Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

စံလှကြီး - ဒီမိုကရေစီ စတင်ရာ ဒေသမှ မညီညွတ်ကြသူများ၏ သမိုင်း သင်ခန်းစာ

$
0
0


စံလှကြီး - ဒီမိုကရေစီ စတင်ရာ ဒေသမှ မညီညွတ်ကြသူများ၏ သမိုင်း သင်ခန်းစာ

ဒီလှိုင်းဂျာနယ်၊ (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၆

ယနေ့ခေတ်တွင် ဒီမိုကရေစီ ဟူသော စကားမှာ ကမ္ဘာနှင့်အဝှမ်း ကျယ်ပြန့်လျက် ရှိသည်။ စစ်အေး တိုက်ပွဲကာလက အာဏာရှင် နိုင်ငံများပင် ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲ အုပ်ချုပ်နေကြ၏။ အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံများ လုံးဝ ပပျောက်ပြီဟု မဆိုနိုင်စေကာမူ ဒီမိုကရေစီ စနစ်က ကမ္ဘာတွင် အောင်ပွဲခံနေသည်ကတော့ အထင်အရှားပင်။ ဒီမိုကရေစီ ဟူသော စကားလုံးသည် ဂရိဘာသာမှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်ပြီး လူအများ၏ အုပ်ချုပ်ခြင်းဟု အဓိပ္ပါယ် ရသည်။ ဂရိမြို့ပြ နိုင်ငံများမှ တဆင့် ကမ္ဘာတဝှမ်းလုံးသို့ ဒီမိုကရေစီ စနစ် ပျံ့နှံ့သွားခဲ့သည်။ ဒီမိုကရေစီ အစ ဂရိလူမျိုးတွေက ဟုပင် ဆိုရချေမည်။

ဒီမိုကရေစီ စနစ် သာမက ဥရောပတိုက် တစ်ခုလုံး၏ ယဉ်ကျေးမှုများသည်လည်း ဂရိနိုင်ငံမှပင် စတင်ခဲ့သည်။ ဥရောပ၏ စာပေ အနုပညာများကို နားလည်ရန် ရှေးဟောင်း ဂရိယဉ်ကျေးမှုကို သဘောပေါက်ရန် လိုသည်ဟု ဆိုသည်။ ဂရိလူမျိုးတွေက ကျန်းမာရေးလည်း လိုက်စားသည်။ သူတို့တွေ စတင်ခဲ့သည် အိုလံပစ် ပြိုင်ပွဲမှာ ယနေ့ခေတ် အထိ ကမ္ဘာနှင့် အဝှမ်း စိတ်ဝင်စားမှု အခံရဆုံး ပြိုင်ပွဲကြီး ဖြစ်သည်။ ထို့ပြင် ဆိုကရေးတီး၊ ပလေတို၊ အာခီးမီးဒီး အစရှိသည့် တွေးခေါ်ပညာရှင်များ သိပ္ပံပညာရှင်များသည်လည်း ဂရိလူမျိုးများသာ ဖြစ်သည်။ ထိုပညာရှင်များထံမှ မြစ်ဖျားခံ၍ ယနေ့ သိပ္ပံပညာရပ်များ ဒဿန ပညာရပ်များ ပေါ်ထွန်းခဲ့သည်။ ဒါတင်မက ပိုက်သာဂိုးရပ်၊ ယူကလစ် စသော သချာင်္ပညာရှင်များသည်လည်း ဂရိလူမျိုးတွေပင်။ သူတို့၏ သချာင်္ သီအိုရီများမှာ ယနေ့အထိ လေ့လာနေရဆဲပင်။ သီအိုရီ ဟူသော စကားလုံးသည်ပင် ဂရိဘာသာ ပေါက်ဖွား လာခြင်းဖြစ်သည်။ ယနေ့ခေတ် ဆရာဝန်များ ဘွဲ့ယူရာတွင် ဆိုရသော သစ္စာဓိဌာန်မှာလည်း ဆေးပညာ၏ ဖခင်ဟု ဆိုရမည့် ဂရိသမားတော်ကြီး ဟစ်ပိုကရေးတီး ထားခဲ့သည့် အစဉ်အလာပင်။ မည်မျှ အံ့သြ ချီးကျူးစရာ ကောင်းသော ဂရိလူမျိုးတွေပါနည်း။ ခေတ်သစ် ဒဿနပညာ၊ သိပ္ပံပညာ၊ အနုပညာ၊ အားကစား၊ သချာင်္ပညာ၊ ဆေးပညာ စသည့် အားလုံးသော ပညာရပ်တွေမှာ သူတို့ကပင် စတင်ခဲ့ခြင်း ဖြစ်သည်။

ဥာဏဗလ သာမဟုတ် ကာယဗလ ဟုဆိုရမည့် တိုက်ရည် ခိုက်ရည် တွင်လည်း ဂရိတွေက ထိပ်တန်းပင်။ ပညာရှင် ဆိုကရေးတီး ကိုယ်တိုင် ငယ်စဉ်ဘဝက တိုက်စွမ်းရည် ကောင်းလှသော စစ်သားဟောင်းကြီး ဖြစ်သည်။ ဂရိ မြို့ပြ နိုင်ငံများထဲမှ စပါတာ မြို့သားတွေ၏ သတ္တိဗျတ္တိကတော့ သမိုင်းတွင်ပင် စာတင်ခံရသည်။ ယနေ့ခေတ်အထိ သတ္တိ အလွန် ကောင်းလှသူများကို စပါတာ သတ္တိဟု တင်စား ခေါ်ဝေါ်ရလေသည်။ ကာယဗလ ဥာဏဗလ စွယ်စုံရသည့် ဂရိတွေမှာလည်း အကြီးမားဆုံး အားနည်းချက်ကြီး တစ်ခု ရှိပြန်သည်။ ထိုအားနည်းချက်ကား သူတို့ အချင်းချင်း စည်းလုံးညီညွတ်မှု မရှိခြင်းပင် ဖြစ်သည်။

ဂရိတို့သည် ပင်ကိုဇာတိအားဖြင့် စည်းလုံးမှုကို ကြိုက်သော လူမျိုးများ မဟုတ်ခဲ့ချေ။ ဂရိနိုင်ငံ၏ ပထဝီ အနေအထားကလည်း ဒေသ တစ်ခုနှင့် တစ်ခု တောင်တန်းများဖြင့် ကာဆီးထားသဖြင့် ဂရိတို့မှာ မြို့ပြနိုင်ငံငယ်များ အဖြစ် အစိတ်စိတ် အမွှာမွှာ ဖြစ်နေခဲ့သည်။ မြို့ပြနိုင်ငံ အချင်းချင်း ပြိုင်ဆိုင်မှုကလည်း ပြင်းထန်လှပေသည်။ အေသင်ကြီးစိုးမှုကို စပါတာက လက်မခံနိုင်။ စပါတာ လွှမ်းမိုးလာသည်ကိုလည်း သီးဗီးမြို့ပြ နိုင်ငံက ကြည့်မနေနိုင်။ ထို့အတူ သီးဗီး တန်ခိုးတက်လာမည်ကိုလည်း ကျန် မြို့ပြ နိုင်ငံငယ်များက မနှစ်မြို့။ သူတို့ အချင်းချင်းလည်း အပြင်းအထန် ယှဉ်ပြိုင် တိုက်ခိုက်ကြပြန်သည်။ ပထဝီ အနေအထား ကြောင့်ပင်လား သို့တည်းမဟုတ် ဂရိအချင်းချင်း အကျောမခံနိုင်သည့် ဂုဏ်တု ဂုဏ်ပြိုင်မှုကြောင့်လား ထိုနှစ်ခုလုံးကြောင့်ပင်လော မဆိုနိုင် ဂရိတွေ မညီညွတ်ခဲ့တာတော့ အမှန်ပင် ဖြစ်ပေသည်။

ဂရိမြို့ပြ နိုင်ငံများ၏ အနေအထားကလည်း ဆန်းကြယ်သည်။ ထိုမြို့ပြ နိုင်ငံလေးများသည် ကိုယ်စီ အချုပ်အခြာ အာဏာပိုင်သော နိုင်ငံငယ်လေးများ ဖြစ်သည်။ ဂရိတွေ ရံဖန်ရံခါ စည်းလုံးညီညွတ်တာမျိုးတော့ ရှိခဲ့ဖူးသည်။ ပြင်ပမှ ဝင်ရောက် တိုက်ခိုက်သော ဘေးရန် အန္တရာယ် ကြုံသည့် အခါမျိုးတွင် ဂရိတွေ စည်းလုံးညီညွတ်စွာဖြင့် ခုခံ ကာကွယ်ခဲ့ဖူးသည်။ သို့သော် သာမန် အချိန်များတွင်ကား သူတလူ ငါတမင်း အစိတ်စိတ် အမွှာမွှာ ကွဲနေခဲ့သည်သာ ဖြစ်သည်။ ထိုကဲ့သို့သော နိုင်ငံငယ်များကား ပတ်ဝန်းကျင်ရှိ အင်အားကြီး နိုင်ငံများက အလွယ်တကူ သိမ်းသွင်းခြင်း ခံရမည်သာ ဖြစ်သည်။ ဂရိတွေ အောင်မြင်ခဲ့ဖူးသော ရန်သူများမှာ ဘေးပတ်ဝန်းကျင်မှ မဟုတ်။ အလွန်ဝေးလံလှသော အာရှဘက်မှ စစ်တပ်များသာ ဖြစ်သည်။

ထို့ကဲ့သို့ ဂရိ မြို့ပြနိုင်ငံတွေ အချင်းချင်း တိုက်ခိုက်နေဆဲမှာပင် သူတို့နှင့်ကပ်လျက် မက်ဆီဒိုးနီးယား နိုင်ငံသည် ဖိလစ်ဟူသော ဘုရင် တစ်ပါး၏ လက်အောက်တွင် အင်အားကြီးမားလာသည်။ ဖိလစ်ကိုယ်တိုင်လည်း စစ်တိုက် အလွန်တော်သူ ဖြစ်သည်။ အချိန်လွန်မှ ဖိလစ်၏ အန္တရာယ်ကို ရိပ်စားမိသော ဂရိ မြို့ပြနိုင်ငံများသည် မက်ဆီဒုန် စစ်တပ်ကြီး၏ လက်အောက်သို့သာ ကျရောက်ရလေတော့သည်။ ဂရိတို့ မောင်းကိုထုပါ လူစုပါ လုပ်နေစဉ်တွင်ပင် ဖိလစ် ဦးဆောင်သော မက်ဆီဒိုးနီးယား တပ်ကြီးသည် ဂရိမြို့နိုင်ငံများကို အောင်မြင်စွာ သိမ်းပိုက်ပြီးလေပြီ။ အချင်းချင်း တိုက်ခိုက်ရင်းဖြင့်သာ အချိန်ကုန်ခဲ့သော ဂရိမြို့များကား သူတပါး၏ ဓားအောက်သို့သာလျှင် ကျရောက်၍ ရှုံးခြင်းကြီး ရှုံးကြရလေသည်။ ဖိလစ်ကား နောင်သောအခါ ကမ္ဘာ့သမိုင်းတွင် ကျော်ကြားလာမည့် အလက်ဇန္ဒားမင်းမဟာ(Alexander the Great) ၏ ခမည်းတော်ပင် ဖြစ်သည်။

မက်ဆီဒုန် ဘုရင် ဖိလစ် အနိစ္စရောက်ပြီး သားတော် အလက်ဇန္ဒား၏ လက်ထက်တော်တွင် ဂရိမြို့ပြနိုင်ငံ တစ်ခု ဖြစ်သော သီးဗီး(Thebes) က အကဲစမ်း ပုန်ကန်ရန် ကြိုးပမ်းခဲ့သေးသည်။ သက်တော် (၂၀) မျှသာ ရှိသေးသော ဘုရင်လေး ဖြစ်၍ အကဲစမ်းမည် ဆိုကလည်း စမ်းချင်စရာပင်။ သို့သော် ထိုပုန်ကန်မှုကို ဘုရင်လေး အလက်ဇန္ဒားက ရက်စက်စွာ နှိမ်နှင်းလိုက်သည်။ တစ်မြို့လုံးရှိ အဆောက်အအုံများကို ဖြိုချ ဖျက်ဆီးလိုက်သည်။ သူအလွန် နှစ်သက်သော စာဆိုတော်ကြီး၏ အိမ် တစ်လုံးကိုသာ ချွင်းချန် ထားခဲ့သည်။ ရှေး ဘုရင်စနစ်၏ ထုံးစံအတိုင်း အစရှိ နောက်နောင် မဖြစ်ရလေအောင် စံနမူနာပြ နှိပ်ကွပ်ခြင်းပင်။

အလက်ဇန္ဒားမင်းမဟာ၏ စွမ်းရည်ကတော့ ကမ္ဘာ့သမိုင်းတွင် အထင်အရှား နေရာရသူ ဖြစ်သည့် အတိုင်း အထွေအထူး ပြောစရာ မလိုပေ။ စစ်ပွဲတိုင်း၏ အစပိုင်းတွင် နောက်ကွယ်ကသာ လိုအပ်သမျှကို စီမံခန့်ခွဲလေ့ ရှိသော်လည်း နောက်ဆုံး အဆင့် မြင်းတပ်နှင့် နင်းပြီး အနိုင်တိုက်ရတော့မည် ဆိုလျှင် သူကိုယ်တိုင် တပ်ဦးမှ ပါလာတတ်သည်။ ထိုအရာသည်ပင် သူ့တပ်သားများ အတွက် အလွန်ကြီးမားသော အောင်စိတ် ဖြစ်လာပြီး တိုက်ပွဲတိုင်းကို အနိုင်ရလေတော့သည်။

ဂရိ မြို့ပြနိုင်ငံများမှာလည်း အလက်ဇန္ဒား၏ လက်အောက်တွင် ဝပ်စင်းရရုံမက သူ့တပ်တွင်ပါ တပ်သားများ အဖြစ် ဝင်ရောက် အမှုထမ်းရလေတော့သည်။ အလက်ဇန္ဒား စစ်ချီရာသို့ ဂရိလူမျိုးများစွာ လိုက်ပါရပြီး ကမ္ဘာ့နေရာ အသီးသီးတွင် ပျံ့နှံ့ ကျန်ရစ်ခဲ့ကြသည်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ လောကတွင် ပညာကြွယ်ဝ မိလိန္ဒမင်း ဟူ၍ ထင်ရှားခဲ့သည့် မိလိန္ဒမင်းကြီးမှာ ဂရိလူမျိုး ဖြစ်ပြီး မေနန္ဒာဟု အမည်ရသည်ဟု ဆိုသည်။ မျိုးနှင့် ရိုးနှင့် ပညာကြီးသည့် နေရာတွင် ပိဋကသုံးပုံးတွင်ပါ နေရာယူနိုင်သော ဂရိလူမျိုးတွေဟု ဆိုရမည်။ သို့သော် ကိုယ့်အချင်းချင်း မညီညွတ်ကြသဖြင့် အင်အားကြီး နိုင်ငံကြီး တစ်ခု မထူထောင်နိုင်ရုံမျှမက သူတပါး လက်အောက်သို့ အချိန် ကြာမြင့်စွာ ကျရောက်ခဲ့ရလေသည်။

အလက်ဇန္ဒားမင်းမဟာ လွန်လေပြီး နောက်တွင် ဂရိတို့သည် မက်ဆီဒိုးနီးယား လက်အောက်မှ လွတ်ရန် ကြိုးစားခဲ့ကြသည်။ ဘီစီ ၁၉၇ တွင် ရောမလူမျိုးတို့က မက်ဆီဒိုးနီးယားကို ဝင်ရောက် တိုက်ခိုက်သော အခါ ဂရိတို့က ကူညီခဲ့ကြသည်။ သို့သော် ရောမလူမျိုးတို့၏ ကျွန်သဘောက် ဘဝသို့ ကျရောက်ရပြန်သည်။ ဘီစီ ၁၄၆ တွင် ဂရိမြို့ပြ နိုင်ငံအားလုံး ရောမတို့ လက်အောက်သို့ ရောက်ခဲ့ရလေသည်။ ထိုမျှမက ရောမ ကြေးရေတတ်များ၏ အိမ်ဂေဟာများတွင်ပင် ဂရိလူမျိုးတို့မှာ အစေခံများ ဖြစ်ကုန်ကြသည်။ တိုင်းပြည်လည်းဆုံးရှုံး လူများလည်း ကျွန်ဖြစ်ကုန်သည့် ဂရိတို့ အဖြစ်က ကြေကွဲဖွယ် ဖြစ်သည်။

ဤသို့ဖြင့် ဂရိတို့သည် အလက်ဇန္ဒား မင်းမဟာ လက်ထက်တော်မှ စ၍ အေဒီ ၁၉ ရာစု အစလောက် အထိ နှစ်ပေါင်း (၂၀၀၀) ကျော်တိုင် သူတပါး လက်အောက်ခံ လူမျိုးများ ဖြစ်ခဲ့ကြလေသည်။ သူတို့၏ နောက်ဆုံး အရှင်သခင်တို့ကား ၁၅ ရာစုလောက်မှ စတင်၍ အုပ်စိုးသော တူရကီတို့ ဖြစ်ကြသည်။ (၁၈၂၉) တွင်မှ ဂရိတို့မှာ တူရကီတို့ လက်အောက်က လွတ်မြောက်ကြလေသည်။

ဒီမိုကရေစီ အတွေးအခေါ်များ စတင်ခဲ့ရာ ဒေသ၊ ခေတ်မီ သိပ္ပံပညာရပ်များကို အစပျိုးခဲ့ရာ လူမျိုး၊ ကာယဗလ ဥာဏဗလ စွယ်စုံရသည့် ဂရိလူမျိုးများကား အချင်းချင်း ဂုဏ်တုဂုဏ်ပြိုင်လုပ်ရင်း မညီညွတ်နိုင်ခဲ့သဖြင့် တိုင်းပြည်ပါ ဆုံးရှုံးပြီး နှစ်ပေါင်း (၂၀၀၀) ကျော်တိုင် တိုင်းတပါး လက်အောက်တွင် အောက်ကျ နောက်ကျ နေခဲ့ရသည့် အဖြစ်မှာ သံဝေဂနှင့် သမိုင်း သင်ခန်းစာ ယူစရာပင် ဖြစ်ပါကြောင်း။

ကိုးကား

ဥရောပ ယဉ်ကျေးမှု အနုပညာမိတ်ဆက်(ခင်မျိုးချစ်)
မြန်မာ့ စွယ်စုံကျမ်း
Glimpses of World History(JAWAHARLAL NEHRU)
(နိုဝင်ဘာ ၁၄ ရက်နေ့ ၂၀၁၆ ထုတ် ဒီလှိုင်းဂျာနယ် အတွဲ (၅) အမှတ် (၄၄) မှာ ပုံနှိပ် ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)

ငြိမ်းချမ်းအေး ● ဆိုင်းဘုတ်ကလေးတွေ ဖြုတ်ကြရအောင်

$
0
0



ငြိမ်းချမ်းအေး ● ဆိုင်းဘုတ်ကလေးတွေ ဖြုတ်ကြရအောင်
(The Ladies News Journal / မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၆


Myanmar Now သတင်းအေဂျင်စီက “ထွန်းကားနေသော အမျိုးသမီးတားမြစ်နယ်မြေယဉ်ကျေးမှု” သတင်းဆောင်းပါး ဖတ်ရလို့ ဝမ်းသာမိပါတယ်။ ကျနော်ဟာ သာသနိက အဆောက်အအုံတွေက “အမျိုးသမီးမဝင်ရ” ဆိုင်းဘုတ်တွေကို ဖြုတ်နိုင်ဖို့ သုတေသန အသေးစားလေးတခု တနိုင် လုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကို မူတည်ပြီး တရားဝင် ထုတ်ပြန်တဲ့ စာရင်းအရ ဗုဒ္ဓ ဘာသာ ဝင် လူဦးရေက ၈၇.၉ % ရှိပြီး အများစု ဖြစ်တာမို့ ဗုဒ္ဓဘာသာဆက်စပ် ဘာသာရေး အဆောက်အအုံ နယ်မြေတွေမှာ တားမြစ်ထားတဲ့ “အမျိုးသမီးမဝင်ရ” ဆိုင်းဘုတ်တွေ အတွက် သဘောထား စစ်တမ်း ကောက်ယူပြီး ဖြုတ်ချနိုင်မယ့် အခွင့်အရေး နည်းလမ်း ရှိမရှိ ဆန်းစစ်လိုတဲ့ စိတ်ဆန္ဒ ရှိပါတယ်။ ဒါကြောင့် နီးစပ်ရာ မိတ်ဆွေတွေကတဆင့် စကားပြောဆို ဆွေးနွေးနိုင်မယ့် ဘာသာရေးခေါင်းဆောင် တချို့နဲ့ တွေ့ဆုံ စကားပြော ဖြစ်ပါတယ်။ နိုင်ငံရဲ့ ပုံရိပ် အထင်ကရ ဘာသာကြီး တခုဖြစ်တဲ့ ဗုဒ္ဓ ဘာသာ ပြီးရင် ပြည်ထောင်စု အတွင်း မှီတင်းနေထိုင်နေတဲ့ တခြား ကိုးကွယ်ယုံကြည်မှုများ၊ နတ်ကိုးကွယ်မှုများက ကျား-မ ခွဲခြားမှု သဘော သက်ရောက်တဲ့ တားမြစ်ချက်တွေ၊ သတ်မှတ်ချက်တွေကိုလည်း ဆက်လက် တို့ထိ ဖို့ စဉ်းစားထားပါတယ်။

ဗုဒ္ဓဘာသာ အတွက်မှာတော့ ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ နန္ဒမာလာဘိဝံသ . လို ကျင့်ဝတ်သီလပိုင်းအတွက် သြဇာရှိသူ ဆရာတော်ကြီး ကိုယ်တိုင်က “အမျိုးသမီးမဝင်ရ ဆိုင်းဘုတ်တွေဟာ ဗုဒ္ဓဘာသာက တားမြစ်တာမဟုတ်ဘူး၊ ဒါတွေက ရိုးရာယဉ်ကျေးမှု ဆက်စပ်တွေပါ” ဆိုပြီး ဟောကြားတော်မူခဲ့လို့ ဆိုင်းဘုတ်တွေ ဖြုတ်ချနိုင်ဖို့ လမ်းစ ဖြစ်နိုင်မလား ဆိုပြီး ကျနော် တွေးမိရင်းနဲ့ “ဆိုင်းဘုတ်ကလေးတွေ ဖြုတ်ကြရအောင်” အတွက် လှုပ်ရှားမှုဖော်ဆောင်မယ်၊ ဘာသာရေးခေါင်းဆောင်ပိုင်းနဲ့ အများပြည်သူ (မ + ကျား နှစ်ဘက်စလုံး ) ရဲ့ တုံ့ပြန်မှုကို လေ့လာမယ် ဆိုပြီး စီစဉ်ထားတာပါ။ စာနယ်ဇင်းကနေ သတင်းဆောင်းပါး၊ အမြင်အာဘော်ဆောင်းပါးတွေနဲ့ အားဖြည့် ပေးနိုင်ရင်လည်း ပိုပြီး အသိအမှတ်ပြုမှု ရလာမှာ ဖြစ်ပါတယ်။

ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီး တချို့ကို ဒီကိစ္စ ကျနော် တင်ပြချိန်မှာ တားမြစ် ဆိုင်းဘုတ်ဖြုတ်ချခြင်းဟာ အပေါ်ယံ ရုပ်ပိုင်းဆိုင်ရာ သဘောသက်သက် မဟုတ်ကြောင်း၊ ခေတ်ရေစီးကြောင်း ပေါ်ပင် မဟုတ်ကြောင်း လျှောက်ထားပါတယ်။ ဘာကြောင့်ဆို အတွေးအခေါ် အယူအဆ ခံယူချက်တွေဟာ ရုပ်ပုံဖော်မှုတွေမှာ ကိန်းအောင်းစွမ်းပါတယ်။ အတွင်း အဇ္ဈတ္တသန္တာန် ကို လွှမ်းမိုးနိုင်စွမ်းပါတယ်။ ကိုယ်မြတ်နိုး တန်ဖိုးထားတဲ့ နေရာတခုခုကို မဝင်ရဘူးဆိုတာဟာ မသိစိတ်မှာ သိမ်ငယ်စိတ်၊ နိမ့်ကျစိတ်ကို စွဲမြဲ စေပါတယ်။ ဒီလို တားမြစ်ချက် သင်္ကေတေတွေနဲ့ ရုပ်သဘော ပိတ်ပင်နေမှုတွေကို တိုက်ဖျက်နိုင်ရင် ကျား-မ လူမှု စီးပွား ကျန်းမာ ပညာ နိုင်ငံရေးရာ ကွဲပြားမှု၊ ခွဲခြားမှုတွေကို ပပျေက်စေဖို့ အခြေခံကောင်း (Ground) တခုကို ရလာမှာ ဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်းလေး တွေးကြည့်ရင်လည်း သဒ္ဓါ တရား ကိုးကွယ်ယုံကြည်မှုရှိသူ တဦးဟာ သူကြည်ညိုတဲ့ အထွတ်အမြတ် ထားရာ နေရာတခုကို ကိုယ်တိုင်ကိုယ်ကျ သွားခွင့်ရသင့်ပါတယ်။ ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်တုန်းကတောင် အမျိုးသမီးများ ဘုရားရှေ့တော်မှောက် သွားရောက် ဖူးမြော်ခွင့်ရခဲ့သေးတာပါပဲ။ အမျိုးသား သာသနာ့ဝန်းထမ်းများနည်းတူ အမျိုးသမီးများကိုလည်း ရဟန်းမ (ဘိက္ခုနီ) ပြုခွင့်ပေးခဲ့တာပါပဲ။ တရားထူးတရားမြတ်များရနိုင်၊ ဉာဏ်အလင်းပွင့်နိုင်၊ သောတပန် ဖြစ်နိုင်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သေးတာ အခုကျမှ ဘာလို့ တန်းတူ ကြည်ညိုခွင့်၊ ပူဇော်ခွင့် ဆုံးရှုံးနေရတာလဲ။ မကောင်းတဲ့ ရည်ရွယ်ချက် တခုခုနဲ့ စော်ကားဖို့ ဘုရား ပေါ် တက်လာတာမှမဟုတ်ဘဲ ခင်ဗျာ..။

ယဉ်ကျေးမှုမှာ ရိုးရာ (Custom/Tradition) ဓလေ့ ထုံးတမ်း (Culture) ဆိုတာအပြင် လူသား ရဲ့ ဖြစ်ပေါ် တိုးတက် ပြောင်းလဲ ယဉ်ကျေးလာခြင်း ဆိုတဲ့ “Civilisation” ဖြစ်စဉ်ကိုပါ ထည့်သွင်း စဉ်းစားရပါမယ်။ ဆိုချင်တာက ယဉ်ကျေးမှုပဲ ဆိုတိုင်း ရှေးရိုးစွဲ ချင်လို့ မရပါ။ လူသား အနေနဲ့ ပိုမို လူပီသ လာခြင်း လူသားဆန်လာခြင်း “Humanity and Decency” ဖွံ့ဖြိုးလာခြင်းဟာလည်း ယဉ်ကျေးမှုကို စောင့်ရှောက်ခြင်း တည်ဆောက်ခြင်း မည်ပါတယ်။

ဒါကြောင့် ယဉ်ကျေးမှု ဆိုတာမှာ အသိ အမြင်၊ ဉာဏ်ပညာ အလိမ္မာတိုးကာ ဆင်ခြင်တုံတရား ပိုမို ရှိလာခြင်း နဲ့အတူ စဉ်ဆက်မပြတ် ပြောင်းလဲ ဖြစ်ထွန်း တိုးတက်နေရတဲ့ “ပြောင်းလဲမှု ဖြစ်စဉ် -- Change” ဆိုတဲ့ အနှစ်သာရ ပါရပါမယ်။ ဥပမာ - ရှေးတုန်းက ယဉ်ကျေးမှု ဓလေ့ အဖြစ် လက်ခံခဲ့တဲ့ လူသား ယစ်ပူဇော်ခြင်း၊ ကျွန်စနစ်၊ အသားအရောင် ခွဲခြားမှု စတဲ့ အလေ့အထတွေဟာ ယနေ့ခေတ် ယဉ်ကျေးတဲ့ လူသား ပီသမှုကို မျက်မှောက်ပြုရတဲ့ အချိန်မှာ လက်သင့်မခံနိုင်တော့ပါဘူး။

ဒါဟာ အသိအမြင်၊ အတွေးအခေါ်၊ ခံယူချက်၊ ကျယ်ပြန့် မြင့်မားလာခြင်းနဲ့ အတူ စံသတ်မှတ်မှုတွေ ပြောင်းလဲလာပြီး လူသား အားလုံး ရဲ့ တန်းတူညီမျှ ဖြစ်တည်မှု ကို အသိအမှတ်ပြု ပြောင်းလဲ လာတဲ့၊ တနည်းအားဖြင့် ပြောင်းလဲ ခံယူ ကျင့်သုံးတတ် ရမယ့် လူသား ယဉ်ကျေးမှု သဘောပဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ခံယူချက်၊ စံ တွေ ဟာ ပြောင်းလဲယူ ရပါတယ်၊ လူသားရဲ့ မွေးရာပါ အခွင့်အရေးကို လေးစားတန်ဖိုးထားမှုကို ရှေးရှုရပါတယ်။

လိင်ကွဲပြားမှု၊ လွတ်လပ်စွာ လိင် တိမ်းညွတ်မှု၊ ရွေးချယ်မှု၊ ဓလေ့၊ အယူဝါဒ၊ ကျင့်သုံးမှုနဲ့ လူမျိုး၊ ဘာသာ၊ အသားအရောင် ကွဲပြားမှုတွေဟာ လူ့အဖွဲ့အစည်းကို၊ တခြား လူ အုပ်စု တခုခု ကို (သို့မဟုတ်) တဦးတယောက်ကို အန္တရာယ် ပြု မထိခိုက်သရွေ့ မတားဆီး မပိတ်ပင် ဖိနှိပ် ခွဲခြားမှု မလုပ်သင့်ပါဘူး။

ဒီနေရာမှာ ဘာသာရေး ဆက်စပ် အဆောက်အအုံတချို့က အမျိုးသမီး မဝင်ရ တားမြစ်နယ်မြေ သတ်မှတ်ခြင်းမှာ အမျိုးသမီးဝင်လို့ ဘယ်သူကို ထိခိုက်နစ်နာစေသလဲ၊ လူ့အဖွဲ့အစည်း အတွက် ဘာ အကျိုးယုတ်စေသလဲ ဆိုတာ မေးခွန်းထုတ် အဖြေရှာ ဖို့ လိုပါတယ်။ ယောက်ျားသာ အကြီးအမှူး၊ အရာရာ အသာရ၊ မဟာဖိုဝါဒ ကြီးစိုးတဲ့ (Patriarchy) လူ့အဖွဲ့အစည်းက ကျားတွေရဲ့ အတ္တ မာန ကို ထိခိုက်စေရုံသက်သက် ဆိုရင်တော့ ဒီလို တားမြစ်မှုတွေဟာ မဖြစ်သင့်ပါဘူး။ ဒီလို တားမြစ်ချက်တွေဟာ ဘာသာရေး အဆောက်အအုံ သက်သက်မှာ တင် မဟုတ်ပါဘူး။

