Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ေ အ ာ င္ ေ ဝ း ● အ ေ မ ရိ က န္ ေ န ာ က် ခံ မြ န် မာ က ဗျာ တ စ် ပု ဒ်

$
0
0

ေ အ ာ င္ ေ ဝ း ● အ ေ မ ရိ က န္ ေ န ာ က် ခံ မြ န် မာ က ဗျာ တ စ် ပု ဒ်
A Burmese Poem in America
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂ဝ၁၆

“ခင်ဗျားလားဗျ။ ကျောင်းသားသပိတ်စစ်ကြောင်းကို ရှေ့ ဆက်သွားခွင့်မပြုဘူးဆိုတာ၊ ကဲဗျာ မပြုချင်ဦး”

“ဖြန်း“
“ဖြန်း“

“ခင်ဗျားလားဗျ၊ ကျောင်းသားတွေကိုရှေ့ဆက်သွားခွင့်ပြုလိုက်ရင်၊ အာဖဂန်နစ္စတန်လိုဖြစ်သွားနိုင်တယ်ဆိုတာ၊ ကဲဗျာ ဖြစ် ချင်ဦး”

“ဖြန်း“
“ဖြန်း“

ကျနော်က အဲဒီလူ၊ တောင်သာမြို့က မြို့မိမြို့ဖဆိုတဲ့သူကို မေးမေးပြီး၊ ပါးကို ဘယ်ပြန်ညာပြန်ရိုက်ပစ်လိုက်သည်။ ကျနော် သိတာပေါ့။ ဒီလူ၊ ဦးအောင်သောင်းလူ။ ကြံ့ဖွတ်ပါတီဝင်ပေါ့။ ကျနော်သိပ်သိတာပေါ့။

ကြံ့ဖွတနဲ့အပေါင်းပါ စွမ်းအားရှင်အုပ်စုက သူတို့ကိုယ်သူတို့ မြို့မိမြို့ဖဆိုပြီး၊ ကျောင်းသားသပိတ်စစ်ကြောင်းကို လာတား တာ။ ဘယ်ရမလဲ။ ကျနော်က အဲဒီသခင်အားရ ကျွန်ပါးဝဖြစ်နေတဲ့လူရဲ့ပါးကို ဖြန်းဖြန်းကွဲအောင်ရိုက်ပစ်လိုက်တယ်။ မ ကျေ နပ်သေးဘူး။ ထပ်မေးပြီး ထပ်ရိုက်ဖို့ လက်အရွယ် ...။ ဟိုးထား။

ကျနော့်ရှေ့မှာ တွေ့ဖူးသလိုရှိတဲ့ လူနှစ်ဦးလာရပ်ပြီး လက်ပြတားတယ်။ တို့လက်နဲ့မတန်ဘူးလို့လည်း ပြောလာတယ်။ အနားကပ် သေချာကြည့်လိုက်တော့မှ ခပ်ဖိုင့်ဖိုင့်နဲ့က ဆရာဦးတင်မိုးဖြစ်နေတယ်။

ပိန်ပိန်သွယ်သွယ်တစ်ယောက်က ပန်းရည်ဘဏ်တိုက်တို့၊ တောင်တော်ပုပ္ပားတို့သီချင်းတွေရေးခဲ့တဲ့ ကန်မြဲကိုအေးကျော်ဖြစ် နေတယ်။ ဆရာဂျမ်းတို့ ဘယ်လိုကနေဘယ်လို ဒီတောင်သာ နန်းမြင့်တောင်ကြား၊ အရပ်ကခေါ်တော့ နပျင်း (နွားပျင်း) တောင်ကြား၊ ဒီနေရာကို ဘယ်ကရောက်လာကြပါလိမ့်။ နောင်မှ သတိရ။ သြော် …ဒါ သူတို့နယ်ကိုး။
+++++++++

အဲဒီနေ့ က ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်။

မန္တလေးကနေ ရန်ကုန်ကို ချီတက်လာတဲ့ ဗ က သ (ဗကသများအဖွဲ့ ချုပ်) ဒီမိုကရေစီပညာရေးသပိတ် စစ်ကြောင်း နာ မည်ဆိုးနဲ့ ကျော်ကြားတဲ့ တောင်သာတပ်မတော်ရှိတဲ့နေရာကို ဖြတ်တဲ့နေ့။

ဒီ နန်းမြင့်တောင်ကြားမှာ၊ လုံထိန်းရဲနဲ့ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေ အင်အားအလုံးအရင်းနဲ့ အကြီးအကျယ် ပိတ်ဆို့ ဟန့် တား ခြိမ်းခြောက်နေတဲ့ကြား။ ကျောင်းသားထုနဲ့ မြင်းခြံနဲ့ တောင်သာမြို့တွေက ပြေးလာဝန်းရံတဲ့ပြည်သူတွေ ရဲရဲရင့်ရင့် အောင်မြင်စွာဖောက်ထွက်သွား။ သပိတ်မှောက်ကျောင်းသားတွေရဲ့ သမိုင်းဝင် နန်းမြင့်တောင်ကြားအောင်ပွဲ။

ကျောင်းသားတွေ ခွပ်းဒေါင်းအလံတလူလူ၊ ကြွေးကြော်သံတွေ တဆူဆူနဲ့ ရှေ့ဆက်ထွက်ခွာသွားကြတော့၊ အဲဒီနေရာမှာ ကျနော် ခဏရပ်ကျန်ခဲ့။ ဆရာဂျမ်းနဲ့ ကန်မြဲ ကိုအေးကျော်တို့က ကျောင်းသားတွေနောက်မလိုက်သေးဘဲ ရပ်ကြည့်နေ။ မရှု မလှ အရှုံးပေးလိုက်ရတဲ့ ရဲတွေ၊ အောင်သောင်းလူတွေလည်း ရှက်ရှက်နဲ့ပြန်ကုန်ကြပြီ။ အဲဒီအချိန်မှာ ကျနော်က အာဖဂန်နစ္စ တန်လိုဖြစ်သွားမယ်လို့ပြောခဲ့တဲ့ ကျုပ်တို့က မြို့မိမြို့ဖဗျဆိုတဲ့လူကို မေးမေးပြီး၊ ပါးကို ပယ်ပယ်နယ်နယ်ရိုက်ပစ်လိုက်တာပါ။

ကျနော် ဒီလူ့ မျက်နှာတည့်တည့် တံတွေးနဲ့ ပျစ်ခနဲထွေးထည့်လိုက်ပြီး၊ ကျောင်းသားတွေနောက်ကို ပြေးလိုက်လာခဲ့ တယ်။ နေကပူလိုက်တာ။ ဆောင်းတွင်းနေက ချစ်ချစ်တောက်ပဲ။ လမ်းကလည်း ကြမ်းမှကြမ်းပါပဲ။ ဆူးတွေ ချိုင့်ခွက်တွေ ခဲတွေနဲ့ ။ အို … မောလိုက်တာ။ ကျနော် ပြေးနေရင်းရေငတ်လာတယ်။
+++++++++

“ဟဲလို၊ ခင်ဗျား သတိရပြီလား”
ကျနော့်နားထဲကို အသံတစ်သံ မြွေတစ်ကောင်လို တွားဝင်လာတယ်။
“ဟိုင်း၊ ခင်ဗျား သတိရပြီနော်”

ကျနော် လေးလံနေတဲ့ မျက်ခွံတွေကို အား.ယူဖွင့်ကြည့်လိုက်တယ်။ အို … မူးလိုက်တာ။ မြင်ကွင်းကမှုန်မှုန်ဝါးဝါးဖြစ်နေရာကနေပြီး၊ တဖြည်းဖြည်းကြည်လာလင်းလာ ထင်ရှားလာသည်။ အလို- ဆရာဝန်၊ ဆရာမတွေပါလား။ များလိုက်တာ။ ဆယ် ယောက်မကဘူး။ ကျနော့်ဘေးမှာ ဝိုင်းအုံပြီး ရပ်ကြည့်နေကြပါလား။    ကျနော် ကုတင်တစ်လုံးပေါ်မှာ ပက်လက်ကလေး။ ဟင်- လက်တွေက လှုပ်လို့မရပါလား။ ကျနော့်လက်နှစ်ဖက်စလုံးမှာ ပိုက်တွေက တန်းလန်း။ ကုတင်ဘေးက ဆေးပုလင်း ချိတ်တဲ့တိုင်တွေမှာလည်း ပုလင်းအစီအရီ။ လက်တစ်ဖက်က ပိုက်ထဲက အရည်က နီကျင်ကျင်။ အခြားလက်တစ်ဖက်က ပိုက်ထဲမှာကျတော့အရည်က ဝင်းဖန့်ဖန့် အရောင် ထင်သည်။

ခေါင်းဆာင်ဖြစ်ပုံရတဲ့ မဇ္ဈိမနွယ်ဖွား ဆရာဝန်က ကျနော့်အနားကပ်ပြီး တိုးတိုးရှင်းပြတယ်။ ကျနော်သူပြောတာကို အား စိုက်နားထောင်ပြီး၊ ပြန်စဉ်းစားလို့ရသလို ရှိသွားသည်။ ကျနော် ဆေးရုံကြီးတစ်ရုံရဲ့အရေးပေါ်ဌာနက အသည်းအသန်လူနာကုတင်တစ်လုံးပေါ်ရောက်နေတာဖြစ်သည်။

မနေ့ညက (ဖေဖော်ဝါရီ-၁၊ ၂ဝ၁၅) ကျနော် နှင်းမုန်တိုင်းအရေးပေါ်တာဝန်နဲ့ညအိပ်ရတဲ့ ဟိုတယ်က အခန်းတစ်ခန်းထဲမှာ၊ ရင်ဘတ်အရမ်းအောင့် မူးမိုက်ပြီးထိုးလဲလို့၊ အရေးပေါ်နိုင်းဝမ်းဝမ်း (၉၁၁) လူနာတင်ကားနဲ့ ဒီနေရာကိုရောက်လာတာ။ ဟို တယ်အခန်းကနေသယ်လာပြီး၊ အရေးပေါ်လူနာတင်ကားပေါ်လည်းရောက်ရော ကျနော်သတိမေ့သွားခဲ့တာ။ ဟေမိုဂလိုဗင် က ၅ ဒသမ ၈  ရာခိုင်နှုန်းပဲရှိတော့တာ။ လူနာတင်ကားပေါ်မှာကတည်းက ဆရာဝနနဲ့သူနာပြုတွေက အားချင်းကုကြတာ။ ကျနော် ရင်ဘတ်အောင့်လာရင် သောက်နေကျ နိုက်ထရိုဆိုတဲ့ ဆေးလုံးသေးသေးကလေးတွေ တစ်လုံးပြီးတစ်လုံး ကျနော့်လျှာ အောက် ထည့်ပေးခဲ့ရတာ။

ဆေးရုံရောက်တော့ ချက်ချင်းသွေးသွင်းဖို့ လုပ်ကြ။ အားဆေးပုလင်းတွေချိတ်ကြ။ ရှုပ်ယှက်ခတ်နေမှာပေါ့။ ကျနော်ကတော့ ဘာမှမသိဘူးလေ။ အခုချိတ်ထားတဲ့ သွေးပုလင်းက ဒုတိယမြောက်။ ကျနော်ဘယ်သိမလဲ။ မသိစိတ်နဲ့အိပ်မက်ထဲမှာ ကျ နော်က တောင်သာ နန်းမြင့်တောင်ကြားက အောင်သောင်းလူရဲ့ ပါးကိုအားရပါးရရိုက်နေခဲ့တာပေါ့။

ဆရာဝန်တွေ၊ သူနာပြုတွေအုပ်လိုက်ကြီးပြန်သွားတော့၊ ကျနော် မောပြီးကျန်ခဲ့တယ်။ မူးလည်းမူးနေသေးတယ်။ သူ့ကိုယ် သူ တောင်ကိုရီးယားသူပါလို့ပြောပြီး၊ အညာဆီရောလို့နှုတ်ဆက်တဲ့ သူနာပြုဆရာမလေးက ကျနော့်ကိုစောင့်ကြည့်ဖို့ ကျန် ခဲ့တယ်။ ကျနော့်မျက်ခွံတွေ ပြန်လေးလံလာတယ်။ ကိုရီးယားသူကလေးက အဋ္ဌမမြောက် အားဆေးပုလင်းကို ပြောင်းချိတ် တယ်။ ကျနော်အိပ်ချင်လာတယ်။
+++++++++

အညာဆောင်းရဲ့နေရောင်ကလည်း ပူလွန်းလှချည်ရဲ့။ မီးတောက်လုမတတ်ပဲ။    ကျနော် ကျောင်းသားသပိတ်စစ်ကြောင်းကို မီလာတယ်။ ကျောင်းသားတွေနဲ့အတူ ဝဲလောင်ကိုဖြတ်တော့၊ နယ်ချဲ့ ဆန့်ကျင်ရေးသူရဲကောင်းကြီး ဝဲလောင်ဗိုလ်ရာညွှန့် ကိုယ်တိုင် မြို့ဦးက ထွက်လို့ကြိုသော်ကောရယ်။ ပုပ္ပားနဲ့ ကျောက်ပန်းတောင်း၊ ဘာပြောကောင်းမလဲ၊ ခွပ်ဒေါင်းအလံတွေနဲ့ ရဲပတောင်းခတ် ရွှင်လန်းတက်ကြွလို့။

ဟော- ရှေ့မှာ ရေနံချောင်း၊ ရေနံချောင်း။ ဒေါင်းနေချောင်းမှာ ဒေါင်းတွေပေါင်းဆုံကြတော့မယ်။ ကျနော်က စစ်ကြောင်းတွေ ဆုံပြီဆိုတာနဲ့ ခွပ်ဒေါင်းအလံကြီးကြီးတလက်ကို ကောက်ကိုင်ပြီး လေထဲ အင်နဲ့ အားနဲ့ ဝှေ့ယမ်းလိုက်တယ်။

အားပါး- ကျနော့်ဘေးမှာ ဆရာဦးကြည်အောင်။ ကျနော့်ရှေ့မှာ ကိုကိုးကျွန်းအာဇာနည် ကဗျာဆရာလေးမောင် (မြင်းခြံ)။ အလို- ဟိုးရှေ့မှာ ကိုသက် (ဗကသ) နဲ့ ၊ ကိုဗဆွေလေး (တကသ) တို့ ကျောင်းသားတွေနဲ့အတူ တပ်ဦးက ရင်ပေါင် တန်းချီတက်လို့ပါလား။
+++++++++

အို … ဆွေးဆွေးမှုန်မှုန်
မေ့ဆေးထုံပျံ့ 
ဆေးရုံပေါ်မှာ
တော်လှန်ရေးကို ကုကြဆဲ။

မူးရိပ်မူးဝေ အမူးမပြေသေးတဲ့ ကျနော့်ဦးခေါင်းထဲမှာ ကာရန်တွေ ပြွတ်ခဲ ထိုးသိပ် ထွက်အန်ကျလာနေတော့သည်။

ဆရာဝန်တွေက ကျနော့်ကို အရေးပေါ်ခန်းကနေ၊ နှလုံးရောဂါဆောင် (လေးထပ်) အခန်းတစ်ခန်းထဲက ကုတင်တစ်လုံးပေါ် ပြောင်းရွှေ့လိုက်ကြပြီ။ ကျနော် မောနေသည်။ အားနည်းနေတုန်း။ မူးလည်း မူးတယ်။ လူကဆေးရုံကုတင်ပေါ်မှာ။ ကျနော့် စိတ်က ဗမာပြည်က ကျောင်းသားသပိတ်စစ်ကြောင်းဆီမှာ ရောက်နေသည်။ သူတို့ ဗကသ (ဗကသများအဖွဲ့ချုပ်) သပိတ် စစ်ကြောင်း မန္တလေး အိမ်တော်ရာဘုရားဝင်းထဲကနေ  စချီလာကတည်းက ကျနော် အွန်လိုင်းကနေ အားပေးထောက်ခံခဲ့ သည်။ ကျနော်သူတို့ကို ကူညီချင်သည်။ ဘယ်လိုကူညီမလဲ။ ကျနော် သူတို့အတွက် "ရန်ကုန်ချီကျောင်းသားသပိတ်တပ် ကြီးဘွဲ့ - မော်ဒန်လေးချိုးကြီး” ကို ဇန်နဝါရီ ၁၈ (၂ဝ၁၅) နေ့က စရေးသည်။ တစ်ချိုးရေးပြီးတိုင်း တစ်ချိုး လိုင်းပေါ်တင်သည်။ နေ့ စဉ် သပိတ်စစ်ကြောင်းသတင်းတွေ ရေဒီယိုကနားထောင်ရသည်။ ဗမာ့နွေဦးဟာ ဖေ့စ်ဘုတ်မှာလည်း လွန့်လူးလာသည်။

မဆုံးသေးတဲ့ မော်ဒန်လေးချိုးကြီးရဲ့ အဆုံးသတ် စတုတ္ထအချိုးကို ဇန်နဝါရီ ၂၈ (၂ဝ၁၅) မှာ လိုင်းပေါ်တင်လိုက်သည်။ အဲဒီ အချိန်မှာ သပိတ်တပ်ဦးက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုအောင်မှိုင်းဆန်းနဲ့ ကိုနန္ဒာစစ်အောင်တို့နှစ်ဦး နေပြည်တော်တွေ့ ဆုံဆွေးနွေးပွဲသွားနေကြပြီ။

မစ်ရှီဂန်မဲဇာကနေ ကျနော်က သူတို့ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို အပြည့်အဝ ထောက်ခံအားပေးနေသည်။ အားပေးနေရင်းနဲ့ ကျနော် ဆေးရုံပေါ်ရောက်သွားရတော့သည်။
+++++++++

ဆေးရုံပေါ်မှာ
တော်လှန်ရေးလေ၊ သွေးတစ်ပေါက်ချင်း
လက်မောင်းတွင်းကျ၊ သွေးသွင်းလူနာ
စိတ်မှာနီမောင်း၊ ခွပ်ဒေါင်းလက်ပတ်
အနာဂတ်သို့၊ ဖြတ်သန်းနေချိန်
အိပ်မက်ထဲမှာ
နှင်းသည်း လေထန်၊ မစ်ရှီဂန်ရဲ့
ဟေမန္တမုန်တိုင်းနီနီ။

အဲသည်ရက်တွေက မစ်ရှီဂန်မဲဇာမှာ နှင်းမုန်တိုင်းတွေ ထန်နေသည်။ ဖေဖော်ဝါရီ ၂ (၂ဝ၁၅) မနက်ကြီး လင်းအားသည်း အချိန်ကစလို့ အန္တရာယ်ရှိ နှင်းမုန်တိုင်းကျရောက်မည်ဟု မိုးလေဝသဌာနတွေက အရေးပေါ်သတင်းထုတ်ပြန်ထားသည်။ နှင်းက ၃ ပေအထက်ရောက်အောင် ကျမည်။ လေက မိုင် ၆ဝ - ၇ဝ အထိ တိုက်မည်။ အပူချိန်က ရေခဲမှတ်အောက်ကို အများကြီးရောက်သွားမည်။ သတိပေးထားသည်။

နှင်းသည်း လေထန် မစ်ရှီဂန်။ အမေရိကန်ပြည်သူတွေကတော့ နှင်းမုန်တိုင်းဒဏ်ကို အန်တုရင်ဆိုင်နေကျ။ ကျနော်အလုပ် လုပ် သည့်ဟိုတယ်က ကြိုတင်ပြင်ဆင်သည့်အနေနှင့်၊ ကျနော့်ကို ညအိပ်တာဝန်ပေးသည်။ ခါတိုင်းနှစ်တွေလည်း နှင်းမုန် တိုင်းရှိလျှင် ဒီလိုပဲ အိပ်နေကျပါ။

အဲဒီနေ့က တနင်္ဂနွေနေ့။ အဲဒီညမှာ အမေရိကန်တွေ အသည်းစွဲ FOOTBALL ၄၉ ကြိမ်မြောက် SUPER BOWL ဗိုလ်လုပွဲရှိ သည်။ ကျနော်က ကျနော်တို့ဘောလုံးပွဲ (SOCCER) လောက် စိတ်မဝင်စား။

အင်တာဗယ်ပေးတဲ့အချိန်၊ အမေရိကန်အဆိုတော် KATY PERRY ရဲ့ အားပါးတရဖျော်ဖြေမှုကို ကျနော် အားပါးတရကြည့်ရှု နေခဲ့ပါသေးသည်။ အပြင်မှာ နှင်းမုန်တိုင်းက စစ်ဦးဘီလူး ငြာသံပေးဝင်လာနေပြီ။ အခန်းမှန်ပြတင်းတွေကို နှင်းဖတ် နှင်းခဲ တွေက တဖြန်းဖြန်းရိုက်လာတယ်။ ပွဲကြမ်းပြီ။ မုန်တိုင်းအော်သံက ထိတ်လန့်တုန်လှုပ်စရာ။ ငလျင်တော်လည်းသလို နှင်း ရိုင်းလေက တဝေါဝေါ။ ဟိုတယ် နှစ်ယောက်ခန်း ကုတင်နှစ်လုံးမှာကျနော် တစ်ယောက်တည်း။ ရင်ဘတ်ထဲက အောင့်သ လိုလို။ ညစာလည်း မစားဖြစ်တော့။

နှင်းမုန်တိုင်း တကယ်ကျပြီဆိုရင် မလွယ်မှန်း ကျနော်သိသည်။ ကျနော် အမေရိကရောက်ပြီး၊ ငါးနှစ်အရောက်မှာ ဧရာမ ရေခဲမုန်တိုင်းနှင့်ကြုံသည်။ အမေရိကန်တွေပင် အဘား အဘား အော်ကုန်ကြသည်။ ရေပြတ်၊ မီးပြတ်၊ အင်တာနက်ပြတ်။ လမ်းပန်းဆက်သွယ်ရေးတွေလည်းပြတ်တောက်ကုန်သည်။ ဗမာပြည်တစ်ဝန်းစာလောက်ရှိတဲ့လူတွေ ဒီမှာ ဒုက္ခလှလှ ရောက်ကုန်ကြ။ နောက်တော့လည်း နှင်းမုန်တိုင်းဘေးက ကုန်းရုန်းနိုးထ လွတ်မြောက်ကြ။ အစိုးရက လွှတ်ကူညီတာကိုး။

အဲဒီညက၊ ဟိုတယ်ညမှာ၊ နှင်းလန့် ပြီး ကျနော် ရင်ဘတ်အောင့် မူးဝေလဲကျသွားတော့၊ ကျနော်နောက်ဆုံးမြင်လိုက်ရတာက၊ ကျနော့်နဖူးပေါ်ကစီးကျလာတဲ့ သွေးတွေ ...။ သွေးတွေ ...။
+++++++++

အိပ်မက်ဆဲလေ
ဒေါင်းနေချောင်းမှာ၊ ဒေါင်းတွေပေါင်းဆုံ
ဆေးရုံကုတင်၊ အပြင်ဘက်မှာ
ဝက်ဝံလကနဲ့၊ မျက်နှာဖြတ်ရိုက်
နှင်းဖတ်နှင်းခဲ၊ သွေးချင်းချင်းရဲ
မြင်းခွာတစ်ချက်ပေါက်၊ မီးဟုန်းဟုန်းတောက်
နောက်ဆုံးအိပ်မက်၊ မနက်ဖြန်မှာ
မစ်ရှီဂန်မဲဇာ၊ ငါ၏ဒဏ်ရာ။

ဆေးရုံပေါ်ရောက်ပြီး၊ ဒုတိယမြောက်ညကျမှပဲ၊ ကျနော် ဗမာပြည်က ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းနောက်ဆုံးအခြေအနေကိုသတင်းသိရသည်။ မစ်ရှီဂန်က နှင်းမုန်တိုင်းအပျက်အစီးတွေကိုသိရသည်။

မုန်တိုင်းစဲသွားခဲ့ပေမဲ့၊ နှင်းခဲ နှင်းဖတ်တွေက လမ်းမတွေပေါ်မှာ၊ မြက်ခင်းပြင်တွေပေါ်မှာ တောင်လိုပုံပြီး ကျန်ရစ်ခဲ့။ တစ် လောကလုံး နှင်းခင်းဖုံးကွယ်။ နှင်းဖွေးဖွေးထဲမှာ သွေးခဲပြီး သေသွားနိုင်တယ်။ ဆွတ်ဆွတ်ဖြူတဲ့ နှင်းတွေ တရစပ် ထန်ထန် သည်းသည်းကျနေရင် ဘာကိုမှ မမြင်နိုင်တော့ဘူး။ ညအမှောင်ထဲမှာလိုပဲ။ နှင်းအမှောင်ထဲမှာ ပေါ့။

ကျနော် အမေရိကကိုရောက်လို့၊ နှင်းမုန်တိုင်းနဲ့ ညားတော့မှပဲ၊ ဆရာမကြီးဒေါ်ကြည်အေးရဲ့ "ပထမအမြင်” ကဗျာ(ရှုမဝ၊ ဇန် နဝါရီ၊ ၁၉၇၃)ထဲက နှင်းမှောင်ကန္တာရဆိုတဲ့ စကားလုံးကို ကိုယ်တွေ့ ခံစားနားလည်ရတော့သည်။ ပြီးတော့၊ ဆရာမဖြူမွန်၏ ဆွတ်ဆွတ်မှောင်ဆိုသော ဝေါဟာရကိုလည်း ထိုနည်းအတိုင်း သဘောပေါက်ရတော့သည်။
+++++++

နှလုံးသားထဲ

မြားရိုးကျိုးကျန်၊ အို … စိုးရိမ်ရန်ကော
အိုးဝေသံကြား၊ ပြန်လာခဲ့မည်
နှင်းဆီဓားနဲ့ ၊ တအားလွှဲခုတ်
ဖြုတ်ချအစိုးရ၊ ဆေးရုံညမှာ
ချွန်မြနီမောင်း၊ ကျောင်းသားသပိတ်
ငါ မအိပ်ခင်
ပိန်းပိတ်ဖြူအောင်၊ ဆွတ်ဆွတ်မှောင်ဆဲ
အို … နှင်းမှောင်ကန္တာရ။
++++++++

သူရို့ ဆီက ကြီးကျယ်ခမ်းနား ခံ့ညားထည်ဝါလှတဲ့ ဆေးရုံကြီးတစ်ခုပေါ်မှာ ကျနော်က လူနာ။ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဝန်ထမ်းတွေ ပျားပန်းခပ်နေသည့်မြင်ကွင်းကို၊ ဓာတ်မှန်ခန်းအသွား၊ လူနာကုတင်တွန်းလှည်းပေါ်ကနေ ဖျတ်ခနဲ ဖျိုးခနဲ ပက်လက်မြင်ရသည်။နှစ်ယောက်တစ်ခန်း အခန်းထဲမှာတော့၊ တစ်ဖက်ကုတင်က လူနာညည်းသံ သဲ့သဲ့။

အမေရိကန်က ဆေးရုံပေါ်ကနေ၊ ကျနော်က ဗမာပြည်က ဆေးရုံစောင့်ကိုလည်း သတိရရင် ရနေမိပါရဲ့ ။ ကြည်အေး- ဆေးရုံ စောင့်၏မှတ်တမ်း၊ ရှုမဝ၊ ဖေဖော်ဝါရီ၊ ၁၉၇၂။ မောင်ဒေါင်းဝတ္ထုတွေထဲက ရွေးမြစ်ကမ်းဘေးက တောဆေးရုံမွဲမွဲကလေး ကို လည်း သတိရ။ ရန်ကုန်ဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်မှာ

ဆရာမြသန်းတင့်ရဲ့ကျန်းမာရေးသတင်းကို ရင်တထိတ်ထိတနဲ့စောင့်ခဲ့ရပုံတွေ။ လပွတ္တာက သူငယ်ချင်းကိုမြင့်ဇော်ကို ည ဘက်လူနာစောင့်ပေးရင်း၊ ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ဆောင်အပေါ်ထပ်မှာ ဆေးရုံ ဆိုတဲ့ကဗျာရေးဖြစ်ခဲ့တာတွေ။

ဆေးရုံပေါ်မှာ အတွေးတွေက ဗမာပြည်ပြန်ရောက်ပြီး၊ စိတ်က ကျောင်းသားသပိတ်စစ်ကြောင်းနဲ့ အတူ ရန်ကုန်ကြောင်းချီနေဆဲ။ဆေးရုံတွေရဲ့ ထုံးစံ၊ ညဘက် လူခြေတိတ် လူနာအိပ်ချိန်၊ ကျနော်က မအိပ်နိုင်သေးဘူးပဲနဲ့ ၊ လူကကဗျာထဲရောက်သွား။ ကဗျာကလူထဲဝင်လာ။အပြန်အလှန်ထိုးဖောက်နေကြသည်။ တစ်ခါတစ်ခါ အားငယ်။

ငါ ဆုံးရှုံးမှာလား။ ရေခြားမြေခြားမှာ ငါသေဆုံးသွားမှာလား။ ဟင့်အင်း။ မစ်ရှီဂန်မဲဇာမှာတော့ ငါ့ ဝိညာဉ်ကိုမထားရစ်ခဲ့နိုင်ဘူး။ ငါ ငမိုးရိပ်ကိုရောက်အောင်ပြန်ရမယ်။ ဒါပဲ။ ငါ့ကို အမေရိကန်သင်္ချိုင်းတွေက မမြူဆွယ်နိုင်ပါဘူး။ မသိစိတ်နဲ့ ဒီမိုကရေစီနံ့ သင်းတဲ့သေမင်းကို ငြင်းဆန်နေဆဲ။ နှင်းမုန်တိုင်းထဲ ငန်းရိုင်းတစ်ကောင်ပျံသန်းနေသလို၊ တောတောင်ယံထဲ မြင်းရိုင်းတစ် ကောင် ဒုန်းစိုင်းနေသလို၊ ငမိုးရိပ်ကို ငါပျံသန်းနေတယ်။ ငမိုးရိပ်ကို ငါဒုန်းစိုင်းနေတယ်။

ငါ့ကို တိုင်းပြည်က နှင်တဲ့ လူဆိုးဗိုလ်ကြီး ရွှေရွှေ ရေ။ နင်သတ်လို့ငါမသေ။ ငါ့မြေကို ငါအရောက်ပြန်လာပြီး နင့်ကိုငါသတ်မယ်။
+++++++

အချစ်ဦးရေ …
သွေးလူးပေကျံ၊ ငါ့သံသာရ

ည မစ်ရှီဂန်၊ ထန်ထန်သည်းသည်း
နှင်းမုန်တိုင်းထဲ၊ ဘိုင်းဘိုင်းပြိုကွဲ
လဲကျသေဆုံး၊ ငါရှုံးမလား
ညများဆက်ဆက်၊ ချီတက်ခရီးရှည်
ကျောင်းသားတွေနဲ့ အတူ
ပြည်သူရှိရာ၊ ငါ၏ကဗျာ
ပြန်လာချက်ချင်း၊ မင်းသွေးသစ်တို့
မျိုးဆက်သစ်တို့ထံ၊ ငါ အပ်နှံမည်
ရှင်ပြန်ထမြောက်၊ နောက်တစ်နေ့မှာ။

ရင်ဘတ်ထဲက အောင့်နေဆဲ။ ဆေးရုံပေါ်က ညတွေလည်း အိပ်မက်ထဲမှာ အိပ်မက် မက်နေဆဲ။ ဗမာပြည်က ကျောင်းသား တွေလည်း ရန်ကုန်ရောက်အောင် အသော့နှင်ချီနေဆဲ။

အဲဒီ ကျောင်းသားသူရဲကောင်း ခွပ်ဒေါင်းတွေအတွက် အမေရိကကနေ ကျနော်လုပ်ပေးနိုင်တာကကဗျာပဲရှိတာ မဟုတ် လား။ ကဗျာက သူတို့အတွက် ကျနော်ပေးတဲ့ လက်နက် မဟုတ်လား။ ကဗျာက နိုင်ငံရေး မဟုတ်လား။ ကျောင်းသားတွေရဲ့ ခရီးရှည်ချီတက်ပွဲက နိုင်ငံရေး မဟုတ်လား။ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင်၊ သူတောင်းစားတွေ သမ္မတဖြစ်ကုန်မှာပေါ့။

ဆေးရုံပေါ်က လူနာကုတင်ထက်မှာ လူကသာ ပက်လက်။ စိတ်ကတော့ မတ်မတ်ခိုင်ခိုင်နဲ့၊ မယိုင်မလဲ။ အိပ်မက်ထဲမှာ ဗမာ ပြည်က တော်လှန်သော၊ တိုးတက်သော ကျောင်းသားတွေနဲ့ အတူ ချီတက်ဆဲ။

သေချာတာတစ်ခုက ကျနော့်ဝိညာဉ်ဟာ ကျနော့်ခန္ဓာကိုယ်နဲ့ ကင်းကွာ မသွားသေးဘူးပဲ။ နောက်ထပ်သေချာသေးတာ တစ်ခုက၊ ကျနော့်နှလုံးသားထဲမှာ၊ ပူနွေးအစီးသန်တဲ့ ကဗျာသွေးတွေ မခြောက်မခန်းဘဲစီးဆင်းနေတုန်းပဲ။ ဒီတစ်ခါမသေရင်၊ ကျနော် ဘယ်တော့မှ မသေတော့ဘူး။ သြော် … စိုစိုနွေးနွေး

အိုးဝေသွေးနဲ့ 
ဆေးရုံပေါ်မှာ
တော်လှန်ရေးကို ကုသကြဆဲပါတကား။     ။
ဖေဖော်ဝါရီ ၁- ၃၊ ၂ဝ၁၅

(တစ်ခုသောဆေးရုံ၊ နှလုံးရောဂါဆောင်)
+++++++++

ပြည်တွင်းက ရဲဘော်ကဗျာဆရာ ညီနောင်အပေါင်းတို့ရေ ...။ ဒီစာဟာ တခြားဘာမှတော့ မဟုတ်ပါဘူး။ ဆေးရုံညတွင် ချီ တက်ခြင်းဆိုတဲ့၊ အမေရိကန်နောက်ခံ မြန်မာကဗျာတစ်ပုဒ်ရဲ့အကြောင်းသာပါပဲကွာ။

ရဲဘော်တို့အားလုံး ကျန်းကျန်းမာမာနဲ့ ကဗျာတွေ ဆက်ရေးနိုင်ကြပါစေ။    ။

ေ အ ာ င္ ေ ဝ း
(ေမ ၁၂- ၂ဝ၁၆)

ကာတွန်း ဆွေသား ● ငြိမ်းချမ်းရေးတဲ့

$
0
0
 
ကာတွန်း ဆွေသား ● ငြိမ်းချမ်းရေးတဲ့
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၆

တင်လတ်ကို ● စက်တင်ဘာ

$
0
0


တင်လတ်ကို ●  စက်တင်ဘာ
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၆

ရေဒီယိုဖွင့်တော့
သွေးထွက်သံယို စကြားတယ်။

လေညင်းနဲ့မိတ်ဖွဲ့လိုသူ
ပြာလူးငရံ့တစ်ကောင်
ဒီနေ့ဗိုလ်အောင်ကျော်ကျတဲ့နေ့ 
သံကြိုးတွေနဲ့သိခဲ့ရ။

တမြို့ လုံး ပတ်ကြည့်ကြတယ်
ပါးစပ်မှာဇစ်တွေနဲ့
နှုတ်ခမ်းမှာ အဆိပ်တွေနဲ့။

စက်တင်ဘာ
တို့အသံတွေခြေဆေးခဲ့ကြပြီ
တို့ချွေးတွေမတိတ်သေး။

စက်တင်ဘာ
မုသားမပြောတတ်တာ ကမ္ဘာကသိတယ်။

စက်တင်ဘာ
ရေနစ်ဖူးသူမို့
ရေကူးတတ်ခဲ့တဲ့စက်တင်ဘာ။

စက်တင်ဘာ
နားနှစ်ဘက်ကိုပိတ်
မုဆိုးမ
ဒုက္ခိတ
မိဘမဲ့နဲ့
အလုပ်လက်မဲ့။

စက်တင်ဘာ
အသံကအရင်လာတယ်
အသံထွက်လည်း ကြမ်းတယ်။

စက်တင်ဘာ
တို့မောင်ချောနွယ်ကိုသိမ်းထားတယ်။

စက်တင်ဘာ
တို့ဗိုလ်အောင်ကျော်ကိုသိမ်းထားတယ်။

စက်တင်ဘာ
နှုတ်မှာတဖွဖွရွတ်ရင်း။
မြစ်ကြီးလေးပါးတုန်ဟီးသွားခဲ့တယ် စက်တင်ဘာ။

စက်တင်ဘာ
သွေးဟာမခြောက်သေးဘူး
ကျည်ဟာနံရံဖောက်ထွက်ခဲ့ရ။

စက်တင်ဘာ
တခုသော၂၀၀၇ ရဲ့အလံတော်။

မိုးချုပ်ခဲ့ရ
အိမ်ပြန်ခက်ခဲ့ရ
ကျောင်းဆင်းနောက်ကျခဲ့ရ။

ကမ္ဘာမြင်ခဲ့ပြီ
ကမ္ဘာကကြဉ်ခဲ့ပြီ
အရူးတပိုင်း စက်တင်ဘာ။

ရေထဲလေထဲ
ကျောက်တောင်နံရံတွေထဲ
သဲသဲမဲမဲ စက်တင်ဘာ။

ကျည်ထပ်ဖြည့်တယ်
ဟိုဘက်စာမျက်နှာပေါက်သွားတယ်
ဝမ်းနည်းဖွယ် စက်တင်ဘာ။ ။

တင်လတ်ကို

ခင်ဇော်မိုး ● မျှော်လင့်ချက် မနက်ခင်းများနှင့်အပြုံး

$
0
0

ခင်ဇော်မိုး ● မျှော်လင့်ချက် မနက်ခင်းများနှင့်အပြုံး
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၁၆

