Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
↧
အုန်းနိုင် - “ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်သတဲ့လား..”
$
0
0
အုန်းနိုင် - “ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်သတဲ့လား..”   
 ၁၉၉၁ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ခြင်း (၁၆)
(မိုးမခ) သြဂုတ် ၃၁၊ ၂၀၁၅
နောက်နှစ်ရက်အကြာ..ညဘက်ရေဒီယိုသတင်းများမှာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်က ထုတ်ပယ်ပြီးကြောင်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ ချုပ်က အကြောင်းကြားတယ်လို့ ကြေညာကြောင်းပါလာတယ်..။ (၁၆.၁၂.၉၁)နေ့ ညမှာပါ..။
အခုတော့ မုန်လာဥလုပ်လို့မရတော့ပါဘူး..။ ကျနော်တို့မြို့ နယ်က မေးခွန်းထုတ်စရာလဲ မလိုတော့ဘူးပေါ့..။ လုံးလုံးလျား လျား တိတိကျကျ အဖြေထွက်လာပါပြီ..။ ဘာလုပ်ကြမလဲ..။ ကျနော်တို့ မြို့ နယ်အဖွဲ့တွေ ဘယ်လိုရပ်တည်ကြ မလဲ..။ ကျနော်ကတော့ လုံးဝလက်မခံနိုင်ပါ..။ ဘယ်သူတွေက ထုတ်ကြသလဲ..။ ဘယ်လိုအစည်းအဝေး လုပ် သေးသလဲ..။ မဲခွဲကြသေးလား..။ မဲဘယ်လောက် ကွာခြားချက်နဲ့ ထုတ်တာလဲ..။
ဒီအဖွဲ့ ချုပ်ကို စတည်ထောင်ကြ တဲ့ ခေါင်းဆောင်တွေထဲက ဦးအောင်ကြီးကို ထုတ်တုန်းက ဗဟိုဦးစီးအဖွဲ့မှာ မဲခွဲတော့ ၂၈မဲ..၁၃မဲပါ..။ အခု ကော ဗဟိုဦးစီးမှာ မဲခွဲဆုံးဖြတ်ကြတာလား.. ။ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုပစ်ချက်နဲ့ ထုတ်ပယ်ဖို့ စွဲချက်တင်ကြသလဲ..။ ဒါတွေသိဖို့ တရက်နှစ်ရက်စောင့်ပြီး ရန်ကုန်ဆင်းမယ်..။ လိုက်ချင်တဲ့သူလဲ ခေါ်သွားမယ်။
 ဒီအတွင်းမှာပဲ ပေါင်းတည်မြို့ နယ် မ၀တ က ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက်ကို ပဲခူးတိုင်းမ၀တကို ၁၈.၁၂.၉၁ နေ့မှာ သွားပြီး အစည်းအဝေးတက်ရမယ်လို့ ညွှန်ကြားပါတယ်..။ ပဲခူးကို အရောက် လက်ထောက်ရုံးအဖွဲ့ မှူး က လိုက်ပို့မယ်လို့ ဆိုပါတယ်..။ ဒီတော့ အစည်းအဝေးဖိတ်တဲ့သဘောထက် ပဲခူးကိုလာဖို့ တ၀တ က အမိန့်ပေးလိုက်တဲ့သဘောက ပိုပါတယ်..။ မ၀တ အစောင့်အရှောက်နဲ့သွားရမှာပါ..။
ဒီတော့ ကျန်တဲ့သူတွေ မလိုက်ကြနဲ့ဦး။ သွားချင်ရင် ကိုယ့်ဖာသာကိုယ့်နည်းနဲ့ကို သွားကြ..။ ကျနော်တို့နှစ်ယောက်တော့ ပဲခူးအစည်းအဝေးပြီးရင် ရန်ကုန်အဖွဲ့ ချုပ်ရုံးကို ၀င်မယ်လို့ ပြောပြီး ပဲခူးသွားဖို့ စီစဉ်တယ်..။
အစကတော့ မ၀တ ..က သူတို့ကားစီစဉ် ပြီး လိုက်ပို့မလိုလို..နဲ့..၊ တကယ်ကျတော့ ပုံမှန်ဘတ်စ်မှာပဲ လက်မှတ်ဖြတ်ပေးပါတယ်..။ ဒီတော့ ကျနော်တို့က တရက်ကြိုသွားပြီး ရန်ကုန်ဝင်ဖို့ စီစဉ်ပါတယ်..။ သူတို့လိုက်ပို့မဲ့သူနဲ့ ပဲခူးကျမှ တွေ့ ဖို့ စီစဉ်ပါတယ်..။
 ၁၇.၁၂.၉၁ ညနေပိုင်းလောက် ရန်ကုန်ကို ရောက်ပြီး အခြေအနေစုံစမ်းဖို့ လုပ်ကြပါတယ်..။ ကားပေါ်က ဆင်းတော့ ကျနော့်ရဲ့  ဘယ်ဘက်ပေါင်ရင်းက အရမ်းနာပြီး လမ်းမလျှောက်နိုင်အောင် ဖြစ်လာပါတယ်..။ ဒါနဲ့ ဦးအေးသန်းကိုပဲ အဖွဲ့ ချုပ်ရုံးဘက် လွှတ်ပြီး စုံစမ်းနှင့်ပါ..။ မနက်ဖန်မနက်(၇)နာရီကျမှ ပဲခူးသွားဖို့ဆင်မလိုက် ကားဂိတ်မှာ ဆုံကြမယ် ပြောပြီး ချိန်းလိုက်ရပါတယ်..။ အဲဒီနေ့တော့ ပရုတ်ဆီတွေ..၊ မိဂသီ လိမ်းဆေးတွေ လိမ်း..၊ တခြားအကိုက်အခဲပျောက်ဆေးတွေသောက်နဲ့ပဲ နောက်တနေ့ ဆင်မလိုက်ကားဂိတ် ဆင်းနိုင်ခဲ့တယ်။ ဦးအေးသန်းနဲ့တွေ့ တော့ သူ မနေ့က ရွှေဂုံတိုင်ကို ရောက်ပေမဲ့ သူ့အသိမတွေ့လို့ ဘာမျှမသိရဘူးလို့ ပြော ပါတယ်..။ ဒါနဲ့ ကျနော်လည်း ကားဂိတ်ကနေ ဆိပ်ဖြူဦးစိုးဝင်းကို ဖုန်းဆက်ပြီး ကျနော်တို့ပဲခူးသွားတယ်..။ ညနေ ပြန်လာမယ်..။ စမ်းချောင်း ဇေယျဝတီလမ်းအိမ်မှာ လာတွေ့ ပါလို့ ချိန်းပြီး ပဲခူးကို ထွက်ခဲ့ပါတယ်..။ ကား ပေါ်မှာလည်း ပေါင်ရင်းကတော့ နာနေတာပါပဲ..။
 ပဲခူးကို ရောက်တော့ (အင်းမ)ဦးအေးနဲ့ တွေ့ပြီး ပဲခူးဦးမြတ်လှအိမ်ကို သွားကြတယ်..။ ဦးမြတ်လှ အိမ်မှာ ပဲခူးတိုင်းထဲက ကိုယ်စားလှယ်တော်တော်များများပဲ တွေ့ ရပါတယ်..။ ဦးမြတ်လှက အားလုံးကိုထမင်း ကျွေးပြီး နိုင်ငံရေးဆွေးနွေးကြတယ်..။ အဲဒီဆွေးနွေးပွဲမှာ ကျနော်က ပေါင်ရင်းနာနေတာကြောင့် ကြာကြာ မထိုင်နိုင်ပဲ ..။ ထိုင်လိုက် ထလိုက် ဆွေးနွေးရတယ်..။ ဦးမြတ်လှထုတ်ပေးလို့ လိမ်းဆေးတွေလည်း လိမ်းရ သေးတယ်..။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်က ထုတ်ပယ်ပစ်တာ ဘယ်လိုသဘော ထားကြသလဲပေါ့..။
ကျနော်က အဖွဲ့ချုပ်ရုံးမှာ လွန်ခဲ့တဲ့ လေးငါးလ ကတည်းက ဗဟိုဦးစီးက ဦးမြလေးက ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ ရှဉ့်လဲလျှောက်သာ.. ပျားလဲစွဲသာ..သဘောထားရှိနေပုံ..။ အထွေထွေ အတွင်းရေးမှူး နေရာကိုလည်း ဒေါ်အောင်ဆန်းစုကြည်အစား ဒေါ်မြင့်မြင့်ခင်ကို ကြိတ်ပေးဖို့ကြိုးစားပုံ..၊ နောက်မှ ဦးလွင်က ယာယီအတွင်းရေးမှူး အမည်ခံလိုက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းတဲ့ အခါ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မပါတော့ပဲ ချန်ထားခဲ့ပုံ..။ အဲဒီကတည်းက ဒေါ်အောင်ဆန်းစု ကြည်ကို ဖယ်တော့မယ်လို့ သံသယရှိလို့ ဗဟိုကို တတ်နိုင်သမျှ ပြောခဲ့ဆိုခဲ့ သတိပေးခဲ့ ဝေဖန်ခဲ့ပုံ..။ နောက်ဆုံးတော့ ဒီဒုံပဲ ဆိုက်လာပုံ..။စတာတွေကို သုံးသပ်တင်ပြပါတယ်..။
 ဒါပေမဲ့ ပဲခူးတိုင်း ကိုယ်စားလှယ်တော်တော် များများက အရင်ပြည်သူ့လွှတ်တော်ရေးရာအဖွဲ့ ရွေးတုန်းက ကျနော်နဲ့ ဦးမြလေး အခြေအတင်ဖြစ်ထားခဲ့ဖူးတာရယ်.. ။မကြာခင်ကမှ ကျနော်က ဦးမြလေးကို အိမ်ပေါ်က မောင်းချတယ်လို့ စွပ်စွဲပြီး စစ်ဆေးခံရတာတွေကို သိနေကြတော့ ကျနော့်ဆွေးနွေးချက်ကို အသာ အကဲခတ်နေပုံရပါတယ်..။ ဦးမြတ်လှကိုယ်တိုင်လည်း အိမ်ရှင်ဖြစ်နေလို့ ဧည့်ဝတ်ကျေအောင်လုပ်နေရ သလားမသိ..။ သိပ်ပြီး ၀င်မဆွေးနွေးပါ..။
 ဒါနဲ့ ကျနော်က ထပ်ပြီး သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ချုပ်က ထုတ်ပယ်ပြီး ..သူတို့ပဲ အဖွဲ့ ချုပ်ဆိုင်းဘုတ်ကို ဖက်ထားရင်လည်း ဒီဆိုင်းဘုတ်ပဲ ရမယ်..။ပြည်သူလူထုရဲ့  ထောက်ခံမှုတော့ရမှာ မဟုတ်ဘူး..။ပြည်သူလူထုကတော့ ရွေးကောက်ပွဲမှာကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုသာ မဲပေး လိုက်တာ ထင်ရှားပါတယ်..။အခုဆိုရင် ကမ္ဘာကတောင် အသိအမှတ်ပြုပြီး နိုဗယ်ဆုပေးလိုက်ပြီ..။ ကျနော် တယောက်တည်းရဲ့  သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ထောက်ခံနိုင်မယ်.. ။ဒေါ်စုကို ထုတ်ပစ် တဲ့သူတွေကိုတော့ ဆောရီးပဲ..။ ကျနော်တို့ မြို့ နယ်အနေအထားကတော့ ချက်ခြင်း အစည်းအဝေးမခေါ်နိုင်ခဲ့ သေးလို့ အပြတ်မပြောနိုင်သေးပေမဲ့ ဒီသဘောပဲ ဖြစ်ဖို့ များပါတယ်လို့ ဆွေးနွေးပါတယ်..။
 ဒီအပိုင်းမှာတော့ ဦးမြတ်လှကရော.. အင်းမဦးအေးကပါ ၀င်ဆွေးနွေးပါတယ်..။ သူတို့လည်းဒီသဘော မျိုးပါပဲ.. ။ရေတာရှည်က ဒေါက်တာကျော်ကျော်လို့ ထင်ရတဲ့ ခပ်ငယ်ငယ် ကိုယ်စားလှယ်တယောက်ကတော့ လူငယ်ပီပီ ..ဒီသဘောထားကို ထောက်ခံတဲ့ အပြင် ၊ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်တဲ့သူတွေဟာ သစ္စာဖောက်တွေပဲ ဆိုတဲ့ အသုံးမျိုးတောင် သုံးသွားပါတယ်..။
( အပိုင်း(၁၇)..ခေါင်းဆောင်ဘယ်သူလဲ..ကို ဆက်တင်ပါမယ်)
↧
စာရေးဆရာ သန်းဌေး (ဇီးကုန်း) “ ရွေးကောက်ပွဲ လက်စွဲ ” စာအုပ်မိတ်ဆက်
$
0
0
စာရေးဆရာ သန်းဌေး (ဇီးကုန်း)  “ ရွေးကောက်ပွဲ လက်စွဲ ” စာအုပ်မိတ်ဆက်
ရန်နောင်(ဗိုလ်တထောင်)      မိုးမခ     ဩဂုတ် ၃၁- ၂၀၁၅
ဦးဇော်သက်ထွေး
သန်းဌေး (ဇီးကုန်း)
           ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးတွင် မိမိတတ်နိုင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သည့်အနေဖြင့် ရေးသားထားပါသည်ဟု ပြောပြခဲ့သော စာရေးဆရာ သန်းဌေး(ဇီးကုန်း) ၏
“ ရွေးကောက်ပွဲလက်စွဲ ” စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ ဟုမ်းမီဒီယာခန်းမတွင် ဩဂုတ်လ (၃၁)ရက်နေ့ နေ့လယ် (၁) နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
          အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် ဦးကိုကိုကြီး နှင့် ဦးဇော်သက်ထွေးတို့မှ မုဒိတာ အမှတ်တရစကားပြောကြားပေးခဲ့ကြသည်။
          ထို့နောက် စာရေးသူ ဆရာသန်းဌေး(ဇီးကုန်း) က စာအုပ်ထုတ်ဝေရခြင်းအကြောင်းနှင့် စပ်လျဉ်း၍ ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
           “ ရွေးကောက်ပွဲ လက်စွဲ ” စာအုပ်ကို  အခန်း(၃)ခန်းခွဲ၍ ထားကာ (၁) မဲပေးခြင်းအသိပညာ ၊(၂) အောင်နိုင်ရေးလှုပ်ရှားမှု၊(၃) ရွေးကောက်ပွဲဆိုင်ရာမှတ်စုများ ဟူ၍  အခြေခံအဆင့်တွင် ပါဝင်ဆောင်ရွက်သူများအတွက် ရည်ရွယ်ပြုစုထားသည်။
          ထိုစာအုပ်အား ဦးသက်ဦး (တောရိုင်းနှင်းဆီ စာပေ) မှ ထုတ်ဝေပြီး  ဦးလှမိုး( ပန်းကြာဖြူ ပုံနှိပ်တိုက် ) တွင် ပုံနှိပ်ကာ မျက်နှာဖုံးဒီဇိုင်း ကို ဘိုဘိုထွန်းက ရေးဆွဲကာ  တန်ဖိုး ၂၀၀၀ ကျပ်ဖြင့် TSI(ငြိမ်းအေးရှေ့ဆောင် ) မှ မြန်မာတပြည်လုံးသို့ စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။
↧
↧
ရေဘေးအလှူ ကယ်ကူလှူ မွန်မြတ်စိတ်ထား ပရဟိတအဖွဲ့များ
$
0
0
    ရေဘေးအလှူ ကယ်ကူလှူ  မွန်မြတ်စိတ်ထား ပရဟိတအဖွဲ့များ
ရန်နောင် (ဗိုလ်တထောင်)   မိုးမခ  ဩဂုတ် ၃၁  -၂၀၁၅
          ရေဘေး စဖြစ်ပြီဆိုကတည်းက မောင်ရန်နောင် တယောက် သတင်းတွေ သွားယူချင်၊ ပရဟိတအလှူတွေ လုပ်ချင် ၊ကယ်ဆယ်ရေး လုပ်ချင်နဲ့ ချင်တွေများနေခဲ့တာပါ။သတင်းသမား ဘဝ အဖြစ်လျှောက်လှမ်းဖို့ သင်တန်းတက်တော့ ဆရာရဲနိုင်မိုးသင်တာလေး အမှတ်ရမိပါတယ်။ ဆရာ တယောက်ထဲ မဟုတ်ပါဘူး။ အားလုံးသော ဆရာတွေ သင်တာ မှာ ပါစမြဲပဲလေ။
          သတင်းဆိုတာဘာလဲ။ သတင်းဖြစ်တာဘာလဲဆို ။ ပြောပါပြီ။ မီးလောင်၊ရေကြီး၊သူပုန်စီး အဲဒါတွေက သတင်းတွေတဲ့။ မီးလောင် တာကတော့ မီးသတ်ကား ဥဩသံကြားတဲ့နောက် ပြေးလိုက်လို့ ရတယ်။ ဖေ့ဘွတ်စ်ခ်ကနေ လှမ်းတောက်လို့ရတော့ အေးဆေးပေါ့။
          သူပုန်စီးတာတော့ မောင်ရန်နောင် မကြုံဖူးဘူး။ ရေကြီးတာတော့ မောင်ရန်နောင် ကြုံခဲ့ဖူးတာ ခဏခဏပဲ။ ရေကြီးတယ်ဆိုတာကို တိတိကျကျ  စကြုံတာကတော့  ၂၀၀၆ ခုနှစ်လောက်ကပေါ့။ ငယ်ငယ်တုန်းက မေမေက ပြောဖူးတယ်။ “ မီးလောင်တာ ထွက်ပြေးလို့ရတယ်၊ရေကြီးရင် မလွယ်ဘူးတဲ့ ” အဲဒီလိုပြောဖူးတာပါ။
          အဲဒီနှစ်က ညဘက်ကြီး ညီအစ်ကို နှစ်ယောက် ကုတင်ပေါ်မှာ အတူတူ အိပ်နေတုန်း လက်ကကုတင်အောက် စမ်းမိတော့ အေးစက်စက်နဲ့ ရေတွေ ဖြစ်နေတယ်။ “  ဟ၊  ဘာလဲပေါ့ စမ်းမိတာ အေးစက်စက်နေတော့ မျက်လုံးမပွင့်တပွင့်နဲ့ ကြည့်တော့ ရေတွေ ဖြစ်နေတယ်။ အဲဒါနဲ့ အငယ်ကောင်ကို နှိုးပြောတော့  “ အာ ရေထိတာ အထူးအဆန်းလာလုပ်နေတယ်  ” ဆိုပြီး ပြန်အိပ်တယ်။ ကိုယ်က လည်း အကြီးဆိုတော့ သတိဝီရိယ ကြီးစွာနဲ့ ထကြည့်တော့ လားလား ခြေမျက်စိမြုပ်နေပြီ။ တခါမှလည်း မကြုံစဖူး ဖြစ်ရတော့ အိပ်နေတဲ့ညီနဲ့ ဦးလေးကို နှိုးရတယ်။ သူတို့ကို နှိုးနေတဲ့ အချိန်မှာကိုပဲ ရေက ခြေသလုံးလောက် ရောက်လာပါတယ်။ အဲဒီအချိန်အထိလည်း ရေဘယ်လိုက ဘယ်လို ဝင်လာမှန်းမသိတာပါ။ နေတာက မြေညီထပ်၊ လမ်းမကြီးပေါ် ဆိုတော့ စပ်စပ်စုစု နဲ့ တံခါးဖွင့်လိုက်တာ ဆည်တမံကျိုးသလိုပဲ တံခါးပေါက်ကနေ ရေတွေ ဝုန်းခနဲ ဝင်လာတော့  ညီအစ်ကို နှစ်ယောက် ကုတင်ပေါ်တက်နေရတယ်။ ဒါနဲ့ ဒီလိုဆို အိမ်ကိုတော့ အကြောင်းကြားရမယ်။ 
ဆိုင်ဖွင့်ဖို့ကလည်းရှိသေးတော့ အိမ်ကိုဖုန်းလှမ်းဆက်တယ်။ အိမ်က ဖေဖေတို့ကလည်း မလာပါနဲ့ ဆိုတာ ရောက်အောင်လာတော့ သားအဖတတွေ ကုတင်ပေါ်မှာ စုထိုင်နေရတယ်။ တတီတီ နဲ့ အော်သံကြားလို့ လိုက်ရှာတော့ ကွန်ပျူတာ  တွေ ရေငုပ်ကုန်ပြီ။တတီတီမြည်သံက  အဲဒီက၊ ဆိုင်မှာရောင်းတဲ့ စာရေးကိရိယာတွေ၊စာအိတ်တွေကတော့ အဆုံးပေါ့။ရေ အဆုံးကိုး။