ဥပမာ - မိတ္ထီလာကန်က ဘုရားမှာဆိုရင် နဂါးရှိတဲ့ ဘက်ကို အမျိုးသမီး မဝင်ရတဲ့ ကန့်သတ်ချက်မျိုးက ရိုးရာ အစွဲအလမ်း ယုံကြည်မှု ဆိုပြီး အကြောင်းလုံးလုံးပြနိုင်ပါတယ်။ ဒီလို နေရာမျိုးမှာ အမျိုးသမီးဝင်လို့ လူမှုရပ်ရွာမှာ ဘယ်လို အတိဒုက္ခဘေးရောက်စေသလဲ ဆိုတဲ့ အစဉ်အဆက် ယုံကြည်လာခဲ့တဲ့ ထုံးတမ်းမျိုးကို ဒါဟာ ခွဲခြားမှု ပဲ ဆိုပြီး ဒေသခံတွေကို နင်ပဲငဆ ဖိနင်း နင်းနှိမ် မပြောဆိုအပ်ဘူး ဆိုတာလည်း ကျား-မ လူမှုရေးရာ တန်းတူညီမျှရေး လိုလားသူတွေ သတိပြုအပ်ပါတယ်။ ရိုးရာအစွဲတွေ ချွတ်ဖို့ ပြောင်းလဲယူတတ်ဖို့ကို ပညာပေးမှု၊ ဆွေးနွေးမှု အစီအစဉ်တွေ အရင် လုပ်မှ ရပါမယ်။

နောက်တချက် မလုပ်အပ်တာကတော့ မင်း အမိန့်အာဏာနဲ့ ဥပဒေ ထုတ် ဆိုင်းဘုတ်တွေဖြုတ်စေခြင်းလို့မျိုးတွေပါ။ လူတွေရဲ့ ရိုးရာယုံကြည်မှုကို ဥပဒေက မတားနိုင်ပါဘူး။ “Law and force cannot change the hearts.” ပါ၊ ဥပဒေနဲ့ ဖိအားပေးမှုတွေက လူတွေရဲ့ နှလုံးသားကို ယဉ်ကျေးအောင် အဆုံးတိုင် စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။ အထူးသဖြင့် ပုံစံခွက်ထဲ အသားကျနေတဲ့ အမျိုးသမီးတချို့နဲ့ ကျားကြီးဝါဒီ အမျိုးသားတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်မှာမဟုတ်ပါဘူး။ ပညာရေး၊ စာပေနဲ့ ဆွေးနွေးပွဲ တွေကနေသာ လူတွေရဲ့ အလေ့အထဆိုး၊ အမူအကျင့်ဆိုးနဲ့ အသုံးမဝင်တဲ့ အစွဲအလမ်းတွေကို ဖြေဖျောက်စေရပါမယ်။

ဥပမာ - အမျိုးသမီးရဲ့ လစဉ် ရာသီစက်ဝန်း သွေးဆင်းခြင်းက ယုတ်ညံ့တယ် ဆိုတာမျိုးကိုပါ။ ဒါကြောင့် မြင့်မြတ်တဲ့ နေရာတွေကို တက်ခွင့်မပြုနိုင်ဘူး ဆိုတဲ့ ရှေးရိုးစွဲ အယူအဆမျိုးကိုပါ။ ဒါကို ယထာဘူတကျကျ စဉ်းစားသုံးသပ်ရင် မမှန်ဘူးဆိုတာ လွယ်လွယ်ကူကူ ရှင်းပြနိုင်ပါတယ်။ ဒါဟာ ဓမ္မတာ သဘာဝ ကိစ္စပါ။ မျိုးပွားခြင်းဆိုင်ရာ ခန္ဓာဗေဒ ရုပ်ပိုင်းဆိုင်ရာ ဇီဝကမ္မ ဖြစ်စဉ်သက်သက်သာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ နာမ်ပိုင်းဆိုင်ရာ အကျင့်သီလ ပိုင်းဆိုင်ရာ မြင့်မြတ်ခြင်း၊ ယုတ်ညံ့ခြင်း ဘာမှ မရှိသလို ရုပ်ပိုင်းဆိုင်ရာ အရလည်း နိမ့်ကျမှု မရှိပါဘူး။ အညစ်အကြေးလို့လည်း ယူဆလို့ မရပါဘူး။ လူမှု-စီးပွား အလွှာအစုံ က အမျိုးသမီးတွေကို မျိုးပွားအင်္ဂါဆက်စပ် ကျန်းမာရေးအသိမြင့်မားအောင် စွမ်းဆောင်ပေးနိုင်ဖို့ပဲလိုပါတယ်။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်နိုင်ခြင်း (သားသမီးမွေးဖွားနိုင်ခြင်း) နဲ့ ၊ လစဉ် ဓမ္မတာ ရာသီသွေးဆင်းခြင်း ကို ဒုက္ခအနေနဲ့ မယူဆအပ်ပါဘူး။ ရှေးအတတ်ကုသိုလ်ကံကြောင့် အပို ဒုက္ခတွေ ထမ်းပိုးနေရခြင်းလို့ မဆိုသင့်ပါဘူး။ လူသားမျိုးနွယ် ရှင်သန် တည်တံ့ ရေးအတွက် အခွင့်အရေး တခု အဖြစ်သာ ယူဆမပေးနိုင်ကြဘူးလား ခင်ဗျာ။

ကျနော် အခုလောလောဆယ် အထိ တကိုယ်ရေ ဆန်းစစ်မှုတွေ အရ၊ ဘာသာရေးခေါင်းဆောင်ရဟန်းတချို့၊ လူ ပုဂ္ဂိုလ် တချို့နဲ့ တွေ့ဆုံ စကားပြောပြီး လေ့လာခဲ့မှုအရတော့ အမျိုးသမီးမဝင်ရ ဆိုင်းဘုတ် တွေ ဖြုတ်နိုင်ဖို့က အင်မတန် ခက်ခဲနေပါသေးတယ်။ ပထမဆုံးကတော့ ပုံစံခွက်ထဲက အမျိုးသမီး အများစုရဲ့ ခံယူချက် အမြင်တွေကို သိမ်းသွင်း ပြောင်းလဲယူရပါမယ်။ နောက် မဝင်ရ တားမြစ်တဲ့ နေရာကို ဝင်မိရင် အစွဲနဲ့ ဥပါဒါန် ကြောင့် ဥပါဒ် မဖြစ်စေဖို့ နည်းလမ်းမှန် ကိုင်တွယ်နိုင်ရပါမယ်။ လူ့အဖွဲ့အစည်းရဲ့ နေရာတကာ အရာရာမှာ ဗိုလ်ကျ နေရာယူထားတဲ့ ကျား များရဲ့ လွှမ်းမိုးမှု Power ကိုလည်း ထိန်းညှိ ယူနိုင်ရပါမယ်။ ဘာသာရေး ဓမ္မ တရား ဟောပြောချက်တွေကို ကိုယ်လိုရာဆွဲ ကောက်ချက်ဆွဲထားတဲ့ Interpretation ဘာသာပြန်ချက်တွေကိုလည်း သြဇာ တိက္ကမကြီး သိက္ခာတော်ရ ဆရာတော်ကြီးများရဲ့ သွန်သင်ဖွင့်ဆိုချက်တွေနဲ့အတူ အများလူထု လူပြိန်း နားဝင် နားလွယ် လက်ခံအောင် လုပ်နိုင်ရပါမယ်။ သံဃာ အစုအဝေး အထူးသဖြင့် သက်တော် အလယ်အလတ်ရှိတဲ့ လောကီ လောကုတ္တရာ နှစ်ဖြာ နှံ့စပ်တဲ့ ခေတ်ပညာတတ် ရဟန်းပျိုများ၊ သီလရှင်ဆရာ ကြီးများရဲ့ အသံအား ပံ့ပိုးမှုလည်း လိုပါတယ်။

နိဂုံးချုပ်ရရင်တော့ လူသားရဲ့ ယဉ်ကျေးမှု အလေ့အထ Culture ဟာ အကောင်းဘက်ကို ပြုပြင်ပြောင်းလဲ ယူနိုင်စွမ်းရပါမယ်။ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတခုကို လိုချင်ရင် လက်တွေ့ အသုံးမဝင်တဲ့ အပြင် အပြစ်လည်း ဖြစ်စေတဲ့ အစွဲစိတ် အခြေခံ ခွဲခြားမှုတွေကို ဖျောက်သင့်ပါတယ်။ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ၊ ကုလ မျိုးနွယ်၊ ဇာတိ၊ အသားအရောင် ဆိုတဲ့ တကယ် စစ်မှန်မှု ပရမတ်တရား မဟုတ်တဲ့ ပညတ်ချက်တွေကို ထည့်သွင်း မစဉ်းစားဘဲ ရုပ် နာမ် နှစ်ပါးနဲ့သာ ဖွဲ့စည်း တည်ရှိတဲ့ လူသားအချင်းချင်း တန်းတူညီမျှ ပြုမူဆက်ဆံကာ ဉာဏ်ပညာနဲ့ ချစ်ခြင်း မေတ္တာ တရားတွေ ပွားများတဲ့ ဗုဒ္ဓ ဝါဒ လမ်းစဉ် စစ်စစ်ကို မျက်မှောက်ပြုသင့်လှကြောင်းပါ ခင်ဗျာ..။

ငြိမ်းချမ်းအေး
နိုဝင်ဘာ ၁၆၊ ၂၀၁၆
(ဆက်သွန်ရန်နှင့် ဝေဖန်ရန် nyeinchanaye81@gmail.com)

မှတ်ချက် --
The Ladies News Journal မှာ မူလ ဖော်ပြခဲ့ပါသည်။
http://theladiesnewsjournal.com/articles/wed-2016-11-16-1601/4207

ကာတွန်း လှိုင်မျိုး - မြွေဖမ်းခြင်း

$
0
0
 ကာတွန်း လှိုင်မျိုး - မြွေဖမ်းခြင်း
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၆

မြန်မာ့စိုက်ပျိုးရေး ဝယ်လက် နဲ့ ဘကြီးမိုး

$
0
0

မြန်မာ့စိုက်ပျိုးရေး ဝယ်လက် နဲ့ ဘကြီးမိုး

(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ နိုဝင်ဘာ ၁၇၊ ၂၀၁၆
 
ဘကြီးမိုးဟာ စာရေးဆရာ၊ ဂျာနယ်လစ်တစ်ယောက်ဖြစ်ပေမဲ့ မြန်မာ့သီးနှံ အ ခြေအနေဖြစ်နေပုံကို စဉ်းစားလို့မရဘူးခင်ဗျ။ မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံဆိုပဲ။ သည်တော့ မြန်မာနိုင်ငံရဲ့ အဓိက ဝင်ငွေအားဟာ စိုက်ပျိုးရေးအပေါ်မှာ အ ခြေခံပါတယ်။ အဓိကအားဖြင့် မြန်မာလူမျိုးတွေဟာ ဆန်စားသုံးတဲ့လူမျိုးဖြစ်တဲ့ အပြင် ဆန်စပါးကို အဓိကထားပြီး စိုက်ပျိုးကြပါတယ်။

ပြဿနာဖြစ်ပုံက သည်လိုခင်ဗျ။ သည်နှစ် မိုးစပါးပေါ်တော့မယ့်အချိန်မှာ မြန်မာ နိုင်ငံက ဆန်တန်ချိန် အများဆုံး တင်ပို့ရတဲ့ တရုတ်နိုင်ငံ ဝယ်လက်က မဝယ်တော့ ဘူးဆိုတော့ မြန်မာ့ဆန် လောကဟာ ယောက်ယက်ခတ်သွားတော့ တာပေါ့။ အဓိကဝယ်လက်က တရုတ်ကိုး။

သည်ကြားထဲမှာ မိုးစပါးက ပေါ်ပြီး ဆန်က ရောင်းမထွက်တော့ဘူးဆိုတော့ ဆန်စက်တချို့က စပါးမဝယ်ပါဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားကြသတဲ့။ သည်တော့ မိုးကြီးလို့ စိုက်ပျိုးချိန်နောက်ကျ၊ စပါးပေါ် ချိန်ကျတော့ စပါးမဝယ်ကြဘူးဆိုတော့ စိုက်ပျိုးတောင်သူတွေ အခက်တွေ့ကြတာပေါ့။

နောက်ဆုံး ဆန်ကုန်သည်ကြီးများအ သင်းက စပါးကို သင့်တင့်လျောက်ပတ်တဲ့ ဈေးနဲ့ ဝယ်ယူတဲ့အပြင် စိုက်ပျိုးစရိတ်ချေးငွေကိုလည်း မပေးဆပ်သေးဘဲ ဆိုင်းငံ့ ထားဖို့ပါ စီစဉ်နေတဲ့သတင်း ကြားရတော့ အရှုံးကို ရင်ဆိုင်ကြရမယ့် တောင်သူတွေအတွက် သက်မနည်းနည်းချနိုင်တာပေါ့ လေ။

အဲဗျ သည်ကြားထဲမှာ ဖရဲတောင်သူတွေကလည်း သူတို့ဖရဲတွေကို တရုတ်က မဝယ်တော့လို့ ဒုက္ခကြီးစွာ ဖြစ်ပါပြီလို့ ငိုကြီး ချက်မအသံတွေ ကြားရပါတယ်။

ဖရဲစိုက်ပျိုးတယ်ဆိုတာ ဇာတ်လမ်း အစက တရုတ်ကပဲခင်ဗျ။ တရုတ်က မြေတွေကို ငှား၊ ဖရဲမျိုးတွေစိုက်ခိုင်းပြီး ထွက်သမျှ ဖရဲတွေကိုလည်း အကုန်ဝယ်ခဲ့တာ လေ။ သူတို့ လယ်တွေယာတွေငှားပြီး စိုက်တုန်းက ဝယ်ပြီး တောင်သူတွေ ကိုယ်တိုင်စိုက်တော့ မဝယ်ဘူးဆိုတော့ “ဂွမ်” တော့တာပေါ့ခင်ဗျ။

ဖရဲဆိုတာ ဆန်ထက်ဆိုးတာပေါ့ ခင်ဗျ။

ဘကြီးမိုး ဟိုလွန်ခဲ့တဲ့ နှစ်အတော် များများက မူဆယ်ကိုရောက်တုန်း မူ ဆယ်ရောက်လာတဲ့ ဖရဲတွေကို တရုတ် မဝယ် တော့လို့ လွှင့်ပစ်ရတဲ့ဘဝရောက် တာကို မြင်ဖူး ကြုံဖူးပါတယ်။ ဖရဲဆိုတာ ကြာကြာ ထားလို့ရတဲ့သီးနှံမှ မဟုတ်တာ။

မြန်မာနဲ့တရုတ် နယ်စပ်ကုန်သွယ်ရေးကိစ္စကို တီးခေါက်ကြည့်တော့ မြန်မာဘက် ကတော့ ပို့သမျှ ဆန်၊ ဖရဲ၊ သရက်သီးနှံ မျိုးစုံနဲ့ တခြားပို့ကုန်တွေမှန်သမျှ တရား ဝင် တင်ပို့ရတာချည်းပဲတဲ့။ အဲ တရုတ် ဘက်ကတော့ ဆန်၊ သီးနှံအားလုံးကို တ ရားဝင် တင်သွင်းခွင့်ပြုထားတာ မဟုတ် ဘဲ သူ့နိုင်ငံသူ့ဒေသအတွက် လိုအပ်တဲ့ အချိန် လိုအပ်မှဝယ်ပြီး တင်သွင်းခွင့်ပြု တယ် ဆိုပဲ။

တိုင်းပြည်တိုင်းဟာ မိမိတို့တိုင်းပြည် ရဲ့ အကျိုးစီးပွားကိုကြည့်တာ အပြစ်တင်လို့ မရသလို “ရောင်းသူတစ်ကျပ်၊ ဝယ်သူတစ်မတ်”ဆိုတဲ့ စကားလို ဈေးနှုန်းရဲ့ပကတိ သဘောအရ ဝယ်လက်ရဲ့အဆုံးအဖြတ်မှာ တည်မှီနေတာကို တွေ့ရပါတယ်။

သည်နေရာမှာ မြန်မာနိုင်ငံရဲ့ ဆန်နဲ့ သီးနှံတင်ပို့မှုတွေအားလုံးဟာ ပုဂ္ဂလိက ကုန်သည် တောင်သူတွေက လုပ်ကိုင်နေ ကြတာဖြစ်လို့ စိုက်စရိတ်ကြီး၊ သယ်ယူပို့ ဆောင်စရိတ်မြင့်မားပြီး ဝယ်လက်က မ ဝယ်တော့ ဒါမှမဟုတ် ဈေးအဆမတန် နှိမ်ခံရရင် တောင်သူပဲ အမျိုးမျိုးနာတော့တာပေါ့။

ဘကြီးမိုး ကြားဖူးတာတစ်ခုရှိတယ်။ ဘကြီးမိုးတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတစ်ခု မှာတော့ စပါးစိုက်သူတွေအတွက် အစိုးရ က စိုက်ပျိုးစရိတ်ထုတ်ပေးတဲ့အပြင် လို အပ် တဲ့မျိုး၊နည်းပညာတွေအကုန်လုံး ထောက် ပံ့ကူညီပြီး ထွက်သမျှစပါး တွေကိုလည်း သင့်မြတ်တဲ့ ဈေးနှုန်းနဲ့ ဝယ်ကာ နိုင်ငံတကာဈေးကွက်ကို အစိုးရကပဲ တာ ဝန်ယူပေးပို့ရောင်းချသတဲ့။

ဘကြီးမိုးတို့ဆီမှာတော့ လယ်တွေ မြေတွေ အသိမ်းခံရတဲ့အပြင် ဘာမှကို တာဝန်မယူတော့ ခံစရာရှိရင် တောင်သူတွေပဲ ခံရတာပေါ့ခင်ဗျ။

ဘကြီးမိုးတို့မြန်မာနိုင်ငံဟာ ကမıာ့ လူဦးရေအများဆုံး နိုင်ငံနှစ်ခုဖြစ်တဲ့ တ ရုတ်နဲ့ အိန္ဒိယနိုင်ငံများအကြားမှာ ရှိတယ်ခင်ဗျ။

ပဲမျိုးစုံရဲ့ဝယ်လက်က အိန္ဒိယ၊ ဆန်နဲ့ သီးနှံဝယ်လက်က တရုတ်ဆိုတော့ အဲ သည် ဝယ်လက်နှစ်ခု မဝယ်ဘူး၊ အဝယ်လျှော့မယ်ဆိုရင် စိုက်ပျိုးတောင်သူတွေ ဒုက္ခလှလှကြီး တွေ့တော့တာပဲပေါ့။

သည်နေ့ နည်းပညာခေတ်ကြီးထဲမှာ စိုက်ပျိုးတဲ့ နည်းပညာတွေလည်း တိုး တက်ဖွံ့ဖြိုးအောင် နိုင်ငံတော်က လုပ် ဆောင်ပေးရမှာဖြစ်သလို စိုက်ပျိုးစရိတ် တွေ ထုတ်ပေးတဲ့အပြင် ထွက်တဲ့ ဆန်၊ ပဲနဲ့ သီးနှံတွေကိုလည်း တာဝန်ယူ ဝယ်ယူ ရောင်းချဖို့ လုပ်သင့်တာပေါ့။

အဲသည်လို မလုပ်ခဲ့၊ မလုပ်နိုင်လို့ တောင်သူရယ်၊ ကုန်သည်ပွဲစားရယ်တို့က သူတို့နည်း သူတို့ဟန်နဲ့ ဝယ်လက်ရဲ့ ဈေးကွက်မှာ ရောင်းချနေရလေတော့ ဝယ် လက်က ကစားတိုင်းခံနေရတော့တာပေါ့ ခင်ဗျ။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အကောင်းဆုံး ကျွန်းသစ်ထွက်တဲ့ နိုင်ငံဖြစ်တဲ့အပြင် သစ်မာ အမျိုးပေါင်းများစွာထွက်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ နောက်ဆုံးစစ်တမ်းအရ မြန် မာနိုင်ငံရဲ့သစ်တောတည်ရှိမှုအနေအထားဟာ အများကြီးမှ အများကြီးယုတ်လျော့သွားကြလို့ အစိုးရသစ်လက်ထက်မှာ သစ် မခုတ်ရဆိုတဲ့ ဥပဒေတွေ ထုတ်ပြန်ရတဲ့ ဘဝ ရောက်သွားရတာပါပဲလေ။ သစ် မခုတ် ရဆိုတဲ့ ဥပဒေ ထုတ်ပြန်ပြီးတဲ့ နောက်မှ ပိုင်ရှင်မဲ့သစ်လုံးတွေ အများကြီး အများ ကြီး ဖမ်းမိတဲ့သတင်း ထွက်နေသေးတယ်လေ။

ကျောက်စိမ်းဆိုရင် မြန်မာပြည်ကပဲ ထွက်တာတဲ့။ ကျောက်စိမ်းတူးဖော်တဲ့ ဖားကန့်ဒေသမှာ ယန္တရားကြီးတွေနဲ့ တူးဖော်နေကြတာတွင်းတွေက အဝီစိအထိ ရောက်နေကြပြီတဲ့။ မြန်မာပြည်သူတွေက တော့ တူးဖော်ကြသူများရဲ့ စွန့်ပစ်မြေစာပုံတွေမှာ ရေမဆေးကျောက် အလုအယက် ရှာဖွေနေရလို့ မြေစာပိပြီး ရာနဲ့ချီ သေဆုံး နေတဲ့ သတင်းတွေ ကြားနေရပါတယ်။ တစ်ချိန်တည်းမှာပဲ ရေမဆေးကျောက် ရှာကြသူ လက်လုပ်လက်စားတွေရဲ့ အဖြစ်ကတော့ မူးယစ်ဆေးဝါးစွဲသူတွေပဲ ဖြစ်ကုန်ကြပါသတဲ့။

အဲ မူးယစ်ဆေးဝါးဆိုလို့ပြောရဦးမယ်၊ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှု ဘိန်းထွက်နှုန်း ဒုတိယအများဆုံးနိုင်ငံပါတဲ့။ အာဖဂန် ပြီးရင် မြန်မာက ဒုတိယလိုက်သတဲ့။ အဲဒါ က စိုက်ပျိုးတဲ့ ဘိန်းကို ပြောတာနော်။

ခုတော့ ဆေးပြားခေတ်ရောက်လာ ပြန်ပါပြီ။ ဆေးပြားကတော့ ဓာတုပစ္စည်း များနဲ့ ထုတ်လုပ်တာတဲ့။ ဘယ်သူတွေကထုတ်၊ ဘယ်သူတွေကလုပ်၊ ဘယ်သူတွေက ရောင်းနေသလဲတော့ မသိပါဘူး။ မြန်မာတစ်ပြည်လုံးမှာ ဆေးပြားတွေ အလွယ်တကူ ဝယ်လို့ရနေကြပြီး အဲသည် ဆေးပြားတွေလည်း ပိုင်ရှင်မဲ့အပြင် မိလိုက်ပြီ ဆိုမှဖြင့် ကမ္ဘာမှာ ဒုတိယအများဆုံး  အရေ အတွက်နဲ့ မိနေကြဆိုပဲ။

မြန်မာသီးနှံ ဝယ်လက်အကြောင်းရေးရာက မူးယစ်ဆေးဝါးဝယ်လက်ရောက် လာတော့တာကိုး။ မူးယစ်ဆေးဝါး ဝယ် လက်ကတော့ မြန်မာပြည်သူပြည်သားများပါပဲ။ ရောင်းပြီး အမြတ်အစွန်း အများကြီး အများကြီးရသူများကိုတော့ ဘကြီးမိုးမသိပါ။ ရွှေသမင်ဘယ်ကထွက်လည်း မပြောတတ်ပါ။ ဘကြီးမိုးကတော့ သတင်း သမားဆိုတော့ သတင်းတွေကို စုစည်းတင်ပြရတာပဲပေါ့ခင်ဗျ။

မြန်မာ့စိုက်ပျိုးရေး ဝယ်လက်နှင့် ဘကြီးမိုးပါ။





ဘကြီးမိုး

သာထက်အောင် ● မြားပစ်သမား

$
0
0


သာထက်အောင် ● မြားပစ်သမား
မိုးမခ။ နိုဝင်ဘာ ၁၇၊ ၂၀၁၆


စာမဖတ်ဖြစ်ခဲ့တဲ့ ရက်မရှိပေမယ့် စာမရေးဖြစ်တဲ့ရက်တွေတော့ ကျွန်တော့်ဘ၀မှာ အများကြီး ရှိခဲ့ပါတယ်။ တခါတလေ ရေးရင်းတန်းလန်းနဲ့ပဲ ဘာ့ကြောင့် ငါ ဒါတွေရေးနေပါ လိမ့်…အတွေးနယ်ချဲ့ရင်းနဲ့ အရေးရပ်သွားတဲ့ ရက်တွေလည်း ရှိခဲ့ပါတယ်။

စာတွေရေးလို့ ဘာတွေရခဲ့သလဲ ငွေလား၊ အင်း…အင်း..သူဌေးတွေကြားရင် ရယ်နေပါဦးမယ်။ ဒါဖြင့် ကျော်ကြားမှု၊ နာမည်ကြီးမှုကြောင့်လား၊ ကိုယ်စာရေးမှန်း အရှေ့ခုနစ်အိမ်၊ အနောက်ခုနစ်အိမ် တောင် သိမထင်ပါဘူး။ ဒါဖြင့် တိုင်းပြုပြည်ပြု၊ လူ့အကျိုးပြု၊ ပြည်သူကို အလင်းဖွင့်ပေးဖို့၊ ပညာပေးဖို့ စတဲ့ ကြီးကြီးကျယ်ကျယ် ကိစ္စတွေကြောင့်များလား တခုမှ မဟုတ်ပါဘူး။

ကုရာနတ္ထိဆေးမရှိတဲ့ ၀မ်းတွင်းပါရောဂါတမျိုးဖြစ်တဲ့ မရေးရမနေနိုင်လို့ ရေးခြင်းကလွဲလို့ တခြားပြစရာဆင်ခြေဆင်လက်မရှိပါ။ စာဖတ်တဲ့သူက ကိုယ့်စာဖတ်ပြီး သဘောကျလို့၊ လက်ခံလို့ စာရေးဆရာအဖြစ် အသိအမှတ်ပြုကောင်းပြုနိုင်ပေမယ့်၊ စာရေးသက်နှစ်ပေါင်း ၃၀ ကျော်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် စာရေးဆရာပါလို့ ကြွေးကြော်ခြင်း မိတ်ဆက်ခြင်း မပြုခဲ့ပါဘူး။ ကျွန်တော်နဲ့ ရင်းနှီးသူ အချို့က ကျွန်တော်စာရေးမှန်းသိတော့ ဟိုဟိုဒီဒီသွားရင်းလာရင်း စားရင်းသောက်ရင်း ကျွန်တော်နဲ့ မသိတဲ့သူတွေနဲ့ မိတ်ဆက်ပေးရင် "စာရေးဆရာ"ဆိုတဲ့ ဂုဏ်ပုဒ်ကြီးကို ထည့်ပြောလေ့ရှိပါတယ်။ နောက်တော့ ကျွန်တော့်ကို စာရေးဆရာဆိုတာနဲ့ ကလောင်နာမည်ကို မသုံးဘဲ မှတ်ပုံတင်ထဲက နာမည်နဲ့ပဲ မိတ်ဆက်ပေးဖို့ ရင်းနှီးသူများကို ကြိုပြောထားရပါတယ်။

စာရေးဆရာဆိုတာက ရုပ်လုံးပြဖျော်ဖြေရတဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတတို့လို မဟုတ်ဘဲ ကိုယ့်ရဲ့ အယူအဆ၊ အတွေးအခေါ် ခံယူချက်၊ ယုံကြည်ချက်တွေကို ကိုယ်ကျွမ်းကျင်တဲ့ အနုပညာပုံသဏ္ဌာန်နဲ့ ထုဆစ်ပုံဖော်တင်ပြပေမယ့် လူကတော့ ပိတ်ကားရဲ့ နောက်ကွယ်မှာပါ။

ဒါ့ကြောင့် စာရေးဆရာရဲ့ ကလောင်နာမည်နဲ့ လူကို တွဲသိဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဟိုတုန်း ကဆိုရင် ကလောင်နာမည်ကြည့်ပြီး ကျား၊ မခွဲခြားဖို့တောင် ခက်တာတွေရှိပါတယ်။ ကံထွန်းသစ်ဆိုတဲ့ ကလောင်ရှင်ဟာ ဘုန်းကြီးတပါးဖြစ်မှန်း ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်က တော်တော့် စာဖတ်ပရိသတ် မသိကြပါဘူး။

စာရေးဆရာလို့ မိတ်ဆက်ခံလိုက်ရတဲ့အခါ စာဖတ်လူက ကိုယ့်ကို မိုးပေါ်က ကျလာတဲ့ အံ့သြ စရာသတ္တ၀ါ တကောင်လိုကြည့်တာ ခံခဲ့ရဖူးသလို၊ ကလောင်နာမည်ဘယ်လိုခေါ်သလဲ၊ ဘာတွေရေး လဲ၊ အချစ်ဝတ္ထု မရေးဘူးလား၊ ဘယ်မှာရေးသလဲဆိုတဲ့ မေးခွန်းတွေကို ဖြေရတာ တော်တော်ပင်ပန်း စိတ်ဆင်းရဲပါတယ်။ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်ကလည်း ဟိုနေရာစပ်စပ်၊ သည်နေရာစပ်စပ်၊ လူထူထူရှိ မိုက်ခရိုဖုန်းကိုင် လူလုံးပြတတ်တဲ့ ၀ါသနာမျိုးကလည်း မရှိ၊ တော်ကြာ သက်ကြီးပူဇော်ပွဲ တော်ကြာ မေ့မေ့မွေးနေ့ပွဲ၊ တော်ကြာ ဘာအထိမ်းအမှတ်ပွဲဆိုတာတွေကို ဦးဆောင်ကျင်းပတတ်တဲ့ ဖိုးပါချင်စိတ် မျိုးကလည်း မရှိလေတော့၊ နောက်ပြီး စာရေးဆရာတယောက်ရဲ့ ကလောင်နာမည်ကိုတောင် အပေါက်အလမ်းတည့်အောင် မခေါ်တတ်သူတွေနဲ့ စာအကြောင်း၊ ပေအကြောင်း ပြောရမှာ ၀န်လေး လေတော့ သြစတြေးလျက ဆစ်ဒနီမှာ ၂၃ နှစ်ကြာနေထိုင်ခဲ့ပေမယ့် ကျွန်တော့်ကို စာရေးသူမှန်းသိတဲ့ သူ အတော်နည်းပါတယ်။

ကျွန်တော်လို ကလောင်ပါမွှားမပြောနဲ့ ဆင်ကလောင်ကြီးဖြစ်တဲ့ ကျွန်တော်တို့လေးစားချစ်ခင် ရတဲ့ နေလိုလလိုထင်ရှားတဲ့ စာပေသစ်ခေါင်းဆောင် ဆရာတာရာတောင် တခါတုန်းက ကလောင် နာမည်နဲ့ ပတ်သက်ပြီး ခိုးလို့ခုလုဖြစ်ရတဲ့ အဖြစ်လေး တဆင့်ကြားမို့ ပုံပြင်သဘောထားပြီး ရေးပြပါရစေ။

