Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧

ခက်သီ ● ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ

$
0
0

ခက်သီ ● ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၇

အိပ်ချင်မူးတူး သိကြားရုပ်မှတ်လို့ဆွဲတာ
ဘီလူးရုပ်ထွက်လာတယ်
ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ။

ကျားစွယ်ကို သွားတိုက်ဖို့
ကျားလျာကို ဓာတ်ခွဲဖို့
ကျားခံတွင်းကို ခေါင်းထိုးဝင်ပေးရမှာလား
ကျားသေကို အသက်သွင်းလို့
ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ။

မြေကမွေးသူတွေ ဓားမတို ခါးကြားညှပ်လို့
လေကမွေးသူတွေ စင်ပေါ်မှာ ဒိုင်ယာလော့တွေခြွေလို့
မီးကမွေးသူတွေ သေနတ်ပြောင်းဝကို တိုက်ချွတ်ဆေးကြောလို့
ရေကမွေးသူတွေ ဘယ်အရာနဲ့မဆိုရောနှောဖျော်စပ်လို့
ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ။

ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ
ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ
၂၀၀၈ တုန်း ရေတွေကြီးတယ် လေတွေထန်တယ် ငရဲပွတ်သလို
အခုကျတော့ ရေတွေကြီးတယ် မိုးမီးလောင်တယ် နင်းပြားက နင်းပြားပဲ
နာဂစ်ကနေ ဆွဲဆန့်ကြည့်လိုက် အခုလည်း နာဂစ်ပဲ
ဖြေရှင်းမပေးဘူး ဖြိုခွဲပစ်လိုက်ပြီ။ ။

ခက်သီ
၂၈.၇.၂၀၁၇
↧

ကာတွန်း လိုင်လုဏ် ● ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ဆီမှ ...

$
0
0
ကာတွန်း လိုင်လုဏ် ● ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ဆီမှ ...
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၇
↧
↧

အောင်မော်ဦး ● သူတို့ပုဆိန်တွေ လွတ်ကျခဲ့ကြတယ် မေမေ

$
0
0
အောင်မော်ဦး ● သူတို့ပုဆိန်တွေ လွတ်ကျခဲ့ကြတယ် မေမေ
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၇

ရဲဘော်မေမေကြည်ဆိုတဲ့
သစ်ခုတ်သမတယောက်
ပုဆိန်တလက် လွတ်ကျခဲ့ပြီ မေမေ။

ရဲဘော်ချိုစိမ့်ထွန်းဆိုတဲ့
သစ်ခုတ်သမားတယောက်လည်း
သူ့ပုဆိန် လွတ်ကျခဲ့ရပြီ မေမေ။

သူတို့လုပ်နိုင်တာ သူတို့ လုပ်ခဲ့ကြတာရယ်ပါ
ဒါပေမယ့်ဗျာ
သူတို့ ခုတ်ခဲ့ကြတဲ့သစ်တွေနဲ့
စစ်သားရုပ်တွေ တင့်ကားရုပ်တွေတော့
ထုဆစ်မပစ်ကြပါနဲ့လား။

လွတ်ကျသွားခဲ့ကြတဲ့ ပုဆိန်တွေမှာ
ရေးလက်စ တေးတွေပါတယ်
ရွတ်လက်စ ကဗျာတွေပါတယ်
ခဲခဲယဉ်းယဉ်း ဖောက်ခဲ့ကြတဲ့လမ်းကို
ရဲရဲတင်းတင်း လျှောက်ခဲ့ကြတဲ့
ရဲဘော်ရဲဘက် အချစ်တွေပါတယ်။

အညတြတို့ရဲ့ ဈာပနဟာ မထည်ဝါလှပါဘူး
သူတို့ကို အမိန့်ပြန်နေကြပါပြီ
သူတို့ကိုယ်ကို ဒေါင်းအလံနဲ့ အုပ်လိုက်ကြပါပြီ
သူတို့မျက်လုံးတွေကို ပိတ်ပစ်လိုက်ကြပါပြီ
သူ့အဘိုး မြင်မသွားရှာလေတဲ့ ငြိမ်းချမ်းရေးကို
သူ့မြေးလည်း မြင်ခွင့်ရမသွားခဲ့ရှာပါဘူး
အဖိုးအဖွားမှသည် မြေးမြစ်တွေဆီအထိ
ယုံကြည်ခြင်းတွေကတော့ မြစ်တစင်းလို
စီးဆင်းနေဆဲပါပဲ

သူရဲကောင်းပီသစွာ ကျဆုံးသွားကြတဲ့
အညတြတို့ရဲ့ သင်္ချိုင်းမြေဟာ
ငါတို့ရဲ့ ကောင်းကင်ဘုံပဲပ
အဲသည်မှာ
ဒီမိုကရေစီရရပါစေလို၏လို့ ဆုပန်ခဲ့ကြသူတွေရှိမယ်
အဲသည်မှာ ငါတို့ပြည်သူတွေ
လွတ်မြောက်ကြရပါစေလို၏လို့ ဆုပန်ခဲ့ကြသူတွေရှိမယ်
သူတို့အတွက် ကောင်းချီးပေးတော်မူပါ ကိုယ်တော်ရှင်


သင်တို့ သွားလိုရာသို့ သွားနိုင်ကြပြီ ရဲဘော်တို့
သင်တို့သည် ငါတို့နှင့်၊
သင်တို့သည် ငါတို့ကျောင်းသားတပ်မတော်နှင့်၊
သင်တို့သည် ငါတို့အရေးတော်ပုံကြီးနှင့်
လုံးဝမသက်ဆိုင်တော့ပြီ

ထို့ကြောင့်
သင်တို့ သွားလိုရာသို့ သွားနိုင်ကြပြီ ရဲဘော်တို့
သင်တို့အတွက်
ငါတို့ ဂုဏ်ယူ ဝမ်းနည်း ကြပါသည်။

အောင်မော်ဦး
သြဂုတ်၊ ၅၊ ၂၀၁၇။
↧

မင်းညွှန့်လှိုင် ● ရဲဘော် ရှစ်လေးလုံး

$
0
0

မင်းညွှန့်လှိုင် ● ရဲဘော် ရှစ်လေးလုံး
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၇

အို ရဲဘော်ရှစ်လေးလုံး
သင်ဟာ
ရာဇဝင်တကွေ့က
အခန်းပြောင်းတီးလုံး
အလှပဆုံးအော်ခက်စတြာ
စွန့်စားရတဲ့ မဟာဂီတ
ငါတို့
ဘာလို့မေ့ပစ်ရမှာလဲ။

ရဲဘော်က
အမှောင်ခါးခါးထဲ
မီးကိုဆောင်ကြဉ်းလာသူ
နှင်းတောထဲ
မီးသွေးပို့ပေးသူ
သရဖူကိုလမ်းဘေးပစ်ချသူ
နွေဦးကို ဝတ်မှုန်ကူးသူ
ရဲဘော်ရဲ့
ဂုဏ် အထူး အထူးကို
ငါတို့ ဦးညွှတ်လိုက်ပါရဲ့။

စနစ်တကျ
ရက်စက်မှုထဲ ဆွဲနှစ်
ကန်ရေပြင်ထဲ ဆွဲနှစ်
သွေးမြစ်ကြီးထဲ ဆွဲနှစ်
မိုးလုံးပြည့်
မုသာဝါဒထဲဆွဲ နှစ်လည်း
ရဲဘော်က
ဘယ်တော့မှ ဦးမညွှတ်တတ်ခဲ့ဘူး။


ခရီးရှည်ချီရာမှာ
မြွေစား ခံရတာလည်းရှိ
လှေကား လန်ကျတာလည်းရှိ
မှော်ရုံတောလည်းကြုံ
ဝဲသြဃလည်း ဆုံရမှာပဲ
ရဲဘော်က
ကောင်းစွာသင်ကြားပေးခဲ့ပြီ။

မည်သို့ပင်ဖြစ်စေ
ချစ်နေဦးမည်
ရဲဘော်ရှစ်လေးလုံး
လှိုင်းဖုံဖုံ ဝိုင်းအုံကြွ
အဓိပတိလမ်းမှ
ဗိုလ်အောင်ကျော်လမ်းမှ
လူထုလမ်းမှ
သွေးစွန်းဖိနပ်တွေ
လမ်းဆက်လျှောက်ကြပေဦးမယ်။

မည်သို့ပင်ဖြစ်စေ
ချစ်သောဝိညာဉ်
မဟာအစဉ်အလာ
ဧရာဝတီထုံး
နှလုံးမူလို့
တပ်ဦးထိပ်က ဦးလည်မသုန်
ချီတက်နေမည် ယုံကြည်တယ်
အိုဘယ့် ရဲဘော်ရှစ်လေးလုံး ...။   ။
↧

ကာတွန်း OKKW ● ဒီမိုကရေစီ အုတ်မြစ်

$
0
0

ကာတွန်း OKKW ● ဒီမိုကရေစီ အုတ်မြစ်
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၇
↧
↧

မောင်လူရေး ● စစ်ကိုင်းအရေးအခင်း

$
0
0
မောင်လူရေး ● စစ်ကိုင်းအရေးအခင်း
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၇

ရှစ်လေးလုံးတုန်းက ဆွမ်းစားပြီးတာနဲ့ မိသားစုဆေးလိပ် ၅ လိပ်လောက် သင်းပိုင်အလိပ်ထဲထည့်ပြီး ဘုရားကြီး ၄၅ တာ ကွင်းထဲ သွားတော့သည်။ အဲဒီမှာ လာဟောကြပြောကြသူပေါင်း သောင်းခြောက်ထောင်။ တရက်တရက် လက်ခုပ်တီးရ လွန်းလို့ လက်တွေ ဘယ်လောက်နာနေနေ ကြိုက်တဲ့အလုံးပါရင်တော့ ထပ်တီးလိုက်သေးသည်။ သပိတ်စခန်းတွေလှည့် တဲ့နောက် လျှောက်လိုက်။ ကပ်ထားတာတွေ လိုက်ဖတ်။ ဝေတာယူ ရောင်းတာဝယ်သည်။ အားလုံးပြီးဆုံးလို့ ညပိုင်း ပြန် လာရင် ဂေါ်ဂီရဲ့ အမေစာအုပ်ထဲက စာသားတွေ နုတ်ထုတ်သည်။ စုတုပြုသည်။ ဗန်းမော်တင်အောင်ရဲ့ မြစ်ဧရာပေါ်ဝယ်လည်း အဲလို။ ဟိုစာအုပ် ဒီစာအုပ်ထဲကဟာတွေ နုတ်ထုတ်လိုက်၊ တွေးလိုက်၊ ကိုယ့်ဘာသာ ဟိုရေးလိုက် ဒီရေးလိုက်။ အထူးသဖြင့် တရက်တာ အတွေ့အကြုံတွေ အကုန်ပြန်ရေးသည်။ အဲဒီမှတ်တမ်းတွေအကုန်လုံး အမေရဲ့ မီးသဂြိုဟ်ခြင်းထဲ တခြားဂျာနယ် စာစောင်တွေနဲ့အတူ အကုန်ပါသွားပြီ။ အထူးသဖြင့် ဥတ္တမဂျာနယ်အစအဆုံးကို အလွန်နှမျောမိသည်။ ကျောင်းက သည် အထုတ်ကို အမေ့ဆီပို့လိုက်သည်။ အမေလည်း ထိမ်းသလောက်တော့ ထိမ်းသေးသည်။ ၉၀ မှာ မစိုးရိမ်ကို ဝင်စီးလို့ ပြေးရ တဲ့အချိန်မှာတော့ အမေလည်း အိမ်မှာ ဆက်မထားရဲတော့ ရှို့လိုက်ရသည်တဲ့။

တရက်တော့ ဂဠုန်နီထဲဝင်လိုက်သည်။ ကိုယ်က စာစောင်နားလုပ်ချင်သည်။ မရ။ ဝင်ဝင်ချင်း မြစ်ငယ်ကို ဒမြသွားဖမ်းရမည်တဲ့။ ဟာ မဖြစ်ဖူး။ အဲဒါတွေ မလုပ်ချင်ဘူး၊ ကိုယ့်ဗလကလည်း ဗလံလေး၊ ကိုယ့်ဇကလည်း မဟန်သေးဆိုတော့ ငြင်းရသည်။ ပေါင်းလဲတိုက်ထဲက ကိုယ်တော်ကို ဂဠုန်နီတွေ ဝိုင်းဖမ်းခုတ်ထစ်ထားတာကိုလည်း အစအဆုံးမြင်ဘူးထားသည်။ ဟောပြော ပွဲတွေ စောင့်ရှောက်ဖို့ လိုက်မလားဆိုတော့ ကိုယ့်အကြိုက်ပေါ့။ စင်ပေါ်က နေရာတကျ ဒါမှမဟုတ် ဟန်ကျပန်ကျနေရာက နားထောင်ရသည်။ အအေးတောင် သောက်ရသေးသည်။ ဆေးလိပ်လည်း အသင့်။ အဲဒီမှာ လူရွှင်တော်တွေ ဟောကြသည်။ သာဓုကို တော်တော်ကြိုက်သည်။ သူပြောတဲ့ နွားတောင် ချည်တိုင်ဟောင်းကိုတော့ ပြန်လှည့်ကြည့်သေးတာဘဲဆိုတဲ့စကား ကို အမှတ်ရသည်။ ထူးထူးခြားခြားမှတ်မိတာက စာရေးဆရာမ နုနုရည် (အင်းဝ)။ သူက အဲဒီတုန်းက အကျော်ကြားဆုံး စာရေးဆရာမ။ ကိုယ်က သူရေးတာတွေ အကုန်ဖတ်ဖူးထားတဲ့သူ။ လေးစားအားကျသူ။ သူ့ရဲ့ နမ်းမှာလားမောင်ရဲ့ မွှေး တယ်ရှင့်ဆိုတာ ဆင်ဆာအဖွဲ့နဲ့ ပွက်ပွက်ညံခဲ့သည်။ စင်ပေါ်မှာ ဆင်ဆာအဖွဲ့ကို စာပေကင်ပေတိုင်တို့ စာပေပုလိပ်ကြီးတို့ အကြိမ်ကြိမ်သုံးသည်။ အဲဒါ သူစသုံးတဲ့စကားလုံးလားမသိ။ သူက စစ်ကိုင်းအရေးအခင်းနဲ့ပတ်သက်ပြီး သူရေးမည်၊ အချက် အလက်တွေ သူစုဆောင်းနေသည်၊ သူ့ဆီကို ပို့ပေးကြဖို့ ပွဲတိုင်းမှာနှိုးဆော်သည်။ သီတဂူတရာတော်ကလည်း ရာဇောဝါဒ တွေဟောပြီး အဲဒီခွေတွေက ရတဲ့ငွေတွေ စစ်ကိုင်းအရေးအခင်းမှာ အသတ်ခံလိုက်ရတဲ့သူတွေရဲ့ ကလေးတွေအတွက်ရံပုံ ငွေလုပ်နေချိန်။ စစ်ကိုင်းအရေးအခင်းမှာ လူငါးရာလောက်အသတ်ခံလိုက်ရသည်လို့လည်းပြောကြသည်။ တိုင်းကောင်စီ ဥက္ကဋ္ဌကျော်စွာရဲ့အမိန့်နဲ့ လူအုပ်ကြီးထဲကို စပယ်ရှယ်နေရာတွေယူပြီး အသားကုန်ပစ်ခဲ့သည်ဟုဆိုသည်။ နေ့မှာဖြစ်တာ ၈၄လမ်းကနေ ကားသံတွေတညလုံးကြားနေရသည်။ ကိုယ်က မြင်းဝန်တိုက် အနောက်ဖက်ခြမ်းမှာဆိုတော့ ကြားနေရသည်။ ကားတွေ ချောဆွဲ၊ အလောင်းတွေရော မသေမရှင်တွေရော စစ်ကိုင်းတံတားပေါ်ကနေ ရေထဲပစ်ချပြီး အလောင်းဖျောက်ကြ သည်တဲ့။ နောင် ရန်အောင်မန်းကားသမားတွေကလည်း ပြောပြဘူးသည်။ နောင်တော့ အုံးတောက အကိုတယောက်က သူ့ပေါ်မှာ အလောင်းတွေပုံနေလို့ သူမသေခဲ့တာ၊ လူ့ခန္ဓာကိုယ်ထဲကို ကျည်ဆံတွေဝင်လာတဲ့အသံတွေတောင် ကြားရသည် ဟု သူ့အတွေ့အကြုံကို ပြန်ပြောပြသည်။ မြစ်အောက်က ရွာတွေက ရသလောက်ဆယ်ထားကြသည့်အလောင်းတွေပင် မနည်းမနော။ အဲဒီတုန်းက ရဲစခန်းဆီ နောင်ရိုးတင်ဝင်းကို လွှတ်ပေးဖို့ လာတောင်းဆိုကြသည့် အရပ်သားတွေကို ပစ်ခတ် သတ်ဖြတ်ခဲ့သည့် ရဲအရာရှိတယောက်သည် ဒီပဲယင်းတွင် မြို့နယ်မှူးဖြစ်ပြီး ဒီပဲယင်းလုပ်ကြံမှုကို ဆက်လက်လုပ်ဆောင်ရ သည့်သူဟုဆိုသည်။

တပါတီအာဏာရှင်က ရှစ်လေးလုံးအစကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်မှုနှင့် စခဲ့သည်။

သို့သော် လူထုအုံကြွမှုဆိုသည်ကား သေနတ်နဲ့ ဟန့်တားလို့ရတဲ့အရာ မဟုတ်ချေတကား။

မောင်လူရေး
↧

ကာတွန်း ဇာနည်ဇော်ဝင်း ● ၈၈၈၈ အရေးတော်ပုံဟူသည်

$
0
0

ကာတွန်း ဇာနည်ဇော်ဝင်း ● ၈၈၈၈ အရေးတော်ပုံဟူသည်
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၇
↧

ပြည့်ပြည့်/Myanmar Now ● ရန်ကုန် ရှစ်လေးလုံး ၂၉

$
0
0

ပြည့်ပြည့်/Myanmar Now ●  ရန်ကုန် ရှစ်လေးလုံး ၂၉ 
သြဂတ်စ် ၈၊ ၂၀၁၇

 မြန်မာနိုင်ငံအနှံ့အပြားတွင် ၂၉ နှစ်ပြည့် ၈လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အောက်မေ့ဖွယ် အစီအစဉ်များ ပြုလုပ်ကြရာ ရန်ကုန်တွင် ဆူးလေဘုရားအနီးရှိ
 မဟာဗန္ဓုလပန်းခြံ၊ သင်္ကန်းကျွန်းမြို့နယ်ရှိဓမ္မပီယ ကျောင်းတိုက်တို့တွင်လည်း ပြုလုပ်ကြသည်။

ဦးမင်းကိုနိုင် အပါအဝင် ၈၈၈၈ အရေးတော်ပုံတွင်ပါဝင်ခဲ့သူများ၊ ဒီမိုကရေစီလိုလားသူ အများအပြား တက်ရောက်ကြသည်ကို တွေ့ရသည်။


သိမ်ကြီးဈေးမှ မဟာဗန္ဓုလပန်းခြံအထိ ချီတက်လမ်းလျှောက်သည့် အစီအစဉ်လည်း ပါဝင်သည်ကို တွေ့ရသည်။ 




























↧

ရန်ကုန် ရှစ်လေးလုံး ၂၉

$
0
0
ရန်ကုန် ရှစ်လေးလုံး ၂၉
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၇

သြဂုတ်လ ၈ ရက်နေ့က မြန်မာနိုင်ငံအနှံ့အပြားတွင် ၂၉ နှစ်ပြည့် ၈လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အောက်မေ့ဖွယ် အစီအစဉ်များ ပြုလုပ်ကြရာ ရန်ကုန်တွင် ဆူးလေဘုရားအနီးရှိ
မဟာဗန္ဓုလပန်းခြံ၊ သင်္ကန်းကျွန်းမြို့နယ်ရှိဓမ္မပီယ ကျောင်းတိုက်တို့တွင်လည်း ပြုလုပ်ကြသည်။
ဦးမင်းကိုနိုင် အပါအဝင် ၈၈၈၈ အရေးတော်ပုံတွင်ပါဝင်ခဲ့သူများ၊ ဒီမိုကရေစီလိုလားသူ အများအပြား တက်ရောက်ကြသည်ကို တွေ့ရသည်။
သိမ်ကြီးဈေးမှ မဟာဗန္ဓုလပန်းခြံအထိ ချီတက်လမ်းလျှောက်သည့် အစီအစဉ်လည်း ပါဝင်သည်ကို တွေ့ရသည်။

(ဓာတ်ပုံများ - ပြည့်ပြည့်/Myanmar Now)



















↧
↧

မောင်အေးဝင်း - "ထင်းခုတ်စားကြတယ်"

$
0
0
ပန်းချီသန်းဌေးမောင်၏ ၈၈ (၂၉)နှစ် အမှတ်တရ ပန်းချီ

မောင်အေးဝင်း - "ထင်းခုတ်စားကြတယ်"
(သူ့ဖေ့စ်ဘွတ်၊ နိုဝင်ဘာ ၆၊ ၂၀၁၁) မိုးမခ၊ သြဂုတ် ၉၊ ၂၀၁၇

ထင်းခုတ်စားကြတယ်..

