဆုံး၍ မိမိသတင်းမေး ရောက်သွား ခဲ့ဖူးသည်။ ပိသုကာဦးကျော်မင်းသည် ရွှေတိဂုံတောင်ဖက်မုခ်ရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်အား ပုံစံထုတ်ခဲ့သူတဦးဖြစ်ပြီး ၁၉၉၀ ခုနှစ်ရွေးကောက်ခံ NLD အမတ်တဦးဖြစ်သည်။ မိမိအသုဘအိမ်ရောက်တော့ သတင်းမေးလာသည့်ဆွေမျိုးမိသင်္ဂဟအချို့နှင့် ဧည့်ခံနေသော အဖမ်း မခံရ သေးသည့် NLD အမာခံအချို့တွေ့ရသည်။ လူသိပ်မများလှ။

ဒေါ်အောင်ဆန်းစုကြည်လည်း သတင်းလာမေးသည်ကိုတွေ့ရသည်။ လမ်းထဲက အိမ်တချို့က ပြူ တစ်ပြူတစ်နှင့် အိမ်ထဲမှလှမ်းကြည့်နေသည်ကိုသာတွေ့ရသည်။ လမ်းမပေါ်တွင်တော့ တာဝန်ရှိ လူကြီးမင်းများမှအပ လူရှင်းနေသည်။ အသုဘအိမ် အတွင်း၌လည်း အလားတူ ဖြစ်သည်။ ခုများတော့ ပြောင်းလဲသွားချေပြီ။

တောင်ဥက္ကလာရပ်ကွက်ထဲ ရေကျော်လမ်းမထဲ ဒေါ်အောင်ဆန်းစုကြည်သာဝင်လာပါက လူတွေ ဝုန်းဒိုင်းကြဲ တိုးပေါက်နိုင် မည် မဟုတ်လောက်ပေ။ ထိုစဉ်ကတော့ မျက်ထောင့်နီနှင့် ကြည့်နေကြသော ထောက်လှမ်းရေး SB ရဲ ရပ်ကွက်လူကြီးနှင့် စွမ်းအားရှင်များသာတွေ့ရပေသည်။

မိမိလည်း ထိုကာလက ရန်ကုန်တွင်နေသော်လည်း နယ်ဖက်သို့ ခရီးထွက်နေသည်က များသည်။ အန်ကယ်နှင့်သိပ်မဆုံဖြစ်ခဲ့။ ၁၉၉၉ နှစ်ကုန်ပိုင်းလောက် အန်ကယ်မဆုံးမီ သူ့အိမ်သို့ တခေါက် ရောက်ဖြစ်သည်။ မိမိနှင့်အတူ မိမိဖခင်နှင့် ဆရာပါရဂူ တို့လည်း ပါသည်။ အန်ကယ်ဦးအုန်းမောင် ကျန်းမာရေးသိပ်မကောင်းတော့။ အောက်စီဂျင်ပေးထားရသည် ထင်သည်။ သူ့ အား ပြုစုကုသ ပေးနေသည်က ဆရာလေးဟုခေါ်ကြသည့် ဒေါက်တာတင်စန်းဦးဖြစ်သည်။ နိုင်ငံရေးနယ်ပယ် စာပေနယ် ပယ်မှလူများအား အခမဲ့စေတနာဖြင့်ကုသပေးနေသော ဆရာဝန်ဖြစ်သည်။

ဤအခေါက်သည် အန်ကယ်အား နောက်ဆုံးတွေ့လိုက်ရသည့်အခေါက်ဖြစ်သည်။ အန်ကယ်ဆုံးတော့ မိမိရန်ကုန်တွင်မရှိ။ နယ်သို့ရောက်နေသည်။ ဤသို့ဖြင့် ကိုလိုနီခေတ်ကစပြီး မိမိနိုင်ငံရေးယုံကြည်ချက်အတွက် စွန့်လွှတ်အနစ်နာခံပြီး ကိုယ်ကျိုးမဖက်ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးသမားတဦး၊ ပပလွှားလွှားမရှိ ဘဝကိုဖြတ်သန်းရင်း ကွယ်လွန်သွားခဲ့သည်။ကိုကျော်နိုင် ဝါ ကိုထက်မြက်ကိုကျော်နိုင်ကို ပြည်ထောင်စုဟု သူသူငယ်ချင်းများက ခေါ်ကြသည်။

ဆူလေးဘုရားလမ်းပေါ်ရှိ ဘဏ် ၃ မှာ ယခင်က ပြည်ထောင်စုဘဏ်ဟုခေါ်သည်။ ကိုကျော်နိုင်က ထိုဘဏ်မှဝန်ထမ်းဖြစ်သဖြင့် ပြည်ထောင်စုဟုတွင် သွားပုံရသည်။ သူ့အိမ်သင်္ကန်းကျွန်းတွင်ဖြစ်သော်လည်း မြို့ထဲရှိ သူ့အလုပ်လုပ်သောဘဏ်မှာ သွားရလာရ လွယ်သဖြင့် သူ့အား ဘဏ်တွင် သွားတွေ့လေ့ရှိသည်။ သူသည် အစိုးရဘဏ်ဝန်ထမ်းအဖြစ် လုပ်ဆောင်နေစဉ် နိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင်ပြီး ကိုးကိုးကျွန်းသို့ ရောက်ရှိခဲ့သူ တဦးဖြစ် သည်။

သူအားလည်း ကိုအောင်မေသုမိတ်ဆက်ပေးမှုအရ သိခဲ့ရသည်။ သွားရလာရလွယ်ကူသဖြင့် ဘဏ်ဖွင့်ရက်တွင် သူ့ဆီရောက်တတ်သည်။ ထိုစဉ်က သူသည်တက်ကြွသူဖြစ်သည်။ လှုံ့ဆော်သူ ဖြစ်သည်ဟုလည်း ဆို၍ရပါသည်။ ထိုစဉ်က သူတို့၏မိုးကြိုမုန်တိုင်းစာအုပ်က ပွဲဆူနေသည်။ ထက်မြက်ဆိုသောနံမည်နှင့်စာ စရေးနေပြီ ဖြစ်သည်။ မတူသောအမြင်များနှင့် ငြင်းခုံမှုများစွာကို ထိတွေ့ခံစားခွင့်ရသည်။

သူက စာရေးဆရာနိုင်ဝင်းဆွေနှင့် အတော်လေးတွဲမိပုံရသည်။ သူနှင့်နိုင်ဝင်းဆွေတို့ ၂ ဦးတွဲ၍ ရေဆန်လမ်းဟူသည့် စာအုပ်တအုပ်ထွက်သည်ကို တွေ့ရသည်။ ဝေဖန်ရေးဆရာမောင်စွမ်းရည်က "အနုပညာလက်ရာကောင်းလှသောနိုင်ဝင်းဆွေတယောက်လည်း နိုင်ငံရေးအရ ထက်ထက်မြက် မြက်ရှိသည်ဟုဆိုသူတဦးနှင့် ပေါင်းမိနေသည်။ နိုင်ဝင်းဆွေရေ ရှေ့မှာကျောက်ဆောင်သတိထား "ဟု ရေးသားဖူးသည်။ ထိုစဉ်က ကိုကျော်နိုင်ဆီရောက်သော်လည်း နိုင်ဝင်းဆွေနှင့် မိမိမဆုံဖူးခဲ့။ နောင်များမှဆုံဖြစ်သည်။ စာရေးကောင်းသောနိုင်ဝင်းဆွေသည် ကိုထက်မြက်၏ စည်းရုံးမှုကြောင့် CPB အရှေ့မြောက်သို့ရောက်သွားသည်ဟုအချို့က ယူဆကြသည်။ တကယ်တော့ လူတင်ပါလို့ နွားကျားကိုက်သည်ဟု ဆိုရပါမည်။
ယခုတော့ ကိုကျော်နိုင်တယောက်လည်း စာရေးဆရာထက်မြက်ဆိုသည့်အမည်ဖြင့် စာပေနယ်တွင် ရပ်တည်လျက် ရှိသည်။ စာပေသမားတို့၏ သောကြာဝိုင်း စနေဝိုင်းတို့တွင် ရှိနေတတ်သည်။ လေလောဆယ် စာရေးဆရာသမဂ္ဂဥက္ကဋ္ဌ တာဝန်ယူနေသည်ဟုကြားသိရသည်။

● စာအုပ်အဟောင်းတန်း
ထိုစဉ်က စာအုပ်အဟောင်းတန်းမှာ ပန်းဆိုးတန်းလမ်းပေါ်ရှိ ယခုမီးလောင်သွားပြီဖြစ်သည့် ကုန်သွယ်လယ်ယာအဆောက်အဦးအောက်တွင်လည်း ရှိသည်။ အခြားတနေရာတော့ ကောင်းစွာမမှတ်မိတော့ပေ။ ထိုစာအုပ်ဟောင်းတန်းရှိ သူ့မိတ်ဆွေများနှင့်လည်း ကိုအောင်မေသုက မိမိအားမိတ်ဆက်ပေးခဲ့သည်။ သိပ်တော့ ရင်းရင်းနှီးနှီးမရှိခဲ့။ မျက်မှန်းတန်းမိရုံလောက်သာဖြစ်သည်။ ဘာပဲဖြစ်ဖြစ်စာအုပ်ဟောင်းရှာဖို့တော့ အထောက်အကူဖြစ်ပါသည်။

၁၉၇၃ /၇၄ လောက်တွင် လက်ဝဲဝါဒဘာသာပြန်စာအုပ်များမှာ အသစ်ထွက်နိုင်ခြင်းမရှိတော့။ ဖဆပလခေတ်ထုတ်ခဲ့သော စာအုပ်များကိုအဟောင်းတန်းမှာ ရှာရသည်။ မတ်၊ လီနင် စတာလင်တို့ စာအုပ်ဘာသာပြန်များကို ရှာဖွေ၍ရနိုင်သည်။ ဖဆပလခေတ်က ကျော်လင်းစာပေ သည် မတ်ဝါဒစာအုပ်ဘာသာပြန်အတော်များများထုတ်ဝေခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် တရုတ်သံရုံးမှထုတ်သည့် မော်စီတုန်း၏ စာအုပ်ငယ်များလက်ရွေးစင်ကျမ်းများကို ဝယ်ယူရရှိနိုင်ပါသည်။ သို့ဖြစ်ရာ စာအုပ်အဟောင်းတန်းတွင်သာ မွှေနှောက်ရှာဖွေမေးမြန်း ဝယ်ယူရသည်။