တခါသားမတော့ ဆရာတာရာ အခမ်းအနားတခုကအပြီး နိုင်ငံရေးသမားတယောက်က အိမ်အပြန် သူ့ကားနဲ့ လိုက်ပို့ပါသတဲ့။ လမ်းတနေရာရောက်တော့ နိုင်ငံရေးသမားက သူ့အသိအိမ် ခဏ ၀င်ချင်တဲ့အကြောင်း ဆရာတာရာကိုခွင့်တောင်းပြိး ကားပေါ်က ဆင်းကြပါတယ်။ အိမ်ရှင်လင်မယားက တော်တော်လေးချမ်းသာပုံရတဲ့ စီးပွားရေးသမားတွေ ဆိုပါတော့။ နိုင်ငံရေးသမားက ဆရာတာရာကို အိမ်ရှင်လင်မယားနဲ့ မိတ်ဆက်ပေးပါတယ်။ ဒါ ကျွန်တော့်သူငယ်ချင်း ဒဂုန်တာရာပါဆိုတော့ အိမ်ရှင် ယောက်ျားက ပြုံးပြီး လက်ဆွဲနှုတ်ဆက်နေတုန်း မိန်းမက "သိတယ်-သိတယ် ကျွန်မတို့အိမ်ကကား တွေလည်း ဘရစ်စတုန်းတာယာမရရင် ဒဂုံတာယာကို ၀ယ်သုံးပါတယ်"တဲ့။ ဒါကတော့ သက်ကြီး စကား သက်ငယ်ကြားဖို့ ဘယ်လောက် ခိုင်လုံတယ်ဆိုတဲ့ ပေတံကြီးနဲ့တော့ မတိုင်းလိုက်ပါနဲ့။ သေချာတဲ့ အဖြစ်တခုကိုတော့ ကျွန်တော်ပြောနိုင်ပါတယ်။

၈လေးလုံးအရေးအခင်းကြီးပြီးလို့ NLD ရယ်လို့ ပေါ်လာတော့ အဖွဲ့ဝင် ရရေး၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆရာမောင်သော်ကနဲ့ ကျွန်တော် စစ်ကိုင်းတိုင်းကို စည်းရုံးရေးထွက်ခဲ့ပါတယ်။ အဲဒီမှာ ကလောင်နာမည်နဲ့ ပတ်သက်ပြီး ဆရာမောင်သော်ကက မအီမလည်ဖြစ်ရတာ အကြိမ်ကြိမ်ပါ။ အခမ်းအနားစလို့ အခမ်းအနားမှူးက အခုချိန်ကစပြီး “ဦးသော်က က အဖွင့်အမှာစကားပြောကြားပါလိမ့် မယ်ခင်ဗျား” ဆိုတာမျိုးက မကြာမကြာ ကြားတော့ ဘာမှ မပြောခင် “ကျွန်တော့်နာမည် (ကလောင် နာမည်) က မောင်သော်ကပါ၊ ဦးသော်က မဟုတ်ရပါဘူး” ဆိုတာကြီး ရောက်လေရာ အရပ် ရှင်းရပါ တော့တယ်။ ဒီထက်ဆိုးတာက ဆရာမောင်သော်က ကို မိတ်ဆက်ပေးလိုက်ရင်း တချို့စာနဲ့ ဒုံးဝေးတဲ့ သူတွေဆိုရင် "သိတယ်-သိတယ် ဆရာ့ရုပ်ပြကာတွန်းတွေဆို သိပ်ကြိုက်တာ"အဲဒီအခါမျိုးမှာ ရှုံ့မဲ့သွားတဲ့ဆရာ့မျက်နှာကြီးကို ခုစာရေးနေရင်းမျာပဲ ပြန်မြင်ယောင်ပါသေးတယ်။ “ကျုပ်စာရေးတဲ့ စာရေးဆရာ မောင်သော်ကဗျ၊ ကာတွန်းရေးတဲ့ ကာတွန်းသော်က မဟုတ်ဘူး” ဆိုတာကြီးကို မျက်နှာ ရှစ်ခေါက်ချိုးနဲ့ မကြည်မသာ ပြန်ပြောတတ်ပါသေးတယ်။

ဆိုလိုတာက ကလောင်နာမည်ဆိုတာ အရေးကြီးပါတယ်။ ငွေရေးကြေးရေးအရ ကျော်ကြားမှု အရ ဘယ်လောက်ပဲ ကြီးကြီးငယ်ငယ်၊ ကိုယ့်ကလောင်နာမည်တော့ ကိုယ်ချစ်ကြ၊ တန်ဖိုးထားကြတာ ချည်းပါပဲ။ ကာယကံရှင်ပေးထားတဲ့ သူ့ကလောင်နာမည်က နှမ်းတလုံးရွေ့လို့မရပါဘူး။ အပြင်မှာ အသက်အရွယ်အရ ဂုဏ်သိက္ခာအရ ဦးတပ်ခေါ်ပေမယ့် တရားဝင်ရေးပြီး၊ ဟောပြောပွဲတွေမှာ ဗီနိုင်း ချိတ်ပြီဆိုရင်တော့ သူ့ကလောင်နာမည်အတိုင်း ရေးရပါတယ်။ အသက် ၇၀ ကျော်ပြီဖြစ်တဲ့ မောင်သင်းခိုင်ကို အသက်အရ လေးစားလို့ဆိုပြီး ဦးသင်းခိုင်လုပ်လို့မရပါဘူး။ မောင်ချောနွယ်ကို အပြင်မှာ ဘယ်လိုခေါ်ခေါ် တရားဝင်ရေးပြီဆိုရင်တော့ ဦးချောနွယ်လုပ်လို့မရပါဘူး။ အောင်သင်းလို့ ရေးရင် အဂါရ၀ဖြစ်မှာစိုးလို့ ဦးအောင်သင်းရေးရင် စာပေရေးရာ ဝေဖန်စာတွေ ရေးခဲ့တဲ့ ကွယ်လွန် သွားရှာပြီဖြစ်တဲ့ တောင်တွင်းသားစာရေးဆရာ "အောင်သင်း"ဟုတ်ပါ့မလားလို့ နားလည်မှု လွဲနိုင်ပါ တယ်။

စာရေးဆရာရဲ့ နာမည်ကို သူ့ပေးထားတဲ့ မူရင်းအတိုင်းမသုံးဘဲ "ဦး"တပ်ခေါ်လို့ ကသိကအောက်ဖြစ်ပုံလေးတခု ရေးပြချင်ပါသေးတယ်။ တချိန်တခါတုန်းက ထင်ရှားခဲ့တဲ့ စာရေးဆရာ၊ သတင်းစာဆရာ တယောက်ဖြစ်တဲ့ "ဇ၀န"ဆိုတဲ့ ကလောင်တချောင်းနဲ့ "မောင်ဇနိယ"ဆိုတဲ့ ကလောင်တချောင်း မြန်မာစာပေလောကမှာ ရှိခဲ့ဖူးပါတယ်။ တနေ့တော့ အဲဒီဆရာ ၂ ယောက်ကို နယ်မြို့လေးတခုက စာပေဟောပြောပွဲဖိတ်ပါသတဲ့။ စာပေဟောပြောပွဲမှာ ကျင်းပရာ စင်မြင့်ရဲ့ နောက်မှာလည်း ပိုစတာအကြီးကြီးတချပ်ထောင်ထားပါတယ်။ ဟောပြောမည့်ပုဂ္ဂိုလ်- ဦးဇ၀န၊ ဦးဇနိယ ဟောပြောမည့်အချိန် - ည (၇) နာရီ၊ မနက်ကတည်းက ဆိုက်ကားတစီးပေါ် လော်စပီကာ ရှေ့နောက် ၂ လုံးတပ်ပြီး ကြော်ငြာလှည့်ပြီးပြီဆိုတော့ ည ၇ နာရီထိုးခါနီးတော့ ဟောပြောပွဲ စင်မြင့်ရှေ့ လူပရိသတ်အတော်များများ ရောက်နေပါပြီ။ အမျိုးသမီးတွေကတော့ ယောဂီသဘက်လေး ပခုံးပေါ်တင်လို့ပေါ့။ အခမ်းအနားစလို့ ဆရာ ဇ၀န လည်း ထွက်လာရော အားလုံးက လက်အုပ်ကလေးချီ လို့တဲ့။ ပရိသတ်လည်း အပြစ်တော့ ပြောလို့မရပါဘူးပေါ့လေ။ ဦးဇ၀န၊ ဦးဇနိယတို့ ဟောမှာဆိုတော့ ဘုန်းကြီးတရားပွဲထင်တော့တာပေါ့။

ခုတော့ ရွာငယ်ဇနပုဒ်မီးကလေးမှိတ်တုတ်မှာပဲ စာပေဟောပြောပွဲ တွေ ၀ှဲချီးကျင်းပနေတော့ ကလောင်နာမည်နဲ့ စာရေးဆရာ အတော်လေးတွဲပြီး သိနေကြပါပြီ။ စာရေး ဆရာတွေကလည်း စာပေဟောပြောပွဲကို ဖျော်ဖြေရေးအသွင် တမျိုးဆောင်တဲ့ အဆို၊ အငိုတွေနဲ့ပါ ဆင်နွှဲလာတော့ ပရိသတ်ရဲ့ လက်ခုပ်သံတဖြောင်းဖြောင်းကို တကယ့် အနှစ်သာရလို့ ထင်နေပုံရပါတယ်။ အရေးထက် အပြောက ပိုများနေတဲ့ အပြောဆရာတွေခေတ်ပါ။

ငွေရေးကြေးရေးအရ ကျော်ကြားမှုအရ သိပ်လွမ်းလောက်စရာမရှိတဲ့ စာရေးဆရာဘ၀၊ ပင်ပန်း အားထုတ်ရသလောက် ပြန်လည်ရရှိတဲ့ အကျိုးကျေးဇူးမကာမိတဲ့ စာရေးဆရာဘ၀၊ ဘာပြုလို့များ တသက်လုံး ဖက်တွယ်ထားကြသလဲ၊ ဘာ့ကြောင့်များ ကိုယ်ကလောင်လေး အပွန်းအရှ မခံနိုင်ရ သလဲ။ ရိုးရိုးရှင်းရှင်းလေးတွေးကြည့်ရင် စာရေးဆရာဆိုတာ ကိုယ့်အကျိုးစီးပွားထက် ပြည်သူ့အကျိုး စီးပွားကို ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ပိုပြီး ဦးထိပ်ထားတတ်ကြလို့ပါပဲ။ စာရေးဆရာ (စစ်စစ်) တွေဟာ မြားပစ်သမားလို ပစ်မှတ်ကိုရောက်အောင် ချိန်ရွယ်ပြီး ပစ်မှတ်ကို ဒက်ထိမှတ် သွားပြီဆိုရင် ကျန်တဲ့အကျိုးစီးပွားလာဘ်လာဘကို မမျှော်ကိုးကြပါဘူး။ ဘောလုံးသမားတယောက်ရဲ့ အပျော်ရွှင်ဆုံးအချိန်ဟာ ကိုယ်သွင်းလိုက်တဲ့ဘောလုံးပိုက်နဲ့ လုံးထွေးပြီး ဂိုးဝင်သွားတဲ့ အချိန်ဟာ ဘာနဲ့မှ မတူတဲ့ အရသာ၊ ဘာနဲ့မှ မတူတဲ့ ပျော်ရွှင်မှုပါပဲ။ ပြီးမှ ပေါ်လာတဲ့ လက်ခုပ်သံတို့၊ ဆုဖလားတို့ ဆိုတာ စောစော ဂိုးဝင်စဉ်က ရတဲ့ ပျော်ရွှင်မှုယှဉ်ရင် ဘာမျှ မဖြစ်လောက်ပါဘူး။

စာရေးဆရာဆိုတဲ့ သူတွေမှာလည်း သူရေးလိုက်တဲ့ စာတကြောင်း စာတပုဒ်ကြောင့် သက် ရောက်မှုတွေရှိတယ်ဆိုရင်တောင် ဘောလုံးသမားဂိုးသွင်းလိုက်သလို အင်မတန်မှ ပီတိဖြစ်ပါတယ်။ ခုတော့ ရေးသာရေးနေရတယ်။ သက်ရောက်မှုမရှိတဲ့ အခါများမှာ ရေးရင်းစိတ်အားငယ်ရပါတယ်။ အမွေဆိုး (သို့မဟုတ်) မရှိမဖြစ် အိမ်ဖော်ဆိုတဲ့ ဆောင်းပါးတပုဒ် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မဂ္ဂဇင်း တစောင်မှာ ရေးခဲ့ဖူးပါတယ်။ အိမ်ဖော်ဆိုတဲ့ လူ့အဖွဲ့အစည်းမှာ အကျည်းတန်လှတဲ့ ကျေးကျွန်စနစ် ကို မပျောက်စေချင်တဲ့ စေတနာနဲ့ပါ။ မပပျောက်တဲ့အပြင် ပိုမိုထွန်းကားလာပြီး လူလူချင်းညှဉ်းပန်းနှိပ် စက် လက်ဆယ်ချောင်း လှန်ချိုးတဲ့အဖြစ်တွေပါ ကြားရတော့ ငါ့စေတနာ အရာမထင်ပါလားဆိုပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၂ နှစ် (၂၀၀၄-နိုဝင်ဘာ မြားနတ် မောင်) မဂ္ဂဇင်းမှာ "စာမကျက်သော ကျွန်တော့်သမီး"ဆိုတဲ့ ဆောင်းပါးတပုဒ်ရေးခဲ့ဖူးပါတယ်။ ဒါဖတ်၊ ဒါကျက်၊ ဒါရေး၊ ဒါဖြေဆိုတဲ့ သင်ကြားရေးစနစ်ကြီး လွဲမှားနေတဲ့အကြောင်း ထောက်ပြခဲ့ဖူးပါတယ်။ အကြောင်းမထူးခဲ့ပါဘူး။

ကိုယ်မွေးထားတဲ့၊ ကိုယ်တောင်မရိုက်ရက်လို့ ဖူးဖူးမှုတ်ထားတဲ့ ကလေး၊ ကျောင်းက ဆရာ၊ ဆရာမတွေက ကျွဲရိုက်၊ နွားရိုက် ရိုက်ကြတာ ခေတ်နဲ့ အံမ၀င်တော့တဲ့အကြောင်း နိုင်ငံခြားမှာ ရိုက်ဖို့ မဆိုထားတဲ့ ကလေးတွေ ပြေးရင်းလွှားရင်းဆော့ရင်း ထိမိခိုက်မိရင် ဒူးပြဲ လက်ပွန်းဖြစ်ရင်တောင် ဆရာဆရာမတွေမှာ မိဘတွေ မငြိုငြင်အောင် မနည်းတောင်ပန်းနေရတဲ့အကြောင်း၊ ကလေးမပြောနဲ့ ခွေးတောင် ရိုက်ခွင့်မရှိတဲ့အကြောင်း "၂၁ရာစုနှင့် ၀ါးရုံကြိမ်ဖြစ်ထုံး"ဆိုပြီး မဟေသီမဂ္ဂဇင်းရေးခဲ့ဖူးပါ တယ်။ ကျွန်တော့်ဆောင်းပါးရဲ့ အာနိသင်တော်တော် ထက်မြက်ပုံရပါတယ်။ ၅ သြဂုတ် ၂၀၁၆ ထုတ် လူထုပုံရိပ်ဂျာနယ်မှာ ဖြူးမြို့နယ်၊ ငါးခေါင်းအင်း အထက(ခွဲ)က ကျောင်းအုပ်ဆရာမကြီးက ၇ တန်း၊ ၈ တန်း၊ ၉ တန်းကျောင်းသားလေးတွေကို အမှိုက်မကောက်လို့ဆိုပြီး ကလေးတွေကို အညိုအမဲ စွဲ သွေးထွက်အောင် ရိုက်လို့ ကျောင်းသား ၅၀ ကျော် ထွက်ပြေးတဲ့ သတင်းဖတ်လိုက်ရပါတယ်။ အရိုက်တော်တဲ့ ဆရာမကြီးကို အပြစ်ပေးတဲ့အနေနဲ့ လယ်အုပ်ကနေ ထက်အုပ်ရာထူးတိုးပြီး အထက၂ ဇေယျဝတီကို ပို့လိုက်သတဲ့။ ဘယ်လို အသိ ဉာဏ် ပညာတွေနဲ့ ဘယ်လိုနှလုံးသားတွေနဲ့ ကျောင်းအုပ် ဖြစ်နေကြပါလိမ့်။

ကြာတော့လည်းကြာပါပြီ။ မဟေသီမဂ္ဂဇင်းမှာ "အမှိုက်နှင့် လူ့တန်ဖိုး"ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။ အမှိုက်ကို ဘယ်လိုပစ်သလဲ၊ အမှိုက်ကို ဘယ်လိုသိမ်းသလဲ၊ အမှိုက်အပေါ် ဘယ်လို သဘောထားသလဲ အမှိုက်တွေနဲ့ ပုပ်ပွနံစော်နေတဲ့ ဒုက္ခမြို့တော် မဟာရန်ကုန်အကြောင်း ရေးခဲ့ဖူးပါ တယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ မျဉ်းကြားက လူကူးနေရင် ဘာကောင်ကြီးဖြစ်ဖြစ် ကားကို ရပ်ပေးရတဲ့ အကြောင်း၊ ကားမောင်းရင်း ဟွန်းတီးတာ အလွန်ရိုင်းတဲ့အကြောင်း ရေးခဲ့ဖူးပါတယ်။ ဘယ်သူကမှ တိုင်မှတ်လို့တောင် နှပ်မသုတ်ပါဘူး။

ကိုယ့်စိတ်ကို ဖြေပါတယ်။ စစ်အစိုးရခေတ် မဟုတ်တော့ဘူးလို့ အတော်များများက ယုံကြည် နေတဲ့ခုအချိန်မှာ ကချင်ပြည်နယ်က KIA ကို လေတပ်၊ ကြည်းတပ်နဲ့ တအုံးအုံးထုတနေတာကို ရာထူး အကြီးဆုံးသမ္မတကြီးတောင် ၀င်မဟန့်ရဲသေးတော့ကာ ကျွန်တော့်လို အဝေးရောက် ကလောင် ပီစိကွေးလေးက ဘာများ တတ်နိုင်ဦးမှာလဲ။ လူ ၅ သန်းလောက် လက်မှတ်ထိုးပြီး အခြေခံဥပဒေထဲက တချို့အပိုဒ်တွေ ပြင်ပေးပါလို့ တောင်းဆိုတာတောင် စက္ကူစုတ်တရွက်လို သဘောထားနိုင်တဲ့ နိုင်ငံဆိုတော့ ကျန်တဲ့ တရားဥပဒေမစိုးမိုးတာတွေ ကုန်ဈေးနှုန်းမိုးထိတက်နေတာတွေ၊ ယာဉ်ကြော ကျပ်တာတွေ လမ်းဘေးဈေးသည်၊ ကျူးကျော်ကိစ္စတွေ ကိုတော့ အဝေးသင် တတိယနှစ်ဖြေဖို့ ကြိုးစားနေတဲ့ ရန်ကုန်တိုင်းဝန်ကြီးတို့၊ Ph.D အတုကိုင်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတို့တွေလည်း ဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းနေရပါတယ်။

စေတနာမပြဋ္ဌာန်းရင် စာတပုဒ်ထွက်ဖို့ မလွယ်တဲ့ စာရေးဆရာသဘာဝအရ ကိုယ့်တိုင်း ကိုယ့်ပြည်ကြီး ခုလို ရေစုန်မျော၊ ဒုက္ခတွေ ပင်လယ်ဝေနေတာကို လက်ပိုက်ကြည့်နေနိုင်တဲ့ နှလုံးသားမရှိ တော့ နားထဲ တလုံးဝင်ဝင်၊ နှစ်လုံးဝင်ဝင် တတ်နိုင်သမျှ ရေးနေ ချွတ်နေရဦးမှာပါပဲ။

"ကောင်းသောအလုပ်၊ မကောင်းသောအလုပ် ဟူသမျှမှာ လက်ထဲမှ ထွက်သွားသော မြားပင် ဖြစ်လေသည်"လို့ ဗုဒ္ဓအဘိဓမ္မာမှာ ရာဟုလာ သံကိစ္စည်း က ရေးဖူးပါတယ်။ ပစ်မှတ်ကို ထိသည်ဖြစ်စေ မထိသည်ဖြစ်စေ အခါအခွင့်သင့်တိုင်း မြားတွေ တစင်းပြီး တစင်း ပစ်လွှတ်နေရမှာက ကျွန်တော့် တာဝန်လို့ ခံယူထားပါတယ်။

သာထက်အောင်
နိုဝင်ဘာ ၁၃၊ ၂၀၁၆

စာရေးဆရာ နောင်ကျော်နဲ့ ရန်မျိုးသိမ်း စာတမ်း ၂ ခု ပြန်ကြားရေးဝန်ကြီးက ဆိုင်းငံ့

$
0
0

စာရေးဆရာ နောင်ကျော်နဲ့ ရန်မျိုးသိမ်း စာတမ်း ၂ ခု ပြန်ကြားရေးဝန်ကြီးက ဆိုင်းငံ့
(မိုးမခ) နိုဝင်ဘာ၊ ၁၆၊ ၂၀၁၆

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ရန်ကုန်မြို့မှာ ကျင်းပမယ့် ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲအတွက် စာတမ်းများ တင်သွင်းခဲ့ကြတဲ့ စာရေးဆရာ နောင်ကျော်နဲ့ ရန်မျိုးသိမ်းတို့၏ နိုင်ငံရေး စာတမ်းများကို ပြန်ကြားရေးဝန်ကြီး၏ သက်ဆိုင်ရာကော်မီတီက “ဆိုင်းငံ” ဆိုပြီး ငြင်းပယ်လိုက်သည်။

၎င်းတို့က အဆိုပါစာရေးဆရာ ၂ဦး၏ စာတမ်းများမှာ “လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပြဿနာရှိနိုင်သည်ဟုယူဆတဲ့အတွက် ဆိုင်းငံ့ထားကြောင်း” ရေးသားထားသည်ဟု ဆိုသည်။


ဆရာ ရန်မျိုးသိမ်းက အဆိုပါ စာတမ်းကို သူ၏ လူမှုစာမျက်နှာတွင် တင်ပြီး အများသူငှာ ဖတ်ရှုရန် ဝေငှလိုက်သည်ကို တွေ့ရသည်။ သူက ... “ကျနော်လည်း လူထုက ဒီမိုကရေစီနည်းကျ ရွေးချယ်တဲ့အစိုးရလက်ထက်မှာတော့ ဖတ်ဖို့အဆင်ပြေနိုင်ကောင်းပါရဲ့ လို့ သုံးသပ်ကာ၊ စာတမ်းပေးပို့ခဲ့တာပါ။ အတတ်နိုင်ဆုံး ရှဥ့်
လည်းလျှောက်သာပျားလည်းစွဲသာထုံးနဲ့ပြုစုခဲ့တာပါ။ ဒါပေမယ့် ...” ဟု ရေးသားထားသည်။



ဆရာ နောင်ကျော်ကလည်း အလားတူ သူ့စာတမ်းကို သူ့လူမှုစာမျက်နှာမှတဆင့် အများ ဖတ်ရှုနိုင်ရန် ထုတ်ပြန်လိုက်သည်။ သူက အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး အောက်ပါအတိုင်း ရေးသားထားသည်။

“ဒီနေ့မနက် ၈ နာရီလောက်မှာ စာပေဗိမာန်က အယ်ဒီတာတယောက်ရောက်လာပြီး စာအိတ်ကြီး တအိတ် လာပေးတယ်။ဖွင့်ကြည့်တော့ ကျနော့်စာတမ်းရယ် ပေးထားတဲ့ CD ရယ် စာတစောင်ရယ်။ဒီစာတမ်းကိုရေးခဲ့တာဟာ စင်ပေါ်တက် ဖတ်ချင်လွန်း လို့ မနေနိုင် မထိုင်နိုင်ရေးခဲ့တာ မဟုတ်ပါ။စာရေးဆရာ  ထက်မြက်က စာတမ်းရေးဖို့ အစောကတည်းကပြောခဲ့တော့ ငြင်းခဲ့ပါသေးတယ်။သူက အဲဒီအဖွဲ့ထဲကအဖွဲ့ဝင် တယောက်ဖြစ်ပြီး ဘာတာဝန်ယူထားသလဲ မသိပါ။ နောက်တခါထပ်ပြောတဲ့အခါမှာတော့ ပွဲနာမည်ပါပြော ရင်း စာတမ်းရေးစေချင်တဲ့အကြောင်း ခေါင်းစဉ်ပေးစေချင်ကြောင်း တောင်းဆို (request )ခဲ့တယ်။ ကိုယ်လေးစားရတဲ့ senior ဖြစ်နေတာကြောင့် ဆက်ငြင်းနေဖို့  မကောင်းတာနဲ့ ရေးပေးပါ့မယ်လို့ ကတိပေးရင်း စာတမ်းကို ဆင်ဆာလုပ်မယ်ဆိုရင်တော့ မရေးဘူးနော်လို့ ကျနော်ကပြောတော့ ဆင်ဆာမလုပ်ပါဘူး ဆိုတာကို ပြန်ဖြေပါတယ်။ဒါနဲ့ပဲ နောက်ရက်မှာ ကျနော်က စာတမ်းခေါင်းစဉ် လှမ်းပြောခဲ့တယ်။
အလုပ်မအားတဲ့ ကြားထဲကနေ ရေးလိုက် စာစီစာရိုက်သမားကိုပေးလိုက်၊ ပရုဖတ်လိုက်နဲ့ အောက်တိုဘာ ၃၁ ရက်မှာ စာပေဗိမာန် ရုံးခန်းကို ပို့ပေးလိုက်တယ်။ ကိုယ့်ဘက်က လုပ်ပေးရမယ့်တာဝန်ပြီးပြီပေါ့။
အခု ဒီနေ့မနက်မှာ လာပို့တဲ့စာအရ ဖတ်ရမယ့်စာတမ်းတွေကိုသူတို့အဖွဲ့က ရွေးချယ်ပါသတဲ့။အဓိပ္ပာယ်က
ကျနော်ကပဲ တက်ဖတ်ချင်လွန်းလို့ စာတမ်းရေးပြီး သူတို့ရွေးချယ်မယ့်ကိစ္စကို သဘောတူခဲ့သလိုလို။
ပြီးတော့ ကျနော့်စာတမ်းက အခုလုပ်နေတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြဿနာရှိနေ ဖြစ်နေလို့ ဆိုင်းငံ့ထားရပါ
တယ်တဲ့။
သူတို့ကော်မတီက ရေးပေးဖို့ပြောလို့ ရေးပေးခဲ့တာဟာ စာနယ်ဇင်းလောကစကားနဲ့ပြောရရင် "တောင်းစာမူ"ဖြစ်ပါတယ်။ကြောက်တတ်ရင် နဂိုကတည်းက မတောင်းခဲ့သင့်ကြောင်းနဲ့ ဒီစာဟာ ဖတ်ခွင့်ပေးဖို့ တောင်းပန်တိုးလျှိုးတဲ့စာမဟုတ်ကြောင်း စာတမ်း ကင်ပေတိုင်အဖွဲ့(စာပေစိစစ်ရေးအဖွဲ့သစ်)သိဖို့လိုပါမယ်။
စာတမ်းထဲပါတဲ့မှတ်ချက်တွေ သဘောထားတွေက ပုံနှိပ်စာအုပ်တွေ မဂ္ဂဇင်းတွေမှာ ရေးပြီးသားတွေဖြစ်ပြီး
ထပ်တွေ့တဲ့အချက်အလက်သစ်တချို့ ထပ်ဖြည့်ပေး ထားတဲ့စာတမ်းလေးပါ။
ဒီကိစ္စကို ပြန်ကြားရေးဝန်ကြီးဖြစ်နေတဲ့ ပြည်သူ့ခေတ်နဲ့ ပြည်သူ့အရေး အယ်ဒီတာချုပ်ဟောင်း ဦးဖေမြင့် သိပါသလားဆိုတာလည်း စိတ်ဝင်စားပါတယ်။ ဒေါက်တာရန်မျိုးသိမ်းစာတမ်းလည်း ဖတ်ခွင့်မရဘူးလို့ သိရတယ်။ တခြားဘယ်သူတွေရော အပယ်ခံရလဲ မသိရသေးပါ။
သေချာတာကတော့ ဒီကိစ္စဟာ ဒီမိုကရေစီဘက်တော်သားအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတာပါပဲ။ပြန်ကြားရေးဌာနဟာ အရင်လိုအတိုင်းပါပဲလို့ပြောရင် အစိုးရမင်းများနဲ့ အမတ်မင်းများ ကျွဲမြီးတိုကြဦးမှာလားဗျာ။ သူတို့တောင်းထားတဲ့ကျနော့်စာတမ်းကတော့ အပယ်ခံ စာတမ်းဖြစ်ခဲ့ပါပြီ NLD ပါတီနဲ့အရပ်သားအစိုးရခင်ဗျား။ ...”
၎င်းတို့ စာတမ်းများကို တင်ဆက်လိုက်ပါတယ်။ စာဖတ်ပရိသတ်များအတွက်ပါ။

နောင်ကျော်၏ စာတမ်း - https://www.dropbox.com/s/iwj92j2g4m10pvn/24.pdf?dl=0

ရန်မျိုသိမ်း၏ စာတမ်း - 











 






တူမောင်ညို - တော်တည့်ဖြောင့်မှန်သောဂျာနယ်လစ်ဇင် နှင့် ကျီးကန်းဂျာနယ်လစ်ဇင်

$
0
0


တူမောင်ညို - တော်တည့်ဖြောင့်မှန်သောဂျာနယ်လစ်ဇင် နှင့် ကျီးကန်းဂျာနယ်လစ်ဇင်
(မိုးမခ) ။ (၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်)


ကျီးကန်းတို့၌ သဘာဝအပြုအမူတစ်ရပ်ရှိပါသည်။ မိမိတို့အုပ်ထဲ ကျီးကန်းတစ်ကောင်အား ထိပါးလာလျှင် ဆူညံစွာအာ၍ ထိလာသူအား ဝိုင်းအုံထိုးဆိတ်ကြသည့် အပြုအမူဖြစ်ပါသည်။ ကျီးကန်းတို့သည် ထိုအပြုအမူအား သူတို့ကျီးကန်းတစ်ကောင် အား ထိခိုက်လာတိုင်း ပြုမူမြဲဖြစ်သည်။ တုန့်ပြန်မြဲဖြစ်သည်။ မှားသည်မှန်သည်၊ တရားသည်မတရားသည် ကျီးကန်းတို့မသိ မိမိအမျိုးအဆွေ အား ထိခိုက်လာသဖြင့် သဘာဝအရပြုမူကြခြင်းသာဖြစ်သည်။ “ဝိုင်းအာကြခြင်း” သာဖြစ်သည်။

ထန်းပင်၊ ပေပင်၊ အုန်းပင်ပေါ်ရှိ ကျီးသိုက်အား နွားကျောင်းသားငယ်က တက်နှိုက်၍ ကျီးကန်းတို့က ဝိုင်းအာလျှင် ထိုအပြု အမူ၌မူ ကျီးကန်းတို့၏ အလွန်မဟုတ်ချေ။ သို့တည်းမဟုတ် အသားသည်၏ အသားတစ်အား အလစ်ထိုးသုတ်ယူသွားသော ကျီးကန်း အားလူအများက ဝိုင်း၍ချောက်လှန့်အော်ဟစ်ပစ်ခတ်ကြသောအမှု၌ ကျီးတို့က ဝိုင်း၍အာကြလျှင်မူ လူတို့၏အလွန်မဟုတ်ချေ။ ကျီးကန်း တို့၏မိုက်မဲမှုဟုသာ ဆိုရပေလိမ့်မည်။

လူ၌ သင့်/မသင့်၊ မှန်/မမှန်၊ ဟုတ်/မဟုတ် ပိုင်းခြားနိုင်သော ဝေဖန်ဆင်ခြင်နိုင်သော အသိဉာဏ် ရှိသည်။ ကျီးကန်းတို့၌ လူကဲ့သို့ သင့်/မသင့်၊ မှန်/မမှန်၊ ဟုတ်/မဟုတ် ပိုင်းခြားနိုင်သော ဝေဖန်ဆင်ခြင်နိုင်သော အသိဉာဏ်မရှိပါ။ သဘာဝပေးအပြုအမူ မျှသာရှိသည်။