ဂေါ်ကီပြောသလို (ဂေါ်ကီ ရေးတဲ့ အမေဝတ္ထုထဲမှာလို့ ထင်တာပဲ) ထောင်ဆိုတာ အစိုးရက စေတနာ ဗလပွနဲ့ ဆောက်ပေးထားတဲ့ ပြည်သူတွေအတွက် နားခိုရာ ဇရပ်ကြီးလို.... လူပေါင်းစုံ၊ အလွှာပေါင်းစုံက လာရောက် တည်းခို ကြတယ်။

ကျနော်တို့တုန်းကတော့ ဒီဇရပ်ကြီးမှာ နားခိုလာသူ အများစုက ကျောင်းသားတွေ။ နောက်တော့ အထူးဆောင်ကို ပုံစံဆောင် ပြောင်းတော့ ဝန်းကျင်ကို လူပေါင်းစုံ ရောက်လာတယ်။ ကျောင်းသား၊ အလုပ်သမား၊ အရပ်သား (လူကောင်း လူဆိုး)။ စစ်တပ်ထဲက လူတွေလဲ ပါတယ်။ ဗိုလ်တွေ ရာထူးကြီးသူတွေတော့ မပါဘူး။ ဗိုလ်တွေက ထောင်ဝင်ဒါမီယာမှာ နေရတယ်။ အပြင်မှာ အခွင့်ထူးခံ၊ ထောင်ကျတော့လည်း အခွင့်ထူးခံ....။ သူ့အိမ်ယာ သူ့ဝင်း သူ့ခြံနဲ့...။

ကျနော်တို့ ဇရပ်ကြီးမှာ အချင်းချင်း တယောက်ဆီက တယောက် သင်ကြတယ်။ ကိုယ်မတတ်တာ သူ့ဆီက ကိုယ်သင်၊ သူမတတ်တာ သူ့ကို ကိုယ်က သင်ပေး... အချင်းချင်း ယိုင်းပင်းကြတယ်။ သင်ကြားခြင်းနဲ့ သင်ယူခြင်း...။ နောက်ပီး ရှိအတူ မရှိအတူ။ တလုပ်ရှိရင် တဝက်ခွဲပေးဖို့ ဘယ်သူမှ ဝန်မလေးကြဘူး..။

ကြည့်လေ.. တိုက်မှာ ကြုံရတာ၊ ပဲကြီးလှော် တထုတ်ရတဲ့ အခန်းက မရတဲ့ တခြားအခန်းတွေကို လက်တဆုပ်စာစီ ခွဲပေးတယ်။ လက်တဆုတ်စာ ရတဲ့အခန်းကလည်း ကိုယ့်အခန်းထဲ လူရှိသလောက် အညီအမျှ ခွဲကြတာချည်းပဲ။ ကျနော်တို့လို လေးယောက်ရှိတဲ့ အခန်းမှာ ပဲကြီးလှော် တယောက် ၈ စေ့လောက် ဝေပုံကျ ရတယ်။ ကိုယ်က ၈ စေ့ကို ခြမ်းတော့ ၁၆ ခြမ်း ရတယ်။ ထမင်းလေးနဲ့ ဟင်းအဖြစ် တနပ်စာ ချိုးချိုးခြံခြံ။ ထညက်ခဲလေး တလုံးရတော့လဲ တခါတည်း ကိုက်မစားလိုက်ပဲ သွားနဲ့ နဲနဲ နဲနဲ ခြစ်စားရင် ထမင်းတခါစာ ရအောင်စားရတယ်။ ဝါဒါတွေဆီက ဆေးပေါ့လိပ်တောင်းရမ်းလို့ ရရင် တိုတို ရှည်ရှည်၊ တယောက်နှစ်ဖွာဆို နှစ်ဖွာ။ အစီခံစက္ကူ မီးလောင်တဲ့အထိ မျှမျှတတ။

ဘဝတက္ကသိုလ်က သင်ပေးလိုက်တဲ့ သင်ခန်းစာတွေ ဘယ်မှာ တန်ဖိုးဖြတ်လို့ ရနိုင်မှာလဲ။

ဒီကျောင်းသားတွေဟာ ထောင်ကထွက်လို့ မိဘရင်ခွင်ကို ပြန်ရောက်တော့ ကိုယ့်ဝမ်းအတွက် ကိုယ်ကျောင်းတယ်။ ကိုယ့်လမ်း ကိုယ်လျှောက် ကြတယ်။ မိဘက တောင့်တောင့်တင်းတင်း ဟန်ကျပန်ကျ ရှိရင်တောင် "ပန်းပန်လျက်ပါ"ရုပ်ရှင်ထဲမှာ ကောလိပ်ဂျင်နေဝင်း ပြောသလို... "မိဘက အသင့်ခင်းထားတဲ့ ပန်းမွှေ့ယာ ရွှေကော်ဇောပေါ် အသင့်...."ခင်းထိုင်မချ လိုက်ကြဘူး။

ခုခေတ် ခုခါမှာ လူတလုံး သူတလုံး နေနိုင်ကြတဲ့၊ နေနေကြတဲ့ ဟိုတုန်းက ထောင်ထွက် ကျောင်းသားတွေဟာ၊ မိမိဘဝ ရပ်တည်ခိုင်မာဖို့ ကာလတခုကို တစုံတရာ ဖြတ်သန်းခဲ့ရတာ ချည်းပါပဲ။ ထောင်ကျလို့ ကိုယ့်ကို ဘယ်သူမှ ဆုလာမချဘူး။ ထောင်ကျလက်မှတ်နဲ့ ဘယ်သူ့ ဆီကမှ လက်ဖြန့် မတောင်းကြဘူး။ လက်ဝေမခံဘူး။ ကိုယ့်ဘာသာကိုယ် ရှာဖွေရလို့ ဖြစ်ဖြစ်၊ ရန်သူနဲ့ ပူးပေါင်းပြီး ရှာဖွေ စားသောက်လို့ပဲ ဖြစ်ဖြစ်၊ တခုခုကိုတော့ လုပ်ကိုင်စားသောက်ကြတာချည်းပဲ။

ကျောင်းသားတွေ (ငယ်၊ လတ်၊ ကြီး) မည်သူမျှ ကျောင်းပြန်တက်ခွင့် မရခဲ့ဘူး။ ကိုယ့်ဝမ်းကိုယ် ကျောင်းပီး ရှာဖွေလုပ်ကိုင် စားသောက်ကြရတယ်။ မှတ်မိသလောက် ပြန်ရေးကြည့်ချင်တယ်။

ကျော်မြင့်... တဲ့။ ကျောင်းသားငယ်လေးတယောက်။ ရွှေတိ၈ုံအရေးအခင်းမှာ ရွှေတိဂုံဘုရားပေါ်ကနေ အဖမ်းခံသွားရတာ။ ထောင်ထဲမှာ အစ်ကိုကြီးတွေနဲ့အတူ တိုက်ပွဲဝင်တယ်။ အတူ တိုက်ပိတ်ခံရတယ်။ ကျနော်တို့ စစ်ကြောရေးဝင်ခံနေရတုန်းမှာ ၅ တိုက်ကို ဘိုးတော်ခင်ဝင်း၊ ကိုဦးလှစော (ယခု The Wave) တို့နဲ့ ရောက်လာတယ်။ တိုက်ကာလကို ဖြတ်သန်းပြီး အဆောင်ရောက်တော့ ဒီကလေးက မီးမောင်းတွေနဲ့ တခန်းတည်း ကျပြန်တယ်။ အစ်ကိုကြီးတွေက သူ့ကို စာသင်ပေးတယ်။ ကကြီး ခခွေး သင်ပုန်းကြီးကို သင်ပေးတယ်။ သူ့ စာအံသံ ကျနော်တို့ အခန်းဆီကို ပျံ့လွင့်လာတတ်တယ်။ သူ့ဦးဏှောက်က သာမန်လို ဖွံ့ဖွံ့ဖြိုးဖြိုးတော့ မဟုတ်ဘူး။ အပြင်ရောက်တော့ ဒီကလေးကို ကျနော်ပြန်တွေ့တယ်။ တက္ကသိုလ် ဝန်းကျင်မှာ မြေပဲလှော် လိုက်ရောင်းတယ်။ ကျနော့ကို မြင်တော့ သူ့ မြေပဲလှော်ပုံးထဲက မြေပဲလှော်တထုပ် ထုတ်ကျွေး ရှာတယ်။

ကျော်မြင့်လိုပဲ.. ရွှေတိဂုံပေါ်က မိလာတဲ့ ကျောင်းသားလေးတွေ အများကြီး။ အဲဒီမှာ ခင်မောင်လွင် ဆိုတဲ့ ကျောင်းသားလေး.....။ ငယ်ငယ်က ပိုလီယို ရောဂါကြောင့် ခြေထောက်လေးတဖက်က မသန်ရှာဘူး။ သူထောင်ထဲ ရောက်နေတုန်း သူ အပြင်မှာ ဖြေခဲ့တဲ့ ၁၀ တန်းစာမေးပွဲက အောင်စာရင်းထွက်တယ်။ ဂုဏ်ထူးနဲ့ အောင်တယ်။ ထောင်က ပြန်ထွက်တော့ (၁၉၈၀ ဝန်းကျင်) သူ့ကို ရန်ကုန်ဘူတာကြီးမှာ တွေ့တယ်။ ရထားဘူတာ စင်္ကြန်တွေမှာ သတင်းစာတွေ၊ စာစောင်တွေ လက်ပွေ့ လိုက်ရောင်းတယ်။ နောက်တော့ ပလက်ဖောင်း (၁) မှာ စာအုပ်တွေ မဂဇင်းတွေကို ဖြန့်ခင်းရောင်းနေတာ တွေ့တယ်။ သူဘဝ အဆင့်ဆင့် တိုးတက်လာတာ ခု သူ စီးပွါးရေးလုပ်ငန်းတခုနဲ့ အောင်မြင်ကြီးပွါးနေတယ်လို့ ကြားမိတယ်။

အဲဒီတုန်းက ဖော်မြူလာရှိတယ်။ ထောင်ထွက် အထူးသဖြင့် ကျောင်းသားတွေဟာ ကျောင်းပြန်တက်ခွင့် မရကြတော့ အပြင်ရောက်လာတော့ စာအုပ်အငှားဆိုင် ဖွင့်တယ်၊ ဒါမှမဟုတ် နယ်ဘက်တွေ ဆင်းပြီး တွဲဘက်ကျောင်းဆရာ (ဆွဲခန့်ကျောင်းဆရာ) လုပ်တယ်၊ ဒါမှမဟုတ် အထက်တန်းရှေ့နေ စာမေးပွဲဖြေပြီး ရှေ့နေလုပ်ကြတယ်။

ကျနော်က ထောင်ကျမဲ့ ဆဲဆဲမှာ စာအုပ်အငှားဆိုင်ကလေးတခု အစပျိုးထားခဲ့တော့ နှစ်နှစ်ကြာ ထောင်ကအထွက်မှာ ဒီဆိုင်ကလေးက အရှိန်တော်တော် ရနေပြီ။ ထောင်ထဲမှာ ရဲဘော်အတော်များများက ကျနော့်စာအုပ်ဆိုင်ကလေးကို စိတ်ဝင်စားကြတယ်။ တချို့ အားကျကြတယ်။ အပြင်ရောက်ရင် သူတို့လဲ ဖွင့်မယ်ဆိုပြီး စိတ်ကူးတွေ ထုတ်ခဲ့ကြတယ်။ ထွက်လာတော့ ကျနော့်ဆိုင်ကို ရောက်လာကြတယ်။ တချို့ စာဖတ်ချင်လို့၊ တချို့ စာအုပ်အငှားဆိုင် ဖွင့်ဖို့ လာတိုင်ပင်ကြတာ။ ၂၉ လမ်းမှာ ဖွင့်တဲ့ ရှင်နေမင်းစာပေ ကိုစံမင်း(ပန်းချီစံမင်း)၊ လမ်း ၅၀ ထိပ်က အမေ့အိမ်စာအုပ်အငှားဆိုင် ကိုစန္ဒာထူးမင်းဝင်း၊ သင်္ဃန်းကျွန်း လမ်းမကြီးပေါ်ဖွင့်တဲ့ ကိုမြတ်ခိုင် (ယခု မီဒီယာဂုရုကြီး ကိုမြတ်ခိုင်)။

စီးပွါးရေးလောကမှာ မာစတာဘရိန်း အောင်မိုးသူ (ခေါ်) အေးကြည်။ စီးပွါးရေးဥာဏ်သွက်လို့ ကျနော်တို့က တိန်ရှောက်ပိန် လို့ နာမည်ပေးထားတယ်။ ထောင်ကထွက်တော့ သူ့ တက်လက်စ ဆေးတက္ကသိုလ်လဲ တက်ခွင်မရတော့ သူ့ဇာတိ မော်လမြိုင်ကို ပြန်တယ်။ အိမ်ရှေ့မှာ 'စိတ်တိုင်းကျ'လက်ဘက်ရည်ဆိုင်ဖွင့်တယ်။ ကျောင်းနေဘက် သူငယ်ချင်းတွေ ဆရာဝန်ပေါက်စတွေက၊ မော်လမြိုင်က ဆေးရုံတွေမှာ ဟောက်စ်ဆာဂျင် ဆင်းနေကြပြီ။ သူ့ဆိုင်ကို အဲဒီ သူငယ်ချင်းတွေက အလုပ်အားတဲ့အချိန်မှာ အကူ လုပ်အားလာပေးကြတယ်။ စပွဲထိုးပေးတယ်၊ ကောင်တာ ထိုင်ပေးတယ်။ ဆရာဝန်လေးတွေ စပွဲထိုးလုပ်နေတဲ့ လက်ဘက်ရည်ဆိုင် ဆိုပြီး မော်လမြိုင်မှာ နာမည် ကြီးသွားတာပေါ့။ သခင်သင်းလှိုင် တို့လို ရှေးတုန်းက သခင်လက်ဟောင်းကြီးတွေ၊ မောင်စူးစမ်းလို့ ခေါ်တဲ့ ရဲဘော်ချမ်းအေးတို့ လာပြီး သူ့လက်ဘက်ရည်ဆိုင်မှာ စတည်းချကြတယ်။ ထောက်လှမ်းရေးကလဲ ကွက်ကြည့် ကွက်ကြည့်။ ခုတော့ စိတ်တိုင်းကျ ဆိုင်က ဗမာပြည်မှာတွင်းမှာသာမက ထိုင်းနိုင်ငံ ဘန်ကောက်မှာတောင် ဖွင့်ထားတယ်။

ရဲဘော်တွေ အလုပ်မျိုးစုံ လုပ်ကြတယ်။ ရေတွက်ကြည့်ရင် ကီလီဘောတံတားမှာ ကုန်ထမ်းတယ်၊ ဘတ်စ်ကားလက်မှတ်ရောင်း လုပ်တယ်၊ ဆိုက်ကားနင်းတယ်၊ ဘဲဥရောင်းတယ်၊ အသုဘ ပွဲစားလုပ်တယ် ( ကျနော့်ကို လာပြောတယ် အသုဘအတွက် အကူညီ လိုရင်ပြောတဲ့)၊ ဘုရားပွဲတွေ လိုက်ပြီး ပြက္ခဒိန်တွေ ဗေဒင်စာအုပ်တွေ ရောင်းတယ်၊ ပလာတာ ရိုက်တယ်၊ လေးကောင်ဂျင်ဒိုင်အတွက် အော်ဂနိုက်ဇာ လုပ်ပေးတယ်... ။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသားက နယ်ဘက်ရွာတွေ သွားပြီး ဆေးကုစားတယ်၊ မင်္ဂလာဈေးမှာ ဆေးဆိုင်ဖွင့်ပြီး ဆေးရောင်းတယ်။ ရေးဘက်ကို သွားပြီး မှောင်ခို ကယ်ရီလုပ်တယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောသလို ထမင်းတလုပ်အတွက် ထင်းခုတ်ကြတဲ့ လူတွေ...။

အလုပ်မျိုးစုံ လုပ်ကြရင်းပဲ အရေးကြုံလာတော့ နိုင်ငံရေးပွဲထဲ ဝင်နွှဲကြပြန်တယ်။ ထောင်ထဲကို ဒုတိယ၊ တတိယ၊ စတုတ္ထ အထိ ဝင်ကြရတယ်။ လွတ်မြောက်တဲ့ နယ်မြေကို ရောက်သွားပြီး လက်နက်ကိုင်စွဲ တိုက်ပွဲ ဝင်ကြတယ်။

ဒီ ထောက်ထွက်တွေဆီက မျိုးဆက်သစ်တွေ ပေါက်ဖွားလာကြပြန်တယ်။ မဆုံးနိုင်တဲ့ တော်လှန်ရေး သံသရာမှာ ကျင်လည်ကြရင်း......

မောင်အေးဝင်း
↧

ကာတွန်း ATH - ဆင်းမပေးနိုင်ဘူး၊ တက် ...

$
0
0

ကာတွန်း ATH -  ဆင်းမပေးနိုင်ဘူး၊ တက် ...
(မိုးမခ) သြဂုတ် ၉၊ ၂၀၁၇
↧

ဂျူနီယာဝင်း - ဆုံးရှူံးသွားတာတွေကို အသက်ပြန်သွင်းပေးကြသူများ

$
0
0

ဂျူနီယာဝင်း - ဆုံးရှူံးသွားတာတွေကို အသက်ပြန်သွင်းပေးကြသူများ
(အတွေးအမြင်၊ သြဂုတ်၊ ၂၀၁၇) မိုးမခ၊ သြဂုတ် ၉၊ ၂၀၁၇

၁၉၉၁ ခုနှစ်ထုတ် အမေရိကန်အပတ်စဉ် သတင်းဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတဲ့ နည်းပညာသတင်းတစ်ပုဒ်ပါ။ ရေးသူက ဒယ်နီရယ် ခါဂန် (Dania Kagan) ဖြစ်ပါတယ်။ သူက မီးလောင်တာ၊ ရေကြီးတာ၊ ငလျင်လှူပ်တာ၊ ဟာရီကိန်းမုန်ုတိုင်းဒဏ်တွေ၊ ဓါတ်ငွေ့ပေါက်ကွဲမူတွေ၊ လေဆင်နှာမောင်းတိုက်ခံရတာတွေ အစရှိတဲ့ ဘေးဒုက္ခတွေကို ကြုံကြရရင် ဒါတွေအတွက် ဆုံးရှူံးမူဒဏ် ခံရဖို့ပဲရှိတယ်လို့ လူတော်တော်များများ ကတွေးကြပါတယ်တဲ့။ ဒီဘေးတွေကြောင့် ဖြစ်လာရတဲ့ ဆုံးရှူံးမူတွေကို ဘယ်လို ဖြေရှင်းကြမလဲတဲ့။

သူ့ဆောင်းပါးအစမှာ အဲသလို မေးခွန်းထုတ်ထားပါတယ်။ အဲဒီလိုဖြစ်ရပ်မျိုးတွေအတွက် ဖြေရှင်းပေးဖို့ဆိုပြီး ကုမ္မဏီတွေ တော်တော်များများက နည်းလမ်းတွေရှာပြီး အမြတ်ထုတ်ကြပါတယ်။ အဲဒီထဲမှာ “ဘလက်မိုး မိုရင်း စတင်မစ်တစ် ဘေးအန္တရယ်များ ကြောင့်ဖြစ်သော ဆုံးရှူံးမူများကို ပြန်လည်ပြုပြင်ပေးသော ကုမဏီ“ (Blackmon Mooring Streamatic Castrophe Inc.) (BMS CAT) လည်းပါပါတယ်။ သူတို့က ၂၄နာရီ ၀န်ဆောင်မူပေးမယ်လို့ဆိုတယ်။ လေဘေး၊ ရေဘေး၊ မီးဘေး၊ ဓါတုဗေဒဘေး အစရှိတာတွေ ခံလိုက်ရတဲ့ နေရာတွေအတွက် ဆုံးရှူံးသွားတာတွေကို ဘေးဒဏ်တွေ ခံပြီးပြီးချင်းမှာ အတတ်နို်င်ဆုံး ပြန်လည် ရရှိအောင် လုပ်ပေးမယ်လို့ ကြေငြာထားပါတယ်။

အမေရိကန်ကမြို့နယ်တော်တော်များများမှာ ရှိတဲ့ BMS CAT ကုမဏီတွေအပြင် အန္တလန်တာအရပ်ဒေသက TRC ကုမဏီတို့က ရေ၊လေ၊မီး၊ ဓါတုဗေဒ၊ ဓါတ်ငွေ့တွေကြောင့် ပျက်ဆီးသွားတဲ့ ကွန်ပြူတာတွေ၊ လျပ်စစ်ပစ္စည်းတွေ၊ စက်မူဆိုင်ရာ ပစ္စည်းအကြီးစားတွေကို အမြန်ဆုံး ပြန်လည်အသုံးချ၊ အလုပ်ပြန်လုပ် နိုင်အောင် ပြုပြင်ပေးမှာ ဖြစ်ပါတယ်။ “ပျက်စီးဆုံးရှူံးသွားတာတွေကို ပြန်လည်အလုပ်လုပ်နိုင်အောင် ပြုပြင်ပေးသော BMS CAT, TRC ကုမဏီ” တွေအကြောင်းကို အခုဆောင်းပါးမှာ အသေးစိတ်တင်ပြသွားမှာဖြစ်လို့ BMS CATနဲ့ TRC လို့ဆိုလိုက်ရင် စာဖတ်သူများ က ဘေးဒဏ်ကြောင့် ပျက်စီးသွားတာတွေကို ပြန်လည်ကောင်းမွန်အောင် လုပ်ပေးတဲ့ ကုမဏီတွေအဖြစ် နားလည်ပေးကြရန် ဖြစ်ပါတယ်။

BMS CAT နဲ့ TRC တို့ဟာ ရေဘေးဒဏ်သင့်လို့ ပျက်စီးသွားတဲ့ စာရွက်စာတမ်းတွေ၊ ဖိုင်တွေကို စိတ်ရှည်လက်ရှည်နဲ့ သန့်စင်ပေးမှာပါ။ အဆောက်အဦရဲ့ တစ်လက်မ စတုရန်းကွက်ကလေးတကွက်စီကိုလည်း သေချာစီစစ်ရာမှာ ပျက်စီးသွားတဲ့ ကော်ဇောတွေ၊ ပရိဘောဂတွေ၊ မျက်နှာကျက်တွေ၊ နံရံတွေ၊ ကြမ်းပြင် တွေကို သေချာဂရုတစိုက် ပြုပြင်ပေးကြပါတယ်။ သူတို့လုပ်ငန်းဟာ ၁၀နှစ်အတွင်းကို အထူးအောင်မြင်ပြီး ကျယ်ပြန့်လာတယ် လို့ဆိုပါတယ်။ BMS CAT နဲ့ TRC တွေ အောင်မြင်လာရတဲ့ အကြောင်းတစ်ချက်ကတော့ ကုမ္မဏီလုပ်ငန်း တွေအတွက် ဘေးဒဏ်တွေကြောင့် ပျက်စီးသွားတဲ့ ကွန်ပြူတာတွေ၊ လျပ်စစ်ပစ္စည်းတွေကို အသစ်ပြန်လည် ၀ယ်ထည့်တာဟာ ပျက်စီးသွားတာတွေကို ပြန်လည်အသုံးချနိုင်အောင် BMS CAT နဲ့ TRC တွေကို အပ်လိုက်တာက ပိုလည်းမြန်ဆန်ပြီး ပိုက်ဆံသက်သာလို့ ဖြစ်ပါတယ်။

အာမခံလုပ်ထားတဲ့အတွက် အာမခံကုမဏီတွေအတွက်လည်း ပိုပြီး တွက်ခြေကိုက်တယ်လို့ ဆိုတယ်။ ပျက်စီးသွားတာတွေ ပြန်လည်အသုံးချအောင် ပြင်ဆင်ပေးတဲ့ BMS CAT နဲ့ TRC တို့တွေ ရှိလာတဲ့အတွက် ပိုပြီးစိတ်ချရ၊ ပိုက်ဆံလည်းသက်သာ၊ မြန်လည်းမြန်ဆန်တာကြောင့် အကြိုက်တွေ့လာကြတာ ဖြစ်ပါတယ်။ ငွေသန်းချီပြီး တော့သက်သာသွားတာပါပဲလို့ အာမခံကုမဏီက တာဝန်ရှိသူတွေက ပြောလာကြပါတယ်။

BMS CAT နဲ့ TRC တို့တွေကြောင့် ကုမဏီလုပ်ငန်း ကြီးငယ်မရွေးအတွက်လည်း ရေ၊လေ၊ဓါတုဗေဒ ဘေးဒဏ်တွေကြောင့် ပျက်စီးသွားရလို့ ဒေ၀ါလီခံကြရမယ့်ကိစ္စမှာ သက်သာသွားရတာတွေ ကြုံကြရပါတယ်။ ရေတွေနဲ့ ပျက်စီးသွားတဲ့ထဲ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ၊ စာချူပ်တွေဟာ BMS CAT တို့လို ကုမဏီတွေကိုအပ်နှံပေးလိုက်လို့ ပြန်ရခဲ့ရတဲ့ မှတ်တမ်းတွေ အများကြီး ဖြစ်လာပါတယ်။

ဆွစ်ဇာလန်အပ်ချူပ်စက်ကုမဏီတစ်ခုဟာ မီးလောင်မူဖြစ်ပွားပြီးတဲ့နောက်မှာ နောက်ဆက်တွဲ မီး၊ ရေ၊ မီးခိုးနဲ့ ပြာတွေ အလိမ်းလိမ်းဖြစ်ပြီး ဘာမှသုံးမရဖြစ်ခဲ့ရတာတွေကို ၁၆ ပတ်အတွင်းမှာ အလုပ်ပြန်လုပ်နိုင်အောင် BMS CATနဲ့ TRC တို့က ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ စက်ရုံဟာ ရက်အနည်းငယ်အတွင်းမှာ ပြန်လည်အသက်ဝင်လာခဲ့တယ်။ အလုပ်လည်း ပြန်လည်တွင်သွားတယ်။ အာမခံလည်း သိပ်မကုန်တော့ဘူး။ TRC ကုမဏီက အရာရှိတစ်ဦးဖြစ်သူ ဂျွန် ဆိုက်တာ က ပြောရာမှာ သိပ်ကိုကြီးမားတဲ့ လုပ်ငန်းတစ်ခု ပျက်စီးသွားလို့ ပြန်လည်တည်ထောင်မယ်ဆိုရင် ၁၈လလောက်က တော့ကြာမယ်။ ဒါပေမယ့် ပျက်စီးသွားတာတွေကို စိတ်ရှည်လက်ရှည်နဲ့ ပြန်ပြုပြင်မယ်ဆိုရင် ဒိထက်မြန်မြန် အလုပ်ပြန်လုပ်လို့ရမှာပဲ လို့ဆိုပါတယ်။