          နည်းနည်းလေး လင်းလာတော့ အပြင်ထွက်ကြည့်တယ်။ ဘာဈေးသည်မှ မရှိဘူး။ မုန့်ဟင်းခါးသည် တသည်ပဲ ချက်ပြီးသားဖြစ်နေလို့ လာရောင်းတာ နာရီဝက်နဲ့ သူ့ဆိုင်က ကုန်သွားတယ်။ နေ့လယ်ဘက် လမ်းထဲလျှောက်ကြည့်တော့ ကွန်ပျူတာ အရောင်းဆိုင်တွေ က ကွန်ပျူတာတွေ ရေထဲ မြုပ်နေတာတွေ၊ ကားတွေ မြေအောက်ထပ်မှာ မြုပ်နေတာတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရဖူးတာပါ။ အဲဒီတုန်းက ရေကြီးတာ နာရီပိုင်းလေးပါ။ ဒါပေမဲ့ တော်တော်ဒုက္ခခံလိုက်ရပါတယ်။  ဒီလိုတွေ ကိုယ်တိုင်ခံစားဖူးတော့ ခုလိုရေဘေး ဖြစ်တဲ့အခါ ရေဘေးသင့်ခံရတဲ့ပြည်သူတွေ ကို ကိုယ်ချင်းစာစိတ်အပြည့်နဲ့ ကူညီချင်နေမိပါတယ်။
          ဒီလိုအချိန်မှာ ရေဘေးသင့်ပြည်သူတွေအတွက် ရုပ်ရှင်၊ဂီတ၊သဘင်က လူတွေ၊စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ပန်းချီဆရာတွေ ကလည်း  ရံပုံငွေတွေ အလှူခံ၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်သရုပ်ဆောင်ရင်းအလှူခံ ၊ကျောင်းသားလူငယ်တွေကလည်း ဖလားကိုယ်စီကိုင်စွဲကာ တလမ်းဝင်တလမ်းထွက် အလှူခံပြီး ရေဘေးသင့်ဒေသ ပြည်သူများကို သွားရောက်လှူဒါန်းကြတာပေါ့။
          ကျောက်တံတား (၅) ရပ်ကွက်က ညောင်တုန်းမြို့နားက ကုက္ကိုဝကျေးရွာ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်အရုံး ရဲ့ စာနာထောက်ထား အနုပညာရှင်များ အဖွဲ့နဲ့ ထန်းတပင်မြို့နယ် တော်လတီကျေးရွာအုပ်စု ကြာအင်းရွာ၊ သာပေါင်းမြို့နယ် အောင်တပ်ရွာ ၊ဘုရားညီရွာ၊ လွယ်ဟိန်းအဖွဲ့နဲ့ သာပေါင်းမြို့နယ်ထဲက ဂုံမင်းရွာတွေကို  အတူလိုက်သွားခဲ့ပါတယ်။
          ရေဘေးသင့်ရွာများ တွင် တွေ့ရလေ့ရှိတဲ့ ဝမ်းရောဂါဖြစ်ပွားသူများ ၊ ဖျားနာသူများ ကိုလည်း တွေ့မြင်ခဲ့ရသလို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အဖွဲ့နှင့် သွားသည့်အခါ သရုပ်ဆောင်များကြောင့် တဒင်္ဂခဏ ပြုံးပျော်သွားသူများကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
          သတင်းသမားတယောက်ဟာ ပရဟိတအခြေခံစိတ်မရှိရင်လည်း သတင်းထောက်ကောင်းတယောက်မဖြစ်နိုင်ပါဘူး။  ပရဟိတစိတ်ဓါတ် အခြေခံရှိမှသာ ဒီလိုမျိုး ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးလိုမျိုးမှာ အင်တိုက်အားတိုက်ပါဝင်နိုင်မှာပါ။
          ရွှံထဲနွှံထဲသွားရ၊ မြွေအန္တရာယ်ရှောင်ရှားရ၊ကားလမ်းခရီး အန္တရာယ် မဖြစ်စေရန် ရှောင်ရှားရနဲ့ အန္တရာယ်တွေတောထဲ သွားနေရတဲ့ ပရဟိတ သမားတွေနဲ့အတူ သတင်းလိုက်ယူရင်း နှင့် ကြုံခဲ့ ၊တွေ့ခဲ့တာလေးများအား ပရဟိတ အဖွဲ့များအား ဂုဏ်ယူရင်း  နဲ့ ရေဘေးအလှူ ကယ်ကူလှူခဲ့တာလေး ဝေမျှလိုက်တာပါ။
↧
တူမောင်ညို - ညစ်ကွက်ညစ်လုံးတွေကြားက ရာနှုန်းပြည့် အနိုင်ရရေး စိတ်ကူး
$
0
0
တူမောင်ညို - ညစ်ကွက်ညစ်လုံးတွေကြားက ရာနှုန်းပြည့် အနိုင်ရရေး စိတ်ကူး
(မိုးမခ) သြဂတ်စ် ၃၁၊ ၂၀၁၅
ညစ်ကွက်တွေစုံရုံတင်မက ညစ်ဒေါင့်လည်းစေ့ပါတယ်။ စနစ်တကျအမိန့်ပေးခိုင်းစေနေသလိုပါပဲ။
 “အခြေခံဥပဒေ/တည်ဆဲဥပဒေ”ဆိုတာတွေနဲ့ညစ်သလို၊ ဥပဒေပနည်းတွေသုံးပြီးလည်းညစ်ပါတယ်။ သောက်သောက်လည်း မှားတဲ့အခြေခံမဲစာရင်းတွေ ထုတ်ပြန်တာကစပြီးရွေးကောက်ပွဲရလဒ်ကြေညာပြီးတဲ့အထိ ဗိုလ်တင်အေးလက်စွမ်းပြရမယ့် အချိန်ကာလ ဖြစ်ပါတယ်။ မကြာခင် “အတည်ပြု မဲပေးပိုင်ခွင့်စာရင်း” ထုတ်ပြန်လိမ့်မယ် ၊ အမှားအယွင်းတွေပါရှိနေရင်လည်း ပြင်ဆင်ပါလို့ ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်တင်အေးက ပြောသွားပါတယ်။ ညစ်လုံးတွေလာအုံးမယ်ဆိုတဲ့သဘောပေါ့။
ဘယ်ကလာမှန်းမသိတဲ့ ဒုတ်ဓါးကိုင်လူရမ်းကားအုပ်စုကြီးတဲ့။ အဲဒီလူရမ်းကားအုပ်စုကြီးကို “တာဝန်လက်ပတ်နီ” ပတ်ပေး ပြီး မြို့တော်ခန်းမရှေ့မှာ ဗြောင်အသုံးတော်ခံစေခဲ့ဖူးပြီ၊  အခုလို မဲဆွယ်ကာလမှာတော့ “ပိုစတာ” ကိုင်ခိုင်းပြီး ပွဲထုတ်နေပြန် ပါတယ်။  ရွေးကောက်ပွဲကာလတည်ငြိမ်မှုကို တမင်ပျက်ပြားအောင် ဘယ်သူတွေလုပ်နေတာလဲ။ ဘယ်အတိုင်းအတာ ထိ လုပ်မှာလဲ။ နေပြည်တော် အနီးအနားမှာဒီလိုလက်ရဲဇက်ရဲလုပ်ခွင့်ပေးထားရင် အခြားသောကျေးလက်တွေနဲ့နယ်စွန်နယ် ဖျားတွေမှာ ဘယ်လောက်များ ဆူပူသောင်း ကျန်းကြမလဲ။ ဒီလို ပိုစတာကိုင်အော်ဟစ်ကြတဲ့ လူအုပ်ဟာ နောက်ဆုံးမှာတော့ ဒီပဲယင်းအကြမ်ဖက်သတ်ဖြတ်မှုကို ဇက်ရဲလက်ရဲ လုပ် တာပဲ မဟုတ်ပါလား။ ဗိုလ်ခင်ညွန့်ကတော့ ဒီပဲရင်းအကြမ်းဖက်မှုမှာသူ မပါဝင်ကြောင်း ဗိုလ်သန်းရွှေက ကွယ်လွန်သူ (ဝန်ကြီးချုပ်ဟောင်း) ဗိုလ်စိုးဝင်းနဲ့ ဗိုလ်ရဲမြင့်တို့ကို တာဝန်ပေးခိုင်းစေတာ ဖြစ်ကြောင်း ဖြောင့်ချက်ပေးထားပါတယ်။ ဒါကြောင့် နေပြည်တော်က ပိုစတာကိုင် လူအုပ်ဟာ ဒုတ်ဓါးကိုင်ပြီး အကြမ်းမဖက်ဖူး လို့ ဘယ်သူအာမခံနိုင်မှာလဲ။
ဗိုလ်တင်အေးရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေနဲ့အညီ တမင်ညစ်တဲ့ ညစ်ကွက်ဖြစ်တဲ့ “ကိုယ်စားလှယ်လောင်းစိစစ်ရေး” ဆိုတာကတော့  (၃၁ သြဂုတ်မှာ) ရက်စေ့သွားပြီ။
ကိုယ်စားလှယ်လောင်း ဘယ်လောက်တင် ဇကာတင် ကျန်ရစ်ခဲ့သလဲ။ ဘယ်ပါတီတွေ ကိုယ်စားလှယ်လောင်း ဘယ်နှစ် ယောက် ညှိသွား၊ ထိသွားသလဲ။ စုစုပေါင်း ကိုယ်စားလှယ်လောင်း (၄၀) နီးပါးရှိတယ်ဆိုတော့ အရေအတွက်မနည်းလှဘူး။ (NLD)ပါတီ ဘက်က ကိုယ်စားလှယ်လောင်း အနည်းဆုံး ၆ ဦး (ဒေါက်တာဝင်းမြင့်၊ ဦးဖြိုးဝေအောင်၊ ဦးယဉ်မျိုး၊ ဦးထွန်းမင်းစိုး၊ စိုင်းကျော်ဇော၊ --- )  ထိခိုက် နစ်နာသွားတယ်လို့ မီဒီယာသတင်းတွေအရ သိရပါတယ်။ ဒါဟာ “ရာနှုန်းပြည်အနိုင်ရရေး” ကို ထိခိုက်စေတာတွေဖြစ်ပါတယ်။
 ကော်မရှင်ရဲ့ လက်စွဲတော်ပုဒ်မတွေက ရွေးကောက်ပွဲဥပဒေ၊ ပုဒ်မ ၁၀ (င) နဲ့ ပုဒ်မ ၈ (က) တို့ဖြစ်တယ်။ ပုဒ်မ ၁၀ (င) က သက်ဆိုင်ရာကိုယ်စားလှယ်လောင်းမွေးဖွားစဉ်မှာ မိဘက နိုင်ငံသားမဖြစ်သေးလို့ဆိုတဲ့ အကြောင်းပြချက်ပဲဖြစ်ပါတယ်။ တ ကယ်တော့ ဒါဟာ တမင်ညစ်တာပါပဲ။ လက်ရှိမှာ နိုင်ငံသားဖြစ်နေပြီဆိုတဲ့အချက်၊ လက်ရှိလွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ အချက်တွေကို တမင်မျက်ကွယ်ပြုပြီး ညစ်ပတ်တာပဲဖြစ်ပါတယ်။
 ပုဒ်မ ၈ (က) က လည်း အလားတူပါပဲ။ “ နိုင်ငံထဲမှာ ၁၀ နှစ်တဆက်တည်းနေထိုင်သူဖြစ်ရမယ်” ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ဆိုတာတွေမှာ နေထိုင်ကြသူတွေဟာ အ ကြောင်း အမျိုးမျိုးနဲ့ တစ်ဖက်နိုင်ငံတွေကို အိမ်ဦးနဲ့ကြမ်းပြင်လို ဝင်ထွက်သွားလာ နေထိုင်ဖူးကြတာချည်းဖြစ်တယ်။  ကယန်း အမျိုးသားပါတီက ခွန်ဘီထူးကို ညစ်တဲ့ကိစ္စကို အညစ်ပတ်ဆုံးဖြစ်ပါတယ်။  တရားဝင်ပတ်စ်ပို့ကိုင်ပြီး ထိုင်းနိုင်ငံကိုသွားတာကို အဲဒီ ပုဒ်မ ၈ (က) နဲ့ညစ်ထားတယ်။ အရှက်ကင်းမဲ့လှတဲ့ နောက်ထပ်ညစ်ကွက်တစ်ခုကတော့  “ကိုယ်စားလှယ်လောင်းသည် ၂၅ နှစ်ပြည့်ပြီးသူ သို့မဟုတ် အသက် ၃၀ ပြည့်ပြီးသူဖြစ်ရမယ်” ဆိုတဲ့အချက်ပါပဲ။
(NLD) ဥက္ကဋ္ဌကတော့ (NLD) ပါတီက ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသားအနိုင်ရခဲ့ရင် သန့်ရှင်းတဲ့အစိုးရဖြစ်စေရမယ်၊ လွတ်လပ်စွာစိုက်ပျိုးခွင့်ကို အာမခံမယ်၊ ဘယ်မျိုးစပါးကိုစိုက်မှ ထောက်ပံ့ကြေးပေးမယ်၊ ရေပေးမယ်တို့၊ ထောက်ပံ့ကြေးပေး မယ်တို့ လုံးဝမရှိစေရပါဘူးလို့ ရဲရဲပြောဆိုနေတာတွေကြားရပါတယ်။ အားတက်စရာကောင်းပါတယ်။ တဖက်မှာ အဲဒီလို ပြောဆိုနေသံတွေ ကြားရတော့ အားတက်စရာကောင်းသလို အခြားတဖက်မှာလည်း လက်တွေ့ကျပြီး စိုးရိမ်စရာကောင်း နေတဲ့အချက်တွေကလည်း ထုနဲ့ ဒယ်နဲ့ကို ရှိနေတာပါ။
ဒီလိုညစ်လုံးညစ်ကွက်တွေအကြားမှာ (NLD) ပါတီ ပြတ်ပြတ်သားသားအနိုင်ရပါ့မလား ဆိုတဲ့အချက်ပါပဲ။ တခါမက အကြိမ် ကြိမ် ခဲမှန်ခဲ့ဖူးတဲ့ စာသူငယ်လိုပါပဲ။ “၁၉၉၀ ရွေးကောက်ပွဲ” ရလဒ်လို၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒလက်မှတ် ၅ သန်းနီးပါးလို သဲထဲ ရေသွန်သလိုဖြစ်သွားမှာကို ပြည်သူတွေက အထူးစိုးရိမ်နေကြပါတယ်။ ဒီလိုကိုယ်တွေ့တွေအပြင် လတ်တလောကာလ မှာပဲ  (NLD) ဥက္ကဋ္ဌ ကိုယ်တိုင်က “အခုထဲကစပြီးနည်း နည်းမမျှတတာလေးတွေတော့ရှိတယ်နော်” လို့ သတိပေးစကားပြော နေတယ်မဟုတ်လား။ ဒီတော့ ပြည်သူတွေ စိုးရိမ်တာ အမြှော်အမြင်ရှိတဲ့ စိုးရိမ်မှုမျိုးဖြစ်ပါတယ်။ ဒီတော့ ၂၀၁၅ မှာ (NLD) ပါတီဟာ တောင်ပြိုကမ်းပြိုနိုင်အုံးမှာပဲလို့ဆိုတာဟာ အစွဲနဲ့ စိတ်ခံစားမှုနဲ့ပြောနေတာမျိုး၊ မျက်ကန်းတစ္ဆေမကြောက်ပြောနေတာမျိုးနဲ့ သွားတူနေတာပေါ့။ ဒီလိုပြောလို့ (NLD)ကို မနိုင်စေချင်လို့ အာ့မနာပပြောတာမဟုတ်ပါဘူး။ (NLD) ကို ရာနှုန်း ပြည့်အနိုင်ရစေချင်ပါတယ်။ ဒီလိုဆန္ဒဖြစ်ပေါ်လာတဲ့အခါတိုင်း ရင်ထဲမှာသံမှိုစွဲသလို စွဲမှတ်မိနေတဲ့  (NLD) ဥက္ကဋ္ဌ တခါက ပြောခဲ့ဖူးတဲ့စကားတွေပေါ် ပေါ်လာပါတယ်။
“၂၀၀၈ အခြေခံ ဥပဒေ မပြင်ဆင်နိုင်သမျှ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ချင်လွတ်လပ်မှာဖြစ်ပေမယ့်တရားမျှတမှုတော့ရှိ မှာမဟုတ်ဘူး” ဆိုတဲ့စကားနဲ့ “တပ်မတော် သဘောမတူပဲနဲ့ ဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ဘယ်တော့မှ မခိုင်မြဲနိုင်ဘူး။ အခု ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရကို မခိုင်မြဲ နိုင်ဘူး။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အရကို တပ်မတော်ရဲ့ သဘောဆန္ဒရှိသ၍သာ ဒီလွှတ်တော်က တည်မှာ။ တခြားဟာတွေ ကျွန်မတို့ ရှည်ရှည်ဝေးဝေးပြောနေစရာမလိုဘူး။ တပ်မတော် အလိုရှိသလောက်ပဲ ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ၊ တပ်မတော် အလိုရှိသလောက်ပဲ ကျွန်မတို့ရဲ့ လွှတ်တော်ရဲ့သက်တမ်းကရှိမှာ။ အဲတော့ အဲဒီလိုဖြစ်နေတဲ့အခြေအနေမှာ လက်တွေ့ကျကျ ကျွန်မတို့ တပ်မတော်ကနေပြီးတော့ ဒီမိုကရေစီကို နားလည်လက်ခံလာမှ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီအုတ်မြစ် ကျွန်မတို့ ချနိုင်မယ်”  ဆိုတဲ့စကားတွေပဲဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေက အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ ညစ်လုံးညစ်ကွက်တွေကို ကျော်လွှားပြီး (NLD) အတွက် အသည်းကြားက မဲတပြားကို တာဝန်ကျေပွန်စွာ၊ သတ္တိရှိစွာ ပေးအပ်ခဲ့သလို။ အကယ်၍ ကံမကောင်း အကြောင်းမလှလို့  “၁၉၉၀ ရွေးကောက်ရလဒ်” လို ကံကြမ္မာမျိုး ထပ်မံကြုံတွေ့လာခဲ့ရင်လည်း  ယနေ့ (NLD) ဟာ၊ တခါက (NLD) ပါတီလို တွေဝေငုံ့ခံမနေဘဲ၊ ပြတ်ပြတ်သားသား ရုန်းကန်တွန်းလှန်နိုင်ပါစေလို့သာ ကြိုတင်ဆန္ဒပြုလိုက်ပါတယ်။
ညွန်း
- (၃၀-၈-၂၀၁၅) နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်နဲ့ ဒက္ခိဏ သီရိမြို့နယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်။
- (၂၀- ၈ - ၂၀၁၃) RFA
↧
ရွေးကောက်ပွဲလက်စွဲစာအုပ်သည် တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာအကျိုးရှိဟု ဦးကိုကိုကြီးပြော
$
0
0
ရွေးကောက်ပွဲလက်စွဲစာအုပ်သည် တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာအကျိုးရှိဟု ဦးကိုကိုကြီးပြော
ဟန်သစ်နိုင်၊ မိုးမခ၊ သြဂုတ် ၃၁၊ ၂၀၁၅ခုနှစ်
သြဂုတ် ၃၁ရက် ရန်ကုန်မြို့ ဟုမ်းမီဒီယာခန်းမ၌ပြုလုပ်သော “ရွေးကောက်ပွဲလက်စွဲ”စာအုပ် စီစဉ်ရေးသားသူ နိုင်ကျဉ်းဟောင်းဦးသန်းဌေး(ဇီးကုန်း)ရဲ့ စာအုပ်မိတ်ဆက်ပွဲတွင်  ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ရွေးကောက်ပွဲလက်စွဲစာအုပ်ဟာ ရွေးကောက်ပွဲအတွက်အလွန်အရေး ကြီးကြောင်း ပြောခဲ့သည်။
          ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တိုင်းနှင့်ပြည်နယ် သင်တန်းများပို့ချရာတွင် ဦးကိုကိုကြီးတို့ လွှတ်တော်စောင့်ကြည့်လေ့လာရေးသုတေသနအနေဖြင့် ရွေးကောက်ပွဲလက်စွဲစာအုပ်နှင့် ပန်းဖလက်များအကူအညီကိုအသုံးချပြီး ကျေးလက်ဆန်သော မြစ်ကြီးနားရှိ (၁၀)မြို့နယ်တွင် အကြိမ် (၂၀၀)လက်တွေ့ဆောင်ရွက်သွားဖို့ရှိကြောင်း၊ စစ်ကိုင်းတိုင်းရှိ (၁၅)မြို့နယ်တွင် အကြိမ် (၃၀၀)လက်တွေ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တခြားအဖွဲ့အစည်း တခြားနယ်များပယ်များ ကို ဆောင်ရွက်နေသောပုဂ္ဂိုလ်များအနေဖြင့်လည်း ထိုရွေးကောက်ပွဲလက်စွဲစာအုပ်ဟာ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာအကျိုးရှိကြောင်း ပြောသည်။
          ဆက်လက်ပြီး “ရွေးကောက်ပွဲကိုဖြတ်သန်းဖို့ဆိုတာဟာ အစိုးရသစ်တစ်ရပ်ကိုမွေးဖွားဘို့ အတွက် နိုင်ငံအတွက်အရေး ကြီးတဲ့ စာအုပ်သစ်တစ်ခုပါ” ဟုပြောသည်။
ဦးကိုကိုကြီးမှဆက်လက်ပြီး ရွေးကောက်ပွဲမဲပေးရာတွင် ခေတ်အဆက်ဆက် မဲပေးနည်းပုံစံ အမျိုးမျိုးပြောင်းလဲလာသည့်အတွက် ပြည်သူများမျက်စိမရှုပ်၊ နားမရှုပ်စေပဲ အချိန်မီသိရှိစေရန်  ပြည်သူများ သိလွယ်မြင်လွယ်စေအောင် ရုပ်ပုံလေးများ ဖြင့် စီစဉ်ရေး သားဆောင်ရွက်ပေးသော နိုင်ကျဉ်းဟောင်း ဦးသန်းဌေး(ဇီးကုန်း)အား ကျေးဇူးတင်ကြောင်းပြောသည်။
“ကျနော်တို့ငယ်ငယ် ၈၈မတိုင်ခင်က မဲထည့်ရတယ်၊ ဘာဘောပင်မှလည်းမကိုင်ရဘူး၊ ဘာ တုန်း မှလည်းမထုရဘူး၊ ၂၀၁၀ရောက်တော့ ဘောပင်ကိုင်ပြီးအမှန်ခြစ်ရတယ်၊ အခုရွေးကောက်ပွဲမှာကျရင် တုန်းထုရမယ်တဲ့ ပြည်သူတွေမျက်စိလည်တဲ့ရွေးကောက်ပွဲ”ဟု ဦးကိုကိုကြီးကပြောသည်။
   ရွေးကောက်ပွဲလက်စွဲစာအုပ် မိတ်ဆက်ပွဲတွင် ဦးကိုကိုကြီးမှ ရွေးကောက်ပွဲဟာအလွန်အရေး ကြီးကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းစာရေးဆရာ ဦးဇော်သက်ထွေးမှလည်းရွေးကောက်ပွဲကျင်း ပရာတွင် ပြည်သူများ မအရန် ပညာပေးစကားများပြော ကြားခဲ့သည်။ ရွေးကောက်ပွဲလက်စွဲ စာအုပ်ကို စီစဉ်ရေးသားသူ နိုင်ကျဉ်းဟောင်းဦးသန်းဌေး(ဇီးကုန်း)မှ ရွေးကောက်ပွဲ၌ မဲပေးရာတွင် တဆင့်ပြီးတဆင့် မှားယွင်းမှုမရှိပဲ အသိရှိရှိဖြင့် မဲပေးနိုင်မှုအကြောင်းများကို ပြောပြခဲ့သည်။
          ရွေးကောက်ပွဲလက်စွဲစာအုပ်သည် မဲပေးရာတွင်လွယ်ကူမှုရစေရန်အတွက် မဲပေးနည်း ပုံစံများကို ရုပ်ပုံများ၊ စာများဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဖော်ပြစီစဉ်ထားသည်။ ထိုစာအုပ်မိတ်ဆက်ပွဲကို နိုင်ငံရေးအကျဉ်း သားဟောင်းများနှင့် နိုင်ငံရေးအင်အားစုများတက်ရောက်ခဲ့သည်။
↧
↧
လင်းအေးထင် - Nostalgia တဲ့ ဒီရောဂါ
$
0
0
လင်းအေးထင် - Nostalgia တဲ့ ဒီရောဂါ
(မိုးမခ) သြဂုတ် ၃၁၊ ၂၀၁၅
Nostalgia တဲ့…၊
တမ်းချင်းတိုင်းမှာ နွေလို ကြွပ်ဆတ်လို့
ရော်ရွက်လို တည်မှီရာကင်းလို့ တံလျှပ်တို့လက်ထလို့
ပျော်ရွှင်ဖွယ်မရှိသော အတိတ်တို့ကို အရသာခံလို့
ဘယ်သူဟာ မအောင်မြင်သော လေလွင့်သော
အချည်းနှီးသော ဖြစ်တည်မှုကို
လွမ်းအောင် ဖွဲ့ဆို တတ်ခဲ့ပါသလဲ..။
ဒီ ၁၀ စုနှစ်ကျော် ငါကျွမ်းကျင်ခဲ့သော အရာ…။
သဲသောင်ရယ် မြစ်ရယ် တိမ်ရယ်နဲ့ ရောထွေးတည်ရှိတဲ့
ကမ်းနဖူးက ကျနော့် ဘုရားက ခပ်သေးသေးပါ၊
အချစ်တို့ခမ်းနားလို့ သတိရခြင်းတွေ ခမ်းနားလေလားဆိုလည်း
မဟုတ်ရပေါင်ဗျာ၊
တခါဆုံမိခဲ့ဖူးပြီး နောက်တကြိမ် ထပ်တွေ့ရရင်
မှတ်မိနိုင်လောက်အောင်ပင်
အချစ်အကြောင်းဟာ မခမ်းနားပါ၊
အနုပ်စုတ်ကုပ်စုတ်ပါ၊ မေ့လွယ်ပျောက်လွယ်ပါ၊
လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင်ပါ၊
တခါက မမတိုက်ခဲ့တဲ့ ခလုတ်ကလေး
အခု ဆွေးနေပေါ့လေးပါ၊
မခမ်းနားသော အချစ်အကြောင်းကို
တခမ်းတနား ဖွဲ့ဆိုခဲ့၊
ဒီ ၁၀စုနှစ်ကျော် ငါတတ်မြောက်ခဲ့သော အရာ…။
နွားတို့ပင် ငြီးငွေ့ကာ ‘ဒီပရက်ရှင်’ ၀င်ရတဲ့ ကျနော့်မြို့က
ကန်သာ ကန်ပေါင်မှာ၊ ပက်ကြားအက်တွေ မြေစာမြက်တွေ၊
ဖုန်တထောင်းထောင်းတွေကို ကျနော် ဖွဲ့ဆိုဖို့ရာ၊
အကျိုးနည်းလှတဲ့ လန်ဒန်ဆောင်းဦးရဲ့
ရွက်ကြွေပင်တွေ အရောင်ဝင်ပုံကို မေ့ခဲ့ပြီပေါ့ အခါခါ၊
Nostalgia တဲ့ ဒီရောဂါ…။
လင်းအေးထင်
(ခေါင်းစီးသရုပ်ဖော် ဓာတ်ပုံ - အောင်ထက်)
¹¹¹¹¹¹¹¹¹¹¹¹¹¹
မိုးမခတွင် ဖော်ပြထားသည့် လင်းအေးထင် (လင်းထင်) ၏ ကဗျာ၊ စာဟောင်းများ ပြန်ဖတ်လိုပါက --
၀၁) ဂျူံခင်းထက်က ကျီးကန်းတွေ
http://moemaka.com/archives/44808
http://blog.moemaka.com/2015/07/blog-post_882.html
၀၂) အလွမ်းသမားနပိုလီယံ
http://moemaka.com/archives/43792
http://moemaka.blogspot.com/2015/05/blog-post_547.html
၀၃) မန္တလေးကို ရောက်ခဲ့တယ်
http://moemaka.com/archives/41135
http://moemaka.com/archives/41135
http://moemaka.blogspot.com.au/2014/12/blog-post_52.html
၀၄) ဘုရားပေါ်မှာ
http://moemaka.com/archives/41118
http://www.moemaka.blogspot.com.au/2014/12/blog-post_22.html
၀၅) အော့ဖ်လိုင်း
http://moemaka.com/archives/41769
http://www.moemaka.blogspot.com.au/2015/01/blog-post_36.html
၀၆) မဒမ်တူးဆိုး ဖယောင်းရုပ်
http://moemaka.com/archives/41676
http://www.moemaka.blogspot.com.au/2015/01/blog-post_53.html
၀၇) ဥသြဆွဲ တေးချင်း
http://moemaka.com/archives/41280
http://www.moemaka.blogspot.com.au/2014/12/blog-post_20.html
၀၈) တာ့ဂ်ျမဟာ
http://moemaka.com/?p=43317
http://moemaka.com/archives/43317
http://www.moemaka.blogspot.com.au/2015/04/blog-post_66.html
၀၉) တိုးတက်သော အနုပညာ ဆိုတာ ဘာလဲ
http://moemaka.com/archives/43166
http://moemaka.blogspot.com.au/2015/04/blog-post_26.html
၁၀) ကျောင်းမှာ မျက်နှာစာနှစ်ဖက် ရှိခဲ့တယ်
http://moemaka.com/archives/44484
http://blog.moemaka.com/2015/07/blog-post_95.html
၁၁) စူးစမ်းမိတဲ့ငနုံ
http://moemaka.com/?p=43401
http://moemaka.com/archives/43401
http://www.moemaka.blogspot.com.au/2015/04/blog-post_755.html
၁၂) လွန်ခဲ့တဲ့ (၁၅) နှစ်
http://moemaka.com/archives/41080
http://www.moemaka.blogspot.com.au/2014/12/blog-post_43.html
၁၃) အပ္ပမာဒေန သမ္မာဒေထ
http://moemaka.com/archives/41882
http://moemaka.blogspot.com.au/2015/01/blog-post_201.html
၁၄) ရုပ်ချည်းရှိတဲ့ ဗြဟ္မာလို
http://moemaka.com/archives/42844
http://www.moemaka.blogspot.com.au/2015/03/blog-post_581.html
၁၅) ဂိုဂင်နီ
http://moemaka.com/archives/1002
http://moemaka.blogspot.com.au/2013/08/linn-htin-essay.html
၁၆) အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော
http://moemaka.com/archives/39648
http://moemaka.blogspot.com.au/2014/09/blog-post_42.html
၁၇) ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်
http://moemaka.com/archives/1322
http://www.moemaka.blogspot.com.au/2013/07/linn-htin-religion-and-community-to-be.html
၁၈) ဘာလဲဟဲ့ ရင်ကြားစေ့ရေး
http://moemaka.com/archives/40675
http://www.moemaka.blogspot.com.au/2014/11/blog-post_14.html
၁၉) ကျောင်းသားမုန်းရောဂါရှင် ဘယ်သူက ပရောက်ဇီလဲ
http://moemaka.com/?p=42282
http://www.moemaka.blogspot.com.au/2015/02/blog-post_23.html
၂၀) ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ
http://moemaka.com/archives/40853
http://www.moemaka.blogspot.com.au/2014/11/blog-post_212.html
၂၁) မီးဗုံး အပစ် ခံရတဲ့ ဆင်ခြင်တုံ တရား
http://moemaka.com/archives/41023
http://www.moemaka.blogspot.com.au/2014/11/blog-post_761.html
၂၂) စစ်အုပ်စုရဲ့ စရိုက် (၄) မျိုး
http://moemaka.com/archives/42919
http://moemaka.blogspot.com.au/2015/03/blog-post_509.html
↧
ကျော်လင်းထွန်း - အရှိန်မရသေးသော တရားဥဒေစိုးမိုးရေး
$
0
0
ရန်ကုန်မြို့လယ်ရှိ တိုင်းဒေသကြီး တရားရုံး (ဓာတ်ပုံ - ခွန်းလတ်/Myanmar Now)
ကျော်လင်းထွန်း - အရှိန်မရသေးသော တရားဥဒေစိုးမိုးရေး
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၅
ရန်ကုန် (Myanmar Now) တွင် ဖော်ပြသည့် ဆောင်းပါးဖြစ်ပါသည်။
ယနေ့ခေတ် အသံ အနည်းငယ် ကျယ်လာသည့် အကြောင်းအရာတစ်ခုက တရားဥပဒေစိုးမိုးရေး ဖြစ်သည်။
အာဏာရှင်ခေတ်မှ ဒီမိုကရေစီသို့ အသွင်ပြောင်းနေချိန်ဖြစ်သောကြောင့် ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ပိုမို ပြောဆို၊ ရေးသားလာကြသော်လည်း တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှုက နှေးကွေးနေသေးသည်။ သိသာသော ဖြစ်ထွန်းမှုမှာ ယခင်ထက်ပိုပြီး   ပြောဆို၊ ရေးသားနိုင်ခြင်းဟု ဆိုရမည် ဖြစ်သည်။ 
လူထုကို အကာအကွယ်ပေးမည့် တရားဥပဒေသည် အုပ်ချုပ်ရေး အာဏာပိုင်တို့၏ လက်ကိုင်တုတ်ဖြစ်သည်ဟု ပြည်သူ အများစု မြင်နေဆဲဖြစ်ကြောင်း မြန်မာပြည် မျက်မှောက်ရေးရာတို့နှင့် မျက်ခြည်မပြတ်သည့် ကဗျာဆရာ မိုးလှိုင်ညက သုံးသပ်သည်။
“ဒီလိုအမြင်တွေကို ပြောင်းလဲပစ်ဖို့ဆိုရင် အုပ်ချုပ်ရေးအာဏာဟာ တရားစီရင်ရေး အာဏာကို မလွှမ်းမိုးဖို့လိုတယ်၊ ဥပဒေ ပညာရှင်တွေ၊ ရှေ့နေတွေ၊ တရားသူကြီးတွေ အုပ်ချုပ်ရေး ရင်ငွေ့လှုံတဲ့ဘဝက ခွဲထွက်လာဖို့ လိုတယ်” ဟု ကိုမိုးလှိုင်ညက ပြောသည်။
မြန်မာပြည်တွင် ဥပဒေက နှစ်မျိုးသာ ရှိသည်၊  လိုရင် တစ်မျိုး၊ မလိုရင် တစ်မျိုး ဟူသော ဥပဒေဖြစ်သည်ဟု အရွှန်းဖောက် စရာ ဖြစ်နေကြောင်း  ကိုမိုးလှိုင်ညက ပြောသည်။
“တရားဥပဒေစိုးမိုးမှု ရှိဖို့က အစိုးရကိုယ်တိုင်ဟာ တရားဥပဒေကို လိုက်နာဖို့ လိုတယ်၊ အုပ်ချုပ်သူက တရားဥပဒေအောက် မဝင်ရင် ဘယ်သူမှလည်း ဝင်လာမှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။
မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော်အတွင်း ရောက်ရှိပြီး  တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသည်။ ထိုသို့ ခန့်အပ်ခံရ သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တည်ဆဲ မတရားဖိနှိပ်သည့် ဥပဒေများ ဖျက်သိမ်းရေးကို ထိထိရောက်ရောက် မတောင်းဆိုခဲ့ကြောင်း ရှေ့နေ ဦးအောင်ထူးက သူ၏ဆောင်းပါးတစ်ပုဒ်တွင် ဝေဖန် ရေးသားထားသည်။
“လူထု၏ အခွင့်အရေးကို အကာအကွယ်မပေးဘဲ အစိုးရအာဏာပိုင်များ၏ လုပ်ပိုင်ခွင့်ကို တိုးမြှင့်၊ စစ်အာဏာရှင်များနှင့် စီးပွားဘက် ခရိုနီကြီးများ ဆက်လက်ကြီးပွားတိုးတက်စေမည့် ဥပဒေများအား လွှတ်တော်မှ ဟောတစ်ခု၊ ဟောတစ်ခု ပြဋ္ဌာန်းနေသည်ကို ထိုင်၍ အတည်ပြုပေးလျက်ရှိနေသည်” ဟု သူက   ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သည်။
လွှတ်တော်တွင်းရောက် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ ပို၍ ဦးစားပေးဆောင်ရွက်လျက် ရှိသည်။
မြန်မာပြည်တွင် အာဏာပိုင်အဖွဲ့အစည်းများ၊ လွှတ်တော်တွင်းရောက် လူထုကိုယ်စားလှယ်များ၏   တရားဥပဒေစိုးမိုးရေး ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်ချက်များ ရှိသော်လည်း သိသာထင်ရှားသည့် ပြောင်းလဲမှုကို မတွေ့ရသေးပေ။
မကြာသေးခင်နှစ်များအတွင်း ပြစ်မှုကျူးလွန်သူတချို့ကို  တရားမစီရင်နိုင်သေးခြင်း၊ အထိန်းသိမ်းခံရသည့် ရာဇဝတ်သား များကို ပြန်လည်ပြုပြင်နိုင်ခြင်းမရှိဘဲ လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ပေးခြင်းတို့ကလည်း တရားဥပဒေစိုးမိုးရေးကို မည်မျှအထိ အဟန့်အတား ဖြစ်နေသလဲ ဆိုသည်ကို  မေးခွန်းထုတ်သင့်သည်။  မျိုးစောင့်ဥပဒေ ၄ မျိုး ပေါ်ပေါက်ရေးအတွက် ပြည်သူများထဲမှ အစိတ်အပိုင်း တချို့က အားတက်သရော ကြိုးပမ်းခဲ့ကြသော်လည်း တစ်နိုင်ငံလုံး တရားဥပဒေစိုးမိုးရေး အတွက် အများပြည်သူ၏ ပူးပေါင်းဆောင်ရွက်မှုကလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ယခုနောက်ပိုင်း နိုင်ငံတကာတွင် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်လာလျှင် ဥရောပကောင်စီ၏ ဗင်းနစ်ကော်မရှင်က ၂ဝ၁၁ ခုနှစ်တွင် ထုတ်ပြန်သော Report on Rule of Law အစီရင်ခံစာကို အလေးထားလာကြောင်း ဥပဒေ ပညာရှင်များထံမှ သိရသည်။