မြူနှင်းတွေပိတ်သည်း ယှက်လွှမ်းနေသည့် မိုးရာသီ၏မနက်ခင်းကြောင့် အကြည့်တွေ ကသီလင်တ ဖြစ်သွားမိသည်။ စင်္ကြဝ တေးမင်းသည် ရာသီမှား၍ ကန့်လန့်ကာချသည်များလားဟု ခြေဦးတည့်ရာ တွေးထင်မိသည်။ ပြတင်းပေါက်မှ မြင်တွေ့ ရသော ပြင်ပမြင်ကွင်းမှ ဖယ်သွေလိုက်တော့ ကြေးမုံပြင်မှာ ကျွန်တော့်ပုံရိပ်က ထင်ဟပ်သွားသည်။ ခြေရာလက်ရာ ပျက် ယွန်းနေသည့် ဆံပင်များကို ကျွန်တော့်လက်ချောင်းများဖြင့် ထိုးဖွပင့်တင်လိုက်သည်။

မနက်ခင်းပေါင်းများစွာ သေဆုံးသွားသော်လည်း ကျွန်တော့်အဖြစ်အပျက်များကတော့ မပြောင်းလဲသေးပါ။ ဒီကနေ့မနက် တွင်လည်း မနေ့ကအဖြစ်လိုပဲ နာရီပေါင်းများစွာကို ရုန်းကန်ရပါဦးမည်။ ဟိုအရင်သေဆုံးသွားသော မနက်ခင်းများထဲမှာ ရုန်းကန်ခဲ့ခြင်းများသည် နောက်ထပ်မနက်ခင်းတခုကို မွေးဖွားနိုင်ရုံမျှသာ။ ထို့ထက်မပို။ ကျွန်တော့်လို ရုန်းကန်သူများလည်း လက်ညိုးထိုးမလွဲ။ သို့သော် မနက်ခင်းလေးတွေကိုသာ မြိန်ရေရှက်ရေအဖြစ်နှင့် လည်ဆန့်မြိုချရင်း ကျွန်တော်တို့အများစု သည် ရှင်သန်နေကြရပါသည်။

မနက်ခင်း၏လေညင်းများမှာ မြေနံ့သင်းသင်းတွေနှင့် မြူခိုးရနံ့တွေက ပါလာတတ်သည်။ တညလုံးရွာထားသည့်မိုးရေနှင့် အရင်ရက်ကရွာထားသော မိုးရေတို့စုပေါင်းကာ တချို့လမ်းဘေး ရေအိုင်ခွက်များက ရေပုတ်နံ့တွေကလည်း ပင့်သက် အရှိုက်မှာ ကမန်းကတန်းတိုးဝင်လာသည်။ ဒီလိုပါပဲ။ ကျွန်တော်ခံစားလို့မှမ၀ခင် မနက်ခင်းလေးတွေဟာ ပန်းကောင်းအညွှန့် ကျိုးခဲ့ရ။ သက်ပြင်းကြမ်းကြမ်းကြီးတွေက မိုးကျရွှေကိုအလား။ မနက်ခင်းအစမှာပဲ ဇာတ်ဝင်ခန်း နေရာရသွားသည်။

မနက်ခင်းတိုင်းဟာ လှပတဲ့အပျိုစင်တဦးလို ကျွန်တော့်အတွက် တကြိမ်တခါမျှ ကောက်ကြောင်း မလှခဲ့။ ရုပ်ဆိုးအကျည်း တန်လွန်းသည်သာ။ မနက်ခင်းဟာ နေရောင်အလာမှာ ကိုယ်ဟန်ကြွကြွလေး ပြရုံရှိသေး၊ ကျွန်တော့်တို့ရပ်ကွက်ထဲမှာ ခွေးဟောင်သံတွေနှင့်စည်ကားနေပြီ။ ဟိုဘက်အိမ်မှ မိန်းမကြီးက ဆိုက်ကားမထွက်သေးသည့် သူ့ယောက်ျားကို အဆဲအဆို များဖြင့် ပရိတ်မွှန်းနေပြီ။ ကျွန်တော်တို့ အညတရရပ်ကွက်ကလေးမှာ နေ့စဉ် ရုန်းကန်လှုပ်ရှားနေသည်။ သို့သော် ဘာမျှ ထူးခြားမလာသေး။ မည်သူမျှ ချမ်းသာကြွယ်ဝမသွားသေး။ မနက်ခင်းတိုင်းမှာ ပြောင်းလဲခြင်းသည် စိုးစဉ်းမျှမရှိ။ ပကတိ ရှေးရိုးစွဲလို့။

မနက်ခင်းတခုပြီးတခုမှာ အိပ်ရာနိုးထနိုင်ဖို့ ကျွန်တော်တို့ကိုယ်မှာ ချွေးတွေနစ်လို့။ ကျွန်တော်တို့နားတွေမှာ တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုး ပြောလိုက်တဲ့စကားတွေကြောင့် အူလို့။ ရပ်ကွက်ဈေးထဲက အဒေါ်ကြီးလည်း နေရောင်စလိုက်တွေနှင့် တနေကုန် ကလို့။ ပွဲရုံ၊ ဆိပ်ကမ်း၊ ကုန်တင်ကုန်ချ ကူလီအလုပ်သမားတွေလည်း ၀ိုင်းထဲကလက်ဝှေ့သမားလို အင်္ကျီဗလာနှင့် လက်ဖျံက သွေးကျောတွေထလို့။ မနက်ဖြန်မနက်ခင်းတခုကို မြင်နိုင်ကြဖို့၊ နိုးထနိုင်ကြဖို့၊ မိသားစုထမင်းဝိုင်းလေးမှာ လက် ဆုံစားကြဖို့ပေါ့။

မနက်ဖြန်မနက်ခင်းတိုင်းဟာ အတွေးတွေနှင့် အနာဂတ်လှလှလေးတွေပါပဲ။  ရုန်းကန်နေကြသည့် အားလုံး ဦးနှောက်ကို အလုပ် လုပ်ကြရ၊ ပါးစပ်ကို အလုပ်လုပ်ကြရ၊ ခြေလက်တို့ဖြင့် ရုန်းကန် အလုပ်လုပ်ကြရ။ ကျွန်တော်တို့အားလုံးဟာ ယနေ့ အတွက်၊ မနက်ခင်းအနာဂတ်တွေအတွက် ရုန်းကန်ကြရသည်။

ရုန်းကန်ရင်း ဆုံးရှုံးခြင်းတွေလည်းပါခဲ့သည်သာ။ ကျွန်တော်တို့ ချွေးနှင့်အားနှင့်လုံ့လထုတ်ပြီး ရုန်းကန်ခဲ့ပေမယ့် မနက်ခင်း တွေကတော့ ဘာမှပြောင်းလဲခြင်းမရှိသေး။ လမ်းဘေးရေချမ်းစင်လေးလည်း ယိုင်နဲ့နေပြီ။ သက္ကရာဇ်တွေလည်း တဖြည်း ဖြည်း ဇရာအိုနေပြီ။ လမ်းထိပ်ကသစ်ပင်ကြီးလည်း ပင်စည်တွေလေတိုးသလိုမျိုး ဝဖြိုးလို့။ အကိုင်းအခက်ဖြာဖြာ တွေက တော့ အရင်လိုမရှိတော့။ မီးကြိုးဖြင့်မလွတ်၍လား၊ ထင်းအလိုရှိ၍လား ကျွန်တော်မသိ။ နတ္ထိဖြစ်နေရှာသည်ကိုပင် ကျွန် တော်သိပါသည်။ အာလုံးပြောင်းလဲပေမယ့် မနက်ခင်းတွေကတော့ မပြောင်းလဲသေးပါ။ ရုန်းကန်ကြရင်း အိုမင်းသွားကြ သည်။ သေဆုံးသွားကြသည်။

ရွေ့လျားနေသည့် ခေတ်သက္ကရာဇ်တွေဟာ ပို၍သာလွန်ကောင်းမွန်လာမည်ဟု ကျွန်တော်တို့ ရပ်ကွက် ထဲကလူတွေနည်းတူ ပြည်သူအားလုံး မျှော်လင့်ထားကြပါလိမ့်မည်။ ကျွန်တော်တို့တတွေဟာ လက်ရှိ ဘ၀ဆင်းရဲမွဲတေခြင်းများမှ တနေ့တရက်မှာ ကွင်းလုံးကျွတ်လွှတ်မြောက်နိုင်ရန် ကြိုးစားကြသည်။ ကျွန်တော်တို့ကိုယ်ပေါ်က ချွေးစက်များကိုလည်း နာကျင်စွာ ကျိန်း မောင်းခဲ့ဖူးပါသည်။ လှပမှုမရှိသောနေ့ရက်များကို ကျိန်းမောင်းခဲ့ဖူးပါသည်။ အနာဂတ်မနက်ခင်းတွေဟာ လှပလိမ့်မည် ဟုသာ။

ဒါကြောင့် မနက်ခင်းတိုင်း မနက်ခင်းတိုင်းမှာ ကျွန်တော်တို့အားလုံး၏ မျှော်လင့်ချက်များ ရှိနေပါသည်။ မနက်ခင်းတိုင်းဟာ ကျွန်တော့်တို့အားလုံး၏အဖိုးမဖြတ်နိုင်သော သယံဇာတများလည်း ဖြစ်ပါသည်။

စောစောစီးစီး အတွေးတွေနှင့်ငေးမောနေသည့် ကျွန်တော့်အား အမေက မနက်စာစားဖို့လှမ်းခေါ်ရင်း သက်ပြင်းရှည်ကြီးချ လိုက်သည်ကို တွေ့ရသည်။ ပြီးတော့ အမေသည် ကျွန်တော့်ကို ရီဝေစွာကြည့်ရင်း အမေ့မျက်ဝန်းလေးတွေက စကားတွေဆို လျက်။ ကျွန်တော့်စိတ်အတွေး စိတ်အမောတွေကို အမေက တီတိုးဖြေသိမ့်လျက်။ ကျွန်တော့်ရင်ထဲက အကြောင်းတွေကို အမေသိသလို အမေနှစ်သိမ့်တေးကိုလည်း ကျွန်တော် ကြားနိုင်ပါသည်။ ပြီးတော့ အမေ့ကို ကျွန်တော်ပြုံးပြလိုက်ပါသည်။ အမေကလည်း ပြန်၍ပြုံးပြပါသည်။ အဲ့ဒီအပြုံးက ဘာသာစကားတွေကိုတော့ ကျွန်တော်နှင့်အမေကလွဲ၍ မည်သူမျှ မသိနိုင် ပါ။ ကျွန်တော့်မျှော်လင့်ခြင်းတွေကို အမေအလွတ်ရသလို အမေ့၏ ဖြစ်တည်လိုမှုတွေကိုလည်း ကျွန်တော်အလွတ်ရပါသည်။

မနက်ခင်းတိုင်းတွင် ကျွန်တော့်မှာကြီးမားသော မျှော်လင့်ချက်ရှိပါသည်။ ကျွန်တော်ချစ်ရသော တဦးတည်းသော အမေ့ အပြုံးပန်းများကို မနက်ခင်းတိုင်းမှာမြင်လိုသည့် မျှော်လင့်ချက်တခုပင်။ ကျွန်တော့်ဘဝမှာ အမေ့အရိပ် အမေ့မေတ္တာတွေ အောက်မှာ ရှင်သန်ခွင့်ရခြင်းသည် ကျွန်တော့်စိတ်ကိုပို၍ ကျန်းမာစေသည်။ ကျွန်တော့်မျှော်လင့်ချက်တွေကို ပို၍ ခရီးဝေး သွားစေနိုင်သည်။ အမေအရိပ်မှာ ခုံလုံရှင်သန်ခွင်ရခြင်းသည် ဘဝကို ယုံကြည်မှုရှိစေခဲ့သည်။ ရပ်ကွက်ထဲက ဦးကြီး တယောက်က ပြောဖူးပါသည်။ အလုပ်ကအပြန်မောပန်းလာပေမယ့် သား သမီးနှင့် ဇနီးမျက်နှာ ချိုချိုသာသာမြင်လိုက်ရလျှင် ပင်ပန်းသမျှပျောက်ကွယ်သည်ဟုဆိုသည်။ ပြီးတော့ သူ့အတွက် မျှော်လင့်ချက်မနက်ခင်းတွေထဲမှာ သူတို့တတွေ၏အပြုံး တွေဟာ သူအတွက်အလိုအပ်ဆုံးဖြစ်သည်ဟု အားမာန်အပြည့်နှင်ပြောပြခဲ့သည်။ ထို့အတူ ကျွန်တော့်ဘ၀မှာလည်း ရုန်း ကန်နေရသော နေ့ရက်တိုင်းသည် အမေ့အပြုံးတပွင့်နှင့် တာဆုံးအောင်ပြေးနိုင်ပါသည်။ ကျွန်တော်တို့ အားလုံးဟာ မျှော်လင့်ချက်တွေနှင့် ခရီးဆက်နေကြပါသည်။  ဒါကြောင့် မျှော်လင့်ချက်မနက်ခင်းတွေမှာ အမေ့အပြုံးတွေဟာ ကျွန်တော့် ဘဝတွက် တန်ဖိုးကြီးသည့် အားဆေးတခွက်ပင်ဖြစ်ပါသည်။

ခင်ဇော်မိုး

ဒေါ်အောင်ဆန်းစုကြည် နယူးယောက်ပြောကြားချက် အပြည့်အစုံ (VOA)

$
0
0




ဒေါ်အောင်ဆန်းစုကြည် နယူးယောက်ပြောကြားချက် အပြည့်အစုံ (VOA)
(VOA) မိုးမခ၊ စက်တင်ဘာ ၁၈၊ ၂၀၁၆

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁၇ ရက် စနေနေ့မနက်ပိုင်းက နယူးယောက်မြို့ မြန်မာသံရုံးမှာ မြန်မာနိုင်ငံသားတချို့နဲ့ တွေ့ဆုံခဲ့ ပါတယ်။ အဲလိုတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ ဘက်ပေါင်းစုံကလူတွေ ပါဝင်နိုင်အောင် သူတို့အစိုးရကို ဖွဲ့စည်းခဲ့ကြောင်း၊ ၀န်ထမ်းရွေးချယ်ရာမှာလည်း အရည်ချင်းရှိပြီးတော့ တိုင်းပြည်အကျိုး တကယ်ထမ်းဆောင် မယ့်သူမျိုးတွေကို ရွေးချယ်ဖို့ လိုအပ်တဲ့အကြောင်း၊ ပြည်ပရောက် မြန်မာတွေအတွက် ပြည်ဝင်ခွင့်ဗီဇာနဲ့ ပတ်သက်ပြီး တင်းကြပ်မှုတွေကို ဖြေလျော့ပေးမယ့်အကြောင်း၊ ပြည်ပရောက် ပညာရှင်တွေ အထူးသဖြင့် ဆရာဝန်တွေရဲ့ အကူညီတွေလိုအပ်ကြောင်း စတဲ့ကိစ္စတွေ ပြောကြားခဲ့ပြီး၊ ဒုတိယပိုင်းမှာတော့ ဆွေးနွေးပွဲမှာပါတဲ့ ပရိသတ်တချို့ရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့တာတွေကို စုစည်းတင်ဆက် လိုက်ပါတယ်။


“အမျိုးသားရင်ကြားစေ့ရေး အစိုးရ”

“… အခု ကျမတို့ရဲ့နိုင်ငံပေါ်မှာ ရဲဘော်ရဲဘက်စိတ်နဲ့ တတ်နိုင်သမျှ ကူညီစေချင်တယ်။ ကူညီနိုင်တဲ့နည်းတွေ အမျိုးမျိုးရှိပါတယ်။ ကျမတို့အခု ဒီနိုင်ငံမှာဆိုလို့ရှိရင် ပညာတတ်တွေ အများကြီးရောက်နေတယ်။ အဲဒီတော့ တတ်ထားတဲ့ပညာတွေနဲ့ နိုင်ငံ့အတွက် ဘယ်လိုပြန်ပြီးတော့ သုံးနိုင်မလဲဆိုတာကို စဉ်းစားစေချင်တယ်။ ကျမတို့အနေနဲ့လည်း တဖက်ကနေ အစိုးရကလည်း နိုင်ငံပြင်ပရောက်သွားတဲ့ ပုဂ္ဂိုလ်များ ပြန်ပြီးတော့ ကူညီနိုင်အောင်လို့ အခြေနေတွေကိုလဲ ဖန်တီးပေးရမယ်။ အရင်တုန်းက အုပ်ချုပ်ရေး စနစ်အရဆိုလို့ရှိရင် ‘ ငါနဲ့မတူ ငါ့ရန်သူ’ ဆိုတဲ့စိတ်ဓါတ်က တော်တော်များပါတယ်။ ကျမတို့ကတော့ စိတ်ထဲမှာ ဒီလိုမထားပါဘူး၊ အစထဲက ကျမတို့ပြောတယ် .. ဒီ ရွေးကောက်ပွဲ မဖြစ်ခင် ကတည်းကပြောတာပါ။ ကျမတို့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလို့ရှိရင် အမျိုးသား ရင်ကြားစေ့ရေးကို မူတည်တဲ့ အစိုးရတခု ဖွဲ့မယ်ဆိုတာ၊ ကျမတို့ပြောတဲ့အတိုင်းလည်း ဖွဲ့ခဲ့တယ်။ ကျမတို့ရဲ့ ဝန်ကြီးတွေထဲမှာ ဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မဟုတ်တဲ့ ၀န်ကြီးတွေက အများစုပါ။ ကျမတို့ .. ကိုယ့်ပါတီထဲက လူတွေမှ ခန့်မယ်ထည့်မယ်ဆိုတဲ့ စိတ်ဓါတ်မရှိပါဘူး။ ဒီလိုမလုပ်ခဲ့ လို့လည်း ကျမတို့ပါတီထဲက လူတွေက မနှစ်မြို့တာ မကြေနပ်တာတွေ ရှိတယ်။ ဒါကတော့ လူ့သဘာဝပါ။ ဒါကတော့ တချို့ကလည်း သူတို့ဒီလောက် ခံခဲ့ရ ပြီးပြီပေါ့နော် .. အခုမပေးဘူးလား ဆိုတဲ့သဘော။ ကျမပြောတယ် အစကတည်းက လိုချင်လို့လုပ်ပေးတာ ဆိုလို့ရှိရင်တော့ မပေးဘူးလို့ .. (ရယ်သံများ) ။

အဒါကတော့ မကောင်းဘူးလေ၊ အဲဒီတော့ နောင်ကျရင် ပိုပြီးပေးနိုင်တဲ့သူ ရောက်လာရင် အဲဒီလူဖက် ရောက်သွားမှာလား၊ အဲဒီတော့ ဒါမျိုးတွေကို ကျမတို့ မလုပ်တာက၊ ကျမတို့ထဲမှာ တကယ့်ကိုမှ အနစ်နာခံတဲ့လူတွေ ပင်ပင်ပန်းပန်းလုပ်ခဲ့တဲ့ သူတွေရှိပါတယ်။ အဲဒီဟာကို ကျမတို့ အလေးမထားလို့ မဖြစ်ဘူး၊ တန်ဘိုးမထားလို့ မဖြစ်ဘူး။ ဒါပေမယ့် နံပါတ် ၁ က နိုင်ငံပဲ၊ ဒီလူတယောက်ဟာ အရည်အချင်း မပြည့်စုံမှန်း သိလျက်သားနဲ့ သူ့ပေါ်မှာ ပုဂ္ဂိုလ်ရေး ဂရုဏာအရ မပေးအပ်တဲ့နေရာ ပေးလိုက်မယ်ဆိုရင် နိုင်ငံထိခိုက်မှာပေါ့။ အဲဒီတော့ ပြောရမယ်ဆိုရင် တနိုင်ငံလုံးနဲ့ ဒီလူတယောက်နဲ့ ချိန်လိုက်တဲ့အခါမှာ ဒီလူတယောက်ကို ပိုပြီးအလေးပေးရာ ရောက်နေမှာပေါ့၊ တကယ်က ဒီလူတယောက်ကို အလေးပေးတာ မဟုတ်ဘူး ကိုယ့်ကိုယ်ကို အလေးပေးတာပဲ။

“နိုင်ငံအတွက်လုပ်တာ အားနာစရာမလို”
အားနာတယ်ဆိုတဲ့ဟာက ကိုယ့်ကိုယ်ကို ညှာတာ ဟိုဖက်ကို ညှာတာမဟုတ်ဘူး။ ပြောတော့ အားနာလို့ပါ .. အားနာတယ်ဆိုတာ ဘာလဲ၊ တကယ်စဉ်းစား ကြည့်လို့ရှိရင် အမုန်းမခံချင်တာ။ မလုပ်ပေးလိုက်လို့ရှိရင် ဟိုဖက်က မုန်းသွားမှာ .. ကျမ အားနာလို့လုပ်ပေးလိုက်ရပါတယ်။ တခါတလေကျလို့ရှိရင် ကိုယ်က ဂျီကျမယ့်ဒဏ်ကို မခံနိုင်တာ၊ အဲဒီတော့ အားနာတယ်ဆိုတာ အများအားဖြင့်က ကိုယ့်ကိုယ်ကို ညှာတာ၊ ဟိုဖက်အတွက် စဉ်းစားလို့လဲ မဟုတ်ဘူး။

အဲဒီတော့ ပုဂ္ဂိုလ်ရေးအရ အားနာနိုင်တယ်၊ ပုဂ္ဂိုလ်ရေးအရ ကိုယ့်ရဲ့မိသားစု ကိုယ့်ရဲ့မိတ်ဆွေတွေ အားနာလို့ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေ အားလုံးပေးရင် ပေးလိုက်လို့ ရတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံကို ထိခိုက်အောင်လို့ အားနာတယ်ဆိုတာကို ကျမ လက်မခံဘူး။ ဒါကြောင့် ဥပမာဆိုလို့ရှိရင် ကျမတို့ အစိုးရသစ် တက်ပြီးတဲ့အခါမှာ ပထမဦးဆုံးအားဖြင့်တော့ အစိုးရအဖွဲ့ထဲမှာ တခြားပါတီက ပုဂ္ဂိုလ်တွေ၊ အခြားပါတီက မဟုတ်ပေမယ့် ကျွမ်းကျင်တယ်လို့ ကျမတို့ယူဆတဲ့ ပုဂ္ဂိုလ်တွေကို ကျမတို့နေရာပေးတယ်။ ပြီးတော့ တတ်နိုင်သမျှ ကျမတို့ တိုင်းရင်းသားတွေကို ပါဝင်ပြီးတော့ ဖွဲ့စည်းတယ်။ အဲဒါကလည်းပဲ ဒါ ကျမတို့နိုင်ငံဟာ ပြည်ထောင်စုမို့လို့၊ ဒါ လိုကိုလိုအပ်တယ်။ ဒီလို ကျမတို့လုပ်ပါတယ်။ လုပ်ပြီးတော့ အသေးစိတ်ပေါ့ .. ။


DASSK in NY

“သားသမီး ဆွေမျိုး ကိုယ်ရေးအရာရှိ မခန့်ရ”

တချို့ကတော့ သတိလဲ ထားမိချင်မှ ထားမိမယ်၊ အများကလည်း သိမှာမဟုတ်ပါဘူး ဥပမာဆိုရင် အဆက်ဆက်တုန်းက ဒီလုပ်ထုံးလုပ်နည်း အရဆိုရင် ၀န်ကြီးတယောက်ပေါ့နော် ယာယီ ရာထူးရသွားတယ်ဆိုရင် သူတို့ရဲ့ ကိုယ်ရေး အရာရှိကို ခန့်ချင်တဲ့သူခန့်တာ၊ တခါတလေလည်း သားတွေခန့်တယ်၊ တခါတလေလည်း တူတွေကိုခန့် အဲလိုဟာမျိုးတွေပေါ့။ ကျမတို့ တက်လာတော့ ကျမတို့က ညွှန်ကြားချက်ထုတ် လိုက်တယ်။ ကိုယ်ရေးအရာရှိတွေကို ခန့်မယ်ဆိုရင် ၀န်ထမ်းထဲကပဲ ခန့်ရမယ်၊ နောက် ကိုယ့်ဆွေးနီးမျိုးစပ် တယောက်မှ မခန့်ရဘူး၊ ဝန်ထမ်းဖြစ်သည့်တိုင်အောင် ကိုယ့်နဲ့အမျိုးတော်ရင် မခန့်ရဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ဒီဟာတွေဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စတွေ။ ဟို .. ၀န်ထမ်းဆိုတာဟာ သူ့ရဲ့ဌာနအလုပ်ကို ကျွမ်းကျင်တယ်။ ကိုယ်ခေါ်လာတဲ့ ကိုယ့်တူက ဘာမှလဲမသိဘူး၊ ကိုယ့်သားကလည်း ဘာမှလဲ မတတ်ဘူး .. ဒါပေမယ့် ကိုယ့်သားမို့လို့ ဆိုတော့။ (ရယ်သံများ) .. ဒါ အမှန်ပဲလေ။ ရုံးထဲမှာထိုင်ပြီးတော့ အားလုံးကို အမိန့်ပေးနေတာ ကျမတို့လက်မခံနိုင်ဘူး၊ ဒါ ဒီမိုကရေစီလဲ မဟုတ်ဘူး။ ဒါ နိုင်ငံ့ရဲ့အကျိုး အတွက်လဲ မဟုတ်ဘူး။ အဲဒီတော့ ဒီလို အသေးလေးတွေပေါ့နော်၊ အသေးလေးတွေ ဆိုပေမယ့် အရေးကြီးပါတယ်။ အားလုံး သဘောပေါက် မှာပေါ့၊ ကိုယ်ရေးအရာရှိ တယောက်ရဲ့အနေအထားက ဘယ်လောက်ထိ အရေးပါလဲဆိုတာ။ ပြောတော့သာ ဒါဘာလေး မို့လို့လဲ၊ နောက် တော်တော်များများက ကျမတို့ကို ဘယ်လို ရှင်းပြလဲဆိုတော့ .. ကိုယ်ရေးအရာရှိတွေက ကိုယ်စိတ်ချရတဲ့လူမှ ဖြစ်မယ်၊ ဒါကြောင့်မို့လို့ ကိုယ်စိတ်ချရတဲ့ သူမှဖြစ်မှာဆိုတော့ ကိုယ့်သားခန့်ပါတယ်၊ ကိုယ့်တူခန့်ပါတယ် ဆိုပြီး အဲလိုတွေ ပြောကြတယ်။ အဲဒီတော့ ကျမကတော့ ဒီလိုမြင်တယ်။ ကိုယ့်ရဲ့ဝန်ထမ်းတွေကို စိတ်ချရအောင် မလုပ်နိုင်လို့ရှိရင် ကိုယ့်မှာလည်း တာဝန်ရှိတယ်။


“၀န်ထမ်းစည်းမျဉ်းအတိုင်းလုပ်မယ်”
ကျမတို့ဝန်ထမ်းတွေကိုလည်း ပြောပါတယ်။ ကျမတို့ ၀န်ထမ်းတွေကိုလည်း ပြောပါတယ် ကျမတို့ အစိုးရစဖွဲ့ချိန်က ‘ဖြုတ်ထုတ်သတ်တွေ ဘာတွေ ကျမတို့ မလုပ်ဘူး’ လို့.. အလုပ်ဖြုတ်ဖို့ မစဉ်းစားဘူးလို့၊ ဒါပေမယ့် တာဝန်မကျေရင်တော့ မကျေသလို အရေးယူမယ်၊ ဒါမှ သူတို့တာဝန်ကျေမှာ.. တာဝန်တော့ ကျေရမယ်။ စည်းမျည်းစည်းကမ်းအတိုင်း အရေးယူမယ် (ယူလို့ ရှိရင်လဲ)၊ ဟို မင်းမဲ့ စည်းမဲ့ မလုပ်ဘူး။ အဲဒါကတော့ ကျမတို့ အခုအစိုးရရဲ့ အခြေအနေ၊ အနေထားကို ရှင်းပြတာပေါ့။


“ဗီဇာကိစ္စ ဖြေလျော့မယ်”

အခုဒီမှာပေါ့နော်၊ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ ကျမတို့ရဲ့ မြန်မာနိုင်ငံပေါ်မှာ စေတနာထားတဲ့ ပုဂ္ဂိုလ်တွေအားလုံးပေါ့ .. မြန်မာ နိုင်ငံသား ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ၊ ကျမတို့နိုင်ငံရဲ့ အခု သိပ်ပြီးတော့ လိုအပ်နေတဲ့ အခြေအနေမှာ ဝိုင်းဝန်းပြီးတော့ ကူညီစေ ချင်တယ်။ အဲဒီတော့ ဝိုင်းဝန်းကူညီဖို့ ဆိုတာဟာ ကျမတို့ဖက်ကလည်း ကူညီနိုင်အောင်လို့ လုပ်ပေးရမှာပေါ့။ ဥပမာ ဗီဇာ အ၀င်အထွက် စသည်ဖြင့်ပေါ့ .. အဲဒီတော့ ကျမတို့က ဗီဇာပိုပြီး လွယ်လွယ်ရနိုင်အောင်လို့၊ ဒီ ၂၈ ရက်တို့ဘာတို့ဆိုတဲ့ ကိစ္စတွေကို ကျမတို့က ဖြေလျော့ ပြီးတော့၊ ပိုက်ဆံတော့ ပိုတောင်းမယ်နော် (ရယ်သံများ) … ဒါကတော့ တရားမျှတတယ်လေ၊ ကြာကြာနေချင်ရင်တော့ ပိုက်ဆံ ပိုပေးပေါ့၊ ဒီက သွားချင်တဲ့သူတွေလဲ တတ်နိုင်ပါတယ်။ အဲဒီတော့ ပိုတောင်းသင့်တဲ့နေရာ ပိုတောင်းပါမယ်။ ဒါပေမယ့် ကျမတို့ ဖြေလျော့ပေးပါမယ်။ ဖြေလျော့ပေးမယ်ဆိုတာ ပိုပြီးကြာကြာနေဖို့ ကျမတို့လုပ်ပေးမယ်။ Multiple Entry တွေဘာတွေလဲ လုပ်ပေးမယ်။ နောက်ပြီးတော့ အရင်တုန်းက ကန့်သတ်ချက်တွေလဲ ကျမတို့ ပြန်ပြီးတော့ အားလုံး စိစစ်မယ်။

“Black Lists”

နောက် ဒီ Black Lists (အမည်မဲစာရင်း) ကိစ္စပေါ့။ Black Lists ဆိုတာ တကယ်တော့ Interpol နဲ့ဆိုင်တဲ့ ကိစ္စတွေပဲဖြစ်သင့်တယ်လို့ ကျမတို့ကတော့ သတ်မှတ်တယ်။ ဒါ ရာဇ၀တ်မှုတွေနဲ့ ဆိုင်တာပေါ့နော်။ Interpol ရဲ့ Lists ပေါ်မှာ ပါတဲ့သူတွေကိုတော့ Black Lists အနေနဲ့ ဆက်ပြီးတော့ ထားသွားမှာပဲ။ တကယ်ပဲ ရာဇ၀တ်မှု တွေနဲ့ဆိုင်တယ်။ ရာဇ၀တ်မှုတောင်မှ ကိုယ့်နိုင်ငံမှာ ပြန်ပြီးတော့ အစစ်ခံပါမယ် ဆိုရင်တော့ ကျမတို့က လက်ခံမှာပါ။ ဒါပေမယ့် သူ့ရဲ့ ဥပဒေ လမ်းကြောင်းအရကတော့ သွားရမှာပဲလေ။ ဗမာနိုင်ငံမှာ လာပြီးတော့ အစစ်ခံမယ် .. ကျမတို့ နိုင်ငံရဲ့ တရားဥပဒေအရ ဆောင်ရွက်ချက် တွေကို ယုံကြည်တယ်၊ အဲဒီမှာကျမှ ခံရမယ့်ဒဏ် ခံပြီးလို့ရှိရင် ဆက်နေမယ်ဆိုရင်လည်း ကျမတို့ကဒါကို ငြင်းစရာအကြောင်း မရှိပါဘူး။ အဲဒီတော့ အဲလိုဟာမျိုးတွေပေါ့၊ ကျမတို့ အမြန်ဆုံးလုပ်သွားပါမယ်။


“နိုင်ငံရေး မလုပ်ရဆိုတာ မဟုတ်ဘူး”
ဒါနဲ့ကျမကို တယောက် နှစ်ယောက် လာပြောတယ်၊ လက်မှတ်ထိုး ခိုင်းတယ်.. သူတို့ နိုင်ငံရေးမလုပ်ပါဘူး ဆိုတာကို..၊ ဒီကိစ္စကတော့ ရရလိမ့်မယ်၊ ဘာလို့ဆို ကျမတို့ကိုယ်တိုင်က နိုင်ငံရေးလုပ်နေပြီးတော့ အခြားလူတွေ နိုင်ငံရေးလုပ်ရင် ပြန်မလာရဘူး ဆိုတာကတော့ သိပ်တော့ မဟုတ်တော့ဘူး ထင်တယ်။ အဲဒါလည်း သိပ်တော့ ကျမ နားမလည်ဘူး။ အရင်တုန်းကလဲ .. အစိုးရအဖွဲ့ဝင်တွေက နိုင်ငံရေးလုပ်လို့ အစိုးရအဖွဲ့ဝင် ဖြစ်နေတာပေါ့။ တခြားလူတွေကျတော့ နိုင်ငံရေး မလုပ်ရဘူးဆိုတော့ ဒါ သိပ်ပြီးတော့ ရှေ့နောက်မညီဘူးလို့ထင်တယ်။ အဲဒါတော့ ကျမတို့ ဒါအမြန်ဆုံး ပြောင်းလဲလိုက်ရ ပါလိမ့်မယ်။ နိုင်ငံရေးဟိုမှာ လုပ်တဲ့ အခါမှာတော့ ဥပဒေဘောင်အတွင်းက လုပ်ရမှာပေါ့။ ဟိုမှာလာပြီးတော့ ဥပဒေ ချိုးဖေါက်လို့ ရှိရင်တော့ ဥပဒေအတိုင်းပဲ အရေးယူမှာပဲ။ တခြားနိုင်ငံတွေမှာလဲ ရှိပါတယ်။ ဥပဒေတခုကို ချိုးဖေါက်လိုက်လို့ နိုင်ငံကနေပြီးတော့ ပြန်နှင်ထုတ်လိုက်တဲ့ အခါကျရင် နောင် ဗီဇာတွေဘာတွေ ပြန်မပေးတာဟာ တခြားနိုင်ငံတွေမှာ လုပ်ရိုးလုပ်စဉ်တွေပဲ၊ အဲဒီတော့ ကျမတို့က ဗီဇာပေးလို့ ပြန်လာတယ်၊ ပြန်လာပြီးတော့ ဥပဒေချိုးဖေါက်တယ်၊ ချိုးဖေါက်လို့ရှိရင်တော့ ကျမတို့ ပြန်ပြီးနှင်ထုတ် ပြီးရင်တော့ နောင်ဗီဇာရဖို့ လွယ်တော့မှာ မဟုတ်ပါဘူး။ ဒါကတော့ နိုင်ငံတကာရဲ့ စံနှုန်းအတိုင်းပါပဲ။ လုပ်ထုံးလုပ်နည်းအရ ကျမတို့ လုပ်သွားမှာဖြစ်ပါတယ်။


DASSK in NY

“ပြည်ပရောက်ဆရာဝန်များ”
အဲဒီတော့ ခုဒီမှာ ဆိုလို့ရှိရင် အဆင့်မြင့်ပညာရှင်တွေကို ကျမတို့ အကူညီပေးစေချင်တဲ့ နည်းတွေအမျိုးမျိုး ရှိပါတယ်။ ဥပမာ ဆရာဝန်တွေလည်း အများကြီး ရှိတယ်။ ကျမတို့ ဆရာဝန်တွေ အတော်များများက နိုင်ငံခြားရောက်သွားတဲ့ အခါကျတော့ အဲဒါ ဆရာဦးမြင့်ထွေး (ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး) နဲ့ကျမ သေချာစဉ်းစား ဆွေးနွေးပြီးပါပြီ၊ ကျမတို့ နိုင်ငံခြားရောက်သွားတဲ့ ဆရာဝန်တွေရဲ့ လုပ်အားကို ကျမတို့ လိုချင် ပါတယ်။ အဲဒီတော့ ပေးနိုင်တဲ့လုပ်အားနဲ့ ကျမတို့လိုအပ်တဲ့ လုပ်အားနှစ်ခုကို ညှိဖို့၊ အဲလို အစီစဉ်တခုကို လုပ်ဖို့ဆိုပြီးတော့ ဆရာမြင့်ထွေးနဲ့ ကျမ ဆွေးနွေးထားပါတယ်။ ပြီးတော့ လုပ်အားပေးချင်တဲ့ ဆရာဝန်များက Register တခုလုပ်ထားဖို့ပေါ့နော်၊ နာမည်ပေးထားပြီးတော့ ဘယ်လို လုပ်အားပေးချင်လဲ၊ ဘယ်လောက်လောက် ပေးနိုင်လဲ၊ ဥပမာ တနှစ်ကို တလလောက်လာပြီးတော့ လုပ်ပေးမယ်ပေါ့၊ လာပြီးတော့ လုပ်ပေးမယ်ဆိုရင် ဘာလုပ်ပေးချင်တာလဲ၊ teaching ဖက်က လုပ်ပေးချင်တာလား၊ ဒါမှမဟုတ် တကယ့်ကိုလိုအပ်နေတဲ့ တောမြို့လေး တွေမှာ တလလောက်နေပြီးတော့ လုပ်အားပေးမယ်၊ လုပ်အားပေးခြင်းအားဖြင့် ထိထိရောက်ရောက်နဲ့ လူနာတွေကို လုပ်အား ပေးရရုံတင် မကပဲ အဲဒီက ဆရာဝန်လေးတွေကိုလဲ သူတို့သင်ပေးရာ ရောက်တာပေါ့နော်။ သူတို့ကိုလဲ training ပေးရာရောက်တယ်။ အမျိုးမျိုးပေါ့၊ နောက်ပြီးတော့ တယောက်နဲ့တယောက် ချိတ်ဆက်ပြီးတော့ လုပ်တာမျိုးက ကောင်းတယ်။

