Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ချမ်းမြ - ရွှေပြည်​​အေးရဲ့ည​နေခင်း

$
0
0
  ချမ်းမြ - ရွှေပြည်​​အေးရဲ့ည​နေခင်း
(မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၅

ဝါ ၊ စိမ်း ၊ နီ မီးပွိုင့်​​ နဲ့
မှိုလို​ပေါက်​​နေတဲ့ ဘီယာဆိုင်​​တွေ

ပြိုင်​ကား​တွေ ဆိုင်​ကယ်​​တွေကြားက
မြို့ပြင်​ကိုထွက်​သွားတဲ့စက်​ဘီး​လေး​တွေ

မိုး​မျှော်​တိုက်​ကြီး​တွေ​ဘေးမှာ
ပုံမှန်​အတိုင်းလည်ပတ်​​နေ​တဲ့ နာရီစင်

အပျို​ရည်ပျက်​​နေတဲ့ ည​နေခင်းတိုင်းမှာ
နန်း​တော်​ကြီးက​အေရိုးဗစ်​တီးလုံး​တွေနဲ့
အိပ်​ရာဝင်​ခဲ့ရတဲ့ည​တွေ

ကျွန်​​တော့်​ Mp3 ​လေးထဲမှာ​တော့
ကိုအငဲက “၈၅ ညတမ်းခြင်း”ဆိုတဲ့
သီချင်း​လေးကိုမ​မောနိုင်​မပန်းနိုင်
အ​ခေါက်​​ခေါက်​အခါခါသီဆို​နေ​လေရဲ့......။    ။

ချစ်​ခြင်းအားဖြင့်
ချမ်းမြ
27/8/2015,9:42am

ကာတွန်း ညီထွေး - ငြိမ်းချမ်းရေး .. ငြိမ်းချမ်းရေး

$
0
0

ကာတွန်း ညီထွေး - ငြိမ်းချမ်းရေး .. ငြိမ်းချမ်းရေး
(မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၅

ကာတွန်း ATH - တပ်မတော်သည် ဘယ်တော့မှ ....... သစ္စာမဖောက်

$
0
0
ကာတွန်း ATH - တပ်မတော်သည် ဘယ်တော့မှ ....... သစ္စာမဖောက်
သြဂတ်စ် ၂၉၊ ၂၀၁၅

ကာတွန်းဆရာ၏ လူမှုကွန်ယက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ကာတွန်း ကူမိုးကြိုး - တပ်မတော်မှာ ချစ်သူ ရှိတယ် ... ငရဲကြီးလိမ့်မယ်

$
0
0

ကာတွန်း ကူမိုးကြိုး - တပ်မတော်မှာ ချစ်သူ ရှိတယ် ... ငရဲကြီးလိမ့်မယ်
(မိုးမခ) သြဂုတ် ၂၉ ၊ ၂၀၁၅

မောင်စွမ်းရည် - နွားကျောင်းအပြန်

$
0
0
 
မောင်စွမ်းရည် - နွားကျောင်းအပြန်
(မိုးမခ) သြဂတ်စ် ၂၉၊ ၂၀၁၅

နွားကန်လေး တချောင်းနဲ့
ဖုံတထောင်းထောင်းနဲ့
နွားကျောင်းသား
နွားကျောင်းရာက အပြန်
ယက်ကန် ယက်ကန်
ခဲတံတစ်ချောင်း
လမ်းကြောင်းလမ်းမ
ကျောင်းသားကျခဲ့
ကောက်ရခဲ့တဲ့ခါ
သူ- ဘာလုပ်ရှာလဲ။

ခဲဆံလေးကို တံတွေးဆွက်ကာ
သူအလွတ်ရ
ဝရေဝ၊ ဝရေဝ
ဝလေးတစ်လုံး
နှစ်လုံးသုံးလုံး
ဝလုံးလေးများ
သူ့လက်ဝါးမှာ
ရေးလိုက်ပါပြီ
အကြာကြီးထင်၊ မြင်စေသား။
ကိုယ်တိုင်ရေးတဲ့ ဝလုံးများ။

မောင်စွမ်းရည်
၂၀၁၅ သြဂုတ် ၂၂
ည ၉နာရီ ၁၅မိနစ်

ဗိုလ်ထက်မင်း - ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန် - အပိုင်း (၄)

$
0
0

ဗိုလ်ထက်မင်း - ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန် - အပိုင်း (၄) 
(မိုးမခ) သြဂုတ် ၂၉ ၊ ၂၀၁၅

၂၅။ ဦးရွှေမန်းအနေနဲ့ အရေးကြီးတာက အဓိက ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံး ပူးပေါင်းဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဇာနည်နေ့ဆွမ်းကျွေးတဲ့အိမ်ကို ဆရာတော်ကြီးတွေ သက်သေထား တက်ရောက်ပြသလိုက်ရာမှ သူရဲ့ စစ်ဆင်ရေး စလာပါတယ်။ တဖန် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲ တွေပါ ဦးရွှေမန်း တက်ရောက်လာသလို အခါအားလျော်စွာ လွှတ်တော် အစည်းအဝေးတွေမှာ အချိန်တခုခု ဖန်တီးကာ နှစ်ဦးတည်း တွေ့ဆုံတဲ့ အကြိမ်မျိုးတွေရှိခဲံပြီး အတူတကွ သတင်းစာရှင်လင်းပွဲပါ လုပ်ပြလိုက်ပါတယ်။ ဇနီးဖြစ်သူကလည်း အိမ်တော်ကြီးက လေ့ကျင့်သားရခဲ့သူပီပီ ဒေါ်အောင်ဆန်းစုကြည်အိမ်အား သားတွေကို ထမင်းချိုင့် ပို့စေပါတယ်။ ဦးရွှေမန်း အမေရိကန်ရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ လိုအပ်က လက်တွဲမည်ဟု ကြေညာလိုက်သလို ဦးဟန်သာမြင့်က ပါတီအနေနဲ့ ဦးရွှေမန်းအားသမ္မတအဖြစ် ထောက်ခံမယ်လို့ ရိုက်တာသတင်းဌာနကို ပြောဆိုချက် အငြင်းပွါးဖွယ် ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဦးရွှေမန်းက အခြေခံဥပဒေပြင်ဆင်ရေး ရွေကောက်ပွဲပြီးမှ လွှတ်တော်အသစ်ကျမှ ပြင်မယ်လို့ ပြောတာကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံလိုက်တဲ့အတွက် သူတို့နှစ်ဦးညှိထားတာ ပိုပြီးသံသယ ခိုင်မာသွား စေတယ်။ 

၂၆။ ဦးရွှေမန်းချဉ်းကပ်တာကို ဒေါ်အောင်ဆန်းစုကြည်က သူ့အခြေအနေ ဂဃဏနမလေ့လာမသုံးသပ် ဘဲ ဇာတ်နာနေသူမှန်း မသိလို့ဖြစ်စေ၊ သိလျှက်နဲ့ သူ့အရှိန်အဝါ ဆင်ပိန်ကျွဲလောက်ရှိမယ်ထင်လို့ ပူးပေါင်း လှူပ်ရှားရာမှာ မိမိခင်းအကျင်းကို တဖက်အဖွဲ့အစည်းက သတိထားပြီး ကြိုတင်စီမံချက်နဲ့စနစ်တကျ ည တိုက်ပွဲဆင်သွားတာကြောင့် သူရဘွဲ့ရတဲ့ သူတောင် အငိုက်မိသွားကာ ရည်ရွယ်ထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးစီမံချက်၊ သမ္မတ အိမ်မက်ပျက်ခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့  တပ်မတော်ထိပ်ပိုင်းမှာ နေခဲ့တဲ့လူနဲ့ ပေါင်းလုပ်တာဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အကောင်အထည် ဖေါ်တာဘဲ လို့မှတ် ယူကြိုဆိုကြတဲ့ ပြည်သူလူထုနဲ့နိုင်ငံတကာက အံ့သြဝမ်းနည်းကာ ပုံရိပ်ထိခိုက်သွားစေပါတယ်။ 

၂ရ။ ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ရဲ့ပြုပြင်ပြောင်းလဲရေး အလုပ်မဖြစ်၊ မယုံကြည်ရ ဆိုပြီး ပြင်ဆင်ပြောလာတယ်၊ အနောက်နိုင်ငံတွေဆီ သွားတဲ့ ဦးသိန်းစိန်နောက်ပိုင်းခရီစဉ်တွေမှာ လိုက်လျောမှူ၊ ဖြည် လျော့မှူတွေ သိပ်မလုပ်ဖို့ အကောင်းသိပ်မမြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ဟန့်  လာပါတယ်။ သူမက ဦးရွှေမန်းလို လူပုဂ္ဂိုလ်ကို အခြေခံတဲ့ ချဉ်းကပ်ဆက်ဆံရေး နည်းဗျူဟာကို ကျင့်သုံးလာတယ်။ ဦးရွှေမန်းကို ကိုင်ထားရင် တပ်ကို ထိမ်းချုပ်လို့ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ထင်နေဟန်တူပါတယ်။ အဖွဲ့အစည်းကို စည်းရုံးရေး အဓိကထားရမှာ မေ့နေတာလား၊ လက်မခံတာလား ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အသိဆုံးဖြစ်ပါတယ်။ တပ်ချုပ်က စာနယ်ဇင်းကောင်စီ(ယာယီ) နဲ့တွေ့ဆုံပွဲမှာ သမ္မတလုပ်မဲ့သူ ဟာ တပ်မတော်ကို နားလည်တဲ့ သူဖြစ်ရင် ပိုကောင်းမှာဘဲလို့ ဆိုသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က RFA နဲ့တွေ့ဆုံခန်းတခုမှာ စစ်တပ်ထိပ်ပိုင်းက လူတွေနဲ့ ထိတွေ့ဖို့ကြိုးစားပေမဲ့ သူတို့ဘက်က စိတ်ပါ လက်ပါမရှိဘူးလို့ ပြောသွားပါတယ်။ ဒါဆိုရင် တပ်မတော်ရဲ့  သဘောသဘာဝကို နားလည်ဟန် မတူသေး ဘူးလို့ ဆိုရပါမယ်လို့ တပ်မှူးကြီးတချို့က တုန့်ပြန်ခဲ့ကြပါတယ်။

၂၈။ တပ်ချုပ်အနေနဲ့ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်တွေ့ဖို့ မဆိုထားနှင့် အခမ်းအနား ပွဲတော်၊ သာရေးနာရေး၊ လူမှူရေးပွဲတွေမှာ အလွတ်သဘောတွေ့ရင်တောင် ပါတီနဲ့ အစိုးရအတွင်းက သဘောထား တင်းမာသူများက တပ်ချုပ်တို့  ပါဝါရှယ်ဖို့ကြိုစားနေပြီ လို့အချွန်နဲ့မ ကြဖို့ရှိပါတယ်။ လျှို့ဝှက်လုပ်ပေမဲ့ ဘေးကစောင့်ကြည့်နေတဲ့ တပ်၊ ရဲအဖွဲ့အစည်းတွေက သတင်းပို့တာ မြန်သလား မမေးပါနဲ့၊ ကွန်ယက် တည်ဆောက်ထားတာမို့ ထိပ်ပိုင်းလူကြီးဆီ သတင်းရောက်မြန်တယ်။ ဦးရွှေမန်းလှူပ်ရှားချက်တွေ အိပ်ဆေး သောက်တာကအစ ဟုတ်တာရော မဟုတ်တာရော သိကုန်တာ အင်တာနက်ပေါ်အထိ ကမ်းကုန်အောင် သတင်းမြန်ပါတယ်။ ဒါပေမဲ့ တရားဝင်ထိပ်သီးဆွေးနွေးပွဲမှာ တပ်ချုပ်ဟာ အမ တဦးသဖွယ် လေးစားမှူ ပြသပေးခဲ့ပြီးဖြစ်တယ်။ လေ့လာနိုင်ဖို့ တပ်ချုပ်ဖြစ်လာတော့မဲ့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဆိုရင် တိုင်းရင်းသား နယ်မြေမှာ ပြည်သူလူထုက နစ်နာတာ တင်ပြခဲ့လို့ အောက်ကရစ်နေတာကို ပယ်ဖျက်ပြီးလုပ်ပေးခဲ့ပါတယ်။ 

၂၉။ တပ်မတော်မှာ စစ်စည်ကမ်းဖေါက်မှူ ပုဒ်မ(၆၅)ဆိုတာ နောက်ဆုံး ဘာမှ အပြစ်ရှာလို့မတွေ့ရင် အရာရှိတဦးဟာ မသင့်မလျော်ပြုမူနေထိုင်မှူဆိုတဲံ့ အမြင်ကပ်ပုဒ်မနဲ့ ထောင်ကျသွားတဲ့အရာရှိတွေ မနည်း တော့ပါ။ နမူနာတင်ပြရရင် အရာရှိတစ်ဦးဟာ အကြောင်းပြချက်မရှိဘဲ နိုင်ငံရေးပါတီဝင်တဦး ကျောင်းနေဘက် သူငယ်ချင်းက ခင်မင်လို့ဆိုကာ ထမင်းစားပွဲကို ဖိတ်ရင် အထက်အရာရှိကို ခွင့်တောင်းရမှ အပြစ် လွတ်ပါတယ်။ နယ်စပ်ဖြတ်ပြီး နိုင်ငံခြားကို ယောင်္ကျားမပါဘဲ မိသားစုလည်ပတ်ရင်တောင် ရောဂါတက်ပါတယ်။ ဒကစမှူး ဗိုလ်မှူးချုပ် (နောင်ဒုဗိုလ်ချုပ်ကြီး) ကျော်ဝင်းရဲ့ဇနီး စပွန်ဆာရှိလို့ နယ်စပ်ဖြတ်ပြီး ဘန်ကောက်ကို တိတ်တိတ်လေးသွားလည်ချိန်မှာ သတင်းတက်သွားလို့ စစ်ရုံး မှာရှိတဲ့ဦးသိန်းစိန်က စာရေးသူရဲ့ တပ်ရင်းမှူး ထံ ဖုံးဆက်လာပြီး ခင်ဗျားဒကစမှူးကို သတင်းပို့ ချက်ခြင်းပြန်ခေါ်ခိုင်းပါတယ်။ 

၃၀။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ကို ဘယ်လိုလုပ် စည်းရုံးလို့ရမှာလဲ မေးစရာရှိပါတယ်။ တကူးတက တပ်မတော်သားကိုယ်စားလှယ်တွေကို လွှတ်တော်မှာ ထမင်းစားဖိတ်တာမျိုးထက် စည်ရုံးနိုင် တဲ့အခွင့်အလမ်း အခြေအနေပေးနေတာတွေ ရှိလျှက်နဲ့ဒေါ်အောင်ဆန်းစုကြည် လက်လွှတ်ဆုံးရှူံးခဲ့ပါတယ်လို့ တပ်ထဲက အချို့က သုံးပ်ပါတယ်။ သူရဲကောင်းစစ်သည်ဗိဗ္မာန် အခမ်းအနားတက်ရောက်သင့်ရက်သားနဲ့ ဝိနည်းလွတ် မအားချင်ယောင်ဆောင်ခဲ့ပါတယ်။ ဆရာတော်ကြီးတွေ ကိုယ်တော်တိုင် ကြွရောက်အားပေးပြီး ကိုကျော်သူ၊ ဇာဂနာတို့တောင် အားပေးတဲ့ ကိုးကန့်တိုက်ပွဲမှ ဒဏ်ရာရစစ်သည်တွေရှိတဲ့ ဆေးရုံကို ဘာကြောင့် အားမပေးရတာလဲ ဆိုတာ စဉ်းစားရကြပ်လှပါတယ်လို့ ဆိုကြပါတယ်။ မာနရှိလို့ (ဝါ) စစ်တပ်ကို ချဉ်ချဉ်ခါးခါးမုန်းနေတဲ့ hard liner တွေနဲ့ အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှူခံရမှာ ဒေါ်အောင်ဆန်းစုကြည် ကြောက်နေတယ် ဆိုရင်တော့ တပ်မတော်ကို ခင်ပါတယ်၊ ဗိုလ်ချုပ်သမီး ဆိုတာဟုတ်ရဲ့လား ဆိုတာ သံသယ ပိုခိုင်မာစေပါတယ်လို့ သူတို့က တုန့်ပြန်ကြပါတယ်။

၃၁။ နောက်ဆုံး ရေဘေးဒဏ်ခံနေရပြီး တပ်ရင်းဂိတ်မြှပ်နေတဲံ့ တပ်ရင်းတရင်းရဲ့ တပ်မိသားစုတွေကို အားပေးတဲ့ သတင်း အင်တာနက်ပေါ် တင်လိုက်ရင် တပ်မတော်တခုလုံး တုန်ခါသွားပါလိမ့်မယ်။ အောက် ခြေသားသမီးတွေကို စောင့်ရှောက် အားပေးတဲ့ မည်သူမဆို စစ်တပ်ထိပ်ပိုင်းလူကြီးတွေက ဝမ်းမြောက် ဝမ်းသာ မေတ္တာရောင်ပြန်ဟပ်ပါလိမ့်မယ်။ တပ်မတော်ထိပ်ပိုင်းလူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံရေး ထိတွေ့ဖို့ အခြေအနေ သူတို့က ကြိုးစားလာပါလိမ့်မယ်။ ဒီလိုပြောလိုက်ရင် အထက်နားက တင်ပြထားတဲ့ အချွန်နဲ့ မတာဖြစ်မှာစိုးလို့   တပ်ကလူကြီးတွေ မတွေ့ရဲဘူး ဆိုတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေ ကာ မေးစရာဖြစ်လာပါတယ်။ အောက်ခြေတပ်မတော်သားတွေ ဆင်းရဲဒုက္ခ ရေဘေးကြုံတွေ့နေတာကို လူသားချင်းစာနာစိတ် နဲ့ကူညီတဲ့ ဒေါ်အောင်ဆန်းစုကြည်အား စစ်တပ်ထိပ်ပိုင်းက လက်ခံကြိုဆိုကျေးဇူး တင်ဝမ်းမြောက်နေတာကို မုဒိတာမပွားတဲ့ပါတီကနဲ့ အစိုးရထဲက အဲသည်လိုလူတွေကို “မင်းတို့ စစ်သားဘဝမေ့သွားပြီလား ...” ဆိုတဲ့စကားနဲ့  ပွဲပြီး သွားပါလိမ့်မယ်။ ဒီထက်ဆိုးလာရင် တပ်ကို ပြန်နင်းတဲ့လူ လို့စွပ်စွဲပြီး သေနတ် ပြောင်းဝ ပြောင်းပြန်လှည့်သွားပါလိမ့်မယ်။ နှစ်ဘက်စလုံးက လူပုဂ္ဂိုလ်ထက် အဖွဲ့အစည်းပုံစံမျိုး ဆက်ဆံတာဖြစ်တော့ ပါတီနဲ့  အစိုးရ စွပ်စွဲဖို့ခက်ပါတယ်။ 

၃၂။ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြုချင်တာက အမျိုးသားရင်ကြားစေ့ရေး အဓိက သော့ချက်ဟာ ယုံကြည်မှူတည်ဆောက်ရမှာကို နားလည်တယ် ထင်ပေမဲ့ တည်ဆောက်တဲ့အခါ ရိုးသားပွင့်လင်းမြင်သာမှူ အပြင် စွန့်စား မာန်ချမှူကို အခြေခံတဲ့ စည်းရုံးမှူ အရေးကြီးပါတယ်။ စွန့်စားမာန်ချမှူ ဘာလို့ထည့်ရသလဲ ဆိုရင် တပ်မှာ ဖြစ်စဉ် တင်ပြချင်ပါတယ်။ ဦးခင်ညွှန့်ဟာ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေထဲကိုဝင်ရာမှာ လုံခြုံရေးတပ်တွေ ချန်လှပ်ပြီး စွန့်စားမာန်ချကာ သူတို့ကို ယုံကြည်မှူ ပေးဆပ်ခဲ့လို့ အဲဒီတိုင်းရင်းသားတွေဟာ ဦးခင်ညွှန့်ကို ရောင်ပြန်ဟပ်ပြီး သူ့မှ သူ တန်ဘိုးထား ခင်မင်လျှက်ရှိတာ တွေ့ရ ပါတယ်။ 

၃၃။ ဒီနေ့တပ်မတော်ဟာ ရှင်ကြီးဝမ်းကော၊ ရှင်ငယ်ဝမ်းပါ ဝင်ဖူးနေတာကြောင့် အမိန့်နဲ့ တာဝန်ပေး လို့်သာလုပ်နေရကာ နိုင်ငံရေးကိုစိတ်ကုန်နေပြီး ပြုပြင်ပြောင်လဲရေး အမှန်တကယ် လုပ်ချင်စိတ် ရှိနေလို့ သူတို့အပေါ် ထိတွေဆက်ဆံရေး နည်းဗျူဟာ မှန်ကန်လာရင် နှစ်လိုဖွယ်အားကိုးအားထားပြုတဲ့  (တပ်ထဲ မှာ ခေါ်လေ့ရှိတဲ့ အထက်အကြီးအကဲဇနီးကို အမေလို့ခေါ်နေရာ) ဒေါ်အောင်ဆန်းစုကြည်အား အမေလို့ ခံယူလာရင် တားချိန်တောင်ရမှာမဟုတ်ပါ။ ကျောပိုးအိတ်လွယ် ဘားတိုက်တန်းပြန်သွားပါလိမ့်မယ်။ ၂၅% ထွက်သွားလို့ပြောရင် လူလို မဆက်ဆံတဲ့အတွက် အော်တဲ့သူဘဲ မောယုံဘဲရှိပါတယ်။ အစိုးရသစ် တက် လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန့်မှူကို တပ်က အထူးသတိထား စောင့်ကြည့်နေခဲ့ရာ ယခင် အကြီးအကဲတွေ ပြောထားတဲ့အတိုင်းသာ ဖြစ်နေလို့ စိတ်မကောင်း ဖြစ်ရတယ်လို့ သူတို့ဆီကသိရပါတယ်။ 

၃၄။ နောက်ပိုင်း တပ်မတော်ကို ချမ်းမြေ့သာဇံ လူထုပွဲမှာဒေါ်အောင်ဆန်းစုကြည် ဝေဖန်လာတယ်၊ ကချင်ဗိုလ်လောင်းတွေကျဆုံးတော့ ကြေညာချက်ထုတ်ပြီး တပ်မတော်သားတွေ ကျဆုံးဒဏ်ရာရတော ဒေါ်အောင်ဆန်းစုကြည်အားပေးမှူ မရှိတာကို နှိုင်းယှဉ်လိုက်ရင် တပ်မတော်သားတွေရဲ့ နှလုံးသားကို ထိုး ခွဲလိုက်သလို ခံစားရတယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင် တပ်မတော် ရဲ့ အနာဂတ်ဆက်ပြီး မတွေးရဲအောင် ဖြစ်နေတယ်လို့ ဗိုလ်မှူးကြီးတစ်ဦးက ဝေဖန်သွားပါတယ်။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲမှာ တစည ကို မဲမပေးဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တပ်မတော်သားတွေ မဲပေးခဲ့လို့ တာဝန်ကြေခဲ့ပြီးဖြစ်တယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ထံမှ ဘာမျှော်လင့်ချက်မှ မရှိဘဲ အန္တရယ် တွေကြားက မဲပေးတာကိုနားလည်စေချင်တယ်။ ဘာဘဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ရဲ့ နှလုံးသားကို ထိမိအောင်လုပ်နိုင်စွမ်း မရှိတာ ပေါ်လွင်နေပါတယ်။ ဒါကြောင့် အခြေခံဥပဒေ မပြင်ခင် တပ်မတော်သားတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ထားရှိတဲ့အမြင် ပြင်ပေးဖို့ အရင်လိုတယ်လို့သူတို့ က ပြောပါတယ်။

 ၃၅။ သတိထားရမှာက တပ်မတော်အနေနဲ့ ဦးရွှေမန်းသုံးလိုတဲ့ ဖိလစ်ပိုင် ဗိုလ်ချုပ်ရာမိုစ် နည်းဗျုဟာ မဟုတ်ဘဲ အင်ဒိုနီးရှားတပ်သုံး တဆင့်ခြင်း ခွါတဲ့ နည်းဗျုဟာကို လိုလားပါတယ်။ တပ်ကိုယ်စားလှယ်တဖွဲ့ အင်ဒိုနီးရှားကို လေ့လာဖို့ မကြာခင်ကသွားခဲ့ပါတယ်။ အင်ဒိုနဲ့ ချက်မှာတောင် အသွင်ကူးပြောင်းရေးမှာ ပါဝါ ယူထားတဲ့ စစ်တပ်ကို ချက်ချင်း ခွါလို့ မရဘူး ဆိုတာ ဝန်ခံထားတယ်။ အင်ဒိုမှာတောင် သတိထားရလျက်သားနဲ့   အရှေ့တိမော ခွဲထွက်ခွင့်ပေးလိုက်ရတယ်။ မြန်မာနိုင်ငံက သူတို့ထက် ရေမြေသဘာဝ၊ မတူသလို လူမျိုးစုများပြီး ရှူပ်ထွေးကာ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ထက် တိုင်းရင်းသားအကြောင်း ပိုသိတယ် ဆိုတာ လက်ခံသင့်ပါတယ်။ ယခုဆောင်းပါးရေးနေဆဲမှာပင် အပစ်ရပ်စာချုပ်လက်မှတ်ထိုးတဲ့ ကိစ္စ အပေါ်ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ် သဘောထားမှတ်ချက်ပေးလို့ ပြည်တွင်း သတင်းမီဒီယာထံမှ အထင်ကရ ဆောင်းပါးရှင်များက ဝေဖန်သံတွေစီကနဲထွက်ပေါ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့စပ်လျဉ်းပြီး တပ်မတော်နဲ့ပူးပေါင်း တိုင်ပင်ဖြေရှင်းဖို့အထူးလိုအပ်သလို တဖက်ကလည်း တွေ့ဆုံမှူကနေ ရင်းနှီးမှူရရှိကာ မိမိလိုလားတဲ့ တပ်မတော်နဲ့ ထိတွေ့ဆက်ဆံရေး၊ စည်းရုံးရေးကိုပါ တပါတည်းရယူသွားပါလိမ့်မယ်။ ဒါကြောင့် စစ်ဖက် အရပ်ဖက်ဆက်ဆံရေး တည်ဆောက်တဲ့အခါ အဖွဲ့အစည်းကို အခြေခံတဲ့စည်းရုံးမှူကို လုပ်ဆောင်ရင်း စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည် မေတ္တာရင်ခွင်ထဲ ဆွဲသွင်းနိုင်မယ်ဆိုရင် ဖက်ဒရယ်အခြေခံတဲ့ နိုင်ငံတော်သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာဖို့ တပ်က လူခင်ရင် မူပြင်ပေးဖို့ ယုံကြည် ထောက်ခံ သွားလိမ့်မယ်လို့ဆိုတာ မျှော်လင့်ပါတယ်။ ညတိုက်ပွဲ အပိုင်း ၅ မှာတင်ပြသွားပါမယ်။

