Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ကာတွန်း ATH ● ပွဲဆက်များတဲ့ ဒီမိုကရေစီ

$
0
0
ကာတွန်း ATH ● ပွဲဆက်များတဲ့ ဒီမိုကရေစီ
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၇

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း

$
0
0
အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း  
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇

● ဘုရားသုံးဆူ နေ့ရက်များ (၂)
အမှန်အတိုင်း ပြောရရင် ကျနော့်မှာ နိုင်ငံရေးအရ ရည်ရွယ်ချက်သိပ်ကြီးကြီးမားမား မရှိဘူး။ အမှန်ပြောရရင် နောက်လိုက် ကောင်းပဲ ဖြစ်ချင်တယ်။ အဲဒီအချိန်က စခန်းမှာ ဗိုလ်လုပ်ချင်သူတွေများနေတဲ့ကြားထဲလည်း သိပ်ပြီး ဝင်မပြိုင်ချင်ဘူး။ အုပ်စုနိုင်ငံရေးသဘော အရှုပ်အရှင်းတွေကြားထဲလည်း ကင်းကင်းပဲ နေချင်တယ်။ ဒီလိုနဲ့ စခန်းဆေးရုံမှာပဲ ကျနော်ကျရာ တာဝန်ကို ကောင်းကောင်းလုပ်တယ်။

စခန်းဆေးရုံရောက်တော့လည်း အထိုက်အလျောက်နိုင်ငံရေးက ရှိပြန်တယ်။ သံဖြူဇရပ်ဒေသက ရမ်းကု ကိုသားငယ် ဆိုသူက တခါတလေလူတတ်ကြီး ဝင်လုပ်တယ်။ နောက်တော့ ကြက်ခြေနီလို အဖွဲ့အစည်းမျိုး ဝင်လုပ်ဖူးတဲ့ ကိုသန်းနွယ် တို့လည်း ဆေးခန်းမှာ ဆေးမှူးအဖြစ် ရှိနေကြတယ်။ ကျနော်တို့ ပြဿနာက ဆေးကျောင်းသားသာ ဆိုတယ်၊ လက်တွေ့ မရှိဘူး။ အကြောဆေးသွင်းဖို့ ဖောက်ရင် အပ်က တန်းကနဲသွေးကြောထဲ ဝင်သွားတာ မရှိဘူး။ သူတို့ကတော့ လက်ယဉ် နေတော့ အကြောဆေးသွင်းရင် အပ်က လျောလျောရှုရှုရယ်။ ဒီလိုနဲ့ အချင်းချင်းလဲ စနောက်ကြတယ်။ ဘယ်ဆရာဝန် ဆိုရင် အပ်ဘယ်နှစ်ပေါက် ထိမယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် ဆေးရုံမှာ ဒီလိုရမ်းကုလုပ်နေတာမျိုးကို စည်းစနစ်မရှိ လွှတ်ထားပေးလို့ မရဘူး။ ပညာပြိုင်ကြရတယ်။ ဆေးရုံကို ကိုယ်ပြန်ထိန်းချုပ်နိုင်အောင် လုပ်ရတယ်။ ကုသပုံက အစ၊ ဆေးတွေကို စနစ်တကျ သိမ်းဆည်းမှု၊ စာရင်းဇယား၊ လူနာရာဇဝင် ထားရှိမှု ဒါတွေကို စနစ်ကျအောင် လုပ်ရတယ်။

စခန်းသစ်မှာ စခန်းဆောက်လုပ်နေကြတုန်း၊ တနေ့ ကချင်ဗိုလ်မှူးတယောက်လာလည်မယ်ဆိုပြီး ပြောတယ်။ နောက် တော့ ကျန်ကျောင်းသား ခေါင်းဆောင်တွေနဲ့အတူ ပြောက်ကျားအင်္ကျီတပိုင်းဝတ်ထားတဲ့ လူတယောက်ပါလာတယ်။ သူကတော့ ဘယ်ရီဟက်ကို ဆောင်းလို့၊ အောက်မှာတော့ ရိုးရိုးဘောင်းဘီပါပဲ။ သူက ဘားတိုက်တွေကို တခုချင်း လိုက်ကြည့်တယ်။ အားပေးစကား ပြောတယ်။ လက်ဆွဲနှုတ်ဆက်တယ်။ တိုင်းရင်းသား အသံဝဲဝဲနဲ့ ပြောတယ်။ "တောင်ပေါ်က တစ်တီတူးနဲ့ တောင်အောက်က တစ်တီတူး အတူတူပါပဲ။ ဟိုး… ကချင်ဒေသက ကျောင်းသားတွေလည်း ပင်ပန်းကြတယ်၊ ဒီမှာလည်း ပင်ပန်းဆင်းရဲတာပဲ။ တော်လှန်ရေးဆိုတာ ငတ်မယ်၊ ပြတ်မယ်၊ ပင်ပန်းဆင်းရဲမယ်။ စစ် အာဏာရှင်တွေကို တိုက်ခိုက်ဖို့က စိတ်ဓာတ်လိုတယ်"စသည်ဖြင့် သြဝါဒချွေတယ်။ နောက်တော့မှ အချီကြီးစနောက် တာ ခံရမှန်း သိတယ်။ ကိုမူးသာ (ယခု USA)။ သူက မုတ်ဆိတ်ပါးသိုင်းမွေးတွေနဲ့ဆိုတော့ လူတွေကလည်း တကယ် ကချင်ဗိုလ်မှူးထင်ကြတယ်။ နောက်တနေ့ကျတော့ သူလည်း အိပ်ယာလိပ်ထမ်းပြီး စခန်းသစ်ကို ရောက်လာခဲ့တယ်။

စခန်းသစ် ဘားတိုက်-၁ မှာ မုဒုံအုပ်စုတွေ နေကြတယ်။ အဲသည်မှာ ယခင်ပြည်ချစ်ခေတ် တော်လှန်ရေးမှာ ပါဝင်ဖူးပြီး အခုလည်း မနေနိုင်ဘဲ တောထဲပါလာတဲ့ အဘဦးရဲခေါင်တို့ လင်မယားနေတယ်။ သူ့ဇနီးက ဒေါ်ခင်လှိုင်၊ သူတို့လင် မယား က တယောက်ကိုတယောက် အတော်ကြင်နာပုံရတယ်။ အရွယ်တော့ အိုကြပြီ။ ဦးရဲခေါင်က စာတိုပေစတွေလည်း ရေးတယ်။ တခါတလေ စစ်ရေး လေ့ကျင့်ခန်းလုပ်စဉ်မှာ သူ့ကဗျာလိုလို၊ ဆောင်ပုဒ်လိုလိုကိုလည်း လိုက်ဆိုခိုင်းတယ်။

"ရေလုံပြုတ်ကို ငါတို့စား၊ ရှိတဲ့အားနဲ့ တော်လှန်မည်။
ရန်သူ့လက်နက် ကိုယ့်လက်နက် အမြတ်ထွက်အောင် စစ်တိုက်မည်။
ရန်သူကို လက်စားချေမည်။ အာမဘန္တေ…
တို့တော်လှန်ရေး အောင်ရပါစေ့မည်"…. ဒီလို ဆောင်ပုဒ်လိုမျိုးလည်း ဆိုကြရသေးတယ်။

ဘားတိုက်-၂ လည်း မုဒုံသားတွေ များတယ်။ မုဒုံသပိတ်ကို ဦးဆောင်လာတဲ့ ကိုကျော့ခိုင်တို့ ညီအစ်ကို၊ လက်သမား ကိုမြင့်အောင် (ယခု ထိုင်းနိုင်ငံ)၊ ကိုရှုကြည်၊ ကိုယုကြည်.. စသည်ဖြင့်က ဦးဆောင်ကြတယ်။ မုဒုံအုပ်စုမှာ သြဇာကြီးတာ ကတော့ မုဒုံသပိတ်က ကိုတင်စိုးနောင် (ကွယ်လွန်)၊ ကိုတင်စိုးမောင် (ယခု ရေး)၊ ကိုသန်းလှိုင်ဦး (ယခု ရလလတ) တို့ ရှိတယ်။ သူတို့က မုဒုံသပိတ်ရန်ပုံငွေတွေ အတူပါလာကြတယ်လို့လည်း ဆိုတယ်။ နည်းနည်းပါပါး သုံးစွဲနိုင်တာ တွေ့ရ တယ်။ ဘားတိုက်-၃ က သံဖြူ ဇရပ်အုပ်စု၊ ကိုဝင်းသိန်း (ယခု ကနေဒါ) တို့အုပ်စုက ဦးဆောင်တယ်။ နောက်ပိုင်း ကျနော်တို့ ဆေးရုံအစုက သူတို့နဲ့ အိုးတွဲစားကြတယ်။ ဘားတိုက်-၄ နဲ့ ဘားတိုက်-၅ က နယ်စုံကနဲ့ ရန်ကုန်သားတွေ များတယ်။ ဘားတိုက်-၆ ကတော့ စခန်းခေါင်းဆောင်မှုကလူတွေ နေကြတယ်။ ကျနော်တို့က EC (Executive Committee) ဘားတိုက်လို့ ခေါ်တယ်။ ကျနော်တို့ ဆေးရုံနဲ့ မျက်စောင်းထိုး မလှမ်းမကန်းမှာ အမျိုးသမီးအဆောင် ရှိတယ်။ လေတပ်ကနေ သပိတ်ဦးဆောင် ထွက်လာတဲ့ ဆရာမကြီး ဒေါ်နုနုအေးနဲ့ အမျိုးသမီး ၁၀ ယောက်နီးပါးလောက် နေထိုင်ကြတယ်။ မရီရီထွန်း (ကွယ်လွန်)၊ မသန္တာ၊ မအတာ (ယခု USA)၊ မသူသူအောင်၊ မသန်းသန်းမြင့် (ယခု ကနေဒါ)… စသည်ဖြင့် ရှိကြတယ်။ စခန်းကရဲဘော် များရဲ့ ညနေ စကားမပြည်ပြော၊ အပန်းဖြေရာ မာလာဆောင်ပေါ့။



စခန်းထဲမှာ အခြားအဆောင်အနေနဲ့ ရုံးခန်းနဲ့ စာကြည့်တိုက်ကလေးတခု ရှိတယ်။ နိုင်ငံခြားအဖွဲ့အစည်းတွေ လှူထားတဲ့ အင်္ဂလိပ် စာအုပ်စာတန်းများတယ်။ ပြောင်းဖူးခင်း၊ ပဲတောင့်ရှည်ခင်း… ချဉ်ပေါင် စတဲ့ စိုက်ခင်းကလေးလည်း ရှိတယ်။ နောက်ပိုင်း မှာတော့ သေဘောဘိုးစခန်းကို အတုယူလို့ Jungle University (တောတွင်းတက္ကသိုလ်) ဆိုပြီး သင်တန်း ကျောင်းဆောက် ဖို့ အဆောင်တွေကို ထပ်ပြီးဆောက်ကြတယ်။ စခန်းထဲမှာ ဘယ်သူပိုင်မှန်းမသိတဲ့ သစ်ခွဲစက်ကြီး တလုံးလည်း ရှိတယ်။

စခန်းကနေ ကားနဲ့ နာရီဝက်ကျော် သွားရတဲ့နေရာမှာ ထိုင်းက စံခရပူရီမြို့ကလေး ရှိတယ်။ ဒီမြို့ကလေးမှာ မြို့သူမြို့သား တွေက ကရင်၊ မွန်တွေများတယ်။ မူစလင်အချို့လည်း ရှိတယ်။ ယခင်ပြည်ချစ်တော်လှန်ရေးခေတ်ထဲက နေလာကြပြီး၊ မြန်မာပြည် မပြန်လိုကြတဲ့ ပြည်ချစ်ရဲဘော်ဟောင်းတချို့လည်း ဒီစံခရပူရီမြို့ကလေးမှာ အခြေချတယ်။ ကျနော်တို့စခန်းက လိုအပ်တာတွေကို ဒီမြို့ကလေးမှာ သွားဝယ်ကြရတယ်။ အထူးသဖြင့်တော့ ဦးဝီ (ပြည်ချစ်)၊ ဗိုလ်ကြီးမျိုးကြည် (ပြည်ချစ်)၊ ဆရာမ ဒေါ်ဒေစီတို့က အထူးကူညီပေးကြတယ်။ အဲဒီမြို့မှာတော့ ဘုရားသုံးဆူစခန်း နိုင်ငံခြားဆက်ဆံရေးရုံးကို ဖွင့်ထား တယ်။ နိုင်ငံခြားဆက်ဆံရေးဌာနမှာ ကိုဇော်ဦး (ယခု CESD)၊ ကိုမျိုးမြင့် (ယခု ကွယ်လွန်)၊ ကိုအောင်မျိုးမင်း (ယခု Equality Myanmar)၊ ကိုကျော်သူရ (ယခု NPRC- ငြိမ်း) တို့က တာဝန်ယူကြတယ်။ မုဒုံအုပ်စုက ဝယ်ထားတဲ့ ဆိုင်ကယ် အဝါရောင်ကြီး တစင်းလည်း ရှိတယ်။

ဒီစခန်းနေရာက ရေရှားတယ်။ စမ်းချောင်းလို ရေထွက်မရှိဘူး။ သို့သော် စိမ့်သဘောရေထွက်တာတော့ ရှိတယ်။ စံခရပူရီ မြို့ကနေ လက်ချောင်းကလေးလို ထွက်လာတဲ့ လမ်းကလေးရှိတယ်။ အဲဒီလမ်းကလေးက ကျောက်တောင်ကြီးတခု ဘေးက ကွေ့သွားပြီး ယခုဘုရားသုံးဆူနေရာမှာ လမ်းဆုံးတယ်။ အဲဒီလမ်းကလေးကို ထိုင်းနိုင်ငံကပိုင်တယ်ဆိုတယ်။ လမ်းဘေး တဖက်တချက်က မြန်မာပိုင်လို့ ယူဆထားကြတယ်။ နယ်နိမိတ် တိတိကျကျ တိုင်းတာထားတာတွေ၊ သဘောတူ ထားတာတွေမရှိကြတော့ ထိုင်းကို မြေခိုးတယ်လို့လည်း စွပ်စွဲကြတယ်။ အဲဒီအချိန်ကတော့ မြေလမ်းပဲ။ ထိုင်းက သစ်သူဌေး 'စီယာဟု'ရဲ့ သစ်ကားကြီးတွေ ဖြတ်သန်းသွားဖို့အတွက် အဓိကကျတယ်။ ကျနော်တို့ စခန်းက လမ်းဘေးမှာ ကပ်လျက်၊ တောင်ကျောလေး (တောင်ပူစာကလေး) တခုခြားတယ်။ တောင်ကျောကတော့ သက်နုထုံးကျောက် တွေပဲ။ ဒီကြားထဲက ရေထွက်နေရာတခုကို တာတမံဖို့လို့ ရေသုံးနိုင်အောင် ပြင်ဆင်ထားကြရတယ်။ ကျနော်တို့စခန်းနဲ့ မလှမ်းမကမ်းမှာ နမ့်ကိတ်ကျေးရွာကလေး ရှိတယ်။ မွန်ပြည်သစ်ပါတီက ခေါင်းဆောင်တွေ၊ အခြားရွာသားတွေ နေကြ တယ်။ ရွာကလေးထိပ်မှာ ရုပ်ရှင်ရုံတခု ရှိတယ်။ သစ်သားတွေနဲ့ အခိုင်အခန့် ဆောက်ထားတယ်။ စံခရပူရီမြို့က မွန်သူဌေး 'နိုင်ဘရန်းဂဒီး'ပိုင်တယ်လို့ ဆိုတယ်။

အမှန်ပြောရရင် စခန်းမှာ သေနတ် ၄ လက်ပဲရှိတယ်။ မွန်ပြည်သစ်ပါတီဆီကနေ ညရေးညတာ အိပ်ဖန်စောင့်သဘော ငှားထားတာ။ ဒါပေမယ့် ကျနော်တို့ စစ်သင်တန်းကို ပင်ပင်ပန်းပန်း လုပ်ကြတယ်။ စစ်သင်တန်းလုပ်ဖို့ စခန်းခေါင်းဆောင် တွေက အစီအစဉ်ဆွဲကြတယ်။ ယခင် အစိုးရစစ်တပ်က ထွက်လာတဲ့ စစ်သားတွေ၊ အနားယူပြီးနေတဲ့ စစ်သားတွေကို ခေါင်းဆောင်စေပြီး စစ်သင်တန်းလုပ်စေတယ်။ သေနတ်က မရှိတော့ ဝါး၊ သစ်သားတွေကို ခုတ်လို့ သေနတ်ပုံစံလုပ် လေ့ကျင်ကြရတယ်။ စစ်သင်တန်းလုပ်မယ်ဆိုတော့ ဆရာကျော်တင့် (စစ်တပ်က အငြိမ်းစားပြီး မုဒုံအနီး ရွာတရွာမှာ နေထိုင်နေသူ)၊ ကိုမြင့်ဝေ၊ ကိုဝေလု၊ ကိုသက်ဦး (ပြုပြင်ထိန်းသိမ်းရေးလေတပ်)၊ ကိုသန်းထွန်း (လေထီးတပ်ရင်း-၁၆ မှော်ဘီ)၊ ကိုတင်မောင်ဌေး … စသည်တို့က သင်တန်းဆရာတွေ လုပ်ကြတယ်။ ကရင်ဒေသက စခန်းတွေမှာတော့ ကေအဲန်ယူတပ်မှူးတွေ၊ သင်တန်းဆရာတွေကို အကူအညီတောင်းကြတယ်လို့ သိရတယ်။ ကျနော်တို့ဆီမှာတော့ ပြည်တွင်းကအတူထွက်လာတဲ့ စစ်သားဟောင်းတွေနဲ့ပဲ အလုပ်ဖြစ်ကြတယ်။ မနက်ဆိုရင် ပီတီ (ကိုယ်ကာယ) လေ့ကျင့် ခန်းဆင်းရတယ်။ ပြေးရတယ်။ နေ့လည်စာ စားချိန်အထိ သင်တန်းမောင်းတယ်။ ဒီလို သင်တန်းမောင်းနေတဲ့အချိန်မှာ တော့ ရိက္ခာကို မီးဖိုကြီးနဲ့ စုပြီး ချက်ကြွေးတယ်။ ပုံမှန်ဟင်းတွေကတော့ မျှစ်၊ မျှစ်ချဉ်၊ ငါးပိ၊ ပဲဟင်း ဒါတွေပဲ။ တခါ တလေတော့ ငါးတန် နဲ့ ကြက်ရိုးဟင်းလည်း ကြွေးတယ်။ စခန်းက ရဲဘော်တွေကလည်း တက်တက်ကြွကြွ လုပ်ကြ တယ်။ ကျနော်တို့ ဆေးရုံက ဆေးမှူးတွေ၊ ဆရာဝန်ဆိုသူတွေလည်း စစ်သင်တန်းဆင်းကြရတယ်။ အဲဒီအချိန်မှာ နမ့်ကိတ်စခန်း မဝင်လိုကြတဲ့ ကျောင်းသားအစု (ရန်ကုန်သားတွေများတယ်) ကတော့ စံခရပူရီမြို့ရဲ့ အခြားတဖက် ထိုင်းနယ်စပ် ဟွေးကော့ချောင်းကလေးဘေးမှာ ဟွေးကော့စခန်းဆိုပြီး တည်ကြတယ်။ နောက်တော့ ထိုင်းက သူ့နယ်မြေ ထဲဝင်တယ်ဆိုပြီး ပြန်မောင်းထုတ်လို့ ကျနော်တို့ စခန်းဘေး ဂျပန်ရေတွင်း (ဘော်ယိပွန်) ရွာအနီးမှာ စခန်းသစ်ပြန် ဆောက် ကြရတယ်။ သူတို့ဆီမှာ အဆိုတော် ကိုသီရိညွန့်က ဦးဆောင်ပြီး၊ ကိုကိုလေး၊ ကိုတိုးကြီး၊ ကိုရဲမွန်၊ လုပ်သား တက္ကသိုလ် ကျောင်းသား အုပ်စု (Workers' College အုပ်စု)၊ ဆေး-၁ နောက်ဆုံးနှစ် အပိုင်း(က) က ကိုအေးမင်း (ယခု USA) တို့ ရှိကြတယ်။ [နောက်ပိုင်းမှာ ကျနော်တို့က ABSDF တပ်ရင်း ၁၀၁၊ သူတို့က တပ်ရင်း-၁၀၂ ဖြစ်လာကြတယ်။]

ကျနော်တို့ စစ်သင်တန်းလုပ်တဲ့အချိန်မှာ စစ်ချီသီချင်းက သိပ်ရှိလှတာ မဟုတ်ဘူး။ ပထမပိုင်းမှာ အစိုးရစစ်တပ်က ကြားဖူးတဲ့ စစ်ချီသီချင်းတွေပဲ သုံးကြရတယ်။ "ရဲရဲတောက် တို့ဗမာတွေ…""မိုးတွေကလည်း မစဲဘဲ ရွာနေတယ်၊ မြစ်ချောင်းအင်းအိုင် ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်… "ဆိုတဲ့ BIA ခေတ် စစ်ချီသီချင်းမျိုးပဲ ရှိတယ်။ အချို့သီချင်းတွေ က မွန်ဘုရင်တွေကို ချိုးနှိမ်ထားတယ်၊ မဟာဗမာဝါဒကို ကိုယ်စားပြုတယ်ဆိုတဲ့ မွန်မဟာမိတ်ခေါင်းဆောင်တွေက စွပ်စွဲ ချက်တွေလည်း ကြားခဲ့ရသေးတယ်။ နောက်ပိုင်းမှာမှ အဆိုတော် ထူးအိမ်သင်ရေးတဲ့ "အရေးကြီးပြီ… ညီနောင် အပေါင်း တို့"ဆိုတဲ့ စစ်ချီသီချင်းရလာတယ်။ ပြောရရင် လက်နက်ကိုင်တော်လှန်ရေးတို့၊ စစ်အစိုးရကို လက်နက်ကိုင်ဖြုတ်ချရေး တို့ ပြောနေတယ်။ ကျနော်တို့မှာ သေနတ်တောင် ကောင်းကောင်းမရှိသေးဘူး။ အိပ်၊ စား၊ ဖျား၊ သင်တန်းတက် ဒါပဲ ရှိနေ သေးတယ်။ ဒါပေမယ့် ကျောင်းသားလူငယ်တွေရဲ့ စိတ်ဓာတ်ကတော့ အပြည့်ပဲ။ ကျနော်တို့ စခန်းမှာ ညဆိုရင် အလှည့်ကျ ကင်းစောင့်ရတယ်။ ဘယ်သူမှတော့ လာရန်ပြုဖို့ မရှိပါဘူး။ နာရီအလှည့်ကျ ကင်းချတယ်။ စခန်းကော်မီတီကလည်း အလှည့်ကျ တာဝန်မှူးတွေအနေနဲ့ ကင်းစစ်ကြတယ်။ ကင်းပျက်ကွက်ရင်၊ အိပ်ရင် ဒဏ်ပေးခံရတယ်။ ဒဏ်ပေးတာကို လည်း တက်တက်ကြွကြွ ထမ်းဆောင်ကြတယ်။ ပြောရရင် စခန်းကော်မီတီက တော်လွန်းလို့ ဒီလိုစနစ်တကျ ဖြစ်နေတာ မဟုတ်ဘူး။ လူတဦးချင်းစီက အသိစိတ်နဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ကိုယ်စီထည့်ဝင် နာခံကြလို့သာ အခုလို စနစ်တကျ ဖြစ်နေကြတာလို့ ဆိုနိုင်တယ်။ ရွာနီးချုပ်စပ်က မွန်ရွာသားတွေကတော့ ရိုးသားပါတယ်။ သူတို့က မွန်ပြည်သစ်ပါတီကို 'မွန်အစိုးရ'လို့ ခေါ်ကြတယ်။ သူတို့ သိထားသလိုပေါ့။ ကျနော်တို့ ကျောင်းသားအဖွဲ့တွေကိုတော့ 'ကျောင်းသားအစိုးရ'လို့ ခေါ်ကြတယ်။

ကျနော်တို့မှာ ဖျော်ဖြေရေးကတော့ ကံကောင်းထောက်မ ရှိနေခဲ့တယ်။ ဘုရားသုံးဆူရွာမှာ တခါတလေ ကားနဲ့လာ၊ ဖျင်ကာ ရုံထိုးပြတဲ့ ရုပ်ရှင်ရှိတယ်။ ကျနော်တို့စခန်းနာက နမ့်ကိတ်ကျေးရွာထိပ်မှာ သစ်သားရုပ်ရှင်ရုံကြီး တခုရှိတယ်။ အဲသည်မှာ ထိုင်းရုပ်ရှင်တွေ ၃ ကားကို ၅ ဘတ်ပေးလို့ ကြည့်နိုင်တယ်။ ရုပ်ရှင်ပြတဲ့နေ့ဆို "ပွိုက်ကား ပစွန်းကီး" (၃ ကား ၅ ကျပ်) ဆိုပြီး အသံချဲ့စက်နဲ့ ကြော်ငြာတတ်တယ်။ ကျနော်တို့ကတော့ ရုပ်ရှင်တကားပီးရင် ရုံဖွင့်ချိန်ကို စောင့်တယ်။ ကျနော်တို့က 'တကီးပါး ဖရီးကီး' (တကားပီးရင် ဖရီး Free) လို့ ဆိုကြတာပေါ့။ ဒါပေမယ့် ညနက်တိုင် ရုပ်ရှင်ကြည့်ဖို့ ဆိုတာက မနက် သင်တန်း ပီတီထပြေးရဦးမယ်ဆိုတော့ သောကြာ၊ စနေနေ့မျိုးပဲ ကြည့်နိုင်ကြတယ်။ အေးတဲ့ဆောင်း တွင်း ဖြစ်လို့ ရုပ်ရှင်ရုံရှေ့ နှင်းမှုန်မှုန်မှာ စောင်ကြီးခြုံပြီး၊ ကောင်းဘွိုင်တွေလို ရုံအဖွင့်ကို စောင့်ကြတယ်။ ဘေထုပ်က ရလာတဲ့ ဂျက်ကက်၊ ဂျာကင်၊ ကုတ်အင်္ကျီအရှည်နဲ့ ရှိုးထုတ်ဟန်ရေးပြကြတယ်။ စခန်းထဲမှာ လူဆိုးလည်း ရှိတာပေါ့။ ကိုယ်ရလာ တဲ့ စောင်ကိုရောင်း၊ အရက်နဲ့လဲသောက်တဲ့သူတွေလည်း ရှိတယ်။ အဲသည်တော့ "စောစောထရင် ဖိနပ် ရမယ်။ စောစောအိပ်ရင် စောင်ရမယ်"ဆိုတဲ့ အဆိုလည်း ရှိသေးတယ်။ စောင်တွေ ဖိနပ်တွေ ပျောက်ရှကုန်တော့ စောင်ရဖို့၊ ဖိနပ်ရဖို့ လုယက်ကြရတယ်။

ကျနော်တို့ ရောက်ပြီးတဲ့နောက်နှစ်၊ ၁၉၈၉ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ဘုရားသုံးဆူကျေးရွာမှာ '၈၈၈၈ နှစ်ပတ်လည် အခမ်းအနား'ကို ၁၀၁၊ ၁၀၂ တပ်ရင်းတွေ ပေါင်းစည်းကျင်းပတယ်။ မဟာမိတ်အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြား ဟောပြောစေတယ်။ ကေအဲန်ယူအဖွဲ့အစည်းက တပ်မဟာ-၆ (ဒူးပလာယာခရိုင်) ဥက္ကဋ္ဌ စောတာအယ် (စောတင်ဦး) တက်တယ်။ မွန်ပြည်သစ်ပါတီက ဒုတိယဥက္ကဋ္ဌ နိုင်နွန်လာ၊ တွဲဘက်-အတွင်းရေးမှူး နိုင်ဟံသာတို့ တက်ရောက် စကား ပြောကြတယ်။ ကျနော်တို့ ကျောင်းသားအဖွဲ့တွေကိုယ်စား ရေးမြို့က ကိုကိုဦး၊ ကိုမောင်မောင်ကြီး (နှစ်ဦးလုံး ကွယ်လွန်) တို့က အခမ်းအနားမှူးလုပ်၊ စကားပြောကြတယ်။ စကားပြောနေဆဲမှာပဲ နိုင်နွန်လာ ခေါက်ကနဲ ပုံကျသွားတယ်။ မွန် ရဲဘော်တွေက သေနတ်တွေနဲ့ စင်ပေါ်ပြေးတက်သွားပြီး လုံခြုံရေးယူကြတယ်။ ထင်တာက လက်ဖြောင့်သေနတ် သမား တယောက်ယောက်က ပစ်ခတ်လုပ်ကြံလေသလားပေါ့။ မွန်ဆေးမှူးတယောက် စင်ပေါ်တက်သွားပြီး စစ်ဆေးတယ်။ မွန်ပြည်သစ်ပါတီရဲ့ ဒု-ဥက္ကဋ္ဌဖြစ်သူ နိုင်နွန်လာ (ခေါ်) နိုင်ဆိတ်နို့ နှလုံးရောဂါနဲ့ ၈၈၈၈ နှစ်ပတ်လည် အခမ်းအနား စင်ပေါ် မှာတင် အသက်ပျောက်ခဲ့ရတယ်။



ကျနော်တို့ ရောက်ပြီး မကြာခင်လများအတွင်းမှာ ဆေး-၂ က နောက်တသုတ်အဖြစ် ကိုဝင်းနိုင်ဦး (ယခု ကိုရင်မောင် BBC အသံလွှင့်ဌာန) စခန်းကို ရောက်လာခဲ့တယ်။ ကျနော်တို့တောခိုမယ် ကြံစဉ်က စာရင်းရှည်ကြီးပေးထားတဲ့ ကလေးတွေက အကြောင်းအမျိုးမျိုးကြောင့် တယောက်ပြီးတယောက် လာနှုတ်ထွက်သွားကြတယ်။ သူထွက်လာစဉ်က ဆေး-၂ က သူ တယောက်ပဲ ပါတော့တယ်။ သူ့သူငယ်ချင်း ဆေးကျောင်းသား ကိုအောင်အောင်၊ ရန်ကင်းက သူ့သူငယ်ချင်း တေဇမင်း (သူကလည်း လူနောက်ဖြစ်လို့၊ ပျော်ပျော်နေတတ်လို့ ကျနော်တို့က 'ဇာဇာ'လို့ နောက်ပြောင်ခေါ်ကြတယ်) ပါလာခဲ့တယ်။ သူကလည်း လူဆိုး၊ ဆေးတက္ကသိုလ်တက်ရင်း ဆေးတပ်ထဲဝင်ဖို့ စစ်တပ်ရဲ့ ကြိုတင်လစာ (Army stipend) ခံစားနေသူ၊ သူတောထဲထွက်လာတော့ သူမိဘတွေက အဲဒီငွေတွေကို ပြန်လျော်ကြရတယ်။

မြတ်လှိုင်း - အာဏာဇောအနာဆူးတချောင်းအတွက် လုပ်ကြံမှုများ

$
0
0
အာဏာဇောအနာဆူးတချောင်းအတွက် လုပ်ကြံမှုများ
မြတ်လှိုင်း
(မိုးမခ)-(First News Journal)နိုဝင်ဘာ ၁၅၊ ၂၀၁၇

ကမ္ဘာကြီးမှာ အလုပ်ကြံခံခဲ့ရတဲ့နိုင်ငံ့ခေါင်းဆောင်တွေ ရှိခဲ့ဖူးပါတယ်။

အမေရိကန်သမ္မတတွေထဲမှာ အင်ဗရာဟင်လင်ကွန်း၊ ဂျွန်ဖ်ကနေဒီတို့၊အိန္ဒိယနိုင်ငံမှာ မဟတ္တမဂန္ဒီ၊ အင်ဒီယာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ၊ ကျွန်တော်တို့နိုင်ငံ မှာဆို ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ နိုင်ငံအတွင်းမှာလုပ်ကြံခံခဲ့ရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေပါ။ စစ်ဘက်ခေါင်းဆောင်တွေထက် အရပ်သားခေါင်း ဆောင်တွေ အလုပ်ကြံခံရတာ များပါတယ်။ ဒီနိုင်ငံတော်ခေါင်းဆောင်တွေလုပ်ကြံမှုတွေကို ပြန်ကြည့်လိုက်ရင် လုံခြုံရေးပေါ့လျော့ခြင်းနဲ့ မိမိကိုယ် မိမိယုံကြည်မှုလွန်ကဲခြင်းတွေကို အဓိကတွေ့ရပါတယ်။ လုပ်ကြံသူတွေမှာလည်း အာဏာနဲ့ပတ် သက်လာရင် ဇောတွေဝင်နေတတ်တာ တွေ့ရပါတယ်။ လောဘကြီးသူတွေ၊ မနာလိုစိတ်ကြီးနေသူတွေ၊ အာဃာတ ရင့်မာရှင်သန်မှုတွေလည်း ပါဝင်နေပါလိမ့်မယ်။

အေဗရာဟင်လင်ကွန်းဆိုရင် အောက်ခြေကနေတက်လာတဲ့ သမ္မတတယောက်ပါ။ သူ့ကိုလုပ်ကြံသူက ဓနရှင်အုပ်စုထဲကဖြစ်ပါတယ်။ လင်ကွန်းရှိနေတဲ့အစည်းအဝေးခန်းမထဲအထိဝင်ပြီး နောက်ကနေဦးခေါင်း ကို သေနတ်နဲ့ပစ် လုပ်ကြံလိုက်တယ်လို့ ဆိုပါတယ်။ သမ္မတကနေဒီဆိုရင်လည်း ရိုင်ဖယ်သေနတ်တလက် နဲ့ အလုပ်ကြံခံလိုက်ရတယ်လို့ မှတ်သားမိခဲ့ဖူးပါတယ်။

အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီးမဟတ္တမဂန္ဒီဆိုရင်လည်း ဆုတောင်းပွဲတခုမှာ လုပ်ကြံခံလိုက်ရပါတယ်။ လူမျိုးရေးအဓိကရုန်းတွေနဲ့ရှုပ်ထွေးနေတဲ့အချိန်မှာ လုပ်ကြံခံလိုက်ရတာပါ။ ဒါတွေဟာ လုံခြုံရေးပေါ့လျော့ မှုနဲ့ မိမိကိုယ်မိမိယုံကြည်မှု လွန်ကဲတာတွေကြောင့် ဖြစ်ပါတယ်။


ပိုဆိုးတာက ကျွန်တော်တို့မြန်မာပြည်ရဲ့အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှုပါ။ 

ဗိုလ်ချုပ်အောင်ဆန်းဟာ ဖက်ဆစ်ဂျပန် နဲ့တိုက်ပွဲတွေကို သက်စွန့်ဆံဖျားတိုက်ခိုက်လာခဲ့တာမသေပဲ၊ အခုအချိန်မှာ လုပ်ကြံမယ့်သူမရှိနိုင်ပါဘူးလို့ ထင်သွားခဲ့တာပါ။ နောက်တချက်က လုပ်ကြံမယ်ဆိုတဲ့သတင်း တွေထွက်လာလို့ အတွင်းဝန်ရုံးအတွင်းက လျှို့ဝှက်ပုန်းခိုခိုင်းထားတဲ့လုံခြုံရေးတပ်ဖွဲ့တွေကို ဖယ်ရှားလိုက် တာလည်း ပါပါတယ်။ ပြည်သူတွေအပေါ်ယုံကြည်မှုနဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်ထားခဲ့တာရယ်၊ လုံခြုံ ရေးအစီအစဉ် ပေါ့လျော့တာရယ်ကြောင့် ကျွန်တော်တိုင်းပြည်အနေနဲ့ လူထုခေါင်းဆောင်ကို ဆုံးရှုံးခဲ့ ရတာပါ။

အခုအချိန်မှာလည်း တိုင်းပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးကြီးနေပါတယ်။

တိုင်းပြည်မှာ နိုင်ငံရေးတွေ ရှုပ်ထွေးနေတဲ့အချိန်ပါ။ တိုင်းပြည်အတွင်းက လူမျိုးရေးပြဿနာတွေနဲ့ စစ်အာ ဏာရှင်လက်ကျန်တွေကပါ အန္တရာယ်ပေးနိုင်ပါတယ်။ စစ်အာဏာရှင်ခေတ်မှာကတည်းက ဒေါ်အောင် ဆန်းစုကြည်ကိုလုပ်ကြံမှုပထမဦးဆုံး ကြုံခဲ့ရဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် မြန်မာနိုင်ငံ သမိုင်းမှာ ပထဦးဆုံးကြုံတွေ့ခဲ့ရတဲ့ လုပ်ကြံမှုတခုလို့ ပြောနိုင်ပါတယ်။

ပြောရမယ်ဆိုရင် အင်အယ်ဒီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ဧရာဝတီတိုင်း တတိယ ခရီးစဉ်မှာပါ။ အဲဒီခရီးစဉ်မှာ ကျွန်တော်က ခရီးစဉ်ရေးဆွဲရေးတာဝန်ခံအနေနဲ့ တာဝန်ယူခဲ့ရပါတယ်။ 

ညောင်တုန်း၊ ပန်းတနော်နဲ့ ဓနုဖြူမြို့တွေကို စည်းရုံးရေးခရီးစဉ်ထွက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓည့်ခန်းစားပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းခက်၊ ဦးတင်ထွဋ်နဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။

ခရီးစဉ်ကိုရေးဆွဲဖို့ မြို့နယ်အင်အယ်ဒီခေါင်းဆောင်တွေနဲ့ အရင်ဆင်းညှိနှိုင်းဖို့ ကျွန်တော်တယောက်ထဲ ဆင်းခဲ့ရပါတယ်။ ညောင်တုန်းမြို့နယ်က အင်အယ်ဒီခေါင်းဆောင်တွေဖြစ်တဲ့ ဦးသာစိုး၊ ဒေါက်တာအုန်း ကျော်၊ဓနုဖြူမြို့နယ်က အင်အယ်ဒီခေါင်ဆောင်တွေဖြစ်တဲ့ ဦးကျော်မင်း (သွေးဆေး တိုက်ပိုင်ရှင်)၊ ဦးပါ၊ ကိုကျော်ဝင်း၊ ကိုသန့်ဇင်တို့နဲ့တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းခဲ့တာ အဆင်ပြေခဲ့ပါတယ်။

ဓနုဖြူမြို့နယ်ခေါင်းဆောင်တွေရဲ့တောင်းဆိုမှုအရ အဖျောက်မြို့(တိုက်နယ်မြို့) ကိုပါ သွားရောက်ဖို့ သဘောတူခဲ့ပါတယ်။ ပန်းတနော်မြို့နယ် ခေါင်းဆောင်တွေဖြစ်တဲ့ ဦးမန်းညွန့်သိန်း(အခုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာတင်မင်းထွဋ် (အခု အင်အယ်ဒီတိုင်းအတွင်းရေးမှူး)၊ ကိုစန်းမောင် (အခု အင်အယ်ဒီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)တို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ အဆင်မပြေဖြစ်ခဲ့ရပါ တယ်။ အဲဒီအချိန်ကလည်း ပန်းတနော်ချောင်းက ရေတိမ်နေတဲ့အချိန်လည်း ဖြစ်နေပါတယ်။ ကားလမ်းနဲ့သွားဖို့အတွက်လည်း အခက်အခဲတွေအများကြီးပါ။ အဲဒါနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဧရာဝတီတိုင်း ခရီးစဉ်မှ ပန်းတနော်မြို့နယ်ကို ဖယ်ထားခဲ့လိုက်ရပါတယ်။ ဧရာဝတီတိုင်းစည်းရုံးရေးကာလမှာ ဧရာဝတီ တိုင်း၂၅ မြို့နယ်ကိုရောက်ခဲ့ပြီး ပန်းတနော်တမြို့ထဲသာ မရောက်ဖြစ်ခဲ့တာပါ။

ကျွန်တော်ပြန်တင်ပြတဲ့ခရီးစဉ်အတိုင်း အင်အယ်ဒီအထွေထွေအတွင်းရေးမှူးရဲ့စည်းရုံးရေးခရီးကို ထွက်ခဲ့ ပါတယ်။

ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးကြည်မောင်၊ ဦးတင်ထွဋ်(ဧရာဝတီတိုင်းစည်းရုံးရေးတာဝန်ခံ)၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေး သုံးရောင်ခြည်လူငယ်များ၊ လုံခြုံရေးတာဝန်ခံ ဦးဝင်းထိန်၊ ကိုမော်မင်း လွင် (ကိုမော်)၊ ကိုအောင်မင်းလွင်(ကိုအောင်)၊ (ကိုမော်နဲ့ကိုအောင်တို့ညီ အကိုနှစ်ယောက်ဟာ ဗိုလ်ချုပ် အောင်ဆန်းရဲ့အနီးကပ်လုံခြုံရေးတာဝန်ယူခဲ့ရတဲ့ ဗိုလ်မှူးမင်းလွင်ရဲ့သားနှစ်ယောက်ပါ)

နောက်...ကိုယ်ရေးအတွင်းရေးမှူး ကိုမြင့်ဆွေ(တင်ဆွေမိုး)နဲ့ မသိင်္ဂီ၊ ပြန်ကြားရေးအဖွဲ့နဲ့ ကျွန်တော်တို့ လိုက်ပါရပါတယ်။ ကျွန်တော်တို့အုပ်စု ညောင်တုန်းမြို့ကိုရောက်တဲ့အထိ ဘာပြဿနာမှမရှိပဲ၊ နဂိုကသတ်မှတ်ထားတဲ့နေရာတွေမှာ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်စည်းရုံးရေး တရားဟောပြောခဲ့ရပါတယ်။ မအူပင်ခရိုင်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (ခဝတ)ဥက္ကဋ္ဌဗိုလ်မှူးမြင်စိုးက မြို့ကိုစစ်ကားနဲ့ပတ်နေ တာကလွဲရင် ပေါ့။

ညနေပိုင်းနားချိန်၊ ညောင်တုန်းသဲသောင်ပြင်မှာ ကျွန်တော်တို့အုပ်စုနဲ့ညောင်တုန်းမြို့နယ်စည်းရုံးရေးအဖွဲ့ ကလူတွေ ဘောလုံးကန်ကြတယ်။ဒေါ်အောင်ဆန်းစုကြည်က လာရောက်အားပေးကြည့်ရှုတော့ ပရိသတ် များခဲ့တာပေါ့။ အဲဒီညက ဦးသာစိုးရဲ့နေအိမ်မှာ တညအိပ်ရပါတယ်။ နောက်တနေ့မနက်မှာ ကျွန်တော်တို့ အုပ်စု ဓနုဖြူကို ဆက်ထွက်ခဲ့ပါတယ်။

ဓနုဖြူမြို့ကိုဝင်ဝင်ချင်း အခြေအနေကို သိလိုက်ရပါတော့တယ်။တမြို့လုံးတိတ်ဆိတ်နေပြီး လမ်းတွေမှာ အနီရောင်လည်စည်းတွေစည်းထားတဲ့ စစ်သားတွေသေနတ်တွေကိုင်ပြီး တန်းစီရပ်နေကြတာပါပဲ။လမ်းတလျှောက်နေအိမ်ထဲကလူတွေခိုးကြည့်နေကြတာ တွေ့ရပါတယ်။

အခြေအနေမဟန်မှန်းသိတော့ သုံးရောင်ခြယ်ကျောင်းသားအဖွဲ့က“ကမ္ဘာမကြေဘူး” သီချင်းကိုကားတွေပေါ်ကအော်ဆိုပြီး မြို့ထဲဝင်လာခဲ့တယ်။ တချို့အိမ်တွေကတော့ မသိမသာလက်ပြပြီး နှုတ်ဆက်ကြတယ်။ လက်ခုပ်တော့မတီးရဲကြပါဘူး။ လမ်းဘေးမှာတန်းစီရပ်နေကြတဲ့စစ်သားတွေကလည်း ဒေါ်အောင်ဆန်းစု ကြည်ပါမယ် ထင်တဲ့ကားကို မသိမသာကြည့်နေတာကိုတွေ့ရပါတယ်။ သူတို့လည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးကို မြင်ဖူးချင်ရှာပေမပေါ့။ ဒီလိုနဲ့ ဓနုဖြူမြို့နယ်ရုံးရှိရာဦးကျော်မင်းအိမ်ကို ရောက်လာကြပါ တယ်။

မြို့နယ်အင်အယ်ဒီရုံးထဲမှာလည်း မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်တွေလောက်သာရှိနေပါတယ်။ ကျွန်တော်တို့အုပ်စုလည်း မနက်စာစားပြီး အဖျောက်ကိုပဲ့ထောင်တွေနဲ့ဆက်ပြီး ထွက်ခွာခဲ့တယ်။ အဖျောက်မြို့လေးမှာမဏ္ဍပ်ကြီးထိုးပြီး ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကစည်းရုံးရေးတရားဟောခဲ့သလို၊ အဖျောက်မြို့လေးက ကဗျာဆရာတွေကလည်း ကဗျာတွေရွတ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လေးလေးနက်နက်နားထောင်နေခဲ့သလိုပရိတ်သတ်ကလည်း လက်ခုပ်တီးပြီးအားပေးခဲ့ကြပါတယ်။ အဲဒီအချိန်ကာလမှာပရိတ်သတ်အများဆုံး ကဗျာရွတ်ဆိုပွဲဖြစ်ခဲ့ပါတယ်။

ညနေမရောက်တရောက်အချိန်မှာ အဖျောက်ကနေဓနုဖြူမြို့ကိုပြန်လာခဲ့ပါတယ်။ နေ့လည်ကလိုပဲ ပဲ့ထောင်ဆိပ်ကမ်းကနေ ကျွန်တော်တို့အုပ်စု လမ်းလျှောက်တက်လာခဲ့ကြပါတယ်။ ရှေ့ဆုံးကအင်အယ်ဒီ၊ ဗဟိုလူငယ်တာဝန်ခံကိုဝင်းသိန်းက အလံကိုင်ပြီးလျှောက်ပါတယ်။ သူ့နောက်မှာက ဒေါ်အောင်ဆန်း စုကြည်လျှောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘယ်ညာဘေးနှစ်ဖက်မှာ ထုံးစံအတိုင်း ကိုမော်နဲ့ ကိုအောင်တို့ပေါ့၊(ကိုမော်မင်းလွင်နဲ့ ကိုအောင်မင်းလွင်တို့နှစ်ယောက်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့လုံခြုံရေး တာဝန်ခံ ဗိုလ်မှူးမင်းလွင်ရဲ့သားတွေပါ)။ အနောက်မှာ သုံးရောင်ခြယ်တွေ၊ ကျွန်တော်ကနောက်ဆုံးက ဦးကြည်မောင်နားမှာ၊ အဘဦးကြည်မောင်က ဓနုဖြူခြေလျင်တပ်ရင်းက နောက်တန်းမှူးဗိုလ်မှူးမောင်ထွန်း နဲ့ စကားပြောရင်း လျှောက်ခဲ့ပါတယ်။

စာတိုက်ရှေ့မှာတော့လမ်းကိုပိတ်ပြီး အနီရောင်လည်စည်းစစ်သားတွေဆယ်ယောက်လောက် တန်းစီရပ် နေတာကိုခပ်လှမ်းလှမ်းကနေ တွေ့နေရပါတယ်။ လမ်းပေါ်မှာလမ်းလျှောက်လာတဲ့ဒေါ်အောင်ဆန်းစုကြည် ကိုအဓိကထားပြီး သေနတ်တွေချိန်ထားကြတယ်။ စစ်သားတွေရဲ့နောက်မှာ ဟမ်းစပီကာကိုကိုင်ထားတဲ့ ဓနုဖြူမြို့နယ်မဝတအတွင်းရေးမှူး ဗိုလ်ကြီးမြင့်ဦးကရပ်ပြီး လမ်းပေါ်မှာ လူငါးယောက်ထက်ပိုပြီးစုဝေးလမ်း လျှောက်သူတွေကို ပစ်မိန့်ပေးရလိမ့်မယ်ဆိုပြီး အသံခပ်မာမာနဲ့ပြောနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အုပ်စုက လမ်းမပေါ်မှာ အုပ်စုဖွဲ့လျှောက်လာသလို ဖြစ်နေတဲ့အခြေအနေပါ။ အဲဒါကိုဗိုလ်ကြီးမြင့်ဦးကစပြီး ပစ်မိန့်ပေးဖို့ တစ်နှစ်သုံးစပြီး ရေတွက်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်က သူ့နောက်က လူတွေကိုလမ်းဘေး ဆင်းလျှောက်ဖို့ နောက်လှည့်ပြီး ပြောလိုက်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်စကား ကြောင့် လူတွေလမ်းဘေးဆင်းလိုက်ကြတဲ့ အချိန်မှာလမ်းလယ်ခေါင်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ကို မော်တို့ညီအကိုပဲ ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ကြီးမြင့်ဦးက တစ်နှစ်သုံးရေပြီးသွားလို့ပစ်ဆိုပြီး အော်ဟစ်အမိန့်ပေးသံဟာ အတော်ကျယ်လောင်သွားပါတယ်။ ဒီပစ်မိန့်ပေးသံနဲ့တပြိုင်နက် တည်းမှာ၊ နောက်ကလူအုပ်စုကလည်း လမ်းဘေးကိုဆင်းလိုက် ရတဲ့အချိန်၊ ဦးကြည်မောင်နဲ့အတူလမ်းလျှောက်လာတဲ့ ဗိုလ်မှူး မောင်ထွန်းက ကြားပြီး မပစ်နဲ့မပစ်နဲ့လို့အော်ပြီး ရှေ့ကိုလက် တားပြပြီး ပြေးသွားပါတယ်။

ဒီအချိန်မှာပဲသေနတ်နဲ့ချိန်ထားတဲ့စစ်သားတွေရဲ့သေနတ်ကို လက်နဲ့အသာဖယ်ပြီး စစ်သားတွေကြားကနေ ဒေါ်အောင်ဆန်းစုကြည်ဖြတ်လျှောက် သွားပါတယ်။ စစ်သားတွေကပစ်မိန့်နဲ့တားဆီးမိန့်ကိုတပြိုင်ထဲရ လိုက်တော့ ချိန်ထားတဲ့သေနတ်ကိုင်လက်တွေဟာ တုန်ရီနေပြီး အသားတွေနီရဲ နေပါတယ်။ ပြောမယ်ဆိုရင် တပ်စိတ်တစ်စိတ်ရဲ့ပစ်အားဟာ ဒေါ်အောင်ဆန်းစုကြည်သာ မကပဲ နောက်ကပါလာတဲ့လူတွေပါ အတုံး အရုံးသေနိုင်လောက်တဲ့အနေအထားပါ။

ဗိုလ်ကြီးမြင့်ဦးဟာသူ့ရဲ့ပစ်မိန့်ကိုတားဆီးခံလိုက်တာမကျေမနပ်နဲ့ပေါက်ကွဲပြီး ပခုံးပေါ်ကကြယ်ပွင့်တွေကို လက်နဲ့အတင်းဆွဲဖြုတ် ပစ်ပေါက်လိုက်တယ်။ ဗိုလ်မှူးမောင်ထွန်းနဲ့စစ်သားတွေကပေါက်ကွဲနေတဲ့ ဗိုလ်ကြီး မြင့်ဦးကို ဖမ်းချုပ်ပြီး ခေါ်သွားပါတယ်။

အမှန်တော့ ဗိုလ်ကြီးမြင့်ဦးဟာ မြေလတ်ပိုင်းမြို့တမြို့မှာ မဆလကောင်စီအတွင်းရေးမှူးဖြစ်ခဲ့ပါတယ်။ ၈၈ အရေးအခင်းမှာ မြို့လူထုက သူ့ အိမ်ကိုဝိုင်းပြီး ခဲနဲ့ထုလိုက်လို့ထွက်ပြေးခဲ့ရပါတယ်။ 
စစ်တပ်ကအာဏာသိမ်းပြီးချိန်မှာ ဓနုဖြူမဝတအတွင်းရေးမှူးအဖြစ်နဲ့ရောက်လာခဲ့ပြီး ဒီမိုကရေစီလှုပ်ရှားတက်ကြွသူတွေကို အဓမ္မဖိနှိပ်ခဲ့ပါတော့တယ်။ သူကရှေ့တန်းမှာဒဏ်ရာရခဲ့ပြီး ဂန်းရှော့နဲ့တပ်ကအငြိမ်းစားယူပြီး အုပ်ချုပ်ရေး ဖက်ကိုပြောင်းလာတဲ့သူပါ။ အဲဒီညမှာပဲ ဧရာဝတီတိုင်းမှူးဗိုလ်မှူးချုပ်မြင့်အောင်ကပြန် ခေါ် ယူလိုက်လို့ ပုသိမ်ကိုရောက်သွားတယ်လို့သိလိုက်ရပါတယ်။ အဲဒီအချိန်တုန်းကသတင်းမှောင်ချထား တဲ့ခေတ်ဆိုတော့ အဲဒီဗိုလ်ကြီးမြင့်ဦး ဘာဆက်ဖြစ်တယ်ဆိုတာအခုအချိန်ထိဘယ်သူမှ မသိရတော့ပါဘူး။

ဒီလုပ်ကြံမှုဟာ စစ်အာဏာရှင်ဆူးတစ်ချောင်း စိုက်နေလို့ဖြစ်ပါတယ်။ နောက်တချက်က မဆလခေတ်မှာ ရခဲ့ဖူးတဲ့ အာဏာနဲ့အခွင့်အရေးတွေ ဆုံးရှုံးလိုက်ရလို့ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဗိုလ်ကြီးမြင့်ဦး ထက် ပိုနစ်နာဆုံးရှုံးသူတွေပိုများပါတယ်။ စစ်အာဏာရှင်ခေတ်အောက်မှာ ဒီမိုကရေစီအရေးအတွက် သွေး တွေ၊ အသက်တွေ၊ ဘဝတွေများစွာဆုံးရှုံးခဲ့ရပါတယ်။ ဒီမိုကရေစီအတွက်ဆုံးရှုံးတဲ့လူတွေမှာလည်း လက် တုံ့ပြန်ချင်တဲ့နာကျည်းချက်အာဃာတဆူးတွေစိုက်နေတဲ့သူအနည်းအများတော့ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ဒီ လူတွေအတွက်ကတော့ လက်တုံ့ပြန်နိုင်မယ့်အခွင့်အရေးတွေ မရခဲ့ပါဘူး။ ငွေကြေး၊ လက်နက်နဲ့ အာဏာ၊ ငွေကြေးဆိုတာတွေမပြည့်စုံခဲ့လို့ထင်ပါတယ်။ နောက်တချက်က လက်တုံ့ပြန်နိုင်ဖို့အတွက် အကြောက် တရားတွေနဲ့ဖိနှိပ်ထားတဲ့အတွက်ကြောင့်လည်း ပါဝင်နေပါလိမ့်မယ်။

အဓိကအချက်ကတော့ ဒီမိုကရေစီအတွက်တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့သူအများစုဟာ အသိဉာဏ်ရှိခဲ့ကြ သူတွေလို့ပြောချင်ပါတယ်။ခေတ်ဆိုးကြီးနဲ့စနစ်ဆိုးကြီးကို မြန်မာပြည်မှာဖယ်ရှားပစ်နိုင်ဖို့ပဲ ရည်ရွယ်ခဲ့တာ ပါ။

နိုင်ငံရဲ့ခေါင်းဆောင်တွေကိုလုပ်ကြံဖို့ကြံစည်သူတွေဟာ လောဘဇောတွေ၊ အာဏာဇောတွေကို အသိ ဉာဏ်နဲ့ မထိမ်းနိုင်သူတွေဖြစ်ပါတယ်။
ကျွန်တော်တို့ဖက်ကလည်း လုံခြုံရေးကိုပိုပြီး အလေးအနက်ထားဖို့လိုနေပါတယ်။ ခေါင်းဆောင်တွေလည်း မိမိကိုယ်မိမိယုံကြည်မှုမလွန်ကဲဖို့ လိုအပ်ပါတယ်။ လုပ်ကြံလိုသူတွေမှာ အာဏာအတွက် အာဃာတအနာ ဆူးတစ်ချောင်းတော့ အမြဲစိုက်ဝင်နေပါလိမ့်မယ်။

မြတ်လှိုင်း
First News Journal-No-563, Nov 7, 2017

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

$
0
0


ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇

 ယခုစာအုပ်မှာ မျက်မှောက် ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ (၂၀၀၉ -၂၀၁၇) ဖြစ်ပါတယ်။ သတင်းထုတ်ပြန်ချက်များကလွဲလျင် ဆောင်းပါးများမှာ မိုးမခမီဒီယာတွင် ဖော်ပြခဲ့သော စာရေးသူအသီးသီး၏ အာဘော်ဆောင်းပါးများ ဖြစ်ပါတယ်။ စာအုပ်ရဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်မြောက်ပိုင်းအရေးမှာ လူမျိုးရေး၊ ဘာသာရေး ဆိုသည်ထက် လူမျိုးရေး ဘာသာရေး အငြင်းပွားဘွယ် အကြောင်းအရာများ၊ နောက်ခံအခြေအနေများကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအရ အမြတ်ထုတ်ရန်၊ မြန်မာပြည်တွင်း ပြည်ပ မငြိမ်သက်မှုများဖြစ်ပွားရန် လုပ်ကြံမှုများက အဓိကကဏ္ဍတွင် ပါဝင်နေသည်ကို ထုတ်နှုတ် ဖော်ပြသည့် ဆောင်းပါးများ ဖြစ်ပါတယ်။ 

မိုးမခ၏ ပင်တိုင်ဆောင်းပါးရှင်များ ရေးသားသော ဆောင်းပါးများအပြင် မိုးမခမိတ်ဆွေ စာနယ်ဇင်းအဖွဲ့များတွင် ဖော်ပြခဲ့သော စာမူတို့ကိုလည်း ခွင့်ပြုချက်ရယူပြီး တင်ဆက်ထားတာလည်း ပါဝင်ပါတယ်။ စာအုပ်၏ နောက်ဆုံးတွင် ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာထဲမှ ကောင်းနိုးရာရာကို ကောက်နုတ်ပြီးတော့ မိမိစကားပြေဖြင့် ပြန်လည်ရေးသား ထည့်သွင်းပေးထားပါတယ်။
 


 
Yangon Book Plaza က WE Book Distribution ကနေ ဖြန့်ချိပါတယ်။ တန်ဖိုး - ကျပ် ၄၀၀၀။ မှာကြားရန်ကတော့ - မှာယူလိုသူတွေအနေနဲ့ အမည်၊ လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်တို့ကို WE Distributionကို အွန်လိုင်း မက်ဆေ့ခ်ျ စာတို ပေးပို့နိုင်သလို ဖုန်းနံပါတ် ၀၉၂၅၀၀၉၁၉၁၃ ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်။
 
 

ခိုင်မျိုး- လူရိုင်းခေါင်း

$
0
0
လူရိုင်းခေါင်း
ခိုင်မျိုး
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇

အရေပြားအရောင်ထိတာနဲ့
စိတ်အတွင်းသား မှောင်အတိကျခဲ့
အသားအရောင်မှာ
တရားရှိသလား

အနီရောင်အသားကို
လတ်လတ်ဆတ်ဆတ် ခုတ်ထစ်
ချက်ပြုတ်လိုက်
အမည်းကောင်ကိုတော့
အပြတ်ရှင်းလိုက်ကြတာပေါ့
လူဟာ
သူ့မုန်တိုင်းထဲသူ တဘိုင်းဘိုင်းလဲကျ
ဘုရားများထံ ဆုတောင်းဝတ်ပြုပြီး
တိုက်ခိုက်သတ်ဖြတ်ကြ
ထောင်းခနဲပြတ်သွားတဲ့စိတ်ကြိုးကို
ဆွဲဆုပ် ဆုပ်ကိုင်မိခြင်း
မရှိခဲ့ပုံများ။

ဦးခေါင်းပြတ်တခုဟာ
ကမ်းစပ်သောင်ပြင်ပေါ်ကနေ
အရိုးခေါင်းအလံတပ်
လှေတစင်းခုတ်မောင်းလာပုံကို
ငေးလို့…
ဒေသတခုမှာ ။



ရွှေဒါးမောင်လေးရည် ● ကံ့ကော်ပွင့်ရာ ... စိန်ပန်းပြာပြာ အဓိပတိလမ်းမှာ မိုးတွေရွာ

$
0
0
ရွှေဒါးမောင်လေးရည် ● ကံ့ကော်ပွင့်ရာ ... စိန်ပန်းပြာပြာ အဓိပတိလမ်းမှာ မိုးတွေရွာ
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇

"လွမ်းပင်ရိပ်ဝေဝေသီ .. ဆောင်းအိပ်မက်ဧကရီ ... ဒေဝီအလှရဲ့သီတာကုန်ဆုံး ...ဒီပါသုဉ်းစေ ဘုန်းမမေ့နိုင်ဘူး ... ဘုန်းမ မေ့နိုင်ဘူး ... ပိုင်မလို မဆိုင်သကို ... ကိုယ်ရုံတိမ်ပြာနုနဲ့ ရှိန်ဝါလုကာ ... ကြယ်မင်းသခင်သို့ .. လနတ်ဆွေရှင် ကြွေဆင်း မြေနင်းခသလို ... ရွှန်းမြသာလွင် ... ဖူးတွေ့ပါရ ... မြောက်ကန္တာရနှင်းမြေနိုင်ငံ ... ခေါက်ပြန်ပြာစ ညင်းလေသွဲဆဲအခါ ... "

ကျွန်တော်တို့ ဆယ်ကျော်သက်ရွယ်၊ နှလုံးသးသံစဉ်လှိုက်ခုန်ခါစဆီက ဆရာတက္ကသိုလ်ဘုန်းနိုင်၏ "ညီမလေးရယ် စိုးရိမ်မိတယ်"ဝတ္ထုမှ ဇာတ်ဝင်သီချင်းစာသားအချို့ပါပေ။ သီချင်းခေါင်းစဉ်က "ဆောင်းအိပ်မက် ဧကရီ" ...

အထူးသဖြင့် ကံ့ကော်တွေပွင့်ပြီး ပိတောက်တွေထိန်ပြီဆိုရင် ... မေရီဆိုတာ ဒီမြေမှာရှိလေရဲ့လို့တောင် သိလေမယ်မဟုတ်တဲ့ သူကို မေရီသတိရနေမိတတ်တယ်။ စာတွေ၊ ကဗျာတွေနဲ့အတူ နွမ်းခြောက်နေတဲ့ ကံ့ကော်ပန်းတွေ၊ ပိတောက်ပွင့်ခက်တွေဟာ မေရီလက်ထဲမှာကျန်ခဲ့တာကို မမကပြောတယ်။ ကံ့ကော်တွေပွင့်ပြီး ပိတောက်တွေပွင့်ပြီဆိုရင် သူက ပန်းစည်း တစည်း တစည်း မမဆီလာပေးလေ့ရှိသတဲ့။ ဒီပန်းတွေမြင်ပြန်တော့ "သစ္စာတင့်လန်း သဲဦးပန်းကို မနွမ်းစေရ၊ ပန်ခဲ့ပါရှင်၊ သော်တာ့ အပြင် ကြယ်မမြင်သို့"ဆိုတဲ့ သူ့ဘုရားတိုင်ရတုလေးဟာ မေရီ့နားမှာ အစဉ်ပဲ့တင်ထပ်နေတယ်"ဟုဆိုကာ ညီမလေးရယ် စိုးရိမ်မိတယ်မှ အဓိကဇာတ်လိုက်ဖြစ်သူ မေရီ၏ အသည်းနင့်နင့် ဖွင့်ဟသံစဉ်များပါပေ။

သည်သို့ သည်နှယ် သီချင်းသံစဉ်များ၊ စကားလုံးအဆင်တန်ဆာများဖြင့် မောနင့်လှိုက်နွမ်းဖွယ် ချစ်သူပျို လုံမပျိုတဦး၏ ပုံရိပ်များက စာဖတ်သူအပေါင်းအား ညှို့င်ဖမ်းစားမှုဖြင့် ....။
......

ကျွန်တော်တို့ နုသစ်စကပင် တက္ကသိုလ်သရုပ်ဖော်ဝတ္ထုများက ဖမ်းစားမှုပြုခဲ့ပေသည်။ သည်ဝတ္ထုများ၏ သွေးဆောင်ဖြားယောင်းမှုများကြောင့် တက္ကသိုလ်ကျောင်းသားဘဝများအပေါ် အားကျသက်ဝင်ခဲ့ကြရပေသည်။ ညီမလေးရယ် စိုးရိမ်မိတယ် ကံ့ကော်တောမှဇာတ်လမ်းများ၊ မပန်ပါနဲ့ ကြွေချင်တယ်၊ အချစ်ရူးလေးရဲ့ အချစ်ဦး၊ ငွေစပယ်ရဲ့လမင်း၊ ငယ်ဘဝ၊ တက္ကသိုလ် ကျောင်းသားတဦး၊ ပြိုမှာလေလားမိုးရဲ့၊ သို့တိုင် တက္ကသိုလ်အဝန်းအဝိုင်းအပေါ် တိမ်းညွတ်စိတ်များနှင့် တက္ကသိုလ်ကျောင်း သား ကျောင်းသူတို့၏ဘဝများအပေါ် အာရုံညွှတ်နူးခဲ့ကြရပေသည်။ အားကျစိတ်တို့နှင့်အတူ တက္ကသိုလ်ကျောင်းသား ကျောင်းသူတဦးတယောက်အဖြစ် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်လိုစိတ်များ ခိုအောင်ခဲ့ကြရသည်။

တက္ကသိုလ် ကျောင်းသားတဦးကဲ့သို့ သီချင်းမျိုးကို မကြာခဏ နားဆင်ခံစားရလေတိုင်း အင်းလျားကန်အပါးဆီက မြင် ကွင်းများကို အတွေးလှိုင်းဖြင့် တသိမ့်သိမ့်မြင်ယောင်မိရပြန်ပါသည်။ ကျွန်တော်နဲ့ တက္ကသိုလ်အဝန်းအဝိုင်းတို့၏ ဆက်နွယ် မှုက မစိမ်းသောမြေဟုပင် ဆိုနိုင်လောက်ပါပေသည်။ အခြေခံပညာသင်ယူပြီးမြောက်ခြင်းမရှိမီကပင် တက္ကသိုလ်နယ်မြေ အတွင်းသို့ မကြာခဏ ဝင်ရောက်ကူးခတ်ခွင့်ရခဲ့သောကြောင့်ပင်။ ကျောင်းပြီးစ ကျွန်တော့်နောင်တော်များနှင့်အတူ သူတို့၏ နောက်ဘက်နားဆီက ကျွန်တော်က လိုက်ပါရွေ့လျားနေကျမို့ပါလေ။

ကျောင်းဖွင့်ချိန် ... စိန်ပန်းတွေလည်း မြေမှာ ကျဲပြန့်နေ .... ကံ့ကော်ပန်းတွေနဲ့အတူး ... သူနဲ့တွေ့ရာနယ်မြေ ... တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းလျားသည်နယ်မြေ ... ချိန်ညနေချမ်းနေခြည်ဖျန်းရင်လေ ... မြေနီလမ်းကလေးမှာ ... (အပန်း ဖြေ) ၂ ... ချစ်စရာအလှအပစကားများ ... ပြောကြာကာပေ ... ချစ်သောမိမိငယ်ရေ ... အင်းလျားကန်က ကိုယ်တို့ ကိုယ်တို့ .... မေတ္တာမြေ ....။
......