ဥပမာဆိုရင် .. အယ် ကျမကတော့ ဆရာဝန်လဲ မဟုတ်တဲ့အခါကျတော့ သိပ်တော့ မကျွမ်းကျင်ပါဘူး၊ Oncology (ကင်ဆာကုသမှု) ဆိုရင် ကျမတို့သိပ်လိုအပ်နေတယ်။ Oncology နဲ့ပတ်သက်လို့ ကျမတို့ Course တခုဆွဲထားတယ်။ တလထဲနဲ့ပြီးချင်ပြီးမယ်၊ ပြီးချင်မှလဲ ပြီးမယ်၊ ဒါပေမယ့် အဲဒီလို Course တခုဟာ သုံးလေးလ ကြာမယ်ဆိုရင်၊ ၃ ယောက် ၄ယောက်ထဲမှာ ချိတ်ပြီးတော့ တယောက်ပြီးတယောက် ဆက်ပြီးလုပ်သွားမယ် ဆိုလို့ရှိရင်လဲ ဒါဟာ ဘာမှ ကျမတို့အတွက် အရှုပ်မရှိဘူး။ လုပ်ပေးချင်တဲ့သူတွေကလည်း တလပဲတတ်နိုင်လို့ ဒီ ၅လ Course မို့လို့၊ လုပ်ခွင့် မပေးဘူးလို့ ပြောမယ့်အစား၊ ကဲ ..တလပဲ လာနိုင်မယ် ဆိုလို့ရှိရင် နောက် ၄လကိုဖြည့်ဆည်းပေးမယ့်သူတွေ ရှိသလား၊ အားလုံးညှိပြီးတော့ သေသေချာချာပေါ့နော်၊ ကျမတို့ စီစဉ်ပြီး လုပ်လို့ရှိရင် ကိုယ့်မှာတတ်နိုင်တဲ့ အင်အားနဲ့ ကိုယ်ကူညီနိုင်မယ်။ ထိုနည်းလည်းကောင်းပဲ တခြား ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျမတို့ အများကြီးညှိပါတယ်။

“ပညာရေးအခြေအနေ”
ပညာရေးဖက်ကလဲ အင်မတန်မှ လိုအပ်နေတယ်လို့ ကျမတို့ထင်တယ်။ ကျမတို့ ပညာရေးစနစ်က တော်တော်ကို ကျဆင်းသွားတယ်ပေါ့နော်၊ ဒါကို အားလုံးသိပြီးသားပါ။ ဒါပေမယ့်ကျမအခု အနောက်နိုင်ငံတွေကို ကြည့်လိုက်လို့ရှိရင် .. ခုဒီနိုင်ငံကို ကြည့်လိုက်မယ်ဆိုရင် အဆင့်မြင့်ပညာ- တက္ကသိုလ်ပညာ ဆိုလို့ရှိရင်တော့ အကောင်းဆုံး အမြင့်ဆုံးကတော့ သူတို့က ကမ္ဘာပေါ်မှာ အကောင်းဆုံး အမြင့်ဆုံးပဲ၊ သို့သော်လည်း အောက်ပဲ ကြည့်လိုက်လို့ရှိရင် ပိုပြီးတော့ အဆင့်နိမ့်တဲ့ ပညာ- မူလတန်းတို့ အထက်တန်းတို့ ကြည့်လိုက်လို့ ရှိရင်တော့ သိပ်အားရစရာ မရှိဘူး၊ အဲဒီတော့ ကျမအမြင်မှာ စောစောက ပြောသလိုပဲ ဒီလူမှုအသိုင်းအ၀ိုင်းနဲ့ ဆိုင်တာပေါ့နော်၊ မိဘတွေအသိုင်းအဝိုင်း၊ တခါတလေ ကျမအမြင်မှာ မှားသလားတော့ မသိဘူး၊ လူကြီးတွေက ကလေးတွေကို ကြောက်နေတယ် .. အဲဒါဟုတ်သလား (ရယ်သံများ ..)။ ဘာဖြစ်လို့လဲ ဆိုတာကိုလည်း ကျမစဉ်းစားနေတယ်။ ကျမကလေ နိုင်ငံရေးသမားပါ၊ ဒါနဲ့ နိုင်ငံရေးသမားက နေပြီးတော့ ကိုယ်ကျိုးတွက် လုပ်မယ့်ကိစ္စတွေနဲ့ အများကြီးဆိုင်တယ်လို့ ကျမထင်တယ်။ Issue လုပ်တာပေါ့နော်။ ဥပမာဆိုရင် ဒီ ..ကလေး Child Rights ဆိုတာတော့မှန်ပါတယ်။ Child Rights ဆိုတာ အမေက မိဘက ကလေးကို ကြောက်နေရပြီးဆိုရင်တော့ မကောင်းတော့ဘူးပေါ့။ Parent Rights ဆိုတာတော့ နည်းနည်းပါးပါး ရှိရမှာပေါ့ (ရယ်သံများ ..)။


“မြန်မာအတွက် ဂုဏ်ယူစရာဖြစ်ပါစေ”

ကျမတို့ မိသားစု နွေးထွေးမှုကို ထိခိုက်ခဲ့တာတွေ ဘာတွေကတော့ နိုင်ငံတနိုင်ငံ လူ့အသိုင်းအဝိုင်းတခုအတွက် အကျိုးမရှိဘူးလို့ ကျမအဲလိုပဲ မြင်ပါတယ်။ ဒီမှာဆိုလို့ရှိရင် တချို့မိသားစုတွေက တော်တော်နွေးထွေးပါတယ်။ ကလေးတွေက ယဉ်ယဉ်ကျေးကျေးရှိတယ်၊ ချစ်ဖို့ကောင်း တယ်၊ တချို့ကျတော့လည်း ဒီလို မဟုတ်ပြန်ဘူး .. မိဘတွေကိုလည်း လူမထင်ဘူး၊ မိဘတွေကလဲ ကလေးတွေပေါ် ဆက်ဆံတာ မာရေ ကြောရေပေါ့နော်။ ညင်ညင်သာသာ နွေးနွေးထွေးထွေး မရှိဘူးပေါ့။ အဲဒီတော့ အဲဒါတွေကလည်း တော်တော်များများတော့ ဒါဟာ စီးပွားရေး အရ ရုန်းကန်ရလို့ ဒီလိုဖြစ်တယ်လို့ ဆိုပေမယ့်လည်း ဒါလည်းဟုတ်ရဲ့လားလို့ ကျမတို့ ပြန်ပြီး စဉ်းစားရမယ်။ ဒီကမ္ဘာကြီးမှာပေါ့နော် ဆင်းရဲတဲ့ နိုင်ငံတွေမှာ နိုင်ငံက ဆင်းရဲပေမယ့်လည်း မိသားစုနွေးထွေးမှုရှိတဲ့ လူယဉ်ကျေးတွေ အများကြီး ရှိပါတယ်။ အဲဒါကိုတော့ ကျမက အားပေး ချင်တယ်။ ဒီမိသားစု နွေးထွေးမှုဆိုတာဟာ စောစောက ကျမပြောသလိုပေါ့၊ ကောင်းတယ်ဆိုတာ ဘာလဲ၊ ကောင်းတယ်ဆိုတာ လူများပေါ်မှာ ကောင်းတဲ့စိတ်ဓါတ်၊ လူများပေါ်မှာ မေတ္တာထားတဲ့ စိတ်ဓါတ်၊ အဲဒါ မိဘတွေ သင်ပေးမှရမယ်။ ဗီဇတော့ ပါတာပေါ့။ တအူတုံဆင်း တမိသားစု ထဲမှာ ကြီးလာတဲ့ ကလေးတွေတောင်မှ တယောက်နဲ့တယောက်မတူဘူး။ သို့သော်လည်း ခြုံငုံပြောရရင် မြန်မာအတွက် ဂုဏ်ယူစရာဖြစ်ပါစေ၊ ဂုဏ်ယူစရာဆိုတာက ကျမတို့နိုင်ငံသား ထပ်ဖြစ်ဖို့ မလိုပါဘူး။ အမေရိကန်နိုင်ငံသားတယောက် ဖြစ်နေလို့ ရှိလို့ရှိရင်လည်း အားလုံးက လေးစားရတဲ့ အမေရိကန်နိုင်ငံသားဆိုတာ ကျမတို့အတွက် ဂုဏ်ယူစရာပါပဲ။

နောက်တခုကတော့ နောင်မျိုးဆက်တွေပေါ့၊ ဒီက သားသမီးတွေက ပေါက်ဖွား လာမယ့် သားသမီးတွေ - လုံးဝတော့ ကျမတို့ရဲ့ ယဉ်ကျေးမှုကို တန်ဖိုးထားတာတွေ မပျောက်သွားပါစေနဲ့၊ ဘာပဲပြောပြော သံယောဇဉ်လေးတော့ ရှိစေချင်တယ်။ ဒီသံယောဇဉ်က ပြန်လာပြီး လုပ်ရမယ် ဆိုတာမျိုး မပြောဘူး၊ ဒါပေမယ့် ကျမစောစောက ပြောတာနဲ့ ဆက်နွှယ်နေတယ်။ သူတို့ မိဘတွေအတွက် ဂုဏ်ယူနိုင်တယ်ဆိုရင် သူတို့လဲ “အော် ငါတို့က ဗမာပြည်ဖွား ..ငါ့အဖေအမေက ဗမာပြည်ကလာတာ”.. မိဘတွေအတွက် ဂုဏ်ယူနိုင်သလို သူတို့ကိုယ်တိုင်ကလည်း ကျမတို့နိုင်ငံပေါ်မှာ လေးစားစိတ်နဲ့ ပြန်ပြီး သံယောဇဉ် ရှိလာမယ်။

“သယံဇာတကို အားမကိုးပါနဲ့”

နောက် တတိယကတော့ ခုနောက်ဆုံး လက်ရှိအချိန်မှာ ကျမတို့ရထားတဲ့ အခွင့်အရေးကို အသားကုန်သုံးပြီးတော့ နိုင်ငံတိုးတက်အောင် ကျမတို့လုပ်ဖို့လိုတယ်။ ကျမတို့နိုင်ငံဟာ လူတွေကတော့ အများကြီး ပြောတာ ပေါ့နော် အလားလာ သိပ်ကောင်းတယ်။ Opportunity က သိပ်ကောင်းတယ်။ နောက်ပြီး ထပ်ခါတလဲလဲ ပြောတဲ့ကိစ္စကတော့ ဟိုဥစ္စာပေါ့၊ သယံဇာတပစ္စည်းကိစ္စ၊ အဲဒါတော့ ကျမသိပ်မကြိုက်ဘူး။ သယံဇာတတွေ ပေါကြွယ်ဝတယ်ဆိုပြီးတော့ အဲဒီဟာကို ရှေ့တန်းတင်တာ ကျမ မကြိုက်ဘူး။ ကျမပြောတယ် ကျမတို့ရဲ့ တန်းဖိုးအရှိဆုံး သယံဇာတကတော့ လူတွေပဲ၊ ကျမတို့လူတွေ တန်ဖိုးရှိရင် တန်ဖိုးရှိမှာပဲ။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံတွေကြည့်လိုက်ရင် .. ကျမတို့ ဒီ ဒေသမှာဆိုရင် စင်္ကာပူဆိုရင် ဘာရှိမတုန်း၊ စင်္ကာပူနိုင်ငံလေးဟာ သေးသေးလေး၊ သူတို့လူတွေကို သူတို့ ပြုစုပျိုးထောင်ပြီးတော့ Capacity Building နဲ့ သူတို့လုပ်လာခဲ့တာ။ ဟို ဆွစ်ဇာလန်မှာရော ဘာရှိလို့လဲ၊ သူလဲ နိုင်ငံကြီးတွေနဲ့ ဝိုင်းဝိုင်းလည်နေတာ ဒါပေမယ့် သူတို့ရဲ့လိမ္မာ ပါးနပ်မှုပေါ့။ သံတမန်ရေးရာအရ လိမ္မာပါးနပ်မှုလည်းပါတယ် .. နောက် သူတို့စီးပွားရေးအရ ခိုင်ခိုင်မြဲမြဲ ဖြစ်အောင် လုပ်နိုင်မှုလည်းပါတယ်။ သူတို့ရဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေကို စည်းလုံးညီညွတ်အောင် ထိန်းနိုင်တယ်၊ အဲဒီဟာတွေနဲ့ သူတို့ ရပ်တည်ခဲ့တာပဲ။ ကျမတို့လဲ ဒီလိုပဲ နိုင်ငံကြီးတွေကြားထဲမှာ ကျမတို့နေရတယ်။ အိန္ဒိယကတဖက် တရုတ်ကတဖက်၊ နောက် အရှေ့တောင်အာရှတခုလုံးဟာ ကျမတို့ထက် တိုးတက်နေတယ်၊ ကျမတို့ထက် ချမ်းသာနေတယ်။ ဆိုတော့ ကျမတို့က ဒီကြားထဲမှာနေပြီးတော့ ရုန်းကန်နေရတာ။

“သယံဇာတကျိန်စာ”
ရုန်းကန်နေရတာ ဆိုတော့ အဓိက .. ကျမတို့ သယံဇာတပစ္စည်းဆိုတာ သူတို့အခု ပြောနေတယ် မဟုတ်လား- Natural Resources Curse ဆိုတာ .. အဲဒါက နှစ်မျိုးပါ တမျိုးက ဘာလဲဆိုတော့ အစိုးရများဟာ တာဝန်သိစိတ် နည်းသွားတာပေါ့၊ ဟာ .. ငါတို့က ရေနံလေးတူးပြီး ရောင်းစားလိုက်မယ်။ သဘာဝဓါတ်ငွေ့လေး ထုတ်ပြီး ရောင်းစားလိုက်မယ်။ ဟိုနားက mining လုပ်ကွက်ကို ရောင်းစားလိုက်မယ်၊ ဒီနားမှာ hydroelectric ပရောဂျက်လေး ပေးလိုက်မယ်၊ အဲဒီလို ပေါ့ပေါ့ စဉ်းစားတဲ့ဟာမျိုးက တခုပေါ့နော်။ ပြဿနာ တခု။ နောက် ပြဿနာတခုက ပြည်သူကို သိပ်ပြီးတော့ အားမထားတော့ဘူး။ ပြည်သူပေးတဲ့ အခွန်အကောက်ကို စိတ်ပူရတာမဟုတ်ဖူး၊ အဲဒီအပေါ်မှာ အားကိုးရတာ မဟုတ်ဖူး။ သူတို့ဟာသူတို့ ဟိုဟာလေးရောင်းစား၊ ဒီဟာလေးရောင်းစား ဟို concession ပေး၊ ဒီ concession ပေးနဲ့ ရပ်တည်နိုင်မယ် ဆိုရင် ပြည်သူ့ထောက်ခံမှု ရှိမှ ပြည်သူကို ချမ်းသာအောင် လုပ်ပေးနိုင်မှ ရပ်တည်နိုင်မယ် ဆိုတဲ့ စိတ်ဓါတ်က မရှိတော့ဘူး။


“အကျိုးအမြတ်ခွဲရေး”

နောက် တတိယ တခုက ဘာလဲဆိုတော့ ပြည်ပနိုင်ငံတွေက ကျမတို့ ဝန်ဆောင်မှုကို အားကျ လာတယ်။ တကယ်တော့ ကျမတို့မှာ ဒါတွေ သိပ်ရှိတဲ့ အခါကျတော့ ကျမတို့က ပိုပြီးတော့ သတိထားရတယ်။ ပိုပြီးတော့ ဂရုစိုက်ရတယ်။ ငါတို့ကို ကူညီချင်လို့ လာတာလား။ ငါတို့ဆီက နေပြီးတော့ အမြတ်ထုတ်ချင်လို့ လာတာလား။

စီးပွါးရေးသမားကတော့ အမြတ်လိုချင်မှာပဲ ဒါလဲ ကျမတို့ ပေးရမှာပါ။ အမြတ်မရပဲနဲ့တော့ ဘာကိစ္စ သူလုပ်ပေးရမှာလဲ၊ ဒါကိုလည်း ကျမတို့ လက်တွေ့ပြရမှာပေါ့။ သို့သော်ငြားလည်း သူတို့ရတဲ့ အမြတ်နဲ့ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေ ရတဲ့ အကျိုးကတော့ အနဲဆုံးတော့ ညီမျှရ မှာပေါ့။ တကယ်တော့ ကျမတို့က ပိုရမှာပေါ့ ဘာပဲပြောပြော အိမ်ရှင်ပဲဟာ။ အနဲဆုံးကတော့ ၆၀ - ၄၀ က ကျမတို့ဘက်မှာ ရှိရမှာပေါ့။ ဒါပေမယ့် ၅၀ အောက်ဆိုတာကတော့ လုံးဝကို လက်ခံနိုင်စရာ မရှိဘူး။ ဘာလို့လည်းဆိုတော့ ဒါဟာ ကျမတို့က အားလုံးပေးနေတာ၊ ထုတ်ပေးနေတာ၊ ကျမတို့မှာ ကျွမ်းကျင်မှု မရှိသေးလို့သာ၊ ပြင်ပရဲ့ အကူအညီတွေ ကျမတို့ လိုနေတာ။ ဒါပေမယ့်လည်း ညီမျှအောင်ပြောရမယ်။ အရေးကြီးတာက မိတ်ဆွေ ဖြစ်ဖို့ပဲ၊ မိတ်ဆွေကောင်း ဖြစ်သွားပြီ ဆိုရင် ပြဿနာ ပေါ်လာရင် ကျမတို့ ဖြေရှင်းလို့ ရတယ်။အဲဒီတော့ ကျမတို့ သယံဇာတ ပစ္စည်းတွေကို သိပ်အားကိုးတာ မကြိုက်ဖူး ဆိုတာ အဲဒီအချက်တွေကြောင့် ဖြစ်ပါတယ်။ ကျမတို့ ပြည်သူတွေရဲ့ ကျွမ်းကျင်မှု၊ စွမ်းဆောင်မှု အားတွေကို ကျမမြှင့်တင် ချင်တယ်။ အဲဒီအားတွေ မြှင့်တင်ခြင်းအားဖြင့် ကျမတို့နိုင်ငံ တိုးတက်အောင် လုပ်ချင်တယ်။

“အစိုးရသက်တမ်း ၄နှစ်ခွဲ”
ဒီအချိန်ဟာ အချိန်ကောင်းပဲ၊ ကျမတို့မှာ အချိန်ကလည်း သိပ်များများကြီး မရှိဘူး။ များများကြီး မရှိဘူးဆိုတာက ကျမတို့ရဲ့ ရွေးကောက်ပွဲဟာ ၅ နှစ် တခါ ဆိုပေမယ့် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေအရကအစိုးရအဖွဲ့က ၆ လကြာမှ ဝင်ရတယ်။ အဲတော့ ပြောတော့သာ ၅ နှစ်ပြောရတယ်၊ တကယ်က ၄ နှစ်ခွဲပဲ ကျမတို့ အချိန်ရတယ်။ ဒီ ၄ နှစ်ခွဲ ဆိုတာ ဘာမှမရှိဘူး။ ကျမတို့က ဒီမိုကရေစီကို ယုံကြည်တဲ့ အဖွဲ့ တခုအနေနဲ့ ကိုယ့်မှာ သေချာပေါက် ၄နှစ်ခွဲ ရှိတယ်လို့ သတ်မှတ်တယ်။ အဲငါက နောက်ထပ်ရွေးရင် နိုင်မှာပေါ့ ဆိုရင်တော့ မဟုတ်တော့ဘူး။ အဲတော့ နိုင်အောင်ကျိုးစားမယ်၊ နောက်ထပ်ဆက်ပြီး လုပ်နိုင်အောင်၊ ကျမတို့ရဲ့ လုပ်ငန်းတွေ အောင်မြင်တဲ့ အထိ၊ လုပ်ငန်းတွေ ရင့်ကျက်တဲ့ အထိ၊ အသီးအပွင့်တွေ မြင်ရတဲ့အထိ ရအောင်ကျိုးစားမယ်။ ဒါက ကျမတို့ရဲ့ ကျိုးစားပိုင်ခွင့်ပဲ။ ဒါပေမယ့် ကျမတို့ အသေတွက်လို့ မရဘူး။

“အနာဂတ်ကို မျက်နှာမူ”
အသေတွက်လို့ မရဘူးဆိုတော့၊ ဒီကြားထဲမှာ ကျမတို့ရဲ့ စံနစ် အောင်မြင်ရေးအတွက် အားလုံးကို ဝိုင်းပြီးတော့ ကူညီစေချင်တယ်။ ကျမတို့ ခွဲခြားမဆက်ဆံပါဘူး။ အရင်တုန်းက ဘယ်အစိုးရနဲ့ ပါတ်သက်လို့၊ ဘယ်သူနဲ့ အမျိုးတော်လို့ဆိုတာတွေ၊ ဒါတွေ ကျမဘယ်တုန်းကမှ မကြည့် ဘူး။ အခုမှ အခုပဲ။ ဒီအတိတ်က အတိတ်ပဲ။ အတိတ်က ပြန်ပြင်လို့ မရဘူး။ အဆိုရှိတယ်မှလား၊ မြတ်စွာဘုရားတောင်မှ ဖြစ်ပြီးတဲ့ ကိစ္စ မဖြစ်ပါစေနဲ့ ဆို ပြန်လုပ်လို့ မရဘူး။ ဖြစ်ပြီးတာ ဖြစ်ပြီးသွားပြီ ကုက္ကုစ္စ ပွါးနေလို့လည်း ဘာမှ မထူးဘူး။ အဲဒီတော့ ကျမတို့ အရှေ့ကိုပဲ၊ အနာဂါတ်ကို မျက်နှာမူပြီးတော့၊ ရှိတဲ့ အချိန်ကို အကောင်းဆုံး ဖြစ်အောင်လို့ သုံးချင်တယ်။ အဲဒါကို ကျမတို့ အများဆုံး ဝိုင်းပြီးတော့ ကူညီစေချင်တယ်။

“အားလုံးသိတယ်ထင်လို့ ဒုက္ခရောက်ခဲ့”
ကျမတို့ဟာ အားလုံး အရာရာမှာ အဖက်ဖက်မှာ မကျွမ်းကျင်ဘူး။ တချို့ ကျမတို့ နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပြဿနာတွေထဲမှာတချို့တွေက သူတို့အားလုံး သိတယ်လို့ ထင်တာပဲ။ အဲဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ငါတော့ အားလုံးသိတယ်လို့ ထင်ပြီ ဆိုကတည်းက ဒုက္ခရောက်တော့တာပဲ။ ကျမတို့က အားလုံးမသိဘူး။ သိတဲ့လူတွေ ကျွမ်းကျင်တဲ့လူတွေကို ကျမတို့ တောင်းခံတယ်။ ကျမ တို့နဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့၊ လုပ်စေချင်တယ်။ ကိုယ်ဘာလုပ်ပေးနိုင်မလဲ ဆိုတာကို စေတနာသန့်သန့်နဲ့ လုပ်ပေးစေချင်တယ်။စေတနာ သန့်သန့်နဲ့ လုပ်ပေးလို့ရှိရင် အများကြီး ကျေနပ်မှုကို ရမယ်။ ဒါက ကိုယ့်ရဲ့ အတွေ့အကြုံအရ ပြောတာပါ။ စေတနာ သန့်သန့်နဲ့ ကိုယ့်အတွက် ဘာမှ အကျိုးအမြတ် မရပဲနဲ့ နိုင်ငံ့အတွက် လုပ်ပေးရတဲ့ အရသာဟာ လုပ်ပေးဖူးတဲ့ လူမှ သိနိုင်ပါတယ်။ အဲဒီတော့ လုပ်ကြည့်ပါ။ ဘယ်လို လုပ်နိုင်မလဲ ဆိုတာကိုလည်း အခု ကျမကို အကြံဥာဏ်ပေးပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။

“အလုပ်လက်မဲ့ပြသနာ"
နောက်တခုကတော့ အလုပ်လက်မဲ့ပြဿနာပါပဲ။ အလုပ်လက်မဲ့ဆိုတာဟာ ပညာတတ် အလုပ်လက်မဲ့၊ ပညာတတ် အလုပ်လက်မဲ့တွေလည်း ရှိတယ်။ အလုပ်လက်မဲ့ကိစ္စတို့ လက်ဗလာတို့က ကျမတို့နိုင်ငံမှာ ဟိုး အောက်ကနေ အထက်အထိ ရှိတယ်။ တောလက်ကျေးရွာမှာနေတဲ့ လယ်သမားတွေက အလုပ်အကိုင် လက်မဲ့ဖြစ်နေသလို၊ ကျမတို့ရဲ့ ဘွဲ့ရတွေကလည်း အလုပ်လက်မဲဖြစ်နေတယ်။ အဲတော့ အလုပ်ရမယ့် ကိစ္စဆိုရင် ကျမတို့ တတ်နိုင်သမျှ ကြိုးစားပြီးတော့ လုပ်ပေးမှာပဲ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ဒီ Chamber of Commerce မှာ တနေ့က US Chamber of Commerce နဲ့ US ASEAN Business Council နဲ့ ကျမတို့ စကားပြောပါတယ်။ အဲဒီတုန်းက ကျမတို့ရဲ့ စီးပွားရေးနဲ့ ပတ်သက်လို့ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေကိုလည်း ကျမတို့ ချပြပေးပါတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် ကျမတို့ ဘယ်လိုအခွင့် အရေးတွေ ရှိနိုင်မလဲ၊ ပိုပြီးတော့ အခွင့်အရေးတွေကို ကျမတို့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင်လို့ ဘယ်လိုလုပ်ဖို့ ရည်ရွယ်ချက် ရှိသလဲဆိုတာကို ခန့်မှန်းလို့ရပါတယ်။

“ဥပဒေမဲ့ မြေသိမ်းကိစ္စ”
မြေနဲ့ပတ်သက်လို့ကိစ္စဟာ ကျမတို့နိုင်ငံမှာ အင်မတန်မှ ကြီးမားတဲ့ ပြဿနာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေပိုင်ဆိုင်ခွင့်၊ မြေပိုင်ဆိုင်ခွင့်ဆိုတာ အရင်တုန်းက ဥပဒေနဲ့ မကိုက်ညီဘဲ သိမ်းထားတဲ့ မြေတွေရဲ့ ပြဿနာကြောင့်မို့ ကျမတို့အခု မြေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အများကြီး အခက်အခဲဖြစ်နေတယ်။ ဥပမာဆိုရင် ကျမတို့ရဲ့ စိုက်ပျိုးရေး စီမံကိန်းတွေပေါ့။ စိုက်ပျိုးရေးစီမံကိန်းတွေကို ကျမတို့ စွဲထားပေးပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေး စီမံကိန်း တော်တော်များများဟာ လယ်သမားတွေရဲ့ လယ်ယာပိုင်ဆိုင်ခွင့်နဲ့က ချိတ်ဆက်နေတဲ့အခါကျတော့ ကျမတို့ အကောင်အထည်ဖော်တဲ့ နေရာမှာ ဟိုဘက်ကနေပြီးတော့ အဲဒီ တရားဥပဒေအရ ပိုင်ဆိုင်မှုပြဿနာတွေကို မဖြေရှင်းနိုင်သေးလို့ ကျမတို့မှာ အရှေ့ကို တိုးလို့မရသလို ဖြစ်နေပါတယ်။ ဒါပေမဲ့ အမြန်ဆုံးဖြေရှင်းနိုင်ဖို့ ကျမတို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ မလွယ်ပါဘူး။ ကျမ ပွင့်ပွင့်လင်းလင်းပဲ ပြောတာပါ။ ဒီလို မတရားသဖြင့်ပေါ့နော် ဥပဒေနဲ့ မကိုက်ညီစွာ သိမ်းဆည်းခဲ့ပြီးတော့ ပြန်ပြီးတော့ မပေးတဲ့ လယ်ယာမြေကိစ္စတွေဆိုတာ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက စပြီးတော့ ဖြစ်နေတာ ဆိုးဆိုးရွားရွားပေါ့။ ဟိုးအရင်တုန်းကတော့ နည်းနည်းပါးပါးတော့ ရှိနေမှာပေါ့။ အဲတော့ အဲဒီဟာတွေ အားလုံးကို ကျမတို့ စပြီးတော့ ဖြေရှင်းဖို့ ကြိုးစားတာဟာ ၂၀၁၃ လောက်မှ လွှတ်တော်ထဲကနေ စခဲ့တာ။ သို့သော်ငြားလည်း မျှော်လင့်သလောက် တိုးတက်မှုမရှိခဲ့ဘူး။ အမြန်ဆုံး တိုးတက်အောင်တော့ ကျမတို့ လုပ်ပါမယ်။ ကျမတို့ကနေပြီးတော့ ဟိုတယ်နဲ့ ခရီးသွား စီးပွားရေးကဏ္ဍကိုလည်း အများကြီး အားပေးချင်ပါတယ်။ အဲဒါကိုတော့ ကျမတို့ တတ်နိုင်သမျှ ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။

“တိုင်းရင်းသား မကြေနပ်ချက်”
နောက်ပြီးတော့ ကျမတို့ရဲ့ တိုင်းရင်းသားများနဲ့ပတ်သက်လို့ပေါ့ - တိုင်းရင်းသားတွေကြားထဲမှာ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးကိစ္စကို ထောက်ခံတယ်ဆိုတဲ့အတွက် အများကြီးကို အားတက်ပါတယ်။ အဲဒါကို ခုနက နောက်ဆုံးပြောသွားတဲ့ ရခိုင်ကိစ္စနဲ့ ဆက်ပြောချင်ပါတယ်။ ကျမတို့နိုင်ငံမှာ တကယ်ပဲ အမျိုးသားရင်ကြားစေ့ရေး ဖြစ်နိုင်ရမယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ကျမတို့ရဲ့ တိုင်းရင်းသားအားလုံး ကျမ ခဏခဏ သတိပေးရတယ်။ ဗမာတွေကလည်း တိုင်းရင်းသားတစုပါလို့။ ခက်နေတာက ဗမာတွေက အများစုဖြစ်နေတော့ ဘယ်သူကမှ မကျေနပ်ကြဘူး။ တခါတလေကျ ဗမာတွေကလည်း သိပ်ချစ်စရာမကောင်းဘူး။ ကျမကိုယ်တိုင်ကလည်း ဗမာဆိုတော့ အဲ့လိုပြောလို့ရတယ်။ အဲဒါ ကျမတို့တိုင်းရင်းသားတွေကလည်း နားလည်မှုတော့ ရှိရမယ်။ တခါတလေဆိုရင် လူနည်းစု တိုင်းရင်းသားတွေဖြစ်လို့ လူများစုအပေါ်မှာ လုံးဝ အမြင်မကြည်ဘူး။ ဘာလုပ်လုပ် မကြိုက်ချင်ဘူး။ ဒါကလည်း သူ့သဘာဝပဲ။ ဒါပေမဲ့ ဗမာတိုင်းရင်းသားတွေကလည်း အနိုင်ကျင့်ခဲ့တာ နည်းနည်းကြာပြီနဲ့ တူပါတယ်။ ဗိုလ်ကျတယ်။ အနိုင်ကျင့်တဲ့အခါကျတော့ ကျမတို့ကို မြင်တဲ့အခါမှာ သံသယနဲ့ မြင်ကြပါတယ်။

“ခွဲခြားမှုမရှိ”
ဒါပေမဲ့ ကျမက အမှန်အတိုင်းပြောတာပါ။ ကိုယ့်ကိုယ်ကို အမွှန်းတင်ပြီးတော့ ပြောတာ မဟုတ်ပါဘူး။ ကျမတို့ရဲ့ မိသားစုထဲမှာလည်း တခါမှ တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံစရာဖို့ကို အဲ့လိုမျိုး ကျမတို့ကို ပြုစုပျိုးထောင်ခဲ့တာ မရှိတော့ ကျမတို့က လုံးဝ နားမလည်ဘူး။ နည်းနည်း ကြီးလာတော့မှ ဒီလို တိုင်းရင်းသားတွေကို ခွဲခြားနိုင်ပါလားဆိုတာ ကျမတို့ သဘောပေါက်တယ်။ မေမေက အမြဲပဲ ကျမတို့ကို သင်ပြတာက တိုင်းရင်းသားတွေက ဖေဖေ့အပေါ်မှာ အင်မတန်မှ သစ္စာရှိတယ်ဆိုတာ ဖေဖေမရှိတဲ့နောက်ပိုင်းမှာ ကျမတို့မိသားစုကို ပုံစံမပျက် စောင့်ရှောက်ခဲ့တာ တိုင်းရင်းသားတွေပဲ ဖြစ်တယ်လို့ အမြဲပဲ ကျမတို့ကို သင်ခဲ့ပါတယ်။ အဲတော့ ကျမတို့အနေနဲ့ကတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ဘာမှ ခွဲခြားလိုစိတ်မရှိဘူး။ ဒါပေမဲ့ ၀မ်းနည်းစွာ ပြောရမယ်ဆိုရင် ကျမ ကြီးလာတာနဲ့အမျှ ဒါမျိုးတွေရှိတယ်ဆိုတာ မြင်လာတယ်။ မြင်လာတော့ အဲဒါတွေလည်း ကျမတို့ အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲနိုင်အောင် ကျမတို့ ကြိုးစားပါတယ်။

“ကိုဖီအာနန်ကော်မရှင်”
ဒီ ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ကျမကတော့ ဒါ ပွင့်ပွင့်လင်းလင်း ပြောချင်တယ်။ ကျမတို့ ကိုဖီအာနန် ကော်မရှင်ကို ဆန့်ကျင်တဲ့ ဟာက လူမျိုးရေး၊ ဘာသာရေးတောင်မဟုတ်ဘဲနဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါနေတယ်လို့ ကျမကတော့ မြင်ပါတယ်။ အဲဒါ အင်မတန်မှ ၀မ်းနည်းစရာ ကောင်းပါတယ်။ ကိုယ့်နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အကျိုးကို ကြည့်ပြီးတော့ ကျမတို့ တနိုင်ငံလုံးအတွက် လုပ်နေတဲ့ကိစ္စကို မအောင်မြင်စေချင်တဲ့ စေတနာတွေ ထားတယ်ဆိုတာကတော့ မဖြစ်သင့်ပါဘူး။ အဲဒါကြောင့်မို့လို့ ကူညီတယ်ဆိုတာဟာ ကိုယ့်အချင်းချင်းလည်း နားလည်အောင် ပြောရမယ်။ ဒီလိုကော်မရှင်ဖွဲ့ခြင်းဟာ ကျမတို့အတွက် ဘာမှ အကျိုးယုတ်မှု မရှိဘူး။ ပြောရမယ်ဆိုရင် ဒီကော်မရှင်ဖွဲ့လိုက်လို့လည်း ကျမတို့ကို OIC ကနေပြီးတော့ Human Rights နဲ့ ပတ်သက်လို့ Resolution မတင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါပါတယ်။ ဒီ့အပြင်မှာလည်း ကျမတို့အခု Third Committee မှာ နှစ်တိုင်းနှစ်တိုင်း ရုန်းကန်နေရတဲ့ကိစ္စ အခု ဒီနှစ်တော့ သက်သာသွားပြီဆိုတာ။ ဒါတွေဟာ ကျမတို့ရဲ့ ကြိုးပမ်းမှုတွေထဲမှာ ဒီကော်မရှင်ဖွဲ့တဲ့ ကြိုးပမ်းမှုကလည်း အင်မတန် ထိထိရောက်ရောက်နဲ့ ကူညီပေးခဲ့လို့ ဖြစ်ပေါ်လာတဲ့ကိစ္စ။