☮ အေ မ ရိ က န် ပြ ည်ေ ထာ င် စု တ ခွ င် စာ ေ ပ ေ ဟ ာ ေ ပြာ ပွဲ အ စီ အ စ ဉ် ☮

$
0
0


☮ အေ မ ရိ က န် ပြ ည်ေ ထာ င် စု တ ခွ င် စာ ေ ပ ေ ဟ ာ ေ ပြာ ပွဲ အ စီ အ စ ဉ် ☮

☮ေ မာ င် စိ န် ၀ င်း (ပု တီး ကု န်း) ☮
☮ ဦး ဘု န်း (ဓါ တု) ☮
☮ ညီ မ င်း ညို ☮


Las Vegas, Nevada ● August 26, 2015
Amarillo, Texas ● August 29, 2015
Buffalo, New York ● September 6, 2015
Albany, New York ● September 7, 2015
New York, New York ● September 12, 2015
Fort Wayne, Indiana ● September 19, 2015
Maryland, Washington DC ● September 26, 2015
Chapel hill, North Carolina ● October 3, 2015
San Francisco, California ● October 10, 2015
Los Angeles, California ● October 11, 2015

☮ စီစဉ်သူ။ ။ မောင်မောင်သိန်း (အလွမ်းပြေပဲပြုတ်) 415-680-8806 ☮

Graphic Design - Ko Myoe (88) 

ကာတွန်း သွန်းခ - ဖတ်ကြရဦးမယ့် နောက်ဆုံးပေါ်စာအုပ်တွေ

$
0
0
ကာတွန်း သွန်းခ - ဖတ်ကြရဦးမယ့် နောက်ဆုံးပေါ်စာအုပ်တွေ
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၅


စံလှကြီး - နာမည်ကောင်းဖြင့် သမိုင်းမတင်လောက်သော်လည်း နာမည်ဆိုးဖြင့် သမိုင်းဝင်ခဲ့သူများ

$
0
0

စံလှကြီး - နာမည်ကောင်းဖြင့် သမိုင်းမတင်လောက်သော်လည်း နာမည်ဆိုးဖြင့် သမိုင်းဝင်ခဲ့သူများ
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၅

မနက်ခင်း နေရောင်အောက်တွင် ကောင်လေး နှစ်ယောက် ခပ်သုတ်သုတ် လျှောက်လာကြသည်။ တစ်ဦးမှာ အသက် ၁၉ နှစ်ခန့် ရှိပြီ ဖြစ်ပြီး ဝါကြန့်ကြန့် ဆံပင်နှင့် ဖျတ်လတ်ပြာလဲ့သော မျက်လုံးများ ရှိသည်။ နောက်တစ်ဦးမှာ ရုပ်ရည် သိပ်မလှပပဲ အသက် ၁၃ နှစ်ကျော်ခန့် ရှိသော လူပျိုဖော်ဝင်ခါစ ကောင်လေး ဖြစ်သည်။ သူတို့ နှစ်ဦးမှာ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်သည်။ အသက် ၅ နှစ်ခန့် ကွာခြားခြင်းသည် သူတို့၏ သူငယ်ချင်း အဖြစ်ကို စည်းမခြား နိုင်ခဲ့ပေ။ လမ်းသွားရင်းပင် အသက် ပိုကြီးသော ကောင်လေးက လှမ်းပြောလိုက်သည်။ 

"ငါပြောတာ မှတ်ထားနော်။ တို့ဆရာကြီးက တပည့်တွေကို ကျိုးနွံမှ ကြိုက်တယ်။"

နောက်ဆုံးတွင် သူတို့ နှစ်ဦးလုံး အခန်းကျယ်ကြီး တစ်ခု အတွင်းသို့ ဝင်လိုက်ကြလေသည်။ အခန်းအတွင်း ထိုင်နေသော အသက် ၄၀ ခန့်ရှိသည့် လူကြီး တစ်ယောက်ရှေ့တွင် အသက် ပိုကြီးသော ကောင်လေးက ရိုကျိုးသော အမူအရာဖြင့် စကားပြောလိုက်သည်။ 

"ဆရာကြီး ကျွန်တော် ပြောတဲ့ မိုင်ကယ်အိန်ဂျလို ဆိုတာ သူပဲ။ သူ့ ပန်းချီလက်ရာ ကောင်းပါတယ်။ သူ့အဖေ အိမ်နံရံပေါ်မှာ ဆွဲတာတွေ ကျွန်တော် တွေ့ခဲ့ဖူးပါတယ်။"

ဤမြင်ကွင်းကား ပန်းပုပညာ သမိုင်းတွင် ဘုရင်တစ်ဆူ သဖွယ် ထင်ရှားလာမည့် မိုင်ကယ်အိန်ဂျလို(Michelangelo) အလောင်းအလျာ ကောင်လေး ပညာသင်ရန် ရောက်ရှိလာသော မြင်ကွင်းပေတည်း။
အချိန်ကား အီတလီ ပြည်တွင် ရှေး ဂရိနှင့် ရောမ အနုပညာရပ်များကို ပြန်လည် ဆန်းသစ်သည့် အသိဥာဏ် ခေတ်ဆန်းချိန် ဖြစ်သည်။ မိုင်ကယ်အိန်ဂျလိုကား ထိုခေတ်တွင် မွေးဖွားခဲ့ပြီး ယနေ့ခေတ်အထိ ပန်းပုပညာတွင် သူ့ကို မှီသူ မပေါ်သေးဟု ဆိုစမှတ် ပြုရသူ ဖြစ်သည်။ တစ်ခေတ်တွင် တစ်ယောက်ဆိုသော စကားသည် သူလိုလူအတွက် မလုံလောက်ပေ။ နှစ်ပေါင်း ၅၀၀ ကျော်လာသည် အထိ သူလို ပညာရှင်မျိုး မတွေ့ကြရသေးဟု ဆိုသည်။ 

မိုင်ကယ်အိန်ဂျလိုသည် ပန်းပုဆရာဟုသာ သူ့ကိုယ်သူ လက်မှတ်ထိုးလေ့ ရှိပြီး ပန်းချီပညာကို အခြေခံအားဖြင့် တစ်နှစ်ခန့်သာ လေ့လာခဲ့သည်ဟု ဆိုသည်။ သို့သော် သူ ဆွဲသည့် ပန်းချီကားကို မြင်လိုက်ရသည့် ခေတ်ပြိုင် ပန်းချီကျော်ကပင် "ဒီလို ပညာရှင်မျိုးနဲ့ တခေတ်တည်းမှာ လူလာဖြစ်ရတာကိုက ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ"ဟု ဥဒါန်းကျူးခဲ့ရလေသည်။ အနုပညာတွင် မွေးရာပါ တတ်လာသော ထူးခြားသည့် ပါရမီရှင်ပေတည်း။

ပထမဦးစွာ မိုင်ကယ်အိန်ဂျယ်လိုသည် သူ့ သူငယ်ချင်း ဂရာနာချီ(Granacci) ၏ အဆက်အသွယ်ဖြင့် ပန်းချီဆရာကြီး ဂါလန်ဒါအီယို(Ghirlandaio) ထံ ပညာသင်ဖို့ ရောက်လာခဲ့သည်။  သို့သော် တစ်နှစ်ခန့်သာ ကြာပြီး ထိုအချိန်က ဖလော်ရင့်မြို့ကို အုပ်ချုပ်နေသည့် လော်ရင်ဇို၏ ပန်းပုဥယျာဉ်တော်သို့ ပညာဆက်သင်ရန် ရောက်သွားခဲ့သည်။ တကယ်တော့ သူ သင်ချင်သည်မှာလည်း ပန်းပုပညာ ဖြစ်သည်။ မကြာမီပင် သူထုသော ပန်းပုရုပ်ကို မြင်ပြီး လော်ရင်ဇိုက သူ့ကို နေရာပေးလေတော့သည်။ 

ထိုအချိန်မှ စပြီး သူ၏ ပညာသင်ဘက်များ အနက် စိတ်ဝင်စားစရာ ကောင်းသူ နှစ်ဦးကို တွေ့ရလေတော့သည်။ လူ့သဘော လူ့မနောနှင့် ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းသည့် လူများ ဖြစ်ပါသည်။ 
သူတို့ အကြောင်းကို ပန်းပုဆရာကြီး မိုင်ကယ်အိန်ဂျလိုထက် ပိုစိတ်ဝင်စားမိသလို သင်ခန်းစာလည်း ရပါသည်။ 

ပထမ တစ်ဦးမှာ တော်ရီဂီယန်နီ ဆိုသူ ဖြစ်သည်။ သူသည် မိုင်ကယ် ရောက်လာခါစက ဖော်ဖော်ရွေရွေ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့သည်။ သူ ကိုယ်တိုင်လည်း သူ့ သူငယ်ချင်း၏ လက်စလက်နကို မသိသေးပေ။ သို့သော် မိုင်ကယ်ထုလုပ်သည့် ပန်းပုရုပ်ကို မြင်ပြီး သိပြီးကတည်းက သူ့အချိုးလည်း ပြောင်းလေတော့သည်။ မြွေမြွေချင်း ခြေမြင်သည် မဟုတ်လား။ ပညာသည် အချင်းချင်း တစ်ဖက်လူ၏ ပညာ အတိမ် အနက်ကို တစ်ဖက်က သဘောပေါက်စမြဲ ဖြစ်သည်။ ပညာသည်တောင်မှ မိုင်ကယ်အိန်ဂျလိုက ရိုးရိုး ပညာသည် မဟုတ်။ ဆယ်နှစ်ကြိုးနှင့် မိုးပျံနိုင်သည့် အနုပညာ မှော်အောင်သူ ပန်းပုကဝေ တစ်ဦး ဖြစ်ချေသည်။ သူ့ အနုပညာစွမ်းဖြင့် လူများကို တိမ်းမူးအောင် ဖမ်းစားနိုင်သည်။ ဒီတော့ မိုင်ကယ်လိုပဲ ပညာသည် တစ်ဦး ဖြစ်သည့် တော်ရီဂီယန်နီမှာ သူအနေဖြင့် မိုင်ကယ်၏ ပညာကို ဒီတစ်သက်တွင် မှီရန် မဖြစ်နိုင်တော့ကြောင်း သိလေတော့သည်။

ထိုသို့ သိပြီးကတည်းက သူ့ခမျာ အေးအေးမြမြ မနေနိုင်ရှာတော့။ ဆယ်ကျော်သက် လူငယ် ဘဝကစပြီး ရန်ငြိုးထားလေတော့သည်။ ဥယျာဉ်တော်တွင် အတူ ပညာယူကြရင်း မိုင်ကယ်ကို အမြဲလို လိုက်ရန်စသည်။ နှိပ်စက်ကလူ ပြုသည်။ တစ်နေ့သော် မိုင်ကယ်၏ မျက်နှာကို လက်သီးနှင့်ထိုးရာ နှာခေါင်းရိုး ကျိုးသွား၍ သေရာပါအောင် မရှုမလှ ဖြစ်ရသည်။ 

ဤအဖြစ်ကို မြင်သော ဂရာနာချီက မိုင်ကယ်ကို "မိုင်ကယ်ရေ လောကကြီးမှာ အနုပညာကို ပြောင်ပြောင်မြောက်မြောက် ဖန်တီးနိုင်တဲ့လူက ဖန်တီးကြတာပဲ။ သူတို့လို မဖန်တီးနိုင်တဲ့ လူတချို့ကတော့ သူတို့ မလုပ်တတ်တိုင်း လုပ်နိုင်တဲ့သူတွေ လုပ်တတ်တဲ့သူတွေကို ဖျက်လိုဖျက်ဆီး လုပ်ကြတာပဲ"ဟု ကိုယ့်ထက်သာ မနာလိုတတ်သည့် လူများကို မှတ်ချက်ချ သံဝေဂ ယူလေသည်။ 

မိုင်ကယ်အိန်ဂျလိုက "အေးကွာ တော်ရီဂီယန်နီ ဆိုတဲ့ နာမည်တော့ နောင်လာနောက်သားတွေက မိုင်ကယ်အိန်ဂျလိုကို လက်သီးနဲ့ ထိုးတဲ့လူ အဖြစ် သိကြမှာပါ"ဟု ပြောခဲ့လေသည်။ 

သူပြောခဲ့သလိုပင် ပန်းပု အနုပညာကို လေ့လာလိုက်စားသူများက တော်ရီဂီယန်နီ၏ နာမည်ကို တွေ့သည်နှင့် "မိုင်ကယ်အိန်ဂျလိုကို နှာခေါင်းရိုးကျိုးအောင် ထိုးတဲ့လူ"ဟုသာ အသိအမှတ် ပြုကြလေသည်။ အမှန်မှာ တော်ရီဂီယန်နီသည် အတော်အတန် လက်ရာမြောက်သော ပန်းပုပညာရှင် တစ်ဦး ဖြစ်ပြီး အင်္ဂလန်ပြည့်ရှင် အဌမမြောက် ဟင်နရီဘုရင်၏ သင်္ချိုင်းဂူပုံကို ထုလုပ်ခဲ့သူ ဖြစ်သည်။ သို့သော် ထိုအချက်များ မပေါ်လွင်ပဲ မိုင်ကယ်အိန်ဂျလို ဆိုတဲ့ ဆရာကြီးကို နှာခေါင်းရိုးကျိုးအောင် ထိုးတဲ့လူ ဟူသော ဘွဲ့ထူးဖြင့်သာ ထင်ရှားလေသည်။

သူနှင့် ဆန့်ကျင်ဖက် နောက်တစ်ဦးမှာ ဂရာနာချီ ဖြစ်သည်။ သူကိုယ်တိုင်လည်း ပန်းချီဆရာ တစ်ဦး ဖြစ်ပြီး မိုင်ကယ်အိန်ဂျလို၏ လက်စွမ်းကို မြင်စဉ်ကတည်းက သိခဲ့သူ ဖြစ်သည်။ မြွေမြွေချင်း ခြေမြင်သည် ဆိုသော စကားအတိုင်းပင် သူ့ သူငယ်ချင်း၏ လက်စွမ်းကိုလည်း သိသည်။ သူ့ကိုယ်သူလည်း ထိုအဆင့်ကို ရောက်မည်မဟုတ် မှန်တန်း အမျိုးအစားထက် မကျော်လွန်နိုင် ဆိုသည်ကိုလည်း သိသည်။ 

သို့သော် ဂရာနာချီသည် "ငါ သူ့လို မဖြစ်ရလေခြင်း"ဟူသော မနာလို ဝန်တိုစိတ် လုံးဝ မရှိပေ။ မိုင်ကယ်ကို ပညာသင်ပေးမည့် ဆရာသမားထံ ရောက်အောင် ပို့ပေးသည်။ သို့သော် ဂရာနာချီ ကိုယ်တိုင် ဖန်တီးနိုင်သည်ကတော့ မင်းပွဲစိုးပွဲတွေမှာ သုံးဖို့ မုခ်ဦးတို့ မဏ္ဍပ်တို့ ဆောက်ပေး ဆေးရောင်ခြယ်ပေး စသော ဖန်တီးမှုများလောက်သာ တတ်နိုင်သည်။ 

မိုင်ကယ်အိန်ဂျလို ကိုယ်တိုင် သူ့ သူငယ်ချင်းကို ဤကဲ့သို့ ပွဲပြီး အမှိုက်ဖြစ်သွားမည့် ပစ္စည်များနှင့် အချိန်ကုန်ခံရမည်လား ဟု အပြစ်ဆိုခဲ့ဖူးသည်။ ဂရာနာချီက ပြန်ပြောသော စကားလေးမှာလည်း လှပပါသည်။ သူပြန်ပြောတာက "တကယ်တော့ သူငယ်ချင်းရာ အနုပညာဆိုတာ လူတွေကို နှစ်သက်ရွှင်လန်းအောင် လုပ်နိုင်ရင် ပြီးတာပါပဲကွာ။ ပွဲပြီး အမှိုက်ဖြစ်တော့ရော ဘာဖြစ်သေးလဲ။ ငါလဲ ဒီလောက်ပဲ လုပ်တတ်လို့ ဒါပဲ လုပ်ရတာပေါ့။ မင်းလို ခေတ်အဆက်ဆက် တည်ရစ်မယ့် ပန်းချီကားကြီးတွေ ပန်းပုရုပ်ကြီးတွေ မဖန်တီးနိုင်ဘူး။ အဲဒါ ဘာတတ်နိုင်မှာလဲ။ ငါလုပ်တတ်တာ လုပ်ပြီး ငါတော့ ပျော်နေတာပဲ။ ငါ့ကို အကြောင်းပြုပြီး လူတွေ ပျော်တယ်။ ဒါကို ငါကျေနပ်တယ်"ဟု ဆိုခဲ့လေသည်။ 

ဂရာနာချီသည် အနုပညာတွင် မိုင်ကယ်လို မမြင့်မားပါ။ သို့သော် သူ၏ စိတ်ထားကမူ မိုးထက်မြင့်သည်ဟု ဆိုရလောက်အောင် မြင့်မောက်လှချေသည်။ ငါ့ကို အကြောင်းပြုပြီး လူတွေ ပျော်ကြပါစေဟု သဘောထား နိုင်ခြင်းကပင်လျှင် သူသည် အာဂယောကျာ်း တစ်ဦး ဖြစ်ကြောင်း သိသာစေခဲ့သည်။ 

လူနှစ်ယောက် ယှဉ်ကြည့်လျှင် ခြားနားချက်များကို တွေ့ရပေသည်။ ပထမဆုံးမှာ မိမိထက်သာသူကို မနာလိုသဖြင့် ဖျက်လိုဖျက်ဆီး တိုက်ခိုက်တတ်သည့် တော်ရီဂီယန်နီလို လူစား ဖြစ်သည်။ ဒုတိယ တစ်မျိုးမှာ စွမ်းရည်အရ သမိုင်းမတင်လောက်သော်လည်း စိတ်ဓာတ်အရမူ သမိုင်းဝင်လောက်သည့် ဂရာနာချီလို လူဖြစ်သည်။ 

အမှန်တော့ မိုင်ကယ်အိန်ဂျလိုကို အနုပညာ လောက ဟူသော တောင်ထိပ်ပေါ်တွင် အလှဆုံး အမြင့်ဆုံး သစ်ပင်ကြီး အဖြစ် တင်စားမည် ဆိုလျှင် သူ့ သူငယ်ချင်း ဂရာနာချီက တောင်ခြေမှ အလှဆုံး ချုံပုတ်ကလေး တစ်ခုဟု တင်စားရမည် ဖြစ်သည်။ ဖြစ်ချင်တာကတော့ လူတိုင်းလိုလို တောင်ထိပ်မှ အလှဆုံး အမြင့်ဆုံး သစ်ပင်ကြီး ဖြစ်လိုကြသည်ပေါ့။ သို့သော် ထိုသို့ ဖြစ်ခွင့် မရတော့ပြီ ဆိုလျှင် အနည်းဆုံး တောင်ခြေမှ အလှဆုံး ချုံပုတ်လေး တစ်ခု ရေအိုင်လေး တစ်အိုင်တော့ ဖြစ်ရန် ကြိုးစားသင့်ပေသည်။ ယောနိသော မနိသီကာရော ဟု ဆိုအပ်သည့် သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းနိုင်ခြင်းပေတည်း။

ပန်းပု အနုပညာ နယ်ပယ်မှသာ မဟုတ် အခြား နယ်ပယ် အသီးသီးတို့တွင်လည်း ထိုအဖြစ်မျိုးတွေ ရှိခဲ့သည်။ ရှိလည်း ရှိနေသေးသည်။ နောင်လည်း ရှိပေဦးမည်။ အနည်းစုမှာ ထိပ်ဆုံးက ကျွန်တော်ဟု ဆိုရမည့်သူများ ဖြစ်သည်။ ထိပ်ဆုံး ရောက်သူမှာ အနည်းစုသာ ရှိမည်။ နောက်ထပ် အနည်းစုက ဂရာနာချီလို ကိုယ့်ထက်သာသူကို မနာလိုစိတ် မမွေးပဲ ဖြစ်ရာဘဝတွင် လောကကို အလှဆင်ရန် ကြိုးစားသူများ ဖြစ်သည်။ ဤကဲ့သို့ လူများလည်း နည်းကြပေသည်။ မနာလိုစိတ်ဖြင့် ဖျက်လိုဖျက်ဆီး အပြစ်ရှာ တိုက်ခိုက်တတ်သည့် တော်ရီဂီယန်နီလို လူစားတွေကမူ အရေအတွက် များနိုင်သည်။

နိုင်ငံရေးလောက စီးပွားရေးလောက အနုပညာလောက စသည့် ကဏ္ဍအသီးသီးတွင် တော်ရီဂီယန်နီ လက်သစ်များ ရှိနေကြပေဦးမည်။ များသောအားဖြင့် ကိုယ်နှင့် နယ်ပယ်တူသူ အချင်းချင်း မနာလိုဝန်တိုစိတ် ဖြစ်လေ့ ရှိသည်။ အောင်မြင်မှုကို ပြသည့် အညွှန်းကိန်းများကလည်း တူညီနေသည်ကိုး။ နိုင်ငံရေးသမားက အနုပညာသည်ကို မနာလို ဖြစ်ရန်ခက်သည်။ အနုပညာသည်ကလည်း စီးပွားရေးသမားကို မနာလို မဖြစ်နိုင်။ လုပ်ငန်းတူသူ အချင်းချင်းသာ ပို၍ အောင်မြင်သူကို မအောင်မြင်သူက မနာလိုဝန်တို ဖြစ်တတ်ပေသည်။  
မနာလိုဝန်တိုစိတ်သည် မျက်လုံးစိမ်းနှင့် ကြောက်စရာ သတ္တဝါ ဖြစ်သည် ဟူသော စကားပုံ ရှိပါသည်။ အင်္ဂလိပ်ဘာသာတွင်လည်း မနာလို ဝန်တိုစိတ်ကို အစိမ်းရောင်ဖြင့် တင်စား ပြောဆိုကြသည်။ မနာလိုဝန်တိုစိတ် ဝင်လာပြီ ဆိုလျှင် လူသည် မူလ အမှား အမှန် ခွဲခြားနိုင်စိတ် ပျောက်သွားကာ လူမဆန်သည့် အလုပ်များကိုပင် လုပ်မိလေ့ ရှိသည်။ 

ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံခဲ့သည် ဆိုသော ပုဂ္ဂိုလ်ကြီးသည် ထိုသို့ လုပ်ရန် အခြား အကြောင်းပြချက်များ ရှိကောင်း ရှိပါလိမ့်မည်။ သို့သော် သူ၏ မနာလိုစိတ်က အရေးကြီးသော အခန်းမှ မုချ ပါပေလိမ့်မည်။ သူလည်း မြန်မာနိုင်ငံ၏ နန်းရင်းဝန် (ဝါ) ဝန်ကြီးချုပ်ပင် လုပ်ခဲ့သူ တယောက်ပေပဲ။ တကယ်ဆို ဗိုလ်ချုပ်အောင်ဆန်း ဆိုတာက သူ့အနေဖြင့် ကြည့်လျှင် နိုင်ငံရေးလောကသို့ သူ့နောက်မှ ရောက်ခဲ့သူ ဖြစ်သည်။ သို့သော် သူ ဘယ်လိုမှ မမှီနိုင်သော အဆင့်သို့ ရောက်သွားခဲ့လေပြီ။ ဒီတွင် သူလည်း တော်ရီဂီယန်နီလိုပင် လုပ်မိတော့သည်။ သူ့နာမည်ကိုလည်း နောက်လူများက မြင်လိုက်သည်နှင့် ဗိုလ်ချုပ်ကို လုပ်ကြံတဲ့သူ ဟူ၍သာ အမှတ်အသား ပြုကြတော့သည်။ အမှန်တော့ သူ့တွင် လူတော်ဟု ဆိုနိုင်လောက်သည့် အရည်အချင်းကောင်းများ အမှန်ပင် ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် ထိုအရာများ မပေါ်လွင်တော့ပဲ နာမည်ဆိုးဖြင့်သာ ကျော်ကြားရပေတော့သည်။ 

မနာလိုဝန်တိုစိတ်သည် မူလစိတ်ရင်း ကောင်းသူကိုပင် လူဆိုးတစ်ယောက် အဖြစ် ပြောင်းလဲ ပစ်နိုင်ပေသည်။