လက်ဝဲဝါဒစာအုပ်များသာမက အခြားနိုင်ငံရေးစာအုပ်ပေါင်းများစွာလည်း ရှာဖွေ၍ ရနိုင်သည်။ ထိုစဉ်က မိမိကနိုင်ငံရေးအားသန်နေ၍ နိုင်ငံရေးစာအုပ်ပေါင်းစုံကို ရှာဖွေရန်အားသန်နေခဲ့သည်။ သို့သော် စာအုပ်အဟောင်းတန်းသည် နိုင်ငံရေးစာအုပ်များသာရှိသည်မဟုတ်။ ဘာသာရပ်မျိုးစုံ နယ်ပယ်ပေါင်းစုံကစာအုပ်များအားလည်း ရှာဖွေ၍ရနိုင်သည်။ စာဖတ်သူအားလုံးအတွက် အကျိုး ရှိသော စာအုပ်အဟောင်းတန်းလေးဟုဆိုရမည်။ ဟောင်းသော်လည်း ကောင်းနေဆဲ စာဖတ်သူများကို အကျိုးရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့်လည်း ယနေ့ကာလတွင် ယခင်စာအုပ်ဟောင်းများစွာကို ပြန်လည်ထုတ်ဝေနေကြသည်ကို တွေ့ရသည်။ ရာပြည့်စာအုပ်တိုက်ထုတ်စာအုပ်များကိုကြည့်လျှင် စာအုပ်ဟောင်းများ ပြန်လည်ထုတ်ဝေမှုက ၇၀% ခန့်ရှိသည်ကို တွေ့ရသည်။ မည်သို့ဖြစ်စေ စာအုပ်အဟောင်းတန်းလေးတွင် စာအုပ်မွှေ နှောက်ရှာဖွေရသည်ကလည်း လွမ်းစရာပင်ဖြစ်တော့သည်။

စာအုပ်တန်းတွင် ကိုအောင်မေသုမိတ်ဆက်ပေး၍သိရသူတဦးမှာ ကိုကြည်တင်ဦး ဖြစ်သည်။ သူက ဖြူဖြူ ဝဝ လုံးလုံးမို့ သူတို့ရင်းနှီးသူအချင်းချင်းကတော့ ဘဲဥဟုခေါ်ကြသည်။ နောက်တဦးကတော့ ကိုမင်းဟန်ဟု ထင်သည်။ သူကမိမိထက်အသက်အနဲငယ်ကြီးသော်လည်း ၃၀ နှစ်ခန့်သာ ရှိဦးမည်။ အသားဖြူဖြူ ခပ်သွက်သွက်လူငယ်တဦးဟုဆိုရမည်။ ၁၉၈၀နှစ်ပိုင်းက သူသည် အရှေ့မြောက် CPB အခြေခံဒေသသို့ ထွက်ခွာခဲ့သည်။

သို့သော်သူသည် ရှမ်းပြည်ဘက်မသွားဘဲ ကချင်ပြည်နယ်ဘက်က သွားခဲ့သည်။

ကချင်ပြည်နယ်ရောက်ရှိပြီး KIO ဗဟိုဌာနချုပ်သို့ရောက်ရှိသွားသည်။ KIO မှ CPB သို့ပို့ပေးရန် ပြင်ဆင်နေစဉ် ထိုစဉ် KIO ဌာနချုပ်ရှိရာ ပါကျောက်၌ သွေးဝမ်းလျှောပြီး ကွယ်လွန်သွားသည်ဟု ကြားသိလိုက်ရသည်။

စာအုပ်အဟောင်းတန်းလေးသည်၎င်း၊ စာအုပ်ဟောင်းရောင်းကြသူများသည်၎င်း မြန်မာ လူ့အဖွဲ့ အစည်းအား သူတို့အားနှင့်သူတို့ ရတတ်သမျှ ထုဆစ်ခဲ့ကြသည်ဟုဆိုရပေမည်။ ရန်ကုန်မြို့ ၏ စာအုပ်အဟောင်းတန်းကလေးကား ယနေ့တိုင်ရှင်သန် လှုပ်ရှားသက်ဝင်နေဆဲ ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe ( မောင်မောင်စိုး )

photo credit Nae Myo Zaw

ကျော်ကျော်မြရည်စမ်း ● လက်ကိုင်ပုဝါနှစ်ထည်အကြောင်း (၈ လေးလုံးအထိမ်းအမှတ်)

$
0
0

ကျော်ကျော်မြရည်စမ်း ● လက်ကိုင်ပုဝါနှစ်ထည်အကြောင်း (၈ လေးလုံးအထိမ်းအမှတ်)
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၆

လက်ကိုင်ပုဝါလေးတွေကို  ယခုအခါ အသက် လေးဆယ်ကျော်ကျော် ရှိနေသူတိုင်း အသုံးပြုဖူးကြမည်ဟု ကျနော် ထင်ပါ သည်။ ယခု ခေတ်ကို ဖြတ်သန်းနေကြသည်လူငယ်လေး တော်တော်များများကိုတော့ လက်ကိုင်ပုဝါ ဆောင်ထားတာ၊ သုံးတာမ တွေ့ရတော့။ သူတို့ခေတ်မှာ အလွယ်တကူ သုတ်သင်သန့်စင်နိုင်သည့် တစ်ရှူးစက္ကူလေးများ အလွယ်တကူရ အောင် ပေါများလာတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ကျနော်တို့လူငယ်ဘဝကို ဖြတ်သန်းရသည့်အချိန်များမှာတော့ တဖက်သတ်ပိတ်ထားသည့် "တံခါးပိတ်ဝါဒ"ကြောင့် ဘယ် အသုံးဆောင်ပစ္စည်းကိုမျှ လွယ်လွယ်နှင့်မရခဲ့ဖူးချေ။ ထို့ကြောင့် ထင်ပါသည်။ ခက်ခက်ခဲခဲကြိုးစားမှုကြောင့် အသုံးအဆောင် ပစ္စည်းလေးတခုတလေ တိုးလာတိုင်းလည်း  တန်ဖိုးထားတတ်ခဲ့ကြသည်။

တောမြို့လေးကနေပြီး ရန်ကုန်မြို့ကြီးဆီကို  အထက်တန်းပညာသင်ကြားဖို့ ကျနော်ရောက်လာတော့  အသက်ဆယ့်လေး နှစ်ကျော်စ အချိန်၊ လူပျိုပေါက် ရှိုးထုတ်တတ်စ အချိန်။  ထိုစဉ်ကာလက ရန်ကုန်မြို့က  ကျနော့်အရွယ်တူ သူငယ်ချင်းများ ၏ကျောင်းလွယ် အိတ်ထဲတွင် လက်ကိုင်ပုဝါလေးတွေ ကိုယ်စီ ပါကြသည်။ တောသားကျနော်လည်း ဘာရယ်ညာရယ် မဟုတ်။ မြို့သားဂိုက်ပေါက်အောင် သူတို့ကိုတုရသောအခါ လက်ကိုင်ပုဝါလေးတစ်ထည်ဝယ်ကာ ကိုင်ဖြစ်ခဲ့သည်။

ကျနော့်အဒေါ်အိမ်က တောင်ဥက္ကလာပ၊ ဆယ်ရပ်ကွက် တွင်ရှိပါသည်။ ထိုအိမ်မှ နေ၍ အ.ထ.က (၃)သို့အဒေါ်၏သမီးဖြစ်သူ အမဝမ်းကွဲနှင့် ကျောင်းအတူ သွားကြသည်။  ရပ်ကွက်နှစ်ခု ကျော်၍ ခြေကျင်သွားကြခြင်းဖြစ်ရာ  မနက်ခင်းဖြစ်သော်လည်း  ကျောင်းရောက်ခါနီးတွင်  မျက်နှာတွင် ချွေးစလေးများ စို့လာသည်။ အမဖြစ်သူ၏မျက်နှာတွင်လည်း ချွေးစတွေနှင့်။  ထို အခါမျိုးတွင် လက်ကိုင်ပုဝါလေးတွေကိုယ်စီနှင့်ချွေးသိပ်သွားအောင် မျက်နှာကိုဖွဖွ တို့ရသည်။ ပြီးတော့ တရိုတသေလေး ပြန်သိမ်းရသည်။

လက်ကိုင်ပုဝါ ကိုကာလာစုံသုံးသည့်ဆရာများကိုလည်း ထိုစဉ်ကာလက တွေ့ခဲ့ရဖူးသည်။ ကျောင်းတက်သည်မှာ တောင် ဥက္ကလာပ၊ အ.ထ.က (၃) ဖြစ်သော်လည်း ကျူရှင်တက်သောအခါ သင်္ဃန်းကျွန်းမြို့နယ်တွင်ရှိသော ဓာတုဗေဒဆရာ ဦးညီညီနှင့် ရူပဗေဒ ဆရာဦးဉာဏ်လွင်တို့ထံ သွားတက်ရသည်။

ဆရာဦးညီညီသည် ဓာတုဗေဒ သင်သောအခါ စာသင်စတိတ်ခုံပေါ်ခေါက်တုံခေါက်ပြန် လမ်းလျှောက်ရင်း အားပါးတရ သင်တတ်သည်။ စီးကရက်ကိုလည်း မနားတမ်း ဖွာတတ်သေးသည်။ ပြီးတော့ ချွေးထွက်လာလျှင် ခါးကြားမှလက်ကိုင် ပုဝါထုတ်ပြီး အားရပါးရသုတ်တတ်သည်။ နှစ်ခါသုံးခါသုတ်ပြီးလျှင် ထိုလက်ကိုင်ပုဝါကို ကျူရှင်စာရေးတယောက်က လာ သိမ်းပြီး ဆရာ့လက်ထဲ အသစ်တထည် ထည့်ပေးတတ်သည်။ တရောင်ပြီးတရောင်၊ ရောင်စုံလက်ကိုင်ပုဝါလေးများကို စာသင်နေရင်း လှစ်ခနဲ လစ်ခနဲမြင်တွေ့ရသည်။