“လူငယ်ပညာရေး”
နောက်တခုက ကျမတို့လူငယ်တွေ ပညာ ပိုတတ်ရေး။ ဒါကတော့ စောစောကလည်း ကျမ ပြောပါတယ်။ ကျမတို့ရဲ့ ကလေးတွေ ပညာတတ်ဖို့လိုတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်လို့ ကျမတို့ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ ကိုယ့်ဟာကိုယ်ဖွဲ့စည်းပြီးတော့ ပြောရမယ်ဆိုရင်တော့ နှစ်ဆထက်မက တက်သွားတာပေါ့ ၄၀% ကျော်ကနေ ၈၀% ကျော်ထိဆိုတော့ ၂ ဆမက တက်သွားတယ်ဆိုတာလည်း ကျမ ဂုဏ်ပြုပါတယ်။ အများကြီးပဲလည်း ၀မ်းသာပါတယ်။ အဲဒါမျိုး တတ်နိုင်တဲ့ဘက်က ကျမတို့ ဒါကို အကူအညီ ပိုတိုးပေးချင်ပါတယ်။

ဒေါ်စု နယူးယောက်မြန်မာတွေနဲ့တွေ့ (20:03)
အသံဖိုင် တိုက်ရိုက် လင့်ခ်
သီးခြားခွဲထုတ်၍ နားဆင်နိုင်ပါသည်။


“နျူ ကလီးယားစွမ်းအင်”
နျူကလီးယားစွမ်းအင်နဲ့ပတ်သက်လို့ နျူကလီးယားစွမ်းအင် လုပ်မယ် - မလုပ်မယ် ဆိုတာက ကျမတို့ရဲ့ overall energy policy ကို ဆုံးဖြတ်ပေးမှာဖြစ်တယ်။ ဘယ်လောက်အထိ လူထုက နျူကလီးယားစွမ်းအင်နဲ့ ပတ်သက်လို့ ထဲထဲဝင်ဝင် လုပ်သင့်တယ်၊ မလုပ်သင့်တယ်ဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။ ကျမတို့ရဲ့ စွမ်းအင်ဆိုတာဟာ စွမ်းအင်နဲ့ပတ်သက်လို့ ကိစ္စတွေဟာ နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေနဲ့ အများကြီး ဆိုင်ပါတယ်။ ဥပမာဆိုရင် - hydro electronic နဲ့ ပတ်သက် လို့ရှိရင် တိုင်းရင်းသားနယ်မြေတွေမှာရှိနေတဲ့ အရင်းအမြစ်တွေ ဖြစ်တဲ့အတွက် ကျမတို့ကနေ ဓာတ်အားရရှိရေးကိုပဲ စဉ်းစားလို့မရဘူး။ တိုင်းရင်းသားတွေရဲ့ ခံစားမှုနဲ့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်၊ နောက်ပြီးတော့ နောင်ကို စဉ်းစားရမယ့် resource sharing၊ ဒါ နိုင်ငံရေးကိစ္စတွေပါ။ အဲဒါတွေကို ကျမတို့ လျစ်လျူရှုလို့ မရပါဘူး။ နျူကလီးယားလည်း အတူတူပါပဲ။ နျူကလီးယားစွမ်းအင်ကိုနဲ့ ပတ်သက် လို့ရှိရင် ကမ္ဘာ့နေရာ တော်တော်များများမှာလည်း ကြောက်ကြပါတယ်။ ဒါတွေက အားလုံး သိပြီးသားပါ။ အထူးသဖြင့် ဂျပန်မှာ ဖူကူရားမားမှာ ဖြစ်တဲ့ကိစ္စ ဆိုရင် တော်တော်များများက ပြောကြပါတယ်။ ဂျပန်လို တိုးတက်ပြီးတော့ ပညာတတ်တွေ များပြားတဲ့နိုင်ငံမှာတောင်မှ ဒီလို လွဲချော်မှုတွေ ဖြစ်နိုင်လို့ရှိရင် ဒီလိုကိစ္စတွေဟာ ကျမတို့လို human capacity/capacity building သိပ်ပြီးတော့ မမြင့်သေးတဲ့ နိုင်ငံမှာ လုပ်လို့ဖြစ်ပါ့မလား။ မတော်တဆထိခိုက်မှုတွေ ခဏခဏ ဖြစ်မလားပေါ့။ ဘာလို့လဲဆိုတော့ ကျမတို့ကလည်း မကျွမ်းကျင်သေး ဘူးလေ။ ဟိုမှာ ဒီလောက် ကျွမ်းကျင်တဲ့သူတွေတောင်မှ အမှားအယွင်း ဖြစ် သွားသေးတာပဲ။


“သဘာဝဘေးအန္တရာယ်”

တခါတလေလည်း သဘာဝဘေးအန္တရာယ်ကြောင့်၊ အခု ကျမတို့နိုင်ငံမှာ ရာသီဥတုပြောင်း လဲမှုကြောင့် အထိခိုက်ဆုံး နိုင်ငံတနိုင်ငံဖြစ်မယ်လို့ ပညာရှင်တွေက သတ်မှတ်ထားပါတယ်။ အဲဒါကြောင့် ရာသီဥတု ပြောင်းလဲ မှုကြောင့်မို့ အထိခိုက်နိုင်ဆုံး နိုင်ငံဖြစ်မယ်ဆိုတော့ ကျမတို့ သဘာဝဘေးအန္တရာယ် ဥပမာ - ငလျင်လှုပ်တာတို့၊ ရေကြီးတာတို့၊ မြေပြိုတို့ အဲဒီလိုဟာမျိုးတွေကို ကျမတို့ အများကြီး ထည့်စဉ်းစားရမှာဖြစ်ပါတယ်။ ကျမတို့က တကူးတက သုံးဖို့ ဆုံးဖြတ် မယ်ဆိုရင်တောင်မှ ဘယ်နေရာမှာ ဆောက်မလဲ။ ဒီဟာတွေဟာ ဘယ်လို အန္တရာယ်မျိုးတွေ ဖြစ်နိုင်သလဲ။ ဒီအန္တရာယ်တွေကို ကျမတို့က ကာကွယ်နိုင်မှာလား။ အဲဒါတွေကို အများကြီး စဉ်းစားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမကတော့ ကျမတို့ စွမ်းအင်မူဝါဒအောက်မှာ နျူကလီးယားစွမ်းအင်ကို ဘယ်လိုကဏ္ဍအနေနဲ့ သတ်မှတ်မလဲ။ ဘယ်လောက်အထိ ကျမတို့ဟာ နံပါတ်တစ် နိုင်ငံရေးအရ၊ နံပါတ်နှစ် ကျွမ်းကျင်မှုအရ၊ နံပါတ်သုံးကတော့ ကျမတို့ရဲက ငွေရေးကြေးရေး တတ်နိုင်မှု ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ ဆုံးဖြတ်ရမှာ ဖြစ် ပါတယ်။ ဒါပေမဲ့ ဒီလို စေတနာနဲ့ အကြံပြုတဲ့အတွက် ကျမတို့ ကျေးဇူးတင်ပါတယ်။ ကျမတို့က စွမ်းအင်နဲ့ ပတ်သက်လို့ရှိရင် အမျိုးမျိုး စဉ်းစားရတယ်။ တမျိုးတည်းနဲ့ပဲ ရလို့ မဖြစ်ဘူး။ တမျိုးတည်းကို ကျမတို့ အားကိုးလို့ မရဘူး။ အမျိုးမျိုး ကျမတို့ လိုအပ်နေတဲ့ စွမ်းအင်တွေကို အမြန်ဆုံး ဖြည့်ဆည်းပေးဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။


“အခြေခံ အဆောက်အဦ”

Infrastructure အဓိကကတော့ ကျမတို့ communication ဆိုရင် ဒီနှစ်ခုမှာ အားနည်းနေတဲ့ အခါကျတော့ လာပြီးတော့ ရင်းနှီးမြှုပ်နှံ မှုတွေရဲ့ အခန်းကဏ္ဍက လွတ်သွားမယ်။ ရင်းတော့ ရင်းနှီးမြှုပ်နှံပါရဲ့။ လမ်းတော့ မဆောက်ဘူးဆိုတော့ ဘယ်လိုလုပ်မလဲ။ အဲဒါမျိုးတွေ သူတို့ပြောလာမှာပေါ့။ ဒါလည်း မှန်ပါတယ်။ သူတို့က စက်ရုံပဲ ဆောက်ပေးချင်တာ။ လမ်းပါ ဆောက်ဖို့က မရှိဘူး။ တချို့က အခြေအနေ ကြည့်ပြီးတော့ စက်ရုံရော၊ လမ်းရော ဆောက်ပေးပြီး သူတို့အကျိုးအမြတ် ပိုတောင်း မယ်ဆိုရင်လည်း ဒါလည်း တရားမျှတပါတယ်။ ကျမ တို့ကတော့ အဘက်ဘက် ကနေပြီးတော့ အောင်မြင်အောင် လုပ်ပေးမှာပါ။


“ကနေဒါ ဖယ်ဒရယ်”

အခု ကနေဒါနဲ့ နောက်ဆုံး အဆုံးသတ်ရမယ်ဆိုရင် Canada federation နဲ့ ပတ်သက်လို့ ကျမတို့ ဒါကို စီစဉ်ပြီးသား ဖြစ်ပါတယ်။ ကျမတို့ ကနေဒါမှာ လာပြီးတော့ federation ကို လေ့လာဖို့ဆိုတာ ကျမတို့ နိုင်ငံရေး အသိုင်းအ၀ိုင်း ကရော၊ တပ်မတော်အသိုင်းအ၀ိုင်းကရော၊ တိုင်းရင်းသားလူမျိုးများ အသိုင်းအ၀ိုင်း ကရော စုပေါင်းပြီးတော့ လာပြီးတော့ လေ့လာပြီးတော့ ဆွေးနွေးပြီးတော့ ဘယ်လို ပုံစံနဲ့ အောင်မြင်အောင် လုပ်နိုင်မလဲ။ ကနေဒါက ကျမတို့အတွက် သင်ခန်းစာယူ ရမယ့်ဟာက capitalism အခါက ကွဲသွားမယ်ဆိုရင် ဒီနေ့ကွဲမလား၊ မနက်ဖြန် ကွဲမလားဆိုပြီး ပြင်သစ်ဘာသာစကားနဲ့ ပတ်သက်လို့ ဖြစ်ခဲ့တဲ့အချိန် ရှိတာပါပဲ။ ဒါပေမဲ့ ဒါတွေကို ကျော်သွားပြီး အခုဆိုရင်တော့ ကွဲရေးတော့ သိပ်မကြားတော့ ဘူးနော်။ တချိန်တခါတုန်းက ဒီနေ့၊ မနက်ဖြန်များ ကနေဒါ ကွဲတော့မလားလို့ ထင် ရတာ။ အဲဒီဟာကို ကျော်လွှားတော့ ဘယ်လိုပုံစံနဲ့ ကျော်လွှားခဲ့ရသလဲ ဆိုတာ ကိုလည်း ကျမတို့အနေနဲ့ သင်ခန်းစာယူစရာတွေ အများကြီးရှိပါတယ်။ အဲဒါကြောင့် ကျမတို့က ကနေဒါကို လာဖို့ဆိုတာဟာ ရည်ရွယ်ချက် အပြည့်အ၀ ရှိပါ တယ်။ နောက်ပြီးတော့ ကျမကလည်း honoring citizen ဆိုတော့ အဲဒီမှာ သွားချင်ပါတယ်။ ဒီလို ကျမတို့ကို ဖိတ်ခေါ်တဲ့အတွက်လည်း အများကြီးကို ကျေးဇူး တင်ပါတယ်။


“နှစ်နိုင်ငံသား ခံယူရေး”

Dual Citizenship ဆိုတာကိုတော့ ကျမတို့ နိုင်ငံတနိုင်ထဲ အတွက်တော့ မစဉ်းစားေ ပးနိုင်ပါဘူး။ ကျမတို့ နိုင်ငံအားလုံးနဲ့ပတ်သက်ပြီးတော့ စဉ်းစားမှာပေါ့။ ကျမတို့ ကနေပြီးတော့ အမေရိကန်နိုင်ငံသားတွေကို Dual Citizenship ပေးမယ်ဆိုလဲ ကျမတို့ မပေးနိုင်ပါဘူး။ ကျမတို့အနေနဲ့ Dual Citizenship ဆိုတဲ့ Principle ကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာ ဆုံးဖြတ်ရမှာပါ။ ဆိုတော့ အဲဒီဟာဟာ အများကြီး ကျယ်ပြန့် ပါတယ်။ ဒါပေမယ့်လည်း ခနကလိုပေါ့နော်၊ Social Visa တို့ ဘာတို့ကိစ္စကတော့၊ ဒါကတော့ ကျမတို့ ရေတိုအတွင်းမှာ ဆုံးဖြတ်နိုင်တဲ့ ကိစ္စ တခု ဖြစ်ပါတယ်။ စောစောက ကျမပြောသလို ပိုက်ဆံတော့ ပိုတောင်းမယ်နော်။ ဟုတ်တယ်လေ၊ Quid pro quo ပေါ့၊ တယောက်နဲ့ တယောက် ကူညီတဲ့ သဘော တရားအရပေါ့။ ဒါပေမယ့် ဒါကလဲ ကျမတို့ကနေပြီးတော့ မူအရ လုပ်ရမှာပေါ့။ ကျမ အခုလုပ်တဲ့ဟာတွေ ရေရှည်မှာရော၊ အခုပြန်လို့မရလို့ ပြန်ချင်တဲ့လူတွေ၊ ဥပမာ ဟိုဟာလုပ်ပေးပါ၊ ဒီဟာလုပ်ပေးပါဆိုပြီးတော့ ကျမကို ပြောကြပါတယ်။

စောစောကပြောသွားတဲ့တယောက် ပြောသလိုပေါ့၊ နိုင်ငံရေးလုပ်လို့မရဘူး ဆိုပြီးေ တာ့ ၀န်ခံချက်ထိုးမှ ဗီစာပေးတယ်ဆိုတော့၊ ကျမကဒါကို စဉ်းစားတယ်၊ ဒါဟာ မတရားဘူးပေါ့။ ကျမတို့ကိုယ်တိုင် နိုင်ငံရေးလုပ်လို့ ဒီနေရာ ရောက်နေ တာပဲ။ နိုင်ငံရေး မလုပ်ရပါဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ ကျမတို့ ဖြေလျော့ပေးနိုင် သမျှ အများကြီး ဖြေလျော့ပေးပါမယ်။ နောက်ပြီးတော့ နောက်တခုက နိုင်ငံတကာရဲ့ လုပ်ပုံလုပ်နည်းလဲ ကျမတို့ နဲနဲလေ့လာဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံတမန်ရေးရာမှာ သံအမတ်ကြီးအဆင့် နေတဲ့နိုင်ငံတွေက တချို့ စည်းမျဉ်း စည်းကမ်းတွေ သူတို့ လက်ခံထားတာက အကြောင်းရှိလို့ပဲ။ အလကားသက်သက် မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ ပြဿနာတွေ၊ နောက်ဆက်တွဲတွေ ဘာဖြစ်နိုင်သလဲဆိုတာကို သူတို့ကြည့်ပြီးတော့ တချို့ စည်းမျဉ်း စည်းကမ်းတွေကို သူတို့ကနေပြီးတော့ လိုက်နာတာ ဖြစ်တယ်။

ဒါကြောင့်မို့၊ ကျမတို့ကနေပြီးတော့ ဥပမာဆိုရင် ဗီစာနဲ့ပတ်သက်လို့ ပြောမယ်ဆိုရင်၊ တခြားနိုင်ငံတွေက ဘယ်လိုလုပ်လဲဆိုတာကို ကျမတို့ လေ့လာမှဖြစ်မယ်။ အထူးသဖြင့် ဒီမိုကရေစီ ရင့်ကျက်တဲ့နိုင်ငံကြီးတွေကပေါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လုပ်သက် အတွေ့အကြုံတွေ အရ သူတို့က လုပ်တာဖြစ်တယ်။ ကျမတို့ ဒါကို လေးလေးနက်နက် စဉ်းစားပါ့မယ်။ ဒါပေမယ့် Dual Citizenship ကတော့ အခု ကျမတို့ မစဉ်းစားသေးဘူး။ ဒါဟာ အင်မတန် နက်နဲတဲ့ကိစ္စပါ။ ဒါကို ကျမတို့ ဒီက အမေရိကန်နိုင်ငံမှာတော့ မြန်မာနိုင်ငံက ရောက်နေတဲ့ လူတွေ အများစုဖြစ်ပေမယ့် အမေရိကန်နိုင်ငံတခုထဲပဲ ကျမတို့ ကွက်ပြီးတော့ စဉ်းစားလို့ မရသေးပါဘူး။ Dual Citizenship ဆိုတာဟာ တကမ္ဘာ လုံးက နိုင်ငံတွေနဲ့ ဆိုင်တာပါ။ ဒီတော့ ကိုယ့်ရဲ့နိုင်ငံသားဆိုတဲ့ အနေအထားကို ကျမတို့ တန်ဖိုးထားတယ်၊ ဒါက ကိုယ်မွေးလာကတည်းက ရတဲ့ ကိုယ့်ရဲ့အမွေ။ အဲဒါကြောင့်မို့လို့ Citizenship နဲ့ ပတ်သက်လို့ ကျမတို့ ပေါ့ပေါ့တန်တန် မစဉ်းစားဘူး။

ကျမတို့ စောစောကပြောတဲ့အတိုင်းပဲ ကျမတို့နိုင်ငံသားတွေ ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ မြန်မာနိုင်ငံက ပေါက်ဖွားလာတဲ့လူတွေ အားလုံးဟာ ကျမတို့နိုင်ငံရဲ့ သားသမီးတွေလို့ သံရုံးကနေပြီးတော့ ဆက်ဆံပါလို့ ကျမ အသေအချာ ပြောချင်ပါတယ်။


ဒေါ်စု နယူးယောက်တွေ့ဆုံပွဲ ဒုတိယပိုင်း (20:10)
တိုက်ရိုက် လင့်ခ်  သီးခြားခွဲထုတ်၍ နားဆင်နိုင်ပါသည်။

ကာတွန်း ညီပုချေ - ခြစားထားတယ် ဆိုလို့

$
0
0

ကာတွန်း ညီပုချေ - ခြစားထားတယ် ဆိုလို့
(မိုးမခ) စက်တင်ဘာ ၁၉ ၊ ၂၀၁၆

မင်းကိုနိုင် ● ပြေးလမ်းထက်မှာ

$
0
0


မင်းကိုနိုင် ● ပြေးလမ်းထက်မှာ
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။


တာယာပန်းတွေ ပွန်းမှာကြောက်ရင်
ပြိုင်ဘီးကောင်းမဖြစ်နိုင်သလိုပေါ့

တာဝေးပြေးစဉ်
ဘယ်ပါးပြင်မှ နံ့သာမတင်နိုင်ဖူးလေ

ဝဲ,ယာ တလျှောက်
လက်တွေမြှောက်ထားတဲ့ ပြေးလမ်းမှာ
မလွတ်တမ်းပုံရိပ်ဖမ်းကြမယ့်
နတ်မျက်စိတွေကြား
(ချစ်သူရေ) ...
လှဖို့ထက်၊ မမှားဖို့ လိုတယ်မဟုတ်လား

လာလှည့်​..
တွဲလျက်မဖြုတ်
ကျန်တဖက်နဲ့ သုတ်ပါမယ်
(ဒါပေမယ့်)
နဖူးကချွေး
သုတ်ပေးမယ့် လက်မှာလည်း “ချွေး” နဲ့

ပြေးလမ်းထက်မှာ
ကံယုံလို့ ဆူးမနင်းခဲ့ပဲ
လူယုံလို့ ပါးလေးနမ်းတော့လည်း
နံ့သာဖြစ်ဖြစ် ချွေးသံဖြစ်စေ
မွှေးကျန်ရစ်နေမှာပဲ .....။ ။

- #မင်းကိုနိုင်
[ 18-Sept-2016 ]

ဝေမြင့်မောင် ● နေ့ စွဲခြစ်ရာများ

$
0
0


ဝေမြင့်မောင် ● နေ့ စွဲခြစ်ရာများ
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆

ကျနော့်အိပ်ကပ်ထဲမှာ ရက်စွဲတွေအများကြီးရှိတယ်။ ရက်စွဲတွေထဲမှာ အပြာရောင်နှင်းတွေဟာ ချယ်ရီပင်ရဲ့ဦးခေါင်းထိပ် မှာဝေလို့။ လူငယ်လေးတယောက် ဘာကိုမှမကြောက်ဘဲ ရဲရဲရင့်ရင့် ရှေ့ဆက်နေခဲ့ပုံ နေထိုင်ပုံနှင့် အခြားသောအရာများ။ အားလုံးဟာ ပြုံးနေကြသလို ပေါ်လာတယ်။ ငါးတွေဟာ ငါးစာကိုမြင်နေကြ။ ကောင်းကင်ဟာ မည်းမှောင်လို့။ သူမဟာ စွန်လေးကိုတင်ဖို့ကြိုးစားလို့။ ကလေးငယ်တွေဟာ လမ်းမပေါ်ကစားနေကြ။ လူငယ်လေးရဲ့နှုတ်ခမ်းလှုပ်ရှားနေပုံဟာ မြစ် ရေတွေလိုကြည်လင်လို့။ လူသားဆိုတဲ့လူသား အားလုံးမှာ သက်ဆိုင်ရာခုနှစ်တွေ ရှိကြမယ်ထင်ပါတယ်။ ကျနော့် အိပ်ကပ် လေးထဲက တချို့ကို ကျနော်လွှင့်တင်ခဲ့မိပါရဲ့။ ရက်ပေါင်းများစွာ။

● တနင်္လာ
လူ့ဘဝဟာ ခြင်ပဲလို့ကြားတော့ သစ်ရွက်တွေ ပိုစိမ်းသွားကြတယ်လို့ ကျနော်ထင်နေမိတယ်။ ဒီလို အတွေးအခေါ်မျိုးကို ကြားဖူးပါရဲ့။ လွန်ခဲ့တဲ့နှစ်တွေထဲက ဖြစ်မယ်။ အဲ့ဒီတုန်းက ကျနော်ဟာ ငှက်ကလေးတကောင်ကို လွှတ်ပေးကယ်ပေးလိုက် နိုင်တဲ့ လက်မှတ်တခု၊ ဒါမှမဟုတ် ပင်လယ်ပြာပြာရဲ့ကောက်နေတဲ့ဆံပင်နီနီလေးတွေ ဖြစ်နေနိုင်ပါတယ်။ လက်ရှိအခြေအ နေနဲ့ ပြီးခဲ့တဲ့အခြေအနေတွေကို ထည့်ပေါင်းတဲ့ခါ ကျနော့်အဖြစ်ဟာ ဘာကိုမှမမြင်ရလောက်အောင် ငြိမ်သက်နေခဲ့ပါတယ်။ ရရှိလာတဲ့သုညဟာ ကျနော့်အတွက်အဖြေတဲ့။ ထိုင်ရင်း တွေးနေမိတယ်။ သုညက စတယ်၊ သုညနဲ့ထောင်တယ်၊ တက် တယ်။ သုညနဲ့ နောက်ဆုံးပြန်ဆုံးတယ်။ ဘယ်တော့မှ သုညနဲ့စခဲ့တယ် မစခဲ့ဘူးမသိချင်တဲ့ကျနော့်အတွက် သုညနဲ့ဆုံးတယ် ဆိုတာ ထိတ်လန့်စရာကောင်းတဲ့ကိစ္စကြီး။ သုညတွေကို ကျနော်မုန်းတယ်ဗျာ။ အသံဟာ လည်ချောင်းထဲတင် ကြပ်လို့။

ကျနော်ဟာ သုညကို စိတ်မဝင်စားသလို သုညကိုဘာမှန်းမသိခဲ့။ ဘုရားကျောင်းနဲ့ ဝေးရာငေးပြီး  ကျနော်တိုးတိုးလေး ပြော မိတယ်။ အိမ်ကအဝေးကြီးလေ။ တကယ်အဝေးကြီးပါပဲ။ အိမ်မှာနေပြီး အိမ်ဝေးဝေဒနာ ခံစားရတဲ့လူတွေထဲမှာ ကျနော့်ကို မြင်နိုင်လောက်ပါတယ်။ အိမ်ကို ကျနော်မသိတာ။ အိမ်နဲ့ စကားမပြောတာ။

● အင်္ဂါ
ထူးထူးဆန်းဆန်း ဒီနေ့ကဗျာတပုဒ်ရတယ်။ ဒီကျေနပ်မှုဟာ ဘာနဲ့မှမလဲနိုင်အောင် တန်ဖိုးကြီးလှပါတယ်။ ကျနော့်သူငယ် ချင်းမ နမ်ဝါဖုန်ဆန်းပြောဖူးတဲ့ အဘွား။ နောက် ရှစ်မွှေးက အဘွားပီပီလမ်နဲ့ ပီပီတီး။ နောက် အဘွားတွေ။ လွိုင်ဆမ်ဆစ်က ကချင်အဘွား။ ရုန်းတောင်အောက်က အဘွား။ တကမ္ဘာလုံးက ကျနော့်အဘွားတွေ။ လူအိုတွေရဲ့နေ့တွေ ချစ်ခြင်းတွေဟာ အတွေးမှာ ချိုမြဆဲလို့ ထင်ပါတယ်။ ကျနော်ဟာ လူအိုတွေထဲက လူအိုအဘွားတယောက်ကို လွမ်းနေခဲ့ရင်း ကဗျာတပုဒ်ရေး ဖြစ်သွားပေါ့။

မနမ်ဝါရဲ့အဘွားသို့ 

အဘိုးရဲ့နွားတွေ ဘယ်တုန်းကမှ လူသားမစားခဲ့ဘူးလို့ 
အဘွားဟာ အဖေ့ရဲ့ထိုင်ခုံပုလေးပေါ် ထိုင်ပြီးပြောတယ်
ဆက်ပြီး ဒီအရုပ်တွေကိုကြည့်ရတာ
ဆီးသွားတာလောက်တောင် ပျော်စရာမကောင်းဘူးတဲ့
အဘွားကိုဖြတ်ပြီး စပါးခင်းတွေကို မြင်ရတယ်
အဘွားကတော့ ငါ့ကိုဖြတ်ပြီး ဘာမြင်ရသလဲ မသိဘူး
စပါးခင်းကနေတဆင့် လေတွေ ပြတင်းကို ခုန်တက်ဖြတ်လာကြ
နေ့လည်က သူမကိုယ်သင်းနံ့ဟာ မွှေးနေတုန်းပဲ
အဘွားလည်း ဒီအကြောင်းကို သိကောင်းသိမှာပါ
အဘွားဟာ ငါ ဘာတွေ တွေးနေသလဲဆိုတာ သိသလိုလိုပုံစံ
ငါ့အသက်အရွယ်ကိုဖြတ်ဖူးတဲ့ဟန်နဲ့ပြောတယ်
ငါ့ကိုအတိအကျ ဖမ်းမိသလိုလို အဓိပ္ပာယ်ပါတဲ့ စကားကိုပြောတယ်
ပြီးတော့ မင့်အဘွားငါက သွယ်ကာဝိုက်ကာမပြောတတ်ဘူးဆိုပဲ
ငါ အသက်အကြာကြီးရှူတာ အဘွားရိပ်မိတယ်
မင့်အရွယ်မှာ ငါဟာ ကိုယ်လုံးတီးနဲ့နေရတာ သဘောကျတယ်ပြောပြီးရယ်တယ်
ခက်တာက ငါက ရှက်တယ် မခက်တာကလည်း ငါမရှက်တတ်တာပဲ ဆိုပဲ
ခဏခဏပြောပြီးသားတွေ ပြန်ပြန်ပြောနေတာ အရသာတွေ့ နေတဲ့ပုံပဲ
မင်္ဂလာပါ အရှင်ဘုရား အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်
အဘွားမောလာရင် ဒီလိုမျက်စိမှိတ်ပြောပြီး  အိပ်ပျော်သွားတတ်တယ်
မင်္ဂလာပါ အဘွား အဘွားဟာ မင်္ဂလာပါ။

၂၀၁၆ သြဂုတ်

● ဗုဒ္ဓဟူး
ဆည်ကို သွားဖြစ်တယ်။ အရင်ကလျှောက်ခဲ့တဲ့ခြေရာတွေဟာ အေးစက်စက်နဲ့ ငြိမ်သက်အိပ်စက်နေကြ။ ကျနော်ဟာ  ဆည်ကြီးထဲက ငါးလေးတကောင် ဖြစ်ချင်ခဲ့ပါတယ်။ ဆည်ထဲကရေတွေကိုတော့ သနားတာပေါ့။ ဆည်ပေါ်မှာ ချစ်တဲ့မိန်း ကလေးကို လက်တွဲပြီး လမ်းလျှောက်ရရင် သိပ်ကောင်းမှာပဲလို့တွေးဖူးရဲ့။ တချို့တွေလို ဆည်ထဲကို ကျောက်ခဲပစ်တာတို့ ဆည်ကိုကြည့်ပြီး အားပါးတရ အော်တာဆဲတာတို့ ကျနော်မလုပ်ခဲ့ဖူးပါ။ ဆည်ရဲ့ ကျစ်လစ်နေတဲ့ကျောပေါ်မှာ ကျနော်ရယ် သူငယ်ချင်းနှစ်ယောက်ရယ် အတူထိုင်ခဲ့ကြဖူးတယ်။ အဲ့ဒီတုန်းက ရန်ကုန်သားလှိုင်ဘွားအောင်က အချစ်အကြောင်းကို ပြောပါတယ်။ အချစ်ဆိုတာ ဘာပါလိမ့်လို့ ကျနော်တို့ဟာ ဆည်ဘောင်အောက် ရေစပ်နားမှာ ဆင်းထိုင်ပြီး တွေးခဲ့ဖူးကြတယ်။ အဲ့ဒီတုန်းက ရန်ကုန်သားဆီမှာ ညီမလေးမရှိသေးသလို ကျနော့်မှာလည်း ဘာဝေဒနာမှမရှိသေး။ တယောက်ယောက်ကို ချစ်နေရတာ ဝေဒနာပဲဗျာလို့ ရန်ကုန်သားပြောတော့ ကျနော်နဲ့နာဂသားတို့ ရယ်ကြတယ်။ ရေကန်ကို ဖြတ်သွားတဲ့လေတွေ လိုပဲ ပေါ့ပါးလိုက်ကြတာ။

ဆည်ဟာ ကျနော်တို့ကိုလွမ်းပြီး ကျန်ရစ်နေခဲ့မလား ကျနော်သေချာမသိပါ။ ဂစ်တာသံ ဘီယာဗူးဖောက်သံ သီချင်းဆိုသံများ ဒီဆည်ရဲ့တနေနေရာမှာ ကျနော်တို့ လွှင့်ခဲ့ကြဖူးတယ်။ တနေ့တော့ ပြန်တွေ့ကြတာပေါ့ဆိုတဲ့လူတွေဟာ သနားစရာကောင်း တာအမှန်ပဲပေါ့၊  ရေဆင်းကနေ အောင်မြင်စွာထွက်ခွာသွားကြတဲ့ လူတွေရယ် အနာကုသဖို့ ဆေးခွင့်တင် ထားတဲ့လူတွေရယ်။ ရေဆင်းဆည်ဟာ တိတ်ဆိတ်နေပေါ့။ အသံတိတ်ခေါင်းလောင်းတွေ ဟာ တိုက်ပွဲကိုခေါ်ဆောင်သွားကြပေါ့။ တချို့ကဘဝ၊ တချို့ကအချစ်၊ တချို့က ဂုဏ်သိက္ခာ ငွေကြေး။ ခုတော့ ရေဆင်းမှာ ကျနော်ဟာ ပတ်တီးတွေနဲ့။ ဆည်ကြီးဟာ ဗိုက်ခွဲခံ ထားရလို့။ ဆည်ကြီးဟာ ဆေးရုံတက်နေရလို့။ ကျနော့်ကိုမသိတော့တဲ့ ရေဆင်းဆည်ကြီးဟာ ဘာကိုမှနာကျင်ရမှန်း မသိ သူကြီးပေါ့။ ကျနော်ခေါင်းခါကြည့်လိုက်တယ်။ ခေါင်းခါလိုက်တိုင်း အရာအားလုံး ပြီးဆုံးမည်ဆိုပါကပေါ့လေ။

● ကြာသပတေး
ကိုမော်က ကျနော့်ကိုမေးတယ်။ သင်ဘာလို့မအောင်မြင်သေးတာလဲတဲ့။ ကျနော်ဟာ အံ့သြစွာထိုင်နေခဲ့ရ။ သူ့မေးခွန်းအ တွက် အဆင်သင့်မဖြစ်ခဲ့လို့။ ခင်ဗျားတို့လည်း ဒီလိုမျိုးကြုံဖူးမှာပါ။ ကမ္ဘာပေါ်က လူတယောက်ယောက်ကတော့ဖြင့် ကျနော့် ခံစားမှုမျိုးကို နားလည်ပေးနိုင်လိမ့်မယ်ထင်ပါတယ်။ အပေါ်ယံ ကိုယ်ချင်းစာတရားရိုးသားမှုတွေကို လူတိုင်းစား သုံးနေကြပြီ ဆိုတာကိုဖြင့် ခင်ဗျားတို့ငြင်းကြလိမ့်မယ်လို့ ကျနော်ထင်တယ်။ လူတယောက်ဟာ သူ့သိမှုရဲ့ဆုံးဖြတ်မှုထက် သူကိုယ်ပိုင်ကြုံတွေ့မှုရဲ့ဆုံးဖြတ်မှုက ပိုပြီးပြင်းထန်လိမ့်မယ်လို့ ထင်နေမိတယ်။ ဒီအကြောင်းကို ကျနော်ပြောပြတော့ ပန်းချီဆရာဟာ ငိုနေတယ်။ သတင်းစာဆရာလေးကတော့ ကျနော့်ကိုကြည့်ပြီး ရယ်နေတယ်။ ဒီလူ့ကို အားကျလိုက်တာ။ ကျနော်မရယ်မော နိုင်တာ ဘယ်လောက်များကြာခဲ့ပြီလဲ။ ကျနော့်နှုတ်ခမ်းဟာ ခွဲစိတ်ခန်းထဲ မဝင်ခဲ့ပေမဲ့ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပါတယ်။ အရင်း အနှီးတွေဟာ ကြောက်ရွံ့စရာအားငယ်သိမ်ငယ်မှုတွေနဲ့ ပြည့်နေပါတယ်။ ကျနော့်နှုတ်ခမ်းပေါ်ကအပြုံးတွေဟာ အရောင် တွေ ပြောင်းလဲနေပြီ။ ကျနော့်အပြုံးဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေရောက်နေပြီဆိုတာကိုဖြင့် ကျနော်ကိုယ်တိုင်ပဲ သိထားပါတယ်။ ခင်ဗျားတို့နားလည်အောင်ပြောပြဖို့ရာ  စိတ်မပါခဲ့ပါဘူး။ ကျနော့်ငယ်ဘဝက အပြုံးတွေဟာ သန့်စင်မှု ရိုး သားမှု ပျော်ရွှင်မှုတွေနဲ့ ဖြစ်ခဲ့ပါတယ်။ ကျနော့်အပြုံးကို ကျနော်ပျောက်ဆုံးခဲ့တာ သိပ်ကြာပါပြီ။ လူတယောက်အတွက် အန္တရာယ်အကောင်းဆုံးအခြေအနေကို ခင်ဗျားတို့ ခပ်ဆင်ဆင်အဓိပ္ပာယ်တွေနဲ့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျနော်ကတော့ ဒီလို ပြောချင်တယ်။ လူတယောက်အတွက် ကြောက်စရာ အကောင်းဆုံးအန္တရာယ်ဟာ သူ့အပြုံးတွေကို သူကိုယ်တိုင် ပျောက်ဆုံး သွားတဲ့အခြေအနေပါပဲ။ ဆရာဝင်းဖေရေးထားတဲ့ ဝတ္ထုတိုတပုဒ်မှာ လူတယောက်ဟာ အရက်ခွက်ထဲရေထည့် သောက်ပြီး မူးသွားတယ်။ သူ့ကိုအားကျလေးစားတဲ့ လူတယောက်ဟာ သူမူးပြီး ပြန်သွားတဲ့ နောက် သူသောက်ခဲ့တဲ့အရက်ခွက်ထဲရေထပ်ထည့် သောက်ပြီး မူးနေတော့တယ်ဆိုတာပဲ။ ကြောက်စရာကောင်းတဲ့ မီးခိုးတွေဟာ ပျံ့နှံ့နေပေါ့။ မကြားဖူးမသိဖူးတဲ့ ရောဂါအသစ်တွေ အချစ်အစစ်အတုတွေ ။

