Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

မြန်မာပြည်အတွက် ဂျပန်ပြည်က ကာတွန်းတကွက်

$
0
0



မြန်မာပြည်အတွက် ဂျပန်ပြည်က ကာတွန်းတကွက် 
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၆ 

မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်နဲ့ဆက်စပ်ပြီး NHK ဂျပန်သတင်းဌာနက ထုတ်လွှင့်ပြသခဲ့တဲ့ ကာတွန်းတကွက်ဖြစ်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအခင်းအကျင်းအချိန်ကာလကို ကာတွန်းဆရာက ပေါ်လွင်အောင် ရေးဆွဲပြထားတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးကာလ အခြေအနေကို ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအကူအညီပေးရေးဆိုင်ရာ ဆန္ဒတွေကို သရုပ်ဖော်ထားတယ်လို့ ခန့်မှန်းရပါတယ်။

ကာတွန်းဆရာ မည်သူဖြစ်တယ်ဆိုတာတော့ မသိရှိသေးပါဘူး။

လူဗိုလ် ● ဗျိုင်းအရှင်ဖမ်းနည်း

$
0
0

လူဗိုလ် ● ဗျိုင်းအရှင်ဖမ်းနည်း
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၆

(၁)
နို့ဖိုးဒုက္ခသည်စခန်းကိုရောက်မှ ကရင်နှစ်သစ်ကူးပွဲတော်နှင့်ကြုံတာ ဒီနှစ်ဆို (၄) ကြိမ်ပြည့်တော့မယ်။ မနှစ်ကပွဲဆို အတော့် ကိုစည်တာ။ တိုင်းရင်းသားညီညွတ်မှုတည်ဆောက်ရေးကော်မတီဆိုတာ ဖွဲ့စည်းပြီးစလည်းဖြစ်နေတော့ တိုင်းရင်း သားရိုးရာ တင်ဆက်မှုတွေကလည်း အပြိုင်အဆိုင်။ ကျနော်တို့ BNA ဗမာအမျိုးသားအသင်း (နို့ဖိုး) ကတောင် ဦးရွှေရိုး၊ ဒေါ် မိုးအကနဲ့ တပင်တိုင်အကတွေ တင်ဆက်ဖြစ်ခဲ့သေးတယ်။ ဒီအထဲမှာ အားအကောင်းဆုံးအစီအစဉ်ကတော့ ဘာလဲမမေးနဲ့။

ကရင်ဒုံးယိမ်းအစီအစဉ်ပေါ့။ ကရင်နှစ်သစ်ကူးမို့ ကရင်ဒုံးယိမ်းအကက ပိုသာတာ မထူးပေမယ့်၊ ဒုံးယိမ်းပြိုင်ပွဲမှာ ကရင်မ ဟုတ်တဲ့တိုင်းရင်းသားတွေစုဖွဲ့ထားတဲ့ ကျနော်တို့ PAB ရပ်ကွက်အဖွဲ့က တတိယဆုယူသွားတာကတော့ အဆန်းသား မဟုတ်လား။

ခုလည်း ကရင်နှစ်သစ်ကူးပွဲတော် နီးလာပြန်တော့ ဒုံးယိမ်းအဖွဲ့တွေတိုက်နေကြတာ ခြိမ့်ခြိမ့်သဲပဲ။ နို့ဖိုးစခန်း တခုလုံးလို့တောင် ပြောရင်ရမယ်။ အရွယ်စုံ၊ဆိုက်စုံ၊ ကာလာစုံ။ ဒီနှစ်လည်း စည်ဦးမှာပါ။

ဒီလို ကရင်ဒုံးယိမ်းသံကြားရင် အလယ်တန်းကျောင်းသားဘဝက ကျနော်တို့ကျောင်းမှာ ခေတ်စားခဲ့တဲ့ ဒုံးယိမ်းသံစဉ် သီချင်းလေးကို သတိရမိတယ်။ ဆရာ၊ ဆရာမတွေကို နောက်ပြောင်ရင်းက ပေါ်လာတာလေ။

“ဟေ့ ... ယုမောင်၊ ဘုမောင်၊ ထိပ်ပြောင်လားဟေ့ ... တောင်ဖက်ကျွန်းပေါ်မြစ်ဝနံဘေး ကရင်မ နော်သန်းငွေ” ဆိုတာပေါ့။

(၂)
ညောင်လေးပင်မြို့၊ အမှတ် (၁) အထကကျောင်းကို မြို့အပြင်ထုတ်ပြီးစ ပညာသင်နှစ်အချိန်မှာပေါ့။ ကျောင်းပတ်ဝန်း ကျင်မှာက လယ်ကွက်တွေ၊ ထန်းတောတွေ၊ သင်္ချိုင်းကုန်းတွေ၊ ဘုန်းကြီးကျောင်းတွေချည်း သက်သက်ဆိုတော့ ကျောင်း မပျော်အဖွဲ့တွေအတွက် ခိုကိုးရာတွေက အပြည့်။ ဒီတော့ ကျနော်တို့ကျောင်းအုပ်ကြီးက ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို ကျောင်းသားတွေကြောက်ကြတဲ့၊ ကျောင်းသားတွေကိုကိုင်နိုင်တဲ့ ဆရာ၊ ဆရာမတွေနဲ့ အသစ်ပြန် ဖွဲ့လိုက်တယ်။ ဒီအထဲမှာ ကျနော်တို့အလယ်တန်းဆရာတွေထဲက (၄)ဦးပါတယ်။ ဆရာဦးယုမောင်၊ ဆရာဦးလှမြင့်၊ ဆရာဦးထွန်းရွှေနဲ့ ဆရာမ ဒေါ်သန်းငွေတို့ပေါ့။ ဒီဆရာတွေအားလုံးက သူရဲကောင်း ဆရာတွေချည်းပဲ။ အရည်အချင်းကိုယ်စီနဲ့။ ကျောင်းမ ပျော်အဖွဲ့တွေ တခါတည်းငြိမ်ကျသွားလောက်အောင်ကို စွမ်းကြတာ။

ဒီအထဲမှာ ဆရာဦးယုမောင်က ဝိတ်သမား၊ လူပျိုကြီး။ သူ့လက်ဖျံကြီးတလုံးတလုံးက နည်းတာကြီးမဟုတ်ဘူး။ အခန်းထဲစာ သင်နေရင်း သူ့ ခြိမ်းခြောက်တဲ့အသံကိုက သူများထက်ထူးတယ်။ “အခု ဆရာ ဝိတ်ပြန်မနေပြီနော်။ သတိထားကြ” ဆိုကာ ကြိမ်လုံးကိုတစွစွနဲ့ သူ့လက်မောင်းကြွက်သား တွေကို ထုတ်ထုတ်ပြတတ်သေးတယ်လေ။ ဆရာဦးယုမောင် စာသင်ချိန်ဆို အတန်းထဲက အဆိုးဆုံးလို့သတ်မှတ်ထား တဲ့ “ဘိုနီ” လိုကောင်မျိုးတောင် ငြိမ်။

ဆရာမဒေါ်သန်းငွေကျတော့ တမျိုး။ အရိုက်ကြမ်းတဲ့ထဲမှာတော့ မပါဘူး။ ဒါပေမဲ့ ကျောင်းသားတွေကို ကိုင်တတ်တယ်။ သူ စာသင်နေတဲ့အတန်းတင်မကဘူး။ ဘေးအခန်းတွေက ဆရာ၊ ဆရာမ မရှိလို့ဆူညံနေရင်တောင် ဝင်ထိန်းတတ်တယ်။ ဆရာ မရှိလို့ဆိုပြီး ဆူမယ်၊ ဆော့မယ်လို့တော့မစဉ်းစားနဲ့။ မကြာဘူး ဆရာမဒေါ်သန်းငွေရောက်လာပြီ။ “ကဲ အားလုံးပစ္စည်း တွေလွယ်အိတ်ထဲထည့်။ ပြီးရင် တရားထိုင်ကြမယ်။ အားလုံး ခုံပေါ်တက်ထိုင်ကြ။ မျက်စိကိုမှိတ်ထား။ မျက်စိထဲပေါ်လာ တာတွေကိုလိုက်မှတ်။ ခဏနေ ဆရာမ ပြန်လာမေးမယ်။ ဘာတွေတွေ့လဲဆိုတာ မပြောနိုင်တဲ့လူ နာပြီသာမှတ် ” ဒါပဲပြောပြီး ပြန်ထွက်သွားပေမယ့် ဘယ်သူမှမလှုပ်ရဲ၊ အသံမထွက်ရဲကြ။ မျက်စိကိုအသာမှိတ်ထားကြရင်း သူပြောသလို လိုက်ကြည့်နေ ရတယ်လေ။ ရုတ်တရက်ရောက်လာတတ်ပြီး ဆူနေတဲ့သူကို အတန်းရှေ့ထွက်ခိုင်း၊ ဘာမြင်လဲမေးရင် မဖြေနိုင်လို့ကတော့ အရိုက်ခံရပြီ။ ကျနော်ကတော့ မျက်စိလေးမှိတ်ထားပြီး သူမေးရင် ဘယ်လိုဖြေရမလဲတွေးနေမိတယ်။ (၄၅) မိနစ် ပြည့်သွားလို့ သံချောင်းခေါက်သံကြားရမှသာ အချိန်ကုန်သွားမှန်းသိလိုက်ရတယ်။

ဆရာဦးထွန်းရွှေကိုတော့ ကျောင်းသားအားလုံးက သူ့နောက်ကွယ်မှာ “ထိပ်ပြောင်”လို့ပဲ ခေါ်ကြတယ်လေ။ နဖူးကလည်း ပြောင်သလားမမေးနဲ့ ဆံပင်က မရှိတော့သလောက်ဘဲ။ ဆရာထိပ်ပြောင်ကျတော့ တအားပါးတာ။ ကျောင်းသားတဦးချင်းစီရဲ့အကြောင်းတွေကိုလည်း သိတယ်။ စကားသံကြားလိုက်တာနဲ့ ဘယ်သူပြောတယ်ဆိုတာ ဘလက်ဘုတ်မှာစာရေးနေရင်း လှည့်မကြည့်ဘဲနဲ့သိတယ်။ ဆရာထိပ်ပြောင်ပြောဖူးတဲ့ စာကျက်နည်းတခုဆိုရင် ခုထိကို မမေ့တာ။ “တမနက်စောစောမှာ ဆရာလမ်းလျှောက်ထွက်ကအပြန်၊ ကျောင်းသူတယောက်စာကျက်နေတာကို ခပ်လှမ်းလှမ်းထဲက ကြားနေရတယ်။ သူကျက်နေတာက ဧရာဝတီမြစ်အကြောင်း။ ဆရာ စကြားကတဲက ‘ဧရာဝတီမြစ်သည်၊ ဧရာဝတီမြစ်သည်’ ဟာ   အိမ်သုံးလေးလုံးကျော်လည်း ဧရာဝတီမြစ်သည်က မပြီးဘူး ” “ဧရာဝတီမြစ် အကြောင်းကျက်တာပဲကွာ ဧရာဝတီမြစ်သည်ကို ဒီလောက်ထည့်ကျက်နေဖို့မလိုပါဘူး။ မင်းတို့လည်း ဒီဧရာဝတီမြစ်သည် စာကျက်နည်းမျိုးကို မသုံးမိကြစေနဲ့”တဲ့ မှတ်သား စရာ။

(၃)
ဆရာဦးလှမြင့်ကိုတော့ ကျောင်းသားတွေက “ဘုမောင်”လို့ ကွယ်ရာမှာ ခေါ်ကြတယ်။ နောက်စေ့မှာ ဘုကြီးတလုံးက သိသိသာသာကြီးထွက်နေလို့။ ဆရာဘုမောင်က ကျနော်တို့အတန်းပိုင်ဆရာ။ စကားအပြောကောင်းပြီး၊ စာသင်လည်း အရမ်းတော်တယ်။ သူက သင်္ချာသင်တာ။ ထူးတာက ဆရာဘုမောင်လမ်းလျှောက်ရင် လက်ပိုက်သလိုလုပ်ထားပြီး သူ့မေး စေ့ကို လက်တဖက်နဲ့ အမြဲတမ်း ထောက်ထောက်ထားတတ်တယ်။ ဒါကသူ့စတိုင်။ ဆရာက သင်္ချာသင်ရင်တောင် သူများ ထက် ထူးတယ်။ လေ့ကျင့်ခန်းတခုသင်ပြီဆိုရင် ခက်တဲ့၊ ပညာပါတဲ့ အပုဒ်တွေလောက်ကိုပဲရွေးပြီး တွက်ပြ၊ ရှင်းပြ တတ်တာ။ ကျန်တာတွေကို အဆင့်မရှိဘူးဆိုပြီး တွက်ပြလေ့မရှိဘူး။ အမှတ်ပေးပြီဆိုရင်လည်း အမှတ်(၁ဝဝ) ပေးထား တယ်ဆိုပါစို့။ အကုန်မှန်ရင် (၁ဝဝ) ရပြီး၊ မှန်တဲ့အပြင် သပ်ရပ်တယ်၊ ရှင်းတယ်။ မြန်တယ်ဆိုရင် (၁ဝ၁) အထိ ပေးတယ်။ မှတ်ချက်အနေနဲ့ “အလွန်ကောင်း၍ တမှတ်ပိုပေါင်းသည်” ဆိုတာကို ရေးပေးလိုက်သေးတယ်။ လေ့ကျင့်ခန်းစာတွေစစ်ပြီဆိုရင်လည်း အရင်ဆုံးလာပြတဲ့ (၁ဝ) ယောက်လောက်ကိုပဲ စစ်ပေးတယ်။ အချိန်ကအရေးကြီးလို့ မြန်နိုင်သမျှမြန်ဖို့ အမြဲတမ်းသတိပေးတတ်တယ်။သင်္ချာကိုသင်ပေမယ့် ကျနော်တို့ကို ဗဟုသုတ ဖြစ်စရာတွေ အများကြီးပြောပြခဲ့ဖူးတယ်။ ကျောင်းက ပြဋ္ဌာန်းထားတဲ့စာတွေထက် ပြင်ပဗဟုသူတတွေကို ပိုပြောပြလေ့ ရှိတယ်။ သူ့စကားတွေ၊ သင်ကြားမှုတွေထဲမှာ ကျောင်း သား တွေကိုပါ ပါအောင်ခေါ်သွားတတ်တယ်။ သူကိုကြောက်နေတာဆိုမကြိုက်ဘူး။ သူမှားနေလို့ထောက်ပြပေးတဲ့ ကျောင်း သားဆို ကြိုဆိုတတ်ပြီး ကျေးဇူးတင်ကြောင်း ပြန်ပြောလေ့ရှိတယ်။ ပညာနဲ့အတူ စာရိတ္တကိုပါအလေးထားဖို့ မကြာမကြာ ဆုံးမတတ်တယ်။ တော်နေရုံမက ကောင်းဖို့ လိုတယ်။ ကောင်းမှ၊ ရိုးသားမှတန်ဖိုးရှိပြီး ကိုယ့်ကိုကိုယ်လည်း အမြဲဂုဏ်ယူနိုင်မယ်လို့သတိပေးတတ်တယ်။

ဆရာပြောဖူးတဲ့အထဲက ဂျပန်နဲ့မြန်မာ ပညာတော်သင်သွားကြတဲ့အကြောင်းဆို၊ ခုထိကို အမှတ်ရနေဆဲလေ။ “ဟိုး မင်းတုန်း မင်းခေတ်ကပေါ့ကွာ။ ဆရာတို့နိုင်ငံနဲ့ဂျပန်နိုင်ငံကို အင်္ဂလန်နိုင်ငံက စက်မှုအတတ်ပညာနဲ့ပတ်သက်ပြီး ပညာ တော် သင်ခေါ်တယ်။ နိုင်ငံတခုစီက အယောက် (၂ဝ) စီခေါ်တယ်ပဲ ထားပါတော့ကွာ။ တို့နိုင်ငံကတော့ မင်းတို့သိတဲ့အတိုင်း လက်သင့်ရာစားတော်ခေါ်ပေါ့။ ဘုရင်နဲ့မူးမတ်အသိုင်းအဝိုင်းထဲက လူတွေချည်းရွေးလွှတ်တာ။ ခုခေတ်လိုပဲဆိုပါတော့။” “အယ် ... ဂျပန်နိုင်ငံကတော့ တို့လိုမဟုတ်ဘူးကွာ။ သူတို့နိုင်ငံက စက်မှုနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူတွေကို အင်တာဗျူးအဆင့်ဆင့်လုပ်ပြီးခေါ်တာ။ လူအယောက် (၂ဝ) ခေါ်ဖို့ကို တနိုင်ငံလုံးက စက်မှု ကျွမ်းကျင်သူ (၈ဝ) ကို ရွေးထုတ်တယ်။ ပြီးတော့မှဒီအထဲက (၄ဝ)ကို ဒုတိယအကြိမ်ထပ်ရွေးတယ်။ နောက်တခါ အင်္ဂလိပ် ဘာသာပါ ကျွမ်းကျင်သူ (၂ဝ) ကို လက် ရွေးစင်ပြန်ရွေးပြီး အင်္ဂလန်ကိုပို့လိုက်တာ။ ဒီလက်ရွေးစင် (၂ဝ) နဲ့ ကျန်ခဲ့တဲ့ (၂ဝ) က အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တာ၊ မကျွမ်းကျင်တာလောက်ဘဲကွာတာ။ စက်မှုပညာတွေကတော့ သူမသာ၊ ကိုယ်မသာပေါ့။ ပြီးမှ ကျန်ခဲ့တဲ့(၂ဝ)နဲ့ ပထမရွေးကျန် (၄ဝ) ကို ဂျပန်အစိုးရက ပြန်မလွှတ်တော့်ဘဲ တနေရာမှာစုပြီး ခေါ်ထားလိုက်တယ်။” “အင်္ဂလန်ကိုရောက်တော့ တို့ရွှေမြန်မာတွေက တော်ကြပါတယ်။ စာတွေလည်းလိုက်နိုင်ကြတယ်။ ဒါပေမယ့် ဟိုရောက်တုန်း မစားဖူးတာတွေ စား၊ မသောက်ဖူးတာတွေ သောက်ပြီး ပြန်ခဲ့ကြတာပေါ့။ ဒီပြန်ရောက်တော့ မဲနယ် စက်ရုံ၊ လက်နက်စက်ရုံ၊ ဒင်္ဂါးပြားစက်ရုံတို့ တည်တာ၊ သင်္ဘောဖျက်တဲ့ ရေမြှပ်ဗုံးထွင်တာတို့လောက်တော့ အလုပ်ဖြစ်ခဲ့တာကို စာအုပ်တွေထဲဖတ်ရဖူးတယ်ကွ။ ဒါပေမဲ့ အဲဒီအကျိုးဆက်ကို ဒီနေု့တို့ခေတ်မှာ ဘာတခုမှမတွေ့ရ တော့ဘူး။ ဘာမှတ်တမ်းမှလည်း မကျန်ခဲ့တော့ဘူး။ တို့နိုင်ငံရဲ့တိုးတက်မှုအခြေအနေကလည်း မင်းတို့မြင်တဲ့အတိုင်းပဲ။ အင်္ဂလိပ်သာတို့ နိုင်ငံကိုမသိမ်းခဲ့ရင် ခုထိ နွားလှည်းနဲ့ပဲ ခရီးသွားနေရ ဦးမှာ။” “ဂျပန်ပညာတော်သင်တွေကတော့ ဒီလို မဟုတ်ဘူး။ အင်္ဂလန်ကိုရောက်တာနဲ့ သူ့အဖွဲ့နဲ့သူစုပြီး သင်ပေးသမျှ စာတွေကို ဂျပန်လိုဘာသာပြန်ကြတယ်။ ပြီးတော့ ဂျပန်နိုင်ငံကို ပြန်ပို့တယ်။ အဲ့ဒီပို့လိုက်တဲ့ ဂျပန်လိုဘာသာပြန်ပြီး သားတွေကို ကျန်ခဲ့တဲ့(၂ဝ) အုပ်စုက စုပေါင်းလေ့လာ ကြတယ်။ (၄ဝ)အုပ်စုနဲ့ပြန်ဆွေးနွေးကြတယ်။ ပြန်သင်ကြတယ် ပေါ့ကွာ။” “ပညာသင်ကာလပြီးလို့ ပညာတော်သင်တွေ ဂျပန်လည်းပြန်ရောက်ရော့ ပြန်လာတဲ့(၂ဝ)နဲ့ ကျန်ခဲ့တဲ့(၂ဝ)တို့ ပြန်ဆွေးနွေးပြီး ပညာတွေဖလှယ်ကြတယ်။ နောက် … (၄ဝ)ကို ပြန်သင်ပေးကြတယ်။ ဒီလိုနဲ့ပညာတော်သင်(၂ဝ)သာ သွားရပေမယ့်၊ (၈ဝ)လုံး ပညာတွေတတ်သွားနိုင်အောင် တပြိုင်တည်းပွားယူနိုင်ခဲ့ကြတာဟာ အတုယူစရာကောင်းပဲပေါ့။ နောက်ပြီး ဂျပန်လိုဘာသာပြန်ပြီးသား ပညာတွေကိုပါ ရလိုက်ကြတာ။ ခုဆို မင်းတို့သိတဲ့အတိုင်း၊ ဂျပန်နိုင်ငံဟာ စက်မှုပညာနဲ့ပတ်သက်ပြီး ဘယ်လောက်တိုးတက်နေပြီလဲ။ ပညာရပ်တွေနဲ့ပတ်သက်ပြီး အင်္ဂလိပ်စာမတတ်ချင်နေ၊ ဂျပန်လိုလေ့လာနိုင်အောင်၊ ဂျပန်လိုဖတ်ပြီးအသုံးချနိုင်အောင် ဖြစ်သွားပြီ။ တို့နိုင်ငံနဲ့ဘယ်လောက်တောင်ကွာသွားလဲ ” “ဒီတော့ ပညာယူတဲ့အခါမှာ အစီအစဉ်ရှိရှိယူတတ်ဖို့လိုတယ်။ ပြီးတော့ မှတ်တမ်းဆိုတာကျန်ခဲ့အောင် လုပ်ထားရမယ်။ ဒါမှ နောင်မျိုးဆက်တွေအတွက် ပညာအမွေပေးခဲ့နိုင်မှာ။ နောက် ... ကိုယ်လေ့လာသိမြင်ခဲ့သမျှနဲ့ ကိုယ့်ဖြတ်သန်းမှုအတွေ့အကြုံတွေကို ကိုယ့်ဘာသာစာပေတွေနဲ့ မှတ်တမ်းတင်ထားခဲ့ သင့်တယ်ကွ ”

(၄)
တနေ့မှာတော့ စိတ်ဆိုးလေ့မရှိတဲ့ ဆရာဘုမောင်တယောက် ဒေါကန်နေတဲ့အမူအရာနဲ့ အတန်းထဲဝင်လာပြီး “ မင်းတို့ ကျောင်းအုပ်ကြီးကတော့ စံပဲကွာ။ ကိုယ်တိုင်လုပ်လို့ရရက်နဲ့ ငါတို့ကိုဒုက္ခပေးတာ ” ဆရာဘုမောင် ဒေါသဖြစ်ရပုံက ဒီလို။ ကျနော်ပြောခဲ့တဲ့ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှာ သူလည်းပါ တယ်မဟုတ်လား။ ဒီမနက် ကျောင်းအုပ်ကြီးက ကျောင်းနောက်ကျပြီး ရောက်လာတယ်။ ကျောင်းတံခါးဝနားအရောက် ကျောင်းပြေးတဲ့ကျောင်းသားအဖွဲ့တွေနဲ့ ကျောင်းရှေ့မှာ ထိပ်တိုက်တိုးပါလေရော။ အဲဒီအချိန်က တကျောင်းလုံး အဖြူ နဲ့အစိမ်းပဲဝတ်ကြရတော့ ကျောင်းသားနဲ့ အရပ်သားက ခွဲလို့လွယ်တယ်လေ။ ဒါပေမဲ့ ဆရာကြီးက ကျောင်းသားတွေကို ဘာမှမပြောဘဲ၊ ကျောင်းထဲကို ကားဆက်မောင်းဝင်ခဲ့ တယ်။ ကျောင်းရုံးခန်းထဲရောက်မှ စည်းကမ်းထိန်းသိမ်းရေး ဆရာတွေကိုခေါ်၊ ကျောင်းပြေးတဲ့ ကျောင်းသားတွေကို လိုက်ခေါ်ဖို့ပြောတယ်တဲ့။ ကျန်ဆရာတွေအားလုံးကတော့ ဘာမှပြန်မပြောကြဘဲ ကျောင်းပြေးတွေ နောက်ကို လိုက်သွားကြပေမယ့်၊ ဆရာဘုမောင်ကတော့ လိုက်မသွားဘူး။ ကျောင်းအုပ်ကြီးကို ပြန်ပက်ရင်း ကျန်နေခဲ့ တယ်တဲ့။ “ခင်ဗျားက ကိုယ်တိုင် တွေ့လိုက်ရရက်နဲ့ ဘာလို့ပြန်မခေါ်ခဲ့တာလဲ။ ခင်ဗျားတွေ့တဲ့အချိန်ဆို ကျောင်းသား တွေက ကျောင်းအနီးအနားမှာပဲ ရှိနေကြသေးတာ။ ခင်ဗျားပြန်ခေါ်ရင်လည်း ရရဲ့သားနဲ့ဗျာ။ ခုတော့ ဘယ်ရောက် သွားပြီလဲဆိုတာ ဘယ်လိုလုပ်သိနိုင်မလဲ။ လိုက်ရှာလို့ကတော့ တနေသာကုန်သွားမယ် တွေ့မှာမဟုတ်ဘူး။ ကျောင်း ပြေးစရာနေရာတွေက တပုံကြီး၊ ကျုပ်တော့မလိုက်နိုင်ဘူးဗျာ။ စာသင်ဖို့ရှိသေးတယ်”လို့ပြောပြီး ရုံးခန်းထဲက ပြန်ထွက် လာတာတဲ့။

(၅)
“မင်းတို့ ဗျိုင်းအရှင်ဖမ်းနည်းဆိုတာ ကြားဖူးလား” ဒေါသတွေပြေသွားအောင် ခဏနားပြီးမှ ဆရာဘုမောင်က စကားပြန်စ လာတယ်။

“မကြားဖူးပါဘူး ဆရာ”

“အေ ... မှတ်ထားကြ၊ ဆရာပြောပြမယ်” “မိုးဦးကျစ၊ မိုးဖွဲဖွဲလေးတွေရွာနေတဲ့အချိန်ဆို ဗျိုင်းအရှင်ဖမ်းလို့ရတယ်ကွ။ ဒီအချိန်မျိုးဆို ဗျိုင်းတွေက လယ် ကွင်းတွေထဲမှာ ငါးရှာနေကြတာ။ ဒီတော့ မင်းတို့က ဆားသာတဆုပ်လောက်ယူသွား။ ခုန ငါးဖမ်းဖို့စောင့်နေတဲ့ ဗျိုင်းအနားကိုဖြည်းဖြည်းလေးသွား။ ဗျိုင်းရဲ့ခေါင်းပေါ်ကို ဆားလေးပုံပေး။ မိုးကဖွဲဖွဲလေးရွာနေတာဆိုတော့ ခေါင်းပေါ်က ဆားတွေအရည်ပျော်ပြီး မျက်စိထဲကို စီးကျမယ်။ မျက်လုံးဖွင့်လို့မရတော့ဘူး။ ဒီအချိန်ဆို မင်းတို့ ဗျိုင်းအရှင်ဖမ်းလို့ ရပြီ။” ကျနော်တို့တတန်းလုံး ဆရာဘုမောင်ရဲ့ ဗျိုင်းအရှင်ဖမ်းနည်းကို ငြိမ်ပြီးနားထောင်နေမိကြတယ်။ နားထောင်နေရင်းက မျက်စိထဲမှာလည်း လယ်ကွင်းထဲက ဗျိုင်းဖြူဖြူတွေကို မြင်ယောင်လာတယ်။ အသာကပ်သွားပြီး ဗျိုင်းရဲ့ခေါင်းပေါ်ကို ဆားပုံလိုက်တယ်။ ဆားတွေအရည်ပျော်ပြီး မျက်လုံးထဲဝင်သွားတယ်။ ပြီးတော့ ... ဗျိုင်းလည်ပင်းကို ဆုပ်ကိုင်ပြီး ဖမ်းလိုက်တယ်လို့ကို မြင်ယောင်လာတယ်လေ။

“ဆရာ ... ဗျိုင်းအနားကပ်သွားတော့ ဗျိုင်းကထပျံမသွားဘူးလား ဆရာ”