ဒီလို BMS CAT နဲ့ TRC အဖွဲ့ကိုအပ်လိုက်တာက ဈေးကြီးတာတော့မှန်တယ် ဒါပေမယ့် အသစ်ပြန်လည် ၀ယ်ထည့်တာထက်တော့ သက်သာပါတယ်တဲ့။ မှန်းပြောရရင်တော့ ၁၀% ကနေ ၆၀% လောက်ကို သက်သာသွားမှာဖြစ်ပါတယ်။ ပျမ်းမျှ ၂၅ % သက်သာမှာမို့ သူတို့လုပ်ငန်းတွေ တိုးတက်လာတာ အမှန်ပါပဲ။ BMS ကုမဏီဥက္ကဌဖြစ်တဲ့ ကာ့ဘလက်မွန်က ဥပမာတစ်ခုကို ပြန်လည်ပြောရာမှာ ကွန်ပြူတာကုမ္မဏီတစ်ခု မီးလောင်သွားတဲ့အတွက် ကွန်ပြူတာအခြေခံပစ္စည်း ၂၅ခု၊ အလုပ်ရုံ ၁၅၀ ဆုံးရှူံးခဲ့ရာမှာ ဒါတွေကို သူတို့ အဖွဲ့ထဲ အပ်လိုက်တဲ့အတွက် ဒေါ်လာ ၁၀သန်း ကွန်ပြူတာတွေနေရာမှာ ဒေါ်လာ သိန်း၇၀၀ ကျသင့်ပြီး မူရင်းအတိုင်း ပြန်လည် လည်ပတ်နိုင်ခဲ့တယ် လို့ဆိုခဲ့ပါတယ်။

နောက်ဥပမာတစ်ခုပြရရင် ၁၉၈၈ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လော့အိန်ဂျယ်လစ် ဘဏ်တာဝါတစ်ခု မီးလောင်ခဲ့ရာမှာ အထပ်ပေါင်း ၆၂ထပ်ရဲ့ ကြမ်းပြင် ၄ခုစာ ဟာ ပျက်စီးသွားခဲ့ရတယ်။ မီးလောင်မူကြောင့် အပေါ်ထပ်တွေဟာ မီးဒဏ်သင့်ခဲ့ရတယ်။ အောက်ကအထပ်တွေဟာ ရေဒဏ်သင့်ခဲ့ရတယ်ပေါ့။ ဒါတွေကို အလျင်အမြန်ပြုပြင်ဖို့ လိုအပ်လာပြီ။ ဒေါ်လာ ၂၂သန်းတန်ကွန်ပြူတာစနစ်တွေ ပျက်စီးသွားခဲ့ရတယ်။ BMS CAT ဟာ ဘဏ်ရဲ့ အဓိကအရေးကြီးအစိတ်အပိုင်းတွေကို အလျင်အမြန်ပြုပြင်ပေးနိုင်ခဲ့တယ်။ အားလုံးကို နေသားတကျဖြစ်ဖို့ ဒေါ်လာ ၁၀သန်းကျော် ကုန်ကျခဲ့တယ်။ TRC က ဘဏ်အဆောက်အဦရဲ့ ပျက်စီးမူတွေကို ပြန်လည် ပြုပြင်ပေးခဲ့တယ်။ အားလုံးစုစုပေါင်း ဒေါ်လာ ၁၄ သန်းကုန်ကျခဲ့ပါတယ်။

အရင်ဆုံး တာဝန်ရှိသူ ကြီးကျပ်သူက အပေါ်စီးကနေ လေယျာဉ်နဲ့ ပျက်စီးသွားတဲ့နေရာကို ကြည့်ရူရတယ်။ BMS CAT ကုမဏီတွေဟာ အပြင်ဖက်က မီးအရှိန်ဟပ်မူကြောင့် ပျက်စီးနေတဲ့ သစ်ပင်တွေ၊ အိမ်တွေ၊ လမ်းတွေ၊ ခြံစည်းရိုးတွေမှာ ပေကျံနေတဲ့ အရာအားလုံးကို ဆီတစ်မျိုးနဲ့ သုတ်သင်ရှင်းလင်းပစ်ပါတယ်။ သူတို့အတွက် လူအကူ တွေငှားပြီး မီးလောင်မူ ဖြစ်ပွားတဲ့ အတွင်းပိုင်းထဲကို ၀င်ခိုင်းပြီး လေကောင်းလေသန့်ဝင်တဲ့ စနစ်တစ်ခုနဲ့ အတွင်းထဲက အပူဓါတ်ကို ထုတ်ပြီး အေးမြအောင်လုပ်ရပါတယ်။ အတွင်းထဲက ကွန်ပြူတာနဲ့ ပတ်သက်တဲ့ ဖလော်ပီဒစ်တွေ၊ ဆက်သွယ်ရေးစနစ်တွေ၊ နံရံ၊ ကြမ်း၊ ကော်ဇော၊ မီးလုံးတွေကအစ သန့်ရှင်းရေး လုပ်ပါတယ်။ အဲဒီအတွက် ရေစုတ်ကရိယာနဲ့ ကျပ်ခိုးတွေဖယ်ပစ်တဲ့ စနစ်တွေကို သုံးရပါတယ်။ ဒီလိုနေရာမှာ သုံးဖို့ လူတွေ့စစ်ဆေးမူတွေ လုပ်ထား၇ပါတယ်။ လူ၂၀၀ သုံးမယ်ဆိုရင် လူ၈၀၀ အင်တာဗျူးပါတယ်။ ၂ရက်အတွင်း အလုပ်စလုပ်ပါတယ်။ အလုပ်ဟာ အနည်းဆုံး ၂ပတ်တော့ ကြာပါတယ်။ ဦးစီးတဲ့သူ ၂၅၀လောက်ခန့်ပါတယ်။ တစ်နှစ်ကို အကြိမ် ၁၀၀လောက် လုပ်ငန်းခွင် ၀င်ကြရပါတယ်။ သူတို့မှာ လူ၄၀လောက်နဲ့ဖွဲ့စည်းထားတယ်။ ဓါတုဗေဒပညာရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ တခြားသော ကျွမ်းကျင်ပညာရှင်တွေကို လည်းငှားထားရပါတယ်။

၆၂ထပ်မှာ အဓိကအားဖြင့် ပြဿနာကတော့ ကျပ်ခိုးတွေပေကြံနေတဲ့ စားပွဲတွေ၊ ဘီဒိုတွေ၊ အံဆွဲတွေဖြစ်တယ်။ ဒါ့အပြင်ရေတွေကြောင့် ပျက်စီးနေတဲ့ ဆက်သွယ်ရေးစနစ်တွေ၊ အချက်အလက်တွေသိမ်းဆည်းထားတဲ့ ဖိုင်တွေပါပဲ။ TRC ဟာ တောင်တက်သမားတွေငှားပြီး ၃၃ထပ်က နေစလို့ ဓါတ်လှေကားတစ်လျောက်ကို တက်ခိုင်းပီး သူတို့အဖွဲ့သားတွေအတွက် လမ်းဖွင့်ခိုင်းပါတယ်။ အဖွဲ့သားတွေဟာ ဂါလန် ၅၀၀၀လောက်ရှိတဲ့ ဆီချေးတွေကို ဖျက်တဲ့ အဆီကို သုံးပြီး ဓါတုဗေဒဆိုင်ရာ စုတ်တဲ့ ပစ္စည်း ၁၇၉ ၄၅ခု၊ ပေါင် ၁၅၄၀၀ စာလောက်ရှိတဲ့ အ၀တ်စတွေ၊ ထောင်ချီတဲ့ သပွတ်တံတွေ၊ ခြောက်အောင်လုပ်တဲ့ ကရိယာတွေ၊ ၀ါယာာကြိုးတွေနဲ့ ဂွမ်းတွေ အသုံးပြုကြရတယ်။ ဓါတုဗေဒပစ္စည်းတွေ၊ လှေကားတွေ၊ ခံနိုင်ရည်ဦးထုတ်တွေ၊ ခြင်းတွေ၊ တောင်းတွေနဲ့ ကိုယ့်ကျရာ ကဏ္ဍကို လုပ်ဆောင်ကြရတယ်။

သူတို့လုပ်ရတဲ့ အမြန်နှူန်းဟာ အရေးကြီးပါတယ်။ မြန်လေ၊ ကောင်းကောင်း ပြန်ရလေဖြစ်တယ်။ ပျက်စီးမူနှူန်းဟာ မြန်တယ်။ ဒါကြောင့် ဒီ့ထက်ပိုမပျက်စီးခင် မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် အလုပ်လုပ်ရပါတယ်။ ဘေးဒဏ်တစ်ခုကြုံပြီဆိုတာနဲ့ တန်ဖိုးရှိတာတွေ ပြန်ရစေချင်ရင် သူတို့လက်ထဲ အမြန်အပ်လိုက်တာ အကောင်းဆုံးပါပဲ။ အဖြစ်အပျက်ပေါ်မူတည်ပြီး ဈေးနှူန်းတွေက ကွာပါတယ်။ ဆုံးရှူံးမူ အသေးအမွှား လောက်ပဲ ပြုပြင်မူတွေဆိုရင်တော့ အနည်းဆုံး ဒေါ်လာ ၃သောင်းခွဲကနေ ဒေါ်လာ သန်းအနည်းငယ် တော့ကုန်မှာဖြစ်တယ် လို့တွက်ပြထားတယ်။ အဲဒီအဖွဲ့တွေဟာ ဘယ်လောက်သေးတဲ့ ပျက်စီးမူပဲဖြစ်ဖြစ် သေချာ ကောင်းကောင်းမွန်မွန် လက်ခံဆောင်ရွက်ပေးတယ် လို့ဆိုတယ်။

တခါတရံမှာလည်း ဓါတုဗေဒပစ္စည်းတွေကြောင့် ပျက်စီးရတာတွေရှိပါတယ်။ သိပ်ကို တန်ဖိုးရှိပြီး နုနယ်တဲ့ စက်ရုံထုတ်ပစ္စည်းတွေဆိုရင်လည်း သူတို့က အသေးစိတ်ဆောင်ရွက်ပေးပါတယ်။ အက်စစ်ဓါတ်ငွေ့တွေကြောင့် မီးလောင်မူတွေဖြစ်လို့ ရေဂါလန်တွေ ထောင်နဲ့ချီပြီး ငြိမ်းသတ်ခဲ့ရတဲ့ အဖြစ်တွေ ကြုံရတတ်ပါတယ်။ စက်ရုံအတွင်းပိုင်းတွေဟာ ပင်လယ်ထဲက ရေတွေနဲ့ ငြိမ်းသတ်ခဲ့ရတာကြောင့် မီးငြိမ်းသွားတဲ့အခါ ပင်လယ်ရေညှိတွေတက်နေတဲ့ ရေညစ်တွေကြားထဲ တော်တော် ပျက်စီးသွားခဲ့ရတယ်။ အဲယားကွန်းစက်တွေ၊ လျှပ်စစ်လှေကားတွေ၊ ဓါတ်လှေကားတွေ၊ မော်တာတွေ၊ အစားအစာလုပ်တဲ့ ပစ္စည်းကရိယာတွေ အစရှိသဖြင့်ဟာ သုံးမရတော့လောက်အောင် ဒုက္ခရောက်နေတာတွေ တွေ့မြင်ကြရတယ်။ ဒါတွေအတွက်လည်း သူတို့ဟာ အသေးစိတ်ဆောင်ရွက်ပေးကြတာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ ဆန်ဖရန်စစ်စကို က ငလျင်ဘေးတုန်းကဆိုရင် BMS CAT နဲ့ TRC အဖွဲ့တွေဟာ အများကြီး လှူပ်ရှားခဲ့ရပါတယ်။

BMS CAT ဟာ အခု ၂၀၁၇ ဆိုရင် သက်တမ်းအားဖြင့် ၆၉ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၉၄၈ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ သူတို့စစချင်းလုပ်ငန်းဟာ အိမ်တွေ၊ ဆိုင်တွေ၊ ကုမဏီတွေအတွက် အိမ်ထောင်ပရိဘောဂများသန့်စင်ခြင်း၊ အရောင်တင်ခြင်း ဖြစ်ပါတယ်။ ဒီလိုနဲ့တဖြေးဖြေး မီးဘေး၊ရေဘေးဒဏ်သင့်လို့ ပျက်စီးသွားတာတွေကို ပြန်လည်အသုံးချလို့ရအောင် ပြုပြင်ပေးတဲ့ လုပ်ငန်းတွေအဖြစ် တိုးချဲ့လာတယ်။ ၁၉၈၁ခုနှစ်ကစလို့ ကမ္ဘာနိုင်ငံတွေကြားထဲ အသိအမှတ်ပြုလာတဲ့ လုပ်ငန်းဖြစ်လာပြီး အာရုံစိုက်ခံခဲ့ရတာပါ။ ဒါဟာ ကမ္ဘာအနှံ့အပြား ကြုံတွေ့နေကြရတဲ့ သဘာဝဘေးတွေကြောင့်လည်း လုပ်ငန်းဟာ ပိုတွင်ကျယ်လာရတာ ဖြစ်ပါတယ်။ သူတို့တတွေရဲ့ ကြွေးကြော်သံကတော့ သူတို့ဟာ စေတနာရှိတယ်။ သူတို့အလုပ်ကို ချစ်မြတ်နိုးတယ်။ တန်ဖိုးထားတယ်။ ဒါဟာ သူတို့အလုပ်အောင်မြင်လာရတဲ့သော့ချက် ဖြစ်ပါတယ်တဲ့။

မီး၊ ရေ၊ လေ၊ သဘာဝ ဘေးသင့်လို့ တစ်ခုခုဖြစ်ရင် ဘာမှပြန်မရတော့ဘူးလို့ လူတွေက အလွယ်တကူတွေးပြီး ပျက်စီးသွားတာတွေကို လွှတ်ပစ်လိုက်ဖို့ပဲ တွေးကြတာများပါတယ်။ နာဂစ်မုန်တိုင်းကျတုန်းက တန်ဖိုးရှိစာအုပ်တွေဟာ ရေဒဏ်ကြောင့် စာမျက်နာတွေကပ်ပြီး ခွာမရတော့လို့ နမြောသာလည်း လွှတ်ပစ်ခဲ့ရတာတွေ ပြန်မြင်ယောင်နေမိတယ်။ BMS CAT နဲ့ TRC လိုအဖွဲ့တွေ ငါတို့မြန်မာပြည်မှာ ရှိရင်တော့ ယနေ့ခေတ်မှီလာတဲ့ နည်းပညာတွေနဲ့ဆို ပြန်ရချင်လည်း ရနိုင်တာပေါ့လေ လို့သည်ဆောင်းပါးလေးရေးရင် တွေးနေမိပါတယ်။

ဂျူနီယာဝင်း
↧

မောင်ကျော်မော် - ခိုင်ထူး လည်း ကျော်ဖြတ်နိုင်ပါစေ - ကျနော်တို့လည်း ကျော်ဖြတ်ကြမယ်

$
0
0
Art - Than Htay Maung, Collection by Aung Min


မောင်ကျော်မော် - ခိုင်ထူး လည်း ကျော်ဖြတ်နိုင်ပါစေ - ကျနော်တို့လည်း ကျော်ဖြတ်ကြမယ်
မိုးမခ။ (၂၀၁၇ ခုနှစ်၊ သြဂုတ် ၉ ရက်)


အဆိုတော်ခိုင်ထူး အသည်းအသန်ဖြစ်နေတဲ့ သတင်းတွေကြားရပြီး ပေါ်လာတဲ့ အတွေးနဲ့အမြင်ကို တင်ပြတာပါ။ စာဖတ်သူ များနဲ့ သဘောထား အမြင်ညှိနှိုင်းတဲ့ သဘောနဲ့ ရေးသားတင်ပြတာပါ။

ခိုင်ထူး ကျန်းမာရေးအခြေအနေကြားရတော့ စိတ်မကောင်းဘူး။ ကိုယ်နှစ်သက် သဘောကျတဲ့အဆိုတော်တစ်ယောက် မဟုတ်လား။ ခိုင်ထူးရဲ့လူပုဂ္ဂိုလ်အနေအထားကို ကျနော် သေချာမသိပါဘူး။ “ခိုင်ထူးသီချင်း”အများစုကို (ကြီးကြီးကျယ်ကျယ်ပြော ရရင် ခိုင်ထူးအနုပညာ) ကျနော်ကြိုက်တယ်။ ဒါဟာ ရိုးရိုးရှင်းရှင်းကိစ္စပါ။

ခိုင်ထူးသီချင်းတွေကို ကြည့်တော့ သူကိုယ်တိုင်ရေးတာပါတယ်၊ ကိုမောင်မောင်(အဉ္ဇလီ)၊ ကိုနေဝင်း၊ ဂျေမောင်မောင်၊ ရာပြည့်တို့ရေးတာတွေက အများစု ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ သီချင်းတွေက သီချင်းတွေထဲက အဘိဓမ္မာတွေက ဘဝကိုဖြစ်ဖြစ် ၊ အချစ်ကိုဖြစ်ဖြစ် ပေါက်ကွဲထားတာ၊ စကားလုံးတွေက မိုက်တယ်။ ဥပမာပြရရင် ဒီလိုစာသားမျိုးတွေပေါ့ - 

“ လိမ္မာတတ်အောင် မိုက်မဲဖူးရမယ် --- ချစ်ခင်တတ်အောင် မုန်းမေ့ဖူးရမယ် --- ဒါဟာ လောကရဲ့သစ္စာတရား --- မပြေလည်တာတွေ မမျှတတာတွေ အကြား ဖျောက်ပစ်ချင်တာ ဘဝတစ်ခုပါ ဘဝထဲမှာ လူတွေထဲမှာ လောကရဲ့သစ္စာတရား ရှိနေတယ်”

ဒီလိုစာသားတွေကို ခိုင်ထူးက သူ့ရဲ့ အသံနဲ့မာန်ပါပါ အော်ဟစ်ပေါက်ကွဲပစ်တာဖြစ်ပါတယ်။

ဒီတေးသံ၊ ဒီတေးသံထဲမှာပါတဲ့ အဘိမ္မာတွေက ကျနော် တို့ လူငယ်တွေရဲ့ ရင်ကိုလာရောက် ထိမှန်တာပါ။

ဒါဟာ အနုပညာဖန်တီးသူ (တေးရေး) သီဆိုသူ (အဆိုတော်) ခံစားသူ (ပရိတ်သတ်) တို့ တထပ်တည်းပေါင်းစည်းမိ သွား တာပါ။ ဒီအချက်ကပဲ အနုပညာရှင်တွေအတွက် “အောင်မြင်မှု” ကို သယ်ဆောင်လာတာပဲ မဟုတ် ပါလား။

ကျနော့်အမြင်မှာတော့ ခေတ်နဲ့လူငယ်တွေ(ရင်ခုန်သံခံစားမှု)ဟာ ကဗျာနဲ့သီချင်းထဲမှာ အများဆုံးရှာဖွေတွေ့နိုင်မယ့် နေရာလို့ ကျနော်မြင်တာပါပဲ။ အခြားနေရာတွေမှာလည်းရှိမှာပါ။ ဒါပေမယ့် လူငယ်တွေရဲ့ခေတ်ပြိုင်ခံစားမှုကိုတော့ ကဗျာနဲ့တေးသီချင်း တွေထဲမှာ အများဆုံးရှာဖွေတွေ့နိုင်မယ်လို့ ကျနော်တော့ ယုံကြည်နေတာပါပဲ။

ဒါဟာ လူငယ်တွေမျက်မှောက်ပြုထားတဲ့ ကမ္ဘာလောကလို့ဆိုရမှာပါပဲ။ အဲဒီကမ္ဘာလောကထဲမှာ လူငယ်တွေရဲ့ အသံမျိုးစုံ အဆက်မပြတ်မြည်းဟည်းပေါက်ကွဲနေပါတယ်။ လောကကြီးကို သရော်တာ၊ နှစ်လို ဖွယ်ရာ၊ စက်ဆုတ်နေတာ၊ မြတ်နိုးချစ်ခင်နေတာ ဒါမှမဟုတ် အချစ်ကို ဖွဲ့နွဲ့ပြနေတာ ...

 “ ကိုယ့်ချစ်သူ ဆွဲလွဲလေးလို ရယ်သံချိုတဲ့အခါ မွန်းတည့်ချိန် နေလည်း ပူတယ်မထင်ခဲ့မိပါ အင်အား မဟာ ရူးသွပ်ချင်းလို့ ခေါ်ချင်ခေါ်တော့ကွယ် --- ပန် မဖြစ်တယ် အချစ်ရဲ့အရိပ်ကလေးတွေ ရင်ထဲမှာ တစ တစစီကြွေ ---”။
ကျနော်တို့ ထိုသို့ ဝေခဲ့၊ ကြွေခဲ့ကြတာပဲ မဟုတ်ပါလား။ “ မကျေနပ်ဘူး၊ သိလား ” ဆိုတဲ့စကားကိုပြောနေသမျှ ကျနော်တို့ဟာ “ခိုင်ထူး” ကို အမှတ်ရနေကြအုံးမှာပါ။ ဒီအခွေ (မကျေပ်ဘူး၊သိလား) ဟာ “ခိုင်ထူး” ကို ခိုင်မာ ထူးခြားစေခဲ့တာပဲမဟုတ်ပါလား။

ဒီနေရာမှာ ကျနော်သတိပြုမိတဲ့ အချက် ၂ ချက်ကိုတင်ပြချင်ပါတယ်။ ဒီ ၂ ချက်က အနုပညာသမားတွေ မကင်းနိုင်တဲ့ မရှောင်နိုင်တဲ့ အကြောင်းအချက် ၂ ခုပါ။ ( အကြွေးနဲ့သေခြင်းတရားကို လူတိုင်း မကင်းနိုင်သလိုပါပဲ)

ပထမတစ်ခုက အလွန်အားနာစွာနဲ့ပြောရင် (အရက်အပါအဝင်) မူးယစ်ဆေးဝါးနဲ့ မကင်းနိုင်တဲ့ အဖြစ်ပါ။

ဒုတိယတစ်ခုက အုပ်စိုးသူများရဲ့ “အနုပညာပေါ်တာဆွဲခြင်း” ခံကြရတဲ့ အဖြစ်ပါ။

ဒီနှစ်ခုကိုလည်း အနုပညာရှင်တွေ မကင်းနိုင်ကြပါဘူး။ ဒီနှစ်ခုဟာ သက်ဆိုင်ရာ အနုပညာရှင်ရဲ့ “အသက်နဲ့အောင်မြင်မှု” ကို အကြင်နာကင်းမဲ့စွာ အဆုံးစီရင်ပြစ်တတ်တယ်ဆိုတဲ့ တူညီတဲ့ထူးခြားချက်ရှိမှုကိုလည်း သတိပြုမိပါတယ်၊ ဒီအချက်တွေကို သက်ဆိုင် ရာနေရမှာ ထည့်သွင်းရေးသားပါ့မယ်။

အနုပညာသမားနဲ့ (အရက်အပါအဝင်) မူးယစ်ဆေးဝါး
ကဗျာနဲ့ဂီတဟာ လူငယ်တွေအတွက် စိတ်ကို ပြောင်းလဲစေနိုင်သလိုပါပဲ။

ဂီတလောကက ကြယ်ပွင့်တွေဟာ (နိုင်ငံတကာမှာပဲဖြစ်ဖြစ် ပြည်တွင်းမှာပဲဖြစ်ဖြစ်) မူးယစ်ဆေးဝါးနဲ့ မကင်းနိုင်တာကို သတိပြုမိပါတယ်။

အနုပညာလောက (အထူးသဖြင့် တေးဂီတနယ်ပယ်မှာ) လူငယ်တွေဟာ ဆံပင်ရှည်တာနဲ့မကင်းသလို မူးယစ်ဆေးဝါးသုံးစွဲမှု ဘက်ကိုလည်း တိမ်းလွယ်ညွတ်လွယ်တာကို သတိပြုမိပါတယ်။ ထို့အတူ ကိုယ့်ကိုယ် အဆုံးစီရင်မှုတွေနဲ့ မကင်းတာလည်း ငြင်းပယ်ခြင်း ငှာ မစွမ်းသာတဲ့ နာကျင်ဖွယ် အဖြစ်မှန်တစ်ခုပါပဲ။ ဒါဟာ နိုင်ငံတကာမှာရော မြန်မာပြည်မှာပါ တူညီတဲ့အချက်တစ်ခုပါ။ မူးယစ်ဆေးဝါး ရဲ့နွံထဲမှာ အချိန်မတိုင်မီ နစ်ကျွံကျသွားကြရတဲ့ အနုပညာရှင်တွေကို ကျနော် ဆွတ်ဆွတ်ကြင်ကြင် နှမျောပါတယ်။

ဂီတနဲ့မူးယစ်စေတတ်သောဆေးဝါး မခွဲနိုင်မခွာရက် ပေါင်းစပ်နေမှုဟာ ကျနော့်အဖို့တော့ ဒီနေ့အထိ အဖြေရှာမရနိုင်သေးတဲ့ အိပ်မပျော်သောညတစ်ညရဲ့ပုစ္ဆာတစ်ပုဒ်ဖြစ်နေဆဲပါ။