ဗုဒ္ဓသာသနာ သမိုင်းတွေ အလွန် ထင်ရှားကျော်ကြားလှသည့် မိလိန္ဒမင်းကြီးက ရှင်နာဂသေန မထေရ်ကို မေးခွန်း တစ်ခု မေးဖူးသည်။ မေးခွန်းမှာ ရှင်ဒေဝဒတ်သည် ဘဝများစွာ သံသရာတွင် ဘုရားအလောင်းတော်နှင့် တွေ့ဆုံခဲ့ဖူးရာ ဘဝတိုင်းလိုလိုမှာပင် ဘုရားအလောင်းတော်ထက် ဘဝအဆင့်အတန်း အားဖြင့် မနိမ့်ကျပဲ တူညီသူ ရံဖန်ရံခါ ပို၍ သာလွန်သူပင် ဖြစ်ခဲ့သည်။ နောက်ဆုံး ဘုရားစင်စစ် ဖြစ်သော ဘဝမှာပင် ရှင်ဒေဝဒတ်၏ ဘဝ အဆင့်အတန်းက မြတ်စွာဘုရားထက် နိမ့်ကျခြင်း မရှိ။ ရွှေလင်ပန်းဖြင့် အချင်းဆေးခဲ့သူ ဖြစ်ပေသည်။ သူလို လူဆိုး တစ်ဦးက ကုသိုလ်ကောင်းမှု မရှိပဲ ဒီလို အဆင့်မြင့်သည့် ဘဝမျိုးကို ရောက်နိုင်ပါသလား ဆိုသည့် မေးခွန်း ဖြစ်သည်။

ရှင်နာဂသေနကလည်း မိလိန္ဒမင်းကြီးကို ရှင်ဒေဝဒတ်သည် လူတိုင်းနှင့် ဆန့်ကျင်သည် မဟုတ်။ ဘုရားအလောင်းတော်ကိုသာ ဆန့်ကျင်သည်။ ဘုရားအလောင်းတော်နှင့် မတွေ့သည့် အခါများတွင် ရှင်ဒေဝဒတ်လောင်းသည် ကုသိုလ်ပြုခြင်း အလှူပေးခြင်း စသော ကောင်းမှုများစွာကို ပြုခဲ့သည်ဟု အဖြေပေးလေသည်။ 
ဒီအတိုင်းဆိုလျှင် ရှင်ဒေဝဒတ်သည် မူလ စိတ်ရင်း မဆိုးသူ တစ်ယောက်ဟုပင် ဆိုနိုင်သည်။ ဘုရားအလောင်းတော်နှင့် တွေ့သော အခါတွင်သာ သူဖြူလျှင် ငါမည်းရမည် ဆိုသော မူဖြင့် ဆန့်ကျင်ဘက်များကို ပြုလုပ်လေသည်။ "ကောင်းတာလုပ်သူ""မှန်ကန်သူ"ကို ဆန့်ကျင်သောအခါ "မကောင်းတာ မှန်သမျှလုပ်သူ""အမှားပြုသူ"အဖြစ်ဖြင့် နစ်မွန်းရတော့သည်။ 

ထိုသို့ ဖြစ်စေသည်မှာလည်း မူလအစ မနာလို ဝန်တိုစိတ်ကြောင့် ဖြစ်သည်။ သူသည် ဘုရားအလောင်းတော်နှင့် သေရိဝဇာတ်ခေါ် ရွဲကုန်သည် ညီနောင် ဘဝက ရန်ငြိုးဖွဲ့ခဲ့သည်။ အတူတူ ရွဲရောင်းထွက်ရင်းမှ အသပြာ တစ်သိန်းတန်သော ရွှေခွက်ကို ဘုရားအလောင်းက အရင် ရသွားခဲ့သည်။ အမှန်တော့ ရှင်ဒေဝဒတ် ဖြစ်လာမည့် ရွဲကုန်သည်က အရင် ထိုနေရာကို ရောက်ပြီး တွေ့ခဲ့တာ ဖြစ်သည်။ သို့သော် သူက မရိုးသားစိတ် ရှိနေသဖြင့် ထို ရွှေခွက်ကို မရပဲ နောက်မှ ရောက်လာသူ အရင် ရသွားခဲ့သည်။ ဒီမှာတင် မနာလို ဝန်တိုစိတ်ဖြင့် မြစ်ကမ်းတလျှောက် ပြေးလိုက်ရင်း သွေးအန်ပြီး သေပွဲဝင်ခဲ့ရလေသည်။ 

ထိုမနာလိုဝန်တိုစိတ်သည် ဘဝဆက်တိုင်း အထုံ ပါရမီအနေဖြင့် ပါသွားကာ ဘုရားအလောင်းတော်နှင့် တွေ့တိုင်း ဆန့်ကျင်ဖက် ပြုတော့သည်ဟု ဆိုသည်။ ဘဝဆက်တိုင်း မသိစိတ်ထဲတွင် စွဲလမ်းသွားအောင်လည်း သူ၏ မနာလိုဝန်တိုစိတ်က ကြီးမားခဲ့သည်။ သန်သန်မာမာ ယောကျာ်းကြီး တစ်ယောက်ကို ရောဂါ အနာတရ မရှိပဲ သွေးပွက်ပွက်အန်၍ နေရာတွင် လဲသေစေနိုင်သည့် မနာလိုဝန်တိုစိတ်သည် မည်မျှလောက် ကြီးမားသည်ကို သိနိုင်ပေသည်။ 

သူသည်လည်း တော်ရီဂီယန်နီလိုပင် သမိုင်းဝင် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ မဟုတ်သူများပင် သူ့အမည်ကို မသိသူ မရှိသလောက် ရှားအောင် သမိုင်းဝင်သူ ဖြစ်သည်။ သို့သော် နာမည်ဆိုးဖြင့် သမိုင်းဝင်ရခြင်း ဖြစ်၍ အလွန် အဖြစ်ဆိုးပါပေသည်။ 

ထို့ကြောင့် နယ်ပယ် ကဏ္ဍအသီးသီးရှိ လူသားအားလုံး အနေဖြင့် ကိုယ်ကျက်စားရာ နယ်ပယ်များတွင် အမြင့်ဆုံးသစ်ပင်ကြီးများ အဖြစ် ရောက်ရှိအောင် ရည်မှန်း ကြိုးစားအပ်ပေသည်။ အကယ်၍ တောင်ထိပ်မှ အမြင့်ဆုံး သစ်ပင်ကြီး အဖြစ်ဖြင့်(အောင်မြင် ကျော်ကြား ထင်ရှားသူအဖြစ်) သမိုင်းမတင်နိုင်တော့ပြီ ဆိုလျှင်လည်း နာမည်ဆိုးဖြင့် သမိုင်းဝင်သည့် ပုဂ္ဂိုလ် မဖြစ်အောင် ကြိုးစားနိုင်ကြပါစေသတည်းဟု ဆန္ဒပြုလိုက်ရပါသည်။ 

မှီငြမ်း
ကိုင်းပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ(ခင်မျိုးချစ်)
ဥရောပယဉ်ကျေးမှု အနုပညာမိတ်ဆက်(ခင်မျိုးချစ်)
မိုင်ကယ်အိန်ဂျယ်လို(ခင်မျိုးချစ်)
မြန်မာ့စွယ်စုံကျမ်း

(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.comသို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)


ကာတွန်း မောင်မောင်ဖောင်တိန် - သန်းတို့၏ မာယာ

$
0
0

ကာတွန်း မောင်မောင်ဖောင်တိန် - သန်းတို့၏ မာယာ
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၅

မောင်ဥက္ကလာ - သွားလေသူများနောက် ထပ်ကြပ်မကွာ

$
0
0

မောင်ဥက္ကလာ - သွားလေသူများနောက် ထပ်ကြပ်မကွာ
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၅

အရင်စာထဲမှာ ဝန်ခံခဲ့သလို ခွေးတွေခေါင်းဖျားထက် ရောက်နေတဲ့ ရွှေပြည်ကြီးကို ရောက်နေခဲ့ပြီး ပြည်သူတွေ အသည်းလှိုက်အူလှိုက် မေတ္တာထားတဲ့ အောက်ပြည်အောက်ရွာကို ထွက်ခွါသွားလေသူ ဆရာသမားတဦးရဲ့  နောက်ဆုံးခရီးမှာ ရင်ထဲကအပူကို ရေခဲငုံပြီး တိုးတိုးတိတ်တိတ် လာကြတဲ့ လူကြီးတွေကို ယပ်တောင်ခတ်ပေး၊ ယပ်တောင်ဝေ၊ ဆရာသမားရဲ့  အလွန်မာကျောတဲ့အရိုး ပြာကျတဲ့အထိ မီးထိုး ကုသိုလ်ယူခဲ့ပြီးနောက်၊  အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ငြိမ်းအေးဖို့အတွက် (၂၄) နာရီ - မိုးရွာရွာ နေပူပူ၊ တနိုင်ငံလုံး ရေမြုပ်နေချိန်တောင် လှည့်မကြည့်နိုင် - ဖြေရှင်းဆောင်ရွက်နေတဲ့ နိုင်ငံတော်ငြိမ်းချမ်းရေးအဖွဲ့ကြီးရဲ့  ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတော့တဲ့ အပစ်ရပ် Peace Talk ဆွေးနွေးပွဲကြီးကို လေ့လာသုံးသပ်သူလိုလို၊ မြန်မာ့အရေး ကျွမ်းကျင်သူပုံစံနဲ့ တက်ရောက်လေ့လာဖို့ ဆုံးဖြတ်ခဲ့တယ်။ 

ဒီတကြိမ် သပွတ်အူလိုက် ရှုပ်ထွေးနေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးကို ပြည်တွင်းမှာ မလုပ်။ အရပ်ရှစ်မျက်နှာ ဟိုပြေးဒီပြေး ပုန်းလျှိုးနေကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဘဝကို စာနာလို့လားမသိ၊ ခေါင်းဆောင်ကြီးတွေက နိုင်ငံအတွင်းမှာ ဟိုရွှေ့ ဒီရွှေ့  နေရာစုံခဲ့ပြီမို့ ဒီတကြိမ်တော့ နိုင်ငံတကာ အလှူရှင်တွေပေးထားတဲ့ ၂၀၁၅ ဘတ်ဂျက်ငွေတွေကလည်း ကျန်နေသေးတော့၊ နောက် နယ်စပ်တကြော လျှောက်ပြေးနေတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း အဲဒီနေရာနဲ့ မစိမ်း၊ ဝန်ကြီးအကြံပေးအဖွဲ့ဝင် ဆိုသူတွေလည်း အဲဒီမြို့ ရွာမှာ တချိန်တခါက ကြက်စားခဲ့တော့ ငြိမ်းချမ်းရေးဗိသုကာကြီး အဂ္ဂမဟာဝဏ္ဏကျော်ထင် စိန်အောင်မင်း က အဲဒီနေရာကို သဘောတူ ရွေးချယ်လိုက်တာဖြစ်ကြောင်း အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းရဲ့  တီးတိုးပြောဆိုသံကို ကြားမိတယ်။

ဂလိုနဲ့ ဟိုလိုလိုဒီလိုလို မောင်ဥက္ကလာလည်း ရှေ့ မျက်နှာနောက်ထားပြီး ရန်ကုန်မှာရှိတဲ့ အသိမိတ်ဆွေတချို့ ဆီက ငွေချေးပြီး တိုင်းရေးပြည်ရေး ကိုယ်ကျိုးမကြည့် ဆောင်ရွက်နေကြတဲ့ ငြိမ်းချမ်းရေးစွမ်းအားရှင်တွေရဲ့  စွမ်းစွမ်းတမံ ကြိုးပမ်းလုပ်ကိုင်မှုတွေကို အနီးကပ်လေ့လာကြည့်ရှု မှတ်သားကြားသိချင်လို့ ကိုယ်စရိတ်ကိုယ်စား ထပ်ကြပ်မကွာ လိုက်သွားခဲ့တယ်။ 

နိုင်ငံတကာအဆင့်မီ မင်္ဂလာဒုံလေဆိပ်မှာ အချိန်မှန်တဲ့ မြန်မာ့လေကြောင်းလိုင်းကို “ပီကေ” တပြားညက်ခန့် ဝါးစားပြီး စောင့်နေတုန်း ဘေးနားရောက်လာတဲ့ အူကြောင်ကြောင်ငနဲက ဆိုင်းမဆင့်ဗုံမဆင့် ...

 “သိသလောက် ပြောရမယ်ဆိုရင် ဒီလိုမျိုး ဆွေးနွေးပွဲတွေ နေရာအကြိမ်ကြိမ်ရွှေ့ ၊ သဘောတူညီမှုတွေမရ၊ လက်မှတ်မထိုးနိုင်သေးတဲ့ အဓိက ပြဿနာအကြောင်းက နှစ်ပေါင်းများစွာ တောတောင်နယ်စပ်တကြောမှာ တိမ်းရှောင်ပုန်းအောင်း သောင်းကျန်းနေကြပြီး၊ ဖွံ့ဖြိုးတိုးတက်တဲ့ မြို့ ရွာစနစ်နဲ့ကင်းကွာ၊ နိုင်ငံတော်အစိုးရက စနစ်တကျ သင်ကြားပို့ချနေတဲ့ နိုင်ငံတကာ မြန်မာဘာသာစကားကို မသင်ကြားခဲ့တာကြောင့် အခုအခါ နိုင်ငံ့အရေး သေရေးရှင်ရေး ဆွေးနွေးကြတော့ သူတို့တတွေ (လူနည်းစု တိုင်းရင်းသားတွေ) မြန်မာစကား ကောင်းကောင်းနားမလည်တဲ့ အကျိုးဆက်က … တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (အစိုးရတပ်ကတော့ လိုအပ်ရင် ပစ်ချင်ပစ်မယ်၊ တခြားလက်နက်ကိုင် အုပ်စုတွေအနေနဲ့ လက်နက်အကုန်ချပြီး လုံးဝပြန်မပစ်ခတ်ဖို့)၊ တိုင်းရင်းသားနယ်မြေ ဖွံ့ဖြိုးတိုးတက်မှုအတွက် စီပွားရေးလုပ်ငန်းများ လုပ်ကိုင်ဖို့ (အစိုးရ အထူးဦးစားပေး လုပ်ပိုင်ခွင့်ပေးထားတဲ့ ခရိုနီကုမ္ပဏီများ၊ ဦးပိုင်များ နဲ့ နိုင်ငံခြားဖက်စပ် ကုမ္ပဏီလုပ်ငန်းတွေကို မနှောင့်မယှက်ဖို့) အစရှိတဲ့ သဘောတူညီမှုတွေကို အဓိပ္ပါယ်အကျအန အကောက်မှား၊ ဘာသာပြန် မမှန်တာကြောင့် ရှေ့ မတိုး၊ နောက်ဆုတ်မှုတွေနဲ့ အဆုံးသတ်ဖြစ်နေရတယ်” 

လို့ ပြောဆိုပြီး သူ့အပေါင်းအသင်းများဖြစ်မယ့် အစိုးရအုပ်စုအဖွဲ့ ထိုင်နေတဲ့ ကော်ဖီဆိုင်ဘက် ထွက်သွားတယ်။ တကယ့် အူကြောင်ကြောင်။

ဒီလိုနဲ့ လေယာဉ်စီးသွားရင် ကွမ်းတယာညက်လောက်ဆိုရောက်တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်မြို့ တော် ချင်းမိုင် (ဇင်းမယ်)မြို့ ကို ရောက်ခဲ့ပြန်တယ်။ အလွန်တော့ ကြာခဲ့ပါပြီ၊ ဟိုးရှေ့ ရှေ့ တုန်းက လမ်းကြုံလို့ ခေတ္တခိုလှုံနားနေခဲ့ဖူးတဲ့ ပထေ့ထိုင်း (ပထေ့ဆိုတာ ထိုင်းလို နိုင်ငံလို့ ခေါ်တာ။ ဗဟုသုတ ခေါင်းပါးတဲ့ ဗမာတချို့ ကတော့ အခုအချိန်အခါအထိ ထိုင်းတွေမကြိုက်တဲ့ အခေါ်အဝေါ် “ယိုဒယား” လို့ ခေါ်နေကြတုန်း။ ကျုပ်တို့ မဟာဗမာတချို့ က ဒီလို သူများတွေကို မှိုချိုးမျှစ်ချိုး ပြောဆိုခေါ်ဆိုတတ်တယ် မဟုတ်လား။) အဲဒီမှာ မဲ့ (အမေ) လို့ ညားညားခေါ်ကာ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရင် ပေးပါမယ်ဆိုပြီး အကြွေးယူစားသောက်ခဲ့တဲ့ ချင်းမိုင်တက္ကသိုလ်နားတဝိုက် ထမင်းရောင်းတဲ့ ထိုင်းအဖွားကြီးလည်း ဆုံးသွားပြီလို့ သိရတယ်။ အခုနေ သူ အသက်ရှင်ရှိနေသေးရင် မြန်မာနိုင်ငံ ဒီမိုကရေစီ ရနေပြီဆိုတာကို သိရလို့ အတော်ဝမ်းသာရှာမှာ။ မောင်ဥက္ကလာလို့ပဲ အကြွေးစားခဲ့တဲ့ ပြေးဒေါင်းတွေဆီကလည်း အကြွေးတွေ အများကြီး ပြန်ရကောင်းရမယ် မဟုတ်လား။ 

ဟိုး မဝေသဏီက ဘုရင်နောင်မင်းတရား နယ်ချဲ့ သိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့ ဇင်းမယ်မြို့ အကြောင်း ကုသိုလ်ကံနည်းလို့ မရောက်ဘူးကြတဲ့ စာဖတ်ပရိသတ် သိရအောင်၊ မျက်စိထဲမြင်အောင် လျှာရှည်ပြီး ပြောရမယ်ဆိုရင် … ၂၀၀၈ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီ အရပ်သားအစိုးရလက်ထက်မှာ ကောက်ရိုးမီးလို တဟုန်းထိုး ပြောင်းလဲလာတဲ့ မြို့ တော်ဟောင်းရန်ကုန်မြို့ လို လူတွေနဲ့ တိုးကြိတ်စည်းကားနေခြင်း မရှိ၊ လမ်းပေါ်မှာ မောင်းချင်သလို မောင်းနေတဲ့ ကားတွေ၊ သွားချင်သလို နေချင်သလိုနေကြတဲ့ ခွေးတွေ၊ ကြွက်တွေနဲ့ မရှုပ်နေ၊ အမှိုက်တွေကို ဟိုပုံဒီပုံ လွတ်လွတ်လပ်လပ် ပုံထားတာ မတွေ့၊ ကွန်ဒိုတိုက် အဆောက်အဦးသစ်တွေလည်း ဘုရား၊ ဘုန်းကြီးကျောင်းရွှေ့ ၊ ကျူးကျော်တွေဖျက် ဆောက်ချင်သလို ဆောက်လုပ်နေတာ မရှိသေး၊ ပွင့်လင်းမြင်သာအောင်ဆိုပြီး ရန်ကုန်လို ရှိသမျှအပင်တွေကိုလည်း ခုတ်ထွင်ရှင်းလင်းထားခြင်းလည်း မရှိ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဟိုးအရင် နှစ် (၂၀) က အတိုင်း ဘာဆိုဘာမှ သိသိသာသာ တိုးတက်ပြောင်းလဲလာမှု မရှိသေး။ 

ထူးထူးခြားခြား ပြောင်းလဲမှု မရှိတဲ့ ချင်းမိုင်မြို့ ကို ကြည့်ပြီး တဝုန်းဝုန်း စည်းကားတိုးတက်နေတဲ့ polluted ရန်ကုန်မြို့ ကနေ ရောက်လာတဲ့ မောင်ဥက္ကလာအဖို့ စိတ်မကောင်းဖြစ်မိ။ စိတ်ထဲမှာလည်း ရွှေပြည်လို စည်းကမ်းရှိသော ဒီမိုကရေစီစနစ် တည်ဆောက်နေတဲ့ အရပ်သားအစိုးရမျိုး မရှိ၊ အာဏာသိမ်း စစ်အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတော့ မြန်မာနိုင်ငံလို့ မြို့ ရွာ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတွေကို များစွာမလုပ်နိုင်သေးတာလို့ တွေးထင်စိတ်မကောင်း ဖြစ်မိတယ်။

ဂလိုနဲ့ သမိုင်းဝင် (xx) အကြိမ်မြောက် ဆွေးနွေးပွဲကြီး ကျင်းပပြုလုပ်မယ့် နေရာကို ရောက်ခဲ့တယ်။ အစည်းအဝေးခန်းမ အပြင်ဘက် Lobby နားနေခန်းထဲမှ မြန်မာစံတော်ချိန်အတိုင်း ရောက်ရှိလာမယ့် ခေါင်းဆောင်ကြီးတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်ကြီးတွေကို စောင့်မျှော်နေကြတဲ့ မီဒီယာသတင်းသမားတွေ ခြေချင်းလိမ် ပွက်လောရိုက် ဗီဒီယိုကင်မရာ၊ အသံဖမ်းစက်တွေ နေရာချ ပြင်ဆင်နေကြတာ အတော်လေး မျက်စိနောက်စရာ။ အဲဒီ ဗြောင်းဆန်ခတ် ဆူဆူညံ့ညံ့ အသံတွေကို နားမခံနိုင်လို့ လူရှင်းတဲ့ ထောင့်တနေရာရှာပြီး အိုင်ပေါ့ (iPod) ထုတ်၊ free download (တရားဝင် ခိုးကူးခဲ့တဲ့) ဒီနေ့ ရွှေပြည်မှာ hot ဖြစ်နေတဲ့ အမှန်တော့ ကိုယ့်သမီးအရွယ်လောက်ရှိတဲ့ နီနီခင်ဇော်ရဲ့  “အာရုံစားတယ်၊ ဝါးတားတား” သီချင်းကို (စာသားကြိုက်လို့ပါ) အေးအေးဆေးဆေး နားထောင်နေတုန်း ကျန်းမာရေးဌာနကို ပြောင်းရွှေ့ ဖို့ကြံခဲ့တဲ့ စစ်ဗိုလ်တွေလို ဘာမပြောညာမပြော ဗြုန်းဆိုပေါ်လာတဲ့ မိုးကျရွှေကိုယ်တပါးက သူ့လက်ထဲမှာ ကိုင်ထားတဲ့ စာအုပ်ကိုပြပြီး …

“ဟေ့ ခင်များ ဟိုဒင်း မဟုတ်လား။ ခင်များ သိမှာပါ။ ကျနော် နှစ်ပေါင်းများစွာ ဒီဘာသာရပ်ကို လေ့လာခဲ့တယ်။ အနောက်နိုင်ငံ အဆင့်မြင့် တက္ကသိုလ်တခုမှာ တနှစ်ကျော် ကျောင်းတက်ခဲ့ပြီး၊ ကိုယ်တွေ့ဖြတ်သန်းမှုနဲ့ ပေါင်းစပ်ပြီး ပြုစုရေးသားခဲ့တဲ့ စာအုပ်ပါ။ သိတဲ့အတိုင်း ကျနော်တို့ မြန်မာနိုင်ငံသားတွေမှာ ဒိုင်နိုဆော ယဉ်ကျေးမှု မရှိသေးဘူး (သူ ပြောတဲ့စကားကို အာရုံမထား၊ သီချင်းသံကြောင့် သဲသဲကွဲကွဲ မကြားရတော့ ဒိုင်နိုဆော ယဉ်ကျေးမှု ဆိုပြီး ကြားမိတယ်။ နောက်မှ စာအုပ်မျက်နှာဖုံးကို တချက်ကြည့်လိုက်တော့မှ သူပြောတာ ဒိုင်ယာလော့ ဆိုတာကို သိရတယ်)။ ပြောချင်တာက ကျနော် ဒီ Dialogue စာအုပ်ကို မြန်မာနိုင်ငံအတွက် ရည်ရွယ်ပြီး အချိန်ကုန်ခံ ရေးသားပြုစုခဲ့တာပါ။”

ပြောနေရင် လေချဉ်တချက်တက်၊ အသက်တချက်ရှုပြီးတော့ “အခုဆိုရင် ဒီ စာအုပ်ကို လေ့လာဖတ်ရှု့ ထားတဲ့ တိုင်းပြည်ကောင်းကျိုး အမြဲစဉ်းစား လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ နိုင်ငံတော်ခေါင်းဆောင်ကြီးတွေက မြန်မာပြည်မှာ မှီတင်နေထိုင်ပြီး၊ နိုင်ငံတော်သုံး မြန်မာစကားကို ကောင်းစွာသိနားမလည်၊ လေ့လာသင်ကြားမှု အားနည်းကြတဲ့  တိုင်းရင်းသားဒေသတွေမှာလည်း ဒီစာအုပ်အကြောင်းကို ဟောကြားသင်ကြားပို့ချဖို့ တိုက်တွန်းပြောဆိုလာတယ်။ ဒီအတွက် ရှိတဲ့လူမျိုးအုပ်စု (၁၃၅) အပြင်၊ ဟို ဘင်္ဂလီ ခေါ်မလား၊ ရိုဟင်ဂျာ ပြောမလား (လွတ်လွတ်လပ်လပ် ခေါ်ချင်သလိုခေါ်ပေါ့)။ … အားလုံး ဖတ်နိုင်လေ့လာနိုင်အောင် သက်ဆိုင်ရာ ဘာသာစကားတွေနဲ့ ဘာသာပြန်ထုတ်ဖို့ ကြိုးစားလုပ်ကိုင်နေတယ်။ နောက်ဆို ကျောင်းတွေမှာလည်း မယူမနေရ ဘာသာတခုအနေနဲ့ သင်ကြားပို့ချသွားဖို့ စီစဉ်နေပါတယ်။” ဆိုပြီး သူပြောချင်ရာကို ရိုက်မေးစရာမလို ပြောဆိုကာ၊ စာအုပ်တအုပ်ပေး လစ်သွားတယ်။