ကျနော်တို့အားလုံး မေးလိုက်တဲ့အသံရှိရာကို ဝိုင်းကြည့်လိုက်ကြတယ်။ ပိန်းဇလုပ်ရွာက ကျောင်းလာတက်တဲ့ “ကရင်ကြီး”။ သူ့နာမည်က စောထူးဂေ။ လူကောင်က ထွားထွားကြီးမို့ ကျနော်တို့အားလုံးက ကရင်ကြီးလို့ပဲသူကို ခေါ် ကြတယ်။ ဘောလုံးလည်း အကန်တော်တယ်ဗျ။

“အေးပေါ့ကွာ ... မင်းတောင်သိသေးတယ်။ မင်းတို့ကျောင်းအုပ်ကြီးက မသိဘူးကွ”

“မင်းတို့စဉ်းစားကြည့်လေ။ ကရင်ကြီးပြောသလိုပဲ အနားကပ်လို့ရမှတော့ ဆားပုံဖို့လိုသေးလို့လား၊ တခါထဲ ဖမ်းလိုက်မှာပေါ့။ မင်းတို့ကျောင်းအုပ်ကြီးကတော့ တခါထဲမဖမ်းလိုက်ဖူးဟေ့။ ငါတို့ကိုပဲ ဆား ပုံပုံခိုင်းနေတာကွ။ ဒါကြောင့် ဒေါကန်လာတာ ”

(၆)
နို့ဖိုးဒုက္ခသည်စခန်းထဲမှာ ဒုံးယိမ်းသံတွေ ဝဲပျံ့နေဆဲ။ ဒီကရင်ဒုံးယိမ်းအကကို နောက်ထပ် ကရင်နှစ်သစ်ကူး ဘယ်နှစ်ခု အထိများ ဒီနို့ဖိုးဒုက္ခသည်စခန်းထဲမှာ ထပ်ကြည့်ရ၊ ထပ်မြင်ရဦးမလဲမသိ။ ဘဝမြင်ကွင်းတွေ ထပ်လွန်းနေတော့လည်း ကျေနပ်ခွင့်တွေ ပျောက်ဆုံးနေရပေါ့။ အနည်းဆုံး ဒီဒုံးယိမ်းအကတွေကို အမေရိကားမှာပဲဖြစ်ဖြစ်၊ နော်ဝေမှာပဲဖြစ်ဖြစ်၊ နယူးဇီလန်မှာပဲဖြစ်ဖြစ် နေရာပြောင်းပြီး ကြည့်ချင်ပြီလေ။

“ဟေ့ ... ယုမောင်၊ ဘုမောင်၊ ထိပ်ပြောင်လားဟေ့ ...တောင်ဖက်ကျွန်းပေါ် မြစ်ဝနံဘေး၊ ကရင်မ နော်သန်းငွေ...” သီချင်းလေးနဲ့၊ ဗျိုင်းအရှင်ဖမ်းနည်းလေးကို ပြန်သတိရမိလိုက်တာကိုက နဖူးကြောလေးတွေ ပြေသွားသလိုလို။ အသက်ရှူ ချောင်သွားသလိုလို။ မဟုတ်လို့က တော့ တနေ့တနေ့ စားဝတ်နေရေးအတွက် ပူပန်ရ။ ကလေးတွေရဲ့ အနာဂတ်ပညာရေး အတွက် ရင်မောရ။ ကိုယ့်ဘဝ ကိုယ်အဓိပ္ပာယ်ဖော်နိုင်ရေးအတွက် ရတက်မအေးရ။ ဘဝတွေကို ဗီဒီယိုကြည့်တဲ့အခါ ပေါ့စ် (Pause) အလုပ်ခံထားရ သလို ခံစားလာရပြီလေ။အင်း ... ကျနော်တို့ဘဝတွေ ပြန်လည် ရှင်သန်နိုးထနိုင်ခွင့်တွေအတွက် ယူအဲန်အိပ်ခ်ျစီအာရ် (UNHCR) ကပဲ ဗျိုင်းအရှင်ဖမ်းနေတာလား။ အမေရိကန်နိုင်ငံကပဲ ဗျိုင်းအရှင်ဖမ်းနေတာလား။ ကျနော်တို့ကိုယ်တိုင်ကပဲ ဗျိုင်းအရှင် ဖမ်းနေတာလား။ တစုံတရာ ဒါမှမဟုတ် တစုံတယောက်ကပဲ ....။ စဉ်းစားလို့တောင် မရ။ ။

လူဗိုလ်
(၂၇/၁၁/၂ဝဝ၉)

ဇင်လင်း ● ပြည်တွင်းစစ် အလိုမရှိ၊ ငြိမ်းချမ်းပါစေ မြန်မာပြည်

$
0
0

ဇင်လင်း ● ပြည်တွင်းစစ် အလိုမရှိ၊ ငြိမ်းချမ်းပါစေ မြန်မာပြည်
(မိုးမခ) နိုဝင်ဘာ ၂၊ ၂ဝ၁၆

မြန်မာနိုင်ငံ ပြည်သူလူထု ယနေ့ အလိုလားဆုံး ဆန္ဒကို ဖေါ်ပြပါဆိုလျှင် စစ်ပွဲများအမြန်ရပ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်သည် ဟု ဆိုရပေမည်။ သို့ကြောင့်ပင် ပြည်ထောင်စု ငြိမ်းချမ်းရေး အမြန်ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် နိုင်ငံနှင့်အဝှမ်းတွင်  ငြိမ်းချမ်းရေးဆန္ဒပြပွဲများ အဆက်မပြတ် ပြုလုပ်နေသည်ကို မြင်နေကြားနေရသည်။ အောက်တိုဘာလ ၂၂ ရက်နေ့တွင် လက်ရှိ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများရပ်ဆိုင်းပေးရန် အစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ နှစ်ဦးနှစ်ဘက်လုံးအား ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ထောင်ဂဏန်းချီသည့် ဒေသခံပြည်သူ များက စုပေါင်းဆန္ဒပြတောင်းဆိုခဲ့ကြောင်း တွေ့ရသည်။

ဆန္ဒပြသူများက “ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံး ငြိမ်းချမ်းပါစေ၊ စစ်ပွဲများ အလိုမရှိ ငြိမ်းချမ်းရေးကိုသာ အလိုရှိသည်” ဟု ရေးသားထားသည့် တောင်းဆိုချက် ပိုစတာများကို ကိုင်ဆောင်ကာ မြစ်ကြီးနားမြို့ ရပ်ကွက်တချို့အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ကြွေးကြော်မှု မပြုဘဲ ပိုစတာများကိုသာ ကိုင်ဆောင် ဆုတောင်း လည့်လည်ဆန္ဒပြခဲ့ကြသူများ တွင် စစ်ပြေး ဒုက္ခသည်များအပါအဝင် ကချင်၊ ဗမာ၊ ရှမ်း၊ မွတ်စလင်၊ ဟိန္ဒူ နှင့် တရုတ် အမျိုးသားများ စုစုပေါင်း ၂၈,ဝဝဝ ခန့် ပါဝင်သည်ဟု ကချင်သတင်းဌာန(KNG)က သတင်းဖေါ်ပြခဲ့ သည်။ မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၃ ရက်နှင့် ၆ ရက်နေ့များကလည်း စစ်ပွဲတွေရပ်ဆိုင်းပေးရေးအတွက် ကချင်တိုင်းရင်းသားများ စုပေါင်းဆန္ဒပြခဲ့ကြကြောင်း သတင်းများ အရ သိရသည်။ ပြည်သူလူထုက မြေစာပင်အဖြစ် ဒုက္ခရောက်နေရသောကြောင့် အစိုးရတပ်မတော်နှင့် KIA တို့နှစ်ဦးလုံး စစ်ပွဲများရပ်ဆိုင်းပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ဆန္ဒပြသူတို့က ဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် လက်ရှိ တပ်မတော်၏ ထိုးစစ်ဆင်မှုများ  ရပ်စဲပေးရန် မန္တလေးဒေသခံ လူမှုရေးအသင်းအဖွဲ့များနှင့် ကချင်လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍  မန္တလေးမြို့တော် ခန်းမရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သတင်းများကြားသိရသည်။   “ဒီနေ့ ပါဝင်ရခြင်းသည် ကျမတို့အတွက် လူမျိုး ရေး မပါ ပါဘူး၊ ဘာသာရေးနဲ့လည်း မဆိုင်ပါဘူး၊ နိုင်ငံရေးလည်း မဟုတ်ပါဘူး၊ စစ်ကြောင့် ဒုက္ခရောက်နေသော ကျမတို့ အမျိုးသမီးများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများကို ငြိမ်းချမ်းစေချင်သောကြောင့်သာ စစ်ပွဲများရပ်တန့်ပေးဖို့ တောင်းဆိုရ ခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲတွင်ပါဝင်သူ ကချင်အမျိုးသမီး ဒေါ်လမိုင်ထွယ်ရာ က RFA ရေဒီယိုသတင်းသို့ ပြောကြောင်း ကြားရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း ချင်းပြည်နယ်ရှိ ဟားခါးမြို့နှင့် ထန်တလန်မြို့များတွင် စစ်ပွဲတွေရပ်ရေးအတွက် ဒေသခံပြည်သူများ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူတို့က ၂၁ ရာစုပင်လုံညီလာခံအောင်မြင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသား လူမျိုးများတန်းတူရေး၊ ပြည်သူ့ဘဝလုံခြုံရေး စသည့်အချက်များ တောင်း ဆိုခဲ့ကြ ကြောင်း RFA ရေဒီယိုသတင်းတွင် ကြားရသည်။ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့တွင်လည့်း တိုက်ပွဲများ ရပ်စဲရေးအတွက် ကချင်၊ ရှမ်း၊ ပလောင်၊ စတဲ့ တိုင်းရင်းသားတွေ အပြင် ဂေါ်ရခါး၊ တရုတ် စသည့် လူမျိုးပါဝင်သော ဒေသခံပြည်သူ အင်အား နှစ်ထောင်ခန့် အောက်တိုဘာလ ၂၁ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲတွင် စစ်ပွဲများရပ်စဲရေး၊ အသက် အိုးအိမ်လုံခြုံရေး ၊ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ စစ်ဘေးဒုက္ခသည်များအား ရိက္ခာဖြတ်တောက်မှု ရပ်တန့်ရေး၊ ကလေးငယ်များနှင့် အမျိုးသမီးများ ဘဝလုံခြုံရေး စသည့် အချက်များကို တောင်းဆိုခဲ့ကြောင်း ကြားသိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်” NCA ၌ KIA အနေဖြင့် ပါဝင် လက်မှတ်ရေးထိုး၍ နိုင်ငံတော်က ဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်တွဲဆောင်ရွက်ရန် ဒေသခံ တိုင်းရင်းသား ၈,ဝဝဝ ကျော်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဆန္ဒပြတောင်းဆိုကြကြောင်း သိရသည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးလိုက်မည်ဆိုပါက ပြည်သူများ လိုလားသည့် ငြိမ်းချမ်းရေးအတွက် အကျိုးရှိစေမည်ဟု ထင်မြင်ကြောင်း ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးစိုင်းထွန်းရင် က RFA သတင်းသို့ပြောကြောင်း သိရသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် အချိန်မဆွဲဘဲ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးကြရန် မကြာသေးမီက တိုက်တွန်းခဲ့သည်။

လောလောဆယ် နိုင်ငံရေး အခင်းအကျင်းကို လေ့လာပါက ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ရရှိရေးကို ပြည်သူ လူထုက တောင်းဆိုနေသည့်အလျောက် အစိုးရကလည်း ဦးစားပေးဆောင်ရွက်နေကြောင်း တွေ့ရသည်။ အောက်တိုဘာ ၁၅ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပသည့် “ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ” UPDJC အစည်းအဝေးတွင် UPDJC ဥက္ကဌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား အချင်းချင်းအကြား မတူညီတဲ့ သဘော ထားအမြင်အမျိုးမျိုး ကို ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ ညှိနှိုင်းရမှာ ဖြစ်ကြောင်း နှိုးဆော်ထားပြီး၊  စစ်မှန်ခိုင်မာသော ပြည်ထောင်စု တည်ဆောက်မည် ဆိုသည့် ဘုံသဘောတူညီချက် ရရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းအပြင် ပြည်ထောင်စုသားအားလုံး၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ရေး စဉ်းစားပေးရမှာ ဖြစ်ကြောင်း၊  အတိတ်ဆိုးများကို ပယ်ဖျက်၍ အနာဂတ်တွင် ယုံယုံကြည်ကြည် ညီညီညွတ်ညွတ်နှင့် မည်ကဲ့သို့ချီတက်ကြမည်နည်းဆိုသည်ကို ဝိုင်းဝန်းစဉ်းစား ပေးရန်လည်း လိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဆွေးနွေးပွဲ တက်ရောက်လာသူများအား နှိုးဆော်ခဲ့သည်ကို သတိပြုမိသည်။ NLD အစိုးရ၏ ရည်မှန်းချက်က အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ထားသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးလမ်းပြမြေပုံ ၇ ချက်ကို မကြာသေးခင်က ထုတ်ပြန်ခဲ့ရာ၌လည်း အနှစ်ချုပ်အားဖြင့် ဖွဲ့စည်းပုံပြင်ရေးနှင့် ဒီမိုကရက် တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟု အတိအလင်းညွှန်းဆိုထားသည်။

UPDJC အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ၂ ရက်ကြာပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများ တွင် ဖေါ်ပြခဲ့သည်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အဆင်သင့်ဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် စတင်ကျင်းပသွားမည်ဟု အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သည့် UPDJC အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။ အစည်းအဝေးတွင် နိုင်ငံရေး ဆွေးနွေးမှု အဆင့်ဆင့် ပုံစံ(Structure)၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်း လမ်းညွှန်များ၊ လူမျိုးအလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ ဒေသအလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ အကြောင်းအရာအလိုက်ဆွေးနွေးသော အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ လုပ်ငန်းလမ်းညွှန်၊ UPDJC လုပ်ငန်း လမ်းညွှန်၊ UPDJC အတွင်းရေးမှူး အဖွဲ့ လုပ်ငန်းလမ်းညွှန်၊ လုပ်ငန်းကော်မတီများ လုပ်ငန်းလမ်းညွှန်၊ UPDJC ရုံးအဖွဲ့ ဖွဲ့စည်းပုံ၊ ပထမအကြိမ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် ခေါင်းစဉ်ခွဲများ အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ဆွေးနွေးပွဲ ရလဒ် ဆုံးဖြတ်ချက် ၉ ချက်နှင့် မှတ်တမ်း ၇ ချက်ကို အောင်မြင်စွာ ရရှိခဲ့၍၊ ငြိမ်းချမ်းရေးလမ်းစဉ်ကို မဖြစ်မနေသွားရန် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်ပရေး ရှေ့သို့ ခြေလှမ်းတိုးနိုင်ခဲ့ပြီဟု ဆိုပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို နိုဝင်ဘာလတွင် ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း အစည်း အဝေး ပထမနေ့က ပြောကြားခဲ့သည်။ ဤအတောအတွင်း တနိုင်ငံလုံးအပစ်ရပ်ရေး NCA စာချုပ် လက်မှတ် မထိုးရသေး သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးရန်ရှိသည်ဟု သိရ သည်။ NCA စာချုပ် လက်မှတ်မထိုးသေးသော အဖွဲ့များအနေဖြင့်  NCA စာချုပ်တွင် ပါဝင်လက်မှတ်ထိုးမှသာ နိုင်ငံရေး ဆွေးနွေးပွဲ တက်ရောက်ခွင့် ရမည်ဖြစ်၍၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ထိုးရန် အချိန်မဆွဲကြစေလိုကြောင်း နှိုးဆော်နေသည်ကို ကြားသိရသည်။ အောက်တိုဘာ ၂၈ ရက်နေ့က နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး၌ UPDJC ဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် ပင်လုံကို လာ မည့် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည်ဟုလည်း ပြောကြားခဲ့သည်။ သို့ဖြစ်၍ လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအဆင့်ဆင့်တွင် အားလုံးပါဝင်ဆောင်ရွက် နိုင်ရေးအတွက် NCA စာချုပ် လက်မှတ်ရေးထိုးရေးကိုလည်း စိတ်အားထက်သန်ရန် လိုကြောင်း ဒေါ်အောင်ဆန်း စုကြည် က တိုက်တွန်းခဲ့သည်။

အောက်တိုဘာ ၁၈ ရက်မှ ၂၁ အတွင်း ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ “နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်ခြင်း” နဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးအတွက် လုပ်ငန်းလမ်းညွှန်များ အတည်ပြုနိုင်ရန် ဆွေးနွေးပွဲကျင်းပခဲ့သည်။ အဆိုပါ NRPC နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်သုံးသပ်ခြင်း အစည်းအဝေးတွင် NCA လက်မှတ် မရေးထိုးရသေးသော “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” (UNFC) ၏ ‘နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့’ (DPN) အဖွဲ့လည်း တက် ရောက်ခဲ့သည်။ နိုင်ငံရေးဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်စဉ်သည် NCA အပေါ် အခြေခံ ဆောင်ရွက်ခြင်းဖြစ်၍ NCA စာချုပ်အပိုဒ် ၂၁၊ အပိုဒ် ၂၂ အရ စာချုပ်တွင် လက်မှတ်ထိုးသော အဖွဲ့များသာ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရှိ သည်ဟု ဖော်ပြထားကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။  UNFC အနေဖြင့် လက်မှတ် မထိုးဖြစ် ခဲ့ပါက ၎င်းတို့အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရရှိမည် မဟုတ်ဟု ဆိုသည်။ ယခု ပြန်လည် သုံးသပ်မှု Review လုပ်ရာတွင် လက်မှတ်မထိုးရသေးသော အဖွဲ့များကို ပါဝင်ခွင့် ပြုခဲ့ကြောင်း၊ အကြောင်းမှာ NCA လက်မှတ် ထိုးပြီးလျှင် ပြီးခြင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် UNFC အနေဖြင့် ဆက်လက်ပါဝင်လာနိုင်ရန် ဖြစ်သည် ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ဆိုသည်။ သို့သော် UNFC  သည် အမှန်တကယ် ဆွေးနွေးပွဲ စတင်ချိန် အထိ NCA လက်မှတ် မထိုးခဲ့လျှင် ၎င်းတို့ကို ချန်ထားခဲ့ရမှာဖြစ်ကြောင်း၊ ထိုသို့ မဖြစ်စေလိုသောကြောင့် ဘက်ပေါင်းစုံမှ UPDJC  က ကြိုးစားနေခြင်းဖြစ်ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။ အခြားတစ်ဖက်၌လည်း DPN အဖွဲ့ခေါင်းဆောင်  ခူးဦးရယ်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် သုံးသပ်ခြင်း လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ပြီး၊ NCA ထိုးနိုင်မည့် လမ်းကြောင်းများကို ရှာဖွေသွားမည် ဟု အောက်တိုဘာလ ၁၉ ရက်က ပြောခဲ့သည်။

လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေသည် အကောင်းဘက်သို့ ရွေ့မည်လား၊ အဆိုးဘက်သို့ ရွေ့မည်လား ဆိုသည်ကို မှန်းဆရန် မလွယ်သေးပေ။ သို့သော် UNFC  အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ နှိုးဆော်မှုကို အလေး အနက် စဉ်းစား၍ မှန်ကန်သည့် ဆုံးဖြတ်ချက် ချနိုင်ခဲ့လျှင် အကောင်းဘက်ကို ရွေ့နိုင်ဖွယ်ရာ ရှိပေသည်။

အောက်တိုဘာ ၂၈ ရက်နေ့က UPDJC အစည်းအဝေးတွင် UPDJC ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က -  “ငြိမ်းချမ်းရေးတည် ဆောက်မယ် ဆိုပါက တစ်ယောက်နဲ့ တစ်ယောက် သဘောထားချင်း ဖလှယ်ရမည်၊ အပြန်အလှန် စကားပြောရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆွေးနွေးတိုင်ပင်ပြီးမှ အဖြေတစ်ခု ရမည်ဖြစ်ပါကြောင်း၊ ထိုအချိန်ကျမှ သဘောတူ ညီချက်များကို အကောင်အထည်ဖေါ်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့ တစ်ဆင့်ပြီး တစ်ဆင့်လုပ်ဆောင်သွားရန်သည် အင်မတန် အရေးကြီးပါ ကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်းများစွာ ရှိသည့်အတွက် အမျိုးသားအဆင့် ဆွေးနွေးပွဲများတွင် အားလုံးပါဝင်နိုင်ရန် ဦးတည်ပါကြောင်း၊ အားလုံး ပါဝင်နိုင်ခြင်းဆိုသည်မှာ အားလုံးကို ကိုယ်စားပြု သည့် ပုဂ္ဂိုလ်များ ပါဝင်နိုင်ရေးကို ဆိုလိုခြင်း ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် ဆွေးနွေးပွဲများနှင့် ပတ်သက်၍ စမ်းသပ် ကာလ ရောက်ရှိပြီဟု ထင်မြင်ယူဆမိပါကြောင်း၊ တစ်ချိန်တည်းတွင် တစ်တိုင်းပြည်လုံး၌ အားလုံးကို လုပ်ရန်သည် မဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ပထမဦးစွာ ဒေသကို အခြေခံခြင်း၊ အမျိုးသားရေးကို အခြေခံခြင်း၊ လူမျိုးရေးရာကို အခြေခံခြင်းစသည့် အမျိုးသားအဆင့် ဆွေးနွေးပွဲ ၃ မျိုးကို နိုဝင်ဘာလတွင် ဆောင်ရွက်ရန် ရည်ရွယ်ထားပါကြောင်း၊ အဆိုပါ ဆွေးနွေးပွဲရလဒ်များကို ကြည့်၍ ပိုမို ပီပြင်အောင် မည်သို့ ဆောင်ရွက်ရမည်ကို ဆုံးဖြတ်နိုင်မည် ဖြစ်ပါကြောင်း။” စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က “မိမိတို့အဖွဲ့များအကြား ရင်းနှီးမှုရှိစေရန်၊ နီးစပ်မှုရှိစေရန် တစ်ဦးနှင့် တစ်ဦးနားလည်မှုယူနိုင်စေရန် အားလုံးကဝိုင်း၍ ကူညီပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးတစု တစည်းတည်း ပါဝင်လာအောင်ဆောင်ရွက်ရန် မိမိတို့ တစ်ဦးချင်း တစ်ဦးချင်းတွင် တာဝန်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်ပါက ယခုအစည်းအဝေးတွင် ထိုင်နေကြသည့် ပုဂ္ဂိုလ်များသာမက ယခု အစည်းအဝေး သို့ မတက်ရောက်သော်လည်း ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေသည့်အစုအဖွဲ့များ၊ ပုဂ္ဂိုလ်များနှင့် ဆက်နွှယ်သည့်သူများ အားလုံးသည် တစ်ဦးချင်း တစ်ဦးချင်းစီ၌ တာဝန်ရှိသည်ဟု ခံယူစေလိုပါကြောင်း။”

“အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်မထိုးရသေးသည့် အစုအဖွဲ့များ တာဝန်ယူလာ နိုင်စေရန် မည်သို့ ဆောင်ရွက်ရ မည်ဆိုသည့် နည်းလမ်းများကိုလည်း မိမိတို့ရှာဖွေရမည်ဖြစ်ပါကြောင်း။ ငြိမ်းချမ်းရေးရရန် ပဋိပက္ခများ ချုပ်ငြိမ်းရေးနည်းလမ်းတစ်မျိုးတည်းသာ ရှိပါကြောင်း၊ ထို့ကြောင့် ပဋိပက္ခရပ်စဲရေးကို အားလုံးက ဦးတည်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့တွင်အချိန်ဆွဲနိုင်သည့် အခြေအနေ မရှိပါကြောင်း၊ မိမိတို့နိုင်ငံသည်အချိန်ဆွဲ၍ မရပါကြောင်း၊ ငြိမ်းချမ်းရေး ညီလာခံ ပြင်ပတွင်နေ၍ အချိန်မဆွဲကြရန်နှင့် အားလုံးပါဝင်ကြရန် လိုအပ်ပါကြောင်း၊ အချိန်ဆိုသည်မှာ အကန့်အသတ်ရှိပါကြောင်း၊ အချိန်နှင့် ဒီရေသည် လူကို မစောင့်ဟူသည့် စကားပုံကို အားလုံးကြားဖူးကြလိမ့်မည် ဖြစ်ပါကြောင်း၊ မိမိတို့သည် အချိန်ကို မှန်မှန်ကန်ကန်သုံးစွဲရန် လိုအပ်ပါကြောင်း။”

“ဒုတိယပင်လုံအစည်းအဝေးကို ဖေဖော်ဝါရီလတွင် ကျင်းပရန် မျှော်မှန်းထားပါကြောင်း၊ အားလုံးသည် အပစ်အခတ် ရပ်စဲရေးတွင် လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး ညီလာခံ၌ အပြည့်အဝပါဝင်လာနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ အဆိုပါ မျှော်လင့်ချက်ကိုလည်း အကောင်အထည်ဖော်နိုင်ရန် မိမိတို့ကြိုးစား သွားမည်ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအားလုံးကလည်း ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် မိမိအနေဖြင့် မေတ္တာရပ်ခံပါကြောင်း။ မိမိတို့နိုင်ငံ၏ တိုးတက်မှုသည် ကမ္ဘာ၏ တိုးတက်မှု၊ အောင်မြင်မှုဟု ရှုမြင်နေကြသည့်မိတ်ဆွေများ၊ ပညာရှင်များသည် NRPC ၏ ငြိမ်းချမ်းရေးလုပ်ငန်းများကို ပံ့ပိုးရန် အဆင်သင့်ရှိပါကြောင်း၊ မိမိတို့အားလုံး ဝိုင်းဝန်းလက်တွဲ၍ ဖန်တီးကြရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆင်သင့်ဖြစ်နေသည့် အခြေအနေမှ တစ်ဆင့်တိုးပြီး အားလုံးက တက်တက်ကြွကြွပါဝင်နိုင်သည့် အဆင့်သို့သွားရန်အတွက် မိမိတို့ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အားလုံးကလည်း ဝိုင်းဝန်းကူညီကြပါရန် မိမိအနေဖြင့် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။” စသည်ဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင်ပြေချောမွေ့စေရန် အထူးတိုက်တွန်းနှိုးဆော်သွားသည်။

လွန်ခဲ့သည့် အောက်တိုဘာ ၁၇ နှင့် ၁၈ ရက်နေ့များတွင် တိုင်းနဲ့ပြည်နယ် ၁၄ ခုရှိ  အရပ်ဘက်အဖွဲ့အစည်းပေါင်း ၉ဝ မှ ကိုယ်စားလှယ်များ၏ ၁၄ ကြိမ်မြောက် ငြိမ်းချမ်းရေးဖိုရမ်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချုပ်၊ NCA လက်မှတ်ထိုးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ NCA  လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြသည်။ အိပ်ဖွင့်ပေးစာတွင် “တိုင်းရင်းသားဒေသ ထိုးစစ်များရပ်တံ့ရေးနှင့် နိုင်ငံရေး လမ်းပြမြေပုံတွင် အပစ်ရပ်ရေး လက်မှတ် မထိုးရသေးသော  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်ခွင့် ရရှိရေး ”  စသည့် ကိစ္စများကို အမြန်ဆုံး တာဝန်ယူ ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။ ခြုံငုံသုံးသပ်ကြည့်လျှင် မြန်မာပြည်သူ လူထု အများစုကြီးက “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ” ၂၁ ရာစုပင်လုံ (ဒုတိယအကြိမ်) ပြန်လည် ကျင်းပသောအခါ လူစုံတက်စုံ အဖွဲ့ပေါင်းစုံ မပျက်မကွက် ပါဝင်တက်ရောက်စေလိုသော ဆန္ဒရှိကြောင်း ထင်ရှားပါသည်။

ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ကြရာတွင် နိုင်ငံရေး ခေါင်းဆောင်များ အနေဖြင့် ပြည်ထောင်စု အကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားကို ဦးစားပေး စဉ်းစားကြရန် သတိမမေ့သင့်ပါ။ မိမိတို့တစ်ဦးချင်း တစ်ဖွဲချင်းစီ၏ အကျိုးစီးပွားကို အလွန်အကျွံရှေ့တန်းမတင်ရန်လည်း သတိပြုသင့်ပါသည်။ “မိမိတို့တွင် အချိန်ဆွဲနိုင်သည့် အခြေအနေ မရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် အချိန်ဆွဲ၍ မရပါကြောင်း၊ ငြိမ်းချမ်းရေးညီလာခံ ပြင်ပတွင်နေ၍ အချိန်မဆွဲ ကြရန်နှင့် အားလုံး ပါဝင်ကြရန် လိုအပ်ပါကြောင်း၊” ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ နှိုးဆော်ချက်ကို အလေးအနက် နှလုံးသွင်း လျှက် ပြည်သူလူထုလိုလားတောင့်တလျှက်ရှိသော ‘ငြိမ်းချမ်းရေး’ ကို အမိအရ ယူနိုင်ကြပါစေကုန်။

ကာတွန်း စည်သူကျော် ● ရုန်းမြဲ ... ပြုံးမြဲ ....