ထိုအစီရင်ခံစာတွင် တရားဥပဒေစိုးမိုးမှုအတွက် အဓိက လိုအပ်သည့် အချက် ၆ ချက်ကို ထည့်သွင်း ရေးသားထားသည်။
၎င်းတို့မှာ
၁။  တရားဥပဒေနှင့်ညီညွတ်ခြင်း၊
၂။ တရားဥပဒေဆိုင်ရာ တိကျသေချာမှုရှိခြင်း၊
၃။ အဂတိတရားကင်းခြင်း၊
၎။ လွတ်လပ်၍ ခွဲခြားမှုကင်းသော တရားရုံးများ၏ တရားစီရင်မှုကို ရပိုင်ခွင့်ရှိခြင်း၊
၅။ လူ့အခွင့်အရေးအား လေးစားလိုက်နာခြင်း၊
၆။ ခွဲခြားဆက်ဆံမှုကင်းပြီး ဥပဒေအရ တန်းတူညီမှုရှိခြင်းတို့ ဖြစ်သည်။
ထိုအချက်များအနက် ၅ ချက်မြောက် ဖြစ်သော လူ့အခွင့်အရေးအား လေးစားလိုက်နာခြင်း ရှိစေရန် ဥပဒေများ ရေးဆွဲစဉ် အခါကတည်းက လွှတ်တော်တွင်း စိစစ်မှုများပြုလုပ်လာကြသည်ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း တည်ထောင်သူတစ်ဦး ဖြစ်သည့်   ဦးမြတ်ကိုကိုက ဆိုသည်။
“အင်္ဂလန်မှာဆို လွှတ်တော်ထဲမှာ လူ့အခွင့်အရေးကော်မတီဆိုတာ သပ်သပ်ရှိတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှာစိုးလို့ ဥပဒေကြမ်းတိုင်းကို a, an, the က အစ စစ်ရတယ်” ဟု ဦးမြတ်ကိုကိုက ပြောသည်။
မြန်မာပြည်မှ လက်ရှိလွှတ်တော်တို့ အနေဖြင့် ထိုကဲ့သို့ အမြင်မျိုး ရှိနေမည်ဆိုလျှင် မကြာသေးမီက ထွက်ပေါ်လာခဲ့သော မျိုးစောင့်ဥပဒေနှစ်ရပ်အား လွှတ်တော်က အတည်ပြုရန် အကြောင်းမရှိဟု သူက ထပ်လောင်း ပြောကြားသည်။
ဒီမိုကရေစီဖော်ဆောင်မှု သက်တမ်း ၄ နှစ် ကျော်လာသော မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ချက်များ အရှိန်မရသေးဟု ဆိုရမည် ဖြစ်သည်။
↧
မောင်စွမ်းရည် - “ ကျွဲကျောင်းသား”
$
0
0
သရုပ်ဖော် - မောင်ရစ်
မောင်စွမ်းရည် - “ ကျွဲကျောင်းသား”
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၅
ရှေ့မှာကျွဲ၊
ဦးချိုမဲမဲ၊ ကိုယ်မဲမဲ
မဲမဲ မားမား၊ တံတိုင်းခြားသလို
သွားလို့မရ၊ ကြားလို့မရ
ကြားရသမျှအသံ၊ ကျွဲခလောက်သံ
ဂလောက် ဂလောက် ညံ။
ဟို- အဝေးက
ကြားယောင်တာက
နားဝစီညံ၊ ခေါင်းလောင်းသံ
ရွားဦးကျောင်းက
ကျောင်းတက် ခေါင်းလောင်း
ကျောင်းဆင်း ခေါင်းလောင်း
စာသင်ကျောင်းက
ခေါင်းလောင်းသံ။
ကျွဲကျောင်းသား၊ သူ့နားဝက ကြားယောင်ပြန်။
                မောင်းစွမ်းရည်
                ၂၀၁၅ သြဂုတ် ၂၂
↧
ငြိမ်းချမ်းအေး - အောင်မြင်ကျော်ကြားသူများနဲ့ မဲဆွယ်မှု
$
0
0
ငြိမ်းချမ်းအေး - အောင်မြင်ကျော်ကြားသူများနဲ့ မဲဆွယ်မှု
( မိုးမခ / သည်လေဒီးစ်နယူးစ်)  စက်တင်ဘာ ၀၁၊ ၂၀၁၅
ထင်ရှားသူများနဲ့ နိုင်ငံရေး ဆက်စပ်မှု၊ လှုပ်ရှားမှု၊ အသုံးဝင်မှု၊ အသုံးချခံရမှုတွေကို ဒီမိုကရေစီအင်အားစုများရဲ့ ၂၀၁၄ ခုနှစ် အခြေခံဥပဒေ ၄၃၆ ပုဒ်မ ပြင်ဆင်ရေး လူပ်ရှားခဲ့ချိန်မှာ တခါ ဆွေးနွေးဖူးခဲ့ပါတယ်။  အခု ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ  နီးချိန်မှာ မျက်မှောက်ရေးရာ အဖြစ်အပျက်များ ဆက်စပ် ထပ်မံ ဆွေးနွေး ဂျာနယ်မှာ ပုံနှိပ်ခဲ့ပါတယ်။  မိုးမခ စာဖတ်ပရိသတ်များ စိတ်ဝင်စားရင် ဖတ်ရှုဝေဖန်သုံးသပ်ကြည့်ကြပါ။
¹¹¹¹¹¹¹¹¹¹¹¹
အထိုက်အလျောက် လွတ်လပ်ခွင့်ရလာတဲ့ ဒီဘက်ခေတ်မှာ ရုပ်ရှင် မင်းသား မင်းသမီး၊ အဆိုတော် နာမည်ကျော်ကြားသူ Celebrities တွေ လူမှုရေး၊ နိုင်ငံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပိုမို တက်တက်ကြွကြွ ပါဝင်လာကြတာ သတိထားမိပါတယ်။  နာမည်ကြီးသူတွေကို အသုံးချ တိုင်းပြည်မှာ နှစ်ရှည်လများ စွဲကပ်နေတဲ့ အိုင်းအနာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ ပြည်တွင်းစစ် အလုံးစုံရပ်စဲရေး လူထုလုပ်ရှားမှုတွေ လုပ်သင့်ကြောင်း လက်ရှိစစ်တပိုင်းအစိုးရတက်ခါစကလည်း အလျဉ်းသင့်သလို တိုက်တွန်းခဲ့ဖူးပါတယ်။
အဲဒီတုန်းက တိုင်းပြည်ရဲ့ ဒီမိုကရေစီ ခေါင်းဆောင် ပုံရိပ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်ခါစလောက်ပါ။  ဒေါ်အောင်ဆန်းစုကြည်က အဲဒီကာလတဝိုက်မှာ အခုလွှတ်တော်နိုင်ငံရေး လျှောက်ဖို့အထိ ဖြစ်လာခဲ့တဲ့ စစ်ဗိုလ်ချုပ်များနဲ့ ထိတွေ့ကာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ရာ ယုံကြည်မှု တည်ဆောက်ရေး အဆင့်အတွက် စစ်ဗိုလ်အသစ် အဟောင်းကြီးများ၊ ခရိုနီ၊ ခရိုပြာများနဲ့ ပွဲတက်ခံတွေ လုပ်ခဲ့ရတယ်။  အခြား တဖက်ကလည်း လူမှုအသိုင်းအဝန်းမှာ လူတန်းစားအစုအဖွဲ့အသီးသီးက စုစုစည်းစည်းနဲ့ လူမှုနိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်တတ်တဲ့ အကျင့် ဖြစ်ပေါ်လာအောင် လူထုကွန်ရက်အဖွဲ့တွေ ဖွဲ့ခိုင်းခဲ့တယ်။   နာမည်ကြီးတွေကို အသုံးချ လူမှုရေး ရန်ပုံငွေပွဲတွေ စီစဉ်ခဲ့တယ်။  ပြည်သူလူထု စိတ်ထဲမှာ ရှိနေတဲ့ ကြောင့်ကြစိုးရိမ်မှုတွေကို နာမည်ကျော်တွေ အသုံးချ ပယ်ဖျက်ပေးခဲ့တယ်။
ဟိုးအရင် နာရေးကိစ္စ အသုဘဆိုရင် လူမှုအသိုင်းအဝန်းမှာ ဘယ်သူမှ မထိတွေ့ချင်ဖြစ်နေတာမျိုးကို ပြည်သူချစ်တဲ့ မင်းသား ကျော်သူ ကိုယ်တိုင် အလောင်းထမ်းပြတော့ လူထုရဲ့ လူမှုသတ်မှတ်ချက် ကန့်သတ်ချက် အမြင် ‘Notion’ တွေ၊ မျက်မြင်လက်တွေ့အယူအဆ ‘Perception’ တွေ ပြောင်းလဲလာခဲ့သလိုပါ။  ဒီလိုသဘောပဲ တချိန်ကဆို အစစ်ဆေး အမေးမြန်းမရှိ ထောင်ထဲ နှစ်ရှည် ရောက်သွားနိုင်တဲ့ ဖြစ်စဉ်များဖြစ်တဲ့ နိုင်ငံရေးအဖွဲ့အစည်း၊ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့  ပိုမိုထိတွေ့လက်တွဲခြင်း၊ လူမှုလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်စေခြင်းတို့ကို နာမည်ကြီးပုံရိပ်တွေ အသုံးပြု ပြည်သူကို ချပြနိုင်တော့ အများလူသာမန်အမြင်မှာ သူတို့နဲ့ ရင်းနှီးနေတဲ့၊ သူတို့ ချစ်ခင်မြတ်နိုးရတဲ့ သူတွေတောင် ဒီလို နိုင်ငံရေး၊ လူမှုရေးဆက်စပ်အလုပ်တွေ လုပ်နေသေးတာပဲ၊ အရင်ခေတ်လို အန္တရာယ် မဖြစ်တော့ပါဘူး၊ ငါတို့လည်းပါမယ် ဆိုတဲ့ အသိစိတ်ဓာတ်တွေရလာ၊ အလုပ်တွေ ပိုတွင်ကျယ်လာခဲ့ရတယ်။
အခုဆိုရင် ဒီအသီးအပွင့်ကို တိုင်းပြည်ဟာ ကောင်းကောင်းခံစားနေရပြီ ဖြစ်ကြောင်းကို စုစည်းညီညွတ်တဲ့ ဖဲကြိုးနက်လှုပ်ရှားမှု Black Ribbon Movement လို၊  သဘာဝဘေးအန္တရာယ် အတိဒုက္ခရောက်ချိန် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အရင်ထက် စနစ်တကျ ကျယ်ကျုယ်ပြန့်ပြန့် လူမှုအဖွဲ့အစည်းတွေ အင်တိုက်အားတိုက် ပါဝင်လာနိုင်မှုလို၊ တက်ကြွလှုပ်ရှားသူများနဲ့ ဝိုင်းဝန်းသူများ ငြိမ်းချမ်းရေးအတွက် ခရီးရှည်ချီတက်လမ်းလျှောက်မှုမျိုး၊ ရန်ပုံငွေဂီတပွဲတော်လိုမျိုး၊ ဒီမိုကရေစီပညာရေးသပိတ်ကြောင်းချီတက်မှုနဲ့ ပြည်သူအများဝိုင်းဝန်းခဲ့မှုလိုနဲ့ ပန်းရဲ့လမ်း ဂီတအဖွဲ့ရဲ့ လူမှုရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ လှုပ်ရှားမှုမျိုးတွေ စတဲ့ တိုင်းပြည်နဲ့ လူထုလူအများ လူမျိုးစုစုံအတွက် အကျိုးရှိတဲ့ အလုပ်ကောင်းတွေက သက်သေပြနေပါတယ်။
ဒါဟာ လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံရေး သီအိုရီအရဆိုရင် လူမှုအဆောက်အဦမှာ ပြည်သူထဲက ပြည်သူတွေ ဦးဆောင်လှုပ်ရှား၊ အသံထွက် ဆောင်ရွက်တဲ့ အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေ ကျယ်ပြန့် ထွန်းကား အခြေတကျဖြစ်လာခဲ့စေခြင်းပါပဲ။  ဒီဖြစ်စဉ်မှာ စစ်အစိုရခေတ် ဟိုးအရင်ကတည်းက ထောင်ကျခံ လူမှုရေးတွေ လုပ်နေတဲ့ နာရေးကူညီမှုအဖွဲ့လို၊ ပြည်သူ့ဘက်က တသက်လုံး ရပ်ခဲ့တဲ့ ကိုရဲလွင် (ပန်းရဲ့လမ်း) တို့လိုရဲ့ အလုပ်တွေဟာလည်း ပိုမို ကျယ်ပြန့် လာ၊ ပြည်သူ့ထောက်ခံမှု ပိုရလာခဲ့တယ်။  တပါတည်း တိုင်းရင်းသား ပဋိပက္ခ ပြဿနာအတွက် ငြိမ်းချမ်းရေး ဆော်သြမှုတွေ၊ စစ်ဘေးဒုက္ခသည် အပါအဝင် လူမှု-စီးပွား ဒုက္ခသည် အစုံစုံအတွက် လူမှုရေး အကူအညီတွေ၊ ပညာရေး လုပ်ငန်းတွေ အစရှိတဲ့ ပရဟိတ လုပ်ငန်းအမျိုးမျိုးမှာ ပြည်သူတွေရဲ့ ပါဝင်ပတ်သက်လှုပ်ရှားမှုဟာ ကျယ်ပြန့်အခြေခိုင်မာလာခဲ့တယ်။
အရင်လို တယောက်စ နှစ်ယောက်စ သတ္တိရှင် နာမည်ကျော်တွေ ကိုယ့်ဆန္ဒ၊ ရွေးချယ်မှုအရ အနစ်နာခံ လူမှုရေးလုပ်ငန်းတွေ၊ နိုင်ငံရေး ဖြစ်စဉ် တက်ကြွလှုပ်ရှားမှုတွေမှာ ပါခဲ့ရာကနေ ခေတ်ပြောင်းချိန်လို့ ယူဆနိုင်တဲ့ ကာလတခု၊ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်သာချိန်မှာ သူဟာ သူ့နောက်ပြေးကပ်လာတဲ့ နာမည်ကြီးတွေကို တိုင်းပြည် လူမှု အရပ်ဘက်အဖွဲ့အစည်း ဖွံ့ဖြိုမှုရှိရေးအတွက် အောင်အောင်မြင်မြင် အသုံးချနိုင်ခဲ့ပါတယ်။  အဲဒီထဲမှာ ပေါ်ပင်တွေလည်းပါတယ်၊ သာပေါင်းညာစား ဖော်လံဖား သာကူး အခွင့်အရေးသမား ‘Sycophants’ တွေလည်း ပါတာပါပဲ။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်က ‘မူ’ တခုကိုတော့ အခိုင်အမာထားခဲ့ပါတယ်။  ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ရုပ်ရှင်၊ ဂီတ နာမည်ကြီးတွေကို သူ့ပါတီရဲ့ မဲဆွယ်ပွဲတွေအတွက်တော့ မခေါ်ဘူးဆိုပြီး စည်းခြားနိုင်ခဲ့တယ်။  ကိုယ့်သဘော၊ ကိုယ့် ဆန္ဒနဲ့ ပါတီဝင်ခြင်း၊ ပါတီ မဲဆွဲပွဲတွေကို လိုက်ခြင်းကတော့ တားလို့ရတဲ့ ကိစ္စမျိုး မဟုတ်ပါ။  ၂၀၁၂ တုန်းက နာမည်ကြီး အနုပညာရှင်၊ အဆိုတော် တချို့ မဲဆွယ်ပွဲတွေလိုက်ခဲ့ကြပါတယ်။  အခုလည်း ရုပ်ရှင်၊ ဂီတနယ်က နာမည်ကျော်များ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲကို NLD အတွက် ဝိုင်းဝန်းနှိုးဆော်နေကြပါပြီ။
NLD ဦးဆောင်တဲ့ ပညာရေး၊ ကျန်းမာရေး ရန်ပုံငွေပွဲတွေလို လူမှုရေး ပွဲတွေမှာလည်း အနုပညာသမားများ ဝိုင်းဝန်းခဲ့ကြတယ်။  ဒီ့အတွက် ပါတီနိုင်ငံရေးမှာ အထောက်အကူ ဖြစ်တယ် ဆိုတာလည်း မှန်ပါတယ်။  ဒါပေမဲ့ ဒါဟာ လက်ရှိ စစ်ဗိုလ်ချုပ်များ ကြီးစိုးရာ လွှတ်တော် နိုင်ငံရေး အနေအထား၊ သမာဓိ ဒိုင်လူကြီးနေရာအတွက် အင်မတန် သံသယရှိစရာကောင်းတဲ့ ရွေးကောက်ပွဲ ကော်မရှင် လုပ်ဟန်နဲ့ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း တင်းကျပ်မှုများ၊ ဥပဒေ အသုံးချ ဖိနှိပ်မှု၊ စစ်တပ်အားကိုး အာဏာပြမှုစတဲ့ တဖက်စောင်းနင်း အရယူထားတဲ့ နိုင်ငံရေး အသာရမှုတွေနဲ့ ယှဉ်ရင် ဒါမျိုး နာမည်ကြီးပုံရိပ် အသုံးချမှုဟာ လူထုကလည်းကြည်ဖြူ၊ ပြည်သူအများထောက်ခံတဲ့ ကျော်ကြားသူများကိုယ်နှိုက်ကလည်း လိုလိုချင်ချင် စိတ်စေတနာမို့ နားလည် လက်ခံပေးရမယ့် ကိစ္စပါပဲ။
ဆိုတော့ ဒီမိုကရေစီခေတ်စနစ် အကူးအပြောင်းမှာ ဒီမိုကရေစီနည်းလမ်းတကျ အကျိုးစီးပွား ကြောင့်မဟုတ်ဘဲ အသိ စိတ်ဓာတ်ကြောင့် ပြည်သူ့အကျိုး၊ နိုင်ငံ့အနာဂတ်အတွက် နာမည်ကြီးများ လူမှုဖြစ်စဉ် လူထုအကျိုးပြု လုပ်ငန်းတွေ၊ နိုင်ငံရေးဆက်စပ် အလုပ်တွေမှာ ဆိုခဲ့သလို ပါဝင်လာကြတယ်။  နာမည်ကောင်း တည်ဆောက်လိုမှု၊ ကျော်ကြားလိုမှု၊ ပြည်သူ့မေတ္တာခံယူချင်မှုလည်း ပါမှာပေါ့လေ။   ပုထုဇဉ်လူသားချည်းဆိုတော့ နာမည်ကြီး၊ နာမည်ကောင်း လိုချင်တာလည်း ရှိမှာ သဘာဝပါ။  ဒါပေမဲ့ အဓိကကတော့ အာဏာနဲ့ အခိုင်းခံရလို့ လုပ်ခြင်းမဟုတ်၊ ခြိမ်းခြောက်ခံရလို့ လုပ်ခြင်း မဟုတ်၊ လုပ်ပိုင်ခွင့်တွေ အပိတ်အပင်ခံရမှာ ကြောက်လို့လုပ်ခြင်း မဟုတ်ဆိုတဲ့ ကောင်းမွန် မှန်ကန်တဲ့ ဓလေ့ကောင်း အလုပ်သဘောဟာ တိုင်းပြည်မှာ စတင် တည်ဆောက်လာနိုင်ခဲ့ပါတယ်။