 နောက်မှ အနှီးပုဂ္ဂိုလ်ကျော်က နောင်ခါလာ နောင်ခါဈေးနဲ့ ပြည်တွင်းကိုပြန်ပြေးပြီး တိုင်းကျိုးပြည်ကျိုးအတွက် ဗိုလ်ချုပ်-ဝန်ကြီးများထံ အခစားဝင်သွားခဲ့ပြီး၊ ထိပ်တန်းအကြံပေး၊ အကျန်စား ဖြစ်သွားသူတယောက်ဆိုတာကို ဘေးကတယောက်ပြောလို့ သိရတယ်။ တိုင်းနိုင်ငံလူမျိုးအတွက် စွန့်လွှတ်စွန့်စားလုပ်တာ ကောင်းလေစွ။

အဲဒီ ပုဂ္ဂိုလ် လစ်သွားပြီး ခဏအကြာမှာ မီဒီယာအုပ်စုတွေ လှုပ်လှုပ်ရွရွဖြစ်၊ အပြေးအလွှာသွားတဲ့ဘက်ကို ကြည့်လိုက်တော့ အခြွေအရံတသင်း ဝိုင်းရံကာ၊ ကျီးကန်းတောင်းမှောက် ဟိုကြည့်ဒီကြည့်၊ ကြွစောင်းစောင်း ခြေလှမ်းနဲ့ ဝင်ရောက်လာသူက နိုင်ငံတကာသတင်းထောက်တွေ ဓါတ်ပုံရိုက်၊ သတင်းမေးဖို့ မျှော်တလင့်လင့် စောင့်မျှော်နေခဲ့တဲ့ ဂုဏ်ထူးဆောင် ငြိမ်းချမ်းရေးသမားကြီး ဝဏ္ဏကျော်ထင် စိန်အောင်မင်း ဖြစ်လေတယ်။ 
ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်၊ မေးခွန်းတွေ အော်မေးနေတာကို ငါးဇင်ရိုင်းအပြုံးနဲ့ လက်ပြနှုတ်ဆက်ပြီး သူ့ အကြံပေးလား၊ ဘော်ဒီဂတ်လား၊ ပြောဆိုခွင့်ရှိသူတွေလား မသိ … ဝန်ကြီးဖြစ်သူကို ရှေ့ နောက်ဝဲယာ လက်ချင်းချိတ်ဝိုင်းရံပြီး လမ်းပိတ်နေတဲ့ စည်းမဲ့ကမ်းမဲ့ သတင်းသမားတွေ (ပြန်ကြားရေးဝန်ကြီးရဲ့  အသုံးအနှုန်း) ကို လမ်းဖယ်ပေးဖို့၊ နောက်မှ မေးခွန်းတွေကို မေးမြန်းဖို့၊ ဓါတ်ပုံကို အတင်းတိုးမရိုက်ဖို့ စတဲ့ အလွန်ကြီးမားတဲ့ တာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းရွက်ပြီး လိုက်ပါလာကြတယ်။ 

“ဒေါင်း ကနေ ကျီး ဖြစ်သွားသူတွေကို မှတ်တမ်းတင် ဓါတ်ပုံရိုက်ချင်လို့ တစိတ်လောက် နည်းနည်းဖယ်ပေးပါ” ဘာညာဆိုပြီး ဘယ်မီဒီယာအုပ်စုရဲ့  သတင်းထောက်လဲမသိ လူကိုအတင်းတိုးခွကျော်ပြီး တရစပ် ဓါတ်ပုံတွေ ရိုက်ယူနေတော့တယ်။ သူပြောတဲ့ ဒေါင်းကနေ ကျီး ဖြစ်သွားတဲ့ စကားကို ချက်ချင်းသဘောမပေါက်။ ငယ်ငယ်တုန်းက ဖတ်ဖူး၊ ကြည့်ဖူးတဲ့ “ဒေါင်းယောင်ဆောင်သော ကျီး” ကိုတော့ အမှတ်ရမိတယ်။

အဲဒီ မျက်စိနောက်စရာ မြင်ကွင်းကိုကြည့်ပြီး ရန်ကုန်မှာရှိနေတုန်း အဲဒီ ဝန်ကြီးဗိုလ်ဆရာသခင်နဲ့ နီးစပ်သူတဦး ဖောက်သည်ချတာကိုလည်း ပြန်သတိရမိတယ် (အသက်ကြီးလာတော့ စိတ်က ဂနာမငြိမ် ဟိုရောက်ဒီရောက်) …

 “မြန်မာ့ငြိမ်းချမ်းရေးကို နောက်ဆုံးထွက်သက်ချိန်အထိ ကြိုစားလုပ်ကိုင်၊ တောင့်တသွားခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း အခုနေ သက်ရှင်ရှိနေရင်၊ ကျုပ်တို့ဝန်ကြီးကို အိမ်ခေါ်ထမင်းကျွေး၊ လေးချိုးကြီးနဲ့ ချီးကျူးဂုဏ်ပြုမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတဝှမ်း သေနတ်သံတွေ ရပ်စဲဖို့၊ မြန်မာပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း စိတ်အေးလက်အေး နေနိုင်ဖို့ ဆရာသမားက အကုန်စွန့်ပြီး လုပ်ကိုင်နေတာ။ တချိန်လုံး ဆူဆူပူပူ သောင်းကျန်းနေကြတဲ့၊ ပြောရဆိုရ အလွန်လက်ပေါက်ကတ်၊ အမြင်ကျဉ်းလှတဲ့ တိုင်းရင်းသားအုပ်စုတွေနဲ့ ပြေရာပြေကြောင်း ဆွေးနွေးပြောဆိုနိုင်မယ့်လူကို ပြုပြင်ပြောင်းလဲရေးသမားကြီး နိုင်ငံဥသျှောင် သမ္မတကြီးက ရှာကြည့်လိုက်တော့ အပြောအဆို၊ အရွှန်းဖောက်တော်၊ စည်းရုံးရေးကောင်းတဲ့ ကျုပ်တို့ဆရာသမား မီးရထားဝန်ကြီးကို တွေ့ရှိဘောကြပြီး၊ အမိန့်တော်နဲ့ ရာထူးပြောင်းလွှဲ တာဝန်ပေးခဲ့တာ။” 

“အဲ့ဒီလို သမ္မတကြီး အတင်းအကြပ် ခိုင်းစေမှုကြောင့် ရန်ကုန်မြို့ ပတ်ရထားကို နယူးရော့ခ်၊ ဝါရှင်တန်ဒီစီ မြေအောက်ရထား စနစ်မျိုး၊ ဘန်ကောက် မိုးပျံစနစ်မျိုးတွေနဲ့ ဆောက်လုပ်ပြေးဆွဲဖို့ ရေးဆွဲထားတဲ့ စီမံကိန်း (Blueprint) နဲ့ ဂျပန်နိုင်ငံက နောက်ဆုံးပေါ် ကျည်ဆန်ရထားတွေကို လေ့လာအတုယူပြီး၊ ရွှေပြည်မှာ ပေါများလှတဲ့ ကျည်ဆန်တွေနဲ့ စက်မှုဇုန်မှာ ကျည်ဆံရထားတွေ တည်ဆောက်ဖို့ စီစဉ်ထားတာတွေကို ရပ်ဆိုင်းခဲ့ပြီး၊ ငြိမ်းချမ်းရေးကိစ္စတွေကို နေ့ညမအား လုပ်နေရတယ်။ နို့မဟုတ်ရင် အခုဆိုရင် ကျုပ်တို့ ရန်ကုန်နဲ့ မြို့ ကြီးတွေမှာ အဆင့်မြင့် မြေအောက်ကောင်ကင်၊ ကျည်ဆန်ရထားတွေကို ပြည်သူတွေ သက်တောင့်သက်သာ စီးနိုင်နေလောက်ပြီ။ ဆရာမရှိတော့ ကျုပ်တို့လည်း ဘာလုပ်ရမှန်းမသိ။”

 လို့ မချိ့ တင်ကဲ ပြောဆိုတယ်။

အနှီးတပည်ကျော်ရဲ့  ပြောဆိုချက်အရ “ဒီမှာတမျိုးပြော ဟိုမှာတမျိုးအာ၊ တရုတ်ကို အလွန်ကြောက်၊ ကျေးဇူးရှင်လို့ တဖွဖွ ပြောဆိုတတ်တယ်” လို့ မလိုသူ ပုဆိန်ရိုးတွေ စွပ်စွဲပုတ်ခတ် ပြောဆိုခံရတဲ့ သူ့ဆရာသမားကို နှလုံးစက်တပ်ပြီး နိုင်ငံ့အရေး၊ မိဘပြည်သူများအကျိုးကို နောက်ဆုံးထွက်သက်အထိ သမ္မတကြီးရာထူး (“အဘ” ဘဝရှင်မင်းတရားကြီး အမိန့်အရ) နဲ့ ဆက်လုပ်သွားမယ့် နိုင်ငံတော်အကြီးအကဲရဲ့  အမိန့်အာဏာကြောင့် သူ့အနေနဲ့  လူကြီးတွေရဲ့  စေတနာမှန်ကို နားမဝင်၊ ကျေးဇူးတင်ရကောင်းမှန်မသိ၊ တသက်လုံး ပုန်ကန်ခြားနားပြီး တိုင်းပြည်ပြိုကွဲအောင် လုပ်ဆောင်နေတဲ့ ရောင်စုံလက်နက်ကိုင်အုပ်စုတွေကို ဥပါယ်တံမျည်နဲ့ ကျောသပ်ဖြောင့်ဖျပြီး လက်နက်ချအောင် ပြောဆိုစည်းရုံးဖို့ တာဝန်ပေးအပ်ခဲ့ရတာကြောင့် ဒီတာဝန်ကို ဦးဆွေးဆံမြည့် ထမ်းဆောင်နေကြောင်း။ တကယ်တော့ နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်က ဒီကိစ္စအရေးကို စိတ်မဝင်စား၊ ဝင်ရောက်စွက်ဖက်မှု မရှိဘဲ၊ ကန့်သတ်မှုတွေကိုကျော်ပြီး သမ္မတဖြစ်ရေးကို အားစိုက်နေတာကြောင့်လဲ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဝင်ငွေပိုကောင်းတဲ့ မီးရထားဝန်ကြီးရာထူးကို စွန့်လွှတ်ပြီး၊ နိုင်ငံတကာအလှူငွေနဲ့ ရှေ့ ထိုးနောက်ငင် ရှန်တိန် လုပ်နေတဲ့ ဘယ်ဘူတာ၊ ဘယ်အရပ် ထိုးရပ်မလဲဆိုတာကို မပြောနိုင်မသိနိုင်တဲ့ ဒီ ငြိမ်းချမ်းရေးကိစ္စကို တာဝန်အရ လုပ်ကိုင်နေရကြောင်း။ အမှန်တော့ သူ့ဆရာသမားအနေနဲ့ ပလိုင်းပေါက်နဲ့ ဖားကောက်နေရတဲ့ ဒီအလုပ်အစား အထက်မှာပြောခဲ့သလို နိုင်ငံတကာ အဆင့်မီ မီးရထားတွေ၊ မီးရထားလမ်းတွေ တည်ဆောက်ဖို့ အားခဲစိတ်ကူးထားတယ်ဆိုတာကို စိတ်မကောင်းကြီးစွာနဲ့ ပြောရှာတယ်။ သူက not to be identified လုပ်ဖို့ ပြောတာကြောင့် ဘယ်သူဘယ်ဝါဆိုတာကို အခုအချိန်မှာ မပြောနိုင်သေးပါ။

ထားလိုက်တော့ ဒီလောက်ဆို မြန်မာနိုင်ငံတော်ကြီး အစိတ်စိတ်အမွားမွား မပြိုကွဲမပျက်စီးအောင် ကြိုးစားလုပ်ကိုင်နေတဲ့ လေးစားအားကိုးရတဲ့ ပုဂ္ဂိုလ်ကြီးအကြောင်းကို သိသင့်သလောက် သိရပြီ။ ဒီလို ရတတ်မအေးစရာ နိုင်ငံ့အခြေအနေကို တည်ငြိမ်းအေးချမ်းအောင် ကြိုးစားလုပ်ကိုင်နေတဲ့ ငြိမ်းချမ်းရေးသမားကြီး နဲ့ အကြံပေးအဖွဲ့ကို အားကိုးတကြီးနဲ့ ငေးမောကြည့်ရင် တွေးမိတာက ကျုပ်တို့ သာကီနွယ် မဟာဗမာတွေရဲ့  လက်သံပြောင်ချက်က သြချစရာ … တနိုင်ငံလုံးမှာရှိတဲ့ တန်းခိုးကြီးလှတဲ့ ဘုရားတွေကို အားမနာ၊ အားပေါက်အောင် ဟောကြားတော်မူနေတဲ့ ကိုယ့်အမျိုးကို စပယ်ရှယ် ချစ်လှတဲ့ ဆရာတော်ဦးဝိရသူတို့လို အထင်ကရ ဘုန်းဘုန်းတွေရဲ့  မေတ္တာတရားတော် ဘာဘာညာညာကိုမှ သတိမရ၊ နှလုံးမသွင်းကြဘဲ သွေးချင်းသားချင်းတွေ တဗြုန်းဗြုန်း၊ တဝုန်းဝုန်း မီးကုန်ယမ်းကုန် ဆော်ပလော်တီးခဲ့တာ ဟိုးပဝေသဏီ တကောင်းအဘိရာဇာခေတ်ကနေ ဒီနေ့ မင်းကျင့်တရား (၁၀) ပါး plus နဲ့ ဥပဒေအထက်ကနေ တရားနည်းလမ်းကျကျ အုပ်ချုပ်နေတဲ့ စစ်ရှင်မင်းများလက်ထက်အထိ။ တိုင်းတပါးတွေကို ပြောပြရင် အံ့ဖွယ်သရဲ ဖြစ်ကြတယ်။

အဲ့ဂလို ခုန်ပေါက်ဝင်လာတဲ့ စိတ်မကောင်း ဝမ်းနည်းကြေကွဲစရာတွေကို ဖြတ်တောက်ပြီး၊ ဆွေးနွေးပွဲခန်းမထဲကို ဝင်ဖို့ကြိုးစားတော့ ဖိတ်ကြားခံထားရသူ မဟုတ် - စာရင်းမရှိ။ ကမ္ဘာကျော် မိုးမခမဂ္ဂဇင်းမှာ တခါတခါ စာရေးပါတယ်၊ ဝါရှင်တန်ဒီစီ က RFA, VOA ရုံးတွေ ရောက်ဖူးပါတယ်၊ ဧရာဝတီသတင်း အယ်ဒီတာကြီးကို သိပါတယ်၊ (အလွတ်သတင်းထောက်လို့ မပြောရဲ) အကြံပေးပုဂ္ဂိုလ်တချို့ ကို သိသလိုလိုရှိတယ် ဘာဘာညာညာ ကမောက်ကမ လျှောက်ရွှီးတာကို လက်မခံ၊ ဝင်ခွင့်မပေး။ 

အဲ့ဂလို အောက်လမ်းအထက်လမ်းနဲ့ ဝင်ခွင့်ရဖို့ ကြိုးစားနေချိန်မှာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပွဲခန်းမ တံခါးမကြီးနားအရောက်မှာ မြေခွေးလည်ပြန်အကြည့်နဲ့ သနားစရာ တစာစာမေးနေတဲ့ သတင်းထောက်တွေကို  ...

“ကျနော်တို့ ဒီမှာ အကြေအလည်၊ အကြိတ်အနယ် ဆွေးနွေးကြပါမယ်။ သဘောတူညီမှုတွေ မရခဲ့ရင်၊ (အတင်း) လက်မှတ်ထိုးဖို့ မဖြစ်နိုင်သေးရင်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မြစ်ကြီးနား၊ မြဝတီ တနိုင်ငံလုံး လည်ပတ်ပြီး သဘောတူညီမှု ရရှိအောင်၊ လက်မှတ် ထိုးနိုင်အောင် (အနည်းဆုံး လက်သီးနဲ့ ထိုးနိုင်အောင်၊ နိုင်ငံတကာ အလှူငွေတွေ ရနေသရွေ့ ) ဆက်လက်ဆွေးနွေးသွားပါမယ် (ကျနော် ဒီရာထူးမှာ မြဲနေသရွေ့  အလွန်ထက်မြတ်တဲ့ အတိုက်အခံတွေရဲ့  အခြေအနေတွေကို အတွင်းကျကျသိတဲ့ ကျနော့် အကြံပေးတွေ တီးတိုးကပ်ပြောတဲ့ အကြံဥာဏ်တွေအတိုင် ကြိုးစားလုပ်သွားပါမယ်။ အဲ .. အပစ်ရပ်ဖို့၊ နယ်မြေတွေ ခွဲဝေပိုင်ဆိုင်ရေး၊  ကိုယ်ကျိုးစီးပွားလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ကတော့ ကျနော့်အထက်က ကြီးကြီးမာစတာ လူကြီးတွေ ဆုံးဖြတ်ပါလိမ့်မယ်)။ ကွင်းစကွင်းပိတ်ထဲက စကားတွေက ဝန်ကြီးအတွင်းစိတ်ကို တယ်လီပသီ - telepathy (တယ်လီနော် မဟုတ်) နဲ့ ဖတ်ပြီး မောင်ဥက္ကလာ ဖြည့်စွက်ပြောထားတာပါ။ 


သူ  ဆက်ပြောတာက “ကျနော်တို့ ဒီမိုကရေစီအစိုးရက တပြည်လုံး ငြိမ်းချမ်းရေးကို စေတနာအပြည့်နဲ့ အကောင်အထည်ဖော် လုပ်ကိုင်နေပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းတွေ မပြတ်သေးလို့၊ ငြိမ်းချမ်းရေး သံယောဇဉ်နဲ့ ကျွန်တော်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်။ ကယားပြည်နယ်ကို ကျေးဇူးဆပ်ချင်လို့ ကယားပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၇) က ဝင်ရောက်အရွေးခံပါမယ်။ ကျေးဇူးတင်ပါတယ်။” လို့ ပြောဆိုပြီး မျှော်တော်ယောင်ပတ်ပျိုးတေးသံ ဖွင့်ထားတဲ့ အစည်းအဝေးခန်းမထဲကို ဝင်သွားလေတော့တယ်။

မျောက်သစ်ကိုင်းလွတ် ကျန်ခဲ့တဲ့ ဘာမှမဟုတ်တဲ့ မောင်ဥက္ကလာအဖို့ ဝင်ခွင့်မပေးတဲ့ ခန်းမအပြင်ဘက်မှာ ဟိုလူခေါ်မလား၊ ဒီလူခေါ်မလား မျှော်လင့်ချက်နဲ့  ဟိုယောင်ဒီယောင် အချိန်ဖြုန်းခဲ့ပေမယ့်၊ နောက်ဆုံး မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ အခြေအနေကနေ ဆန်ပြုတ်ခဲ့တယ်။ ဒါပေမဲ့ အရှုံးထဲက အမြတ်ကတော့ ဝန်ကြီးစကားကြောင့် အရိပ်ပြ ဂေါ်ဇီလာမြင်တဲ့ မောင်ဥက္ကလာလည်း အချိန်မနှောင်းခင် မြို့ တော်ရန်ကုန်ကို ပြန်ပြေးပြီး ဒီနေ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို စေတနာမှန်မှန်နဲ့ တည်ဆောက်ပေးခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ၊ နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့်အနစ်နာခံ၊ အချိန်ယူပြီး အလွန်သမာသမတ်ကျကျ ရေးဆွဲပေးခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ကျင်းပပြုလုပ်မယ့် Free and Fair (စစ်အစိုးရပါတီ ကိုယ်စားလှယ်တွေ ကြိုတင်မဲ Free ရမယ်။ အတိုက်အခံတွေ Fair အသင့်အတင် ထိုက်သင့်သလောက် နေရာရမယ်) ရွေးကောက်ပွဲကြီးမှာ “ကျနော်က ရှစ်ပူးပါ အမေ”  ဆိုပြီး အမတ်တနေရာလောက် ဝင်ရွေးခံကောင်းမလားဆိုတဲ့ အတွေးတချက် ရလိုက်တယ်။ 

တကယ်ပါ မဲဆွယ်စကား မဟုတ် … အကယ်လို့များ မောင်ဥက္ကလာ လူမကြည့်ပဲ မဲပေးမယ့် ရွေးကောက်ပွဲကြီးမှာ ရွေးကောက်တင်မြှောက်ခံရပြီး အမတ်ကိုယ်စားလှယ် ဖြစ်ခဲ့ရင် ရရှိမယ့် နိုင်ငံတော်ဘဏ္ဍာ လစာငွေနဲ့ မောင်ဥက္ကလာနောက် တကောက်ကောက် လိုက်နေတဲ့ အကြွေးရှင်တွေကို အကြွေးပြန်ဆပ်နိုင်မှာပါ။  
နိဂုံးချုပ်အနေနဲ့ ပြောချင်တာက လက်ရှိ ရေအောက်နိုင်ငံ ဖြစ်နေတဲ့ ရွှေပြည်ကြီးကို ပြန်ရောက်ချိန်မှာ နိုင်ငံတကာက ပေးပို့လာတဲ့ အလှူပစ္စည်းတွေကို ရေဘေးဒုက္ခသည်တဝက် ကိုယ်တဝက် သွားရောက်ကူညီနေကြတဲ့ သက်ဆိုင်ရာလူကြီးတွေနဲ့အတူ  ရေမြုပ်ဒေသများကို ရဟတ်ယာဉ်စီး၊ စစ်သင်္ဘောစီးပြီး ဓါတ်ပုံအရိုက်ခံသွားဖို့ စဉ်းစားထားပါတယ်။ ရွေးကောက်ပွဲမှာ မဲဆွယ်ဖို့အတွက် ရေဘေးဒုက္ခသည်တွေနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေကို မျက်နှာစာအုပ် (facebook) ပေါ်မှာ တင်ပေးသွားပါမယ်။ Like လုပ်ပေးကြပါ။


Cartoon credit: Peace is Stronger Than All the Tools of War by Fadi Abou Hassan

ဆောင်းဖြူ - ရန်ကုန်ဟာ မလုံခြုံတော့ဘူး

$
0
0

ဆောင်းဖြူ - ရန်ကုန်ဟာ မလုံခြုံတော့ဘူး
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၅


++++++++++++++

( ၁ )

ရန်ကုန်ဟာ မလုံခြုံတော့ဘူး
လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ
လွတ်လပ်ပေါ့ပါးသွားသူတွေက
ကျွမ်းကျင်ပြီးသားအလုပ်တွေကိုပဲ ပြန်ရွေးချယ် …
ဆိုင်ကယ်ခိုးဖူးသူက ဆိုင်ကယ်ပြန်ခိုး
ဆိုးသွမ်းလုယက်သူက ပြန်လည်ဆိုးသွမ်းလုယက်
ဒီပုံစံနဲ့ပဲ
သူတို့ရဲ့အခန်းကဏ္ဍကို ဖွင့်လှစ်ခဲ့ကြတယ်။

ရန်ကုန်ဟာ မလုံခြုံတော့ဘူး
ပထွေးက မယားပါသမီးကိုစော်ကားတာဟာ
ရိုးရိုးစင်းစင်းဓာတ်ပြားအဟောင်း
လင်ပါသားက မိထွေးကိုစော်ကားတာသာ
ဇာတ်လမ်းအသစ်
စိတ်ညစ်စရာ။

ရန်ကုန်ဟာ မလုံခြုံတော့ဘူး
ကစားကွင်းတံခါးတွေ ပိတ်ပြီး
အဆိပ်ရည်ဆိုင်တွေ ပိုများလာ
အသိဉာဏ် ရှူစရာမရှိတဲ့ လူငယ်တွေက
ကော်တွေကို ပိုရှူလာကြ။

ရန်ကုန်ဟာ မလုံခြုံတော့ဘူး
ဘတ်စ်ကားပေါ်မှာလည်း အသက်ကိုဖက်နဲ့ထုပ်ထားရ
ပလက်ဖောင်းပေါ်မှာလည်း နောက်ကျောမလုံဖြစ်ရ
ကိုယ့်အိမ်ထဲကိုယ်နေတာတောင် စိုးထိတ်ရ
အချိန်တိုင်း ရင်’မ’ နေရတယ်။

ရန်ကုန်ဟာ မလုံခြုံတော့ဘူး
ကုန်းကောက်စရာမရှိသူတွေက ပိုပြီးမွဲပြာကျ
ပြည့်စုံသူတွေက ပိုပြီးကျိကျိတက်
အာဏာလက်ကိုင်ရှိသူတွေက ပိုပြီးအာဏာယစ်မူး
ဒီကြားထဲ
နိုင်ငံရေးသိုက်တူးမယ့်သူတွေကရှိသေး
အဲသလိုအခင်းအကျင်းတွေကပဲ
ရန်ကုန်ကို မလုံခြုံစေခဲ့တာလား။

( ၂ )

ဦးအောင်ဇေယျက
ရှင်စောပုရဲ့ ဒဂုံကို
ရန်အပေါင်းကုန်စင်လို့
"ရန်ကုန် "ဆိုပြီး သမုတ်ခဲ့သတဲ့
ဟုတ်တယ်
အဲဒီရန်ကုန်ဟာ
မလုံခြုံတော့တာ
ကြာပြီ။