$
0
0

 ကာတွန်း စည်သူကျော် ● ရုန်းမြဲ ... ပြုံးမြဲ ....
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၆

တက္ကသိုလ်ရွှေရီဝင်း ● အင်ဒါဆင်၏ ဒဏ္ဍာရီ အဖြစ်

$
0
0

တက္ကသိုလ်ရွှေရီဝင်း ● အင်ဒါဆင်၏ ဒဏ္ဍာရီ အဖြစ်
(အတွေးအမြင်-အမှတ် (80) 1992 July)
(မိုးမခ) နို​ဝင်ဘာ ၂၊ ၂၀၁၆

“အင်ဒါဆင်အတွက် ရရှိသည့်ဆုလာဘ်မှာ ကမ္ဘာ့လူသားတို့ထံမှ ချစ်ခင်မှုဖြစ်သည်။”

အင်ဒါဆင် {Hans Andersen – (1805 – 1875)}

အင်ဒါဆင်ကို ဒိန်းမတ်နိုင်ငံတွင် ၁၈ဝ၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ သူရေးသားသော နတ်သမီးပုံပြင်တခုဖြစ်သည့် အရုပ် ဆိုးသောဘဲကလေး (Ugly Duckling) ဇာတ်လမ်းကဲ့သို့ပင် သူ့ဘဝမှာလည်း အလွန်ဆင်းရဲ၍ အရုပ်ဆိုးသော လူငယ်လေး တယောက်အဖြစ်မှ အလွန်နာမည်ကြီးသော စာရေးဆရာကြီးအဖြစ်သို့ ရောက်ရှိခဲ့သည်။ သူ၏ ကျော်ကြားမှုများမှာလည်း သူကိုယ်တိုင်က အရေးမကြီးဟု ထင်ခဲ့သော ရိုးရာပုံပြင်၊ စိတ်ကူးယဉ် နတ်သမီးပုံပြင်များကြောင့်သာ ဖြစ်သည်။ သူရေး သားသော ဝတ္ထုနှင့်ကဗျာများကို သူအလေးထားသော်လည်း ထိုကဗျာနှင့်ဝတ္ထုတို့မှာ လူသိနည်းခဲ့သည်။ သူသည် ပြဇာတ် လောကကို အလွန်စိတ်ဝင်စား မြတ်နိုးသည့်အလျောက် သူစာရေးခြင်းအတတ်ပညာကို မစတင်မီ၊ ဇာတ်ခုံတွင် သီချင်း ဆိုခြင်း၊ ကခြင်း၊ သရုပ်ဆောင်ခြင်း စသည့်အတတ်ကို ကြိုးစားပြီး သင်ယူကာ ဖြေဖျော်ခဲ့သည်။

● အရုပ်ဆိုးသော ဘဲကလေး
တခါက ဘဲမကြီးသည် သူဝပ်ထားသောဥများ အကောင်ပေါက်ချိန်သို့ရောက်သောအခါတွင် ဥတလုံးမှာ အကောင်မ ပေါက် သေးဘဲ ကျန်နေသည်ကို တွေ့ရသည်။ ထိုဥမှ အကောင်ပေါက်လာသောအခါတွင် အခြားဘဲများနှင့်မတူဘဲ အကောင်မှာ ကြီးကြီး၊ အရုပ်လည်း အလွန်ဆိုးနေသည်။

မိခင်ဘဲမကြီးသည် ထိုကလေးကို ကြက်ဆင်ဖြစ်နေမည်ဆိုး၍ ရေထဲချကြည့်လိုက်သောအခါ၊ ရေကောင်းကောင်းကူး တတ်သည်ကို တွေ့ရသည်။ ဘဲရုပ်ဆိုးကလေးမှာ အပေါင်းအသင်းဘဲတို့၏ နှိမ်ခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရသည်။ ထို့ကြောင့် သူ့မိသားစုနှင့် မနေတော့ဘဲ၊ တကောင်တည်း စွန့်စားပြီး ထွက်လာခဲ့သည်။

လမ်းတလျှောက်တွင် စွန့်စားခန်းများ မျိုးစုံနှင့် တွေ့ဆုံခဲ့သည်။ ဆောင်းတွင်း လွန်မြောက်၍ နွေရာသီသို့ရောက်လာသောအခါ ဘဲရုပ်ဆိုးလေးမှာ အလွန်ထွားလာသည်။ သူသည် ချောင်းထဲသို့ ရေကူးရန် ဆင်းလိုက်စဉ်၊ အလွန်လှသော ဘဲငန်းများက သူ့ထံသို့ ဝမ်းသာအားရ ကူးလာကြသည်။ ထိုအခါ ဘဲရုပ်ဆိုးလေးမှာ အံ့သြသွားပြီး၊ ထွက်ပြေးရန်ကြိုးစားစဉ်၊ သူ၏ အရိပ်ကို ရေထဲတွင် လှမ်း၍မြင်သွားသည်။ ရေထဲရှိ သူ၏အရိပ်မှာ အလွန်လှပသော ငွေရောင်ဘဲငန်းကြီး ဖြစ်လေသည်။ ဘဲရုပ်ဆိုး လေးမှာ အလွန်ဝမ်းသာသွားသည်။

အောက်တွင် ဖော်ပြမည့်အကြောင်းအရာလေးမှာ အင်ဒါဆင်၏ တကယ့်ဘဝတွင် တွေ့ကြုံရပုံ အဖြစ်အပျက်လေးဖြစ်ပြီး၊ သူရေးသားသော နာမည်ကျော် အရုပ်ဆိုးသောဘဲလေးဇာတ်လမ်းနှင့် အလွန်နီးစပ်သည်ကိုပြသရန် ပုံပြင်သဏ္ဍာန် ရေးသား ထားခြင်းဖြစ်သည်။

ဟိုးရှေးရှေးတုန်းက ဖိနပ်ချုပ်သမားလင်မယားတွင် သားလေးတယောက် ရှိသည်။ ထိုသူငယ်၏ဖခင် ဖိနပ်ချုပ်သမားသည် သူငယ်စဉ်ကပင် ကွယ်လွန်သွားသဖြင့် မိခင်မုဆိုးမနှင့် ဆင်းရဲစွာနေထိုင်ရသည်။ မိခင်မှာ နောက်အိမ်ထောင်ပြုခဲ့သည်။

ထိုဆင်းရဲသားလေးသည် သူ၏ဘဝတက်လမ်းအတွက် နန်းတော်သို့သွားကာ၊ အိမ်ရှေ့မင်းသားကို သွားရောက်တွေ့ဆုံသည်။ အိမ်ရှေ့မင်းသား၏ ရှေ့တော်မှောက်သို့ ရောက်သောအခါ၊ ဘုရင့်ဘုန်းတော်ဘွဲ့စပ်ဆိုထားသော သီချင်းများကို သီဆိုဖျော် ဖြေသည်။

အိမ်ရှေ့မင်းသားက ထိုသူဆင်းရဲသားလေးကို သနားသဖြင့်၊ မည်သည့်အလုပ် လုပ်လိုကြောင်း မေးသည်။ ကြောက်ရွံ့မှု မရှိသော တောသားလေးသည် ရဲဝံ့စွာဖြင့် “ကျွန်တော်မျိုးကို နန်းတွင်းကဇာတ်တွင် ပါဝင်ကပြအသုံးတော်ခံခွင့် ပေးသနားပါ” ဟု လျှောက်လေသည်။

အိမ်ရှေ့မင်းသားက တောသားလေးကို လှမ်းကြည့်လိုက်သောအခါ၊ အချိုးအစား မကျနလှသော ကိုယ်ခန္ဓာနှင့် နှာခေါင်းကြီး ကြီးပိုင်ရှင်၊ သနားစဖွယ် လုလင်ငယ်ကို တွေ့ရသည်။ ထို့်ကြောင့် အိမ်ရှေ့မင်းသားက အလွန်ယထာဘူတကျသော အ ဖြေကို ပေးလိုက်သည်။

“မင်းနဲ့ကိုက်မယ့် လက်သမားအတတ်ကို သင်ပါလား၊ အဲဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်ရင် မင်းအတွက် အ ကောင်းဆုံးပဲ” ဟူ၍ ဖြစ်သည်။

ရည်ရွယ်ချက်ကြီးမားသော လူငယ်သည် သူ့အိမ်သို့ ပြန်သွားကာ၊ သူ့မိခင်နှင့်ပထွေးဖြစ်သူကို နှုတ်ဆက်ပြီး၊ သူ့ရှေ့ရေး အတွက် အလုပ်ရှာထွက်ခဲ့သည်။

သူ့စိတ်ထဲတွင် နောင်နှစ်ပေါင်းများစွာကြာလျှင်၊ သူ့နာမည် ‘ဟင်း အင်ဒါဆင်’ (Hans Andersen) သည် လူတိုင်းပါးစပ် ဖျားတွင် ရေးပန်းစားနေရမည်ဟု ယုံကြည်နေသည်။ သူ့နာမည်သည် ကမ္ဘာတွင်ရစ်မည်ဟု ယုံကြည်နေသည်။ ထိုကဲ့သို့ ယုံကြည်ခြင်းမှာလည်း သူသည် နတ်သမီးပုံပြင်များကို ယုံကြည်သူဖြစ်သောကြောင့်ပင်။ ထိုနတ်သမီးပုံပြင်များမှာလည်း သူ့ဖခင်ထံမှ သူကြားခဲ့ဖူးခြင်း ဖြစ်သည်။

သူငယ်စဉ်က သူ့ဖခင်သည် အိပ်ရာဝင် ပုံပြင်များအဖြစ် တထောင့်တညပုံပြင်များကို အသံကျယ်ကျယ်ထွက်၍ ဖတ်ပြခဲ့ သည်။ ထိုပုံပြင်များကို ညတိုင်းနားထောင်ပြီး၊ သူ့ဖခင် ဖတ်ပြသော ပုံပြင်များကို တလုံးမကျန် သူမှတ်မိနေသည်။ ၎င်းပြင် နေ့လည်နေ့ခင်းတွင်လည်း အိမ်နီးနားချင်း၊ လက်လုပ်လက်စား၊ အိမ်ထောင်ရှင်မများ ဗိုင်းငင်ချည်ရစ်ရင်း ပြောကြသော ရိုးရာပုံပြင်ဇာတ်လမ်းများကို နားထောင်ခဲ့ရသည်။ ထို့ကြောင့် အင်ဒါဆင်သည် ထိုရိုးရာပုံပြင်များ၊ နတ်သမီးပုံပြင်များကို အလွန် သဘောကျ ယုံကြည်လေသည်။

ပုံပြင်များထဲတွင် မဖြစ်နိုင်သည့်အရာ မရှိပါ။ ကြိုးစားလျှင် နောက်ဆုံးတွင် ကိုယ်ဖြစ်ချင်သည့်အတိုင်း ဖြစ်ရသည်ချည်းပင်။ ထို့ကြောင့်လည်း သူကြားဖူးသောပုံပြင်များထဲကအတိုင်း နောင်တနေ့တွင် သူသည်လည်း နာမည်ကျော်ကြားသော စာ ရေးဆရာကြီး ဖြစ်မည်ဟု ယုံကြည်သည်။

ထိုအချိန်က ဒိန်းမတ်နိုင်ငံတွင် ရှေးရိုးရာပုံပြင်များ အလွန်ပေါကြွယ်ခဲ့သည်။ ထိုပုံပြင်များထဲမှ အင်ဒါဆင် မွေးဖွားရာ ‘အိုဒင်း’ (Odense) မြို့ရှိ ပုံပြင်တခုမှာ --- နတ်သမီးလေးတပါးသည် လူယောင်ဖန်ဆင်း၍ သူ့ချစ်သူလူသားနှင့် လူ့ပြည်တွင် မကြာ မကြာ တွေ့ဆုံသည်။ တနေ့တွင် နတ်သမီးလေးသည် ဘဝတူသွားစေရန်၊ ကပွဲတခုတွင် တွဲ၍ကကြရင်း၊ လူသားမှာ မနား တမ်းကရသဖြင့်၊ မောပန်းလာကာ အသက်သေဆုံးသွားရသည်။ သူတို့နှစ်ယောက်သည် နောင်ဘဝတွင် ပေါင်းဆုံကြရ လေသည် --- ဟူသည့် ဇာတ်လမ်းတခုလည်း ပါဝင်သည်။

အင်ဒါဆင်အတွက် ပုံပြင်ရေးစရာ ဘဝနှင့်ယှဉ်ပြီးတွေ့ကြုံရသည့် ဇာတ်လမ်းများလည်း ရှိသည်။ တနေ့တွင် လူကုံထံအမျိုး သမီးတဦးသည် အင်ဒါဆင်၏ ဖခင်ထံသို့ ပိုးသားအနီရောင် ဖိနပ်တရံ လာ၍အပ်နှံသည်။ ဖိနပ်ချုပ်သမားတယောက်အဖို့ ဤမျှ တန်ဖိုးရှိသောဖိနပ်တရံကို ချုပ်ပေးရမည်ဆိုပါက ငွေကြေးများစွာ ရမည်ဖြစ်သည်။ ထို့ကြောင့်လည်း အလွန်လှပသော ပိုးသားဖိနပ်နီလေးကို လှပစွာချုပ်ပေးခဲ့သည်။ သို့သော် လူကုံထံအမျိုးသမီးသည် ဖိနပ်ချုပ်ခကို မပေးဘဲ နေလေသည်။ ထို့ကြောင့် ဖိနပ်ချုပ်သမား၏သားငယ်သည် သူ့ဖခင်၏လုပ်အားခကို ခေါင်းပုံဖြတ်သွားသော အမျိုးသမီးအပေါ် မကျေမ နပ်နှင့် သူကြားဖူးပြီး အလွတ်ရနေသော အိုဒင်းအရပ်ရှိ ရိုးရာပုံပြင်ကို ပေါင်းစပ်ပြီး၊ ဇာတ်လမ်းများ ရေးလေတော့သည်။

ထိုဇာတ်လမ်းသည် ယခုအခါတွင် လူတော်တော်များများ ဖတ်ဖူးပြီး၊ ရုပ်ရှင်အဖြစ်ပြသခဲ့သော နာမည်ကျော်ကြားသော ‘ဖိနပ်နီနီလေး’ (Red Shoes) ဇာတ်လမ်းပင် ဖြစ်သည်။
ပင်ကိုထူးချွန်မှု အနုပညာအခြေခံရှိသော အင်ဒါဆင်အတွက် သူကြားဖူးခဲ့သော နတ်သမီးပုံပြင်လေးများကို လူ့ဘဝနှင့် ပေါင်းစပ်၍ ဇာတ်လမ်းများ ရေးသားခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူ့ပုံပြင်များတွင် အမှန်တရားသည် အမြဲပါဝင်လျက် ရှိသည်။

ဟင်း အင်ဒါဆင်၏မိခင်သည် ငယ်စဉ်က တောင်းရမ်းစားသောက်ရန်အတွက် လမ်းပေါ်သို့ နှင်ထုတ်ခြင်းခံရသည်။ တောင်း ရမ်းစားသောက်ရန်ရှက်သော ထိုမိန်းကလေးသည် တံတားအောက်တွင်ပုန်းရင်း ချမ်းအေးမှုဒဏ်ကို အလူးအလဲ ခံခဲ့ရလေ သည်။ အိမ်သို့လည်း မပြန်ရဲချေ။ ထို့ကြောင့် ထိုမိန်းကလေး၏ဘဝသည် မလှပခဲ့ချေ။ အင်ဒါဆင်သည် မိခင်၏အဖြစ်ကို သနားသည်။ လောကကြီးကိုလည်း စိတ်နာခဲ့သည်။ ထို့ကြောင့်သူ၏ နာကြည်းမှုကိုဖော်ကျူးသော “ဘဝပေးမကောင်း သူလေး” (She Is No Good) ဇာတ်လမ်းနှင့် “မီးခြစ်သည်မလေး” (The Little Match Girl) ဇာတ်လမ်းကို ရေးခဲ့သည်။

အင်ဒါဆင်၏ ဖခင်၏ ကျန်းမာရေးမှာ မကောင်းလှချေ။ တနေ့တွင် သူသည် ပြတင်းပေါက်မှနေ၍ ဆီးနှင်းများကျနေသည်ကို စိတ်ဝင်တစား ကြည့်နေစဉ်၊ သူ့ဖခင်က အဖြူရောင် မိန်းမပုံသဏ္ဍာန်တခုကို လက်ညှိုးထိုး၍ ပြခဲ့သည်။ “အဲဒါ နှင်းဘုရင်မပဲ၊ အဲဒီ နှင်းဘုရင်မဟာ မကြာခင် ငါ့ဆီကိုလာလိမ့်မယ်” ဟု ဖခင်ဖြစ်သူက ပြောခဲ့လေသည်။ လများမကြာမီ သူ့ဖခင် သေ ဆုံးသွားခဲ့သည်။ ကလေးဘဝသာရှိသေးသော အင်ဒါဆင်အတွက် ငယ်စဉ်ကပင် စိတ်ကူးယဉ်ဆန်သော အဖြစ်အပျက်ကို တကယ့်အဖြစ်အပျက်အဖြစ် တွေ့ရလေသည်။

အင်ဒါဆင် အသက် (၁၄) နှစ်တွင် ကြင်နာမှုခေါင်းပါးသော ပထွေးနှင့် သူ့ကို လက်သမားအတတ်သင်ရန် အကြံပြုသော အိမ်ရှေ့မင်းသားကို မကျေမနပ်ဖြစ်ကာ၊ သူ့ရှေ့ရေးအတွက် အလုပ်ရှာရန် ခရီးထွက်ခဲ့သည်။ သူသည် အလုပ်အတွက် နေရာမရွေး သွားရောက်ကာ အလုပ်ရှာခဲ့သည်။ အကပညာရှင် အမျိုးသမီးတဦးထံတွင် အကပညာကို သင်သကဲ့သို့ ပြဇာတ် ဇာတ်လမ်းများကိုလည်း ရေးပြ၊ ဖတ်ပြသည်မှာ အကြိမ်ပေါင်း မနည်းတော့ပေ။ သူ့ဖခင် ထုလုပ်ပေးသော ရုပ်သေးရုပ်များကို အသုံးပြုကာ၊ ဇာတ်လမ်းများ ရေးသား၍ တင်ပြခဲ့သည်။

အင်ဒါဆင် နေရသောနေရာမှာ အိမ်တအိမ်၏ အပေါ်ဆုံးထပ် အထပ်ခိုးလေးတွင် ဖြစ်သည်။ ထိုအထပ်ခိုးလေးမှတဆင့် မြို့၏မြင်ကွင်းကိုဆီး၍ကောင်းကောင်းမြင်ရသည်။ ထို့အပြင် လမင်းကြီးနှင့်လည်း ရင်းနှီးမှုရခဲ့သည်။ ထိုအတွေ့အကြုံမှ “လ မင်းကြီး၏ မြင်ကွင်း” (What The Moon Saw) ဇာတ်လမ်းများ ရေးခဲ့သည်။ ၎င်းပြင် “လမ်းဘေးမီးတိုင်” (The Old Street Lamp) ဇာတ်လမ်းလည်း ရေးသားခဲ့သည်။

အင်ဒါဆင်သည် သူ၏အနုပညာတန်ဖိုးကို မသိခဲ့ပါ။ သူ့ကဗျာများ၊ လွမ်းဆွေးဖွယ်ရာ ဇာတ်လမ်းများနှင့် အချစ်ဇာတ်လမ်း များသည် ပြန်ပြောများဟုသာ ထင်ခဲ့သည်။ ထိုရှေးပုံပြင် ဇာတ်လမ်းများ၏ တန်ဖိုးကို အင်ဒါဆင် မသိခဲ့ပါ။

ထိုဇာတ်လမ်းများထဲတွင် အဖိုးတန်သောအရာများ ပြည့်နေသည်ဟု မြင်သောသူမှာ နန်းတွင်းပြဇာတ်ရုံမှ အုပ်ချုပ်ရေးမှုး ဂျိုနပ်ကောလင်း (Jonas Collin) ဖြစ်သည်။ ထိုအုပ်ချုပ်ရေးမှုးက စာရေးဆရာပေါက်စ အင်ဒါဆင်အတွက် ပညာသင်စရိတ် ထောက်ပံ့မှုရအောင် ကူညီခဲ့သည်။

အင်ဒါဆင်သည် အဲဆီနို(Elsinore) နန်းတော်အတွင်းရှိ ကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ ထိုကျောင်းတွင် သူ၏ဆရာမှာ ဆိုင်မွန်မေးစလင်း (Simon Meisling) ဖြစ်သည်။ မအောင်မြင်သော ကဗျာဆရာ ဆိုင်မွန်မေးစလင်းသည် အင်ဒါဆင်၏ မွေးရာပါပညာကို သတိထားမိသောအခါ အင်ဒါဆင်ကို နှိမ်ရန်အတွက် ၁ဝ နှစ်အောက်ကလေးများ တက်သောသင်တန်းကို တက်စေသည်။ ထိုသင်တန်းတွင် အက္ခရာသင်္ချာ၊ ဂီသြမေတြီ၊ ဂရိနှင့် ဟီးဗရူးဘာသာ သဒ္ဒါများကို သင်ကြားစေသည်။

အင်ဒါဆင်သည် သူနှင့်မဆိုင်သောဘာသာကိုပင် ကောင်းမွန်စွာ သင်ကြားခဲ့သည်။ သို့သော် မေးစလင်းသည် သူ့ကို စာ မေးပွဲ မအောင်မြင်ဟု နှိမ်ချကာ ပြောဆိုခဲ့သည်။ စိတ်ကောင်းမရှိသူအဘိုးကြီးသည် တဖက်ကလည်း အင်ဒါဆင်ကို လက် လွတ်မခံနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ထိုအဘိုးကြီး၏သားငယ်သည် အင်ဒါဆင်၏ပေါင်ပေါ်တွင်ထိုင်ကာ၊ အင်ဒါဆင် ပြောပြသမျှ နတ်သမီးပုံပြင်များကို ငြိမ်သက်စွာ စိတ်ပါဝင်စားပြီး၊ နားထောင်ခဲ့၍ ဖြစ်သည်။

ထိုပုံပြင်များသည် နောင်အခါတွင် ကမ္ဘာ့ဂန္တဝင်စာပေများ ဖြစ်လာမည်ကို ထိုကလေးငယ်ရော၊ အင်ဒါဆင်ပါ မသိခဲ့ချေ။

ထိုမှ အင်ဒါဆင်သည် ကိုပင်ဟေဂင်ရှိ ကျောင်းသို့ရွေ့ပြောင်းခဲ့သည်။ ထိုနေရာတွင်လည်း အင်ဒါဆင်အတွက် အဆင်ပြေပြီး၊ ခင်မင်မှုရသည်မှာ ကလေးများသာ ဖြစ်သည်။ ထိုအရွယ်စုံကလေးများက သူ့ပေါင်ပေါ်တွင်ထိုင်ကာ ပုံပြင်ပြောပြရန် ပူဆာ ခဲ့ကြသည်။

အင်ဒါဆင်သည် သူစိတ်ကူးရရာ စွန့်စားခန်းပုံဝတ္ထုများကို ပြောခဲ့သည်။ ၎င်းတို့ထဲတွင် “နှင်းလူ” (A Snow Man)၊ “ခရစ္စမတ် သစ်ပင်” (A Christmas Tree)၊ “ဒိန်းမတ်သဲလူ” (The Danish Sandman)၊ “သံဖြူရုပ်စစ်သား” (Tin Soldier)၊ “ရေသူ မလေး” (The Mermaid) နှင့် “မျက်စိပိတ်ကြီး” (Ole Shut-eye) တို့ပါဝင်သည်။

သူပြောပြသော ပုံပြင်များသည် အလွန်စိတ်ဝင်စားစရာကောင်းသဖြင့် နားထောင်သူတို့သည် သံဖြူစစ်သားလေး၏ စစ်ချီသံ၊ နန်းတွင်းရှိ မြင်းသည်တော်တို့၏ မြင်းခွာသံများကို နားထဲတွင် ကြားယောင်ပြီး၊ မျက်စိထဲတွင်လည်း မြင်စေနိုင်သည်အထိ အစွမ်းထက်လေသည်။ ၎င်းပြင် စက္ကူအရုပ်မျိုးစုံကိုလည်း ကိုယ်တိုင်ညှပ်၍ ပုံပြင်များ ပြောပြတတ်သည်။ ထိုစက္ကူပုံများသည် အိုဒင်းမြို့ရှိ အင်ဒါဆင်ပြတိုက် (Andersen Museum) တွင် ယနေ့တိုင် တွေ့ရှိနိုင်သည်။

ကောလင်းမိသားစုတို့သည် အင်ဒါဆင်အပေါ်တွင် မျိုးဆက်သုံးဆက်တိုင်အောင် စောင့်ရှောက်ခဲ့သည်။ သူတို့သည် အင်ဒါဆင်၏ ရည်ရွယ်ချက်ဖြစ်သော စာရေးသားခြင်းကို စွန့်လွှတ်ရန် တိုက်တွန်းသည်။ အင်ဒါဆင်ကို နန်းတော်တွင် သွားရောက်ကာ အမှုထမ်းစေလိုသည်။ အင်ဒါဆင်က လက်မခံခဲ့ပါ။

ထွက်လာသော စာအုပ်တအုပ် ဖြစ်သည်။ သို့သော် ကလေးလူငယ်များက အလွန်ကြိုက်နှစ်သက်ကြကာ၊ ထိုကဲ့သို့  ပုံပြင်စာ အုပ်မျိုးကို ထပ်မံတောင်းဆိုလာကြသည်။ အင်ဒါဆင်သည် သူ့ပညာကို အထင်တကြီး တောင့်တကြသည်ကို တွေ့ရသဖြင့် သူ၏ ပုံပြင်ရေးသားခြင်းအလုပ်ကို အထင်ကြီးလာသည်။ လေးစားမှုရှိလာသည်။ “အင်း-- အခုတော့ ကျုပ်ဟာ ကျုပ် ဘာလုပ်ရမယ်ဆိုတာ သိပါပြီ။ ကျုပ်က လူကြီးတွေအတွက် စိတ်ကူးပြီး အကြံဉာဏ်ပေးစရာတွေ ရှာရမယ်။ နောက်ပြီး အဲဒီ အကြောင်းအရာတွေကို ကလေးတွေအတွက် ရေးပြရတယ်။ တကယ်က ကလေးတွေအတွက် ရေးတာဆိုပေမယ့် ဒီအ ကြောင်းတွေကို ကလေးတွေရဲ့ မိဘတွေက နားထောင်နေကြတယ်ဆိုတာ သိထားဖို့လိုတယ်”

ထိုအချိန်မှစ၍ နှစ်ပေါင်း ၁၇ နှစ်တိုင်တိုင် ခရစ္စမတ်အချိန်တိုင်းတွင် ဟင်း အင်ဒါဆင်၏ နတ်သမီးပုံပြင်များ စာအုပ်အသစ်များ ထွက်ပေါ်လာခဲ့သည်။ ထိုပုံပြင်များထဲတွင် အလွန်လှပပြီး၊ ရောင်စုံခြယ်မှုန်းထားသော တကယ့်ဖြစ်ရပ်နှင့်ဆက်နွယ်နေသော ပုံများ၊ ဝမ်းနည်းစရာကောင်းသော ဝတ္တုဇာတ်လမ်းများ၊ ရယ်မောပျော်ရွှင်စရာနှင့် မှတ်သားစရာကောင်းသော  အဖြစ်အ ပျက်များကို ကလေးများ မကြားဖူးသေးသော ဇာတ်လမ်းသစ်များဖြင့် တန်ဆာဆင် ရေးသားထားလေသည်။

အင်ဒါဆင်၏ ပုံပြင်များသည် လူ့ဘဝနှင့် နီးစပ်၍ မှန်ကန်မှုများကို ဖော်ကျူးကြသည်။ ဥပမာပြောရလျှင် စာဖတ်သူတို့အားလုံး ရယ်မောနှစ်ခြိုက်ကြရသော---“ဘုရင်ဧကရာဇ်၏ ဝတ်လဲတော်အသစ်” (The Emperor’s New Clothes) ပုံပြင်ဆိုလျှင် အလွန်နာမည်ကြီး၍ သင်ခန်းစာပေးသော ပုံပြင်လေး ဖြစ်ခဲ့သည်။
    