ကျွန်တော်တို့မီဒီယာလောကသည် ကျီးကန်းတို့ဝိုင်း၍ “အာ”သကဲ့သို့ ပြုမူသော၊ သင့်/မသင့်၊ မှန်/မမှန်၊ ဟုတ်/မဟုတ် ဆင်ခြင်ပိုင်းခြားခြင်း၊ စောကြောခြင်း၊ စစ်ဆေးခြင်း အလျဉ်းမရှိဘဲ မပြုမူသင့်ချေ။ ထိုသို့ သင့်/မသင့်၊ မှန်/မမှန်၊ ဟုတ်/မဟုတ် ဆင်ခြင် ပိုင်းခြား၊ စောကြော၊စစ်ဆေးခြင်းမရှိဘဲ ပြုမူသည့် အပြုအမူမျိုးကို “ကျီးကန်းဂျာနယ်လစ်ဇင်” ဟု အမည် ပေးချင်သည်။

တည့်တည့်တန်းတန်းပြောရလျှင် နိုဝင်ဘာ ၁၃ ရက်နေ့စွဲဖြင့် မီဒီယာအဖွဲ့ ၅ ဖွဲ့၏ သဘောထားထုတ်ပြန်ချက်သည် တဖက် သတ်ဆန်လွန်းနေပါသည်။ ကြေညာချက်အချက် ၃ ၌ “ယခုအဖြစ်အပျက်တွင် ရေးသားဖြန့်ချိသော အချက်အလက်မှားခြင်း ၊ မှန်ခြင်း ကိုစောကြောခြင်းမဟုတ်ဘဲ အရေးယူဖြေရှင်းသည့်နည်းလမ်း မကျခြင်းကို ထောက်ပြလိုခြင်းဖြစ်သည်”ဟု ဆိုထားပြီး အချက် အမှတ် ၆ တွင် “မီဒီယာအနေဖြင့် --- အချက်အလက်မှန်ကန်တိကျစေရန်နှင့် အမှားအယွင်းရှိပါက တာဝန်ယူမှုရှိရှိဖြင့် ရင်ဆိုင်ဖြေရှင်းကာ လူထု ယုံကြည်မှုကိုရယူနိုင်ပါရန် တိုက်တွန်းပါသည်” ဟု ဆင်ဝှေ့ရန်ရှောင်ထားပြန်ပါသည်။

မည်သို့ပင်ဆိုစေ အချက်အမှတ် ၆ ပါသဘောထားကို ကျနော့်အနေဖြင့် အပြည့်အဝသဘောတူပါသည်။

ထိုအချက်အမှတ် ၆ ပါ သဘောထားအတိုင်း မီဒီယာများသည် တည့်တည့်မတ်မတ်ကျင့်သုံးသင့်လှသည်။ မီဒီယာများသည် တိကျသောအချက်အလက်မှန်များဖြင့်၊ အမှန်တရားကို ရှာဖွေဖော်ထုတ်တင်ပြကြကာ ပြည်သူ့ အဆုံးအဖြတ်ကို ခံယူကြရမည်သာဖြစ် သည်။ ဖြစ်ပေါ်လာသည့် အကျိုးအဆက်နှင့် အမှန်နှင့် အမှား သတ္တိရှိရှိရင်ဆိုင်ကြရန်သာဖြစ်ပါသည်။

အချက်အမှတ် ၇ ၏ ဖော်ပြချက်မှာလည်း တဖက်သတ်ဆန်နေပြန်ပါသည်။

“သို့ဖြစ်ပါ၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအနေဖြင့် ယခင် အစိုးရလက်ထက်က အသုံးပြုခဲ့သည့် ဆက်သွယ်ရေးဥပဒေဖြင့် သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်စေနိုင်သည့် လုပ်ဆောင်မှုများကို အမြန်ဆုံး ရပ်တန့်ကာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ပြီး သတင်းမီဒီယာ ဥပဒေနှင့်အညီ အဖြေရှာရန် တိုက်တွန်းပါသည်”တဲ့။

ဆက်သွယ်ရေးဥပဒေကို [ပုဒ်မ ၆၆ (ဃ) ကို] မီဒီယာဖိနှိပ်ရေးကရိယာအဖြစ် ယခင်ကြံ့ဖွံ့အစိုးရက အသုံးချခဲ့သည်။ ထို့ အတူ ယနေ့ ပုဒ်မ ၆၆(ဃ) ဖြင့် ဖမ်းဆီးခံနေရသည့် (EMG) ၏ စီအီးအိုနှင့်အယ်ဒီတာတို့သည် ပုဒ်မ ၆၆(ဃ) ကို အခြားသူများအပေါ် ကျင့်သုံး ခဲ့သည့်သာဓကတွေအထင်အရှားရှိသည်မဟုတ်ပါလား။ မိမိအလှည့်ကျမှ နွဲ့နေခြင်းမှာ မဖြစ်စကောင်းပါ။ ယခုမှ ကပြာကယာ ရုပ်သိမ်း နေသည်မှာ သာ၍ သရုပ်ပျက်လှပါသေးသည်။

လွတ်လပ်စွာရေးသားဖော်ပြခွင့်ကို ချုပ်သော ကန့်သတ်သော ဖိနှိပ်သော မည်သည့် ဥပဒေ၊ပုဒ်မတစ်ခုကိုမဆို မိမိဂုဏ်သိက္ခာ ကို လေးစားပြီးတည်ကြည်သည့် မီဒီယာတစ်ခု၊မီဒီယာသမားတစ်ဦးသည် တဖြောင့်တည်းသော သဘောထားဖြင့် တည့်တည့် မတ်မတ် ဆန့်ကျင်ဝေဖန်ရမည်သာဖြစ်ပါသည်။

ထို့အပြင်မီဒီယာများကို ခရိုနီများကအပြည့်အဝ ပိုင်ဆိုင်ချုပ်ကိုင်ထားခြင်းဖြစ်သည်။ အချို့မီဒီယာသမားဆိုသူများမှာ ခရိုနီများ ၏ စပွန်ဆာနှင့်မကင်းနိုင်ကြ။ တချိ့က သတင်းထောက်အလုပ်နှင့် သတင်းပေးအလုပ်မကွဲပြားသည့်သူများဖြစ်သည်။ တဖန် ခရိုနီများ ကလည်း အုပ်စိုးသူများနှင့်မကင်းကြ။ စစ်တပ်နှင့်မကင်းကြချေ။

သို့ဖြင့် မီဒီယာအမှုအခင်းဖြစ်လာသည့်အခါ တကယ့် မီဒီယာသမား သည် အမှန်တရားဘက်က၊ သူ့မီဒီယာပညာရပ်ဘက်က အပြည့်အဝရပ်တည်လိုသည် သို့သော်လည်း ပိုင်ရှင်ခရိုနီကအုပ်စိုးသူနှင့် စစ်ဖိနပ်ကိုကိုင် ပြီးတောင်းပန်လိုသည်၊ ထိုအခါ လက်မဲ့ဖြစ် သော ကျနော်တို့မီဒီယာသမားများ၏ဘဝသည်ခံပြင်း နာကျည်းစရာ ကောင်းလှသည်။ အချက်အလက်အရ၊ မီဒီယာပညာအရမှန်သော် လည်း အုပ်စိုးသူနှင့်စစ်တပ်ကို မလွန်ဆန်ဝံ့သော မလွန်ဆန်လိုသော ပိုင်ရှင်က ဒူးဖက်တောင်းပန်သွားတာကို လက်ပိုက်ကြည့်နေရ သည့်အဖြစ်သို့ ကျရောက်ကုန်တော့သည်။

သို့ပါ၍ မိမိဂုဏ်သိက္ခာနှင့်မိမိယုံကြည်သော သတင်းစာပညာရပ် ကိုတည့်တည့်မတ်မတ်စွဲစွဲကိုင်၍သတ္တိရှိရှိ လုပ်ကိုင်နေ သောမည်သည့် မီဒီယာသမားကိုမဆို ကျနော်လေးစားတန်ဖိုးထားပါသည်။ “တော်တည့်ဖြောင့်မှန်သော ဂျာနယ်လစ်ဇင်” ဟု လည်း အမည်တပ်လိုပါသည်။

ထို့အပြင်သတင်းထောက်အလုပ်နှင့် သတင်းပေး၊ အင်ဖော်မာအလုပ် မကွဲပြားသည့် အယောင်ဆောင် မီဒီယာသမားများ၊ မီဒီယာအင်ဖော်မာများ၊မီဒီယာစွမ်းအားရှင်များနှင့်ပြတ်ပြတ်သားသားစည်းခြားလိုပါသည်။

ထိုသို့ခွဲခြားစေနိုင်ရန်အတွက်“ ကျီးကန်းဂျာနယ်လစ်ဇင်” ဟု ခွဲခြားပြခဲ့ခြင်းဖြစ်ပါသည်။

အမှန်တရားဖော်ထုတ်ရေး၊ ပြည်သူများထံသတင်းအချက်အလက်မှန်များတင်ပြနိုင်ရေး၊ မဟုတ်မတရားမှုများဖော်ထုတ်ရေး အတွက် တက်တက်ကြွကြွ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြသော မီဒီယာများကိုမူ ကြိုဆိုရမည်။ လေးစားဂုဏ်ပြုရမည်၊ တန်ဖိုးထားရမည် သာဖြစ်သည်။

“ နာရီအမှု” ဟူ၍သာ ယေဘုယျပြု၍ ရေးပါမည်။

ထိုအမှုနဲ့ အပိုင်း နှစ်ပိုင်းပါဝင်ပါသည်။ ပထမအပိုင်းမှာ မီဒီယာတစ်ခုက “နာရီ”နှင့်ပတ်သက်၍ရေးသားဖော်ပြမှုဖြစ်ပြီး၊ ဒုတိယ အပိုင်းမှာ ထိုရေးသားဖော်ပြမှုအပေါ် တစ်ဖက်က (ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့) ဥပဒေကြောင်းအရ တရားစွဲဆိုလာသည့် အပိုင်း ဖြစ်ပါသည်။

ပထမပိုင်းဖြစ်သည့် နာရီနှင့်ပတ်သက်၍ ရေးသားဖော်ပြမှုအပိုင်းကို ဦးစွာဝေဖန်ဆန်းစစ်လိုပါသည်။ ဤအမှု၏ အရင်း မူလ အစသည် ထိုသို့ရေးသားဖော်ပြခဲ့မှုကနေ စတင်ခဲ့သောကြောင့် ဦးစွာဝေဖန်ဆန်းစစ်ရခြင်းဖြစ်သည်။ ဥပဒေကြောင်းအရ တရားစွဲ ဆို လာသည့်အပိုင်းမှာ ထိုသို့ရေးသားဖော်ပြခဲ့မှု၏ နောက်ဆက်တွဲဖြစ်စဉ်သာဖြစ်သဖြင့် ထိုအပိုင်းကို ဒုတိယနေရာထား၍ ဝေဖန် ဆန်းစစ် ပါမည်။

မည်သည့် ပညာရပ်၊ နယ်ပယ်၊ လုပ်ငန်းများ၌ သက်ဆိုင်ရာ ကိုယ်ပိုင်ယုံကြည်ချက်၊ ရပ်တည်ချက်၊ အမြင်သဘောထားနှင့် ကျင့်ဝတ်သိက္ခာရှိကြသည်ချည်းသာဖြစ်သည်။ ယင်းသို့ရှိသော သက်ဆိုင်ရာဘာသာရပ်အလိုက် ယုံကြည်ချက်၊ အယူအဆနှင့်ကျင့်ဝတ် များကို လေးစားကြသလို ထိပါးလျှင်လည်း ခုခံကာကွယ်ကြမည်သာဖြစ်သည်။

မိမိမီဒီယာနယ်ပယ်၊မိမိတစ်ဦးချင်း၏ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားသောစာနယ်ဇင်းတစ်စောင်၊ အယ်ဒီတာတစ်ယောက်၊ သတင်းထောက်တစ်ယောက်သည် မိမိပိုင်မီဒီယာတစ်ခုခု၌ ရေးသားဖော်ပြသော အကြောင်းအရာ၏ တိကျခိုင်မာမှုကို ပထမဦးစားပေး အဖြစ်ထိပ်တန်းထားရမည်။ အကြောင်းအရာတစ်ရပ်ကို မိမိပိုင်မီဒီယာတစ်ခုခု၌ ရေးသားဖော်ပြထုတ်လွှင့်လိုက်ပြီးပြီဆိုလျှင် ထိုဖော်ပြမှု နှင့်ပတ်သက်၍ သက်ရောက်လာမည့် မည်သည့်အကျိုးဆက်မှန်သမျှကိုမဆို ရင်ဆိုင်ဖို့ ပိုင်းဖြတ်ထားရမည်။ တာဝန်ယူရမည်။ တာဝန်ခံ ရဲရမည်။ သတ္တိရှိရှိရင်ဆိုင်ဖို့လိုသည်။

ယခုအမှုနဲ့ (EMG)အလဲဗင်းမီဒီယာအုပ်စု၏ စီးအီးအိုနှင့်အယ်ဒီတာတို့သည်ထိုသတ္တိမျိုးရှိပုံမရချေ။ သိက္ခာရှိရှိရင်ဆိုင်ဖို့ကောင်း သည်။ ယခုတော့ ထိုသို့မဟုတ်။ မတတ်သာတော့တဲ့အဆုံးမှ ရဲစခန်းသွားပြီး ရင်ဆိုင်လိုက်ကြသည့်သဘောကိုတွေ့ရသည်။

မိမိရေးသားဖော်ပြခဲ့သော သတင်းအချက်အလက်နှင့်ပတ်သက်၍ တိကျခိုင်လုံသော အချက်အလက်တွေကို အများပြည်သူ သိအောင်ထုတ်ဖော်ပြသရမည့်တာဝန်ရှိသည်။ စွပ်စွဲဖော်ပြခဲ့သည်မှာ ဘယ်လိုတိကျခိုင်လုံသော အချက်အလက်များကို အကိုးအကားပြု ၍ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြသရမည်။ ဥပဒေကြောင်းအရ ခုခံချေပရမည်။ သို့တည်းမဟုတ် မိမိဖော်ပြချက် မှားယွင်းနေလျှင် လည်း ဂုဏ်သိက္ခာရှိစွာ တောင်းပန်ရလိမ့်မည်။ မိမိစတင်ဖော်ပြခဲ့သော ကိစ္စကို မိမိကိုယ်တိုင်တာဝန်ယူရမည်သာဖြစ်သည်။

မီဒီယာအသိုင်းအဝိုင်းအနေဖြင့်လည်းမိမိနယ်ပယ်အတွင်းကဖြစ်ရပ်များ၊ သတင်းအချက်အလက်များကို သင့်/မသင့်၊ မှန်/မမှန်၊ ဟုတ်/မဟုတ် ဆင်ခြင်ပိုင်းခြား၊ စောကြော၊စစ်ဆေးခြင်း ရှိကိုရှိရမည်။ ထိုသို့ လိုအပ်သလို စိစစ်ဝေဖန်၊စောကြာပြီးမှသာ လိုအပ်သလို သဘောထားပေးကြရမည်။ ကျီးကန်းများကဲ့သို့ အသလွတ် မအာသင့်ချေ။

ဒုတိယပိုင်းကိုဝေဖန်ကြည့်ကြပါစို့။

နာရီကိစ္စ စွပ်စွဲဖော်ပြမှုကို ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆ (ဃ) ကို အသုံးပြု၍ တရားစွဲဆိုခြင်းမှာ လုံးဝမဖြစ်သင့်။ ပထမဖြစ် သင့်သည်မှာ မည်သည့်အကြောင်းအချက်များအရစွပ်စွဲသည်ကိုဖော်ပြသည့်မီဒီယာထံမှ ထုချေရှင်းလင်းချက်ကို ဦးစွာတောင်းယူရမည် သာဖြစ်သည်။ ရွေးချယ်ခံအစိုးရသည် ပြည်သူက မျှော်လင့်တကြီးရွေးချယ်ပေးခဲ့သော အစိုးရသည် ပြည်သူများ၏ မျှော်လင့်ချက်အား ထိခိုက်စေသည်အပြုအမူများကို သတိထားသင့်သည်။ ရှောင်ရှားသင့်သည်။

ကိုယ့်လိပ်ပြာ ကိုယ်ယုံကြည်သော အစိုးရတစ်ရပ်သည် “ တစ်ချက်ချရင်နှစ်ချက်ပြန်ချမယ်/ ပါးကိုက်ရင်နားကိုက်မယ်” ဆိုတဲ့ သဘောထားမျိုးဖြင့် မတုန့်ပြန်သင့်ပါ။

ပြဿနာ၏အစမှ နာရီကိစ္စ စွပ်စွဲရေးသားဖော်ပြမှုဖြစ်သည်။ ထိုစွပ်စွဲဖော်ပြမှုသည် တစ်ဦးချင်းသို့မဟုတ် အဖွဲ့၏ဂုဏ်သိက္ခာကို ထိပါးသည်ဟု ယုံကြည်၊ ယူဆလျှင် ထိုထိပါးမှုအတွက် ပြဋ္ဌာန်းထားသော ဥပဒေကို သုံးစွဲ၍သာ ဆောင်ရွက်ရမည်။

ဤသို့ ရေးနေသဖြင့် “၂၀၀၈ အခြေခံဥပဒေ” အပါအဝင်၊ အခြားတည်ဆဲဥပဒေများကို လိုလားနှစ်ခြိုက်၍ ပြောနေခြင်းမဟုတ်။ ဥပဒေလမ်းကြောင်းနှင့်အညီဖြေရှင်းရသည့်သဘောအရ ပြောခြင်းဖြစ်သည်။

တကယ်တော့ “၂၀၀၈ အခြေခံဥပဒေ” သည် မတရားသည့်ဥပဒေများအနက်မှ မတရားဆုံးဥပဒေတစ်ခုဖြစ်သည်။ မတရားတဲ့ အမိန့်အာဏာ၊ ဥပဒေမှန်သမျှ ဆန့်ကျင်တိုက်ဖျက်ကြရမည်သာဖြစ်သည်။ ကျွန်တော်သည် “၂၀၀၈ အခြေခံဥပဒေ”အပါအဝင်၊ မတရား တဲ့ အမိန့်ဥပဒေများနှင့်ပတ်သက်၍ အလျှဉ်းသင့်သလို ဆန့်ကျင်၊ကန့်ကွက်၊ဝေဖန်ရေးသားခဲ့သည်။ ဖျက်သိမ်းပစ်ရမည်ဟုလည်း ယူဆ ထားသည်။

ယခုဖြစ်ရပ်ကလည်း “၂၀၀၈ အခြေခံဥပဒေ”ဘောင်ထဲမှာ ၊ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီဘောင်ထဲမှာ၊ စစ်အုပ်စုက ပေးထား တဲ့ ဘုရားစူးဒီမိုကရေစီအခွင့်အရေးဆိုတာထဲမှာ ရွေးကောက်ပွဲနိုင်အစိုးရတစ်ရပ်၏ အစိတ်အပိုင်း (တိုင်းဒေသကြီးအစိုးရ) နှင့် မီဒီယာ တို့ ခွပ်နေကြခြင်းသာဖြစ်သည်။ ကြက်ခြင်းထဲက ကြက်များ အချင်းချင်းခွပ်နေကြသကဲ့သို့ပင်။

ဆဲဗင်းဒေးသတင်းစာနှင့်စစ်တပ်ဖြစ်သော ကိစ္စ၌ မီဒီယာဘက်က မှန်သော်လည်း မလွန်ဆန်ဝံ့သောကြောင့် တောင်းပန်လိုက် ကြရသည် မဟုတ်သလော။ ထိုကိစ္စ၌မူ ဆဲဗင်းဒေးသတင်းစာပိုင်ရှင်၏ သူရဲဘောကြောင်မှုမှာထင်ရှားသည်။ ထိုကိစ္စသည် ဗိုလ်ရွှေမန်း၏ မေတ္တာမွန် စာလွှာဆိုတဲ့ရေးသားဖော်ပြချက်ကို မူတည်၍ဖြစ်ပွားခြင်းဖြစ်သည်။ ထိုကိစ္စ၌ အဓိကတာဝန်ရှိသူမှာ စတင်ရေးသားဖော်ပြသူ ဗိုလ်ရွှေမန်း ဖြစ်သည်။ ဗိုလ်ရွှေမန်းကိုမကိုင်ဘဲ။တဆင့်ခံဖော်ပြသည့်မီဒီယာကိုအနိုင်ကျင့်ခြင်းဖြစ်သည်။ တဖက်သတ်ဖိနှိပ်ခြင်းဖြစ်သည်။

ဗိုလ်ရွှေမန်း၏ အရေးအသားကို ဆဲဗင်းဒေးဂျာနယ်က တဆင့်ဖော်ပြခြင်းသာဖြစ်သည်။ စစ်တပ်က ရာဇသတ်ကြီးပုဒ်မ ၁၃၁ နဲ့ချောက်သည်။ တကယ်တန်းအရေးယူခြင်း ယူမည်ဆိုလျှင် စတင်ရေးသား ဖော်ပြသူ ဗိုလ်ရွှေမန်း ကိုသာအရေးယူရမည်ဖြစ်သည်။ နောက်ဆုံး တော့ စစ်တပ်ပိုင် မြဝတီသတင်းစာထဲကနေ “ သဖန်းသီးပုပ်” လို့ရေးလိုက်တာနဲ့ သူတို့ သဖန်းသီးပုပ်အချင်းချင်း ပြီးသွားကြ သည်။ ကြားက မီဒီယာသမားက မှန်သော်လည်းတောင်းပန်လိုက်ရသည်။

ယခုလည်း နာရီအမှု မည်သို့အဆုံးသတ်မည်ကို စိတ်ဝင်စားပါသည်။ စွပ်စွဲချက်နှင့်ချေပချက်များကို အများပြည်သူသိရှိပြီး မည်သူမှန်ပြီး မည်သူမှားသည်ကို ဝေဖန်စောကြာနိုင်ရန် အကျယ်တဝင့် ထုတ်ပြန်ပေးဖို့လိုပါသည်။ ထိုသို့ထုတ်ပြန်ပေးရန် အစိုးရ၌ တာဝန်ရှိသည်။

အနုပညာလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်၊ သတင်းစာလွတ်လပ်ခွင့်တို့ဆိုသည်မှာ အရင်းစစ်လိုက်လျှင် နိုင်ငံရေးပြဿနာ၊ ဒီမိုကရေစီပြဿနာပင်ဖြစ်ပါသည်။ လွတ်လပ်ခွင့်နှင့်ဒီမိုကရေစီ၏ အတိုင်းအတာဆိုသည်မှာ အုပ်စိုးသူတို့၏ လူတန်းစားအနေအထား ပေါ်မူတည်၍ ကွာဟချက်ရှိပါသည်။

“ ၁၉၄၇ အခြေခံဥပဒေ” အောက်က ပါလီမန်ဒီမိုကရေစီအခွင့်အရေးကို “၂၀၀၈အခြေခံဥပဒေဘောင်”ထဲက စည်းကမ်းပြည့် ဝသောဒီမိုကရေစီနှင့်နှိုင်းယှဉ်ပြီး “အနုပညာလွတ်လပ်ခွင့်၊ စာပေလွတ်လပ်ခွင့်၊ သတင်းစာလွတ်လပ်ခွင့်” ရှိပါပေသည်ဟု ဆိုလျှင် လူထုဦးလှ၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ သခင်မြသန်း၊ မြသန်းတင့်တို့က သူတို့ဖြတ်သန်းမှုအရ လက်ခံလိမ့်ကြမည်မဟုတ်ချေ။

နာရီအမှုက မည်သူသည်မည်သည့်မီဒီယာသည် “တော်တည့်ဖြောင့်မှန်သောဂျာနယ်လစ်ဇင်” ကိုကျင့်သုံးသလား - “ကျီးကန်း ဂျာနယ်လစ်ဇင်လား” ဆိုသည်ကို ပြတ်သားစွာ ပုဒ်ဖြတ်ချပေးလိမ့်မည်ဟု မျှော်လင့်မိသည်။

ထို့အတူ တပြိုင်နက်တည်းမှာလည်း ပြည်သူကရွေးချယ်သော အစိုးရ၏ သဘောထားနဲ့လက္ခဏာလည်း အထင်အရှားသရုပ် ပေါ်လာလိမ့်မည် ဟုယူဆပါသည်။ နာရီအမှုကို စောင့်ကြည့်နေပါမည်။

(မိုးမခ အယ်ဒီတာ မှတ်ချက် - စာမူကို ပေးပို့ခဲ့သော ရက်စွဲအရ တင်လိုက်ပါသည်)
Photo credit - http://moddeydoo.deviantart.com/art/The-Peacock-and-the-Crow-191137502 

ဆောင်းယွန်းလ - တော်လှန်ရေး

$
0
0
Photo - Than Htay Maung


ဆောင်းယွန်းလ -  တော်လှန်ရေး
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၆
မှတ်တမ်းတွေမရေးပဲ
အမှတ်သညာထဲမှာ
တမ်းတမ်းတတ စွဲထင်စေတဲ့ ပုံရိပ်။

အဖိတ်အစင်များပြီး
စိတ်ဝင်စားလိုက်ပြီဆိုရင်
ကမ်းလွန်ပင်လယ်ပြင်ထဲ လှေစီးနေရသလိုပဲ။

အိတ်ကပ်ထဲ ကုန်းကောက်စရာမရှိအောင်
လူကို မွဲစေပြီး
စိတ်ဓာတ်ထဲ ခူးဆွတ်ဖြည့်ထည့်စရာ အပြည့်နဲ့
လူကို ရဲစေခဲ့တယ်။
 
(နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၆)

မောင်စွမ်းရည် - "သဋ္ဌေးခေတ်"

$
0
0


မောင်စွမ်းရည် - "သဋ္ဌေးခေတ်"
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၆

လုံးဝမမှောင်ဘဲ၊ လင်းမြဲလင်းလဲ
ညဟာ ညပါပဲ။ ဒါပေမဲ့
လင်းဆဲ။ နေ့လိုပဲ။ နေတွေ ထွက်မြဲ။

အကုသိုလ် ပိတ်၊ ပုတီးစိပ်သူ စိပ်ကြ
ညောင်းညာ ကင်းအောင်၊
အနင်းခံသူ ခံကြ။

သူခိုးကတော့ ညညဆို ခိုးမြဲ။
သူကတော့ သူခိုးအစစ်ပဲ
"ငတတ်ပြား"ပြီး၊ "ငဆုတ်ပြား " - သားစဉ်မြေးဆက်။

ဒို့ခေတ်က၊ ခေတ်သစ်၊
မလျော်ကန်အဖြစ်၊ "မော်ဒန်"ခေတ်။
မော်ဒန်သူခိုးဟာ၊ နေ့မှာခိုးကာ
မျက်နှာဖုံး မပါဘူး။

မျက်နှာဖုံး ဘယ်ပါမလဲ
ခိုးတာကို ခိုးတယ်လို့မခေါ်ဘဲ
"ပြည်သူပိုင်သိမ်းတယ်"လို့ခေါ်တယ်။

ဒီလိုနဲ့ - ပြည်သူ့ ပစ္စည်းဟာ
ပြည်သူမပိုင်တော့ဘဲ
မပိုင်သူက ပိုင်သွားတော့တာပါပဲ - တဲ့။

အရှေ့ တောင်အာရှမှာ
ကမ္ဘာကျော်ရွှေတောင်ကြီးရဲ့ အရိပ် -
ညမအိပ်၊ နေ့မအိပ်။
လက်ထိတ်၊ ခြေထိတ်များ
သူတစ်ပါးရဲ့  လက်ခြေမှာခတ်။
ပါးစပ်ကိုလဲ ကော်နဲ့ကပ်။
သေနတ်မှာ ကျည်ထိုးပြီး
ခိုးသူဟာ သူခိုးမဟုတ်ဘဲ
မွဲသူတွေချမ်းသာအောင်၊ အကျိုးဆောင်သတဲ့။

အကျိုးဆောင်သူတွေချမ်းသာပြီး
ချမ်းသာသူတွေဟာ၊ ချမ်းသာသည်ထက်ချမ်းသာမြဲ
မချမ်းသာသူတွေကတော့ မချမ်းသာမြဲ
မွဲကုန်ကြလေရဲ့ ။

ဒီလိုနဲ့ ညလဲ ညဖြစ်မြဲ
သိတယ်မဟုတ်လား။
ပုတီးစိတ်ချိန်မှာ၊ မီးမပိတ်ဘဲ
လူမွဲတွေလဲ မလွဲခေတ်မီ
သရဲဖြစ်ကြပြီ။

နေပွင့်နေသော်လဲ၊ ညဟာ ညပါပဲ။
ညမှာ မခိုးလို့ သူခိုး မခေါ်ချင်လဲ
ကိုယ့်ဖာသာ မခေါ်ချင်လို့၊ မခေါ်ဘဲ
သူခိုးကို သူခိုးလို့ မခေါ်  သဋ္ဌေးလို့ခေါ်လဲ
ဖြစ်ချင်ရင် ဖြစ်တော့ဖြစ်မှာပါပဲ။
ခေါ်ကြပေါ့ - သဋ္ဌေး၊ သဋ္ဌေး - သဋ္ဌေးလို့။

မောင်စွမ်းရည်
2016 နိုဝင်ဘာ 9
(ပန်ဒိုရွာတို့ကဗျာတွေဖတ်ပြီးနောက် စိတ်ကူးပေါက်လို့ရေးတာ)

ကာတွန်း ဘီရုမာ - ပြောင်းလဲချိန် (တန်) ပြီ

$
0
0
 ကာတွန်း ဘီရုမာ - ပြောင်းလဲချိန် (တန်) ပြီ
(မိုးမခ)  နိုဝင်ဘာ ၁၈၊ ၂၀၁၆

မောင်ဥက္ကလာ - ကောင်မလေးကို မထိနဲ့

$
0
0


မောင်ဥက္ကလာ  - ကောင်မလေးကို မထိနဲ့
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၆


ဤစာသည် ဘဝရှင်မင်းတရားကြီး၏ လျှိုဝှက်မှတ်တမ်းဘုတ်အုပ်ကြီးထဲ ရေးခြစ်ထားသော စာဖြစ်သည်။ အတွင်းလူယုံတော်တဦးမှ ကျွန်ပ်ထံ ပေးပို့လာသည့် ဤစာကို အများသူငါ သိစေလိုငှား နိုင်ငံတကာ လျှို့ ဝှက်သတင်းတွေကို ရှာဖွေဖော်ထုတ်တင်ပြနေသော Wiki Leaks အုပ်စုကို ဘာသာမပြန်တတ်၍ မပေးပို့ဘဲ ကမ္ဘာကျော် မိုးမခမဂ္ဂဇင်းကြီးသို့ပေးပို့ ဖြန့်ဝေလိုက်ပါသည်။ စာပါ အချက်အလက်များ မှန်ကန်မှု ရှိမရှိကို အမည်ဝှက်နဲ့ ပေးပို့လာသော ဘဝရှင်မင်းတရားကြီး၏ လူယုံတော်ကို စုံစမ်းဆက်သွယ် တီးခေါက်မေးမြန်းနိုင်ပါသည်။