ဟိုးအရင်ခေတ်တွေမှာတော့ ဖျော်ဖြေရေး သမား ဆိုတာ အာဏာရှင်ရဲ့ အသုံးချခံ သက်သက်ရယ်ဖြစ်ခဲ့ရတယ်။ သူတို့ကို  ပဒေသရာဇ်ခေတ်အသုံး နဲ့  ဆိုရင် “ဖက်ခွက်စား” လို့တောင် ခေါ်ခံထိပါတယ်။  စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ နာမည်ကျော် ဖျော်ဖြေရေးသမား တချို့ (အနုပညာသမားလို့ မသုံးပါ) ဟာ စစ်ဘုရင် ပစ်ပေးတဲ့ (လက်ဖက်ပွဲနဲ့ အလား သဏ္ဌာန်တူ) ဖုန်း၊ တိုက်ခန်း၊ မြေ၊ ပါမစ် မက်လုံး အမျိုးမျိုးကို ခံယူ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်အတွက် စစ်အာဏာရှင် အာဏာတည်မြဲရေးအတွက် ဝါဒဖြန့်ချိရေး၊ ပြည်သူ့ မှိုင်းတိုက်ရေးမှာ အသုံးချခံခဲ့ရတယ်။
အခု နာမည်ကောင်းတွေ အပြည့်နဲ့ ပြည်သူ့ချစ်တဲ့ ပြည်သူ့အနုပညာရှင် လူမှုရေးသမား ရုပ်ရှင်မင်းသားကြီးရဲ့ စစ်ဝါဒဖြန့်ချိရေး ကားတွေ ဟိုအရင်ကဆို လူထုမှာ မကြည့်ချင် အဆုံး ကြည့်ခဲ့ရတယ်။  လှလေးစိန်တွေ၊ တိမ်ကော့နော်ဂျာတွေနဲ့ ၁၉၉၀ ခုနှစ်များရဲ့ ကလေးသူငယ်များ စစ်သွေး၊ စစ်မာန်တွေ ကြွခဲ့ရတယ်၊ တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်နေရတဲ့ ပြည်တွင်းစစ်ကို အားပေးခဲ့ရတယ်။
ပညာတတ် တက္ကသိုလ်ကျောင်းသား လူငယ်လေးတွေရဲ့ အသည်းစွဲ သဘာဝ မင်းသား တယောက် (ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးမှာလည်း တက်ကြွခဲ့သူ၊ အခုလည်းပြန်လည် တက်ကြွနေသူ) ဆိုရင် အနုပညာအပြည့်နဲ့ ကားတွေ ဆက်တိုက် ရိုက်နိုင်ခဲ့ပေမယ့် စစ်အစိုးရရဲ့ ပစားပေး၊ မြှောက်စားမှု မခံရ၊ ရုပ်ရှင်ထူးချွန်ဆု မရဖြစ်ခဲ့တာ နောက်ဆုံး (ခံယူချက်) လက်နက်ချပြီး စစ်ဝါဒဖြန့်ချိရေး ကားရိုက်ပြတော့မှသာ မင်းသားဆုရခဲ့ရတယ်။  ခေတ်အဆက်ဆက် လူကြီးလူငယ် မရွေး ကြိုက်နှစ်သက် အားပေးတဲ့ ပြည်သူ့ အချစ်တော် (စစ်အစိုးရ အဆက်ဆက်ရဲ့ မျက်မုန်းကျိုးခံခဲ့ရသူ)၊ ၈၈ မှာလည်း တက်ကြွခဲ့သူ နိုင်ငံရေး စိတ်ဓာတ်၊ နိုင်ငံရေး အရောင်အပြည့်နဲ့ တိုင်းရင်းသား အဆိုတော်ကြီးပါ မကျန် (အကြောင်းကိစ္စတခုကြောင့်) လူထုနဲ့ ဆန့်ကျင်ဘက် အလုပ်တွေ မရှောင်မလွဲသာ လုပ်ခဲ့ရတယ်။  အဲ့ဒီခေတ်တွေမှာတုန်းကတော့ လုပ်ပိုင် ခွင့် အပိတ်ခံ ဘေးထွက်ထိုင်နေမလား၊ ပေးတာယူ၊ ကျွေးတာစားရင်း ခိုင်းတာလုပ် နေမလား ဆိုတဲ့ ခေတ်ပေါ့။
ဂီတ၊ ရုပ်ရှင် အသိုင်းအဝန်းတင် မဟုတ်ပါ။  ၁၉၉၀ ခုနှစ်များမှာ လူငယ်များ လေးစား အသိအမှတ်ပြု ဦးတင်ရာ ခေတ်သစ် စာပေ လူငယ် စာရေးဆရာ နှစ်ပါး ရှိခဲ့ပါတယ်။  နှစ်ပါးလုံး နိုင်ငံရေးနဲ့ ထောင်ကျခဲ့တယ်။  တပါးက သေတဲ့ အထိ (နိုင်ငံရေး အရ) အနေအထိုင် မှန်ခဲ့ပေမယ့် ဆရာဝန်ဘွဲ့ရလည်းဖြစ်သူ နောက်တပါးကတော့ ထောင်က အလွတ်မှာ အကြောင်းအမျိုးမျိုးနဲ့ ဖောက်ပြန်သွားတယ်။  နာမည်ဝှက်တွေနဲ့ စစ်အစိုးရဝါဒဖြန့်ချိရေးတွေမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့တယ်။  နောက်ဆုံး လူနာမည်အရင်း(ကလောင်နာမည်မဟုတ်) နဲ့ပါ နအဖ စစ်ဝါဒ မှိုင်းတိုက်ရေး၊ ဒီမိုကရေစီအနောက်နိုင်ငံများ မုန်းတီးရေး ဇာတ်ကားတွေမှာ ဇာတ်ညွှန်းတွေ ရေးပေးခဲ့တယ်။
စစ်ဗိုလ်များက လူငယ်တွေကို ပေးချင်တဲ့သတင်း က “ဒီမှာ တွေ့လား မင်းတို့ ရှိခိုး ဦးခိုက်ခဲ့တဲ့ စာပေဘုရား ငါတို့ ခိုင်းတာ လုပ်နေရပြီ၊ မမိုက်ချင်ပါနဲ့ သားကြီးတို့ရာ” ပေါ့ဗျာ။
လူငယ်များရဲ့ ရော့ခ်ဘုရား ဧကရာဇ်ကြီးလည်း ပဒေသရာဇ် စစ်ဘုရင်ဝါဒ၊ လူမျိုးကြီးဝါဒ အတွက် “မဟာမြန်မာ” ရယ်လို့ ကုန်းအော်ပေးခဲ့ရတယ်။  ‘သွေးချင်းညီအစ်ကိုများ’ ဆိုပြီး အနှစ်မပါတဲ့ အစိုးရမုသားဝါဒဖြန့်ရာ ရုပ်သံတွေမှာ ‘လက်ရောက်မှု’ ဝင်လုပ်ရတယ်။  (သူကတော့ ဒါတွေအားလုံးလုပ်ခဲ့တာ သူယုံကြည်လို့ပါလို့ ဆိုပြီး အမြဲ ခိုင်ခိုင်မာမာ ဆိုတတ်ပါတယ်။  ဒါကတော့ သူ့ခံယူချက်၊ ယုံကြည်ချက်မို့ဆိုပြီး ခွင့်လွှတ်နားလည်ပေးရမှာပါ။)
ယေဘုယျသဘောမှာတော့ အရင်ခေတ်စစ်အာဏာရှင်စနစ်မှာ လူထု ဖျော်ဖြေရေးသမား နာမည်ကြီးတွေဟာ လူထုကို မှိုင်းတိုက်၊ ဝါဒ ဖြန့်ချိတဲ့ ကဏ္ဍတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ခဲ့ရတယ်။  အခု ဒီမိုကရေစီ သွားမယ် ဆိုကြတဲ့ ခေတ်စနစ်မှာတော့ အစမှာ ဆိုခဲ့သလို စိတ်ဓာတ်ခံယူချက်၊ တကိုယ်ရေ သဘောအရ လူထုလှုပ်ရှားမှုဖြစ်စဉ်တွေ၊ နိုင်ငံရေးအလုပ်တွေမှာ ပါဝင်လာကြတယ်။
ဒီသဘောကို လူအများ လက်ရှိ နိုဝင်ဘာရွေးကောက်ပွဲနီးချိန်မှာ ရှင်းရှင်းလင်းလင်း ရှိစေချင်ပါတယ်။  အခု ရုပ်ရှင်၊ ဂီတ နာမည်ကြီး ဖျော်ဖြေရေးသမားများ အနုပညာရှင်များ NLD မဲပေးရေးလှုပ်ရှားမှု ဆောင်ရွက်ခြင်းဟာ သူတို့ တဦးချင်းရဲ့ ပုဂ္ဂလိကဆန္ဒ၊ ယုံကြည်ချက်အတိုင်း ပါဝင် လုပ်ဆောင်တာမျိုးပဲ ဖြစ်ရမှာဖြစ်သလို၊ ဒီလို လူမျိုးကိုပဲ ဒီမိုကရေအင်အားစုဘက်က မျှော်လင့်သင့်ပါတယ်။  အခြားဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံကြီးများမှာလည်း နာမည်ကျော်များဟာ တကိုယ်ရေ ဆန္ဒနဲ့ လွတ်လွပ်လပ်လပ် သူတို့ နှစ်သက်ရာ ပါတီနဲ့ ဝါဒတွေကို လူသိရှင်ကြား ထောက်ခံအားပေး လူအား၊ ငွေအား၊ မဲဆွယ် လှုပ်ရှားပေးတာမျိုးတွေ ရှိတာပါပဲ။  ဒါပေမဲ့ ယုံကြည်ချက် သက်သက်ပဲ ဖြစ်ရပါမယ်။  အကျိုးလိုလို့ ညောင်ရေလောင်းသူများကိုလည်း သတိထားသင့်ပါတယ်။  အနုပညာလွတ်လပ်ခွင့်အရ ဘယ်ပါတီအာဏာနိုင်ငံရေးကို စိတ်မဝင်စား၊ မပါ၊ သူ့အနုပညာအလုပ်ကိုပဲ သီးသန့်လုပ်လိုသူများကိုလည်း လက်ခံပေးရပါမယ်။
ဒီအခြေခံသဘောကို အခု နာမည်ကြီးများရဲ့ ‘ပြောင်းလဲချိန်တန်ပြီမို့ NLD ကို မဲပေးစို့’ လှုပ်ရှားမှုများကို ထောက်ခံသူများ၊ မနှစ်သက်သူများ ဘက်နှစ်ဖက်စလုံး အပြည့်အဝ နားလည်ရပါမယ်။  ဒီမိုကရေစီစနစ်မှာ နာမည်ကြီးသူကော နာမည်မရှိသူကော လူတိုင်းအားလုံးဟာ ကိုယ်ယုံကြည်ရာ ပါတီ၊ စနစ် အယူဝါဒ တခုကို ထောက်ခံအားပေးခွင့်ရှိပါတယ်၊ သူတပါး အခွင့်အရေး၊ လွတ်လပ်မှုကို မထိပါးဖို့ပဲလိုပါတယ်။  ကိုယ်နှစ်သက်ယုံကြည်လက်ခံရာ ပါတီ ဝါဒ အဖွဲ့ တိုးတက်ကြီးပွားအောင်မြင်အောင် လွတ်လပ်စွာ ဝိုင်းဝန်း လှုပ်ရှား ဆော်သြ ခွင့်လည်းရှိပါတယ်။  စစ်အာဏာရှင်စနစ်လို အာဏာကြောင့်၊ ပါဝါကြောင့်၊ မက်လုံးကြောင့်၊ လိုဘကြောင့်၊ ကြောင့်ကြစိုးရိမ်မှုရန်ကြောင့် မဖြစ်ဖို့လိုပါတယ်။  အဂတိ လေးပါးကင်းတဲ့ ယုံကြည်ချက် ဝိုင်းဝန်းမှု၊ ဆန့်ကျင်မှု၊ ထောက်ခံမှု၊ ကန့်ကွက်မှု မဲဆွယ်မှု အားလုံးကို ကြိုဆိုရမည် ဖြစ်ကြောင်းပါ။
‘ထောက်ခံချင်လွန်းလို့ မနက်လေးနာရီကတည်းက ထမင်းထုပ်နဲ့ စောင့်ရတယ်’ လူထုခမျာ မချိသွားဖြဲဆိုရတဲ့ လူရွှင်တော်ပြက်လုံးကို ရင်ဘတ်ကြီးနဲ့ခံစား နာနာကြည်းကြည်းရယ်မောခဲ့ရတဲ့ စနစ်ဆိုးခေတ်ဆိုးကြီး မဝေးတဲ့ အနာဂတ်မှာ အလုံးစုံ ချုပ်ငြိမ်းနိုင်ပါစေ..။
ငြိမ်းချမ်းအေး
သြဂုတ် ၂၇၊ ၂၀၁၅ (အသစ်ရေး စာပြီးရက်စွဲ)
(၂၀၁၄ ခုနှစ်ရေး မိုးမခ ဆောင်းပါးဟောင်းကို အခြေခံသည်။  သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ ၂၊ အမှတ်စဉ် ၇၆၊ ၂၀၁၅ ခုနှစ် သြဂုတ် ၂၈ ရက်၊ သောကြာနေ့ထုတ်၌ ပုံနှိပ်ခဲ့သည်။  မိုးမခတွင်လည်း အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)
(The Ladies News Journal Facebook စာမျက်နှာတွင်လည်း ဖတ်ရှုနိုင်ပါသည်။)
https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/466695860172055/?type=1
↧
↧
ဒေါက်တာခင်မောင်ဝင်း( သင်္ချာ ) - ပျော်တော်ဆက်၏ မြစ်ဖျားခံရာများ
$
0
0
ဒေါက်တာခင်မောင်ဝင်း( သင်္ချာ )     - ပျော်တော်ဆက်၏ မြစ်ဖျားခံရာများ
(ကာတွန်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် စာမူ) ဇူလိုင် ၂၉၊ ၂၀၁၅
        ဂျူနီယာဝင်းသည် သူ၏ အင်္ဂလိပ်ဘာသာဖြင့် ရေး သားခဲ့သော ကင်ဒယ်   ebook  ဆောင်းပါး ဖြစ် သည့်   The Rise and Fall of  Pyaw Daw Zet   ကို  သူ ကိုယ် တိုင်-- ပျော်တော်ဆက်ကျဆုံးခန်း --  ဟူ၍  ဘာသာ ပြန် ပြီး မိုးမခ မဂ္ဂဇင်း၊ ဂျူလိုင် ၂၀၁၁  တွင် ထည့် ခဲ့ သည်။ ဘာသာပြန်ရာတွင်  The Rise  (တက် လာ ခြင်း) ကိုထည့်  မပြန်တော့ ဘဲ  The Fall  (ကျဆုံးခန်း )   ကိုသါ အသားပေး ခဲ့ သည်ကို တွေ့  ခဲ့ ရပါ သည်။  ပျော်တော်ဆက်  မဂ္ဂ ဇင်းသည်  နတ်သမီး ပုံပြင်လေး ပမာ အစကေါင်းခဲ့ပြီး  ၊ နောက်ဆုံးတွင်  ရှိတ်စပီးယား  ၏ကြေကွဲဖွယ်  ပြဇာတ်ပမာ  အဆုံးသတ်ခဲ့ရပုံကို  ဂျူနီယာဝင်း  ကရေးသါး ထားပါသည်။ ထိုဇာတ်လမ်း  ထဲမှ အကြောင်းအရာ အချို့  ကို ထပ်မံ  ဖြည့် စွက်၍ တင် ပြရန် ဤဆောင်း ပါးကို ရေးသားခြင်း ဖြစ် ပါ သည် ။                        
    အထူးသဖြင့် တင်ပြလိုသည်မှာ ၊ ပျော် တော်ဆက်၏ မြစ်ဖျား  ခံရာ စါ စေါင်များ အကြောင်း ဖြစ်ပါသည် ။ မေမေ ဒေါ်ခင်မျိုးချစ်သည် ပျော်တော်ဆက် အတွက် အ ကြံ အစည် များ ကိုရ ရှိခဲ့သော  ထိုခေတ်က  ထွက် ခဲ့သော (၁၉ ၅၀ - ၁၉၇၀ ) စါစောင် များအကြောင်း ဖြစ်ပါသည် ။   
ယင်းရုပ်ပြစါစေါင်များသည်  ယခုအခါတွင် မရှိတော့သည့်အတွက် ၊    ၄င်းတို့သည် သမိုင်းဝင်ပစ္စည်း  များဖြစ် နေပါပြီ။  ထိုစာစောင်များ၏ အမည်များမှာ--   Eagle (E), Swift (S), Robin (R), Girl (G) , School Friend (SF), Princess (P), Finding Out (FO), Look and Learn(LAL) , Knowledge (K), Understanding Science)(US) တို့  ဖြစ်ကြပါသည်။   E ,S , R  ,G   တို့ သည် ကုမ္ဗဏီ  တစ်ခုတည်း  မှထုတ် သေါ စာစောင်များ ဖြစ် ကြသည်။  E သည်လင်းယုန်ငှက် ၊ S    သည် ပျံ  လွှားငှက်  ၊ R      သည်ုသပိတ်လွယ် ငှက်  ဟု အဓိပ္ဗါယ် ရပါ သည် ။   
စါစောင်များ၏  မျက်နှာဖုံး တွင် ထိုငှက်  များ၏ပုံ  များပါ  ရှိ ပါ သည်။  အရွယ်အား ဖြင့် လင်းယုန်ငှက်  သည် အကြီးဆုံး၊ပျံ လွှား သည် ဒုတိယ၊ သပိတ်လွယ်ငှက်  သည် အ  ငယ်ဆုံးဖြစ် သည်။သို့ ရာတွင် စာဖတ် ပရိသတ်  ကိုရည်ညွှန်းရာတွင်  E  ကို ၁၅ နှစ် မှ အသက်  ၂၀ အရွယ် အတွက် ၊ S    ကိုဆယ် နှစ်မှ  ၁၅  နှစ် အရွယ် ၊    R   ကို  ဆယ်နှစ် အောက် အတွက်   ဟူ ၍ ဖြစ် ပါသည်။ E   သည်ယောက်ျား လေးများ အတွက်ဖြစ်ပြီး   S   နှင့်   R       တို့ သည်  ကျား  နှင့် မ နှစ် မျိုး စလုံး  အတွက် ဖြစ် သည် ။ G    သည်       E   ဖတ်သော  ယောက်ျားလေများ  နှင့်  ရွယ်တူ  မိန်းကလေးများ  အတွက်ဖြစ်သည် ။  ထို့ေ ကြာင့်       E  ထဲတွင်ပါဝင်သော   အဓိက  ဇါတ်ကေါင်များ သည် အမျိုးသားများ ဖြစ် ကြ ပြီး ၊   G    ထဲတွင် ပ၀င် သေါ  အဓိက ဇာတ်ကေါင် များ မှာ အမျိုး သမီးများ  ဖြစ် ကြ သည်။    E ထဲတွင်  က မ္ဘာ့ ထင် ရှားသော ပု ဂ္ဂိုလ် များ အကြောင်းတွင် ၊  အမျိုး သားများ ဖြစ် ကြ သော Isaac Newton , Graham Bell ,Pythagoras ,Einstein,       စသည် တို့  အ ကြောင်း များကို ဖေါ်ပြ  သလို    G       ထဲ တွင်  အမျိုး  သမီး  များ  ဖြစ် ကြသော     Florence Nightingale , Madame Curie ,Mary Shelley,   Anne Frank , စ သည်တို့  အကြောင်း မျာ ကိုဖေါ် ပြ သည် ။
School Friend   နှင့်     Princess     များ သည် ဆယ်ကျော်သက် ကျောင်း သူ လေးများ အတွက်  ရုပ်ပြ အပါတ်စဉ် ရုပ်ပြ စါစောင် များ  ဖြစ် သည်။ ၄င်း တိုထဲ တွင်ပါဝင်သော အဓိက ဇာတ် ကောင် များသည် ဆယ်ကျော်  သက် အ မျိုး သမီးလေးများ  ဖြစ် ကြသည်။ဤ နေရာတွင် Princess        ထဲမှ  အခန်း ဆက် ရုပ် ပြ ဇတ်လမ်း တစ် ခု အကြောင်းကို  ယခု တိုင် မှတ် မိ နေပါ သေး သည်။  ထိုဇာတ်လမ်း ၏ အမည်မှာ  The Happy Days  ဖြစ် သည်။ အဓိကဇါတ်  ကေါင် မှာ  Sue Day          အမည်ရှိ ဆယ် နှစ် အရွယ် မိန်း ကလေးတစ်  ဦးဖြစ် သည်။ သူ ၏မိသားစုထဲတွင်  အဖေ၊အမေ ၊ အစ်ကို ၊ အစ်မ ၊   မောင်လေး ၊ ညီ မလေး ၊ တို့ ပါ ၀င် သည် ။