ဆောင်းဖြူ
သြဂုတ်လ ၂၂ ရက်နေ့၊ ၂၀၁၅


××××××××××××

မိုးမခတွင် ဖော်ပြထားသည့် ဆောင်းဖြူ၏ ကဗျာများ

၁) မေတ္တာစာ

၂) အစ်ကို

၃) မြေစာပင်ရဲ့တေး

၎) တံခါးများ

၅) ၀န်ကြီးများရုံးတစ်နေရာ

၆) ရန်ကုန်

၇) နှလုံးသားထဲက အလင်းစက်များ

၈) စိုးရိမ်ရေမှတ် ဗမာပြည်

ကာတွန်း အောင်မော် - ဆင်တွေပေးတဲ့ နိုဗယ်ဆု

$
0
0

ကာတွန်း အောင်မော် - ဆင်တွေပေးတဲ့ နိုဗယ်ဆု
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၅

မောင်မောင်စိုး - ငြိမ်းချမ်းရေးလော စစ်ပွဲလော - အပိုင်း( ၁ )

$
0
0

မောင်မောင်စိုး - ငြိမ်းချမ်းရေးလော စစ်ပွဲလော - အပိုင်း( ၁ )
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၅

ဆွေးနွှေးပွဲပြီး ဆွေးနွေးပွဲ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလည်အဖွဲ့ SD နှင့် UPWC တို့၏ ရှစ်ကြိမ် မြောက် ဆွေးနွေးပွဲပြီး SD အဖွဲ့နှင့် UNFC အဖွဲ့ဝင်များ EAOs အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းမှုကိုဇူလိုင်လ ၂၆ မှ ၂၉ ထိ ချင်းမိုင်တွင် ပြုလုပ်ခဲ့ကြသည်။ ဤအစည်းအဝေးမှလည်း NCA လက်မှတ်ထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါရေးကို မူအဖြစ် ဆက်လက်ကိုင်စွဲခဲ့ကြသည်။

ထိုဆွေးနွေးပွဲအပြီး သြဂုတ် ၂ ရက်နေ့တွင်
မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဟူသော ခေါင်းစဉ်အောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ဖို့လိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တတိယအဆင့်တွင်မှ SSR နှင့် DDR တို့ ဆွေးနွေးရမှာဖြစ်ကြောင်း မိမိတို့၏တပ်များ ဖျက်ရလျင် ဘယ်အဖွဲ့မှ လက်ခံမည် မဟုတ်ကြောင်း ငြိမ်းချမ်း
ရေးနှင့်ပတ်သက်၍ နားလည်မှု အာမခံချက်ရလျင်
ယနေ့သဘောတူ နက်ဖန်ထိုးလို့ရကြောင်း ပြောဆိုသွားပါသည်။ KNU ဒုဥက္ကဌ လည်းဖြစ် SD အဖွဲ့ခေါင်းဆောင်လည်းဖြစ်သူ နော်စီဖိုးရာစိန်က လည်းအလားတူ ပြောဆိုခဲ့ပါသည်။

သြဂုတ်လ ၆ / ၇ ရက်နေ့များမှာ SD နှင့် UPWC တို့ ရန်ကုန်မြို့တွင် နဝမကြိမ်မြောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ UPWC နှင့် SD တို့ ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာချက်တွင်NCA စာချုပ်အချက်အလက်အားလုံးကို နှစ်ဖက်သဘောတူကြောင်း အများပြည်သူသိရှိရန် ထုတ်
ပြန်မည်ဖြစ်ကြောင်း NCA စာချုပ်ချုပ်နိုင်ရေး နိုင်ငံ
ရေးဆွေးနွေးပွဲများမှ ငြိမ်းချမ်းရေးရရှိရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းတို့ပါဝင်သည်။
ထို့ပြင် အသိသက်သေအဖြစ် နိုင်ငံတကာမှ UNနှင့် အိမ်နီးချင်း ၃ နိုင်ငံဖြစ်သော တရုတ် အိန္ဒိယ ထိုင်း တို့ပါဝင်မည်ဖြစ်ပြီး ပြည်တွင်းသက်သေအဖြစ် ဒေါ်အောင်ဆန်း စုကြည်အပါ ပြည်တွင်းမှ ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်များ ပါဝင်မည်ဟုသိရသည်။

ဆွေးနွေးပွဲအပြီး SD ၏ သတင်းစာရှင်းလင်း
ပွဲတွင် NCA လက်မှတ်ထိုးရေးတွင် အားလုံးပါဝင်
ရေးကို အစိုးရက ပယ်ချကြောင်း ဤကိစ္စနှင့်ပတ်
သက်ပြီး နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ တွေ့
ဆုံညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 ထိပ်သီးခေါင်းဆောင်များ တွေ့မည်ဆိုရာ၌ အစိုးရ
ဖက်က သမတနှင့် ကာချုပ်ပါဝင်မှာ ဖြစ်ပြီး တိုင်း
ရင်းသားများဖက်က အင်အားကြီးငါးဖွဲ့ဖြစ်သော
 KNU/ KIO/ NMSP/ KNPP/ SSPP တို့မှ ခေါင်းဆောင်များ ပါဝင်မည်ဟုဆိုသည်။

NCA လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး အဖွဲ့
အသီးသီးမှ ခေါင်းဆောင်များ မိမိအဖွဲ့လိုက်၎င်း လူ
ထုဆွေးနွေးပွဲများခေါ်ယူ၍၎င်း ပြုလုပ်သဘောထား ယူခဲ့ကြသည် ။
သြဂုတ်လ ၂၀ တွင် SD နှင့် MPC တို့ ချင်းမိုင်
တွင်တွေ့ဆုံပြီး နေပြည်တော်ထိပ်သီးဆွေးနွေးပွဲ
အတွက် တွေ့ဆုံညှိနှိုင်းခဲ့သည်။ထို့နောက် တိုင်း
ရင်းသားအဖွဲ့အားလုံး၏ အစည်းအဝေးကို သြဂုတ်လ ၂၁ မှ ၂၄ ထိ ချင်းမိုင်တွင် ပြန်လည်
ပြုလုပ်ခဲ့သည်။ အဓိကအားဖြင့် NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးကို ဆက်လက်ကြိုး
ပမ်းသွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုပါသည်။
 နေပြည်တော်သို့ သမတနှင့်တွေ့ဆုံရန် KNU/ 
KIO/ NMSP/ KNPP/ SSPP တို့မှ ခေါင်းဆောင် ၅ ဦး SD မှ ၃ ဦး စုစုပေါင်း ၈ ဦး သွားရောက်မည်ဟုဆိုသည်။ နေပြည်တော် တွေ့ဆုံပွဲမှာ သြဂုတ်လကုန် သို့မဟုတ် စက်တင်ဘာ လဆန်းပိုင်းတွင် ဖြစ်နိုင်မည်ဟုဆိုပါသည်။နောက်ဆုံးသတင်း
များအရ စကတင်ဘာ ၉ ရက်နေ့တွင် တွေ့ဆုံမည်ဟု ဆိုပါသည်။

လက်မှတ်ထိုးမည့်အဖွဲ့များ

တိုင်းရင်းသားများဖက်မှ တင်ပြသော အား
လုံးပါဝင်လက်မှတ်ထိုးရေးဆိုသည်မှာ မူလ EAOs
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့်ABSDF အပါ ပေါင်း ၁၇ ဖွဲ့ဖြစ်သည်။ ၎င်း တို့မှာ

၁။ KNU ကရင်အမျိုးသားအစည်းအရုံး

၂။ KPC ကရင်ငြိမ်းချမ်းရေးကောင်

၃။ DKBA 

၎။ KIO ကချင်ပြည်လွတ်လပ်ရေးအဖွဲ့

၅။ KNPP ကရင်နီတိုးတက်ရေးပါတီ

၆။ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ

၇။ NMSP မွန်ပြည်သစ်ပါတီ

၈။ CNF ချင်းအမျိုးသားတပ်ဦး

၉။ ALP ရခိုင်လွတ်မြောက်ရေးပါတီ

၁၀။ PNLO ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့

၁၁။ ABSDF 

၁၂။ PSLF ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး

၁၃။ AA ရခိုင်တပ်မတော်

၁၄။ MNDAA ကိုးကန့်အဖွဲ့

၁၅။ LDU လားဟူဒီမိုကရက်တစ်ယူနီယံ

၁၆။ WNO ဝအမျိုးသား အစည်းအရုံး

၁၇။ ANC ရခိုင်အမျိုးသားကောင်စီ တို့ဖြစ်သည်။

ထို ၁၇ ဖွဲ့ထဲမှ နံပတ် ၁၂ မှ ၁၇ ထိ ၆ ဖွဲ့အား
လက်မှတ်ထိုးရန် ပယ်ချထားပြီး နံပတ် ၁ မှ ၁၁ ထိ
 ၁၁ ဖွဲ့နှင့် အစိုးရနှင့် သီးခြား အပစ်ရပ်ထားသော
အဖွဲ့ ၄ ဖွဲ့ ပေါင်း ၁၅ ဖွဲ့နှင့်သာ NCA လက်မှတ်ထိုး
မည်ဟု အစိုးရက သဘောတူထားခဲ့သည်။

သီးခြား
၎ ဖွဲ့မှာ

၁။ UWSA ဝအဖွဲ့

၂။ NDAA မိုင်းလားအဖွဲ့

၃။ RCSS ဦးရွက်ဆစ်အဖွဲ့

၎။ နာဂအဖွဲ့ တို့ဖြစ်သည်ဟု ဆိုပါသည်။

ကြားဖြတ်တွေ့ဆုံမှု


၂၀၁၅ သြဂုတ်လ 3/4 ရက်နေ့များတွင်နေပြည်တော်၌ သမတ ကာချုပ်တို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့မှ ခေါင်းဆောင်များ တွေခဲ့ကြပါသည် ။တွေ့ဆုံခဲသူများမှာ KNU မှဥက္ကဌစောမူတူးစေးဖေါ အတွင်းရေးမှူး ဖဒိုစောကွယ်ဝင်း
 DKBA မှ ဒုစစ်ဦးစီးချုပ် စောမိုရှေး KPC မှ စောရင်နု နှင့် RCSS မှ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ဒုခေါင်းဆောင် စိုင်းလှ နှင့် စိုင်းဟန်တို့ဖြစ်သည်။၎င်း တို့နှင့်အတူ EBO ( EU Burma Office )
မှ ဒါရိုက်တာဟန်ညောင်ဝေလည်းပါဝင်သည်။

၎င်းတွေ့ဆုံမှုမှာ နဝမအကြိမ် SD နှင့် UPWC တို့ မတွေ့ဆုံမှီ တွေ့ဆုံခြင်းဖြစ်သည်။၎င်းတွေ့ဆုံမှုမှာ NCA လက်မှတ်ထိုးရေး ကြန့်ကြာနေမှုအပေါ်မည်သို့တွေ့ကြုံရမည်ဆိုသည်ကို အတူတကွ စဉ်းစားခြင်းဖြစ်ကြောင်း SD နှင့် UPWC တွေ့ဆုံမှုအား
အထောက်အကူု့ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖဒိုစောကွယ်ဝင်း ကပြောဆိုခဲ့ပြီး အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပါ။
l ဤတွေ့ဆုံမှုနှင့် ပတ်သက်ပြီး အအစိုးရအနေနှင့် သူနှင့်နီးစပ်သော အဖွဲ့များအား NCA လက်မှတ်အမြန်ထိုးရေး ခေါ်ယူစည်းရံုးသိမ်းသွင်းခြင်းဖြစ်သလို ကျန်အဖွဲ့များအား ၎င်းအဖွဲ့များမှ တဆင့်ဖိအားပေးစေလို၍ ဖြစ်ကြောင်း သုံးသပ်ကြပါသည်။

NCA နှင့်ကျော်လွှားခဲ့သောအချက်များ


NCA မူကြမ်းတွင် အဓိကကွဲလွဲမှုမှာ တိုင်းရင်းသားတို့၏ အခွင့်အရေးနှင့်သက်ဆိုင်သော အခြေခံဥပဒေဆိုင်ရာ အချက်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ပြသနာဖြစ်သည်။

တိုင်းရင်းသားတို့တောင်းဆိုနေသည့် တန်းတူရးပြသနာတွင် ပြည်နယ်များအနေနှင့် ပြည်နယ်အစိုးရကို ကိုယ်တိုင်ရွေးကောက် တင်မြှောက်ခွင့်။ ပြည်နယ်အလိုက်ဥပဒေပြဌာန်းခွင့်။ ပြည်နယ်တွင်း
ရှိ သယံဇာတများအား စီမံကွပ်ကဲနိုင်ခွင့်တို့ အလိုရှိသည်။ စသည့်ပြည်နယ်များမှ အလိုရှိသည့်တန်းတူရေးဆိုင်ရာ ပြသနာများမှာ ၂၀၀၈ အခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်များနှင့် မကိုက်ညီပေ။

လက်ရှိခြေဥအရ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ခွင့်အာဏာ သည် ပြည်နယ်လွှတ်တော်၌မရှိ။ သမတ၌သာ ရှိသည်။ ပြည်နယ်များရှိ သယံဇာတများ စီမံကွပ်ကဲခွင့်မှာလည်း ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွင်သာရှိသည်။ ပြည်နယ်
လွှတ်တော်များ၏ ဥပဒေပြဌာန်းခွင့်မှာလည်း အကန့်အသတ် အလွန်ကြီးသည်။ ထိုကြောင့် လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက၂၀၀၈ ခြေဥကို လက်မခံကြောင်း ပြောဆိုကြခြင်း
ဖြစ်သည်။ အခြေခံဥပဒေနှင့်ပတ်သက်၍ အစိုးရနှင့်စစ်တပ်တို့၏ ရပ်တည်မှု နှင့် တိုင်းရင်းသားတို့၏ရပ်တည်မှုကွာခြားသည်။
သို့ဖြစ်ရာ ဤပြသနာကို နိုင်ငံရေးဆွေးနွေးပွဲဆီသို့နောက်ပို့လိုက်ခြင်းဖြင့် NCA သဘောတူညီမှုကိုရယူထားသည်ဟုဆိုရမည်။

ဒုတိယအားဖြင့် ပြသနာကြီးမှာ လက်နက်ကိုင် တပ်ဖွဲ့ ပြသနာဖြစ်သည်။ အစိုးရဘက်ကတင်ပြသည်ကတော့ DDR ဟုခေါ်သည့် Disarmament Demobilization Reintegration ဟုဆိုသည့် လက်နက်ဖြုတ်သိမ်းခြင်း စစ်မှုထမ်းအဖြစ် မှနှုတ်ထွက်ခွင့်ပြုခြင်း
 အရပ်သားများအဖြစ်သို့ ပြန်လည်ပေါင်းစည်းခြင်း
တို့ဖြစ်သည်။ တိုင်းရင်းသားဖက်မှ တင်ပြသည့် SSR ဆိုသည်မှာ Security Sector Reform
လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဖြစ်သည်။
ဤသဘောထား ၂ ခုမှာလည်း အမှန်တော့
 ကွဲလွဲမှုကြီးမားသည်။ သို့သော် NCA လက်မှတ် ထိုးနိုင်ရေးအတွက် ဤကွဲလွဲချက်အားလည်း 
နိုင်ငံရေးဆွေးနွေးပွဲဆီသို့ ပို့ထားလိုက်သည်။
NCA လက်မှတ်ထိုးနိုင်ရန် နိုင်ငံရေးပြသနာများကို
နိုင်ငံရေးဆွေးနွေးပွဲများဆီသို့ ပို့ထားခြင်းသည်
မှန်ကန်သည်ဟု ဆိုနိုင်သော်လည်း လာမည့် နိုင်
ငံရေးဆွေးနွေးပွဲများတွင် ဤအချက်များကို အလျော့အတင်းမပြုနိုင်ပါက NCA ပြန်ပျက်သွား
နိုင်သည်ဆိုသည်ကိုတော့ သတိမူရန်လိုအပ် သည်။

အားလုံးပါဝင်ရေး

NCA လက်မှတ်ထိုးရေးတွင် အားလုံးပါဝင်
ရေးကိုမူအဖြစ်ထားကြောင်း လော်ခီးလာဆုံးဖြတ်
ချက်အဖြစ်ပြောဆိုကြသည်။ သို့သော် NCA လက်
မှတ်ထိုးရေး နောက်ဆုံးအချိန်နီးကပ်လာချိန် အစိုး
ရကလည်း ၆ ဖွဲ့ကိုလက်မခံဟု အတိအလင်းရပ်
ခံလာချိန်တွင် တိုင်းရင်းသားအဖွဲ့များကြား သဘောထား မတူညီမှုများကို တွေ့လာရသည်။

၂၀၁၅ သြဂုတ် ၁၁ ရက်နေ့ နဝမကြိမ်မြောက်
SD နှင့် UPWC ဆွေးနွေးပွဲအပြီးတွင် အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့သို့ NCA လက်
မှတ်ထိုးရန် ပေးပို့ခဲ့သည်။ လက်ရှိ တိုင်းရင်းသား
များ စုပေါင်းဆွေးနွေးသည့် ကိုယ်စားလှယ် အဖွဲ့
အားကျော်၍ တဖွဲ့ချင်းစီသို့ ဖိတ်ခေါ်စာပို့ခြင်းသည်
 တိုင်းရင်းသားအဖွဲ့များအား ခွဲခြားဘို့ကြိုးစားခြင်း
ဖြစ်သည်ဟု အချို့ကယူဆကြသည်။ MPC ကမူ
ဤသို့ တဖွဲ့ချင်းစီသို့ စာပို့ခြင်းသည် အပစ်ရပ်ရေး
ရေနှင့် ပတ်သက်ပြီး တဖွဲ့ချင်းစီ၏ တာဝန်ခံမှု လို
အပ်၍ဟုဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့များအနေနှင့် ဆုံးဖြတ် ချက်ကို တဖွဲ့ချင်းချသည်မှာ မှန်သော်လည်း NCAလက်မှတ်ထိုးရာတွင် အတူတကွထိုးမည်ဟု ဆိုပါသည်။

တိုင်းရင်းသားအဖွဲ့များအနေနှင့် အားလုံးပါဝင်
ရေးနှင့်ပတ်သက်ပြီး မိမိတဖွဲ့ချင်းအစည်းအဝေး များ သက်ဆိုင်ရာတိုင်းသားလူထုနှင့်အစည်း အဝေးများ ပြုလုပ်ပြီး ချင်းမိုင်တွင် အဖွဲ့အသီးသီးမှ ကိုယ်စားလည်များ ၄ ရက်ကြာ အကြိတ်အနယ်ဆွေးနွေးကြသည်ကို တွေ့ရသည်။ ဤတွင်အားလုံး ပါဝင်ရေးနှင့်ပတ်သက်ပြီး ကွဲလွဲမှုများကို တွေ့ရ
သည်။

၎င်းချင်းမိုင်ဆွေးနွေးပွဲ မတိုင်မှီ သြဂုတ် ၁၇ ရက်တွင် KNU/ KPC/ DKBA/ RCSS ၄ ဖွဲ့ပူးတွဲ၍ NCA လက်မှတ်ထိုးမည်ဟု ကြေငြာလိုက်သကဲ့သို့ ABSDF ကလည်း NCA လက်မှတ်ထိုးမည်ဟု ကြေငြာခဲ့သည်။ သို့ဖြစ်ရာ တခြားအဖွဲ့များ လက်မှတ်မထိုးရင်တောင်မှ ၎င်းတို့လေးငါးဖွဲ့ဘဲ ထိုးမည့်
အဓိပ္ပါယ်ထွက်နေသည်။သို့သော် နော်စီဖိုးရာစိန်
အနေနှင့် KNU လက်မှတ်ထိုးမည်ဆိုသည်မှာ လေးငါးဖွဲ့ထဲ ထိုးရေးမဟုတ် အားလုံးနှင့်အတူထိုးရေးဟု ဆိုခဲ့ရသည်။ သို့သော်မည်သည့်အဖွဲ့များပါဝင်မည်ကို ထပ်မံညှိနှိုင်းသွားမည်ဟု ဆိုခဲ့သည်။

ချင်းမိုင် နောက်ဆုံးဆွေးနွေးအပြီးတွင်
ပအို့အဖွဲ့မှ ခွန်ဥက္ကာက အားလုံးပါဝင်ရေးမူနှင့်
ဆက်သွားမည်ဟု ပြောလိုက်သည်။အကယ်၍ ကျန်သောအဖွဲ့ရှိပါက ဘယ်လိုအာမခံချက်ပေး
မလဲ ဆိုသည်ကိုညှိနှိုင်းမည်ဟု ဆိုခဲ့သည်။လက်
ရှိ နေပြည်တော်သွားမည့် ကြီးငါးကြီးတွင်ပါဝင်
သည့် ၅ ဖွဲ့၏ သဘောထားများကို လေ့လာကြည့်
ရာ အောက်ပါအတိုင်းတွေ့ရသည်။

KIO အနေနှင့် လက်မှတ်ထိုးရေးကို ဗဟိုအနေနှင့် ဆုံးဖြတ်ချထားပြီးဖြစ်သည်။ သို့သော် အားလုံးပါဝင်ရေးကိုမူကိုဆုပ်ကိုင်ထားသည်။ လိုင်ဇာလူထုအစည်းအဝေးကလည်း
အားလုံးပါဝင်မှ လက်မှတ်ထိုးရေးကို ဆုံးဖြတ်ခဲ့ကြသည်။
 SSPP/SSA အတွင်းရေးမှူး စဝ်ခွန်ဆိုင်း
ကလည်း အားလုံးပါဝင်လက်မှတ်ထိုးသင့်ကြောင်း
၊ အကန့်အသတ်ထားရှိခြင်းသည် ပြည်တွင်းစစ်မီး ပွါးချန်ရာရောက်သည်ဟု ဆိုခဲ့သည်။ ထို့အတူ
အားလုံးပါဝင်သင့်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်အောင်မင်းက အား
လုံးပါဝင်ရေးမူကို ရပ်ခံဘို့ ဆော်သြခဲ့သလို ဒုဥက္ကဌ နိုင်ဟံသာကလည်း အားလုံးအတူလက်မှတ်ထိုး
မည်ဟုဆိုခဲ့သည်။

KNPP အနေနှင့် သြဂုတ် ၂၂ နေ့က လွိုင်ကော်တွင် နိုင်ငံရေးပါတီများ လူထုအဖွဲ့အ စည်းကိုယ်စားလည်များနှင့် တွေ့ဆုံပြီးနောက် 
ကြေငြာချက်တခု ထုတ်ပြန်ခဲ့သည်။၎င်းကြေငြာ
ချက်အရ KNPP အနေနှင့် အားလုံးပါဝင်ရေးကို
ကြိုဆိုကြောင်း လတ်တလော အားလုံးမပါဝင်နိုင်
သေးပါက ကျန်ရှိသော အဖွဲ့များအား ရန်လိုတိုက်
ခိုက်မှုမပြုရန် ထိုးစစ်ဆင်ခြင်းမပြုရန် NCA လက်
မှတ်ထိုးကြမည့်အဖွဲ့များနှင့် အခွင့်အရေးတန်းတူရ
ရန် အစိုးရနှင့်တပ်မှ အာမခံပေးရန် ထိုအာမခ
ံချက်အတွက် NCA လက်မှတ်မထိုးမှီ ကြိုတင်၍
 ဂတိကဝတ်တစောင် လက်မှတ်ရေးထိုးရန်လိုအပ် သည်ဟု ဆိုပါသည်။

KNU အတွင်းရေးမှူးဖဒိုစောကွယ်ထူးဝင်းက
လည်း နေပြည်တော်ဆွေးနွေးပွဲတွင် အားလုံးပါ
ဝင်ရေးမူကို တင်ပြသွားမည်ဖြစ်ပြီး မဖြစ်နိုင်ရင်
လက်တွေ့ဖြစ်နိုင်သည့်နည်းလမ်းနှင့် ဆောင်ရွက် မည်ဖြစ်ကြောင်း NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များအတွက် စစ်ရေးအာမခံချက် နိုင်ငံရေးအရပါဝင်ဆွေးနွေးမှု ညှိနိုင်းသွားမည်ဖြစ်ကြောင်း ဆိုခဲ့ပါသည်။

နောက်ဆုံးဆွေးနွေးပွဲတွင် တက်ရောက်ခြင်း
မရှိသည့် KPC နှင့် DKBA .၂ ဖွဲ့အနေနှင့်လည်း
သီးခြားလက်မှတ်ထိုးမည် မဟုတ်ဘဲ အတူတကွ
NCA လက်မှတ်ထိုးမည် ဖြစ်ကြောင်း KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ဆိုပါသည်။

သြဂုတ်လ ၂၄ တွင် EAOs ၁၅ ဖွဲ့ကြေငြာချက်
ထုတ်ပြန်ရာရာတွင် NCA လက်မှတ်ထိုးရာတွင် 
အားလုံးပါဝင်ရေးမူကို ဆက်လက်စွဲကိုင်ပြီး ညီညွတ်စွာ ဆက်လက်ဆောင်ရွက်မည်ဟု ဆိုခဲ့သည်။ သို့သော် အထက်ဖေါ်ပြပါအကြောင်း အချက်များအရ လက်ရှိ NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးထက် မပါနိုင်ကလည်း
အဖွဲ့များနှင့် မည်သို့နားလည်မှုယူမည်ဆိုသည်
ကို ဆွေးနွေးညှိနှိုင်းမည့် သဘောဟုယူဆရဘွယ်
ရှိပါသည်။

လက်ရှိအနေအထားအရ NCA လက်မှတ်ထိုး
ရာတွင် EAOs အဖွဲ့ဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့လုံးက လက်မှတ်ထိုးလိုသော်လည်းအစိုးရနှင့်စစ်ဖက်က ၆ ဖွဲ့ကို လက်မခံနိုင်သေးဟူသည့် အခြေအနေ ဖြစ်ပေသည်။

နေပြည်တော်ဆွေးနွေးပွဲအာ်း စက်တင်ဘာလ ၉ ရက်တွင် ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု MPC ဆိုသည်။ မကြာမှီ ရက်
ပိုင်းအတွင်း အဖြေတခုထွက်မည်ဟု မျှော်လင့်ရပေသည်။