ဟိုခြစ်ဒီခြစ် ရေခြစ်ထားသော လျှို့ ဝှက်မှတ်တမ်းစာမှာ အောက်ပါအတိုင်း ဖြစ်သည် …

ကျွန်ုပ် ရေမြေ့ရှင်သခင် ဘဝရှင်မင်းတရားကြီး၏ ကံဇာတာသည် မယုံနိုင်လောက်အောင် ဒီရေဒီလှိုင်းအလား တိုးတက်နေမည်ဟု (ကျွန်ုပ်) ကိုးကွယ်ဆည်းကပ်၊ ပေးကမ်းထားသော အထက်လမ်း၊ အောက်လမ်း၊ အလှူရေစက် လက်နဲ့မကွာ ချမ်းသာနေသော နတ်ဘုန်းကြီးများ တွက်ချက်ဟောပြောခဲ့သည့်အတိုင်း ဖြစ်နေပြီး၊ သူတို့ပေးတဲ့ ယတြာ၊ ဓါတ်ရိုက်ဓါတ်စဉ်များကြောင့်လည်း ကမ္ဘာ့နန်းသက်ရှည် ယိုးဒယားဘုရင် ကံကုန်သည်တိုင် ကျွန်ပ်မှာ ဒေါင်ဒေါင်မြည်း ကျန်းမာလန်းဖြာနေပြီး၊ နောက်နှစ်ပေါင်းများစွာ ကသောင်းကနင်း ဖရိုဖရဲ တိုင်းနိုင်ငံကို ဥပဒေအထက် (အမည်ခံ အုပ်ချုပ်သူများအထက်) ကန့်လန့်ကာနောက်ကွယ်ကနေ ဆက်လက်ချုပ်ကိုင်နိုင်မည်။

တိုက်ဆိုင်တယ်လို့ ပြောရမလား … လူရှုပ်လူရမ်းကားများ (ရာထူး) နေရာရနေတဲ့ ဒီနေ့ကမ္ဘာကြီးမှာ နိုင်ငံရေးပရောဟိတ်တွေ လိုက်မမီတဲ့ ကလိမ့်စေ့ငြမ်းဆင် အကွက်ဆန်းတွေနဲ့ လွန်ခဲ့တဲ့ ရှစ်နှစ်ကာလ လူမည်းအိုဘားမားကြောင့် မျက်နှာငယ်၊ မချိတင်ကဲ စိတ်မချမ်းမြေ့ ဖြစ်နေခဲ့ကြတဲ့ လူဖြူတွေကို “အမေရိကားကို ပြန်ကြီးအောင် တခါပြန်လုပ်မယ် (Make America Great Again)” ဟု ကြိမ်းဝါးကြွေးကြော်ပြီး နိုင်ငံရေးပါးဝ၊ စာတတ်ပေတတ် မိန်းမတတ်ကြီး (ဒီမိုမြန်မာတွေ အချစ်တော်) ဟီလာရီကို အောက်လမ်းနည်းတွေနဲ့ အလှဲထိုးကာ သမ္မတကြီး ဖြစ်လာမယ့် ကိုယ်ကျိုးကြည့် (ကျွန်ုပ်တို့ အတုယူစရာ) လူဝါးဝတဲ့ မစ္စတာဒေါ်နယ်ထရမ့်၏ အောင်မြင်မှုကို ကျွန်ုပ် မချီးကျူးဘဲ မနေနိုင်။ ပြီးတော့ ကိုယ့်ရှူး ကိုယ်ပတ်တော့မည့် ငပွကြီးတွေဘဝကို ဝမ်းသာကျေနပ်မိသည်။

“လှံထမ်းလာတာ မြင်ရတယ်၊ ကံထမ်းလာတာ မမြင်ရဘူး” ဆိုစကားအတိုင်း တကမ္ဘာလုံး မမျှော်လင့်ထားတဲ့ ရူးရူးမိုက်မိုက် မစ္စတာထရမ့်လို ငတေမာကြီးကို လူမိုက်အလိုရှိနေသူတွေ (လူမျိုးရေး၊ ဘာသရေး ရှေ့ တန်းတင် အမြင်ကျဉ်း၊ အတွေးတိမ်၊ အစွန်းရောက်များ) က မင်းရှင်သခင် ခန့်အပ်လိုက်တာ သူ့ ကံတရားကြောင့် ဖြစ်သလို၊ “မေမေနိုင်မှ ဖြစ်မယ်” ဆိုပြီး ကျွန်ုပ်နဲ့ အပေါင်းအပါးတွေကို ဖယ်ရှား၊ မျှော်လင့်ချက်တလှေကြီးနဲ့ လူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အားလုံးအထက်မှာ သူရှိမယ်ဆိုပြီး ရှေ့ တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုး၊ ဒိုင်လူကြီး၊ နည်းပြ တကွင်းလုံး ပတ်ကန်နေသော (သူ့ညီမတော်တယောက် ပြောတာကြားမိ) နှမတော်မှာ (လတ်တလော) နိုင်ငံရေး၊ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေး (၆၆(ဃ) မှတပါး)၊ တည်ငြိမ်အေးချမ်းရေးစတဲ့ သပွတ်အူပြဿနာတွေကို ကျွန်ုပ် အကွက်လှလှ ရေးဆွဲပေးခဲ့တဲ့ ခြေဥအောက်မှာ ဘာဆိုဘာမှ အစအနရှာ ရှင်းမရ၊ ဖြေရှင်းမလုပ်နိုင်သေးပေမယ့် ကျွန်ုပ်နဲ့ ဆွေတော်မျိုးတော်များအတွက်တော့ အလွန်အရေးကြီးတဲ့ လိုအပ်ချက်တွေကို လိမ္မာပါးနပ်စွာ ဖြေရှင်းဆောင်ရွက်ပေးလို့ ဆိုခဲ့သည့်အတိုင်း ကျွန်ုပ် ကံဇာတတက်မြဲတက်နေသည်ဟု ဆိုရခြင်းဖြစ်သည်။

အများပြည်သူ သိတော်မူသည်အတိုင်း အခုဆိုရင် နှမတော်၏ မေတ္တာရှေ့ ထား ဥပဒေစိုးမိုးရေးနဲ့ အချိန်မီ ဖြေရှင်းဆောင်ရွက်ခဲ့လို့ နှစ်ပေါင်းများစွာ အနောက်နိုင်ငံများ၏ ကျွန်ုပ်တို့အပေါ် အထင်အမြင်လွဲမှား ပြစ်ပယ်ထားသည့်ကိစ္စ ပျက်ပြယ်ကာ ကျွန်ုပ်နဲ့ ကျွန်ုပ်မိသားစု၊ လက်ဝေခံများမှာ ဒီနေ့ဒီအချိန်အခါ (ပြောင်းလဲချိန်တန်ပြီမို့) လွတ်လွတ်လပ်လပ် တပျော်တပါး ထိုထိုနိုင်ငံကြီးများကို သွားရောက်လည်ပတ်ခြင်း (သမီးတော်၊ မြေးတော်များ သွားလာဖို့ စီစဉ်နေ)၊ အရောင်းအဝယ်လုပ်ငန်းများ ပြန်လည်လုပ်ပိုင်ခွင့်များ ရရှိလေပြီ (မစ္စတာထရမ့် ကတော် နဲ့ အလှနတ်မိမယ်ပြိုင်ပွဲများအတွက် ကျောက်စိမ်း၊ ပတ္တမြားတွေ လက်ဆောင်ပဏ္ဍာဆက်၊ ရောင်းချဖို့ စီစဉ်ရမယ်)။ ဒီအတွက် နှမတော်ကို ကျေးဇူးအခါခါ တင်နေမိ။

ဒီနေရာမှာ အဲဒီ နိုင်ငံတွေ အဘယ်ကြောင့် ကျွန်ုပ်တို့ကို မဆက်ဆံ ပြစ်ဒဏ်ခတ်ရခြင်း မူလဇစ်မြစ်အကြောင်းရင်းကိုလဲ အနည်းငယ် ရှင်းပြလိုသည်။ ဟိုးလွန်လေပြီသော နှစ်ကာလတခုတုန်းက ကျွန်ုပ်တို့ အာဏာကို ထိပါးစော်ကား ရွှေပြည်ကြီး ကံဆိုးမိုးမှောင်ကျ ဂျောက်ထဲကျအောင် ဆူပူကြတဲ့ နှမတော်အပါအဝင် ဆူးငြောင့်ခလုတ်များကို ရှင်းလင်းဖယ်ရှား၊ ခြံသွင်းထိန်းချုပ်ခဲ့တဲ့အပေါ် အခြေအမြစ်မရှိ ရာဇဝတ်ပြစ်မှုဆိုင်ရာ စွပ်စွဲချက်တွေ (Groundless Allegation) - အထူးသဖြင့် အမေကျော်ဒွေးဒေါ်လွမ်းသူတွေ ခလောက်ဆန်လို့ သူများအရေး အမြဲဝင်ရှုပ်တဲ့ ကမ္ဘာ့ပုလိပ်မင်းကြီးက ကျွန်ုပ်တို့လို ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေကို နာမည်ပျက်စာရင်းသွင်း ဖမ်းမယ်ဆီးမယ်၊ နိုင်ငံတကာ ခုံရုံးတင်မယ် ခြိမ်းခြောက်ခဲ့လို့ ဆယ်စုနှစ် သုံးဆယ်နီးပါး ကျွန်ုပ်တို့မှာ Made in USA နဲ့ဝေးကာ၊ မချစ်သောလဲ အောင့်ကာနမ်း … သိသိကြီးနဲ့ ကျွန်ုပ်တို့တိုင်းပြည်ကို အမြီးခေါင်းအဆုံး ဝါးမြိုမယ့် တရုတ်ပေါက်ဖော်ကြီးတွေနဲ့ပဲ ဆက်ဆံကာ ခက်ခက်ခဲခဲ သက်ရှင်ခဲ့ရသည်။

ဒီနေ့ တိုင်းပြည်ချွတ်ခြုံကျ ဆင်းရဲသည်မှာ ကျွန်ုပ်နဲ့ အပေါင်းအပါတွေ အတော်မသတ်လောဘနဲ့ တိုင်းပြည်သဘာဝ သယံဇာတတွေကို အောက်ဈေးပေးပြီး ရသမျှအကုန်ယူတဲ့ တရုတ်ကြီးကို ရောင်းထုတ်ခဲ့လို့မဟုတ်။ အမေရိကန် နဲ့ အနောက်နိုင်ငံတွေ ကျွန်ုပ်တို့ကို မဆက်ဆံ၊ ပစ်ပယ်ထားလို့ ဖြစ်တယ်။ အဲဒီ ခက်ခဲကြမ်းတမ်းလှတဲ့ အချိန်ကာလမှာဆို ကျွန်ုပ်တို့မှာ ကျွဲပိန် ခွေးဝက်လောက်ဖြစ်ကာ နိုင်ငံအတွင်းရှိ သဘာဝသယံဇာတ မြေလွတ်မြေလပ်မြေပိုင်တွေကို သိမ်းယူ၊ ရောင်းထုတ်ပြီး ကြပ်ကြပ်တည်းတည်း သက်ရှင်ခဲ့ရတာကို နှမတော် သိနေလို့၊ ဒီနေ့ သူ့စွမ်းဆောင်မှုနဲ့ ကျွန်ုပ်တို့ လိုအပ်ချက်၊ (မြေးတော်မှတဆင့်) တောင်းဆိုချက်တွေကို အတိတ်ကို ပြည်ဖုံးကားချ မေတ္တာနဲ့ဆောင်ကြဉ်ပေးခဲ့လို့ ကျွန်ုပ် ဘဝမှန်နေရာမှန် ပြန်ရပြီး လုပ်ငန်းကိစ္စများကို တားဆီးမဲ့ ဆောင်ရွက်နိုင်မည်။ ဒီနေရာမှာ ထပ်ခါတလဲလဲ ငြင်းဆိုပါမည် - တိုင်းပြည်ဆင်းရဲ ပြည်သူတွေ ဒုက္ခရောက်ကြတာ ကျွန်ုပ်တို့ကြောင့် မဟုတ်၊ တချိန်တခါက နှမတော်အပါအဝင် ပြည်ပအားကိုး ပုဆိန်ရိုးတွေ သွေးထိုးခဲ့လို့ ပစ်မုန်းသွားခဲ့တဲ့ အနောက်နိုင်ငံတွေကြောင့် ဖြစ်သည်။

အခုလက်ရှိ အခြေအနေက ကျွန်ုပ်တို့အတွက် ဘာမှပူစရာမလို။ ပြင်ပ ပြစ်ဒဏ်ခတ်မှုတွေနဲ့အတူ လွန်လေပြီသော လပိုင်းအထိ ပိုင်ဆိုင်သမျှတွေကိုသိမ်း ရွှေထုပ်ငွေထုပ်ပိုက်ပြီး ဒေါ်လာဈေးတက်အောင် စိုးရိမ်ပူပန်နေခဲ့သော (ကျွန်ုပ် ဘက်တော်သား) ခရိုနီ ခရိုပြာတွေလည်း မြန်မာပေါကားတွေထဲက လူကြမ်းတွေ မဆီမဆိုင် ရယ်တွားသလို ရယ်မောနိုင်လေပြီ။ သူတို့တွေ သက်ပြင်းလုံးချ ရယ်မောပြုံးနိုင်ဖို့ မေတ္တာရှေ့ ထား စွမ်းဆောင်ပေးသူမှာလည်း ကျွန်ုပ်၏ ချစ်နှမပင် ဖြစ်လေသည်။ နှမတော်က ချစ်မြေးတော်အပါအဝင် တိုင်းပြည်သယံဇာတများကို အလုအယက် စွန့်ဦးရောင်းချခဲ့သူတွေကို ကျွန်ုပ်နန်းဆိုက်မြို့ သို့ ဖိတ်ခေါ်ပြီး ကျွဲပါးစောင်းတီး အတိတ်လုပ်ရပ်တွေကို မေ့ဖျက်ကာ တိုင်းပြည်အကျိုး လုပ်ဆောင်ကြဖို့ တိုက်တွန်းပြောဆိုခဲ့သည်။ ဒီအတွက် ကျွန်ုပ်တို့ အထူးကျေနပ်ကြသည်။

အချုပ်ပြောရရင် ကျွန်ပ်ကံဇာတာသည် မစ္စတာဒေါ်နယ်ထရမ့်နဲ့ နင်လားငါလား အကိုင်းဖျားထိပ်သို့ ရောက်နေလေသည်။ ဒီအတွက် ကျွန်ုပ် စိတ်ချမ်းသာ ဝမ်းမြောက်ဂုဏ်ယူသည်။ အထူးသဖြင့် နှမတော်၏ ဖေးမစောင့်ရှောက်မှု၊ မေတ္တာတရားနဲ့ ကျွန်ုပ် ဘဝလုံခြုံရေး၊ ရပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်တွေကို မထိမပါး ကျွန်ုပ်တို့ နေချင်သလို၊ လုပ်ချင်သလို လုပ်ပိုင်ခွင့်တွေ ဆက်လက်ရရှိနေသရွေ့  များစွာကျေနပ်နေပါမည်။

ဘဝရှင်မင်းတရားကြီး ရေးခြစ်ထားသော စာမှတ်တမ်း ဤတွင် အဆုံးသတ်သည်။

အတွင်းလူယုံတော်ထံမှ ရရှိခဲ့တဲ့ ဘဝရှင်မင်းတရားကြီး၏ မလှမပ ကြောင်ခြစ်ခြစ်ထားတဲ့ လက်ရေးမူကို မိုးမခမဂ္ဂဇင်းကြီးသို့ပေးပို့ရန် ကူးယူနေချိန် အိမ်နဲ့မနီးမဝေး ကထိန်အလှုပွဲမဏ္ဍိုပ်မှ အရပ်ရှစ်မျက်နှာ နားမချမ်းသာအောင် မိုးလင်းမိုးချုပ် ဖွင့်နေတဲ့ လော်စပီကာကနေ “ငါက ဗိုလ်အောင်ဒင် … နင်က ဒါကိုမမြင် … မိန်းခလေးရေ … မင်းမိုက်တယ် ... ကောင်မလေးကို မထိနဲ့ မိုက်ရင်ထွက်ခဲ့ … …” သီချင်းသံ အိမ်နံရံကိုထိုးဖောက် ဝင်ရောက်လာလေသည်။

နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ

$
0
0


နောင်ကျော် ● ငြိမ်းချမ်းရေးခရီးနှင့် ကွေ့ကောက်မတ်စောက်သောလမ်းများ
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၆


(၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ စာပေဗိမာန် က ပြုလုပ်မည့် "ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲ"အတွက် စာတမ်းတောင်း၍ တင်သွင်းခဲ့သော်လည်း ပယ်ချခံရသည့် စာတမ်း ဖြစ်သည်။ ရှေ့နေကြီး ဦးသိန်းသန်းဦး (ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့်နောက်ပိုင်းသမိုင်းခေတ်ပြိုင်မော်ကွန်းများ) နှင့် ဒေါက်တာရန်မျိုးသိမ်း (၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း) တို့ စာတမ်းများ အပါအဝင် စာတမ်းရှင် ၁၁ ဦး အပယ်ခံရသည်။

မာတိကာ

နိဒါန်း

၁။ ငြိမ်းချမ်းရေးရဲ့အဓိပ္ပာယ်

၂။ ပြည်တွင်းစစ်အစနဲ့ သမိုင်းအကျဉ်း

၃။ စစ်ခြေလှမ်းနောက်က ကပ်လိုက်လာတဲ့ငြိမ်းချမ်းရေး

၎။ ဆွေးနွေးဖက်အပြောင်းအလဲများ

(က) အစိုးရနဲ့လက်ဝဲအင်အားစု

(ခ) အစိုးရ၊ တိုင်းရင်းသားအင်အားစုများနဲ့ လက်ဝဲပါတီ

(ဂ) အစိုးရနှင့် ဖက်ဒရယ်မူအတွက် ဆွေးနွေးပွဲများ

၅။ လက်ရှိငြိမ်းချမ်းရေးက ဘယ်သူ့လက်ထဲများ

၆။ ခြုံငုံသုံးသပ်ချက်


နိဂုံး

နိဂုံးအညွှန်း

■ နိဒါန်း

ဒီစာတမ်းအတွက် ခေတ်ပြိုင်ကာလသတ်မှတ်ချက်ကို ဘယ်အချိန်ကစပြီး သတ်မှတ်ထားသလဲလို့ ကော်မတီက ပုဂ္ဂိုလ်တယောက်ကို မေးကြည့်တယ်။ ၁၉၄၈ ကနေ ဒီနေ့ ထိလို့ ပြန်ဖြေတယ်။

ကျွန်တော်က ငြိမ်းချမ်းရေးနဲ့ပတ်သတ်တာကို ရေးမှာဆိုတော့ အဲဒီကာလ၀န်းကျင်က ထုတ်ခဲ့တဲ့စာအုပ် စာတမ်းတွေ၊ မိန့်ခွန်းတွေ၊ ကြေညာချက်တွေ၊ ဆွေးနွေးချက်တွေကိုရှာဖွေဖို့ ကြိုးစားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော်က စာတွေရှာရတာ မလွယ်ပါဘူး။ အဲဒီကာလနဲ့ပတ်သတ်လို့ ရေးထားတာတွေ၊ ပြန်စုစည်း ထားတာတွေကိုပဲ အဓိကအားကိုးအားထားပြုရပါတယ်။

၁၉၆၂၊ မတ်လ (၂)ရက်မှာ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီး ၁၉၆၃ မှာ ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေးပွဲလုပ်တယ်။ အဲဒီဆွေးနွေးပွဲပျက်ပြီးချိန်မှာ တော်လှန်ရေးကောင်စီ (စစ်အာဏာသိမ်းအစိုးရ)ရဲ့ ပြန်ကြားရေးဌာနက ''ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲသမိုင်းဝင် စာရွက်စာတမ်းများအမှတ် ၁''ကို ထုတ် တယ်။ လမ်းစဉ်သတင်းစာ အယ်ဒီတာအဖွဲ့က လက်ရွေးစင်စာအုပ်တွေထုတ်တဲ့ထဲမှာ ငြိမ်းချမ်းရေးနှင့်ပတ်သတ် တဲ့စာအုပ်တွေလည်းပါတာကိုတွေ့ရတယ်။ တခြားစာအုပ်တချို့ထုတ်ခဲ့တာလည်းတွေ့ရတယ်။ အဲဒီနောက်ပိုင်း မှာ စာအုပ်အနေနဲ့ အတော့်ကိုရှားရှားပါးပါးဖြစ်ခဲ့တာကို သတိပြုမိတယ်။ ၁၉၆၃ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက် သွားတဲ့အခါမှာ ငြိမ်းချမ်းရေးနဲ့ပတ်သတ်ပြီး လှုပ်ရှားဆောင်ရွက်ခဲ့သူအများစုကို ဖမ်းဆီးခဲ့တာကလည်း စာအုပ် ရှားပါးရတဲ့အကြောင်းတွေထဲမှာ အရေးကြီးတဲ့အချက်ဖြစ်ပါလိမ့်မယ်။ အဲဒီနောက်ပိုင်းမဆလခေတ် တလျှောက်လုံးမှာ ဒီမိုကရေစီဆိတ်သုဉ်းမှုနဲ့အတူ ငြိမ်းချမ်းရေးအသံတွေပါ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီတော့ လည်း ငြိမ်းချမ်ရေးနဲ့ပတ်သတ်တဲ့စာအုပ်ဆိုတာမျိုးကလည်း ထွက်မလာနိုင်ခဲ့တော့ပါ။

၁၉၈၈ (ရှစ်လေးလုံး) အရေးတော်ပုံကြီးကို စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တဖွဲ့ပြီးတဖွဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တာတွေကလည်း တကယ့်ငြိမ်းချမ်းရေးမဟုတ်ဘဲ ယာယီစစ်မဖြစ်ရေးဘဲ လုပ်ခဲ့တာဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလို မှတ်တမ်း မှတ်ရာမရှိပါဘူး။

အခုတော့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ NCA စာချုပ်အတွက် ညှိနှိုင်းရေးဆွဲနိုင် ခဲ့ပြီးလို့ တကယ်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးဖို့ အဆင့်ရောက်လာတော့လည်း အားလုံးပါဝင်နိုင်ရေးမူ (All Inclusive) ဖြစ်မလာတာကြောင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်လက်မှတ်ထိုးရေး ကိစ္စဟာ မအောင်မြင်ခဲ့ပါဘူး။ အခု အစိုးရသစ်လက်ထက်မှာတော့ ၂၁-ရာစု ပင်လုံညီလာခံကို စတင်ကျင်းပနိုင်ခဲ့ပါပြီ။ NCA စာချုပ်လက်မှတ်ရေးထုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ထဲ ပါဝင်ခွင့်ပြုမယ်လို့ ပြောသံတွေလည်း ကြား နေ၊ တိုက်ပွဲသံတွေလည်းကြားနေရချိန်ပါ။ ဒီအခြေအနေတွေအထိ အကျုံးဝင်အောင် ထုတ်ဝေခဲ့တဲ့စာအုပ်တွေ ကို အကိုးအကားလုပ်ပြီး စာတမ်းကို ပြုစုထားပါတယ်။

၁။ ငြိမ်းချမ်းရေးရဲ့အဓိပ္ပာယ်

ဒီကနေ့ ဗမာပြည်မှာ အဖတ်ရဆုံးနဲ့ အကြားရဆုံးစကားလုံးကို ပြောပါဆိုရင် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဆိုတာပဲဖြစ်မယ်ထင်ပါတယ်။ မြင်သာမြင်ရ မကြင်ရတဲ့၊ ကြားသာကြားရ မစားရတဲ့အရသာထဲမှာ ငြိမ်းချမ်းရေ က ထိပ်ဆုံးနေရာမှာရှိနေမယ်လို့ယူဆပါတယ်။ ဒီတိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်ခဲ့တာ (၆၉)နှစ်နီးပါးရှိခဲ့ပြီ ဆို တော့ တိုင်းသူပြည်သားလူအများစုကြီးအတွက် ငြိမ်းချမ်းရေးဆိုတာကို ကြားသာကြားဖူးပြီးမမြင်ဖူး၊ မတွေ့ဖူး၊ မကြုံဆုံဖူးကြတာ သေချာပါတယ်။ ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်းနဲ့ငြိမ်းချမ်းရေးကိစ္စမှာ အထူးတက်ကြွလှုပ်ရှားခေါင်းဆောင်ခဲ့သူ ဆရာဒဂုန်တာရာတို့ဟာလည်း မသေခင်မှာ ငြိမ်းချမ်းရေးရတာကို မြင် သွားချင်တယ်လို့ပြောခဲ့ကြပေမယ့် သေသာသေသွားခဲ့ကြပေမယ့် မမြင်သွားခဲ့ကြရပါဘူး။ လက်ရှိ ကျွန်တော်တို့ မျိုးဆက်တွေရော ငြိမ်းချမ်းရေးကို မြင်တွေ့ခွင့်၊ ခံစားခွင့်ရနိုင်ကြမယ်လို့ယုံကြည်မျှော်လင့်မိပါသလား။

ဗမာနိုင်ငံသားတွေ ဒီလောက်အထိ အာသာငမ်းနဲ့ တမ်းတမ်းတတဖြစ်နေရလောက်တဲ့ ငြိမ်းချမ်းရေးဆို တာဘာလဲ။ ဒီစကားလုံးရဲ့အဓိပ္ပာယ်က ဘာလဲဆိုတာသိဖို့လိုလာပါပြီ။

မြန်မာအဘိဓာန်ကတော့ ငြိမ်းချမ်းရေးဆိုတာကို

''ဆူပူလှုပ်ရှားထကြွခြင်း၊ စစ်မက်စသည်တို့ကင်းမဲ့သောအဖြစ်''လို့ ဖွင့်ဆိုပေးထားတယ်။ အောက်စ်ဖို့ဒ် အဘိဓာန် (7th Edition) မှာတော့

'' a situation or a period of time in which there is no war or violence in a country or an area''

ဒီဖွင့်ဆိုချက်နှစ်ခုလောက်နဲ့ကြည့်ရင်ပဲ ''ငြိမ်းချမ်းရေး''ဆိုတာ ''ဆူပူလှုပ်ရှားထကြွပုန်ကန်မှုမရှိတဲ့၊ အကြမ်းဖက်ရက်စက်မှုမရှိတဲ့၊ စစ်ပွဲမရှိတဲ့ အချိန်ကာလနဲ့ အခြေအနေ''ကို ဆိုလိုတာဖြစ်ကြောင်းထင်ရှားပါ တယ်။ ဒီဖွင့်ဆိုချက်ပေတံနဲ့ တိုင်းကြည့်မယ်ဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ငြိမ်းချမ်းရေးရှိနေပြီလို့ပြော နိုင်ပါပြီလားဆိုပြီး မေးစရာထပ်ရှိလာနိုင်ပါသေးတယ်။ ကမ္ဘာကြီးကို ခဏထားလိုက်ပြီး ကျွန်တော်တို့ ဗမာပြည် ကြီးကို ပြန်လှည့်ကြည့်ကြပါဦးစို့။

ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာယာယီငြိမ်းချမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးဆိုတဲ့ စကားအသုံးအနှုန်းရှိတယ်။ အပေါ်ယံအမြင်မှာ တည်ငြိမ်နေသလိုလိုရှိပြီး အတွင်းပိုင်းမှာတော့ မကျေလည်မှုတွေ၊ မကျေနပ်မှုတွေ၊ ခံပြင်း ဒေါသဖြစ်စရာတွေ၊ အမုန်းတွေ၊ အငြိုးတွေ၊ နာကြည်းကြေကွဲစရာတွေ… စတဲ့ အကြောင်းအချက်တွေက သွေး ပုပ်ပြည်ပုပ်တွေလို လှိုက်စားနေတာမျိုးရှိနေရရင် အဲဒီအခြေအနေကို ထာဝရငြိမ်းချမ်းရေးရှိနေပြီလို့ ပြောမရဘူး ဆိုတာ အားလုံးသိကြပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ မတူတဲ့လူမျိုးနွယ်တွေ၊ ကွဲပြားတဲ့ယုံကြည်ကိုးကွယ်သူတွေရှိနေတတ်တယ်။ ဗမာပြည်မှာလည်းဒီလိုပဲရှိတယ်။ အဲဒီလိုမတူကွဲပြားတဲ့ အခြေအနေကို ကိုယ်စားပြုမှုက အင်အားစုတခုအနေ နဲ့ အခိုင်အမာ (ကိုယ်စီ) ရှိနေကြတယ်ဆိုရင် အဲဒီတိုင်းပြည်ထဲက မျိုးနွယ်စု (တိုင်းရင်းသား)တိုင်းအတွက် လွတ်လွတ်လပ်လပ်နေထိုင်သွားလာခွင့်၊ စီးပွားရှာခွင့်အပါအ၀င် ရသင့်ရထိုက်တဲ့၊ ရှိသင့်ရှိထိုက်တဲ့ အခြခံရပိုင် ခွင့် တွေရှိဖို့လိုတယ်။ ပြီးတော့ လူတိုင်းလူတိုင်းအတွက် တိုင်းရင်းသားတိုင်းအတွက် တန်းတူညီမျှခွင့်အရေးတွေ ရှိနေဖို့လိုတယ်။ အဲဒီနိုင်ငံထဲမှာ နေထိုင်ကြတဲ့နိုင်ငံသားတိုင်းမှာ အခြေခံရပိုင်ခွင့်တွေ၊ တန်းတူညီမျှ အခွင့်အ ရေးတွေကို စာရွက်ပေါ်မှာသာမကဘဲ တကယ့်နေထိုင်မှုဘ၀ထဲမှာပါ ရရှိနေကြဖို့လိုတယ်။ မတူကွဲပြားသူတွေ အချင်းချင်းကြားမှာ ကြီးငယ်ရွယ်လတ်မကွဲပြား၊ မခွဲခြားဘဲ အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေး စားနဲ့ သူရပိုင်ခွင့်၊ ကိုယ့်ရပိုင်ခွင့်တွေကို အပြန်အလှန်လေးစားအသိအမှတ်ပြုဖို့လိုတယ်။ ဒီလိုအခြေအနေမျိုး ဖြစ်လာဖို့ဆိုရင် သက်ဆိုင်ရာဘက်အားလုံးက စိတ်ဓာတ်ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားနေပါလမ့်မယ်။ အဲဒီ စိတ်ယဉ်ကျေးမှုအဆင့်အတန်းဆိုတာကို စိတ်သဘောထားမှန်ကန်မြင့်မြတ်ခြင်းလို့ ပြောရင်ရပါတယ်။

စိတ်ယဉ်ကျေးမှုအဆင့်အတန်းရှိမရှိဆိုတာကို အကဲဖြတ်စရာပေတံကတော့ ကိုယ်ချင်းစာတရား၊ ကရု ဏာတရား၊ သိမ်မွေ့နူးညံ့တဲ့စိတ်ထား၊ မျှမျှတတကြည့်တတ်တဲ့အမြင်သဘောထား၊ ရင့်ကျက်တည်ငြိမ်တဲ့စိတ်နဲ့ ဆုံးဖြတ်ဆောင်ရွက်တတ်ခြင်း စတာတွေပဲဖြစ်ပါတယ်။ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြု တတ်မှု၊ ရပိုင်ခွင့်နဲ့အခွင့်အရေးကို အပြန်အလှန်အသိအမှတ်ပြု လက်ခံတတ်မှုနဲ့ စိတ်ယဉ်ကျေးမှု အဆင့်အ တန်းရှိခြင်းတွေဟာ ငြိမ်းချမ်းရေးအကောင်အထည်ဖော်ဆောင်ရေးမှာ အထောက်အပံ့ကောင်းကြောင်းတွေအ နေနဲ့ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

လူတိုင်းဟာကိုယ့်ဘ၀သက်တမ်းကာလကို စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ဖြတ်သန်းချင်ကြပါလိမ့်မယ်။ ဒီနေရာမှာ စိတ်ချမ်းသာခြင်းနဲ့ ကိုယ်ချမ်းသာခြင်းကို ခွဲကြည့်ချင်ပါတယ်။