သေချာတဲ့အချက်ကတော့ မူးယစ်ဆေးဝါးက ကျနော်တို့ချစ်ခင်မြတ်နိုးတဲ့ အနုပညာရှင်တွေကို အနက်ဆုံးတွင်းထဲကို ခေါ်ယူ သွားတာနဲ့ အဆုံးသတ်ကြရတာချည်းပါပဲ။ ( ဒီနေရာမှာကျနော်သိလိုတဲ့ မေးခွန်းက အနုပညာဖန်တီးမှုမှာ မူးယစ်ဆေးဝါးရဲ့ အရေးပါ မှုဟာ ဘယ်လောက်အတိုင်းအတာအထိပါဝင်နေပါသလဲ။ ဒါကို ဆေးပညာ/စိတ်ပညာရှုဒေါင့်ကပါ စနစ်တကျ အဖြေရှာသင့်ပါတယ်) ဒီလိုရေးလိုက်လို့ အနုပညာရှင်တိုင်း မူးယစ်ဆေးဝါးနဲ့မကင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။

အနုပညာသမားနဲ့အုပ်စိုးသူအစိုးရ
အဆက်ဆက်သော အုပ်စိုးသူတွေဟာ လူငယ်တွေနဲ့ရင်ခုန်သံ၊ လူငယ်တွေရဲ့တေးဂီတ (အထူးသဖြင့် ကဗျာနဲ့သီချင်း) ကို နားကလောခဲ့ကြတာပါပဲ။ ကြိုဆိုအားပေးခြင်းမရှိဘဲ။ ဆန့်ကျင်ရှုံ့ချခဲ့ကြတာချည်းပါပဲ။ သရုပ်ပျက်တေးဂီတတဲ့။ ထိုသို့ (မဆလ) တိုက်ပုံ ဝတ်လူကြီးလူကောင်းများဟာ သရုပ်ပျက်တေးဂီတလို့သာ တဖက်မှာ မေးငေါ့ သရုပ်ဖျက် ကန့်ကွက်ခဲ့ကြပေမယ့် သူတို့နိုင်ငံရေးအတွက် မှိုင်းတိုက်ဝါဒဖြန့်ချိဖို့ရာမှာတော့ (သူတို့အခေါ်) “သရုပ်ပျက်တေးဂီတ” ကို အသုံးတော်ခံစေဖို့ နဲနဲမှ မပျက်ကွက်ခဲ့ကြပါဘူး။

ရုပ်ရှင်ဂီတအနုပညာရှင်တွေကို သူတို့ ဝါဒဖြန့်ချိရေးတွက် ပေါ်တာဆွဲခဲ့ကြပါတယ်။ အသုံးချခဲ့ကြပါတယ်။

ဟိုးခေတ်တုန်း(မဆလ)က ( မဲရုံကို မဲရုံကို လာကြ လာကြ မဲပေးကြမယ်ကွာ ) တဲ့။

ဒီဘက်ခေတ်(နဝတ-နအဖ) မှာတော့ ( ညည်း ၁၈ နှစ်ပြည့်ပြီလား) တဲ့။

ရုပ်ရှင်နဲ့ဂီတနယ်ပယ်က ပိုပြီးအသုံးချခံတာဟာ ဒီအနုပညာရဲ့ထူးခြားချက်ဖြစ်တဲ့ လူထုနဲ့တိုက်ရိုက်ထိတွေ့ပြီးသြဇာ သက် ရောက်စေနိုင် တဲ့ ထူးခြားချက်ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ သူတို့ဟာ အုပ်စိုးသူက အာဏာနဲ့ဆင့်ခေါ်တာကို ဗြောင်ငြင်းဆန်နိုင်ဖို့ သိပ်ကို ခက်ခဲပါတယ်။ အုပ်စိုးသူဟာ သူတို့အနုပညာတင်ဆက်ခွင့်ဖြော်ဖြေခွင့်ကို ဆိုတဲ့ “အသက်နဲ့ အညှာ” ကိုကိုင်ထားပြီး အနိုင်ကျင့်အသုံးချ တာပါ။ ဒါကြောင့် တချို့အနုပညာသည်တွေဟာ အုပ်စိုးသူအစိုးရရဲ့ ဒီလို အနုပညာပေါ်တာဆွဲတာကို မလူးသာမလွန့်သာပဲ ခံကြ ရရှာပါတယ်။ ဒီအခါမှာ လက်တွေ့အကျိုးဆက်ကတော့ ပြည်သူလူထုရဲ့အချစ်ပျယ်ခြင်းကို ခံကြရတာပါပဲ။

တချို့ဟာ “နိုင်ငံတော်အဆိုတော်ကြီး”အဖြစ် (စိတ်ရောကိုယ်ပါ) သက်ဆုံးတိုင်အသုံးတော်ခံသွားသူတွေရှိသလို၊ တချို့က လည်း မလွန်ဆန်နိုင်တဲ့ အကြောင်းတရားတွေအောက်မှာ အုပ်စိုးသူရဲ့ “အနုပညာပေါ်တာ” ထမ်းကြရပါတယ်။

ယတိပြတ်သဘောမေးလာရင်တော့ ကျနော်ဟာ “မေ့ကွက်ကို ရှာ” သူ ဘက်မှာရပ်တည်မှာပါ။

“တကျော့နှစ်ကျော့တေးကို သီ ” မယ့်သူ လုံးဝ မဟုတ်ပါဘူး။

အုပ်စိုးသူအစိုးရအတွက် စိတ်ရောကိုယ်ပါအမှုတော်ထမ်းကြတဲ့ အနုပညာရှင်ဆိုသူတွေကိုတော့ ကျနော်တို့ဟာ အုပ်စိုးသူတွေ အပေါ်သဘောထားသလို သဘောထားလိုက်ရုံပါပဲ။ အဲဒီလို အနုပညာရှင်ဆိုသူတွေက သူတို့အနုပညာတွေကို အရေအတွက်နဲ့ မျက်နှာ လိုအားရဖော်ပြပြောဆိုကြပါတယ်။ နိုင်ငံတော်အတွက်အကျိုးပြုသီချင်းဘယ်နှပုဒ်ရေးစပ်ခဲ့တယ်တဲ့။ ဒီလိုအပြောအဆိုမျိုးဟာ အင်မတန် စက်စုတ်ဖွယ်ရာပါ။ ကျနော်အဖို့တော့ အနုပညာဆိုတာ အရေအတွက်သက်သက်ကိစ္စမဟုတ်ပါဘူး။ “အရည်အချင်း” ကိစ္စပါ။ “ဘယ်သူ့ အတွက်အကျိုးပြုသလဲ” ဆိုတဲ့ ကိစ္စပါ။

ဒါပေမယ့် မလွန်ဆန်နိုင်တဲ့ အကြောင်းတရားမျိုးစုံအောက်မှာ အနုပညာပေါ်တာထမ်းကြရတဲ့ အနုပညာသမားတွေအပေါ် မှာတော့ ခွဲခြားမှုမရှိ၊ နားလည်စာနာမှုနည်းနည်းမှ မပြုတော့ဘဲ၊ အုပ်စိုးသူတွေရဲ့အသုံးတော်ခံတွေ၊ အလုပ်အကျွေး တွေဆိုပြီး တဖက် သတ်တွန်းပို့ပစ်တာဟာ မဆီလျော်ဘူးလို့ယူဆပါတယ်။ ခွဲခြားမှုရှိရှိနဲ့ အသိအမှတ်ပြုရမှာပါ။

စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီအောက်မှာဆိုရင်တော့ ဘယ်လိုအနုပညာနယ်ပယ်က အနုပညာသမားပဲဖြစ်ပါစေ သူကိုယ်ပိုင်ရွေး ချယ်တဲ့နိုင်ငံရေးလမ်းကြောင်းကနေ သူ့အနုပညာနဲ့ ဖျော်ဖြေတင်ဆင်နိုင်ခွင့်၊ အလုပ်အကျွေးပြုနိုင်ခွင့်ရှိပါတယ်။ သူနှစ်သက်ရာ နိုင်ငံရေး နဲ့နိုင်ငံပါတီကို မဲပေးနိုင်ပါတယ်။ အဲဒီပါတီအောင်နိုင်ရေးမှာ သူ့အနုပညာနဲ့သူတတ်စွမ်းသလို ဆောင်ရွက်နိုင်ခွင့် ရှိပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးလမ်းကို လျှောက်လှမ်းနေတဲ့ ကာလမျိုးမှာတော့ ပြည်သူတွေဘက် စစ်မှန်တဲ့ဒီမိုကရေစီအရေးတော်ပုံ ဘက်ကပဲ ရပ်တည်စေချင်တာကတော့ ကျနော်ဆန္ဒနဲ့သဘောထားပါပဲ။

ရွေးချယ်လျှောက်လှမ်းတာ မလျှောက်လှမ်းတာကတော့ သက်ဆိုင်ရာ အနုပညာရှင်ရဲ့ရွေးချယ်မှုပဲဖြစ်ပါလိမ့်မယ်။

“အနုပညာ” ဆိုတာ သမိုင်းခေတ်ကာလနဲ့ ပြည်သူလူထုရဲ့ခံစားမှုနဲ့အသံကို ထင်ဟပ်ဖော်ထုတ်ပေးဖို့ စုစည်းပေါင်းစပ်ပေးဖို့ အားမာန်ကိုပေးဖို့ လို့ ကျနော်ယူဆပါတယ်။ “ခံစားမှု” ဆိုတာဟာလည်း နံ့သာထုံတဲ့ ညတစ်ညကနေ ခေတ်ပြောင်းတော်လှန်ရေးအထိ ကျယ်ပြန့်နက်ရှိုင်းတယ် မဟုတ်ပါလား။

ခိုင်ထူးရဲ့သီချင်းနဲ့နိဂုံးချုပ်လိုက်ပါတယ်။

“ဘယ်အမှောင် ဘယ်လိုမှောင်လည်း တစ်နေ့တော့လင်းရမယ် အားမလျှောနဲ့လေ အားလုံးကို ကျော်ဖြတ်ရမယ်” တဲ့။

ဘယ်လို မှောင်မိုက်မှုမျိုးပဲဖြစ်ဖြစ် “ခိုင်ထူး” လည်း ကျော်ဖြတ်နိုင်ပါစေ။

ကျနော်တို့လည်း ကျော်ဖြတ်ကြမယ်။

ရိုသေစွာဖြင့်
မောင်ကျော်မော်
၉ သြဂုတ်


↧
↧

ဇော်အောင် (မုံရွာ) ● ကချင်ပြည်နယ်နှင့် တရုတ်၊ မြန်မာတို့နှင့် အာစီယံမဟာဓာတ်အားလိုင်း သွယ်တန်းရေး

$
0
0

ဇော်အောင် (မုံရွာ) ● ကချင်ပြည်နယ်နှင့် တရုတ်၊ မြန်မာတို့နှင့် အာစီယံမဟာဓာတ်အားလိုင်း သွယ်တန်းရေး
(မိုးမခ) သြဂတ်စ် ၉၊ ၂ဝ၁၇

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့် ဇူလိုင် ၂ဝ၁၇ RFA ကို "ကချင် ပြည် နယ်မှာ လျှပ်စစ်ထုတ်လုပ်မှု ၁၃၃ မဂ္ဂါဝပ် ရှိပြီး၊ ပိုလျှံလျှပ်စစ်ဓာတ်အား ၉ဝ မဂ္ဂါဝပ်လောက်ရှိကြောင်း၊ ရွာပေါင်း ၂ဝဝဝ ကျော် ထဲက ၈ဝဝ ကျော်သာ လျှပ်စစ်မီးရရှိပြီး ရွာပေါင်း ၁၂ဝဝ ကျော်ကို မီးမပေးနိုင်သေးကြောင်း၊ ၁၁ ကေဗွီလိုင်း ဆွဲနေ၊ ဆွဲပြီး နေပေမဲ့ ခရီးဝေးဆိုရင် ဓာတ်အားဆုံးရှုံးမှုတွေများကြောင်း၊ ၆၆/၃၃ ကေဗွီ ဆွဲခွင့် ပြည်နယ်အစိုးရကို ပေးစေလိုကြောင်း။ ၆၆ ဓာတ်အားလိုင်း ဖားကန့်၊ ကားမိုင်း ဓာတ်အားခွဲစက်ရုံတွေလဲ ဆောက်ပြီးပေမဲ့ နယ်မြေလုံခြုံမှု မရသေးလို့ မဖြန့်ဖြူးနိုင် သေးကြောင်း" .. ပြောသွားပါတယ်။

ပြဿနာများကတော့ ...
၁။ ကချင်ပြည်နယ်တွင် လက်ရှိ လျှပ်စစ် ပိုလျှံပြီး၊ မဟာဓာတ်အားလိုင်းမရှိသဖြင့် ကျေးရွာနှင့် အခြားဒေသများသို့ မဖြန့် ဖြူးနိုင်သေး။
၂။ မြစ်ကြီးနား၊ ဝိုင်းမော် လျှပ်စစ်ဓာတ်အားခ အလွန်ဈေးကြီးနေခြင်း တယူနစ် ၃ဝဝ ကျပ်
၃။ ကချင်ပြည်နယ်တွင်း မီနီဂရစ် ရေအားလျှပ်စစ် အသေးစားများ ဆောက်လုပ်ရန်
၎။ ၆၆/၃၃ ကေဗွီ လိုင်းဆွဲခွင့် ပြည်နယ်အစိုးရအား ပေးအပ်ရန် (၁၁ ကေဗွီလိုင်း ဓာတ်အားလိုင်း ဆုံးရှုံးမှုများလို့ ဖြစ်ပါတယ်။)

ကချင်ပြည်နယ်အနာဂါတ်မှာ ရေအားလျှပ်စစ် အမြောက်အများ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြန့်ဖြူးဖို့ မိုင်ပေါင်းများစွာအတွက် ၂၃ဝကေဗီ၊ ၁၁ဝကေဗွီ မဟာဓာတ်အားလိုင်းများ အရင်သွယ်တန်းဖို့လိုပါတယ်။ ကမ္ဘာ့ဘဏ်က ချေးငွေနဲ့ မဟာဓာတ်အားလိုင်းများက ကချင်ပြည်နယ်က လျှပ်စစ်ကို လိုင်းဆုံရှုံးမှုနည်းစွာနဲ့ သွယ်တန်း၊ ယူသုံးဖို့လည်း လိုအပ်ပါတယ်။



● ကမ္ဘာ့နိုင်ငံများ လျှပ်စစ်ရောင်းချခြင်းများ
ပထမဆုံး မဟာဓာတ်အားလိုင်းက ၁၈၈၅ ခုနှစ် အီတလီနိုင်ငံမှာ စတင်ခဲ့ပြီး၊ ၁၉ ကီလိုမီတာ 2 KV, 22KW ဖြစ်ပြီး Siemens & Halske အော်တာနေတာသုံးပါတယ်။ ဥရောပနိုင်ငံများကတော့ လျှပ်စစ်ဓာတ်အားလိုင်းများ ကား၊ ရထားလမ်းလိုပဲ ဆက် သွယ်ရောင်းချကြတာ ၁၉ ရာစုကတည်းက ဖြစ်ပါတယ်။ ဗို့အား 300KV နဲ့လွှတ်ရင် ကီလိုမီတာတရာလောက်ကို လျှပ်စစ် လေလွင့်မှု ၄ % အထိရှိပြီး၊ ဗို့အားမြင့် 600KV လွှတ်ရင် ဝ.၅ % အထိ ရော့နည်းပါတယ်။ ဒီစီလိုင်း HVDC ကတော့ အ ကောင်းဆုံးဖြစ်ပေမဲ့ ဈေးအလွန်ကြီးလို့ ဧရာမမဟာဓာတ်အားလိုင်းတွေပဲ သုံးပါတယ်။

တိုးတက်တဲ့နိုင်ငံ အမေရိကန် နယူးယောက်မြို့က ကနေဒါနိုင်ငံက 1000 MW လျှပ်စစ်ဝယ်သုံးသလို ချမ်းသာတဲ့ ဆွီဒင်နိုင် ငံက ဆင်းရဲတဲ့ပိုလန်နိုင်ငံကို SwePol ၂၅၄ ကီလိုမီတာရှည်တဲ့ မဟာဓာတ်အားလိုင်းနဲ့ 450 KV, 600 MW ကို ပို့လွှတ်ပေး ပါတယ်။ ၆၄ကီလိုမီတာ စပိန်နဲ့ ပြင်သစ် မဟာဓာတ်အားလိုင်း 2000 MW လွှတ်ပေးပါတယ်။ ပြင်သစ်က လျှပ်စစ် မဟာဓာတ်အားလိုင်းတွေ အင်္ဂလန်ကိုရောင်းပါတယ်။ ဥရောပတိုက် လျှပ်စစ်ရောင်းဝယ်တဲ့ မဟာဓာတ်အားလိုင်းများစွာ ရှိ ပါတယ်။

အာဖရိကတိုက် ကင်ညာနိုင်ငံက ပိုလျှံလျှပ်စစ်များကို အိမ်နီးချင်း ယူဂန်ဒါ၊ တန်ဇန်နီးယား၊ ရဝမ်ဒါတို့ကို ရောင်းချပြီး ကင် ညာကပဲ အီသီယိုပီးယားနိုင်ငံက လျှပ်စစ်ကို ပါဝါဂရစ်မရှိတဲ့ဒေသများအတွက် ပြန်ဝယ်သုံးနေပါတယ်။ အီသီယိုပီးယား နိုင် ငံမှာ ရေအားလျှပ်စစ်များစွာရလို့ ပတ်ဝန်းကျင်နိုင်ငံများနဲ့ ပါဝါဂရစ်ဆင်ထားပြီး ရောင်းချ ဝင်ငွေကောင်းနေပါတယ်။ အိန္ဒိယ နိုင်ငံက လျှပ်စစ်လိုနေတဲ့ နိပေါနိုင်ငံကို မဟာဓာတ်အားလိုင်သွယ်တန်းပြီး လျှပ်စစ်ရောင်းပေးပါတယ်။ နိပေါနိုင်ငံမှာ ရေ အရင်းမြစ်ကြွယ်ဝလို့ အိန္ဒိယအကူညီနဲ့ US$1.5 billion 900MW ရေအားလျှပ်စစ် Upper Karnali hydropower plant စီမံကိန်း ပြီးရင် နီပေါနိုင်ငံက လျှပ်စစ်ကို အိန္ဒိက ပြန်ဝယ်သုံးပါမယ်။ အရှေ့တောင်အာရှမှာ ထိုင်း-မလေးရှား ကီလိုမီတာ ၁၁ဝ အရှည် HVDC 300V , 300 MW မဟာဓာတ်အားလိုင်းကို ၂ဝဝ၂ ခုနှစ်မှာ တပ်ဆင်ပြီးစီးခဲ့ပါတယ်။ လာအိုနိုင်ငံမှာလည်း ရေအားလျှပ်စစ်ပိုလျှံစွာရှိလို့ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကို ရောင်းချနေပြီး၊ အဝေးကြီးဖြစ်တဲ့ စင်ကာပူနိုင်ငံပါ ဝယ်ဖို့လုပ်နေပါတယ်။ မြန်မာနိုင်ငံပါဝါဂရစ်ဆီကို မဟာဓာတ်အားလိုင်း ဆက်မထားသေးတော့ မဝယ်နိုင်ဖြစ်နေပါတယ်။
(ပုံ၂ - အာစီယံ ပါဝါဂရစ်၊ ပုံ-၃ မြန်မာပါဝါဂရစ်)

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် များစွာရှိပြီး တရုတ်အကူညီနဲ့ တည်ဆောက်ရောင်းချဖို့ စီစဉ်ခဲ့ပါတယ်။ စာချုပ်တွေက မြန်မာ နိုင်ငံအတွက် အကျိုးမရှိလို့ လူထုကန့်ကွက်ခဲ့တယ်။ မြစ်ဆုံစီမံကိန်းနဲ့ စီမံကိန်းအများစုကတော့၂ဝ၁၂ မှာ ဆိုင်းငံထားပါ တယ်။ အချို့စီမံကိန်းများကို ပြန်လည်စတင်ဖို့လည်း ခက်နေပါတယ်။ သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်းတွေလဲ မြစ်ဆုံ ပြဿနာကြောင့် ဆိုင်းငံဖြစ်သွားကြပါတယ်။ တရုတ်ကုမ္ပဏီများရဲ့စာချုပ်များကို ပြန်လည်စိစစ်ဖို့လိုအပ်သလို၊ နိုင်ငံတကာယုံ ကြည်မှု ပြန်လည်တည်ဆောက်ဖို့လည်း ပိုအရေးကြီးပါတယ်။ မြစ်ဆုံစီမံကိန်း ဆိုင်းငံဖြစ်သွားတော့ ကမ္ဘာ့ရင်းနှီးမြှုတ်နှံသူများ အမြင်မှာ စိတ်မချရတဲ့နိုင်ငံအဖြစ် ယုံကြည်မှုကျဆင်းနေတာလဲ ပြနာဿတစ်ခု ဖြစ်နေပါတယ်။

● မြန်မာနိုင်ငံအတွက် လျှပ်စစ်ဝယ်ယူသုံးစွဲရန်
ကမ္ဘာ့စီးပွားမကောင်းတာကြောင့် တရုတ်နိုင်ငံက ပိုလျှံလျှပ်စစ် မြန်မာကဝယ်ယူဖို့ ဆွေးနွေးနေပေမဲ့၊ ချက်ခြင်း ဖြစ်မလာနိုင် သေးပါဘူး။ တရုတ်နိုင်ငံက မဟာဓာတ်အားလိုင်းမရှိသေးတော့ ခက်ခဲပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအမှီခိုကင်းရေး စိုးရိမ် မှုလဲ ရှိပါတယ်။ နိုင်ငံတကာစီးပွားရေးစာချုပ်မှာ အနိုင်ကျင့်မှုမရှိအောင် အရင်ကလို မြစ်ဆုံ၊ ကြေးနီ၊ ဓာတ်ငွေ့လိုင်း စီမံကိန်း စာချုပ်များ တဖတ်သတ်စာချုပ်တွေကလဲ အရိပ်မဲတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီချုပ်အစိုးရက လျှပ်စစ်စာချုပ် တတ်ကျွမ်းတဲ့ နိုင်ငံခြားပညာရှင်/အတိုင်ပင်ကုမ္ပဏီငှားရမ်းပြီး စာချုပ်ချုပ်ဆိုဖို့ လိုပါတယ်။

နယ်စပ်ဒေသများမှာ ထိုင်း၊ လာအို၊ အိန္ဒိယ စတဲ့နိုင်ငံများကလည်း ပိုလျှံတဲ့လျှပ်စစ် မြန်မာကို ရောင်းချလိုပေမဲ့ မြန်မာပါဝါ ဂရစ်ဆီကိုရောက်တဲ့ မဟာဓာတ်အားလိုင်းမရှိသေးတော့ ခက်ခဲ့နေပါတယ်။ မြန်မာတွေက အသေးစား၊ တနိုင်တပိုင် လျှပ် စစ်ဝယ်ယူသုံးစွဲရပေမဲ့ အကြီးစား လျှပ်စစ်ဝယ်ယူခြင်းကို မလုပ်နိုင်သေးပါဘူး။ နှစ်ဖက်မျှတတဲ့ Win-Win စာချုပ်များ ချုပ်ဖို့ ဒါလောက်မခက်ခဲပါဘူး။

တရုတ်နိုင်ငံက လျှပ်စစ်ဖြတ်တောက်ပြီး အနိုင်ကျင့်မှာလဲ စိုးရိမ်စရာမရှိတော့ပါ။ မြန်မာဓာတ်ငွေ၊ ရေနံပိုက်လိုင်းများ တရုတ်၊ ထိုင်းနိုင်ငံများကို ပို့ပေးနေတာလဲ အပြန်အလှန်အကျိုးပြုခြင်း ဖြစ်ပါတယ်။ တနိုင်ငံနဲ့တနိုင်ငံ ရေနံ၊ ဓာတ်ငွေ့၊ လျှပ်စစ်၊ သောက်သုံးရေ၊ အပြန်အလှန် ဖြတ်သန်းလုပ်ကိုင်နေတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။ အဓိကတော့ ကျွမ်းကျင်တဲ့ ပညာရှင်များ မရှိသေးရင်၊ ငှားရမ်းဖို့ အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံပို့နေတဲ့ မြန်မာဓာငွေလိုင်း ၂ဝဝ၈၊ ၂ဝ၁၂၊ ၂ဝ၁၃ နှစ်များမှာ၊ ပြုပြင်ထိန်းသိမ်းမှုကြောင့် တင်ပို့မှုကို ခေတ္တရပ်ဆိုင်းချိန်မှာ ထိုင်းနိုင်ငံက လျှပ်စစ်စက်ရုံအချို့အား ပြန်လည် လည်ပတ်စေပြီး တစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား သုံးစွဲမှု ချွေတာ သုံးစွဲကြရပါတယ်။ ဒီလိုအစီအစဉ်မျိုး အစိုးရကပဲ လုပ်ဆောင်ရပါတယ်။