ထိုပုံပြင်ထဲတွင် ဘုရင်ကြီး၏ စေခိုင်းချက်အရ ပညာလည်းမရှိ၊ စဉ်းစားဥာဏ်လည်း နည်းပါးသော လူလိမ်နှစ်ယောက်က ဘုရင်မင်းမြတ်အတွက် ဝတ်လဲတော်အသစ်တစုံ ရက်လုပ်ကြလေသည်။ နန်းတွင်းသူ၊ နန်းတွင်းသားတို့သည် ရက်ကန်း စင်တွင် ချည်လုံးဝမပါဘဲ ဝတ်လဲတော်ရက်လုပ်နေကြသည်ကို တအံ့တသြနှင့် ချီးမွမ်းကြသည်။ တကယ့်အဖြစ်မှန် ကို ပြောလျှင် အထင်သေးခံရမည်၊ အပြစ်တင်ခံရမည်စိုး၍ ဟန်ဆောင်ကာ နေကြသည်။ ဘုရင်ကြီးမှာလည်း သူကိုယ်တိုင်မှ ဘာမှမမြင်ရသော ဝတ်စုံကို ဝတ်ဆင်ကာ တိုင်းခန်းလှည့်လည်ခဲ့သည်။ ထိုအခါ တိုင်းသူပြည်သားများကလည်း ဘုရင့်ကိုယ် ပေါ်တွင် အဝတ်အစားမပါသည်ကို သိသော်လည်း၊ တကယ့်အဝတ်အစား လှလှပပ ဝတ်ဆင်ထားသည်ကို တွေ့ရသကဲ့သို့ ဟန်ဆောင်ကာ အံ့သြတကြီး ချီးမွမ်းကြသည်။ ထိုကဲ့သို့ လိမ်ညာပြောဆိုသူများထဲတွင် မပါဝင်သည်မှာ အပြစ်ကင်းစင်သော ကလေးငယ်တယောက်သာ ရှိသည်။ ထိုကလေးက “မေမေ ဟိုမှာ ဘုရင်ကြီး ဘာမှလည်း မဝတ်ထားပါလား” ဟု ပြောခဲ့ သည်။ ထိုပုံပြင်လေးသည် လောကကြီးတွင် ဟန်ဆောင်မှုများ များပြားလာသည့်အခါတိုင်း၊ ဆန်းသစ်ကာ မရိုးနိုင်သော ပုံပြင်လေး ဖြစ်ခဲ့သည်။
  
အင်ဒါဆင်သည် နာမည်ကျော်ကြားလာသည့်အချိန်တွင် သူငယ်စဉ်က နန်းတော်တွင် အလုပ်သွားတောင်းခဲ့သော ဘုရင့် သားတော် အိမ်ရှေ့မင်းသားမှာ ဘုရင်အဖြစ်သို့ ရောက်နေပြီဖြစ်သည်။ ထိုဘုရင်ကြီးသည် အင်ဒါဆင်ကို နန်းတော်တွင်လာ ရောက်အမှုထမ်းရန် အခေါ်လွှတ်ခဲ့သည်။ ထိုအခါတွင်လည်း အင်ဒါဆင်က “ကျွန်တော်မျိုးမှာ အလုပ်ရှိပါပြီ” ဟု ရိုးသားစွာ ပြန်ဖြေခဲ့သည်။

အင်ဒါဆင်အတွက် ရရှိသည့်ဆုလာဘ်မှာ ကမ္ဘာ့လူသားတို့ထံမှ ချစ်ခင်မှု ဖြစ်သည်။ ရုပ်မလှသော်လည်း ချိုသာသော မျက် နှာပိုင်ရှင် အင်ဒါဆင်ကို သူ့မိတ်ဆွေကလေးအပေါင်းက အလွန်ချစ်ခင်ကြသည်။ သူ့ပုံကို တွေ့လိုက်သည်နှင့် မှတ်မိကြ သည်။ သူရေးသားသော ပုံပြင်စာအုပ်များသည် သမ္မာကျမ်းစာအုပ်ပြီးလျှင် ဘာသာစကားပေါင်းများစွာဖြင့် ဘာသာပြန်ဆိုခြင်း ခံရသော စာအုပ်စာရင်းတွင် ထိပ်က ပါဝင်သည်။ ဥရောပနန်းတွင်းတွင်လည်း သူ့ကို တလေးတစားဖြင့် နေရာပေးကာ ချီးမြှင့်မြှောက်စားခြင်းခံရသည်။ ကမ္ဘာကျော် စာရေးဆရာကြီးများဖြစ်သော ချားလ်ဒစ်ကင်း (Charles Dickens 1812 – 1870)၊ ဗစ်တာဟူးဂိုး (Victor Hugo 1802 – 1885) တို့က သူ့ကို စာရေးဆရာတယောက်ဟု အသိအမှတ်ပြုကြသည်။

သူမွေးဖွားရာဇာတိ အိုဒင်းသို့ အင်ဒါဆင် ပြန်ရောက်သောအချိန်သည် သူ ထိုမြို့မှ ထွက်ခွာပြီး နှစ်ပေါင်း (၅ဝ) ကျော်ပြီးမှ ဖြစ်သည်။ ထိုအချိန်သည် သူ့အတွက် အပျော်ဆုံးအချိန်များ ဖြစ်ခဲ့သည်။ အိုဒင်းမြို့သားအားလုံးသည် သူ့ကို ဖိနပ်ချုပ်သမား၏သား တဖြစ်လဲ နတ်သမီးပုံပြင်များ၏ ဖန်တီးရှင် မင်းသားလေးအဖြစ် တခမ်းတနား ကြိုဆိုကြသည်။ ထိုအခါတွင် သူ့ရင်ထဲမှထွက်ပေါ်လာသော စကားမှာ “ဘုရားသခင်နှင့် လူသားအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော် မေတ္တာပို့ပါတယ်” ဟူ၍ ဖြစ်သည်။

(1952 ခုနှစ်ထုတ် Reader’s Digest မှ Donald and Louise Peattie ၏ Hans Christian Andersen’s Own Fairy Tale ကို ပြန်ဆိုပါသည်။)
                                    
တက္ကသိုလ်ရွှေရီဝင်း

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းမျာစွာ - အပိုင်း (၃၈)

$
0
0
 

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းမျာစွာ - အပိုင်း (၃၈)
(မိုးမခ) နိုဝင်ဘာ ၂၊ ၂ဝ၁၆

● ချစ်ခင်၍ ပျော်ရွှင်သူများ
ထိုစဉ်က ဆေးတက္ကသိုလ် ၂ ရှိရာ မင်္ဂလာဒုံမှ မြို့ ထဲသို့သွားလိုလျှင် စီးစရာလိုင်းကားက အမှတ် ၉ ဟီးနိုးလိုင်းသာရှိသည်။ မိမိနှင့် စောသိန်းဝင်း (မြောင်းမြ) တို့နှစ်ယောက် မိန်းထဲဟု မိမိတို့ဆိုလေ့ရှိသော ပင်မတက္ကသိုလ်ထဲသို့ ဘာရယ်မဟုတ် လျှောက်လည်ရန် ထွက်လာသည်။ ထိုစဉ်ကမိမိနှင့်စောသိန်းဝင်း နှစ်ယောက်ပေါင်းမိလျှင် အရည်မရအဖတ်မရ တခုမ ဟုတ်တခုတော့ လုပ်တတ်ကြသည်။ ပြောရလျှင် ပျင်းလို့ထွက်လည်ရအောင်ဆိုသည့် အကြောင်းပြချက်နှင့်လည်း ထွက် လည်တတ်သည်။ တခါကလည်း မိမိနှင့် စောသိန်းဝင်းနှစ်ယောက်ကျောင်းရောက်ခါစ အပြင်ထွက်လာရင်း မိမိတို့အတန်းက နေ့ကျောင်းသူတဦး ကားဂိတ်တွင် တွေ့၍ "ဘယ်နားနေသလဲ မသိဘူးကွ လိုက်ကြည့်ရအောင်"ဆိုပြီး လိုက်ကြည့်ဘူးသည်။ ထိုကျောင်းသူက ၈ မိုင်မှတ်တိုင်မှတ်တိုင်မှာဆင်းတော့ မိမိတို့လိုက်ဆင်းသည်။ပြီးတော့ သူမအိမ်ဘယ်နားလဲလိုက်ကြည့်ကြ သည်။ တက္ကသိုလ်ရောက်စ အားအားယားယား လျောက်လုပ်ခြင်းလဲဖြစ်သည်။ နောက်ပိုင်း ဒီကိစ္စသိသွားသော အတန်းဖေါ် ကျောင်းသူများက မေးကြသည်။ "နင်တို့နှစ်ယောက် ဘယ်သူလိုက်နေတာလဲ သူ့ကို"ဟု အမေးခံရသည်။ အမှန်မှာတော့ ဘယ်သူမှမလိုက်ပါ မနေနိုင် မထိုင်နိုင် စပ်စုခြင်းသာဖြစ်သည်။

ထိုနေ့ကလည်း မိမိနှင့်စောသိန်းဝင်းနှစ်ယောက် မြို့ထဲထွက်ကြတော့ကားဂိတ်တွင် စီနီယာအတန်းမှ အမကြီးများနှင့် ဆုံ သည်။ အမကြီးတယောက်က ကျင်ခိုးမာန်မုန်းဟု ခေါ်သည်။ သူမဖခင်က စစ်တပ်မှ ဗိုလ်မှူးကြီး ခင်ဇာမုန်ဖြစ်သည်။ ချင်းလူ မျိုးများဖြစ်သည်။ နောက်အမကြီးတယောက်က မတင်တင်ညီဖြစ်သည်။ သူတို့က မိမိတို့ကျောင်းရောက်ခါစက တတိယနှစ် ဆေးလား နောက်ဆုံးနှစ်အပိုင်းကလား မသိ။ မိမိတို့ထက် များစွာစီနီယာကျသည်။ ထိုအမများက ခရစ်ယာန်ဘာသာဝင် များဖြစ်ကြသည်။ မိမိတို့အား "နင်တို့ ဘယ်သွားကြမလို့လဲ"ဟု မေးရာ "ဘယ်ရယ်မဟုတ်ဘူး လျှောက်လည်မလို့"ဆို လိုက်ရာ "လာ ငါတို့နဲ့လိုက်ခဲ့ကြ ဘိုးဘွားရိပ်သာ သွားလှူမလို့"ဆိုသဖြင့် မိမိတို့လည်း ပါသွားကြသည်။

သို့နှင့် ကန်တော်မင်ရှိ ခရစ်ယန်လူအိုရုံသို့ရောက်သွားသည်။ ခရစ်ယန်ရိုမန်ကက်သလစ်ဘာသာဝင် သီလရှင်များက ကြီးမှူးစောင့်ရှောက်ကြသည့် ဘိုးဘွားရိပ်သာဖြစ်သည်။ မိမိတို့ ဆေး ၂ က ခရစ်ယာန်ဘိုးဘွားများကိုအကျွေးအမွေးဖြင့် အလှူ လုပ်ကြပြီးတော့ ဂီတာတလုံးဖြင့် အဖိုးအဖွားတွေတယောက်ချင်းဆီ ဓမ္မတေးလိုက်ဆိုကြသည်။ အဖိုးအဖွားတို့လည်း အပြုံး ပန်းဝေ၍ လိုက်ဆိုကြသည်။ ငယ်ဘဝကို မိသားစုဘဝကိုလည်းကောင်း၊ ပြန်လည်တသရရှိကြပုံပေါ်သည်။ ဤသို့ဆေး ၂ က ခရစ်ယာန်မိသားစုဝင်များနှင့် ပျော်ရွှင်စိတ်ချမ်းမြေ့ရသောအချိန်များလည်း တသဘွယ်ဖြစ်သည်။

မိမိရန်ကုန်ပြန်ရောက်ပြီးနောက် တခုသောခရစ်မတ်တုန်းက ထိုကန်တော်မင် ခရစ်ယန်လူအိုရုံသို့သွား၍ အလှူဒါနပြု ခဲ့ သေးသည်။ တခါက ဆေး ၂ ခရစ်ယာန်မိသားစုများ အမှတ်တရအနေနှင့်ဖြစ်သည်။ မကျင်ခိုးမာန်မုန်ကတော့ ဘယ်ဆီရောက် နေသည် သတင်းမကြားရ။ မတင်တင်ညီကတော့ သူ၏အတန်းဖေါ် မိမိသူငယ်ချင်း၏အကို ဒေါက်တာလှချိုနှင့် အိမ်ထောင် ကျ ပြီး သားသမီးများဖြင့် ပျော်စရာကောင်းသည့် အသိုက်အမြုံ လေးတည်ဆောက်ခဲ့သေးသည်။ သို့သော် ခုတော့မရှိရှာတော့ ဦးဏှောက်ကင်ဆာနှင့် ကွယ်လွန်သွားရှာခဲ့ပေပြီ။ တချိန်တခါကတော့ ပျော်ရွှင်စိတ်ချမ်းမြေ့ဘွယ်အချိန်ကလေးများ ရှိခဲ့ပါ သည်။

● ကိုလေးနှင့် ငဆွေး
ထိုအချိန်ကာလက အမျိုးသားဆောင်တွင် လူသိများသူထဲတွင် ကိုလေးနှင့်ငဆွေးတို့လည်းပါသည်။ ဆွေးရိပ်သန်းနေသော သူအား ငဆွေးဟုဝိုင်းခေါ်ကြ၍ နာမည်ရင်းပင် ပျောက်နေသည်။ နာမည်ရင်းက ကိုကျော်ဇေယျဟုထင်သည်။ ဂီတာတီး ကောင်းသည့်အပြင် ကိုယ်တိုင်သီချင်းရေးကောင်းကြသူများ ဖြစ်သည်။ ကျောင်းကလုပ်သည့်ပွဲတိုင်းလိုလိုတွင် သူတို့ ၂ ယောက် ပါဝင်သီဆိုလေ့ရှိသည်။ ဒီအတိုင်းလည်း အဆောင်တွင် ဆိုလေ့တီးလေ့ ရှိကြသည်။ ကိုလေးရဲ့ "သီတာသူ"သီချင်း ကတော့ အားလုံးလိုလိုနားယဉ်သည့် အဆောင်ကကျောင်းသားများ သီတာဆောင်ရှေ့သွားအော်ဆိုလေ့ရှိသည့် သီချင်းတ ပုဒ်ဖြစ်သည်။

"သိပ်ချစ်ရတယ် သီတာရယ်ဖွင့်ပြောဖို့ အခွင့်အရေးမလွယ် ဝေးလွန်းလှပါတယ်"ဆိုသော ကိုလေးစပ်သည့်သီချင်းကို သံ သာသာနှင့် ဆိုသူလည်းရှိသည်။ သံပြဲနှင့် အော်သူလည်းရှိသည်။ သံကြောင်နှင့်ဟစ်သူလည်းရှိသည်။ ဤသို့ဆိုကြ ဟစ်ကြ ရင်း မိမိတို့ အမျိုးသားဆောင်မှ အမျိုးကောင်းသားများ သီတာသူများနှင့် ဖူးစာဆုံသွားကြသည်မှလည်း မနည်းလှပေ။

မူရင်းသီချင်းပိုင်ရှင်နှစ်ယောက်ကတော့ သီတာသူများနှင့် ဖူးစာဆုံပုံမရပေ။ ဂစ်တာကို စွဲမြဲစွာတီးခတ်ရင်း သီဆိုရင်း ရေးစပ် သီကုံးရင်း နှစ်ယောက်စလုံး ဆရာဝန်ဖြစ်သွားကြသည်။ အစိုးရဆေးရုံများတွင် ဝင်လုပ်ကြသည်ကြားရသည်။ ယခုတော့ ပင်စင်ယူလောက်ကြပေပြီ။ ဆိုကြ တီးကြ မှုတ်ကြနှင့် ပျော်ရွှင်စရာ အချိန်ကာလများဖြစ်ခဲ့သည်။ အမျိုးသားဆောင်ကြီး စည်ပင်ခဲ့သော အချိန်ကာလများဖြစ်သည်။

● ကျောင်းမဂ္ဂဇင်း
ဆေး ၂ က နှစ်လည်မဂ္ဂဇင်းပုံမှန်ထွက်သည်။ ကျောင်းမဂ္ဂဇင်းတွင်မျက်နှာဖုံးပန်းချီတွင် နာမည်ရသည့် ပရော်ဖက်ရှင်နယ်တ ယောက်လို ရေးဆွဲနိုင်သူများလည်း ရှိသည်။ တယောက်ကတော့ ကိုစန်းမြင့်ဖြစ်သည်။ မိမိတို့ထက် လေးငါးနှစ်ခန့်စောသည်။ ယခုတော့ အင်္ဂလန်တွင် နှလုံးအထူးကုဆရာဝန်ကြီးဖြစ်နေသည်။ နောက်တယောက်က သန်းဝင်းဖြစ်သည်။မြောင်းမြသား သန်းဝင်းလည်း ထားဝယ်သူနှင့်အိမ်ထောင်ကျ၍ ထားဝယ်သားဖြစ်နေသည်မှာ အနှစ် ၃ဝ ခန့်ရှိပြီထင်သည်။ သူ့ကို ပါလေး ဟုလည်း ခေါ်ကြသည်။ နေရာတကာ ပါလွန်း၍လားတော့မသိ။ စပ်စပ် စပ်စပ်နှင့်နေရာတကာ ပါတတ်သူဖြစ်သလို သူပါသ မျှ ကိစ္စတိုင်းကိုလည်း နှံ့စပ်သည်။ ပန်းချီကောင်းကောင်းဆွဲတတ်သလို တီးတတ်မှုတ်တတ်သူလည်းဖြစ်သည်။ သူရေးဆွဲ သည့် အဖုံးနှင့်ကျောင်းမဂ္ဂဇင်းလည်း ထွက်ဘူးသည်။ သို့သော် သူတို့သည် ပန်းချီဖြင့် အသက်မွေးဝမ်းကျောင်းခြင်းတော့ မပြုခဲ့ကြပေ။

စာကဗျာတွင် ဝါသနာထုံသူများကတော့ မိမိတို့ထက် ၂ တန်းခန့်ကြီးသည့် အတန်းမှဖြစ်သည်။ ဖိုးတေနှင့် ဖိုးဇော်တို့ ဖြစ်ကြသည်။ သူတို့ နှစ်ဦးအနက် တဦးရေးသားသည့် (မမှတ်မိ) "ကြက်ပက်လက် ဝက်နဲ့ ဟက်တက်ကွဲတာနာသကွာ"ဆို သည့်ကဗျာက အဆောင်နေကျောင်းသားများကြား ရေပန်းစားသည်။ ထိုစဉ်က လေးကောင်ဂျင်ဝိုင်းများတွင် ကစားဖူးကြ သော ကျောင်းသားများအား ထင်ဟပ်သည့်ကဗျာဖြစ်သည်။ အဆောင်နေကျောင်းသားဘဝတွင် ဖဲဝိုင်းတို့ ဂျင်ဝိုင်းတို့က တခါမဟုတ် ပတ်သက်ဖူးကြသည်။ အဆောင်နေကျောင်းသားဘဝကို ကိုယ်စားပြုသည်ဟု ဆိုရမည်။ ဖိုးတေ (တောသား) က ကလောင်အမည်ဖြစ်ပြီး နာမည်ရင်းက ကိုမြတ်ထွန်းဖြစ်သည်။ ဖိုးဇော်၏အမည်ရင်းက ကိုဇော်ဝင်းဖြစ်သည်။ နာမည်ရင်း ထက် သူတို့ကလောင်အမည်ကို လူသိများသည်။ သူတို့နှစ်ဦးစလုံး ဆရာဝန်မဖြစ်ခဲ့ကြ။ ကျောင်းတုန်းက စာကဗျာ အလွန်ဝါ သနာထုံခဲ့ကြသော်လည်း နောင်စာပေနယ်မှာ မတွေ့ရပေ။ မြန်မာပြည်တွင် စာရေးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းဖို့ဆို သည်က မလွယ်လှပေ။

မည်သို့ဆိုစေ ဆေး ၂ နှစ်လည်မဂ္ဂဇင်းကတော့ စာသမား ကဗျားသမား ပန်းချီဆရာများဖြင့် သိုင်းသိုင်းဝိုင်းဝိုင်းရှိခဲ့ပေသည်။

● ၁၉၇၅ ဆေးတက္ကသိုလ် ၂
ဤသို့ လူငယ်ပီပီဘဝကို ပေါ့ပါးလွတ်လပ်စွာ ဖြတ်သန်းနေကြသော တဖက်ကကျောင်းစာ တဖက်ကဝါသနာပါရာ၌ မွေ့လျော်နေကြသောဆေး ၂ ကျောင်းတော်သူ ကျောင်းတော်သားများလည်း အများနည်းတူ သမိုင်းခေတ်များကိုဖြတ်သန်းရတော့သည်။ ၁၉၇၄ ဇွန်အလုပ်သမားအရေးတော်ပုံ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးတော်ပုံနေ့ရက်များကို ဖြတ်သန်း၍ ၁၉၇၅ ဇွန်၆ ၏ မိုးရေစက်များကို ထိတွေ့ရပေတော့သည်။

၁၉၇၅ ဇွန်လ၏ မိုးလေနှင့်အတူ မိုးရေစက်များက ဆေး ၂ ကျောင်းသားများအား ပက်ဖြန်းလိုက်သောအခါ ဆေး ၂ ကျောင်း သားတို့၏ သမိုင်းမှတ်တိုင်တခု ပေါ်ထွက်လာခဲ့သည်ဟုဆိုရပါမည်။

ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe (မောင်မောင်စိုး)

ကာတွန်း ဝင်းထွန်း ● မီးကြောင့် စိတ်ညစ်ရသူများ ပြုံးပျော်နိုင်ပါစေ ....

$
0
0

ကာတွန်း ဝင်းထွန်း ● မီးကြောင့် စိတ်ညစ်ရသူများ ပြုံးပျော်နိုင်ပါစေ ....
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၆

ကာတွန်း ဝင်းထွန်း (Mr Burma) ရဲ့ ကာတွန်းဟောင်းလေးပါ။ကာတွန်းဆရာလက်မှတ်အရ၁၉၈၇ ခုနှစ်လောက်ကရေးဆွဲခဲ့တယ်လို့ ယူဆရပါတယ်။ လတ်တလော မီးကြောင့် စိတ်ညစ်နေရသူများ ပြုံးပျော်နိုင်စေဖို့ မိုးမခပရိသတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ထွန်းဝင်းငြိမ်း ● ဂါ

$
0
0
ထွန်းဝင်းငြိမ်း ● ဂါ
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၆

ဂါရ၀ပြုတယ်
အပေးအယူလုပ်ရတယ်
အဘတွေ ကန်တော့ရတာကို
“ ဂါ ” တယ်လို့ ခေါ်တဲ့ခေတ်။

ဂါချီဘောက်လို့ ပြောကြတဲ့
ဂေါက်ဆိုတာ
ရူးကြောင်ကြောင်
ပေါကြောင်ကြောင်
ဘ၀င်ကြောင်တွေကိုခေါ်တာ
ဒါလည်း “ ဂါ ”ဘဲပေါ့။

ဆိုပါတော့
အခွင့်အလမ်းဆိုတာ “ဂါ” မှ
လုပ်ပိုင်ခွင့်ဆိုတာ “ဂါ” မှ
“ဂါ” ဆိုတာ အလွှာတခု
ပြုစုမထားတဲ့
ဝေါဟာရ တခုပေါ့။

“ဂါ” “ဂါ” ချင်း ထပ်တော့
မြတ်သတဲ့။
“ဂါ” အချင်းချင်း
“ဂါ” သတင်းလွေ့လွေ့ပေါ့။

“ဂါ” လမိုင်းကပ်ပြီး
“ဂါ” တံတိုင်းပတ်ကာ
“ဂါ” သမိုင်းအထပ်ထပ်
ရေးကြရော့မယ်။

“ဂါ” တွေဟာ နပိုလီယံဝတ်ရုံနဲ့
အန်ကယ်ဆမ် ဇာတ်ရုံကြီးမှာ
ဓါတ်ပုံသတင်းနဲ့
ဇာတ်စုံခင်းလို့ ရသွားပြီ။

“ ဂါ ” ပြီးရင်း “ ဂါ ”
အာ ပြီးရင်း အာ
ဟောဒီက
ပြည်မြန်မာဆိုတာ
“ ဂါ ” တို့ ရွာပေါ့။

“ ဂါ ” အတင်းအဖျင်းတွေနဲ့
“ ဂါ ” အပြင်းပြေစေဖို့
“ ဂါ ” န၀င်းကြေစရာ
“ ဂါ ” သတင်းပဒေသာတို့
“ ဂါ ” တခွင်လုံး ဖြာချေပြီ။

“ ဂါ ” အတိတ်
“ ဂါ ” နမိတ်တွေနဲ့
“ ဂါ ” တံဆိပ်တွေ ခတ်နှိပ်ပြီး
“ ဂါ ” စိတ်တွေသွင်းထားတဲ့
“ ဂါ ” ယင်း တွေ ထကြတော့မယ်။

အရင်ကလည်း “ ဂါ ” ရ
အခုလည်း “ ဂါ ” ရ
“ မဂါ ” ဘဲနဲ့ ဘာမှ မလာချင်နဲ့
ဆီ မလာ ပြား မလာဆိုတာ
“ ဂါ ” ဘာသာစကားပေါ့။

ဒီလိုနဲ့
“ ဂါ ” ကြားစေ့ရေးကာလကြီးမှာ
“ ဂါ ” ကိုရေချိုး
“ ဂါ ” ရိုးမီးလှုံ
“ ဂါတာတာ” နဲ့
“ ဂေါက်တောက်တောက်” တွေသာ
တောင်လိုပုံခဲ့ပေါ့။

ထွန်းဝင်းငြိမ်း
၂၊ ၁၁၊ ၂၀၁၆

ဝိုင်းစုခိုင်သိမ်း ရဲ့ “ ဂါ ” သီချင်း ဆက်စပ်အတွေးများ

တူမောင်ညို - “ ဥပဒေနဲ့ ညီညွတ်တဲ့ ပြည်သူ့ဆန္ဒ” ဆိုတာ ဘာလဲ

$
0
0


တူမောင်ညို - “ ဥပဒေနဲ့ ညီညွတ်တဲ့ ပြည်သူ့ဆန္ဒ” ဆိုတာ ဘာလဲ
(မိုးမခ) နိုဝင်ဘာလ ၃ ၊ ၂၀၁၆


“တပ်မတော်ရဲ့အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး ဆိုတာ တိုင်းပြည်ကို လုံခြုံအောင်လုပ်ဖို့၊ ပြည်သူကို ကာကွယ်ဖို့၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့၊ ဥပဒေနဲ့ညီညွတ်တဲ့ ပြည်သူ့ဆန္ဒကို ကာကွယ်ဖို့ ဖြစ်ပါတယ် ”

အောက်တိုဘာလ ၁၅ ရက်နေ့၊ (NCA) စာချုပ်နှစ်ပတ်လည် အခမ်းအနားမှာ ပြောတဲ့ ကာချုပ် ဗိုလ်မင်းအောင်လှိုင်ရဲ့ပြော စကားထဲမှာ ဖော်ပြပါ စကားရပ် ပါရှိပါတယ်။ ယခုဆောင်းပါးမှာ အထက်ပါပြောကြားချက်ကို ဝေဖန်ဆန်းစစ်ပါ့မယ်။

အပေါ်ယံ ဖြန်း ဖတ်ပြီး၊ အပေါ်ယံ ဖြန်းတွေးရင်တော့ ကာချုပ်ကြီး “ ဘရာဗိုး” လို့ အောင်ချင် အော်မိကြမှာပေါ့။ လက်ခုပ်တီး၊ လက်ခေါက်မှုတ်ချင်လည်း မှုတ်ကြမှာပေါ့။

ဒီပြောကြားချက်ထဲမှာ ပထမဆုံး သတိပြုထားရမယ့် အချက်က “တပ်မတော်”က ကာကွယ်ဖို့ စာရင်းတို့ထားတာထဲမှာ “အစိုးရ” ဆိုတဲ့ စကားလုံးမပါတဲ့ အချက်ပဲဖြစ်ပါတယ်။ တိတိကျကျပြောရရင် “ရွေးချယ်ခံအစိုးရ” ပေါ့။