ကိုယ်ချမ်းသာခြင်းကိုပြောရင် အနာရောဂါကင်းခြင်း (နည်းခြင်း)၊ စီးပွားရေးအတန်းအသင့်ပြေလည်ပြီး စားဝတ်နေရေးအတွက် မပူပင်ရခြင်း၊ အဲဒီလိုဖြစ်ဖို့အတွက် သင့်တင့်လျောက်ပတ်တဲ့အလုပ်အကိုင်နဲ့ဝင်ငွေရှိ ခြင်း၊ ရာသီဥတုနဲ့ သဟဇာတဖြစ်အောင် စီမံဖန်တီးနိုင်တဲ့ အိမ်ရာပိုင်ဆိုင်ခြင်း၊ စိုးရိမ်ကြောင့်ကြပြီးရင်တထိတ် ထိတ်ဖြစ်ရတဲ့ အခြေအနေမျိုးမရှိခြင်း၊ ချစ်ကြည်ရင်းနှီးတဲ့ ပတ်ဝန်းကျင်ကောင်းမှာ လွတ်လပ်အေးချမ်းစွာ နေ ထိုင်နိုင်ခွင့်ရှိခြင်းတို့ အကျုံးဝင်မယ်ထင်ပါတယ်။

စိတ်ချမ်းသာခြင်းကိုပြောရရင် ပူပင်ကြောင့်ကြစိုးရိမ်မှုမှကင်းစေခြင်း၊ ရန်သူမျိုးငါးပါးရဲ့ နှောက်ယှက်မှု ဒုက္ခနဲ့ကင်းခြင်း၊ မရှိမရှားဘ၀မျိုးနဲ့ သဟဇာတဖြစ်အောင်နေနိုင်ခြင်း၊ ကြောက်ရခြင်ဘေးအဖုံဖုံမှ ကင်းလွတ် ခြင်း၊ ချစ်ခင်သူတွေနဲ့ ပေါင်းသင်းနေထိုင်ခွင့်ရှိခြင်း၊ ပျော်ရွှင်အေးချမ်းတဲ့ အခြေအနေကောင်းထဲမှာ နေရခြင်း၊ မမြင်ချင်မကြားချင်တဲ့ လူမှုအနိဋ္ဌာရုံးအပေါင်းနဲ့ ကင်းဝေးခြင်း၊ ကိုယ်ကျင်လည်နေထိုင်ရာဝန်းကျင်မှာ စိတ်မချမ်း သာစရာ၊ စိတ်ညစ်ညူးစရာ၊ စိတ်ကျဉ်းကျပ်စရာ အခြေအနေအဖြစ်အပျက်တွေမရှိခြင်း… စတာတွေက အကျုံး ၀င်နေမယ်ထင်ပါတယ်။

အဲဒီလိုစိတ်ချမ်းသာ ကိုယ်ချမ်းသာတဲ့ဘ၀မျိုးမှာ နေထိုင်ချင်သူတွေအတွက် အရေးအကြီးဆုံးလို့ပြောရ မယ့်လိုအပ်ချက်တွေကတော့ ငြိမ်းချမ်းတည်ငြိမ်တဲ့ လူ့အဖွဲ့အစည်း (တိုင်းပြည်) ဖြစ်နေဖို့၊ စီးပွားရးအဆင်ပြေ တဲ့လူမှုဘ၀ဖြစ်နေဖို့၊ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့ကြားမှာ ရန်လိုမုန်းတီးမှုကင်းပြီး ချစ်ကြည်ရင်း နှီး နွေးထွေးမှုတွေနဲ့အတူလွတ်လပ်မှုလည်းရှိ၊ ပျော်ရွှင်စရာလည်းကောင်းတဲ့ လူမှုဝန်းကျင်ဖြစ်နေဖို့လိုအပ်ပါ တယ်။ ဒီလိုအခြေအနေကောင်းမျိုးတွေက စစ်ပွဲတွေရှိနေသမျှ မရနိုင်သလို၊ ငြိမ်းချမ်းရေးမရှိသမျှလည်း ရနိုင်သ လို၊ ငြိမ်းချမ်းရေးမရှိသမျှလည်းရနိုင်လိမ်မယ်လို့မထင်မိပါဘူး။ တိုင်းပြည်မငြိမ်းချမ်းဘဲ စစ်ပွဲတွေဖြစ်နေတဲ့ကြား ထဲမှာ ဒီလိုအခြေအနေကောင်းတွေကို ရနေနိုင်သူတွေရှိနေတယ်ဆိုရင်လည်း အဲဒီလို လူတွေရဲ့ဘ၀မှာ ''အိမ် ရှေ့ပူ၊ အိမ်နောက်မချမ်းသာ''တဲ့ အကျိုးဆက်ကို တနေ့နေ့မှာ မလွှဲမရှောင်သာ ကြုံရမှာတော့ သေချာပါ တယ်။

ငြိမ်းချမ်းရေးမရှိတဲ့ လူ့အဖွဲ့အစည်းမှာ စိုးရိမ်ကြောင့်ကြ ထိတ်လန့်စရာအခြေအနေနဲ့ အဖြစ်အပျက်တွေ ဟာ လူတိုင်းရဲ့ အိမ်တံခါးကို ဒီနေ့လာမခေါက်ရင်တောင်မှ မနက်ဖြန် လာခေါက်တာ၊ ထုနှက်ဖျက်ချိုးတာနဲ့ ကြုံ ရမှာက သေချာပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဟာ ပြည်သူတိုင်းအတွက် အရေးအကြီးဆုံးလိုချင်စရာနဲ့ လိုအပ်ချက်လည်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ဆက်စပ်ပြီး ပြောရလေ့ရှိတာက စစ်ပွဲတွေပဲဖြစ်ပါတယ်။ စစ်ပွဲဆိုတာရဲ့ နောက်ဆက်တွဲခံ စားမှုက အော်ဂလီဆန်စရာ အနိဋ္ဌာရုံတွေပါပဲ။ စစ်သွေးဆာပြီး အဓမ္မစစ်ကို ဆင်နွှဲနေတဲ့ စစ်ဝါဒီတွေဟာ ရွံရှာစ ရာကောင်းတဲ့သူတွေပါ။ စစ်ပွဲသဘာဝတရားမှာ အဓမ္မစစ်နဲ့ ဓမ္မစစ်ဆိုပြီး ခွဲခြားကြည့်မြင်ရတာရှိပါတယ်။ ကျူး ကျော်စစ်နဲ့ ခုခံစစ်၊ တရားသောစစ်နဲ့ မတရားသောစစ်။

ဘယ်လိုစစ်ပွဲမျိုးဖြစ်ဖြစ်၊ လူသေစေတဲ့လက်နက်ကို ကိုင်ထားပြီး ဟိုဘက်ဒီဘက် အနိုင်တိုက်ကြတဲ့အ ခါမှာ စစ်ပွဲရဲ့အလုပ်ဟာ ကိုယ်အနိုင်ရအောင် တဘက်ကလူတွေကို အသေသတ်ရေးဖြစ်ပါတယ်။ ငါးပါးသီလ ရှု့ထောင့်ကပြောရင် ''ပါဏာတိပါတာ''အပြစ်ကို ကျူးလွန်တာပါပဲ။ ပါဏာတိပါတာ ဝေရာမဏိသိက္ခာပုဒ်ကို စောင့်ထိန်းချင်သူစိတ်နဲ့ကြည့်ရင် စစ်ဖြစ်တယ်ဆိုတာ ဘ၀ငြိမ်းချမ်းရေးနဲ့ လောကငြိမ်းချမ်းရေးကို ဖောက်ဖျက် လိုက်တာပါ။ ပါဏာတိပါတာ ဝေရာမဏိဆိုတဲ့သီလကိုစောင့်ထိန်းသူအနေနဲ့

''သူတပါး၏အသက်ကို သက်ခြင်းမှ ရှောင်ကြဉ်ခြင်းဟူရာ သူတပါး၏  အသက်ကိုရှည်အောင်အားထုတ်ခြင်းကိုလည်း ရအပ်၏''

လို့ ဦးရွှေအောင်က 'ဘ၀အမြင်သစ်'စာအုပ်ဆင်ခြင်ပြခဲ့ဖူးပါတယ်။ စစ်ပွဲကိုဆင်နွှဲနေသူတွေအနေနဲ့စစ်ပွဲကို ရပ်သွားစေချင်စိတ် အခြေခံပေါ်ကနေ ''ပါဏာတိပါတာ ဝေရာမဏိ''သီလကို စောင့်ထိန်းလိုက်နာမယ်ဆိုရင်ပဲ ငြိမ်းချမ်းရေး အလင်းကို လှမ်းမြင်ရလိုက်သလို ရှိပါလိမ်ပမယ်။

ဒီကနေ့ ခေတ်သစ်စစ်ပွဲတွေဖြစ်ရတာနဲ့ နောကခံအကြောင်းအရင်းတွေကို ရှာကြည့်ရင် နိုင်ငံရေးပြသ နာဆိုတာတွေ့နိုင်ကြပါလိမ့်မယ်။ သူများအသက်ကို မသတ်ချင်စိတ်နဲ့ ထိန်းသိမ်းလိုက်တာဟာ ယာယီအပစ်ရပ် ရေုးလမ်းကြောင်းထဲက တခုပဲဖြစ်ပါလိမ်ပမယ်။ တကယ်ပဲ ပြည်တွင်းစစ်ကို ရုပ်သိမ်းချုပ်ငြိမ်းပြီး စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို လိုချင်ရင်တော့ စစ်ဖြစ်ရတဲ့အကြောင်းရင်းကို ပြေလည် အောင်ဖြေရှင်းရမှာပါ။ မီးလောင်လို့ မီးခိုးထွက်နေတာကို မမြင်ချင်လို့ဆိုပြီး မိးခိုးကိုလေနဲ့မှုတ်ထုတ်၊ ယတ်ခတ် ထုတ်ရုံနဲ့ မီးခိုးက ပျောက်မသွားနိုင်သလိုပဲ နိုင်ငံရေးပြသနာကြောင့် စစ်ပွဲတွေကာလရှည်ကြာ ဖြစ်နေတာကို နိုင်ငံရေးနည်းနဲ့ပဲ ငြိမ်းသတ်နိုင်မှသာ ရေရှည်ခံတဲ့ငြိမ်းချမ်းရေးကို ရနိုင်မှာမဟုတ်ပါဘူး။ နိုင်ငံရေးမီးကို နိုင်ငံရေး နည်းနဲ့ပဲ ငြိမ်းသတ်နိုင်မှသာ ရေရှည်ခံတဲ့ငြိမ်းချမ်းေးကို ရနိုင်မှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတာကို ''မီးလျှံထဲက ကြာဖြူ''လို့လည်း တင်စားခဲ့ကြတာရှိပါတယ်။


(စာတမ်းတင်သွင်းခဲ့သူ - နောင်ကျော်)
(ဆက်လက်ဖော်ပြပါမည်။)

ကာတွန်း စည်သူကျော် ● တို့ထက်မိုက်တဲ့သူတွေ

$
0
0

ကာတွန်း စည်သူကျော် ● တို့ထက်မိုက်တဲ့သူတွေ
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၆

အောင်ဝေး ● မေ ကွး လ မ်း

$
0
0
 အောင်ဝေး ● မေ ကွး လ မ်း
ကျွ န်း မ ကြီး က ဗျာ ရွ တ် ဆို ပွဲ (ရွှေရတုအတွက် ပေးပို့သောကဗျာ)
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၆


ကြယ်တာရာတွေကို ထမ်းခဲ့တာလား
အိပ်မောကျသစ်ပင်တို့ တရိပ်ရိပ်

ရွှဲရွှဲစိုအောင်ငိုထားတဲ့ မျက်လုံးတွေ
ငါသွားနေတဲ့လမ်းမှာ
တောင်ယာတောမီးတို့ ဖျပ်ဖျပ်ကိုလူးလို့။


ကြယ်တာရာတွေကို ထမ်းခဲ့တာလား

ငါသွားနေတဲ့လမ်းမှာ
ရာဇဝင်ထဲ လှမ်းခေါ်လိုက်သံက
ကားဘီးတွေတက်နင်းသွားတဲ့ နားရွက်ကြီး
ဆန့်ထွက်သွားတယ်။


ယင်းချောင်းတံတားထိပ်
ဦးဦးဖျားဖျား ပေါက်ချလာတဲ့ မနက်ခင်းက
ဆရာစံနဲ့ သခင်ဖိုးလှကြီး ရုပ်တုနှစ်ခုရှေ့
အတိတ်မေ့ရောဂါ ပျောက်သွားတယ်။
ယုံယုံကြည်ကြည်ပဲ
ပခုံးသားပေါ်
လမ်းကို ငါ
တင်လို့ပေါ့။      ။

ေ အ ာ င္ ေ ဝ း
(ပိတောက်ပွင့်သစ်၊ အမှတ် ၁၂- ၁၉၉၆)

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၂)

$
0
0

မာန် (တောင်လုံးပြန်) ● ဆရာမင်းသစ်နှင့် တွေ့ဆုံမေးမြန်းခန်း – အပိုင်း (၁၂)
(ရှင်းရှင်းပြောရရင် ကျောင်းဆရာမရှိတဲ့ကျောင်းဟာ အဖေမရှိတဲ့အိမ်ပဲ)
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၆

ဆရာမင်းသစ်ကို ကျနော်အင်တာဗျူးခွင့်တောင်းထားသည်မှာ (၂) နှစ်ကျော်ခဲ့ပြီ။ ကျနော့်အတွက်ကံကောင်းလှသည်မှာ ကျနော့်ရဲ့လူသိမများလှသော ဝတ္တုရှည်တစ်ပုဒ်ကို ဆရာဖတ်ဖူးထားခြင်းကြောင့်ပင်။ ကျနော်နဲ့တွေ့တော့ မိတ်ဆက် စ ကားပြောပြချိန် ဆရာက ထိုဝတ္တုကိုမှတ်မှတ်ရရပြန်ပြောပြီး သူကျနော့်ကလောင်ကိုသိထားကြောင်းနှင့် ထိုဝတ္ထုအပေါ်သ ဘောကျကြောင်းပြောပြသဖြင့် ကျနော်ကြည်နူးမဆုံး။ သူနဲ့ကျနော် ရေစက်ဆုံချင်တော့ ပင်းယမဂ္ဂဇင်းမှာပြန်ဆုံရသည်။ သူက အယ်ဒီတာချုပ်၊ ကျနော်ကလူငယ်ပိုင်းဆိုင်ရာ စာပေတာဝန်ခံ။ ထို့နောက်ပိုင်း ဆရာနှင့်ကြို့ကြားကြို့ကြားတွေ့ကြသည်။ ကျနော်က ဆရာဦးဝင်းငြိမ်းတို့ကိုအင်တာဗျူးပြီးနောက်ပိုင်း စာပေနယ်မှ ဝါရင့်သမာရင့်များနှင့် ထပ်၍အင်တာမဗျူး ဖြစ်။ နိုင်ငံရေးသောင်သာသောကာလမို့ နိုင်ငံရေးအင်တာဗျူးများချည်း ငါးနှစ်ကျော်အချိန်ကုန်ခဲ့သည်။ ယခုမှ ဆရာမင်းသစ် နှင့်ချိန်းဆိုကာ လွန်ခဲ့သော (၂) နှစ်က အလုပ်ကြွေးကိုဆပ်ရခြင်းပင်။ ၁၅၊ ၁၀၊ ၂၀၁၆ နေ့တွင် ပထမအကြိမ်၊ ၁၉၊ ၁၀၊ ၂၀၁၆ နေ့တွင် ဒုတိယအကြိမ်တွေ့ဆုံကာ အားပါးတရမေးမြန်းဖြစ်ခဲ့သမျှ တင်ပြလိုက်ရပါတော့သည်။
=====

မာန်။ ။ ဟုတ်တယ်ဆရာ၊ ကျနော်ဟိုတလောကအင်တာနက်မှာ ကြည့်လိုက်ရတယ်၊ ပညာရေးဝန်ကြီးဌာနက ရာထူးကြီးကြီး တွေ ခန့်ထားတာ အရင်လူတွေချည်းပဲ…
မင်းသစ် ။ ။ အခြားအခြားဌာနတွေလည်း အဲဒီလိုပါပဲဗျာ၊ ခင်ဗျားဗျာ သမ္မတရုံးတောင်မှ အဲဒါတွေ ပါနေမှဥစ္စာ။ ပညာရေးဌာန ပိုဆိုး။ သွားထိတာပေါ့ဗျာ၊ တကယ်တော့ သူတို့နဲ့ ပညာရေးဌာန ဘာမှမဆိုင်ဘူး။ ပြောင်းပစ်ရမှာ။ သူတို့စစ်တိုက်နေရင် ကျနော်တို့ ဘာမှ မပြောလိုဘူး။

မာန် ။ ။ ပညာရေးကိစ္စပဲဆက်ရအောင်ဆရာရေ၊ လတ်တလောပေါ့၊ ပညာရေးဌာနကို ဆရာဆရာမမလုံလောက်တဲ့အတွက် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကနေပြီးတော့ ဘွဲ့ရသူတွေ၊ ဘွဲ့ရဆိုတာလည်း ကန့်သတ်ချက်တော့ပါပါတယ်၊ ဘာဘွဲ့ညာဘွဲ့ရဖြစ်ရမယ်ပေါ့၊ အဲဒီဘွဲ့ရနှစ်ထောင်ကိုအထက်တန်းပြအဖြစ်ဆွဲခန့်ခန့်မယ်၊ SAT လို့ခေါ်သလားမသိဘူး၊ ဆွဲခန့်ခန့်မယ်၊ ဒါပေမဲ့ ကန်ထရိုက်စနစ်နဲ့ခန့်မှာ၊ လူနှစ်ထောင်ပေါ့၊ အဲဒီခန့်မယ့်ကိစ္စကို လွှတ်တော်မှာတင်သွင်းတယ်၊ တင်သွင်းတဲ့အပေါ်မှာ အွန်လိုင်းမှာအတော်ကယက်ထတယ်၊ တိုက်ပွဲအကြီးအကျယ်ဖြစ်တယ်၊ တဖက်ကမလုပ်သင့်ဘူးပေါ့၊ ဘွဲ့ရတိုင်းစာသင်တတ်တာမဟုတ်ဘူး၊ ပညာရေးဌာနနစ်နာတယ်၊ ဘွဲ့ရရုံနဲ့ ဘယ်လိုလုပ်စာသင်မှာလဲ၊ ဆရာအတတ်သင်က လာရင်ထားတော့၊ ဒီလိုမျိုးဘွဲ့ရတွေကို ရွာတွေကိုလွတ်ပြီး အထက်တန်းပြမရှိလို့ ကန်ထရိုက်စနစ်နဲ့ လစာနဲ့ ဘယ်နှနှစ်လုပ် ပါဆိုတဲ့အပေါ် အကြီးအကျယ်ကန့်ကွက်ကြတာ တအုပ်စု။

အဲဒီထဲမှာ ပညာရေးဌာနက တော်တော်တတ်သိနားလည်တဲ့ပညာရေးဝန်ထမ်းတွေ တက္ကသိုလ်အသိုင်းအဝိုင်းက ဆရာ ဆရာမတွေပါတယ်၊ ပညာရေးဝန်ကြီးဆီကို ဒီကိစ္စစုပြီးစာတင်မယ်ပေါ့၊ ဂယက်ထကြတယ်၊ တခြားတဖက်ကကျတော့ ဒီကိစ္စဟာ ခန့်သင့်တယ်၊ အလုပ်လက်မဲ့ ပြဿနာအရရော၊ ပညာရေးဝန်ကြီးဌာနက ဆရာ ဆရာမအများစုဟာ နေရာ ကောင်းတွေ ကျောင်းကောင်းကောင်းတွေကနေတခြားနေရာကို မရွေ့ချင်တဲ့ကိစ္စ၊ တချို့ရွာတွေမှာ ဘယ်လိုဖြစ်သလဲဆိုတော့ ဒီကျောင်းမှာ ဆရာဆရာမ ငါးယောက်ခန့်ပေးတယ်၊ အဲဒီမှာ တကယ်သင်နေတာက သုံးယောက်ထဲ၊ ကျန်တဲ့နှစ်ယောက်က ကျောင်းအုပ်နဲ့မြို့နယ်ပညာရေးဌာနပေါင်းပြီး လစာကို မျှထုတ်စားတယ်၊ နှစ်ယောက်က ကျောင်းကိုလာမသင်ဘူး၊ စာရင်းမှာ တော့ ငါးယောက်ရှိနေတယ်၊ အဲဒီနှစ်ယောက်က မြို့မှာကျူရှင်လိုက်သင်ရင် သင်နေတာ၊ ကျောင်းကိုမလာဘူး၊ အဲဒီတော့ အချို့နယ်တွေကျေးရွာတွေ ဘယ်ဆရာ ဆရာမမှ တကယ်မလာချင်တဲ့ရွာတွေကျတော့ အခုလို ဆွဲခန့်ဆရာဆရာမတွေ ရောက်လာရင် အကျိုးရှိတယ်၊ ကျောင်းသားတွေအတွက် အထောက်အကူဖြစ်တယ်၊ ခန့်ပါလို့ အပြိုင်အဆိုင် ဖြစ်ကြတယ်

မင်းသစ် ။ ။ မရှိတာထက်စာရင်တော်သေးတာပေါ့။

မာန် ။ ။ ဟုတ်၊ အဲဒီအပေါ်မှာဆရာ့အမြင်လေး…
မင်းသစ် ။ ။ ကျနော်ကတော့ ဒုတိယအုပ်စုကိုထောက်ခံတယ်၊ လုံးဝမရှိတာထက်စာရင်တော့ ဘွဲ့ရဆိုပေမယ့်လည်း တတ် ချင်မှလည်း တတ်မှာပေါ့ဗျာ၊ အဲဒီ့ တတ်တာတွေမတတ်တာတွေ မပြောနဲ့တော့၊ နောက်ပြီးကျတော့ စာသင်တယ်ဆိုတာ ဆရာအတတ်သင်ကောလိပ်က သင်ပေးလို့ မရဘူး၊ ပညာရေးတက္ကသိုလ်ကလည်း သင်ပေးလို့မရဘူး၊ သင်ကြားရေးဆိုတာ ဝါသနာလည်းပါမှ။ ဝမ်းတွင်းအတတ်လည်း ရှိမှဖြစ်တာ၊ သင်ပေးလို့မရဘူး။ ဒါကြောင့်မို့လို့ ကိုမာန် ခင်ဗျားဘွဲ့ရလည်း ကျူ ရှင်ဆရာလုပ်လို့မရဘူး၊ ကျူရှင်ဆရာဆိုတာ ကျောင်းသားက ခန့်တာ။

မာန် ။ ။ ဩော် ကြိုက်ရင်လာမယ်မကြိုက်ရင်မလာဘူးပေါ့…
မင်းသစ် ။ ။ အွန်း ကျောင်းသားကခန့်တာ ကြိုက်ရင်လာမယ် မကြိုက်ရင် ကန်ထုတ်မယ်၊ ဒါကြောင့်မို့လို့ ကျူရှင်ဆရာကောင်း နည်းတာပေါ့၊ ဘွဲ့ရတွေကတော့ အများကြီး၊ ဒါကြောင့် ကျနော်ကတော့ အဲဒီဘွဲ့ရတွေကို စောစောကတည်းက ပြောပြီးပါပြီ။ တတ်တယ်လို့ကိုမထင်ဘူး။ တတ်တတ်မတတ်တတ်ဗျာ၊ နောက်တော့ မုဆိုးကိုဆိုင်သင်ဖြစ်သွားပါလိမ့်မယ်၊ သူ့တဖြည်း ဖြည်းနဲ့ စာသင်တတ်သွားပါလိမ့်မယ်၊ နောက်ပြီးကျတော့ ကိုယ့်အနီးနားကဆရာဆရာမကြီးတွေဆီကနေ အတုယူပြီးတော့ ကြာရင်သင်တတ်သွားပါလိမ့်မယ်။  ဘယ်လောက်တတ်သွားမလဲဆိုတော့ ဆရာအတတ်သင်နဲ့ပညာရေးတက္ကသိုလ်ကသင်ပေးသလောက်တော့ တတ်သွားကြမှာပဲ။ သူ့မှာအခြေခံဘွဲ့ပညာကလည်း ရှိပြီးသားပဲ။ စာသင်ခြင်းပညာတို့ အတန်း ထိန်းတာတို့ ဆိုတာကတော့ ကြာမှတတ်တာဗျ။

အတန်းထိန်းတာကို တချီု့မျက်လုံးနဲ့ထိန်းတာ၊ ရိုးအလိုက် တကန့်ချင်းကြည့်ပြီး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး၊ ချစ်ခင်တဲ့စိတ်နဲ့ ထိန်းသွားတာ၊ ကြည့်သွားတာ။ မျက်လုံးနဲ့တံမြက်စည်းလှဲတာပေါ့။ ရှေ့ဆုံးတန်းကနေ ဟိုးနောက်ဆုံးတန်းအထိ။ အကုန်ငြိမ် သွားတာ။

မာန် ။ ။ ကျနော်တခုလောက်မေးကြည့်မယ်ဆရာ၊ ဆရာတို့ငယ်ငယ်ကတည်းကနေ ဒီဘက်ခေတ် အထိပေါ့။  ကျောင်းတွေမှာ သင်ကြားရေးပိုင်းရှိမယ်၊ အုပ်ချုပ်ရေးပိုင်းရှိမယ်၊ အုပ်ချုပ်ရေးပိုင်းမှာကြည့်ရင် အမျိုးသမီးကျောင်းအုပ်ကြီးတွေက နာမည် ထွက်တယ်၊ အရည်အတွက်များတယ်၊

သင်ကြားရေးပိုင်းမှာကြတော့ ဆရာတွေက ပိုနာမည်ထွက်တယ်၊ ပိုပြီးတော့ အရှိန်အဝါကြီးကြတယ်၊ ဒီကျောင်းမှာ ဘယ် ဆရာကဘာသင်တယ်ပေါ့၊ ဘယ်ကျောင်းမှာတော့ ဘယ်ဆရာသင်တဲ့ ဘယ်ဘာသာပေါ့ဆိုပြီး နာမည်ထွက်ကြတယ်။ ဆရာပြောခဲ့သလိုပဲ ရန်ကုန်မှာလည်း နာမည်ကြီး ကျူရှင်ဆိုရင် ဆရာတွေချည်းပဲ။ အဲဒီလိုဖြစ်ရတာ ဘာကိုအခြေခံပြီးတော့ ကွဲသွားတာလဲဆရာ…

မင်းသစ် ။ ။ ဘာကိုအခြေခံပြီးတော့ ကွဲသွားသလဲဆိုတော့ ကျနော်မြင်တာတော့ ဆရာရယ် ဆရာမရယ်မှ မဟုတ်ပါဘူးဗျာ၊ သင်ကြားရေးကိုဝါသနာပါတာ၊ စိတ်ဝင်စားတာ၊ ယောက်ကျားဖြစ်လျက်နဲ့ ဆရာဝင်လုပ်တယ်ဆိုကတည်းက တော်ရုံတန်ရုံ ဝါ သနာမဟုတ်ဘူး။

မာန် ။ ။ ဆရာဆိုလိုတာ တော်တော်ခံရတယ်ပေါ့။

ဆက်လက်ဖော်ပြပါမည်။
သရုပ်ဖော်ပုံသည် ဆရာမင်းသစ်၏ အိပ်မက်ကွန်ဖရင့်ဝတ္တုတိုစု စာအုပ်မှ မျက်နှာဖုံးသရုပ်ဖော်ပုံ ဖြစ်ပါသည်။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၄၁

$
0
0

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၄၁
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၆

● တိတ်ဆိတ်သောည
ထိုညကတော့ ဘွဲ့နှင်းသဘင်ခန်းမဘေးက အပေါ်တက်သည့်လှေ ခါးထစ်ဘေးတွင် ထိုင်စကားပြောဖြစ်ကြသည်။ မိမိအ တွက်တော့ ခုမှသိရသည့် ကျောင်းသားတယောက်ဖြစ်သည်။ သူက မိမိသူငယ်ချင်းသိန်းမြင့်နှင့် ခင်မင်ရင်းနှီးသူ ပဲခူးက စက်မှု ကျောင်းသားတယောက်ဖြစ်သည်။ ထုံးစံအတိုင်း ယုံကြည်ချက်တွေအနာဂါတ်တွေနှင့်ပတ်သက်၍ အလေးအနက် ဆွေးနွေးဖြစ်ကြသည်။ အမှောင်ထုစိုးမိုးသော ညတည၏ မှုံပြပြအလင်းရောင်အောက်တွင် မိမိတို့စဉ်းစားမျှော်တွေးကြသည့်အနာဂါတ်ကား တောက်ပထိန်လင်းလွန်းလှသည်။

မိမိတို့နှင့် ထိုင်စကားပြောနေသည့် ဆံပင်နဲနဲရှည်ရှည် ပုဆိုးရှည်ရှည်ဝတ်သူ စက်မှုကျောင်းသား၏နာမည်က ကိုသိန်းလွင် ဖြစ်သည်။ ထိုညက ကွဲကွာပြီးနောက် သူနှင့် အတန်ကြာအောင် ပြန်မဆုံဖြစ်ခဲ့ပေ။ သူနှင့်မိမိသိကျွမ်းကြသည့် သူငယ် ချင်း တွေကတူနေတော့ သတင်းတွေတော့ ကြာကြာခဏ ကြားရတတ်သည်။ ၁၉၈၀ ခုနှစ် စလှမောင် ခေါ် စောလှဦးနှင့်တော့ "သိန်းလွင် ပြေးရလို့ ငါနဲ့ စလှငွေစီစဉ်ပြီး KNU ဘက်ပို့ပေးခဲ့ရသေးတယ်၊ နောက်တော့ အခြေအနေပြန်ကောင်းတာနဲ့ ရန် ကုန်ပြန်ဝင်နေတယ်"ဟူ၍ စတင်ကြားရသည်။

၁၉၉၅ နောက်ပိုင်း ကိုစိုးအောင်နှင့်တွေ့တော့ "သိန်းလွင်တစ်ယောက်NLD ပဲခူးတိုင်းစည်း လုပ်ရင်းပြေးရပြီ"ဟု ကြားရ သည်။ ၂၀၀၅ နောက်တွင်တော့ ဂျာမဏီတွင် ပညာရေးနှင့်ပတ်သက်သည့် Phd ဘွဲ့ယူပြီးနောက် ထိုင်းနယ်စပ်က ရွှေ့ ပြောင်းမြန်မာများ၏ စာသင်ကျောင်းများနှင့်ပတ်သက်၍ လှုပ်ရှားနေသည်ဟု ကြားရသည်။ ၂၀၁၂ နောက်ပိုင်းတွင်တော့ ပြည်တွင်းပြန်ရောက်လာသည် ကြားရသည်။ နောက် NLD တွင် အရန် CEC အဖြစ်တွေ့ရသည်။ နောက်တော့ NNER နှင့် ၂၀၁၅ ကျောင်းသားသပိတ်တွင် တွေ့ရသည်။ နောက်ပိုင်းတွင် NLD တွင်သိပ်မတွေ့ရဘဲ NNER ၏ ပညာရေးလှုပ်ရှား မှုများတွင် တွေ့ရသည်။