ဘယ်လိုဖြစ်ပါစေ၊ မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေတည်ငြိမ်လာရင် ရေအားလျှပ်စစ် အမြောက်အများရနိုင်ပေမဲ့ ယာယီ အဖြေ ကတော့ အိမ်နီးခြင်းများထံက လျှပ်စစ် ဝယ်သုံးတဲ့နည်းလမ်းပါပဲ။ ပါဝါဂရစ် ဆက်ထားဖို့၊ မဟာဓာတ်အားလိုင်းဆွဲထားဖို့ စီမံကိန်းအမြန်လုပ်ရပါမယ်။

● မြန်မာနိုင်ငံရဲ့ လျှပ်စစ်ခန့်မှန်းချက်
၂ဝ၁၇ သုံးစွဲမှု 3192 MW၊ လိုအပ်မှု 450 MW
၂ဝ၁၈ သုံးစွဲမှု 3587 MW၊ လိုအပ်မှု 844 MW

လျှပ်စစ်နဲ့စွမ်းအင် ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က မတ်လ-၂ဝ၁၇ လွှတ်တော်မှာ မြန်မာနိုင်ငံ လျှပ်စစ်စီမံကိန်း ၅ဝ ခုတို့မှာ ရေအားလျှပ်စစ်တွင် MOU ရေးထိုးပြီး စီမံကိန်း ၂၈ ခု၊ MOA ရေးထိုးပြီး ၁၂ ခု၊ ပဋိညာဉ်စာချုပ် ချုပ်ဆိုပြီး သုံးခုနှင့် JVA ချုပ် ဆိုပြီး ခုနှစ်ခုတို့ဖြစ်ကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံးတွင် MOU ရေးထိုးပြီး သုံးခု၊ MOA ရေးထိုးပြီး နှစ်ခုတို့ဖြစ်ကြောင်း၊ လေစွမ်းအင်သုံးတွင် MOU ရေးထိုးပြီး လေးခု၊ MOA ရေးထိုးပြီးတခုတို့ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။



● မဟာဓာတ်အားနဲ့လျှပ်စစ်ဖြန့်ဖြူးခြင်းစီမံကိန်း ကုန်ကျစရိတ် လေ့လာခြင်း
မြန်မာနိုင်ငံမှာ လျှပ်စစ် မဟာဓာတ်အားလိုင်းများ တပ်ဆင်၊ သွယ်တန်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်း အမြောက်အမြား လုပ်ဆောင် နေပြီဖြစ်ပါတယ်။ တစ်ခုတည်းသော ပြိုင်ဖက်မရှိ မြန်မာ့လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းစီမံကိန်းဌာနက မြန်မာနိုင်ငံကို လာသမျှ လျှပ်စစ်ချေးငွေ အကူညီများကို စီမံနေပါတယ်။ ကမ္ဘာ့ဘဏ်က ၂ဝ၃ဝ ခုနှစ်မှာ မြန်မာနိုင်ငံတခုလုံး မီးလင်းဖို့ ဘီလျံဒေါ်လာ ၃ဝ ဘီလျံ ရရှိဖို့လိုကြောင်း၊ ကမ္ဘာ့ဘဏ်တခုတည်းက ဒေါ်လာ ၆.၈ ဘီလျံ ကူညီဖို့ရှိပေမဲ့ အစိုးရ၊ ပုဂ္ဂလိက ရင်းနှီးမြှုတ်နှံမှုတွေ ရှာဖို့ပြောပါတယ်။ မဟာဓာတ်အားလိုင်း ပစ္စည်းများရောင်းချနေတဲ့ ABB ကုမ္ပဏီကြီးရဲ့ ထိုင်း၊ မြန်မာ ဆိုင်ရာအကြီးကဲကတော့ ကျေးလက် ၇ဝ % ဒေသမြန်မြန်မီးလင်းဖို့ မီနီဂရစ်ဆိုတဲ့ အသေးစား ဓာတ်အားဖြန့်ဖြူးခြင်းကို ရေ အား၊ လေအား၊ နေရောင်ခြည်အားနဲ့ ထုတ်လုပ်ဖို့ ပြောပါတယ်။

မြန်မာနိုင်ငံအစိုးရမှာ လျှပ်စစ်စီမံကိန်းများကို တကယ်လုပ်ဆောင်နိုင်တဲ့ပညာရှင်များ နည်းသထက် နည်းပါးလာပါတယ်။ အားလုံးနီးပါးဟာ ပုဂ္ဂလိက ကုမ္ပဏီများဆီ ပြောင်းရွှေ့နေကြတဲ့အတွက် မျိုးဆက်သစ် ပျိုးထောင်ရေး အလွန်လိုအပ်နေပါ တယ်။ ၂ဝ၁၆-၁၇ လျှပ်စစ်၊ စွမ်းအင်ဝန်ကြီးဌာနက ဘတ်ဂျတ်ရဲ့ ၂၄.၃၂ % (ကျပ် ၄၉၂၈ ဘီလျံ = US$ 3700 millions) နဲ့ အများဆုံးသုံးစွဲနေပါတယ်။ ကာကွယ်ရေးစရိတ်တောင်မှ ၁၄.၃၁ % ပဲရှိပါတယ်။ ဒီချုပ်အစိုးရရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး နှုတ်ထွက်သွားပြီး အစိုးရလျှပ်စစ်လုပ်ငန်းများရဲ့ သတင်းကလည်း မကောင်းလှပါ။ ငွေများများသုံးစွဲရတဲ့ ဌာနဖြစ်တဲ့အတွက် အညှီရှိရာ ယင်အုံဆိုသလို ပြဿနာပေါင်းများစွာ ရှိမှာသေချာပါတယ်။

ကမ္ဘာဘဏ် ကလည်း မြန်မာနိုင်ငံ ၇ဝ % ကျေးလက်ဒေသတွေ မီးလင်းရေးနဲ့၊ ၂ဝ၃ဝမှာ တနိုင်ငံလုံး မီးလင်းဖို့ ကန်ဒေါ်လာ ဘီလျံ ၃ဝ ရင်းနှီးမြှုတ်နှံမှုလိုအပ်ကြောင်း၊ ကမ္ဘာ့ဘဏ်က မဟာဓာတ်အားနဲ့လျှပ်စစ်ဖြန့်ဖြူးခြင်းအတွက် ကန်ဒေါ်လာ သန်း ၄ဝဝ ချေးငွေ ကူညီတဲ့အကြောင်း၊ ၂ဝ၃ဝ အထိ ကန်ဒေါ်လာ ၆.၈ ဘီလျံ ဆက်လက်ကူညီ ချေးငွေပေးသွားမဲ့အကြောင်း ပြောပါတယ်။ ဓာတ်အားထုတ်လုပ်ခြင်းအတွက်တော့ ချေးငွေရရှိမှု အလွန်ခက်ခဲနေလို့ ပုဂ္ဂလိက ရင်းနှီးမြှုတ်နှံမှုတွေကို အားကိုးနေရပါတယ်။

● မဟာဓာတ်အားလိုင်း ကုန်ကျစရိတ်

Transmittion & Substation Capital Cost (ပုံ-၁)
WECC Western Electricity Ordination Council ဆိုတဲ့ အမေရိကန်အဖွဲ့အစည်းကြီးကို လျှပ်စစ်ဓာတ်အား ကန်ထရိုက်တာ Black & Veatch ကုမ္ပဏီက မဟာဓာတ်အားလိုင်း ကုန်ကျစရိတ်ကို တင်ပြထားပါတယ်။ တွက်ချက်ထားတဲ့ နည်းလမ်း ကတော့ လုပ်ငန်းရှင်တဦးတောင်မှ နားလည်ပါတယ်။ မြန်မာအစိုးရ လျှပ်စစ်အင်ဂျင်နီယာတဦးဆိုရင် ပိုပြီးအသေးစိတ် နားလည်မှာပါ။ ဥပမာ မိုင်၂ဝဝရှည်တဲ့ ၂၃ဝ ကေဗွီ လိုင်းတခုကို တည်ဆောက်မယ်ဆိုရင် တမိုင်အတွက် ကုန်ကျစရိတ်၂ဝ၁၅ ဈေးနှုန်းအရ US$ 959000 per mile ဖြစ်လို့ US$ 192 million ကုန်ပါမယ်။ ငွေဖောင်းပွနှုန်းအရ နောက်တနှစ်ဆို ၂% လောက် ပိုကုန်ကျနိုင်ပါတယ်။ ဓာတ်ကြိုးအမျိုးအစား Conductor Type (ACSR, ACSS, HTLS..etc), Structure Type နဲ့ Lenght of Line အချက်တွေနဲ့ တွက်ချက်ပါတယ်။ လိုင်းအရှည် ၁ဝ မိုင်ကျော်ရင် ကုန်ကျငွေ အဆ 1.00 (Cost Multiplier)၊ လိုင်းအရှည် ၃ မိုင်နဲ့ ၁ဝ မိုင်အတွက် အဆ 1.20 ကျသင့်ပြီး၊ လိုင်းအရှည် ၁ဝ မိုင်အထက်ဆိုရင် အဆ 1.50 ကျသင့်မယ်ဖြစ် ပါတယ်။ လိုင်းရှည်ရှည်ဆွဲရင် ငွေကုန်သက်သာပါတယ်။ ရှိပြီးသား တာဝါတိုင်ပေါ်ကို ကြိုးအဟောင်းဖြုတ်ပြီး အသစ်ဆွဲရင် တော့ (Re-conductoring) အသစ်ကုန်ကျစရိတ်ရဲ့ ၃၅ % ကနေ ၅၅ % ပဲ ကုန်ကျပါတယ်။

တာဝါတိုင်များ Terrian Mulplier တည်ဆောက်ဖို့အတွက်လည်း ခြုံတောမြေ၊ ကန္တာရမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ တောင်တန်းမြေ၊ လူနေမြို့တွင်း၊ လူနေမြို့ပြင် စတဲ့နေရာပေါ်မူတည်ပြီး တည်ဆောက်စရိတ် မတူပါဘူး။ လယ်ယာမြေမှာ အဆ 1.00၊ တောင်ကုန်းမြေဆိုရင် အဆ 1.30၊ သစ်တော၊ တောင်ပေါ်၊ မြို့ပေါ်မှာ အဆ 1.50၊ စသဖြင့် ကုန်ကျပြီး၊ တာဝါ တိုင်အမျိုးအစား (PG&E, SEC, SOG&E, WREP, WECC ရှိပေမဲ့ ဈေးနှုန်း သိပ်မပြောင်းလဲပါဘူး။

● မြေလျော်ကြေးငွေ (ငှားရမ်းခ) Right of Way Cost
မဟာဓာတ်အားလိုင်းအတွက် အကျယ် ၁၂၅ ပေနဲ့တွက်ရင် တမိုင်အရှည်ကို မြေ ၁၅.၁၄ ဧက လိုအပ်ပါတယ်။ BLM Land Rental & Land Capital Cost ကုမ္ပဏီရဲ့တွက်ချက်မှုအရ မြေအမျိုးအစား ၁၂ မျိုး သတ်မှတ်ထားပါတယ်။ အနိုမ့်ဆုံးဈေးနှုန်း အဆင့် (၁) က ငှားရမ်းခ တဧက တနှစ် US$7.00 ဖြစ်ပြီး၊ အဆင့် (၁၂) တဧက တနှစ်ကို US$ 3449 ဈေးနှုန်း ရှိပါတယ်။ မြေကို အပြီးရော်ကြေးပေးခြင်းနှုန်းကတော့ အနိမ့်ဆုံး US$85 per Acre (တဧက ကျပ်တစ်သိန်း) ဖြစ်ပြီး၊ အမြင့်ဆုံး တဧက US$ 34,141 per Acre (တဧက ကျပ် သိန်း ၄၃ဝ) ဖြစ်ပါတယ်။
(ပုံ-၄ မြေလျော်ကြေး @ ငှာရမ်းခပေါက်ဈေး ၂ဝ၁၅)

230KV ဓာတ်အားခွဲစက်ရုံနဲ့ထရန်စဖွန်မာ တန်ဖိုး (Base Substation Capital Cost)
Base Station Cost = US$ 1,706,250
ထရန်စဖွန်မာ Ring Bus Position Transformers = US$ 11,400 (သိန်း၁၄ဝ)
ထရန်စဖွန်မာ Breaker&Half Position Transformers အဆ 1.50 = US$ 171,00
ကပက်စီတာဘဏ်တခုဈေးနှုန်း၊ Static VAR Compensators (S$$88,000), Shunt Reactors ($20,700), Series Capacitor ($31,000) ဖြစ်ပါတယ်။

● HVDC Converter Station
မြန်မာနိုင်ငံအတွက်တော့ ဈေးကြီးလွန်းလို့ မသုံးနိုင်သေးပါဘူး။ အလွန်ကြီးမားတဲ့ မဟာဓာတ်အားလိုင်း မိုင်ရာ၊ ထောင်ချီခရီး ကို အေစီ-ဒီစီ ပြောင်းပြီး ပို့လွှတ်ပါတယ်။ Efficiency ကောင်းပြီး၊ လျှပ်စစ်လေလွင့်မှု အလွန်နည်းပါတယ်။ ဈေးအလွန်ကြီးပြီး US$ 506 million ကုန်ကျပါတယ်။ 500kv, 600kv မဟာဓာတ်အားလိုင်း အကြီးစားတွေမှာပဲ သုံးပါတယ်။ ဘရာဇီးနိုင်ငံက ±600 kV, 3150 MW အကြီးဆုံး HVDC လိုင်းက အရှည် ၁၄၇၆မိုင် နဲ့ အရှည်ဆုံးဖြစ်ပါတယ်။ တရုတ်နိုင်ငံ Three Gorges - Changzhou က ၈၉ဝ ကီလိုမီတာရှည်ပြီး 500KV, 3000 MW အိန္ဒိယ Talcher-Kolar ကတော့ ၁၄၅ဝ ကီလိုမီတာ ရှည်ပြီး၊ 500 KV, 2500 MW ပို့လွှတ်ပါတယ်။ မြန်မာတနိုင်ငံလုံး လျှပ်စစ်သုံးတာ 3192 MW ပဲ ရှိပါသေးတယ်။

အသုံးများတဲ့ မဟာဓာတ်အားလိုင်း သုံးတဲ့ပစ္စည်းများကတော့ Siemens, ABB ၂ ခုပဲ ဖြစ်ကြပြီး၊ ဂျပန်မှာတော့ Hitachi, Toshiba, Mitsubishi တို့ဖြစ်ပါတယ်။

● အထွေထွေစရိတ်
Allowance for Fund Used During Construction (AFUDC) & Overhead Costs
အောက်ဆုံးကုန်ကျစရိတ်ဖြစ်ပါတယ်။ တည်ဆောက်နေတဲ့ကာလအတွင်းမှာ ကာလ၊ ဒေသ၊ အခြေအနေပေါ်မူတည်ပြီး၊ ပုဂ္ဂလိက (သို့မဟုတ်) လျှပ်စစ်ရောင်းတဲ့ကုမ္ပဏီ (သို့မဟုတ်) အစိုးရ Public Utlity ရဲ့ ကုန်ကျစရိတ်(၂)မျိုးကိုလည်း AFUD (7%) + Overhead Cost (10%) = 17 % သတ်မှတ်ပါတယ်။ ဒါကြောင့် ဒေါ်လာ သန်း၁ဝဝ ကုန်ကျရင် အပိုငွေ ၁၇ သန်း က အထွေထွေကုန်ကျစရိတ် ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ၊ အဂတိလိုက်စားမှုများတဲ့ နိုင်ငံဆိုရင် အထွေထွေစရိတ် ပိုများပါ တယ်။ ဇယားကို အစိုးရထုတ်လုပ်ဖြန့်ဖြူးမှုစရိတ်က ၂၇ % အထိ ပိုမိုကုန်ကျနိုင်ကြောင်း တွေ့ရပါတယ်။
● နိဂုံး
မြန်မာနိုင်ငံက ကြွယ်ဝတဲ့ ရေအားလျှပ်စစ်ကို ရေရှည်အတွက် ရင်းနှီးမြှုတ်နှံဖို့ ကူညီမဲ့ချေးငွေများစွာ လိုနေပါတယ်။ ကျောက်မီးသွေး ဓာတ်အားပေးရုံများ တည်ဆောက်တဲ့ ထိုင်း၊ အင်ဒိုနီးရှားကုမ္ပဏီများရဲ့စာချုပ်များကလည်း ရေရှည်မှာ လျှပ်စစ်ဈေးကြီးသွားနိုင်တဲ့ မမျှတတဲ့စာချုပ်များဖြစ်ဖို့များပါတယ်။ ဓာတ်ငွေ့၊ အယ်အင်ဂျီ ဓာတ်အားစက်ရုံများ တည် ဆောက်ခြင်းလဲ ရင်းနှီးငွေလိုပါတယ်။ နောက်ဆုံးတော့ အိမ်နီးချင်းနိုင်ငံများက လျှပ်စစ်ဝယ်ယူခြင်းက ဘေးအကင်းဆုံး ယာ ယီအဖြေဖြစ်ပါတယ်။



လျှပ်စစ်ဝယ်ယူဖို့ အာစီယံ မဟာဓာတ်အားလိုင်း ပုံကိုကြည့်လိုက်ရင်၊ ထိုင်း-မြန်မာ မိုင်၂ဝဝ လောက်ပဲ သွယ်တန်းဖို့လိုတာ တွေ့နိုင်ပါတယ်။ US$ 192 millions ကုန်ကျပါမယ်။ အထွေထွေစရိတ် ၂၇ % (US$ 52 million) ကုန်တယ်ပဲ ထားလိုက်။ US$ 244 million ကုန်ပါမယ်။ ABB ပစ္စည်းတွေ သုံးပြီး၊ အမေရိကန် နည်းပညာသုံးမှာ ဖြစ်ပါတယ်။ တရုတ်နည်းပညာနဲ့ မဟာဓာတ်အားလိုင်းဆိုရင်လဲ အတူတူပဲကုန်မှာပါ။ ချေးငွေ အတိုးများပြီး၊ မြန်မာအလုပ်သမား၊ တက်ကနီရှင်တွေ အလုပ် မရတာပဲ အဖတ်တင်ပါမယ်။

ဒါကြောင့် ထိုင်း-မြန်မာ မဟာဓာတ်အားလိုင်း အမြန်ဆွဲဖို့ မြန်မာအစိုးရ ပြင်ဆင်နေပြီဆိုရင်၊ လျှပ်စစ်ဝန်ကြီးဌာန ကိုင်တွယ် တာထက်၊ နိုင်ငံခြားကုမ္ပဏီများကို မိုဘိုင်းဖုန်းအော်ပရေတာ (တယ်လီနောနဲ့ အော်ရီဒူးရွေးသလို) နိုင်ငံခြားလျှပ်စစ်ကုမ္ပဏီ ကိုပဲ မဟာဓာတ်အားလိုင်းအလုပ်တင်ဒါကို မျှော်လင့်မိပါတယ်ခင်ဗျား။

ဇော်အောင် (မုံရွာ)
သြဂုတ် ၅၊ ၂ဝ၁၇

ကိုးကားဆိုဒ်များ
၁။ Black & Veatch ကုမ္ပဏီ မဟာဓာတ်အားလိုင်း ကုန်ကျစရိတ်စာတန်း။
https://www.wecc.biz/…/2014_TEPPC_Transmission_CapCost_Repo…

၂။ မဟာဓာတ်အားလိုင်း လျှပ်စစ်ပို့လွှတ်ခြင်း
https://en.wikipedia.org/wiki/Electric_power_transmission

↧

ကာတွန်း ညီထွေး ● ၂၉ နှစ်ကြာပြီဖြစ်သော်လည်း ...

$
0
0
ကာတွန်း ညီထွေး ● ၂၉ နှစ်ကြာပြီဖြစ်သော်လည်း ...
(မိုးမခ) သြဂတ်စ် ၉၊ ၂၀၁၇
↧

သူသူမေ (မော်ကျွန်း) ● ဂလိုဘယ်​လိုက်​​ဇေးရှင်း၏ တည့်​ခင်းဧည့်​ခံမှုများ

$
0
0
သူသူမေ (မော်ကျွန်း) ● ဂလိုဘယ်​လိုက်​​ဇေးရှင်း၏ တည့်​ခင်းဧည့်​ခံမှုများ
(မိုးမခ) သြဂတ်စ် ၉၊ ၂၀၁၇

ယေ​န့ခေတ်​တွင်​ ကမ္ဘာကြီးအား​ ရွာကြီးတရွာအလား ​ပြောစမှတ်​ပြုကြပြီးဖြစ်​သည်​ကို လူတိုင်းအသိပင်​ဖြစ်​သည်​။ ကမ္ဘာ ကြီးမှာ မည်​သည့်​အချိန်​က ရွာကြီးဖြစ်​သွားပါသနည်း။ တစ်​ဦးစီအ​နေနှင့်​မူ သိရှိချိန်​ကွာခြားကြပါလိမ့်​မည်​။ သို့​သော်​ အားလုံး ပင်​ အ​နှေးနှင့်​အမြန်​ဆိုသလို ထိုရွာကြီးထဲသို့​ ရောက်​ဖြစ်​သွားကြရပါသည်​။ ကျွန်မ​တို့သည်​ ထိုရွာကြီး၏​နေရာဋ္ဌာန အသီးသီးတွင်​​နေထိုင်​ရင်း အ​ရှေ့ပိုင်းနှင့်​ အ​နောက်​ပိုင်း၊ ​တောင်​ပိုင်းနှင့်​ ​မြောက်​ပိုင်း စသဖြင့်​ အချင်းချင်း စကားစမြည်​​ပြော ဖြစ်​ကြမည်​။ နှုတ်​ခွန်းဆက်​သဖြစ်​ကြမည်​။ ခင်​ကြ မင်​ကြမည်​။

သံ​ယောဇဉ်​ ဖြစ်​ကြ​မည်​။နေ့စဉ်​လိုလို​တွေ့ဖြစ်​မြင်​ဖြစ်​ကြ​ပေလိမ့်​မည်​။ ထိုသို့​သောအခါ ကျွန်​မတို့၏ လူမှု​ရေးကဏ္ဍများမှာ ပိုမို ကျယ်​ပြန့်​လာသကဲ့သို့ ​နေ့စဉ်​မြင်​​တွေ့ကြရသည့်​ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားများအားလည်း ပိုမိုကျယ်​ပြန့်​စွာ မြင်​​တွေ့ကြ ရပါသည်​။

ယခင်​ ငယ်​စဉ်​​ကာလ မြို့ငယ်​​လေးများ၌ အနည်းငယ်​​သော အိုမှု နာမှု​ သေမှုတို့တွင်​ စုတ်​တသသတကြရသည်​။အနိစ္စ ဒုက္ခ အနတ္တ တရားများအားဆင်​ခြင်​ရသည်​။ အဆိပ်​​သောက်​ခြင်းနှင့်​ ကိုယ့်​ကိုယ်​ကို အဆုံးစီရင်​မှုခိုက်​ရန်​ဖြစ်​ပွားမှု၊ အပုံတစ်​ရာပုံ လျှင်​ တပုံသာလာနိုင်​​ချေရှိသည့်​ လျှပ်​စစ်​မီးနှင့်​ ဓာတ်​လိုက်​​​၍သေဆုံးရသည့်​အမှုများမှာ ကြိုကြား ကြိုကြား ကြားရတတ်​​သော မြို့တွင်းသတင်းထူး သတင်းဦးများဟု ဆိုရမည်​ပင်​။ ​သေခြင်းတရား၊ နာခြင်းတရားများမှာ ယခုနှင့်​ယှဉ်​လျှင်​​​ အသိရ အလွန်​နည်းခဲ့၏။ 