ကျွန်တော်တို့ အမိတက္ကသိုလ် ရင်လွှာထဲ ခိုဝင်ရသည့်ကာလမှာ ရွှေရတုသဘင်ပွဲဆင်နွှဲသည့် ၁၉၇၀ ၏ မိုးစက်ပွင့်တို့ ကြဲ ပက်သည့် ဝဿန္တရက်စွဲများတွင် ဖြစ်ပါသည်။ နောင်တော်၊ အမတော်များက ကျွန်တော်တို့ ညီငယ် ညီမငယ်များသို့ ကြို ဆိုပွေ့ဖက်မှုများဖြင့် မောင်မယ်သစ်လွှင်ကြိုဆိုပွဲကို ကျင်းပပေးခဲ့ကြသည်။ သည်စဉ်က ရွှေပြည်စိုးသီချင်းဖြင့် အမတော် တဦး၏ တင်ဆ်ကပြမှုက ငြိမ့်ညောင်းသွယ်နွှဲ့လှသည်။ "မြကျွန်းညိုညိ တက္ကသိုလ်"သီချင်း သံပြိုင်သီကြွေးမှုများ ဖြင့် ယနေ့ ထက်တိုင် မမေ့ဖွယ်၊ မပျောက်ဖွယ် သတိတရရှိနေဆဲ။

မြကျွန်းညိုညို ... ကွန်းခိုရာ တက္ကသိုလ်မှာကြုံ ... စာပေဂီတနဲ့သာ ... အနုပညာအစစမှာလည်းစုံ ... တေးပည့်ငြိမ့်ငြိမ့်ညောင်း ... စုပေါင်းပါလို့သီကြွေးပုံ ... တေးအလင်္ကာ ... ဘဝင်မှာအော ... ငြိမ်းချမ်းကြစေကုန် ....

ကျွန်တော်တို့ ကျောက်ဆူးချကမ်းကပ်ပြီး ဒီဇင်ဘာပန်းပွင့်များနဲ့အပြိုင် ရန်ကုန်တက္ကသိုလ်၏ ရွှေရတုပွဲတော်ကာလနှင့် တိုး တိုက်ကြုံဆုခဲ့ကြရသည်။ ဆောင်းဦးရက်များပင်ဖြစ်ပေလိမ့်မင့် မိုးနတ်မင်းကြီးကိုယ်တိုင်ပင် ရန်ကုန်တက္ကသိုလ် နှစ် ၅၀ ပြည့် ရွှေရတုသဘသင်ပွဲ၌ ပါဝင်အားဖြင့်လာခဲ့ပေရာ ... မိုးစက်ပွင့်နှင့် ဆောင်းနှင်းမှုန်လွတို့၏ ပွေ့ဖက်မှုရသက မောခိုက် ခိုက်မျှ ချမ်းမှု အေးမှုအပေါင်းတို့ဖြင့် သရဖူဆောင်းခဲ့သည်ဆိုရမလောက်ပါပေ။

အားဖြည့်သူ ပရိသတ်အပေါင်းဖြင့် တက္ကသိုလ်နယ်မြေတဝန်း ကြက်ပျံမကျ ခြိမ့်သဲစည်ပင်လွန်းလှသည်။ မိုးအေးအေးနှင့် ဆောင်းချမ်းမြမြဒဏ်ကို မမှုနိုင်အားလောက်အောင်ပင်။ ကာလာစုံ၊ ဆိုဒ်စုံ၊ ပျိုအိုကျားမရွယ်စုံတို့ဖြင့် ပျော်ရွှင်စွာ ပျော်ဝင်နေ ပုံများက အားရဖွယ်ကောင်းလွန်းနေပေသည် အဓိပဓိလမ်းမလေးတလျှောက်၊ ဘာသာရပ်အသင်းများ၏ ရံပုံငွေ စားသောက် ဆိုင်များဖြင့်လည်း အပြိုင်အဆိုင်နေရာယူထားမှုတို့ဖြင့် မြိုင်ဆိုင်စည်ကားလှပေသည်။ တက္ကသိုလ်နယ်မြေအတွင်း ဇာတ်စင် ကြီးများဖြင့် ခမ်းနားထယ်ဝါစွာ တင်ဆက်ကပြခဲ့ကြသည်မို့ ရွှေပွဲလာပရိသတ်တို့အဖို့ ကိုယ်အာရုံကျရာ ဇာတ်စင်များဆီ စိတ်ကြိုက်အားပေးနိုင်ကြသည်မို့ ဟိုမှ သည်ဆီကူးယှက်ပျံသန်းကြ၊ စားသောက်ဆိုင်တန်းများဘက် ရွေ့လျားကမ်းကပ်ကြ ဖြင့် ပျော်ရွှင်ဖွယ် ပွဲတော်ကြီး ဖြစ်ခဲ့ရပေသည်။

အမိရင်ခွင်သို့ ခိုဝင်နားနေခိုက် ကိုယ်ညွှတ်ပျောင်းရာ၊ ဝါသနာစေ့ဆော်ရာ၊ ဘာသာရပ်အလိုက် ကျောင်းပညာရပ်များကို စုပ်ယူကြိုးပမ်းကြသကဲ့သို့ ကိုယ်သန်ရာ အနုပညာ၊ အားကစား စသဖြင့်လည်း ပါဝင်ပုံဖော်နိုင်ခွင့်များနှင့် ကြည်စင်လန်းမြခဲ့ကြ ကြပေသည်။ တက္ကသိုလ်အနုပညာအသင်းသို့ ဝင်ရောက်၍ စန္ဒရားအတီးသင်တန်း၊ တယောအတီးသင်တန်း၊ ဝါးပတ္တလားမှ သည် အကသင်တန်း၌ ပါဝင်လေ့ကျင့်သူတို့ဖြင့်လည်း စုံလှပေသည်။ တက္ကသိုလ် အပန်းဖြေရိပ်သာဝန်းကျင်သို့ ဖြတ်သန်းရ တိုင်း ဂီတတေးသံတို့ဖြင့် ကြည်နူးချမ်းမြေ့ရသည်မှာ အမိတက္ကသိုလ်မှ ဖြည့်စွမ်းပေးသည့် လက်ဆောင်မွန်တခု ဖြစ်ခဲ့ရပေ သည်။

စာပေအေးရိပ်၌ ဝင်ရောက်မွေ့လျော်လိုပါကလည်း နှစ်စဉ်ထုတ်ဝေလျှက်ရှိသည့် အမိတက္ကသိုလ်၏ နှစ်လည် မဂ္ဂဇင်းမှသည် ဘာသာရပ်အလိုက်ထုတ်ဝေသည့် ဂျာနယ်မဂ္ဂဇင်းများ၏စာမျက်နှာများပေါ် ဖြတ်သန်းလေ့ကျင့်နိုင်ပေသည်။ လက်သင်ကလောင်များအဖို့ ဝိဇ္ဇာခမ်းမနောက်ဘက်နားဆီက ပန်းချီခမ်းမမှ စတင်ပေသည်။ နံရံကပ်စာစောင်ကလေးများ၌ လည်း ကလောင်သွေးခွင့်ရရှိနိုင်ခဲ့ပါသည်။ ကျွန်တော်တို့လည်း ထိုပျိုးခင်းကလေးထဲဝင်ရောက်၍ ကူးခတ်ပျံသန်းခံသည်များ ကို ယခုထက်တိုင်ပင် မှတ်ဉာဏ် chip လေးထဲ သိုမီးထားဆဲပါလေ။

ကျွန်တော်တို့နှင့် ရှေ့နောက်အစဉ်ပါဝင်ပျံသန်းခဲ့ကြသည့် ကလောင်များထဲမှာ အညာတမာ၊ မြင့်စိုးလှိုင်၊ မြတ်သစ်၊ တင် ဆွေမိုး၊ အောင်စိုးဦး၊ မောင်ယဉ်မှူး၊ သံလျင်မောင်ဝင်းဝါ၊ စောမဉ္ဇူ၊ ခိုင်ကျော်ထွေး၊ မောင်ညိုလှိုဏ်၊ မောင်စိမ်းခိုင်၊ တက္က သိုလ်ကျော်ဝင်းမောင်၊ ကိုရွှေသိမ်းမင်း၊ မောင်နံ့သာ၊ မောင်နွယ်သွေး၊ မင်းခိုင်ဦး၊ လင်းရောင်တင် စသဖြင့် စာပေပန်း ခင်း၌ ရနံ့တို့သင်းပျံ့လန်းရွှင်နိုင်ခဲ့ကြပေသည်။ မိခင်ရင်လွှာထဲ ကျွန်တော်တို့ဝင်ရောက်ခိုးနားစဉ်ကာလဆီက အပန်းဖြေရိပ်သာ ထဲ ခင်းဖြန့်ပြသတတ်သည့် ကံကော်ရွာသား ပန်းချီဆရာများ၏ ပန်းချီပြပွဲများကလည်း အမှတ်ရစရာများပင်။ အောင်ကျော် မိုး၊ စံမင်း၊ အင်ဒရူးတို့၏ပန်းချီလက်ရာများကို အစဉ်တစိုက် တင်သွင်းပြသခဲ့သည်များလည်း စိတ်အစဉ်၌ မှတ်မှတ်ထင်ထင် ရှိနေဆဲ။ ကျွန်တော်တို့ဘော်ဒါကြီး ကိုနွယ်သွေး၏လက်ရာမွန်များကိုတော့ မြန်မာစာအသင်းမှ ထုတ်ဝေသည့် ဂျာနယ်၊ မဂ္ဂဇင်း၊ နံရံကပ်စာစောင်တိုင်း၌ မလွတ်တမ်း တောင်ပံဝင့်လှုပ်ရှားခဲ့ပုံများကလည်း မမေ့နိုင်စရာပါ။

"စေတီငယ်တန်ဆောင်း ... ရိပ်သာမြတ်ကျောင်း ... (ခေါင်းလောင်းသံတွေဝေဝေလွင် ... အမျှပေးလု့သာဓုခေါ်ချင် ... )၂ ... ငြိမ်းချမ်းရေးကိုသွန်သင် ... ပဲ့ပြင်ဆုံးမဗုဒ္ဓမြတ်ရှင် ... ရောင်ချီလွှမ်းတဲ့စခန်းသည် သည်မြေပြင် ... မြတ်လေးကြည်ညို ရိုသေလျက်အစဉ် ... ချစ်စွာသော အို ... မိခင် ...."

ကျွန်တော်တို့အလှည့် တဖန်ရောက်ရှိလာခိုက် ... အမိရင်ခွင်သို့ နောက်ထပ်ခိုဝင်လာကြသည့် ညီငယ် ညီမငယ်များအား ကမ်းလင့်ကြိုဆိုခြင်း ပြုခဲ့ကြပါသည်။ သည်ပွဲ၌ ဆရာဦးအောင်သင်းရေးသားစပ်ဆိုသည့် "ချစ်စွာသောအိုမိခင်"အမည်ရ တေးသစ်တပုဒ်ကို ကျွန်တော်တို့ မောင်နှမတစုသံပြိုင်ကြွေးဟစ်ခဲ့ကြပါသည်။ သည်စဉ်က တီးဝိုင်း၏ပဲ့ကိုင်ရှင်မှာ ဂီတမှူး စန္ဒရားတင်ဝင်းလှိုင်။ သူက ကျွန်တော်တို့ရှေ့နားဆီမှ နောင်တော်ကျောင်းသားဟောင်းတဦးပါ။ နောင်သောအခါ ကျွန်တော် တို့ရင့်ကျူးခဲ့သည့် "ချစ်စွာသော အိုမိခင်"သီချင်းမှာ လေလှိုင်းသံအဖွဲ့၏ မြန်မာ့အသံဓာတ်ပြားရတေးသီချင်းတပုဒ်ဖြစ်ခဲ့ ပေသည်။

ပြန်ပြောင်းတမ်းတရမည်ဆိုလျှင် လွမ်းမြစရာတွေက များလှပေသည်။ အပန်းဖြေရိပ်သာထဲက "ပန်းဝတီ"ဆိုင်ကလေးက ရှေ့နားမှာပါနေတတ်သလို၊ သည်ဆိုင်ကလေးပေါ်က ဆရာမောင်ပန်းမွှေး၏ နေလို လလို၊ တခုသောပန်းဥယျဉ် ဆိုသည့် ကဗျာစာအုပ်ကလေးများ၊ ကိုရွှေသိမ်းမင်း၊ မောင်ပန်းမွှေးတို့၏ ကဗျာကလေးများနှင့် ပို့စကဒ် လှတပတလေးများ၊ ဘော်ဒါကြီး ကိုနွယ်သွေး လက်ရာမွန်ပို့စကဒ်ကလေးများသည်လည်း ကျွန်တော်၏ အလွမ်းစာရင်းထဲ ရှေ့ဆုံးနားက စာရင်းတို့ရမည်ပင်။

ငယ်နုသစ်ကာလများဆီက ဆရာတက္ကသိုလ်ဘုန်းနိုင်တို့၊ ဆရာသိနးထွန်းတို့၏ တက္ကသိုလ်နောက်ခံ ဝတ္ထုများဖြင့် လိုက်ပါ ရင်ခုန်ခဲ့ရသလိုပင် သည်ကနေ့ ကျွန်တော်တို့နားစည်မှေးပါးမှသည် နှလုံးသားသို့တိုင် ခဏမကြာလာရောက်၍ ထိုးခတ်ထိရှိ စေသည့် "တက္ကသိုလ်ကျောင်းက ငွေလမင်း"တို့၊ "အဓိပတိလမ်းမှာ မိုးတွေရွာ ... ဆရာဦးမြသိန်း၏ "အမျက်အမုန်းရှသမျှတမင်အဝေးသွေခွာ ... တသက်လုံးတသသ ...ရင်အဆွေးမပြေစရာ ... ပျောက်ဆုံးသွားတဲ့ ကံ့ကော်ပွင့်လေး ... ဘယ်ဆီ ဘယ်မှာ ..."ဆိုတဲ့ မြသီလာသို့ အလွမ်းပြေ တေးချင်းမျိုး၊ ပန်းချီကဗျာထက်လှတဲ့ သီလာတက္ကရဲ့ ကျွန်းညိုမြဝယ် ... မိုးမြေ နိမ့်ယောင် မာလာဆောင်သို့ ... မြူနှင်းတို့ဝေတဲ့ ဆောင်းချမ်းမြဟေမာန်ဝယ် .. တက္ကသိုလ်မှာ ဝေတဲ့နှင်းရယ်"သီချင်းမျိုးတွေ "လာလုငယ် လာလုငေး ပန်းကြာရေးဝေး .. .မှန်းကာသူတွေး ... ကြင်ကြင်နာနာ ကြည်သာဖေးဖေး .. ထွေးထွေးနုနု ယုယချင်သေး ... ချစ်သူနှင်းရေ .. ရီရွှင်ပြုံးပြုံး ... လှတင့်ဆုံးကို .. ရာသက်လုံး ... ဘယ်မမုန်းပေ .. .ပန်းတွေခင်းကာစောင့်ကြိုနေ ... ချစ်သက်စုနှင်းရေ.."ဆိုသော သံစဉ်နုလွများဖြင့် ရင်မောနွမ်းလျ ချစ်သူပျောက်ရှတေးချင်း လေးများက အတိတ်ဆိုသည့် စမ်းချောင်းတခုဆီ အောက်မေ့ဖွယ်ဘဝများဆီသို့ လည်ပြန်သယ်ဆောင် ခေါ်င်နိုင်စွမ်းခဲ့ကြပေ သည်။

"တက္ကသီလာ ... မြကျွန်းသာရင်ခွင်ထက်ဆီမှ ... စိန်းပန်းပြာကလေးတွေလိုပင် ... ခင်မင်သမုဒယ မယုယနိုင်ဘဲ ... ခွဲခွာ သွားရသူရေ ... အသက်နဲ့ကိုယ်လျှင် ... ခင်ရုံသာခင် ... မကြင်ရတဲ့ ဘဝတခုနဲ့သာပင် .... အခုတော့ အဝေးမှာနေ ပျော်ရာ မှာလည်း မနေရ ... တော်ရာမှာပဲနေရရှာသူရေ ... "

တေးသံရှင် ကိုတင်လှိုင် သီကျူးခဲ့ဖူးသည့်အတိုင်းပင် ပျော်ရာမှာမဖွေသာပဲ၊ တော်ရာအရပ်ဒေသမှာ ရှင်သန်ရင်း၊ တခါတုန်း ဆီက ကံ့ကော်ရွာ အင်းလျားရေဆိပ်နဲ့ စိန်းပန်းပြာပြာ မွေ့ရာခင်းတဲ့လမ်းတလျှောက် အလွမ်းပြေ တခါတခေါက်ပင် ခြေချခွင့် မသင့်ခဲ့တာ ကာလတောင်တာကြာခဲ့ပါရော့လား ...။

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အကြို ....

ရွှေဒါးမောင်လေးရည်

ရန်ကုန်ဘိန်းစားတန်း မြစ်ဘေးကိုရွှေ့

$
0
0
ရန်ကုန်ဘိန်းစားတန်း မြစ်ဘေးကိုရွှေ့
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇


ရန်ကုန်မြို့ စီးပွားရေးရပ်ကွက် ရွှေဘုံသာလမ်းရှိ အဟောင်းဈေးတန်း ကမ်းနားညဈေးသို့ ပြောင်းရွှေ့သည့်အစီအစဉ်ကို အာဏာပိုင်တို့က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အမှန်တကယ် အကာင်အထည်ဖော် လိုက်သည်။

ညဈေး ဆိုသော်လည်း နံနက် ၁၀ နာ၇ီမှ စတင်ပြီး ဆိုင်ခင်း ရောင်းချခွင့် ပြုထားကြောင်း သိရသည်။

ဘိန်းစားတန်းဟုလည်း ထင်ရှားသော အဟောင်းဈေးတန်းသည် ရွှေဘုံသာလမ်းတွင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက စတင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး ရောင်းဝယ်ဖောက်ကားသူများဖြင့် စည်ကားခဲ့သည်။

နေရာဟောင်းတွင် အဟောင်းဆိုင်တန်းလူစည်ကားမှုမှာ ကားလမ်းပိတ်ဆို့မှုပြဿနာကြီးမားသော ရန်ကုန်မြို့လယ်အတွက် မဟာဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့သည်။

ရန်ကုန်မြစ်ဘေးတွင် တည်ရှိသော နေရာသစ်တွင် စားသောက်ဆိုင်များအပါအဝင် ပစ္စည်းမျိုးစုံရောင်းသောဆိုင်များလည်း တည်ရှိသည်။

(ဓာတ်ပုံများ - ပြည့်ပြည့်/ Myanmar Now)
 








ဖြိုးသီဟချို (Myanmar Now) ● အခြေခံဥပဒေပြင်ရန် ရန်ကုန်တွင် ပထမဆုံးအကြိမ် တောင်းဆို ဆန္ဒပြ

$
0
0

ဖြိုးသီဟချို(Myanmar Now) ● အခြေခံဥပဒေပြင်ရန် ရန်ကုန်တွင် ပထမဆုံးအကြိမ် တောင်းဆို ဆန္ဒပြ
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇

ရန်ကုန် (Myanmar Now)၂ဝဝ၈  ဖွဲ့စည်းပုံအခြေခံဥပဒေကို မနှစ်သက်သူ ၁ဝဝ ခန့်က ရန်ကုန်၊ တာမွေမြို့နယ်ရှိ ပြည်သူ့ဟစ်တိုင်ကွင်း၌ နိုဝင်ဘာ ၁၂ ရက်နေ့တွင် စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြပြီး အခြေခံဥပဒေကို ပြင်ဆင်ရန် တောင်းဆိုခဲ့ကြသည်။

“စစ်မှန်ဒီမို ဥပဒေပြုဖို့ ၂ဝဝ၈ ခြေဥပြောင်းလဲပစ်စို့” စာတမ်းပါ အနီရောင် ဗွီနိုင်း များကို ကိုင်ဆောင်ထားကြပြီး အနီရောင် ဖဲကြိုးများ ရင်ညွန့်တွင် ချိတ်ဆွဲထားသည့် အရွယ်စုံအမျိုးသား၊အမျိုးသမီးများက “၂ဝဝ၈ဖွဲ့စည်းပုံ ပြောင်းလဲပစ်”၊ “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အောင်ရမည်” စသဖြင့် ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူအများစုမှာ ရန်ကုန်မှဖြစ်ပြီး နယ်မှလာရောက်ပူးပေါင်းသူများလည်း ရှိသည်။
ဆန္ဒပြပွဲသို့ရောက်ရှိနေသူတစ်ဦးဖြစ်သည့် ဦးဝင်းဦးက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ်မှာ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးအတွက် ငြိမ်သက်နေခြင်းမဟုတ်ဘဲ ၊ပြည်သူလူထု၏ အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံ ဥပ​ဒေ ပြင်​ဆင်​​ရေးအတွက်​ ဆန္ဒထုတ်​​ဖော်​မှုကို တာ​မွေမြို့ ကျိုက္ကံဆံကွင်းတွင်​ နိုဝင်​ဘာ ၁၂ရက်​​နေ့က လူအင်​အား ၁၀၀ ခန့်​က ပြုလုပ်​ခဲ့သည်​။ (ဓာတ်​ပုံ-ပြည့်​ပြည့်​/MyanmarNow)


အာဏာရ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲမဝင်မီက ရွေးကောက်ပွဲကတိကဝတ် အဖြစ် အခြေခံဥပဒေပြင်ဆင်ရေးကို တစ်ချက်အဖြစ်ထည့်သွင်းခဲ့သော်လည်း ယခုအထိ အကောင်အထည်ပေါ်မလာသေးသလို ကြိုးပမ်းသည့် အရိပ်အယောင်များလည်း မမြင်ရသေးပေ။

ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးကို ပြည်သူများက စတင်လှုံ့ဆော်ရန်လိုအပ်ပြီး ထိုသို့ ပြည်သူက စတင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် တင်ပြဆွေးနွေး သွားနိုင်မည်ဟု  ၎င်းက ယူဆနေသည်။

“ပြည်သူတွေက အခြေခံဥပဒေ အသစ်ရေးဆွဲရေးကို ဆန္ဒရှိနေပြီဆိုပြီးတော့ လွှတ်တော်မှာတင်မှာပေါ့။ ကျွန်တော်တို့က ဒီလို အခြေခံဥပဒေ ပြင်ဆင်အသစ်ရေးဆွဲရေးကို ဆန္ဒပြနေပြီ ဆိုမှ သူက(လွှတ်တော်က) လှုပ်လို့ရမှာပေါ့” ဟု ပြောသည်။

“သူ(ဒေါ်အောင်ဆန်းစုကြည်) ပြောပြီးသားလေ။ပြည်သူ့အားကိုယူမယ် လို့ပြောပြီးသားလေ။ ဒီလိုအားတွေ သူယူမှာပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ဆန္ဒပြပွဲတွင် ပါဝင်သည့် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုဦးဆောင်ဆရာတော် ဦးဓမ္မသာရကလည်း လက်ရှိ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကြောင့် ပြည်သူလူထုခံစားနေရသည့် ဆိုးကျိုးများစွာရှိနေကြောင်း၊  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ အခြေ ခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ရှေးမတိုးသာ၊ နောက်မဆုတ်သာဖြစ်နေသည်ဟု ယူဆကြောင်း မိန့်သည်။ ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေးကို လူထုအင်အားဖြင့် တောင်းဆိုရန်လိုအပ်ပြီး ထို တောင်းဆိုမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရသစ်က ဆောင်ရွက်သွားမည်ကို ယုံကြည်သည်ဟု ဆက်လက်မိန့်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ပြည်သူတွေမလိုလားတဲ့ ကိစ္စဘာမှ မလုပ်ပါဘူးဆိုပြီးတော့  ကတိပေးထားတယ်။ ဒကာမကြီး ဒေါ်စု လိုလားတာက ပြည်သူတွေစိတ်ထဲမှာ ၂ဝဝ၈ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး များများ ဆန့်ကျင်လာဖို့ပါပဲ” ဟု မိန့်သည်။

အဆိုပါနေ့က ဆန္ဒပြပွဲကို လူစည်ကားသည့် နေရာများ၌ ကျင်းပခွင့်ရရန် အာဏာပိုင်များထံတွင် ခွင့်ပြုမိန့်လျှောက် ထားခဲ့သော်လည်း ရန်ကုန် မြို့တွင်း ၁၁ မြို့နယ်၌ ဆန္ဒထုတ်ဖော်ခွင့်   တားမြစ် ထားသောကြောင့် ယခုနေရာတွင်သာ လာရောက်ကျင်းပရခြင်းဖြစ်သည်ဟု ဦးဆောင်သူတစ်ဦးဖြစ်သည့် ဦးဆန်းဝင်းအောင်က ပြောသည်။

“ကျွန်တော်တို့က လူစည်ကားတဲ့နေရာ မှာလုပ်ချင်တာ ခွင့်ပြုမိန့်တောင်းတော့ မချပေးဘူး။ ချောင်ကလောင်နေရာမှာလာပြီးတော့ ဆန္ဒပြခွင့်ဆိုတော့၊ ကျွန်တော်တို့ အတွက်တော့ လုံးဝအဆင်မပြေဘူး”

ပထမဆုံးအကြိမ်ပြုလုပ်သည့် အခြေခံဥပဒေ ဆန့်ကျင်သည့် ဆန္ဒပြပွဲ ဖြစ်ခြင်းကြောင့် ပြည်သူများ ပိုမို ပါဝင်နိုင်စေရန် ခွင့်ပြုမိန့်တင်ခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သည့် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှ ကိုအောင်ပိုင်ဖြိုးက ပြောသည်။

“နဂိုကတည်းဒီ အခြေခံ ဥပဒေကို မကြိုက်လို့ပြတာ။ ဒီအခြေခံဥပဒေကို လိုက်နာစရာ မလိုဘူး။ မြို့တော် ခန်းမရှေ့မှာပဲပြမယ်ဆိုပြီး ကျွန်တော်တို့ဆွေးနွေးတယ်။ ဒါပေမယ့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပသွားနေတဲ့ အချိန်ဖြစ်တယ်။ အမေစုရှိတဲ့အချိန်ဆိုရင်တော့ အကြောင်းမဟုတ်ဘူး” ဟု ၎င်းကပြောသည်။

ကိုအောင်ပိုင်ဖြိုးသည်  ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ခဲ့သည့် အခြေခံဥပဒေဆန့်ကျင်ရေး “ဖဲကြိုးနီ လှုပ်ရှားမှု” ၏ ဦးဆောင်သူ တစ်ဦးလည်းဖြစ်သည်။  ဖဲကြိုးနီလှုပ်ရှားမှုမှာ အခြေခံဥပဒေကို ပြည်သူများ ပူးပေါင်းပါဝင်ပြီး ဆန့်ကျင်ကြရန် အင်တာနက်စာမျက်နှာများမှ တစ်ဆင့် လှုံ့ဆော်ခဲ့သည့်လှုပ်ရှားမှုဖြစ်သည်။

မြတ်စံ ● ကျနော် ... ကိုသီဟ၊ ကိုသူရ (ဇာဂနာ) နဲ့ ၉ လုံးဘွဲ့ရ ဆွေမင်း ...

$
0
0
မြတ်စံ ● ကျနော် ... ကိုသီဟ၊ ကိုသူရ (ဇာဂနာ) နဲ့ ၉ လုံးဘွဲ့ရ ဆွေမင်း
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇

ဒီရက်ပိုင်းကျောက်မြောင်းမီးပွိုင့်လမ်းဆုံအရောက် ဒီလှိုင်းဂျာနယ်တိုက်ရှေ့မှာ စက်ဘီးကလေးတစီးနဲ့ ဂျာနယ်တွေ တပွေ့တ ပိုက်နောက်ကယ်ရီယာပေါ်တင်ပြီး အသောကလေးနှင်စီးသွားတဲ့ လူတယောက်ကိုတွေ့လိုက်ရချိန်… ကျနော်နဲ့ အင်းစိန်မှာ ရယ်၊ မြစ်ကြီးနားထောင်မှာရယ် ဆုံခဲ့ဖူးတဲ့ ကိုဆွေမင်းလားလို့ သိချင်စိတ်နဲ့ အပြေးကလေးလှမ်းခေါ်ပြီးကြည့်လိုက်ချိန်မှာ သူနဲ့တူတဲ့သူတဦးဖြစ်ပြီး ရုပ်ခြင်းဆင်တူတဲ့သူတဦးဖြစ်နေခဲ့တယ်။ သူ့အကြောင်းကို ဟိုးတလောက ကိုသူရ (ဇာဂနာ) ရဲ့ Post ထဲမှာ အန်တီစုမွေးနေပွဲအပေါ်အကြောင်းပြုပြီး ရေးထားတာလေးဖတ်မိလိုက်လို့ သတိရမှတ်မိနေခဲ့တာ။

၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးတော်ပုံအပြီးမှာ အဲ့ဒီအချိန်က နအဖအစိုးရအနေနဲ့သူတို့ရဲ့ ရှေ့ဆက်သွားမဲ့ နိုင်ငံရေးလမ်း ကြောင်းတခုဖြစ်တဲ့ အမျိုးသားညီလာခံကြီးကို အဆုံးသတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲပြုလုပ်ကာ အသက်သွင်းတော့မယ့်အချိန်။ ၂၀၀၇ သြဂုတ်လထဲက လောင်စာဆီဈေးနှုန်းတက်တဲ့အပေါ် လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ၈၈ မျိုးဆက်တဖွဲ့လုံးနဲ့ ကိုထင်ကျော်တို့အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအားလုံးကိုဖမ်းဆီးပြီး ရုံးတင်တရားစွဲဆိုတော့ မယ့်အချိန်။ အခြားအပြင်မှာကျန်နေသေးတဲ့ နိုင်ငံရေးအရ အစွမ်းအစရှိသူတွေနဲ့ အတိုက်အခံပြုနိုင်မယ့်သူတွေအားလုံးကိုဖမ်းဆီးထိန်းသိမ်းပြီး ၂၀၀၈ မေလ နာဂစ်အပြီး ဖွဲ့စည်းပုံကိုအတည်ပြုမဲ့အချိန်မှာ သူတို့အတွက် အခင်းအကျင်းအသာစီးရမယ့် အချိန်ကို ဖန်တီးနေစဉ်ကာလမှာပေါ့။

အဲ့ဒီလိုအချိန်ကာလမျိုးမှာ ကံဆိုးတဲ့အထဲ သာမာန်အရပ်သားတယောက်အနေနဲ့ သူ့ရဲ့ရွေးချယ်ခွင့်ကြောင့် ဖြစ်လာတာ မဟုတ်တဲ့ ကိုဆွေမင်းဆိုသူကို ကျနော်ဆုံတွေ့ခဲ့ရပါတယ်။ ၂၀၀၈ ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ် မြောက်မွေးနေ့ပွဲကို ဗဟန်းမြို့နယ် အုတ်လမ်း NLD ဌာနချုပ်ရုံးမှာပြုလုပ်ခဲ့ပါတယ်။ မိဘများက သားဖြစ်သူကို ဒုလ္လဘရဟန်း ဝတ်ပေးထားတဲ့ ကိုဆွေးမင်းဟာ ဦးဆန္ဒိမာဘွဲ့အမည်နဲ့ သာသနဘောင်ထဲရောက်နေခဲ့သူပါ။ အဲ့ဒီနေ့က ရွှေတိဂုံဘုရား မြောက် ဖက်မုဒ်ကနေဆင်းလာတဲ့ ကိုဆွေမင်း @ ဦးဆန္ဒိမာဟာ NLD ရုံးရှေ့အရောက်မှာ မွေးနေ့ပွဲအတွက် စတုဒိသာကျွေး မွေးလှုဒါန်းနေတဲ့သူတွေရဲ့စီစဉ်ပေးမှုနဲ့ နေ့ဆွမ်းဖုန်းပေးအပြီး အားလုံးက တောင်းဆိုလို့ ရုံးရှေ့မှာခုံပေါ်တက်ပြီး မွေးနေ့ရှင် အတွက်ဘေးမဲ့လွှတ်မဲ့ ငှက်ကလေးများကို လွှတ်ပေးခဲ့ချိန်မှာ သတင်းမီဒီယာသမားအချို့ရိုက်ထားခတဲ့ဓါတ်ပုံဟာ အဲ့ဒီအ ချိန် ရွှေဝါရောင်ကာလအပြီး သံဃာတပါးအနေနဲ့ ရှားရှားပါးပါးပုံမှတ်တမ်းလေးတခုဖြစ်ခဲ့ရပါတယ်။ (ရွှေဝါရောင်ကာလအပြီး မှာ ရဟန်းသံဃာတွေ နိုင်ငံရေးလှုပ်ရှားမှုထဲပါဖို့ခက်ခဲနေချိန်) မကြာပါဖူး…သက်ဆိုင်ရာက ဖမ်းဆီစစ်ဆေးထိန်းသိမ်းတော့ ကိုထွန်းမြင့် (ဗဟန်းမြို့နယ် NLD လူငယ်တာဝန်ခံ/ယ္ခု ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)။ ကိုးစိုးအုပ် (ဗဟန်းမြို့နယ် NLD ပါတီဝင်) တို့နဲ့အတူ အမှုတွဲ တွဲခံရပြီး ကိုဆွေမင်းလည်း ဦးဆန္ဒိမာ ရဟန်းဘဝနဲ့အဖမ်းခံရပြီး လူဝတ်လဲ ကာ အင်းစိန်တွဲဖက်ထောင်ရောက်လာလို့ ဆုံခဲ့ရပါတယ်။ ၂၀၀၈ နိုဝင်ဘာလောက်မှာ ကျနော်တို့ရှေ့ပိုင်းထိန်းသိမ်းထားသူတွေအကုန်လုံးကို ပြစ်ဒဏ်အမိန့်ချလိုက်ပြီး တနိုင်ငံလုံးမှာရှိတဲ့ နယ်ထောင်အသီးသီးကို လူခွဲပြီးပို့လိုက်တဲ့အခါ လှမျိုး နောင် (ကွယ်လွန်) (၈၈ မျိုးဆက်)၊ တံတားနီအောင်သူ (၈၈ မျိုးဆက်) နဲ့ ကျနော်တို့သုံးယောက်ဟာ မြစ်ကြီးနားထောင်ကို အရင်ရောက်နေခဲ့။ ကျနော်တို့ရှေ့ကရောက်နှင့်နေပြီးသား နဂိုနိုင်ငံရေးအကျဉ်းသားတွေထဲမှာ ဒေါက်တာဇော်မြင့်မောင် (ယ္ခု မန္တလေးတိုင်းဝန်ကြီးချုပ်) တို့က ရှိနေခဲ့။ တိုက်ခန်းတွေက သီးခြားထားတော့ ကျနော်တို့နောက်ပြောင်းလာမဲ့အုပ်စုနဲ့မရောချင်လို့ ၅ ခန်းတွဲတိုက်မှာ ကျနော်တို့သုံးယောက် တယောက် တခန်းနေရ။ အခြား ၂ ခန်းမှာ ဗိုလ်ချုပ်ခင်ညွန့်တူဖြစ်သူ ဒေါက်တာကျော်ကျော်မိုးနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်/ချုပ်ဟောင်း ဗိုလ်မှုးထွန်းလှအောင်တို့လည်းရှိ နေချိန်ပေါ့။