တကယ်တော့ ပြည်တွင်းပြန်ရောက်လာသော်လည်း မိမိမဆုံဖြစ်ပါ။ ၂၀၁၆ ထဲမှ ပဲခူးတွင်ပြုလုပ်သည့် ရှစ်လေးလုံးနှစ်ပတ် လည်ပွဲသို့ သွားရင်း ထိုပွဲတွင်ဆုံမိသည်။ သူကားယခုတော့ NNER ခေါ် မြန်မာနိုင်ငံပညာရေး စနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ယက်တွင် မြှုပ်နှံလုပ်ကိုင်နေပုံရသည်။ သူနှင့်မတွေ့ဖြစ်သော်လည်း သူငယ်ချင်းဖြစ်ကြသည့် သိန်းမြင့် ကို ဝင်းမြင့် ကိုစိုးအောင်တို့ထံမှ သတင်းတော့ကြားနေရတတ်သည်။ ကိုစိုးအောင် မကြာခဏရီမောပြောလေ့ရှိသည့် "သိန်းလွင် ကတော့ ပြောဘူးတယ်ကွ၊ ကျနော်တို့လက်ဝဲသမားတွေက အားလုံးကောင်းပါတယ်ဗျာ၊ ဝီစကီလေးကြိုက်တာနဲ့ မယားငယ် လေးယူချင်တာတခုပါဘဲလို့"ဟူသည့်စကားကိုတော့ ကောင်းစွာမှတ်မိနေသည်။ မိမိကဘဲ ဝီစကီကောင်းကောင်း ကြို က် လွန်းလှ၍လောတော့ မပြောတတ်။ သို့တည်းမဟုတ် ခြောက်ပြစ်ကင်းသဲလဲစင်မဖြစ်တတ်သော လူတို့၏သဘာဝကို ပေါ် လွင်စေ၍လည်းဖြစ်ပေမည်။

မည်သို့ဆိုစေ ၁၉၇၅ ဇွန်လ သပိတ်ကာလညချမ်းများတွင် ပါဝင်ခဲ့ကြဆုံခဲ့ကြသူများ ယနေ့တိုင်တိုင် မှတ်မှတ်ထင်ထင် ဖြတ်သန်းရင်ဆိုင်ကြဆဲပင်ဖြစ်ကြပေသည်။
စက်အဖွဲ့
၁၉၇၅ ဇွန် ၆ သပိတ်ကာလတွင် သူတို့အဖွဲ့အား လွယ်လွယ်ကူကူ စက်အဖွဲ့ဟုခေါ်ကြသည်။ ဘွဲ့နှင်းသဘင်ခန်းမ စက်ခန်းထဲတွင် သပိတ်ကော်မတီကြေညာချက်များ ပြည်သူသို့ပန်ကြားချက်များကို တရစပ် ပုံနှိပ်ထုတ်ဝေနေသောအဖွဲ့ဖြစ်သည်။ မိမိနှင့် သူတို့ လူချင်းမရင်းနှီးသော်လည်း အယူအဆချင်းက အနီးစပ်ဆုံး အဖွဲ့ဖြစ်သည်။ သူတို့သည်လည်း လက်ဝဲအနွယ်များဖြစ်ကြ၍ပြောရဆိုရအဆင်ပြေသည်။ သူတို့ထုတ်ပြန်နေသော ကြေညာချက်များကလည်း မိမိနှင့် အကြိုက်တူနေ၍ ဖြစ်ပေလိမ့်မည်။

စက်ခန်းထဲက ကိုစိုးဝင်းအကြောင်းတော့ ဖေါ်ပြပြီးခဲ့ပြီဖြစ်သည်။
နောက်တဦးကတော့ ဖိုးခွေးဖြစ်သည်။ ဖိုးခွေးက ထိုစဉ်က ငယ်သေးသည်။ တက္ကသိုလ်ကျောင်းသားမဟုတ်သေး အထက် တန်းကျောင်းသားမျှသာရှိသေးသည်။ သို့ပေမဲ တက်တက်ကြွကြွ ပြေးလွှားလှုပ်ရှားနိုင်သည့် လူငယ်လေးဖြစ်သည်။ သူတာ ဝန်ယူထားသည်က စက်ခန်းထဲက ကိုဦးလှစောတို့အဖွဲ့နှင့်ပြင်ပက တက်ကြွလှုပ်ရှားသူများဟုဆိုရသည့် လက်ဝဲယူဂျီ မြေ အောက်ယူဂျီဆရာကြီးများနှင့် ဆက်သွယ်ပေးခြင်းဖြစ်သည်။

ထိုဆရာကြီးများကတော့ တဦးက ကိုထွန်းအောင်ကျော်ခေါ် လိပ်ကလေးဖြစ်သည်။ ကိုထွန်းအောင်ကျော်က ကိုးကိုးပြန် ဖြစ်သည်။ လူဟောင်းအတွေ့အကြုံရှိသူဖြစ်သည်။ မြေပေါ် လက်ဝဲအုပ်စုကို စုစည်းလှုပ်ရှားနိုင်ရန်ကြိုးစားဆောင်ရွက်နေ သူဖြစ်သည်။ နောက်တဦးက ကိုကျော်ဇောဦးဖြစ်သည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏သားဖြစ် သည်။ ကိုထွန်းအောင်ကျော်နှင့် ကျော်ဇောဦးတို့ ပူးပေါင်းလှုပ်ရှားနေကြသည်။ အခြားသူများပါနိုင်သေးသော်လည်း ကျန်သူ များတော့ မိမိမသိပါ။ တခုတော့ရှိသည်။ ၁၉၇၅ တွင် CPB ပဲခူးရိုးမ ဗဟိုကျဆုံးပြီး အရှေ့မြောက်ဗဟို ပြန်ဖွဲ့စည်းခါစဖြစ်၍ သူတို့သည်လည်း အရှေ့မြောက်ဗဟိုနှင့် တိုက်ရိုက်အဆက်အသွယ်ရှိသေးဟန်မတူပေ။ မိမိဘာသာ စုစည်းဖွဲ့စည်းပြီး ဆက်သွယ်ရန် ကြိုးစားနေဆဲကာလဖြစ်ပုံရသည်။

သူတို့နှင့် ကိုဦးလှစောတို့ကြား ဆက်သွယ်ပြေးလွှားနေသူကတော့ ဖိုးခွေးဖြစ်သည်။ ဆက်သားအဖြစ်နှင့် တာဝန်ယူခဲ့သူ ဖိုး ခွေးသည် နောင်စာအုပ်အဟောင်းတန်းတွင်လည်း ရပ်တည်ခဲ့သေးသည်ဟု ကြားရသည်။ သူတက္ကသိုလ် ဒုတိယနှစ် ၁၉၈၀ တွင် CPB ရှမ်းပြည်အလယ်ပိုင်းသို့ တောခိုလာကြသောကျောင်းသားများနှင့်အတူ သူလည်းပါလာသည်။ ၁၉၈၃ ခုနှစ် ရှမ်း ပြည်အလယ်ပိုင်းတွင် ဖြစ်ပွားသော တိုက်ပွဲတခုတွင်ကျဆုံးသွားခဲ့သည်။ တကယ်တော့ မိမိနှင့် ဖိုးခွေး ဇွန်သပိတ်ကာလက ဆုံဘူးပုံမရခဲ့ပါ။ သို့သော် သူနာမည်ကိုတော့ မကြာခဏ ကြားနေရသည်။ ထိုဇွန်အရေးတော်ပုံတပ်သားလေးသည်သူယုံကြည်ရာအတွက် တိုက်ပွဲဝင်ရင်း ရှမ်းပြည်တနေရာတွင် ကြွေလွင့်ခဲ့ရသည်။ ပြန်မလာနိုင်ခဲ့တော့။

စက်ခန်းထဲတွင် နောက်ထပ်တက်ကြွသူတဦးကတော့ ကိုဦးသာမောင်ဖြစ်သည်။ သို့သော် သူသည် ဇွန်သပိတ်ကာလတွင် အဖမ်းမခံခဲ့ရ။ ထို့ကြောင့်လည်း ၁၉၇၆ မှိုင်းရာပြည့်တွင်လည်း ပါဝင်လှုပ်ရှားခဲ့သည်။ တက်ကြွသူ ဥပဒေ အဓိကကျောင်းသား ကိုဦးသာမောင်နှင့် မိမိတို့ ဇွန်သပိတ်ကာလက မဆုံခဲ့ကြ။ စကားလက်ဆုံမကျခဲ့ကြပါ။ သို့သော် နောက်တနှစ်ကျော်ခန့် အကြာတွင် အရှေ့မြောက်တောင်တန်းများပေါ်တွင် သူနှင့်မိမိရဲဘော်ရဲဘက်များအဖြစ် ပြန်လည်ဆုံစည်းခဲ့ကြရသည်။

နောက်တယောက်ကတော့ မိမိတို့ ပြာလောင်ဟု ခေါ်ကြသည့် ဥပဒေအဓိက ရခိုင်ကျောင်းသား  ကိုအောင်တင်သိန်းဖြစ်သည်။ အရပ်ပုပု သွက်သွက်လက်လက် သွားလာလှုပ်ရှားတတ်သူ သူ့အသွင်အပြင်သည် တခါတရံပျာယာခတ်နေပုံရ၍ ပြာလောင် ဟု ကင်ပွန်းတပ်ခံရခြင်းဖြစ်ပုံရသည်။ သူနှင့ိမိမိက ဇွန်အရေးတော်ပုံမတိုင်မှီကထဲက အီကိုက သူငယ်ချင်းများနှင့် ပတ်သက် ၍ သိသည်။ ဇွန်သပိတ်ကာလအတွင်း မိမိနှင့်သူ သိပ်စကားပြောခွင့်မကြုံခဲ့ပေ။ ခဏတဖြုတ်သာ စကားပြောခွင့်ကြုံခဲ့ သည်။ သူကတော့ သူစတိုင်အတိုင်း ပြာယာခတ်ပြေးလွှားနေ၍ ပြောခွင့်မကြုံ ခြင်းလည်း ဖြစ်ပုံရသည်။ ပြာလောင်ဟူသော နာမည်ပြောင်နှင့် သူနှင့် လိုက်ဖက်သည်ဟု ဆိုရပါမည်။

၁၉၇၅ ဇွန် သပိတ်တွင် ထောင် ၇ နှစ်ကျသွားသည်။ ၁၉၈၈ အရေးတော်ပုံအပြီး နဝတတက်တော့ CPB မြောက်ပိုင်းဗျူရို အခြေစိုက်ရာ မုန်းကိုးသို့ သူရောက်ရှိလာသည်။ ထိုအချိန်တွင် CPB က ၁၉၈၈ ကာလရောက်လာသူများအား DPA ခေါ် ဒီမိုကရေစီပြည်ချစ်တပ်မတော် ဖွဲ့စည်းရန်ပြင်ဆင်နေစဉ် သူလည်း ထိုတပ်ဖွဲ့တွင်ပါဝင်ရသည်။ သိပ်ကံမကောင်းလှဟု ဆိုရမည်။ သူ ရောက်လာပြီး လပိုင်းအကြာ CPB မုန်းကိုးဒေသတွင် ကိုးကန့်တို့က အာဏာသိမ်းပွဲနှင့် ကြုံရသည်။ သို့ဖြစ်ရာ DPA တပ်ဖွဲ့လည်း ထိုစဉ်က CPB ၁၀၁ စစ်ဒေသ ကန်ပိုင်တီဒေသသို့ ပြောင်းရွှေ့ရသည်။ ထို့နောက် CPB ၁၀၁ ဒေသလည်း NDAK ဒီမိုစီသစ်တပ်မတော် ကချင်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနဝတ အစိုးရနှင့်ငြိမ်းချမ်းရေးယူလိုက်ရာ DPA လည်း ကန် ပိုင်တီမှ အောင်မြင်စွာ ဆုတ်ခွာခဲ့ရတော့သည်။

ထို့နောက် ကိုအောင်တင်သိန်းတယောက် တရုတ်ပြည် ရွှေလီသို့ရောက်သွားသည်။ ထိုနောက် သတင်းမကြားရဘဲရှိရာမှ ၂၀၀၅ ပတ်ဝန်းကျင် ထိုင်းနယ်စပ်ရှိ ရှေ့နေအသင်းမှာလား ရှေ့နေကွန်ယက်မှာလား လှုပ်ရှားနေသည်ကို ကြားရသည်။ ၂၀၁၂ နောက်ပိုင်းတွင် ရန်ကုန်ပြန်ရောက်လာသည်ဟုကြားရသည်။ ကိုမျိုး (ဥပဒေ) ဟူသောအမည်နှင့် စာရေးနေသည်ဟု ကြားရသည်။ လူချင်းကတော့ ၂၀၁၆ ထဲမှ တွေ့ရသည်။

"အေးကွာ ကိုယ်အခု မျက်စေ့ သိပ်မကောင်းတော့ဘူး။  စာဖတ်လို့ မရတော့ဘူးကွာ"ဟု ဆိုသည်။ နေကာမျက်မှန်အမဲနောက်က သူ့မျက်လုံးအခြေအနေကို ပြောပြသည်။ ပြီးခဲ့သော နှစ်လေးဆယ်ခန့်တွင်း နယ်ပေါင်းများဖြတ်သန်းသွားလာလှု ပ်ရှားခဲ့ရင်း ခန္ဒာကိုယ်လည်း ယိုယွင်းစပြုပြီထင်သည်။ ပြီးခဲ့သော ကိုအောင်ထိုက် အသုဘက နေကာမျက်မှန်တပ်ထားသောသူ့ကို ရိပ် ကနဲ တွေ့လိုက်ရသည်။ လူများလှလွန်း၍ နှုတ်ဆက်ခွင့် မကြုံလိုက်။ လူကတော့သွက်လက်ဆဲဖြစ်ပုံရသည်။ မျက်လုံးက တော့ သိပ်ကောင်းပုံမရ။ မီးစာကုန်စ အရွယ်တွေရောက်လာကြပေပြီ။

နောက်တစ်ဦးကတော့ စက်မှုတက္ကသိုလ်က ကိုမြင့်အောင်ကြည်ဖြစ်သည်။ အနေအေးသကဲ့သို့ စကားလည်းခပ်အေးအေး ပြောတတ်သည်။ သူကိုကဗျာဆရာ မြေဝါ (တန့်ဆည်) ဟုလည်း သိကြသည်။ သူနှင့်လည်း စကားလက်ဆုံကြဘူးသည်။ ၇၅ ဇွန်သပိတ်ပြီးတော့ ထောင် ၉ နှစ်ကျသည်။ သူလည်း ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမှ ပြန်လွတ်ပုံရသည်။ သူ နှင့်တော့ ပြန်ဆုံခွင့် မကြုံတော့ပေ။ ကွယ်လွန်သွားရှာပြီဟု သိရသည်။ အချို့ကား သွားနှင့်ကြပေပြီ။

ကိုစံနုလည်း စက်အဖွဲ့က အမာခံ ရခိုင်ကျောင်းသားတဦးဖြစ်သည်။ ခပ်အေးအေးနေတတ်သော သူနှင့် သပိတ်ကာလအ တွင်း စကားမဆုံဖြစ်ခဲ့။ သူလည်း ဇွန်သပိတ်တွင် ထောင် ၉ နှစ်ကျသည်။ သို့သော် သူနှင့် ၁၉၈၈ အရေးတော်ပုံအပြီး တရုတ်ပြည်နယ်စပ် ရွှေလီမြို့တွင် ခေတ္တဆုံခဲ့သည်။ ထိုအခါကျမှ မိမိနှင့် စကားစမြည်ဆိုခဲ့ဘူးသည်။ သူလည်း ထိုအချိန်ထိ သူယုံကြည်ရာ လှုပ်ရှားရုန်းကန်ဆဲဖြစ်ပုံရသည်။ သို့သော် ထိုစဉ်ကာလက တင်းကြပ်သောစည်းမျဉ်းစည်းကမ်းများအရ သူဘာလုပ်နေသည်ကို မိမိသိခွင့်မကြုံခဲ့ပါ။ နောက်ပိုင်းတွင်တော့ သူနှင့်မဆုံတော့။ သတင်းလည်း တိတိကျကျ မကြားရ တော့ပေ။ ဘုန်းကြီးဘဲဝတ်နေသလိုလို၊ မော်လမြိုင်ဘက်မှာဘဲမှာဘဲ တွေ့သလိုလို၊ မိုးကုတ်မှာဘဲ တွေ့သလိုလိုနှင့် ရေရေ ရာရာ မရှိလှပေ။ လူမတွေ့ရပေမဲ့ "ကျနော်ဖြတ်သန်းခဲ့ရသော မှတ်မိသမျှ ဇွန် ၇၅"ဟူသည့် ဆောင်းပါးလေးအား မောင်စံနု (ရမ်းဗြဲ ) ဟူ၍ ရေးသားထားသည်ကိုတော့ ဖတ်လိုက်ရသည်။

ထိုစက်ခန်းထဲတွင် တက်ကြွစွာ လုပ်ကြသူများဖြစ်သည့် စက်မှုတက္ကသိုလ်မှ ကိုဘလှိုင် ကိုစောနိုင် ကိုမြင့်ဆွေ တိမွေးကုမှ ကိုကျော်ဇောလုပ်သားကောလိပ်မှ ကိုနေဝင်းအောင်တို့ကိုတော့ မိမိကောင်းစွာမသိပေ။ ကိုဦးလှစောပြောမှ သတိထားမိ သည်။

"အဲဒီတုန်းက ကိုဇော်ဖေလည်း ဘွဲ့နှင်းသဘင် ခန်းမပေါ်တက်လိုက်စက်ခန်းထဲ ဆင်းလာလိုက်လုပ်နေတာဘဲလေ"ဟု ကို ဦးလှစောက ဆိုပါသည်။ သူပြောသည့် ကိုဇော်ဖေဆိုသည်မှာ မန္တလေးမှ စက်မှုကျောင်းသား ကိုဇော်ဖေဝင်းဖြစ်သည်။ နှု တ် ခမ်းမွှေးရေးရေး လူပုံခပ်နွဲ့နွဲ့ ကိုဇော်ဖေကို ထိုစဉ်က မသိပါ။ နောက်တနှစ်အကြာတွင် အရှေ့မြောက်နယ်စပ်တနေရာ၌ စစ်ယူနီဖေါင်းအစိမ်းရောင်ဝတ်စုံဝတ်ထားပြီး ကြယ်နီတပ်ထားသောဦးထုပ်ဆောင်းကာ အမ် ၂၂ မောင်းပြန်တလက်လွယ် ထားသည့် ရဲဘော်အေးမောင်အဖြစ် စတင်ဆုံခဲ့ရပါတော့သည်။ CPB တပ်ထဲရောက်ခါစဆိုတော့ စစ်သားပုံတော့ မပေါက် သေးပေ။ လူပုံကတော့ နွဲ့တုန်းဖြစ်သည်။ ယခုတော့ အပတ်စဉ်ထုတ်ဂျာနယ် အတော်များများတွင် ရေးသားနေသည့် စာ ရေးဆရာအေးမောင်ကျော်အဖြစ် သူ့အားသိကြပါသည်။ DVB ရုပ်မြင်သံကြားတွင်လည်း မကြာခဏ တွေ့နေရတတ်သည်။

စက်ခန်းထဲမှသူများအနက် နောက်ဆုံးရေးရမည့်သူကတော့ စက်မှုတက္ကသိုလ်က ရခိုင်ကျောင်းသား ကိုဦးလှစောခေါ် မောင်ခိုင်အောင် (စစ်တွေ) စက်မှုတက္ကသိုလ်က သူပုန်ကျောင်းသားတဦး (သို့မဟုတ်) ဗော်ရှီဗစ် အမျိုးသားရေးဝါဒီတဦး၏ပုံရိပ်ဖြစ်ပေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)


ဓာတ်ပုံသည် ၂၀၁၅ ခုနှစ်အတွင်းက မှတ်တမ်းတင်ထားဖြစ်ခဲ့သည် ဒေါက်တာသိန်းလွင် (NNER) ၏ ပုံ ဖြစ်ပါသည်။

ကြည်ဇော်အေး ● နှစ်ငါးဆယ် မှတ်စု

$
0
0

ကြည်ဇော်အေး ● နှစ်ငါးဆယ် မှတ်စု
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၆

၁။
'၂၀၁၀ ကမ္ဘာ့ဖာလားပွဲပြီးတော့ ကြည်ဇော်အေး ခြေဖဝါးကွဲသွားတယ်
ပုလင်းကို တန်ဘိုးမထားတဲ့ကောင်
မင်းလည်း အသဲကွဲမှာပဲ'လို့ 
ကိုလှသန်းက သူ့ကဗျာထဲမှာ ရေးခဲ့တယ်။

တကယ်တော့ ကျနော်တို့မိခင်တပ်ရင်း သမ္မတကမ်းခြေညတွေဟာ အထိခိုက်အကျဆုံးများခဲ့ပါတယ်။ အိမ်နိမ့်စံ ကဗျာဆရာ ဘဝများဟာ အရောင်အသွေးစုံလင်ပေမယ့် မတောက်ပခဲ့ကြပါဘူး။ ကျနော်တို့ဟာ အဲဒါကိုဘယ်သူမှလည်း အထူးတလည် ဝမ်းနည်းမနေခဲ့ကြပါဘူး။ ပျော်ပျော်ပါးပါး ချီတက် ရဲရဲရင့်ရင့် ကျဆုံးခဲ့ကြ။

ထိုသို့ မိမိကိုယ်မိမိ ကိုယ်ရည်သွေးရမှာ အင်မတန် ရွံရှာကြတဲ့လူတွေရဲ့ စားပွဲကိုမှ မိုးတွေသည်းသည်း မဲမဲကြီးအောက် 'ငါ က သတင်းသမားကွ'ဆိုတဲ့လူတယောက်ဟာ မျက်စိလည်ရောက်လာ။ ထို့နောက် ပုလင်းရိုက်ခွဲသံ။ ထို့နောက် အရေးပေါ် လူနာဌာန။ ထို့နောက် ဟိန်းမြတ်ဇော်။ ညီညီလွင်။ မိုးဝေး။ အံ့ဘွယ်ဇင်။ ကွန်စစ်ကောင်း။ ကိုယဉ်ထွေး။ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ၅ / ၆ ပေါ်ဝယ် အူလည်လည်။ ကိုယ့် ခုတင်လှေကားရင်းမှာ တလောင်းပြီးတလောင်း။ ဓာတ်လှေကားထဲမှာ အ လောင်းတစ်လောင်းနဲ့ကျနော်ဟာ အတက်အဆင်း။

ထားပါတော့။ ပေါ့ပေါ့ပါးပါးပြောမယ်ဆို ထားလိုက်ပါတော့။ ထို့နောက် စိတ်ပျက်ညည်းငွေ့ဖွယ်ရာ တောမြို့လေးတမြို့မှာ ကိုယ့်ကိုယ်ကို ပြန်ပြီးအသားကျအောင် နေရာချထားရတာ နည်းနည်းတော့ ခက်ခဲပါတယ်။ ရည်ရွယ်ချက်မဲ့လူငယ်တချို့။ စိတ်ဂယောင်ခြောက်ခြား လူကြီးတချို့။ ဆေးသမားတွေနဲ့ အရက်သမားတွေများတဲ့ဒီမြို့လေးမှာ အရက်သမားဟာ လူလိမ္မာ ပဲဆိုတဲ့နေ့များ။ ကိုယ့်မီးကိုယ်လှုံပြီး ကိုယ့်ဆောင်းကိုယ်ဖြတ်သန်းခဲ့ရနေ့များ။ အလိုမကျမှုနဲ့ တစိမ့်စိမ့်နေ့များ။ အဆိုးမြင်တာ ဟာ အမှန်တရားနဲ့ နီးစပ်တယ်လို့ ထင်မှတ်ခဲ့တဲ့နေ့များ။

၂၀၁၀ နေ့များပေါ့။
ထို့နောက် အပြောင်းအလဲသတင်းများဟာ သတင်းစာတွေ ဂျာနယ်တွေထဲမှာ ခပ်စိပ်စိပ်နေရာယူလာ။ ညီအကို မသိ တသိ အချိန်။ တိုင်းပြည်တခုရဲ့အပုတ်ချိန်။ ရေဒီယိုမိန့်ခွန်းက မိန်းမတယောက် လစဉ် ရာသီလာနေသလို။ လူတွေရဲ့ ပါးစပ်ထဲမှာ နိုင်ငံရေးဟာ အပတ်စဉ်ထုတ်ဂျာနယ်တစောင်လို အချိန်မှန်မှန် တဖျတ်ဖျတ်လန်လို့။ လေထဲမှာ။ ကြိုးဟာ တန်းတန်း။ ကျ နော်တို့တိုင်းပြည်ဟာ ကြိုးတန်းလန်းကြီးနဲ့ လေထဲမှာပေါ့။

၂။
နှစ်ပေါင်းငါးဆယ်ကျော်။ တိုင်းပြည်တခုရဲ့ ကံကြမ္မာဟာ သိပ်ကြောက်စရာကောင်းခဲ့ပါတယ်။ ဘဝအဆက်ဆက်က ဝဋ် ကြွေးပါလာခဲ့ကြသူတွေလို ခါးစည်းခံခဲ့ကြ။ တော်လှန်ကြ။ ကျဆုံးကြ။ တက်ကြွကြ။ ဝန်းရံကြ။ ယုံကြည်ချက်ကြောင့်အကျဉ်းချခံရသူများတဲ့။ ကျနော်နားလည်ဖို့အတော်ကြိုးစားခဲ့ရတဲ့စကားပါ။ ယုံကြည့်ချက်ဟာ ဒီနိုင်ငံ ဒီတိုင်းပြည်မှာ အကျဉ်းချ ခံရသလား။ ဒါဆို ဒီတိုင်းပြည်ကလူတွေဟာ ဘာကိုမှမယုံကြည်ရတော့ဘူးလား။ နတ်တွေ ဘုရားတွေ ဘိုးတော်တွေ သရဲ တစ္ဆေတွေ ယုံကြည်တာကျတော့ အကျဉ်းချမခံရတော့ဘူးလား။ ကျနော့်အတွေးဟာ သွေးထွက်လွန်နေတဲ့ ဒဏ်ရာတခုလို။ ကျနော့်ဦးခေါင်းဟာ လမ်းကြိတ်စက်ရှေ့က ကျောက်ခဲတလုံးလို။ ခင်ဗျားတို့ပြောပြောနေတဲ့ ဒီမိုကရေစီဆိုတာကြီးကို ကျနော်ဟာ စင်းနှီတုန်းပေါ်က ငါးတကောင်လို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်လို့။ အရူးမီးဝိုင်း ဆိုတဲ့စကားဟာ ဘယ်သူ တီထွင်ခဲ့မှန်းမသိပေမဲ့ အတော်ထိရောက်ပြီး အတော်လေး ရက်စက်ရာကျပါတယ်။ ကျနော်ဟာ အရူးမီးဝိုင်းပါ။ ဒါပေမဲ့ ကျနော့်ဆီကို မီးသတ်ကားတွေမလာကြပါဘူး။ မီးသတ်ကားတွေရှိရာကိုသာ ကျနော်သွားခဲ့ပါတယ်။

၃။

နှစ်ငါးဆယ်
________________
ဘွဲ့ရအလုပ်လက်မဲ့ လူငယ်တယောက်ရဲ့
ခန္ဓာကိုယ်ပေါ် လောင်ကျွမ်းခဲ့တဲ့ မီးတစဟာ
အာရပ်ကမ္ဘာကို ကူးစက်လို့
အာရပ်နွေဦးဟာ နိုးထခဲ့
ငါငေးမောခဲ့။
ငါတို့ဘ၀ ငါတို့ကမ္ဘာ
ယောက်ယက်ခတ်မောပန်းဆဲ။

ငါဟာ
အနာဂတ်ကို အမှိုက်ပုံထဲမှာ
တူးဆွရှာဖွေနေတဲ့ သူတောင်းစား။

ငါဟာ
အမြန်ရထားကြီးပေါ်က လွင့်ကျလာတဲ့
ရေသန့်ဗူးခွံတွေ လိုက်ကောက်နေရတဲ့ ကလေးငယ်။

ငါဟာ
ဒုက္ခသည်စခန်းထဲက
ခြေတဖက်ပြတ် တိုင်းရင်းသား။

ငါဟာ
ဒဏ်ရာရနေတဲ့ဆေးရုံ။

ငါဟာ
ထမီသခိုး။

ငါဟာ
ယောင်ခြောက်ဆယ်ပညာတတ်။

ငါဟာ
လောက်တဖွားဖွားကျနေတဲ့
အကျင့်ပျက်ဝန်ထမ်းတယောက်ရဲ့
ခန္ဓာကိုယ်ပေါ်က လောက်တကောင်။

ငါဟာ
ကလေးစစ်သား။

ငါဟာ
အရက်သမား။

ဟေ့
မိုဟာမက် ဘိုအာဇီဇီ
ထရီပိုလီကျဆုံးခန်းကို မြင်သွားခဲ့ရဲ့လား။

ဟေ့
ပရိုတက်စတာတို့
ဝေါစထရိကို သိမ်းပိုက်နိုင်ခဲ့ကြရဲ့လား။

ဘုရား ဘုရား
ကျောထောက်နောက်ခံအပြည့်အ၀နဲ့
ဟူစနီမူဘာရက်ပါလား။

ဘုရား ဘုရား
ကမ္ဘာပေါ်မှာ
စိတ်ကျရောဂါသည် သန်းတရာကျော် ဆိုပါလား။

ဘုရားဖူးထွက်ရုံနဲ့
တရားထူး မရခဲ့ကြသူတွေလို
ရွေးကောက်ပွဲတွေနဲ့ လွှတ်တော် အဆောက်အအုံတွေကြား
မျက်စိလည်လမ်းမှားခဲ့ကြပေါ့။

လိုက်နာရန်သာတာဝန်ရှိပြီး
ငြင်းခုန်ဖို့မဖြစ်နိုင်တော့တဲ့ ဥပဒေတစ်ရပ်ကို
လက်မှတ်ထိုးခဲ့ကြပေါ့။

ငရုပ်ကောင်းရည်တွေနဲ့ပက်ဖြန်းခံရတဲ့
မျက်ရည်ယိုဗုံးတွေကြားက ထွက်ပြေးခဲ့ရတဲ့
ကျောင်းသားလေးတယောက်ရဲ့
ကျွတ်ကျန်ရစ်ခဲ့တဲ့ဖိနပ်တဖက်လို
ငါဟာ မျက်စိသူငယ် နားသူငယ်။

အရက်ဖြူဆိုင်ထဲက
ကြက်ခြေထောက်ရိုးတချောင်း လမ်းပေါ်ကျလာသလို
မျှော်လင့်ချက်တခု ငါ့ရှေ့ကျလာတော့
ခွေးဝဲစားတကောင်လို
ငါဝမ်းသာခဲ့မိပေါ့။

ရယ်ရတယ်
ဘာလို့ ရယ်ရသလဲဆိုတော့
'စက်ပျက်နေတဲ့ အီရန်ငါးဖမ်းသင်္ဘောကို
အမေရိကန်ရေတပ်က ပြင်ပေးလိုက်ရခြင်း 'ဆိုလို့
ရယ်ရတယ်။

ငါ့ပေါင်မုန့်ကို လုယူသွားကြသူတွေဆီက
ငါပြန်တောင်းစားနေရ။

အသားတိုးမွေးမြူရေးကြက်လို
ငါ ဖွံ့ဖြိုးတိုးတက်နေရ။

'ပစ်ရှာမည့် ၀ရဇိန်ငယ်
ပန်းထိမ်မှာ ပြင်တုန်းထင့်လေး'ဆိုတဲ့
ဦးပုညရဲ့သကြားလိမ်တေးထပ်
ငါ အမှတ်ရမိပေါ့။

ငါလမ်းကြိုလမ်းကြားတွေထဲ လျှောက်သွားသွားတယ်
သတင်းတွေလျှောက်ဖတ်တယ်
ဘန်ကောက်ဟာ
လက်ပစ်ကူးနေတယ်
ဒမတ်စကတ်ဟာ
ပြားချပ်နေတယ်
ပြုံယမ်းဟာ
ရူးသွပ်နေတယ်
ဝါရှင်တန်က
ရန်ကုန်ကို နားစွင့်နေတယ်။