တဒေသနှင့်​ တဒေသကြားတွင်​ လမ်းခရီးကြန့်​ကြာမှု တံတိုင်းကြီး ကာဆီးထား၏။ သတင်းအချက်​အလက်​များမှာလည်း စီး​တော်​ယာဉ်​မဲ့​နေသည့်​ ​ခြေပျက်​ လက်​ပျက်​များ သဖွယ်​ပင်​ဖြစ်​သည်​။ ယခင်​က သတင်းစာဂျာနယ်​များမှာလည်း ယခု​လောက်​မများပြားကြပါ။ မိမိအ​နေဖြင့်​မူ ​သေချာမှတ်​မိသည်​မှာ​ ​ရွှေ​သွေးနှင့်​ အလင်းတန်း​လောက်​သာ သိ​ပေသည်​။

နိုင်​ငံပိုင်​သတင်းစာမှာမူ ​ကြော်​ငြာနှင့်​ နာ​ရေးအတွက်​အလွန်​အားထားရ​သော သတင်းစာဖြစ်​ပါသည်​။ ကျွန်​မမှာ သတင်း စာကြည့်​လျှင်​ အ​နောက်​မှစ၍ ကြည့်​တတ်​သူ ဖြစ်​သည်​။ အ​နောက်​ဆုံးစာမျက်​နှာ ... ရန်​တိုက်​​ပေး​နေသည်​။ ​သွေးထိုး​နေ သည်​။ ခ​လောက်​ဆံ အ​ကောက်​ကြံ​လေလှိုင်းသံများ နားမ​ယောင်​​လေနှင့်​ သတိထား... မှသည်​ ဦးတည်​ချက်​ ၁၂ ဆီသို့ အစဉ်​လိုက်​ ဖတ်​​နေကျဖြစ်​သည်​။ ထိုအထဲရှိ နာ​ရေး​ကြော်​ငြာများတွင်​မူ  မမြင်​မ​တွေ့ရဖူး​သော ကွယ်​လွန်​သူများ၏ အသက်​များအား လိုက်​ကြည့်​သည်​။ ထို့​နောက်​ အို ...ဖြစ်​ရ​လေ..ငယ်​ငယ်​က​လေးပဲ၊ အို့..အသက်​ရှည်​လိုက်​တာ စသဖြင့်​ ​ရေရွတ်​ရင်း ရှုပွားရသည်​။ ထို့​နောက်​ ​ကြော်​ငြာများမှ ရုပ်​ပုံများ၊ ကြီးကြီးကျယ်​ကျယ်​ ​ရေးသားချက်​များအား ဖတ်​သည်​။ ထို့​နောက်​တွင်​ လယ်​ယာစိုက်​ပျိုး​ရေးကဏ္ဍ၊ စက်​မှုကဏ္ဍများ ထည့်​တတ်​သည်​။ စက်​မှုစွမ်းအား ပြည်​ထွန်းကား။ ပြည်​တွင်းဖြစ်​ကို အား​ပေးပါ စသဖြင့်​ ​ဆောင်​ပုဒ်​များအား မှတ်​မိသည်​။ ဂျစ်​ကားကြီးများ၊ ပါထိုင်းလုံချည်​များ၊ ဆပ်​ပြာခဲများအား မှတ်​မိသည်​။ ​နောက်​ဆုံးတွင်​မှ ​ခေတ်​မီဖွံ့ဖြိုးတိုးတက်​ ​​သော မြန်​မာနိုင်​ငံကြီး၏ ဆည်​​မြောင်းတာတမံများ၊ တံတားများ တည်​​ဆောက်​​နေမှုအား သတင်းစာပါ အကြီးအကဲ ကြီးများနည်းတူ တမြုံ့မြုံ့စံစားသည်​။ ကျွန်​မမှာ အ​ကြောင်းအရပ်​ အ​တော်​များများတွင်​ ​သောကနှင့်​ ​ပျော်​ရွှင်​ဖွယ်​ရာယှဉ်​လာလျှင်​ ​သောကအား ဦးစွာရင်​ဆိုင်​ပြီး​မှသာလျှင်​ ချမ်းသာသုခအား စိတ်ေ​အးလက်ေ​အး တစိမ့်​စိမ့်​စံစားလိုသူအမျိုးအစား ဖြစ်​မည်​။

ယ​ခုမူ သတင်းစာမဖတ်​ဖြစ်​သည်​မှာ ကြာပြီဖြစ်​၍ ထိုအမူအကျင့်​များအား ​မေ့​ပျောက်​လုနီးနီးဟု ဆိုရမည်​။ခေတ်​စနစ်​သည်​လည်း သတင်းစာဖတ်​ရန်​မလိုဘဲနှင့်​ပင်​ သတင်းများမှာ နားဝတွင်​ စီတန်း၍ သူ့ထက်​ငါအပြိုင်​လာတိုး​ နေကြသ​ယောင်​ များပြားလှ၏။ ယခင်​​ခြေ​ထောက်​မ​ပေါက်​သည့်​သတင်းများမှာလည်း ​ခြေ​ထောက်​သာမက ​တောင်​ပံပါ​ ပေါက်​​နေကြပြီဟု ဆို ရ မလားပင်​။ နေ့ဓဓူဝ ​လေလှိုင်း​ပေါ်တွင်​ သတင်းများ ပလူပျံလျက်​ရှိသည်​။ သတင်း​ကောင်းများ ရှသလို သတင်းဆိုးများ ရှိသည်​။ သတင်းမှန်​များ ရှိသလို သတင်းမှားများ ရှိသည်​။ ဒ​လ​ဟောစီးဆင်း​နေ​သော သတင်းပင်​လယ်​ပြင်​တွင်​ အမှိုက်​များ၊ ဒိုက်​များ၊ အပုတ်​ ​​ကောင်​များ၊ ပန်းပွင့်​များ မျိုးစုံ​အောင်​​မျောပါလာကြ​ပေမည်​။ မျက်​စိတွင်​ ​ရေစစ်​ခံ၍မရ။ ဦး​နှောက်​ဖြင့်​ ဆယ်​ယူကြရ၏။ နှလုံးသားဖြင့်​ မျှဝေခံစားကြရ၏။ ​ခေတ်​မှာလည်း ပုရွက်​ဆိတ်​နှစ်​​ကောင်​ ရန်​ဖြစ်​သည်​မှအစ သမ္မတအီး​ပေါက်​သည်​အထိပင်​ သတင်းလုပ်​တင်​ချင်​ကြသည့်​​ခေတ်​ ဖြစ်​သည်​။

ကျွန်​မတို့အားလုံးပင်​ ထိုသတင်းပင်​လယ်​ပြင်​တွင်​ စီး​မျောရင်း ရံဖန်​ရံခါ ကျွန်မ​တို့သည်​ပင်​ သတင်းတခု၏ရင်းမြစ်​ဖြစ်​လာ တတ်​ပြန်​ပါသည်​။ ​သာ​ရေးနာ​ရေးများမှာလည်း ယခုဖြစ်​ ယခုသိ လတ်​ဆတ်​ခြင်းအပြည့်​ဖြင့်​ သံ​ဝေဂရစရာများမှာ အင်​နှင့် အားနှင့်​ ဟုန်​သွားရ​လောက်​​အောင်​ပင်​ များလွန်းလှ​ပေ၏။ အချို့မှာ နှုတ်​ဆက်​စကားဆို၍မှမပြီးခင်​ ကွယ်​လွန်​သူစာရင်းသို့ ​ရောက်​ရှိသွားရ၏။ အချို့မှာလည်း မြင်​​နေ​တွေ့​နေရင်းဖြင့်​ပင်​ ​အောင်​မြင်​မှုတခုဆီသို့ ​​လှမ်းတက်​သွားကြ၏။ ကမ္ဘာကြီးအား ရွာကြီးတစ်​ရွာဖြစ်​​စေသည့်​ ထို​လေလှိုင်းများအတွင်း လူတဦးချင်းစီသည်​  ကိုယ်​ပိုင်​အမှတ်​အသား၊ ကိုယ်​ပိုင်​ရပ်​တည်​ချက်​တစ်​ခုစီဖြင့်​ ​အ​ခြေချ​နေထိုင်​ကြပါသည်​။ ထိုရပ်​တည်​ချက်​သည်​ပင်​ ​ထိုသူ၏​နေထိုင်​ရာ အိမ်​လေလိပ်​စာတခုဟု ဆိုရမည်​​ဖြစ်​သည်​။ ဤ​နေရာတွင်​မူ ကမ္ဘာ​မြေကြီး​ပေါ်ရှိ အိမ်​​မြေ ​နေရာဖွဲ့စည်းပုံနှင့်​ ပြဒါးတလမ်း သံတလမ်းကွာခြားသွားပါ​သည်​။

ကမ္ဘာ​မြေကြီးရှိ ​နေရာထိုင်​ခင်းများမှာ ​ငွေ​ကြေးကိန်းဂဏန်းများ​ဖြင့်​ ဖွဲ့စည်းထားခြင်းဖြစ်​ပြီး ​လေလှိုင်း​ပေါ်ရှိ အိမ်​​လေ​နေရာ ထိုင်​ခင်းမှာမူ စိတ်​ဓာတ်​များ၊ အကျင့်​စရိုက်​များ၊ ခံယူချက်​များ၊ ဝါသနာများဖြင့်​သာ အရင်းခံဖွဲ့စည်းထားခြင်း ဖြစ်​သည်​။ထို​လေလှိုင်းကြီးအတွင်း လူအများအဖို့ ၎င်းတို့စိတ်​ဝင်​စား​ပျော်​​မွေ့ရာအရပ်​တွင်​ပင်​ အိမ်​နီးချင်းများ၊ ခင်​မင်​ရင်းနှီသူများ၊ မျက်​မှန်းတန်းမိ​နေသူများဖြင့်​ ​တဖြည်းဖြည်း ခိုင်​ခံ့​တောင့်​တင်းလာသည့်​ အုတ်​မြစ်​ကြီး သဖွယ်​ ဖြစ်​​နေ​ပေ​တော့သည်​။ အပြင်​တွင်​ အိမ်​လည်​အတူထွက်​သကဲ့သို့ ​လေလှိုင်း​ပေါ်တွင်​ အလည်​ထွက်​၍ရသည်​။

ပျော်​စရာများအား ​ခေါ်ယူပြသ၍ရသည်​။ လက်​ဘက်​ရည်​ဆိုင်​ထိုင်​၍ စကားဝိုင်းဖွဲ့သကဲ့သို့ ​လေလှိုင်း​ပေါ်တွင်​ စကားဝိုင်း ဖွဲ့၍ရသည်​။ ​တိုက်​ရိုက်​​တွေ့မြင်​လို​လျှင်​လည်း ရသည်​။ လေလှိုင်းအ​ဆောက်​အ​အုံမှာ​​ ​မြေပြင်​အ​နေအထားနှင့်​ ထပ်​တူနီးပါး ထိပင်​ တုပပြိုင်​ဆိုင်​ ထိုး​ဖောက်​လာပါသည်​။

ယခုအခါ လူအများမှာ ​မြေကြီး​ပေါ်တွင်​ ထိုင်​ရင်း​ဝေဟင်​​ပေါ်တွင်​ ပျံသည်​။ မြေပြင်​မိတ်​​ဆွေများနှင့်​ ဆုံညီစား​သောက်​ကြရင်း ​ဝေဟင်​အ​ပေါင်းအ​ဖော်​များနှင့်​ စကားလက်​ဆုံကျကြသည်​။ နည်းပညာ၏လက်​ခုပ်​ထဲတွင်​ နီးခြင်း​ဝေးခြင်း ပညတ်​များလည်း ​ရွေ့လျား​ပြောင်းလဲသွား​ရ၏။

နေ့စဉ်​ပင်​ ​ထောင်​​သောင်းချီ​သောမြို့များ၊ ထောင်​​သောင်းချီ​သောနိုင်​ငံများမှ မ​တော်​တဆမှုများအား လည်း ကြားကြရသည်​။ လမ်းမ​ပေါ်မှ ​သွေးစွန်းအနာတရများ၊ စက်​​ခေါင်းတိုင်​မှ အခိုးအ​ငွေ့များ၊ အနယ်​နယ်​အရပ်​ရပ်​မှ မျက်​ရည်​များ၊ အပြုံးများ၊ ရယ်​​မောသံများ၊တရားဓမ္မ​များ၊ အဓမ္မဝါဒီများသည်​ ​မှန်​သားပြင်​မှတဆင့်​ ရိုက်​ခတ်​လာကြ၏။ ​သတင်း​ဆိုးများ၊ သတင်း မှားများသည်​ လူအများ၏ စိတ်​နှလုံးများ၊ ​တွေး​ခေါ်ဆင်​ခြင်​နိုင်​မှုများ၊ ထိန်းသိမ်းနိုင်​မှုများအား စိန်​​ခေါ်လာကြပြီဖြစ်​သည်​။

ထင်​မြင်​ချက်​များ၊ သ​ဘောထားကွဲလွဲချက်​များဖြင့်​ စိတ်​ပိုင်းဆိုင်​ရာတိုက်​ပွဲများ ပြင်းထန်​လာကြသည်​လည်း ရှိကြ၏။ မြင်​မြင်​သမျှသတင်းအား ကိုယ်​​ရောစိတ်​ပါနှစ်​ဖြာ သုံး​ဆောင်​၍ မဖြစ်​နိုင်​​တော့​ပြီ။ ဤအခြင်းအရာတွင်​ကား မိမိတို့နိုင်​ငံရှိ သာမန် လူတန်း စားများမှာ​​​ ကမ္ဘာရွာကြီးထဲသို့ ​အ​ရောက်​​နောက်​ကျခဲ့မှုသည်​လည်း အ​ကြောင်းအချက်​တခုအဖြစ်​ပါဝင်​ပါသည်​။ ရွာ ကြီး၏အ​ကြောင်းအား ရွာကြီးထဲသို့ ကိုယ်​တိုင်​ဝင်​ကြည့်​ခွင့်​မရဘဲ ရွာပြင်​မှပင်​စာအုပ်​​များဖြင့်​ ​ချောင်း​မြောင်းကြည့်​ခဲ့ကြ ရ၏။ ထိုစာအုပ်​များရှိ အင်​တာနက်​ဟူ​သော ကဏ္ဍတွင်​ပြသထားသည့်​ ဖိုတို​ရှော့များသည်​ပင်​ မျက်​စိအမြင်​တွင်​ အလွန်​ထူးကဲ​နေ ခဲ့ဖူးသည်​။ ၂၁ ရာစု​ ကျောက်​​ခေတ်​လူသားများ ဖြစ်​မှန်းမသိဖြစ်​ခဲ့ကြရ​ပေသည်​။

ယခုဆိုလျှင်​မူ ကျွန်မ​အပါအဝင်​ အားလုံးနီးပါးပင်​ ​ဒလ​ဟောစီးဆင်းလာသည့်​ သတင်းပင်​လယ်​ပြင်​တွင်​ မျက်​စိသူငယ်​ နား သူငယ်​ဖြင့်​ အတန်​ကြာကူးခတ်​ခဲ့ကြဖူးပြီးသူများဖြစ်​သည်​။ အရာတခု၏​နောက်​တွင်​ ဘေးထွက်​ဆိုးကျိုးသည်​ အစဉ်​အသင့်​ ရပ်​​နေမည်​ဖြစ်​သဖြင့်​ ဘာကို​ရွေးချယ်​သုံး​ဆောင်​ကြပါမည်​နည်း။ ​ကမ္ဘာရွာကြီးသည်​ ဟင်းလျာစုံလင်​စွာဖြင့်​ တည့်​ခင်းဧည့်​ခံ​နေ​ပေပြီ။
↧

မောင်ကြူးရင့် ● အလံ

$
0
0

မောင်ကြူးရင့် ● အလံ
(မိုးမခ) သြဂတ်စ် ၉၊ ၂၀၁၇

အလံဟာ
ငါတို့ရဲ့ဝိညာဉ်
ငါတို့ရဲ့အသက်

အလံဟာ
လူ့အဖွဲ့အစည်းရဲ့ဝိညာဉ်
လူ့အဖွဲ့အစည်းရဲ့အသက်

အလံဟာ
သမိုင်းရဲ့ဝိညာဉ်
သမိုင်းရဲ့အသက်
ထီးကျိုးစည်ပေါက်
အလံပျောက်ခဲ့တဲ့ နှစ်တွေ

အလံကို
ပြန်ပေးဆွဲခံရတဲ့နှစ်တွေ
အလံလဲမကျ
လူလဲကျခဲ့တဲ့ နှစ်တွေ
ငါတို့အလံကို
ငါတို့ပြန်ယူရမယ်
ငါတို့အလံကို
ငါတို့အသက်နဲ့လဲ
ထာဝရထိမ်းသိမ်းရမယ်

မောင်ကြူးရင့်
၈ . ၈ . ၂၀၁၇
↧
↧

Article 0

$
0
0
Photo - NY Times


ကိုသန်းလွင် - ဟောင်ကောင် နိုင်ငံ၏အနာဂါတ်ရေး
(မိုးမခ) သြဂုတ် ၉၊ ၂၀၁၇

(၁)

လွန်ခဲ့သော အနှစ် ၂၀ ဟောင်ကောင်ကို အင်္ဂလိပ်တို့ကပြန်ပေးစဉ်ကမူ ဟောင်ကောင်သည် တရုတ်လူမျိုးတို့၏ အားကျဘွယ်နေရာတခုဖြစ်နေခဲ့ပါသည်၊ တရုတ်ပြည် တနေ့ခေတ်မှီလာလျင် ဟောင်ကောင်လိုဖြစ်ရမည်ဟု ယူဆခဲ့ကြပါသည်၊ ထိုစဉ်ကမူ ချမ်းသာကြွယ်ဝသော၊ ခေတ်မှီသော နိုင်ငံ၏ ဥပဒေကအရာရာ၏အထက်မှာရှိရ မည်ဟုဆိုခဲ့ကြပါသည်။

တချိန်ကတရုတ်ပြည်၏ ဗဟိုဦးစီးစနစ်၏အောက်ဝယ် တာရှည်ခံပါမည်လောဟု သံသယဖြစ်ခဲ့ရပါသည်၊ မည်သို့ ပင် တရုတ်ပြည်ကြီးက တသွေးတသံတမိန့်ဖြင့် အုပ်ချုပ်သည်ဆိုစေ ဟောင်ကောင်သည် မိမိ၏ စနစ်နှင့်ဝါဒကို ထိမ်းသိမ်းထားနိုင်ခဲ့ကြပါသည်။

ရထားများ အချိန်မှန်စွာပြေးဆွဲနေကြပါသည် ရာဇ၀တ်မှုနှင့် ဥပဒေချိုးဖေါက်မှုများမှာ လျော့နည်းခဲ့ပါသည်၊ ကောင်းကင်ယံးမှာမိုးပျံတိုက်ကြီးတွေ ပျံဝဲနေခဲ့ကြပါသည်၊ ထိုအရာများသည် မှန်ကန်နေဆဲဖြစ်ပါသည်၊ ယခု အနှစ် ၂၀ ပြည့်ချိန်သည် ဟောင်ကောင်နိုင်ငံ၏ ပီကင်းကို ကိုယ်စားပြုသော ခေါင်းဆောင်မှုနှင့် ဒီမိုကရေစီ ဘက်တော်သားများ၏ ရင်ဆိုင်တိုက်ပွဲသည် ဆက်လက်တိုက်ပွဲဖြစ်လျက် ရှိနေပါသည်၊ ပြဿနာဖြစ်ရသည်မှာ မပြီးဆုံးနိုင်သော အိမ်နေရာ ပြဿနာ၊ အဖြေရာရန်ခက်နေသော Education system နှင့် ရှေ့မဆက်နိုင်သေး သော မီးရထားလိုင်း ပြဿနာများဖြစ်ပါသည်။

ထိုပြဿနာများကြောင့် ဟောင်ကောင်သည်တရုတ်တို့၏စံပြမြို့တော်ဖြစ်မလာဘဲ ပြဿနာမှာ လိပ်ခဲတင်းလင်း ရှေ့တိုးရန်ခက်သောပြဿနာမြို့ကြီး ဖြစ်နေပါတော့သည်၊ ပီကင်းအနေဖြင့်၎င်း ဒီမိုကရေစီ၏ ရန်သူများ ဟုမြင် သည် ဒီမိုကရေစီဘက်တော်သားများ အဖို့မှာလည်း အာဏာရှင်တို့၏ ၀င်ရောက်စွက်ဖက်နှောက်ယှက်မှုဟု မြင် နေသည်။

ထို့ကြောင့်အနှစ် ၂၀ပြည်ုအခမ်းအနားသိုကျင်းပရန်ရောက်ရှိလာသော တရုပ်ခေါင်းဆောင်ကြီးကို ကြိုဆိုရာတွင် ပြည်သူတို့၌ပြောစရာစကားမရှိဘဲဖြစ်နေသည်၊ အောင်ပွဲများကို ကျင်းပသောအသံက တိတ်ဆိတ်နေသည်၊ သဘောထားကွဲလွဲသောအသံတွေဆူညံနေသည်၊ ဟောင်ကောင်ကျွန်းကို ဒီမိုကရေစီပေးပါဟုပြော ရမလိုဖြစ် နေသည်၊

(၂)

ဟောင်ကောင်သည် ဗြိတိသျှတို့ရှိစဉ်က အိမ်အဆောက်အဦးများကို တလုံးပြီးတလုံးဆောက်ခဲ့ကြသည်၊ ဗြိတိသျှတို့ထွက်သွားကတည်းက အိမ်ဆောက်ရေးလုပ်းငန်းတွေမှာ ရပ်တန့်ကုန်သည်၊ နယူးရော့နှင့် လန်ဒန်ပြီး လျင် ဟောင်ကောင်မှာ ကမ္ဘာ့တတိယအကြီးဆုံး ငွေကြေးဆိုင်ရာဌာနဖြစ်သည်၊ သို့သော်ဟောင်ကောင်တွင် အဆင့်မှီသောပြတိုက်မရှိ၊ လွန်ခဲ့သော ၁၅ နှစ်ခန့်ကစခဲ့သည့် ပရောဂျက်မှာ အစိုးရ၏ထောက်ပံ့မှု့ရန်ပုံငွေ ထောက်ပံ့မှုမပြည့် စုံသဖြင့် ရပ်ဆိုင်းခဲ့ရသည်၊ ကလေးများအတွက် ပညာရေးကိစ္စရပ်များ မှာလည်း ရန်ပုံငွေ မလောက်ငသည့်ပြဿနာနှင့်ပင် ရပ်တန့်နေခဲ့ရသည်။

ဟောင်ကောင်သည် မပြည့်စုံသော်လည်း ပစ်ထားရန်ခက်ခဲသော နိုင်ငံဖြစ်သည့် မြို့နေလူထု ၇.၄ သန်းမှာ မြို့တော်ကြီးကို မပြစ်ရက်နိုင်အောင် ဖြစ်နေကြသည်။

ဟောင်ကောင် လေဆိပ်မှာ ဗြိတိသျှတို့ဆောက်လုပ်သွားသော လေဆိပ်ဖြစ်သည်၊ ဗြိတိသျှတို့ဆောက် သွား သော Court system မှာလည်းလက်ရာမပျက်ကျန်ရစ်သည်၊ ထိုစနစ်ကပင် လွတ်လပ်သောသတင်း ဖြန့်ချိရေး ရေးနှင့်လွတ်လပ်သော လူနေမှုစနစ်ကို ထိန်းသိမ်းထားနိုင်သည်။

ဗြိတိသျှတို့ပြန်သွားစဉ်က ဟောင်ကောင်ကို One country two system အတိုင်းဖြစ်စေရမည်ဟုသတ်မှတ် ထားခဲ့ပါသည်၊ ခေါင်းဆောင်ကြီး တိန့်ရှောင်ပင် နှင့် မာဂရက်သက်ချာတို့၏အစီအမံဖြစ်သည်၊ သို့သော်လည်း ဟောင်ကောင်ကျွန်း၏ အရေးကိစ္စများတွင် တရုတ်ကွန်မြူနစ်ပါတီ၏တဖြေးဖြေး ပါဝင် စွက်ဖက်မှုများကြောင့် ထိုအယူအဆမှာ တဖြေးဖြေးမှေးမှိန်လာသည်။