သိပ်မကြာပါဖူး… ဒီဇင်ဘာလနဲ့ဇန်နဝါရီလဆန်းပိုင်းလောက်မှာ နောက်ထပ် အမိန်ထပ်ချခံရတဲ့ ကိုသူရ (ဇာဂနာ) အပါအဝင် သီဟသက်ဇင် (ဘိုကလေး လူငယ်)၊ ကိုဆွေမင်း @ ဦးဆန္ဒိမာ၊ ဦးစိုးကြည် (တောင်ဒဂုံ/NLD)၊ ကိုတင်ဝင်း(မြောက်ဒဂုံ/NLD) တို့တွေအုပ်စုလိုက်ရောက်လာတော့ ကိုကျော်ကျော်မိုးနဲ့ဦးထွန်းလှအောင်တို့ကို ဒေါက်တာဇော်မြင့်မောင်တို့ရှိတဲ့တိုက်ဖက်ကိုရွှေ့ပြီး အခြားသူတွေနဲ့မရောပဲ ရှေ့ပိုင်းရောက်နေပြီးဖြစ်တဲ့ ကျနော်တို့နဲ့ နောက်မှပြောင်းလာတဲ့ ကိုသူရ တို့အုပ်စု ကို သီးသန့်တိုက်အနေနဲ့ သီးသန့်ခွဲထားခဲ့ပါတယ်။ ကိုအောင်သူ (တံတားနီ) ကိုတော့ ပူတာအိုကို ပြောင်းရွှေ့လိုက်ပါတယ်။ ဒီမှာ သီးခြားခွဲထားဖို့အခန်းကလည်း ၅ ခန်းထဲရှိနေတော့ ထောင်အာဏာပိုင်များအနေနဲ့ ခေါင်းစားရပါတယ်။ ဒီကြားထဲ အရေးထဲအရာပေါ်ဆိုသလို စစ်တပ်မှ ရာဇဝတ်မှုဖြင့် တပ်တွင်းတရားရုံးမှ သေဒဏ်အမိန့်ချမှတ်ခံရသော စစ်သားလူငယ် လေး ၃ ဦးကလည်းရောက်လာပြန်ဆိုတော့ သေဒဏ်သမားအတွက် လုံခြုံရေးကပါ အရေးကြီးလာလို့ ဒီ ၅ ခန်းတွဲတိုက်မှာထားဖို့ဖြစ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတိုက်ခန်းတွဲက ဗူးဝလို့ခေါ်တဲ့ ဂတ်ကြီး ထောင်ပင်မစောင့်ကြည့်ခန်းနဲ့အနီးဆုံးဆိုတော့ ထောင်အာဏာပိုင်တွေဖက်က စိတ်ချသေချာတဲ့နေရာကနေ ထိန်းသိမ်းစောင့်ကြည့်စေချင်ကြတယ်။ ခက်နေ တာက အခန်းက ၅ ခန်းတည်းရှိတော့ သေဒဏ်သမား ၃ ယောက်က တခန်း။ ကိုတင်ဝင်းနဲ့ကိုစိုးကြည်က တခန်း။ ကျနော်နဲ့ လှမျိုးနောင်ကိုတော့ ထောက်လှမ်းရေးမှတ်ချက်နဲ့ သီးသန့်တခန်းစီထားလိုက်တော့ ကိုသူရ (ဇာဂနာ)။ သီဟသက်ဇင်နဲ့ ဦးဆန္ဒိမာ @ ကိုဆွေမင်းတို့ ၃ ယောက်က တခန်းဖြစ်သွားကြပါတယ်။ ကိုသူရဆိုတာ နဂိုအင်းစိန်ထောင်နဲ့ စစ်ကြောစခန်း တွေမှာလည်း သူ့ကိုတယောက်တည်း သီးသန့်ထားခဲ့လွန်းလို့နေခဲ့ရသူဆိုတော့ အခုလို အခန်းဖော်လေးရတော့ ဘာပြော ကောင်းမလဲ။ ညဖက်ဆိုသူ့ခန်းထဲမှာ သီဟသက်ဇင်၊ ဦးဆန္ဒိမာ @ ကိုဆွေမင်းတို့နဲ့ စကားတွေဖောင်ဖွဲ့ပြီး တော်ကီပွားကြ တာပေါ့။

အားလုံးနေရာတကျဖြစ်ပြီးချိန်လောက်မှာ အကျဉ်းဦးစီးဌာနရဲ့ညွှန်မှုးနဲ့ ညွှန်ချုပ်ကြီးတွေက ထောင်အားလုံးကို လိုက်လံစစ် ဆေးပြီး အခြေအနေတွေကို လေ့လာဆန်းစစ်မဲ့အချိန်ရောက်လာပါရော။ ထုံးစံအတိုင်း အခန်းစဉ်အလိုက် နေထိုင်သူတွေရဲ့ နာမည်၊ ထောင်နံပါတ်၊ အမှုဖြစ်စဉ်အကျဉ်းနဲ့ပုဒ်မတွေကိုရေးထားတဲ့ Name Plate ကပ်ပြားကြီးတွေကို အခန်းစဉ်အလိုက် လာကပ်ပါတယ်။

ညွှန်/ချုပ်ကြီးမလာခင် တရက် နှစ်ရက် အလိုလောက်ထဲက အုပ်စုညွှန်မှူးတွေနဲ့ ထောင်ပိုင်၊ ထောင်မှူးကြီးတွေက တိုက် ခန်းထဲထိလာပြီး ရင်းရင်းနှီးနှီးဖက်လည်းတကင်း ပုံစံမျိုးနဲ့ လာရောကြပါတယ်။ ဒီမှာတင် ကိုသူရ (ဇာဂနာ) နဲ့ တွေ့ပါလေရော။ မနက်ပိုင်း တိုက်ခန်းတံခါးတွေဖွင့်ထားချိန်မှာ ထောင်ပိုင်နဲ့ထောင်မှူးကြီးတို့ကရောက်လာပြီး အလ္လာပ္ပသလ္လာပပြောနေချိန် ခြင်းလုံးခပ်ဖို့ပြင်နေတဲ့ ကျနော်တို့နဲ့ ကိုသူရကို စကားရော ဖောရောလုပ်တော့ စကားတခွန်းက အစွန်းထွက်လာပါတယ်။

"ခင်းဗျာတို့ဗျာ ထောင်ထဲမှာ အေးအေးဆေးဆေးအချိန်ရတုန်း တရားထိုင်။ ပြီးတော့ စိတ်ပေါ့ဗျာ။ မနောလေးကိုထိန်း"လို့ပြောတော့ ဟာသဉာဏ်ရွှင် စွယ်စုံရကိုသူရက တချက်တည်းပြန်ပြာလိုက်ပုံက… "ဟုတ်တာပေါ့ မနောက အရေးကြီး တယ်လေ… ဒါကြောင့် စီတာပူကွင်းမှာ "မနောပွဲ"ကျင်းပနေတာ။ မနေ့ညကတောင် မနောကွင်းကလွှတ်တဲ့ မီးရှုးမီးပန်း ဒုံးသံတွေတောင်ကြားရသေးတယ်လို့"ပြောရော ထောင်မှူးကြီးမှာ သူ့စကားကို ဘယ်လိုက ဘယ်လို ဆက်ရမှန်း မသိဖြစ်သွားပြီး လစ်တော့တာပဲ။

ထောင်အာဏာပိုင်တွေဆိုတာ ဒီလိုပါပဲ။ ဘဝမှာ လူအချင်းချင်းအပေါ် မဟုတ်တာလုပ်တဲ့အထဲမှာ သာမာန်သူတွေမလုပ်တဲ့ အလုပ်မျိုးကိုမှ ရွေးလုပ်တဲ့သူတွေက ဒီလိုလာပြောတော့ ကိုသူရလည်း တချက်တည်းတီးပစ်လိုက်တာ။

နောက်ရက် အကျဉ်းဦးစီးညွှန်/ချုပ် ဦးဇော်ဝင်း ထောင်ထဲကိုလာစစ်တော့ တိုက်ခန်းအပြင်ဖက်ကနေ တခန်းချင်း Name Plate လေးဖတ်လိုက်၊ ဘာလိုသေးလဲ နေကောင်းလား စသဖြင့်မေးပြီး တဖြည်းဖြည်း ကိုသူရတို့အခန်းရှေ့ကိုရောက်လာပါတယ်။အခန်းထဲကို ညွှန်/ချုပ် ဦးဇော်ဝင်းကကြည့်လိုက်တော့ ကိုသူရဆိုတာလည်း ဇာဂနာမှန်းသူသိပြီးသား။ သီဟသက်ဇင် ဆိုတာလည်း အင်းစိန်မှာကတည်းက နာဂစ်မုန်တိုင်းဖြစ်တဲ့အချိန်မှာ ဘိုကလေးမှာရှိတဲ့သူရဲ့မိသားစုလိုက် မုန်းတိုင်းထဲပါ သွားလို့ သက်ဆိုင်ရာကလာပြောတော့ ညွှန်/ချုပ်ကြီးပါ သီဟကို ဖြောင်းဖျပြောဆိုခဲ့ဖူးတော့ မှတ်မိနေ။ သူမသိတာက ကို ဆွေမင်း။ ဒါကြောင့် မင်းနာမည်? လို့ မေးလိုက်ချိန်မှာ…"သီဟ သူရ ဆန် ဒိ မာ ဆွေ မင်း"လို့ ကိုဆွေမင်းကဖြေလိုက်ပါ တယ်။ တဖက်ခန်းက နားစွင့်နေတဲ့ကျနော် သဘောပေါက်လိုက်ပါပြီ။

အဲ့ဒီအချိန် မြစ်ကြီးနားကို နအဖရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ ရှစ်လုံးဘွဲ့ခံ သီဟသူရတင်အောင်မြင့်ဦးကလည်း ရောက် နေချိန်နဲ့တိုက်ဆိုင်နေတော့…ကိုသူရကတော့ ကိုဆွေမင်းကို စည်းဝါးကိုက်ပြီး လုပ်ထည့်လိုက်ပီ။ ညွှန်/ချုပ်ကထပ်ပြီးတော့ "ဘာကွ"လို့ လေသံမြှင့် ဟိန်းဟောက်လိုက်ချိန်မှာ "ကိုသီဟရယ်။ ကိုသူရရယ်တို့နဲ့တခန်းနေတဲ့ ဆန္ဒိမာ ဆွေမင်းလို့"ပြော တာပါခင်ည "လို့ပြောလိုက်တော့ အားလုံး ဝါးကနဲပွဲကျပြီး ညွှန်/ချုပ်က Name Plate ကိုဖတ်ပြီး ပြုံးလိုက်တယ်။ ပြီးမှ အ ထွက်မှာ "ကိုသူရ ခင်ဗျားတော်တော်ဆိုးတဲ့လူပဲ"ဟု ခပ်ပြုံးပြုံးလေးပြောပြီး ထွက်သွားပါတယ်။ ကဲ တွေ့တယ်မလား …ကိုသူရတို့များ ဂွင်ကြုံလို့ကတော့ ရှစ်လုံးဘွဲ့ကိုကျော်ပြီး ကိုးလုံးဘွဲ့ဆွေမင်းဖြစ်အောင် လုပ်ပလိုက်တာ။

ဘာပဲပြောပြော ၂၀၁၀ မေလမှာ ရန်ကုန်ကျနော် ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ကိုဆွေမင်းလည်း မြစ်ကြီးနားကပြန် လွတ်လာတယ်။ ရုံးရှေ့ အခမ်းအနားပွဲတွေမှာ ဖြိုးကနဲ ဖြတ်ကနဲ ဆုံဖြစ်ခဲ့တယ်။ လှိုင်မြို့နယ်မှာ သူ့အဖေအို အမေအိုကြီ များကို ဂျာနယ်လက်ပွေ့ရောင်းရင်း လုပ်ကျွေးနေတယ်လို့ ပြောသွားတယ်။ တခါတလေကျတော့လည်း ဘာရယ်လို့ မဟုတ်ပေမဲ့ စပ်မိစပ်ရာ အကြောင်းလေးတွေပေါ်လာရင် စပ်မိစပ်ရာသူတွေကို သတိရမိလို့ပါ။

အားလုံးကိုသတိရလျှက် ....
မြတ်စံ

ကာတွန်း kzzh ● တို့ မေမေ

$
0
0
ကာတွန်း kzzh ● တို့ မေမေ
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇

စန်းသူ့မောင် ● လူ့အလို

$
0
0
စန်းသူ့မောင် ● လူ့အလို
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇

"မြို့ထဲလမ်းမပေါ် ××× ကားရောင်စုံများစွာ ××× တစ်စီးမှကိုယ်မပိုင်ပါ"

ဒီသီချင်းက ကျမတို့သီချင်းပဲ။ တစ်စီးမှမပိုင်လည်း ကိစ္စစိုးစဉ်းမရှိ။ ဒီနေ့ ရန်ကုန်တစ်မြို့ လုံး အရပ်လေးမျက်နှာမှာ ပြေးဆွဲ နေတဲ့လိုင်းကားတွေဟာ ကျမတို့အသုံးပြုနိုင်၊ စီးနိုင်တဲ့ကားတွေပဲပေါ့။ ခုမှမဟုတ်၊ တစ်သက်တာပတ်လုံး စီးနင်းအသုံးပြုခဲ့ ရတဲ့၊ အားကိုးခဲ့ရတဲ့ယာဉ်လိုင်းတွေပဲ။ ကောင်းတာလည်းရှိ၊ ဆိုးတာလည်းရှိပေါ့။ ဒါပေမယ့် နိုင်ငံခြားရုပ်ရှင်တွေ ကြည့်တိုင်း ကိုယ့်နိုင်ငံက အများသုံးယာဉ်လိုင်းအနေအထားနဲ့ ကွာခြားနေတာတွေ့ရတော့ အခက်တွေ့ပြီ။ ကိုယ့်နိုင်ငံက လိုင်းကားတွေရဲ့  အနေအထားကို နိုင်ငံခြားကလိုင်းကားတွေလိုပဲ အဆင်ပြေချင်လှသည်။

ပြောရရင် အများသုံးဘတ်စ်ကားစီးခြင်းအရာမှာ ပညာသားတွေရှိသည်။ မှတ်တိုင်မှာကားရပ်လာရင် ကားပေါ်အရောက် တက်နိုင်ဖို့ ကားတံခါးဝကို ပြေးနေရာယူတတ်ရမည်။ မိန်းကလေးတွေအတွက်ကတော့ အန္တရာယ်ကင်းရာကင်းကြောင်း ကြည့်ပြီး နေရာယူတတ်ရမည်။ ကိုယ်ကိုလှည့်နွဲ့ပြီး ကားအတွင်းသို့ဝင်ကာ နေရာရှာတတ် ယူတတ်ရမည်။ အဆင်းဆိုလည်း မကျန်ခဲ့ရအောင် တံခါးဝသို့ ကြိုကြိုတင်တင်ရောက်နေဖို့လိုမည်။ လှုပ်လီလှုပ်လဲ့နှင့် မထုံတတ်သေးလုပ်မနေနဲ့။ စပယ်ယာ ပါးစပ်နှင့်တွေ့မည်။ ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်အထုပ်အပိုးကိုယ် သယ်နိုင် မနိုင်ရမည်။ ကားအတက်အဆင်းတွင် ကူဖို့အားနည်း ကြသည်။ သူတို့နှင့်မဆိုင်သလိုပင်။

ယာဉ်ကြောလုမောင်း ပြိုင်မောင်းလို့ ခရီးသည်တွေ ဘုရားတစီးကြရသည့် အကြိမ်ပေါင်း မနည်းလှပါ။ ဘတ်စ်ကား ကြီးသော် လည်း ထိုင်ခုံကအနည်းသာ။ ဖြုတ်ထားကြပုံရသည်။ ထိုင်ခုံမရှိလျှင် မတ်တတ်စီးခရီးသည်ပိုဆံ့မည်။ ၀င်ငွေပိုရမည်လား မသိ။

ကားဘေးတွင်ဘာခန်းဆီးအကာမှမရှိ။ မွန်းလွဲချိန်နေစောင်းလျှင် နေပူရှိန်ပြင်းလှလို့ ကားထဲထီးဖွင့်ပြီး နေကာထားရသည်။ အဲကွန်းဘတ်စ်ဆိုပေမယ့် လေအေးလုံလောက်စွာပေးနိုင်သည့်၊ ပေးသည့်ကားနည်းလှသည်။ တစ်ခါတစ်ရံ လူတွေပြွတ် ကျပ်ပြီး မီးပွိုင့်များနှစ်ကြိမ် သုံးကြိမ်မိနေလျှင်၊ ဆင်းမည့်မှတ်တိုင်က မဝေးတော့လျှင် ကားပေါ်မှ ဆင်းလျှောက်သွားမိသည်။ ပူလောင်မွန်းကြပ်သည့်ဒဏ်၊ အနံ့ပေါင်းစုံသည့်ဒဏ်၊ လက်ကိုင်ဖုန်းစကားပြောသံတွေ ဆူညံသည့်ဒဏ်တို့ကြောင့်ကားထဲဆက်နေဖို့ မည်သို့မျှ သည်းမခံနိုင်တော့။ သည်တော့ နိုင်ငံခြားမှ ဘတ်စ်ကားတွေလို ချောင်ချောင်ချိချိနှင့် သက်တောင့်သက် သာ အေးအေးမြမြရှိလှသော ကားမျိုးကို အချိန်တိုင်းတောင့်တမိသည်။

တစ်ခါက လူစီးခုံတစ်ခုံတွင် ပုဆိုးရေစိုကြီးလွှားထားသည်။ စီးသည့်ခရီးသည်တွေက ကိုယ်ကိုရှေ့  ကိုင်းပြီး ထိုင်ကြရသည်။ နောက်ခုံမှလူများက နှာခေါင်းပိတ်ပြီးထိုင်နေကြသည်။ ကျမက မတ်တတ်ရပ်စီးသူ။ အဲဒီခုံနားရောက်တော့ မြင်ကွင်းက ထူး ဆန်းနေသည်။ ဒါကို မည်သူကမျှ ဘာမှမပြောကြ။ စပယ်ယာလည်းအနားရောက်ရော ကျမကမနေနိုင် မထိုင်နိုင် ...

"ဒါက ဘာလုပ်တာလဲဟင်"ဟု လေသံကိုဖြေလျှော့၍ မေးမိသည်။ အဲသည်တော့မှ
"ဟာ ဒီကောင်တွေ"ဟုဆိုပြီး ပုဆိုးရေစိုကို သိမ်းသွားသည်။

ကျန်အခြေအနေအရပ်ရပ်ကတော့ အားလုံးအသိပင်။

သည်လိုနှင့် ယခု YBS… YBS ဆိုသံတွေ ကြားလာရပြီ။ အသံကြားရုံနှင့် ကိုယ်ပါ နိုးကြားတက်ကြွလာမိသည်။ အဆင့်အတန်း မီကားမျိုးစီးရတော့မည်။ ကျမတို့က အခြေခံလူတန်းစား။ Probox တို့ Belta တို့ Wish တို့ ဘယ်ဈေးဖြစ်ဖြစ် ဘယ်လောက်ဈေး တက်တက် ကျကျ ကျမတို့စိတ်မ၀င်စားပါ။ YBS ကိုတော့ စိတ်မ၀င်စား၍မဖြစ်။ ကားတက်ကားဆင်း စနစ်တကျနှင့် ပိုက် ဆံထည့်ပုံးတွေ၊ Prepaid Card တွေနှင့်တဲ့။ အဲယားကွန်းအပြည့်နှင့်တဲ့။ စပယ်ယာပင်မပါတော့ဟု ဆိုသည်။

သည်လိုနှင့် ကားတွေ ပဏာမ ပြေးကြဆွဲကြသည်။ စက္ကူစုတ်တွေ ပုံးထဲထည့်ကြသည်ဆိုသည်များလည်း ကြားရသည်။ နောက်ပေါက်မှတက်သူတွေကို ပြန်ဆင်းစေပြီး ရှေ့ပေါက်မှပြန်တက်စေသည်ဟုလည်း ကြားရသည်။ မှန်တာပေါ့။ ရှေ့  ပေါက်ကတက်၊ ယာဉ်စီးခကို ငွေပုံးထဲထည့်၊ ပြီးတော့ နောက်ပေါက်က ဆင်းရမည်ပဲ။ စနစ်တကျလေးပေါ့။

ဒါပေမယ့် ကိုယ်တိုင်ကတော့ တစ်မျိုးကြုံခဲ့ရသည်။ ကားရှေ့  တံခါးပိတ်ထားပြီး နောက်ပေါက်မှပေးတက်သည်။ ပိုက်ဆံပုံးက ရှေ့ တွင်ရှိသော်လည်း  စပယ်ယာကပင် ခရီးသည်များထံမှ ငွေလက်ခံသည်။ သူ့လက်ထဲတွင် ငွေတော်တော် များများရှိနေပြီ။ မတတ်သာ။ ကိုယ်ပါငွေ ၂၀၀ကျပ် သူ့လက်ထဲထည့်လိုက်ရသည်။ ဒါပေါ့။ စနစ်သစ်က အခုမှစတာ။ ဒီလိုပဲ ရောကော သောကောဖြစ်နေဦးမှာပဲ။ ကားသစ်တွေပြည့်ပြည့်စုံစုံနဲ့မှပဲ အဆင်ချောမည်ထင်ပါသည်။ တစ်ကယ်တော့ ခုအခါမှာ ကိုယ်က အပြင်သွားစရာသိပ်မလိုတော့။ ကိစ္စရှိမှထွက်ဖြစ်သည်။ အိမ်တွင်နားသည့်အချိန်ရောက်နေပြီ။ ဒီတော့ ညနေကျောင်းမှ၊ ရုံးမှ ပြန်လာသူတွေရဲ့  အတွေ့အကြုံတွေကို နားစွင့်ရသည်။

“မမိလေ သူလှည်းတန်းသွားတာ၊ သူတက်စီးမိတဲ့ကားက အဲယားကွန်း ကောင်းလိုက်တာတဲ့။ အဲဒါနဲ့ လှည်းတန်းမှာမဆင်းဘဲ မြို့ထဲထိ ဆက်လိုက်သွားတယ်တဲ့။ ကားပေါ်မှာ တစ်ရေးရတယ်တဲ့။ မြို့ထဲရောက်မှ လှည်းတန်းကို ၂၀၀ိ/ ထပ်ပေးပြီး ပြန်စီး တယ်တဲ့။ ကားတွေ တဖြည်းဖြည်းနဲ့ OK လာပြီ"

“YBS ၆၁ တွေက လှိုင်သာယာက လာတာတဲ့။ ၇ မိုင်ကိုလဲဖြတ်တယ်။ ငါနဲ့တော့ အဆင်ပြေတယ်ဟေ့။ သမိုင်းကနေ တစ် ဆင့်တည်းနဲ့ ဒီကိုရောက်တယ်။ လူတွေလည်းပြောနေကြတယ်။ ၂၀၀ိ/ ထဲနဲ့ လှိုင်သာယာကနေ မြို့ထဲရောက်တာ ခုမှပဲ ကြုံ ရတယ်၊ ၀မ်းသာလိုက်တာတဲ့"

“YBS ဆိုပေမယ့် ကားတိုင်းမကောင်းဘူး။ သမီးတို့ကတော့ အ၀ါကြီးတွေပဲ ရွေးစီးတယ်။ အေးစိမ့်လို့ အမောကိုပြေလို့"

"အေးစိမ့်နေတယ် ဟုတ်လား၊ ဒါဆို ဒီအဲယားကွန်းကားမျိုး ငါစီးလို့ရပါ့မလားဟင်"

"ဟုတ်တယ်။ အန်တီတော့ရမယ်မထင်ဘူး။ အနွေးထည်ဆောင်ထားပေါ့"

"စိတ်ထဲစွဲမထားနဲ့။ မမက အအေးမခံနိုင်ဘူး အအေးမခံနိုင်ဘူးနဲ့ နောက်ကားအသစ်တွေနဲ့ဆို ကားတွေအားလုံး အေးစိမ့်တဲ့ ကားတွေပဲစီးရမှာ။ ခုတည်းက အကျင့်လုပ်ထား။ စိတ်ပြောင်းထား"

အဆင်ပြေပါစေလို့သာဆုတောင်းနေမိပါသည်။ ဘာပဲပြောပြော YBS စနစ်မှာအများပြည်သူတွေ အဆင့်ရှိရှိ အေးအေး ချမ်း ချမ်း သွားလာရမယ်ဆိုရင်ပြီးတာပါပဲ။
××××

ဒီနေ့လှည်းတန်းမှာ ဈေးဝယ်သည်။ ပြီးတော့ စာအုပ်ဆိုင်တွေဆီ ကူးရသည်။ ၀ယ်ချင်သော စာအုပ်တွေဝယ်။ ပြီးတော့မှ အိမ်အပြန်ကားကို စဉ်းစားရသည်။ ဟော ဟိုမှာ YBS  ၃၀။ ဒီကားက အရင်အဓိပတိအ၀ါ လမ်းကြောင်းဆိုတော့ စီးလို့ရတာပဲ။ အပြေးတက်လိုက်သည်။ ယာဉ်စီးခ ၂၀၀ိ/ ကိုလည်း ပိုက်ဆံပုံးထဲ ထည့်ဖြစ်သည်။ စိတ်အေးချမ်းသာရှိနေဆဲ။ ဟဲ့ ဘယ်လိုဖြစ်တာလဲ။ ကားက  အင်းစိန်လမ်းဘက်ကွေ့သွားပါလား။

"စပယ်ယာ ဒါ နံပါတ် ၃၀ မဟုတ်ဘူးလား "

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ "

"ငါက ၇ မိုင်သွားမှာ"

"ဟာ အန်တီ ၃၀ က အင်းစိန်လမ်းကသွားတာ တစ်ကား။ ပြည်လမ်းကသွားတာတစ်ကား။ ဒါဆို ရှေ့  မှတ်တိုင်မှာ ဆင်းလိုက် တော့နော်"

"ဆင်းမယ် ဆင်းမယ်"

အိမ်ရောက်တော့ ကိုယ့်အတွေ့အကြုံကိုလည်း ပြန်ပြောပြရသည်။

"၃၀ စီးရင် သတိထားကြနော်။ အင်းစိန်လမ်းကသွားတဲ့ ၃၀ နဲ့ ပြည်လမ်းကသွားတဲ့ ၃၀ နှစ်မျိုးရှိတယ်တဲ့"

ကျွန်မတို့ ယာဉ်စီးသူများအနေနှင့်လည်း လိုပါသည်။ ကြည့် … ကလေးမလေးတစ်ဦး

"ကားကလည်း ပူလိုက်တာ"လို့ပြောပြီး သူ့ဘေးက ခလုတ်တွေ တစ်ခုပြီးတစ်ခု လျှောက်နှိပ်နေသည်။ ကျမ ဆား သည်ယင်မောင်းမိပြီ။

"သမီး အဲဒါဘာခလုတ်တွေလဲဟင်"

"မသိပါဘူး။ ပူလို့ အေးများအေးမလားလို့ နှိပ်ကြည့်တာ"တဲ့

ကျမလည်း ဘာခလုတ်တွေမှန်းတော့ မသိပါ။ မသိရင် ရမ်းသန်း မနှိပ်သင့်ဘူးပေါ့။ သည်ဖြစ်ရပ် အိမ်မှာပြောပြတော့

"အမျိုးမျိုးပါပဲ။ ဟိုနေ့ကဆို အဒေါ်ကြီးတစ်ယောက် ကားထဲမှာ ဒူးရင်းသီးတွေစားနေတယ်။ တစ်ကားလုံးနံစော်လို့။ ပြီးတော့ အစေ့တွေကို ခုံခြေရင်းမှာပဲ ပစ်ချထားတယ်"တဲ့။

ကဲ ဘယ်လိုလုပ်မလဲ။ စိတ်မောစရာပဲ။
××××

ဒီကားသစ်တွေ စစီးကာစက ကျမဆင်းခါနီး နောက်ပေါက်ဆီတိုးးသွားသည်။ ဆင်းမည့်မှတ်တိုင်မရာက်မီ ခလုတ်နှိပ်ရမှာကိုး။ ခလုတ်ကိုရှာမတွေ့။ ဒီတော့ ဘေးနားက ကလေးမလေးကို....