ဆရာဦးဉာဏ်လွင်ကျပြန်တော့ ဆရာဦးညီညီလို အော်ဟစ်လမ်းမလျှောက်၍ ချွေးမထွက်ပါ။ သို့သော် မကြာခဏဆိုသလို သူဝတ်ဆင်ထားသည့်တိုက်ပုံအင်္ကျီထဲမှ လက်ကိုင်ပုဝါ ရောင်စုံလေးများကိုထုတ်၍  ချွေးသိပ်သလို မျက်နှာကို တို့တတ် သည်။

ဇွန်လ ပထမအပတ် ကျောင်းဖွင့်ပြီးမကြာခင်မှာ  ကျောင်းစည်းကမ်းများတင်းကျပ်လိုက်သည်။ ကျောင်းနောက်ကျလျှင် ကျောင်းတံခါးဖွင့်မပေးတော့။ မိဘအုပ်ထိန်းသူ ကိုယ်တိုင်လိုက်ပို့ ပါမှနောက်ကျသည့် ကျောင်းသားကို တံခါးဖွင့်ပေးပါသည်။ ကျနော်နှင့် ဝီရိယကောင်းလှသည့် အမ ဖြစ်သူကတော့ ကျောင်းနောက်ကျသည်ဟူ၍ မရှိ။ ဝီရိယနည်းသော ကျနော့်ကို အမဖြစ်သူက အစဉ်အမြဲ တွဲခေါ်ပါသည်။

တောမြို့လေးက ကျောင်းလာတက်သည့်ကျနော်အဖို့ ထူးဆန်းအံ့သြဖွယ်ရာများကို မကြာ ခင်မြင်ရ၊ ကြားရတော့သည်။ ကျောင်းမုန့်စားဆင်း ၁၅ မိနစ်နားချိန်တွင်စည်းကမ်းတင်းကျပ်စွာ ပိတ်ဆို့ထားသောကျောင်းဝင်းအတွင်းသို့ တက္ကသိုလ်ကျောင်းသားအကိုကြီးနှစ်ယောက်၊ သုံးယောက် တတွဲ တရားလာဟောကြခြင်းပင်။

အံ့သြစရာပင်။  မည်သို့မည်ပုံ ဝင်လာကြသည်မသိ။ ကြည့်မိချိန်တွင် သန့်စင်ခန်းဘေးက အုတ်ရေကန်ပေါ်တက်ပြီး တရား ဟောနေပြီ။ ခေါင်းစဉ်က အာဏာရှင်အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှု များအကြောင်း။

ထိုတက္ကသိုလ်ကျောင်းသားအကိုကြီးများသည် ၄င်းတို့၏မျက်နှာတစ်ဝက်ကို လက်ကိုင်ပုဝါကိုယ်စီဖြင့် ဖုံးအုပ်ထားကြ၏။

ကျနော့်မှာ သူတို့၏အသံကိုသာကြားရပြီး မျက်နှာအပြည့်အစုံ မမြင်ရသောအခါ  အားမလို အားမရ ဖြစ်ရသေးသည်။  ထိုစဉ် ဆရာမများရောက်လာပြီး သူတို့ကိုသနားလျှင် ပြန်ကြပါဟုပြောသောအခါ ထိုအကိုကြီးများက  ၅ မိနစ်လောက်တော့ခွင့်ပြုပေးပါဆိုပြီး တရားဆက်ဟောကြသည်။ ကျောင်းပြန်တက်ရန် ခေါင်းလောင်းထိုးလိုက်လျှင် အလျှိုလျှို  ပျောက်သွား ကြပါ သည်။

ထိုကဲ့သို့သောညမျိုးတွင် ကျနော်၊ အတော်နှင့် အိပ်မပျော်တော့၊ မုန့်စားဆင်းချိန်ကြားခဲ့ရသောစကားများကို ပြန်ကြားနေပြီး လက်ကိုင်ပုဝါအုပ်ထားသော မျက်နှာတဝက်ကိုသာ မြင် ယောင်နေမိသည်။

ကျနော်တို့ငယ်ဘဝကဖတ်ခဲ့ရသော ကာတွန်း ရုပ်ပြများထဲတွင် လူဆိုးဓားပြများသည်သာ မျက်နှာကို ပုဝါအုပ်၍ ရုပ်ဖျက်ကြ ရသည်။ ထိုတက္ကသိုလ်ကျောင်းသား အကိုကြီးများသည်ကား လူဆိုးဓားပြများမဟုတ်ပါဘဲနှင့် ရုပ်ဖျက်ကြရရှာသည်။ အဘယ့်ကြောင့်နည်း။ တောသား ကျနော် ဉာဏ်မမီစွာစဉ်းစားပြီး  အတွေးချာချာလည်ခဲ့ရဖူးပါသည်။

ဗဟုသုတအတော်အတန်ပြည့်ဝနေသော  ရန်ကုန်သူ အမ ပြောပြမှသာ သူခိုးက လူပြန်ဟစ်နေ၍  တက္ကသိုလ်ကျောင်းသား အကိုကြီးများ  ရုပ်ဖျက်ထားကြရသည့်အကြောင်း ကိုသိခဲ့ရ၏။ ထိုနေ့ညတိုက်တိုက် ဆိုင်ဆိုင် ...ည ၈ နာရီတွင်  BBC မှ သတင်းလာသည်။

ဦးလေးဖြစ်သူက  ရေဒီယိုနားထောင်ဖို့ ခေါ်တော့ မောင်နှမနှစ်ယောက်လုံး ရေဒီယိုနား ရောက်ခဲ့ကြသည်။

၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၂ ရက် နေ့၊ ည ၈ နာရီသတင်း။  ဇွန်လ ၂၁ ရက်နေ့က၊ ကျောင်သား များဆန္ဒပြသည့်အကြောင်း။ စစ်တပ်၏လုံထိန်းကားများနှင့် လမ်းပေါ်မှာတင် တိုက်သတ်သည့်အကြောင်း။ ကလေးတွေ သေဆုံး။ အရေအတွက် အတိအကျမသိရသည့်အကြောင်း။ ဤကိစ္စနှင့်ပတ်သက်၍ မြန်မာပြည်ရှိ  "စာပေနှင့်အနုပညာရှင်များ"က လွှတ်တော်သို့ကန့်ကွက်စာတင်ကြောင်း။ စာပေ သမား ၁၀၀ ကျော်လက်မှတ်ရေးထိုးတင်ပြကြောင်း  ...ကြေညာသွားပါသည်။ အမက လက်ခုပ် တီး၍ ရေဒီယိုကို အားပေးသည်။

ကျနော် အူလည်လည် ဖြစ်နေသည်။

စာကြည့်စားပွဲရောက်မှ သူတိုးတိုးလေးပြောပြ၍  အကြောင်းစုံသိရသည်။ ရန်ကုန်မွေး၊ ရန်ကုန်ကြီးသည့် အမက ရန်ကုန်၏ လတ်တလောအခြေအနေကို အတော်ပင် သိနေသည်။

ကျနော့်မှာ.. မရောက်ဘူးသည့်ပြည်လမ်းမကြီးဆီသို့ စိတ်ကူးဖြင့် ရောက်သွားပြီ။ "ဒို့အရေး...ဒို့အရေး...."အော်ဟစ်ကြွေးနေ သည့်ဘဝတူ အဖြူအစိမ်းလေးများကို  မြင်ယောင်လာသည်။  စစ်ကားကြီးများ၏အသံများ ကြားလာသည်။ ပြီးတော့ ငယ်သံ မပျောက်သေးသည့် နာကျင်ဟစ်အော်သံများ။ သွေးကွက်များ။ စိတ်မကောင်းခြင်းများစွာနှင့် အိပ်ရာဝင်ခဲ့ရပါသည်။

မနက်ကျောင်းသွားတော့ ၃၁ ဘတ်စ်ကားဂိတ်နားက စတိုးဆိုင်ရှေ့ မှာ ကျနော့်ကို ရပ်စောင့်ခိုင်းပြီး ဈေးဝင်ဝယ်သည်။ ပြန် ထွက်လာတော့ ပလပ်စတစ်အကြည်ဖြင့်ထုပ်ပိုးထားသော လက်ကိုင်ပုဝါကြီးနှစ်ထည်။  တထည်ကို သူ့ကချင်လွယ်အိတ်အနီရောင်ဘေးအိတ်လေးထဲထည့်ပြီး၊ နောက်တထည်ကို ကျနော့်  ရှမ်းလွယ်အိတ်အပြာရောင်လေး၏ ဘေးအိတ်ထဲသို့ထည့်ပေး သည်။ အခုမသုံးရသေးဘူး။ ဒါပေမဲ့ အမြဲထည့်ထားရမယ်ဟု ဆို၏။

ထိုအချိန်မှစ၍ ကျနော့်လွယ်အိတ်ထဲတွင် အသုံးမပြုရသေးသည့် လက်ကိုင်ပုဝါတစ်ထည်အမြဲပါခဲ့သည်။ ဓာတု၊ ရူပကျူရှင်များရောက်တိုင်း ဆရာများ၏လက်ကိုင်ပုဝါရောင်စုံများကို ကြည့်ဖြစ်ဆဲ။

ကျောင်းဖွင့်ရက်မုန့်စားဆင်းချိန်များတွင် တက္ကသိုလ်ကျောင်းသားအကိုကြီးများ ခပ်စိပ်စိပ်ရောက်လာတတ်ကာ  လက်ကိုင် ပုဝါမျက်နှာအုပ်၍ တရားဟောဆဲ။ ကျနော်တောသား၏ဉာဏ်ဦးနှောက်ကျည်ပွေ့လည်း အတက်နည်းနည်းချင်း ထွက်ခဲ့ပြီ။  လက်ကိုင်ပုဝါလေးနှစ်ထည်ကတော့ ကိုယ်စီနေရာယူငြိမ်သက်ကာ  သူခိုးက လူပြန်ဟစ်သည့်ခေတ်ကိုသရုပ်ဖော်ရမည့်အချိန်ကို စောင့်စားဆဲ။