၂၀၁၄ ခုနှစ်က ဟောင်ကောင်ကျွန်း၏ Chief Executive ရွေးချယ်ရာတွင် ကိုယ်စားလှယ်ကို ပြည်မကြီးအလို ကျသာ ရွေးချယ်ရမည်ဟု အမိန့်ချမှတ်ခဲ့သည်၊ ထိုအချက်ကို မကျေနပ်သဖြင့် ဟောင်ကောင်သားများက တခဲနက်ဆန္ဒပြခဲ့ကြပါသည်၊ Umbrella movent ခေါ် ထီးလှုပ်ရှားမှုမှာ ဟောင်ကောင်မြို့ကို ရက်သတ္တပတ် ၁၁ ပတ်ကြာအောင် ဒီမိုကရေစီရေး လှုပ်ရှားမှုများဖြင့်လွမ်းမိုး ထားခဲ့သည်ကို မမေ့နိုင်ကြသေးပါ၊

ယခုဟောင်ကောင်၏တာဝန်ခံ အသစ် (Chief Exactive) ကို Ms Carry Lam အား ရွေးချယ်ခဲ့ကြသည်၊ ပီကင်း ၏ထောက်ခံမှုအရ ပီကင်းရွေးချယ်ပေးသော ကိုယ်စားလှယ်အဖြစ်ယူဆကြသည်၊ လူ ၁၂၀၀ ပါဝင်သော ကော်မတီက ရွေးချယ်ခဲ့ခြင်းဖြစ်သည်၊ ကော်မတီအဟောင်းမှာ ပီကင်း၏သြ၀ါဒအတိုင်း ပြည်သူ့ဆန္ဒလည်း မပျက်ရအောင် ဆောင်ရွက်ကြရခြင်းဖြစ်ပြီး ၄င်း၏ကော်မတီရှင်နှစ်ဦးမှာ ခြစားမှုများဖြင့် တရားစွဲခံရသည်။

ဥပဒေပြုအဖွဲ့တစ်ခုလုံးမှာ လူ ၇၀ ခန့်ဖြင့်ဖွဲ့စည်းရပြီး ၄င်းတို့၏တ၀က်ခန့်မှာ ပီကင်းကိုသြဇာခံသည့်ပါတီမှ လူများဖြင့်ဖွဲ့စည်းထားသည်၊ ကျန်တ၀က်မှာ ဒီမိုကရေစီအရေး လှုပ်ရှားသူများပါဝင်သဖြင့် ဆုံးဖြတ်ရန်ကိစ္စ ပေါ်တိုင်း အကြပ်ရိုက်နေကြသည်ကများသည်၊ ဒီမိုကရေစီအုပ်စုကို လူကြီးများအစား တက်ကြွသော လူငယ် များဖြင့် ဖွဲ့စည်းထားသည်။

အဖွဲ့ဝင်သုံးဦးက သဘောမတူပါက မည်သည့်လုပ်ငန်းကိုမဆို ကြန့်ကြာအောင်လုပ်ထားနိုင်သဖြင့် အရေးကြီး သော လုပ်ငန်းမှန်သမျှ လုပ်ငန်းဆက်လက်မလုပ်နိုင်လောက်အောင် တားနိုင်သည်၊ ဥပမာ ဆိပ်ကမ်းကိုသန့် ရှင်းရေးကိစ္စမျိုးကိုပင်လျှင် နှောင့်နှေးအောင် ဆောင်ရွက်လာကြသည်၊ ဘက် ၂ ဘက်လုံးက အလုပ်ဖြစ်အောင် နိုင်ငံရေးအပြောင်းအလဲဖြစ် အုပ်ချုပ်စေချင်ကြသည်၊ သို့သော် အဖြေက ရှာမတွေ့ဘဲဖြစ်နေသည်။

ဒီမိုကရေစီဘက်ကတောင်းဆိုသည်မှာ မဲဆန္ဒရှင်တစ်ဦးလျှင်မဲတစ်ပြားပေးနိုင်ရေးပင် ဖြစ်သည်၊ တခါက ၁၀ နှစ်အတွင်း ထိုအခွင့်အရေးကိုရမည်ဟုဆိုကာ၂၀၀၇ ခုနှစ်ကပေးရန်ရှိသော ထိုအခွင့်အရေးမှာ ဖြစ်မလာခဲ့ပေ။ မိမိဖါသာစိတ်ကြိုက်ကိုယ်စားလှယ်ကို ရွေးကောက် တင်မြှောက်နိုင်ရေးမှာအပြောလွယ်သလောက် အလုပ်က ခက်ခဲနေသည်။

ဟောင်ကောင်သည် တရုတ်ပြည်မကြီးနှင့်ပြန်တွဲပြီးမှ ပြည်ကြီးမှ တရုတ်လူမျိုး တစ်သန်းခန့်သည် ပြောင်းရွှေ့ လာခဲ့ကြပြီးဖြစ်သည်၊ သို့သော် သူတို့၏ စီးပွားရေးအပေါ်ပါဝင်ပက်သက်မှုမှာ လက်ရှိလူများကိုဆိုးကျိုးများ သာဖြစ်စေခဲ့သည်၊

အပြည်ပြည်ဆိုင်ရာကုမ္မဏီများ၊ ဘဏ်ကြီးများက ပြည်ကြီးတရုတ်များကို ရှာဖွေခန့်အပ်ခဲ့သည်၊ ဟောင်ကောင် တရုတ်များမှာ ကန်တုန် စကားကို ပြောကြပြီး ပြည်ကြီးတရုတ်တို့မှာ မန်ဒရင်း (Mendrin) ကို ဦးစားပေး ပြောဆိုကြသည်၊ ထိုဘာသာရပ်ပြသနာများက စာသင်ကြားရေးကလေးများကို ပြသနာတက်စေတော့သည်၊ အကျိုးရလဒ်မှာ အနှစ် ၂၀ အတွင်း အင်္ဂလိပ်နှင့် မန်ဒရင်း တွင် ညံ့ကြသော ဘွဲ့ရလူငယ်အများအပြားမွေး ထုတ်ပေးခဲ့သည်။

သို့သော် ပီကင်းက ကန်တုန် ဘာသာကို အများသုံးအဖြစ်စေလို၊ Westen influcence ကိုဖယ်ရှားလိုသည့် သဘောဟူ၍လည်းယူဆကြသည်။

တဖန်ပြည်ကြီးတရုတ်ပြည်မှလာသောသူများက ဟောင်ကောင်မှ အိမ်ခြံမြေဈေးကို တက်အောင်လုပ်သည်ဟု ယူဆကြသည်၊ ကားရပ်စရာနေရာတစ်ခုကို ဒေါ်လာ ၆၆၄,၀၀၀ ပေးရသည်အထိ ဖြစ်ခဲ့ရသည်၊ သူတို့သည် တရုတ်ပြည်တွင်းမှငွေကို အပြင်ကိုသယ်ယူ၍ ရင်းနှီးကြခြင်းဖြင့် ဈေးကွက်များမှာ ကမောက်ကမဖြစ်ကုန် ရသည်၊ အနေတော်ချမ်းသာသူများမှာ သူတို့နေရာပျောက်ကုန်ရသည်။

ပြဿနာကို ပို၍ရှုပ်ထွေးစေသောအချက်မှာ ဟောင်ကောင်မြောက်ပိုင်းတွင် အိမ်ယာအသစ်ဆောက်လုပ်ခြင်းကို သဘောမတူနိုင်ကြသော အချက်ပင်ဖြစ်သည်၊ တယောက်တွင်လိုအင်ဆန္ဒကတစ်မျိုးဖြစ်နေကြပြီး ဤပြဿနာ မှာ Law Suit များဖြင့် လုံးလည်လိုက်နေသည်။

ရထားလမ်းဖောက်ရန်ရွေးချယ်ထားသော ၁၆ မိုင်ရှည်လျားသော လမ်းကြောင်းမှာလည်း နေရာမရနိုင် သော ကြောင့် မြေအောက်ရထားလမ်းပြေးရန် စဉ်းစားရသည်၊ မြေအောက်ဖောက်ရမည်ဖြစ်၍ ဈေးက တက်သွား တော့ရာ အစိုးရအဖို့အကြပ်ရိုက်နေသည် ရွာတစ်ခုကို နေရာမှဖယ်ပေးရမည်ဖြစ်သဖြင့် နိုင်ငံရေးသမားများဖြင့် ရှုတ်ထွေးနေလေသည်၊ တရုတ်ပြည်မကြီးတွင် Bullet Train များဥဒဟိုပြေးနေကြပြီးဟောင်ကောင်ကျွန်းတွင် ခေတ်မှီရထား မရှိသေးသည်မှာ သဘာဝမကျအောင်ဖြစ်နေသည်၊

တချို့ကလည်း ဤမျှပြသနာရှုတ်ထွေးများပြားသော ဟောင်ကောင်ကို စွန့်ခွာရန် ကြိုးစားလာကြသည်၊ အများ ကြိုက်သောနေရာတစ်ခုမှာထိုင်ဝမ်နိုင်ငံဖြစ်သည်၊ တရုတ်လူမျိုးများပင်နေထိုင်ပြီး အဓိက တရုတ်ပြည်မှလူအများ က ဗိုလ်မကျနိုင်သောနေရာဖြစ်သည်၊ ထို့အပြင်ဟောင်ကောင်ကဲ့သို့ မြေဈေးမကြီးသဖြင့် အခြေချနေထိုင် ရန် သင့်တော်သော နေရာတစ်ခုဖြစ်သည်။

(၃)

လွန်ခဲ့သောသုံးနှစ်က တရုတ်ပြည်ကြီးမှ ဟောင်ကောင်အတွက်အရေးကြီးသော ဆုံးဖြတ်ချက်ဖြစ်သော အုပ်ချုပ်သူ ရွေးချယ်ခြင်းကို ပီကင်းက အလျော့မပေးခဲ့ချေ၊ ထိုစဉ်က မစ္စတာရှီ၈ှင်ပင်း (Xi Jinping) သမ္မတ ဖြစ်သည်မှာ နှစ်နှစ်သာရှိသေးသည်၊ ဟောင်ကောင်သားတို့ကတရုတ်ခေါင်းဆောင်သည် ဒီမိုကရေစီ အပြည့် အ၀ပေးလိမ့်မည်ဟု မျှော်လင့်မိ ခဲ့ကြသည်။

ယနေ့ခေတ်တွင် မစ္စတာရှီ ခေါင်းဆောင်ဖြစ်လာသည်မှာ ၅ နှစ်ရှိလာနေပြီဖြစ်သည်၊ သူ၏လုပ်ပုံကိုင်ပုံများကို မြင်ကြရသဖြင့် ဟောင်ကောင်သားတို့၏ ဒီမိုကရေစီရေးမျှော်လင့်ချက်မှာ ပျက်ပြယ်သွားကြရပြီဖြစ်သည်။

ယနေ့တွေ့မြင်နေကြရသည်မှာ ဟောင်ကောင်သည် မက်ကာအိုနိုင်ငံကဲ့သို့များ ဖြစ်လာမည်လားဟုပင် ဖြစ် သည်၊ တချိန်ကပေါ်တူဂီကိုလိုနီ မက်ကာအိုသည် တရုတ်ပြည်၏ Gambling hub ဖြစ်သည်၊ မက်ကာအို သည် တရုတ်ပြည်မကြီးမှစကားကို တသဝေမတိမ်းနားထောင်သည်၊ ခြစားမှုက နာမည်ကြီးသည်၊ ပြစ်မှုများကို စနစ် တကျ ကျုးလွန်ကြသည်၊၊ အလုပ်သမားရေးရာများနှင့်၊ တခြားလွတ်လပ် သော အဖွဲ့အစည်း များမှာလည်း နေရာမရကြပေ၊ တရုတ်တို့၏အလိုကျ နေသည်၊ ဟောင်ကောင်မှ တရုတ်အများအပြားက နိုင်ငံမှထွက်ခွါ သွား လိုကြခြင်းမှာ ပြည်ကြီး တရုတ်တို့ကမက်ကာအို ကဲ့သို့ဖြစ်အောင်ကျိုးစားနေသည် ဟုအထင်ရောက် ကြသော ကြေင့်ဖြစ်သည်

လွန်ခဲ့သော စနေနေ့ ( ၁-၇-၁၇) က ဟောင်ကောင်အုပ်ချုပ်ရေးမှုအသစ် ဖြစ်လာသော ကယ်ရီလင်း ကပြော ကြားရာတွင်ြ့ပုပြင်ပြောင်းလဲရေးကိုမမျှော်ဘို့ ကိုသာပြောကြားသွားခဲ့သည်၊ တရုတ်ပြည်နှင့်ရင်းနှီးညီညွတ်စွာ နေထိုင်ဘို့ကိုသာဦးစားပေးကြရမည်ဟုဆိုသည်၊ တရုတ်ပြည်နှင့် ပိုမို ချစ်ကြည်စွာနေရေးဆိုသည်မှာ ဒီမိုကရေစီ ရေးကို မေ့လိုက်ကြဘို့ရည်ရွယ်ရင်းဖြစ်သဖြင့် ဤစကားများသည် ပြည်သူအများကမျှော်လင့်ကြသော စကားမျိုး မဟုတ်ကြပေ၊


ကိုသန်းလွင်


Ref: Fading Of a Model City, By Kaith Bradsher New YorkTimes, 30 June 2017
↧

မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး - အပိုင်း (၄)

$
0
0
မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး - အပိုင်း (၄)
(မိုးမခ) သြဂတ်စ် ၁၀၊ ၂၀၁၇

● နိုင်ငံသားဖြစ်မှုနှင့် "ရိုဟင်ဂျာ"
နိုင်ငံသားဖြစ်မှုပြဿနာတွင် လက်ရှိကြုံနေရသည့် ပြဿနာမှာ လူမျိုးအမည်ပြဿနာဖြစ်သည်။ ဘင်္ဂါလီမွတ်စလင်များက ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာလူမျိုးများ ခေါ်ဝေါ်သတ်မှတ်ထားကြသည်။ ၎င်းရိုဟင်ဂျာလူမျိုးဆိုသည်နှင့်ပတ်သက်၍ လွန်ခဲ့ သည့်နှစ် ၆၀ ကျော်မှစ၍ အငြင်းပွားမှုဖြစ်ခဲ့သည်ဟု ဆိုရမည်။

ရိုဟင်ဂျာဟူသည့် ဝေါဟာရကို စတင်သုံးနှုန်းသည်ကို တွေ့ရသည်မှာ ၁၉၅၁ ခုနှစ် သြဂုတ်လ ၂၈ ရက် ဂါးဒီးယန်သတင်းစာပါ ထိုစဉ် ဘူးသီးတောင်အမတ်ဖြစ်သူ အယ်ဒူဂါဖါ၏ ဆောင်းပါးတွင်ဖြစ်သည်ဟု ရခိုင်သမိုင်း ပညာရှင်ဒေါက်တာအေးချမ်းက ထောက်ပြထားခဲ့ပါသည်။ အယ်ဒူဂါဖါသည် ဘင်္ဂလားဒေ့ရှ် ဒက်ကာတက္ကသိုလ်မှ ဘွဲ့ရသည့် စစ်တကောင်းသားတဦး ဖြစ်ပြီး အင်္ဂလိပ်ခေတ်က ပညာဝန်ဖြစ်ခဲ့သူတဦးဖြစ်သည်။ သူ၏အဆိုအရ မောင်တော ဘူးသီးတောင်ရှိ မွတ်စလင်များသည် အေဒီ ၇ ရာစု ၈ ရာစုကထဲက အခြေစိုက်နေထိုင်ခဲ့ကြသည့် အာရပ်ကုန်သည်များ၏ အဆက်အနွယ်များ၏ အဆက်အနွယ်များဖြစ် ပြီး အိန္ဒိယ ပါကစ္စတန်ဘင်္ဂလားဒေ့ရှ်တို့နှင့် အဆက်အသွယ်မရှိ။ နယ်သစ်ပယ်သစ်ရှာဖွေလာသော အာရပ်ကုန်သည်နှင့် စစ်သည်တော်များဖြစ်ပြီး ထိုစဉ်က ဒေသခံအကြီးအကဲများက အသိမှတ်ပြုခဲ့ကြသည်ဟု ဆိုသည်။ ထိုအဆက်အနွယ်များမှာ ရိုဟင်ဂျာ ရှေးရိုးစွဲမွတ်စလင်များအဖြစ် ၇ ရာစုကထဲက ရခိုင်ပြည်နယ်တွင်းရောက်ရှိ အမြစ်တွယ်ခဲ့သည်ဟု ဆိုသည်။ ထို့ ပြင် ရခိုင်သို့ ဗုဒ္ဓဘာသာသည်အနော်ရထာမင်းလက်ထက် အေဒီ ၁၀၄၄ လောက်မှ စရောက်သည်ဟု ဆိုကြသေးသည်။ ထို အချိန်မှစ၍ မွတ်စလင်ပညာတတ်လူငယ်များ၏ လှုံ့ဆော်မှုဖြင့် ရခိုင်မွတ်စလင်ဟူ၍လည်းကောင်း၊ ရိုဟင်ဂျာဟူ၍ လည်း ကောင်း သုံးစွဲမှုများ စတင်ခဲ့သည်။

ဤလှုပ်ရှားမှုနှင့်အတူ ရိုဟင်ဂျာအဖွဲ့အစည်းများ ထူထောင်လာခဲ့ကြသည်။ ၁၉၅၆ ခုနှစ်တွင် "ရိုဟင်ဂျာညီညွတ်ရေး အ စည်းအရုံး"နှင့် ၁၉၅၉ ခုနှစ်တွင် "ရိုဟင်ဂျာလူငယ်များအစည်းအရုံး"ကိုဖွဲ့စည်းပြီး မောင်တောဘူးသီးတောင်ဒေသတွင် ဌာနခွဲများ ဖွင့်လှစ်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် နောက်ထပ် ရိုဟင်ဂျာအစည်းရုံး ၄ ခု ထပ်မံပေါ်ပေါက်ခဲ့သည်။ ၎င်းတို့မှာ ....
၁။ ရိုဟင်ဂျာကျောင်းသားများအစည်းအရုံး
၂။ ရိုဟင်ဂျာအလုပ်သမားများအစည်းအရုံး
၃။ ရိုဟင်ဂျာတက္ကသိုလ်ကျောင်းသားများအစည်းအရုံး
၎။ ရိုဟင်ဂျာ ဂျမီယတ်အာလ်အူလ်မာအဖွဲ့တို့ဖြစ်ပြီး အမှတ်စဉ် ၁/၂/၃ တို့သည် ရန်ကုန်တွင်အခြေစိုက်ပြီး အမှတ်စဉ် ၄ အ ဖွဲ့မှာ ရန်ကုန် မောင်တော ဘူးသီးတောင်ဒေသများတွင် အဖွဲ့ခွဲများဖွဲ့စည်းထားသည်။

အဆိုပါရိုဟင်ဂျာအသုံးအနှုန်းအား ဖဆပလ ခေါင်းဆောင်အချို့နှင့် တပ်မတော်မှ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးတို့ လက်ခံ သုံးစွဲခဲ့သည်ကို တွေ့ရသည်။ ထိုစဉ်က ထုတ်ပေးသည့် သုံးခေါက်ချိုးမှတ်ပုံတင်တွင်လည်း လူမျိုးနေရာတွင် ရိုဟင်ဂျာဟူ၍ ရေးသားသုံးစွဲခဲ့သည်ကို တွေ့ရသည်။ ၁၉၆၀ ခုနှစ်သန့်ရှင်းဖဆပလအစိုးရတက်လာပြီးနောက်တွင် မြန်မာ့အသံ အသံလွှင့် အစီအစဉ်၌ ရိုဟင်ဂျာအစီအစဉ် ထည့်သွင်းထုတ်လွှင့်သည်ကို တွေ့ရသည်။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက် ပိုင်း ထိုအသံလွှင့်အစီအစဉ်များရပ်ဆိုင်းခဲ့ပြီး ရိုဟင်ဂျာအဖွဲ့အစည်းများလည်း ဖျက်သိမ်းခံခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် ရိုဟင်ဂျာဆိုသည့်ဝေါဟာရကို အစိုးရနှင့်တပ်မတော် လက်ခံသုံးစွဲခြင်းမရှိတော့ပေ။

သို့သော် ယခုအခါ ရခိုင်ပြည်နယ်တွင်းတွင်လည်းကောင်း၊ ပြည်ပမှလည်းကောင်း၊ ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီအရေးအား လှုပ်ရှားနေသူများက ရိုဟင်ဂျာဟုသာ ရပ်ခံသုံးစွဲနေကြသည်ကိုတွေ့ရှိရသည်။

● ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီမွတ်စလင်များဝင်ရောက်လာခြင်း
ရိုဟင်ဂျာဆိုသည့် သမိုင်းဖေါ်ထုတ်လာကထဲက ရခိုင်သမိုင်းပညာရှင်များ ရခိုင်နိုင်ငံရေးသမားများက လက်မခံဘဲ ပြင်းပြင်း ထန်ထန် ပြန်လည်တုန့်ပြန်ခဲ့ကြသည်။ သမိုင်းအထောက်အထားများအရ လက်သင့်ခံဖွယ်ရာမရှိဟု တုန့်ပြန်ခဲ့ကြသည်။

ရခိုင်၏ထင်ရှားသော သမိုင်းအထောက်အထားများဖြစ်သည့် အာနန္ဒစန္ဒြမင်းကြီး၏ကျောက်စာ ဓညဝတီမြို့ဟောင်း ဝေသာလီမြို့ဟောင်းဝေသာလီခေတ်ဒင်္ဂါးများ စသည့်ထင်ရှားသည့် သမိုင်းအထောက်အထားများအရ ၇ ရာစုမှ ၁၀ ရာစုအထိ ဝေ သာလီခေတ်တွင် ရခိုင်တွင် ဗုဒ္ဓဘာယဉ်ကျေးမှု ထွန်းကားပြန့်ပွားနေပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့်အတူ ရောနှောပြန့်နှံ့ နေသည်မှာ ဟိန္ဒူယဉ်ကျေးမှုဖြစ်သည်ကို တွေ့ရသည်။ ဝေသာလီခေတ်၌ မွတ်စလင်ဘာသာရောက်ရှိသည့် အထောက် အထား မှတ်တမ်းမတွေ့ရပေ။ ခေတ်ပြိုင်အိန္ဒိယသမိုင်းကို လေ့လာကြည့်လျင်လည်း မွတ်စလင်ဘာသာ ပြန့်နှံ့မှုသည် အေ ဒီ ၇ ရာစုမှ ၁၀ ရာစုကြားကာလထိ အိန္ဒိယအနောက်ဖက်ကမ်းတွင်သာ ရပ်တန့်နေသည်ကို တွေ့ရသည်။ ရခိုင်နှင့်ထိစပ်နေ သည့် အိန္ဒိယအရှေ့ပိုင်း ယခု ဘင်္ဂလားဒေ့ရှ်ဒေသသို့ပင် ရောက်လာခြင်း မရှိသေးပေ။

ထို့ကြောင့်လည်း ရိုဟင်ဂျာဟုဆိုသူများက ၎င်းတို့သည် အိန္ဒိယ ဘင်္ဂလားဒေ့ရှ်တို့နှင့်မသက်ဆိုင်ဘဲ အာရပ်မှ တိုက်ရိုက် ရောက်လာသူများဟု ဆိုကြပုံရသည်။ သို့သော် ထိုသို့ဆိုသော်လည်း အခိုင်အမာသက်သေပြစရာ သမိုင်းအထောက်အထား များ မတွေ့ရပါ။

ရခိုင်ပြည်နယ်ရှိ ထင်ရှားသော သမိုင်းအထောက်အထားများအရ ရခိုင်ပြည်နယ်သို့ မွတ်စလင်ဘာသာဝင်များ ရောက်ရှိလာပုံ အား သမိုင်းအထောက်အထားဖြင့် အဓိကအားဖြင့် ၃ ပိုင်းခွဲခြားတွေ့မြင်နိုင်သည်။