ရယ်စရာတော့အကောင်းသား။ “ရွေးချယ်ခံအစိုးရ” ကို သေနတ်နဲ့ အာဏာသိမ်းပြီး အုပ်စိုးခဲ့ကြသူတွေက သူတို့ကိုယ် သူတို့ ကျတော့ “တပ်မတော်အစိုးရ” တဲ့။ အောက်တိုဘာ ၁၅ ရက်နေ့ ကာချုပ်ဗိုလ်မင်းအောင်လှိုင် ပြောတဲ့စကားထဲက တတိယအပိုဒ်မှာ “တပ်မတော် အစိုးရ” ဆိုတဲ့ စကားရပ်ကို သုံးထားတာပါသေးတယ်။

“ တပ်မတော်အစိုးရ”(သို့မဟုတ်) “တပ်မတော်ကအငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ပါတီတို့/ အစိုးရ တို့” ဆိုရင်တော့ စစ်တပ်က ရင်မြေကတုတ်လုပ်ပြီး အရိုးကျေကျေ အရေခန်းခန်း ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မှာတော့ သိပ်ကို သေချာပါတယ်။(မဆလ)ပါတီနဲ့ဗိုလ်နေဝင်းစစ်အုပ်စုကိုတော့ ၁၉၇၄ အခြေခံဥပဒေနဲ့အညီ စစ်တပ်ကကာကွယ်ခဲ့ကြတယ် မဟုတ်လား။

စစ်အုပ်စုနဲ့ပတ်သက်ပြီး အောက်ပါ အချက် ၄ ခုကို ကြိုတင် အစီရင်ခံထားပါရစေ။

အာဏာသိမ်း စစ်အုပ်စုဟာ အောက်ပါ အချက်တွေမှာ လက်ယဉ်တယ်။ အံခွနေပြီဖြစ်တယ်။

၁။ စစ်တပ် (ဝါ) တပ်မတော်ကို ဂုပ်ခွစီးထားတယ်။

၂။ ရွေးချယ်ခံအစိုးရနဲ့ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အာဏာလုယူခဲ့တယ်။ (ပထစ နဲ့ ၁၉၄၇ အခြေခံဥပဒေ)

၃။ အခြေခံဥပဒေ စိတ်ကြိုက်ရေးဆွဲပြီး အဓမ္မအတည်ပြုခဲ့တယ်။ ( ၁၉၇၄ အခြေခံဥပဒေ နဲ့ ၂၀၀၈ အခြေခံဥပဒေ)

၎။ ရွေးကောက်ပွဲရလဒ် (ဝါ) ပြည်သူ့ဆန္ဒကို အသိအမှတ်မပြု၊ပစ်ပယ်၊ဖျက်သိမ်းပစ်တယ်။ (၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်)

(ဒီအချက် ၄ မှာ ဗိုလ်ရွှေမန်းလွှတ်တော်က အသိအမှတ်မပြုဘဲ၊ ပယ်ချခဲ့တဲ့ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး” ပြည်သူ့ဆန္ဒ လက်မှတ်ပေါင်း ၅ သန်း နီးပါး (၄၉၅၃၀၉၃) ကိစ္စလည်း ထည့်သွင်းထားဖို့လိုပါတယ်)

ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့ပြောကြားချက်ကို ဝေဖန်ဆန်းစစ်ကြပါစို့။

ပြောကြားချက်ကို အပိုင်း ၂ ပိုင်း အဖြစ် ပိုင်းလိုက်ကြရအောင်ပါ။

“တပ်မတော်ရဲ့အဓိကတာဝန်ဟာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး ဆိုတာ တိုင်းပြည်ကို လုံခြုံအောင်လုပ်ဖို့၊ ပြည်သူကို ကာကွယ်ဖို့၊ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့” ဆိုတဲ့အထိကို ပထမအပိုင်း အဖြစ်ထား ပြီး။ “ ဥပဒေနဲ့ ညီညွတ်တဲ့ ပြည်သူ့ဆန္ဒကို ကာကွယ်ဖို့ ဖြစ်ပါတယ် ” ဆိုတာကိုတော့ ဒုတိယအပိုင်းအဖြစ် ခွဲခြားကြည့်ပါ့မယ်။

ပထမအပိုင်း
(“တပ်မတော်ရဲ့အဓိကတာဝန် ဟာနိုင်ငံတော်ကာကွယ်ရေး တာဝန် ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးဆိုတာ တိုင်းပြည်ကို လုံခြုံအောင် လုပ်ဖို့၊ ပြည်သူကို ကာကွယ်ဖို့၊ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့”)

ဒီအပိုင်းမှာပါရှိတဲ့ အချက်တွေဟာ ဘယ်တိုင်းပြည်က “တပ်မတော်” မဆို မလွဲမသွေ လိုက်နာလုပ် ဆောင်ကြရမယ့် တာဝန် ပိုင်း၊ ယေဘုယျအပိုင်း ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို အဓိပ္ပာယ် ဖွင့်ပြတာ မဆိုးပါဘူး။ ဖတ်လို့၊ နားထောင်လို့ ကောင်း သားပဲ။

တိုင်းပြည် လုံခြုံရေး
ပြည်သူကို ကာကွယ်ရေး
ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေး

အထက်ကအချက်တွေကို ၁၉၄၈ခုနှစ်ကနေ ယနေ့ကာလအထိ မငြိမ်းနိုင်သေးတဲ့ ပြည်တွင်းစစ် ကာလတလျှောက်ကို ဆန်းစစ် ကြည့်လိုက်ရင် စစ်တပ်ဟာ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံမှု၊ ကာကွယ်မှု မလုပ်တဲ့အပြင် အကြမ်းဖက်ဖိနှိပ်ခဲ့၊ သတ်ဖြတ် ခဲ့၊ အဓမ္မကျင့်ခဲ့တာတွေကို (တောင်ပေါ်မှာ၊ မြေပြန့်မှာ၊ စစ်ကြောရေးစခန်းတွေမှာ၊ အကျဉ်းထောင်တွေထဲမှာ ပင်လယ်ပြင်က ကျွန်း ပေါ်မှာအထိ) အထင်အရှားမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရဟန်းသံဃာမရွေး၊ အသက်ကြီးငယ်မရွေး၊ ပျိုပျိုအိုအိုမရွေး၊ ကျောင်းသားလူငယ် မရွေး အကြမ်းဖက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တာပါ။

“၇ဇူလိုင်အရေးအခင်း” အစ “၁၉၈၈ ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီး” အလယ် “လက်ပန်တန်း ကျောင်းသားသပိတ် အကြမ်း ဖက်မှု”အဆုံးလူထုအုံကြွမှုမှန်သမျှကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲခဲ့တာပါ။ ဒါ့အပြင် လူမျိုးရေးဘာသာရေး သွေးခွဲ ရန်တိုက်ပေးပြီး အကြမ်းဖက် သတ်ဖြတ် လုယက်မှုတွေ ဖန်တီးကာ ပြည်သူတွေရဲ့လည်ချောင်းသွေးနဲ့ခြေဆေးပြခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

ရေတွက်ကြည့်ပါ။ ပြက္ခဒိန်ပေါ်မှာ ရက်စွဲတွေကိုစဉ်ကြည့်လိုက်ပါ။ လွယ်လွယ်မေ့ဖျောက်ပစ်ဖို့ အင်မတန်ခက်ခဲလှတဲ့ နာကျည်း ခါးသည်းဖွယ် အမှောင်ဆုံးနေ့ရက်တွေ တန်းစီပြည့်နှက်နေပါလိမ့်မယ်။

သူ့ကိုယ်သူ တရားခံတစ်ဦးပါဆိုပြီး “သူရဗိုလ်အောင်ကို”က “သမိုင်းအမှန်” ပြုစုဖို့ လေတစ်လုံး မိုးတစ်လုံးတွေပြောနေသံ ကြား ရပြန်ပါတယ်။ ဘယ်လိုသမိုင်းအမှန်လဲ/ ဘယ်လောက်အထိ သမိုင်းမှန်သလဲဆိုတာတော့ ရေးထုတ်လာတဲ့အခါမှ သိရမှာပါ။

“ စစ်တပ်ဆိုတာပစ်ရင် တည့်တည့်ပစ်တယ် မိုးပေါ်ထောင်ခြောက်တာ မပါဘူး” ဆိုတဲ့ စစ်အုပ်စုအကြမ်းဖက်ဖိနှိပ်မှုသမိုင်းကို ဘယ်သူတွေက ဘယ်လိုသမိုင်းအမြင်နဲ့သမိုင်းရေးမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့။

စစ်အုပ်စုသမိုင်းကြောင်းကို (၁၉၄၈ မှ ယနေ့အထိ) လေ့လာကြည့်လိုက်တော့ တောင်ပေါ်မှာ ပဲဖြစ်ဖြစ်၊ မြေပြန့်မှာပဲဖြစ်ဖြစ် လူမျိုးစုံပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်ကို “တပ်မတော်”က ကာကွယ် ပေးတာအလျဉ်းမတွေ့ရဘဲ။ ပြောင်းပြန်ဖြစ်တဲ့ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်တွေ၊ သားပျိုသမီးပျိုတွေကိုသတ်ဖြတ်၊ လုယက်ဖျက်ဆီးခဲ့တာတွေကိုပဲ အဓိကအားဖြင့်တွေ့ကြရမှာဖြစ်ပါတယ်။

ဒါကြောင့်သမိုင်းမှန်ပြုစုမယ်ဆိုရင် “သမိုင်းဆိုတာ တကယ်တော့ အုပ်စိုးသူများရဲ့ ရာဇဝတ်မှု မှတ်ပုံတင်စာအုပ်ကြီး သာလျှင် ဖြစ်တယ်” ဆိုတဲ့ စကားသတိရမိပါတယ်။ ဒီစကားဟာ စစ်အုပ်စုဖြတ်သန်းခဲ့တဲ့ လက်တွေ့သမိုင်းနဲ့ဆို ကွက်တိပါပဲ။

ပြည်ပရန်ကို ကာကွယ်တယ်ဆိုတဲ့ဘက်မှာရော အဓိကကာကွယ်တိုက်ခိုက်ခဲ့သူဟာ ဘယ်သူလဲ။

(KMT) ကူမင်တန် တရုတ်ဖြူ ကျူးကျော်သူတွေကို တိုက်ခိုက်တာအတွက် “တပ်မတော်”ကို အမှတ်ပေးမယ်ဆိုရင်လည်း အဓိက စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့သူဟာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇောပဲဖြစ်တယ်ဆိုတဲ့ သမိုင်းအချက်အလက်အမှန်ကိုဘယ်လိုမှ ဖုံးကွယ်လို့ ရနိုင်မှာမဟုတ်ပါဘူး။ ဗိုလ်ချုပ်ကျော်ဇော ဦးစီးကွပ်ကဲမှုအောက်မှာ ဗိုလ်အဖြစ်နဲ့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ (သူရဦးထွန်းတင် - မဆလ ဒုတိယ ဝန်ကြီးချုပ်ဟောင်း)ရေးတဲ့ ကိုယ်ရေးမှတ်တမ်း စာအုပ်မှာ ဗိုလ်ချုပ်ကျော်ဇော နာမည်ကို ၂ ကြိမ်လား အမှတ်မထင် ဖော်ပြတာတွေ့ရပြီး “စစ်ဆင်ရေးမှူးကြီး” လို့သာ ပြားရိုက်ဖော်ပြခဲ့တာပါ။

ဒါကြောင့် သမိုင်းအချက်အမှန်ကို ဘယ်လောက်ဖော်ပြနိုင်၊ ရေးနိုင်မလဲဆိုတာ စဉ်းစားစရာပါ။

ဒုတိယအပိုင်း
(“ ဥပဒေနဲ့ညီညွတ်တဲ့ ပြည်သူ့ဆန္ဒကို ကာကွယ်ဖို့ ဖြစ်ပါတယ် ”)

ဒုတိယအပိုင်းကိုလေ့လာဆန်းစစ်ကြပါအုံးစို့။

ဒီအပိုင်းမှာ အဓိကကျတဲ့ စကားရပ်က “ ဥပဒေနဲ့ညီညွတ်တဲ့ ပြည်သူ့ဆန္ဒ” ဆိုတာပါပဲ။

စစ်အုပ်စုက အခြေခံဥပဒေကိုဖျက်သိမ်းနိုင်သလို၊ စိတ်ကြိုက်လည်းရေးဆွဲနိုင်ခဲ့ပြီ၊ ဒါ့အပြင်ပြည်သူ့ဆန္ဒကို လျစ်လျူရှုနိုင်၊ ပစ်ပယ်နိုင်ခဲ့ပြီမဟုတ်လား။ ဘေးချိတ်ခဲ့ပြီမဟုတ်ပါလား။

“၁၉၉၀ရွေးကောက်ပွဲ” ဆိုတာဟာ (နဝတ) စစ်အစိုးရ တရားဝင်ထုတ်ဖော်ကြေညာခဲ့တဲ့ “တာဝန်ကြီး ၄ ရပ်” အနက် နောက်ဆုံး တာဝန်ဖြစ်ပါတယ်။

သူတို့ကျင်းပပေးတဲ့ ရွေးကောက်ပွဲပဲ။ ဒါပေမယ့် စစ်အုပ်စုက သူလို့ မလိုလားတဲ့၊ မရှုဆိမ့်နိုင်တဲ့၊ လက်မခံနိုင်တဲ့ ရွေးကောက်ပွဲ ရလဒ် (ဒီချုပ်အပြတ်အသတ် အနိုင်ရသွားတဲ့အခါ ) ထွက်ပေါ်လာတော့ အသိအမှတ်မပြုဘဲ ဖျက်သိမ်းပစ်ခဲ့တယ်မဟုတ်ပါလား။

စစ်တပ်ကို ချုပ်ကိုင်ပြီး၊ “၂၀၀၈ အခြေခံဥပဒေ”နဲ့ စေစားနိုင်လာတဲ့ စစ်အုပ်စုဟာ “ဥပဒေစကား” အမြှုပ်ထွက်အောင်ပြောလာတာ ဘာမှ မဆန်းပါဘူး။ ဒါကြောင့် “ဥပဒေ” ဆိုရင် “ဘယ်သူ့အတွက် ဥပဒေလဲ” ဆိုတဲ့မေးခွန်းမေးပြီး အဲဒီဥပဒေရဲ့အနှစ်သာရဟာ ဘယ်သူတွေရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွားတွေကို ထိန်းသိမ်း၊ ကာကွယ်၊ တိုးချဲ့နိုင်စေဖို့ အခွင့်ထူးတွေ ပေးထားသလဲ ဆိုတဲ့အချက်ကို မြင်အောင်၊ ရှင်းအောင်ကြည့်ဖို့ လိုပါတယ်။

တကယ်တော့ စစ်မှန်တဲ့ ပါတီစုံစနစ်မှာ “ပြည်သူ့ဆန္ဒ” ဆိုတာ အာဏာရရှိရာ ဇစ်မြစ်ပဲ မဟုတ်လား။

“အစိုးရနဲ့လွှတ်တော်” ဆိုတာကို သတ်မှတ်ပိုင်းခြားထားတဲ့ မဲဆန္ဒနယ်အလိုက် ပြည်သူတွေက ရွေးကောက်ပွဲမှာ ဆန္ဒမဲပေး ရွေးချယ်လိုက်သူတွေနဲ့သာ ဖွဲ့စည်းရမှာပါ။ ရွေးချယ်တင်မြှောက်ခြင်းမခံရသူတွေကို “အစိုးရထဲမှာ၊ လွှတ်တော်ထဲမှာ” (လူပုဂ္ဂိုလ်တစ်ဦး တစ် ယောက်ကိုဖြစ်စေ၊ လူတစ်စုကိုဖြစ်စေ) မိုးကျရွှေကိုယ်တွေလို အခွင့်ထူးတွေ၊ အာဏာတွေ ပေးထားလို့ မရပါဘူး။ ဒီလို ပေးထား တယ်ဆိုရင် အဲဒီပါတီစုံဒီမိုကရေစီစနစ်နဲ့ အဲဒီအခြေခံဥပဒေကဖော်ပြနေတဲ့ ဒီမိုကရေစီစနစ်ဟာ အတုအယောင်ပဲဖြစ်ပါတယ်။

တကယ်တော့ စစ်တပ်ဆိုတာလည်း အစိုးရဝန်ကြီးဌာနတွေအနက် တစ်ခုဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးရဲ့ ကြီးကြပ်ကွပ်ကဲမှု အောက်မှာသာ ရှိရမှာပါ။ ဒီလို ပုံမှန်အနေအထားတွေကို “၂၀၀၈ အခြေခံဥပဒေ” က ပြောင်းတိ ပြောင်းပြန် လုပ်ထားပါတယ်။ ရွေးချယ်ခံအစိုးရဟာ “ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး” ဝန်ကြီးဌာနတွေကို “ကာချုပ်” လက်ဝယ် အပိုင်စား ပေးထားရပါတယ်။ ဒီအချက်က ပြည်ထောင်စုအစိုးရကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရ အထိအဆင့်ဆင့်တိုင်းမှာ စစ်တပ်(စစ်အုပ်စု) က “ဥပဒေနဲ့ အညီ ” အပိုင်းစားယူထားပါ။

လွှတ်တော်အပိုင်းမှာလည်း ၂၅% ဆိုပြီး(ရွေးချယ်ခံမဟုတ်တဲ့ မိုးကျရွှေကိုယ် ၁၆၆ ယောက်) ယူထားပါတယ်။ အဲဒီ ၂၅% က ကျန်တဲ့ ရွေးချယ်ခံ ၇၅% ကို ထိန်းချုပ်နိုင်တဲ့၊ ရွေးချယ်ခံ ၇၅% ရဲ့ ဆန္ဒနဲ့သဘောထားကို ပစ်ပယ်ဘေးချိတ်နိုင်တဲ့ ၂၅% ဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးလို အဓိကကျတဲ့အဆုံးအဖြတ်တွေကို စစ်တပ် (ဝါ) ကာချုပ်က သဘောမတူဘဲ ဘယ်လိုမှ ပြင်ဆင် ပြောင်းလဲ လို့ မရအောင် ချုပ်ကိုင်ထားပါတယ်။

ဒါ့အပြင် နောက်တစ်ချက်က လက်တွေ့သဘောဖြစ်ပါတယ်။

(၂၀၁၄ ခုနှစ်၊ မေ ၂၇ မှ ဇူလိုင် ၁၉ ထိ ) ဒီချုပ်ပါတီက ကြီးမှူးခဲ့တဲ့ “ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှု” လို နောက်ထပ် လူထုလှုပ်ရှားမှုမျိုး “ဒီချုပ်ပါတီအစိုးရ” က ဦးစီးပြီး လုပ်ဆောင်လာခဲ့သော် ဆိုတဲ့ တွက်ကိန်းနဲ့ စစ်တပ်က “ဥပဒေနဲ့ ညီညွတ်တဲ့ပြည်သူ့ဆန္ဒ” ဆိုတဲ့ ဒီစကားကို မဖြစ်မနေ ထုတ်ပြောလာတာဖြစ်ပါလိမ့်မယ်။ ကြိုတင်ဟန့်တားတဲ့ သဘောဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

ဝေဖန်ဆန်းစစ်ခဲ့တာတွေကို ပြန်ပြီး နိဂုံးချုပ်ပါရစေ။

စစ်အုပ်စုဟာ (၁၉၆၂ခုနှစ်ကနေ ဒီနေ့အထိ) စစ်တပ် (ဝါ) တပ်မတော်ကို ဂုတ်ခွ စီးထားနိုင်တဲ့အနေအထားအောက်မှာ၊ ခါးပိုက် ဆောင်တပ်သဖွယ် လုပ်ထားနိုင်တဲ့ အခြေခံပေါ်ကနေ ရွေးချယ်ခံအစိုးရကို ဖမ်းဆီး၊ အခြေခံဥပဒေကို ဖျက်သိမ်းနိုင်တယ်။ အခြေခံဥပဒေ အသစ်ရေးနိုင်တယ်၊ အတည်ပြုနိုင်တယ်၊ “ လူထုဆန္ဒ(ဝါ) ရွေးကောက်ပွဲရလဒ် ” ကိုလည်း မကြိုက်ရင်၊ မလိုလားရင် ပစ်ပယ်နိုင်၊ ဖျက် သိမ်းနိုင်တယ်ဆိုတာကို လက်တွေ့ အတိအလင်းပြသခဲ့ကြပြီ။

ရာစုနှစ်ဝက်ကျော်ကာလအတွင်းမှာ အစွယ်ပြူးပြူးနဲ့ စစ်အုပ်စု ဟာ “စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရေစီ ယန္တယားနဲ့ စစ်ခရိုနီ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်” ကိုပါ အကျအန အထိုင်ချနိုင်ခဲ့ကြပြီ။ အခုတော့ “ သင့်မြတ်ရေးပဝါ” ခြုံပြီး လေဟုန်စီးတော့မယ့် အနေ အထားကို ရောက်ရှိနေပါပြီ။ ဒါကြောင့် စစ်အုပ်စုဟာ “အစွယ်” သာမက ဂျို (ချို) နဲ့ အတောင်ပံပါ ပေါက်လာခဲ့ပြီလို့ဆိုရပါလိမ့်မယ်။

ပြောင်းလဲနေပါတယ် /ပြောင်းလဲနေပါပြီလို့ပြောနေကြသူတွေကို ပြောချင်တာကတော့ “ပြည်သူ့ဆန္ဒ”ကို ခြေထောက်နဲ့ နင်းချေ ဖျက်ဆီးခဲ့ကြသူတွေက “ဥပဒေနဲ့ညီညွတ်တဲ့ ပြည်သူ့ဆန္ဒ ကာကွယ်ဖို့” လို့ ပြောလာနေတဲ့ အပြောင်းအလဲဖြစ်ပါတယ်။

ဒီတော့ လူထုတိုက်ပွဲနဲ့ လူထုတော်လှန်ရေးရဲ့ အဓိက တိုက်ကွင်း တိုက်ကွက်ဟာ စစ်အုပ်စုပဲ ဖြစ်တယ်ဆိုတာ ဘယ်အချိန် အခါ ထက်မဆို ပိုပြီးရှင်းသွားပါပြီ။

လွမ်းဒေါင် - စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မပြုရန် အမျိုးသမီးများ တိုက်တွန်း

$
0
0

လွမ်းဒေါင် - စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မပြုရန် အမျိုးသမီးများ တိုက်တွန်း 
(Myanmar NOW) မိုးမခ၊ နိုဝင်ဘာ ၃၊ ၂၀၁၆ 
ဇန်နဝါရီလက ကျေးလက်ဒေသတစ်ခုတွင် တွေ့ရသော အမျိုးသမီးတစ်ဦး (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)

ရန်ကုန် (Myanmar Now) - အမျိုးသမီးများကို စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခြင်းသည်လည်း အကြမ်းဖက်ခြင်းအမျိုးအစားတစ်ခုဖြစ်သည်ဟု နယ်ပယ်အသီးသီးတွင် ထင်ရှားသည့် ကချင် အမျိုးသမီးတချို့က မကြာသေးမီက ပြောလိုက်သည်။

ဂီတဖျော်ဖြေရေးစင်မြင့်ပေါ်ရှိ အဆိုတော်တို့ ဝတ်စားဆင်ယင်မှု၊ တင်ဆက်မှုတို့နှင့် ပတ်သက်ပြီး ဝေဖန်သည့်အခါ ယဉ်ကျေးမှုရှုထောင့်တစ်ခုတည်းမှ ကြည့်ရှုပြီး ပြောဆိုခြင်းသည် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းဖြစ်သည်ဟု အဆိုတော် ရေဗက္ကာဝင်းက ထောက်ပြသည်။

"အမျိုးသမီးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေ၊ ယုံကြည်မှုတွေကို ထိခိုက်အောင် ပြစ်တင်မှုတွေ မပြုသူဟာ ပိုပြီးတော့ယဉ်ကျေးတဲ့လူ၊ ပိုပြီးတော့ အဆင့်အတန်းရှိတဲ့လူလို့ ပြောချင်ပါတယ်"ဟု ရေဗက္ကာဝင်းက အောက်တိုဘာလကုန်ပိုင်း ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကျား/မ အခြေပြု အကြမ်းဖက်မှု တိုက်ဖျက်ရေးဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသည်။

အမျိုးသမီးတို့ကလည်း အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု စသည့် အကြောင်းအရာများကို နားလည်စေရန် ကြိုးပမ်းသင့်သည်ဟု အဆိုတော်က လူ့အခွင့်အရေး လှုပ်ရှားသူများ၊ သတင်းသမားများနှင့် အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်သည့် အဆိုပါ ဆွေးနွေးပွဲတွင် တိုက်တွန်းလိုက်သည်။

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းသည် သိမ်ငယ်စိတ်ဝင်ပြီး လူတောမတိုးနိုင်စေရန် ပြုလုပ်ခြင်းဖြစ်သည်ဟု Gender Equality Network ခေါ် ကျား/မ တန်းတူရေးကွန်ရက်မှ ညွှန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူက ပြောသည်။

မိသားစုအတွင်းတွင်လည်း ထိုသို့သော အကြမ်းဖက်ခြင်းမျိုးကို တွေ့ရတတ်ကြောင်း ဒေါ်မေစပယ်ဖြူ ခေါ် ဒေါ်အယ်လ်ခေါန်ထွယ်က Myanmar Now နှင့် မကြာသေးခင် တွေ့ဆုံစဉ် ရှင်းပြသည်။

"မင်းနည်းနည်းမှ အသုံးမကျဘူး၊ မင်းလုပ်သမျှအရာအားလုံးက ဘာမှအရာမရောက်ဘူး ဆိုပြီးတော့ သားသမီးတွေရှေ့မှာပဲဖြစ်ဖြစ်၊ တစိမ်းတွေရှေ့မှာပဲဖြစ်ဖြစ် မကြာခဏ ပြောတာဟာ အမျိုးသမီးကို အရှက်ရအောင်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးအောင် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာပါ"ဟု ဒေါ်မေစပယ်ဖြူက ပြောသည်။

အခြားသော အကြမ်းဖက်မှု ပုံစံ ၅ မျိုးမှာ ရုပ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ၊ အန္တရာယ်ရှိသည့်မိရိုးဖလာအဆုံးအမများအရ အကြမ်းဖက်ခြင်း၊ အွန်လိုင်းတွင် ကြမ်းဖက်ခြင်းတို့ ဖြစ်ကြောင်း ကျား/မ တန်းတူညီမျှရေးအတွက် ဥပဒေ၊ မူဝါ၊ဒ အယူအဆများ ပြောင်းလဲရေး လှုံ့ဆော်နေသော ၎င်းတို့ကွန်ရက်၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

"စီးပွားရေးအရအကြမ်းဖက်တယ်ဆိုတာ အမျိုးသမီးတွေ လုပ်လို့ရတဲ့ စီးပွားရေးအခွင့်အလမ်းတွေ၊ အကျိုးအမြတ်တွေကို မရရှိအောင် တားမြစ်တာ၊ ပိတ်ပင်တာ ဒါမှမဟုတ်ရင်လည်း ခေါင်းပုံဖြတ်တာပေါ့"ဟု ဒေါ်မေစပယ်ဖြူက ပြောသည်။

လင်နှင့်မယားကြား ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် အိမ်တွင်းရေးသက်သက်သာဖြစ်သည်ဟူသော အတွေးအခေါ်မှာလည်း မှားယွင်းနေကြောင်း၊ "လင်နဲ့မယား လျှာနဲ့သွား"ဟူသော စကားကို အကြောင်းပြုပြီး ခင်ပွန်းသည်က ရိုက်နှက်လာလျှင် သည်းခံ၊ မြိုသိပ်ရမည်ဆိုသည့် အတွေးအခေါ်မှာ ခေတ်မမီတော့ကြောင်း ဒေါ်မေစပယ်ဖြူက ပြောသည်။

(လွမ်းဒေါင်သည် မြစ်ကြီးနားမြို့မှ လူငယ်တစ်ဦးဖြစ်ပြီး ရန်ကုန်မြို့ Myanamr Now ရုံးတွင် အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တလုပ်ကိုင်လျက်ရှိသည်)

ကာတွန်း မိုးသွင် - နှိုင်းစရာရှားလို့

$
0
0

ကာတွန်း မိုးသွင် - နှိုင်းစရာရှားလို့
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၆

စိုးခိုင်ညိန်း ● အတွင်းငြိမ်းချမ်းရေး

$
0
0
စိုးခိုင်ညိန်း ● အတွင်းငြိမ်းချမ်းရေး
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၆