ထိုနေ့ မနက်ကျောင်းတက်ကတည်းက ဆရာ၊ ဆရာမများ မျက်နှာမှာ စိုးရိမ်ပူပန်သည့်အရောင်ဟပ်နေတာတော့ သတိထားမိ သည်။  ဆရာမတယောက်က "သူများယောင်လို့ယောင်  အမောင်တောင်မှန်း မြောက်မှန်းမသိ မလုပ်ကြနဲ့ "ဟု ပြောသောအခါ အမက ထိုဆရာမကိုမထီသလို လှမ်းကြည့်တာတော့ ကျနော်တွေ့လိုက်သည်။  မုန့်စားဆင်းချိန် ကျနော့် အနားသို့ အမရောက်လာပြီး၊ ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ သူ့အနားကပ်နေဖို့မှာသည်။

ကျောင်းဝင်းအပြင်ဘက်ရောက်တော့  ကျနော်တို့ရွယ်တူ ကျောင်းသားများစောင့်ကြိုနေ ကြပြီ။ အမက သူ့လက်ကိုင်ပုဝါကြီး ကိုထုတ်၍ မျက်နှာစည်းလိုက်ပြီး၊ ကချင်လွယ်အိတ်နီကို စလွယ်သိုင်း လိုက်သည်။

သူ့အရိပ်အကဲကြည့်နေသူ ကျနော်လည်း သူနှင့်တသဝေမတိမ်း လိုက်လုပ်တော့သည်။  မောင်နှမနှစ်ယောက် လက်ချင်းမြဲမြဲ တွဲကာ  လူတန်းကြီးနှင့် ပါသွားသည်။

၃၁ ဘတ်စ်ကားဂိတ်၊ သံသုမာလမ်းချိုင့်ဝှမ်းများ၊ ၃၇ ဘတ်စ်ကားဂိတ်၊ စာတိုက်လမ်းဆုံ၊

"နေဝင်းအစိုးရပြုတ်ကျရေး
ဒို့အရေး....
ဒီမိုကရေစီ၊ ရရှိရေး
ဒို့ အရေး....."
         
အော်ရလွန်း၍ လည်ပင်းများနာလာသည်။

မောင်နှမနှစ်ယောက် လက်တွဲများပြုတ်သွားလိုက်၊ သတိရချိန် ပြန်တွဲလိုက်...။ ခြေထောက်များ အားမစိုက်ရပါဘဲနှင့် ရွေ့သွားတာပြန်မှတ်မိသည်။ ရွှေတိဂုံကိုလှမ်းမြင်နေရပြီ။ ဟစ်ကြွေးသံများ ညံဆဲ။
ခြေလှမ်းများသွက်ဆဲ။

"သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်း မသိ"ဟု ဆရာမပြောခဲ့သည့် စကားကို ပြန်သတိရမိသည်။ မဟုတ်ပါ။  ယောင်ခြင်းမဟုတ်ပါ။ တောင်မှန်း မြောက်မှန်းလည်းသိ ကြပါ၏။  လူကြီးများအိမ်မှာ တိုးတိုးကျိတ်ပြောရသည့်မကျေမနပ်စကားကို၊ လမ်းမများပေါ်ထွက် ၍အော်ဟစ်ခဲ့ကြပြီ။ လက်ကိုင်ပုဝါလေးတွေ မျက်နှာစည်းလို့ လူဟစ်နေသည့်သူခိုးများ၏သရုပ်မှန်ပေါ်အောင် ဖော်ထုတ်ခဲ့ကြလေပြီ။

၂၈ နှစ်တာကြာခဲ့ပါပြီ။ ဝီရိယရှိ၍ ဉာဏ်ထက်သော အမသည်  ဆရာဝန်မဟုတ်သည့် ဒေါက်တာဘွဲ့ကို  ဂျပန်ပြည်ကယူလာခဲ့တာ အတော်ကြာပြီ။  ကျနော်ကတော့၊ ၈၈ အရေးတော်ပုံ ကြီးပြီးတော့ တောမြို့လေးပြန်သွားခဲ့ပြီး၊ တနေ့တခြား ပေါများလာသော မူးယစ်ဆေးဝါးထောင်ချောက်တွေက လွတ်အောင် မနည်းရှောင်ခဲ့ရသည်။  အနားမှာ..စီမံခန့်ခွဲ ပေးတတ်သည့်လက်ကိုင်ပုဝါဝယ်ပေးသူအမမရှိတော့   ပညာရေးမှာ ယောင်ချာချာ။ အမနှင့် ကျနော်ယှဉ်နိုင်တာ ကတော့ သားသမီးအရေအတွက်ပင်။ ကျနော်ကသုံးယောက်။ပညာမက်မောသူ  အမကတယောက်တည်း။   တူညီတာက တော့ ယနေ့ထက်တိုင် ထိုစဉ်ကလက်ကိုင်ပုဝါလေးတွေကို ကိုယ်စီသိမ်းထားကြခြင်းပင်။  ။

ကျော်ကျော် မြရည်စမ်း

သာထက်အောင် ● စနစ်ကောင်းလျှင် ဆယ်အိမ်ခေါင်းမလိုပါ

$
0
0
သာထက်အောင် ● စနစ်ကောင်းလျှင် ဆယ်အိမ်ခေါင်းမလိုပါ
(မိုးမခ) သြဂုတ် ၇၊ ၂၀၁၆

ကြာတော့ကြာပါပြီ၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကထင်ပါရဲ့။  မကြာခင်က သေဆုံးသွားပြီဖြစ်တဲ့ ကျွန်တော့်ခွေးမလေးရဲ့ စူးစူးဝါးဝါးဟောင်သံကြားတာနဲ့ ကျွန်တော်လည်း အိမ်တံခါးဖွင့်ပြီး ကြည့်လိုက်တော့ ခြံထောင့် တနေရာမှာ ကင်းလိပ်ချော (Grass Lizard) တကောင်နဲ့ ခွေးမလေးနဲ့ ဖိုက်တင်ချတော့မယ့် အနေအထားကို တွေ့ရပါတယ်။ ကင်းလိပ်ချောကလည်း ပါးစပ်ကြီး ဟ ဟ ပြီး ရန်မူတဲ့ အခြေအနေမျိုး။ ခွေးမလေးကလည်း ဟောင်လည်းဟောင်၊ ကိုက်လည်း ကိုက်ထင်ပါရဲ့။  ပါးစပ်မှာ သွေးစလေးတွေ တွေ့ပါတယ်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိပါဘူး။ ကင်းလိပ်ချောကလည်း တော်တော်လေးကြီးတော့ ကျွန်တော်လည်း ခပ်လန့်လန့်ပါ။ ဒီသတ္တ၀ါမျိုးက အဆိပ်ရှိလား၊ မရှိလားလည်း ကျွန်တော်မသိပါ။ သူ့ပါးစပ်က ပြာနှမ်းနှမ်းနဲ့ လျှာကလည်း လှုပ်လှုပ်နဲ့ ရှည်ပုံရပါ တယ်။

တုတ်ရှည်ရှည်တချောင်းဆွဲပြီး ခြောက်လွှတ်တော့လည်းမပြေး။ ခွေးမလေးကို ဆွဲထားတော့လည်း သူက ဒေါသတော်တော်ကြီးနေပုံရသော လူ တယောက် ခွေးတကောင်နဲ့ ကင်းလိပ်ချောကြီးရှည်တကောင် ဘယ်လို ဇာတ်သိမ်းရမှန်းမသိတဲ့ပွဲ။  တော်ကြာအိမ်တွေ ဘာတွေထဲ ဒီကင်းလိပ်ချောဝင်နေမှဖြင့်။  ကိုင်း…ဒီလောက်မှရှိလှတာ၊ မလှမ်းမကန်း ၀င်းထရံမှာ ထောင်ထားတဲ့ ပေါက်ပြားယူပြီး ကင်းလိပ်ချောကို သမလိုက်တာ ၂ ပိုင်းပြတ်ပြီး ဖျပ်ဖျပ်ခုန်နေ ပါတော့တယ်။  သတ္တ၀ါချုပ်ငြိမ်းလို့ ငြိမ်သွားတော့မှ ကြွပ်ကြွပ်အိတ်တလုံးထဲ ထည့်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်ပါတော့တယ်။

ညနေပိုင်းကျောင်းကပြန်လာတဲ့ သမီးကို ဒီအကြောင်းပြောပြတော့ သမီးက ဟာ…. ဒက်ဒီ-အဲလို လုပ်လို့မရဘူး၊  တယောက်ယောက်ကမြင်လို့ ဖုန်းနဲ့ဆက်တိုင်ရင် ဒက်ဒီဒုက္ခရောက်မှာ။ ဒီ LIZARD အိမ်မွေးသတ္တ၀ါတမျိုးပဲ၊ မသတ်ရဘူး။ KSPCA (တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ဆေးကုပေးရာဌာန) ကို ဖုန်းဆက်ရမှာ။ ငါလည်းမသိဘူးကွ။ ခုတော့ လက်လွန်သွားပြီ မတတ်နိုင်တော့ဘူး။

အဲသလိုနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်နေရာက လွန်ခဲ့တဲ့ နှစ်ပေါက်က အဲသည်အဖြစ်မျိုး ထပ်ကြုံရပြန်ပါတယ်။ အဲဒီအချိန်မှာ သမီးကလည်း အိမ်မှာရှိ တော့ RSPCA ကို သမီးဖုန်းဆက်ပါတယ်။ သူတို့က ဘာပြန်ပြောလဲဆိုတော့ စက္ကူပုံးလွတ်တခုခုထဲ သူ့ကို မောင်းထည့်လိုက်ပါ။ ပြီးရင် အလုံပိတ်ပြီး နီးရာ တိရစ္ဆာန်ဆေးကုခန်းတစ်ခုကို သွားပို့လိုက်ပါ။ သူတို့လက်ခံယူထားပါလိမ့်မယ်တဲ့။  အဲ့သလိုနဲ့ ခွေးကို တနေရာဆွဲပြီး ကြိုးချည်ထား။ စက္ကူပုံးလွတ်ထဲဝင် အောင် တော်တော် လုပ်ယူရပါတယ်။  ပြီးမှ တိပ်နဲ့ အသေအချာပိတ်ပြီး အထဲမှာ တလှုပ်လှုပ်ဖြစ်နေတဲ့ ကင်းလိပ်ချောကြီးကို ကျွန်တော်တို့ရပ်ကွက်ထဲမှာရှိတဲ့ Vet တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ သွားပို့လိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကလည်း အဖြစ်တခုနဲ့ ကြုံပါသေးတယ်။  မနက် ၇ နာရီခွဲလောက်။  ဖအေကို နှုတ်ဆက်ပြီး အလုပ်သွားမယ့် သမီးက ငါးမိနစ်လောက်ရှိတော့ အိမ်ထဲ ပြန်ဝင်လာပြီး ဒက်ဒီကို ပြစရာတခုရှိတယ်ဆို တာနဲ့ သူ့နောက်ကလိုက်ပြီးကြည့်လိုက်တော့ သမီးကားရဲ့နောက်နား အိမ်ထောင့်မှာ ကြောင်သေကြီးတကောင် စန့်စန့်ကြီးလဲနေတာတွေ့ရပါတယ်။  ကြောင်ကြီးက တော်တော်လေးကြီးပါတယ်။  ဒဏ်ရာတွေဘာတွေလည်း မတွေ့ တော့ လမ်းဖြတ်ကူးရင် ကားတိုက်လို့ သေတဲ့ကြောင်တော့ မဖြစ်နိုင်ဘူး။  လူ့ကျင့်ဝတ်လူ့စည်းကမ်းနားမလည်တဲ့ အောက်တန်းခပ်ကျကျ အိမ်တအိမ်က ပစ်ထားတာပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။  ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ။ တရက်နှစ်ရက်ရှိရင် ကြောင်မသာက နံတော့မှာ။ ကိုယ့်အိမ်ကကြောင်လည်း မဟုတ်တော့ ကိုယ့်ခြံကိုယ့်ဝန်းထဲလည်း မမြှပ်နှံနိုင်ဘူး။ ဘယ်လိုလုပ်ရပါ့။  ဒီကြောင်သေနဲ့ အနီးဆုံးအိမ်ကလည်း ကျွန်တော့်အိမ်ဆိုတော့ ကျွန်တော်မှ မလှုပ်ရင် ဘယ်သူမှ လှုပ်မှာမဟုတ်ဘူး။ ဒါနဲ့ လမ်းလျှောက်ထွက်ရင်း ကျွန်တော့် အိမ်နဲ့ တလမ်းကျော်မှာရှိတဲ့ ရဲစခန်းကို ၀င်ပါတယ်။ အရင်တုန်းက ရဲစခန်းဆိုတာ ဘယ်သူဝင်ဝင် ၀င်လို့ရပေမယ့် ခုတလော အမေရိကားမှာ ရဲတွေ ခဏခဏ ပစ်သတ်ခံရလို့ ထင်ပါရဲ့။ အထဲဝင်လို့မရပါဘူး။ ရဲစခန်းတံခါးဝမှာ ကြောင်သေကိစ္စအကျိုးအကြောင်း ပြောပြတော့ ကောင်ဆယ် Council ကို ဖုန်း ဆက်ပါတဲ့။  ဒါနဲ့ အိမ်ပြန်ရောက်ပြီး ကောင်ဆယ်ကို အကျိုးအကြောင်းဖုန်းဆက် ပြောပြတော့ လမ်းနာမည်မှတ်ထားပြီး မကြာခင် သူတို့လာသိမ်းမယ့်အကြောင်း ပြောပြပါတယ်။  ညပိုင်းကျွန်တော်ထွက်ကြည့်တော့ ကြောင်သေကြီး မရှိတော့ပါ ဘူး။ သူတို့သိမ်းပြီးသွားပါပြီ။

ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်တဲ့ ကင်းလိပ်ချောတကောင်အကြောင်း၊ ကြောင်သေကြီးတကောင်အကြောင်း ကျွန်တော်ဘာလို့ စာတစောင် ပေတဖွဲ့ ရေးနေရသလဲလို့ စာဖတ်သူက မေးကောင်းမေးနိုင်ပါတယ်။

ကျွန်တော်ရေးချင်တာက ကင်းလိပ်ချောအကြောင်း၊ ကြောင်သေ အကြောင်း မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ အသေးအဖွဲကအစ တိကျတဲ့ စနစ် တခုရှိဖို့ လိုတယ်ဆိုတဲ့ အကြောင်းပြောချင်တာပါ။  နိုင်ငံသက်တမ်း၊ လူမျိုးသက် တမ်း၊ ယဉ်ကျေးမှုသက်တမ်း ရှည်ကြာလာတာနဲ့ အမျှ ဘာဖြစ်ရင် ဘာလုပ်ရတယ်။  တရားမျှတစွာ၊ ယဉ်ကျေးစွာ၊ လူသားဆန်စွာ၊ ဘယ်လိုပြုမူကျင့်ကြံရ တယ်ဆိုတာ ဥပဒေတွေ၊ ကျင့်ထုံးတွေ ရှိရပါတယ်။ ပြီးတော့ လိုက်နာရပါတယ်။ ဆိုပါတော့ ခွေးချစ်တဲ့ပုဂ္ဂိုလ်များ ခွေးနဲ့လမ်းလျှောက်ကြတာ ထုံးစံပါ။ လမ်းမှာ ကိုယ့်ခွေးက မစင်စွန့်ခဲ့ရင် အဲဒီမစင်ကို ထည့်ဖို့ ပလတ်စတစ်အိတ်တလုံး ဆောင်ရပါတယ်။  ကိုယ့် ခွေးက ထုတ်လုပ်တဲ့ အညစ်အကြေးကို ကိုယ်တာဝန်ယူရပါတယ်။ လူယဉ်ကျေးလို့ အခေါ်ခံချင်ရင် လူပီသစွာ ပြုမူကျင့်ကြံနေထိုင်ရပါတယ်။

ဖွံ့ဖြိုးတိုးတက်ပြီး ယဉ်ကျေးမှုမြင့်မားတဲ့ နိုင်ငံတွေမှာ စနစ်က အပီအပြင်ရှိပြီး သားပါ။ ဘာဖြစ်ရင် ဘယ်သွား၊ ဘာလုပ်ချင်ရင် ဘယ်ကိုဆက်သွယ်ဆိုတာ အဆင်သင့် ရှိပြီးသား။ ခြံထဲမှာ ကင်းလိပ်ချောတွေ့သလား၊ မြွေတွေ့သလား၊ အိမ်ဘေးမှာ ခွေးသေ ကောင်၊ ကြောက်သေကောင် တွေ့သလား၊ ဆက်သွယ်ရမယ့် ဌာနတွေရှိပြီးသား။  ထို့အတူ ရာဇ၀တ်မှုတွေနဲ့ ကြုံရဆုံရသလား၊ ရဲစခန်းကို ဖုန်းဆက်၊ ထိခိုက်ဒဏ်ရာရလို့ အရေးပေါ်လိုရင် Ambulance ကို ဖုန်းဆက်၊ အိမ်ဝယ်ချင်လို့ ပိုက်ဆံချေးချင်ရင် ဘဏ် ကိုသွား၊ အိမ်ပြင်ချင်တယ်၊ အိမ်ဆောက်ချင်တယ်ဆိုရင် ကောင်ဆယ်နဲ့ ဆက်သွယ်။  ဆိုလိုတာက သူ့ကဏ္ဍနဲ့သူစနစ်အတိုင်း သွားကြရပါတယ်။

ဒါ့ကြောင့် ခေတ်မီတဲ့ မြို့ပြတွေမှာ ရပ်ကွက်လူကြီးဆိုတာ မရှိပါဘူး။ သူလည်းလူ၊ ကိုယ်လည်းလူ။  တရပ်ကွက်တည်း အတူနေပြီး ဘာကိစ္စသူက တစ်လုံးပို ရှူချင်ကြတာတုန်း၊ မလိုပါဘူး။  ၁၀အိမ်ခေါင်းတို့၊ ရာအိမ်ခေါင်းတို့ဆိုတာ ဟိုးလွန်ခဲ့တဲ့ ခေတ်သစ်မြို့ပြယဉ်ကျေးမှုမထွန်းကားသေးတဲ့ ပဒေသရာဇ်၊ ကိုလိုနီစနစ်အမွေတွေပါ။ ၂၁ ရာစုမှာ ဆယ်အိမ်ခေါင်းကို ကြောက်နေရဦးမယ်ဆိုရင်ဖြင့် တော်တော့်ကို ခေတ် နောက်ကျ ကျန်ရစ်ခဲ့တဲ့ တိုင်းပြည်လို့ ကမ္ဘာက သတ်မှတ်ပါလိမ့်မယ်။

အမျိုးသားလွှတ်တော်မှာ ပြတ်ခဲ့ပြီးဖြစ်တဲ့ သန်ခေါင်းစာရင်းကိစ္စကို ပညာရှိ အမတ်တဦးက လုံခြုံရေးအကြောင်းပြပြီး ရှိသင့်တဲ့အကြောင်း၊ ပြည်သူ့လွှတော်မှာ ကျားသေကို အသက်သွင်းဖို့ ကြိုးစားပြန်ပါတယ်။ အံ့သြဖို့ကောင်းတာက ဒီလွှတ်တော် ကိုယ်စားလှယ်က ကြံ့ဖွတ်ကိုယ်စားလှယ်မဟုတ်ပါဘူး။  လူတွေရဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ကို ဒီသန်းခေါင်စာရင်းဆိုတာကြီးနဲ့ နှစ်ပေါင်းများစွာ အထိန်းချုပ်ခံထားရလို့ လူတွေဘယ်လောက် အော့နှလုံးနာနေတယ်ဆိုတာ ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်ကြီး သိဖို့ကောင်းပါတယ်။ သန်းခေါင်စာရင်းဟာ လုံခြုံရေးအတွက်ဆိုရင် လူဦးရေ သန်းပေါင်း ၂၀ ကျော် မှီတင်းနေထိုင်တဲ့ ရှန်ဟိုင်းလို မြို့မျိုး သန်းခေါင်စာရင်းတိုင်စရာ မလိုပါဘူး။ လုံခြုံရေးကျိုးပျက်တယ်လို့ ခုထိတော့ မကြားမိသေးပါဘူး။