"ဆင်းဖို့နှိပ်မယ့်ခလုတ်က ဘယ်မှာလဲသမီး "လို့မေးမိသည်။

"အန်တီ ကိုင်ထားတဲ့တိုင်မှာလေ။ အန်တီ့လက်မနားမှာ"

သြော် ဟုတ်သားပဲ။ ရှက်ရှက်နှင့်ပင် ခလုတ်နှိပ်လိုက်ရသည်။
××××

ဒီနေ့လည်းလှည်းတန်းဈေးတွင် လိုအပ်သည်များဝယ်သည်။ ပြီးတော့လှည်းတန်းမှတ်တိုင်မှ ကားစစီးသည်။ ထုံးစံအတိုင်း နံပါတ် ၃၀ စီးရမည်။ ဒီတစ်ခါတော့သိသွားပြီ။ ပြည်လမ်းမှသွားမည့် ၃၀ ကို ရွေးစီးလိုက်သည်။ လက်ထဲမှာလည်း အထုပ်တွေ က မနည်းမများ။

"အန်တီ ဒီမှာလာထိုင်"

တူမအရွယ်လေးက နေရာပေးသည်။
"ကျေးဇူးပဲ သမီးရယ်။ ဘေးရန်ကင်းပါစေ။ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေ။ သမီးကဘယ်ထိစီးမှာလဲ။ အန်တီက ၇ မိုင်ဆင်းမှာ"

"ရတယ်အန်တီ။ သမီးက ၆ မိုင်ခွဲဆင်းမှာ"

"သြော်"

ဘေးခုံကြည့်လိုက်တော့ ကိုယ်နဲ့ အသက်မတိမ်းမယိမ်းတစ်ဦး။ တဘက်ကိုခေါင်းမှစ ခြုံပြီးပတ်ထားသည်။ အို… ခုမှသတိ ထားမိသည်။ ကားက တော်တော်အေးတာပဲ။ အေးတာမှ အရမ်းအေးတာ။ ၇ မိုင်ထိတောင် စီးနိုင်ပါ့မလား။ ကားကခုမှ လှည်းတန်းမှတ်တိုင်က စထွက်တာ။ မီးပွိုင့်မိရင်လည်း ကြာဦးမှာ။ အို… မီးစဉ်ကြည့်ကရတော့မှာပဲ။

ခက်တာက ပြဿနာက တစ်ခြားမှာမရှိ။ မိမိမှာပဲရှိတာ။ ပန်ကာအအေး၊ အဲယားကွန်းအအေး မခံနိုင်။ ချွေးတိတ်သည်နှင့် ခေါင်းမူးလာတတ်သည်။ သည်တော့ ပန်ကာ၊ အဲကွန်းတို့သည် ကျမနှင့်မသက်ဆိုင်သည့် အိမ်သုံးပစ္စည်းများ။ ဒါ့ကြောင့် လည်း တော်ရုံ တန်ရုံ ဘယ်မှမသွားဖြစ်။ ခုလည်း အအေးက တဖြည်းဖြည်းသိသာလာပြီ။ ကားက မီးပွိုင့်ကိုမဖြတ်သေး။ ဒုတိယအကြိမ် မီးနီမိပြန်ပြီ။ မူးမလာခင် ဆုံးဖြတ်ရမည်။

"သမီး လာပြန်ထိုင်လိုက်ပါ။ အန်တီရှေ့မှတ်တိုင်မှာ ဆင်းတော့မယ်"

"ဟင် အန်တီ ၇ မိုင်မှဆို၊ ထိုင်ပါ သမီးကရပါတယ်"

"ဟုတ်ပါတယ်။ မရတာက အန်တီပါ။ ဒီလောက်အေးနေရင် အန်တီ မရတော့ဘူး။ ချွေးတိတ်တာနဲ့ မူးတတ်လို့။ ရှေ့  မှတ် တိုင်မှာဆင်းတော့မယ်"

"ဟုတ်တယ်။ ကျမလည်း ဒီလိုပဲ။ ဒါကြောင့် ဘယ်သွားသွား ဒီလိုအေးတဲ့ကားနဲ့တွေ့ရင် အဆင်ပြေအောင် တဘက်တစ်ထည် အမြဲဆောင်ထားရတယ်။ ခုလည်း ဒီကားက အေးစိမ့်နေလို့ ခြုံထားရတာ"

ကိုယ့်သီအိုရီနဲ့ကိုယ် ဟုတ်နေကြတာပဲ။ ကိုယ်သာဘာမှ ပြင်ဆင်မှုမရှိတာ။ အမလေး .. မီးပွိုင့်ရယ် မြန်မြန်စိမ်းပါတော့။ လူ လည်းမူးစပြုလာပြီ။ ဟော… စိမ်းပြီ စိမ်းပြီ။ ကျမအတွက် ၀မ်းသာစရာ။ ဒီလိုနဲ့ ကားက ပြည်လမ်းဘက်ချိုးကွေ့ပြီး မာလာ မှတ်တိုင်အရောက် ထိုအေးစိမ့်နေသောကားပေါ်မှ ကျမခမျာ အပြေးလေး ဆင်းခဲ့ရပါတော့သည်။

စန်းသူ့မောင်

အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း - အပိုင်း (၁၅)

$
0
0
 အောင်သူငြိမ်း ● ခရီးရှည် အိမ်အပြန်လမ်း - အပိုင်း (၁၅)
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇

● ဘုရားသုံးဆူ နေ့ရက်များ (၃)
ကျနော်တို့ ကျောင်းသားစခန်းက ရဲဘော်တွေက အားလုံး စာတတ်တွေချည်း၊ ကိုယ့်ကိုကိုယ် ထင်တလုံးနဲ့ လာကြတဲ့ မြို့နယ်အသီးသီးက သပိတ်ခေါင်းဆောင်တွေ။ စာတတ်တယ်၊ စကားကတ်တယ်၊ စကားတလုံးကို သက်သေ အကိုး အကားနဲ့ မရအရ ငြင်းခုန်ကြသူတွေ။ တခါတလေ မဟာမိတ်နယ်မြေ တာဝန်ခံတွေကလည်း လျှာရှည်လွန်းလို့ စိတ် ညစ်ကြရတယ်။

သူများစခန်းက သတင်းတွေကြားရတာ၊ ကျောင်းသားတွေ စာတတ်များ ကပ်ပုံကလည်း မလွယ်ကြော...။ သေဘောပိုး စခန်းက အဖြစ်အပျက်တခု ကျနော်ကြားဖူးသေးတယ်။ သေဘောပိုးစခန်းမှာ စစ်ပူလာတော့ ကျောင်းသားဆက်ဆံရေး တာဝန်ခံ ဖိုးလော်ကွားက အမိန့်ထုတ်တယ်။ ညအခါ လက်နှိပ်ဓာတ်မီး မသုံးရ။ မီးခွက်၊ မီးအိမ်များနှင့် သွားလာရမယ်.. စသဖြင့် ဆိုတယ်။ အကြောင်းကတော့ ရန်သူ့စစ်တပ်တွေလာရင် လက်နှိပ်ဓာတ်မီးသုံးကြတဲ့အခါ၊ ညအခါ တက်လာရင် လူခွဲခြား စစ်ဆေးနိုင်ဖို့ပေါ့။ ဒါပေမယ့် ကျောင်းသား ကိုစာတတ်တွေက အသက်နဲ့ရင်းပြီး ကပ်သီးကပ်သတ် လုပ်တယ်။ မီးခွက်၊ မီးအိမ်တွေနဲ့ သွားလာကြတယ်။ ဒါပေမယ့် မီး မထွန်းထားဘူး။ မီးခွက်ကြီးကို ဒီအတိုင်းကိုင်ပြီး သွားလာနေကြ တာ။ နောက်တော့ "မီးထွန်း၍"ဆိုတဲ့ စာသားကို ထပ်ဖြည့်ပေးရတယ်။ အဲသည်မှာပဲ ကျောင်းသားတယောက်က ရွာသား တဦးရဲ့နွားကို သွားခိုးလာခဲ့တယ်။ နောက်တော့ သူ့ကို စစ်ဆေးတော့ ပြောတယ်။ "ကျနော် မခိုးရပါဘူး။ ကျနော်က ကြိုး လေးကို အသာလေးကိုင်လာတာပါ။ အဲဒါ သူက နောက်က တကောက်ကောက်လိုက်လာခဲ့တာ… "အဲသလိုလူတွေ။ ဒါ ကြောင့်လည်း ငှက်ဖျားပိုးထက်ဆိုးတဲ့ 'သေဘောပိုး'လို့ သူတို့စခန်းကို ခေါ်ကြတယ်။

ဒီလိုနဲ့ ဒု-ဥက္ကဋ္ဌ နိုင်နွန်လာရဲ့ဈာပနအခမ်းအနားကို ၇ ရက်တိုင်တိုင်လုပ်တယ်။ ကျွေးမွေးတာ ကြက်၊ ဝက်၊ အမဲ အလျှံ ပယ်ပဲ။ ကျနော်တို့ စခန်းတွေအားလုံးလည်း မီးခိုးတိတ်။ ကျနော်တို့အားလုံးကလည်း အသားကောင်း ငတ်နေကြတာ ကြာပြီ။ အသုဘမှာ နေ့တိုင်း မနက်-ည ဆွဲရေးသွားပေးကြတယ်။ ကျနော်တို့ စစ်သင်တန်းတွေလည်း ဒီကာလရပ်ထား လိုက်ကြရတယ်။ စခန်းမှာဆို စခန်းအစောင့်လောက်ပဲကျန်တယ်။ အားလုံးက ဈာပနမှာပဲ သွားသွား ရှိနေကြတယ်။ ၁၀၁- ၁၀၂ ဒီနေရာမှာတော့ အားလုံးက ညီကြတယ်။ စားကောင်းသောက်ကောင်းအောင်လည်း ဒု-ဥက္ကဋ္ဌကြီး ကောင်းကြောင်း ပြောကြသေးတယ်။ အချို့ကဆို မျက်ရည်လေးစမ်းစမ်းနဲ့။ မွန်တွေကတော့ သူတို့ ဒု-ဥက္ကဋ္ဌကြီးကို ကျောင်းသားတွေ တကယ်တန်ဖိုးထား ချစ်မြတ်နိုးကြတယ် ထင်ပေလိမ့်မယ်။ ဒါပေမယ့် ပြန်ပြောတာ ကြားရင် သူတို့ရင်ကွဲမှာ။ အချို့က ပြောကြတယ်။ "ဒုဥက္ကဋ္ဌတောင် ဒီလောက်ကျွေးမွေးတာဆိုရင်၊ ဥက္ကဋ္ဌဆိုရင် ဘယ်လောက်ကျွေးမွေးလိုက်မလဲ မသိဘူး"ဆိုပြီး ပြောကြတာ။ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်လည်း မျက်ခုံးလှုပ်နေလောက်တယ်။

ကျနော်တို့က နိုင်ငံရေး၊ စစ်ရေး၊ တော်လှန်ရေး ဘာအတွေ့အကြုံမှ မရှိပါဘူး။ အဲသည်တော့ နီးစပ်ရာ မဟာမိတ်ကို ပုံတူ ကူးချကြတယ်။ မွန်နဲ့နီးတဲ့ ကျောင်းသားက မွန်ပြည်သစ်ပါတီနဲ့ သူ့တပ်မတော် ဖွဲ့စည်းပုံကို ကြည့်တယ်၊ အတုယူတယ်။ အလားတူပဲ ကရင်ဖက်ရောက်တဲ့ ကျောင်းသားတွေကလည်း ကရင်ဖက်က တပ်ဖွဲ့စည်းပုံ၊ အဖွဲ့အစည်း ဆောင်ရွက်ပုံကို အတုယူကြတယ်။ ကချင်ဖက်က ကျောင်းသားတွေလည်း အလားတူပဲ။ ကချင် ကေအိုင်အေတပ်ဖွဲ့စည်းပုံကို အတုယူကြ တယ်။ အမှန်ပြောရရင် ABSDF ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆွဲကြတော့ ၁၉၇၄ (မဆလ) ဖွဲ့စည်းပုံအခြေခံဥပဒေကို အတုယူပြီး ရေးကြတာ။ ပြောရရင် ကျနော်တို့လည်း ဘာဖွဲ့စည်းပုံဥပဒေမှ မြင်ထားဖူးတာ မရှိဘူး။ မုဆိုးစိုင်သင်ပဲ။ ဒီလိုနဲ့ လေ့လာဖြတ်သန်းခဲ့ကြရတာ။ ကျနော်တို့က မွန်ပြည်သစ်ပါတီနဲ့ နီးတော့ သူတို့ဖွဲ့စည်းပုံမှာ နိုင်ငံရေးကို အလေးပေးတယ်။ စစ်တပ်က နိုင်ငံရေးရဲ့ သြဇာခံပဲ။ မွန်ပြည်သစ်ပါတီရဲ့ နိုင်ငံရေးမူဝါဒက လက်ဝဲသဘောဆန်တယ်။ ကွန်မြူနစ်အယူအဆ (ကျနော်တို့ကတော့ 'တိုးတက်တယ်'လို့ သုံးနှုန်းကြတယ်) ကို အခြေခံထားတယ်။ အဲသည်မှာ နိုင်ငံရေးက ဦးဆောင် တယ်။ တပ်ကိုဦးဆောင်ဖို့ နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်ပြီး စစ်ကော်မရှင်ဖွဲ့တယ်။ အဲသည်အောက်ကမှ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA) ရှိတယ်။ မြို့နယ်၊ ခရိုင်အဆင့် ဖွဲ့စည်းပုံတွေမှာလည်း မြို့နယ် ကော်မီတီတွေက သြဇာရှိတယ်။ ပြီးတော့မှ တပ်ခေါင်းဆောင်တွေ အာဏာရှိတယ်။ ကျနော်တို့လည်း သူတို့ပုံစံကို အတုခိုးကြတယ်။ နောက်ပိုင်း စစ်ကြောင်းတွေ ဖွဲ့တဲ့အခါ စစ်ကြောင်းနိုင်ငံရေးမှူး၊ စစ်ကြောင်းမှူး စသည်ဖြင့် နိုင်ငံရေးကို အဓိကထား၊ ပြီးတော့မှ စစ်ရေးခေါင်းဆောင်ကို ဒု-ခေါင်းဆောင်သဖွယ် ဖွဲ့စည်းကြတယ်။ ကျေးဇူးတင်စရာ ပြောရမယ်ဆိုရင်ဖြင့် မွန် ပြည်သစ်ပါတီ ထိန်းချုပ်ရာဒေသမှာ နေခဲ့စဉ် သတ်ဖြတ်ခံရတဲ့ ကျောင်းသားအရေအတွက်ဆိုရင် (၀) သုညပဲ။ ကျန်တဲ့ ဒေသတွေမှာ ရှိခဲ့တယ်။

ကျနော်တို့ ကျောင်းသားအဖွဲ့တွေနဲ့ ဆက်ဆံဖို့ တာဝန်ချပေးခံရသူတွေက မွန်ပြည်သစ်ပါတီ၊ မော်လမြိုင်ခရိုင် ဥက္ကဋ္ဌ နိုင်ဗညားအောင်၊ ကေအဲန်ယူဖက်ကဆိုရင် ဆရာမန်းအောင်ဌေး (ယခု နယူးဇီလန်) တို့ ပါတယ်။ ဒီသူတွေဟာ သံတမာန် ရေး ဆက်ဆံရေး ညက်ညောပြီး၊ ပင်ကိုယ်စိတ်ရင်းကလည်း ကောင်းကြတယ်။ ကျနော်တို့ ကျောင်းသားအဖွဲ့ဒဏ်ကိုလည်း ခံကြရတယ်။ နိုင်ဗညားအောင်က ပုဆိုးတိုတို၊ ဂင်တိုတို၊ မဲမဲနဲ့ ဗလတောင့်တောင့်၊ လယ်သမားတယောက်နဲ့ ပိုတူတယ်။ သူ့အိမ်မှာ ကျောင်းသားအဖွဲ့တွေက စားအိမ်သောက်အိမ်။ သူက ကျနော်တို့ ပြဿနာတွေကို ကူညီဖြေရှင်းပေးသလို၊ တတ်နိုင်သမျှ နိုင်ငံရေးသဘောတရားကိုလည်း သင်ပေးတယ်။ နောက်ပိုင်း ကွယ်လွန်သွားတယ်လို့ ကြားရတယ်။ ဆရာ မန်းအောင်ဌေးကတော့ မြစ်ဝကျွန်းပေါ်သားကရင်၊ ၁၉၆၂ ကျောင်းသား လှုပ်ရှားမှုတွေမှာလည်း အနည်းအကျဉ်း ပါဝင် ပတ်သက်ဖူးတယ်လို့ ဆိုတယ်။ သူကစိတ်ကောင်းရှိတယ်။ စကားပြောရင် နှာခေါင်းကို တရှုံ့ရှုံ့နဲ့လုပ်ပြီး ပြောတတ်တယ်။ တခါ ကျနော်တို့ စစ်ကြောင်းဆင်းဖို့ သွားပြောတော့ သူက ပျော်ပျော်ကြီးလိုက်လာတယ်။ သူ့အိမ်က မိန်းမ၊ ကလေးတွေ အတွက် ဘာမှ မထားပေးခဲ့ဘူး။ သူ့မိသားစုကလည်း ဒီဒဏ်တွေကို အထာကျနေပုံရတယ်။ ကျနော်တို့က မတတ်သာလို့ ဆန်တအိပ်သွားပို့ပေးရတယ်။ သူ့ကလေးကလည်း အများသား၊ "အောင်သူရာ…. အကြီးကို အငယ်က ထိန်းသွားလိမ့် မပေါ့ကွာ"လို့ ဆိုတယ်။ အဲသည်လိုပဲ ကလေးအငယ်ကို ကလေးအကြီးက ထိန်းကျောင်းရင်း တွဲလောင်းတွဲလောင်းနဲ့ မိသားစုဘဝ ဖြတ်ခဲ့ပုံရတယ်။ တခါတလေကျတော့ ကေအဲန်ယူက ဗိုလ်မှူးတူးတူးလေး၊ မန်းအောင်တင်မြင့်တို့နဲ့လည်း တွေ့ဆုံဆက်ဆံရတယ်။ (မန်းအောင်တင်မြင့်က နောက်ပိုင်း သုမုဟဲ တပ်ရင်း-၁၆ ခွဲထွက်လက်နက်ချတော့ ပါသွားတယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တခါ ပြန်ဆုံရတယ်)။

ကျနော်တို့ စစ်သင်တန်းတွေ စလုပ်တော့ တူညီဝတ်စုံအဖြစ် စစ်ရောင်တီရှပ်အပေါ်မှာ ခွပ်ဒေါင်းကို အစိမ်းရောင်ဆွဲ ထားတဲ့ အင်္ကျီတထည်၊ ဘောင်းဘီတိုတထည် ရကြတယ်။ ဒါနဲ့ဝတ်စုံတူညီ စစ်သင်တန်း ဆင်းနိုင်ကြတယ်။ ကျနော်က လူပျော့၊ အမြင့်မှာကြိုးတန်းဆင်ပြီး တဖက်ကို တွားလျှောက်ရတဲ့ လေ့ကျင့်ခန်းမျိုးဆိုရင် မလုပ်နိုင်ဘူး။ ဒါပေမယ့် မအတာ တို့လို မိန်းကလေးတွေကတောင် ရဲရဲတောက် လုပ်နိုင်ကြတယ်။ ပင်ပန်းတော့ အဖျားအနာလည်း ထူကြတယ်။ ဘုရား သုံးဆူဒေသမှာ အဆိုးဆုံးကတော့ ငှက်ဖျားပဲ။ ကွီနိုင်ဆေးမတိုးတဲ့ ငှက်ဖျားလို့ ဆိုနိုင်တယ်။ ငှက်ဖျားဖြစ်ရင် လက္ခဏာ ပေါင်းစုံဖြစ်တယ်။ ဗိုက်အောင့်တာမျိုးလည်း ဖြစ်တယ်။ တုန်ဖျားမယ်၊ သွေးဆုတ်လို့ ဖြူလျော့သွားမယ်။ အဆိုးရွားဆုံးက ငှက်ဖျား ဦးဏှောက်ထဲပိုးဝင်ပြီး ရူးသွပ်တာမျိုး၊ သေတာမျိုးလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ စခန်းမှာ ငှက်ဖျားဦးဏှောက် ထဲပိုးဝင်လို့ ရူးသွပ်ဖူးသူ ရဲဘော်တွေလည်း ရှိခဲ့တယ်။ Black water fever လို့ခေါ်တဲ့ ကိုယ်ထဲမှာ သွေးနီဥတွေပေါက်ကွဲ ပြီး၊ ဆီးအမဲရောင်သွားတဲ့၊ အသက်အန္တရာယ် အလွန်အမင်းစိုးရိမ်ရတဲ့ ငှက်ဖျားမျိုးလည်း ကြုံရတယ်။ ကျနော်တို့လည်း မုဆိုးစိုင်သင် ငှက်ဖျားကျွမ်းကျင်သူတွေ ဖြစ်လာကြတယ်။ ဆေးရုံမှာ လူနာတွေအတွက် ဓာတ်စာချက်ပြုတ်ပေးတဲ့ စေတနာ့ဝန်ထမ်း ရဲဘော်တွေလည်း ရှိတယ်။ အမျိုးသမီးဘားတိုက်က ရဲဘော်တွေကလည်း လူနာပြုစုမှုကို ဝိုင်းဝန်းကူညီ ကြတယ်။ ကြံကြံဖန်ဖန်ကိစ္စတွေလည်း ရှိခဲ့တယ်။ မြို့မှာတုန်းက မူးယစ်ဆေးဝါးသုံးစွဲတာကို နှစ်ခြိုက်လာတဲ့ရဲဘော်တွေ၊ သူတို့က ဒီလောက်အရသာဆိုးတဲ့ ကွီနိုင်ကို လာတောင်းသောက်ပြီး၊ နားအူ ညံစီစီ ခပ်ထွေထွေဖြစ်ရတာကို အရသာ ယူကြတဲ့ သူမျိုးလည်း ရှိခဲ့တယ်။



စခန်းထဲမှာတော့ ကျနော်တို့အုပ်စု (ကျနော်၊ ကိုမင်းလွင်၊ ကိုသက်ဌေးနိုင်၊ ကိုဝင်းနိုင်ဦး၊ ကိုအောင်အောင်၊ ကိုတေဇမင်း) အချင်းချင်း ပိုတွဲမိကြတယ်။ နောက်ပိုင်းတော့ စခန်းစာကြည့်တိုက်တာဝန်ယူတဲ့ ကိုအောင်နိုင်ဦး (ယခု USA)၊ ကိုစိုးအောင် တို့နဲ့ ပိုတွဲဖြစ်ကြတယ်။ [ကိုစိုးအောင်က သံသယရှိဖွယ်ကောင်းလောက်အောင် နောက်ပိုင်းပြန်ကို မတွေ့ဘူး၊ ပျောက်သွား တယ်]။ ဒီအချိန်မှာ ကိုဝင်းမင်းကတော့ ကေအဲန်ယူ တပ်မဟာ (၄)၊ မင်းသမီးစခန်း (တပ်ရင်း ၂၀၁) မှာ ဆေးမှူးမရှိဘူး ဆိုလို့ အကူအညီတောင်းလို့ ပေးလိုက်ကြရတယ်။ တခါတလေ သူစံခပြန်လာရင်တော့ တွေ့ကြတယ်။ တခါတလေ ရုပ်ရှင် ရုံဖက်က ကော်ဖီ၊ ကွတ်တယိုဆိုင်လေးကို မနက်စာ သွားစားကြတယ်။ အဲသည်အချိန်က ထိုင်း-မြန်မာ ငွေလဲနှုန်းက ဘတ်တိုက်-ကျပ်တိုက် နီးပါးပဲ။ မြန်မာငွေ ၁၀၀ ပေးရင်၊ ထိုင်းငွေ ၈၀ ဘတ်လောက်ရတယ်။ ကျနော်တို့ ကျောင်း သမဂ္ဂ ရန်ပုံငွေက ငွေကျပ် ၇၀၀၀ လောက် ပါလာခဲ့တယ်။ ဒီငွေတွေကို ကျနော်တို့လည်း သုံးစရာ အထူးမရှိတော့ ကိုမင်းလွင် ကိုပဲ ငွေကိုင်သဘော ပေးထားလိုက်ကြတယ်။ ကျနော်တို့ တဦးချင်းရတဲ့ အသုံးစားရိတ် ဘတ် ၅၀ ကိုလည်း သုံးစရာ သိပ်မရှိလှဘူး။ ကျနော်တို့ နောက်ပိုင်းအိုးအတူတူ စားတဲ့ သံဖြူဇရပ်အုပ်စုက ကျနော်တို့ ဆရာဝန်အုပ်စုက ရိက္ခာငွေကို မယူဘူး။ ကျန်ရဲဘော်တွေကတော့ တယောက် ဘတ် ၃၀ ရိက္ခာဖိုးထဲ ထည့်ကြရတယ်။ ကျန်တဲ့ ဘတ် ၂၀ ကတော့ ဆေးလိပ်၊ သွားရေစာဖိုးပေါ့။ ဆေးလိပ်လည်း မသောက်တတ်တော့ ကျနော်တို့ရတဲ့ ဘတ် ၅၀ က အသားတင်လို ဖြစ်နေတယ်။ တခါတလေ ကော်ဖီသောက်၊ ကွတ်တယို ခေါက်ဆွဲစား လောက်ပဲရှိတယ်။

ဒီကာလထဲမှာ တိုင်းပြည်ထဲမှာ ဖိနှိပ်မှုတွေက တိုးလာနေတယ်။ ၁၉၈၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှာ ဗကသဥက္ကဋ္ဌ ကိုမင်းကိုနိုင်ကို ဖမ်းခံလိုက်တယ်။ သိပ်မကြာခင်မှာပဲ လူ့ဘောင်သစ်ပါတီ ဒု-ဥက္ကဋ္ဌကိုသက်ထွန်းကို ဖမ်းဆီးထိန်းသိမ်း လိုက်ပြန်တယ်။ ဧပြီလထဲမှာ ကိုအောင်ဒင် အပါအဝင် ဗကသခေါင်းဆောင်တွေ ထပ်ပြီး ဖမ်းဆီးခံရပြန်တယ်။ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ကိုမိုးသီးဇွန်ကတော့ ၁၉၈၉ ခုနှစ်၊ သင်္ကြန်အပြီးလောက်မှာ ထိုင်း-မြန်မာနယ်စပ် ကို ထွက်ပြေးလာခဲ့တယ်။ သူနဲ့အတူ လူ့ဘောင်သစ်ရဲဘော်များလည်း နယ်စပ်ဒေသကို တဖွဲဖွဲ့ လိုက်လံထွက်ပြေးလာကြ တယ်။

ဒီကာလထဲမှာ ABSDF ဗဟိုကတော့ အခု NLD အစိုးရနဲ့ တူလှတယ်။ ဘုန်းကြီးကျောင်းသားတွေ ဘောလုံးကန်သလိုပဲ။ ဘောလုံးတလုံးနောက်ကို တအုပ်ကြီးလိုက်နေကြတယ်။ အထူးဧည့်သည့်တယောက်ကို လိုက်ပို့တယ်ဆိုရင်လည်း သူလည်းပါ၊ ကိုယ်လည်းပါပေါ့။ အဲဒီအချိန်က အမေရိကန်က လာတဲ့ဧည့်သည် မီမီမြင့်ဖူးက နာမည်ကျော်လှတယ်။ ခပ်တောင့်တောင့်ဖြောင့်ဖြောင့်၊ ကျနော်တို့လည်း တောထဲနေတာကြာတော့ ဆင်မကြီးတောင် လှလာသလိုလို ဆိုတာ မျိုး ဖြစ်နေကြတယ်။ ဒါပေမယ့် အာရှကျောင်းသား သမဂ္ဂ (ASA)၊ ထိုင်းကျောင်းသား သမဂ္ဂတွေနဲ့ အချိတ်အဆက် ရလာကြ တယ်။

၁၉၈၉ ခုနှစ်ထဲမှာတော့ နိုင်ငံတကာမှာ ထူးခြားတဲ့ အဖြစ်အပျက်ကြီးတွေ ဖြစ်ပေါ်နေခဲ့တယ်။ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလမှာ အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီကို ဒုတိယကမ္ဘာစစ်ကတည်းက ပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကို စတင်ပြီး တရားဝင် ဖွင့်ပေးလိုက်တယ်။ ၁၉၉၀ ခုနှစ်၊ ဇွန်လမှာ ဘာလင်တံတိုင်းကို တရားဝင်စတင်ဖြိုချတာဟာ ၁၉၉၂ မှာ ပြီးစီးသွားတယ်။ ဒါဟာ ကွန်မြူနစ်တွေရဲ့ သံကွန်ချာကျိုးပျက်ခြင်းနဲ့ ဒီမိုကရေစီ တံခါးပွင့်လာမှုလို့ ဖော်ပြကြတယ်။ ၁၉၈၉ ခုနှစ်မှာပဲ အိမ်နီးချင်း တရုတ်နိုင်ငံမှာလည်း ကျောင်းသားတွေက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့၊ အစိုးရက ပိုပြီး တာဝန်ယူ တာဝန်ခံမှုရှိဖို့၊ သတင်းစာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေအတွက် တောင်းဆိုကြတယ်။ ဒီလို သပိတ်မှောက် ဆန္ဒပြပွဲတွေဟာ တရုတ်နိုင်ငံ မြို့ကြီး ၄၀၀ လောက်အထိ ပျံ့နှံ့သွားတယ်။ တရုတ်အာဏာပိုင်တွေက ၁၉၈၉ ခုနှစ်၊ မေလ ၂၀ ရက်နေ့မှာ မာရှယ်လော စစ်အုပ်ချုပ်ရေး ကြေညာတယ်။ တပ်နဲ့ လုံခြုံရေးအင်အား ၃ သိန်းလောက်အထိ ဖြန့်ကျက်ချ ထားခဲ့တယ်။ နောက်ပိုင်းမှာ သွေးထွက်သံယို ဖြိုခွဲမှုတွေ၊ ဖမ်းဆီးမှုတွေ ကျောင်းသားတွေဆန္ဒပြပွဲကို စာနာ ထောက်ခံကြတဲ့ ပါတီခေါင်းဆောင်တွေကို ဖြုတ်ထုတ်မှုတွေ ရှိခဲ့တယ်။ တရုတ်ကျောင်းသားတွေကို အကြမ်းဖက်ချေမှုန်း တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ကျနော်တို့စခန်းမှာလည်း အာရှကျောင်းသားတွေနဲ့အတူ ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်ခဲ့ကြ သေးတယ်။

ဒါပေမယ့် အိမ်နီးချင်း ထိုင်း-မြန်မာနိုင်ငံ ဆက်ဆံရေးမှာတော့ တမျိုးတဘာသာ၊ ထိုင်းနိုင်ငံမှာ အဲဒီအချိန်က ဝန်ကြီးချုပ် ချတ်ချိုင်းချူနာဝန်က ဦးဆောင်နေတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး၊ သံတမာန်ရေးကို ဦးဆောင်ခဲ့သူက ထိုင်းစစ်ဦးချုပ် (Supreme Commander) ချာဗာလစ် ယောင်ချိုင်ယုပဲ။ သူက ၁၉၈၈ ခုနှစ်၊ မတိုင်မီ ကာလများ ကတည်းက မြန်မာနိုင်ငံကို ဝင်ထွက်လည်ပတ်ဖူးတယ်။ မြန်မာစစ်အရာရှိတွေနဲ့ ဆက်ဆံရေးကောင်းတယ်။ စစ် အာဏာသိမ်းအပြီး ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားလည်ပတ်ခဲ့ပြီး၊ စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်ကို 'အစ်ကိုကြီး'လို့ ခေါ်ခဲ့တယ်။ ဆက်ဆံရေးတွေ ပြေပြစ်ရေးအတွက် ထိုင်းနိုင်ငံ ရောက် မြန်မာကျောင်းသားတွေကို ပြန်ပို့ပေးဖို့ သဘောတူညီခဲ့တယ်။ မြန်မာစစ်အစိုးရကလည်း ကျောင်းသားတဦး ပြန်ပို့ ပေးရင် ဘတ် ၅၀၀၀ ဆုချမယ်ဆိုတာမျိုး ကမ်းလှမ်းခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံက သစ်ထုတ်ခွင့်၊ ငါးဖမ်း ခွင့်၊ စီးပွားရေး လုပ်ကွက်လုပ်ကွင်းတွေ အများအပြားရခဲ့တယ်။




လူအိမ် - ငှက်ပျောပင်လေး

$
0
0
ငှက်​​ပျောပင်​​လေး
လူအိမ်
(မိုးမခ)၊ နိုဝင်ဘာ ၁၇၊ ၂၀၁၇  

အရွယ်မတိုင်မီကိုယ်ဝန်​​ဆောင်ထား
မိန်းမငယ်လို
သက်ကြီးပိုင်းအဘိုးအိုလို
သူ့ခါးဟာ ကိုင်းလို့

ဘေးမှာ
အငယ်​​လေး ကလူမမယ်
အလတ်က မူကြို
အကြီးကောင်က
လဲကျမသွားအောင်သူ့ခါးကိုဖက်လို့

သူ့သခင်က
သူ့ချိုင်းကိုဝက်ခွကြီးထောက်ပြီး
စောင်ရှောက်​​ပေးရှာပါတယ်
သူ့အခိုင်ကြီးစားသုံးမရမချင်ပေါ့

ဒါပြီးရင်​​တော့
ဘဝတပါးသူပြောင်ရွေ့မယ်
ကွယ်လွန်​​တော့ရော
ဘာအကြောင်းလဲ
ဘေးမှာခြံရံနေတာသူ့မျိုးဆက်​​လေ

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (35)

$
0
0
လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (35)
အိမ်သုံး ကျောင်းသုံး ရုံးသုံး - GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇

Text basics စာသားများအတွက် အခြေခံ

ဂူးဂဲဆလိုက်တွေ နဲ့ မရင်းနှီးသူတွေအတွက် Text စာသားတွေ ဘယ်လို ထည့်သွင်းမလဲ၊ သုံးမလဲ ဆိုတဲ့ အခြေခံကို သည်သင်ခန်းစာကနေ ပြောပြပါမယ်။ ပြီးတော့ စာသားတွေကို cut, copy, paste, လုပ်တာနဲ့  formatချတာတွေကို မိတ်ဆက်ပါမယ်။

Entering text စာသားရိုက်သွင်းပုံ


Docs တို့ Sheets တို့နဲ့ မတူတာကတော့ စာသားကို စာမျက်နှာအလွတ်မှာ စာရိုက်သလို ရိုက်ထည့်တာထက် SLIDES မှာက Placeholder ဆိုတဲ့ စာသားရိုက်ထည့်ဖို့ ဘောင်ခတ်ထားတာလေးကို အရင်သတ်မှတ်ပြီး အဲသည်အတွင်းမှာ စာကို ရိုက်ထည့်ရတာ ဖြစ်ပါတယ်။ New Slide လုပ်လိုက်တာနဲ့ သူ့သက်ဆိုင်ရာ layout က စီစဉ်ထားတဲ့ placeholder တွေ အလိုလို နေရာချထားပြီးသား တွေ့ရမှာပါ။ အောက်ပါပုံလိုမျိုးပေါ့။
Selecting a placeholder

ကိုယ့်ဖာသာကိုယ် လွတ်လွတ်လပ်လပ် text စာသားတွေ ထည့်ချင်တယ် ဖြည့်ချင်တယ် ဆိုရင် ကိုယ်ဖာသာကိုယ် ထည့်တာကို text box လို့ ခေါ်ပါတယ်။ အောက်မှာ ပြထားတဲ့အတိုင်း text box icon လေးကို ကလစ်လုပ်၊ ပြီးတော့ slide ထဲက နှစ်သက်ရာ နေရာမှာ မောက်စ်ကို ကလစ်လုပ် ဖိဆွဲပြီး text box ကို သတ်မှတ်လို့ ရပါတယ်။ ပြီးတာနဲ့ အဲသည်ထဲမှာ စာဝင်ရိုက်ရုံပါပဲ။


Drawing a text box

အခု ဥပမာအဖြစ် သုံးတဲ့ slide က အင်တာနက်ကနေ အရင်သင်ခန်းစာမှာ ဒေါင်းလုပ် လုပ်ထားတဲ့ Animal Shelter - တိရစ္ဆာန် စောင့်ရှောက်ရေးဂေဟာအကြောင်း slide တွေ ဖြစ်ပါတယ်။ အဲသည်ထဲမှာ slide တချို့က Bulleted listတွေ Numbered listတွေ သုံးထားပါတယ်။ သင်ကိုယ်တိုင် သုံးချင်ရင် text ကို နေရာချထားပြီး Menu Bar ကနေ More ကို ဆွဲချ၊ ပြီးတော့ အဲသည်မှာ bullte list တို့ Numbered list တို့ကို ခေါ်သုံးလို့ရပါတယ်။
Formatting a bulleted list

Working with text - စာသားများနဲ့ အလုပ်လုပ်ပုံ


စာသားတွေကို select, copy and paste, လုပ်တာတွေ drag and dropလုပ်တာတွေ စမ်းကြရအောင်။

To select text:

စာသားတွေကို ရိုက်ပြီးတဲ့နောက်မှာ နေရာ အထားအသို စတိုင်တွေ ကစားတော့မယ်ဆိုရင် အရင်ဆုံး ဆလက် select လုပ်ရပါတယ်။ ဆလက်လုပ်တယ်ဆိုတာက မောက်စ်နဲ့ စာသားရဲ့ အစသို့မဟုတ် အဆုံးကို ကလစ်လုပ်တာကို ပြောတာပါ။ ပြီးတာာနဲ့ စာသားတွေကို မောက်စ်နဲ့ ဖိဆွဲပြီး အကုန်လုံးကို ‘ရွေး’ selected လုပ်တယ်ပေါ့။ အောက်က ပုံကို ကြည့်ပါ။

Selecting text

To copy and paste text:

  1. Select the text လုပ်ပြီးရင်  Edit menu ကို ဆွဲချပြီး  Copyသို့မဟုတ် Cutကို ရွေးပါ။ ကော်ပီကတော့ မိတ္တူပွားတာပေါ့။ ကပ်ကတော့ မူလကနေ အခြားနေရာကို ရွေ့ချင်လို့ ဖြတ်ထုတ်တယ်ပေါ့။

  1. Copy

  2. ပြီးရင် ဆလိုက်ပေါ်က သင်အလိုရှိရာ နေရာမှာ မောက်စ်ကို ချပါ။
  3. Edit menu ပြန်ဆွဲချပြီးတော့ Pasteကို ရွေးပါ။
  4. Paste

  5. ဒါဆိုရင် စာသားကို copy ပဲဖြစ်ဖြစ် cut ပဲဖြစ်ဖြစ် လုပ်လို့ရပါပြီ။

Cut, Copy, and Paste commands တွေကို ကီးဘုတ်ရှော့ကပ်တွေသုံးပြီး ခေါ်လို့ရပါတယ်။  Ctrl+X to cut, Ctrl+C to copy, and Ctrl+V to paste လုပ်လို့ ရပါတယ်။

To drag and drop text: စာသားကို ဆွဲပြီး နေရာရွေ့ပုံ


  1. ကိုယ်ရွေ့ချင်တဲ့ စာသားကို Selectလုပ်ပါ။ အကုန်လုံး ရွေးပြီးသွားရင် မောက်စ်ကို ဆက်ဖိပြီးတော့ လိုချင်တဲ့ နေရာသစ်မှာ မောက်စ်ကို ဖိရွေ့ပြီးနောက် လွှတ်ချလိုက်ပါ။
  2. Selecting text to drag
  3. စာသားက အဲသည်နေရာသစ်ကို ရွေ့သွားပါပြီ။
  4. Dragging and dropping the selected text

To delete text: စာသားကို ဖျက်ချင်ရင်

  1. Select the text လုပ်ပါ။
  2. Press the Delete key နှိပ်လိုက်ပါ။

Formatting text and adding hyperlinks
စာသားများ ပုံစံချခြင်းနဲ့ လင့်ခ်တွေ ထည့်ခြင်း

စာသားတွေ ဖော်မက်ချတယ်ဆိုတာက ရိုးရိုးစာသားရိုက်ရုံတင် မဟုတ်ပဲ ဆွဲဆောင်မှုရှိအောင် စာသားတွေကို ပြုပြင်တာ ဖြစ်ပါတယ်။ ဆိုက်ပြောင်းတာ၊ ကာလာထည့်တာ နေရာ အထားအသို ကစားတာတွေ အကုန် ပါဝင်ပါတယ်။

အောက်က Menu Bar မှာ စာသားဖော်မက်အမျိုးမျိုး ပြုပြင်နိုင်ပုံကို သင်တန်းဆရာက သရုပ်ပြရပါမယ်။
Google Docs သုံးနေသူတွေအတွက်ကတော့ ဒါတွေကို သိထားပြီးသား ဖြစ်တယ်လို့ ဆိုရပါမယ်။


Align Text စာသားများ ညှိခြင်း

align your text လို့ခေါ်ပါတယ်။ စာသားတွေကို ဘယ်ညှိ၊ ညာညှိ၊ အလယ်ရွေ့ စတာတွေကို လုပ်လို့ရပါတယ်။
More icon ကို နှိပ်ပြီးတော့ မိမိအလိုရှိရာ စာသားကို ရွေးပြီး လုပ်နိုင်ပါတယ်။ ဒီစာသားတွေက placeholder ထဲမှာ သို့မဟုတ် Text box ထဲမှာ ရှိနေတဲ့စာသားတွေ ဖြစ်ရပါမယ်။

Adding speaker notes - တင်ဆက်သူ၏ မှတ်စုများ ထည့်ပုံ

Slide ရဲ့ အောက်ခြေမှ Notes pane (အကွက်) ရှိပါတယ်။ အဲသည်ဟာကို speaker notesလို့ ခေါ်ပါတယ်။ Presentation လုပ်နေချိန်မှာ သင်က တင်ဆက်သူအဖြစ် ပြောလိုတဲ့ စာသားတွေ မှတ်စု မှတ်ချက်တွေ ရိုက်ထားလို့ ရပါတယ်။

အောက်မှာ တိရစ္ဆာန်ဂေဟာရဲ့ လမ်းစဉ်မှာ အောက်ခြေမှတ်စုအဖြစ် ‘ဒီနှစ်မှာ လေလွင့်နေတဲ့ တိရစ္ဆာန် ဘယ်လောက်ကို မွေးစားပေးနိုင်သလဲဆိုတာ ထည့်ပြောရန်’ ဆိုပြီး မှတ်စု ထည့်ထားတာ တွေ့နိုင်ပါတယ်။

Typing in the notes pane
Resizing the notes pane
View menu ကနေပြီးတော့ အောက်ခြေမှတ်စုကို ဖွက်ထားနိုင်ပါသေးတယ်။ အောက်ပုံကို ကြည့်ပါ။
Show or hide speaker notes in the View menu

Challenge! အိမ်စာ

  1. ဒီလင့်ကနေ https://docs.google.com/presentation/d/1vmhbBfLmqnibHjhRMElEXQw7K28A5KmLiUKk4uk8v18/edit?usp=sharingဆလိုက်ဖိုင်ကို ဖွင့်ပါ။
  2. slide 14ကို သွားပါ။
  3. Placeholder ထဲက Click to add titleကို ရွေးပါ။ ပြီးတော့ Volunteerလို့ ရိုက်ထည့်ပါ။
  4. Volunteer စာသားကို Bold ပြောင်းပါ။ font colorကို အ၀ါရောင် ပြောင်းပါ။
  5. ဆလိုက်ညာဘက်က နောက် စာသားဘောင်ကွက်ထဲမှာ Opportunities:အောက်က စာကြောင်းတွေကို  bulleted listဖြစ်အောင် ပြင်လိုက်ပါ။ Dog walkerကနေ စတဲ့ စာကြောင်းကနေ အဆုံးက Event coordinatorဆိုတာ အထိ ဖြစ်ရမယ်။
  6. Opportunities: ဖောင့်ဆိုက်ကို 24 pt အဖြစ် ပြောင်းပါ။
  7. noteတခု အောက်ခြေမှာ ထည့်ပါ။ speaker note ကို ပြောတာနော်။ Insert a link to our websiteဆိုတဲ့ စာသားကို ရိုက်ထည့်ပါ။
  8. အားလုံးပြီးသွားရင် အောက်ပါအတိုင်း ဖြစ်နေရပါမယ်။
  9. Text Basics Example

(ဆက်လက်ဖော်ပြပါမည်)

ငြိမ်းဝေ(ကဗျာ့အိုးဝေ) - ဝံပုလွေများနဲ့အတူအူရန် ငြင်းဆိုသူ

$
0
0


ငြိမ်းဝေ(ကဗျာ့အိုးဝေ) - ဝံပုလွေများနဲ့အတူအူရန် ငြင်းဆိုသူ
(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၇
(သူ့ဖေ့စ်ဘွတ်ကနေ ကူးပါတယ်)

(၁)
၁၉၁၇ ခုနှစ်ဝန်းကျင် ရုရှားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းအပေါ် သမိုင်းပညာ ရှင်အမျိုးမျိုး ကရပ်တည်ချက် အမျိုးမျိုးအပေါ်မူတည်ပြီး အမြင်အမျိုးမျိုးနဲ့ သုံးသပ်ကြတာရှိပါတယ်။ ဒီလိုသုံး သပ်ကြတဲ့ အထဲမှာ ရုရှတော်ဝင်ကဗျာဆရာကြီး`အလက်ဇန်ဒါ ဘလော့´ပြောတဲ့စကားကတော့ ကျနော့်ကို အစွဲဆောင်နိုင်ဆုံးစကားဖြစ်တယ်လို့ ယူဆပါတယ်။သူက အဲဒီကာလကြီးကို`ကြောက်မက်ဖွယ် နှစ်ကာ လကြီး´လို့ သုံးသပ်လိုက်ပါတယ်။

အဲဒီကြောက်မက်ဖွယ် နှစ်ကာလကြီးအတွင်းမှာ ရုရှနိုင်ငံရဲ့ ဘယ်လိုမှမေ့အပ်နိုင်ဖွယ်မရှိတဲ့ ကဗျာဆရာ လူရည်ချွန်တချို့ ရာဇဥပါဒ်ဒဏ်နဲ့ သေဆုံးခဲ့ကြတာတွေရှိပါတယ်။ တချို့က အဲဒီခေတ်ဆိုး ခေတ် ပျက်ကြီးရဲ့ဒဏ်ကို မခံမရပ်နိုင်တဲ့အဆုံး ကိုယ့်ကိုယ်ကိုသေကြောင်းကြံသွားခဲ့ကြတာမျိုးအထိရှိခဲ့ပါတယ်။
ရုရှကဗျာဆရာမ`မာရီနာစဗက်ထရေဗါ´ဟာ အဲဒီလိုကိုယ့်ကိုယ်ကိုသေကြောင်းကြံလို့ သေဆုံးသွား ရတဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။

သူ့ကိုအဲဒီကာလကြီးအတွင်းမှာ တော်လှန်ရေးဆန့်ကျင်သူ၊ အရင်းရှင်ဖေါက်ပြန်ရေးသမား၊ ဇာဘုရင့်ဘက် တော်သား အစရှိတဲ့စွပ်စွဲချက်ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ခတ်တိုက်ခိုက် သမုတ် ခဲ့ကြပါတယ်။

ကျနော်က ရုရှနိုင်ငံရဲ့သမိုင်းကို တချိန်တုန်းကကိုယ်သန်ရာဘက်တစ်ခုထဲကရပ်ပြီး လေ့လာ လက်ခံခဲ့သူဖြစ်တော့ကာ အဲဒီကာလအတွင်း`မာရီနာ´လိုကဗျာဆရာတွေရဲ့ အဖြစ်သနစ်တွေကို သူတို့ရဲ့ကဗျာ တွေနဲ့တွဲပြီးလေ့လာဖို့ရာ မထက်သန်ခဲ့ပါဘူး။ ( နောင်တော့လည်း သူဟာ တော်လှန်ရေးကို ဆန့်ကျင်ကောင်း ဆန့်ကျင်ခဲ့လိမ့်မယ် ရုရှပြည်သူတွေအပေါ်မှာတော့ သစ္စာစောင့်သိခဲ့သူဖြစ်တယ်ဆိုတာနားလည်လာရပါတယ်။)

၁၉၉၂ ခုနှစ်အတွင်းတော်လှန်ရေးဌါနချုပ်စခန်းဖြစ်ခဲ့တဲ့ `မာနယ်ပလော´ကိုကျနော် ရောက်လာတဲ့အခါကြမှပဲ ရုရှနိုင်ငံရဲ့အဲဒီ ၁၉၁၇ ခုနှစ်ဝန်းကျင် ကာလအ ပေါ်ပြန်လည် သုံးသပ်ချင်တဲ့ဆန္ဒဖြစ်ခဲ့ပါတယ်။ အဲဒီအခါကြတော့မှ `မာရီနာ´ လိုကဗျာဆရာတချို့ကို ကျနော် ဖေါ်ထုတ်တွေ့ရှိလာခဲ့ရတာပါ။ ကျနော့်ရဲ့ တွေ့ရှိမှု အသစ်က ကျနော့်ကိုတကယ့်ကို စိမ်းလန်းစေ ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။
အထူးသဖြင့် `မာရီနာစဗက်ထရေဗါ´လိုကဗျာဆရာမျိုးရဲ့ အထုပ္ပတ္တိနဲ့ကဗျာတွေဟာ နှစ်ပေါင်းများစွာ ဂူတခုထဲပိတ်မိနေတဲ့ ကျနော့်နှလုံးသားကို ဂူအပြင်ဖက်ဆွဲထုတ်လိုက်သလို ဖြစ်ခဲ့ပါတယ်။ကဗျာနဲ့ပတ်သက်ပြီး ကျနော့်ရဲ့ ရီနေဆန်းကာလတစ်ခုလို့တောင် ပြောလို့ရမလားပဲ။

(၂)
ကဗျာဆရာမ`မာရီနာစဗက်ထရေဗါ´ရဲ့ဘဝဟာ အင်မတန် ခက်ထန်ကြမ်းတမ်းပါတယ်။ ပြည့်စုံအောင် ရေးမယ်ဆိုရင်တော့ ဒီဆောင်းပါးတပုဒ်ထဲနဲ့လည်းမပြည့်စုံနိုင်ပါဘူး။ အတိုချုပ်ပြီးပြောရရင် လင် သားဖြစ်သူ`ဆာဂျီအဖရွန်´ က တော်လှန်ရေးဆန့်ကျင်သူဆိုတဲ့ စွပ်စွဲချက်နဲ့ အသတ်ခံခဲ့ရပါတယ်။ သမီးလေး တစ်ယောက်က မိဘမဲ့ဂေဟာတစ်ခုမှာ ငတ်မွတ်သေဆုံးပါတယ်။

သူလည်းပဲ ပြည်ပြေးဘဝနဲ့ ပြင်သစ်၊ ဂျာမဏီနဲ့ ချက်ကိုစလိုဗေးကီးယားကို သွားနေခဲ့ရပါသေးတယ်။
သူ့ကို ပစ္စည်းမဲ့တော်လှန်ရေးကြီးကိုဆန့်ကျင်သူအဖြစ် သတ်မှတ်ဖိအားပေးခဲ့ကြပေမယ့် (သူကိုယ်တိုင်ကလည်းကွန်မြူနစ်ဆန့်ကျင်ရေးရှပ်ဖြူဘက်တော်သားအဖြစ် ပါဝင်ခဲ့ပါတယ်။) သူ့ကဗျာတွေ ထဲမှာတော့ ဇာဘုရင်ကိုထောက်ခံရေးသားတာမျိုး လုံးဝမတွေ့ရပါဘူး။ သူ့ကဗျာတွေက စစ်ဆန့်ကျင်ရေး၊ အကြမ်းဖက်မှုဆန့်ကျင်ရေး၊ ချစ်ခြင်းမေတ္တာနဲ့ အလှတရားကို အခြေခံရေးဖွဲ့ထားတာကိုပဲတွေ့ရပါတယ်။ ယုတ်စွအဆုံး အဲဒီအချိန်တုန်းက အာဏာရကွန်မြူနစ်ပါတီကိုထောက်ခံတယ်လို့ထင်ရတဲ့ကဗျာတွေမရေးသလို ဆန့်ကျင်တယ်ဆိုပြီးရေးတာမျိုးကိုလည်းမတွေ့ရပါဘူး။

ဒါပေမယ့်လည်းအဲဒီကာလမျိုးက`အလှတရား၊ ငြိမ်းချမ်းရေးနဲ့ စစ်ဆန့်ကျင်ရေးကဗျာ´မျိုးရေးတယ်ဆိုရင်ပဲ တော်လှန်ရေးဆန့်ကျင်သူအဖြစ် စွပ်စွဲခံရသ လိုဖြစ်ခဲ့တဲ့ကာလကြီးဆိုတော့ သူဟာ အဲဒီစွပ်စွဲချက်နဲ့ပဲ တလောကလုံးနဲ့ ရင်ဆိုင်ဆန့်ကျင်သူ အဖြစ်မျိုး ကျရောက်ခဲ့ရတယ်လို့ ပြောနိုင်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ဒီတုန်းက ရုရှဇာဘုရင်စံနစ်ဆန့်ကျင်ရေး ပစ္စည်းမဲ့အာဏာရှင်စံနစ် လှိုင်းတံပိုးကြီးက ရုရှတနိုင်ငံလုံးကို တဝုန်းဝုန်းရိုက်ခတ်နေတဲ့အချိန် ဖြစ်လို့ပါပဲ။ `မာရီနာ´ တယောက်ကတော့ အဲဒီလှိုင်းတံပိုးကြီးကို စီးနင်းလိုက်ပါခဲ့တာမျိုးမရှိပေမယ့် အဲဒီလှိုင်းတံပိုးကြီးအောက်မှာ နစ်မြုတ်သေဆုံးခဲ့ရတဲ့သဘော ရှိတယ်လို့တော့ ပြောနိုင်ပါတယ်။

ဒီနေရာမှာ ပစ္စည်းမဲ့တော်လှန်ရေးယဉ်ကျေးမှု တပ်မှူးကြီးဖြစ်တဲ့ ကဗျာ ဆရာ`မာယာကော်စကီး´နဲ့ `မာရီနာ´တို့ တူတဲ့အချက် အထင်အရှားရှိပါတယ်။ သူတို့နှစ်ဦး ရပ်တည်ချက်ချင်းမတူကွဲပြားကြပေမယ့် ခံစားချက်ပြင်းထန်လှိုင်းဆန်လွန်းတဲ့ အချက်ကြ တော့ သွားတူနေတာတွေ့ရပါတယ်။`မာယာကော်စကီး´လည်း သူ့ကိုယ်သူ အဆုံးစီရင် သွားခဲ့တဲ့ ကဗျာဆရာပါပဲ။

`မာယာကော်စကီး´ကိုယ့်ကိုယ်ကိုသတ်သေသွားပြီဆိုတဲ့သတင်းကိုကြားတော့ `မာရီနာ´ ဟာ`မာယာကော်စကီး´ဂုဏ်ပြုကဗျာ (၇)ပုဒ်တိတိဆက်တိုက်ရေးတဲ့အထိ စိတ်ထိခိုက်ခဲ့ပါတယ်။ ပြီးတော့ `မာယာကော်စကီး´အပေါ် သူဘယ်လိုသဘောထားသလဲဆိုတာနဲ့ပတ်သက်ပြီး သူပြောလိုက်တဲ့စကားကလည်း တကယ့်ကိုလေးနက်လှပါတယ်။

`မာယာကော်စကီး´ကို သူက`ကျမရဲ့ အချစ်ဆုံးရန်သူ´ ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။ဒီတုန်းက သူဟာ ရှပ်ဖြူတွေကြားထဲ မှာရှိနေတဲ့အချိန် ရှပ်ဖြူတွေနဲ့ဆန့်ကျင်ပြီး ဒီစကားမျိုးတွေကို သူ ပြောခဲ့တာပါ။ ရှပ်ဖြူတွေ ရှေ့မှောက်မှာပဲ ကွန်မြူနစ်သံမဏိကဗျာဆရာတစ်ယောက်အပေါ် သူက ဂုဏ်ပြုစွဲလန်း ပြခဲ့တာပါ။

နောက်ပိုင်းမှာတော့ နှစ်ကာလတွေအများကြီး ကျော်လွန်လာတဲ့အခါမှာတော့ အဲဒီ ခေတ်ဆိုးခေတ်ပျက်ကာလကြီးအတွင်း ရုရှနိုင်ငံ ရုရှပြည်သူတွေရဲ့ရင်ခုန်သံကို အထိရောက်ဆုံး အနက်ရှိုင်းဆုံး ကဗျာရေးဖွဲ့ဖေါ်ပြနိုင်သူတွေအဖြစ် ကဗျာဆရာ `ပက်စတာညက်´( ဒေါက်တာဇီးဗါးဂိုး ဝတ္ထု ရေးခဲ့သူ)နဲ့ ကဗျာဆရာမ `မာရီနာ စဗက်ထရေဗါ´ တို့ကို ဝေဖန်ရေးဆရာတွေက ဝိုင်းဝန်း အသိအမှတ်ပြုလာခဲ့ကြပြန်ပါတယ်။`မာရီနာ´ရဲ့ ကဗျာတွေဟာ အဲဒီခေတ်ကာလ `ရုရှနိုင်ငံရဲ့တန်ဘိုး ရုရှနိုင်ငံရဲ့ အသံ´ ဖြစ်တယ်လို့တောင်မှ ဆိုလာကြပါတယ်။

ဝမ်းနည်းဖို့ကောင်းတာကတော့ သူဟာ `ရယ်လာဘူဂါ´ဆိုတဲ့ မြို့ကလေးတမြို့မှာ မဲဇာအပို့ခံရတဲ့သဘော ရှိတဲ့အချိန် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လေ။ (၃၁၊ သြဂုတ်လ၊ ၁၉၄၁)။ သူ သေဆုံးတော့ အသက်(၄၈)နှစ်ပဲ ရှိပါသေးတယ်။ ကဗျာတွေ အများကြီး ရေးနိုင်နေသေးတဲ့အချိန်ပေါ့။

သူ သေဆုံးသွားတဲ့အခါ သူ့အတွက် အကြေကွဲဆုံးဖြစ်ကြရတဲ့သူတွေထဲက သူလိုပဲ တော်လှန်ရေးဆန့်ကျင်သူအဖြစ်နဲ့ စွပ်စွဲခံရပြီး သူ့ကဗျာတွေလည်း နှစ်ပေါင်းများစွာ အပိတ်ပင်ခံရ၊ ဆိုဗီယက်ယူနီယံ စာရေးဆရာသမဂကြီးထဲက အထုတ်ပယ်ခံရဖူးပြီး နောင်အခါကြတော့လည်း ဆိုဗီယက်ယူနီယံ စာရေးဆရာသမဂကြီးရဲ့ ဥက္ကဌ ဖြစ်လာတဲ့ ကဗျာဆရာမကြီး `အာခ်မာ တော်ဗါ´ကဆိုရင်`မာရီနာ စဗက်ထရေဗါ´ဟာ မနိုင်နိုင်မှန်းသိနေတဲ့ စစ်ပွဲကို ကျေကျေနပ်နပ် ဝင်တိုက်ခဲ့သူဖြစ်တယ်လို့ ကြေကြေကွဲကွဲ မှတ်ချက်ချပါတယ်။

`မာရီနာ´အပေါ် ရုရှကဗျာဆရာ စာရေးဆရာ `အီလျာ အာရင်ဘတ်´(နှင်းခဲပျော်ချိန် ဝတ္ထု ရေးသူ) မှတ်ချက်ချတဲ့စကားတွေက `မာရီနာ´ရဲ့ ဥပဓိရုပ်ကို အပေါ်လွင်ဆုံးဖေါ်နိုင်တဲ့ စကားတွေလို့လည်း ပြောနိုင်ပါတယ်။ သူက `မာရီနာ´လောက် ကြေကွဲစရာကောင်းတဲ့ ကဗျာ ဆရာမျိုးကို ကျွန်တော် မတွေ့ဖူးသေးဘူး လို့ သူ့ရဲ့ `လူများ၊ သက္ကရာဇ်များ-ဘဝ´ဆိုတဲ့စာအုပ်မှာ ထည့်ရေးခဲ့ပါတယ်။`မာရီနာ´ဟာ နာကျင်ခြင်း၊ အထီးကျန်ဖြစ်ခြင်း၊ ငြင်းပယ် ခံရခြင်း စတဲ့လမ်းများအတိုင်း လျှောက်လှမ်းခဲ့သူဖြစ်တယ်လို့လည်း ရေးခဲ့ပြောခဲ့ပါတယ်။

မာရီနာရဲ့ ကဗျာတွေဟာ သူ သေဆုံးပြီးလို့ နှစ်ပေါင်း (၂၀)ကျော်အကြာ အာဏာရှင်`စတာလင်ခေတ်လွန်ခေတ်´ရောက်တဲ့အခါကြကာမှပဲ ပုံနှိပ်ထုတ်ဝေခွင့် ရလာခဲ့တာပါ။ ဒီတော့မှပဲ မြို့တော် မော်စကိုမြို့အနီးမှာ သူ့ပုံတူ ကျောက်ရုပ်တစ်ခုထုလုပ်ပြီး ဂုဏ်ပြုနိုင်ကြပါတယ်။

ကျနော် အခု သူ့ရဲ့ စစ်ဆန့်ကျင်ရေးကဗျာတပုဒ် ဘာသာပြန်ဖေါ်ပြပေးလိုက်ပါတယ်။ သူ့ရဲ့နာမည်ကျော် ကဗျာတပုဒ်လို့လည်း ဆိုကြပါတယ်။ ကျနော်ကိုယ်၌ကလည်း ဒီကဗျာကို နှစ်သက်တဲ့အကြောင်း ဝန်ခံအပ်ပါတယ်။

------------------------------------------
ချက်ကိုစလိုဗက်ကီးယားအတွက် ကဗျာ
----------------------------------------------

ဘာပြုလို့ မျက်လုံးတွေထဲ
ဒီလို မျက်ရည်တွေ ရှိနေရမှာလဲ
ဒေါသတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့
အဲဒီမျက်ရည်တွေကို သုပ်ပစ်လိုက်စမ်း။
ချက်ကိုစလိုဗက်ကီးယားရဲ့ မျက်ရည်များ
စပိန်နိုင်ငံရဲ့ နှလုံးသားထဲက မျက်ရည်များ။

ကမ္ဘာကြီးကို ဘယ်လို အနက်ရောင်တောင်တန်းက
အလင်းရောင်နဲ့ မထိတွေ့နိုင်အောင် ကာဆီးထားသလဲ။
အချိန်ကျပြီ အချိန်ကျပြီ အချိန်ကျပြီ
ဘုရားသခင်ဆီ သူ့လက်မှတ် ပြန်ပေးဖို့ရာ အချိန်ကျပြီ။

ငါ ငြင်းဆိုတယ်
လူမဆန်တဲ့ အရူးတွေရဲ့အိမ်ထဲ
ငါ မနေဘူးလို့ ငြင်းဆိုတယ်။
ငါ ငြင်းဆိုတယ်
ဝံပုလွေတွေနဲ့အတူ မအူနိုင်ဘူးလို့
ငါ ငြင်းဆိုတယ်။

ငါ ငြင်းဆိုတယ်
ကွင်းပြင်ထဲ ငါးမန်းတွေနဲ့အတူ မဟစ်ကြွေးနိုင်ဘူးလို့
ငါ ငြင်းဆိုတယ်။

ငါ ငြင်းဆိုတယ်
နောက်ပြန်ဆုတ်တဲ့ လမ်းကြောင်းတခုမှာ
ငါ မကူးခတ်နိုင်ဘူးလို့
ငါ ငြင်းဆိုတယ်။

နားထောင်ဖို့ရာ နားနဲ့
နိမိတ်ဖတ်ဖို့ရာ မျက်လုံးတွေ
ငါ့မှာ မလိုအပ်ဘူး
သင့်ရဲ့ ရူးသွပ်နေတဲ့ကမ္ဘာအတွက်
အဖြေတစ်ခုပဲ ငါပေးမယ်
အဲဒါ ငါ ငြင်းဆိုလိုက်တယ်ဆိုတဲ့ အဖြေပဲ။ ။
(၁၉၃၈)

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

မှီငြမ်း။ ။ ။ (၁) SELECTED POEMS OF MARINA TSVETAYEVA
။ (၂) မောင်သာနိုးရဲ့ `တောမှော်ရုံလမ်း´ စာအုပ်
။ (၃) မြသန်းတင့် ဘာသာပြန်ဆိုတဲ့ `လူများ၊ သက္ကရာဇ်များ-ဘဝ´ စာအုပ်

မောင်စွမ်းရည် - ပန်းချီဆရာ ကာတွန်းဆရာ ''ထွန်းလှိုင်''

$
0
0

မောင်စွမ်းရည် - ပန်းချီဆရာ ကာတွန်းဆရာ ''ထွန်းလှိုင်''
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၇

မျက်မှောက်ခေတ် ပန်းချီကာတွန်းလောကမှာ ''ထွန်းလှိုင်''ဆိုတဲ့အမည်ကိုကြားဖူး၊ သိဖူးသူ အလွန်နည်းခဲ့ပါပြီး ပြောပ လောက်အောင် ပုံတွေမဆွဲဖူးလို့ မကျန်ရစ်လို့ လူသိနည်းတာ ဖြစ် မှာပေါ့လို့ ပြောလို့မဖြစ်ပါ။ သူ့လက်ရာပန်းချီသရုပ်ဖော် စာအုပ် တစ်အုပ်မှာ ၁၉၅၁ ခုနှစ်က ပထမဆုံး စာပေဗိမာန် စာပဒေသာဆု ရခဲ့တဲ့ စာအုပ်စင်မှာ မရှိမဖြစ်ထားရှိရတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါ တယ်။ သရုပ်ဖော်ရောင်စုံပုံတွေကလည်း နည်းနည်းနောနော မဟုတ်ပါ။ စာအုပ်တစ်ဝက်မက ပုံတွေနဲ့ပြည့်နေတဲ့ စာအုပ်ပါ။ ကိုယ်တိုင်ရေးဆွဲတာတွေပါ။

စာအုပ်ရဲ့အမည်က ''ဆင်ယင်ထုံးဖွဲ့မှု''တဲ့ ''ဆင်ယင်''တယ် ဆိုတာက အဝတ်အထည် ဝတ်ဆင်မှုကိုဆိုလိုတာဖြစ်ပြီး ''ထုံးဖွဲ့''တယ်ဆိုတာက ဆံကေသာဖြီးသင်ထုံးဖွဲ့မှုကို ဆိုလိုတာဖြစ်ပါတယ်။ မြန်မာနိုင်ငံသမိုင်းခေတ်အဆက်ဆက် ယောက်ျား၊ မိန်းမ၊ ပျိုပျို အိုအိုတို့ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ဆံပင်ထုံးဖွဲ့ပြင်ဆင်မှုများ အကြောင်းကို သမိုင်းအထောက်အထား စာပေ၊ ပန်းချီ၊ ဓာတ်ပုံ များနဲ့ဝေဝေဆာဆာ စုဆောင်းပြုစုရေးသားထားတဲ့ ကျမ်းငယ် တစ် ဆူဖြစ်ပါတယ်။ စာအုပ်ကို ရေးသားပြုစုသူက ''ရွှေကိုင်းသား''တဲ့။ အဓိပ္ပာယ်က စစ်ကိုင်းမြို့သားလို့ဆိုလိုတာဖြစ်ပါတယ်။ နာမည်ရင်း က မောင်ထွန်းလှိုင်တဲ့။ ရဟန်းဘဝကို ဂျပန်ခေတ်မှာ ခံယူတော့ ဦးသောဘိတဘွဲ့ကို ခံယူပါတယ်။

''ရွှေကိုင်းသား''ကလောင်ဘွဲ့ခံ၊ ဦးသောဘိတပဉ္စင်းဘွဲ့ခံမောင် ထွန်းလှိုင်ကို စစ်ကိုင်မြို့ ''တကောင်းရပ်''မှာ မြန်မာဆေးဆရာကြီး ဦးအုံ၊ ဒေါ်မြတို့က ခရစ်နှစ် ၁၉၁၂ မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ တကောင်းရပ်ဆိုတာ စာရေးဆရာကြီးမဟာဆွေနဲ့ ဇေယျာမောင် (မန်းတက္ကသိုလ်ကျောင်းအုပ်ကြီး) တို့ မွေးဖွားနေထိုင်ခဲ့တဲ့ရပ်ကွက် ပါ။ အဘိုးကမိုးတာဝန်ထောက်ဖြစ်ပြီး ပေပုရပိုက်စာပေအမွေတွေ ထားခဲ့လို့ ငယ်စဉ်ကတည်းက စာပေမွေ့လျော်သူဖြစ်ခဲ့ပါတယ်။ ညီအစ်ကိုမောင်နှမခြောက်ယောက်ရှိတဲ့အနက် မောင်ထွန်းလှိုင်က လေးယောက်မြောက်သားလတ်ဖြစ်ပါတယ်။ အစ်ကိုအကြီးဆုံးဦး ဘထွန်းက ဇာတ်မင်းသားကြီး၊ အစ်ကိုနံပါတ်၃၊ ဦးထွန်းကညိုချော ဘွဲ့ခံစာရေးဆရာ၊ မောင်ထွန်းလှိုင်အောက် အမှတ်စဉ် နံပါတ်၅ နှမဖြစ်သူမသိန်းရင်ရဲ့ ခင်ပွန်းက ဆရာအတတ်သင်ကောလိပ် လက်မှုပညာနည်းပြဆရာ ဦးဘသန်းဖြစ်ပါတယ်။ ဦးဘသန်းဆီက ပန်းချီနဲ့ဓာတ်ပုံပညာသင်ယူခဲ့ရပါတယ်။ ညီအငယ်ဆုံး ကိုထွန်းမြိုင် ကလည်း ပန်းချီနဲ့တံဆိပ်ထုအလုပ်ကိုလုပ်သူပါ။ ဒါကြောင့် မောင် ထွန်းလှိုင်ဟာ မျိုးရိုးအရ စာပေနဲ့အနုပညာမျိုးရိုးဖြစ်ပါတယ်။