● သောကြာ
ကော်ဖီခွက်ကိုင်ရင်း မျက်နှာဟာ အလိုလို အဆီပြန်လာတယ်။ သွားစမ်းပါ အသက်ရှင် ဖို့ကို အသက်ရှင်ကြောင်းထောက်ခံစာတကယ်လိုပါရဲ့လား ထွက်လာတဲ့မေးခွန်းကို ကျနော် တအံ့တသြငေးမိတယ်။ ပြီးခဲ့တဲ့ရက်တွေက ပြောခဲ့ဆိုခဲ့တာတွေဟာ ကော်ဖီရဲ့ အေးစက်မှုထဲက ပြန်ပေါ်လာတယ်။ ဒီလိုမိုးရေစက်တွေ ကျနော့်မျက်နှာကို ရိုက်ခတ်ခဲ့တုန်းကပါ။ လူတွေချစ် တတ်အောင် ဘာလုပ်ပေးရမလဲဆိုတဲ့အသိဟာ တော်တော်လေးနှိပ်စက်တယ်။ ကိုယ့်ကိုကိုယ်တောင် မချစ်တတ်တဲ့ လူ ငယ်လေးတယောက်ရဲ့ဘဝကို ဖြတ်သန်းဖူးကြပါသလား။ တခုပြီးတခု စဉ်းစားခဲ့တယ်။ မဖြစ်နိုင်တာတွေ ဖြစ်နိုင်နိုင်တဲ့အရာ တွေ ပလုံစီလို့ပါပဲ။ မိဘဆရာဖြတ်သန်းမှုတွေ ငယ်ဘဝတွေဟာ အကောင်းဆုံးသော ဓာတ်ပုံတွေပါတဲ့။ သူပြောတာကို ကျနော်ငေးရုံသာ ငေးနိုင်ခဲ့ပါတယ်။ ဖတ်လက်စ မြင့်သန်းကိုပိတ်လိုက်ပြီး ဖတ်လို့တော်တော်ကောင်းတယ်လို့ပဲ ယုံကြည်မိ တယ်။ သူ့စီးကရက်ငွေ့တွေဟာ ကျနော့်ကို ထိုးဖောက်ပြီး ပျောက်ကွယ်သွား။ မိုးအေးအေးလေးမှာ လမ်းပေါ်မှာ ဖြတ်သွား ဖြတ်လာလုပ်နေတဲ့ မြင်နိုင်သောသက်ရှိတွေ မမြင်နိုင်သော သက်ရှိတွေ။ မမြင်နိုင်တဲ့အရာကိုချစ် မြင်နိုင် တာကို ချစ်။ ချစ်ပြီးရင်း ချစ်နေရရင် ဘဝဟာ ပျော်ရွှင်စရာကောင်းမယ်လို့ထင်လား။ သူ့စကားဟာ ကျနော့်ကိုတုန်လှုပ်စေပါတယ်။ ကျနော့်မှာ သူ့အတွက်ဖြေစရာမရှိသလိုမျိုး ဖြစ် ခဲ့။ ဒါပေမဲ့ ဘာမှမဖြစ်သလိုလို ကျနော်  အေးအေးဆေးဆေးပြောနိုင်ခဲ့ပါတယ်။ ကျနော် ဟန်ဆောင်ခဲ့ရတာပေါ့။ သူထွက်သွားပြီးတော့ တော်တော်ကြာတဲ့အထိ ကျနော်ထိုင်ဖြစ်ခဲ့ ပါတယ်။ ကျနော်ဟာ မွေးနေ့ပွဲကိုရောက်လိုက်။ မွေးနေ့ဓားဟာ ချိုချဉ်လေးတလုံးဖြစ်လိုက်။  နောက်တော့ မွေးနေ့ကိတ်ဖြစ်လိုက်။ သူများပါးစပ်ထဲ မှာ ကျနော်ဟာ အရသာရှိလို့။ ကျနော် ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေတော်တော်လေး များပြားခဲ့ပါတယ်။ လူ့အဖွဲအစည်းအရ မသင့်တော်တဲ့ဖြစ်မှု တည်ရှိမှုမျိုးတွေလည်း ရှိခဲ့ဖြစ်ခဲ့ပါတယ်။ ကျနော်ဟာ ခြေထောက် နှစ်ဖက်လုံးပြတ်သွားတဲ့ ရဲဘော်ကြီး ရဲ့ငွေစက္ကူဖြစ်လိုက် ပြည့်တန်ဆာမလေးရဲ့ငွေစက္ကူဖြစ်လိုက်။ ကျနော်ဟာ နှာခေါင်းထဲ ပိုက်နဲ့ အစာသွင်းပေးရတဲ့ လူနာတ ယောက်တောင် ဖြစ်ခဲ့တာပေါ့။ နောက် လတ်ဆတ်တဲ့နေရောင်ခြည်တောအုပ် ကျနော်ဖြစ်နေခဲ့တာတွေအများကြီးပါ။ လူ ဟာ ဘာမဆိုဖြစ်ခွင့်ရတယ်ဆိုတဲ့စာသားမျိုးလည်း ကျနော်ဖြစ်နေခဲ့တာပေါ့ ဟောဒီ သောကြာမှာ။ သောကြာမှာ ကံကောင်း တယ်။ ကံဆိုးတယ်။ ဘီးပေါက်တယ်။ ရေကြီးတယ်။ ပလတ်ကျွတ်တယ်။ သောကြာဟာ ဘယ်တော့မှသေချာမရှိခဲ့ဘူးဆိုတာ ကျနော် မပြောပါရ စေနဲ့။ တကယ်တည်ရှိတဲ့ အရာဟာ ... ကျနော်ဆွံ့အစွာ။

● စနေ
အဝါရောင်နှင်းရည်စက်များဟာ မြို့လေးရဲ့အစာအိမ်ကြောမှာ ကျဆင်းနေကြတယ်လို့ ကြားရတော့ အိပ်မက်လားလို့ ထင်မိ တယ်။ ဟုတ်ပါတယ် အိပ်မက်ပါပဲ။ ကျနော်လန့်နိုးလာခဲ့တယ်။ ဟားခါးမှာနေခဲ့တုန်းက နှင်းရည်တွေဟာ ကျနော်တို့အိမ်လေးနဲ့ တကွ အိမ်လေးက နေမြင်ရတဲ့အရာအားလုံးကို လွှမ်းထားတယ်။ မြက်ပင်တွေမှာ တွဲခိုနေတဲ့ နှင်းရည်စက်တွေ အိမ်တွေရဲ့ သွပ်တွေမှာ နှင်းရည်စက်တွေ ပုလဲလုံးလေးတွေလိုပဲ။ ဓာတ်တိုင်အဖြစ် သုံးထားတဲ့သစ်တုံးကြီးတွေနဲ့ သူတို့ကို ရစ်ပတ်နေ တဲ့ လျှပ်စစ်ကြိုးတွေမှာ နှင်းရည်စက်တွေချည်းပဲ။ ဒီလိုနှင်းရည်စက်တွေကြားမှာ ဘုရားကျောင်းကလေးဟာ ငြိမ်သက်လို့။ ဘုရားကျောင်းရဲ့ လည်ဆွဲခေါင်းလောင်းလေးနဲ့ကက်သလောက် လက်ဝါးကားတိုင်လေးဟာ တိတ်ဆိတ်နေကြလို့။ လူတွေ ရဲ့ ခန္ဓာကိုယ်မှာ မာဖလာ၊ လက်အိတ်၊ ခြေအိတ်၊ ဦးထုပ်၊ အနွေးထည် စတာတွေကို တွေ့ရမယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်တွေက ဟားခါးပါ။ ကျနော် ဟားခါးကိုပြန်မရောက်တာ သုံးနှစ်အတွင်းဝင်ပြီပေါ့။ မနက်စောစော လက်ဖက်ရည်ဆိုင်ကိုပြေး အာငွေ့ တွေနဲ့ နဂါးလိုလို ဘာလိုလို။ လက်ဖက်ရည်ဆိုင်ရောက်တဲ့အခါ ပူရီပူပူလေးစားပြီး လက်ဖက်ရည်အချို လေးသောက် ရေနွေးလေးသောက်နဲ့ ကြည်နူးစရာနေ့ရက်တွေပါ။ ပူရီဆိုတာ ထပ်တ္တရာလို့ ခေါ်တဲ့ မုန့်နဲ့ခပ်ဆင်ဆင်ပဲ။ ညက နယ်ပြီးသား ဂျုံကို ပြားပြားအလွှာပါးပါးလေးလုပ် ပြီးတော့ ဆီပူပူထဲကိုထည့်၊ ဖောင်းကြွလာတဲ့အခါဆယ်၊ အသင့်လုပ်ထားတဲ့ ကုလားပဲ သို့မဟုတ် ပဲပြုတ်နဲ့ ဆား၊ ဆီ၊ ကြော်ပြီးသား ကြက်သွန်ဖြူနီပါးပါးလေးကို အဲ့ဒီဆယ်ထားတဲ့ ဂျုံပြား ချပ်ပေါ်ပုံပြီး ရောကြိတ် ရတာ သိပ်ကောင်းပါတယ်။ အဲ့ဒီတုန်းက ပူရီပွဲသေးက တစ်ရာကျပ် ပူရီပွဲကြီးကနှစ်ရာ (တချို့ဆိုင်မှာ ပွဲသေးတစ်ရာ့ ငါးဆယ်ပွဲကြီး သုံးရာ) လက်ဖက်ရည်က တခွက်ကိုတစ်ရာတစ်ရာ့ငါးဆယ်။ ဘာမှာမှာ ဒါပဲ၊ ဒီခွက်ပဲ။ မနက်စောစော ပူရီစားပြီးလမ်းမကိုငေးတဲ့အခါ ဈေးဝယ်ဈေးရောင်းသွားနေသူတွေ ကျူရှင်တက်ဖို့သွားနေတဲ့ ပြန်လာနေတဲ့ ကျောင်းသား ကျောင်းသူလေးတွေ ဟားခါးရဲ့လမ်းမဟာ နှင်းရည်စက်တွေနဲ့ ချစ်စရာပဲ။

တချို့လူတွေရဲ့နှုတ်ခမ်း မျက်ခုံးတွေမှာ နှင်းရည်တွေစုပြီး ဖြူလို့။ လက်ဖက်ရည်ဆိုင်မှာ လူတန်းစားစုံလို့။ အရာရှိအရာခံ ပါစတာသင်းအုပ်ဆရာ လက်သမားကုန်သည် ကျောင်း သားကျောင်းသူကလေးတွေ။ တချို့ကလေးတွေဆို နှာရည်တွဲ လောင်းနဲ့ပူရီကို အားပါးတရ စားနေလို့ပြုံးနေလို့။ မနက်စောစော လက်ဖက်ရည်ဆိုင်ထိုင်တဲ့အလေ့အကျင့်ကို ဟားခါးက နေရခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့ ပူရီစားဖို့ သက်သက် လက်ဖက်ရည်ပူပူသောက်ဖို့ သက် သက်။အခု လူငယ်ဘဝမှာတော့ ရည်ရွယ်ချက်တွေ ကွဲပြားခဲ့ပါတယ်။ လေကန်ဖို့ ဘာညာသာရကာပေါ့။ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါ ဟားခါးရယ်၊ တောင် တန်းကြီးရယ် နှင်းရည် စက်တွေရယ် သတိရတတ်ပါတယ်။ နှင်းရည်စက်တွေကြားမှာ လက်ဖက်ရည်သောက်တဲ့ အကျင့်ကို ကျနော်ရခဲ့တာပေါ့။ ခရစ္စမတ်နေ့နီးတဲ့အခါ ကယ်ရိုလှည့်ပြီး သီချင်းဆိုကြတာ တွေကောပေါ့။ တခါတလေ ဝတ်ပြုပြီးပြီးလို့ လက်ဖက်ရည်ပူပူဆန်ပြုတ်ပူပူလွေးခဲ့ရတာတွေလည်း မမေ့နိုင်စရာပါ။ ကျနော်ငယ်ငယ်ကဆို ၆ တန်းကျောင်းသားဘဝဖြစ် မယ်။ မနက်စောစော sunday school တက်ကြတဲ့ခါ ကျနော့်သူငယ်ချင်းရဲ့ညီမလေးက ပြောတယ်။ ဒီလိုနှင်းရည်တွေ ကြားမှာ သခင်ယေဇူးကချမ်းမှာပဲနော် သမီးဦးထုပ်ပေးဆောင်းရင် ကောင်းမယ်ထင်တယ်တဲ့။ သိပ်လှတဲ့နှလုံးသားလေးတွေ နဲ့ပေါ့ ကလေးဘဝဟာ။ စနေဟာ သတိရမှုတွေ တန်ဖိုးမဖြတ်နိုင်တဲ့ ဒုက္ခတွေနဲ့ ။

● တနင်္ဂနွေ
တချို့ဘုရားကျောင်းသွားကြတယ်။ တချို့က စစ်မြေပြင်ထက် ပိုပြင်းတဲ့ ပိုကြောက်ဖို့ ကောင်းတဲ့ရှေ့တန်းမှာ။ ဘုရား သခင်ဟာ ကျနော့်ကိုတိတ်ဆိတ်တဲ့ တနင်္ဂနွေမှာ မွေးဖွားခွင့် မပေးခဲ့တဲ့အတွက် တနင်္ဂနွေဟာ ကျနော့်မွေးနေ့မဖြစ်ခဲ့။ ဒီအ တွက် ဘုရားသခင်ကို ကျနော် အပြစ်မတင်ပါ။ တချို့နေရာမှာ ဆိုင်တွေပိတ်ကြလို့။ သမ္မာကျမ်းစာကို လူတွေဖတ်ကြလို့။ ကျနော်ကတော့ တနင်္ဂနွေရဲ့လက်သည်းတွေကို လက်သည်းဆိုးပေးဖို့ကြိုးစားနေခဲ့ပါတယ်။ ကျနော်ငယ်ငယ်က တနင်္ဂနွေ နေ့မှာဆို မိသားစုဓာတ်ပုံရိုက်ဖို့အမျိုးတွေ  ထမင်းစုစားကြဖို့ ဒေါ်လေးတို့မိသားစုနဲ့ မုန့်လုပ်စားကြဖို့ ဘရာသာ (ကိုရင်) သင်ပေးတဲ့ ဓမ္မသီချင်းဆိုဖို့ ဘုရားကျောင်းသွားဖို့ တခါတလေ မိဘမသိအောင် ဘုရားကျောင်းမသွားဘဲ သူငယ်ချင်းတွေနဲ့ ချောင်းသွားဖို့ ကြံစည်အားထုတ်နေတတ်ပါတယ်။ အခုချိန်မှာတော့ တနင်္ဂနွေနေ့ရောက်ရင်  တနင်္ဂနွေကို ရေချိုးပေးမယ် လက်သည်းဆိုးပေးမယ် လတ်ဆတ်တဲ့လေတွေရှူဖို့ မြို့ပြင်ကို ခေါ်ထုတ်မယ်။ ကျနော်ဟာ တနင်္ဂနွေကို ဒီလိုဆက်ဆံဖို့ ကြိုးစားနေတတ်ပါတယ်။ လူတွေဟာ ဘုရားကျောင်းထဲမှာ ညစ်ပတ်တဲ့အရိပ်တွေနဲ့ဝင်ကြတယ် ပြီးတော့ ရေချိုးကြတယ်။ သူတို့ကို ဘုရားသခင်က ရေချိုးပေးတယ်တဲ့။ ကျနော်တွေးခဲ့တာပါ။ မှန်တာမှားတာ ဘယ်သူ့ကိုမှ မမေးမြန်းခဲ့ပါဘူး။ ကျ နော်ဟာ ဘုရားသခင်ကိုချစ်သူ တနင်္ဂနွေနေ့ကိုချစ်သူ ကျနော်ဟာ အမျိုးမျိုးပေါ့။

● မှတ်စု
ပြီးတော့ မပြီးတော့  တနလာင်္၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များ လည်ပတ်စွာ။ အဖြစ်များ အပျက်များ ကျနော်တို့များ ခင်ဗျားတို့များထပ်နေသော အရာများ တဖြည်းဖြည်းထပ်လျက် ဝေးလျက် နီးလျက်ဆက်ဆက်။ တပတ်မကသော ပေါင်းစပ်ထားသော တပတ်ကား ဝေးဝေးသွားသလိုပါ နောက်တနေ့ ပြန်ဖတ်ရတဲ့အခါ။

ဝေမြင့်မောင်

မောင်မောင်စိုး - ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအားသုံးသပ်ချက် - အပိုင်း ၆

$
0
0


မောင်မောင်စိုး - ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအားသုံးသပ်ချက် - အပိုင်း ၆
(မိုးမခ) စက်တင်ဘာ ၁၉ ၊ ၂၀၁၆


ဒေါ်အောင်ဆန်းစုကြည်နှင့် ညီလာခံအပိတ်
၂၀၁၆ စက်တင်ဘာလ ၃ ရက်နေ့တွင် ညီလာခံပြီးစီးသည်။ ညီလာခံအပိတ်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကားပြောကြားသည်။ သူမက ပြသနာရှိတာစိုးရိမ်စရာမရှိ။ ပြသနာမရှိချင်ယောင်
ဆောင်ခြင်းသာ စိုးရိမ်စရာဖြစ်သည်ဟု ဆိုခဲ့သည်။ ပြသနာမရှိချင်ယောင်ဆောင်နေပါက ပြသနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟုဆိုခဲ့သည်။ ပြသနာများကို ရဲရဲဝံ့ဝံ့ဖြေရှင်းရန်သာ လိုသည်ဟုဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဤညီလာခံတွင် ပွင့်လင်းစွာပြောဆိုနေမှု များမှ မည်သူက အတိတ်ကိုဖက်တွယ်နေသည်၊ မည်သူက အနာဂါတ်ကိုရှေ့ရှု သည်ကို တွေ့မြင်နိုင်သည်ဟုဆိုခဲ့သည်။ အတိတ်၏ချ ည်နှောင်မှု ကိုမခံဘဲ အနာဂါတ်ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ရန်လိုအပ်သည်ဟု ဆိုခဲ့သည်။ သို့သော်တိုင်းရင်းသားများအဖို့ကား အတိတ်သည် သမိုင်းဖြစ်သဖြင့် သမိုင်းသင်္ခန်းစာများကို ရယူကြပြီး အနာဂါတ်ကို ရှေ့ရှု ကြမည်ဖြစ်သည်။ သူတို့သည် အတိတ်သင်္ခန်း စာများကိုရယူပြီးအနာဂါတ်ကို ခြေလှမ်းနေကြသည်ကို သတိပြု ရန်လိုသည်။
သမိုင်း၏ခါးသီးသောအတိတ်ကို ရင်ဝယ်ထားပါက ရှေ့မဆက်နိုင်သကဲ့သို့ အတိတ်၏သင်္ခန်းစာများကို "မအ"အောင် သင်ယူကြမည်သာဖြစ်သည်။

လက်ရှိအနေအထားတွင် ဒေါ်အောင်ဆန်းစုကြည်သည်၎င်း NLD ပါတီဝင်များသည်၎င်း ပြည်ထောင်စုတွင် မည်သည့် ဖက်ဒရယ်ပုံစံကသင့် တော်သည်ဆိုသည်ကို၎င်း အခြေခံဥပဒေပြင်ဆင်ရေးကို၎င်း တလုံးတပါဒမျှ  ပြောဆိုခြင်းမရှိခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းရင်းသားပါတီများ၏ မတူသောအမြင်များကို စေ့စပ်ညှ်ိနှို င်းသူအခန်းမှပါဝင်၍ ပြသနာဖြေရှင်းရန် ကြံရွယ်ထားပုံရ သည်ဟု သုံးသပ်ရသည်။ ဤသို့ စေ့စပ်ညှိနှိုင်း၍ ရရှိသောအချက်များကို အခြေခံပြီး အခြေခံဥပဒေပြင်ဆင်ကို ရှေ့ရှု ရန်စဉ်စားကြံရွယ်ထားသည်ဟု သုံးသပ်ရပါသည်။

ညီလာခံအပိတ်တွင် သဘာပတိဖြစ်သူ ဒုဗိုလ်ချု ပ်ကြီးရာပြည့်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်ဟု ပြောဆိုသုံးနှုံးပြီး တင်သွင်း သည့် စာတမ်းများတွင် ဖြစ်နိုင်သည်လည်းရှိ မဖြစ်နိုင်သည်လည်းရှိကြောင်း အားလုံးညှိနှိုင်းသွားကြရန်ပြောကြားပြီး ပထမအကြိမ် ၂၁ ရာစုညီလာခံအား ပိတ်သိမ်းခဲ့ပါသည်။

ညီလာခံအပြီး လုပ်ငန်းစဉ်များ

ညီလာခံအပြီးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆက် လက်လုပ်ဆောင်မည်ဖြစ်သည်။ ထိုအမျိုးသားအဆင့်ညီလာခံများကို UPDJC ၏ ဦးဆောင်မှု ဖြင့် သက်ဆိုင်ရာပြည်နယ်အလိုက်လုပ်ဆောင်မည်
ဖြစ်သကဲ့သို့ အရပ်ဖက်အဖွဲ့အစည်း ဖိုရမ်များကိုလည်း လုပ်ဆောင်သွားကြမည်ဖြစ်သည်။ ဤနိုင်ငံရေးဆွေးနွေးပွဲများကို UPDJC က ကွပ်ကဲသွားမည် ဖြစ်သည်။ ညီလာခံတခုနှင့်တခုကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို UPDJC က လုပ်ဆောင်သွားရမည်ဖြစ်သည်။

၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့ NCA လက်မှတ်ထိုးပြီးသည့် အဖွဲ့ ၈ ဖွဲ့နှင့် NCA သဘောတူညီချက်အတိုင်း UPDJC ကို ဖွဲ့စည်းလိုက်သကဲ့သို့ UPDJC သည်လည်း နိုင်ငံရေးဆွေးနွေးမှု မူဘောင်ရေးဆွဲရန် တာဝန်ရှိသည် အားလျော်စွာ ၂၀၁၅ နိုဝင်ဘာ ၂၄ ရက်တွင် ကျင်းပသော UPDJC အစည်းအဝေးမှ အဖွဲ့ဝင် ၂၄ ဦးပါဝင်သော နိုင်ငံရေးဆွေးနွေးမှု မူဘောင် မူကြမ်းရေးဆွဲရေးကော်မတီ ( Framework for Political Dialouge Drafting  Committee ) ကိုဖွဲ့စည်းထားခဲ့သည်။ သို့သော် NCA လက်မှတ်ထိုးရာတွင်
အဖွဲ့ ၈ ဖွဲ့သာပါသေးပြီး မပါသေးသည့် အဖွဲ့ ၁၃ ဖွဲ့ကျန်နေသေးရာ ထိုအဖွဲ့များ နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်လာပါက နိုင်ငံရေးဆွေးနွေးမှု မူဘောင်ကို ပြု လွယ်ပြင်လွယ် ဖြစ်စေရန် ပုဒ်မ ၁၇ တွင် မူဘောင်ပြင်ဆင်ရေးကို ထည့် သွင်းရေးဆွဲထားသည်ဟုဆိုပါသည်။

လက်ရှိ NCA သတ်မှတ်ချက်အရ NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့ ၁၃ ဖွဲ့မှာ UPDJC တွင်ပါဝင်နိုင်ခြင်းမရှိသေးရာ ယခု ပထမအကြိမ်ညီ လာခံအပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရသည့် အဖွဲ့မှာ KNU နှင့် အဖွဲ့ ၈ ဖွဲ့သာဖြစ်သည်။ နိုင်ငံရေးလုပ်ငန်းစဉ်များဆက်လက်လုပ်ဆောင်ရန် အတွက် NCA လက်မှတ်မထိုးသေးသော အဖွဲ့များ စောင့်ဆိုင်းမနေဘဲ ဆက် လက်လုပ်ကိုင်သွားမည်ဟုဆိုသည်။

သို့ဖြစ်ရာ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအပြီး အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်သူများမှာ NCA လက်မှတ်ထိုး ထားသော အဖွဲ့ ၈ ဖွဲ့နှင့် တရားဝင်နိုင်ငံရေးပါတီများသာ ဖြစ်ပေလိမ့်မည်။
လက်ရှိကာလတွင် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့ ၁၃ ဖွဲ့သည်နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ခြင်းမရှိသေးရာ တနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး ပြသနာကို ဖြေရှင်းရန်အတွက် NCA လက်မှတ်ထိုးမည့်ပြသနာကို ဖြေရှင်း ရန် လိုအပ်မည်ဖြစ်သကဲ့သို့ ထိုအဖွဲ့များ နိုင်ငံရေးလုပ်ငန်းစဉ်များ မပါဝင်လာနိုင်သေးပါက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအပါ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်များသည် ခြေတဖက်ဆွဲနေပြီး ရှေ့ဆက်ရန် ခက်ခဲနေပေ လိမ့်မည်။ ဤအချက်ကို NCA လက်မှတ်ထိုးထားသောအဖွဲ့များက ကောင်းစွာ
သဘောပေါက်ကြပါသည်။

NCA

NCA သဘောတူညီချက်သည် ၂၀၁၅ နှစ်ကုန်ပိုင်း ရေးဆွဲပြီးစီးကာ ၂၀၁၅ ဒီဇင်ဘာတွင် လွှတ်တော်မှ အတည်ပြု ခဲ့သည့် သဘောတူညီချက်ဖြစ်သည်။ တပ်မတော်ခေါင်းဆောင်များက NCA ကို ဆုပ်ကိုင်ရပ်တည်ထားပြီး NCA အခြေခံပေါ်မှ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လုပ်သွားမည်ဟုဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၆ သြဂုတ်လ ၃၁ ရက်တွင် ၂၁ ရာစု ပင်လုံ အဖွင့်မိန့်ခွန်းတွင် NCA ထီးရိပ်အောက်တွင် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လုပ်သွားမည်ဟု ပြောခဲ့ပေရာ NCA လက်မှတ်ထိုးရေးနှင့်ပတ်သက်ပြီး
ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် တသဘောတည်း ဖြစ်သွားပြီဟုဆို ရမည်။

လက်ရှိ NCA လက်မှတ်မထိုးသေးသော အဖွဲ့များအား ခွဲခြားသုံးသပ်ပါက အစု ၄ စုရှိသည်ဟုဆိုရမည်။ ၎င်းတို့မှာ UNFC ကတစု UWSA နှင့်  NDAA မိုင်းလားအဖွဲ့တို့က တစု ၊ MNDAA/TNLA/AA တို့က တစု နှင့် NSCN(K) နာဂအဖွဲ့ကတစု ဟူ၍ ဖြစ်သည်။

NCA နှင့် UNFC
UNFC ကား NCA နှင့် မစိမ်းပေ။ NCA ဆွေးနွေးပွဲတလျောက် ပါဝင်ခဲ့သော အဖွဲ့များဖြစ်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် NCA လက် မှတ်ထိုးရာတွင် မပါဝင်ခဲ့ခြင်းမှာ NCA တွင် အားလုံးပါဝင်ရေးမူကို ဆုပ် ကိုင်ထား၍ဖြစ်သည်။ ဆိုရသော် MNDAA/TNLA/AA တို့အား NCA လက်မှတ်ထိုးရာတွင် ပါဝင်ခွင့်ပြု ရေးကို အစိုးရက ငြင်းပယ်ခဲ့၍ ဖြစ်သည်။ UNFC ခေါင်းဆောင်များနှင့် သမတဟောင်းဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးသော်လည်း သဘောတူညီမှု မရခဲ့ပေ။

လက်ရှိ ၂၁ ရာစုပင်လုံညီလာခံတွင် NCA လက်မှတ်မထိုးသေးသော အဖွဲ့များအား ဖိတ်ခေါ်ပါဝင်စေရာ၌ ၎င်းတို့အား UPDJC ပူးတွဲကော်မတီ အဖြစ်ပါဝင်ခွင့်ပေးခဲ့သော်လည်း NCA လက်မှတ်မထိုးသေးသဖြင့် UPDJC အမြဲတမ်းအဖွဲ့ဝင်မဖြစ်ကြသေးပေ။ သို့ဖြစ်ရာ NRPC နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့နှင့် UNFC တို့ အဖို့ NCA လက်မှတ်ထိုးရေးပြသနာ ဆက်လက်ဆွေး နွေးကြရမည်ဖြစ်သည်။

သြဂုတ်လအတွင်း UNFC ၏ DPN နှင့် NCA လက်မှတ်ထိုးရေဆွေးနွေးကြရာတွင် DPN အနေနှင့် အတိျအတွေ့အကြုံ များအရ NCA လက်မှတ် ထိုးရေးနှင့် အောက်ပါအချက်များကို ထည့်သွင်းရန်စဉ်းစားသည်ဟု ဆိုပါသည်။ စစ်ရေးအရ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဖက်အားလုံးကကြေညာရန် နိုင်ငံရေးမူဘောင် အပါအဝင် နှစ်ဖက်လိုက်နာရမည့် စစ်ဘက် ဆိုင်ရာစည်းမျ ဉ်းစည်းကမ်း၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ် ၊ စောင့်ကြည့်ရေး လမ်းညွှန်တို့ကို ကြို တင်သဘောတူညီမှု ရရှိရန် ။ JMC တွင် နိုင်ငံတကာ အစိုးရကိုယ်စားလည်များပါဝင်ခွင့်ပြုရန်။ NCA သဘောတူညီချက်များကို မလိုက်နာလျင် သဘောတူညီချက်ပါယန္တယားများအတိုင်းမဖြေရှင်းလျင် ပြည် တွင်းပြည်ပက ပညာရှင် တရားသူကြီးများပါဝင်သော လွတ်လပ်သော ကော်
မရှင် တရပ်ဖွဲ့စည်းရန် ၊ နိုင်ငံရေးအရ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဟု ထည့်သွင်းဖေါ်ပြရန် ၊ နိုင်ငံရေးဆွေးနွေးပွဲများကို ၃ ပွင့်ဆိုင်ကျင်းပရန် ၊ ၂၁ ရာစုပင်လုံကရရှိလာသောသဘောတူညီချက်များကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအပါ ဥပဒေများရေးဆွဲပြဌာန်းရန် တို့အား ထပ်မံဖြည့်စွက်ရန် ဆွေးနွေးကြသည်ဟုဆိုသည်။

UNFC အနေနှင့် ပြီးခဲ့သောကာလ အတွေ့အကြုံ များအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပြည်ပမှသူများဖိတ်ခေါ်၍ သမာဓိဒိုင်အဖြစ်ထားလိုသည့် သဘောထားကို တွေ့ရသည်။ သို့သော် တပ်မတော်အနေနှင့် ပြည်ပနိုင်ငံများမှ ပါဝင်ခြင်းကို လက်ခံရန် ခက်ခဲပေလိမ့်မည်ဟုယူဆပါသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့တွင် UNFC ဒုဥက္ကဌ နိုင်ဟံသာက အချက် ၂ ချက်ကို သဘောတူလျင် NCA လက်မှတ်ထိုးမည်ဟု ဆိုခဲ့သည်။ ပထမအချက်မှာ NCA သဘောတူညီချက်အရပေါ်ပေါက်လာသော နိုင်ငံရေးမူဘောင်ကိုပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ ဆွေးနွေးရာတွင် ၇ ပွင့်ဆိုင် ( အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ တရားဝင် နိုင်ငံရေးပါတီ၊ တိုင်းရင်းသားကိုယ်စားလည်၊ ပါဝင်သင့်ပါဝင်ထိုက်သူများ) မဟုတ်ဘဲ NCA သဘောတူစာချုပ်ပါအတိုင်း အစိုးရ/ လွှတ်တော်/တပ်မတော် တပွင့် တိုင်းရင်းသားလက်ကိုင် တပွင့် တရားဝင်နိုင်ငံရေးပါတီ ၁ ပွင့် စသည့် ၃ ပွင့်ဆိုင်ဖြစ်စေလိုကြောင်း ဆိုခဲ့ပါသည်။

နိုင်ငံရေးဆွေးနွေးမှု မူဘောင်သည် NCA ကိုအခြေခံပြီး ၃ ပွင့်ဆိုင် ဖြစ်ရမည်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ၇ ပွင့်ဆိုင်ဖြစ်နေ၍ နိုင်ငံ ရေးမူဘောင်အား ညှိနှိုင်းရန်လိုကြောင်း နိုင်ဟံသာက ဆိုပါသည်။

ဒုတိယအချက်မှာ အစိုးရနှင့်တပ်မတော်က NCA လက်မှတ်ထိုးရန် လက်မခံသေးသည့် ညီလာခံသို့ဖိတ်ကြားခြင်းမပြု သေးသည့် MNDAA ကိုးကန်/ TNLA တအန်းပလောင်/ AA ရခိုင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ NCA လက်မှတ်ထိုးရာတွင် ပါဝင်လာရေးဖြစ်သည်။

သို့ဖြစ်ရာ UNFC အဖွဲ့ဝင် ၇ ဖွဲ့လက်မှတ်ထိုးရေးနှင့်ပတ်သက်ပြီး ၃ ပွင့်ဆိုင်ပြသနာကား နှစ်ဖက်ညှိနှိုင်းဖြေရှင်းရန် နှိုင်းယှဉ်မှု အရလွယ်ကူပါသည်။ သို့သော် MNDAA/TNL/AA တို့နှင့်ပတ်သက်၍ကား ပါဝင်သောဖက်
အားလုံးမှ အားစိုက်ဖြေရှင်းရန် လိုအပ်ပေသည်။

NCA နှင့် PSC/NDAA မိုင်းလား

PSC (Peace and Solidarity Council ) ငြိမ်းချမ်းရေးနှင့်စည်းလုံး ညီညွတ်ရေးကောင်စီကို မိုင်းလားဒေသ၏နိုင်ငံရေးဦးဆောင်ပါတီအဖွဲ့ အစည်းအဖြစ်ဖွဲ့စည်းထားပြီး NDAA အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်ကတော့ PSC လက်အောက်ခံတပ်ဖြစ်သည်။ ဒေသအကျယ်အဝန်းအရ ၎င်း တပ်အင်အားအရ၎င်း NDAA ဒေနှင့် တပ်သည်ကြီးမားလှသည်မဟုတ်ပေ။ သို့သော် NDAA နယ်မြေနှင့် UWSA နယ်မြေသည်ဆက်စပ်နေသည့် အပြင် မိုင်းဆတ်ခရိုင်အတွင်းရှိ UWSA ၁၇၁ စစ်ဒေသ နှင့် မြောက်ပိုင်း ပန်ဆန်းရှိ ဝ ဒေသဆက်စပ်ရာတွင် မိုင်းလားဒေသသည် အရေးပါသောနေရာမှ ပါနေသည်။ သို့ဖြစ်ရာ NDAA အနေနှင့် UWSA နှင့်ကင်းကွာ၍ မရသည့် သဘာဝမဟာမိတ်ဟု ဆိုရပေလိမ့်မည်။

ထို့ပြင် ပြီးခဲ့သော ၄ နှစ်ခန့်ကာလအတွင်း NCA လက်မှတ်ရေးထိုးရာတွင် UWSA ရော NDAA ပါ မပါဝင်ခဲ့ပေ။ UNFC အဖွဲ့ဝင်များနှင့် အစိုးရ ညှိနှိုင်းဆွေးနွေးမှု ရလဒ်ဖြစ်သော NCA တွင် ၎င်း ၂ ဖွဲ့အား လက်မှတ်ထိုးရန် အစိုးရဖက်က တောင်းဆိုသောအခါ ၂ ဖွဲ့လုံးကငြင်းပယ်ခဲ့သည်။ NDAA အနေနှင့် ၁၉၈၉ ခုနှစ် အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီးနောက် ယနေ့ထိ ၂၇နှစ် ကြာသည့်တိုင်အောင် မည်သည့်တိုက်ပွဲမှ မဖြစ်ခဲ့ပေ။

ထို့ပြင် သမတဟောင်းဦးသိန်းစိန်လက်ထက်တွင် ငြိမ်းချမ်းရေး သဘောတူညီချက် ၃ ကြိမ်ရေးထိုးပြီးဖြစ်သည်။
၁။ အစိုးရက ကမ်းလှမ်းလာသော မိုင်းလား အထူးဒေသ ၄ နှင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ရှမ်းပြည်အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသော ပြည်နယ် အဆင့်ငြိမ်းချမ်းရေးဖေါ်ဆောင်မှု အဖွဲ့နှင့် အထူးဒေသ ၄ မှ ဖွဲ့စည်းသော ငြိမ်း ချမ်းရေးဖေါ်ဆောင်မှု အဖွဲ့တို့သည် ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ပဏာမ သဘောတူညီချက်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့၌  ရှမ်းပြည်နယ် လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူနှင့် မိုင်းလားအထူးဒေသ ၄ ဒုဥက္ကဌ ဦးစံပေ့တို့ လက်မှတ်ရေးထိုး
ချုပ်ဆိုခဲ့သည်။
၂။ ထို့ပြင် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် ကျိုင်းတုံမြို့ ၌ အစိုးရပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့်အဖွဲ့နှင့် အထူးဒေသ ၄ ငြိမ်း ချမ်းရေးဆွေးနွေးမည့်အဖွဲ့တို့ ၂၀၁၁ ခုနှစ် စက်တေင်ဘာ ၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသော ပဏမ သဘောတူညီချက်ကို အတည်ပြုရန် သဘော တူကြောင်းကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း ဒုအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော် ရှမ်းပြည်နယ် ဝန်ကြီးချုပ်စဝ်အောင်မြတ် တြိဂံတိုင်း တိုင်းမှူးဗိုလ်ချုပ်သန်းထွန်းဦး တို့နှင့် မိုင်းလား အထူးဒေသ ၄ ဒုဥက္ကဌ များဖြစ်ကြသော ဦးစံပေ့၊ ဦးဆန်လူ၊ ဦး ထိန်လင်းတို့ လက်မှတ်ရေးထိုးအတည်ပြု ခဲ့ကြသည်။
၃။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် အထူးဒေသ ၄ ငြိမ်းချမ်းရေးဆွေးနွေးသည့်အဖွဲ့တိုသည် မိုင်းလားမြို့ တွင် ပြည်ထောင်စုအဆင့် သဘောတူညီချက်အား ထပ်မံလက်မှရေးထိုးခဲ့ကြသည်။ အစိုးရဖက်မှ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖွဲ့ခေါင်းဆောင် ဦးအောက်သောင်း ဒုခေါင်းဆောင် ဦးသိန်းဇော် တို့လက်မှတ် ရေးထိုးပြီး အထူးဒေသ ၄ မိုင်းလားအဖွဲ့မှ ဥက္ကဌ ဦးစိုင်းလင်းနှင့် ဒုဥက္ကဌ ၃ ဦးပါဝင် လက်မှတ်ရေးထိုးခဲ့သည်။