ဆက်လက်ဖေါ်ပြပါမည်

ကာတွန်း ဇာနည်ဇော်ဝင်း - နေပြည်တော်၊ သမတနဲ့ နီးစပ်သူ

$
0
0

ကာတွန်း ဇာနည်ဇော်ဝင်း - နေပြည်တော်၊ သမတနဲ့ နီးစပ်သူ
(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၅


ဗိုလ်ထက်မင်း - ဒီမိုကရေစီက နုနု၊ မုန်တိုင်းက ထန်ထန် - အပိုင်း(၅)

$
0
0

ဗိုလ်ထက်မင်း -  ဒီမိုကရေစီက နုနု၊  မုန်တိုင်းက ထန်ထန်  - အပိုင်း(၅)
(မိုးမခ) သြဂုတ် ၃၁၊ ၂၀၁၅

၃၆။ဦးရွှေမန်းရဲစိတ်ထဲမှာ ဥပဒေပြုအာဏာအထက်မှာ မိုးကောင်ကင်ဘဲ ရှိတယ်လို့ခံယူထားသလို ၊ သူရဲ့မူရင်းပြောနေကြ ရေပန်းစားခဲ့တဲ့ ဥပဒေရဲ့အထက်မှာဘယ်သူ့မှမရှိရဘူးလို့  ဆိုတဲ့အတွက် အစိုးရအုပ်ချုပ်ရေးကဏ္ဏကို ဝေဖန်လာတယ်။ သိမ်းဆည်းလယ်ယာမြေကိစ္စ၊ အလုပ်သမားအခြေခံလစာနှူံးထား သတ်မှတ်တဲ့ ကိစ္စတွေမျိုးမှာ အစိုးရနှေးတယ်ဆိုပြီး သူက ဖိအားပေးလာတယ်။ အစိုးရလုပ်နေတဲ့ငြိမ်းချမ်းရေးစင်တာဟာ ဘတ်ဂျက်လဘယ်လိုသုံးနေတာလဲဆိုပြီး၊  သူပေးမယ်ဆိုကာ နိုင်ငံခြားထောက်ပံ့မှူနဲ့ လှည့်ပတ် သုံးတါကိုထောက်လာလို့ဦးအောင်မင်း ရှဲူးရှဲူးရှဲရှဲဖြစ်ကာ လွှတ်တော်ကို သွားရှင်းရပါတယ်။ ဆက်သွယ်ရေးလိုင်စင်ကိစ္စ သူ့ရဲ့သား လုပ်နေတဲံ့ လုပ်ငန်း ထိခိုက်မှာကို စိတ်ပူဟန်တူပြီး ကန့်လန့်တိုက်ထားလို့ဝန်ကြီး အသစ်ပူပူနွေးနွေး ဦးမြတ်ဟိန်းက အမြန်ချပေးဖို့လာပြောယူရပါတယ်။

၃ရ။ဦးရွှေမန်းဟာ လွှတ်တော်ကိုထောက်မဲ့ အခြေခံဥပဒေခုံရုံးအဖွဲ့အား ဖြုတ်ချခဲ့ပါတယ်။ စာရင်းစစ်ချုပ်လူမှန်ကြီးဦးလွန်းမောင်က လျှို့ဝှက်သတင်း ဦးရွှေမန်းကို ယုံကြည်စွာပြောထားပေမဲ့ စည်းမထားဘဲ  ဦးရွှေမန်းက ဖေါက်သည်ချလိုက်လို့နှူတ်ထွက်သွားရပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ၆ပွင့်ဆိုင်ကိစ္စအစိုးရကို ပြည်ထောင်စုလွှတ်တော်ပါဝါသုံးကာ ဖိအားဆက်တိုက်ပေးခဲ့တယ်။ နယ်တွေဆင်းတဲ့အခါ ဦးရွှေမန်းဟာ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်တွေကို ဖိအားပေးကာ အုပ်ချုပ်ရေးကိစ္စမှာ ဝင်စွက်ဖက်လာလို့  ကယားပြည်နယ်ဝန်ကြီးချုပ် နှူတ်ထွက်ရသည်အထိ ဖြစ်လာတယ်။ သမ္မတဦးစီး ဝန်ကြီးချုပ်များ၊ ဝန်ကြီများထဲမှ အသံဗလံထွက်လာကာ ပါတီကထွက်ကြမယ်လုပ်လို့ဦးရွှေမန်းအရှိန်ပြန်သတ်လိုက်ရတယ်။ ဦးအောင်မင်းနဲ့ ဦးစိုးသိမ်း ဝန်ကြီးတွေကို ပါတီရဲ့ အမတ်လောင်းစာရင်းကနေ သူက ဖြုတ်ခိုင်းတဲ့အတွက် ကော်မရှင်မှာ တသီးပုဂ္ဂလိကဖြစ်သွားရသလို ဦးစိုးသာက ထွက်မယ်လုပ်လို့ ဆွဲထားရတာမို့ပါတီတွင်းက သူ့ကို မကျေလည်သူ များလာတယ်။ 

၃၈။ဦးရွှေမန်းဟာ ဦးသိန်းစိန်ပြန် အရွေးခံမှာကို စိုးရိမ်နေပြီး ကျန်မားရေးအကြောင်းပြချက်နဲ့ ကာယကံရှင်ကိုယ်တိုင် ပြောလာစေဖို့ သွယ်ဝိုက်ဖိအားပေးလာတယ်။ သူရဦးအောင်ကို မှတဆင့် သမ္မတစာတစောင် ရောက်လာဖို့ရှိတယ် ဆိုတာ အရိပ်အမြွက် ပြောခိုင်းတာမျိုး လုပ်လာတယ်။ ဦးသိန်းစိန်ပြန်အရွေးခံရင်တောင် ပါတီပြန်လာလို့မရအောင် ဥက္ကဌရာထူးကို၂၀၁၆ ခုနှစ်ကျမှ ပြန်ရွေးမှရမယ်လို့ အသံထွက်ခိုင်းတယ်။ 

အလားတူဦးမောင်မောင်သိမ်းကို သမ္မတ၊ဟာ ရွေးကောက်ပွဲမှာ ပါတီကိုယ်စားပြုပြီး မဝင်ဘူးလို့ ပြောခိုင်းလာတယ်။ ဒါပေမဲ့ဦးသိန်းစိန်က ရွေးကောက်ပွဲမဝင်ဘဲ တပ်ကတင်တဲ့သမ္မတ လုပ်မယ်လို့ပြောလိုက်တော့  ဦးရွှေမန်းအကြပ်ရိုက်သွားတယ်။ ဦးသိန်းစိန်ရေဘေးသွားလှူုဒါန်းတာနဲ့ စပ်လျဉ်ပြီးဘယ်ငွေနဲ့လှုတာလဲ ဆိုပြီး ပေါ်တင် တိုက်ခိုက်လာတယ်။ ရေကူးအသံလွှင့်ရုံကိစ္စလည်း ဦးရဲထွဋ်က စိန်ခေါ်တဲ့အထိဖြစ်လါတယ်။

၃၉။ဦးရွှေမန်းပြောတဲံ့ ညွှန့်ပေါင်းအစိုးရစနစ်အရ သွားမယ်ဆိုရင် တပ်မတော်ရဲ့ဘတ်ဂျက်လိုမျိုး၊ အရေးကြီးတဲ့အခြေခံဥပဒေတွေကို ဇွတ်တရွတ်ပြင်မှာကို တပ်မတော်က စိုးရိမ်နေဟန်လည်း တူပါတယ်။ တပ်မတော်ရဲ့သဘောထားက လောလောဆယ် ပုဒ်မ၄၃၆၊ ၅၉(စ) တို့ကို ပြင်ဖို့မရှိသေးဘူးလို့တပ်ချုပ်က  ဗွီအိုအေနဲ့တွေ့ဆုံခန်းမှာပြောထားလျှက်သားနဲ့ ဇွန်လက တပ်မတော်သားကိုယ်စားလှယ်တော်တွေကို ဦးရွှေမန်းဟာ သီးသန့်ခန်းမထဲ ခေါ်သွင်းပြီး ၇၅%နဲ့ ကျေနပ်ဖို့ပြင်ဖို့ ဖိအားပေး လုပ်ခိုင်းလာတယ်။ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီမှာ တပ်မတော်ကိုယ်စားလှယ်မပါအောင် ထားခဲ့တယ်။ ဦးရွှေမန်းက အခြေခံဥပဒေပြုပြင်ရေးမှာ တပ်က အတားအဆီးဖြစ်နေတဲ့ အသွင်မျိုး ဝေဖန်လာတယ်။

၄၀။တပ်မတော်သားများကလည်း ဂျာနယ်တွေမှာ သစ္စာဖေါက်လို့တန်ပြန်ဝေဖန်လာတယ်။ အခြေခံဥပဒေပြင်ဆင်ရေး မဲဆန္ဒပေးခိုင်းရာမှာ လူထုအား တပ်ကို လက်ညှိးထိုးစေဖို ဖန်တီးတာဖြစ်တယ်လို့ပြောလာတယ်။ တပ်မတော်သားများက ပြည်ခိုင်ဖြိုးပါတီဟာ ယခင်မဆလပါတီလို ကိုယ့်တပ်ကိုယ်ပြန်နင်းတဲ့ ပုံစံဖြစ်နေလို့ ပါတီပြန်ဖွဲ့သင့်တယ်ဆိုပြီး အသံဗလံဆူညံလာလို့  တပ်ချုပ်က တပ်မတော်သားကိုယ်စားလှယ်တွေကို ထိန်းထိန်းသိမ်းသိမ်းပြုလုပ်ခဲ့ရတယ်လို့ စစ်ရုံးနဲ့နီးစပ်သူများထံမှ သိရပါတယ်။

၄၁။ဒါပေမဲ့ ဦးရွှေမန်းကိုယ်တိုင် အကြိမ်ကြိမ်မဲပေးတာဟာ ဥပဒေချိုးဖေါက်တဲံ့အတွက်  ဇေယျာသီရိမဲဆန္ဒနယ်မှ တပ်မတော်သားမိသားစု၁၇၀၀ခန့်က ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးဖို့ ဇူလိုင်လ၂၄ရက်နေ့က လက်မှတ်ထိုး တိုင်ကြားလာတယ်။ ဦးရွှေမန်းက ဘီဘီစီအင်တာဗျုးခန်းမှာ ဒီတိုင်စာဟာ  တစုံတယောက်ရဲ့ဖိအားကြောင့် ဖြစ်နိုင်တယ်ဆိုတာ သံသယ ရှိတယ်။ သူဟာ ဥပဒေကြောင်းအရ ရင်ဆိုင်ရဲတယ်။ သူ့နောက်မှာ ဒေါ်စု ဆိုတာထက် ပြည်သူရှိတယ်လို့ ပြောလိုက်ရာမှာ အခြေအနေ ပိုမိုတင်းမာသွားတယ်။  သူရဦးအောင်ကို က သူရဘွဲ့ဟာ အချင်းချင်းတိုက်ရတာဖြစ်လို့  ဂုဏ်ယူစရာမကောင်းဘူးလို့ ပြောလိုက်ရာ  တပ်အတွင်း ဂယက်ရိုက်သွားတယ်။ သူက ပါတီအတွင်း ကွဲလွဲမှူတွေ ပြန်လည်ရင်ကြားစေ့လို့မရတော့ဘူးလို့ ဆိုပါတယ်။

၄၂။ဦးရွှေမန်းက တဆင့်မှာခိုင်းတဲ့ လျှို့ဝှက်အစည်အဝေးတခုမှာ သတင်းလုံခြုံမှူဂရုစိုက်ရန်လိုကြောင်း၊ သတင်းပေါက်ကြားသွားလို့ စိတ်ဆိုးနေကြောင်း၊ တပ်ကပြောင်းလာမဲ့အရာရှိများကို တချို့မဖြစ်မနေ လက်ခံ ရတာက လွဲလို့ကျန်သူများကိုတိုင်ပင်ကိုက်ထားသည့်အတိုင်း ဖြတ်ချမည်ဖြစ်ကြောင်း ဆိုပါတယ်။ သြဂုတ်လ ၁၂ ရက်နေ့မှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်အသစ်များ ကြိုဆိုတဲ့အခမ်းအနား ပါတီဌာနချုပ်မှာကျင်းပခဲ့ရာ တပ်က ၁၄၃ ဦးပေးထားသော်လည်း ၅၉ဦးသာ ရွေးချယ်ခံရလို့ တင်းမာမှူမြှင့်တက်သွားပြီး ယင်းညကျမှာ ချေမှူန်းခံရပါတယ်။ သမ္မတက ဥက္ကဌချိန်းတဲ့စာထုတ်ပြီး ရွေးထုတ်ထားတဲ့ (ဝန်ကြီး၊ဒုဝန်ကြီး) ငြိမ်းတွေကို ရဲတပ်ဖွဲ့များနဲ့ ခြံရံကာ ညကျောင်းလုပ်နေတဲ့ ပါတီဌာနချုပ်ကို ဝင်ရောက်စီးနင်း ညတိုက်ပွဲ ဆင်နွဲခဲ့ပါတယ်။

၄၃။အစိုးရအကြောင်းပြတာက ပါတီအတွင်းလုပ်ဆောင်မှူတွေဟာ ပွင့်လင်းမြင်သာမှူနည်းပြီး ဦးရွှေမန်းဟာ သူ့သဘောသူ လုပ်တာများကါ လျှို့ဝှက်ကိစ္စတွေ ပေါက်ကြားတဲ့အပြင် ပါတီရံပုံငွေသုံးစွဲတာကအစ သံသယဖြစ်လာလို့ပါတီအကြံပေးနာယကတွေက သမ္မတထံ စာရေးတိုင်ကြားရာမှ စတင်ပြီး အရေးယူဆောင်ရွက်ရတယ်လို့ဆိုပါတယ်။ ဒါဆိုရင် ပါတီနဲ့တပ်က တိုင်စာ ၂ ကြိမ်ရှိလို့ အရေးယူတဲ့သဘော ဖြစ်ပါတယ်။ ဦးရွှေမန်းကို ကိုင်တွယ်ဖို့ စောစောပိုင်းက တကြိမ်ကြိုးစားခဲ့ပေမဲ့ ဦးအောင်သောင်း ရုံးမှာ အဝင်အထွက်ရှိနေတာမို့ သူ့ကိုပါ ရောသမမွှေလိုက်က တန်ပြန်တိုက်စစ်ဆင်လာရင် မထိမ်းနိုင်ဘဲ နိုင်ငံတည်ငြိမ်မှု ထိခိုက်လာနိုင်တာမို့ အသာနောက်ဆုတ်ခဲ့ရတယ်လို့ ပါတီဌာနချုပ်နဲ့နီးစပ်တဲ့သူများထံမှ သိရပါတယ်။

၄၄။အထက်ပါဖြစ်စဉ်တွေကြောင့် ပါတီကို ဝင်ရောက်စီးနင်းဖို့အစိုးရနဲ့တပ်မတော်က မူလကတည်းက ညတိုက်ပွဲစီမံချက် ကြိုတင်ရေးဆွဲထားဟန်တူတယ်လို့မကြာသေးကလေးကမှ အငြိမ်းစားယူသွားတဲ့ ဗိုလ်မှူးကြီးတစ်ဦးတွေ့ဆုံခွင့်ရတုံး စာရေးသူနဲ့ အပြန်အလှန်ဆွေးနွေးသုံးသပ်ရင်း အဲဒီအဖြေထွက်တာမို့ အမြင်ခြင်းနီးစပ်ပါတယ်။ အရေးပေါ်ထလုပ်ရင် သွေးစွန်းတာမျိုးဖြစ်နိုင်ပြီး ကြိုတင်စီမံချက်ဆွဲထားလို့သာ မြန်မြန်ပြီးသွားလို့ဖြစ်ပါတယ်။ စစ်ဆင်ရေးဆောင်ရွက်ပုံမှာ လုံခြုံရေးဆိုင်ရာအကြောင်းပြပြီး ရဲအင်အားကို ခေါ်သုံးတာဟာ ပါတီကိစ္စ ဖြစ်နေတဲံ့အတွက် ဥပဒေနဲမညီညွှတ်ဘူးလို့ နှစ်ဦးစလုံးက မြင်ပါတယ်။ ရဲဆိုတာက ပါတီအတွင်း သတ်ပွဲချပွဲဖြစ်မှ၊ တိုင်ချက်ဖွင့်မှသာ ရဲကို ခေါ်တာ သဘာဝကျပါတယ်။ ယခင်လူတွေ လုပ်နေကြပုံစံမျိုး ကျင့်သုံးတာ တွေ့ရလို့ ပြည်သူလူထုရဲ့ ယုံကြည်မှူပုံရိပ် ကျဆင်းသွားတယ်။ 

၄၅။စာရေးသူတို့နှစ်ဦးတို့  ဒီဖြစ်စဉ်မှာ ဦးသန်းရွှေ ပါဝင်ပတ်သက်မှူ ရှိ၊မရှိ နဲ့ စပ်လျဉ်းပြီးဆွေးနွေးကြရာ သူက တိုက်ရိုက်အမိန့်ပေးတာမျိုး၊ သမိုင်းတရားခံအဖြစ်မခံဘဲ တပ်ထုံးစံသဘောအရ လုပ်ခါနီးကျမှ (သမ္မတ/တပ်ချုပ်) တစ်ဦးဦးက၊ အထူးကိုယ်စားလှယ်စေလွှတ်ကာ အသိပေး massageပေးလို့ဖြစ်စေ၊ ဒီထက်ပိုလုပ်နိုင်တာက ပုဂ္ဂိုလ်ရေးရာ/ အရာရှိအတွင်းရေး အစီရင်ခံစာလိုမျိုးတင်ပြခဲ့ပြီးမှ သူကမီးစိမ်းပြလို့စစ်ဆင်ရေးစတာဖြစ်တယ်၊ဦးသန်းရွှေက နိုင်ငံရေးဝင်မစွက်ဖူးလို့ ထိပ်သီးတွေက လေသံ ထွက်ကြပေမဲ့  မင်းတို့ ညီညီညွှတ်ညွှတ်လုပ်ကြ ဆိုတာက အသံဗလံတွေ သူ့အနားရောက်နေတော့ စိတ်မချမ်းမသာဖြစ် နေလို့ ဒီစကားထွက်တယ်လို့ ယူဆပါတယ်။ ထိပ်သီးတွေ အခါကြီးရက်ကြီး သွားကတော့တာမျိုးအချိန်မှာ ဦးရွှေမန်းကိစ္စ  ကြိုတင်စကားနှပ်ကြောင်းပေးထားပြီးဖြစ်တယ်။ စစ်သဘောအရ searching fire  (တုံ့ပြန်မှူကိုသိချင်လို့ အစမ်းသဘောမှန်းပစ်ခြင်း) ပစ်ကြည့်ရာ ဦးသန်းရွှေဆီက အထက်ပါစကားထွက်လာ တာဖြစ်နိုင်ပါတယ်။ 

၄၆။နေ့ခင်းမလုပ်ဘဲ ညတိုက်ပွဲ ဘာကြောင့်လုပ်ရတာလဲဆိုတော့ - ပါတီဟာ ညကျောင်း ဆိုတဲ့ တပ်လို ဆွေးနွေးပွဲတွေ ညမှာ အမြဲလုပ်နေကြဖြစ်ပါတယ်။ ခေါင်းဆောင်တွေစုတဲ့အချိန်၊ ဦးရွှေမန်းတို့ မရှိတဲ့အချိန်၊ အတွင်းက တိုင်စာတင်ထားတဲ့ ပါတီဝင်တွေနဲ့ အစိုးရလွှတ်လိုက်တဲ့ ပါတီပြောင်းဝန်ကြီးတွေနဲ့ ဟန်ချက်ညီ လုပ်လိုက်တာဖြစ်တယ်။ စစ်ဆင်ရေးညတိုက်ပွဲလုပ်ရတာဟာ ကော်မရှင်က သတ်မှတ်ရက်နဲ့ကပ်နေလို့ အင်အားသုံးလိုက်တာဖြစ်ပေမဲ့ ပါတီအတွက်တော့ အမဲစက်ကြီးဖြစ်တယ်လို့နှစ်ဦးစလုံးသုံးသပ်ကြပါတယ်။ ဦးရွှေမန်းက  တပ်ကပြောင်းလာတဲ့အရာရှတွေ ပါတီမှာ များများလက်မခံရတဲ့ အကြောင်းရင်း သူ့မှာရှိနိုင်ပေမဲ့စာရေးသူတို့နှစ်ဦးက သိပ်များများ လက်မခံတာကို သဘာဝကျတယ်လို့မြင်ပါတယ်။

၄၇။ဒီလိုညတိုက်ပွဲဖြစ်ရတဲ့အတွက် တာဝန်ရှိသူသုံးဦးကတော့ ဦးသိန်းစိန်နဲ့ ဦးရွှေမန်း၊ ဦးဌေးဦး သာဖြစ်တယ်။ ပါတီဥက္ကဌတာဝန်ဝတ္တရား၊ လွှဲပြောင်းလက်ခံ၊ လုပ်ထုံးလုပ်နည်း၊ ပါတီစည်းမျဉ်း ပွင့်လင်းမြင်သာစွာ မလုပ်ခဲ့လို့ ဒီလိုဖြစ်ပွါးခဲ့ရတာလို့မြင်ပါတယ်။ တပ်မှာ တပ်ရင်းမှူးမရှိရင် ခေတ္တတပ်ရင်းမှူး ဟုခေါ်တွင်ပြီး  သူလွှဲတဲ့ သူကို အချိန်မရွေး လှဲလှယ်ပိုင်ခွင့်ရှိပါတယ်။ ဦးရွှေမန်းကိုလည်း  စတင်ခေါ်ကတည်းက  ပါတီ ခေတ္တဥက္ကဌ လို့ခေါ်ရင် တခါတည်းဇာတ်လမ်းပြတ်သွားနိုင်ပါတယ်။ ဦးရွှေမန်း ပါတီတွင်းမှာ လုပ်ချင်ရာ လုပ်သွားတဲ့ သူ့ရဲ့အာနည်းချက်ကို မပေါ်လွင်ဘဲ အင်အားသုံးဖယ်ရှားလိုက်တာကိုက ဦးရွှေမန်းအပေါ် အမှတ်တက်သွားစေတယ်။ 

၄၈။ဘာဘဲဖြစ်ဖြစ် ဦးရွှေမန်းတကယ်ပြုပြင်ပြောင်းလဲချင်စိတ် ရှိသည်ဖြစ်၊ မရှိသည်ဖြစ်စေ အင်အားသုံး အရေးယူလိုက်ခြင်းဟာ ဒီမိုကရေစီကို တကယ် တပ်မတော်က အသွင်ကူပြောင်းချင်တာ ဟုတ်ပါ့မလားဆိုတာ မေးခွန်းနဲ့ ပြုပြင်ပြောင်းလဲချင်တဲ့အရာရှိများအတွက် မကောင်းတဲ့ပြယုဒ်ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့စပ်လျဉ်းပြီး နိုင်ငံရေးလောကနယ်ပယ်မှာ မဟာဗျူဟာအမြင်အမျိုးမျိုးရှိနေကြပါတယ်။ 

ဦးရွှေမန်းကို ဗီလိန်မင်းသားကြီး အဖြစ် အသုံးတော်ခံစေကာ ဒေါ်အောင်ဆန်းစုကြည်အား အင်အားစုမတည်ဆောက်နိုင်အောင် ရေရှည်စီစဉ် ထားတဲ့အစိုးရရဲ့မဟာဗျူဟာ၊ 

ဦးရွှေမန်း ကိုယ်နှိုက်က ဘယ်သူ့လွမ်းမိုးမှူမှမပါဘဲ တချက်ခုတ်၊သုံးချက်ပြတ်ချင်တဲ့မဟာဗျုဟာ၊ 

ဦးရွှေမန်းကို ပထမတော့ power game ကစားခိုင်းပေမဲ့ သူကိုယ်တိုင် အလင်းတန်း စိတ်ကူးမြင်မိသွားပြီး ထိန်းမနိင် သိမ်းမနိုင်ဖြစ်တော့မှ ဇက်ကြိုးဆောင့်ဆွဲလိုက်တဲ့ မဟာဗျုဟာ … တို့ဖြစ်ကြပါတယ်။

အဆိုပါမဟာဗျုဟာများအနက် ပထမ မဟာဗျုဟာကို အတိုက်အခံတချို့က စိုးရိမ်စိတ်နဲ့ပြောပေမဲ့ ဖြစ်ရပ်များက မဖြစ်နိုင်တော့ကြောင်း ထင်ရှားစွာတွေ့လာရပါတယ်။ အာဏာရှင်တို့မည်သည် အပြတ်ရှင်းလေ့ ရှင်းထရှိရာ ယခုဖြစ်စဉ်ကို လွှတ်ထားရတာဟာ နိုင်ငံတည်ငြိမ်မှူ ၊ရွေးကောက်ပွဲ ထိခိုက်မခံနိုင်လို့ ခဏလွှတ်ထားတာဖြစ်ပြီး အချိန်မရွေး ကိုင်လို့ရအောင် ပြင်ထားနိုင်ကြောင်း သုံးသပ်တင်ပြလိုပါတယ်။