နေ့စဉ် သတင်းစာတွေမှာ ကမ္ဘာ့သတင်းတွေကိုကြည့်လိုက်ရင် အပစ်အခတ်အကြမ်းဖက်မှုသတင်းတွေ၊ အသေခံဗုံးခွဲတဲ့ သတင်းတွေ၊ စစ်ပွဲသတင်းတွေက နေ့စဉ်နီးပါး မကြာခဏဖတ်နေရတဲ့သတင်းတွေပဲ ဖြစ်သည်။ ထိုသတင်းတွေဖတ်ပြီး သူ ငယ်ချင်းတယောက်က "ဆီးရီးယားတို့ အီရတ်တို့မှာ မြို့တွေအဆောက်အဦးတွေက အကောင်းအတိုင်းမှကျန်သေးရဲ့လားမသိဘူး၊ ကြက်ယက်ထားတဲ့ အမှိုက်ပုံကြီးတွေလို ဖြစ်နေလောက်ပြီထင်တယ်"တဲ့။ သူပြောမယ်ဆိုလည်း ပြော လောက်စ ရာပင် တခါတရံဓာတ်ပုံတွေထဲမှာ စစ်ဒဏ်ခံထားရတဲ့မြို့က ပြိုပျက်နေတဲ့အမှိုက်ပုံလို တိုက်တာအဆောက်အဦးတွေကို မြင်နေရသည်။ တမြို့လုံးနီးပါး ဘာတခုမှအကောင်းမရှိ အမြောက်ဆံ၊ ကျည်ဆန်ရာတို့ဖြင့် တမြို့လုံး စုတ်ပြတ်သတ်နေသည်။ ထိုနိုင်ငံက ပြည်သူတွေ ဘယ်လိုများနေကြမှာပါလိမ့်၊ နေ့စဉ် တထိတ်ထိတ် တလန့်လန့်နဲ့ ဘယ်တော့ အိမ်ခေါင်မိုးပေါ် ဗုံးကျလာမလဲဆိုတဲ့ စိတ်နဲ့ ပူလောင်နေကြမှာပဲလို့ အတွေးရောက်မိသည်။

အဲဒီလို နိုင်ငံမျိုးတွေမှာ ငါ လူသွားမဖြစ်တာ ကံကောင်းတာပဲလို့ မကြာခဏ ကိုယ့်ဘာသာ တွေးမိသည်။ စစ်ပွဲတွေ ၊ ပဋိ ပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ IS တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ သူတို့တွေဟာ တနေ့မှ စိတ်အေးလက်အေး နေရမည်မဟုတ် နေ့စဉ် စိုးရိမ်ထိပ်လန့်မှုတွေနဲ့ နေနေကြမဲ့အဖြစ်ပဲလို့ တွေးမိပြီး ကိုယ့်နိုင်ငံမှာ အေးအေးဆေးဆေး နေနေရတဲ့အဖြစ်ကို ကံ ကောင်းသည်ဟု ယှဉ်တွေးနေမိသည်။ သူတို့တွေဟာ ဘယ်လောက်တောင်များ ငြိမ်းချမ်းရေးကို ဆာလောင်ငတ် မွတ်နေကြ လေမလဲ။ မိမိတို့နိုင်ငံမှာတောင် တခါတခါ ထထဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြတဲ့သူတွေကိုကြည့်ပြီး သူတို့ ကို စာနာလို့ရနိုင်သည်။

စစ်ပွဲတွေမဖြစ်တော့တဲ့အခါ၊ စစ်ပွဲတွေ မရှိတော့တဲ့အခါမှာ ငြိမ်းချမ်းရေး ရတယ်လို့ ယေဘုယျဆိုနိုင်ပေမဲ့ စစ်ပွဲတွေမရှိတော့ ပေမဲ့ မငြိမ်းမချမ်း ဖြစ်နေတဲ့ အနေအထားတွေ ရှိနိုင်တာ ကြောင့် ငြိမ်းချမ်းရေးဆိုတာ စစ်ပွဲတွေ မရှိတာ၊ စစ်ပွဲတွေအဆုံး သပ်တာလို့ တရားသေ သတ်မှတ် လို့မရနိုင်ပါဘူး။ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးမှာကိုပဲ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက အများ သားပါပဲ။ အဲဒီအထဲမှာ အတူတကွနေထိုင်မှု၊ အတွင်းစိတ်သဘော တည်ငြိမ်းအေးချမ်းမှု၊ ထိပ်တိုင်ရင်ဆိုင် အင်းအားသုံး မှုများကင်းဝေးမှု  စတဲ့အချက်တွေဟာ ငြိမ်းချမ်းရေးရဲ့အနှစ်သာရ ဖြစ်သည်ဟု ဆိုသည်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လေ့လာသုတေသနပြုသူတွေကတော့ ငြိမ်းချမ်းရေးဟာ စစ်ပွဲတွေ အဆုံးသပ်တာသာမကတော့ပဲ ငြိမ်းချမ်းစွာ တည်ရှိနေတဲ့ ပတ်ဝန်းကျင်အနေအထား တည်ငြိမ်းအေးချမ်းမှုတွေကိုပါ ထည့်သွင်းစဉ်းစားလာကြတာကို တွေ့ ရသည်။ ဒါကြောင့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက အမျိုးသမီးများကို တိုက်ခိုက်နေတဲ့စစ်ပွဲတွေလို့ ယူဆရတဲ့ အိမ်တွင်းအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေမရပ်စဲနိုင်ရင် ငြိမ်းချမ်းရေးရှိမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ကြတာ ဖြစ်သည်။ လူတဦးနှင့်တဦးအကြားမှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေနဲ့ မိမိကိုယ်ကိုယ်လုပ်ကြံခြင်းစတဲ့ လုပ်ရပ်တွေဟာ ငြိမ်း ချမ်းမှုမရှိတဲ့ အခြေနေတခုလို့ ယူဆရနိုင်သည်။

ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှုရဲ့ ဆန့်ကျင်ဘက်သဘောဖြစ်လို့ လူ့အဖွဲ့အစည်းအ တွင်းမှာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ လျှော့ချနိုင်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တစ်ခု တည်ဆောက်နိုင်တယ်လို့ ယူဆလာကြတာ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဟာ စစ်ပွဲတွေတော့ ဖြစ်မနေပါဘူး။ ဒါပေမဲ့ ပြည်သူတွေဟာ အေးအေးချမ်းချမ်းနဲ့ လုံလုံခြုံခြုံ စိတ်အေး လက်အေး နေ နေကြရဲ့လား ၊ ဥပမာ ခိုးဆိုးလုနှိုက် သတ်ဖြတ်မှုတွေ၊ လူ့အချင်းချင်း ကျေးကျွန်တယောက်လို အတင်းအဓမ္မ အနိုင်ကျင့်စေခိုင်းမှုတွေ၊ ကွာရှင်းပြတ်ဆဲ၊ တယောက်နဲ့တယောက် အမုန်းပွားတဲ့လုပ်ရပ်တွေဟာ ငြိမ်းချမ်းရေးရှိတဲ့ အနေ အထားတခုလို့ ဆိုလို့ မရနိုင်ပါဘူး။ မိမိတို့နိုင်ငံဟာ အီရတ်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်တို့လို စစ်ပွဲတွေဖြစ်ပွားနေတဲ့ နိုင်ငံ တခုတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်သူတွေ ငြိမ်းချမ်းနေပါရဲ့လား၊ သတင်းတွေကိုဖတ်ကြည့်လိုက်ရင် တရက်မဟုတ် တရက် မှုခင်းသတင်းတွေကတော့ ဖတ်နေရတာပဲ ဖြစ်သည်။ အရွယ်မရောက်သေးတဲ့ မိန်းကလေးကိုသားမယားပြုကျင့်တဲ့ သက်ငယ်မုဒိမ်းသတင်းတွေ၊ လူလယ်ခေါင်မှာ ဆွဲကြိုးဖြတ်ပြေးတဲ့သတင်းတွေ၊ ရန်ငြှိုးမရှိပါဘဲ ရိုက်နှက်သတ်ဖြတ်တဲ့ သ တင်းတွေ၊ အိမ်မှာ ဆိုင်မှာ ဖောက်ထွင်းတဲ့သတင်းတွေ ဖတ်ရသည်။ သားအရင်းကတောင် အမေဖြစ်သူကို သတ်ဖြတ်တဲ့ သတင်းတောင် ဖတ်ရသေးသည်။ ဒီလိုအကြမ်းဖက်မှုတွေ တစတစထူပြောလာမယ်ဆိုင်ရင် အဲဒီအခြေနေမှာ နေနေရ တဲ့သူတွေဟာ ဘယ်လိုလုပ်ပြီး စိတ်အေးလက်အေး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပါတော့မလဲ။ ဒါဟာ ငြိမ်းချမ်းရေးမရှိတဲ့ အနေ အထားတခုလို့ ဆိုရမှာပဲ ဖြစ်သည်။

နိုင်ငံတခုအနေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူ ညီမျှမှု၊ သွေးစည်းမှု၊ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု၊ တွေ့ဆုံဆွေးနွေးမှု၊ အခြေခံလူသားလိုအပ်ချက်တွေကို ပါဝင်တယ်လို့ ပညာရှင်တို့က ဆိုကြသည်။ ငြိမ်းချမ်းရေး နှင့်ပတ်သက်လို့ Declaration on a culture of Peace 1999 UN မှာ ငြိမ်းချမ်းရေးယဉ်ကျေးမှုဆိုတာ လူ့ဘဝကို လေး စားတန်ဖိုး ထားခြင်း၊ အကြမ်းဖက်မှုများအား ရပ်စဲခြင်း၊ အကြမ်းမဖက်ရေး သဘောတရားများကို ပညာပေး စည်းရုံးမှု၊ ဆွေး နွေးအဖြရှာမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကျင့်သုံးခြင်း၊ အခြားနိုင်ငံများ၏ နိုင်ငံတော်အချုပ်အခြာအာဏာ၊ နယ်မြေပိုင် နက်ကို လေးစားတန်ဖိုးထားခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ ပဋိပက္ခ ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းခြင်း၊ လွတ်လပ်စွာတွေးခေါ်ပိုင်ခွင့်၊ ဆန္ဒဖော်ထုတ်ခွင့် စသောအခွင့်အရေးများအား လေးစားတန်ဖိုးထား၍ မြှင့်တင်ခြင်း၊ လွတ်လပ်မှု၊ တရားမျှတမှု၊ သည်းခံခွင့်လွတ်မှု၊ သွေးစည်းညီညွတ်မှု၊ ပူးပေါင်းဆောင် ရွက်မှု၊ အများသဘောဆန္ဒအား လေးစားမှု၊ ဆွေးနွေးအဖြေရှာမှု၊ အပြန် အလှန်နားလည်မှု စသည့်သဘောတရားများ လူ့အဖွဲ့အစည်းနှင့် နိုင်ငံများအကြားတွင် ပျံ့နှံ့လာခြင်း စတဲ့သဘောတရားတွေအပေါ်မှာ အခြေခံတဲ့ စံနမူနာတန်ဖိုး သတ် မှတ်ချက်တွေ၊ ပြုမှုဆောင်ရွက်မှုတွေ၊ ဘဝနေထိုင်မှုတွေဖြစ်ကြောင်း အဓိပ္ပါယ်ဖွင့်ဆိုထားလေသည်။

မိမိနေတဲ့ကိုယ့်ပတ်ဝန်းကျင်ဟာ အထက်ပါ ဖွင့်ဆိုချက်တွေနဲ့အညီ ငြိမ်းချမ်းစွာ နေနေရတယ်ဆိုရင်တော့ ကိုယ်ပိုင်ငြိမ်းချမ်း ရေးရတယ်လို့ ဆိုနိုင်ပါလိမ့်မည်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ သူခိုးလူရမ်းကားတွေပေါများတဲ့ ဝန်းကျင်မှာ ခိုးဆိုးလုယက် မှုတွေနဲ့ အကြမ်းဖက်မှုတွေ ထူပြောနေမယ်ဆိုရင်တော့ ဘယ်လိုလုပ်ပြီး အေးအေးချမ်းချမ်းနဲ့ နေနိုင်ပါ့မလဲ။

စစ်ပွဲတွေအကြမ်းဖက်မှုတွေ ပြေငြိမ်းသွားတဲ့အခါ လူပေါင်းများစွာရဲ့ အသက်တွေစတေးခဲ့ရလို့ နောက်ဆက်တွဲအနေနဲ့ စိတ်ဒဏ်ရာတွေအဖြစ်နဲ့ လူမှုအဖွဲ့အစည်းအတွင်းမှာ ကျန်နေစေတာကြောင့် ပဋိပက္ခတွေကိုဖြေရှင်းရာမှာ ကိုယ်ချင်းစာနာမှု၊ တီထွင်ဆန်းသစ်မှု၊ အကြမ်းမဖက်မှု၊ စတာတွေအပေါ်မှာအခြေခံပြီး ကိုင်တွယ်ဖြေရှင်းနိုင်မှသာ ငြိမ်းချမ်းအစစ်အမှန် ရနိုင် မှာဖြစ်တယ်လို့ ပညာရှင်တွေကဆိုကြတာ ဖြစ်သည်။

အကြမ်းဖက်မှုဆိုသည် မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားတယောက်ကိုဖြစ်စေ၊ အခြားလူအုပ်စု၊ သို့မဟုတ် လူ့အဖွဲ့အစည်းကိုဖြစ်စေ ထိခိုက်ဒဏ်ရာရစေမှု၊ သေဆုံးစေမှု၊ စိတ်ဒဏ်ရာရစေမှု၊ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးစေမှုတို့ကို ဖြစ်ပွားစေသည့် အင်အား အသုံးပြုမှုလို့ အဓိပ္ပါယ်ဖွင့်ဆိုထားလေသည်။

တခါတလေမှာ မိမိဟာ အခြားတယောက်နဲ့ ပဋိပက္ခဖြစ်နေတာ မဟုတ်ပါဘူး။ ကိုယ်တယောက်တည်းပဲ ကိုယ့်စိတ်နဲ့ကိုယ်ပဲ ငြိမ်းချမ်းရေးမရ ဖြစ်နေတတ်တာတွေ ရှိသည်။ နောင်တတရားတွေနဲ့ ကိုယ့်ဟာကိုယ် မကျေနပ်မနပ် ဖြစ်နေတတ်တာမျိုး တွေပေါ့။ ကိုယ့်စိတ်ထဲမှာကိုပဲ တဖက်နဲ့တဖက် ပဋိပက္ခဖြစ်နေပြီး ငြိမ်းချမ်းရေးကို ရဖို့ အဖြေရှာ ထွက်ပေါက် ကိုရှာတဲ့အခါမှာ မမှန်ကန်တဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းတတ်ကြလေသည်။ စိတ်ညစ်ညူးမှုတွေကြောင့် အရက်သေစာ မူးယစ်ဆေးဝါးသုံး စွဲမှုတွေဟာ စိတ်ထွက်ပေါက်ရှာခြင်းတမျိုးလို့ ဆိုရမှာပါပဲ။ အဆိုးဆုံးက စိတ်တွင်းပဋိပက္ခတွေနဲ့ မခံမရပ်နိုင်ဖြစ်ပြီး ကိုယ့်ဟာ ကိုယ် အဆုံးစီရင်တဲ့ ဖြစ်ရပ်တွေပါပဲ။

တနေ့ကပဲ သတင်းတပုဒ် ဖတ်လိုက်ရသေးသည်။ မြန်မာနိုင်ငံမှာ တနှစ်မှာ လူတသိန်းအနက် အနည်းဆုံး လူနှစ်ဦးမှ သုံးဦး ကြား မိမိကိုယ်ကိုယ် အဆုံးစီရင်မှုများရှိနေပြီး သေဆုံးသူတွေဟာ အသက် ၂၅ နှစ်မှ အသက် ၄၀ အကြား အများဆုံး ဖြစ်နေပါသတဲ့။ လုပ်ကိုင်စားသောက်ရတဲ့စီးပွားရေးက အဆင်မပြေတော့ လူမှုရေး အိမ်ထောင်ရေးတွေမှာ ချို့ယွင်းချက်တွေ နဲ့ဆင်းရဲတဲ့ ဒဏ်တွေနဲ့ ဖိအားတွေများပြီး နောက်တော့ စိတ်ပိုင်းဒဏ်ရာတွေနဲ့ အခုလို ထွက်ပေါက်ရှာသွားကြတာ ဖြစ်ပေ လိမ့်မည်။ ဒါဟာ ကိုယ့်စိတ်နဲ့ကိုယ်ပဲ ငြိမ်းချမ်းရေးမရတာပဲ ဖြစ်သည်။

ဒါကြောင့် ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့အခါမှာ စစ်ပွဲတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှု တွေ ချုပ်ငြိမ်းရုံသာမကပဲ တည်ငြိမ်းအေးချမ်းလုံခြုံအေးမြတဲ့ လူနေမှုရပ်ဝန်းတခုကို တည်ဆောက်ရမှာဖြစ်သလို  လွတ်လပ်မှု၊ တရားမျှတမှု၊ စီးပွားရေးအခွင့် အလမ်းများအထိပါ ဖန်တီးပေးနိုင်ရမှာပဲ ဖြစ်သည်။ အဲဒီကမှတဆင့် မိမိကိုယ်တွင်း စိတ်ပိုင်းဆိုင်ရာငြိမ်းချမ်းရေးကို တည် ဆောက်ယူရမှာပဲ ဖြစ်သည်။ အားလုံး ငြိမ်းချမ်းကြပါစေ။ ။

စိုးခိုင်ညိန်း (13, 8, 2016)

စာကိုး = စစ်ပွဲ၊ ပဋိပက္ခနှင့် ငြိမ်းချမ်းရေးစာစုများ၊ ခင်မမမျိုး  

ကာတွန်း ကဝိ ● ကာကွယ်တာပါ အချစ်ရယ်

$
0
0
 
ကာတွန်း ကဝိ ● ကာကွယ်တာပါ အချစ်ရယ်
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၆

မောင်သော်တာ ● ဓာတ်ရှင်

$
0
0


မောင်သော်တာ ● ဓာတ်ရှင်
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၆

လူတွေက အရုပ်နဲ့တူအောင် လှကြတယ်
အရုပ်တွေလိုပဲ ခံစားချက်မဲ့မဲ့ သွေးရဲရဲသံရဲရဲ
စက်ကိရိယာ နည်းပညာလှည့်စားထားမှန်း မသိသလိုလို သိသလိုလို မြင်ကွင်းကျယ်ကြီး
အလှတရားသစ်တခုလို ခန္ဓာကိုယ်အသားအရေကို လှစ်ဟဖော်ထုတ်ထားတဲ့အနုပညာ
အဝတ်အစားအသုံးအဆောင်တွေ ခန်းနား/စုတ်ပြတ်လို့
သဘာဝတောတောင် ရေတံခွန် စိမ့်စမ်းတွေလည်း ခန်းခြောက်လို့
ကျေးသံငှက်သံ စမ်းရေစီးသံ သစ်ရွက်လေတိုးလှုပ်ခတ်သံတွေလည်း တိတ်ဆိတ်လို့
ရုပ်ရှင်ရုံထဲက နံရံကပ်စပီကာတွေထဲက စက်သေနတ်ပစ်သံလက်နက်ကြီးကျကွဲသံတွေဟာ
အနီးမှာ ရုတ်တရက်ထမြည်ပေါက်ကွဲနေသလိုပဲ
လေအေးပေးစက်ကဖိတ်စင်လာတဲ့ အေးစက်စက်ဂက်စ်ငွေ့ကြီးက
ရုံအပြင်ဘက်လမ်းကြားလေးထဲအထိ နယ်ကျွံလို့
ဇာတ်လမ်းတွဲကြီးတွေတခုပြီးတခု
မင်းသားမင်းသမီးတွေအတွက် အပြင်မှာ သီချင်းဆိုခန်းမရှိပါ
လျှောက်လည်စရာပန်းခြံကြီးတွေလည်း ခြုံထူတိတ်ဆိတ်နေတယ်
ဇာတ်လမ်းအရ
ကောက်တွေ့ခဲ့တဲ့သေနတ်တလက်ဟာ
ကျည်မကုန်စတမ်းပစ်ပြနေတာ အံ့သြစရာ
ပရိသတ်အပြည့်ထိုင်ကြည့်နေတဲ့ကြားက ရက်စက်မှု မတရားမှုတွေကို ထင်တိုင်းကြဲနေကြတဲ့ဇာတ်လမ်းတပုဒ်ပေါ့
လူမဟုတ်တဲ့အရုပ်တွေကို ငါတို့ကအရုပ်တွေလို
ထိုင်ကြည့်နေရတယ်။ ။

မောင်သော်တာ
၂၇ အောက်တိုဘာ၊ ၂၀၁၆

အောင်မြို့ ● ဗိုလ်ချုပ်ကြီး

$
0
0

အောင်မြို့ ● ဗိုလ်ချုပ်ကြီး
(မိုးမခ) နိုဝင်ဘာ ၃၊ ၂ဝ၁၆

(၁)
ဆိတ်ငြိမ်ရပ်ကွက်တခုထဲမှာ ဖြစ်သည်။ လုံခြုံရေးအစောင့်အရှောက်များဖြင့် ဝန်းရံထားလေ့ရှိသည့် ခြံဝင်းထဲမှာ သူနေထိုင် ၏။ အနက်ရောင်ကားအကောင်းစားကြီးများ ဝင်ထွက်သွားလာတတ်သော လမ်းပေါ်မှာ ကားရော လူပါ ရှင်းနေတာ တနှစ်နီး ပါး ကြာခဲ့ပြီ။ တိတ်ဆိတ်သောပတ်ဝန်းကျင်ထဲမာကျောပြီး ခန့်မှန်းရခက်သည့် မျက်နှာများကိုလည်း မကြာခဏတွေ့ရမည် ဖြစ်ပါသည်။ သံဆူးကြိုးဖြင့်ပြုလုပ်ထားသည့်အတားအဆီးများနောက်တွင် ငှက်တကောင် ကြောင်တမြီးမှ ဖြတ်သန်းသွား လာခွင့်မရှိ။

(၂)
နေ့စဉ်မနက် ၆ နာရီတွင် အိပ်ရာမှထပြီး ဘုရားဝတ်ပြုခြင်းကို တစ်နာရီတိတိ ပြုလုပ်သည်။ နံနက် ၇ နာရီတွင် မနက်စာ စားပြီးနောက် နံနက် ၈ နာရီမထိုးခင် ငါးမိနစ်အလို ဆွတ်ဆွတ်ဖြူနေသော ငွေရောင်ဆံပင်များကို သပ်သပ်ရပ်ရပ်ဖီးသည်ဗိုလ်ချုပ်ကြီးအဆင့်ပခုံးတံဆိပ်နှင့် အဆောင်အယောင်များပါသည့် စစ်ဝတ်စုံယူနီဖောင်းကို ဝတ်သည်။ ထို့နောက် သေသေ ချာချာ တိုက်ချွတ်ထားသည့်ပြောင်လက်နေသော ရှုးဖိနပ်ကိုစီးပြီး ရွှေရောင်ပန်းခက်ပန်းနွယ်များဖြင့် ဆင်ယင်ထားသည့် ကတ်ဦးထုပ်ကိုဆောင်းလိုက်သည်။ လက်ဆွဲအိတ်ထဲသို့ လိုအပ်သည့် စာရွက်စာတမ်းများ၊ မှတ်စုစာအုပ်နှင့် အသုံးအဆောင် များကို ထည့်ပြီးသည့်အခါ တနေ့တာ အလုပ်သွားရန်အတွက် အဆင်သင့်အနေအထားဖြစ်သွားပြီ။

(၃)
နှစ်ပေါင်းများစွာ အသားကျနေပြီဖြစ်သည့် ခြေလှမ်းများဖြင့် နေအိမ်နှင့်ကပ်လျက်ရှိသည့် သူ့ရုံးခန်းရှိရာသို့ သွားနေစဉ်မှာပင် မျက်နှာက စစ်သွေးစစ်မာန်တို့ ပြည့်လျက်ရှိသည်။ ခေါင်းထဲမှာတော့ ရှုပ်ထွေးပွေလီလှသည့် အုပ်ချုပ်ရေးဆိုင်ရာများ၊ နိုင်ငံ တော်အဆင့်စီမံကိန်းများနှင့် တပ်ချုပ်ကြီးထံတင်ပြရမည့် အစီရင်ခံစာများ စသဖြင့် အဆက်မပြတ်တွေးတောလျက်။ သူ အလုပ်ရှုပ်ခဲ့တာကတော့ သူတို့တပ်မတော်ကနေ နိုင်ငံတော်အာဏာကို တာဝန်ယူချိန်မှစပြီး နေ့စဉ်လိုလိုပင်။ နဂိုကမှ အ လုပ်ရှုပ်ရသည့်အထဲ အတိုက်အခံအင်အားစုတွေ၏သတင်းကို နားစွင့်နေရသလို အနောက်အုပ်စု၏ဖိအားကိုလည်း သတိ ထားနေရပြန်သည်။ ပြီးတော့ အိမ်နီးချင်းနိုင်ငံနှင့် မိတ်ဖက်နိုင်ငံများအရေးကိုလည်း အဆက်မပြတ်စုံစမ်းနေရ၏။

(၄)
နံနက် (၈း၀၀) နာရီထိုးပြီဖြစ်ကြောင်း အခန်းဝသို့ရောက်လာသည့် ဗိုလ်ချုပ်ကြီးကိုအလေးပြုရင်း အစောင့်ရဲဘော် ကိုလေး နားလည်လိုက်သည်။ ရုံးခန်းထဲရှိ ရှုပ်ပွနေသော စစ်သုံးမြေပုံများ၊ စီမံကိန်းတည်နေရာပြ မြေပုံများ၊ အစီရင်ခံစာများကို နေ့ စဉ်အသစ်သဖွယ်ဖြစ်အောင် ပြန်လည်နေရာချထားခြင်းက သူ့အတွက် အရေးကြီးသောအလုပ်တခု ဖြစ်ပါသည်။ ဗိုလ်ချုပ် ကြီးအတွက် အလုပ်အသစ်တွေ၊ စီမံကိန်းအသစ်တွေ နေ့စဉ်ရောက်နေမှ အဆင်ပြေမည်ဟု သူမကြာခဏ ညွှန်ကြားခံနေ ရသည် မဟုတ်လား။ ဗိုလ်ချုပ်ကြီးအတွက် ရေနွေးကြမ်း၊ ကော်ဖီနှင့် မုန့်ပဲသရေစာများကိုလည်း လိုလေးသေးမရှိအောင်သူလုပ်ထားပြီးပြီဖြစ်သောကြောင့် သေနတ်လွယ်လျက် အခန်းအပြင်မှာ ထိုင်ခုံဖြင့် ထိုင်စောင့်နေရုံသာ။

(၅)
ပျင်းရိစရာကောင်းသည့်နေ့တစ်နေ့ ဖြစ်သော်လည်း ဗိုလ်ချုပ်ကြီးတယောက် အလုပ်တွေ ရှုပ်နေသည်။တယ်လီဖုန်းမှတဆင့် သူ့ညွှန်ကြားသံတွေ၊ ဆူပူငေါက်ငန်းသံတွေအပြင် ဆဲသံဆိုသံကလေးတွေပါ ပါပါလာတတ်သည်။ တခါတလေ မြေပုံကို တုတ်ဖြင့်ထောက်ကာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွေကို ရှင်းပြပုံ ရှင်းပြနည်းလေ့ကျင့်နေတတ်သည်။ သူတို့အတွက် အဓိကဖြစ်သော အဖေကြီးထံဝင်ရောက် အစီရင်မခံမီ ကြိုတင်လေ့ကျင့်ထားနိုင်မှ တော်ကာကျလေသည်။ ခံစားချက်မရှိ သောမျက်နှာဖြင့် ကွမ်းကိုမြုံထားရင်း သူတို့ရှင်းပြသည်ကို ထိုင်နားထောင်လေ့ရှိသူ အဖေကြီးကို သူတို့အားလုံး တုန်နေ အောင်ကြောက်ရသည်။ အဖေကြီးသည်သာ သူတို့၏ ဘုရားသခင်၊ အဖေကြီးသည်သာ နိုင်ငံတော်၊ အဖေကြီးခေါင်း တချက်ခါရုံမျှဖြင့် သူတို့ဘဝတွေ သေချာနိုင်တော့မည် မဟုတ်ပါ။

(၆)
တပ်ထဲက အကျင့်အတိုင်း မနက်စာကို ဘယ်တော့မှ အိမ်ပြန်မစားသည့် ဗိုလ်ချုပ်ကြီးအတွက် မနက်စာကို ကိုလေး အိမ်ထဲ ကနေ သွားယူပေးရသည်။ ထမင်းချိုင့်ယူရင်းက မေမေကြီးထံမှ ဆေးတွေ လှမ်းယူပြီး ဘာထူးခြားမှုမရှိကြောင်း တင်ပြသည်။ အမြဲလိုလို ပုတီးစိပ်ရင်း တနေရာရာသို စိုက်ငေးနေလေ့ရှိသော မေမေကြီးထံမှ သက်ပြင်းသံသဲ့သဲ့ ကြားရသည်။ အနည်း ငယ်ကြာပြီးမှ သားကြီးတို့ သားငယ်တို့နေမှကောင်းကြရဲ့လားဟု စိတ်ပူသည့် စကားတခွန်းထွက်လာသည်။ မာနဖြင့်တောက် ပနေတတ်သည့် အမေကြီးမျက်ဝန်းမှာ မျက်ရည်စတို့ဖြင့် မှုန်ဖျော့နေသည်ကို တခြားလူတွေ အံ့သြထိတ်လန့်မည်ဖြစ်သော် လည်း ကိုလေးအတွက်ကတော့ ရိုးအီနေသည့်မြင်ကွင်းသာ ဖြစ်လေ၏။