ဤသို့အဆင့်ဆင့် လက်မှတ်ထိုးပြီး၍ NCA တွင် လက်မှတ်ထိုးရန် မလိုဟုဆိုကြသည်။ သို့သော် တပ်မတော်သည်၎င်း ယခုညီလာခံတွင် အစိုးရသည်၎င်း နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆက်လက်ပါဝင်ရန် NCA လက်မှတ် ရေးထိုးရန် လိုအပ်သည်ဟုဆိုကြရာ NDAA အတွက် NCA လက်မှတ်ထိုးရေးသည် ဆက်လက်ဆွေးနွေးရမည့်ပြသနာတရပ်ဖြစ်လာသည်။

NDAA ခေါင်းဆောင်များ သည် ၂၀၁၆ ဇူလိုင်လကုန်တွင် နေပြည်တော်သို့ လာရောက်ပြီး အစိုးရခေါင်းဆောင်များ တပ်မတော်ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီး ၂၁ ရာစုပင်လုံတွင်တက်ရန်ကတိပြု ခဲ့သည်။ ၂၀၁၆ သြဂုတ်လ ၁၁ မှစသော UPDJC ပူးတွဲအစည်းအဝေးများတွင် ကိုယ်စားလည်စေလွှတ်ခဲ့သည်။ ၂၁ ရာစုပင်လုံဖွင့်ပွဲနေ့၌ ဥက္ကဌ ဒုဥက္ကဌ ၃ ဦး နှင့် အတွင်းရေးမှူးအပါ ထိပ်သီးခေါင်းဆောင်အားလုံးတက်ရောက်ခဲ့သည်။

သို့သော် NDAA သည် ပျော့ပြောင်းသော သဘောထားရှိပေရာ NCA လက်မှတ်ထိုးခြင်း မထိုးခြင်းသည် သူ့အတွက် အရေးမကြီးလှပေ။ သူ ၏နယ်မြေအနေအထား တပ်အင်အားအနေအထားအရ UWSA ဝ အဖွဲ့ လက်မှတ်မထိုးဘဲ NDAA တဖွဲ့တည်းချွန်ထွက်၍ လက်မှတ်ထိုးပါက ၎င်းဒေသ မတည်မငြိမ် ဖြစ်လာနိုင်ပေရာ NDAA မိုင်းလားအဖွဲ့ လက်မှတ်ထိုးရေးမှာ အဓိက UWSA လက်မှတ်ထိုးခြင်းအပေါ် မူတည်သည်ဟု ဆိုရပေမည်။

ထို့ပြင် အခြားအကြောင်းအချက်တခုမှာ NDAA သည်လည်း အားလုံး ပါဝင်ရေးအပေါ် ရပ်ခံ၍ MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်လာရေးအတွက် ကြားခံညှိနှို င်းပေးလျက်ရှိပေသည်။

ဆက်လက်ဖေါ် ပြပါမည်
Mg Mg Soe( မောင်မောင်စိုး )

ကာတွန်း သီဟ(စခန်းသစ်) - ငြိမ်းချမ်းရေးလားဟေ့ ၀င်ခဲ့လေကွယ်

$
0
0

ကာတွန်း သီဟ(စခန်းသစ်) - ငြိမ်းချမ်းရေးလားဟေ့ ၀င်ခဲ့လေကွယ်
(မိုးမခ) စက်တင်ဘာ ၁၉ ၊ ၂၀၁၆

ကိုလေး (အင်းဝဂုဏ်ရည်) ● တိမ် တိုက် ကို ဖယ် လိုက် ... အ လင်း ရှိ တယ်

$
0
0

ကိုလေး (အင်းဝဂုဏ်ရည်) ● တိမ် တိုက် ကို ဖယ် လိုက် ... အ လင်း ရှိ တယ်
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆

ကိုဗဟိန်းဟာ
အင်းဝသား...
ဓနရှင်လောက
ရေးသူ...
မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်ရမယ်
ကြွေးကြော်တော်လှန်ခဲ့တဲ့
ရဲရဲတောက်ခေါင်းဆောင် ...
ဂုဏ်ပုဒ်တွေအများကြီးအနက်
တကယ့်
ဂုဏ်ပုဒ်က ....
"ကွန်မြူနစ်ပါတီကို
ဖဆပလအတွင်းမှ
ထုတ်ပယ်လိုက်သည် "
ဒီသတင်းလဲသိရော
ဟော
ကိုဗဟိန်းအသက်
ဟက်ကနဲ
ထွက် ...
ဘာပြောချင်တာလဲ
ဘာ့ကြောင့်လဲ
နက်နက်နဲနဲမြင်စမ်းပါ့ ...
ကိုဗဟိန်းဟာ
ညီညွတ်ရေးကိုသိသူ
သိပ်သိတဲ့သူ
တန်ဖိုးထားတဲ့သူ
သိပ်ကိုတန်ဖိုးထားတဲ့သူ ...
အသက်နဲ့ပေးတဲ့သင်ခန်းစာ
ညီညွတ်ရင် ဘာ
မညီညွတ်ရင် ဘာ
ကြာလေ
သိလေ
နှစ်ပရိစ္ဆေဒ
ကြာလှပါပကော
ရာစုနှစ်ဝက်မက
ကြာလှပါပကော...
ညီညွတ်ရေးတရား
ရှားသွားပြီ
မီးလောင်နေပြီ
မွဲကုန်ပြီ
ကျွန်ဖြစ်ကုန်ပြီ
ကမ္ဘာလှည့်ကျွန်ခံနေရပြီ ...
အသိဝင်ကြစို့
ကိုဗဟိန်းရဲ့
အသက်ပေးလိုက်တဲ့
"ညီညွတ်ရေး "
သင်ခန်းစာ
မြန်မာမှန်သမျှ
တတ်ကြစေကုန်သတည်း ။ ။

ကိုလေး (အင်းဝဂုဏ်ရည်)

မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား သုံးသပ်ချက် - အပိုင်း (၆)

$
0
0

မောင်မောင်စိုး ● ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအား သုံးသပ်ချက် - အပိုင်း (၆)
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆

● ဒေါ်အောင်ဆန်းစုကြည်နှင့် ညီလာခံအပိတ်
၂၀၁၆ စက်တင်ဘာလ ၃ ရက်နေ့တွင် ညီလာခံပြီးစီးသည်။ ညီလာခံအပိတ်အနေနှင့် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူး တင်စကားပြောကြားသည်။ သူမက ပြဿနာရှိတာ စိုးရိမ်စရာမရှိ။ ပြဿနာမရှိချင်ယောင်ဆောင်ခြင်းသာ စိုးရိမ်စရာဖြစ် သည်ဟု ဆိုခဲ့သည်။ ပြဿနာမရှိချင်ယောင်ဆောင်နေပါက ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု ဆိုခဲ့သည်။ ပြဿနာ များကို ရဲရဲဝံ့ဝံ့ဖြေရှင်းရန်သာ လိုသည်ဟုဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဤညီလာခံတွင် ပွင့်လင်းစွာပြောဆိုနေမှုများမှ မည်သူက အတိတ်ကိုဖက်တွယ်နေသည်၊ မည် သူက အနာဂါတ်ကိုရှေ့ရှု သည်ကို တွေ့မြင်နိုင်သည်ဟုဆိုခဲ့သည်။ အတိတ်၏ချည်နှောင်မှုကိုမခံဘဲ အနာဂါတ်ကို ရဲရဲဝံ့ဝံ့ရင် ဆိုင်ရန်လိုအပ်သည်ဟု ဆိုခဲ့သည်။ သို့သော်တိုင်းရင်းသားများအဖို့ကား အတိတ်သည် သမိုင်းဖြစ်သဖြင့် သမိုင်းသင်္ခန်း စာများကိုရယူကြပြီး အနာဂါတ်ကို ရှေ့ရှုကြမည်ဖြစ်သည်။ သတို့သည် အတိတ်သင်္ခန်းစာများကိုရယူပြီး အနာဂါတ်ကို ခြေ လှမ်းနေကြသည်ကို သတိပြုရန်လိုသည်။ သမိုင်း၏ ခါးသီးသောအတိတ်ကို ရင်ဝယ်ထားပါက ရှေ့မဆက်နိုင်သကဲ့သို့ အ တိတ်၏သင်္ခန်းစာများကို "မအ"အောင် သင်ယူကြမည်သာဖြစ်သည်။

လက်ရှိအနေအထားတွင် ဒေါ်အောင်ဆန်းစုကြည်သည်လည်းကောင်း၊ NLD ပါတီဝင်များသည်လည်းကောင်း၊ ပြည်ထောင်စု တွင် မည်သည့်ဖက်ဒရယ်ပုံစံကသင့်တော်သည်ဆိုသည်ကိုလည်းကောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးကိုလည်းကောင်း၊  တ လုံး တပါဒမျှ ပြောဆိုခြင်းမရှိခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ တိုင်းရင်းသားပါတီများ၏ မတူသောအမြင်များကို စေ့စပ်ညှ်ိနှိုင်းသူအခန်းမှပါဝင်၍ ပြဿနာဖြေရှင်းရန် ကြံရွယ်ထားပုံရ သည်ဟု သုံးသပ်ရသည်။ ဤသို့ စေ့စပ်ညှိနှိုင်း၍ရရှိသောအချက်များကို အခြေခံပြီး အခြေခံဥပဒေပြင်ဆင်ကို ရှေ့ရှုရန် စဉ် စားကြံရွယ်ထားသည်ဟု သုံးသပ်ရပါသည်။

ညီလာခံအပိတ်တွင် သဘာပတိဖြစ်သူ ဒုဗိုလ်ချုပ်ကြီးရာပြည့်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်ဟု ပြောဆိုသုံး နှုံးပြီး တင်သွင်းသည့် စာတမ်းများတွင် ဖြစ်နိုင်သည်လည်းရှိ မဖြစ်နိုင်သည်လည်းရှိကြောင်း အားလုံးညှိနှိုင်းသွားကြရန်ပြောကြားပြီး ပထမအကြိမ် ၂၁ ရာစုညီလာခံအား ပိတ်သိမ်းခဲ့ပါသည်။

● ညီလာခံအပြီး လုပ်ငန်းစဉ်များ
ညီလာခံအပြီးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆက် လက်လုပ်ဆောင်မည်ဖြစ်သည်။ ထိုအမျိုးသားအဆင့်ညီလာခံ များကို UPDJC ၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာပြည်နယ်အလိုက် လုပ်ဆောင်မည်ဖြစ်သကဲ့သို့ အရပ်ဖက်အဖွဲ့အစည်း ဖိုရမ်များကိုလည်း လုပ်ဆောင်သွားကြမည်ဖြစ်သည်။ ဤနိုင်ငံရေးဆွေးနွေးပွဲများကို UPDJC က ကွပ်ကဲသွားမည် ဖြစ်သည်။ ညီလာခံတခုနှင့်တခုကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို UPDJC က လုပ်ဆောင်သွားရမည်ဖြစ်သည်။

၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့ NCA လက်မှတ်ထိုးပြီးသည့် အဖွဲ့၈ ဖွဲ့နှင့် NCA သဘောတူညီချက်အတိုင်း UPDJC ကို ဖွဲ့စည်းလိုက်သကဲ့သို့UPDJC သည်လည်း နိုင်ငံရေးဆွေးနွေးမှုမူဘောင်ရေးဆွဲရန် တာဝန်ရှိသည်အားလျော်စွာ ၂၀၁၅ နိုဝင် ဘာ ၂၄ ရက်တွင်ကျင်းပသော UPDJC အစည်းအဝေးမှ အဖွဲ့ဝင် ၂၄ ဦးပါဝင်သော နိုင်ငံရေးဆွေးနွေးမှုမူဘောင် မူကြမ်း ရေးဆွဲရေးကော်မတီ (Framework for Political Dialouge Drafting Committee) ကို ဖွဲ့စည်းထားခဲ့သည်။ သို့သော် NCA လက်မှတ်ထိုးရာတွင်အဖွဲ့ ၈ ဖွဲ့သာပါသေးပြီး မပါသေးသည့် အဖွဲ့ ၁၃ ဖွဲ့ကျန်နေသေးရာ ထိုအဖွဲ့များနိုင်ငံရေးလုပ် ငန်းစဉ်တွင် ပါဝင်လာပါက နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို ပြု လွယ်ပြင်လွယ် ဖြစ်စေရန် ပုဒ်မ ၁၇ တွင် မူဘောင်ပြင်ဆင်ရေးကို ထည့်သွင်းရေးဆွဲထားသည်ဟု ဆိုပါသည်။

လက်ရှိ NCA သတ်မှတ်ချက်အရ NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့ ၁၃ ဖွဲ့မှာ UPDJC တွင်ပါဝင်နိုင်ခြင်းမရှိသေးရာ ယခု ပထမအကြိမ်ညီလာခံအပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့်ရသည့်အဖွဲ့မှာ KNU နှင့် အဖွဲ့ ၈ ဖွဲ့သာဖြစ်သည်။ နိုင်ငံရေးလုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်ရန်အတွက် NCA လက်မှတ်မထိုးသေးသော အဖွဲ့များ စောင့်ဆိုင်းမနေဘဲ ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆိုသည်။

သို့ဖြစ်ရာ ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံအပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်နိုင်သူများမှာ NCA လက်မှတ်ထိုးထားသော အဖွဲ့ ၈ ဖွဲ့နှင့် တရားဝင်နိုင်ငံရေးပါတီများသာ ဖြစ်ပေလိမ့်မည်။ လက်ရှိကာလတွင် NCA လက်မှတ်မထိုးသေးသည့် အဖွဲ့ ၁၃ ဖွဲ့သည် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ခြင်းမရှိသေးရာ တနိုင်ငံလုံးဆိုင်ရာ နိုင် ငံရေးပြဿနာကို ဖြေရှင်းရန်အတွက် NCA လက်မှတ်ထိုးမည့်ပြဿနာကို ဖြေရှင်းရန် လိုအပ်မည်ဖြစ်သကဲ့သို့ ထိုအဖွဲ့များ နိုင်ငံရေးလုပ်ငန်းစဉ်များ မပါဝင်လာနိုင်သေးပါက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအပါ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်း စဉ်များသည် ခြေတဖက်ဆွဲနေပြီး ရှေ့ဆက်ရန် ခက်ခဲနေပေလိမ့်မည်။ ဤအချက်ကို NCA  လက်မှတ်ထိုးထားသောအဖွဲ့များက ကောင်းစွာသဘောပေါက်ကြပါသည်။

● NCA
NCA သဘောတူညီချက်သည် ၂၀၁၅ နှစ်ကုန်ပိုင်းရေးဆွဲပြီးစီးကာ၂၀၁၅ ဒီဇင်ဘာတွင် လွှတ်တော်မှအတည်ပြုခဲ့သည့် သ ဘောတူညီချက်ဖြစ်သည်။ တပ်မတော်ခေါင်းဆောင်များက NCA ကို ဆုပ်ကိုင်ရပ်တည်ထားပြီး NCA အခြေခံပေါ်မှ နိုင်ငံ ရေးဆွေးနွေးပွဲများ ဆက်လုပ်သွားမည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၆ သြဂုတ်လ ၃၁ ရက်တွင် ၂၁ ရာစုပင်လုံ အဖွင့်မိန့်ခွန်းတွင် NCA ထီးရိပ်အောက်တွင် နိုင်ငံရေးဆွေးနွေးပွဲများဆက်လုပ်သွားမည်ဟု ပြောခဲ့ပေရာ NCA လက်မှတ်ထိုးရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တပ်မတော် တသဘောတည်း ဖြစ်သွားပြီဟု ဆိုရမည်။

လက်ရှိ NCA လက်မှတ်မထိုးသေးသောအဖွဲ့များအား ခွဲခြားသုံးသပ်ပါက အစု ၄ စုရှိသည်ဟု ဆိုရမည်။ ၎င်းတို့မှာ UNFC ကတစု UWSA နှင့်NDAA မိုင်းလားအဖွဲ့တို့ကတစု၊ MNDAA/TNLA/AA တို့ကတစုနှင့် NSCN (K) နာဂအဖွဲ့ကတစု ဟူ၍ ဖြစ်သည်။

● NCA နှင့် UNFC
UNFC ကား NCA နှင့် မစိမ်းပေ။ NCA ဆွေးနွေးပွဲတလျောက် ပါဝင်ခဲ့သော အဖွဲ့များဖြစ်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် NCA လက် မှတ်ထိုးရာတွင် မပါဝင်ခဲ့ခြင်းမှာ NCA တွင် အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထား၍ဖြစ်သည်။ ဆိုရသော် MNDAA/TNLA/AA တို့အား NCA လက်မှတ်ထိုးရာတွင် ပါဝင်ခွင့်ပြုရေးကို အစိုးရကငြင်းပယ်ခဲ့၍ ဖြစ်သည်။ UNFC ခေါင်း ဆောင်များနှင့် သမတဟောင်းဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးသော်လည်း သဘောတူညီမှုမရခဲ့ပေ။

လက်ရှိ ၂၁ ရာစုပင်လုံညီလာခံတွင် NCA လက်မှတ်မထိုးသေးသောအဖွဲ့များအား ဖိတ်ခေါ်ပါဝင်စေရာ၌ ၎င်းတို့အား UPDJC ပူးတွဲကော်မတီအဖြစ်ပါဝင်ခွင့်ပေးခဲ့သော်လည်း NCA လက်မှတ်မထိုးသေးသဖြင့် UPDJC အမြဲတမ်းအဖွဲ့ဝင်မဖြစ် ကြသေးပေ။ သို့ဖြစ်ရာ NRPC နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့နှင့် UNFC တို့အဖို့ NCA လက်မှတ်ထိုးရေးပြဿနာ ဆက် လက်ဆွေးနွေးကြရမည်ဖြစ်သည်။

သြဂုတ်လအတွင်း UNFC ၏ DPN နှင့် NCA လက်မှတ်ထိုးရေဆွေးနွေးကြရာတွင် DPN အနေနှင့် အတွေ့အကြုံများအရ NCA လက်မှတ်ထိုးရေးနှင့် အောက်ပါအချက်များကို ထည့်သွင်းရန်စဉ်းစားသည်ဟု ဆိုပါသည်။ စစ်ရေးအရ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဖက်အားလုံးကကြေညာရန် နိုင်ငံရေးမူဘောင်အပါအဝင် နှစ်ဖက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ်၊ စောင့်ကြည့်ရေး လမ်းညွှန်တို့ကို ကြိုတင်သဘောတူညီမှုရရှိရန်၊ JMC တွင် နိုင်ငံတကာ အစိုးရကိုယ်စားလည်များ ပါဝင်ခွင့်ပြုရန်၊ NCA သဘောတူညီချက်များကို မလိုက်နာလျှင် သဘောတူညီချက်ပါ ယန္တယားများအတိုင်း မဖြေရှင်းလျှင် ပြည်တွင်းပြည်ပက ပညာရှင် တရားသူကြီးများပါဝင်သော လွတ်လပ်သေကော်မရှင် တရပ်ဖွဲ့စည်းရန်၊ နိုင်ငံရေးအရ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဟု ထည့်သွင်းဖေါ်ပြရန်၊ နိုင်ငံရေးဆွေး နွေးပွဲများကို ၃ ပွင့်ဆိုင်ကျင်းပရန်၊ ၂၁ ရာစုပင်လုံကရရှိလာသောသဘောတူညီချက်များကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါ ဥပဒေများရေးဆွဲပြဌာန်းရန်တို့အား ထပ်မံဖြည့်စွက်ရန် ဆွေးနွေးကြသည်ဟု ဆိုသည်။

UNFC အနေနှင့် ပြီးခဲ့သောကာလ အတွေ့အကြုံ များအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြည်ပမှသူများဖိတ်ခေါ်၍ သမာဓိဒိုင်အဖြစ်ထားလိုသည့်သဘောထားကို တွေ့ရသည်။ သို့သော် တပ်မတော်အနေနှင့် ပြည်ပနိုင်ငံများမှ ပါဝင်ခြင်းကို လက် ခံရန် ခက်ခဲပေလိမ့်မည်ဟု ယူဆပါသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့တွင် UNFC ဒုဥက္ကဌ နိုင်ဟံသာက အချက် ၂ ချက်ကို သဘောတူလျှင် NCA လက်မှတ် ထိုးမည်ဟု ဆိုခဲ့သည်။ ပထမအချက်မှာ NCA သဘောတူညီချက်အရပေါ်ပေါက်လာသော နိုင်ငံရေးမူဘောင်ကိုပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၌ ဆွေးနွေးရာတွင် ၇ ပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ တရားဝင် နိုင်ငံရေးပါတီ၊ တိုင်းရင်းသားကိုယ်စားလည်၊ ပါဝင်သင့်ပါဝင်ထိုက်သူများ) မဟုတ်ဘဲ NCA သဘောတူစာချုပ် ပါအတိုင်း အစိုးရ/ လွှတ်တော်/တပ်မတော် တပွင့်၊ တိုင်းရင်းသားလက်ကိုင် တပွင့်၊ တရားဝင်နိုင်ငံရေးပါတီ တပွင့် စသည့် ၃ ပွင့်ဆိုင်ဖြစ်စေလိုကြောင်း ဆိုခဲ့ပါသည်။

နိုင်ငံရေးဆွေးနွေးမှုမူဘောင်သည် NCA ကိုအခြေခံပြီး ၃ ပွင့်ဆိုင်ဖြစ်ရမည်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ၇ ပွင့်ဆိုင်ဖြစ်နေ၍ နိုင်ငံရေးမူဘောင်အား ညှိနှိုင်းရန်လိုကြောင်း နိုင်ဟံသာက ဆိုပါသည်။

ဒုတိယအချက်မှာ အစိုးရနှင့် တပ်မတော်က NCA လက်မှတ်ထိုးရန် လက်မခံသေးသည့် ညီလာခံသို့ဖိတ်ကြားခြင်းမပြု သေး သည့် MNDAA ကိုးကန့်/ TNLA  တအန်းပလောင်/ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ NCA လက်မှတ်ထိုးရာတွင် ပါဝင်လာရေးဖြစ်သည်။

သို့ဖြစ်ရာ UNFC အဖွဲ့ဝင် ၇ ဖွဲ့လက်မှတ်ထိုးရေးနှင့်ပတ်သက်ပြီး သုံးပွင့်ဆိုင်ပြဿနာကား နှစ်ဖက်ညှိနှိုင်းဖြေရှင်းရန် နှိုင်း ယှဉ်မှုအရ လွယ်ကူပါသည်။ သို့သော် MNDAA/TNL/AA တို့နှင့်ပတ်သက်၍ကား ပါဝင်သောဖက်အားလုံးမှ အားစိုက်ဖြေ ရှင်းရန် လိုအပ်ပေသည်။

● NCA နှင့် PSC/NDAA မိုင်းလား
PSC (Peace and Solidarity Council) ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကောင်စီကို မိုင်းလားဒေသ၏ နိုင်ငံရေး ဦးဆောင်ပါတီအဖွဲ့ အစည်းအဖြစ်ဖွဲ့စည်းထားပြီး NDAA အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်ကတော့ PSC လက် အောက်ခံတပ်ဖြစ်သည်။ ဒေသအကျယ်အဝန်းအရလည်းကောင်း၊ တပ်အင်အားအရလည်းကောင်း၊ NDAA ဒေသနှင့် တပ် သည် ကြီးမားလှသည်မဟုတ်ပေ။ သို့သော် NDAA နယ်မြေနှင့် UWSA နယ်မြေသည်ဆက်စပ်နေသည့်အပြင် မိုင်းဆတ် ခရိုင်အတွင်းရှိ UWSA ၁၇၁ စစ်ဒေသနှင့် မြောက်ပိုင်း ပန်ဆန်းရှိ ဝ ဒေသဆက်စပ်ရာတွင် မိုင်းလားဒေသသည် အရေးပါ သောနေရာမှ ပါနေသည်။ သို့ဖြစ်ရာ NDAA အနေနှင့် UWSA နှင့်ကင်းကွာ၍ မရသည့်သဘာဝမဟာမိတ်ဟု ဆိုရပေလိမ့်မည်။

ထို့ပြင် ပြီးခဲ့သော ၄ နှစ်ခန့်ကာလအတွင်း NCA လက်မှတ်ရေးထိုးရာတွင် UWSA ရော NDAA ပါ မပါဝင်ခဲ့ပေ။ UNFC အဖွဲ့ ဝင်များနှင့် အစိုးရညှိနှိုင်းဆွေးနွေးမှုရလဒ်ဖြစ်သော NCA တွင်လည်းကောင်း၊ ၂ ဖွဲ့အား လက်မှတ်ထိုးရန်အစိုးရဖက်က တောင်းဆိုသောအခါ ၂ ဖွဲ့လုံးက ငြင်းပယ်ခဲ့သည်။ NDAA အနေနှင့် ၁၉၈၉ ခုနှစ် အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီးနောက် ယနေ့ထိ ၂၇ နှစ်ကြာသည့်တိုင်အောင် မည်သည့်တိုက်ပွဲမှ မဖြစ်ခဲ့ပေ။

ထို့ပြင် သမတဟောင်းဦးသိန်းစိန်လက်ထက်တွင် ငြိမ်းချမ်းရေးသဘောတူညီချက် ၃ ကြိမ် ရေးထိုးပြီးဖြစ်သည်။

၁။ အစိုးရက ကမ်းလှမ်းလာသော မိုင်းလား အထူးဒေသ ၄ နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ရှမ်းပြည်အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးသော ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့နှင့် အထူးဒေသ ၄ မှဖွဲ့စည်းသော ငြိမ်းချမ်းရေးဖေါ်ဆောင် မှုအဖွဲ့တို့သည် ငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ပဏာမသဘောတူညီချက်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက် နေ့၌ ရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူနှင့် မိုင်းလား အထူးဒေသ ၄ ဒုဥက္က ဌ ဦးစံပေ့တို့ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည်။

၂။ ထို့ပြင် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် ကျိုင်းတုံမြို့၌ အစိုးရပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမည့် အဖွဲ့နှင့် အထူးဒေသ ၄ ငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့တို့ ၂၀၁၁ ခုနှစ် စက်တေင်ဘာ ၇ ရက်နေ့က လက်မှတ်ရေးထိုး ခဲ့ကြသော ပဏမသဘောတူညီချက်ကို အတည်ပြုရန် သဘောတူကြောင်းကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၊ ဒုအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်၊ တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦးတို့နှင့် မိုင်းလား အထူးဒေသ ၄ ဒုဥက္ကဌများဖြစ်ကြသော ဦးစံပေ့၊ ဦးဆန်လူ၊ ဦးထိန်လင်းတို့ လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြသည်။

၃။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် အထူးဒေသ ၄ ငြိမ်းချမ်းရေးဆွေး နွေးသည့်အဖွဲ့တိုသည် မိုင်းလားမြို့တွင် ပြည်ထောင်စုအဆင့် သဘောတူညီချက်အား ထပ်မံလက်မှတ်ရေးထိုးခဲ့ကြသည်။ အစိုးရဖက်မှ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖွဲ့ခေါင်းဆောင် ဦးအောက်သောင်း၊ ဒုခေါင်းဆောင် ဦးသိန်းဇော် တို့လက်မှတ်ရေးထိုးပြီး အထူးဒေသ ၄ မိုင်းလားအဖွဲ့မှ ဥက္ကဌ ဦးစိုင်းလင်းနှင့် ဒုဥက္ကဌ၃ ဦး ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။

ဤသို့အဆင့်ဆင့် လက်မှတ်ထိုးပြီး၍ NCA တွင် လက်မှတ်ထိုးရန်မလိုဟု ဆိုကြသည်။ သို့သော် တပ်မတော်သည်လည်း ကောင်း၊  ယခု ညီလာခံတွင် အစိုးရသည်လည်းကောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆက်လက်ပါဝင်ရန် NCA လက်မှတ် ရေးထိုးရန် လိုအပ်သည်ဟုဆိုကြရာ NDAA အတွက် NCA လက်မှတ်ထိုးရေးသည် ဆက်လက်ဆွေးနွေးရမည့်ပြဿနာတရပ် ဖြစ်လာသည်။

NDAA ခေါင်းဆောင်များသည် ၂၀၁၆ ဇူလိုင်လကုန်တွင် နေပြည်တော်သို့လာရောက်ပြီး အစိုးရခေါင်းဆောင်များ တပ်မ တော်ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီး ၂၁ ရာစုပင်လုံတွင်တက်ရန် ကတိပြုခဲ့သည်။ ၂၀၁၆ သြဂုတ်လ ၁၁ မှစသော UPDJC ပူးတွဲအစည်းအဝေးများတွင် ကိုယ်စားလှယ် စေလွှတ်ခဲ့သည်။ ၂၁ ရာစုပင်လုံဖွင့်ပွဲနေ့၌ ဥက္ကဌ၊ ဒုဥက္ကဌ ၃ ဦး နှင့် အ တွင်းရေးမှူးအပါ ထိပ်သီးခေါင်းဆောင်အားလုံး တက်ရောက်ခဲ့သည်။

သို့သော် NDAA သည် ပျော့ပြောင်းသောသဘောထားရှိပေရာ NCA လက်မှတ်ထိုးခြင်း၊ မထိုးခြင်းသည် သူ့အတွက် အရေး မကြီးလှပေ။ သူ၏နယ်မြေအနေအထား တပ်အင်အားအနေအထားအရ UWSA ဝ အဖွဲ့ လက်မှတ်မထိုးဘဲ NDAA တဖွဲ့ တည်း ချွန်ထွက်၍ လက်မှတ်ထိုးပါက ၎င်းဒေသမတည်မငြိမ်ဖြစ်လာနိုင်ပေရာ NDAA မိုင်းလားအဖွဲ့ လက်မှတ်ထိုးရေး မှာ အဓိက UWSA လက်မှတ်ထိုးခြင်းအပေါ် မူတည်သည်ဟု ဆိုရပေမည်။

ထို့ပြင် အခြားအကြောင်းအချက်တခုမှာ NDAA သည်လည်း အားလုံးပါဝင်ရေးအပေါ်ရပ်ခံ၍ MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်လာရေးအတွက် ကြားခံညှိနှိုင်းပေးလျှက်ရှိပေသည်။

ဆက်လက်ဖေါ် ပြပါမည်
Mg Mg Soe( မောင်မောင်စိုး )

မောင်ရင်ငတေ ● စပျစ်ဝိုင်နယ်မြေများကို ဖြတ်သန်းခြင်း

$
0
0
မောင်ရင်ငတေ ● စပျစ်ဝိုင်နယ်မြေများကို ဖြတ်သန်းခြင်း
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆

စပျစ်သီးခူးသမားစာစုရဲ့ နောက်ဆက်တွဲ (၁)
ရှန်ပိန်နယ်ကို ဖြတ်သန်းခဲ့ခြင်း (Vignoble de Champagne)


ပြင်သစ်ပြည်ရောက်ရင် မသိမရှိ မဖြစ်တာတွေ အများကြီး အများကြီး ရှိပါတယ်။ အတွေးအခေါ် စာကဗျာ ပန်းချီ ပန်းပု အနုပညာ အဆောက်အဦးဗိသုကာ တည်ဆောက်မှုအနုပညာ၊ သမိုင်းကြောင်းနောက်ခံ၊ ဘုရင်စနစ် လူ့အခွင့်အရေး တော် လှန်ရေး ၊ နိုင်ငံရေး၊ စီးပွားရေး ကြီးပွားရေး၊ စိုက်ရေးပျိုးရေး၊ စားရေးသောက်ရေး၊ ကဖေး ဘားစားသောက်ဆိုင်ရှေးရိုးအစဉ် အလာ ထိမ်းသိမ်းမှုအတတ်ပညာ တီထွင်ဆန်းသစ်မှု အစစအရာရာလေ့လာချင်စရာ အကြောင်းအရာတွေက များစွာ များ စွာပါ။ 


ရှန်ပိန်မာစတာကြီး Dom Pérignon နှင့် (ဓါတ်ပုံ မရငတ) (Photo Nyan Win Paris)

အဲဒီထဲမှာ အစားအသောက်နဲ့ စိုက်ရေးပျိုးရေး ကဏ္ဍတွေမှာ မပါမဖြစ် ထိပ်တန်းတနေရာကနေပါဝင်နေတာက ဝိုင် ကော့ ညက်နဲ့ ရှန်ပိန်ဆိုတာတွေပါ။

ကျန်းမာရေးကို ထိခိုက်နိုင်ပါသည်လို့ ဘယ်သူတွေက ဘယ်လိုပင်ဆိုဆို အဲဒီအရာတွေက လူ့လောက လူ့ယဉ်ကျေးမှု နေ့ စဉ်ဘဝမှာ မရှိမဖြစ်ဆိုသလို ပါဝင်နေမြဲပါ။ အထူးအဖြင့်တော့ သူတို့ အနောက်တိုင်းသားတွေအတွက်ပေါ့။

စပျစ်ခူးသမားဟောင်း မောင်ရင်ငတေကတော့ နေ့စဉ် ဆေးဖြစ်ဝါးဖြစ် ဝိုင်နီလေး တခွက်နှစ်ခွက်ကို အပျင်းပြေသောက်မိ တိုင်း စပျစ်ဝိုင် စိုက်ပျိုးခင်းတွေရှိရာကို အတွေးစိတ်ကူးနဲ့ ရောက်ဖြစ်နေကြပါ။  အဲဒီ အတွေးမျိုးတွေက မောင်ရင်ငတေတင်လား မဟုတ်နိုင်ပါဘူး။

နေ့စဉ် ဝိုင်သောက်သုံးမှု စစ်တမ်းတခုမှာ ဖတ်ရှုခဲ့ဖူးတာလေး ထည့်ပြောရရင် ဒီကနေ့ စာရင်းဇယားတွေအရ အများဆုံး ဝိုင် သောက်သုံးကြသူများဟာ အီတလီ ဗာတီကန်က ဘုန်းတော်ကြီးများ ဖြစ်ကြပါတယ်တဲ့။ ဒါကြောင့် သူတို့တတွေလည်း နေ့ စဉ် စိတ်ကူးနဲ့ ဝိုင်စိုက်ခင်းထဲ ရောက်ချင်ရောက်နေကြမှာပါ။ အဲသလို အတွေးစိတ်ကူးတွေထဲက စပျစ်ရှန်ပိန် စိုက်ခင်းတွေ ရှိရာဆီသို့ ဒီတခေါက် ခရီးထွက်ရင်းနဲ့ ရောက်ဖြစ်ခဲ့တာပါ။ အဲဒီ စိုက်ခင်းတွေက မောင်ရင်ငတေအတွက် ရင်းနှီးပြီးသာလို့လည်း ပြောနိုင်ပါတယ်။

သက္ကရာဇ် နှစ်ထောင့် သုံးလေးငါးခုနှစ်များဆီက စပျစ်ခူးသမားဘဝနဲ့ ရောက်ရှိခဲ့ဖူးတဲ့နေရာ ဒေသတွေပါ။ စပျစ်စိုက်ခင်းတွေ ဆီကိုသာမက နာမည်ကျော် Moët & Chandon ရှန်ပိန် လုပ်ငန်းရဲ့ ရုံးချုပ်နဲ့ ပြတိုက်ရှိရာသို့လည်း ရောက်ခဲ့ပါတယ်။ ၂၈ ကီလိုမီတာ ရှည်လျှားပါတယ်ဆိုတဲ့ ဝိုင် လှိုဏ်ဥမင် မြေတိုက်ခန်းကြီးထဲကိုတော့ အချိန်နောက်ကျသွားလို့ ဝင်ချိန်မရခဲ့ပါ ဘူး။


La Maison Moët & Chandon (ဓါတ်ပုံ မရငတ)    

Epernay အေပီရ်နေးမြို့ အခြေစိုက် Moët & Chandon ရှန်ပိန်လုပ်ငန်းကို စတင်တည်ထောင်ခဲ့သူ ဂျာမန်နွယ်ဖွား Claude Moët (1683–1760) နဲ့ မြေးဖြစ်တဲ့သူ Jean-Rémy Moët (1758–1841)  တို့ရဲ့ရုပ်တုတွေကိုတော့ Moët & Chandon လုပ်ငန်းတည်ရှိရာ  အဆောက်အဦးဝင်းထဲမှာ စိုက်ထူထားတာကို မတွေ့မြင်မိရပါဘူး။

Pierre Dom Pérignon (1639-1715) (ဓါတ်ပုံ မရငတ)

ခြံထောင့် တနေရာမှာ စိုက်ထူထားရှိတဲ့ ရုပ်ထုကတော့ သူတို့ရဲ့ နာမည်ကျော် ရှန်ပိန် အမည်လည်းဖြစ်သလို ရှန်ပိန်ချက်လုပ် ခြင်းနည်းပညာများကို မြှင့်တင်ပေးသွားခဲ့သူ ဘုန်းတော်ကြီး Pierre Dom Pérignon (1639-1715) ရဲ့ ပုံတူ ရုပ်တုပါ။