     ထိုအချိန်က  မေမေ ဒေါ်ခင်မျိုးချစ် သည် လုပ်သား( အင်္ဂလိပ် )  သတင်း  စါတွင်  လက်ထောက် အယ်ဒီတာ အဖြစ် အမှုထမ်း  နေစဉ် ဖြစ်သည်။ အစိုး  ရ၏  တာဝန်ပေးမှုကြောင့်  တေဇ နှင် ရွှေ သွေး စါ စောင် တို့ ၏ အယ်ဒီတာ   အဖွဲ့  ၀င်ဖြစ်ခဲ့ ပါသည်။ မေမေသည်ဆိုခဲ့သော   မိသားစု ဇာလမ်းကို    “ချစ်ချစ် နှင့် မိသားစု”  ဟူ၍ မြန်မာမှုပြုပြီး   အခန်းဆက်  ရေးခဲ့ပါသည်။ထို အချိန်က  ယင်း ရုပ်ပြ အခန်းဆက် ဇာတ်လမ်း  သည် လူကြိုက်  အလွန်များ  သောကြောင့်၊ အုပ်ချုပ်သော အစိုးရက မျက်စိ ကျလာခဲ့ သည်။   ထိုအခါ    မေမေရေးသော ချစ်ချစ်နှင့် မိသားစု  ဇာတ်လမ်းများသည်   အပျော်ဖတ်   သက်သက် သာဖြစ်နေ၍ ပေါ်လစီနှင့် မကိုက် ၊  ချစ်ချစ်နှင့်မိသါးစု    ဇါတ်လမ်းများ သည် ၊ အစိုးရ၏  ၀ါဒ  ဖြန့်  ချီ ရေး အတွက်  သါဖြစ် ရမည်  ဟူ၍   မူဝါဒ  ကိုချမှတ် လိုက်သည်။  ထို့  ကြောင့် ၊ မေမေ  ဒေါ်ခင်မျိုးချစ် သည်   အယ်ဒီတာ  အဖွဲ့မှ နှုတ်ထွက်ခဲ့ရသည်။ ချစ်ချစ်  နှင့် မိသားစု  ဇာတ်လမ်း  များ ကို ဒေါ် ခင်မျိုးချစ် က မရေးသော်လည်း ၊ကျန် ခဲ့သော  အယ်ဒီတာ  အဖွဲ့  ၀င် များ က ဆက်လက်၍ ရေး ကြသည်။ ထိုအခါ  ချစ်ချစ် နှင့် မိသားစုဝင်  များသည်  လမ်းစဉ်ပါတီဝင်များ  (ယခုဆို  လျှင် ကြံ့  ခိုင်ရေး နှင့် ဖွံ့  ဖြိုရေး ပါတီ ) ၊ လမ်း စဉ်လူငယ်များ  ၊  တေဇလူငယ်များ ၊  ဖြစ်သွား ကြ သည် ။ဇါတ်လမ်း များ  မှာလည်း  အစိုး ရ ၏ ၀ါဒ ဖြန့်  ချက်များ  သာ ဖြစ်  နေလေသည် ။
    Knowledge, Finding Out , Understanding Science   တို့  သည် စါပေ တိုက် တစ် ခု တည်း မှ ထုတ်သော ပညာပေး စါစောင် များ  ဖြစ် ကြ သည်။ခေါင်းစဉ် ၏ အ ဓိပ္ဗါယ် အရ  Knowlegdge      သည် ပညာ ဗဟုသုတ စါစောင်  ဖြစ်သည်။၎င်း ၏ မျက်နှာဖုံး  တွင်   The colour  magazine   which  grows into an encyclopedia  ( စွယ်စုံကျမ်း တစ်ခု  အဖြစ် ကြီး  ထွား လာ စေမည့်  ရောင် စုံ မဂ္ဂ ဇင်း )  ဟူ၍ ကဗျည်း  ထိုး ထား သည် ။Knowledge သည်  ၀ိဇ္ဇာ၊  သိ ပ္ဗံ ၊ အ နုပညာ ၊သမိုင်း ၊ပထ၀ီ ၊ ဘာသာစါပေ ၊ ဆိုင်၇ာ  ပညာပေး ဆောင်း ပါးများ ပါဝင်  ပြီး  ထို မ ဂ္ဂ ဇင်း များကို  စု ထား လျှင်  စွယ်စုံ  ကျမ်း တစ် ခု ဖြစ် လာ မည် ဖြစ် သည်။   Finding Out    သည် Knowlegde           အလွယ် စား ဟု ဆို နိုင် သည် ။ Knowledge   ကို လူငယ်များ   ဖတ် ၍  လွယ်ကူ  အောင် ရေး သား ထား ခြင်း ဖြစ် သည် ။
     အသက်အရွယ် အား ဖြင့်   Knowledge (K)     သည်  အသက် ၂၀ နှစ်လောက်  အတွက်  ဖြစ် ပြီး   Finding Out (FO)          သည်  ဆယ်ကျော်သက်  များ အတွက်  ဖြစ် သည် ။   K ထဲတွင် မပါဝင်သော  အခန်းများ  ဖြစ် သည့် --  ပုံပြင် ကဏ္ဍ ၊ အ င်္ဂ လိပ်စာ သင်ခန်းစာ ၊ရှိတ် စပီးယား ၏ ပြ ဇာတ် များ  ကို  သရုပ် ဖေါ် ထား သေါ ရုပ် ပြ ဇာ တ်လမ်း များ  သည်   (FO)      ထဲ တွင် ပါ သည် ။ Understanding Science(US)  သည် သူ၏ အမည်အတိုင်း သိပ္ဗံ အကြောင်းဖြစ် သည်။ အရေးအသါး နှင့် တင်ပြ ပုံများ သည်  K  ထက် ပို ၍ အဆင့်  မြင့် သည်။
         Look and Learn  (LAL )   သည် အပါတ်စဉ် ထုတ်သော  ပညာပေး စါစောင်  ဖြစ် သည်။  ၄င်း သည်   K , FO , US  တို့  ကို  ပုံစံ  တစ် မျိုး ဖြင့်  ခွဲ  ထုတ် သော စါစောင် ဖြစ် သည် ။ အပေါ် ရံ  ကြည့်   လိုက် လျှင်  K, FO , US                          တို့  သည် စက္ကူ အ ထူ စား ကို သုံးထား သည် ကိုတွေ့ ရ သည်။  LAL  တွင်သုံးထား  သော စ က္ကူ မှာ မဂ္ဂ ဇင်း စက္ကူမျိုး ဖြစ် သည်။  LAL  တွင် ဆောင်းပါးမျာ တင် ဆက် ပုံ  မှာ     K , FO , US    တို့  ဖြင့် လွန်စွာ ကွာ ခြား ပါ သည် ။    LAL   တွင်  ပါဝင်သောဆောင်းပါး  များ သည် ပညာပေး ဆောင်းပါးများ ဖြစ်သော် လည်း ၊ တင်ပြပုံမှာ သာမန်အပျော်ဖတ်  ဆောင်းပါး   များ ပုံစံမျိုး ဖြစ် ပါသည်။ LAL၏ ထူးခြားချက်မှာ ဆောင်းပါးများ၏ ခေါင်းစဉ်များဖြစ်သည်။ ထိုစာစောင်ထဲရှိ  ဆောင်းပါးများကို ဖတ်သွားရုံဖြင့်ပင် အလွန်စိတ်ဝင်စားဖွယ် ဖြစ်စေပါသည်။ ဥပမာ - အောက်ပါခေါင်းစဉ်များကို ဖတ်ကြည့်ပါ။
အနာဂတ်ကို ကြိုမြင်သောသူ (စာရေးဆရာ H.G Wells အကြောင်း)၊ ပင်လယ်ထဲမှ ဆယ်ယူခဲ့ရသောမြို့ (Amsterdam မြို့၏သမိုင်း)၊ မိုင်ပေါင်း သုံးရာရှည်သော ရွှေလမ်းကြီး (တောင်အာဖရိက၏ ရွှေတွင်းအကြောင်း)၊  သူ၏ပန်းချီလက်ရာများကို ငွေရဖို့အတွက်သာသုံးသူ (ပန်းချီဆရာ Teniers အကြောင်း)၊ အစိုးရတစ်ခုကို ပြုတ်ကျစေခဲ့သော စာရေးဆရာ (Gullivers Travels ရေးသော စာရေးဆရာ Jonathan Swift အကြောင်း)၊ ဟိုရှေးအခါမှ ယခုအထိ သာမာန်ဈေးဆိုင်များ စူပါမားကက်များဖြစ်ပေါ်လာပုံ သမိုင်း၊ ငလက်မ၏ အံ့ဖွယ်သမိုင်း၊ ပျော်ရွှင်သော မျက်နှာဖန်တီးသူများ (မျက်နှာဖုံးပြုလုပ်သူများ)၊ သဲကန္တာရထဲမှ သူပုန်ခေါင်းဆောင် (Lawrence of Arabia ၏ အထုပ္ဗတ္တိ)၊ မီးဖြင့် စာရေးသောဓါတ်ငွေ့ (နီယွန်ရောင်ခြည် အကြောင်း)။
         LAL    ထဲတွင် ကျွန် တော် အလွန်ကြိုက်နှစ်သက်သေါ  အခန်း တစ် ခု မှာ   A Guide to Authors and their  works    - စါရေးဆရာများ   နှင့် ၄င်း တို့ ၏ စါပေ လက်ရာ များ-- ဖြစ်သည်။ စိတ်ထဲတွင်  ဤ ကဲ့ သို့ သော  ခေါင်း စဉ် ဖြင့် မြန် မာစာပေ အကြောင်း ကိုရေးချင်စိတ် များ ပေါ်လာ သည် ။  သို့ သော် ကျွန်တော် ၏အားနည်းချက်  တစ်ခု ကြောင့် မရေးနိုင်ပါ ။ ထိုအားနည်း  ချက် မှာ -ကျွန်တော်  ကိုယ်တိုင် က မြန်မာစာပေကို  ကျွမ်းကျင်စွာ   မတတ်မြောက်ခြင်း ဖြစ် သည် ။ မြန်မာလူမျိုး  ဖြစ်လျက် နှင့်  မြန်မာ  စါပေ ကို  မတတ်ကြောင်း ကို ၀န်ခံ ရသည် မှာ  ရှက်ဖို့  ကေါင်း ပါ သည် ။
        K ,US ,FO ,LAL   တို့ တွင် သဘောတရားအားဖြင့်   တူသော အရာ တစ်ခု ရှိ ပါသည်။ ၄င်းမှာ မျက်နှာဖုံး ဒီဇိုင်း  ဖြစ်သည် ။ ထိုစာဆောင် များ၏  မျက်နှာဖုံးများ  တွင်အတွင်း မှ အကြောင်းအရာ တစ်ခုခု ကို ပုံဖေါ် ထား သည်  ကို တွေ့ ရသည် ။ ထို အရာကို အတုယူ ၍ ၊ ပျော်တော်ဆက်  မျက် နှာ  ဖုံးတွင်  အ တွင်း ထဲမှ အကြောင်း အရာ များ ကို ပုံဖေါ် ထားသည်ကို တွေ့ ရ သည် ။  ပျော်တော် ဆက် မျက်နှာဖုံး ကို ဆရာဦးဘကြည် ကသရုပ်ဖေါ်  ပေးခြင်း  ဖြစ် ပြီး  ၊ ထူးခြားသည် မှာ  ဆရာ ကြီးသည် ပျော်တော်ဆက် ၏ အခြေအနေ ကိုသိသော ကြောင့်  ၊  ပန်းချီ ဆွဲ ခကိုလုံး ၀ မယူ ဘဲ ၊  မေတ္တာ ဖြင့် ကူညီ  ခြင်း ဖြစ် သည် ။
       မေမေဒေါ်ခင်မျိုးချစ်  ၏ စိတ်ကူးယဉ်   အိပ်မက်မှာ  ပျော်တော်ဆက်  မဂ္ဂ ဇင်း ကို  E,G,S ,R ,SF ,P ,K , US , FO , LAL      ဟူသော စါဆောင် များ ၏  အနှစ် သာရ များ ဖြင့် ဖန်တီးပေး ရန် ဖြစ်ပါ သည် ။  လက်တွေ့ ဘ၀ နှင့်  စိတ်ကူး သည် တော်တော် ကွာ ခြား ပါ သည် ။ အဖြစ်အပျက် များကို ဂျူနီယာ  ၀င်း ၏ ဆောင်းပါး ဖြစ် သော The Rise and Fall of Pyaw Daw Zet          (ပျော် တော်ဆက် မဂ္ဂ ဇင်း ၏ ကျ ဆုံး ခန်း) တွင် ဖတ် ရှု နို င် ပါ သည် ။
P= Princess
E = Eagle
K= Knowledge
G= Girl
US= Understanding Science
S= Swift
FO = Finding  Out
R= Robin
LAL  =  Look and Learn
SF = School Friend
ဒေါက်တာခင်မောင်ဝင်း ( သင်္ချာ  )
             P(2)   Eagle   မှ         Dan  Dare  - Pilot  of  the  Future _  အနာဂါတ်  ၏  လေယဉ် မှုး 
       ကို  သိပ္ဗံ မှုး တင်က ဗိုလ်မှုး ကြီး ဇွဲ မောင် ဟူသောအမည်  ဖြင့် ပျော်တော်  ဆက် တွင် အခန်းဆက် သိပ္ဗွံ ဇာတ် လမ်း  ရေး သားခဲ့ သည်။ ပန်းချီ  ကို တင်ဝင်း က သရုပ်ဖေါ် ခဲ့ သည်။
 P(3)   Eagle    မှ     Can you catch a Crook ?       ကို စုံထောက်ကျော်မင်းဒင် ဟူ ၍ ဒေါ် ခင်မျိုးချစ် ကရေးပြီး ကိုတင်ဝင်း က  သရုပ် ဖေါ် ခဲ့ သည်။
+ P(4)   School Friend    မှ       Dilly  Dreem                           ကို တူးမာ နဲ့  အင်္ဂ လိပ်စာ  ဟူ ၍ ဦးခင်မောင်လတ် ကရေး ပြီး ကိုတင်ဝင်း က  သရုပ် ဖေါ် ခဲ့ သည်။
     P (5)   Look and Learn      မှ        Tom Thumb  ကို     င လ က္မဟူ ၍   ပျော် တော် ဆက် တွင် ဘာ သာ ပြန် ခဲ့ သည် ။
 P(6) Eagle     မှ       Historical  Flops       
       ကို  ကြံ ကြံ ဖန်ဖန်  ၊   မ စွန် သော တည်ထွင် မှုများ   ဟူ ၍ ဘာသာပြန်  တင် ဆက် ခဲ့ သည် ။
P(7)   ပျော် တော် ဆက် ထဲ မှ  တူး မာ နဲ့  အ င်္ဂလိပ်စါ ကို ပန်းချီ ကိုတင်ဝင်း ကရေးဆွဲပြီး ယခုအခါတွင်  ကါတွန်းမေါင်ရစ်က                         Academic Weekly      တွင်  ရွှေ မိ နဲ့  အ င်္ဂ လိပ်စာ  ဟူ၍ တင် ပြ ပုံ ။    
P(11)       Understanding  Science      မှ          Dinosaur’s  Eggs  ကို
               ဒို င် နောဆား ဥ များ  ဟူ၍  ပျော်တော်ဆက်  တွင်   ဘါ သါ ပြန်  တင်  ဆက် ပုံ ။
P(14)       Finding Out    မှ          Pottery ကို   
              အိုး ခွက် အ ကြောင်း   ဟူ ၍   တင် ပြ ပုံ  ။
P(16)       Finding  Out      မှ         Numbers at Work
                ကို  သချာင်္  ပညာ လွယ်  ကူ စွာ ဟူ ၍ ဘာသာ ပြန်  တင် ပြ ပုံ   ။
P(18)    Finding Out       မှ          Rubber
   ကို  ကြက်ပေါင်  အကြောင်း  သိကေါင်းစ ရာ ဟူ ၍ တင် ပြ ပုံ  ။
P(21)         ပျော် တော် ဆက်  ၏  မြန်မာ မှု ဆောင်း ပါး များ ။
P(27 , 29 )        Knowledge ,  Understanding Science ,   Finding Out ,
                       Look and Learn     
                        နှ င့်  ပျော် တော် ဆက် မျက်  နှာ ဖုံးများ  တွင်   အထဲ မှ  အေ ကြာင်း  အရာ များ  ကို ပုံ ဖေါ် ပြ
 ထား ပုံ  ။
↧
ကိုသန်းလွင် - ပြည်သူအတွက်အစိုးရ
$
0
0
ကိုသန်းလွင် - ပြည်သူအတွက်အစိုးရ
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၅
(၁)
နိုင်ငံတနိုင်ငံ၏ စည်ပင်ဖွံ့ဖြိုးမှုကိုမည်သို့တိုင်းတာကြပါသနည်း၊ နိုင်ငံရေးသုခမိန်များက နိုင်ငံတစ်ခု၏ အဆင့် အတန်းကို အောက်ပါစံ (၃)ချက်ဖြင့် ဆုံးဖြတ်ကြပါသည်၊
ပဌမဦးစွာ နိုင်ငံ၏ ဒီမိုကရေစီအဆင့်အတန်းနှင့် ပြည်သူအများ၏ပူးပေါင်း ပါဝင်မှု၊ နိုင်ငံရေးအရ လွတ်လပ်စွာ ပြောရေး ဆိုခွင့်ရှိမရှိဆိုသောအချက်ကိုဆန်းစစ်ကြပါသည်၊
ဒုတိယအချက်အနေဖြင့် ပြဿနာကိစ္စရပ်များ ပေါ်တိုင်းပေါ်တိုင်း အစိုးရကဖြေရှင်းပေးနိုင်ခြင်း၊ ပေါ်လစီအသစ် ချမှတ်ပြီးတိုင်း အစိုးရက အကောင်အထည်ဖေါ်နိုင်ခြင်း နှင့်နိုင်ငံတွင်းခြစားမှု ကိုကာကွယ်တိုက်ဖျက် နိုင်စွမ်း ရှိမရှိ ကြည့်ကြရပါသည်၊
တတိယအချက်မှာ ပြည်သူတို့လိုလားသောအရာများကို အစိုးရကဖန်တီးပေးနိုင်ခြင်းရှိမရှိ၊ ပြည်သူတို့ ၏ ၀င်ငွေတိုးတက်လာခြင်းရှိမရှိ၊ ကျန်းမာရေး၊ ဆေးကုသရေး၊ အခွင့်အလမ်းများနှင့် လူမှုဘ၀လုံခြုံရေးရှိမရှိ ဆိုသော အချက်များကိုကြည့်၍ နိုင်ငံတနိုင်ငံ၏အဆင့်အတန်းကို ဆုံးဖြတ်ကြပါသည်။
(၂)
အမေရိကန်တို့သည် ကမ္ဘာနှင့်အ၀ှမ်း ဒီမိုကရေစီနိုင်ငံထူထောင်ရေး ကိစ္စများတွင် မိမိနိုင်ငံကို ပုံစံအဖြစ်ပြခါ လက်ချာပေးလေ့ရှိပါသည်၊ ယခုအခါ ၀ါရှင်တန်အစိုးရမှာ မိမိအကောင်အထည် ဖော်လိုသမျှ စီမံကိန်းများ စွာတို့တွင် အနှောင့်အယှက် အပာန့်အတားများနှင့် ရင်ဆိုင်နေကြရပြီး တိုင်းပြည်အတွက် လိုအပ်သော ပြုပြင် ရေးဆိုင်ရာလုပ်ငန်းများကိုလည်း လုပ်နိုင်စွမ်းမရှိ ဖြစ်နေခဲ့ပါသည်၊ ဒီမိုကရေစီ၏ မီးရှုးတန်ဆောင်သဘွယ် ဖြစ်ရမည့် နိုင်ငံကြီးမှာ အစိုးရ၏ လုပ်နိုင်စွမ်းအားတွင် ချို့ယွင်းချက်များကိုမြင်နေကြရပါသည်၊
လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း စင်္ကာပူသည် တပာုန်ထိုးတိုးတက် လာခဲ့ပါသည်၊ ဂျီဒီပီ မှာ ၁၂ ဆတိုးလာ ခဲ့ပါသည်၊ ၁၉၆၅ ခုနှစ်က အလုပ်သမား တယောက်၏ တနှစ်စာဝင်ငွေမှာ ဒေါ်လာ ၅၀၀ ရှိခဲ့ရာမှ ယခုအခါ ၅၅,၀၀၀ ဖြစ်လာခဲ့ပါသည်၊ အမေရိကန်နိုင်ငံကို မှီလုနီးရှိနေပါသည်၊ အမေရိကန်နှင့် ဖိလိပိုင်နိုင်ငံတိ့၏ ဂျီဒီပီ မှာ၂ဆတိုးလာခဲ့ပါသည်၊ လွန်ခဲ့သော နှစ် ၅၀ခန့်က စင်္ကာပူနှင့် မရှေးမနှောင်း လွတ်လပ် ရေးရခဲ့သော ဇင်ဘာဘွေနိုင်ငံမှာ ဂျီဒီပီကိုကြည့်လျင် တိုးတက်လာမှုမရှိသည့်အပြင် ကျဆင်းသွားလျက်ရှိသည်။