(၇)
ဆေးသောက်ဖို့အချိန်ရောက်ပြီ ဗိုလ်ချုပ်ကြီးဟုတင်ပြရင်း ဗိုလ်ချုပ်ကြီးအရှေ့ သတိအနေအထားဖြင့်ရပ်ကာ ကျကျနန အ လေးပြုလိုက်သည်။ နာရီနဲ့ကိုက်ကာ တိုက်ရသည့်ဆေးတွေမို့ သူသတိမေ့လို့မရ။ ဗိုလ်ချုပ်ကြီး၏ကျန်းမာရေးကို ပုံမှန်စစ် ဆေးပေးနေသည့် ဆရာဝန်က သူ့ကို အထပ်ထပ်မှာထားသလို မေမေကြီးကလည်း အမြဲမေးလေ့ရှိသောကြောင့် သူဂရုတ စိုက်လုပ်နေရတာ ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီးကိုတော့ ဆယ်ကျော်သက်များကဲ့သို့ ပြန်နုပျိုစေမည့် အားဆေးတွေ ဖြစ်ကြောင်း တင်ပြထားရသည်။ ဗိုလ်ချုပ်ကြီး၏ ဆရာသမားအရင်းဖြစ်သူ သွားလေသူဘဘကြီး ပုံမှန်သောက်ခဲ့သည့်ဆေးတွေပါဟု လည်း ယုံကြည်အောင် ဇာတ်လမ်းဆင်ထားသဖြင့် ဗိုလ်ချုပ်ကြီးက ယုံယုံကြည်ကြည်သောက်နေသည်။

(၈)
အဝင်အထွက်များ၊ မုန့်ပုံးများ၊ ကားကြီးကားငယ် အသွယ်သွယ်များ၊ ဂိတ်တံခါးဖွင့်ရုံဖြင့် အိတ်ထဲပိုက်ဆံအထပ်လိုက်ထိုးထပ်ပေးတတ်သည့်လူတွေကို ကိုလေးသတိရနေသလို ဗိုလ်ချုပ်ကြီးကလည်း သူ့ခရီးစဉ်မှတ်တမ်းခွေဟောင်းတွေ ပြန်ကြည့်၍ ပီတိဖြစ်လျက်ရှိသည်။ အခွေကြည့်ရင်း အခုတလော အဖေကြီးက ငါ့ကို ဖုန်းမဆက်ဘူးကွာဟု ကိုလေးကိုလှမ်းပြောသဖြင့် ဟုတ်ကဲ့အဘ ဟု ပြန်ဖြေလိုက်ရ၏။

ဟိုကောင်တွေသတင်းရော ဘာရသေးသလဲဟု ထပ်မေးမှ ဗိုလ်ချုပ်ကြီး၏ကိုယ်ရေးအရာရှိနဲ့ အဖွဲ့သားတွေ နိုင်ငံခြားကနေ ပြန်မလာသေးကြောင်း ပြန်မယ့်ရက်သိရင် အဘကို ဖုန်းဆက်မည်ဟု ပြောကြောင်းတင်ပြရပြန်သည်။

(၉ )

လွန်ခဲ့သောလေးနှစ်ကစ၍ ကိုလေးတယောက် အလုပ်ပိုရှုပ်လာသည်။ ဗိုလ်ချုပ်ကြီးကို ဆေးပုံမှန်တိုက်ရသည်။ အိမ်မှာ ချက်ပြုတ်ဖို့ဝယ်ရသည့် ဟင်းသီးဟင်းရွက်ကအစ အိမ်သာတံခါး ချက်ပြုတ်လို့ပြင်တာအဆုံး အပြင်မှာ စောင့်နေသည့်ငနဲ တွေကတဆင့် တင်ပြပြီးမှ လုပ်ရသည်။ တပတ်တခါဈေးဝယ်ထွက်ရသည်။ မြေးတွေကို ကျောင်းပို့ကျောင်း ကြို ကိစ္စလည်း သူတို့ကသာ တာဝန်ယူ၏။ ခါတိုင်းဝင်ထွက်သွားလာနေတတ်သူများ လာခွင့်မရှိ၊ လာလည်လိုသူများအနေဖြင့် ခိုင်လုံသော အကြောင်းပြချက်ဖြင့် တပတ်ကြိုတင်ခွင့်တောင်းပြီးမှ ဝင်ခွင့်ရသည်။ သို့သော် ဆွေမျိုးရင်းတွေသာ လာလည်ကြ၍ မိတ်ဆွေ များ၊ တပည့်ဟုဆိုသူများ တယောက်မှပေါ်မလာ။

(၁ဝ)
လူတကာကို အမိန့်ပေးနေကျ ဗိုလ်ချုပ်ကြီး၏အလိုကျအတိုင်း ကိုလေး လိုက်လုပ်ပေးနေရသည်မှာ မလွယ်။ခြံထဲမှာ တပည့် ရင်းဆိုလို့ သူတယောက်သာ ကျန်၏။ ဒါတောင် သူက တကောင်ကြွက်မို့ နေနိုင်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီးကောင်း စား စဉ်က တရုန်းရုန်းပြည့်နေသော အမျိုးအဆွေဆိုသူတွေ ခြံကနေ စွန့်ခွာပြေးသွားကြပြီ။ အဘဗိုလ်ချုပ်ကြီး၊ မေမေကြီးနှင့် ကိုလေးသာ ဒီအိမ်ထဲမှာရှိသည်။ သားသမီးတွေလည်း အလားတူ သူတို့နေအိမ်တွေမှာ အကျယ်ချုပ်ခံထားရသဖြင့် ဒီအိမ်ကို လာခွင့် မရ။ တလမှာ မြေးများနှင့် နှစ်ကြိမ်တွေ့ခွင့်ပေးသော်လည်း ညအိပ်ခွင့်မပြု။

(၁၂)
အဘဗိုလ်ချုပ်ကြီးရုံးတက်ရန်အတွက် သူတာဝန်ထမ်းဆောင်ခဲ့သော ရုံးခန်းနှင့်ပုံတူ အခန်းတခန်းဖန်တီးပေးထားပြီး ဗိုလ် ချုပ်ကြီးခမျာ တယောက်တည်း ဖုန်းပြောရင်း၊ မြေပုံကိုထောက်၍ အဖေကြီး ကိုတင်ပြရန် လေ့ကျင့်ခြင်း၊ ဖိုင်တွဲဟောင်းများ ဖတ်၍ မှတ်ချက်များရေးခြင်း စသဖြင့် စစ်ရုံးမှာ လုပ်နေကျအလုပ်တွေကို လုပ်နေဆဲဖြစ်၏။ ရွှေထီးဆောင်းခဲ့စဉ်က ခရီးစဉ် ဗီဒီယိုခွေများ ကြည့်၍ သာယာနေဆဲ ဖြစ်၏။ကိုလေးကတော့ သေနတ်အစစ်နှင့် ခွဲမရအောင်တူသည့် ကစားစရာသေနတ်ဖြင့် ရုံးခန်းရှေ့မှာကင်းစောင့်ဟန်ပြု၍ ဗိုလ်ချုပ်ကြီး၏အခြေအနေကို စောင့်ကြည့်နေရသည်။

(၁၃)
မကြာခင် ရုံးဆင်းချိန်ရောက်တော့မည်။ ရာထူးကထုတ်ပယ်ခံရ၊ စစ်ကြောရေးခံရပြီးနောက်နေအိမ်အကျယ်ချုပ်ကျရာမှ ယဉ်ယဉ်လေး စိတ်ဖောက်ပြန်သွားသူ ဗိုလ်ချုပ်ကြီးဟောင်းကတော့ ရုံးခန်းအတုထဲမှာ သူ့တာဝန် သူထမ်းဆောင်နေဆဲ ဖြစ်လေ၏။ ။

အောင်မြို့


စံပယ်ဖြူ ● ဒီမိုကရေစီကို နားလည်ကြည့်ခြင်း

$
0
0

စံပယ်ဖြူ ● ဒီမိုကရေစီကို နားလည်ကြည့်ခြင်း
(မိုးမခ) နိုဝင်ဘာ ၃၊ ၂ဝ၁၆

ဒီမိုကရေစီစနှစ်နဲ့ ပတ်သက်လို့ ကျွန်မ မှတ်သားနားလည်ထားတဲ့ အခြေခံသဘောတရားတွေကို ကိုယ်ပိုင်အတွေးနဲ့ ပေါင်း စပ်ပြီး စာတပုဒ်ရေးလိုက်ပါတယ်။ ဒီစာကို ရေးတဲ့အခါမှာ နိုင်ငံရေးကို ကျွမ်းကျင်သူအနေနဲ့ရေးခြင်းမဟုတ်၊ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ သာမန်ပြည်သူ တယောက်အနေနဲ့ ရေးတဲ့စာလို့ မှတ်ယူစေချင်ပါတယ်။

ဒီမိုကရေစီဆိုတဲ့ စကားကို ၁၉၈၈ အရေးအခင်းမှာ စပြီးကြားဖူးခဲ့ပေမဲ့ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိခဲ့ ပါဘူး။ ဘာမှန်း မသိဘဲနေလာရင်း ဆယ်တန်းရောက်တော့ မြန်မာစာဆရာက စာသင်ရင်း၊ ဒီမိုကရေစီဆိုတာ ဘာလဲလို့ မေးခွန်းတခုမေး ပါတယ်။ ကျောင်းစာကလွဲရင် ဘာမှမသိတဲ့ ကျွန်မ ဆရာ့အမေးကို မဖြေနိုင်ဘဲ ပါးစပ်အဟောင်းသားနဲ့ နေခဲ့ရပါတယ်။ အတန်းထဲက ယောက်ျားလေး သူငယ်ချင်းယောက်က ထဖြေပါတယ်။ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ ပြောဆိုရေးသား ခွင့်ရှိပြီး၊ အစိုးရကို ပြည်သူများက လွတ်လပ်စွာ ရွေးချယ်တင်မြောက်တဲ့စနစ်လို့ ဖြေပါတယ်။ ကျွန်မလား ဘာမှမသိတဲ့ နလ ပိန်းတုံးဆိုတော့ ဖြေနိုင်တဲ့ သူငယ်ချင်းကို စိတ်ထဲက ချီးကျူးလိုက်ပါတယ်။ ဒီလိုနဲ့ ဆယ်တန်းအောင်၊ ဘွဲ့ရလို့ လုပ်ငန်းခွင် ဝင်တဲ့အချိန်တွေအထိ ဒီမိုကရေစီအကြောင်း သေချာနားမလည်ခဲ့သလို လေ့လာရကောင်းမှန်း မသိခဲ့ပါဘူး။

နိုင်ငံခြားကိုထွက်လာပြီးတဲ့ နောက်ပိုင်း အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးဖြစ်တဲ့အတွက် အင်တာနက်က သတင်း တွေ၊ ဘလော့ဂါတွေရေးတဲ့ စာတွေကိုဖတ်မိရာက နိုင်ငံရေးအခြေအနေတွေကို စိတ်ဝင်တစား လေ့လာဖြစ်ခဲ့ပါတယ်။ အိပ် ပျော်နေတဲ့ ကျွန်မတို့လို လူတစုကို လှုပ်နှိုးပေးခဲ့တဲ့ ဘလော့ဂါတွေကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေးရေချိန်မြင့်ခဲ့တာကို သိပ် ကျေးဇူးတင်ပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားလာတယ်၊ မြန်မာပြည်ကို ပြောင်းလဲတိုးတက်စေချင်တယ်ဆိုတော့ နိုင်ငံရေး အကြောင်းနဲ့ ဒီမိုကရေစီသဘောတရားကို လက်လှမ်းမှီသလောက် လေ့လာခဲ့ပါတယ်။ ကိုယ်တိုင် နိုင်ငံရေးလုပ်ဖို့ ရည်ရွယ် ချက် မရှိပေမဲ့၊ ခေါင်းဆောင်ကောင်းတွေကို ဝန်းရံအားပေးနိုင်ဖို့ လေ့လာခြင်း ဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့လူတိုင်း အခြေခံနိုင်ငံရေး သဘောတရားတွေကို နားလည်ထားသင့်ပါတယ်။

ဒီမိုကရေစီစနစ်မှာ  သိပ်ကိုအနှစ်သာရရှိတဲ့ အခြေခံသဘောတရားတွေ ရှိပါတယ်။ နိုင်ငံရေး တိုင်းပြည်အရေးတွေမှာ နိုင်ငံသားတွေအားလုံး ပါဝင်ခြင်း၊ နိုင်ငံသားအားလုံး တန်းတူ အခွင့်အရေးရှိခြင်း၊ လူ့အခွင့်အရေးကို   လေးစားလိုက်နာခြင်း၊ နိုင်ငံအရေး အမြင်မတူမှုများကို နားလည်သီးခံနိုင်စွမ်းရှိခြင်း၊ ရွေးကောက်ခံ ပုဂ္ဂိုလ်များက တာဝန်ခံမှုရှိခြင်း၊ ပွင့်လင်းမြင် သာမှု ရှိခြင်း၊ သတ်မှတ်ထားသော အချိန်ကာလတွင် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲကျင်းပခြင်း၊ ရွေးကောက်ပွဲ တွင် နိုင်ငံရေးပါတီ ပေါင်းစုံပါဝင်ခြင်း၊ စီးပွားရေး လွတ်လပ်ခွင့်ရှိခြင်း၊ အာဏာကို အလွဲသုံးစားပြုမှုနှင့် အကျင့်ပျက် ခြစားမှုကို ထိန်းချုပ်နိုင်ခြင်းနဲ့ တရားဥပဒေ စိုးမိုးခြင်း စတဲ့ ဒီမိုကရေစီ အခြေခံသဘောတရားတွေ ရှိပါတယ်။

နိုင်ငံသားအားလုံး ပါဝင်တယ်ဆိုရာမှာ မိမိတို့ယုံကြည်တဲ့ နိုင်ငံရေးပါတီကို ရွေးကောက်တင်မြောက်ခြင်း၊တိုင်းပြည်ရဲ့ အရေးကြီးကိစ္စရပ်တွေ (ဥပမာ- မြစ်ဆုံစီမံကိန်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ) မှာ သဘောထား ခံယူချက်ပေးခြင်း၊ ပရဟိတနဲ့ လူမှုရေးအဖွဲ့အစည်းတွေမှာ ပါဝင်အကျိုးပြုခြင်းတွေအပြင်၊ တိုင်းပြည်အတွက် အခွန်ပေးဆောင်ခြင်းတွေ အားလုံးပါဝင်ပါ တယ်။ ဒီမိုကရေစီစနစ်မှာ နိုင်ငံသားတွေရဲ့ မွေးရာပါအခွင့်အရေး ရပိုင်ခွင့်တွေနဲ့အတူ မွေးရာပါတာဝန်တွေလည်း ရှိနေပါ တယ်။ တာဝန်မယူလိုပဲ အခွင့်အရေးကိုပဲ တောင်းဆိုနေလို့ မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီစနစ်ကို လိုလားတယ်ဆိုရင် နိုင်ငံ သားအခွင့်အရေးကို ရအောင်ယူတတ်ရမယ်၊ နိုင်ငံသားတယာက်ရဲ့ တာဝန်ကိုလည်း ကျေပွန်ရပါမယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အေးချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ဆိုရင် နိုင်ငံသားတွေ တာဝန်ယူတတ်တဲ့ အကျင့်တွေ ရှိမှဖြစ်နိုင်ပါ တယ်။

ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံမှာ နိုင်ငံသားအခွင့်အရေးကို အားလုံးတန်းတူ ရကြပါတယ်။ လူမျိုး၊ ဘာသာ၊ အသား အရောင် ခွဲခြားတာတွေ မရှိရပါဘူး။ လူကို လူလို တန်ဖိုးထားပြီး၊ နိုင်ငံသားအားလုံးကို တန်းတူ တန်ဖိုးထား လေးစားချစ် ခင်ရမှာ ဖြစ်ပါတယ်။ ဆူကြုံ နိမ့်မြင့် အလွှာအသီးသီးက လူသားတဦးစီတိုင်းရဲ့ ဂုဏ်သိက္ခာကို လေးစားလျှက် အခွင့်အရေးကို သာတူညီမျှ ခံစားခွင့်ရှိခြင်းဟာ ဒီမိုကရေစီ ယဉ်ကျေးမှု ဖြစ်ပါတယ်။ နိုင်ငံသား တဦးချင်စီရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို အလေးထား ကာကွယ်စောင့်ထိန်း ကြရမယ်။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာစုဝေး၍ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်မာရေး စောင့်မှု ခံရခွင့်၊ မတရား ညှဉ်းပန်း နှိပ်စက်ခံရခြင်းမှ ကင်းလွတ်ခွင့်၊ ကျွန်ပြုခိုင်းစေခြင်းမှ ကင်းလွတ်ခွင့်၊ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများကို တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှု ရပိုင်ခွင့် စတဲ့အခြေခံ လူ့အခွင့်အရေးတွေ ရှိပါတယ်။ မိမိကိုယ်တိုင် ဒီအခွင့်အရေးတွေ ရပိုင်ခွင့်ရှိသလို နိုင်ငံအတွင်းမှာနေထိုင်တဲ့ တိုင်းရင်းသားပြည်သူတွေအားလုံးလည်း တန်း တူအခွင့်အရေး ရခွင့်ရှိပါတယ်။

ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နိုင်ငံရေး အမြင်မတူမှုများကို နားလည်သီးခံနိုင်မှု (political tolerance) ရှိဖို့ လိုပါ တယ်။ လူများစု သဘောတူညီချက်နဲ့ စီမံအုပ်ချုပ်ရာမှာ လူနည်းစုရဲ့ အခွင့်အရေးနဲ့ သူတို့အမြင်ကိုလည်း ထည့်သွင်းစဉ်းစား အလေးထားဖို့လိုပါတယ်။ ဒီမိုကရေစီရဲ့ အဓိကရည်မှန်းချက်ပန်းတိုင်ဟာ လူ့ပတ်ဝန်းကျင်အတွက် အကောင်းဆုံးနဲ့ သင့် မြတ်လျော်ကန်ဆုံးသော ဆုံးဖြတ်ချက်ကို ချမှတ်ပြီး၊ ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင်ကို တည်ဆောက်ဖို့သာ ဖြစ်တယ်။ ဒီမိုကရေစီစနစ်မှာ အင်အားကြီးတဲ့ လူများစုက လူနည်းစုကို အနိုင်ကျင့် လျစ်လျှူရှုတာတွေ မလုပ်ရပါဘူး။ ထို့အတူပဲ သဘောထားအမြင်မတူတဲ့ သူတွေကို ရန်သူလို့ သဘောမထားပဲ အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်း အဖြေရှာရင်း အတူလက်တွဲနေနိုင်ဖို့ လိုပါတယ်။ အမြင်ချင်းမတူလို့ အပြန်အလှန် ထိုးနှက်တိုက်ခိုက်နေကြမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ရိုးရိုးရှင်းရှင်း တွေကြည့်မယ်ဆိုရင် ဒီမိုကရေစီဆိုတာ တမိုးအောက်မှာ ရှိနေတဲ့လူတွေ အတူလက်တွဲ နေထိုင်ကြတဲ့   ဖြစ်စဉ်တခုပါ။ အချင်းချင်း တိုင်ပင်ညှိနိုင်းရင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ စိတ်ဘသဝင်မကျတာတွေကို သီးခံအလျှော့ပေးရင်း သာလှည့်နာတလှည့် လိုက်လျောညီထွေ နေထိုင်တဲ့ လူနေမှုအနုပညာ လို့ ဆိုနိုင်ပါတယ်။

ဒီမိုကရေစီစနစ် ထွန်းကားဖို့ဆိုရင် တရားဥပဒေ စိုးမိုးမှု ရှိရမယ်။လွှတ်တော်က အတည်ပြု ပြဌာန်းထားတဲ့ ဥပဒေကို နိုင်ငံ တော် သမ္မတအပါအဝင် နိုင်ငံသားအားလုံးက တပြေးညီ လေးစားလိုက်နာရမယ်။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရဘူး။ ဥပဒေကိုမလိုက်နာရင် သတ်မှတ်ထားတဲ့ ပြစ်ဒဏ်ကို အားလုံးတပြေးညီ ခံယူရမယ်။ ထို့အတူ ဥပဒေ ရေးဆွဲ ရာမှာ တရားမျှတမှုပြီး၊ လူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မှုပေးတဲ့ ဥပဒေမျိုး ဖြစ်ဖို့လိုပါတယ်။ နိုင်ငံသားအားလုံး တရားဥပဒေရဲ့ အကာအကွယ်အောက်မှာ လုံခြုံမှု ရှိဖို့လိုအပ်ပါတယ်။

ဒီမိုကရေစီစနစ်ထွန်းကားရင် နိုင်ငံသားတွေ လွတ်လပ်မှုနဲ့ လုံခြုံမှုအပြည့်ရှိတယ်။ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းမှာ မိမိနှစ် သက်ရာ ဘာသာရပ်ကို ရွေးချယ်သင်ကြားခွင့်တွေရှိသလို မိမိဝါသနာပါရာ အလုပ်ကို လွတ်လပ်စွာ ရွေးချယ်အသက်မွေး ခွင့်တွေရှိတယ်။ လွတ်လပ်တဲ့ အတွေးအခေါ်တွေ ရှင်သန်ဖွံ့ဖြိုးတဲ့အတွက် တီထွင်ကြံဆမှုတွေ အတွေးအခေါ်တွေ မြင့်ကြ တယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုမှာ လွတ်လပ်မှုနဲ့ တာဝန်က အတူရှိနေပါတယ် (Freedom comes together with responsibility)။ ထို့အတူပဲ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဆိုရာမှာ မိမိရဲ့ ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ပြောခွင့် ရေးခွင့်ရှိတယ်။ မိမိပြောဆိုရေးသားတဲ့အပေါ် ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်ပါတယ်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားလုပ်ပြီး မမှန်တဲ့သတင်းရေးခြင်း၊ လူတဦးတယောက်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ကြံသတင်းရေးခြင်း၊ လူမျိုးရေး ဘာသားရေး အမုန်းပွားမှုတွေဖြစ်အောင် လှုံ့ဆော်ရေးသားမှုတွေကိုတော့ ဥပဒေနဲ့ ကန့်သတ်ထိန်းချုပ်ဖို့ လိုအပ် ပါတယ်။ လူတယောက်က နိုင်ငံအကြီးအကဲ တယောက်ရဲ့ လုပ်ဆောင်ချက်ကို သဘောမတူရင် သဘောမတူဘူးလို့ ပြော ခွင့်ရှိတယ်။ ဒါပေမဲ့ ကိုယ်သဘောမကျတဲ့ နိုင်ငံအကြီးအကဲကို လုပ်ကြံဖို့အထိ ပြောဆိုကြံစည်လာရင် ရာဇဝတ်မှု မြောက် သွားပါတယ်။

ဒီမိုကရေစီတိုင်းပြည်တခုမှာ စစ်တပ်က တိုင်းပြည်ကို ကာကွယ်ဖို့ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ စစ်တပ်က နိုင်ငံရေးပါတီ သို့မဟုတ် အဖွဲ့အစည်း တခုခုကို ကိုယ်စားပြု အထောက်အပံ့ ပေးရန်မဟုတ်။ နိုင်ငံတော် ကာ ကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေမှာ စစ်တပ်အကြီးအကဲတွေက အကြံပြုဆွေးနွေးမှုတွေပေးနိုင်ပေမဲ့ အစိုးရကသာ အတည်ပြု ဆုံးဖြတ်ချက် ချရမှာဖြစ်ပါတယ်။ စစ်တပ်က တိုင်းပြည်ရဲ့ အကာအကွယ် အုတ်တံတိုင်း တခုလို ရှိနေရမှာဖြစ်ပြီး၊ အခြားဌာန ဆိုင်ရာ အမှုထမ်းတွေလို ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ အစိုးရကို တာဝန်ခံရမယ်၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ သစ္စာစောင့်သိရပါမယ်။ စစ်တပ်က တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ကို လွှမ်းမိုးချုပ်ကိုင်ခွင့် မရှိရပါဘူး။

ပြည်သူတွေ ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရအဖွဲ့ဟာ မိမိတို့ရဲ့ ဆောင်ရွက်ချက် အားလုံးအပေါ် တာဝန်ယူရပါမယ်။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာ ပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ကိုက်ညီဖို့လိုပါတယ်။ ထို့အတူပဲ တိုင်းပြည်ထဲမှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေမှန်သမျှကို ပြည်သူတွေက ပွင့်ပွင့်လင်းလင်း သိမြင်ခွင့်ဆိုတဲ့ ပွင့်လင်းမြင်သာမှု (transparency) ရှိရမယ်။ သတင်းစာ မီဒီယာတွေက သတင်းအမှန်ကို ရေးသားဖော်ထုတ်ခွင့် ရှိသလို ပြည်သူတွေကလည်း သတင်းအမှန်ကို သိခွင့်ရှိတယ်။ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ အစိုးရဖြစ်ဖို့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာ ဏာသုံးရပ်ကို အပြည့်အဝ ရဖို့လိုပါတယ်။ လုပ်ပိုင်အာဏာ အပြည့်အဝ မရှိပဲ တာဝန်ခံပေးရုံ ဆိုရင်တော့ အစိုးရအဖွဲ့ကို အနိုင်ကျင့်နေခြင်းသာ ဖြစ်လိမ့်မယ်။

 မြန်မာပြည်မှာ ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ အစိုးရသစ်တက်လာတယ်။ သို့သော် အခြေခံဥပဒေအရ လွတ်တော်မှာ စစ်တပ်က ၂၅ % နေရာယူ ထားတယ်။ စစ်တပ်က အရာရှိအများစု နေရာယူထားတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြည်နယ်နဲ့တိုင်း ဝန်ကြီးတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာမရှိပဲ စစ်တပ်ကခန့်ထားတဲ့ ပြည်ထဲရေး ဝန်ကြီးလက်အောက်မှာ ရှိနေတယ်။ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ကို စစ်တပ်က ချုပ်ကိုင်ခွင့်  ပေးထာတဲ့ အခြေခံဥပဒေအောက်မှာ ကျွန်မတို့ ပြည်သူတွေရထားတာ ဒီမိုကရေစီ အတုအယောင် (pseudo democracy) လို့ဆိုရင် မလွန်ဘူးထင်ပါတယ်။ သြဇာအာဏာ အပြည့်အဝမရှိပဲ မနိုင်ဝန်ထမ်းနေရတဲ့ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေကို ဝေဖန်ကြတဲ့အခါ ရှုထော့င်ပေါင်းစုံကနေ ကြည့်ပြီးဝေဖန်သင့်ပါတယ်။ ပြည်သူထောက်ခံအား ကျစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အပြစ်ရှာ ဝေဖန်နေကြမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ဘယ်လိုမှ မကောင်းနိုင်ပါဘူး။