ဒီဘုန်းတော်ကြီးရဲ့ ရှန်ပိန်ချက်လုပ်ခြင်း ဖော့ဆို့ဆို့ခြင်း ပုလင်းသွပ်ခြင်း စပျစ်အမျိုးအစား စပျစ်စိုက်ပျိုးခြင်း နည်းပညာတွေ ကြောင့် နှစ်ပေါင်းများစွာခံနိုင်တဲ့ တန်ဖိုးကြီး နှစ်ချို့ ရှန်ပိန်လုပ်နည်းစနစ်တွေ တိုးတက်ထွန်းကားလာတာပါ။ လွယ်လွယ်နဲ့ ပြောရရင် Œnologie ခေါ်ကြတဲ့ ဝိုင်ဗေဒ ဘာသာရပ်ပေါ့၊ အဲဒီဘာသာရပ်ကတော့ လူသိနည်းတဲ့ဘာသာရပ်ဖြစ်သလို မောင်ရင်ငတေတို့ရဲ့ရွှေပြည်တော်သားတွေထဲမှာတော့ ဒီဘာသာရပ်နဲ့ ကျောင်းပြီးတယ်ဆိုပြီး မကြားမိဖူးသေးပါဘူး၊

မောင်ရင်ငတေကလည်း ဝိုင်ကိုသာ ချဉ်ချဉ်တူးတူး သောက်တတ်တာဖြစ်ပေမယ့် ဝိုင်ဗေဒကိုတော့ နကန်းတလုံး နားမလည် ကြောင်းပါ။ ဝိုင်ဗေဒဘာလဲဆိုတာမသိပေမယ့် Master of Wine ဆိုတာကြီးကိုတော့ ရည်မှန်းလို့ ရနိုင်ပါတယ်။ ပြင်သစ်မှာ တော့မဟုတ်ပါဘူး။ အင်္ဂလန်က လန်ဒန်မှာ Institute of Masters of Wine ဆိုတာရှိပြီး ဝိုင်ကိုယ်တွေ့ ဖြစ်ရပ်မှန်တွေ သိ နားလည်မယ်ဆိုခဲ့ရင် အဖွဲ့ဝင်ဖြစ်နိုင် Masters of Wine ဖြစ်နိုင်ပါတယ်။

မောင်ရင်ငတေ့အတွက် ခက်နေတာက မောင်ရင်ငတေ အမှန်တကယ် သောက်သုံးဖူးတာက ဈေးခပ်ပေါပေါ ဝိုင်တွေပါ။ ဈေး နှုန်းမြင့်မားလှတဲ့ ခရိုဏီဝိုင်တွေအကြောင်းကိုတော့ မောင်ရင်ငတေ ဝင်ရောက် ဒူးတိုက် မဆွေးနွေးနိုင်ကြောင်းပါ။ ဒါ ပေမယ့် မောင်ရင်ငတေတို့လိုကောင်တွေ သောက်သုံးနေကြ နံပါတ်ဝမ်းအဆင့် လက်ရွေးစင်ဝိုင်တွေရဲ့ ဝိုင်ဗေဒနဲ့ ဈေးကွက် တည်ရှိပုံအကြောင်းတွေကိုတော့ မောင်ရင်ငတေ ဒူးတိုက်တင်မကပါဘဲ ခေါင်းပါတိုက်ပြီး ဆွေးနွေးနိုင်ကြောင်းပါခင်ဗျာ။

မိုအေ့တ် တည်ထောင်သူ Claude Moët (1683–1760) နဲ့ သူရဲ့ မြေးဖြစ်တဲ့သူ Jean-Rémy Moët တို့ မြေးအဖိုးတတွေဟာ သူတို့ခေတ်က အုပ်စိုးသူဘုရင်များဖြစ်ကြတဲ့ Louis XV လူဝီ ၁၅ (၁၇၁၀-၁၇၇၄) Napoléon Bonaparte နပိုလီယံဘိုနာပတ် (၁၇၆၉-၁၈၂၁) တို့ရဲ့ အကောင်းဆုံး မိတ်ဆွေ စီးပွားဖက်များ ဖြစ်ခဲ့ကြသူတွေပါ။

ဘုရင့် ဆွေတော်မျိုးတော်တွေရဲ့ ဝိုင်းဝန်းချီးမြောက်မှုတွေကြောင့် မိုအေ့တ် ရှန်ပိန်လုပ်ငန်းကြီးကလည်း ပိုမိုကြီးပွား တိုး တက် ခဲ့တယ်ဆိုရင် မမှားပါဘူး၊ ပြင်သစ်ဘုရင် အသိုင်းအဝိုင်း မကပါဘူး၊ ကမ္ဘာတဝှမ်းက သုံးနိုင်ဖြုန်းနိုင်တဲ့ ရှင်ဘုရင်  အ သိုင်းအဝိုင်းရဲ့ ဖြုန်းအားတွေကြောင့် မိုအေ့တ် ရှန်ပိန်လုပ်ငန်းကြီးက အဆမတန်  ကြီးထွားလာတာပါ။  မင်းတုန်းတို့ သီပေါ တို့ ရွှေပြည်တော်က မင်းကိုယ်စားလှယ် သံကြီးတမန်ကြီး ကင်းဝန်မင်းကြီးတောင်မှ မိုအေ့တ်ရဲ့ ရှန်ပိန် မြည်းစမ်းသွားဖူး လိမ့်မယ်လို့ မောင်ရင်ငတေ ယုံကြည်ထင်မိရကြောင်းပါ။


Epernay စပျစ်ရွာ သို့မဟုတ် ရှန်ပိန်ရွာ အဝင်ဝက စပျစ်ခင်းများ (ဓါတ်ပုံ မရငတ)

စပျစ်ရာသီ မစခင်ဆိုတော့ မတ်လဆန်းဆိုတော့ စပျစ်ခင်းများကလည်း ဒီလိုမျိုး လွမ်းစရာကောင်း နေပြန်ပါရော၊ အရွက် တွေ အညွှန့်တွေ စိမ်းစိမ်းစိုစို မတက်ခင်မှာ ငုတ်တိုင်တွေပြန်စိုက် သံကြိုးတွေ ပြန်ချည်နှောင် နေတုန်းကပေါ့၊

မနှစ် ၂၀၁၄ မတ်လမှာ သူငယ်ချင်းတယောက်ကောင်းမှုနဲ့ ဒီနယ်ကိုဖြတ်သန်းသွားခွင့်ရရှိခဲ့စဉ်က အလွမ်းပြေ ခဏနား နေခိုက် မှတ်တမ်းတင်ခဲ့တာပါ။ စပျစ်ခူးတဲ့ရာသီ သြဂတ်စ်ကုန် စက်တင်ဘာလဆန်းဆိုရင်တော့ စိမ်းမှောင်နေတဲ့ စပျစ် ခင်းတွေကို တွေ့မြင်ရမှာပါ။အရိုးဂေါက်ဂက်ပုံစံ ဒီစပျစ်ခင်းတွေကြား လမ်းလျှောက် မှတ်တမ်းတင်ရင်း မောင်ရင်ငတေ ဖတ် ခဲ့ဖူး မှတ်ခဲ့ဖူးပါတဲ့ စပျစ်သမိုင်း မှတ်တမ်းထဲက စကားတခွန်းကို ပြန်လည်လို့ သတိရမိလာပါတယ်။


Epernay စပျစ်ရွာ သို့မဟုတ် ရှန်ပိန်ရွာ အဝင်ဝက စပျစ်ခင်းများ (ဓါတ်ပုံ မရငတ)

ပြင်သစ်စစ်ဘုရင်ကြီး Napoléon Bonaparte နဲ့ ရုရှားအင်ပါယာကြီးတို့ရဲ့ စစ်ရေး အားပြိုင်မှုနောက် နပိုလီယံဘုရင် စစ်ရှုံး အပြီးမှာတော့ စစ်နိုင်သူ ရုရှားနဲ့ အပေါင်းအပါ စစ်သားတွေက  စစ်နိုင်သူတွေရဲ့ အကျင့်အတိုင်း မိုအေ့တ်တို့ရဲ့ စပျစ်ခင်းများ အလုပ်ရုံများကို ဖျက်နိုင်သမျှ ဖျက်စီးခဲ့ကြပြီး သိုလှောင်ထားရှိသမျှသော ရှန်ပိန်ပုလင်းပေါင်း လေးငါးခြောက်သိန်းကို အလကား သောက်သုံးသွားခဲ့ကြလို့ အဲဒီလို မသထာရေစာ သောက်သုံးသွားခဲ့ကြတာကိုJean-Rémy Moët ပြောခဲ့တဲ့ မှတ်ချက်စကားကတော့ ဒီလိုပါ အဲဒီကောင်တွေ ရုရှားစစ်သားတွေ ငါ့ရှန်ပိန်တွေ အခု အလကားသောက်သွားပေမယ့် သိပ် ကြိုက်သွားလို့ နောင်တချိန်မှာ ပြန်လာဝယ်သောက်ရလိမ့်မယ်။ ငါ့ရှန်ပိန်တွေရဲ့ အကောင်းဆုံး အရောင်း မြှင့်တင်ရေးသ မားတွေ ဖြစ်လာလိမ့်မယ် ဆိုတာပါ။ အလွန်တရာမှ မှန်ပါပေတယ် ခင်ဗျာ။

ပြင်သစ်လူမျိုးတွေ နှစ်ဆယ်အစိတ်ပေးသောက်တဲ့ ရှန်ပိန် (မောင်ရင်ငတေကတော့  လုံးဝမကြိုက်၍ တခါဘူးမျှ ဝယ်မ သောက်ဖူးပါ ခင်ဗျ) အမျိုးအစားတွေကို ခပ်အအ ခေတ်ပျက် ဆိုဗီယက်ပျက် ရုရှား ခရိုဏီဆိုတဲ့ သကောင်သားတွေကတော့ ယူရိုငါးရာ တထောင်ပေး၍ သောက်ကြသူတွေရှိကြောင်းပါ ခင်ဗျာ။

အဲလို သောက်သုံးကြသူတွေ များလာတာမို့ ရှန်ပိန်ဈေးကွက်က ပြောင်းလဲလို့ လာပါတယ်။ရှန်ပိန်စီးပွားရေး ဈေးကွက်က တော့ အတော်လေးကို ရှုပ်ထွေးသလို အကျိုးအမြတ်က ရရှိရင်လည်း မြိုးမြိုးမြက်မြက်လေး ရှိကြဟန်တူပါတယ်။

အဲဒါကြောင့် ပိုပိုလျှံလျှံ ရှိကြတဲ့ ဝင်ငွေကောင်းကြသူများ Brad Pitt, Angelina Jolie, David Beckham, Cliff Richard, Johnny Depp,Sting, Madonna, Olivia Newton-John တို့လို နာမည်ကြီးအဆိုတော် ရုပ်ရှင်သရုပ်ဆောင် အားကစား သမားများစွာတို့တွေလည်း စီးပွားဖြစ် စပျစ်ဝိုင် ထုတ်လုပ်မှုတွေထဲမှာ ပါဝင်ရင်းနှီးကြသလို တချို့တွေကတော့  စပျစ်စိုက် ခင်းတွေကြား ခြံကြီးဝင်းကြီးတွေကို အပန်းဖြေဖို့နားနေဖို့ ဝယ်ယူထားကြပါတယ်။ အမြတ်ရတဲ့အချိန်မှာတော့ ပြန်ရောင်း ထုတ်ကြတာပေါ့။

မောင်ရင်ငတေကတော့ အဲဒီလိုစပျစ်ခင်းတွေကြား ရောက်ဖြစ်တဲ့အခါတိုင်းမှာ ရှန်ပိန်ရယ်ဝိုင်ရယ်မှ မဟုတ်ပါဘူး။ ဘယ် စပျစ်ခင်းမဆို စိတ်ဝင်စားမိ ရတာပါ။ ခူးခဲ့ဖူးတာက ရှန်ပိန်ချက်တဲ့ စပျစ်ခင်းမှာ၊ကြိုက်နှစ်သက်တာက ဝိုင်မှဝိုင်ဆိုတော့ကာ ဘယ်စပျစ်ခင်းကိုမဆို သံယောဇဉ် ကြီးမိနေတာလား မသိပါဘူး။



စပျစ်သီးတွေ စိမ်းစိမ်းနီနီ မည်းမည်းဖြူဖြူ (ဓါတ်ပုံ မရငတ)

ဝိုင် ရှန်ပိန် ကော့ညက်ချက်လုပ်တဲ့ စပျစ်သီးတွေက စိမ်းစိမ်းနီနီမည်းမည်း စားကြည့်လိုက်ရင်တော့ ဖန်တွတ်တွတ်အရသာ အ တူတူသာပါ။ စပျစ်နီမှ ဝိုင်နီ စပျစ်ဖြူရင် ဝိုင်ဖြူ (သို့) ရှန်ပိန် မဟုတ်ပါဘူး။ မောင်ရင်ငတေတို့ ခူးခဲ့ရတာ အများစုက ခပ် မည်းမည်း စပျစ်နီတွေသာပါ။ ချက်လုပ်ပုံ အဆင့်ဆင့်နဲ့ နည်းစနစ်တွေကွာဟပြီး ရှန်ပိန် ဝိုင် ကော့ညှက် မျိုးကွဲသွားတာပါ။ 

Vignoble de Montagne de Reims (ဓါတ်ပုံ မရငတ)

 Vignoble de Montagne de Reims (Photo Google)

မောင်ရင်ငတေ စပျစ်ခူးခဲ့တဲ့ ရွာကလေးပါ။ စပျစ်ခူးခဲ့စဉ်ကတော့ စိုပြေသာယာလှတဲ့ အမှန်တကယ် ပတ်ဝန်းကျင်ရဲ့ အလှ အပကို မခံစားနိုင်ခဲ့ရပါဘူး။ ရာသီဥတုမကောင်းတာရော အချိန်မရတာရော အလုပ်ပင်ပန်းတာရောနဲ့ တဝက်တပျက်သာ တကယ့်သဘာဝအလှတွေကို ခံစားခဲ့ရတာပါ။ ဒီတော့ အခုနေများ သွားနေပါလားဆိုလာရင်တော့လည်း နေနိုင်လိမ့်မယ် မထင်ပါဘူး၊ မြို့ပြရဲ့ ကျေးကျွန်တွေပီပီ မြို့ပြကနေခွာလို့လည်း မဖြစ်ပါဘူး။ ဌာနေသမားတွေတောင်မှ မနေနိုင်ကြပါဘဲ အိမ်တလုံးလူတယောက် မရှိပါဘဲ အိမ်အလွတ်တွေများစွာ ရှိနေတဲ့  ရွာကလေးတွေပါ။  

Vignoble de Montagne de Reims (Photo Google)

အခုတခေါက် အဲဒီ ရွာကလေးတွေဘက်သို့ မောင်ရင်ငတေ ပြန်လည်ရောက်ရှိခဲ့တဲ့ချိန်က စပျစ်ခင်း စိမ်းစိမ်းတွေကို မတွေ့ နိုင်သေးတဲ့အချိန်မို့လို့ ဂူဂဲလ်ကနေ စပျစ်ခင်းစိမ်းစိမ်းတွေရဲ့ အလှကိုရှာဖွေပြီး မှတ်တမ်းတင်လိုက်ရခြင်းပါ။

၂၀၀၇ ခုနှစ် မတိုင်မီက မောင်ရင်ငတေရဲ့ ကိုယ်တွေ့ စပျစ်ခူးမှတ်တမ်းများကို၂၀၁၂ ခုနှစ်မှာ မိုးမခ အွန်လိုင်းမှာ ရေးသားခဲ့ပြီး အခု ၂၀၁၅ ခုနှစ် မတ်လမှာ ဘဝထဲကလူသား စပျစ်သီးခူးသမား  စာစုရဲ့ နောက်ဆက်တွဲ အမှတ် (၁) ရှန်ပိန်နယ်ကို ဖြတ် သန်းခဲ့ခြင်းစာစုကို ဖြည့်စွက် ရေးသားလိုက်ရခြင်းပါ။

ဆက်လက်ပြီးတော့ အခြားသော ရောက်ခဲ့ဖူးတဲ့ စပျစ်ခင်းများအကြောင်းကိုလည်း ပြီးဆုံးအောင် ကြိုးစားရေးသားနေဆဲပါ ခင်ဗျား။

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
မောင်ရင်ငတေ ၁၂၀၃၂၀၁၅

မြန်မာနိုင်ငံက ကျောင်းသားများနှင့် ဆရာဆရာမများအတွက် ပညာရေးဆိုင်ရာ အကူအညီပေးမှုနှင့် အခွင့်အလမ်းများကို အိမ်ဖြူတော်က တရားဝင်ကြေညာ

$
0
0

မြန်မာနိုင်ငံက ကျောင်းသားများနှင့် ဆရာဆရာမများအတွက် ပညာရေးဆိုင်ရာ အကူအညီပေးမှုနှင့် အခွင့်အလမ်းများကို အိမ်ဖြူတော်က တရားဝင်ကြေညာ
|| ခင်လေး / Education Digest Weekly Journal ||

အမေရိကန်ပြည်ထောင်စုသို့ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ တွေ့ဆုံမှုအပြီးတွင် မြန်မာနိုင်ငံက ကျောင်းသားများနှင့် ဆရာဆရာမများ အတွက် ပညာရေးဆိုင်ရာ အကူအညီပေးမှုနှင့်အခွင့်အလမ်းများကို အိမ်ဖြူတော်က ၎င်း၏ အွန်လိုင်း ဝက်ဘ်စာမျက်နှာနဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာများတွင် တရားဝင်ဖော်ပြထားသည်။

ဖော်ပြချက်တွင် အမေရိကန်နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံ လူထုအခြေပြု ကူးလူးဆက်သွယ်မှုများ ပိုမိုတိုးမြှင့်ရန် ရည်ရွယ်ထား သည်ဟု ဆိုသည်။ အစီအစဉ်များတွင် အင်္ဂလိပ်ဘာသာစကား စွမ်းရည်မြှင့်တင်နိုင်ရန်အတွက် အင်္ဂလိပ်စာ သင်ကြား နေသော ဆရာ၊ ဆရာမပေါင်း ၁၅၀၀ ဦးအတွက် သင်တန်းများပေးခြင်း၊ အမေရိကန်ပညာရေးကို စိတ်ဝင်စားသူ ကျောင်း သားလူငယ်များအတွက် မြန်မာနိုင်ငံအနှံ့၌ ပညာရေးဆိုင်ရာ အထောက်အကူပြု အကြံဉာဏ်များကို ၅၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ပေးခြင်း၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ခြင်းအတွက် လိုအပ်သည့် ကျွမ်းကျင်မှုများ ရရှိစေရန် အထောက်အပံ့ပေးနိုင်မည့် နိုင်ငံအား ဦးဆောင်ဦးရွက်ပြုနေသူများအကြား အပြန်အလှန် လေ့လာရေးခရီးစဉ် အစီအစဉ်သစ်တစ်ခု စတင်ခြင်းတို့ ပါဝင် သည်။

၎င်းအပြင် ငြိမ်းချမ်းရေးဆိုင်ရာ ကူညီလုပ်အားပေးသူများ Peace Corps ဟု အမည်ရှိသည့် အမေရိကန်နိုင်ငံကိုယ်စားပြု ပရဟိတ လူမှုရေးအဖွဲ့သည် ပထမအသုတ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိရန်ရှိနေပြီး အင်္ဂလိပ်စာပြ ဆရာ၊ ဆရာများကို သင် တန်းပေးခြင်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် လုပ်အားပေး စာသင်ကြားခြင်း ပြုလုပ်မည် ဖြစ်သည်ဟု သိရသည်

ထိုအချက်များသည် စက်တင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည့် အိမ်ဖြူတော်၏ မြန်မာနိုင်ငံနှင့် ဒေါ်အောင် ဆန်းစုကြည်ခရီးစဉ် ဆက်စပ် ကြေညာချက်ပေါင်း ၈ ချက်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ခင်လေး / Education Digest

Ref. www.whitehouse.gove
https://www.whitehouse.gov/blog/2016/09/15/president-obama-and-daw-aung-san-suu-kyi-celebrate-burmese-progress

Moemaka Media
Website: http://moemaka.com/
English Section: http://eng.moemaka.net/
Blog: http://blog.moemaka.com/
Facebook: https://web.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka

ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀
Email : editors@moemaka.net

Myanmar Now ● ရန်ကုန်မှ အိမ်အကူ ကလေးနှစ်ဦး လပေါင်းများစွာ နှိပ်စက်ခံရ

$
0
0
Myanmar Now ရန်ကုန်မှ အိမ်အကူ ကလေးနှစ်ဦး လပေါင်းများစွာ နှိပ်စက်ခံရ
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆

ရန်ကုန် (Myanmar Now)– အသက်မပြည့်သေးသော အိမ်အကူ မိန်းကလေးနှစ်ဦး ရန်ကုန်မြို့လယ်ရှိ နာမည်ကျော်အပ်ချုပ်ဆိုင်တစ်ခုတွင် ငါးနှစ်ကြာ မတရား ထိန်းသိမ်း ကျွန်ပြု နှိပ်စက်ခံရမှုအကြောင်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်လာပြီးနောက်ပိုင်းတွင် အလုပ်ရှင်တို့က ၎င်းကလေးငယ်များအား မိဘအုပ်ထိန်းသူများထံသို့ မကြာသေးမီက ပြန်လည်အပ်နှံလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှုးမြို့နယ်၊ ဘော်လုံးကွင်းကျေးရွာမှ ၁၇ နှစ်နှင့် ၁၆ နှစ်အရွယ် မစန်းကေခိုင်၊ မသဇင်တို့သည် ကျောက်တံတားမြို့နယ်ရှိ အင်းဝ အပ်ချုပ်ဆိုင်တွင် လစာ ကျပ် ၁၅,ဝဝဝ ရမည့် အိမ်အကူဖြစ် လုပ်ကိုင်ရန် ရောက်ရှိခဲ့ကြောင်း ၎င်းတို့၏ အုပ်ထိန်းသူများက ဆိုသည်။
ထိုဆိုင်သို့ ရောက်ရှိပြီး အစောပိုင်းနှစ်များတွင် မိဘများက ဆိုင်သို့ သွားရောက်ပြီး လုပ်ခလစာများ ထုတ်ယူခဲ့ကြောင်း၊ သို့သော် လွန်ခဲ့သည့် သုံးနှစ်ခန့်ကစပြီး ကလေးငယ်များနှင့် တွေ့ခွင့် မရခဲ့ကြောင်း မစန်းကေခိုင်၏ မိခင်ဖြစ်သူ ဒေါ်ညိုညိုဝင်းက သတင်းထောက်များကို ပြောပြသည်။
 

စနေနေ့က တွေ့ရသော မစန်းကေခိုင် (ဓာတ်ပုံများ - Myanmar Now)
 
“ကျွန်မ ကလေးဆီသွားတိုင်း အိမ်ရှင်တွေက မရှိဘူး၊ ဟိုသွားတယ်၊ ဒီသွားတယ်ဆိုပြီး ပေးမတွေ့ဘူး” ဟု ဒေါ်ညိုညိုဝင်းက ဘော်လုံးကွင်းကျေးရွာရှိ သူတို့၏ ဝါးအိမ်ငယ်လေးရှေ့တွင် စနေနေ့က တွေ့ဆုံစဉ် ရှင်းပြသည်။

နားရက်မရှိ ၅ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ရပြီးနောက် စက်တင်ဘာ ၅ ရက်နေ့က ရွာသို့ ပြန်ရောက်နေပြီဖြစ်သော မစန်းကေခိုင်၏ ခန္ဓာကိုယ်တွင်တော့ ဒဏ်ရာအမာရွတ်များ ဗရပွဖြစ်နေသည်။

“အလုပ်လုပ်လို့ မပြီးလို့ အိပ်ပျော်မိရင် ကတ်ကြေးနဲ့ ထိုးတယ်။ ကတ်ကြေးနဲ့ထိုးတဲ့ နေရာတွေက လည်ပင်း၊ ကျောကုန်း၊ လက်မောင်း၊ ပေါင်အရင်းနဲ့ ပြလို့မရတဲ့နေရာမှာလည်း ရှိတယ်၊ ခြေထောက်မှာလည်း ရှိတယ်။ သမီးကို အဲဒီလိုလုပ်တာ အငယ်မပါ” ဟု မစန်းကေခိုင်က ဆိုသည်။

အိပ်ချိန်ပုံမှန် မရှိကြောင်း၊ ထွက်မပြေးစေရန်လည်း ခြိမ်းခြောက်ခံရကြောင်း မစန်းကေခိုင်က ဆက်ပြောသည်။

“သမီးတို့ကို ပြန်လို့ရှိရင် နင်တို့တွေကို ငါ့ဆီက ပိုက်ဆံတွေ လုတယ်။ စိန်တွေခိုးတယ်ဆိုပြီး ပြောပြီးတော့ ထောင်ထဲချမယ်။ သမီးတို့က ကြောက်တယ်”

သူ၏လက်ချောင်း အားလုံး ကျိုးသွားခြင်းမှာ ဆိုင်ပိုင်ရှင်၏ သမီးငယ် ဒေါ်စုမွန်လတ်၏ လက်ချက် ဖြစ်ကြောင်း၊ နှစ်ဖက်လုံး လက်သီးဆုပ်၍ မရတော့ကြောင်း သူ၏ တွန့်လိမ်ကောက်ကွေးနေသော လက်ချောင်းများ ထောင်ပြပြီး ပြောသည်။
“သမီးလက်ဆယ်ချောင်းလုံး ကောက်ကွေးနေတာ။ အဲဒါက အငယ်မ လုပ်တာ။ သူ့တူမလေးနဲ့ စကားပြိုင်ပြောလို့ ဆိုပြီး လက်ချောင်း နှစ်ချောင်းကို အရင်ဆုံး ချိုးတယ်။ ပြီးတော့ သူ့အမေကို ခံပြောတယ်ဆိုပြီး လက်ကိုဆယ်ချောင်းလုံးချိုးမယ် ဆိုပြီး ဆယ်ချောင်းလုံး လှန်ချိုးတယ်” ဟု မစန်းကေခိုင်က သတင်းထောက်များကို ပြောသည်။
ညာဘက်လက်မောင်းကိုလည်း ဒေါ်စုမွန်လတ်ကပင် နောက်ပြန်လှန်၍ရိုက်ချိုးခဲ့ကြောင်း ရှင်းပြပြီး လည်ပင်းရှိ ကတ်ကြေးနှင့် ထိုးခံထားရသော ဒဏ်ရာများကို ပြသသည်။
ဘက်ဘက်လက်ဖျံပေါ်ရှိ အမာရွတ်အဝိုင်းမှာ ဆိုင်ပိုင်ရှင်၏သား ကိုရာဇာထွန်းက သူ့ကို ချုပ်ထားပေးပြီး ဒေါ်စုမွန်လတ်က မီးရှို့ခဲ့သောကြောင့် ရရှိသောဒဏ်ရာဖြစ်ကြောင်း အခြားအိမ်အကူတစ်ဦးထက် ပိုမိုနှိပ်စက်ခံရသော မစန်းကေခိုင်က ပြောကြားသည်။
သူနှင့်အတူတူ ပြန်လည်လွတ်မြောက်လာသော မသဇင်၏နှာခေါင်းတွင် ဓားဒဏ်ရာ အစင်းလိုက် ရှိနေသည်။ အပ်ချုပ်ဆိုင်ရှိ ကလေးများကို ထိန်းရာတွင် ကလေးတစ်ဦးကို ရိုက်ပုတ်မိသဖြင့် ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာက ဓားဖြင့် ခုတ်ခဲ့ရာမှ ရရှိသော ဒဏ်ရာဖြစ်သည်ဟု မသဇင်က ဆိုသည်။

ကော့မှူးမှ ဆင်းရဲချို့တဲ့သူများ
ထိုကလေးများ၏ နေရပ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေဖြစ်သော ကော့မှုးမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသတွင် တည်ရှိသည်။ ဒေသခံတို့မှာ ဆင်းရဲချို့တဲ့ကြပြီး အများအပြားမှာ ရန်ကုန်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးမြင့်မောင်က ပြောပြသည်။

အင်းဝစက်ချုပ်ဆိုင်ရောက် ကလေးများ၏ အခြေအနေကို ရွာမှ မိသားစုများက မသိရှိခဲ့ကြပေ။ ထိုကလေးနှစ်ဦး ရန်ကုန်ရောက်နေသည့် ၅ နှစ်အတွင်း မိသားစုထံသို့ အလည်အပတ် ပြန်ခွင့် မရှိသည်ကို သတိပြုမိကြောင်း အိမ်နီးချင်းများက ပြောသည်။

အပ်ချုပ်ဆိုင်သို့ ဝင်ထွက်သွားလာဖူးသူများထဲမှ တစ်ဦးက ကလေးများ နေ့စဉ် နှိပ်စက်ခံနေရသည့် သတင်းကို နှစ်လယ်ပိုင်းတွင် Myanmar Now သတင်းအေဂျင်စီသို့ ပြောပြခဲ့သည်။
Myanmar Now သတင်းထောက်များက ဆိုင်သို့သွားရောက် လေ့လာစဉ် အိမ်အကူနှစ်ဦးကို လက်တွင်တူညီသော ပြတ်ရှဒဏ်ရာများဖြင့် တွေ့ရှိရသဖြင့် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့သည်။ တစ်ပတ်အကြာတွင် ထိုကိစ္စနှင့်ဆက်စပ်ပြီး မည်သည့်အကြောင်းပြန်ချက်မှ မရရှိသဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ စာရေးပြီး အကြောင်းကြားခဲ့သည်။
ကော်မရှင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ထိုကိစ္စအား စုံစမ်းစစ်ဆေးစေပြီး နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က အင်းဝအပ်ချုပ်ဆိုင်၏ ပိုင်ရှင်ဖြစ်သူဒေါ်တင်သူဇာနှင့် သားသမီးများကို ရဲစခန်းသို့ ခေါ်ယူမေးမြန်းခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှုး ဦးသန်းအေးက ဆိုသည်။
“ကလေးတွေက အင်္ကျီလက်ရှည်တွေလည်း ဝတ်လာတယ်၊ သနပ်ခါးတွေလည်း လိမ်းလာတယ် ဆိုတော့ ကျွန်တော်တို့ကတော့ မသင်္ကာဘူးပေါ့။ ဒါပေမယ့် အမှုဖွင့်တိုင်ကြားချက်မရှိတော့ ရဲလုပ်ထုံး လုပ်နည်း အတိုင်း အတိအကျ စစ်ဆေးဖို့လည်း မလွယ်ဘူး။ စခန်းမှာ ကလေးတွေကို မေးနေတဲ့အချိန် အိမ်ရှင်တွေကလည်း ဝင်ဝင်လာတော့ ကလေးတွေကလည်း မဖြေရဲဘူး” ဟု ရဲတပ်ဖွဲ့မှုးက ဆိုသည်။
မိန်းကလေးငယ်တို့ကို မှုခင်းဆရာဝန်များဖြင့် စစ်ဆေးနိုင်ခဲ့ခြင်းလည်း မရှိကြောင်း သူက ဖြည့်စွက် ပြောကြားသည်။ ကလေးများ မည်သည့်အရပ်မှလာသည်ကို သိရှိရန် ရဲတပ်ဖွဲ့က ကာလ အတန်ကြာအောင် ခဲရာခဲဆစ်ရှာဖွေခဲ့ရသည်ဟု ဆိုသည်။
“ကလေးမိဘတွေလိပ်စာမေးတော့ ကလေးမိဘတွေက သင်္ချိုင်းကုန်းမှာနေတာဆိုပြီး အိမ်ရှင်တွေက ဖြေတယ်လေ၊ သူတို့ဘက်က ကျွန်တော်တို့ကို ပူးပေါင်းဆောင်ရွက်မှု မရှိဘူး” ဟု ရဲတပ်ဖွဲ့မှုးက ပြောသည်။

မိန်းကလေးငယ်များ၏ခန္ဓာကိုယ်အား သေချာစွာစစ်ဆေးရန် အတွက် ကလေးများကိုခေါ်ယူပြီး လာရောက်ရန် ဒုတိယအကြိမ် ဆင့်ခေါ်ရာတွင် တိုင်ချင်သည့်နေရာတိုင်ဟု ပြန်လည်ပြောပြီး ရဲစခန်းသို့ လာရောက်ခြင်း မရှိကြောင်း သူက ဆိုသည်။

ရဲတပ်ဖွဲ့၏ အစီရင်ခံစာ
စက်တင်ဘာ ၅ ရက်နေ့တွင်မူ အင်းဝအပ်ချုပ်ဆိုင်က ကလေးတို့၏မိဘများအား ရန်ကုန်သို့ လာရန် ဖုန်းဆက်ခေါ်ပြီး ကလေးများကို ပြန်လည်လွှဲအပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ လွှဲအပ်မည်ကိုလည်း ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်ဝင်းနိုင်က ပြောဆိုသည်။
ကလေးများ အုပ်ထိန်းသူလက်သို့မရောက်ရှိမီ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ကလေးငယ်များ၏ အခြေအနေကို တင်ပြသော ၂၁ မျက်နှာ အစီရင်ခံစာကို လူ့အခွင့်အရေး ကော်မရှင်သို့ ပေးအပ်ခဲ့သည်။
ထိုစာအနှစ်ချုပ်တွင် “မသဇင်နှင့် မကေခိုင်တို့သည် မိဘများနှင့်အတူ ပြန်လည်လိုက်ပါ နေထိုင် လိုသော်လည်း အိမ်ရှင်များက ရိုက်နက် ညှဉ်းပန်း နှိပ်စက်မည်ကို ကြောက်ရွံ့သောကြောင့် အိမ်ရှင်များ ခိုင်းစေဖြေကြားခိုင်းသည့် အတိုင်းသာ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ အိမ်အကူများ၏ မိခင်များမှာလည်း ပညာမတတ် ဆင်းရဲသူများ ဖြစ်ခြင်း ဘဝရပ်တည်ရန် ခက်ခဲသော အခြေအနေတို့ကို အလွဲသုံးစား လုပ်ကာ ထိုမိန်းကလေးများအား နေအိမ်တွင် လက်ခံထားပြီး လုပ်အားခငွေ အနည်းငယ်သာပေး၍ အိမ်အကူအဖြစ် ခိုင်းစေခဲ့ကြောင်း၊ နောက်ပိုင်းတွင် လစာ မပေးတော့ဘဲ ထိခိုက်ဒဏ်ရာရသည်အထိ ရိုက်နှက် နိပ်စက်ကာ လုပ်အားများကို ခေါင်းပုံဖြတ် အမြတ် ထုတ်ခဲ့ကြောင်း၊ ကလေးများ၏ မိဘများမှ ၎င်းတို့၏ သားသမီးများကို အိမ်ရှင်များထံမှ အကြိမ်ကြိမ် ပြန်လည်ေ ခ်ါဆိုသော်လည်း ပြန်လည်အပ်နှံခြင်းမပြုဘဲ နေအိမ်တွင် ကျွန်သာသာအဖြစ် လက်ခံထားရှိ” ဟူ၍ ဖော်ပြထားသည်။