လွန်ခဲ့သော ၁၅နှစ်အတွင်း အမေရိကန်၏ ဂျီဒီပီ မှာ တနှစ်လျင်ပျမ်းမျှ ၂% အောက်သာတိုးတက်ခဲ့သည်၊ စင်္ကာပူနိုင်ငံ၏ တိုးတက်မှုမှာ ၆%ရှိသည်၊ World Economic Forum ကထုတ်ပြန်ချက်များအရတကမ္ဘာလုံး စီးပွားရေးလုပ်ငန်းပြိုင်ဆိုင်မှု (Competitiveness) မှာ ပဌမ ဆွစ်ဇာလန်နိုင်ငံပြီးလျင် စကာင်္ပူသည် ဒုတိယလိုက်သည်၊  အမေရိကန်မှာ တတိယနေရာတွင်ရှိသည်၊ ကမ္ဘာပေါ်တွင်  စီးပွားရေးလုပ်ရန်အကောင်းဆုံး နေရာမှာ စကာင်္ပူ နိုင်ငံဖြစ်သည်၊   လွန်ခဲ့သော  ခုနှစ်နှစ်ကာလ ပါတ်လုံး စကာင်္ပူသည် အကောင်းဆုံး နေရာ မှာ ရှိနေခဲ့သည်။
စင်္ကာပူ၏ ကလေးသေနှုန်းကိုကြည့်သော် ကလေးဦးရေ ၁၀၀၀ တွင် ၁၉၆၅ ခုနှစ်က သေနှုန်း ၂ရ.၃ ရှိခဲ့သည်၊ ၂၀၁၃ခုနှစ်တွင် ၂.၂သာရှိခဲ့သည်။ အမေရိကန်မှာ ကလေးသေနှုံးမှာစင်္ကာပူထက် ၃ ဆများသည်၊ ဖိလစ်ပိုင်ကျွန်းတွင်ကလေးသေနှုန်းမှာ၂၃ရှိပြီးဇင်ဘာဘွေတွင် ၅၀  ယောက်ရှိသည်။
Bloomberg က ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သောကျန်းမာရေးဆိုင်ရာ ထုတ်ဖော်ချက်အရ ကမ္ဘာပေါ်တွင် ကျန်းမာရေးအကောင်းဆုံး နိုင်ငံမှာ စကာင်္ပူ ဖြစ်သည်၊ အမေရိကန်က အဆင့် ၃၃ ရှိသည်။ ဖိလစ်ပိုင်က ၈၆ နှင့် ဇင်ဘာဘွေက ၁၁၆ လိုက်သည်။
အမေရိကန်တွင် ရာဇ၀တ်မှုဖြစ်ပွားနှုံးမှာ စင်္ကာပူထက် ၂၄ ဆများသည်၊ ၂၀၁၂ ခုနှစ် Survey အရ မိမိတို့စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရပါသည်ပာု ပြောဆိုသူမှာ စင်္ကာပူလူဦးရေ၏ ၁% ပင်မပြည့်ပေ။
နောက်ထပ်အရေးကြီးသောအချက်မှာ အစိုးရ၏ Effectiveness ခေါ် အုပ်ချုပ်နိုင်မှု စွမ်းရည်ပင်ဖြစ်သည်၊ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ခြင်း၊ လာဒ်ပေးလာဒ်ယူ အမှုကိစ္စများ ကာကွယ်နိုင်ခြင်းတို့မှာနိုင်ငံတခု၏ စံနှုံးကို တိုင်းတာနိုင်သော အချက်များပင်ဖြစ်သည်၊ ကမ္ဘာ့ဘဏ်က နှစ်စဉ်နိုင်ငံ တခုစီ၏ရီပို့ကိုထုတ်ပြန်လေ့ ရှိရာ အမေရိကန်သည် စင်္ကာပူကိုမမှီပေ၊ ခြစားမှု၊ အကျင့်ပျက်မှုကာကွယ်ရေးတွင် စင်္ကာပူမှာ ကမ္ဘာ့အကောင်း ဆုံး ဆယ်နိုင်ငံတွင် ပါဝင်ပါသည်၊ အမေရိကန်က စင်္ကာပူ၏ အောက်အဆင့် ၂၀ ကွာသောနေရာတွင်ရှိသည်၊ ၂၀၁၄ခုနှစ်တွင် ကောက်ယူသော Gallup Poll အရ ၈၅% သောအမေရိကန်လူမျိုးများက သူတို့အစိုးရသည် ခြစားမှုကို မတိုက်ဖျက်နိုင်ပာုဆိုသည်၊ စင်္ကာပူ လူမျိုးတို့၏ ၈%သာ သူတို့အစိုးရအပေါ် မယုံကြည်ဘူးပာု ပြောကြသည်။
၂၀၁၄ ခုနှစ်က Freedom House ၏ ထုတ်ပြန်ချက်အရ အမေရိကန်သည် ကမ္ဘာပေါ်တွင် အလွတ်လပ်ဆုံး နိုင်ငံဖြစ်သည်၊ စင်္ကာပူမှာ နိုင်ငံရေးလွတ်လပ်မှုတွင် အောက်ဆုံးနိုင်ငံများ၏ အလယ်လောက်တွင်ရှိသည်၊ တောင်ကိုရီးယား ဖိလစ်ပိုင် နိုင်ငံတို့၏ နောက်မှာရှိသည်၊ အဖွဲ့ကြီး၏ မှတ်ချက်တွင် အတိုက်အခံပါတီများ၏ လှုပ်ရှားနိုင်မှုတွင် အကန့်အသတ်ရှိပုံ၊ အသရေဖျက်မှုနှင့် တရားစွဲခံရမည့် အန္တရာယ်၊ အတိုက်အခံပါတီတို့ အတွက် တင်းကျပ်သော ဥပဒေ နှင့် အာဏာရပါတီ၏ သတင်း မီဒီယာချုပ်ကိုင် ထားပုံတို့မှာ စင်္ကာပူနိုင်ငံ အတွက်ဂုဏ်ယူစရာ ဘာမှမရှိပေ၊
ပဌမစံ နှစ်ခုတွင် ကမ္ဘာ့ထိပ်တန်းမှာ ရှိခဲ့သော စင်္ကာပူသည် အဘယ့်ကြောင့် တတိယအချက်တွင် နိမ့်ကျရပါသနည်းပာု စဉ်းစားရန်ရှိသည်၊ တချိန်တည်းမှာပင် နိုင်ငံတော်စည်ပင်တိုးတက်ရေးအတွက် နိုင်ငံ တော် အစိုးရ၏ ကဏ္ဍသည် ဘာ့အတွက်အရေးကြီးပါသနည်းပာု မေးစရာရှိလာသည်။
အမေရိကန်၊ ဥရောပ နိုင်ငံများက လူတို့၏ နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်များကို မီးမောင်းထိုးပြချိန်တွင် စင်္ကာပူနိုင်ငံက မိမိတို့ပြည်သူများ၏ လူနေမှုအဆင့် မြင့်မားရေးကပို၍ အဓိကကျသည်ပာု ယူဆကြသည်၊ ၂၄နာရီ တပါတ်လုံး လမ်းများပေါ်တွင် စိတ်အေးချမ်းသာ သွားလာနိုင်ရေး၊ မိမိအိမ်တံခါးကိုသော့မခတ်ပဲ အပြင်ထွက်နိုင်ရေး၊  စိတ်ချလုံခြုံသောပါတ်ဝန်းကျင်ရှိရေးတို့က ပို၍အရေးကြီးသည်ပာု ဆိုကြသည်။
လွတ်လပ်ခြင်းဆိုသည်မှာ မိန်းခလေးများ ဘတ်စကား၊ ရထား၊ လွတ်လွတ်လပ်လပ်စီးနိုင်ခြင်း၊ ညနေ မိုးချုပ် ဘယ်မြေအောက်ဘူတာနားကို မသွားရဘူးဆိုသော တားမြစ်ချက်များမရှိရေးပင် ဖြစ်ပါသည်၊ ပူတင်းဖုတ်လျင် စားရဘို့က လိုရင်းဘဲပာူသော တရုတ် ဆိုရိုးစကား တခုရှိပါသည်၊ စင်္ကာပူနိုင်ငံက အလယ်အလတ် ချမ်းသာသော လူတန်းစား ဦးရေတိုးပွားလာခြင်း၊ သူတို့ဝင်ငွေပိုကောင်းလာနေခြင်း တို့ကို စင်္ကာပူခေါင်းဆောင် များက ဂုဏ်ယူကြပါသည်။
ကမ္ဘာ့သမိုင်းကို ပြန်ကြည့်လျင် အာဏာရှင်ကြီးများသည် တိုင်းသူပြည်သားတို့၏ စီးပွားချမ်းသာကို ကာလကြာရှည်မြင့်စွာ ဆောင်ကျဉ်းပေးနိုင်ခဲ့သည့် ဥပမာမှာမရှိသလောက် ရှားပါးပါသည်၊ တဖက်ကလည်း အစိုးရအဖွဲ့ ညီညွတ်မှုကို စိတ်ပျက်လက်ပျက်ဖြစ်နေသော အင်္ဂလန်ဝန်ကြီးချုပ်ပောာင်း ၀င်စတန်ချာချီက ဒီမိုကရေစီ အစိုးရ သည် စည်းကမ်းအမဲ့ဆုံး အစိုးရအမျိုးအစားဖြစ်သည်ပာု ပြောခဲ့ဘူးသည်။
(၃)
ကျွန်တော်တို့နိုင်ငံ၏တိုးတက်လာပုံအဆင့်ဆင့်ကို ကြည့်ပါ၊ တချိန်ကအိမ်သုံး ပလာယာတချောင်း ၀ယ်ယူခွင့် ရရန်အတွက်လျှောက်လွှာတင်ပြီး တစ်ပတ် ဆယ်ရက်စောင့်ခဲ့ကြရဘူးပါသည်၊ ရက်သတ္တတပါတ်ကြာမှ ဓါတ်ဆီ ၂ ဂါလံကို အလုအရက်တန်းစီဝယ်ခဲ့ကြရဘူးပါသည်၊ မိမိအိမ်ကိုဧည့်သည်လာလျင် ဧည့်စာရင်းတိုင်ကြားကြရပါ သည်၊ ဧည့်စာရင်းစစ်သည်ဆို၍လက်နက်ကိုင်ဆောင်ထားသူများ အိမ်တွင်းသို့ အချိန်နာရီမရွေး ၀င်လာနိုင်ကြ ပါသည်၊ ခဏလိုက်ခဲ့ပါဆိုပြီး ဆယ်စုနှစ်များကြာအောင် ထောင်ထဲမှာနေကြရသည့်အစဉ်လာများ လည်းရှိခဲ့ကြ ပါသည်၊ နိုင်ငံရေးလွတ်လပ်ခွင့်တောင်းဆိုသူများမှာ ဆိုးရွားသော အခြေအနေများဖြင့် ထောင်သွင်းအကျဉ်းချ ခံကြရပါသည်၊ ရွေးကောက်တင်မြှောက်ထားသောအစိုးရတဖွဲ့လုံးကို ထောင်သို့ပို့လိုက် ခြင်းများလည်း ရှိခဲ့ကြပါ သည်၊
ဗုဒ္ဓဓမ္မ ဆရာတဦးမှာသာသနာတော်ပြန့်ပွားရေးအတွက် အိန္ဒိယသို့သွားရန်ရှိသည်ကို ပတ်(စ)ပို့ ထုတ်မပေး သော ကြောင့်မသွားလိုက်ရသောအဖြစ်များလည်းရှိခဲ့ပါသည်၊ လေဆိပ်အ၀င်အထွက်တွင် လူဝင်မှုကြီးကြပ်ရေး အရာရှိများက ဘာများ လုပ်လိုက်မလဲ ဟု တထိတ်ထိတ် ခရီးသွားရသည်များလည်းရှိခဲ့ကြရပါသည်၊ လူ့အခွင့် အရေးဆိုတာ ဘာမှန်းမသိ အာဏာရှိသူ တွေကပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်တာတွေကို ပြည်သူအများ ခါးစီး ခံကြရပါသည်၊
အခုဒါတွေမရှိတော့ဘူးဟုပြောနိုင်ကြပါပြီ၊
ယခုအခါ ကျွန်တော်တို့မြန်မာနိုင်ငံတွင် စည်းကမ်းရှိသော ဒီမိုကရေစီအစိုးရ တရပ်ပေါ်ပေါက်စေရန် ကျိုးပမ်း နေကြချိန်ဖြစ်ပါသည်၊ ပြည်သူတို့၏ နိုင်ငံရေး လွတ်လပ်ခွင့်ရှိရန် လိုအပ်သည့်နည်းတူ ပြည်သူအများ စားဝတ် နေရေး ဖူလုံပြည့်ဝရန်လည်းလိုပါသည်၊ အလယ်လတ်တန်းစား လူထုဦးရေ တိုးပွားလာရေးမှာ အရေးကြီး ပါသည်၊ ဆိုင်များပေါ်တွင် လူသုံးကုန်ပစ္စည်းများ ၀ယ်၍ရနိုင်သည့်နည်းတူ အိမ်တိုင်းအိမ်တိုင်း ရေနှင့်လျှပ်စစ် ဖူလုံစွာ ရရှိရေး၊ ဓါတ်ဆီ၊ လောင်စာဆီ၊ ဖူလုံရေး၊ ကုန်ထုတ်လုပ်သော စက်မှုလုပ်ငန်းများအောင်မြင်ရေး၊ ကမ္ဘာကြီးနှင့် ရင်ဘောင်တန်းလိုက်နိုင်ရေးတို့မှာ တက်လာသော အစိုးရ အတွက်ကြီးလေးသော တာဝန်များ ပင်ဖြစ်ပါသည်။
ကျွန်တော်တို့သည် အထက်ကပြဆိုခဲ့သော စံများဖြင့် အစိုးရကို စောင့်ကြည့်အကဲခတ်ကြရပါမည်၊ တိုင်းပြည် အတွက် တာဝန်သိသော အစိုးရဖြစ်အောင်ဝိုင်းဝန်းအကြံဥာဏ်ပေးခြင်းများ ပြုလုပ်ကြရပါမည်၊
ကိုသန်းလွင်
Reference: The Lee Kuan Yew conundrum by: Graham Allison, The Straits Times 2015 April 1 issue
Photo - http://yoursdp.org
↧
မောင်မောင်စိုး - ငြိမ်းချမ်းရေးလော စစ်ပွဲလော - အပိုင်း ( ၂ )
$
0
0
မောင်မောင်စိုး - ငြိမ်းချမ်းရေးလော စစ်ပွဲလော - အပိုင်း ( ၂ )
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၅
ချန်ထားသည့်အဖွဲ့များ
NCA လက်မှတ်ထိုးချန်ထားသည့် ၆ ဖွဲ့အနက် ANC/ WNO/ LDU သုံးဖွဲ့မှာ လက်နက်ကိုင်တပ်နှင့် နယ်မြေမရှိသဖြင့် အပစ်ရပ်ရေးလက်မှတ်ထိုးရန် အကြောင်းမရှိဟု MPC ကဆိုပါသည်။ ကျန် ၃ ဖွဲ့နှင့်ပတ်သက်၍ သြဂုတ် ၂၄ ရက်နေ့ ကာချုပ်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ယာယီ တို့တွေ့ဆုံရာတွင် ကာချုပ်က အောက်ပါအ တိုင်း ရှင်းလင်းခဲ့သည်။
 MNDAA ကိုးကန့်အဖွဲ့အား အချုပ်အခြာအာဏာကို ထိပါး၍ တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရ အဖွဲ့နှင့် လောက်ကိုင်ဒေသကွပ်ကဲရေး စစ်ဌာနချုပ် အား စတင်တိုက်ခိုက်လာခြင်းဖြစ်ရာ ငြိမ်းချမ်းရေး လုပ်၍ မရကြောင်း လက်နက်စွန့်ရမည်ဖြစ်ကြောင်း လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ရမည်ဟု သမ္မတကလည်း ညွှန်ပြထားကြောင်း MNDAAကိုကူညီခဲ့သည့် TNLA နှင့် KIA တပ်မဟာ ၄ တို့ လည်း လက်နက်စွန့်ရမည်ဖြစ်ကြောင်း ၊ AA မှာ လည်း KIA ကမွေးထားသည့်အဖွဲ့ဖြစ်ကြောင်း ရခိုင်ပြည်နယ်တွင်း ဝင်လာ၍ မိမိတို့ တိုက်ထုတ် လိုက်ကြောင်း စစ်ဖက်သဘောထားအား ရှင်းလင်းပြောပြခဲ့သည်။
ကိုးကန့်အဖွဲ့ကမူ ကိုးကန့်တရုတ်များအနေနှင့် ကိုးကန့်ဒေသတွင် နှစ်ပေါင်းရာပေါင်းများစွာနေခဲ့ သောမျိုးဆက်ဖြစ်ပြီး ၎င်းတို့အဖွဲ့မှာလည်း ၂၀၀၉ တွင် မြန်မာစစ်ဖက်မှ အင်အားသုံးဖယ်ရှားခြင်း ခံခဲ့ရရာမှ မိမိတို့အိမ်ပြန်လာခြင်း ဖြစ်သည်ဟုဆိုသည်။
TNLA ဥက္ကဌ ကတော့ သူတို့အနေနှင့် အားလုံးပါဝင်ရေးမူပေါ် အခြေခံပြီး အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့်အတူ NCA လက်မှတ်ထိုးဘို့ တင်ပြထားကြောင်း အကယ်၍ သူတို့အဖွဲ့တွေကို ချန်လှပ်ထားခဲ့ပါကရှမ်းပြည်မြောက်ပိုင်းမှာ စစ်ပွဲအရှိန် ပြန်လည် မြင့်မားလာနိုင်သည်ဟုဆိုပါသည်။
AA အနေနှင့် ရခိုင်ပြည်နယ်အတွင်းမှ မြန်မာ စစ်ဖက်က ပြန်လည်မောင်းထုတ်ခဲ့ပြီ ဆိုသော် လည်း ပြီးခဲ့ရက်ပိုင်းသတင်းများအရ မြန်မာ ဘင်္ဂလားဒက်ရှ် နယ်စပ်တွင် AA နှင့် မြန်မာစစ်ဖက်တို့သည်၎င်း AA နှင့် ဘင်္ဂလားဒက်ရှ် BGF တို့တိုက်ပွဲဖြစ်ပွါးသည်ကို၎င်း သတင်းများတွင် တွေ့နေရသည်။
ရှမ်းမြောက်တွင် KIA အနေနှင့် တပ်မဟာ ၄နှင့် လက်အောက်ခံ ရင်း 2/8/9 တို့သာမက နောက်ထပ် တပ်ရင်း ၃ ရင်းအထက် တိုးချဲ့ဖွဲ့စည်းထားရှိကြောင်း မြေပြင်သတင်းများအရ ဆိုပါသည်KIA အနေနှင့် ၎င်း လက်အောက်ခံ တပ်ရင်း တပ် မဟာများအား သီးခြားခွဲထုတ်၍ စဉ်းစားရန် ဖြစ်နိုင်မည် မဟုတ်ပေ။
 ဆိုလိုသည်မှာ ၎င်းတပ်ဖွဲ့များနှင့် ပတ်သက်ပြီး နှစ်ဖက်အမြင် မည်သို့ရှိစေပါကာမူ လက်တွေ့ဖြစ် နိုင်ဘွယ်ကို ကြည့်ပါက မြန်မာစစ်ဖက်က တောင်း ဆိုထားသော ထိုတပ်ဖွဲ့များ လက်နက်ချရေး လက်နက်အပ်ရေးမှာ လောလောဆယ် ဖြစ်နိုင်ချေမရှိချေ။ ထို့ပြင် မြန်မာ့စစ်ဖက်ခေါင်းဆောင်၏ သဘော ထား အရဆိုလျင် လာမည့်နေပြည်တော်ထိပ်သီးဆွေးနွေးပွဲတွင် NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးသည်၎င်း အကယ်၍ အချို့အဖွဲ့ကျန်ပါက ထိုအဖွဲ့များနှင့်ပတ်သက်ပြီး နိုင်ငံရေး စစ်ရေးကတိကဝတ်များ အစိုးရနှင့်စစ်ဖက်မှပေးရန်ဆိုသည်မှာ၎င်း ဖြစ်နိုင်ချေ အလွန်နည်းသည်ဟု ဆိုင်္ပေမည်။ မည်သို့ရလဒ်ထွက်လာမည်ကား စိတ်ဝင်စားဘွယ်ရာဖြစ်ပေတော့သည်။
ကျန်နေမည့်အဖွဲ့များ
NCA လက်မှတ်ထိုးရးတွင် EAOs တွင်မပါဘဲ အစိုးရနှင့် သီးခြားဆွေးနွေးသဘောတူထားသော အဖွဲ့ ၄ ဖွဲ့အနက် RCSS ဦးရွက်ဆစ်တို့အဖွဲ့ကမူ NCA လက်မှတ်ထိုးရာတွင်ပါဝင်မည်ဟု KNU နှင့် အတူ ကြေငြာခဲ့ပြီးဖြစ်သည်။
နာဂအဖွဲ့အနေနှင့်လည်း လက်မှတ်ထိုးရာတွင် မပါဝင်စရာ အကြောင်းမရှိပေ။