ပထမဦးဆုံးအနေဖြင့် ဝင်ရောက်လာခဲ့သည်မှာ မြောက်ဦးခေတ် ဘုရင်မင်းဘာကြီးလက်ထက် ၁၅၃၁ ခုနှစ်၌ ဘင်္ဂလား စစ်တကောင်းနယ်ကိုတိုက်ခိုက်သိမ်းပိုက် နယ်မြေချဲ့ထွင်ရာမှ အစပြုသည်။ စစ်နိုင်သူ မင်းဘာကြီးသည် သောင်းဒေးကျွန်းမှ ဆားချက်သည့် မွတ်စလင်ဘာသာဝင် ၄၀၀၀ ခန့်ကိုဖမ်းဆီးခေါ်ဆောင်လာပြီး သံတွဲရှိ ဘုရားသုံးဆူတွင် ဘုရားဝေယာဝစ္စ လုပ်ရန် ဘုရားကျွန်များအဖြစ် နေရာချထားခဲ့သည်။ ယင်းတို့မှာ ရခိုင်တွင် သမိုင်းအထောက်အထားဖြင့် မွတ်စလင်ဘာသာ ဝင်များ စတင်ဝင်ရောက်သည်ဟု မှတ်တမ်းဝင်သည်။

မင်းဘာကြီး၏ မြေးဖြစ်သူ မင်းရာဇာကြီးခေတ်တွင် ၎င်း၏သားဖြစ်သူ မင်းခမောင်းပုန်ကန်ရာတွင် အဆိုပါ သံတွဲရှိ မွတ်စလင် များကို စည်းရုံးပြီးပါဝင်စေခဲ့သည်။ ထိုပုန်ကန်မှု များအရေးနိမ့်သောအခါ မွတ်စလင်ဘာသာဝင် ၃၇၀၀ ခန့်သည် ဗမာ ဘုရင်ပိုင်နက် မြေဒူးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ၁၇၈၄ ခုနှစ်ဘိုးတော်ဘုရား ရခိုင်ကိုလာတိုက်သောအခါ အဆိုပါ မြေဒူးမွတ်စလင်ဘာသာဝင်များအား တပ်ဖွဲ့တခုအဖြစ်ပြန်လည်ခေါ်ဆောင် လာခဲ့ပြီး သံတွဲတွင်ပြန်လည်အခြေစိုက်ကြသည်။

ထို့ကြောင့် ၎င်းတို့အား မြေဒူးမွတ်စလင်ဘာသာဝင်များဟု ခေါ်ကြသည်။ ၎င်းတို့သည် မွတ်စလင်ဘာသာဝင်များဖြစ်ကြသော် လည်း ဗမာစကားပြော၍ ဗမာလိုပင် ဝတ်စားကြသည်။

ဒုတိယအနေနှင့် ဝင်ရောက်လာကြသူများမှာ အိန္ဒိယနန်းလုပွဲမှ အရေးနိမ့်ပြီး ဝင်ရောက်ခိုလှုံလာကြသူများဖြစ်သည်။ ၁၆၅၇ ခုနှစ် မဂိုဘုရင် ရှာဂျဟန် Shar Jahan နားမကျန်းဖြစ်စဉ် နန်းလုသူ မဂိုမင်းသားငယ် သျှ သျူဂျာ Shah Shuja နှင့်နောက်လိုက် ၂၀၀ ခန့်သည် မြောက်ဦးဘုရင် (၁၆၅၂-၁၆၈၄) ထံ ခိုလှုံလာခဲ့သည်။ ၎င်းတို့သည် အာဖဂန်အနွှယ် ပါရှန်လေးသည် တော် များဖြစ်ကြရာ လေးဟုအဓိပ္ပါယ်ရသော ပါရှန်စကားဖြစ်သည့် ကမန်ဟု ခေါ်တွင်ခဲ့ကြသည်။ ၎င်းကမန်များသည် နောက် ပိုင်းတွင် ရခိုင်နန်းလုပွဲများတွင် ပါဝင်ပတ်သက်လာခဲ့၍ ၁၇၁၀- ၁၇၃၁ ခုနှစ် စန္ဒဝိဇယမင်းလက်ထက်တွင် ရမ်းဗြဲကျွန်း နောင်တွင် သံတွဲသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။ သံတွဲမြောက်ဖက်၌ ရွာ၎ ရွာတည်၍ နေရာချပေးခဲ့သည်။ အဆိုပါသံတွဲရှိ မြေဒူးနှင့်ကမန် လူဦးရေမှာ ၁၉၁၁ ခုနှစ် အင်္ဂလိပ်ခေတ်စာရင်းအရ ၃၅၇၆ ဦးရှိသည်။ ကမန်များသည် ရခိုင်စကားပြော၍ ဝတ်စားဆင်ယဉ်မှုမှာလည်း ရခိုင်တို့နှင့် မခြားပေ။

ထို့ပြင် မြောက်ဦးခေတ်တွင် အင်အားတောင့်တင်းသည့် ရခိုင်ဘုရင်များလက်ထက်တွင် စစ်တကောင်းနယ်သို့ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်လေ့ရှိပြီး ဖမ်းမိလာသည့် စစ်သုံ့ပမ်းများကို ကျွန်အဖြစ် အသုံးပြုလေ့ရှိသကဲ့သို့ ပေါ်တူဂီကုန်သည်များနှင့် လည်း ကျွန်အရောင်းအဝယ်ပြုကြသည်ကို မှတ်တမ်းများတွင် တွေ့ရသည်။ ဘင်္ဂလား စစ်တကောင်းနယ်ကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည့် မြောက်ဦးခေတ် ဘုရင် ၉ ဦးရှိခဲ့ပြီး ၎င်းဘုရင် ၉ ဦးခေတ်တွင်ထုတ်လုပ်သည့် ဒင်္ဂါးအချို့တွင် အာရေဗျ စာ များနှင့်ထုတ်သည်ကို တွေ့ရပြီးစစ်နိုင်သည့် ဘင်္ဂလားနယ်များတွင် အသုံးပြုပုံရသကဲ့သို့ စစ်အောင်နိုင်ခြင်းအထိမ်းအမှတ်လည်း ဖြစ်ပုံရသည်။ သို့ဖြစ်ရာ မြောက်ဦးခေတ်တလျောက် စစ်နိုင်သည့်ဘုရင်များ ဖမ်းဆီးခေါ်ဆောင်လာသည့် မွတ်စလင် ဘာသာဝင်အချို့လည်း ဝင်ရောက်လာသည့်ဟု ဆိုရမည်။

တတိယအနေနှင့် အလုံးအရင်းနှင့် ဝင်ရောက်လာသည်မှာ အင်္ဂလိပ်တို့သိမ်းပိုက်ပြီးသည့် ၁၈၂၅ ခုနှစ်နောက်ပိုင်းတွင် ဖြစ် ကြောင်းတွေ့ရသည်။

● အင်္ဂလိပ်ကိုလိုနီခေတ်၌ ဝင်ရောက်လာခြင်း

၁၈၂၅ ခုနှစ် ရခိုင်ကို အင်္ဂလိပ်နယ်ချဲ့တို့သိမ်းပိုက်သည်မှစ၍ တတိယအကြိမ်အဖြစ် အိန္ဒိယတိုက်သား ဟိန္ဒူဘာသာဝင်ရော မွတ်စလင်ဘာသာဝင်ရော ၎င်းတို့၏အကူ အလုပ်သမား တပ်သားစသဖြင့် အင်္ဂလိပ်တို့၏ အုပ်ချုပ်ယန္တယား၏ အစိတ် အ ပိုင်းအဖြစ် စတင်ပါဝင်လာသည်။ အင်္ဂလိပ်တို့ စတင်ဝင်ရောက်ချိန်တွင် ရခိုင်၌ လူဦးရေနည်းပါးနေသည်။ အင်းဝဘုရင်က ရခိုင်ကိုသိမ်းပိုက်ပြီးနောက် ရခိုင်အများအပြားသည် အင်္ဂလိပ်ပိုင်နက် အိန္ဒိယနယ်ထဲသို့ ထွက်ပြေးခိုလှုံခဲ့ရာ ရခိုင်ပြည်နယ် အတွင်း လူဦးရေအထူးလျော့ကျ နေခဲ့သည်။ အင်္ဂလိပ်တို့ ရခိုင်သိမ်းပြီးနောက်မှသာလျင် တိမ်းရှောင်နေသောရခိုင်များ တစ တစ ပြန်လည်အခြေချ နေထိုင်ကြလာကြသည်ဟု ဆိုပါသည်။

၁၈၆၉ ခုနှစ် စူးအက်တူးမြောင့်ပွင့်ပြီးနောက် ၁၈၇၁ ခုနှစ်မှစ၍ မြန်မာ့စီးပွားရေး တခေတ်ဆန်းခဲ့သည်ဟု သမိုင်းပညာရှင်များ က မှတ်တမ်းပြုပါသည်။ ရခိုင်သာမက မြန်မာပြည်အောက်ပိုင်းဒေသများကိုပါ သိမ်းပိုက်ပြီးသော အင်္ဂလိပ်နယ်ချဲ့တို့သည် အိန္ဒိယမှ အလုပ်သမားအမြောက်အများအားရခိုင် မြစ်ဝကျွန်းပေါ်နှင့် ပဲခူးတိုင်းတို့သို့ ခေါ်ယူတင်သွင်းလာပြီး ဆန်စပါးစိုက်ပျိုး ရေးကို တိုးချဲ့လုပ်ဆောင်၍ အနောက်တိုင်းသို့ပို့ဆောင်နိုင်ရန် ကြိုးပမ်းခဲ့တော့သည်။ ရခိုင်ပြည်နယ်တွင်းသို့ ရေလမ်းမှသာ မက တောင်ပြို လက်ဝဲ မောင်တော ဘူးသီးတောင်တို့မှ ခေါ်ယူလာခဲ့သည်။ သယ်ယူပို့ဆောင်ရေးလွယ်ကူစေရန် မောင်တော ဘူးသီးတောင် ရထားလမ်းပင် ဖေါက်လုပ်ခဲ့သေးသည်။

၁၉၃၈ ခုနှစ် ရန်ကုန်၌ အစပြုသည့် ကုလား-ဗမာအရေးအခင်းပြီးနောက် အင်္ဂလိပ်တို့က စုံစမ်းရေးကော်မတီတခုဖွဲ့စစ်ဆေးခဲ့ပြီး ထိုကော်မတီက မြန်မာနိုင်ငံတွင်းသို့ အိန္ဒိယမှ အလုပ်သမားတင်သွင်းမှု ကန့်သတ်ရန်မြေယာကိစ္စပြုပြင်ရန် အကြံပြု ပြီးနောက် ထိုကော်မတီ၏ ထောက်ခံချက်ဖြင့် အင်္ဂလိပ်အစိုးရသည် စီးပွားရေးပညာရှင် ဂျိမ်းဘက်စ်တာ James Baxter ခေါင်းဆောင်သည့် ဆက်လက်စုံစမ်းရေးကော်မရှင်တခုဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင်အား မြန်မာနိုင်ငံတွင်းသို့ ဝင်လာသူ အိန္ဒိယသားများကိစ္စအားစုံစမ်းပေးရန် အင်္ဂလိပ်အစိုးရက မေတ္တာရပ်ခံခဲ့သည်။

ထိုကော်မရှင်တွင် ဥက္ကဌ အဖြစ် မစ္စတာဂျိမ်းဘက်စ်တာ (နောင် မြန်မာပြည်ဘုရင်ခံ၏ အတိုင်ပင်ခံအရာရှိ) ဆောင်ရွက်ပြီး ICS ဦးတင်ထွဋ်နှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခ မစ္စတာ အာဒီဆိုင်းတို့က အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ကြသည်။ ထိုအစီ ရင်ခံစာအရ ရခိုင်သို့ဝင်ရောက်လာသည့် အိန္ဒိယသားများ၏အခြေအနေကို ကောင်းစွာတွေ့မြင်နိုင်သည်။

ထိုကော်မရှင် အစီရင်ခံစာ အခန်း ၇ စာမျက်နှာ ၄၉ တွင် ၁၉၃၀ ခုနှစ်တွင်ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ရခိုင် တိုင်းအတွင်း ဝင်ရောက်လာသော အိန္ဒိယသားများ၏စာရင်းကို အောက်ပါအတိုင်းဖေါ်ပြထားသည်။

- ရခိုင်တိုင်း လူဦးရေ ၁၁၀၈၅၃၈ ဦး
- အိန္ဒိယတိုင်းရင်းသားဦးရေ ၂၁၇၈၀၁ ဦးဟု ဖေါ်ပြသည်။

ခရိုင်အလိုက်ပြန့်ကျဲနေသည့် အိန္ဒိယသား အရေအတွက်ကို အောက်ပါအတိုင်း ဆက်လက်ဖေါ်ပြသည်။
- စစ်တွေခရိုင် ၂၁၀၉၉၀ ဦး (ထိုစဉ်က မောင်တော ဘူးသီးတောင်သည် စစ်တွေခရိုင်အတွင်းပါဝင်သည်)
- ရခိုင်တောင်တန်းဒေသ ၅၀၀ ဦး
- ကျောက်ဖြူ ခရိုင် ၄၃၂၁ ဦး
- သံတွဲခရိုင် ၁၉၉၀ ဦးတို့ဖြစ်သည်။

၁၉၃၀ ခုနှစ်စာရင်းအရ ရခိုင်တွင် အိန္ဒိယတိုင်းရင်းသားဦးရေသည် ၂၀% ပင်မရှိပေ။

ထိုစဉ် စစ်တွေခရိုင်အတွင်း လူဦးရေ ၆၃၇၅၈၀ ယောက်ရှိပြီး ၂၁၀၉၉၀ ယောက်မှာ အိန္ဒိယတိုင်းရင်းသားများဖြစ်ပြီး ရခိုင်ရှိ အိန္ဒိယသားအားလုံး၏ ၉၇ % ဖြစ်သည်။ ထိုအထဲတွင် အိန္ဒိယတွင်ဖွါးမြင်သူ ၄၄၀၀၀ ရှိပြီး ရခိုင်တွင်ဖွားမြင်သူ ၁၆၇၀၀ ရှိသူဟုဆိုသည်။ အိန္ဒိယမှာ လယ်ယာလုပ်ငန်းတွင် လယ်ကူလီလာလုပ်သူများသည် မူလက လယ်ယာလုပ်ငန်းချိန်တွင်သာ လာရောက်ကြသော်လည်း နောင်တွင် မပြန်ကြတော့ဘဲ အခြေချနေထိုင်လာကြသည်ကိုတွေ့ရသည်။ ထိုစဉ်က စစ်တွေခရိုင် အတွင်း မောင်တောမြို့နယ် ဘူးသီးတောင်မြို့ နယ်တို့ပါဝင်ကြသည်။

စစ်တွေခရိုင်တွင်း ပြန့်နှံနေထိုင်သော အိန္ဒိယသားများ၏ မျိုးနွယ်ကိုအောက်ပါအတိုင်း ခွဲခြားဖေါ်ပြသည်ကို တွေ့ရသည်။
- စစ်တကောင်းသား ၁၈၆၃၂၇ ဦး
- ဘင်္ဂါလီ( စစ်တကောင်းသားမဟုတ်သူ) ၁၀၉၉၈ ဦး
- ဟိန္ဒူ ၂၉၅၅ ဦး
- အူရီယာ ၃၈၀၉ ဦး ဟူ၍ဖေါ်ပြသည်။

ပြည်သူ့ကျန်းမာရေးဌာန ညွှန်ကြားရေးဝန်၏ ၁၉၃၀ ခုနှစ် အစီရင်ခံစာတွင် ဖေါ်ပြထားချက်အရ တနှစ်လျှင် စစ်တကောင်းသား ကူလီ ၄၀၀၀၀ ခန့်ဝင်ရောက်လေ့ရှိကြောင်း ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းကောက်ချိန်တွင် စစ်တွေခရိုင်အတွင်း အိန္ဒိယတိုင်း ရင်းသား စုစုပေါင်း ၂၅၁၉၄၅ ယောက်ရှိသည်ဟု ဖေါ်ပြပါသည်။ ၁၉၃၄ ခုနှစ်တွင် ရခိုင်တိုင်းအတွင်း စစ်တကောင်းသားဝင် ရောက်မှုမှာ ၂၀၀၀၀ ခန့်ရှိသည်ဟု ဆိုပါသည်။ ယခုအတိုင်းသာရခိုင်သို့ စစ်တကောင်းသားများ အဆက်မပြတ်ဝင်ရောက်လာနေခြင်းကိုမတားဆီးပါက နောင်တွင် လူမျိုးရေးအဓိကရုဏ်းများဖြစ်ပွားမည်ကို စိုးရိမ်ရသည်ဟု စုံစမ်းရေးကော်မရှင်က သုံးသပ်တင်ပြခဲ့သည်ကို တွေ့ရသည်။

အင်္ဂလိပ်ကိုလိုနီခေတ် ဂျိမ်းဘက်စ်တာ အစီရင်ခံစာသည် ရခိုင်သို့အိန္ဒိယတိုင်းရင်းသားများ ဝင်ရောက်လာပုံကို ဖေါ်ပြသည့် ခိုင်မာသည့် သက်သေအထောက်ထားဟုဆိုရပါမည်။ ထိုစာရင်းအရ အိန္ဒိယတိုင်းရင်းသားများတွင် စစ်တကောင်းသား ( ရခိုင်တိုင်းရင်းသားများက စစ်တကောင်းကုလားဟု ခေါ်ကြသည်) ဟုခေါ်သည့် မွတ်စလင်ဝင်ဘာသာဝင် ဘင်္ဂါလီများ ဖြစ်ကြပြီး ဟိန္ဒူနည်းပါးသည်ကို တွေ့ရသည်။ ထို့ပြင် ဘင်္ဂလားစစ်တကောင်းဒေသမှသူများသည် ၎င်းတို့နှင့်နယ်မြေချင်း ဆက်စပ်နေသည့် မောင်တောမြို့နယ်အတွင်းတွင်လည်း ဝင်ရောက်အခြေချနေထိုင်လာကြသည်။ ဤသို့နှင့်ဘင်္ဂလား စစ် တကောင်းနယ်သား ဘင်္ဂါလီမွတ်စလင်အများအပြားသည် ရခိုင်တိုင်းအတွင်းသို့ အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်တို့၏အကျိုး အမြတ်များအတွက် တံခါးမရှိ ဓါးမရှိခေါ်သွင်းခဲ့မှုကြောင့် အမြောက်အများဝင်ရောက်လာခဲ့သည်ကို ထိုအစီရင်ခံစာအရတွေ့ မြင်နိုင်သည်။

၁၉၃၅ ခုနှစ် ခွဲရေးတွဲရေး ဥပဒေပေါ်ထွက်လာပြီးအိန္ဒိယနိုင်ငံမှခွဲထွက်ရန် ဆုံးဖြတ်ချက်အရ အိန္ဒိယခေါင်းဆောင် ဆာကာနှင့် မြန်မာနန်းရင်းဝန် ဂဠုန်ဦးစောတို့ လူဝင်လူထွက်စာချုပ်တခု ချုပ်ဆိုခဲ့သည်။ ထိုခွဲထွက်ရေးကို စတင်ဆွေးနွေးသည်နှင့် နောင်တွင် မြန်မာပြည်ဝင်ခွင့်မရမည်ကိုစိုးရိမ်သည့် အိန္ဒိယသား အမြောက်အများသည် ထိုကာလ၌ အလုံးအရင်းနှင့် ဝင်လာ ခဲ့သည်ဟု ဆိုသည်။ ထိုမှတွေ့ရသည်မှာ ဗြိတိသျှ ရခိုင်ကိုသိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးအရ ဗြိတိသျှ အိန္ဒိယနယ်အတွင်း၌ ထည့်သွင်းထားရာ တိုင်းပြည်အပိုင်းအခြားပြု သည့် ၁၉၃၅/၃၇ ထိ ဗြိတိသျှလက်အောက်ခံ တနယ်ထဲဖြစ်နေ၍ အတား အဆီးမရှိ ဝင်ရောက်ခဲ့နိုင်သည်ဟု ဆိုရပါမည်။

ထို့ပြင် ဂျိမ်းဘက်စ်တာအစီရင်ခံစာ၌၎င်း ရခိုင်ကို ၁၈၂၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်ထိ နှစ်ပေါင်း ၁၂၃ နှစ်တိုင် အုပ်ချုပ်ခဲ့သော အ လွန်တရာစေ့စပ်သေချာသော အင်္ဂလိပ်အစိုးရ၏ တရားဝင်ပြန်တမ်းများတွင် ၎င်းဖေါ်ပြသည့် တိုင်းရင်းသားလူမျိုးများ အ မည်စာရင်းတွင် ရိုဟင်ဂျာဆိုသည့်လူမျိုး ပါဝင်ခဲ့ခြင်းမရှိပါ။ အိန္ဒိယမှဝင်ရောက်လာသည့် အိန္ဒိယတိုင်းရင်းသားများ စစ်တ ကောင်းသားများ ဘင်္ဂါလီများ ဟိန္ဒူများဟုသာဖေါ်ပြသည်ကို တွေ့မြင်ခဲ့ရသည်။

ဗြိတိသျှအမှတ် ၁၄ တပ်မတော်မှ ဗိုလ်မှူးချုပ် စီအီးလူးကပ်ဖီးလစ် C.E Lucas Philips က "မွတ်စလင်များ၏ ဇစ်မြစ်မှာ ဗြိတိသျှ အိန္ဒိယပိုင်ဘင်္ဂလားနယ် စစ်တကောင်းခရိုင်ဖြစ်သည်။ မွတ်စလင်များအားလုံသည် ရခိုင်ပြည်တွင် မျိုးဆက်ပေါင်းများ စွာများစွာ အခြေချနေထိုင်လာခဲ့သည်ဖြစ်စေ လောလောလတ်လတ် ရွှေ့ပြောင်းဝင်ရောက်လာသူများဖြစ်စေ စစ်တကောင်း သားများ (Chittagonians ) ဟူ၍ သိကြသည်။ ဗြိတိသျှတပ်မတော်တွင် ၎င်းတို့ကို စစ်တကောင်းတပ်ဖွဲ့ဝင်များ (CFs) ဟု သိကြသည်။"ဟု ဆိုပါသည်။

သို့ဖြစ်ရာ ရခိုင်မြို့ပြနိုင်ငံခေတ်များဖြစ်သော ဓညဝတီ ဝေသာလီ လေးမြို့ မြောက်ဦး စသည့်ခေတ်များတွင် သမိုင်း အ ထောက်အထားမှတ်တမ်းမှတ်ရာများ ပြည့်စုံစွာမရရှိဟုဆိုနိုင်သော်လည်း သမိုင်းမှတ်တမ်းမှတ်ရာများ အပြည့်အစုံရှိသော ဗြိတိသျှ အင်္ဂလိပ်များခေတ်တွင်လည်း ရိုဟင်ဂျာလူမျိုးဆိုသည်ကို မှတ်တမ်းတင်ထားခြင်းမတွေ့ရပေ။ သို့ဖြစ်ရာ ရိုဟင်ဂျာ ဆိုသောအသုံးအနှုန်းသည် လွတ်လပ်ရေးခေတ်နောက်ပိုင်းမှပေါ်လာသော အသုံးအနှုန်းဟု ဆိုရပါမည်။ ရခိုင်ရှိ မွတ်စလင် များအား ဒေသခံရခိုင်များနှင့် ပြည်မမှ ဗမာများက မွတ်စလင်ကုလားများဟုသာ အစဉ်တစိုက် ခေါ်ဝေါ်သုံးစွဲကြသည်။ ထိုသို့သုံးစွဲမှုအား တရားဝင်သုံးစွဲမှုခြင်းကို ကန့်ကွက်မှုများရှိနေ၍ တရားဝင်သုံးနှုန်းရာတွင် ဘင်္ဂါလီမွတ်စလင်များဟု ပြောင်း လဲသုံးစွဲကြသည်။ ဗြိတိသျှမှတ်တမ်းများအရဆိုသော် ရခိုင်ရှိ စစ်တကောင်းမွတ်စလင်များ စစ်တကောင်းသားများဟု ခေါ် ဆိုသည်ကို တွေ့ရသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

(ဧရာဝတီမြန်မာပိုင်းတွင် ဇူလိုင် ၂၁၊ ၂၀၁၇ ရက်နေ့က ဖော်ပြပြီးဖြစ်သည်။) 

Photo by Allison Joyce
↧

ကာတွန်း ကိုခေတ် ● အထုတ်ပစ်ရမလား .. တံခါးပြင်ရမလား ...

$
0
0
 ကာတွန်း ကိုခေတ် ● အထုတ်ပစ်ရမလား .. တံခါးပြင်ရမလား ...
(မိုးမခ) သြဂတ်စ် ၁၀၊ ၂၀၁၇
↧
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>