ခေတ်ပညာအနေနဲ့တော့ ငွေကြေးမတတ်နိုင်လို့တဲ့၊ သတ္တမ တန်းအောင်ရုံပဲသင်ခဲ့ရပါတယ်။ ဆရာဦးဘသန်းဆီက အသက်မွေး ဝမ်းကျောင်းပန်းချီပညာနဲ့ ဓာတ်ပုံပညာအပြင် ဗေဒင်ပညာနဲ့ နက္ခတ်ကြည့်နည်းပညာများကိုပါ သင်ယူခဲ့ဖူးပါတယ်။ ၁၉၂၈ ခုနှစ် မှာ သတ္တမတန်းအောင်ခဲ့ပြီးနောက် ၁၉၃ဝ မှာ ပျဉ်းမနားမြို့က တစ်နှစ်သင်၊ ယောက်ျားလေးနော်မန်ကျောင်းက မူလတန်းဆရာ ဖြစ်ကို အောင်မြင်ခဲ့ပေမဲ့ တပည့်ကျောင်းသားများကို မျက်နှာမူပြီး စာသင်ရမှာ အလွန်ရှက်တတ်လို့ ကျောင်းဆရာမလုပ်ဖြစ်ဘဲ ကံအားလျော်စွာရရှိတဲ့ ကမ္ဗည်းကျောက်စာရုံး (ရှေးဟောင်းသုတေ သန) ဌာနမှ ပန်းချီဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ကမ္ဗည်းကျောက်စာဌာနဟာ အင်္ဂလိပ်အစိုးရက မန္တလေးမှာ အသစ်ဖွင့်လှစ်တည်ထောင်တဲ့ ရှေးဟောင်းသုတေသနဌာနပါ။ ပန်းချီပန်းပုစတဲ့ မြန်မာ့ရိုးရာပန်းဆယ်မျိုး အနုပညာရပ်များကို ကူးယူမှတ်တမ်းတင်ခြင်း၊ ကျောက်စာများကို ဖတ်ရှုမှတ်တမ်းတင် ခြင်း၊ ဘုရားပုထိုးများကို ဓာတ်ပုံရိုက်၊ ပုံစံထုတ်၊ ပန္နက်ပုံကူးခြင်း စတဲ့အလုပ်များကို လုပ်ရပါတယ်။ ကျောက်စာဝန်ခေါ် ညွှန်ကြား ရေးမှူးတွေ အဆက်ဆက်ကတော့ ပြင်သစ်လူမျိုး ချားလ်စ်ဒူရွိုင် ဇယ်၊ ဦးမြ၊ ဦးလူဖေဝင်းတို့ဖြစ်ပြီး သူတို့လက်အောက်မှာ ၁၉၃၁ ခုနှစ်က ၁၉၄၂ ခုနှစ်အထိ၊ နှစ်ပေါင်း ၁ဝ နှစ်မျှအမှုထမ်းခဲ့ပါတယ်။ ကမ္ပည်းကျောက်စာဌာနမှာ ဘုရားပုထိုးတွေရဲ့ပုံကို ပန္နက်ပုံ၊ ဘေး မြတ်ပုံစာသည် ထုတ်ရာကူးနေပါတယ်။ နံရံဆေးရေးပန်းချီပုံများ ကိုလည်း ကူးရပါတယ်။ ဒီပညာတွေကို မူလက ပိသုကာဖြစ်တဲ့ ဦးမြက လက်ထက်သင်ကြားပေးတဲ့အပြင် ကျောက်စာ ပျူစာ ဖတ်နည်းများကိုလည်း သင်ကြားပေးပါသေးတယ်။

ဦးမြလက်ထက်မှာ ပုဂံမြို့ဟောင်း၊ မြင်းကပါရပ်ရှိ၊ အပယ် ရတနာ ဘုရားထဲက နံရံပန်းချီကားများကို အဓိကထားကူးယူခဲ့ရဖူး ပါတယ်။ ဘုရားစေတီများက ပန်းချီ၊ ပန်းပုများကိုသာမက ယွန်း ထည်များ၊ ခြေတော်ရာများမှစလို့ ပန်းဆယ်မျိုးအနုပညာ ပန်းပု၊ ပန်းရံ၊ ပန်းတော့၊ ပန်းတမော့၊ ပန်းယွန်း၊ ပန်းဖွယ်စတဲ့ ပုံများကို လည်း ကူးယူမှတ်တမ်းတင်ခဲ့ရပါတယ်။ ကူးယူရာမှာ ခုခေတ်လို စက်လှေကား၊ လျှပ်စစ်မီး၊ ပုံကူးစက္ကူစတာတွေမရှိသေးလို့ ဝါးလှေ ကားတို့၊ ဖယောင်းတိုင်မီးတိုနဲ့ ကြုံသလိုကူးယူခဲ့ရတာတွေ လုပ်ခဲ့ ရရှာပါတယ်။ ရှေးဟောင်းသုတေသနဌာနဆိုတာ ပေါ်ခါစမို့ ဘာလုပ်မှန်းမသိဘဲ သိုက်တူးသမားတွေ၊ ထင်မတ်လို့ အရပ်သား တွေက ရန်မူတာခံကြရပြီး ပုလိပ်(ရဲ) အစောင့်အရှောက်နဲ့တောင် အလုပ်လုပ်ခဲ့ရဖူးပါတယ်။

ရှေးဟောင်းသုတေသနဌာန (ကမ္ပည်းကျောက်စာဌာန) အရာရှိတွေ၊ ဝန်ထမ်းတွေက စာပေသမားတွေဖြစ်ကြလို့ ဆရာများ ထံက စာပေများလည်း လေ့လာဆည်းပူးခွင့်ကို မောင်ထွန်းလှိုင်ကံ ကောင်းထောက်မစွာ ရရှိခဲ့ပါတယ်။ ဦးမြဦး ၊ လူဖေဝင်းတို့က အလုပ် ပညာရော စာပေပညာတွေပါ သင်ပေးခဲ့လို့ တက္ကသိုလ်က သင်ခဲ့ ရတဲ့ ဘွဲ့ရသမိုင်းပညာရှင်တွေထက် မြန်မာသမိုင်း၊ မြန်မာမှု၊ မြန်မာ့ ဓလေ့ လေ့လာမှုမှာ ထွန်းပေါက်ခဲ့ပါတယ်။ ရွှေတိုင်းသား၊ ဦးသောဘိတ အနေနဲ့ပြုစုခဲ့တဲ့ စာအုပ်၊ စာပေများကဝိဇ္ဇာ၊ မဟာဝိဇ္ဇာနဲ့ပါရဂူသုတေသီများအထိ လက်စွဲပြုဖတ်ရှုကိုးကားရတဲ့ စာပေတွေဖြစ် လာခဲ့ပါပြီ။ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးတာတွေ လည်းအများကြီးပါ။

ရွှေကိုင်းသား မောင်ထွန်းလှိုင်ဟာ ပန်းချီပညာရှုထောင့်က ပြောရရင် ပထမဦးဆုံး မြန်မာ့ရိုးရာပန်းချီအနုပညာရှင်လို့ ပြောနိုင် မယ် ယူဆပါတယ်။ သူရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကိုက ရှေးဟောင်းပန်းချီ၊ ပန်းပု၊ ပန်းရန်၊ ပန်းတော့၊ ပန်းတမော့စတဲ့ ပန်း ၁ဝ မျိုးအနုပညာတွေကို ကူးယူမှတ်တမ်းတင်ရတဲ့အလုပ်ဆို တော့ တချို့ပုံတွေကို မူရင်းပုံနဲ့တူအောင် အလွတ်ပြန်ဆွဲနိုင်သည် အထိ ရှေးရိုးမြန်မာပန်းချီကို နိုင်နင်းခဲ့ပါတယ်။ ဓာတ်ပုံပညာမှာ လည်း ကိုလိုနီခေတ်က ဈေးအပေါဆုံး ''ဘရောင်နီကင်မရာ''ကိုသာ သုံးနိုင်သူဖြစ်ပေမဲ့ မြန်မာနိုင်ငံတွင်သာမက ပြည်ပဓာတ်ပုံပြိုင်ပွဲ တွေမှာပါ ကိုယ်တိုင်ရိုက်၊ ကိုယ်တိုင်ကူးဆေးပြီး ပြိုင်ပွဲဝင်ခဲ့ရာမှာ အဆင့်မြင့်ဓာတ်ပုံပညာဆုတွေလည်း ရခဲ့ဖူးသူဖြစ်လာခဲ့ပါတယ်။

စာပေစတင်ရေးသားတာကတော့ ၁၉၃၂ လောက်မှာဖြစ်ပါ တယ်။ ရတနာပုံလှိုင်ခင်အေး ကလောင်အမည်နဲ့ ''သူရိယရုပ်ရုံ သတင်း''မှာ သမိုင်းရာဇဝင်ဆောင်းပါးတွေ စတင်ရေးသားရာက ကလောင်သွေးဖြစ်ခဲ့ပါတယ်။ ရတနာပုံလှိုင်ခင်အေးအမည်နဲ့ပဲ သူရိယမဂ္ဂဇင်း''မှာလည်း ဆက်လက်ကလောင်သွေးခဲ့ပါတယ်။ ''ရွှေ ကိုင်းသား''ကလောင်အမည်ကိုတော့ ၁၉၃၆ မှာ ကြီးပွားရေး မဂ္ဂဇင်းက စပြီးအသုံးပြုရေးသားခဲ့ပါတယ်။ ကြီးပွားရေးဆိုတာ နောင်အခါလူထုဦးလှဖြစ်လာတဲ့ ကြီးပွားရေးမောင်လှတည်းဖြတ် ထုတ်ဝေတဲ့မဂ္ဂဇင်းဖြစ်ပါတယ်။ ကြီးပွားရေးမှာ ဦးလှနဲ့ခင်မင်ရင်း နှီးလာပြီးနောက် ''ထွန်းလှိုင်''အမည်ရင်းနဲ့ ကာတွန်းပုံများရေးဆွဲ ခံဖူးတာကိုလည်း တွေ့ရဖူးပါတယ်။ ကျွန်တော် မူလတန်းကျောင်း သားအရွယ်လောက်က ကြီးပွားရေးမဂ္ဂဇင်းမှာပါတဲ့ ''ထွန်းလှိုင်''ရဲ့ ဟစ်တလာကာရီလေးသွားပုံကို ကူးဆွဲခဲ့ဖူးပါတယ်။ မျက်ခုံး တစ်ဖက်မှာ ဆံပင်အုပ်ပြီး၊ နှာတံအောက်ခြေမှာ နှုတ်ခမ်းမွေးဖုတ် စုပေးပါတဲ့ ဟစ်တလာရဲ့ပုံကို ဒီနေ့အထိ ပြန်ဆွဲနိုင်ပါသေးတယ်။

ကြီးပွားရေးမဂ္ဂဇင်းမှာ သမိုင်းရာဇဝင်ရေးရာဆောင်းပါးတွေ ကိုရေးရင်း ဦးလှ၊ ဒေါ်အမာတို့နဲ့ ရင်းနှီးခင်မင်လာခဲ့ပါတယ်။ နောင် အခါ လူထုသတင်းစာလူထုဂျာနယ်၊ မန္တလေးဟံသာဝတီသတင်း စာ (ဦးဝင်းတင်အယ်ဒီတာလုပ်တဲ့အခါ) ဆက်လက်ရေးသားပါ တယ်။ ကြီးပွားရေးမဂ္ဂဇင်းမှာ ကျွန်တော့်အဖို့ မျက်စိကျစရာ ဖြစ်တာကတော့ ကောက်စိုက်သီချင်း ဗုံကြီးသံများဖြစ်ပါတယ်။ ''ရွှေဘိုဗုံကြီးသံများ''လို့လည်းခေါ်ပါတယ်။ ကျွန်တော်ရွှေဘိုခရိုင် ကန့်ဆည်မြို့မှာ ကျောင်းဆရာလုပ်တုန်းက ဗုကြီးသံတွေ ဆက် လက်စုဆောင်းပြီး လူထုသတင်းစာမှာ ဖော်ပြခဲ့သော ရွှေကိုင်းသားရဲ့အမွေခံအလုပ်ပါပဲ။ ကြီးပွားရေးမှာပါခဲ့တဲ့ ဗုံကြီးသံနဲ့ စာရေး ဆရာအသင်းစာစဉ်တစ်ခုအဖြစ် ''လယ်ကွင်းထဲက လူထုတေး''ဆို တဲ့ စာအုပ်ကလေးတစ်အုပ်ထုတ်ခဲ့ဖူးပါတယ်။ ကျွန်တော်ဟာ ဒီနေ့ အထိ ဗုံကြီးသံတွေ စုဆောင်းရာမှာ အများဆုံးစုဆောင်းသူဖြစ်သည်အထိ စုဆောင်းခဲ့တာဟာ ကြီးပွားရေးမဂ္ဂဇင်းရွှေကိုင်းသား ရဲ့ အမွေခံတာဖြစ်တဲ့အပြင် ဒီနေ့အထိ ကာတွန်းရုပ်ကလေးတွေ ကို ကူးဆွဲလို့မဆုံးဖြစ်နေတာဟာလည်း ကြီးပွားရေးက ''ထွန်းလှိုင်''ရဲ့အမွေကိုခံတာဖြစ်ကြောင်း သတိပြုမိလို့ ဒီဆောင်းပါးကို ရေး လိုက်တာပါ။

ကျွန်တော်ဟာ ကာတွန်းဆရာတိုင်းနဲ့ခင်ပါတယ်။ ကာတွန်း ဝင်းအောင်ဆိုရင် မန္တလေးသားဖြစ်တဲ့အပြင် ရန်ကုန်မှာလည်း တစ် ရပ်တည်းလိုနေခဲ့သူဖြစ်လို့ ညီလေးတစ်ယောက်လို ခင်မင်ရင်းနှီး ပါတယ်။ သူက ကာတွန်းသမိုင်းဆိုပါတော့ ကာတွန်းဆရာတွေ အကြောင်းကိုစုပြီး စာအုပ်ကလေးရေးပါတယ်။ မန္တလေးက ဝင်းဖေ၊ ပေါ်ဦးသက်တို့အကြောင်းကို နောက်တစ်အုပ်မှာ ရေးမယ်လို့ ဆိုပါတယ်။ သူနဲ့ရင်းနှီးမယ်မထင်တဲ့''ထွန်းလှိုင်အကြောင်းကို သိ သမျှရေးလိုက်တာပါ။ သူတို့ရည်ညွှန်းရင်း ဆရာတော်ရွှေကိုင်းသား အလွမ်းပြေရေးမိတာပါ။

ထွန်းလှိုင်ဆိုတဲ့ ကာတွန်းဆရာဟာ ဘယ်သူလဲ၊ ဘယ်လို လူလဲ ဆိုတာလည်း လူငယ်တွေ သိရအောင်ရေးတာပါ။ ကြီးပွား ရေးမှာရေးဆွဲခဲ့တဲ့ ကာတွန်းဆရာပါ။ ကြီးပွားရေးဟာ ဦးဘဂျမ်း ရဲ့ လက်ရာကာတွန်းများကိုလည်း ကြီးပွားရေးမှာ ဖော်ပြခဲ့ပြီး မြန်မာစာအုပ်သမိုင်းမှာ ပထမဦးဆုံးကာတွန်းစာအုပ်ကို ကိုပြူး၊ မပြုံးကာတွန်းပေါင်းချုပ်စာအုပ်ငယ်ငယ်နဲ့ မော်ကွန်းထိုးခဲ့ပြီး လူထု ဝင်းဖေကာတွန်းစာအုပ်များကိုလည်း ဒီဘက်ခေတ်မှာ ထုတ်ခဲ့ဖူး ပါတယ်။ ရွှေကိုင်းသားနဲ့ဦးလှဒေါ်အမာတို့က မောင်နှမအရင်းလို ခင်ပါတယ်။ ဒေါ်ဒေါ်ဒေါ်အမာနဲ့ ဦးသောဘိတတို့ဟာ နောင် ဘဝတွေမှာ မောင်နှမတော်ရပါစေသားလို့ နှစ်ဦးလုံးက ဆုပန်ခဲ့ ကြဖူးပါတယ်။ တစ်သက်လုံး စာပေအနုပညာတာဝန်တွေကို အတူ ထမ်းဆောင်သွားခဲ့ကြပါတယ်။

ရွှေကိုင်းသားစာပေဗိမာန်ဆုရတဲ့ ဆင်ယင်ထုံးဖွဲ့မှုကျမ်းဟာ လူထုတိုက်ထုတ်တာပါ။ ရွှေကိုင်းသားဟာ လူထုတိုက်ကထုတ်တဲ့ သခင်ကိုယ်တော်မှိုင်း၊ ဦးလှ၊ ဒေါ်အမာတို့ရဲ့ စာအုပ်များကိုလည်း တည်းဖြတ်အမှာစာတွေ ရေးနိုင်လောက်အောင် စာပေအဆင့် အကုန်းမြင့်သူကဦးပါ။ ဒါကြောင့် ဒေါ်အမာက ရွှေကိုင်းသားကို ကြိုးစားဖွဲ့အောင်မြင်သူလို့ မှတ်ချက်ချခဲ့ဖူးပါတယ်။ ဆရာတော် ဟာ စစ်ကိုင်းတောင် အနုရဒ္ဓါချောင်မှာ တစ်ပါးတည်းဧကစာကျင့် ခဲ့ပါတယ်။ ဓားပြတွေရိုက်တာခံရလို့ ဒဏ်ရာအနာတရဖြစ်တာနဲ့ အသက်တိုခဲ့ရတာဖြစ်ပါတယ်။ လယ်တီဦးကာဝိဒခေါ် ''ကဝိဘာရီ ကီ''ကျမ်းပြုဆရာတော် (ပုပ္ပားဦးကျော်ရင်)လည်း ဓားပြတွေသက် လို့ အသက်ဆုံးရှုံးခဲ့ရတာပါ။ နှမျောမဆုံးပါ။

ပထမဦးဆုံး မြန်မာ့ရိုးရာပန်းချီဆရာရွှေကိုင်းသား ကြီးပွား ရေးမဂ္ဂဇင်း ကာတွန်းဆရာ ကိုထွန်းလှိုင် နိဗ္ဗာန်မရောက်မီကြာ ကာလမှာ ဘဝဆက်တိုင်း ပန်းချီအနုပညာရှင်စာရေးဆရာဖြစ်ပါ စေသတည်း။ သူတို့ဆုတောင်းသလို ဘဝဆက်တိုင်း လူထုမောင်နှံ နဲ့အတူ စာပေအနုပညာအကျိုး ထမ်းရွက်နိုင်ကြပါစေသတည်း။

မောင်စွမ်းရည်
၂ဝ၁၇၊ အောက်တိုဘာ ၁၉

အခွန်ထမ်းသာဂိ - အခွန်ကိစ္စ ဆိုလို့

$
0
0

အခွန်ထမ်းသာဂိ - အခွန်ကိစ္စ ဆိုလို့ 
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၇

ယနေ့ အမေရိကန်လွှတ်တော် ၂ ရပ်လုံးမှာ ၀င်ငွေခွန်ပြင်ဆင်ရေး ဥပဒေကြမ်းတွေ တင်သွင်းဖို့ လုပ်နေပါတယ်။ ရီပတ်ဘလစ်ကန် လက်ယာစွဲ လွှတ်တော်အမတ်တွေ ကြီးစိုးတာမို့ သူတို့ Tax Reform ဟာ လူချမ်းသာတွေ အခွန်သက်သာစေတဲ့ ဥပဒေကြမ်းဖြစ်လိမ့်မယ်လို့ ဝေဖန်ပြစ်တင်ခြင်း ခံနေရပါတယ်။ အမေရိကန်အစိုးရဟာ အခွန်တွေ ကောက်ပြီး တိုင်းပြည်ကို လည်ပတ်တဲ့အစိုးရဖြစ်တာမို့ အခြားဝင်ငွေ မရှိဘူးလို့ ဆိုကြပါစို့။ အခွန်တော်နဲ့ပဲ အစိုးရကိစ္စတွေ လုပ်ကိုင်တာမို့ အခွန်တော် များများရဖို့ အရေးကြီးပါတယ်။ လူချမ်းသာဘက်လိုက်တဲ့ လွှတ်တော်အမတ်တွေကတော့ အခွန်လျော့ဘို့ အစိုးရအသုံးစာရိတ် လျော့ချဖို့သာ တွင်တွင်တရားဟောပါတယ်။

လက်ရှိ အမေရိကန်အစိုးရရဲ့ ၀င်ငွေ၊ သုံးငွေက ဘယ်လောက်ရှိသလဲ။ ၂၀၁၆ စာရင်းများအဆိုအရ ၃.၃ ထီလျံ (ကုဋေပြီးတော့ ကုဋာ - တစ်နောက်က သုည ၁၂ လုံး = (1,000,000,000,000)) အခွန်တော်များကနေ ရပါတယ်။ သူတို့ပြန်သုံးစွဲတာက ၃.၉ ထီလျံ ပြန်သုံးတော့ လိုငွေက ၅၈၇ ဘီလျံ (တစ်နောက်က သုည ကိုးလုံး = (1,000,000,000)) ရှိပါသတဲ့။ လိုငွေကို ဘယ်က ပိုက်ဆံနဲ့ ချေးသုံးတုန်း ဆိုတော့ အမေရိကန်က အစိုးရငွေချေးစာချုပ် ထုတ်ရောင်းပြီး ငွေရှာပါတယ်။ အဲသည် ငွေချေးစာချုပ်ကို Treasury Bond လို့ခေါ်ပြီး အတိုးကတော့ နှစ် ၃၀ လို ကာလမှာ အတိုး ၂.၇၅ ပေးတယ်လို့ ဆိုပါတယ်။ အဲသည် ငွေတိုးချေးပြီးတော့ တိုင်းပြည်လည်ပတ်တယ်လို့ အကျဉ်းဆိုကြပါစို့။

သည်တော့ နိုင်ငံသားတိုင်း၏ တာဝန်ဟာ အခွန်ထမ်းဆောင်ရေး ဖြစ်ပါတယ်။ ငွေဝင်တိုင်း အခွန်ဆောင်၊ ငွေထွက်တိုင်းလည်း အခွန်ဆောင်ရတဲ့ စနစ်ဖြစ်ပါတယ်။ ဟာ့ ဘယ်နှယ့် ငွေထွက်တိုင်း အခွန်ဆောင်ရသတုံးဆိုတော့ - ၀င်ငွေခွန်အပြင် အခြားအခွန်အတုတ်တွေလည်း ရှိတော့ အဲသည်အခွန်တွေထဲက ဥပမာ - sale tax, consumer tax ဆိုတာက ကိုယ်သုံးရင်လည်း အခွန်ပေးရတဲ့ သဘောပါခင်ဗျ။

ငွေဝင်တိုင်း အခွန်ဆောင်ရတာက ရှင်းအောင်ပြောရရင် ပြည်ထောင်စု federal အစိုးရကို ဖြစ်ပါတယ်။ အဲသည်မှာ ဘာတွေပါသလဲဆိုတော့ income tax, payroll tax နဲ့ corporate income tax တွေပါ။ တဦးချင်း ၀င်ငွေခွန်၊ ၀န်ထမ်းလစာခွန် နဲ့ လုပ်ငန်းဝင်ငွေခွန် ပေါ့ခင်ဗျ။ ကိုယ်ပိုင်လုပ်ငန်းဝင်ငွေကတော့ Income tax ပေါ့။ လခစားတွေက payroll tax ပေါ့။  ကုမ္မဏီတွေအနေနဲ့ အမြတ်ဝင်ငွေကတော့ corporate tax ပေါ့ဗျာ။

ဥပမာ - ကျနော်က အပြင်လုပ်ငန်းလုပ်လို့ ငွေဝင်တာက income tax ၊ အဲသည်မှာ ၀န်ထမ်းလည်း လုပ်သေးဆိုတော့ ဒါကတော့ payroll tax ဆောင်ရတာပေါ့။ ပြီးတော့ ကျနော်က ကုမ္မဏီလည်း ထောင်ပြီး အလုပ်လုပ်ပြန်ရင် ကုမ္မဏီကလည်း လူလိုပဲ သူ့အမြတ်ခွန် သူဆောင်ရပါတယ်။ သူ့လခစားတွေ ပေးတာ သူ့အသုံးစာရိတ်တွေ ကုန်တာတွေ နှုတ်ပြီး ကျန်တာ corporate income tax ဆောင်ရပါတယ်။

အမေရိကားမှာ ယခင်နှစ် စာရင်းအရ - တဦးချင်းဝင်ငွေခွန်က ၁.၄၈ ထီလျံ (ပြည်ထောင်စု အခွန်ဝင်ငွေ၏ ၄၅% )။ လခစားတွေ အခွန်ပေးရတာက ၁.၀၇ ထီလျံ (၃၄%) နဲ့ ကော်ပိုရေးရှင်းတွေ၏ အမြတ်ခွန်ခေါ်ခေါ် ၀င်ငွေခွန်ခေါ်ခေါ်က ၃၄၁.၇ ဘီလျံ (၁၁%) ရှိကြပါတယ်တဲ့ ခင်ဗျ။

တခြား ပြည်ထောင်စုအခွန်တော်တွေထဲမှာ လေခွန်၊ ရေခွန်၊ မြေခွန်၊ စွမ်းအင်ခွန်၊ အင်ပို့ အိပ်စ်ပို့ ကုန်သွယ်ခွန်တွေလည်း ရှိပါတယ်။ excise tax လို့ ခေါ်ပါတယ်။ တီဗီကြည့် တယ်လီဖုံးသုံး အဲသည်အတွက် federal က လေခွန်ကောက်တယ်လေ။ ခင်ဗျားတို့ ဘီလ်ထဲမှာ ကြည့်ပေါ့။

ကဲ ဒါတွေက ပြည်ထောင်စု ဗဟိုအစိုးရ၏ အခွန်တော်ဝင်ငွေတွေပါ။ ပြီးတော့ ကျနော်တို့ နေထိုင် အသက်မွေးတဲ့ ပြည်နယ်အလိုက်၊ မြို့အလိုက်၊ မြို့နယ် ရပ်ကွက်အလိုက်လည်း အခွန်ဆောင်ရပါသေးသဗျား။ ခုနင်က sale tax, consumer tax, road tax, gas tax ဆိုတာတွေက ကိုယ်သုံးတိုင်း ငွေထွက်တိုင်း ပြည်နယ်အဆင့် မြို့နယ်အဆင့်ကို ဆောင်ရတာ ဖြစ်ပါတယ်။ စည်ပင်သာယာရေးအခွန်လို့ ဆိုရမလား မသိ။ ဘာကြောင့်ဆိုတော့ ပြည်ထောင်စုနဲ့ ပြည်နယ်ဆိုတာ သီးခြားစီ ဘတ်ဂျက်တွေ လုပ်ငန်းဆောင်တာတွေ ခွဲခြားထားတော့ ပြည်နယ်အတွက် မြို့နယ်အတွက် ကုန်ကျစာရိတ်တွေကို ကာမိဖို့ သူတို့ကလည်း ပြည်နယ်အလိုက် မြို့နယ်အလိုက် ဥပဒေပြဌာန်းပြီး ကိုယ်သုံးတဲ့ ငွေပေါ်ကနေ အခွန်ကောက်ကြတာကိုး။ ဒါနဲ့ပဲ ပြည်နယ် မြို့နယ် အစိုးရလုပ်ငန်းတွေက ပြည်ထောင်စုဘတ်ဂျက်ခွဲပေးတဲ့ပေါ်က အပိုဆောင်းပြီး သုံးစွဲကြပါတယ်။

ဥပမာ - ကျနော်က ကမာရွတ်မှာ နေတယ်။ ကမာရွတ်က ဈေးမှာ ဈေးဝယ်တော့ sale tax စားသုံးခွန် ၈% ပေးလိုက်ရတယ်။ ဒါက ရန်ကုန်တိုင်းနဲ့ ကမာရွတ်မြို့နယ်တို့အတွက် အခွန်တော် ၀င်ငွေ။ သူတို့ ဖွံဖြိုးရေးအတွက် သူတို့ သုံးစွဲဖို့ ရှာတဲ့ ပိုက်ဆံပါခင်ဗျ။ ကမာရွတ်က ဓာတ်ဆီဆိုင်မှာ ဆီထည့်တော့ gas tax ၁၂% ပေးလိုက်ရတယ်။ ဒါက ကမာရွတ်မြို့နယ်က လမ်းတွေ တံတားတွေ ပြုပြင် ထိန်းသိမ်း အသစ်တိုးချဲ့ရေးအတွက် ဆောင်လိုက်ရတဲ့ အခွန်တဲ့ဗျ။ ပြည်ထောင်စုနဲ့မဆိုင် ကိုယ့်ရပ်ရွာ ဖွံဖြိုးရေးအတွက် local tax ပါ။ ကဲ ... နေရာတိုင်းမှာ အခွန်တွေနဲ့ လည်ပတ်ရတယ်ဆိုတာ သည်လို ခွဲခြား ကောက်ခံနေလို့ပါတဲ့ခင်ဗျ။ ဥပမာပေးတာက ကမာရွတ်နော်။ တကယ် ကမာရွတ်မှာ အဲသလိုမရှိသေးပါ။ မြန်မာပြည်မှာက အခွန်အတော်များများမှန်သမျှ ပြည်ထောင်စု ဗဟိုကပဲ ယူနေတုန်းပဲ။ ၂၀၀၈ အခြေခံဥပဒေအလိုရ မို့လား။

ပြီးတော့ ကမာရွတ်မှာ property tax ဆိုတာ ရှိသေးတယ်။ (မြန်မာပြည်က ကမာရွတ်မဟုတ်၊ အမေရိကားက ကမာရွတ်ဟု မှတ်ယူစေလိုပါသည်)။ အိမ်ခွန်ပေါ့ဗျာ။ ကိုယ်က ပိုက်ဆံပေးဝယ်ပြီးလည်း နေရသေး၊ အခွန်လည်း ဆောင်ရသေးဆိုတာပေါ့။ သူက မြို့နယ်နဲ့ တိုင်းအတွက် စည်ပင်သာယာရေး လူထုအကျိုးသုံးစွဲရေးအတွက် အိမ်ပိုင်ခွန် ဆောင်ပေးရတာပါ။ ဒါနဲ့ အိမ် လမ်း ကျောင်း ဈေး ဘတ်စ်ကား ဆေးရုံ လျပ်စစ်မီး ပုလိပ်စခန်း သာယာပြည့်စုံအောင်၊ မြို့နယ်ဝန်ထမ်းတွေ လစာပေးနိုင်အောင်၊ ၀န်ဆောင်မှု ကောင်းကောင်းပေးနိုင်အောင် ပြည်သူကို တင်ပြအသိပေးပြီး ခွဲခြမ်း သုံးစွဲပါသတဲ့။

ဒါကြောင့် စီးပွားရေးကောင်းတဲ့ ပြည်နယ်တွေ မြို့နယ်တွေမှာ local tax တွေ များပြီး သူတို့တွေရဲ့ လူနေမှုအဆင့်ကလည်း မြင့်၊ ဈေးကလည်း ကြီး၊ ၀င်ငွေကလည်း ကောင်းပါတယ်။ ဥပမာ - ကယ်လီဖိုးနီးယားကို ကြည့်၊ သူ့ပြည်နယ်ထဲက ဆန်ဖရန်တို့ အယ်လ်အေတို့ကို ကြည့်။ ရေမြင့် ကြာတင့်ပေါ့ခင်ဗျာ။ အခွန်ဆိုတာ အမေရိကားမှာတော့ (ဖြစ်နိုင်ရင် နည်းနည်းလေးတော့) ဆောင်ကောင်းတဲ့ အရာပါ။ လူတွေလည်း နားလည်ကြပါတယ်။

မြန်မာပြည်ကလူတွေက စားသောက်ဆိုင်မှာ သွားစားတာ sale tax တွေ service tax တွေ တံဆိပ်ခေါင်းတွေ ကပ်ရ ပေးရတာကို စိတ်ဆိုးတဲ့အကြောင်း ဖေ့စ်ဘွတ်ပေါ် တင်တင်နေကြတာ တွေ့နေရပါတယ်။ ၀င်ငွေခွန်လည်း ဆောင်ရသေး၊ ဒီလိုစားသုံးတဲ့အပေါ်လည်း အခွန်ပေးရသေး။ ဘာလဲ ဘယ်လဲပေါ့။ အင်း ... အမေရိကားမှာဆိုရင်တော့ ဒီကိစ္စက ရှေ့နေလိုက်ပေးလို့ ကောင်းသော်လည်း မြန်မာပြည်မှက သည်အခွန်တွေဆိုတာ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိတော့ ၀င်ပြီး ဖာပေးဖို့က ခက်သားလားဗျ။ ပြည်ထောင်စုကပဲ ရသလား။ ပြည်နယ်ကပဲ ရသလား။ ရပ်ကွယ်လူကြီးအိတ်ထဲပဲ ရောက်ကုန်သလား မသိတော့ ၀င်ပြီး ဖာကောင်းဖာသည် လုပ်ဖို့ မရဲပါ။

ဥပမာ - ပြည်ထောင်စုနဲ့ ပြည်နယ်အစိုးရတို့ကြား အကျိုးစီးပွားများ မျှတစွာ ခွဲဝေခြမ်းရေးဆိုတာ အခြေခံဥပဒေမှာဖြစ်ဖြစ် နောက်တိုး ပြဌာန်းချက်မှာ ဖြစ်ဖြစ် ရှိရင် ကောင်းတာပေါ့ဗျာ။ ကချင်ပြည်နယ်က ထွက်လိုက်တဲ့ ကျောက်စိမ်း။ အခွန်က ပြည်ထောင်စုကပဲ သိမ်းကျုံးယူထားရင် ပြည်နယ်က မွဲရတော့ မှာပေါ့။ ပြည်ထောင်စု ဘတ်ဂျက်က ပြည်နယ်တွေကို ဆင်းရဲ ချမ်းသာအလိုက် ပြန်ခွဲဝေပေးတယ် ထားပါဦး၊ ငွေများများ ရှာပေးတဲ့ သားကြီးလည်း မုန့်ဖိုး တမတ်၊ ငွေနည်းနည်းရှာပေးတဲ့ သားထွေးလည်း မုန့်ဖိုး တမတ်ဆိုရင် မိဘတွေကို သားသမီးတွေက ငွေအကုန်အပ်ဖို့ ကြည်ဖြူပါ့မလား။ သည်တော့ သားကြီးဖာသာ အိမ်ခွဲနေပြီး မင်းက သည်လောက်တော့ အဖေတို့ကို ပြန် ပေးကွာ၊ သားထွေးကတော့ ငါတို့အိမ်ပေါ်ခေါ်တင် ကျွေးထားမယ်။ သားထွေးက သည်လောက်ပဲပေး၊ အိမ်အလုပ်တွေလည်း ကူလုပ်လို့ မိဘက ဆုံးဖြတ်ရင် မိသားစုတွေကြား ကျေနပ်ဖွယ် ဖြစ်ကြမယ် ထင်ပါတယ်။ အမေရိကန်က ဖယ်ဒရယ်နဲ့ ပြည်ထောင်စုစနစ်ဆိုတာ အဲသလို ဆန်ဆန်လို့ ရှင်းပြနိုင်မယ် ထင်ပါတယ်။