တလောက ပျင်းပျင်းရှိတာနဲ့ Google မှာ အိမ်နံပါတ်၊ လမ်းနံပါတ် ရိုက်ကြည့်လိုက်တော့ ကျွန်တော့်အိမ် ဘွားကနဲ ပေါ်လာပါတယ်။  အိမ်တင်မက ခြံထဲ လမ်းလျှောက်နေတဲ့ ကျွန်တော့်ပုံတောင် ပါသေး။  ဒါတောင် ပင်တဂွမ်တို့ နာဆာတို့လို နေရာမျိုးက နောက်ဆုံးပေါ် နည်းပညာမဟုတ်သေးဘူးနော်။  အံ့ဘနန်း တိုးတက်နေတဲ့  နည်းပညာခေတ်မှာ စာရွက်လေးကိုင်ပြီး ရပ်ကွက်ကောင်စီရုံး ဆယ်အိမ်ခေါင်း၊ ရာအိမ် မှူးဆီသွား သန်းခေါင်စာရင်းတိုင်မှ တိုင်းပြည်လုံခြုံမယ်လို့ထင်ရင်တော့ အဲဒီလူလောက် ထူတဲ့ ပိန်းတဲ့လူ ရှိမယ်မထင်ပါဘူး။ ဒီသန်းခေါင်စာရင်းဆိုတာကြီးက အင်္ဂလိပ်နယ်ချဲ့ က ကျွန်သက်ရှည်အောင်၊ မြန်မာ-မြန်မာချင်း ပုလိပ်သတင်းပေးရအောင် ဖန်တီးခဲ့တဲ့ နယ်ချဲ့အမွေပါ။ ဒါကို သိပ်အသုံးတည့်မှန်းသိတော့ စစ်အာဏာရှင်လက်ထက်မှာ ခြင်ထောင်လှန်၊ အိပ်ရာလှန်ရှာတဲ့အဆင့်အထိ အတင့်ရဲလာပါတော့တယ်။

ခေတ်အဆက်ဆက် မြန်မာ့အုပ်ချုပ်ရေးသမိုင်းမှာ ဆယ်အိမ်ခေါင်း၊ ရာအိမ်မှူး၊ ရပ်ကွက်လူကြီးဆိုတာတွေက အုပ်ချုပ်သူတွေမွေးထားတဲ့ အရိုးအရင်းကိုက်တွေပါ။ ဟိုလူတက် ဟိုလူဘက်ပါ၊ ဒီလူတက် ဒီလူ့ဘက်ပါဆိုတာ ဒေါ်စုရဲ့ ဆွမ်းကျွေး (အာဇာနည်နေ့) မှာ ပုဆစ်တုပ်ထိုင်နေတဲ့ ဗိုလ်ချုပ်ကတော်များကိုကြည့်ပြီး တရားကျမိ ပါတယ်။ တချိန်တုန်းက မယ်မယ်ကြီးဘေးနား ၀ိုင်းရံပုဆစ်တုပ်ထိုင်ခဲ့တဲ့သူတွေပေါ့။

တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်စီမံရေးဆိုတဲ့ တိုင်းပြည်နဲ့ တကယ့်အရေး ပါတဲ့ ဌာနတွေမှာ တကယ်တတ်ကျွမ်းတဲ့ ပညာရှင်တွေမပါဘဲ နီးစပ်ရာ လက်သင့်ရာ တွေနဲ့ စခန်းသွားနေရင်တော့ ခုလိုပဲ အိုးနင်းခွက်နင်းတွေ ကြုံကြရမှာပါပဲ။ အင်္ဂလိပ်က မြန်မာပြည်ကို နယ်ချဲ့တော့ အုပ်ချုပ်ဖို့လွှတ်လိုက်တဲ့ ဗြိတိသျှအရာရှိကြီးတွေထဲမှာ အိုင်စီအက်စ်တွေ အများကြီးပါတာကို ထောက်ခြင်းအားဖြင့် တိုင်းပြည်စီမံအုပ်ချုပ်တယ် ဆိုတာ စနစ်တကျ သင်ကြားလေ့ကျင့်တတ်မြောက်သူများသာ စွမ်းဆောင်နိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။  အုပ်ချုပ်ရေး ကုလားထိုင်ဆိုတာ လက်ဖက်ရည်ဆိုင်က ကုလားထိုင်လို ဘယ်သူထိုင်ထိုင်ရတဲ့ ကုလားထိုင်မျိုးမဟုတ်ပါဘူး။ ထောင် ၁၀နှစ်၊ ၁၅ နှစ် ကျဖူးတာနဲ့ ဒီကုလားထိုင် မင်းနဲ့တော်တယ်ဆိုပြီး ရော့-အင့် ပေးလို့ရတာမျိုးမဟုတ်ပါဘူး။ ထောင်ထွက်လက်မှတ်ဆိုတာ ရာထူးကြီးကြီးနဲ့ သင့်တော်ကြောင်းပေးတဲ့ Certificate မဟုတ်ပါဘူး။ ဂုဏ်ပြုချင်ရင် ကျန်တဲ့နည်းနဲ့ ဂုဏ်ပြုလို့လည်း ရပါတယ်။

ခုရက်ပိုင်းလေး လူပြောသူပြောများတဲ့ မြန်မာလူမျိုး အမေရိကန်နိုင်ငံသားခံယူ ထားသူတယောက်ကို လေဆိပ်က ပြန်လွှတ်လိုက်တဲ့ ကိစ္စဟာ ကျွန်တော်တို့ ရွှေပြည် ကြီးရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် ဘယ်လောက်ချွတ်ခြုံကျနေသလဲဆိုတာ ဖော်ပြနေတာပါပဲ။ နယူးယောက်မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးက တရားဝင်ဗီဇာနဲ့ လာသူတယောက်ကို ရန်ကုန်လ၀က၀င်ခွင့်မပြုဘူးဆိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ကောင် စစ်ဝန်ရုံးနဲ့ ပြည်ထဲရေးလက်အောက်ခံ လ၀ကဌာနတို့ဟာ အစိုးရတခုတည်းအပေါ် သစ္စာခံနေတာမှ ဟုတ်ရဲ့လားလို့ မေးစရာပါ။

မနေနိုင်လို့ ပတ်သက်ရာပတ်သက် ကြောင်းတွေက ဟိုမေးသည်မေး၊ ဖေ့စ်ဘုတ်မှာ ပွ တယ်လား၊ နေပြည်တော်အထိရောက်တော့ ခွင့်ပြုတယ် ဖြစ်ပြန်ရော၊ ပြန်ခေါ်မယ်လုပ်တော့ ပုဂ္ဂိုလ်က ပြည်တော်ပြန်နေပြီ။  ကာယကံရှင်ကုန်ခဲ့တဲ့ လမ်းစရိတ်၊ အချိန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခဲ့ရတာတွေကို တစုံတရာနဲ့ အစားထိုးတောင်းပန်လို့ ရကောင်းရနိုင်ပေမယ့် "မင်းတို့လူမျိုး၊ ကိုယ့်နိုင်ငံကိုယ် အပေါက်အလမ်းတည့်အောင် မအုပ်ချုပ်တတ်သေးဘူး၊ အုပ်ချုပ်မှု စီမံခန့်ခွဲမှု မကျွမ်းကျင်သေးဘူးလို့"နိုင်ငံခြားသား တယောက်ယောက်ကများပြောခဲ့ရင် သူ့ကို နှုတ်လှန်ထိုးဖို့ စကားလုံး ကျွန်တော် တော်တော်နဲ့ ရှာလို့ရမယ်မထင်ဘူး။

ဒီထက် ဆိုးတာက စစ်အစိုးရလက်ထက်မှာ ကျောင်းသားတွေ ဆူမှာ၊ ဆန္ဒပြမှာ စိုးပြီး ကောလိပ် တွေ၊ တက္ကသိုလ်တွေကို မြို့ပြင်ထုတ်ခဲ့ပါတယ်။  ဒါကို အခွင့်ကောင်းယူပြီး ဘယ်လို ရွှေ ဉာဏ်တော်စူးရောက်တယ်မသိပါဘူး။ အဲဒီကောလိပ်ဝန်းကျင်မှာ အလုံပိတ်အခန်းတွေ ဖွင့်ပြီး အတွဲတွေကို "ဘိ"ပေးတဲ့အလုပ် တွင်တွင်ကျယ်ကျယ်ကြီး လုပ်နေတာတွေ့ရ တော့ ဘုရား…ဘုရား… ဒါလောက်တောင် ပျက်စီးနေပါပကော၊ ရင်ထုမနာဖြစ်ရပါ တယ်။

ဒီကိစ္စမှာ စီးပွားရေးသမားဆိုတာကတော့ ငွေမျက်နှာတခုပဲ ကြည့်တတ်တဲ့ လူစားမို့ ၁၀၀% မြတ်မယ်ဆိုရင် သမီးကို ကြက်တန်းပို့ဖို့ ၀န်မလေးတဲ့သူတွေဆိုတော့ ထားတော့။  ပညာတတ်ပါဆိုတဲ့ တက္ကသိုလ်ကောလိပ်က ကျောင်းအုပ်တွေ၊ ပါမောက္ခချုပ်တွေ၊ ဆရာ၊ ဆရာမတွေ ဒီကိစ္စ မသိကြဘူးလား။ မကြားကြတော့ဘူးလား။  ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ ရဲတွေ၊ ခုနပြောတဲ့ ဆယ်အိမ်ခေါင်းတွေ၊ ရာအိမ်မှူးတွေ၊ မကြား မသိကြတော့ဘူးလား။ သူတို့သမီးတွေ အဲဒီအတန်းထဲ ရောက်နေမှာကို မစိုးတော့ဘူးလား။ အရပ်ရပ်နေပြည်တော်ကြားလို့မှ မတော်တဲ့ ကိစ္စတွေပါ။ ချွေးနည်း စာလေးစုပြီး သမီးလေးပညာတတ်ဖြစ်အောင် ခြိုးခြံချွေတာပြီး ကောလိပ်ရောက်အောင် ပို့ရတဲ့ သမီးရှင်တွေ၊ ဒီလို တနာရီ ၃ထောင်နဲ့ အလုံပိတ်အခန်းငှားစားတာတွေမြင်ရင် ဘယ်လိုခံစားရမလဲဆိုတာ အုပ်ချုပ်သူပုဂ္ဂိုလ်များ ခံစားနားလည်တတ်ပါလေစ။