ဒီမိုကရေစီစနစ် အောင်မြင်ဖို့ဆိုရင် ဒီမိုကရေစီ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ အခြေခံဥပဒေ ရှိဖို့လိုတယ်။ အစိုးရရဲ့ ခေါင်းဆောင်မှု အရည်အချင်းရှိ ဖို့လိုတယ်။ ဘက်မလိုက်ပဲ ဝေဖန်တယ်ဆိုသော သတင်းမီဒီယာတွေက အစိုးရနဲ့ ပြည်သူတွေအပေါ် ရိုး သားဖို့လိုပါတယ်။ ပြည်သူတွေကိုယ်စား ပြည်သူ့အသံကို ဖွင့်ဟရေးသားပါတယ်ဆိုရင် ပြည်သူ့ သဘောထားအမှန်ကိုသာ ရေးသင့်ပါတယ်။ အစိုးရကို စောင့်ကြည့်ရမဲ့  ပြည်သူတွေအနေနဲ့ အကြားအမြင် ဗဟုသုတရှိပြီး၊ အမှားအမှန်ကို ပိုင်းခြားနိုင်တဲ့ ဥာဏ်ပညာ ရှိဖို့လိုတယ်။ ပြည်သူတွေ မျက်စိလည်အောင်၊ ခံယူချက်တွေ ဝေဝါးသွားအောင် ဝါဒဖြန့်မှုတွေအပေါ် အလွယ် တကူ လက်မခံပဲ ဆင်ခြင်သုံးသပ်နိုင်ရမယ်။ စိတ်ခံစားချက်ကို ရှေ့တန်းမတင်ပဲ တည်ငြိမ်ရင့်ကျက်တဲ့ စိတ်သဘော ထားတွေ  မွေးမြူရမယ်။ မျက်တောင်မွှေးတဆုံးကို မကြည့်ပဲ ရေရှည်အကျိုးကို မျှော်ကြည့်နိုင်တဲ့ အရည်အချင်းတွေ လိုအပ် ပါတယ်။ ပြည်သူတွေက အစိုးရရဲ့ ခေါင်းဆောင်မှု အရည်အချင်းကို အားကိုးရမှာ ဖြစ်သလို၊ အစိုးရက ပြည်သူတွေရဲ့ စောင့်ကြည့် အကဲခတ်နိုင်တဲ့ အရည်အချင်းကို အားကိုးပြီး ဆုံးဖြတ်ချက်တွေ ချမှတ်ဆောင်ရွက် ရမှာဖြစ်ပါတယ်။

မြန်မာပြည်မှာ ဒီမိုကရေစီစနစ် ထွန်းကားဖို့ လိုအပ်ချက်တွေ မပြည်စုံသေးတာကို ကျွန်မတို့ ပြည်သူတွေ ကောင်းစွာ သဘောပေါက်စေချင်လို့ ဒီစာကို နားလည်လွယ်အောင် ကြိုးစားရေးလိုက်ပါတယ်။ ရှေ့ဆက်ရမဲ့ ခရီးရှည်ကြီးမှာ ပြည်တွေရဲ့ အရည်အချင်း၊ ခေါင်းဆောင်ကောင်းကို အားပေးထောက်ခံရမဲ့ ကျွန်မတို့ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာ သိပ်ကိုအရေးကြီး ပါတယ်။ ကိုယ့်မြေ ကိုယ့်တိုင်းပြည်ကို ငြိမ်းချမ်းသာယာစေချင်တဲ့ ကျွန်မတို့ တိုင်းရင်းသား ညီအကို မောင်နှမတွေရဲ့ စိတ် ဆန္ဒတွေ ပြည့်ဝဖို့၊ ကျွန်မတို့ ပြည်သူတွေကိုယ်တိုင် ဉာဏ်ပညာနဲ့ ရင့်ကျက်မှုတွေနဲ့ စုပေါင်းညီညာစွာ ပန်းတိုင်ကို အတူလျှောက်လှမ်းရမှာ ဖြစ်ပါတယ်။ စိတ်သဘောထား ကြီးမြတ်ခြင်းများနဲ့ နိုင်ငံသားအခွင့်အရေးနဲ့တာဝန်ကို ရယူ ထမ်း ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

စံပယ်ဖြူ

ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း - အပိုင်း (၁)

$
0
0

ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း - အပိုင်း (၁)
တွေ့ဆုံမေးမြန်းသူ စာရေးဆရာ မာန် (တောင်လုံးပြန်) 
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၆


ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင်ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
မာန် (တောင်လုံးပြန်)
====

(၁၅၊ ၁၀၊ ၂၀၁၆) စနေနေ့၊

မာန်။ ။  အရင်ဆုံးပေါ့ဆရာရယ်၊ ကျနော်က ကျနော်လေးစားတဲ့ဆရာတွေဆိုရင် အသေးစိတ် မေးလေ့ရှိပါတယ်။ ဆရာဦး ဝင်းငြိမ်းတို့ကိုမေးခဲ့တုန်းကလိုပေါ့။ ဒါကြောင့် ဆရာ့ရဲ့ငယ်ဘဝ၊ ဆရာ့မိဘ မောင်နှမတွေ၊ ဆရာ့ငယ်ဘဝဖြတ်သန်းမှုလေး တွေ ပြောပြပေးပါ။ အဲဒါတွေက ဆရာပြောပြမှသိရမှာ မို့လို့ပါ။
မင်းသစ်။ ။ ဟုတ်ကဲ့၊ ကျနော်ကဒုတိယကမ္ဘာစစ်အတွင်းမွေးတာ။ (၁၉၄၆) မွေးတော့၊ အိမ်မှာ အားလုံးက ဗကပတွေ၊ အလုပ်အကိုင်ကျတော့ အမေက ဆရာမ၊ နာမည်က ဒေါ်သန်းခင်၊ ကျနော့် အဖေက ဦးစံရွှေ၊ သူကအောက်သား၊ မြန်အောင် သား၊ ကုန်သည်။ အမေကစစ်ကိုင်း၊ ငဇွန်သူ၊ ကျနော်ကြီးပြင်းခဲ့ရတဲ့ဘဝက ဗကပအုပ်စုထဲမှာကြီးပြင်းရတာ။

မာန်။ ။ ဆက်ပြောပါဦးဆရာ။
မင်းသစ်။ ။ အဲဒီတုန်းက ကျနော်တို့အိမ်က ငဇွန်မှာပေါ့။ ငဇွန်ကို ရဲဘော်ဖြူတွေအုပ်ချုပ်ထားတဲ့ အချိန်မှာ ဗကပတွေလာရင် ခိုးပြီးလာကြတယ်။ ဘယ်သူတုန်းဆိုတော့ ပီကင်းပြန် မမျိုးသန့်၊ ဒေါ် နို့တလုံးစိန်ပေါ့၊ သူတို့လာလို့ရှိရင် မြင်းနဲ့လာကြတယ်။ မြင်းကိုစီးပြီးတော့ လာကြတာ။ စီးလာပြီး ငဇွန်တဖက်ကမ်းမှာ မြင်းတွေဝှက်ကြ၊ အပ်ထားခဲ့ကြပြီးမှ အိမ်ကိုခေါင်းပေါင်း ကြီးတွေနဲ့ လာကြတယ်။ ကျနော့်ကိုထိန်းတဲ့ ကလေးထိန်းလိုလို ဘာလိုလိုနေကြတယ်၊ သူတို့လာလို့ ထမင်းဟင်းချက် ကျွေးမယ်ဆိုရင်လည်း မီးဖိုကိုထရံနဲ့၊ အဲဒါကိုစောင်ပတ်ပြီးတော့မှ ချက်ရတယ်။ မီးမြင်မှာစိုးလို့။ ဘေးအပြင်ဧည့်သည် လာတယ်လို့ထင်သွားကြမှာစိုးလို့။ နောင်လည်း သူတို့ဗကပများစည်းရုံးရေးတို့ ဟောပြောရေးတို့ဆိုပြီးတော့ နယ်ဆင်းလို့ရှိ ရင်လည်း အဲဒီကုလားရွာတို့ ကံကုန်းတို့။

မာန်။ ။ အဲဒီကာလက ရဲဘော်ဖြူနဲ့ ဗကပမတည့်ကြဘူး၊ တွေ့ရင်သတ်ကြမှာ၊ အဲဒီလိုလား ဆရာ။
မင်းသစ်။ ။ မတည့်ဘူး၊ သတ်ကြမှာ၊ နေဦးဗျ၊ ကျနော်မှားသွားပြီ ရဲဘော်ဖြူက ဗကပဘက်က၊ နို့တလုံးစိန်တို့က ဗကပတွေ၊ ရဲဘော်ဝါ (ပြည်သူ့ရဲဘော်) က ဖဆပလဘက်က၊ ငဇွန်ကိုသိမ်းထားတာ  ရဲဘော်ဝါတွေဗျ။ အဲဒီရဲဘော်ဝါတွေကလည်း ကိုယ့်အမျိုးတွေချည်းပါပဲ။ နောက်ပြီးတော့ အဘိုးက ငဇွန်ကျောင်းအုပ်ကြီးဆိုတော့၊ အဘိုးတပည့်တွေ၊ အဲဒါကြောင့်သက် သာတာလည်း ပါပါတယ်။ နောက်၊ အသတ်ခံရတော့မယ်ဆိုတော့လည်း ရဲဘော်ဝါတွေပဲ လာပြောပေးကြတာ။ ပြေးကြပါ တော့တဲ့။ ညကြီးမင်းကြီးကိုပဲ လှေအကြီးကြီးနဲ့ ကျနော်တို့မိသားစု စစ်ကိုင်းကိုဆန်ပြေးကြရတာ။ အဲဒီမှာ မင်းသစ် စစ်ကိုင်း သား ဖြစ်သွားတော့တာပဲ။

မာန်။ ။ ဩော်၊ စစ်ပြေးရင်းနဲ့ စစ်ကိုင်းသားဖြစ်သွားတဲ့သဘောပေါ့ဆရာ။
မင်းသစ် ။ ။ ဟုတ်တယ်၊ စစ်ပြေးရင်းနဲ့ဖြစ်သွားတာ။ ကျနော့်မှာ နှမလေးတယောက် ရှိတယ်၊ အသက်ဆယ်နှစ်လောက်ကွာ တယ်၊ စစ်ပြီးတော်တော်ကြာမှမွေးတာ၊ အဲဒီတော့ ကျနော်ဘဝက အဲဒီလိုကြီးပြင်းရင်း ဘာကိုကျေးဇူးတင်ရသလဲဆိုတော့၊ ကျနော့်ဆရာတွေ၊ ဦးလေးတွေ၊ အစ်ကို တွေ ကစာအလွန်ဖတ်ခဲ့တဲ့သူတွေ၊ အဒေါ်တွေကလည်း စာသိပ်ဖတ်ကြတဲ့သူတွေ၊ အဒေါ်တွေက ဘာစာတွေသဲသဲမဲမဲဖတ်သလဲဆိုတော့ ဗန်းမော်တင်အောင်နဲ့ အောင်လင်းကိုဖတ်တာ၊ နောက်ပိုင်းမှာ တက္ကသိုလ်ဘုန်းနိုင်ဖတ်တယ်၊ သူကနောက်ကျတာကိုး၊ ဒီအဒေါ်တွေကြောင့်မို့လို့လည်း စာတွေဖတ်ရတာပေါ့ဗျာ။ ယုတ်စွ အဆုံး တိုင်းရင်းမေကအစ ဖတ်ရတယ်။

မာန်။ ။ ဆရာ့ရဲ့ကျောင်းနေရတဲ့ဘဝလေး ပြောပြပါဦး။
မင်းသစ်။ ။ ကျောင်းနေတော့ စစချင်းတုန်းက ငဇွန်မှာပေါ့၊ ငဇွန်မှာ သူငယ်တန်းလေး၊ သူငယ်တန်းလေးမပြီးခင် စစ်ကိုင်း ကိုပြေးရတာဆိုတော့ စစ်ကိုင်းရောက်၊ တစ်နှစ်နား၊ ပြီးမှကျောင်း ဆက်တက်၊ ကျောင်းဆက်တက်တော့ ရှစ်တန်းအထိ တက်ပါတယ်၊ မူလတန်းကနေ စတက်တာပေါ့၊ အဲဒီမှာလည်း ကံကောင်းတယ်ဗျ၊ ကံကောင်းတယ်ဆိုတာ ဒုတိယကမ္ဘာစစ် မတိုင်မီက ဆရာ ဆရာ မကြီးတွေ မသေသေးဘူး။ သူတို့ဆီကနေပြီးတော့ မြန်မာစာနဲ့အင်္ဂလိပ်စာ ကောင်းကောင်းရလိုက် တယ်၊ အဲဒါ ကျနော်တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပဲ။ ကျနော် အေဘီစီဒီမတတ်ခင်မှာပဲ အင်္ဂလိပ်လို သီချင်းဆိုနေပြီ၊ အဓိပ္ပါယ်လည်းမသိဘူး။ ဒါပေမဲ့ ပါးစပ်ကရနေပြီ၊ ဆိုနေပြီ၊ အဲဒါပြီးတော့မှ အေဘီ စီဒီသင်ရတာ၊ သင်တဲ့အခါကျတော့လည်း သိပ်တော်တဲ့ဆရာဆရာမကြီးတွေ။ မစ္စဘာဒင်တို့၊ အင်ဂလိုအင်ဒီးယန်း ကုလားမကြီးတွေ၊ ဒေါ်မိမိတို့ ဒေါ်ဖွားဖွားတို့၊ အဲဒီ လိုဆရာကောင်းတွေနဲ့ သင်ခဲ့ရတယ်။ နောက်၊ (၁) တန်းမှာ ပထဝီနဲ့သမိုင်းကို ကောင်းကောင်းသင်နေပြီ။ ဆရာမကြီး ဒေါ် ရီရီတဲ့၊ ပုံပြောပြီးသင်တာ။

မာန်။ ။ (၁) တန်းမှာနော်၊ ဟုတ်လားဆရာ။
မင်းသစ်။ ။ (၁) တန်းမှာဗျာ။

မာန်။ ။ ဟုတ်ကဲ့ဆရာ။ ဆရာမှတ်မိရင်လည်းပြောပါ၊ မမှတ်မိရင်လည်းနေပါ၊ အဲဒီကာလတုန်းက ဆရာတို့သင်ခဲ့စတဲ့ သင်ရိုးညွှန်းတမ်းလေးတွေ မှတ်မိသေးလား။
မင်းသစ်။ ။မှတ်မိတယ်ခင်ဗျ။ ကျနော်တို့အဲဒီတုန်းကသင်ရတာတွေက ပန်းချီ၊ စက်မှုလက်မှု၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အဲဒီမှာပထဝီနဲ့သမိုင်းကိုပုံပြောသလို သင်တာ၊ ပြဋ္ဌာန်းချက်စာအုပ် မထားဘူး။ ကျနော်တို့ကလည်း အဲဒီအချိန်ကိုစောင့် နေတာ၊ ဘာဖြစ်လို့တုန်းဆိုတော့ လွတ်သွားမှာစိုးလို့၊ နောက်နေ့ကို မလွတ်ဘူး၊ ဘယ်နားအကြောင်းပြောမလဲပေါ့၊ ကျနော် တို့ကိုအပြင်ဘက် ခေါ်ထုတ်သွားတာ။ သစ်ပင်စိပ်မှာဝိုင်ထိုင်ပြီးတော့ ဆရာမက ဘယ်နား ဘယ်ဒေသအကြောင်းဆိုပြီး ပြောပြီ။ အဲဒီတိုင်းပြည်က ဘယ်နားလေးက တိုင်းပြည်ပေါ့။ သမိုင်းသင်တော့လည်း အဲဒီလိုပဲ။

မာန်။ ။ သူက အဲဒါတွေသင်တာ စာမေးပွဲမှာ မေးခွန်းနဲ့မေးမှာမို့လို့လား ဆရာ။
မင်းသစ်။ ။မစစ်ဘူး၊ဟိုဟာပေါ့ဗျာ၊ ကျနော်တို့သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းက သမိုင်းသင်တာ မအအောင်လို့တဲ့၊ ကျနော်တို့ဆရာမကြီးပြောတာကြတော့မင်းတို့ပထဝီသိရမယ်။ မင်းတို့ ပထဝီမသိရင် အကန်းပဲတဲ့၊ မကန်းအောင်လို့ ပထဝီ သင်ပေးတာပေါ့။

မာန်။ ။ဩော်၊ သမိုင်းသင်တာ မအအောင်လို့၊ ပထဝီသင်တာ မကန်းအောင်လို့။
မင်းသစ်။ ။အေးဗျာ၊ စကားစပ်လို့ပြောရဦးမယ်၊ ဟိုတလောက သူငယ်ချင်းကြီး အကယ်ဒမီများရှင် မောင်တင်ဦးကြီး မသေခင်တုန်းက၊ ကျနော်ရယ်၊ နေအောင်ရယ်၊ မေသန်းနုရယ်ကို ဒိုင်လူကြီးလုပ်ခိုင်းတယ်။ ရုပ်ရှင်မင်းသားမင်းသမီးရွေး ပွဲ မှာ၊ အဲဒီမှာတယောက်က တက်လာတယ်ဗျ။ ကျမက ပထဝီမဟာဝိဇ္ဇာနဲ့ကျောင်းပြီးတာပါတဲ့။ ကျနော်တို့ကလည်း မေးခွန်း လေးတွေမေးရတယ်။ မေးရင် သူအမှတ်ရတယ်။ ကျနော်ကလည်း သူအမှတ်ရစေချင်လို့ မေးတာပါ။ မြန်မာပြည်မှာ မြစ်အများစုမြောက်ကနေ တောင်ကိုစီးဆင်းတယ်။ တောင်ကနေမြောက်ကိုစီးဆင်းတဲ့မြစ် ခြောက်ခုရှိတယ်။ အဲဒီထဲက မြစ်တမြစ်ကိုပြောပါ၊ တမြစ်ပဲ ပြောခိုင်းတာ၊ ကျမတို့မသင်ခဲ့ရဘူးတဲ့။ ဟဲဟဲ၊ အဲဒါ မဟာဝိဇ္ဇာပထဝီကြီး။



အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါမည်။
သရုပ်ဖောပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။

မောင်လူပေ - နှစ်စဉ် နွှဲမြဲ ဆန်ဖရန်က စာပေပွဲ

$
0
0

မောင်လူပေ - နှစ်စဉ် နွှဲမြဲ ဆန်ဖရန်က စာပေပွဲ
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၆
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဆန်ဖရန်ဧရိယာရဲ့ မြန်မာစာပေဟောပြောပွဲလေးကို ယခု ၂၀၁၆ မှာလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပါတော့မယ်။ ၂၀၀၀ခုနှစ်ထဲက စတင်ကျင်းပခဲ့တာမို့ (၁၇)ကြိမ်မြောက်ခဲ့ပြီ။

ဒီနှစ် ဟောပြောကြမဲ့ စာရေးဆရာတွေကတော့ မြန်မာပြည်ကရောက်လာကြတဲ့ ဆရာမရွှေကူမေနှင်း၊ ဆရာကြည်မင်းနဲ့ ဆရာမ မိချမ်းဝေတို့ပါပဲ။

မိတ်ဆွေတဦးက ကျွန်တော့ကိုမေးပါတယ်။ စာပေဟောပြောပွဲဆိုတာ ဘာလဲ။ ဘာတွေပြောမှာလဲ။ ရည်ရွယ်ချက်က ဘာလဲ။ လာနားထောင်သူအတွက် ဘာတွေရမှာလဲ။ ဘာလို့ ရှိသင့်တာလဲ တဲ့။

တကယ်ဖြေသင့်တဲ့သူကတော့ စာရေးဆရာတွေပေါ့။ ကျွန်တော်ကတော့ မြန်မာစာပေကို စိတ်ဝင်စားသူ ချစ်မြတ်နိုးသူ စာဖတ်သူတယောက်ပါ။ စာပေချစ်သူတယောက်အနေနဲ့ ဖြေကြည့်ရအောင်။

စာပေဟောပြောပွဲဆိုတာ စာရေးဆရာတွေရဲ့ ဟောပြောပွဲပေါ့။ အမေရိကန်မှာ နေထိုင်တဲ့ နာမည်ကျော် မြန်မာစာရေးဆရာဆိုတာ လက်ချိုးရေတွက်လို့ရပါတယ်။ ကျွန်တော်မှတ်မိသမျှကတော့ ၂၀၀၀ခုနှစ်မှာ ကဗျာဆရာကြီး ဆရာတင်မိုးနဲ့စတင်ခဲ့ကြတာ။ နောက်နှစ်တွေမှာတော့ တင်မိုး၊ မောင်သာရ၊ မောင်စွမ်းရည်၊ ဝင်းဖေ တို့က ပင်တိုင်။ ကြေးမုံဦးသောင်း၊ မာမာအေး၊ ခိုင်မာကျော်ဇော၊ ခက်မာ၊ မေငြိမ်း၊အောင်ဝေး၊ ကိုညို၊ ချိုတူးဇော်၊ ဒေါက်တာခင်မောင်ညို၊ မောင်ကောင်းမြင့်၊ မောင်စိုးချိန်၊ ဆောင်းဝင်းလတ်၊ ဘလော့ဂါနေဘုန်းလတ်၊ သင့်ဘဝ တင်မောင်သန်း၊ မောင်ဝံသ၊ မောင်စိန်ဝင်း၊ ဦးဘုန်း(ဓါတု)၊ ညီမင်းညို စသည်ဖြင့် အမေရိကန်မှာ အခြေချသူတွေရော ခဏတဖြုတ်အလည်လာသူတွေပါ ဟောပြောခဲ့ကြတယ်။ ကံထွန်းသစ်၊ ဉာဏ်ဦးမောင်၊ ဓမ္မဘေရီ၊ ဓမ္မဂဂ္ဂါစတဲ့ ရဟန်းတော် စာရေးဆရာတွေပါ အားဖြည့်ကူညီခဲ့ကြလေရဲ့။

ဘာတွေပြောမှာလဲ ဆိုတော့ ဒီစာရေးဆရာတွေရဲ့ မြန်မာစာပေရေးရာအပေါ်ထားတဲ့ သဘောထားတွေ၊ သူတို့တွေရဲ့ ခံယူချက်တွေ၊ ဘဝအတွေ့အကြုံတွေ အစုံအလင်ကို ဟောကြပြောကြလိမ့်မယ်။ စာပေဟင်းလေးအိုးကြီးပေါ့ဗျာ။ စာပေဗဟုသုတအစုံအလင်ကို တညထဲမှာ တဝကြီး ကြားကြရမဲ့ည ဆိုပါတော့။

အဝေးရောက်နေလို့ မြန်မာစာပေနဲ့ ဝေးနေကြတဲ့ မြန်မာတွေ မြန်မာစာပေ မမေ့မပြောက်ရေးအတွက် 'စာပေတင့်မှ လူမျိုးမြင့်မည် 'ဆိုတဲ့ ခံယူချက်နဲ့ မြန်မာမှု ထုံးစံအစဉ်အလာတွေ၊ ယဉ်ကျေးမှုတွေ၊ မြန်မာစာပေအကြောင်းတွေ၊ နိုင်ငံရေး လူမှုရေး ခေတ်ပြိုင်အတွေ့အကြုံတွေ သိရှိနိုင်စေရေး ရည်ရွယ်ကျင်းပပါတယ်။ လာနားထောင်သူတွေကတော့ စာရေးဆရာတွေပြောတဲ့ဟောတဲ့ အထက်ကအကြောင်းအရာစုံကို သိရှိမယ်။ မေ့နေသူအတွက် အမှတ်တရ ပြန်ဖြစ်စေမယ်။ ဟောကြပြောကြတဲ့အကြောင်းတွေဟာ ကိုယ်တွေနဲ့ ဖြတ်သန်းခဲ့တဲ့ခေတ်တူခဲ့ရင် ရင်ဘတ်ချင်းတူမယ်။ မတူခဲ့ရင်လည်း ဗဟုသုတ တိုးစေမယ်။ စာတအုပ်ဟာ ပြတင်းတပေါက်ဆိုရင် ဒီညဟာ ပြတင်းပေါက်တွေ အများကြီး ဖွင့်ပေးမဲ့ညတညပဲ ဆိုကြပါစို့။

ဒီပွဲကို မလုပ်နိုင်ဖူးဆိုရင် ဒီလိုအခွင့်အရေးတွေ မရတော့ဘူးပေါ့။ ကြာရင် မြန်မာစာပေ၊ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ အသိအမြင်တွေ မေ့ပျောက်ကုန်ကြမှာပေါ့။ ကိုယ်တိုင်က ဘာမှမသိပဲ နောင်မျိုးဆက်သစ်ကို ဘယ်လို လက်ဆင့်ကမ်းကြမှာလဲ။ ဒါဆိုရင် မြန်မာစာပေဟောပြောပွဲ ဘာလို့ရှိသင့်တယ်ဆိုတာ ရှင်းလောက်မယ် ထင်ပါတယ်။

အဝေးရောက်မြန်မာတွေအတွက် စတိတ်ရှိုးသွင်းရင် လူဝင်မှာသေချာပေမဲ့ စာပေဟောပြောပွဲဆိုတာ စတိတ်ရှိုးလို လူမစည်တာ သေချာပါတယ်။ စာရေးဆရာကြီးတွေနဲ့ စာချစ်သူတွေ ရင်းနှီးစွာတွေ့ဆုံနိုင်ဖို့၊ သူတို့ ဟောပြောကြတာ နားထောင်နိုင်ဖို့၊ သိလိုတာတွေ မေးခွင့်ရဖို့ နှစ်စဉ်ပဲ အခက်အခဲတွေမျိုးစုံကြားက ကိုယ်ပိုင်အချိန်တွေပေး၊ ငွေကြေးစိုက်ထုတ်ပေးကြတဲ့ စာပေမြတ်နိုးသူတွေ ရှိနေလို့သာ ဒီပွဲလေးကို နှစ်စဉ်ပဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြတာပါ။ ဒိအတွက်လည်း ဝိုင်းကြ ဝန်းကြသူအပေါင်းကို ကျေးဇူးတင်လို့မဆုံးပါ။

မြန်မာစာပေချစ်သူအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ကျွန်တော် မောင်လူပေပါ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ

ကာတွန်း မောင်ရစ် - ဆန်ရှင်နဲ့ အိမ်ထောင်

$
0
0

ကာတွန်း မောင်ရစ် - ဆန်ရှင်နဲ့ အိမ်ထောင်
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၆

ခင်မျိုးချစ် - ဥရောပစာပေ

$
0
0


ခင်မျိုးချစ် - ဥရောပစာပေ
(မိုးမခစာအုပ်စင်) နိုဝင်ဘာ ၄၊ ၂၀၁၆


ပထမအကြိမ် - ၁၉၇၀ အရုဏ်ဦးစာပေ
ဒုတိယအကြိမ် - ၂၀၀၃ မတ် သိဒ္ဓိစာပေ
တတိယအကြိ မ် - ၂၀၁၆ အောက်တိုဘာ ကံ့ကော်ဝတ်ရည်စာပေ

ထုတ်ဝေသူ - ဦးကျော်ဇင် ၅၁၊ ရေကျော်လမ်း၊ ပုဇွန်တောင်မြို့နယ် ရန်ကုန်
အမှတ် ၂၂၊ မဟာဇေယျလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်
ဖုန်း - ၀၁ ၈၆၁၇၄၄။ ၀၉ ၂၅၀၀၁၂၃၄၈။၀၉ ၇၃၀၄၁၁၃၇။

email - kantkawwutyee@gmail.com

အုပ်ရေ - ၁၀၀၀
တန်ဖိုး - ၃၀၀၀ကျပ်
မျက်နှာဖုံး- ၀င်းမြင့်ဦး

ဥရောပစာပေ - ရှေးခေတ်နှင့် အလယ်ခေတ် ဘီစီ ၅၀၀မှ အေဒီ ၁၅၀၀ ဟု အမည်ပေးထားသော စာအုပ်ဖြစ်သည်။ အပိုင်း ၅ပိုင်းပါဝင်သည်။ ရှေးသူဟောင်းတို့၏ စိတ်ကူး၊ ရှေးဟောင်းဂရိစာပေ၊ လက်တင်စာပေ၊ အလယ်ခေတ် ဥရောပစာပေ၊ အလယ်ခေတ်နိဂုံး တို့ဖြစ်သည်။ စာရေးသူ၏ ယဉ်ကျေးမူ ပေါင်းကူးတံတား ဟုအမည်ပေးထားသော အမှာစာပါဝင်သည်။ စာရေးဆရာသည် သူ့ကိုယ်သူ ယဉ်ကျေးမူ ပေါင်းကူးတံတား ဖြစ်နေပါလားဟု ပြောမိသည်။ မြန်မာစာကို အသုံးချ၍ ကလောင်ကိုင်ကာ ကောင်းနိုးရာရာ ၀တ္တုဆောင်းပါးများကို ရေးလာသည်။ အင်္ဂလိပ်စာကို အသုံးချ၍ု မြန်မာကို ကမ္ဘာကသိရမည် ဟူသော ရည်ရွယ်ချက်ပန်းတိုင် ကို မျော်မှန်းကာ ကြိုးစားလျက်ရှိသည်။ ထို့အတွက် သူသည် ယဉ်ကျေးမူပေါင်းကူးတံတား အဖြစ်သူ့ကိုယ်သူ ခေါ်မိသည်။ ယခုလည်း ဥရောပစာပေထုပ်ကို ထမ်း၍ မြန်မာစာဖတ်ပရိသတ်လက်သို့ ပို့ဆောင်လိုက်ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။ စာပေပေါင်းကူးတံတားပေါ်မှာ အသွားအလာ စည်ကားပါစေသတည်းဟု စာရေးဆရာက ဆုတောင်းမေတ္တာပို့ထားတာ တွေ့လိုက်ရပါသည်။

Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>