ရန်ကုန်ဟာ
နောက်ပြန်မလှည့်တော့ဘူးလို့
နောက်ပြန်လှည့်ကြည့်ပြီး ပြောရဲ့။
ကြယ်ငါးပွင့် ဟိုတယ်ကြီးထဲက
ဖောက်စထရော့တေးသွားသံတွေကြားမှာ
အနမ်းတွေ ပျံသန်းနေကြရဲ့။

ကွန်တိန်နာကြီးတွေနဲ့အပြည့်
ကတိက၀တ်တွေ ရောင်းဝယ်ဖောက်ကားကြရဲ့။

အို မဏိမေခလာ
သံသယ ပင်လယ်ပြင်မှာ
ငါခြေကုန်လက်ပမ်းကျနေပါပြီ။

မြွေပွေးတကောင်လို
မိခင်ဗိုက်ကိုဖောက်ထွက်မွေးဖွားခဲ့တဲ့ ပြည်တွင်းစစ်
ငါ့ကိုအဆိပ်တက်လို့။

'ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိ'တဲ့
ဟုတ်ကဲ့
ဥပဒေရဲ့အောက်မှာလည်း ဘယ်သူမှမရှိခဲ့တဲ့ နှစ်တွေပေါ့။

အော်
'ငါတို့ဗမာပြည်ဝယ် မိဘတိုင်းကကွယ်'
သတိရှိရမယ်
ဘယ်လိုသတိရှိရမလဲဆိုတော့
သတိရှိရမယ်
လူငယ်တယောက်ကို
အညွန့်တုံးစေနိုင်သောအရာများ
များစွာ
ထိုများစွာများထဲမှ
မူးယစ်ဆေးဝါးနဲ့
အတုအယောင်ဒီမိုကရေစီ ။

လူငယ်တယောက်ရဲ့မှတ်စုများ - မှ ( နောက်ဆက်တွဲ )

သားကြီးမောင်ဇေယျ - ၆၆ (ဃ) နှင့် ကမ္ဘာ့ သီးခံနားလည်သင့်မြတ်ရေးနေ့

$
0
0


သားကြီးမောင်ဇေယျ - ၆၆ (ဃ) နှင့် ကမ္ဘာ့ သီးခံနားလည်သင့်မြတ်ရေးနေ့
(World Tolerance Day)
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၆

အလဲဗင်းမီဒီယာ အုပ်စုက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားလိုပြု တိုင်ကြားခဲ့တဲ့ အမှုအားလုံးကို ပြန်လည်ရုပ်သိမ်းထားလိုက်ပြီတဲ့။ ဒါရိုက်တာ မိုက်တီး အပါအ၀င် အလဲဗင်းက တရားစွဲခံထားရသူတွေ အမှုက လွတ်ပြီးပေါ့။ ၀မ်းသာစရာပါ။

အလဲဗင်းမီဒီယာ အုပ်စုကို ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ၆၆ (ဃ) နဲ့ တရားစွဲလိုက်ပြီးတဲ့နောက်ပိုင်း ဒီဖြစ်စဉ်ကလေး ဖြစ်ခဲ့တာပါ။ တကယ်တော့ ၆၆ (ဃ) ဆိုတဲ့ ပုဒ်မဟာ (ကျွန်တော့်အမြင်) မစင် ထုပ်နဲ့တူပါတယ်။ တဖက်လူကို မစင်ထုပ်နဲ့ ပေါက် တဲ့ အခါ မိမိ လက်ကို မစင် အရင် ပေကျံစေ သလိုမျိုး ၆၆ (ဃ) နဲ့ တရားစွဲရင် တရားစွဲသူရဲ့ ဂုဏ်သိက္ခာ ကို အရင်ထိခိုက်စေပါတယ်။

ဒါပေမယ့်ဂုဏ်သိက္ခာထိခိုက်သူဖက်က တဖက်သူကို ထိထိရောက်ရောက်မြန်မြန်ဆန်ဆန် တုန့်ပြန် လိုတဲ့ အတွက် ဒီပုဒ်မ နဲ့စွဲကတာလည်းဖြစ်နိုင်ပါတယ်။ တဖက်သားကလည်း သည်းမခံနိုင်လောက်အောင် ရေးသားပြောဆို မိတာတွေ လည်း ရှိတတ်ပါတယ်။

အလဲဗင်း အုပ်စုက့ဦးဖြိုးမင်းသိန်း နဲ့ ပါတ်သက်လို့ ရေးလိုက်တဲ့ သတင်းဟာ နိုင်ငံတကာ မီဒီယာပေါ်မှာ ပါ ပြန့်နှံ့သွားတဲ့ အခါ ဦးဖြိုးမင်းသိန်း တစ်ယောက်ကိုသာ ထိခိုက်စေတာ မဟုတ်၊ အင်အယ်ဒီပါတီပုံရိပ် ကိုလည်း ထိခိုက်တယ်၊ အစိုးရကိုလည်းထိခိုက်တယ်၊ နိုင်ငံ ပြန်လည် ထူထောင်ရေး ကာလမှာ နိုင်ငံခြားရင်းနှီး မြှပ်နှံမှုတွေကိုလည်း ထိခိုက်စေတယ် လို့ ပြောဆို သူတွေရှိလာတဲ့ အခါ မှာတော့ ဂယက် ဟာ အကြီးကြီးဖြစ်သွားခဲ့ပါတယ်။ ဒါတွေဟာ အနူတ် လက္ခဏာ ဆောင်တဲ့ ဂယက် တွေဖြစ်ပါတယ်။

အခြားတဖက်မှာလည်း အလဲဗင်းနဲ့ ဦးဖြိုးမင်းသိန်း တို့ ထိတွေ့ ပွတ်တိုက်မှု ဂယက်ကြောင့် ပုဒ်မ ၆၆ (ဃ) ကို လူတွေ ပိုမိုသိရှိ ကန့်ကွက် လာတာတွေ့ရပါတယ်။ ပုဒ်မ ၆၆ (ဃ) ရဲ့ လူ့အခွင့်အရေးကိုမျက်ကွယ်ပြုမှု အတွက် စိုးရိမ်သူတွေ လည်းရှိပါတယ်။ သူရ ဦးရွှေမန်းက သူ့ ၀က်ဆိုဒ်မှာ လည်း

ပုးမ ၆၆(ဃ) ဥပဒေ ကိစ္စတွေ အပေါ် စကားတွေ ပြော နေကြတယ်၊ စကားတွေ များနေကြတယ်၊ ပြ ဿနာတွေရှိနေကြတယ်။ လို့ အစချီပြီး ပြည်သူများ၏ သဘောထားဆန္ဒနှင့် အကြံပြုချက် များက ဘယ်လိုရှိကြပါသလဲ လို့ မေးခွန်းထုတ်ထားတာတွေ့ရပါတယ်။ အဲဒီဂယက်က အပေါင်းလက္ခဏာဆောင်တဲ့ ဂယက်ပါ။

သတင်းသမားတွေ ကြားထဲမှာ ဖြစ်ပေါ်လာတဲ့ နောက်ထပ် ဂယက် ကတော့ ကျင့်ဝတ် နဲ့ ညီ မညီ ဆိုတဲ့ ပေတံ နဲ့ တိုင်းတဲ့ ဂယက်ပါ။ သတင်းမှန် ဖေါ်ပြတာလား ၊ သတင်း မှားဖေါ်ပြမိတာလား ၊ ဆိုတဲ့မေးခွန်းပါ။ ဒီမေးခွန်း က တော့ သတင်းသမားတွေ အနေနဲ့ အခြေ ခံ လိုက်နာရမယ့်ကျင့်ဝတ် ကိုဖေါက်ဖျက်ခြင်း ရှိ မရှိ ဆိုတဲ့ အပေါ်မှာ အခြေခံထားတဲ့ မေးခွန်းပါ။ အခုချိန်ထိတော့ အလဲဗင်း မီဒီယာ ဖက်က ရှင်းရှင်း လင်းလင်း ထုတ်ဖေါ် တာ မရှိသေးပါဘူး။

သတင်းမှားကို ဖေါ်ပြမိရင်တော့ အလဲဗင်းမီဒီယာ အနေနဲ့ သေဒဏ်ထက် ဆိုးတဲ့ အပြစ်ဒဏ်ကို သတင်းစားသုံးသူတွေ က ချမှတ်ပါလိမ့်မယ်။

သတင်းမှန်ကိုဖေါ်ပြမိရင်တော့ အလဲဗင်း မီဒီယာ အုပ်စုကို သတင်းသူရဲကောင်းကြီး တဦးအနေနဲ့ သတင်းစားသုံးသူတွေက ဂုဏ်ပြုကြမှာပါ။

ဘာပဲဖြစ်ဖြစ် ဦးဖြိုးမင်းသိန်းနဲ့ အလဲဗင်း မီဒီယာ အုပ်စု တို့ ပွတ်တိုက်မှု မှာ ဘယ်သူ ဘယ်လောက်မှားသလဲ ဆိုတဲ့ ရှု့ထောင့်ကနေ မကြည့်ပဲ နှစ်ဖက် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဘယ်လို လုပ်မလဲ၊ ဘာ သင်္ခဏ်းစာတွေ ရယူ နိုင်သလဲ ဆိုတဲ့ ရှုတောင့်ကနေ ကြည့်နိုင်ရင်ကောင်းမှာပါ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒီဆောင်းပါး ရေး နေချိန်ဟာ နိုဝင်ဘာ ၁၇ ရက် ကမ္ဘာ့ သီးခံနာလည်သင့်မြတ်ရေးနေ့ (World Tolerance Day) ဖြစ်နေပါတယ်။

မတူညီတဲ့ နောက်ခံသမိုင်းတွေ၊ မတူညီတဲ့ အတွေးအမြင်တွေ၊ မတူညီတဲ့ရူထောင့်တွေ၊ မတူညီတဲ့ ယုံကြည်မှုတွေ၊ မတူညီတဲ့ လိင်ကွဲပြားမှုတွေ၊ မတူညီတဲ့ ဓလေ့ ထုံးစံတွေကြား တယောက်ကို တစ်ယောက် တဦးကို တဦး ၊ အုပ်စု တခုကိုတခု သီးခံနားလည်ပေးရင်း ငြိမ်းချမ်းရေး ခရီးရှည် ကိုလျှောက်လှမ်းဖို့ နည်းလမ်းသစ်တွေ ရှာဖွေ ရဦးမှာပါ။

သားကြီးမောင်ဇေယျ
(၁၇-၁၁-၂၀၁၆)

ကာတွန်း ညီပုချေ - ၆၆(ဃ) နဲ့ ဖွဘုတ်

$
0
0


ကာတွန်း ညီပုချေ - ၆၆(ဃ) နဲ့ ဖွဘုတ်
(မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၆

မိုးမိုးစံ ● အဖေ့ကောက်ကြောင်းတစ (တင်မိုး အမှတ်တရ)

$
0
0




မိုးမိုးစံ ● အဖေ့ကောက်ကြောင်းတစ (တင်မိုး အမှတ်တရ)
(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) နိုဝင်ဘာ ၁၉၊ ၂၀၁၆

ကဗျာ ဆရာကြီး တင်မိုး (နိုဝင်ဘာ ၁၉၊ ၁၉၃၃ ဖွား - ဇန်နဝါရီ ၂၂၊ ၂၀၀၇ ဆုံး) အမှတ်တရ
[တင်မိုး ၈၀ ကဗျာ ၈၀ စာအုပ်ကနေ ကူးယူဖော်ပြပါတယ်။ အေးဝင်း (လမင်းတရာ)]

၁၉၉၀ နိုဝင်ဘာ (၁၇) ရက်တွင် အမေ ကွယ်လွန်သည်။

အရင်က သေခြင်းတရားနှင့် တခါမျှ တေ့တေ့ဆိုင်ဆိုင် ရင်မဆိုင်စဖူး၊ တိုက်ရိုက်မပါတ်သက် စဖူး။ ရင်ဆိုင်ရတော့ မိသားစု (၇) ယောက်တွင် အချစ်ရဆုံး၊ အရေးပါဆုံး မိခင် မမျှော်လင့်ဘဲ ကွယ်လွန်သွားသည်။ ခံစားရသည်မှာ နှိုင်းယှဉ်စရာမရှိ။ ပူလောင်လိုက်သည်မှာ ပြောစရာ မရှိတော့။ နေ့စဉ် မျက်ရည်များသာ တွေတွေ ကျနေသည်။ အဖေ့အသက် (၅၇) ပြည့်သည့် မွေးနေ့တွင် အမေ့ကို သဂြိုဟ်သည်။ အဖေ့ကို သနားလှသည်။ မိခင်မဲ့ မောင်လေး ညီမလေးများကို သနားလှသည်။ ပူဆွေးလှသည်။ အဲဒီမှာ အဖေ့စကားသည် မိမိစိတ်ကို တည်ငြိမ်စေသည်။ အမေ့ကို ပူလောင်ခြင်းနှင့် သတိမရနဲ့ သမီး။ အေးမြခြင်း၊ ကြည်ညိုခြင်းနဲ့သာ သတိရပါတဲ့လေ။ အဲဒိ စကားလေးက အလွမ်းမီးတွေကို ငြိမ်းသတ်စေပါတယ် ဖေဖေ။ ဘဝမှာ ခွန်အား ဖြစ်စေပါတယ် အဖေကြီး။

၁၉၉၁ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အဖေ အဖမ်းခံရသည်။

ေ၇ွှတောင်ကြီး ပြိုပြီ။ မိသားစု ချမ်းသာရေး စီးပွါးရေး တခါဖူးမျှ မပြောဘူးသော အဖေ။ စာပေကို ချစ်သော၊ နိုင်ငံကို ချစ်သော၊ လူငယ်တွေကို ချစ်သော၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်သော၊ ရိုးသားမှုကို ချစ်မြတ်နိုးသော၊ အမှန်တရားကို ချစ်သော၊ မိသားစုကို ချစ်သော အဖေ အဖမ်းခံရပြီ။ အင်းစိန်ထောင်မှ ဘားလမ်းအချုပ်သို့ (၂) ပတ်တခါ ရမန်ယူရန် ထောင်ကားပြာကြီး ပေါ်မှ ဆင်းလာတာကို အချုပ် (၈) လတာကာလတွင် သွားတွေ့ရ သည့်အခါ မကြည့်ရက် မမြင်ရက်။ ဖိနပ်မပါ၊ လက်ထိပ်နှင့် ထောင်ကားပြာကြီး ပေါ်မှာ။

မိမိနှင့် ရင်းနှီးလာသည့် ပတ်ဝန်းကျင်က စာသံပေသံများ၊ စာသမား ပေသမားများ၊ မိသားစု စကားဝိုင်းကလည်း စာပေအကြောင်းသာ ဖြစ်ခဲ့။ ဖတ်သမျှ စာများ၊ တွေးမိသမျှ အတွေးအခေါ် များ၊ ခံစားမိသမျှများ ငြင်းကြခုံကြသည်သာ။ ပျှော်ရွှင်ပီတိ။

ယခု တွေ့ကြုံရသည့် ထောင်ပတ်ဝန်းကျင်က အသစ်။ ခါးသီးလှတဲ့ အသစ်။ ထောင်တို့ တရားရုံးတို့ ရဲဌာနတို့ စစ်ခုံရုံးတို့ ဆိုတာ ပတ်သက်လာရ လိမ့်မည်ဟု တသက်လုံး မတွေးခဲ့ မမျှော်လင့်ခဲ့။ အထီးကျန်သည့်အဖေ အထဲမှာ ဘယ်လိုနေမလဲ။ ဘယ်လို အနှိပ်စက် ခံရမလဲ။ လွတ်လပ်မှုကို မြတ်နိုးသည့် အဖေ ဘယ်လို ခံစားရမလဲ။ ဘယ်လို အိပ်ရသလဲ။ ဘယ်လို စားရသလဲ။ ဘာတွေ တွေးနေသလဲ။ ကျန်းမာရေး ကောင်းရဲ့လား ဖေဖေ။ ချောင်းတွေ အရမ်းဆိုးနေလား ဖေဖေ။ ဆေးလိပ် ရရဲ့လား ဖေဖေ။ စာမဖတ်ရ၊ စာမရေးရတဲ့ ဘဝဟာ အဖေ့အတွက် ငရဲဖြစ်မှာပါ ဖေဖေ။ အပြင်ကလူတွေနဲ့ အထဲကလူတွေ မျက်ရည်ကြိုးစက် များနှင့် ချည်နှောင်ထားသည့် ကာလများ။ အမှန်ဟာ အမှား၊ အချိုဟာ အခါးဖြစ်သော ကာလများ။

အကျဉ်းကျ ကာလများ (၂) ပတ်တခါ ထောင်ဝင်စာတွေ့၊ တခါတွေ့ နှစ်ယောက်၊ တခါတွေ့ ဆယ့်ငါးမိနစ်။ မောင်နှမ ငါးယောက် (၂) ပတ်တခါ အလှည့်ကျတွေ့။ ဆယ်ငါးမိနစ် တွေ့ဖို့ တနေကုန်စောင့်။ အထဲက လူကလည်း အလှည့်စောင့်။ အပြင်ကလူကလည်း အလှည့်စောင့်။ တွေ့ရတဲ့ ဆယ့်ငါးမိနစ် ကာလမှာ အဖေ့မျက်နှာ ဝင်းပပ။ ချစ်စရာ အလွန်ကောင်းတဲ့ အဖေ။ လုံးဝ စိတ်ဓာတ်မကျ။ အဖေနဲ့ တွေ့ပြီး ပေါ့ပါးလာ၊ ပျော်ရွှင်လာ၊ သတ္တိရှိလာသည်ချည်းသာ။ ထောင်အတွင်းမှ မိတ်ဆွေအသစ်များ အကြောင်း မြိန်ရေယှက်ရေ ပြောတာ နားထောင်ရ။ တခါမှ အဖေ စိတ်ညှိုးငယ်တာ မတွေ့ခဲ့ရ။ သမီးတို့ စိတ်အားငယ်မှာ စိုးလို့လား ဖေဖေ။

၁၉၉၁ မှ ၁၉၉၅ - အဖေထောင်ကျနှစ်များ။

ဒုက္ခရောက်တဲ့ အချိန်မှာ လူ့အကြောင်း ပိုသိရသတဲ့။ အဖေ့ မိတ်ဆွေအပေါင်း အသင်းတွေရဲ့ ကျေးဇူးကို ပိုသိရပါတယ်။ ထောင်ကျနိုင်ငံရေး မိသားစုတွေ နေအိမ်ကို လူတွေ မလာရဲ၊ မသွားရဲ၊ မပါတ်သက်ရဲတဲ့ ကာလကြီးမှာ အဖေ့အိမ်မှာ မိတ်ဆွေတွေ တဖွဲဖွဲပါ အဖေကြီး။ သားသမီး ငါးယောက်ကို အားမငယ်ရအောင် လာအားပေးသူတွေနဲ့ အဖေ့အတွက် ထောင်ဝင်စာ သွားတဲ့အခါ ထည့်ပေးပါဆိုပြီး ငွေကြေးက တမျိုး၊ အစားအသောက်တွေ လက်ဆောင်တွေက တဖုံနဲ့ အားရှိ ကြည်နူးခဲ့ရပါတယ်။

အဖေတို့ အမေတို့ အမြဲပြောသလို တို့မှာ စိန်ရွှေရတနာ မရှိဘူး၊ မိတ်ဆွေ ရတနာသာ ရှိတယ် ဆိုသလိုပါဘဲ။ အဖေ့မိတ်ဆွေတွေ မနည်းပါလား၊ အမာခံတွေပါလား၊ မျက်ရည်ကျ မတတ် ကြည်နူးခဲ့ရပါတယ်။ ငါတို့လည်း သူများ ဒုက္ခရောက်တဲ့ အချိန်မှာ ဒုက္ခတွေကို ဝိုင်းကူ ထမ်းမယ်။ ဝိုင်းလက်တွဲမယ် ဆိုတဲ့ အဖိုးတန်တဲ့ လောကအသိတရား ရာသက်ပန်အတွက် ရခဲ့ပါတယ်။ ရိုးသားမှု မှန်ကန်မှုရဲ့ တန်ဖိုးကြီးမှန်း သိခဲ့ရပါတယ်။ ကျေးဇူးကြီးလှပါတယ် ဖေဖေ။

၁၉၉၅ ဖေဖော်ဝါရီ (၄) ရက်။

အဖေ ထောင်က လွတ်ပါတယ်။

၁၉၉၅ ဧပြီလ (၉) ရက်။

သင်္ကြန်အတွက် နိုင်ငံရေး လှုံ့ဆော်စာ သံချပ်ရေးတယ်ဆိုပြီး အဖေ့ကို မြောက်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးကို လာတွေ့ပါဆိုပြီး SB တယောက်က အိမ်ကို စာလာပေးပါတယ်။ အဖေနဲ့ ကျွန်မ ချိန်းထားတဲ့အချိန်မှာ သွားတွေ့ကြပါတယ်။ ကျွန်တော် ယခုအချိန်ထိ သင်္ကြန်သံချပ် တခါမှ မရေးဖူးပါလို့ ပြောခဲ့တာ ကြားယောင်မိပါတယ်။ နောင်ကို နိုင်ငံရေး လှုံ့ဆော်တဲ့ သင်္ကြန်သံချပ် ရေးသားပါက ပြစ်ဒဏ်ကျခံရမည်ကို သိရှိပါသည်ဆိုတဲ့ စာကို လက်မှတ်ထိုးခိုင်း ပါတယ်။

သားအဖနှစ်ယောက် အိမ်ကို ခေါင်းငိုက်စိုက်ချ ပြန်လာကြသည်။ အဖေ့ကို ရမယ်ရှာနေပြီ။ မောင်နှမတွေ တိုင်ပင်ကြသည်။ အဖေ ထပ်အဖမ်းခံ ရနိုင်သည်။ ဘယ်လ်ဂျီယမ်နိုင်ငံ ရောက်နေသော ညီမ မိုးမိုးနှင်း ဆီ ပို့ကြရအောင်။ အဖေ့ကို ထောင်ထဲမှာ မမြင်ရက်တော့။ အဖေ အသက် (၆၆) နှစ်ထဲ ရောက်လာပြီ။ အဖေ့ကို ထောင်ထဲမှာ အသေမခံနိုင်ဘူး။ အဖေ့နာမည်ရင်း ဦးဘဂျမ်းနှင့် ပတ်စ်ပို့ လုပ်သည်။ စွန့်စားခန်းများ။ အခု ပြန်စဉ်းစားလိုက် တော့ အဖေက အားတက်သရော မရှိလှ။ အဖေ့ကြည့်ရတာ တွေတွေဝေဝေလေး။ မဆုံး ဖြတ်တတ်သည့်ပမာ။ တကြိမ်တခါမှ နိုင်ငံရပ်ခြား မသွားဖူးသည့် အဖေ။ စိတ်အားငယ် သည်လား။ သေသေချာချာ မစဉ်းစားမိခဲ့။ အဖေလွတ်မြောက်ဖို့ပဲ စိတ်သန်နေခဲ့သည်။ သည်ကြားထဲ ကိုးလေးလုံးအတွက် အဖမ်းအဆီးများလည်း ကြားနေရသည်။

၁၉၉၉ ခု၊ သြဂုတ်လ (၁၁) ရက်။

သမီး မိုးမိုးနှင်းရှိရာ ဘယ်လ်ဂျီယမ်းနိုင်ငံ အန့်တဝပ်မြို့သို့ စင်္ကပူ လေကြောင်းလိုင်းဖြင့် တိတ်ဆိတ်စွာ ထွက်ခွါသွားပါပြီ။ သူ ချစ်လှစွာသော မြန်မာပြည်ကြီးကို မည်သည့်အခါမျှ ပြန်လာရမည် မဟုတ်ကြောင်း မည်သူ သိအံ့။

၁၉၉၉ - ၂၀၀၇ မြန်မာပြည် ပြည်ပကာလများ။

ထိုကာလများတွင် နိုင်ငံပေါင်း တော်တော်စုံစွာ ရောက်သည်။ ထိုင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဂျပန်၊ သြစတြေးလျ၊ အင်္ဂဂလန်၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်၊ ဂျာမဏီ၊ ပြင်သစ်၊ လူဇင်းဘတ်၊ အီတလီ၊ စပိန်၊ နော်ဝေ၊ ကနေဒါ၊ အမေရိက စသည့် နိုင်ငံများသို့ အလည်အပတ် အားဖြင့်သော်လည်းကောင်း၊ စာပေဟောပြောပွဲ သဘောမျိုးဖြင့် သော်လည်းကောင်း၊ ရောက်သည်။ ရောက်သည့်နေရာတွင် အဖေ့ကိုချစ်သော အဖေက ချစ်သော စာပေမိတ်ဆွေ၊ နိုင်ငံရေးမိတ်ဆွေ၊ တပည့် မိတ်ဆွေများနှင့် တွေ့ရ၍ ပျော်ရွှင်သည်။ သမီး မိုးမိုးနှင်းရှိရာ ဘယ်လ်ဂျီယမ်နိုင်ငံတွင် သော်လည်းကောင်း၊ သမီး မိုးချိုသင်းရှိရာ အမေရိကန် နိုင်ငံတွင် သော်လည်းကောင်း၊ တလှည့်စီ နေထိုင်သည်။ စီးပွါးရေးအရ၊ နေမှုထိုင်မှု အဆင့်အတန်းအရ အဆင်ပြေသည်ပဲ။ သို့သော်…အဖေ၏ အလွမ်းနှစ်များ။ မြန်မာပြည်ကိုပဲ ပြန်လာချင်သတဲ့။ အချိန်ရှိသမျှ မြန်မာပြည်ကြီးကိုပဲ လွမ်းဆွတ်နေသတဲ့။ မြန်မာပြည်အရေးပဲ ခေါင်းထဲမှာ စိုးမိုးရှိနေတဲ့ ဖေဖေ။ နေ့တိုင်း တနေ့ကို ကဗျာ ၃ - ၄ ပုဒ် ရေးတဲ့ အဖေ။ ပြည်ပတွင် (၈)နှစ်တာမျှ လွန့်လွန့်လူးလူး နေထိုင်ရင်း ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်တွင် အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ်မြို့မှ တဆင့် လူ့လောကမှ ထွက်ခွါ သွားပါပြီ။

တင်မိုး ၈၀ ကဗျာ ၈၀။

၂၀၁၃ ခု နိုဝင်ဘာလ (၁၉) ရက်တွင် အဖေ အသက် (၈၀) ပြည့်ပါပြီ။ အသက် (၈၀) ပြည့် မွေးနေ့အတွက် ကဗျာစာအုပ်လေး အမှတ်တရ ထုတ်မည်ဟု ညီမ မိုးမိုးနှင်းက စိတ်ကူး စီစဉ်ပါသည်။ တင်မိုး ၈၀ ကဗျာ ၈၀။ ကိုလင်းဝဏ္ဏနှင့် ဇနီး မရည်မွန်တို့မှ စာအုပ်ထုတ်ဝေရေး ကိစ္စ အစစ အရာရာ ကူညီဆောင်ရွက်ပေးပါသည်။

အဖေ့ လွယ်အိတ်ကြီး ပန်းချီဆရာ ယဉ်မင်းပိုက်မှ ကဏ္ဍအလိုက် သရုပ်ဖော်များ ရေးဆွဲပေး ပါသည်။ ကျေးဇူးအလွန် တင်ရပါသည်။ ဤ ကဗျာ (၈၀) တွင် တပုဒ် နှစ်ပုဒ်စ မှ လွဲ၍ အများစု မှာ မြန်မာပြည်ပြင်ပတွင် ရေးသော ကဗျာများ ဖြစ်ပါသည်။ မြန်မာပြည် အလွမ်းများနှင့်၊ ဒီမိုကရေစီအရေး စိတ်ကူးမိသမျှ ခံပြင်မိသများသာ ထုံမွှမ်းနေသည်ကို တွေ့ရှိရပါမည်။ မိသားစု အလွမ်းကဗျာ များလည်း ချန်မထားချင် ပါသဖြင့် ထည့်ထားပါသည်။ ချစ်သောမျက်စိဖြင့် ဖတ်ရှုနိုင်မည် ထင်ပါသည်။ အင်တာနက် ဝက်ဘ်ဆိုက်များ၊ ဘလော့ဂ်များ၊ ဖေ့စ်ဘွတ်များတွင် တင်ထားပြီးသား ကဗျာများလည်း ပါဝင်ပါမည်။

မိသားစုအတွက် ခင်ပွန်းကောင်း၊ ဖခင်ကောင်းဖြစ်သော ကျေးဇူးကြီးလှသော ဖေဖေ၊ ဘဝတလျှောက်လုံး ရိုးသားဖြောင့်မတ် မှန်ကန်ခဲ့သော လောကကြီးတွင် အလှကိုယ်စီ ရှိသည်ဟု ချစ်ခင်စိတ်ဖြင့် အကောင်းမြင်တတ်သော၊ မိမိအလင်းဖြင့် ပတ်ဝန်းကျင်ကို ဖန်မီးအိမ်ဖြင့် ထွန်းညှိအလင်းပေးသော၊ အမှန်တရားအတွက် သစ္စာရှိခဲ့သော လူသားကောင်းတယောက် ဖေဖေ၊ မြန်မာ့သမိုင်းတွင် အကြီးကျယ်ဆုံး သမိုင်းမှတ်တိုင် ဖြစ်သည့် ၁၉၈၈ အရေးတော်ပုံကာလ၊ ဒီမိုကရေစီတိုက်ပွဲ ကာလကြီးတွင် နိုင်ငံအရေးကို ကလောင်ဖြင့် ကိုယ်ကျိုးစွန့် တိုက်ပွဲ ဝင်ခဲ့သည့်၊ ပြည်သူဖက်က ရဲရဲရင့်ရင့် ရပ်တည်ခဲ့သည့် စာပေတာဝန်၊ နိုင်ငံသားတာဝန် ကျေပွန်ခဲ့သည့် ကဗျာဆရာ ဖေဖေကို ချစ်မြတ်နိုးစွာ တန်ဖိုးထားစွာဖြင့် ထိပ်တွင်တင်မိုး ရှိခိုး ကန်တော့ လိုက်ပါတယ် ဖေဖေ။ အမေ ကွယ်လွန်စဉ် က အဖေ ဆုံးမခဲ့သလို အဖေ့ကို ကြည်လင်အေးမြသော စိတ်၊ ကြည်ညို ဂုဏ်ယူသော စိတ် ဖြင့်သာ သတိရပါမည် ဖေဖေ။

မိသားစုနှင့် ဝေးကွာသော အကျဉ်းစံကာလများတွင် အဖေက သားအရင်းများသဖွယ် ချစ်ခင်ခဲ့၍ အဖေ့ကို ဖခင်ရင်းသဖွယ် နွေးထွေး ကြင်နာစွာ စောင့်ရှောက်ခဲ့ကြသော စာချစ်သူ၊ နိုင်ငံချစ်သူများအားလည်းကောင်း၊ အေးမြသော အရိပ်နေရာ ခိုလှုံခွင့်ပေးခဲ့သော ဒီမိုကရေစီ နိုင်ငံများအား လည်းကောင်း၊ ကျေးဇူးတင်လျက်၊ လေးစားလျက်။ ရာသက်ပန် ချစ်ခင်လျက်။

သားသမီးမြေးတို့ နားမနီးဝေး မဖြစ်အောင် ကြိုးစားပါမည် ဖေဖေ။

မိုးမိုးစံ
၃၀ - ၁၀ - ၂၀၁၃။
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>