Sex နဲ့ ပတ်သက်ရင် အင်မတန်ပွင့်လင်းပါတယ်ဆိုတဲ့ အနောက်ယဉ်ကျေးမှု ထွန်းကားတဲ့ နိုင်ငံတွေမှာတောင် ဒါလောက် အောက်တန်းကျတဲ့အလုပ်မျိုး မလုပ်ကြပါ ဘူး။ တက္ကသိုလ်ပုရ၀ဏ်မှာ ပညာပဲ မွှမ်းထုံပါတယ်။  ဗုဒ္ဓဘာသာနိုင်ငံစစ်စစ် ဧကန်ဖြစ်ပါ လျက်နဲ့ ဟီရိသြတ္တပ္ပတရား ထွန်းကားပါတယ်ဆိုတဲ့ ရွှေပြည်ကြီးမှာ ခုလို အလုံပိတ် အခန်းဖွင့်ပြီး တော်သလင်းဇာတ်ခင်းနေတာတွေကို ခုမှ လိုက်လံစစ်ဆေးနေတယ်ဆိုတာ ရှက်တတ်ရင် လဲသေလို့ရပါတယ်။   ။

သာထက်အောင်
3.8.2016

ကာတွန်း ညီထွေး ● အခွင့်ကောင်းပဲ

$
0
0
 
ကာတွန်း ညီထွေး ● အခွင့်ကောင်းပဲ
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၆

အီကြာအော် ● “ကွီးဖွတ်၊ ကွီးအော်နှင့် ခက်သေးရွာမှ အာဖျံကွီးများ”

$
0
0
အီကြာအော် ● “ကွီးဖွတ်၊ ကွီးအော်နှင့် ခက်သေးရွာမှ အာဖျံကွီးများ”
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၆

ခက်သေးရွာလယ်ကောင်တွင် နှပ်တွဲလောင်းဖြင့် ဖိနပ်မပါ ကစားနေကြသော ကြွက်နီတို့ ကလေးတသိုက်က ဆိုင်ကယ်မောင်း၍ ရွာလမ်းအတိုင်း ဆိုက်ပေးကာဝင်လာသော ဖွတ်လေးကို ဝိုင်း၍ အားပေးနေကြလေသည်။

”ကွီးဖွတ်
ကွီးဖွတ်
ကွီးဖွတ်……”
ဖွတ်ကလေးအား ကလေးအုပ်ကြီးက ဝိုင်းနေလေ၏။

ကလေးများကို ကျပ် ၁၀၀၀ တန်တရွက်စီ ပေးလိုက်သောအခါ ကြွက်နီတို့ကလေးတသိုက် ဝမ်းသာအားရယူပြီး ပြေးထွက်သွားကြလေတော့သည်။
“ဟေး…၊ ဒါမှ ကျော်တို့ ကွီးဖွတ်ကွ”

ခက်သေးရွာတွင်ကား ယုန်ကန်ရပ်ကွက်ခေါင်းချုပ်“ကွီးဖျိုး”ကို ခေါ်တွင်ရာမှ “ကွီး” ဆိုသော ဖွဘုတ်စကားကား ရေပန်းစား လေသည်။ ခက်သေးရွာ၏ ထုံးစံအတိုင်း သူများ ကွီး၍ ကိုယ်လိုက်ကွီးသောသူများကား များလှပေသည်။ ခက်သေးရွာ တရွာလုံး ဟိုနား “ကြီး” ဒီနား “ကြီး” နှင့် မကွီးသူ ခေတ်မမီသလို ဖြစ်နေပေသည်။

“ဟေ့ကောင် ကွီးဖွတ်…၊ ဟာ မဟုတ်ပါဘူးကွာ..၊ ဖွတ်ကလေး…၊ မင်းကလည်း သူများ“ကွီး”လို့ ကိုယ် “ကွီး” လုပ်ရရင် ပျော်နေတာပဲ မဟုတ်လား”

“ဟုတ်တာပေါ့…၊ဆရာကွီး …၊အဲ..ဆရာအော်ရေ”

”ဟေ့ကောင် ဖွတ်ကလေး…၊ ငါ့ကို တော့ လာမကွီးစမ်းပါနဲ့ကွာ၊ စိတ်ပျက်တယ်…၊ ကွီးအော်မဟုတ်ပဲ….သူများတွေက ခွီးအော်ဆိုရင် ခွေးအော်သလို ဖြစ်သွားမှာပေါ့ကွ…”

ပြောမည့်သာပြောရသည်။ ခက်သေးရွာတရွာလုံး လူတကာ ကွီးကြသောခေတ်တွင် သူ့ကိုလည်း ကွီးသဖြင့် ခက်သေးရွာ သားပြီပြီ ကျေနပ်သလိုတော့ စိတ်ကလေးက ဖြစ်သွားရသည်။

“ငါတို့ခေတ်တုန်းက “အာဖျံကွီး” ဆိုတာ နာမည်ကြီးကွ၊ မင်းတို့ ကွီးဖျိုးထက် နာမည်ကြီးတယ်”

အီကြာအော်က သူ၏အကြိုက် ဇာတ်ကောင် “အာဖျံကွီး”ကို သတိတရဖြင့် ပြောလိုက်လေ၏။

“အဲဒါဆို ဆရာအော်တို့ခေတ်ကတည်းက ကွီးခဲ့တာကိုး”

“အေးပေါ့က၊ တို့က ကွီးခဲ့တာ အနှစ် ၄၀ လေက်တောင် ရှိခဲ့ပေါ့”

ခက်သေးရွာသားတို့၏ ဆရာကြီးလုပ်တတ်သောအကျင့် မင်း ငယ်ပါသေးတယ်ကွာ ဟူသောဂိုက်ဖြင့် အီကြာအော်က ပြောလိုက်လေသည်။

“သူက ဘယ်ရပ်ကွက်မှာ နေခဲ့တာလဲ”

ဖွတ်ကလေးက မယုံတယုံဖြင့် အီကြာအော်ကို မေးလိုက်လေသည်။

“ယုန်ကန် ရပ်ကွက်မှာပဲပေါ့ကွ၊ အာဖျံကွီးခေတ်စားတုန်းက မင်းတို့ ကွီးဖျိုးတောင် နှပ်တွဲလောင်းပဲ ရှိဦးမယ်၊”
အီကြာအော်က ခက်သေးရွာသားများ၏ ထုံးစံအတိုင်း မင်းတို့ ငယ်ပါသေးတယ်ဆိုသော လေသံဖြင့် ရွှီးလိုက်လေသည်။

ဖွတ်ကလေးက မျက်လုံးလေး ကလယ်ကလယ်ဖြင့် “ဟုတ်လား” ဟု မေးလိုက်သည်။

 “ဒါနဲ့…ဖွတ်ကလေးရေ…၊ မင်းကြည့်ရတာ ရက် ၁၀၀ မတိုင်ခင်ကနဲ့ မတူတော့ဘူး၊ ထောင်ထောင် ထောင်ထောင် ဖြစ်နေတယ်”

“ကွီးဖျိုးတို့၏ ခက်သေးရွာ “ကြက်ညှာရက်တရာ စီမံကိန်း” အသံကြားကာစက ဖွတ်ကလေးတယောက် အသံမထွက်တော့။ ယုန်ကန်ဆေးရုံကြီးတွင် ဆေးရုံပေါက် အစောင့်လုပ်သော ဖွတ်ကလေးခမျာ ရက် ၁၀၀ စီမံကိန်းကြောင့် စားပေါက်ပိတ်ပါပြီဆိုကာ တမှိုင်မှိုင် ဖြစ်လိုက်သေးသည် မဟုတ်ပါလား။

“ဒါကတော့ ဆရာအော်ကလည်း၊ အပေါ်က ဆီးသီးဗန်းတွေမှောက်တဲ့ကိစ္စနဲ့ ရှုပ်နေ ကြတာကိုး၊ အောက်ခြေမှာတော့ ဒုံရင်းပါပဲ၊ ပိုနေမြဲ ကျားနေမြဲပေါ့”

“မင်းတို့ကတော့ ခို နေမြဲ၊ ဖွတ်နေမြဲပေါ့ကွာ ဖွတ်ကလေးရာ၊ မဟုတ်ဘူးလား”
ဘယ်အစိုးရလက်ထက်ဖြစ်ဖြစ် “တက်သမျှရွာလူကြီး တို့အဘ၊ တို့ကွီးကွီး” လုပ်ပြီး ကျိကျိတက်ချမ်းသာနေသော ခိုနီတို့လို ကြောင်ပါးများကို ကြည့်မရသော လေသံဖြင့် အီကြာအော်က အငေါ်တူးလိုက်လေသည်။ ဘပြောင်တို့ခေတ်က ”အဘ၊ အဘ” ဖြင့် တဘတည်း ဘနေခဲ့ကြသော ခိုနီတို့တသိုက်ကား အမေပုတို့ ခေတ်တွင် “တကြီးကြီး” ဖြစ်နေပေတော့သည်။

“ဟ…မင်းကိုကြည့်ရတာလည်း တော်တော်လေးကို ကွီးခံထားရပုံပါလားဖွတ်ကလေးရဲ့ …”
“မင်းတော့ ထောနေပြီထင်တယ်”

မပေးစဘူး ကြွက်နီတို့ကို မုန့်ဖိုးပေးသော ဖွတ်ကလေး၏ ဒီဇိုင်နာနေကာမျက်မှန်နှင့် တီရှပ်အသစ်တို့်ကိုကြည့်ပြီး အီကြာအော်က မှတ်ချက်ချလိုက်လေသည်။

“အခု ယုန်ကန်ဆေးရုံကြီးမှာ ဆေးအလကားမရတော့လို့ ကျုပ်လည်း ထုံးစံအတိုင်း ဆေး အဝယ်တော် တာဝန်ယူရတယ်လေ ဆရာအော်ရဲ့ ”