၄၉။ဦိးရွှေမန်းအနေနဲ့  ဥက္ကဌရာထူးနှစ်ခုလုံး ပူးတွဲကိုင်ခွင့်ရသူပီပီ ပကတိအမှန်ကို မမြင်ဘဲ လိုအပ်တာထက်ပိုပြီး အင်အားသုံးနေလို့ မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွါးခဲ့တယ်။ ဦးသိန်းစိန်ကို လေးစားမှူအနေနဲ့ အရေးကြီးကိစ္စရပ်များကို သူက (အလွတ်/ ပုဂ္ဂိုလ်ရေးရာ) သဘောတင်ပြသင့်တယ်လို့ စာရေးသူတို့ နှစ်ဦးကမြင်ပါတယ်။ ဦးရွှေမန်းဟာ သူရဲ့အကျင့်စရိုက်ဖြစ်တဲံ့ တက်ကြွလှူပ်ရှားသူအသွင်ယူကာ ဗိုလ်ချုပ်ကြီးဖြစ်ခဲ့လို့ စစ်တပ်ကို ဖိအားပေးမယ်၊ အစိုးရကိုတိုက်ခိုက်လာလို့ စစ်မျက်နှာ၂ခုနဲ့ ရင်ဆိုင်လိုက်ရချိန်မှာ သူထင်သလို သူ့သြဇာမရှိတော့ဘဲ တပ်က ဆန့်ကျင်လာတဲ့အပြင် ပါတီကပါ နောက်ကြောဓါးနဲ့ထိုးတဲ့အတွက် ညတိုက်ပွဲနဲ့ ချေမှူန်းခံလိုက်ရတာ ဖြစ်ပါတယ်။ 

၅၀။လတ်တလောအခြေအနေအရ ပြည်ခိုင်ဖြိုးပါတီက မဲနည်းနေရင်တောင် တပ်က တင်မဲ့သမ္မတကို  ပူးပေါင်းပေးလိုက်ယုံဖြင့် သမ္မတဖြစ်ဖို့ အခွင့်အရေးရနေသလို ပြန်လည်စုစည်းခိုင်မာအောင် တည်ဆောက် နေပါတယ်။ အတိုက်အခံ NLD ပါတီဘက်ကလည်း တပ်မမှူး (စကခ-၁)အဆင့်လုပ်ခဲ့သူ ၊ ဦးအောင်မင်းနဲ့  တပါတ်စဉ်ထဲက ဗိုလ်မှူးချုပ် စိုးဌေး(DSA-13/ best cadet/ U.S course)၊ ဒုဗိုလ်မှူးကြီး ကျော်ဇေယျ ကဲ့သို အရာရှိကြီးများ အပါအဝင် တပ်မတော်အရာရှိများကို စည်းရုံးသိမ်းသွင်းကာ ပါဝါတင်ပြီး ဆိုင်ထားတာ ကြောင့် ပွဲကြီးပွဲကောင်း မုန်တိုင်းထန်မဲ့ သဘောရှိနေပါကြောင်း၊ သုံးသပ်တင်ပြလိုက်ပါတယ်။


မောင်လွမ်းဏီ - သံယောဇဉ်

$
0
0

မောင်လွမ်းဏီ - သံယောဇဉ်
(မိုးမခ) သြဂုတ် ၃၁၊ ၂၀၁၅


တယောက်သူကို
ဆိုပြခဲ့ဖူးတယ်
စူးနစ်တဲ့သီချင်း
တပုဒ်စ 
နှစ်ပုဒ်စ။

ပဝေသဏီကပါ
ဒဏ်ရာက နက်တယ်
မပျက်တာက သစ္စာ။

မောင်လွမ်းဏီ @ Lwan Ni
၂၉ ဇူလိုင် ၂၀၁၅

(သမုဒယ ကဗျာ ရေးတတ်လားလို့မေးတဲ့သူ ဖတ်ဖို့…)

ခေါင်းစီးဓာတ်ပုံ - အောင်ထက် @ 2014

ကျော်လင်းထွန်း - ခေတ်နောက်ပြန်ဆွဲနေတဲ့ ဥပဒေများနဲ့  မြန်မာပြည်

$
0
0
ကျော်လင်းထွန်း - ခေတ်နောက်ပြန်ဆွဲနေတဲ့ ဥပဒေများနဲ့ မြန်မာပြည်
(မိုးမခ) သြဂတ်စ် ၃၁၊ ၂၀၁၅
ရန်ကုန် (Myanmar Now) တွင် ဖော်ပြသည့် ဆောင်းပါးဖြစ်ပါသည်။
ကျောင်းသားဆန္ဒပြမှုဖြိုခွင်းသည့်အာဏာပိုင်တို့ကို ကန့်ကွက်သူတစ်ဦး ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံတွင် မတ်လ ၁ဝ ရက်နေ့က အထိန်းသိမ်းခံရပုံ (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)
မြန်မာပြည်အလယ်ပိုင်း မကွေးမြို့ကိုရောက်လာတဲ့ ရှေ့နေဦးဖိုးဖြူကို ဘယ်တည်းခိုခန်းကမှ လက်မခံကြပါဘူး။ သူ့ကို တည်းခိုခွင့်မပြုဖို့ ညွှန်ကြားချက် ရရှိထားတယ်လို့ ဆိုကြပါတယ်။

မိုးလည်း ချုပ်ပြီ။ လယ်သမားတွေအတွက် အကျိုးဆောင်ပေးနေတဲ့ရှေ့နေဟာ သူ့ကိုယ်ပေါ်ကချွေးတွေ ဖုန်တွေကို သန့်စင် ဖို့ ဧရာဝတီမြစ်ထဲ ရေဆင်းချိုးလိုက်ပါတယ်။ အဲဒီနောက် ခရီးဆောင်အိတ်ဆွဲပြီး အဝေးပြေးကားဂိတ်ဘက်သွားနေတဲ့ ဦးဖိုး ဖြူဟာ ရဲ ၅ ယောက်နဲ့တွေ့၊ မှောင်ရိပ်ခိုမှုနဲ့ ထိန်းသိမ်းခံလိုက်ရပါတယ်။

“လယ်မြေသိမ်းဆည်းခံရတဲ့ အမှုတွေ မလိုက်စေချင်လို့ (အာဏာပိုင်တွေက) တမင်ကန့်သတ်ပစ်လိုက်တာ၊ ဒါ ကျွန်တော့် အပေါ် ညစ်တာပဲ” လို့ ဦးဖိုးဖြူက ၂ဝဝ၉ ခုနှစ်က အဖြစ်အပျက်အကြောင်း ပြန်ရှင်းပြပါတယ်။

ဦးဖိုးဖြူဟာ မှောင်ရိပ်ခိုမှုနဲ့ ထိန်းသိမ်းခံရပေမယ့်  ဥပဒေအကျိုးဆောင်အဖွဲ့ တရားမဝင်ထူထောင်မှုနဲ့ တရားစွဲခံရပြီး ထောင် ကျသွားပါတယ်။ သူ့ကိုစွဲဆိုတဲ့ ၁၉၈၉ ခုနှစ် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေဟာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အရပ် သားတစ်ပိုင်းအစိုးရလက်ထက်မှာ ဖျက်သိမ်းလိုက်ပါပြီ။  အစားထိုးဝင်ရောက်လာတဲ့  ၂ဝ၁၄ ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံ တင်ခြင်းဆိုင်ရာ ဥပဒေကလည်း  ကန့်သတ် ပိတ်ပင်တဲ့အချက်တွေ များလွန်းတယ်လို့ ဦးဖိုးဖြူက ဆိုပါတယ်။

လမ်းလျှောက်နေသူ ရှေ့နေကို ထိန်းသိမ်းရာမှာ အသုံးပြုခဲ့တဲ့ မှောင်ရိပ်ခိုမှုအပါအဝင် ဒီမိုကရေစီ၊ လူ့အခွင့်အရေး စံနှုန်းတို့နဲ့ မကိုက်ညီတဲ့၊ ခေတ်နဲ့ မလျော်ညီတော့တဲ့  ဥပဒေပြဋ္ဌာန်းချက် များစွာရှိနေတယ်လို့ ဥပဒေပညာရှင်တို့က ထောက်ပြကြပါ တယ်။

• မှောင်ရိပ်ခိုမှု
နေဝင်ချိန်နောက်ပိုင်း လမ်းပေါ်မှာ ရပ်နေသူ၊ ခပ်ဖြည်းဖြည်းလျှောက်နေသူဟာ  သူ့အကြောင်း  “ပြေလည်အောင် မပြောနိုင် ပါက” မှောင်ရိပ်ခိုမှုမြောက်ပြီး ထောင်ဒဏ် ၃ လ အထိ ချမှတ်နိုင်ကြောင်း ၁၉၄၅ ခုနှစ်၊ ရဲအက်ဥပဒေ၊ ပုဒ်မ ၃၅ (ခ)မှာ   ပြဋ္ဌာန်းထားပါတယ်။

ကိုလိုနီခေတ်မှာ ပေါ်ပေါက်လာပြီး နောက်ပိုင်း နှစ်ကြိမ် ပြင်ဆင်ခဲ့တဲ့ ရန်ကုန်ရဲအက်ဥပဒေမှာလည်း မှောင်ရိပ်ခိုမှု   ပါပါ တယ်။ ပုဒ်မအမှတ်က ၃ဝ (ဃ) ဖြစ်တဲ့အတွက်  ရန်ကုန်မှာတော့ မှောင်ရိပ်ခိုမှုကို  သာတီးဒီ (30 D) လို့ လူသိများပါတယ်။

ပြီးခဲ့တဲ့နှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း  မှောင်ရိပ်ခိုမှုနဲ့ အရေးယူ ထိန်းသိမ်းခံရသူ အရေအတွက် ၁,၃ဝဝ ကျော် ရှိတယ်။ ဒီနှစ် ပထမ ငါးလအတွင်း မှောင်ရိပ်ခိုမှုပေါင်း ၅ဝဝ ကျော် ရှိထားတယ်လို့ တိုင်းရဲတပ်ဖွဲ့ရုံး မှတ်တမ်းတွေက ဆိုပါတယ်။

သာတီးဒီ မှောင်ရိပ်ခိုမှုက  ဝေဖန်ခံနေရပေမယ့် ဥပဒေစိုးမိုးရေး ဆောင်ရွက်ရာမှာ အမှန်တကယ် လိုအပ်တဲ့ပြဋ္ဌာန်းချက်ဖြစ်တယ်လို့  တိုင်းရဲတပ်ဖွဲ့ရုံးမှ ရဲတပ်ကြပ်ကြီးတစ်ဦးက ပြောပါတယ်။ 

“ဒီလိုဥပဒေမျိုးက အမှုကြီးတွေ ဖြစ်မလာဖို့ ကြိုတင်ကာကွယ်ရေးအတွက် အသုံးဝင်တယ်” လို့  သူက မှတ်ချက်ပေးပါတယ်။
ညဘက် ဆိုက်ကားနင်းသူတချို့လည်း မှောင်ရိပ်ခိုမှုနဲ့ အထိန်းသိမ်းခံရတာမျိုး ကြုံကြိုက်ဖူးကြသူတွေပါ။

ဧပြီလဆန်းပိုင်း ရန်ကုန် ကမာရွတ်မြို့နယ်အတွင်း တယ်လီဖုန်းဆိုင်များ    ဖောက်ထွင်းခံရတဲ့အကြောင်း စုံစမ်းနေတဲ့ ရဲတွေ က ဆိုက်ကားသမား ၃ ဦး အပါအဝင် လူတချို့ကို မှောင်ရိပ်ခိုမှုနဲ့ သန်းခေါင်ကျော်မှာ ဖမ်းပါတယ်။ ဆိုက်ကားဂိတ်မှာ ရှိနေ တုန်း အဖမ်းခံရတာလို့ ၂၅  နှစ်အရွယ် ဆိုက်ကားသမား ကိုအာကာက ပြောပါတယ်။

“ကျွန်တော်တို့ ဆိုက်ကားနင်းတာ နယ်ထိန်း(ရဲ)လည်း သိတယ်၊ ကျွန်တော်တို့မှာ   ခိုးဖို့ဖောက်ဖို့ပစ္စည်း တစ်ခုမှမပါဘူး” လို့  ကိုအာကာက ပြောပါတယ်။

နံနက်ပိုင်းမှာ ဆိုက်ကားသမားနှစ်ဦး ပြန်လွတ်လာပေမယ့် နောက်တစ်ဦးကတော့ မှောင်ရိပ်ခိုမှုနဲ့ ထောင် ၁၅ ရက် ကျသွား ကြောင်း ကိုအာကာက ရှင်းပြပါတယ်။

• ပြင်ရမှာတွေက တစ်ပုံတစ်ပင်
မြန်မာပြည်အနှံ့  ရောင်စုံသူပုန်ထတဲ့ကာလမှာ  လိုအပ်ချက်အရ ပြဋ္ဌာန်းခဲ့တဲ့ နာမည်ကျော် ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေကလည်း ဒီနေ့ခေတ်မှာ မရှိသင့်တော့ဘူးလို့ ဥပဒေပညာရှင်တို့က ဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “တရားလိုလုပ်တဲ့ အစိုးရဘက်က လိုသလိုစွဲနိုင်တယ်၊ ဒီလို ဥပဒေမျိုး ဖျက်ကိုပစ်ရမယ်” လို့ မှတ်ချက်ပြုပါတယ်။

သူပုန်တို့အန္တရာယ်မှ ကာကွယ်ရန်ထက်  အတိုက်အခံတို့ကို နှစ်ရှည်ထောင်ချရာမှာ  အသုံးပြုနေတယ်လို့  ဥပဒေပညာရှင်များ ဝေဖန်နေကြတဲ့ ဒီဥပဒေ ဖျက်သိမ်းရေးအတွက် အထိန်းသိမ်းခံရဖူးတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့က ကြိုးပမ်းခဲ့ပေမယ့်    အာဏာရပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တို့ ကြီးစိုးတဲ့လွှတ်တော်က ကန့်ကွက်မဲ အများအပြားနဲ့  ပယ်ချခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကလည်း ဒီဥပဒေမှာ  ရည်ရွယ်ချက်ကောင်းများ၊  နိုင်ငံလုံခြုံရေး အတွက် အရေးကြီးတဲ့ အချက်များပါဝင်တဲ့အတွက်  လောလောဆယ် မရုပ်သိမ်းသင့်ဘူးလို့ လွှတ်တော်ကို သွားရောက် တင်ပြခဲ့ပါတယ်။

အငြင်းပွားမှုများရှိနေတဲ့ နောက်ထပ် ဥပဒေတစ်ရပ်ကတော့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပါပဲ။    မြန်မာပြည်အလယ်ပိုင်း လက်နက်စက်ရုံအကြောင်း သတင်းတစ်ပုဒ်ဖော်ပြမှုကြောင့် ရန်ကုန်အခြေစိုက် ယူနတီဂျာနယ် သတင်းသမား ၅ ဦး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ အဲဒီဥပဒေအရ ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။ သက်တမ်း နှစ် ၉ဝ ကျော်လာတဲ့ အဲဒီဥပဒေကို ပြန်လည်ပြင်ဆင်ခြင်း မရှိသေးပါဘူး။

“လျှို့ဝှက်အက်ဥပဒေကို ပြဋ္ဌာန်းပြီးတော့ သိပိုင်ခွင့်ဥပဒေဟာ ယနေ့ထက်ထိ ထွက်မလာသေးဘူး၊ လျှို့ဝှက်တယ်ဆိုလည်း ကာလ ကန့်သတ်ချက်ရှိရမယ်လေ၊ ဘယ်နှနှစ်ကြာရင် သိပိုင်ခွင့်ရှိတယ်၊ ဒါမျိုးတော့ ရှိရမယ်”လို့  မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ ဦးကြီးမြင့်က ပြောပါတယ်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တစ်ပါတီအာဏာရှင်စနစ်ကို အထောက်အကူပြုတဲ့ ဥပဒေ များအပါအဝင် မဖြစ်မနေ ပြင်ဆင်သင့်၊ ဖျက်သိမ်းသင့်တဲ့ ဥပဒေ အများအပြား တည်ရှိနေသေးတယ်လို့  ရှေ့နေများက   ထောက်ပြနေကြတာပါ။

၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း ဥပဒေပေါင်း ၁၅ဝ ကျော်  ပေါ်ပေါက်လာရာမှာ  ၄ဝ ရာခိုင်နှုန်းဟာ ယခင်ဥပဒေများ ပြင်ဆင်ရေး အတွက် ပြဋ္ဌာန်းခဲ့ခြင်းပါ။

လွှတ်တော်ထဲရောက်လာတဲ့ ဥပဒေပြုအမတ်များဟာ ပါတီအကျိုးထက် အများအကျိုး ကြည့်ဖို့လိုအပ်တယ်လို့ မြေပုံမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောတယ်။

 “ဥပဒေပြုတဲ့အပိုင်းကတော့ ဘယ်တော့မှ ပြီးပြည့်စုံတယ် မရှိနိုင်ဘူး၊ အချိန်ကာလနဲ့ အခြေအနေပေးရင် ပေးသလိုပဲ လုပ်ရမယ့်ကိစ္စပါ၊ လွှတ်တော်ထဲကို ဥပဒေပညာရှင်တွေ များများရောက်လာဖို့ လိုပါတယ်” လို့ သူက ဆိုပါတယ်။

• ကိုလိုနီခေတ်ရဲ့အမွေ
ရွေးကောက်ပွဲ ၂ လ ခန့်သာလိုတော့တဲ့အချိန်မှာ ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ အားစိုက်နေကြတဲ့ နိုင်ငံရေး ပါတီက အနည်းငယ်ပဲ ရှိတာပါ။

မြန်မာနိုင်ငံရဲ့ ဥပဒေများနဲ့ တရားစီရင်ရေးစနစ်တွေ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့ဖူးသူ၊ သြစတေးလျနိုင်ငံ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Australian National University မှ သုတေသီ နစ်ခ်ချက်စ်မန်းက  ကိုလိုနီခေတ် ဥပဒေတွေကို မပြင်ဆင်နိုင်သေးတဲ့ ကိုလိုနီနိုင်ငံဟောင်းတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်၊  ဥပဒေပြင်ဆင်မှုတွေ အောင်မြင်ဖို့နဲ့ ပြည်သူတွေကို အကျိုးရှိစေဖို့ဆိုရင် နိုင်ငံရေးဆွေးနွေးအဖြေရှာတာတွေ အများအပြားလုပ်ဖို့ လိုအပ်တယ်လို့ ထောက်ပြပါ တယ်။

“ဆွေးနွေးအဖြေရှာတာတွေမရှိရင် အခွင့်အလမ်းကောင်းတွေ မရနိုင်ဘူး၊ ပြီးတော့ အန္တရာယ်လည်း ကြီးပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ပြည်သူတွေ ပါဝင်မှုမရှိဘူးဆိုရင် ဥပဒေပြင်ဆင်ရေးလုပ်ငန်းမှာ လိုအပ်တဲ့အချက်တွေအတွက် နိုင်ငံ တကာအဖွဲ့အစည်းတွေကပဲ အစိုးရပိုင်းကို စည်းရုံးနားချသွားကြလိမ့်မယ်” လို့ နစ်ခ်ချက်စ်မန်းက ပြောပါတယ်။

ကိုလိုနီခေတ်ဥပဒေများအကြောင်း ဆွေးနွေးရာမှာ ဒီဥပဒေတွေကြောင့်  ရာဇဝတ်မှုနဲ့ စွပ်စွဲခံနေရတဲ့ သာမန်ပြည်သူတွေ အပေါ်သက်ရောက်မှု၊  နိုင်ငံရေးအတိုက်အခံတွေကို ဒီဥပဒေတွေ အသုံးပြုပြီး  ဖိနှိပ်မှုဆိုတာတွေကိုလည်း   ထည့်သွင်းဆွေး နွေးသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

“လိင်ပိုင်းဆိုင်ရာ လူနည်းစု၊ ဘာသာရေးဆိုင်ရာ လူနည်းစုတွေလို သီးသန့်အုပ်စုတွေကို   ပစ်မှတ်ထားတဲ့ မှောင်ရိပ်ခိုမှုလိုမျိုး ဥပဒေပြဋ္ဌာန်းချက်တွေက ဘာတွေလဲ၊ ခိုးမှု၊ မသင်္ကာမှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုတွေနဲ့ စွပ်စွဲခံရသူတို့ရဲ့ အခြေခံအခွင့် အရေးတွေကို ရာဇဝတ်မှု၊ အရေးယူမှုတွေက ဘယ်လို ချိုးဖောက်နေတာလဲ၊“ဒီလိုမေးခွန်းမျိုးကို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပိုပြီးရှေ့တန်းတင်ဖို့ လိုပါတယ်”

ဒီမေးခွန်းတွေဟာ ရှေ့နေတွေအတွက်ပဲ မဟုတ်ဘဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးကို လိုလားတဲ့သူတိုင်း မေးရ မယ့် မေးခွန်းတွေဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

• ဧည့်စာရင်းတိုင်ဖို့ လိုအပ်သလား
မြန်မာနိုင်ငံမှာ  နေထိုင်သူ အားလုံးဟာ “၂ဝ၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ”အရ  အိမ်မှာ ညအိပ်တည်းခိုသူများ ရှိရင် အုပ်ချုပ်ရေးမှူးရုံးမှာ  ဧည့်စာရင်းတိုင်ကြားဖို့ လိုပါတယ်။

၁၉ဝ၇ ခုနှစ်က အင်္ဂလိပ်တို့ ပြဋ္ဌာန်းခဲ့တဲ့  ကျေးရွာဥပဒေ၊  မြို့များဥပဒေတို့ နေရာမှာ  အစားထိုးလာတဲ့ ဒီဥပဒေက အနှောင့် အယှက်ကင်းစွာ နေထိုင်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာ နေထိုင်ခွင့်၊ အခြားသူများနဲ့  ပေါင်းသင်းဆက်ဆံခွင့်တို့ကို ထိ ခိုက်စေတယ်လို့ မတ်လမှာထွက်လာတဲ့   အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေး အဖွဲ့ Fortify Rights ရဲ့ အစီရင် ခံ စာမှာ ဖော်ပြထားပါတယ်။

ထိုဥပဒေအရ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတို့ဟာ နေအိမ်များအတွင်း အချိန်မရွေး အကန့်အသတ်မရှိ ဝင်ရောက် စစ် ဆေးခွင့် ရှိနေတယ်လို့  ရှေ့နေဦးကိုနီက ထောက်ပြပါတယ်။

“နောက်ပြဋ္ဌာန်းတဲ့ဥပဒေဟာ အင်္ဂလိပ်ခေတ်က ဥပဒေထက်ကို ပိုပြီးတော့ဆိုးသွားတာ တွေ့ရတယ်” လို့   ဦးကိုနီက ပြော ပါတယ်။

• ဘယ်လိုပြင်ကြမလဲ
ခေတ်နောက်ပြန်ဆွဲနေတဲ့ နှစ်ချို့ဥပဒေများကို ခေတ်နဲ့အညီ ပြင်ဆင်ရေး၊ ဖျက်သိမ်းရေး လိုအပ်ကြောင်းကိုတော့ ဥပဒေ ပညာရှင် အများအပြားက သဘောတူကြပါတယ်။

ဥပဒေများ ပြုပြင်ရေးကို အတွေ့အကြုံရှိတဲ့ ရှေ့နေများ၊ နာမည်ကောင်းရှိတဲ့ အငြိမ်းစားတရားသူကြီးများ ပါဝင်တဲ့  ကော်မ တီဖွဲ့ပြီး ဆောင်ရွက်သင့်တယ်၊ ကာလကန့်သတ်ချက်နဲ့ လုပ်ပိုင်ခွင့် တိတိကျကျပေးပြီး ဆောင်ရွက်သင့်တယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က အကြံပြုပါတယ်။

အရပ်သားအစိုးရသက်တမ်း ၄ နှစ် ကျော်လာပြီး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေချိန်ဖြစ်ပေမယ့် နိုင်ငံမှာ စစ်အာဏာရှင် စနစ် အငွေ့အသက် အများအပြားရှိနေသေးတယ်လို့  တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဆိုပါတယ်။

“ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့ ဥပဒေအားလုံးကိုပယ်ဖျက်ပစ်ဖို့ဆိုရင် နောက်ထပ်အခြေအနေ အချိန်အခါ တစ်ရပ်ကိုတော့ စောင့်ရဦးမယ်” လို့ သူက သုံးသပ်ပါတယ်။

ပြည်သူများအကြား ဥပဒေရေးရာ သိမြင်နိုးကြားမှု ဘယ်လောက်ရှိတယ်ဆိုတဲ့ စစ်တမ်းကောက်ယူမှုမျိုးကလည်း   အားနည်း နေဆဲပါ။

ဒီအတောအတွင်း အကူအညီ လိုအပ်သူများအတွက် ဥပဒေပိုင်းဆိုင်ရာ အကြံဉာဏ်ပေးတဲ့  ဥပဒေပညာရှင်အများအပြား ပေါ်ပေါက်နေပါတယ်။ အဲဒီအထဲမှာ လူငယ်ရှေ့နေတချို့ကို စုစည်းပြီး ဥပဒေအကျိုးဆောင်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းအပြီး ထိန်း သိမ်းခံရသူ ဦးဖိုးဖြူလည်း ပါဝင်ပါတယ်။

ခေတ်နဲ့ လျော်ညီခြင်း မရှိတော့တဲ့ ဥပဒေများထဲကနေ အနည်းအကျဉ်းကိုပဲ လွှတ်တော်မှာ ပြင်ဆင်နိုင်ခဲ့တယ်လို့ ဦးဖိုးဖြူက သူ့အိမ်ခန်းနံရံအပြည့် နေရာယူထားတဲ့  မှန်ဗီဒိုကြီးထဲက တရားဥပဒေဆိုင်ရာ စာအုပ်တွေကို လှမ်းကြည့်ပြီး သုံးသပ်ပြပါ တယ်။