ဝင်ငွေခွန်ဆိုတာကလည်း တပြေးညီ % တခုတည်း မကောက်ပါခင်ဗျ။ အမေရိကားမှာက အသားတင်ဝင်ငွေတွေမှာ bracket တွေ အဆင့်တွေ သတ်မှတ်ထားပါတယ်။ [တနှစ် ၀င်ငွေ ၁သောင်း ၈ထောင် အောက်] က ၁၀% ပေး။ [၁၈၀၀၀ ကနေ ၇သောင်းခြောက်ထောင်အတွင်း] ဆို ၁၅% ပေး။ [၇၆၀၀၀ ကနေ တသိန်းခွဲအတွင်း] ၀င်ငွေဆို ၂၅%။ ဒီလိုမျိုး ခွဲထားပါတယ်။ အကြမ်းအားဖြင့်ပေါ့။ ဥပမာ ကျနော်က တနှစ် ငွေ ၈ သောင်းဝင်တယ် ဆိုကြပါစို့။ (တကယ် မ၀င်ပါ၊ ဥပမာနော်)။ ၈သောင်းစလုံးကို ၂၅% ကောက်တာ မဟုတ်ပါ။ ကျနော့်ဝင်ငွေထဲက အဆင့်အတိုင်းကို % နဲ့ ခွဲကောက်တာပါ။ ကျနော့် ၈သောင်းထဲက [၁၈၀၀၀ အဆင့်အတွက် ၁၀% ကောက်]၊ ပြီးတော့ [၇သောင်းခြောက်ထောင်အထိက ၁၅% ကောက်]၊ အပေါ်ကbracket  လက်ကျန် [၇၆၀၀၀ ကနေ ၈၀၀၀၀] အတွင်း ကိုမှ ၂၅% ခွဲကောက်ပါတယ်။ အကြမ်းအားဖြင့် အခွန်တော် ၁သောင်းကျော်လောက် ကျပါတယ်။  (https://www.nerdwallet.com/blog/taxes/federal-income-tax-brackets/)

အခုလိုပြောလိုက်တော့ မင်းတို့ ၀င်ငွေခွန်ဥပဒေက ရှုပ်လိုက်တာကွာ။ ဖက်ဒရယ်ကကောက်၊ ကောက်တော့လည်း ဘရက်ကက်တွေနဲ့။ တခြား အခွန်တွေကလည်း ရှိသေးတယ်။ ပြည်နယ်ကလည်း ကောက်၊ မြို့နယ်ကလည်း ကောက်။ ပြီးတော့လည်း ရတဲ့အခွန်တွေကို အစိုးရပေါင်းစုံကလည်း သုံးလိုက်တာ လိုငွေပြလို့ အကြွေးတောင် တင်တယ်ဆိုတော့ ဘယ်လိုလုပ် ဟန်ကျမလဲလို့ မေးချင်စရာပါ။ ဟုတ်ပါတယ်။ စနစ်တွေက အဆင့်ဆင့် နှစ်ပေါင်းများစွာ လွှတ်တော်တွေ အမတ်တွေ အစိုးရတွေ သမ္မတတွေ အဆက်ဆက် ပြင်ကြ ဆင်ကြနဲ့ ဆိုတော့ ဇာတ်လမ်းတွေ ရှုပ်တာပေါ့။ သည်လိုနဲ့ပဲ စခန်းသွားနေရတာပါ။

ပြောချင်တာက အခုမှ မြန်မာပြည်က အခွန်စနစ်နဲ့ တိုင်းပြည်ကို လည်ပတ်ဖို့ စလုံးရေ စတုန်း ရှိပါသေးတယ်ဆိုတာပါ။ နားလည်မှုတွေ ဗဟုသုတတွေ လေ့လာမှုတွေ အများကြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဆိုရှယ်လစ်ခေတ်တုန်းက ဗဟိုက အကုန် ရှာ အကုန်သုံး မလောက်ရင်လည်း ပိုက်ဆံ ရိုက်ထုတ်၊ မထုတ်လောက်ရင်လည်း ငွေစက္ကူတွေ ဖျက်သိမ်း၊ လူတွေကိုလည်း ရာရှင်စနစ်နဲ့ ပစ္စည်းတွေဝေတာနဲ့ မှောင်ခိုအားပေးဘ၀နဲ့ နေခဲ့ကြရတာပါ။ အာဏာရှင်လက်ထဲရောက်သွားတော့လည်း အခွန်နဲ့ရပ်တည်မယ့်အစား ဗဟိုက ရှိတာ ချရောင်း၊ စစ်အုပ်စုနဲ့ ခရိုနီတွေက လက်ညိုးထိုးရောင်း၊ အိတ်ထဲထည့်။ လူတွေကို အကြပ်အတည်းတွေထဲ ဖိနှိပ်ထားပြီး ခိုးစား၊ လုစား၊ တောင်းစားတွေအောက်မှာ လူတွေက အသက်မွေးရ၊ သားသမီးတွေက ပြည်ပထွက် ငွေရှာပြီး ပြန်ပို့ရတဲ့ အခြေအနေတွေနဲ့ နေခဲ့ရတာ ဖြစ်ပါတယ်။ အခုမှ လူထုတင်မြှောက်တဲ့ အစိုးရနဲ့လွှတ်တော်ကနေ အခွန်တော်အားကိုး ပြည်သူ့ဝင်ငွေအားကိုးနဲ့ လည်ပတ်တဲ့ လူ့ဘောင်ရောက်အောင် ကြိုးစားတုန်း ဆိုရပါမယ်။ အခွန်စနစ်တွေ ဥပဒေတွေနဲ့အတူ social security လို့ ခေါ်တဲ့ လူမှုဖူလုံရေးစနစ်တွေ ဥပဒေတွေ medi-care  လို့ခေါ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း တည်ဆောက်ရပါဦးမယ်။

ကဲ ... တော်လောက်ပါပြီ။ အမေရိကားမှာ လူတိုင်း အခွန်ဆောင်ကြရတာတော့ မဟုတ်ပါ။ ပြည်ထောင်စု အခွန်တော်ကို အမေရိကန်လူဦးရေထဲက ၁၂၂ သန်း ခန့် = ၅၄% က အခွန်ဆောင်ကြပြီး ၄၅% ကျော် လူဦးရေက အခွန်ဆောင်တဲ့အထဲ မပါဝင်ပါ။ အခွန်ဆောင်သူတွေထဲမှာ ၂၀% ခန့်က အခွန်တော်ဝင်ငွေရဲ့ ၈၀% ကို ထမ်းနေကြတာ ဖြစ်ပါသတဲ့။

ကျနော်တို့ဆောင်နေတဲ့ အခွန်တော်ဆိုတာ အမေရိကန်အခွန်ဝင်ငွေထဲက အနည်းဆုံးဆောင်သူတွေထဲမှာ ပါဝင်နေပါသတဲ့။ သို့သော်လည်း တိုင်းပြည်က အခွန်ငွေတွေနဲ့ လည်ပတ်နေမြဲ နေဆဲပါပဲ။ ကျနော်တို့ စားတာ သောက်တာ ၀ယ်တာတွေထဲက အရောင်းခွန် စားသုံးအခွန်တွေဆိုတာကလည်း ကိုယ့်မြို့ ရပ်ရွာ ဖွံဖြိုးရေးအတွက် သုံးတာမို့ ဖြေသာတယ်လို့ ဆိုကြပါစို့ရဲ့။

မြန်မာပြည်ကြီးလည်း အခွန်စနစ် စစ်စစ်နဲ့ ရပ်တည်နိုင်သူ ဖြစ်ရပါစေလို၏။

ဒေါက်တာညီညီ ကို ကန်တော့

$
0
0



ဒေါက်တာညီညီ ကို ကန်တော့
(မောင်စွမ်းရည် သတင်းပို့သည်) မိုးမခ၊ နိုဝင်ဘာ ၁၇၊ ၂၀၁၇

နယူးယောက်မှ scadale မှာ နေထိုင်လျက်ရှိတဲ့ အသက် ၈၉နှစ် အရွယ်ရှိ ယူနီဆက် ဒါရိုက်တာ(ငြိမ်း)ကို ၂၀၁၇ နိုဝင်ဘာ ၁၂ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းက နှစ်စဉ်ပြုမြဲ ကန်တော့ပွဲကို နယူးယောက် ၀ိမုတ္တိ ဗုဒ္ဓဘာသာ ၀တ်အသင်းက ဦးဆောင်ပြီး ဒေါက်တာညီညီနဲ့ သူ့ဇနီး ပထ၀ီ ကထိက ဒေါ်စိန်ရီတို့ရဲ့ တပည့်များပါဝင်ပူးပေါင်းလျက် ပြုလုပ်ကြပါတယ်။


ဆရာကြီးရဲ့အိမ် ၀ိမုတ္တိအသင်းက ပဌာန်းရွတ်ခြင်း၊ ပရိတ်ရွတ်ခြင်းဖြင့် ဆရာကြီးအား ပူဇော်ကြပြီး ဆရာကြီးကလည်း ဆုံးမသြ၀ါဒချီးမြှင့်ပြီး ဆရာကြီးရေးသားပြုစုတဲ့စာအုပ်များကို လက်ဆောင်အဖြစ် ပေးဝေပါတယ်။ နိုဝင်ဘာလမှာ ဆရာကြီးဒေါက်တာညီညီနှင့် ဇနီးဒေါ်စိန်တို့ မွေးလ၊ မွေးရက်တူ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုဝင်ဘာလတိုင်း နှစ်စဉ်ကန်တော့ပွဲကို ဆရာကြီးဇနီးဒေါ်စိန်ရီ ကွယ်လွန်သော်လည်း နှစ်စဉ်ကျင်းပမြဲကျင်းပပြုလုပ်ကြပါတယ်။


ဆရာကြီးဒေါက်တာညီညီမှာ မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန ပါမောက္ခ၊ ပညာရေးဌာန ဒုတိယ၀န်ကြီးသတ္တုတွင်းဌာန ၀န်ကြီး၊ သုတေသနအသင်းဂျာနယ်အယ်ဒီတာ၊ သြစတြေးလျနိုင်ငံ သံအမတ်ကြီး စသည်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယူနီဆက်ဖ်ဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့ရာ ကလေးများကို ကာကွယ်ဆေးများ ထိုးခြင်း၊ အာဟာရတိုက်ကျွေးခြင်းနှင့် သောက်ရေသန့်ရရှိရေး စီမံကိန်းများ တီထွင်ဆောင်ရွက်ရာတွင် အထူးအောင်မြင်ထင်ရှားခဲ့သူ ဖြစ်ပါတယ်။ ဆရာကြီး အသက်ရာကျော်ရှည်စေရန် ၀ိမုတ္တိအသင်းသားများက နှစ်စဉ်ပရိတ်ရွတ်ခြင်း၊ ပဌာန်းရွတ်ပြုလုပ် ဆုတောင်း မေတ္တာပို့သကြပါတယ်။

မိုးချိုသင်း - လွမ်းတယ် အမေ

$
0
0

မိုးချိုသင်း - လွမ်းတယ် အမေ
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၇
(သူ့ဖေ့စ်ဘွတ်က ကူးယူပါတယ်)
ဒီနေ့တော့ Death Valley National Park ကို ရောက်ခဲ့တယ်။ Death Valley ဆိုတဲ့အတိုင်း ခြောက်သွေ့တဲ့ သဲကန္တာရကြီးမှာ ရှိတာ။ ရာသီဥတုက ပူတဲ့အချိန် တရားလွန် ပူ၊ အေးတဲ့အချိန် တရားလွန်အေးတဲ့ နေရာ။ လွန်ခဲ့တဲ့ ၂၇နှစ်က ကိုယ်တို့ မိသားစုဘ၀ဟာလဲ ပူပြင်းလောင်မြိုက်တဲ့ သေခြင်းတရားဆိုတာကို ဘယ်လိုဟာမျိုးလဲ လို့ ပထမဆုံး ရုတ်တရက်သိခဲ့ ကြုံခဲ့ရတာပါ။ အဲဒီတုန်းက ဆယ်ကျော်သက်အရွယ်ပဲ ရှိသေးတဲ့ ကိုယ်က အမေ့ ကို ဒီနေ့မှာ ဆုံးရှုံးခဲ့တာလေ။

အမေ့အကြောင်း ပြန်စဉ်းစားမိရင် ခပ်သေးသေး ခပ်မွှေးမွှေး စပယ်ပွင့်လေးတွေ၊ ခရေကုံးခြောက်ကလေးတွေ၊ စကားဝါနွမ်းနွမ်းလေးတွေကို အရင်ဆုံး သတိရမိတတ်တယ်။ အမေက အဲဒီ ပန်းလေးတွေကို ပန်ပြီး ကျောင်းသွားတတ်တယ်။ ကလေးတွေကို မမောနိုင် မပန်းနိုင် စာသင်တယ်။ အိမ်ပြန်လာတိုင်း မိသားစုအတွက် မုန့်တခုခု အမြဲ ၀ယ်လာတတ်တယ်။ သားသမီးတွေနဲ့သာ အိမ်ရောက်မှ ဝေမျှစားတာပါပဲ။ ကိုယ်က အမေ့ကို အကပ်ဆုံး သမီး။ အမေ့ဘေးမှာ အမေ့ အနွေးထည်အကျီ င်္လက်ကို ဆွဲပြီး ခပ်ရို့ရို့ နေလေ့ရှိတာမို့ အမေ့အနွေးထည်တွေဟာ အမြဲ လက်တဖက်က ရှည်ပြီး တွဲကျနေတော့တာပေါ့။ အမေက မေရှင့်သီချင်းအေးအေးလေးတွေ ညည်းတတ်တယ်။ ညနေ ကျောင်းက ပြန်လာရင် သနပ်ခါးလေးလိမ်းပြီး အေးအေးချမ်းချမ်း မြင်ရတတ်တယ်။ ကိုယ်က ကြောင်လေးတွေကို ဇာတ်လိုက်လုပ်ပြီး ပါးစပ်ထဲ တွေ့ရာ ဇာတ်လမ်းလုပ်ပြောနေတာကို ပြုံးပြီး နားထောင်တတ်တယ်။ ညတိုင်း အဖေနဲ့ ရေနွေးကြမ်းအိုးလေး ချပြီး အဖေ ပြောပြတာ ငြိမ်ငြိမ်သက်သက် နားထောင်တတ်တယ်။

တခါတလေများ တွေးမိပါရဲ့၊ သားသမီး ၅ယောက်ကို လူလားမြောက်အောင် အလုပ်တွေ ကြိုးစားလုပ်လိုက်တဲ့အမေဟာ ဘယ်လောက်များ ပင်ပန်းမှာပါလိမ့်။ တခါမှလဲ အမေ ညည်းတာ မကြားဖူး။ ဆီးချိုရောဂါသည်အမေဟာ ရောဂါသည်လို့ မထင်ရအောင် အလုပ်တွေ လုပ်လိုက်တာ။ ဖြူဖြူသွယ်သွယ်အမေဟာ ရုပ်ကလေးနဲ့ မလိုက်အောင် လောကဓံအပေါ်မှာ မာရေ ကြောရေ အင်မတန်ရှိတယ်။ သားသမီးတွေကိုလဲ ချစ်လိုက်တာ။ အဖေ့ကိုလဲ ဂရုစိုက် နားလည်ပေးလိုက်တာ။ အဖေက ကဗျာဆရာ၊ ကျောင်းဆရာ။ အဖေ ပိုက်ဆံမရှာနိုင်လဲ ကဗျာရေးနေရင်ကို တန်ဖိုးထား နားလည်ခဲ့တာ။ အဲဒီလို ချစ်ခင်လေးစားတဲ့စိတ်ကို သူ့ရင်ထဲကနေ ကိုယ်တို့သားသမီးတွေ အားလုံးရဲ့ ရင်ထဲကို ထည့်ပေးခဲ့တာ။ ကိုယ်တို့ မောင်နှမတွေ စာပေ အနုပညာသမားတွေကို ချစ်နေအောင် အမေ သင်ပေးခဲ့တာပဲ။

ဒီလိုစိတ်တွေနဲ့ ကိုယ်တို့ ကြီးပြင်းခဲ့တယ်။ ဒါကြောင့် အဖေ ကဗျာရေးလို့ အာဏာရှင်က အကြောင်းရှာ ထောင်ချလဲ ကိုယ့်အဖေကို ဂုဏ်ယူစရာလို့ မှတ်တယ်။ သမာအာဇီဝနဲ့ ရှာဖွေ စားသောက်ရတာကို စိတ်အေးချမ်းတယ်။ အနုပညာကို တန်ဖိုးထားတယ်။ မတရားမှုကို ဆန့်ကျင်တဲ့သူတွေကို အထင်ကြီးတယ်။ အဲဒီအတွက် ကြုံလာရတဲ့လောကဓံကိုလဲ ခံနိုင်ရည် ရှိခဲ့တယ်။ အဲဒါတွေဟာ အမေပေးခဲ့တဲ့ အမွေတွေပဲ။

အမေဆုံးပြီး နောက်တနေ့ အဖေက ကဗျာစပ်ပါတယ်။ အဲဒီကဗျာ နောက်ဆုံးပိုဒ်လေးကို ကဗျာချစ်တဲ့ အမေ့အုတ်ဂူလေးပေါ်မှာ ထိုးထွင်းခဲ့ပါတယ်။ ဒီနေ့ အမေ့ကို သတိရ လွမ်းစိတ်နဲ့ ဒီကဗျာလေးကို ပြန် ဖော်ပြပါရစေ။

"စန်းအတွက် အလွမ်းကဗျာ"

သူ မြတ်နိုးသည့်
ပုထိုးစေတီ မြန်မာပြည်ကိုလည်းကောင်း။

သူ ချစ်သည့် ပန်း၊ သူ လွမ်းသည့် ငှက်
သူ နှစ်သက်သည့် စမ်းရေ
သဘာဝ အလှမြေကို လည်းကောင်း။

သူ့သွေး ရင်နှစ်
သားချစ် သမီးချစ်တို့ကိုလည်းကောင်း။

အချစ်ဘ၀၊ စိတ်အလှဖြင့်
နှမမြတ်နိုး၊ ဥယျာဉ်ပျိုး၍
ရိုးသားမြင့်မြတ်၊ အနေမြတ်ခဲ့။

မြတ်သော ချစ်သူ၊ ဖြူစင်သူ၏
မွှေးကြူ ဂုဏ်နံ့၊ သင်းထုံ ပျံ့ ခဲ့။
သင်းပျံ့ စပယ်၊ နှမငယ်ကို
မပြယ်အချစ်၊ အမြဲ သစ်လိမ့်
လွမ်းရစ်ခဲ့ပြီ၊ သင့် ဂုဏ်ရည်။

တင်မိုး
၁၈၊ ၁၁၊ ၁၉၉၀

လွမ်းတယ် အမေ....

ဆင်းရဲနွမ်းပါးမှုကြောင့် ရခိုင်ဒေသခံအများအပြား အိမ်သာဆောက်ရန် တွန့်ဆုတ်နေ

$
0
0

ဆင်းရဲနွမ်းပါးမှုကြောင့် ရခိုင်ဒေသခံအများအပြား အိမ်သာဆောက်ရန် တွန့်ဆုတ်နေ
ဇာနည်ဝင်း/Myanmar Now (မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၇


နိုဝင်ဘာ ၁၁ ရက်နေ့က တွေ့ရသော မင်းပြားမြို့နယ်၊ ကြိမ်ချောင်းရွာမြင်ကွင်းတစ်ခု (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကျေးလက်ဒေသ နေအိမ် အများအပြားတွင် အိမ်သာ မရှိကြသည့် အဓိက အကြောင်းရင်းများထဲတွင် ဆင်းရဲနွမ်းပါးမှုက ထိပ်ဆုံးမှ ပါဝင်ကြောင်း မကြာသေးခင်က တွေ့ဆုံခဲ့သည့် ဒေသခံများက ပြောသည်။

ကြိမ်ချောင်းရွာမှ နေအိမ်တွင် ဈေးဆိုင်ဖွင့်ထားသူ ဒေါ်စိန်ဝင်းဖြူက အိမ်သာအသုံးပြုခြင်းဖြင့် ကျန်းမာရေး၊ လူမှုရေး ရလဒ်ကောင်းများ ရရှိနိုင်သည်ကို နားလည်လက်ခံသည့် ဒေသခံအရေအတွက် အနည်းငယ် တိုးပွားသည်ဟု ဆိုသည်။ ၎င်း၏ ဝန်းကျင်တွင် အိမ်သာတည်ဆောက်ပြီး အသုံးပြုနေသူ များပြားကြောင်း၊ အိမ်နီးချင်းမိသားစုတစ်ခုတွင် ငွေရှာနိုင်သူ နည်းပါးသဖြင့် အိမ်သာ မရှိခြင်းဖြစ်ကြောင်း ပြောပြသည်။

နေအိမ်ခြံဝန်းအတွင်း အိမ်သာတည်ဆောက်ခြင်းသည် ဒေသခံအများအပြားအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသောကြောင့် ကျင်ကြီးကျင်ငယ်စွန့်လိုပါက လူသူကင်းရှင်းသည့်နေရာသို့ သွားရောက်ဖြေရှင်းတတ်ကြသည်။

ကြိမ်ချောင်းကျေးရွာမှ ၆ တန်းအထိ ပညာသင်ဖူးသည့် အမျိုးသမီးတစ်ဦးက အိမ်သာ၏ ကောင်းကျိုးကို ပိုမို သိရှိလာသည်မှာ နှစ်အနည်းငယ်ကြာပြီ ဖြစ်သော်လည်း နောက်ဖေးကိစ္စအတွက် ယခင်နည်းလမ်းဟောင်းကိုသာ နေ့စဉ် ကျင့်သုံးနေဆဲဖြစ်သည်ဟု ပြောသည်။

"အိမ်သာသွားရင် ချောင်းနားပဲ သွားတယ်၊ နေ့ခင်းဘက်ကျတော့ သွားရတာ အခက်အခဲ ရှိတာပေါ့။ ဘေးအိမ်တွေကတော့ အိမ်သာ ရှိတယ်၊ ဒါပေမယ့် သူတို့ဆီသွားပြီး အိမ်သာ မသုံးပါ(ဘူး)"ဟု အသက် ၃ဝ ဝန်းကျင်ရှိပြီဖြစ်သည့် ထိုအမျိုးသမီးက ပြောသည်။

အိမ်သာတစ်လုံး တည်ဆောက်ရေးအတွက် လိုအပ်သော ငွေကြေး ရရှိရန် အချိန်ယူပြီး စုဆောင်းနိုင်ကြောင်း၊ သို့သော်လည်း စုဆောင်းငွေကို အိမ်သာဆောက်ခြင်းထက် စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုလိုကြောင်း သူက ဆက်ပြောသည်။

နေအိမ်ခြံဝန်းအတွင်း အိမ်သာတည်ဆောက်ရေးမှာ မလေးရှားတွင် အလုပ်လုပ်ကိုင်နေသူ ခင်ပွန်းသည်၏ ဦးစီးဦးဆောင်မှုနှင့်လည်း သက်ဆိုင်နေသည်ဟု သူက ဆိုသည်။

တစ်သိန်းကျော် ဟူသော ငွေပမာဏကို အသုံးပြု တည်ဆောက်ရေးမှာ ခင်ပွန်းသည်ကိုယ်တိုင် နေအိမ်တွင် ရှိနေမှ ဖြစ်မည်ဟု သူက ပြောသည်။ အခြားသော အိမ်ထောင်ရှင်အမျိုးသမီး အများအပြားနည်းသူ ထိုအမျိုးသမီးကလည်း ခင်ပွန်းသည်ကို မိသားစု၏ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသူဖြစ်သည်။

ကူညီရေးအဖွဲ့

ရခိုင်ပြည်နယ်ရှိ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြားမြို့နယ်များတွင် ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အစာအာဟာရပြည့်ဝရေး၊ အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရေး စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တက်လမ်းစီမံကိန်းသည် အိမ်သာတည်ဆောက်ရေးပစ္စည်းများ အထောက်အပံ့ပေးလျက်ရှိသည်။ နိုင်ငံတကာကူညီရေးအဖွဲ့တချို့ ပူးပေါင်းလုပ်ဆောင်နေသည့် တက်လမ်းစီမံကိန်းတွင် တစ်ကိုယ်ရေသန့်ရှင်းရေးအသိပညာပေးသင်တန်းများလည်း ပါဝင်သည်။ စီမံကိန်းကို အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) က ငွေကြေးထောက်ပံ့ထားသည်။

မင်းပြားမြို့နယ်၊ ကြိမ်ချောင်းရွာမှ ၅၃ နှစ်အရွယ် ဒေါ်စိန်မျတင်သည် တက်လမ်း၏အကူအညီဖြင့် နေအိမ်ခြံဝန်းအတွင်း လုံခြုံပြီး လေဝင်လေထွက်ရှိသည့် အိမ်သာတစ်လုံး တည်ဆောက်ထားသူဖြစ်သည်။

"တွင်းတူးတာ လေးငါးရက်ကြာတယ်။ ခွေ နဲ့ အဖုံး၊ တည်ဆောက်တပ်ဆင်ပစ္စည်း အကုန်လုံးကို လျှောက်လွှာတင်ပြီး ၁ လ ကျော် အတွင်း (ဝယ်ယူ) ရရှိပါတယ်"ဟု ဒေါ်စိန်မျတင်က ပြောသည်။

အပေါ့အပါးသွားရန် အိမ်သာမသုံးဘဲ ခြုံတိုးကြသူတို့၏ အကြောင်းပြချက်တစ်ခုမှာ အိမ်သာသည် အနံ့ဆိုးထွက်သည့်နေရာဖြစ်သောကြောင့် နေအိမ်အနီး မရှိသင့်ဟူသော အယူအဆ ဖြစ်သည်။

ဒေါ်စိန်မျတင်ကမူ ယင်လုံအိမ်သာဖြစ်ပါက အနံ့အသက်ကို ထိန်းချုပ်နိုင်သည်ဟု ရှင်းပြသည်။

"အနံ့ကိစ္စရှင်းဖို့အတွက် အနံ့ထိန်းနိုင်တဲ့ ပိုးသတ်ဆေးတို့၊ ရေနံဆီတို့ အသုံးပြုရပါတယ်။ (ရွာမှာ) အိမ်သာမသုံးတဲ့သူတွေက အများကြီး ရှိပါတယ်။ ပိုက်ဆံသိပ်မတတ်နိုင်လို့ မသုံးသူ ရှိသလို သုံးနေကြမဟုတ်လို့ မသုံးချင်သူလည်း ရှိပါတယ်"ဟု အိမ်သာတစ်လုံး တည်ဆောက်ရန်အတွက် ကျပ်တစ်သိန်းကျော် အသုံးပြုခဲ့သူ ကြိမ်ချောင်းရွာမှ ဒေါ်စိန်မျတင်က ပြောသည်။

ကြိမ်ချောင်းတစ်ဖက်ကမ်း မေလွန်းကျေးရွာမှ ကျန်းမာရေးမှူး ဦးဘိုမောင်တင်က ဒေသခံတချို့တွင် အကူအညီပေးရေးအဖွဲ့အစည်းများကို မှီခိုလွန်းသည့်သဘာဝ ရှိနေသည်ဟု ပြောသည်။ ကိုယ်ပိုင်အိမ်သာတည်ဆောက်ရေးတွင်လည်း ကူညီရေးအဖွဲ့က အစ အဆုံး အခမဲ့ တပ်ဆင်တည်ဆောက်ပေးစေလိုသူ အများအပြား ရှိနေသည်ဟု ဆိုသည်။

"အဖွဲ့အစည်းတွေက ပေးတယ်၊ ပေးတဲ့ဟာကို သူတို့ စောင့်နေကြတယ်"ဟု ဦးဘိုမောင်တင်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွာသို့ ရောက်လာသော သတင်းထောက်များကို ပြောသည်။

ကျန်းမာရေးဌာနတွင်မူ ကျေးလက်ကျန်းမာရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ ဆောင်ရွက်ရန် ငွေကြေး အကန့်အသတ် ရှိနေသည်ဟု ဆိုသည်။

"ဘတ်ဂျက်တွေ လိုတာပေါ့၊ ကျန်းမာရေးဌာနက လူပဲရှိတယ်၊ ဘာမှ လုပ်လို့ မရဘူး"ဟု မေလွန်းကျေးရွာ၊ ကျန်းမာရေးမှူးက ပြောသည်။

ကမ္ဘာ့အိမ်သာနေ့

ခြုံတိုး မစင်စွန့်သည့် အလေ့အထသည့် ကူးစက်ရောဂါများဖြစ်ပွားစေသော အကြောင်းရင်းတစ်ခုဖြစ်သည်။

စနစ်တကျစွန့်ပစ်ခြင်းမရှိသည့် မစင်ကို ယင်နားရာမှ ရောဂါပိုး ပျံ့ပွားစေပြီး ရောဂါထူပြောစေကြောင်းကို တက်လမ်း အပါအဝင် ကူညီရေးအဖွဲ့အစည်းတချို့က မြန်မာနိုင်ငံ ဒေသတချို့တွင် ပညာပေးနေပြီး အိမ်သာ အသုံးပြုရန် တိုက်တွန်းလျက်ရှိသည်။

အိမ်သာအသုံးပြုမှုနည်းပါးသည့်နေရာမှာ ကျေးလက်ဒေသများတွင် တည်ရှိသောကြောင့် ဒေသခံတို့ကို လုံခြုံသည့်အိမ်သာဆောက်လုပ်သည့် နည်းလမ်းများ သင်ကြား ပြသခြင်း၊ စရိတ်နည်းပါးသည့် အိမ်သာ တည်ဆောက်နိုင်ရန် ကူညီခြင်း၊ စာသင်ကျောင်းများတွင် အိမ်သာ ဆောက်လုပ်လှူဒါန်းခြင်းတို့ကို နိုင်ငံတကာအဖွဲ့တချို့က ကူညီဆောင်ရွက်လျက်ရှိသည်။

အိမ်သာအသုံးပြုနိုင်မှု အားနည်းခြင်းကို မြန်မာနိုင်ငံတွင်သာမက တခြားနိုင်ငံအများအပြားတွင်လည်း တွေ့နိုင်သည်။ ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၇,ဝဝဝ ကျော်ရှိရာ ဟာလာဟင်းလင်း ပတ်ဝန်းကျင်တွင် ကျင်ကြီးကျင်ငယ်စွန့်သူ အရေအတွက်မှာ သန်း ၁,ဝဝဝ ဝန်းကျင် ရှိနေသည်။ ထိုအခြေအနေကို သတိပြုမိကြစေရေးအတွက် ၂ဝ၃ဝ ပြည့်နှစ်တွင် လူတိုင်း အိမ်သာသုံးနိုင်ရေး ရည်မှန်းဆောင်ရွက်နေသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က နှစ်စဉ် နိုဝင်ဘာ ၁၉ ရက်နေ့ကို ကမ္ဘာ့အိမ်သာနေ့အဖြစ် သတ်မှတ်ထားသည်။

ရခိုင်ပြည်နယ် တက်လမ်းစီမံကိန်းဒေသတွင် အိမ်သာအစား ခြုံတိုး၊ တောတိုးသည့် အလေ့အထကို ဆက်ပြီး ဆုပ်ကိုင်ထားကြောင်း ရွာသူရွာသား ၆၉% က ပြောဆိုထားကြပြီး ထိုသို့ ရွေးချယ်ကြသည့် အကြောင်းရင်း အများအပြား ရှိကြသည်ဟု တက်လမ်း အစီအစဉ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် Jennifer M Macintyre က ရှင်းပြသည်။

"တက်လမ်းအဖွဲ့က အိမ်သာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပြုချက်တွေအတိုင်း ဆောက်ခဲ့တာဖြစ်တယ်၊ ရွာသားတွေကို အိမ်သာဆောက်မယ်ဆိုရင် ရေတွင်းရေကန်၊ မြစ်ချောင်းတို့နဲ့ မီတာ ၃ဝ အကွာအဝေး အနည်းဆုံး ရှိရမယ်၊ အိမ်သာကျင်းက တစ်မီတာခွဲ နက်ရမယ်ဆိုပြီး သင်ကြားပို့ချထားတယ်"ဟု Jennifer M Macintyre က ပြောသည်။

ဒေသတွင်းမြစ်ချောင်းကမ်းနဖူးပေါ် အိမ်သာဆောက်လုပ် အသုံးပြုခြင်းကိုမူ တက်လမ်းအဖွဲ့က အားပေးခြင်းမရှိဟု ဆိုသည်။

"မြစ်ချောင်းတွေထဲ အညစ်အကြေးစွန့်တာဟာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးရာရောက်တယ်၊ ရေကနေ ကူးစက်တဲ့ ရောဂါ ပြန့်ပွားစေတယ်ဆိုတဲ့အကြောင်း တက်လမ်း ဝန်ထမ်းတွေက ဒေသခံတွေနဲ့ အစည်းအဝေးလုပ်တဲ့အခါမှာ အမြဲတမ်း ဆွေးနွေး ပို့ချဖြစ်ပါတယ်"ဟု Jennifer က ပြောသည်။
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>