ယုန်ကန်ဆေးရုံကြီးတွင် ဆေးရုံအစောင့် တာဝန်ထမ်းရင်း လူနာများကို ဆေးဝါး စားစရာ များကို ဝယ်ပေးရခြင်းဟူသော အလုပ်ကို ဝံကြီးတပါးလုပ်ရသည့် ပုံစံမျိုးချီုးကာ ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ဖွတ်ကလေးက အီကြာအော်ကို ပြောလိုက်လေသည်။

“လူနာတွေက ဘယ်ရမလည်း ကျုပ်ကို လာပြီး ကွီးရတာပေါ့…၊ ကွီးဖွတ်ဆို ယုန်ကန် ဆေးရုံမှာ အကုန်ပြီးတယ်လေ….ဟဲ ဟဲ ဟဲ”

ခက်သေးရွာ၏ဓလေ့အတိုင်း ရွာသားဝန်ထမ်းများ လုပ်ပိုင်ခွင့်လေးတခုရလျှင် လုပ်စားကြ ရပြီး ရွာသားများကလည်း စိတ်ထည်းက အဆဲမျိုးပေါင်းစုံးဖြင့် ဆဲချင်သော်လည်း အပေါ်ယံမှာကား ဖော်လန်ဖားရပေသည်။

ဘပြောင်တို့ဆင်း၍ အမေပုတို့ပါတီက ခက်သေးရွာ အာဏာပိုင်ဖြစ်လာသော်လည်း ယုန်ကန်ဆေးရုံကြီးတွင်မူကား အောက်ခြေတွင် အော်နေကြမြဲ ဖြစ်သည်။ ဘပြောင်တို့ ရွာလူကြီးများအလုပ်မှ မနားခင်က ခါတော်မီလုပ်သွားသော ဆေးအလကားပေးကိစ္စများကို အမေပုတို့က ဖြေရှင်းပေးနေရသည် မဟုတ်ပါလား။

“အေးပါကွာ…၊ မင်းလည်း ကွီးနိုင်တုန်း ကွီးလိုက်ဦးပေါ့…”

“တနေ့က ခိုနီတောင် မငြီးစဘူး လာငြီးနေတယ်”

“ယုန်ကန်ရွာလယ်ကောင်က အထပ်မြင့်တွေဆောက်တာ ကွီးဖျိုးတို့က ရပ်ထားလို့ ဒီကောင် ခိုငြီး ငြီးနေတာလေ”

“သူဌေးတွေက ငြီးတာရှိသေးလား ဆရာအော်”

“သူတို့က ပိုငြီးတတ်တယ်လေကွာ..၊ ခိုဆိုတော့လည်း နာမည်နဲ့လိုက်အောင် ငြီးသပေါ့”

“ယုန်ကန်ခိုတွေ သူဌေးတွေထိတာ ကောင်းတာပေါ့ ဆရာအော်”

“သူဌေးသင်္ဘောမှောက်တာ ကိစ္စ မရှိဘူးကွ..၊ သူတောင်းစား ခွက်ပျောက်တော့ ဒုက္ခရောက်တာပေါ့”

“ဘယ်က သူတောင်းစားက ခွက်ပျောက်သွားတာလဲဗျ”

ဖွတ်ကလေးက အီကြာအော်၏စကားကို နားမလည်၍ ခေါင်းကုပ်ပြီး မေးလိုက်လေသည်။

“ဟကောင်ရ…၊ သူတောင်းစား ခွက်ပျောက်ဆိုတာ  သာမာန်ဆင်းရဲသား လက်လုပ် လက်စားတွေ ဆောက်လုပ်ရေးလုပ်ငန်း တွေတွေ ရပ်သွားတော့ ဝင်ငွေမရှိ၊ စားစရာ မရှိတာကို တင်စားပြီး ပြောတာကွ”

ထိုစဉ်အခါတွင် မီးဖိုချောင်မှ ထွက်လာသော ဒေါ်အွန်မေးက…

“ကိုအော်…၊ ရှင်တို့ “ကွီးတွေ ကွက်တွေ…. ခွီးတွေ ခွက်တွေ…. လုပ်မနေနဲ့ဦး၊ ဆောက်လုပ်ရေးတွေ ရပ်ရပ်၊ မရပ်ရပ်…. တော့ ဗိုက်ပူပူက ရပ်တာမဟုတ်ဘူးဆိုတော့အခု ရွာမှာမိုးတွင်း ရေကြီးလို့ ဆန်တွေ ဆီတွေ ပြတ်လိမ့်မယ်၊ အိမ်မှာလည်း သိပ်မရှိတော့ဘူး၊ ကိုခိုနီ့ဆိုင်မှာ ထုံးစံအတိုင်း အကြွေးသွားဆွဲပေးပါဦး”

ထိုအခါတွင် အီကြာအော်လည်း စိတ်ထဲမှ “ဘာမှမဆိုင်ပဲ ငါ့ဗိုက်ပဲ လာတိုက်ခိုက်နေတယ်” ဟုတွေးကာ ပါးစပ်မှ…
“အေးပါကွာ…၊ငါ သွားလိုက်ပါ့မယ်” ဟု ပြောလိုက်လေသည်။

ဖွတ်ကလေးလည်း သူ့ဆရာ အီကြာအော်တယောက် ထုံးစံအတိုင်း အခြေအနေမဟန် တော့သည်ကိုသဘောပေါက် သည်ကြောင့် “ဆရာကွီး..အဲ ဆရာအော်ရေ…၊ကျုပ် အလုပ်ကလေးရှိလို့ သွားလိုက်ပါဦးမယ်” ဟု ဆိုကာ သူလည်း မာလကွီးသွားနိုင်သည်ဟုတွေးမိ၍ ခက်သေးရွာလယ်ကောင်သို့ အမြန်ဂျောင်း လေတော့သတည်း။     ။

သဗ္ဗေသတ္တာ ကမ္မသကာ
အီကြာအော်

နှစ်စဉ်ကျင်းပမြဲ ဘတ်ဖဲလိုးမြို့တော်၏ ၈လေးလုံး နှစ်ပတ်လည် အလံတင် အခမ်းအနားမြင်ကွင်း

$
0
0



နှစ်စဉ်ကျင်းပမြဲ ဘတ်ဖဲလိုးမြို့တော်၏ ၈လေးလုံး နှစ်ပတ်လည် အလံတင် အခမ်းအနားမြင်ကွင်း
(ဓာတ်ပုံ လောအယ်စိုး) မိုးမခ၊ သြဂုတ် ၈၊ ၂၀၁၆





သြဂုတ်လ ၆ရက်၊ ၂၀၁၆၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့နှင့် ၀န်းကျင်ရှိ မြန်မာတိုင်းရင်းသား မိသားစုများ၊ ဦးဆောင်ဦးရွက်ပြုသူများ စုပေါင်းပြီး မြို့တော် ဘတ်ဖဲလိုး၏ မြန်မာ့အရေးဂုဏ်ပြု  ၈လေးလုံးနှစ်ပတ်လည် အလံတင်အခမ်းအနားနေ့ကို ကျင်းပခဲ့ကြသည်။ နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး မြန်မာ့ကျောင်းသားတပ်မတော် ABSDF ၏ ရဲဘော် ရဲမေ ဟောင်းများက မျိုးဆက်သစ်တို့နဲ့အတူ အလံတင် ချီတက်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။












စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်းကို ရင်ဆိုင်ခဲ့ကြရသော ဆရာတော်ကြီးများအား ၀ါဆိုသင်္ကန်း ဆပ်ကပ်

$
0
0


စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်းကို ရင်ဆိုင်ခဲ့ကြရသော ဆရာတော်ကြီးများအား ၀ါဆိုသင်္ကန်း ဆပ်ကပ်
(ဌေးအောင်၊ မိုးမခ) သြဂုတ် ၈၊ ၂၀၁၆

နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ကြီးများအား သိက္ခာထပ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားအား ယနေ့ (သြဂုတ်လ ၇ ရက်၊ ၂၀၁၆) နံနက် ၈နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့ နယ် မိုးကောင်းလမ်းရှိ မဟာဗောဓိ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပရာ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် တက်ကြွလှုပ်ရှားသူ ၁၅၀ခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇော်သက်ထွေးမှ အခမ်းအနားကျင်းပရခြင်းကို ရှင်းလင်းလျှောက်ထားပြီး တိုင်းသံဃာ့နာယကဆရာတော် ဘဒန္တတေဇ၀န္တမှ ငါးပါးသီလတရားတော်ကိုချီးမြင့်ခဲ့ပါသည်။





သန်းဌေးမောင် - ၀ိကင်း အားတစ်၏ ဗစ်ဇယူယက် ဒိုင်ယာရီ

$
0
0

သန်းဌေးမောင် - ၀ိကင်း အားတစ်၏ ဗစ်ဇယူယက် ဒိုင်ယာရီ
(မိုးမခ) သြဂုတ် ၈၊ ၂၀၁၆

ကျနော်က weekend artist ပါ။ ကြက်သားစက်ရုံက အလုပ်သမားတစ်ယောက် ကြက်တွေရေဆေးရင်း တွေးမိတာလေးတွေ ... အလုပ်ပိတ်ရက်မှာ visual  ဒိုင်ယာရီလေးထဲ ချရေးထားဖြစ်ပါတယ်။ (သြဂုတ် ၆၊ ၂၀၁၆)

ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး အတွင်းက ကာတွန်းများ

$
0
0
ကာတွန်း ရွှေမင်းသား

ကာတွန်း ၀င်းဖေ

ရှစ်လေးလုံး လူထု အရေးတော်ပုံကြီး အတွင်းက ကာတွန်းများ
(မိုးမခ သြဂုတ်လထုတ် မဂ္ဂဇင်း) သြဂုတ် ၈၊ ၂၀၁၆

ကာတွန်း မောင်မောင်

ကာတွန်း ၀င်းအောင်

ကာတွန်း ဆန်းထွန်း

ကာတွန်း ဆွေမင်း(ဓနုဖြူ)

ကာတွန်း ၀င်းထွန်း

ကာတွန်း နံ့သာ

ကာတွန်း သုတ

ကာတွန်း မောင်ရစ်


Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>