နစ်နာမှု အပေါ် ကျေနပ်မှုမရှိပါက မူလသတင်းပေးတိုင်ကြားသူက လည်းကောင်း၊ ကာယကံရှင် မိဘများက လည်းကောင်း ဥပဒေအရ အမှုဖွင့်အရေးယူသင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုထားသည်။
သို့ရာတွင် ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးက စက်တင်ဘာ ၁၅ ရက်နေ့တွင် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်၏ သားသမီးများ၊ ညှင်းပန်းနှိပ်စက်ခံရသည့် မိန်းကလေးငယ်များ၊ ၎င်းတို့ မိခင်တစ်ဦးနှင့် အဒေါ်တစ်ဦး၊ ကျောက်တံတားမြို့နယ် ရဲအုပ် ဇော်ဝင်းနိုင်၊ မူလသတင်းပေး တိုင်ကြားသူ Myanmar Now သတင်းအေဂျင်စီမှ ကိုယ်စားလှယ်တစ်ဦးတို့ကို ဖိတ်ကြား၍ စေ့စပ်ညှိနှိုင်းရေး အသွင်ဆောင်သည့် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဆိုင်ပိုင်ရှင် သားကြီးဖြစ်သူ ကိုတင်မင်းလတ်က “ဒီကလေးတွေက မဟုတ်တာ လုပ်ထားတာတွေ ကျွန်တော်တို့မှာ အထောက်အထား အများကြီးရှိတယ်” ဟု ကော်မရှင်အဖွဲ့များကို ပြောကြားခဲ့သည်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များက တောင်းပန်စကား၊ ဝမ်းနည်းစကားပြောကြားခြင်း မရှိဘဲ လျော်ကြေးပေးမည်ဟုသာ ပြောကြားခဲ့သည်။
Myanmar Now ကိုယ်စားလှယ်ဖြစ်သူ ကိုဆွေဝင်းက ယခုအမှုအား ရဲတပ်ဖွဲ့၏ အကြံပြုချက်အတိုင်း ဥပဒေလမ်းကြောင်းအတိုင်းစီရင်ဆုံးဖြတ်သင့်ကြောင်း ပြောကြားရာ ကော်မရှင်အဖွဲ့ဝင်တချို့က လက်မခံဘဲ ကာယကံရှင်ကလေးများ၏ မိဘများသာ ဆုံးဖြတ်ရမည်ဟု ပြန်လည် ပြောဆိုသည်။
လျော်ကြေးဖြင့် ကြေအေးစေလိုသည်ဟူသော ကမ်းလှမ်းချက်အတိုင်း အပေးအယူလုပ်၍ဆွေးနွေးရန်၊ ဥပဒေလမ်းကြောင်းကို ရွေးလျှင် ရွာမှမြို့ပေါ်သို့ တရားရုံး ရုံးချိန်းများစွာ တက်ရောက်ပြီး အခက်အခဲ ဖြစ်နိုင်ကြောင်း တက်ရောက်လာသူ အာဏာပိုင်တချို့က နှပ်ကြောင်းပေး ဆွေးနွေးလာခဲ့သည်။
နောက်ဆုံးတွင် လက်ချောင်းဆယ်ချောင်းလုံးကျိုးသွားသူ မစန်းကေခိုင်အတွက် လပေါင်းများစွာ မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး သိန်း ၄ဝ၊ ကတ်ကြေးဒဏ်ရာ၊ ဓားဒဏ်ရာများ ရရှိခဲ့သည့် မသဇင်အတွက် မပေးရသေးသည့် လုပ်အားခများအပါအဝင် နစ်နာကြေး ၁ဝ သိန်း ပေးအပ်သည်ကို လက်ခံ ရရှိကြောင်း နှစ်ဘက် လက်မှတ်ထိုးခဲ့သည်။
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များ ကျူးလွန်ခဲ့သည့် ကျွန်ပြုမှု၊ ပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်မှု တို့မှာ အမှုကြီးများဖြစ်သည်ဟု ရန်ကုန်မြို့ရှိ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က Myanmar Now ကို ပြောကြားသည်။
“ဒီအမှုမှာ ပြစ်မှု ၃၇ဝ ၊ ၃၇၁ အရ အာမခံပေးခွင့် မရှိ၊ ကြေအေးခွင့်မရှိ။ နောက်ပြီး ၃၂၅၊ ၃၂၆ အပြင်းအထန် နာကျင်စေမှု အရလည်း ကြေအေးခွင့် မရှိ၊ အာမခံပေးခွင့်မရှိ။ ဒါ ခရိုင်တရားရုံးအဆင့်နဲ့ ဖြေရှင်းရမှာ။ ခု ကော်မရှင်ဘက်ကရော၊ ရဲဘက်ကရော လုပ်တာ တော်တော် လုပ်ထုံးလုပ်နည်း လွဲသွားပြီ” ဟု ဦးခင်မောင်မြင့်က သုံးသပ်သည်။ ။

 စက်တင်ဘာ ၁၆ ရက်နေ့က ရန်ကုန်မြို့  ပည်လမ်းရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးတွင် တွေ့ရသော အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်များ၊ ကော်မရှင်မှ တာဝန်ရှိသူများ 








ကာတွန်း ဇာနည်ဇော်ဝင်း ● လှိုက်လှဲစွာ ကြိုဆိုပါ၏

$
0
0
 
ကာတွန်း ဇာနည်ဇော်ဝင်း ● လှိုက်လှဲစွာ ကြိုဆိုပါ၏
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆

ဒေါက်တာခင်မောင်ဝင်း(သချာင်္) - သချာင်္ဉာဏ်စမ်း တွက်နည်းနှင့်အဖြေ

$
0
0


ဒေါက်တာခင်မောင်ဝင်း(သချာင်္) - သချာင်္ဉာဏ်စမ်း တွက်နည်းနှင့်အဖြေ
(မိုးမခ စာအုပ်စင်) စက်တင်ဘာ ၂၀၊ ၂၀၁၆


ပထမအကြိမ် ၂၀၁၆ စက်တင်ဘာ
ထုတ်ဝေသူ ဦးလှတိုး။
ရန်အောင်စာပေ တိုက်၁၇ အမှတ် ၂၃ ရွှေအုန်းပင်အိမ်ရာ။ အနောက်ရန်ကင်း။
ရန်အောင်စာပေ အရောင်းဆိုင်။
အ ထ က (၁) ရန်ကင်းကျောင်းရှေ့ ဆိုင်အမှတ် (H)၊ ၁၂လုံးတန်းမှတ်တိုင်အနီး။ ရန်ကင်းမြို့နယ်
ဖုန်း- ၀၉ ၅၁၇၉ ၃၉ ၈၊ ၀၉ ၇၃၂၄၃၈၅၁။
မျက်နှာဖုံးဒီဇိုင်း - နေလင်းထွန်း
စာမျက်နှာ ၉၆
တန်ဖိုး - ၁၅၀၀ကျပ်
အုပ်ရေ - ၁၀၀၀

မေးခွန်းများ အားဖြင့် အပုဒ် ၇၀ ပါရှိသည်။ ထိုထဲက တော်တော်များများသည် Academic Weekly Journal ထဲက ဖြစ်သည်။ အသစ်များလည်း ပါဝင်ထားသည်။ သချာင်္ဉဏ်စမ်းများကို  တစုတစည်းတည်း ဖော်ပြမူဖြစ်သည်။ ပီဇာကို ၈ပိုင်း ပိုင်းခြင်း၊ တံဆိပ်ခေါင်း ၂၄ခု သုံးခုစီ အုပ်စုခွဲခြင်း၊ နာရီပေါ်ရှိ ဂဏာန်းများကို ပို်င်းခြင်း၊ ရှစ်တွေကို အကြိမ်ကြမ်မြှောက် အစရှိသော မေးခွန်းလေးများကို ဖြေရှင်းချက်၊ စဉ်းစားပုံစဉ်းစားနည်းများဖြင့် တွေ့ရသည်။

ထို့ပြင် ရွေးကောက်ပွဲ၊ အသက်မကြီးပဲ နေချင်သလား၊ သေတ္တာများ အစရှိသဖြင့် လူတိုင်းစိတ်ဝင်စားမည့် မေးခွန်း၊ စဉ်းစားပုံ၊ တွက်နည်းများ၊ အဖြေများပါ ပါဝင်သည်။ ထိုကဲ့သို့သော စိတ်ဝင်စားဖွယ် မေးခွန်းများ ၇၀ ကို သချာင်္ မဟုတ်သူရော၊ သချာင်္သမားများပါ ပါဝင်၍ တွက်ချက် စဉ်းစားနိုင်မည် ဖြစ်ပါကြောင့် တင်ပြလိုက်ရပါသည်။


အမေရိကန် မြန်မာများအတွက် မတူညီသော ပြည်ဝင်ခွင့် ခံဝန်ချက်လျောက်လွှာများ မြန်မာသံရုံးဝက်ဆိုက်များတွင် ဖော်ပြထား

$
0
0
အမေရိကန် မြန်မာများအတွက် မတူညီသော ပြည်ဝင်ခွင့် ခံဝန်ချက်လျောက်လွှာများ မြန်မာသံရုံးဝက်ဆိုက်များတွင် ဖော်ပြထား
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၆


ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်အတွင်း အဝေးရောက်မြန်မာများက မြန်မာပြည်ဝင်ခွင့်လျောက်လွှာတွင် နိုင်ငံရေးမလုပ်ပါဟူသော ခံဝန်ချက်ထိုးရသည်ကို ပြန်လည် စဉ်းစားပေးပါရန် တောင်းဆိုခဲ့ကြသည်။ ယခုအခါ အမေရိကန်ပြည်ရှိ မြန်မာသရုံးဝက်ဆိုက်အသီးသီးက အာဘော်အမျိုးမျိုး ကွဲပြားသော ခံဝန်ချက်ပါသည့် ဗီဇာလျောက်လွှာများ တင်ဆက်ထားကြောင်း ပရိသတ်က ဝေဖန်နေကြသည်။

ယခင်ခံဝန်ချက်

ယခင်အစိုးရ၏ မူလ လျောက်လွှာတွင် "နိုင်ငံရေးမလုပ်ရ၊ နိုင်ငံရေးလုပ်သူများနှင့် ဆက်စပ်ခြင်း မပြုရ"ဟု ဖော်ပြထားခဲ့သည်ကို ၀ါရှင်တန်ရှိ မြန်မာသံရုံးဝက်ဆိုက်မှ ဒေါင်းလုပ်ကူးယူထားရာတွင် တွေ့ရှိခဲ့ရသည်။

ယခုခံဝန်ချက်

ယခုအစိုးရ တက်လာပြီးနောက်ပိုင်းတွင် "မြန်မာနိုင်ငံအားဆန့်ကျင့်သည့် အလုပ်များ မလုပ်ပါ"ဟူ၍ ပြောင်းလဲ ပြင်ဆင်ထားသည့် လျောက်လွှာ ကို ၀ါရှင်တန်ရှိ မြန်မာသံရုံးက (မကြာသေးမီက) ထုတ်ပြန်ထားသည်ဟု ဆိုကြပြန်သည်။ အဆိုပါ လျောက်လွှာအသစ်တွင် အမေရိကန်နိုင်ငံကူးလက်မှတ်အပြင် အမေရိကန် ခရီးသွားလက်မှတ်ပါ အကျုံးဝင်သည်ဟု ဆိုထားသည်ကို တွေ့ရသည်။

LA ကောင်စစ်ဝန်ရုံးက စာ



အမေရိကန်အနောက်ခြမ်း အယ်လ်အေမြန်မာကောင်စစ်ဝန်ရုံး၏ ဆိုရှယ်ဗီဇာလျောက်လွှာတွင်မူ နိုင်ငံရေးနှင့် ပတ်သက်သည့် ခံဝန်ချက်စာပိုဒ် မပါရှိပြန် ဟု မှတ်ချက်များ ပေးနေကြသည်။


နယူးယောက် မြန်မာကောင်စစ်ဝန်ရုံးက လျောက်လွှာ

အမေရိကန်အရှေ့ခြမ်း နယူးယောက်မြို့က မြန်မာသံရုံး ဆိုရှယ်ဗီဇာ လျောက်လွှာတွင်မူကား မြန်မာဘာသာဖြင့် ခံဝန်ချက် ဖော်ပြထားခြင်း မရှိသော်လည်း အင်္ဂလိပ်ဘာသာ လျောက်လွှာတွင်မူ "မြန်မာနိုင်ငံ၏ ဥပဒေများကို လိုက်နာပါမည်၊ မြန်မာပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ခြင်း မပြုလုပ်ပါ။ ဥပဒေချိုးဖောက်ပါက အရေးယူခံပါမည် "ဆိုသည့် သဘောပါသည့် စာသားများကို ဖော်ပြထားပြန်သည်။

ဝါရှင်တန်ဒီစီ မြန်မာသံရုံး၏ အာဘော်နှင့် အခြားဒေသရှိ မြန်မာသံရုံးများ၏ ပြည်ဝင်ခွင့် လျောက်လွှာ ခံဝန်ချက် အာဘော်တို့ မည်သည့်အတွက်ကြောင့် မတူညီရသနည်း၊ ၀ိဝါဒကွဲပြားစရာ အမျိုးမျိုးသော ဖောင်များ ဖြစ်နေရသနည်းဟု မြန်မာပရိသတ်တို့က မေးခွန်းထုတ်လျက်ရှိကြသည်။

ကိုအောင်မှိုင်း - ဤခရီးနီးပြီလား

$
0
0

ကိုအောင်မှိုင်း - ဤခရီးနီးပြီလား
(မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၆

တုန်းတိုက်တိုက် ကျားကိုက်ကိုက် ပြောမှ ဖြစ်တော့မည်။ ပညာရှင်ဆိုသူကြီးများ မြန်မာ့အရေးကျွမ်းကျင်သူဆိုသူကြီးများ အဆိုအရ စစ်အုပ်ချူပ်ရေး နောက်၁၀နှစ်မှ အနှစ်၂၀ကြာနိုင်ပါသည်။ အရင်က အနှစ်၆၀ အခု အနှစ်၂၀ ဆိုတော့ ပေါင်း အနှစ် ၈၀ဆိုပါတော့။ ကျနော့်အမြင် မြန်မာပြည်တွင် တခုခုတော့ အလွဲကြီးလွဲနေပြီ ထင်ပါသည်။ ကျနော်တို့ မြန်မာလူမျိုးများ ကံဆိုးလှပါသည်။ အခုတော့ ဖွတ်ထွက်မှ တောင်ပို့မှန်း သိရမဲ့ကိန်း အသေအချာကို ဆိုက်နေပြီလို့ဘဲ ပြောပါရစေတော့။


ပြည်တွင်းငြိမ်းချမ်းရေးကလဲ အခုအတိုင်းကတော့ ၂၁ရာစု ပင်လုံမှသည် ၂၂ ရာစုပင်လုံသို့တိုင် ခရီးလွှင့်တော့မည့် သဘောများ တောင်ပုံရာပုံဖြစ်နေပါသည်။ မီဒီယာအကြီးစားကြီးများ ကိုယ်တိုင် စစ်အုပ်စုအလိုကျ ဘေးတီးပေးနေတဲ့ ကာလလို့ပြောရင် မှားမယ်မထင်ပါ။ ပေါင်းစား တောင်းစားချင်တဲ့ စိတ်တွေကို ချွန်းအုပ်လို့မရအောင်များ ဖြစ်နေကြ သလားပါဘဲ။ တိတ်တိတ်တမျိုး ဗြောင်တမျိုး စစ်အုပ်စုအလိုကျ ဧချင်းတွေရွတ်လိုက် ကာလပေါ်တွေဟဲလိုက် လုပ် နေတဲ့ နာမည်ကျော် စိန်တလုံးသရက်သီးလို လူစားမျိုးတွေကိုမှ ရှာရှာဖွေဖွေ ရွေးထုတ်ဗျူးလိုက်ကြတာများဗျာ။ကြောက် စရာကောင်းလောက်အောင်ပါ။ စစ်အုပ်စုကိုမျက်စပစ်လိုက် လူထုကိုခြိမ်းခြောက်လိုက်နဲ့  တလှေထဲစီး တခရီးထဲသွားနေ လိုက်ကြတာများ ပစ်စလက်ခတ်ပါဘဲ။ ကျနော်တို့လူထုလဲကြာရင် တရားခံဖြစ်ရတော့မဲ့ ကိန်း ဆိုက်နေပါပြီ။ ကျနော်တို့ ကိုယ်တိုင်ကလဲ ဒီမိုကရေစီလိုချင်လို့ တနည်းပြောရရင် NLDကို မဲထည့်ခဲ့မိလို့ဆိုပြီး ပြောရတော့မလိုပါဘဲ။


ကနေ့ ကျနော်တို့မြန်မာနိုင်ငံဟာ အနှစ်သာရအရ တိုင်းပြည်ပျက်နေတာပါ။ နေ့စဉ်လူမှုဘ၀တွေကို လူထုက မိမိဘာသာ မိမိထိမ်းသိမ်းစောင့်ရှောက်နေကြတာကြောင့် ၀ရုန်းသုံးကား မဖြစ်တာပါ။ ၀ရုန်းသုံးကားဖြစ်အောင် မီးထိုးမှုတွေကလဲ ဒုနဲ့  ဒေးပါဘဲ။ ဒီမိုကရေစီခေတ်ကွ ဆိုပြီး လမ်းဘေးဆေးရိုးလှမ်းနေကြတဲ့ ပုဂ္ဂိုလ်တွေကလဲတရုန်းရုန်းပါဘဲ။ပင်လုံညီလာခံဆို ရင် ခွဲထွက်ခွင့်အခွင့်အရေးပေးရမယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကလဲ ရခိုင်လူမျိုးတွေအကျိုးလိုလိုနဲ့  စစ်အုပ်စုအကြိုက်တွေ အပူ တပြင်းလုပ်နေပြန်တယ်။ဘုန်းကြီးဝတ်တမျိုး လူဝတ်တမျိုး မျိုးချစ်ဆိုသူများကလဲ အလုပ်မရှိ ကတုံးသန်းရှာတဲ့အလုပ်၊ အိမ်သာခဲနဲ့ ပေါက်တဲ့အလုပ်တွေကို လိုင်စင်ရအလုပ်တွေလိုသဘောထားလုပ်နေကြလို့ လူထုကမောင်းထုတ်လိုက်ရတဲ့ ကာလဖြစ်ပါတယ်။ အခက်ဆုံးကိစ္စက မတရားတဲ့ဥပဒေတွေကြီးစိုးထားတဲ့နိုင်ငံမှာ RULE OF LAW ဆိုတဲ့တရားဥပဒေ စိုးမိုးရေးဘယ်လိုလုပ်ရမလဲဆိုတဲ့ သီအိုရီကို ကမ္ဘာပေါ်မှာခုထက်ထိတော့ ရှာမတွေ့ သေးဘူးလို့ဘဲပြောရတော့မယ် ထင် ပါတယ်။


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဆိုတဲ့ ၂၁ရာစုပင်လုံညီလာခံမှာ ပထမဆုံး ထကွဲခဲ့တဲ့မိုင်ဗုံးကတော့ အရင်ဗိုလ်သိန်းစိန် အစိုးရခေတ်က မြုတ်ထားခဲ့တဲ့ နိုင်ငံရေးမိုင်းဗုံးတွေထဲက တခုဖြစ်တဲ့ NCA မိုင်းဗုံးဘဲဖြစ်ပါတယ်။ NCA (Nationwide Ceasefire Agreement) တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ဆိုတာ သမ္မတ ဦးသိန်းစိန် ပြုတ်ခါနီး ပေးခဲ့တဲ့ နောက်ဆုံးအရှုပ်ထုပ် တခုဖြစ်တယ်လို့ ကျနော်ဆောင်းပါးတပုဒ်မှာ ရေးဖူးပါတယ်။ ရိုးရိုးရှင်းရှင်းစဉ်းစား ကြည့်ရင် အဖြေကရှင်းရှင်းလင်းလင်းရှိပါတယ်။ ငြိမ်းချမ်းရေးလိုချင်တာလား ဒါမှမဟုတ် NCA နာခံရေးလား လို့မေးရင် ကျနော်တော့ ငြိမ်းချမ်းရေးလိုချင်တာလို့ဘဲဖြေမှာပါ။ မြန်မာနိုင်ငံရှိတိုင်းရင်းသား လူမျိုးပေါင်းစုံကလဲဒီအတိုင်းဖြေကြမှာ ပါ။ (ပေါင်းစား တောင်းစားလုပ်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့  စစ်အုပ်စုဝင်ဟောင်းတွေတော့ ပါမှာမဟုတ်တာ သေချာပါတယ်။) NCA ကိုလက်မခံလို့ NLD ပါတီနဲ့  ဒေါ်စုကိုယ်တိုင်တောင် အဲဒီညီလာခံကို မတက်ခဲ့ကြတာ ရှင်းပါတယ်။ တိုင်းရင်းသားတွေကို ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ချူပ်နှောင်ထားတာတို့ ချူပ်နှောင်ဘို့ ကြံစည်ကျိုးစားတာ တွေဟာ တကယ့်ရာဇ၀တ်မှုကြီးပါဘဲ။ငြိမ်းချမ်းရေးကို မပျက်ပျက်အောင် လုပ်ဆောင်မှုကြီးပါဘဲ။


NCA ကိုလက်မခံခဲ့တဲ့ဒေါ်စုက အခုတိုင်းရင်းသားတွေကို NCA ထီးရိပ်ထဲ ရောက်အောင်လုပ်ရမယ်လို့ ပြောတာတော့ ကျနော့်တဦးချင်းအနေနဲ့ အတော်နားလည်ဘို့ ခက်တဲ့ကိစ္စလို့ဘဲပြောရတော့မှာပါ။ ဖြစ်သင့်တာက မည်သည့်တိုင်းရင်းသားအဖွဲ့ အစည်းမဆို NCA လက်မှတ်ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်နိုင် သည်ဆိုတဲ့ စိတ်စေတနာကောင်းတွေနဲ့  ကျနော်တို့ညီအကိုတွေကို ကြိုရမှာပါ။ ဟိုအဖွဲ့မပါရ၊ ဒီအဖွဲ့ မပါရ၊ ဟိုသဘောထားကို လက်မှတ်ထိုးမှ၊ ဒီသဘေားထားကိုနာခံမှ ညီလာခံတက်ရမယ်ဆိုတဲ့ ကြိုတင်ကန့်သတ်ချက်တွေနဲ့ ကတော့ တိုင်းရင်း သားတွေရဲ့  ယုံကြည်မှုကိုရဘို့ထက် ရပြီးသားယုံကြည်မှုတောင် ပဲ့ပါသွားနိုင်ကြောင်း အကြံပေးလိုပါတယ်။


(ဒေါ်စုက ငြိမ်းချမ်းရေးအတွက် ပြဿနာများရှိသည်ကို စိုးရိမ်စရာမလိုဘဲ ပြဿနာမရှိချင်ယောင်ဆောင်ခြင်း ကသာ စိုးရိမ်စရာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။)

ကျနော်ထပ်ဖြည့်ပြောလိုတာက ပြဿနာမဖြစ်ဖြစ်အောင် ပြဿနာရှာလို့ ကလဲ ပြဿနာဖြစ်မှာ သေချာတယ် ဆိုတာကိုပါဗျာ။ ကနေ့ဖြစ်နေတာက ပြဿနာရဲ့ အရှိတရားတွေ ဇစ်မြစ်တွေကို ရိုးရိုး သားသားအဖြေရှာကြဘို့ ပျက်ကွက်နေကြပြီး ပြဿနာမဖြစ်ဖြစ်အောင် ပြဿနာရှာနေကြသလို ခံစားမိလို့ပြောရတာပါ။ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ဟာ ဘယ်အခန်းကဏ္ဍက ပါဝင်မယ်ဆိုတဲ့ သဘောထားက အလွန်အရေးကြီးပါတယ်။ လက်ရှိတည်ရှိနေတဲ့ ပြည်တွင်းအခြေအနေ နိုင်ငံတကာအခြေအနေအရ တပ်မတော်ဟာ လက်ရှိအစိုးရနဲ့  ပူးပေါင်း ဆောင်ရွက်နိုင်မှုကောင်းအောင် ကျိုးစားဘို့လိုပါတယ်။ ကနေ့လုပ်နေသလို အကွက်မရနဲ့ ရတဲ့အကွက်မှာ အစိုးရကို ကလန်ဘို့ စစ်တပ်က လွတ်တော်တွေထဲရောက်နေတာဆိုရင်တော့ အတော် စိတ်ပျက်စရာကိစ္စတွေ ပေါ်လာမှာဖြစ်ပါ တယ်။ကျနော်တို့ သဘောထားကတော ကနေ့ တပ်မတော်ခေါင်းဆောင်တွေဟာ စစ်အစိုးရ စစ်အာဏာရှင်ခေတ်ရဲ့  အရိပ်မဲကြီးတွေအောက်က ရုန်းထွက်ဘို့လိုပါတယ်။ ရုန်းထွက်နိုင်ဘို့ ကျိုးစားရမှလဲဖြစ်ပါတယ်။ ကနေ့ခေတ်ရဲ့  ၀ိသေသ လက္ခဏာတွေကို လေ့လာဘို့လိုမှာဖြစ်ပါတယ်။ စစ်တပ်ဟာကနေ့ လွတ်တော်ထဲ ရောက်နေတာကိုက အတိုက်အခံပါတီ တခုအနေနဲ့  ရောက်နေတာ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိ နားလည်သဘောပေါက်ဘို့ လိုပါတယ်။ စစ်အုပ်စုဝင်ဟောင်းတွေရဲ့ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း စီမံချက်စီမံကိန်းတွေနဲ့ အာဏာရဘို့ကျိုးစားတဲ့အထဲမှာ စစ်တပ်အနေနဲ့ မပါဝင်ဘို့ လိုသလို အစိုးရကိုကာကွယ်ဘို့ တာဝန်ရှိနေပါတယ်။ နိုင်ငံတနိုင်ငံရဲ့  တပ်မတော်တခုရဲ့ အဓိကတာဝန် ဘဲ ဖြစ်ပါတယ်။


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကိစ္စ လွတ် တော်မှာ မဲခွဲကြတော့ စစ်တပ်အမတ်တွေ တညီတညွတ်ထဲ ထုံးစံအတိုင်း ကန့်ကွက်ခဲ့ကြဆိုဘဲ။ ဒီကိစ္စ ရခိုင်ပြည်နယ် လွတ်တော်မှာ မဲခွဲပြန်တော့လဲ အဲဒီက စစ်တပ်အမတ်တွေက တညီတညွတ်ထဲ ကန့်ကွက်ကြပြန်တယ်။ ကာကွယ်ရေး ဦးစီးချူပ်ဗိုလ်ချူပ်မှုးကြီးမင်းအောင်လှိုင်ကလဲ ဟိုတလောက အင်တာဗျူးတခုမှာ စစ်တပ်က လွှတ်တော်ကိစ္စတွေကို ကျွမ်းကျင်သူ ဥပဒေပညာရှင်တွေနဲ့  တိုင်ပင်ပြီးမှ အသေအချာလုပ်ကြတာဖြစ်ကြောင်း အာမခံပြောကြားတာ တွေ့ ရပြန် ပါတယ်။ ခက်တာက အပြောနဲ့ အလုပ်ကလဲ ကွဲကွဲလွဲလွဲဖြစ်နေပြန်တယ်။


(“ရခိုင်ပြည်သူများကို မပြောဘဲနဲ့ ကိုယ်ထင်ရာ လုပ်သွားတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ကျနော်တို့အဖွဲ့ကို ဦးဆောင်တဲ့သူက နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးပါ။ သူအကြိမ်ကြိမ်ပြောတာ။ ကျနော်တို့က လေးလေးစားစား လာပြီးတော့ ရခိုင်ပြည်သူတွေကို တင်ပြပါတယ်။ ကိုယ့်သဘောကိုယ်ဆောင်ပြီးတော့ ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲနဲ့ စွတ်တရွတ်လုပ် လိုက်တာမဟုတ်ပါဘူး။ အခုဟာက ဘယ်လိုဖြစ်လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီအများစု အာဏာရ တဲ့အတွက်ကြောင့် မတရားဗိုလ်ကျပြီးတော့ အတင်းဖွဲ့တယ်ဆိုတဲ့ အဲဒီအမြင်က လုံးဝမှားပါတယ်။”

“နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးက ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတယ်။ ဘုန်းကြီးတွေကိုဆိုရင် လက်အုပ်ချီပြီးတော့ ပြောတာ ရိုရိုသေသေလျှောက်ထားပါတယ်၊ သြ၀ါဒခံယူပါတယ်။ ဘာမှမလုပ်ရခင်မှာ သြ၀ါဒလာခံယူပါတယ်။ ဒီဖွဲ့မယ့် အကြောင်းကို ပြောပြီး သူတို့ ဘာပြောချင်တယ်ဆိုတာကို နားထောင်ခဲ့ပါတယ်။ အားလုံးကလည်း စိုးရိမ်စိတ်ကလေး ပြောတယ်။ ဒေသခံပြည်သူတွေ မပါတာရယ်၊ နိုင်ငံခြားသားဘာလို့ ပါရလဲ ဆိုတာရယ်။ အဲဒါကို ရှင်းပြလိုက်တဲ့အခါမှာ သူတို့သဘောပေါက်ပါတယ်။ ရခိုင်မြို့မိမြို့ဖတွေ လည်းပါတယ်။ စီအက်အို (အရပ်ဖက်အဖွဲ့အစည်း) တွေလည်းပါတယ်။”

“မွတ်စလင်အဖွဲ့ကတော့ ဒါနဲ့ပတ်သက်ပြီး ဘာမှ သူတို့ ကန့်ကွက်တာမရှိဘူး။ သူတို့ခံစားရတာပဲ သူတို့ပြောတယ်။ သူတို့ကိုမပြောဘဲနဲ့ လုံးဝလုပ်တာမဟုတ်ပါဘူး။ လိုအပ်ရင် ဗီဒီယိုမှတ်တမ်းတွေ ဘာတွေလည်း ရှိတယ်။ ဒါဖုံးကွယ် လို့ရတဲ့ ကိစ္စမှမဟုတ်ဘဲ။ ရခိုင်ပြည်သူတွေကို မတိုင်ပင်ဘဲနဲ့ မင်းတို့ဟာ မင်းတို့သဘောနဲ့ မင်းတို့ဖွဲ့တယ်။ အထူးသဖြင့် Target (ပစ်မှတ်) ကဒေါ်စုဆီပေါ့ဗျာ။ မဲနိုင်ထားလို့ ငါတို့ကို ဗိုလ်ကျတာလား ဆိုတဲ့သဘောမျိုး၊ အဲဒါလုံးဝမဟုတ်ပါဘူး။ ဒီ Image (ပုံရိပ်) ကလုံးဝမှားနေတဲ့ Image ပါ။ မတရားစွပ်စွဲခံရတာပါ။ ”)

(ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ ဝင်ဦးအေးလွင်နဲ့  DVB အင်တာဗျူး)

နယ်စပ်ရေးရာပြည်ထောင်စုဝန်ကြီး၊ တပ်မတော်မှာ ဒုတိယဗိုလ်ချူပ်ကြီး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်က တိုက်ရိုက် ခန့်ထားခံရတဲ့ အစိုးရအဖွဲ့ ဝင်တဦးကိုယ်တိုင် ဦးဆောင် ပါဝင် ပါတ်သက်ခဲ့တဲ့ ကိစ္စကြီးကို စစ်တပ်ကလွှတ်တော်အမတ်တွေ အကုန်လုံးက တပြိုင်နက်ကန့်ကွက်ကြတဲ့ကိစ္စကတော့ အတော်ရုပ်ပျက်ဆင်းပျက် ဖြစ်တယ်လို့ပြောပါရစေ။

ကျနော်ထပ် ပြောချင်တဲ့ကိစ္စက မြန်မာနိုင်ငံဟာသိပ်ဆင်းရဲခဲ့ပါတယ်။ အခုလဲ ဆင်းရဲနေဆဲပါ။ စစ်တပ်က အခုလိုလုပ်နေသမျှ နောက်လဲ ထပ်ဆင်းရဲနေကြရဦးမှာပါ။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံအပြီးမှာ တိုက်ပွဲတွေ စိတ်လာတာတွေ့ ရတော့ ကျနော်တို့စိုးရိမ်မိတာကတော့ ကနေ့တပ်မတော် ငြိမ်းချမ်းရေးကို ဖျက်တော့မှာလား ဆိုတာပါဘဲ။

 ဒေါ်စုအနေနဲ့ မြန်မာနိုင်ငံစီးပွါးရေးတိုးတက်လာရင် စစ်တပ်ကိုလည်း စည်းရုံးနိုင်မယ်လို့ အမေရိကန်ခရီးစဉ်မှာ ပြောကြား လိုက်တဲ့အပေါ် အတော်ကို စိတ်ပျက်မိပါတယ်။ စစ်တပ်ဟာ ကိုယ်ကျိုးစီးပွါးသာ ပဓာနဆိုတဲ့ တကိုယ်ကောင်းအကျိုးစီးပွါး ရှာမှုတွေက လမ်းခွဲပြီး (စွန့်လွှတ်ပြီးတော့) လူထုဘက်မျက်နှာမူလာအောင် တိုင်းရင်းသားလုပ်သားပြည်သူများနဲ့ ပူးပေါင်း ဆောင်ရွက်မယ် ဆိုတဲ့ အတွေးအခေါ်သာ အမှန်ဖြစ်ကြောင်းပါဗျာ။

ကိုအောင်မှိုင်း

၁၈ရက် စက်တင်ဘာလ ၂၀၁၆ ခုနှစ်





အဝေးရောက်နေဆဲ က၀ိအို ဒေါက်တာစိန်ဝင်းနဲ့ အင်တာဗျူး

$
0
0
မဆုမွန် ရိုက်ကူးတဲ့ ဗီဒီယိုဖိုင်

အဝေးရောက်နေဆဲ က၀ိအို ဒေါက်တာစိန်ဝင်းနဲ့ အင်တာဗျူး
(မိုးမခ) စက်တင်ဘာ ၂၀ ၊ ၂၀၁၆


စက်တင်ဘာ ၁၆ ရက်နေ့က ၀ါရှင်တန်ဒီစီ၊ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တခုမှာ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် NLD၏ အဝေးရောက်ညွန့်ပေါင်းအစိုးရ၏ ၀န်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းနဲ့ တွေ့ဆုံနိုင်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာစိန်ဝင်း တို့ဟာ ကျဆုံးခဲ့လေပြီးသော လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည် ဦးဘ၀င်း ညီအကို နှစ်ဦးရဲ့ သားသမီးများ ဖြစ်ကြတဲ့အတွက် နှစ်ဝမ်းကွဲ မောင်နှမလည်း ဖြစ်ကြပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ ၀ါရှင်တန်ဒီစီအနီးက အမေရိကန်အထက်တန်းကျောင်း လေ့လာရေးခရီးစဉ်အပြီး ကားပေါ်မတက်ခင် လမ်းပေါ်မှာပဲ ကျောင်းဆရာဟောင်း ဒေါက်တာစိန်ဝင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခေတ္တ တွေ့ဆုံခဲ့ကြတာပါ။

မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ္တ တွေ့ဆုံလိုက်ရတဲ့ ဒေါက်တာစိန်ဝင်းနဲ့ မေးမြန်းခဲ့တာကို တင်ဆက်လိုက်ပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာများ ပြောဆို တင်ပြလိုက်နိုင်ပါသလဲ ခင်ဗျ။

ဖြေ။ ။ အချိန်တိုတိုလေး အတွင်းမှာ ဖြစ်တဲ့အတွက် ဘာမှ ပြောဆိုလိုက်ရတာ မရှိပါဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ အဓိကကိစ္စတခုဖြစ်နေတဲ့ အဝေးရောက် မြန်မာတွေ နိုင်ငံရေးခံဝန်ချက်တွေ လက်မှတ်ထိုးစရာမလိုဘဲ အိမ်ပြန်ခွင့်ရဖို့ ကိစ္စကိုကော ပြောဆို ဆွေးနွေးခွင့် ရလိုက်ပါသလား

ဖြေ။ ။ မရလိုက်ပါဘူး။ သို့သော် နောက်တနေ့ နယူးယောက်မှာ မြန်မာတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အစီအစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အဝေးရောက်မြန်မာတွေ ခံဝန်ချက် လက်မှတ်ထိုးစရာမလိုဖို့၊ ပြည်ပရောက် မြန်မာတွေရဲ့ တိုင်းပြည်အတွက် ၀ိုင်းဝန်ကူညီဆောင်ရွက်တာတွေ ကြိုဆိုဖို့ စတာတွေ အကျယ်တ၀င့် ပြောသွားပါတယ်။ ဘလက်လစ် ကိစ္စကိုလည်း ရှင်းလင်းသွားတာတွေ ကြားလိုက်ရပါတယ်။

မေး။ ။ ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတွေအနေနဲ့ကော၊ NLD ရဲ့ အဝေးရောက်ညွန့်ပေါင်းအစိုးရကို ဦးဆောင်မှု ပေးခဲ့တဲ့ သူတဦးနေနဲ့ ယခုအချိန်မှာ မြန်မာပြည်မှာ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ပြယုဒ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီတို့ဦးဆောင်တဲ့ အစိုးရ၊ လွှတ်တော် စသည်ဖြင့် ပေါ်ထွန်းလာချိန်မှာ ပြည်တွင်း ပြည်ပက အင်အားတွေ ပိုမို တွေ့ဆုံနိုင်ကြဖို့ လိုအပ်တယ် မထင်ဘူးလား။

ဖြေ။ ။ ပြည်တွင်းမှာ ရှိတဲ့ အင်အားစုတွေက ယခင်ကလည်း ဖြတ်သန်း လုပ်ကိုင်ခဲ့ကြသလို ယခုလည်း ဆက်ပြီး လုပ်ကိုင်နေကြတယ်။ သူတို့နေရာနဲ့ သူတို့ ဆက်လက်ပြီး တည်ရှိနေကြပါတယ်။ ပြည်ပမှာ ရှိတဲ့ အင်အားစုတွေအနေနဲ့ကတော့ လိုအပ်တဲ့ နေရာတွေမှာ သူတို့ ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေ၊ ပညာတွေ၊ သင်ခန်းစာတွေပေါ် အခြေခံပြီး တတ်စွမ်းသလောက် ဖြည့်စွမ်းပေးနိုင်ကြဖို့ပါပဲ။

မေး။ ။ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ဆက်လက် လှုပ်ရှားကြဖို့ လိုအပ်နေသေးတယ် ဆိုရင် ၊ ခုချိန်မှာလည်း ပြည်တွင်းမှာကော ပြည်ပမှာပါ တက်ကြွ အားပေး လုပ်ကိုင်နေကြတဲ့ အင်အားတွေ၊ နိုင်ငံတော်တွေ၊ အဖွဲ့အစည်းတွေကလည်း အများအပြားရှိနေပြီ ဆိုရင်၊ ဆရာတို့ အခမ်းကဏ္ဍကို ဘယ်လို ပြောချင်ပါသလဲ။

 ဖြေ။ ။ အခုအချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ ၉၉ % လောက် ဦးဆောင်မှုတွေ လုပ်ကိုင်မှုတွေ ပေးနိုင်နေပြီ ဆိုရင် ကျနော်တို့အနေနဲ့က လိုအပ်နေသေးတဲ့ ၁% ကို ဖြည့်ဆည်းပေး နိုင်လိမ့်မယ် ထင်ပါတယ်။


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>