“ဥပဒေအသစ်တွေဟာလည်း စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးပိုင်းကို အသားပေးရလွန်းတာတွေဖြစ်တော့ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ဖိနှိပ်ကန့်သတ်ရာပဲ ရောက်စေတယ်” လို့ ဦးဖိုးဖြူက ပြောပါတယ်။     ။

ကျော်လင်းထွန်း - မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်သော်လည်း ဧည့်စာရင်းတိုင်ရသည်

$
0
0

ကျော်လင်းထွန်း - မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်သော်လည်း ဧည့်စာရင်းတိုင်ရသည်
(မိုးမခ) သြဂတ်စ် ၃၁၊ ၂၀၁၅
 
ရန်ကုန် (Myanmar Now) တွင် ဖော်ပြသည့် ဆောင်းပါးဖြစ်ပါသည်။

နိုင်ငံသားစိစစ်ရေးကတ်မပြနိုင်သူ ဧည့်စာရင်းတိုင်ခွင့်ရမည်မဟုတ်ကြောင်း သတိပေးစာ ကပ်ထားသည့် ရန်ကုန်တိုင်းဒေသ ကြီး ကျောက်တံတားမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

အိမ်တွင် ညအိပ်ဧည့်သည်ရှိလျှင်  အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်သတင်းပို့ပြီး တည်းခိုခွင့် တောင်းခံရခြင်းကို မည်သည့် နိုင်ငံတွင် တွေ့ရသနည်း။ မြန်မာနိုင်ငံတွင် တွေ့ရမည်ဟုဖြေလျှင် မှန်ပါသည်။ အာဏာရှင် မြောက်ကိုရီးယားနိုင်ငံတွင်ပင် ဤဓလေ့ ရှိချင်မှ ရှိမည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေသည်ဟူသော မြန်မာနိုင်ငံ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများရှေ့တွင် ဧည့်စာရင်းတိုင်ကြရန် နှိုးဆော်ထားသည့် ကြော်ငြာကြီးများကို တွေ့ရမည်။

ဧည့်စာရင်း တိုင်ကြစေရန် စတင်ပြီး ဥပဒေပြုခဲ့သည့်ကာလမှာ အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၀၇ ခုနှစ်ကတည်းက ဖြစ်သည်။  ထိုစဉ်က ပြဋ္ဌာန်းခဲ့သည့် ကျေးရွာဥပဒေ၊ မြို့များဥပဒေတို့တွင်  ဧည့်သည်လာလျှင် ဧည့်စာရင်းတိုင်ကြားရမည်ဟု ဆိုထား သည်။ ထိုဥပဒေကို မြန်မာအစိုးရအဆက်ဆက်က အမွေဆက်ခံကာ အပြောင်းအလဲတချို့ပြုလုပ်ပြီး ဆက်လက်ပြဋ္ဌာန်း ကြသည်။ ဧည့်စာရင်း တိုင်ကြားခြင်းမပြုပါက အိမ်ရှင်အား ထောင်ဒဏ် ၇ ရက်အထိ အပြစ်ပေးနိုင်ကြောင်း လက်ရှိဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ကိုလိုနီခေတ်တွင် တော်လှန်ပုန်ကန်မှုများရှိ၍ အင်္ဂလိပ်တို့က ၎င်းတို့အကျိုးစီးပွား၊ အုပ်ချုပ်မှုတည်မြဲရေးအတွက် ပြဋ္ဌာန်းခဲ့ သော ဥပဒေများပင် ဖြစ်သည်။

“ဟိုတုန်းကတော့ ဧည့်စာရင်း စစ်တယ်၊ အခုခေတ်မှာ မစစ်သလောက်ပါပဲ” ဟုဆိုကာ ဧည့်စာရင်းတိုင်ကြားခြင်းမပြုဘဲ မနေဝံ့သူ အများအပြားရှိသည်။   ဧည့်စာရင်းတိုင်ရမည်ဟူသောအချက်ကို ဥပဒေတွင် မပယ်ဖျက်သေးသောကြောင့် ထိုသို့ တိုင်ကြားနေကြခြင်း ဖြစ်သည်။

ထိုအိမ်ရှိ အိမ်ထောင်စုစာရင်းတွင် ပါဝင်သူများမှာ  ဧည့်စာရင်းတိုင်စရာမလိုပါ။ ဤအချက်ကလည်း အရေးကြီးသည်။ ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ထောင်စုစာရင်းမှာ သူ၏မဲဆန္ဒနယ် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့ နယ်ရှိ အိမ်တစ်အိမ်တွင် ရှိသည်။ သူပိုင်ဆိုင်ရာ ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင်မရှိတော့ပါ။ သူ ငှားရမ်းနေ ထိုင်ရာ နေပြည်တော်ရှိနေအိမ်တွင်လည်း မရှိပါ။

ဥပဒေအရဆိုလျှင် သူက ရန်ကုန်အိမ်မှာပဲ ညအိပ်အိပ်၊ နေပြည်တော်အိမ်မှာပဲ အိပ်အိပ် ဧည့်စာရင်းတိုင်ရမည် ဖြစ်သည်။ သူ့အိမ်မှာ သူအိပ်တာ ဧည့်စာရင်းတိုင်စရာလိုသေးသလားဟုမေးလျှင် ဥပဒေကို လက်ညှိုးထိုးပြရတော့မည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဧည့်စာရင်း တိုင်သ လားဆိုသည်ကလည်း မေးသင့်သည့်အချက်ပင်။

မြန်မာနိုင်ငံတွင် ကိုယ့်အိမ်မှာကိုယ်အိပ်ပြီး ဧည့်စာရင်းတိုင်နေရသူ အများအပြားရှိသည်ဟူသောအချက်ကို ထောက်ပြ လိုသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဥပမာပေးရခြင်း ဖြစ်သည်။

 မြန်မာနိုင်ငံတွင် ဧည့်စာရင်းတိုင်ရခြင်းနှင့် အိမ်ထောင်စုစစ်ဆေးခြင်း အဆုံးသတ်ရေး အစီရင်ခံစာတစ်စောင် မတ်လအတွင်း ပြုစုပြီးစီးခဲ့သော အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေး အဖွဲ့  Fortify Rights က မြန်မာ့နိုင်ငံရေး အကူးအပြောင်းမှ ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာသော်လည်း အခြေခံလွတ်လပ်ခွင့်များမှာမူ ချိုးဖောက်ခံနေရသေးကြောင်း ဝေဖန် ခဲ့သည်။

“ဘယ်အစိုးရကမှ ကိုယ့်ရဲ့နိုင်ငံသားကို မင်းမနေ့ညက ဘယ်မှာအိပ်သလဲ၊ ဒီနေ့ည ဘယ်မှာအိပ်မလဲ၊ ဘယ်လောက်ကြာ ကြာအိပ်မလဲဆိုတာမျိုး မေးခွင့်မရှိဘူး” ဟု Fortify Right ၏ အစီရင်ခံစာတွင် ရေးထားသည်။

ဧည့်စာရင်းတိုင်ရန် ဥပဒေပြဋ္ဌာန်းထားခြင်းမှာ ကြိုးနီစနစ် ဆက်လက်တည်ရှိစေပြီး အများပြည်သူကို စာရွက်စာတမ်းကိစ္စနှင့် နှိပ်စက်ထားသလို ဖြစ်နေသည်။

ရပ်ကွက်ရုံးနှင့် ရဲစခန်းထောက်ခံစာကဲ့သို့ စာရွက်စာတမ်းကိစ္စများအတွက် ဧည့်စာရင်းတိုင်ထားကြောင်း အထောက်အထား စာရွက်များက အသုံးဝင်သည်။

“လုံးဝမတိုင်ဘဲ သုံးလေးလထားလိုက်ပြီး ပင်စင်အတွက် လိုလို့ ရပ်ကွက်ထောက်ခံစာသွားလုပ်တဲ့အခါမျိုးကျရင် လုပ်မပေး တော့ဘူး၊ ငွေလည်းပေး၊ တောင်းတောင်းပန်ပန်နဲ့ လုပ်ခိုင်းမှ ရတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ အငြိမ်းစား ကျောင်းဆရာမ ဒေါ်စန်းစန်းက ပြောသည်။


အိမ်တစ်အိမ်ကို ၀င်ရောက်ရှာဖွေစစ်ဆေးရန် အခွင့်အာဏာရှိသော တရားသူကြီးထံမှ ၀ရမ်းမပါလျှင် ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေ ပုဒ်မ ၁၀၂၊ ၁၀၃ တို့အရ ၀င်ခွင့်မရှိပေ။ သို့သော် ၂၀၁၂ ခုနှစ် ရပ်/ကျေးအုပ် ဥပဒေမှာမူ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါတို့အား နေအိမ်များအတွင်း အချိန်မရွေး၊ အကန့်အသတ်မရှိ ၀င်ရောက်စစ်ဆေးခွင့် ပေးထားခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၅ နှင့် ဆန့်ကျင်နေခြင်းတို့က ဥပဒေပိုင်းအရ အငြင်းပွားဖွယ်ဖြစ်နေသည်ဟု ရှေ့နေဦးကိုနီက ဆို သည်။

ဧည့်စာရင်း တိုင်ရန်အတွက် အုပ်ချုပ်ရေးမှူးရုံး အများစုတွင် စာရွက်စာတမ်းကြေးပေးသွင်းရမည် ဖြစ်သည်။ ငွေလက်ခံရရှိ ကြောင်းတော့ ဖြတ်ပိုင်း ပြန်ပေးမည် မဟုတ်ပါ။

ဧည့်စာရင်း တိုင်ကြားသော်လည်း အုပ်ချုပ်ရေးမှူးရုံးက တည်းခိုရန် ခွင့်ပြုချက်မပေးသည့် ဖြစ်ရပ်မျိုးလည်း မကြာသေးခင် နှစ်များအတွင်း ဖြစ်ပေါ်ခဲ့ဖူးသည်။ ထို့နောက် ထိုအိမ်သို့ သွားရောက်စစ်ဆေးပြီး လူတချို့ကို ဧည့်စာရင်းမတိုင်မှုဖြင့် ထောင် ထဲ ထည့်ခဲ့ဖူးသည်။

ထို့ကြောင့် ဧည့်စာရင်း တိုင်ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားခြင်းသည်  မိမိမနှစ်သက်သူကို ဒုက္ခပေးရာတွင် အသုံးပြုရန် ဒေသခံ အာဏာပိုင်တို့ကို အခွင့်အရေး ပေးထားသည့် ဥပဒေ ဖြစ်နေသည်။

သွန်းခ - ဂုံမင်းက ရေဘေးသင့်ပြည်သူတွေနဲ့ ထမင်းတနပ်

$
0
0



သွန်းခ -  ဂုံမင်းက ရေဘေးသင့်ပြည်သူတွေနဲ့ ထမင်းတနပ်
(မိုးမခ) သြဂုတ် ၃၁၊ ၂၀၁၅

“ ဟေ့လူ၊ မနက်ဖြန်မနက် ၇နာရီ လွယ်ဟိန်းရုံး ကိုလာခဲ့”

         အောင်မလေး၊အမိန့်ပေးသံပြင်းချက်။ အမိန့်တွေပေးမှာ မကျေနပ်လို့ ကျန်းမာရေး ဝန်ထမ်းဘဝနဲ့ အလိုလိုကမှ တင်းနေရတဲ့အထဲ။ ဘာပဲဖြစ်ဖြစ်လေ၊ ရုံးပိတ်ရက်မှန်းသိလို့ သူခေါ်တိုက်…. အဲလေ… သူခေါ်တွေ့တာနေမှာပါ ၊ရေးစရာတော့ရမှာပဲ လို့တွေးပြီး လွယ်ဟိန်းရုံးရှေ့ရောက်သွားခဲ့တာ ပြီးခဲ့တဲ့၂၉ရက်၊  သြဂုတ်လထဲကပေါ့။

 
        လားလား။ ကိုယ့်လူခေါ်တာကုသိုလ်ရဖို့အရေးပါလား။ရေဘေးသင့်ပြည်သူတွေဆီ သွားရမယ့်နေ့ချင်းပြန်ခရီးတို။ ကုသိုလ်လည်းရမယ် ၊ရေးစရာလည်းရမယ့် ကျေးဇူးနည်းမှတ်လို့။ ဘာတဲ့၊ OSOTSPA-LOI HEIN Flood Relief Center  ရေဘေးသင့်ပြည်သူတွေအတွက် ALPINE နဲ့ OSOTSPA_LOI HEIN တို့ပေါင်းပြီးအလှူခံနေကြတယ်။ အဲဒီအလှူငွေတွေ ထဲကမှလှူဖို့ ပစ္စည်းတွေဝယ်စုတယ်၊ လူငယ်အဖွဲ့က သွားလှူပေးတယ်၊ ဘယ်နေရာတွေမှာ လိုအပ်ချက် တွေရှိနေသလဲ၊ လူငယ်တွေကပဲ စုံစမ်းထားခဲ့တယ်။ ကယ်ဆယ်ရေး မရောက်တဲ့နေရာ၊အရောက်နည်းတဲ့ နေရာဖြစ်ရမယ် ၊နေ့ချင်းပြန်ဖြစ်ရမယ်။ အဲဒီအချက်အလက်နဲ့ အဆက်အသွယ်တွေကို ရှာနိုင်ခဲ့တာ အသက်မှ ၂၂ နှစ်ပဲရှိသေးတဲ့ ကရင်တိုင်းရင်းသူ နော်ဆာကပြူမူး ခင်ဗျ။ (ဘုရား၊ဘုရား။ အဲဒီလိုတော်တဲ့ ပရဟိတ စိတ်ရှိတဲ့လူငယ်တွေ နိုင်ငံခြား ထွက်မသွားကြပါစေနဲ့၊လမဟုတ်တရုတ်လူကြီးတွေ စကားနားမယောင်မိပါစေနဲ့)

        OSOTSPA-LOI HEIN က National Promotion and Advertising Manager ဦးဇော်တင် က အဲဒီခရီးကို ဦးဆောင်ခဲ့သဗျ။ သိထားကြအောင်ပြောလိုက်ဦးမယ်။ OSOTSPA က M-150 အားဖြည့်အချိုရည်ထုတ်နေတဲ့ ထိုင်းက ကုမဏီ ခင်ဗျ။ LOI HEIN နဲ့ပေါင်းပြီး လုပ်ငန်းတွေ လုပ်နေတာပေါ့ဗျာ။ ထားပါ၊ ထားပါ၊ သိအောင်ရေးရတာပါ။ကိုယ်သွားမယ့် ခရီးဘယ်သူစီစဉ်တာလဲ ဆိုတာ့သိထားရမှာပေါ့လေ။ လူငယ်တွေကရော ကရင်လူငယ်တွေချည်းများတယ်ခင်ဗျ။ ကရင်လူငယ်များ အဖွဲ့တဲ့လေ။ ငယ်ငယ်လေး တွေများပါတယ်။ လူငယ်တွေဆိုမှတော့လည်း တကယ့်လူငယ်တွေပဲပေါ့။ လူကြီးဖြစ်နေပြီ၊ လူကြီးမဟုတ်သေးဘူးလို့ အတင်း တင်းခံနေကြတဲ့ ဟာကြီးတွေမှ မဟုတ်တာကိုး။ (အသက်ကပြည့်နေပြီ၊ပင်စင်မယူပဲ နေချင်ကြတဲ့သူတွေ ၊ကြံဖန်ပြီး အကြံပေးနေကြတဲ့သူတွေကိုပြောပါတယ်)

        မြစ်ဝကျွန်းပေါ်ခရီးကတော့ ခါတိုင်းနဲ့ကိုမတူပါဘူးဗျာ။ အပျော်ခရီးမဟုတ်တာလည်း ပါတယ်လေ။ ဒုက္ခရောက်နေတဲ့ သူတွေဆီသွားရမှာ ဘယ့်နှယ်လို့ ပျော်စရာခရီးဖြစ်ပါလိမ့်မလဲ။ လမ်းမှာတွေ့ရတာ နွားတင်းကုပ်တွေဗျာ ၊ဖြစ်သလိုထိုးထားတဲ့ တဲတွေဗျာ။ရေဘေးသင့်ပြည်သူ စစ်စစ်တွေပေပေါ့။ ပုသိမ် ရောက်ခါနီး ၂၆ မိုင်အလိုမှာ ဂုန်မင်းကျေးရွာ အုပ်စုကိုရောက်သဗျ။ အဲဒီမှာ ရေးထားတာတော့ ဂုန်မင်းပဲ။ ရွာထဲရောက်တော့ ဂုံမင်း ဘူတာတဲ့၊ ဂုံမင်း ဘုန်းတော်ကြီးကျောင်းတဲ့။စာကရေးချင်တဲ့လူဆိုတော့ ဘယ်ဟာအမှန်လဲ သိချင်ခဲ့ပေမယ့် အလုပ်ရှုပ်နေကြတဲ့ အချိန် မမေးဖြစ်တော့ပါဘူး။ အရေးများတာ တွေ့ရတဲ့  ဂုံမင်း ပဲသုံးလိုက်ပါတော့မယ်။ ရောက်ပြီဆိုတာ “ဂုန်မင်း၊ လှိုက်လှဲစွာကြိုဆိုပါ၏ ” ဆိုတဲ့ ဆိုင်းဘုတ်အောက်ပဲ ရောက်သေးတာ။ 


ဂုံမင်းကျေးရွာအုပ်စုဆိုတာ ရွာပေါင်း ၃ ရွာကိုပေါင်းခေါ်တာ။ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အုပ်စု (၇ဝ)  ထဲမှာ အစွန်ဆုံးကျတဲ့ ကုန်းလမ်းလည်းမဟုတ် ရေကြောင်းချည်းလည်း အားကိုးလို့မရ၊ရထားလမ်းဆိုတာကလည်း တကယ့်တကယ်နေရာမကျပြန်တဲ့ အိမ်ထောင်စု ၆၃၈စု၊ လူဦးရေ ၂၈၈၄ ယောက်နေကြတဲ့ ဂုံမင်း ကျေးရွာအုပ်စု။ 




အုပ်ချုပ်ရေးမှုးကေ တော်တယ်ဗျ။ တကယ်ကို စနစ်ကျကျ၊လှူတဲ့ပစ္စည်းတွေကို အလှူ့ရှင်တွေလည်း ကုသိုလ်ရ၊ရေဘေးသင့်ပြည်သူတွေလည်း သာဓုခေါ်နိုင်အောင် စီစဉ်ထားတာ။ ပစ္စည်းတွေကို အိမ်တိုင်ရာရောက်ကို လိုက်ပို့ပေးတော့တာပါပဲ။ ကားတွေပေါ်ကနေ ပစ္စည်းတွေကို ရွာခံတွေ၊ ကရင်လူငယ်အဖွဲ့တွေပေါင်းတဲ့ လုပ်အားနဲ့ ရွာဦးကျောင်းတော်ကိုရွေ့ကြတယ်ဗျာ။ သယ်တဲ့သူတွေအားလုံးချွေးတွေကိုရွဲလို့။ မှတ်တမ်းဓါတ်ပုံရိုက်ရတာ နဲ့တောင် ချွေးဒီးဒီးကျပါတယ်ဆို။ ဓါတ်ပုံကောင်းရချင်တော့ ဇောလည်း ပါတာပေါ့ဗျာ။ 

စပ်စပ်စုစုနဲ့ အဲဒီအလှူကျောပိုးအိတ်ထဲ ဘာတွေထည့်ထားမိလဲ မေးမိလို့ ကိုယ့်ဆရာက အလွတ်တောင် ရွတ်ပြနေသေးတာပါလား။  Seeing is believing တဲ့။ရွာဦးကျောင်းထိုင်ဆရာတော် ဦးခေမာစာရ သီလပေး၊ အမျှဝေ၊ သာဓုခေါ်နေတုန်း ကျောပိုးအိတ်ပေါင်း ၅ဝဝ ထဲက တစ်အိတ်ကိုဖွင့်၊ပစ္စည်းတွေထုတ်၊ ဓါတ်ပုံပါ ရိုက်ပစ်လိုက်ရော။ ငါးသေတ္တာ၂ဘူး ၊ခေါက်ဆွဲခြောက်၂ထုပ်၊အာဟာရဘူးပျော့ ၄ဘူးတွဲ၊ M-150 ၂ပုလင်း၊ SHARK ၂ဘူး၊ Babi Mild ဆပ်ပြာ ၄ တုံးတွဲ၊ဖယောင်းတိုင်တစ်ထုပ်၊ မီးခြစ်တစ်လုံး ၊ခြင်ထောင်၁လုံး၊  အကျီ်၁ထည်၊ ဆရာခိုနဲ့ ဂဠုန်ရာဇာ ၁ပုလင်းစီ၊ ပါရာစီတမော ၁ဝလုံး ၁ကဒ်၊ ဓါတ်ဆားထုပ်၂ထုပ်၊ ဆား ၁ ထုပ် ၊ကျောက်ချဉ်အထုပ်သေး ၂ ထုပ်နဲ့ အမျိုးသမီး လစဉ်သုံး ပစ္စည်းက ၁ ထုပ်စီပါတာကိုးဗျ။ ALPINE သောက်ရေသန့်၆ ဘူးတွဲ ကဒ်ပေါင်း ၅ဝဝနဲ့ ဆန် ၂ကီလိုစီ ထုပ်ထားတဲ့အထုပ်တွေလည်း ပါသဗျ။ အဲဒါတွေ ကဝန်ကျယ်တော့ သတ်သတ်ထားတာတွေ။



        ကျောင်းတော်ပေါ်မှာပဲ ထမင်းကျွေးလိုက်ကြသေးတဲ့ ရွာခံတွေကို စားခဲ့ပြီးကြပြီ ပြောလည်း နည်းနည်းဖြစ်ဖြစ် စားသွားကြပါဆိုတာ … ဒုက္ခသည်တွေရဲ့ တစ်ပြန်ဒါနပေပဲပေါ့။တတ်နိုင်ရင်ဝန်ထုပ်ဝန်ပိုးမဖြစ်အောသ် ဘာမှ မစီစဉ်ထားကြပါနဲ့ လို့ ကြိုကြိုတင်တင်မှာထား ကောင်းမှာနော်။ မှာလည်းကျွေးဖြစ်အောင် ကျွေးကြမယ့် ဧရာသားတွေပါဗျာ။ ချက်ထားလိုက်တာများ လူအယောက် ၁ဝဝ စာပါတဲ့။

         ဘုန်းကြီးကျောင်းကနေ တခါ လှေဆိပ်ကို ပစ္စည်းတွေရွေ့၊ စက်လှေတွေပေါ်ခွဲတင်၊ အဲဒါလည်း  ရွာခံတွေနဲ့ ကရင်လူငယ်အဖွဲ့ ပါပဲခင်ဗျ။ လက်ဆင့်ကမ်းသယ်ကြရ တော်တော်တော့ ပင်ပန်းသား။  ဂုံမင်းအုပ်စု ၃ ရွာထဲက သဲဗွက်ရွာကို စက်လှေတွေမောင်းသွား၊ ဆယ်အိမ်မှုးတွေခေါ်၊နီးတဲ့ အိမ်တွေတစ် တခါတည်းဝေ၊ ပယ်အိမ် ဝေအိမ်စာရင်းက အုပ်ချုပ်ရေးမှုးဆီမှာရှိပြီးသား။ တချို့ပြည့်ပြည့်စုံစုံရှိကြတဲ့ အိမ်တွေက လိုအပ်နေသူတွေကိုဝေပါလို့ ပြောထားထားတော့ ပယ်အိမ်အဖြ စ် သတ်မှတ်ထားတာပါ။ အလှူပစ္စည်းတွေနဲ့ လိုနေသေးတဲ့မိသားစုတွေ မလောက်ငှပါဘူး။ အုပ်ချုပ်ရေးမှုးက သူကိုယ်တိုင် မေတ္တာရပ်ခံနေတာ စက်လှေတစ်စီးတည်း ဆိုတော့ သိနေတာပေါ့ဗျာ။နောက်ထပ်ရောက်လာမယ့် အလှူ့ရှင်တွေကျရင် အလှည့်ပေးပါ့မယ်တဲ့ခင်ဗျ။ ရန်ကုန်က သယ်သွားသမျှ ပစ္စည်းတွေအကုန်အစင်၊ အပြောင်၊ ညီတူမျှတူဝေပေး လိုက်တာ မျက်မြင်ပါပဲလို့။ သဲဗွက် ကအပြန်ခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ ကျောင်းကုန်း၊ လက်ပံချောင်အုပ်စုကိုလည်း မေတ္တာရပ်ခံထားရပါသတဲ့။ နောက်အလှူရှင်မျှော်ကြဦးစို့ ဆိုသလို ပါပဲလား။


       ဒါနဲ့မနေနိုင်၊ မထိုင်နိုင်ရှိတတ်တဲ့ သွန်းခက နိုင်ငံရေးပါတီတွေကရော လာမလှူဘူးလား ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန် ၁၆ အိတ်လာလှူသွားပါတယ်တဲ့ ။နိုင်ငံတော်ကရော ခင်ဗျာဆိုတော့ မြို့နယ်က ရေဘေးသင့်ကာလတစ်လျှောက်လုံးမှာ ၁၃ အိတ် ၂ ကြိမ်ခွဲပြီးလာလှူပါသတဲ့။ ရွာက  ၃ရွာ၊ အိမ်ထောင်စုပေါင်း ၆၃၈ စု၊ လူဦးေ ရပေါင်း ၂၈၈၄ ယောက်အတွက် ဆန် ၁၆ အိတ်နဲ့  ၂၆အိတ် ပေါင်း ၄၂အိတ်။ အင်း… … …ကြိုကြိုတင်တင်ပြောထားခဲ့တဲ့ ထမင်းတစ်နပ်လျှော့စားဆိုတာ အဲဒါကြောင့်များလား။                                                                                                                                         






                                                        
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>