သို့သော် UWSA ခေါ် ဝအဖွဲ့ကတော့ တမျိုး တဘာသာဖြစ်သည်။ UWSA အနေနှင့် အစိုးရနှင့် အပစ်ရပ်ရေးတကြိမ်ထိုးပြီးပြီ ဖြစ်၍ ထပ်မံထိုးရန် မလိုအပ်ဆိုသည့် ရပ်ခံချက်အတိုင်းသာ ဆက် လက်ရပ်ခံနေပြီး လာမည့် NCA လက်မှတ်ထိုးပွဲ တွင် ပါဝင်မည်မဟုတ်ဟုဆိုသည်။ UWSA နှင့် အတူ စစ်ရေးအရပူးတွဲရပ်တည်နေသည့် NDAA မိုင်းလားအဖွဲ့အနေနှင့်လည်း UWSA ပါဝင်ခြင်း မရှိပါက NCA တွင်ပါဝင်ရန် မလွယ်ကူပေ။ လက်ရှိ အနေထားတွင် UWSA အားနားချနိုင်ရန် ကြိုးစား နေကြသော်လည်း ပါဝင်လာဘို့ ရာနှုံးအလွန်နည်း သည်ဟု သုံးသပ်ရပေသည်။
အစိုးရက ပါဝင်စေ ချင်သော်လည်း ကျန်နေချင်သည့်အဖွဲ့များဟု ဆို ရပေမည်။
NCA လက်မှတ်ထိုးပြီးဆက်လက်လုပ် ဆောင်မည့် DDR အား UWSA အနေနှင့်လက်ခံဘို့ အလှမ်းဝေးမည်ထင်ပါသည်။
လက်နက်ကိုင်တပ်ပြသနာ
တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ငြိမ်းချမ်းရေးပြသနာတွင် လက်နက်ကိုင်တပ်များ နှင့်ပတ်သက်၍ အမြဲတမ်းလိုကွဲလွဲမှုရှိသည်။လက် ရှိမြန်မာစစ်ဖက်ခေါင်းဆောင်များက အလေးပေး သည်မှာ လက်နက်ဖြုတ်သိမ်းရေး လက်နက်စွန့် ရေးဖြစ်သည်။
ကာချုပ်မှလည်း သြဂုတ် ၁၉ ရက်နေ့ ဗြိတိသျှ သံအမတ် အင်ဒရူး ပက်ထရစ်နှင့် တွေ့ဆုံရာတွင် ၎င်း သြဂုတ်လ ၂၄ ရက်နေ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ယာယီနှင့် တွေ့ချိန်တွင်၎င်း NCAလက်မှတ်ထိုးပြီးလျင် လက်နက်ကိုင်ထား၍ မရလက်နက်စွန့်ရမည်။ DDR/SSR အတိုင်းသွား ရ မည်။ လက်နက်ကိုင်လမ်းစဉ်စွန့်ရမည်ဟုဆိုသည်။ NCA လက်မှတ်မထိုးသည့် အဖွဲ့များသည်လည်း စည်းမျဉ်းစည်းကမ်းအတိုင်းမလိုက်နာပါက အရေးယူမည်ဟု ကာချုပ်က ဆိုခဲ့ပါသည်။ ကာချုပ်ပြောဆိုမှုနှင့်ပတ်သက်ပြိး တိုင်းရင်း သားလက်နက်ကိုင်များမှ သဘောမတူသည့် တုန့် ပြန်မှုများကို ဖေါ်ပြခဲ့ကြသည်။
ပအို့ဝ်အဖွဲ့မှ ခွန် ဥက္ကာ KNU မှ နော်စီဖိုးရာစိန် ဖဒိုစောကွယ်ထူး ဝင်း တို့က NCA လက်မှတ်ရေးထိုးပြီးနောက် လက်နက်ဖြုတ်သိမ်းရမည်ဆိုသည်ကို လက်မခံကြောင်း နိုင်ငံရေးဆွေးနွေးပွဲအရင်လာရမည် ဖြစ် ပြီး နိုင်ငံရေးဆွေးနွေးပွဲ သဘောတူညီချက်နှင့် အညီသွားရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ UPWC မှ ဦးအောင်မင်းကမူ NCA ဟာ အပစ် ခတ်ရပ်စဲရေးသာမက ငြိမ်းချမ်းရေးအတွက် တခါး ပေါက်ဖြစ်၍ အားလုံးကြိုးစားဘို့လိုကြောင်း NCA မှာ DDR ရော SSR ပါ နှစ်ခုစလုံးပါကြောင်း DDR ကို လက်နက်ဖြုတ်သိမ်းရေးသက်သက်လို့ အဓိပ္ပါ ယ်ဖွင့်၍ မရကြောင်း SSR ဆိုသည်မှာလည်း ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်နှင့် ဆက်စပ်နေကြောင်း ကြား ချ၍ ရှင်းလင်းသည်ကို တွေ့ရသည်။
NCA လက်မှတ်မထိုးနိုင်မှီမှာပင် မြန်မာစစ် ဖက်ခေါင်းဆောင်များက လက်နက်ဖြုတ်သိမ်းရေး ကို ထပ်ခါထပ်ခါပြောနေခြင်းသည် သူတို့သွားချင် သည့်ပုံစံကို ရှင်းလင်းစွာ ဖေါ်ပြနေခြင်းဖြစ်သည်ဟု ယူဆရမည်သာဖြစ်သည်။ မြန်မာစစ်ခေါင်းဆောင်များအနေနှင့် ပြီးခဲ့ သော နဝတ ကာလမှစ၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် အ့စ်ရပ်ထားသည့် အတွေ့အကြုံ အရ ကောက်ချက်ဆွဲထားပုံရသည်။
နဝတ လက်ထက် ပြည်တွင်းနိုင်ငံရေး တင်းမာနေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်ရပ်ထား သည့် အတွေ့အကြုံ နှစ် ၂၀ ကျော်ရှိခဲ့သည်။
ထိုကာလအတွင်း ၂၀၀၀ ခုနှစ်တွင် အချင်း ချင်း သဘောထားကွဲလွဲနေသော မုန်ဆာလ ဦးစီး သော MDA မုန်းကိုးကာကွယ်ရေးတပ်အား အင်အားသုံး ဖြိုခွဲနိုင်ခဲ့သည်။
 ၂၀၀၅ တွင် အင်အားချိနဲ့လာသော ဦးအိုက်မုန်း ဦးစီးသည့် PSLO/ PSLA အား လက်နက်အပ်နှံခိုင်းနိုင်ခဲ့သည်။
၂၀၀၉ တွင် ဖုန်ကြားစင်းဦးစီးကိုးကန့်အဖွဲ့အား အင်အားသုံး မောင်းထုတ်နိုင်ခဲ့သည်။
ထိုပြင်အင်အားနည်းလာသော DKBA မှ စောချစ် သူအဖွဲ့အား၎င်း ကလလတ ဦးထွန်းကျော် အဖွဲ့အား၎င်း NDAK ဦးဇခုန်တိန့်ယိန်းအဖွဲ့အား ၎င်း BGF နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်သကဲ့သို့ KDA မထုနော်တို့အားလည်း ကောင်းခါးပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်း နိုင်ခဲ့ပြီး စစ်တပ်၏ အုပ်ချုပ်မှုအောက်သို့ ထည့် သွင်းနိုင်ခဲ့သည်။မြန်မာစစ်ဖက်၏ အောင်မြင်မှုဟုဆို၍ ရသည်။
သို့သော် အချို့အဖွဲ့များမှာ ပို၍ သီးခြားဆန် လာသည်။ ပို၍ အင်အားပိုကောင်းလာသည်။ ပို၍ချဲ့ထွင်လာနိုင်သည်။
ဥပမာ UWSA ဝ အဖွဲ့ဆိုလျင်စစ်အင်အားရော လက်နက်ခဲယမ်းပါ ပိုမိုတောင့်တင်းလာပြီး ၎င်းတို့ ဝ ဒေသမှာလည်း ပို၍ သီးခြား ဆန်လာပေသည်။ တကယ်တော့ ဝ တောင်တန်း ဒေသသည် လွတ်လပ်ရေးရပြီးကထဲက ပြည်မ အစိုးရ သြဇာသက်ရောက်မှု မရှိပေ။ အထူးသဖြင့် ၁၉၇၀ လောက်ကစပြီး ဗမာပြည်ကွန်မြူနစ်ပါတီ၏ အရှေ့မြောက်စစ်ဒေသဖြစ်ခဲ့ပြီးချိန်မှစပြီး ပြည်မ အစိုးရအုပ်ချုပ်မှုအောက်တွင် ရှိမနေခဲ့တော့ ၁၉၈၉ - ဝ တို့ ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီးနောက် UWSA အုပ်ချုပ်သော ဝ အထူးဒေသကာလတွင် သီးခြားရပ်တည်ခဲ့သည်။ UWSA ဝ ခေါင်းဆောင် များသည် ပြည်မနှင့်အဆက်အဆံ အသွားအလာ သိပ်မရှိခဲ့ပေ။ အထူးဒေသကာလက ဒေသဖွံ့ဖြိုး ရေး အတွက် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာအစိုးရဝန်ထမ်းများ လက်ခံခဲ့သော်လည်း ၂၀၀၉ခုနှစ် BGF နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးလက် မခံခြင်းကြောင့် အစိုးရတပ်များနှင့်တင်းမာဖြစ်ပွါး ပြီးနောက် ၎င်းဝန်ထမ်းများအားလုံးလိုလို ပြန်လည် ထွက်ခွါခဲ့ရသည်။ နောက်ဆက်ဆံရေးပြန်ကောင်း မွန်လာသော်လည်း အဆိုပါဝန်ထမ်းများကို ဟက်ဟက်ပက်ပက် ပြန်လက်ခံခြင်း မပြုတော့ဟုဆိုသည်။ သို့ဖြင့် UWSA နှင့် ဝဒေသသည် ပြည်မအစိုးရ၏ ထိမ်းချုပ်မှုအောက်မှ ကင်းလွတ်ခါ သီးခြားလို စုစုစည်းစည်း ရပ်တည်လာနိုင်ခဲ့သည်မှာ ၄၅ နှစ်ခန့်ရှိပြီဟု ဆိုရမည်။ ထို့ပြင် UWSA အနေနှင့် ဝ ပြည်နယ်အဆင့်တောင်းဆိုထားပေရာ ဤသည်မှာလည်း နိုင်ငံရေးအရ လွန်စွာ အကြိတ်အနယ်အငြင်းပွါးဘွယ်ရာ ပြသနာဖြစ်ပေတော့သည်။ သို့ဖြစ်ရာ အပစ်ရပ်ရေးကြာမြင့်ပြီး နိုင်ငံရေး ပြသနာကို မဖြေရှင်းဘဲထားခဲ့ရာမှ ကြာလေရှင်းရ ခက်လေ ဖြစ်သောပြသနာဖြစ်သည်။
ထို့ပြင် နဝတ စစ်ခေါင်းဆောင်များအစီအစဉ်ဖြင့် မူလ ဝ ဒေသ မဟုတ်သော တာချီလိတ်အောက်ဖက် လွယ်လန်း ဒေသသို့ ခွန်ဆာအဖွဲ့တိုက်ခိုင်းရန်ရည်ရွယ်ချက်ဖြင့် စေလွှတ်ခဲ့သည့် UWSA တပ်ဖွဲ့များမှာ ၎င်းဒေ သမှ ခွန်ဆာတို့ တိုက်ခိုက်အနိုင်ယူပြီးနောက် ပြန် လည်ထွက်ခွါခြင်း မပြုဘဲ ၁၇၁ စစ်ဒေသအဖြစ် အခြေစိုက်နေကြရာ ဤပြသနာမှာလည်း ရှမ်းပြည်နယ်အတွက် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာပြသနာတခုအဖြစ် ရှင်းရန်ပိုမိုခက်ခဲလာပေတော့သည်။
ထိုပြင် အပစ်ရပ်ကာလအတွင်း အင်အားကြီး မားလာသည့် အဖွဲ့တခုမှာ KIO/KIA ဖြစ်သည်။ နယ်မြေအားဖြင့် UWSA လိုတစုတစည်းတည်း မရှိသောလည်း တပ်ဖွဲ့အင်အားကို အပစ်မရပ်မှီ ထက် ပို၍ တိုးချဲ့လာနိုင်သလို ကချင်လူထု၏ ထောက်ခံမှုအားလည်း ပိုမိုရယူနိုင်ခဲ့သည်။
ထို့ပြင် AA ရခိုင်တပ်မတော် PSLF/ TNLA ပလောင်တပ်ဖွဲ့များအား ကျောထောက်နောက်ခံပြုပေးနိုင်ခဲ့ သည်။ ထိုပြင် MNDAA ကိုးကန့်တပ်ဖွဲ့လှုပ်ရှားမှု တွင် KIA တပ်မဟာ ၄ မှထောက်ကူမှုပေးခဲ့သည် ဟု မြန်မာစစ်ဖက်မှ ယုံကြည်ယူဆခဲ့သည်။ မြန်မာစစ်ဖက်အနေနှင့် ဤသို့ အပစ်ရပ်ကြာ သွားပြီး နိုင်ငံရေးအရမဖြေရှင်းဘဲ ကြာလာပါက ဤကဲ့သို့ အင်အားကြီးထွားလာခြင်း ပို၍သီးခြား ဖြစ်လာခြင်းတို့ကို လက်သင့်ခံလိုတော့ပုံမရဟု ယူဆရသည်။
ထိုကြောင့်လည်း NCA လက်မှတ်ထိုးပြီးသည်နှင့် လက်နက်စွန့်ရမည်လက်နက်ကိုင်လမ်းစဉ် စွန့်ရမည်ဟု တွန်းတွန်း တိုက်တိုက် ပြောဆိုလာပုံရသည်ဟု ဆိုရပေမည်။ သို့သော်စဉ်းစားဘွယ်ရာမှာ ဤဆေးနည်းသည် အနာနှင့် တည့်မတည့် ဆိုသည်ပင်ဖြစ်ပေသည်။
ဆက်လက်ဖေါ်ပြပါမည်
↧
မောင်ချောနွယ် - ဆေးစစ်ခံတဲ့ည
$
0
0
မောင်ချောနွယ် - ဆေးစစ်ခံတဲ့ည
(ဒေါက်တာလွဏ်းဆွေဘလော့ဂ်) မိုးမခ၊ စက်တင်ဘာ ၁၊ ၂၀၁၅
ည
နောက်ဘ၀များစွာမှာ
ညမဖြစ်တော့တာ သေချာကြောင်း
သက်သေပြလိုက်တဲ့ည
‘ဒန်တီ’ရဲ့ မျက်ရည်တွေ
စင်းစင်းသေပေးလိုက်ရတဲ့ည
ဦးနှောက်တခြမ်းက
တံခါးဆီ ပေးလိုက်ရတဲ့ည
မျက်လုံးတဘက်က
အာရုံစိုက်မှုကို ရောင်းစားရပြီး
မျက်လုံးတလုံးက
အရှုံးအတွက် ပုံပေးလိုက်ရတဲ့ ညလည်းဖြစ်ရဲ့။
ခန္ဓာကိုယ်တ၀က်က
မြို့ကြီးထဲ ခုန်ပေါက်နေပြီး
တခြားခန္ဓာကိုယ်တခုက
သူ့မိန်းမဆီ သွားအိပ်တဲ့ညပေါ့။
လူတွေ
ဒီလိုပဲ ဖြစ်ပျက်ကြမြဲပါ
တစက္ကန့်
တစက္ကန့်အတွင်းထဲမှာ ရောက်ရှိနေချိန်
ဒီတစက္ကန့်ကလွဲရင်ပေါ့
ကိုယ်လိုရာရောက်နေတဲ့ စက္ကန့်တွေ များလှပေါ့။
စီးကရက်လေးတလိပ်လောက်ကို
တညလုံး စောင့်စားခဲ့ရပါတယ်
သံပြိုင်တေးတွေ
ရေစီးအားကောင်းတဲ့ညပေါ့
ဒီညကို ဖြတ်ရတော့
ဘ၀ဆိုတာ လွမ်းဖို့အားကောင်းခဲ့တာပေါ့။
ကျနော် ယောက်ယက်ခတ်ရ
ကိုယ့်နှလုံးသားကိုယ် မီးမြှိုက်ခဲ့ပါတယ် အမေ
ဘယ်သူဟာ
ကိုယ့်နှလုံးသားကိုယ် မီးမြှိုက်ခဲ့ပြီး
ဒီမီးကို လှုံရဲခဲ့ပါသလဲ
ကျနော်ကတော့
ရဲရင့်ပေါ့ပါးစွာပေါ့ အမေ
ဒီညမှာမှ
ကျနော်က ရေဒီယိုသတ္တိတွေကြွတဲ့ည ဖြစ်လို့ပေါ့။
လည်လှီးခံရ မြွေတကောင်လို
နာရီသံချောင်းခေါက်သံတွေ
အစွမ်းကုန် တွန့်လိမ်လို့
မြင်ခဲ့ရဖူးပြီ
သေကောင်ပေါင်းလဲဘ၀ပါ အမေရယ်
တစက်မှ
အရသာခံရက်စရာ မကောင်းပါဘူး
မစာနာတတ်ရင်လည်း သိကြပါစေ
သိရင်ပဲ
အမေ့သားက ပြီးပါပြီတဲ့။
မိမိကိုယ်မှ နံရိုးများ
တံတားအဖြစ်ခင်းကျင်း
လမ်းဖွဲ့စည်းခဲ့ပါတယ်
ဒီခရီးသာ နှစ်လိုခဲ့
ရလိုသောဘ၀များ လမ်းဖယ်ပေးကြပါ။ ။
မောင်ချောနွယ် (၁၉၈၆)
(ကမ်းလွန်လေ မဂ္ဂဇင်း)
↧
↧
လှကျော်ဇော - ဘီ-အိုင်-အေ စိတ်ဓာတ်
$
0
0
လှကျော်ဇော - ဘီ-အိုင်-အေ စိတ်ဓာတ်
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၅
ကျွန်မတို့ ဗမာပြည်မှာ ၁၉၅၈ ခုနှစ် အာဏာသိမ်းပြီးတက်လာတဲ့ အိမ်စောင့်စစ်အစိုးရကစလို့ မဆလခေတ် နဝတခေတ် နအဖခေတ် စတဲ့ ခေတ်အဆက်ဆက်များအတွင်း နိုင်ငံရေးထဲ စစ်ဗိုလ်တွေဝင်လာပြီး တောပြောတောင်ပြော မတော်မတည့် ပြောတာတွေကြားတိုင်း ဖေဖေက ဒီကောင်တွေတော့ တို့တတွေ ဘီအိုင်အေတုန်းက ဝင်တဲ့စိတ်မျိုးတွေ ဝင်နေပြီနဲ့ တူပါရဲ့ ကွာလို့ ငြီးတွားပြောဆိုတတ်ပါတယ်။
ဒါဖြင့် အဲဒီ ဘီအိုင်အေစိတ်ဓာတ်ဆိုတာ ဘာပါလိမ့်။
ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ ဖေဖေတို့ ရဲဘော်သုံးကျိပ်ဝင်တွေဟာ ၁၉၄၁ ဒီဇင်ဘာ ၂၆ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ စုဆောင်းရသလောက် စစ်သားရာဂဏန်းလောက်နဲ့ ဘီ-အိုင်-အေ (Burma Independence Army- BIA- ဗမာ့လွတ်လပ်ရေးတပ်မတော်) ကို ဖွဲ့စည်းခဲ့ကြပါတယ်။ အဲသလိုဖွဲ့စည်းပြီး ဗမာပြည်တွင်းကို ချီတက်လာရာမှာ လမ်းတ လျှောက်က မြို့တွေ ရွာတွေက မျိုးချစ်ပြည်ချစ်လူငယ်တွေ ဗမာ့လွတ်လပ်ရေးအတွက် တိုက်ခိုက်ဖို့ ဘီအိုင်အေတပ်ကြီးထဲ ဝင်လာလိုက်ကြတာ ၃-၄ လအတွင်း လူပေါင်း ၂ သောင်းအထိပါဝင်တဲ့ တပ်မတော်ကြီးတရပ် ဖြစ်လာပါတော့တယ်။
နဂိုက ဗမာပြည်ကို အုပ်ချုပ်နေတဲ့ အင်္ဂလိပ်အစိုးရကလည်း သူ့အမှုထမ်းအရာထမ်းတွေခေါ်ပြီး အိန္ဒိယကို ဆုတ်ခွာသွားပြီ ဖြစ်တော့ လမ်းတလျှောက် ချီတက်လာတဲ့ ဘီအိုင်အေတပ်များဟာ ဒေသအသီးသီးမှာ အုပ်ချုပ်ရေးတွေ ဝင်တာဝန်ယူကြရပါ တော့တယ်။ ဒေသခံ သခင်များ နိုင်ငံရေးသမားများ လူရိုသေ ရှင်ရိုသေ မြို့မိမြို့ဖများနဲ့ပေါင်းပြီး တာဝန်တွေယူကြရာမှာ ဗမာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြ ဆက်လက်လည်း တိုက်ပွဲဝင်ကြဦးမယ့် သူရဲကောင်းများအဖြစ် ဘီအိုင်အေစစ် ဗိုလ်များဟာ အလွန်မျက်နှာပွင့်ပြီး ပြည်သူလူထုတရပ်လုံးရဲ့ လေးစားချစ်ကြည်ညိုခြင်း ကို ခံခဲ့ရပါတယ်။
အဲဒီကာလက ဒေသတွေ ရပ်ကွက်တွေမှာ မင်းမူစိုးမိုးခဲ့တဲ့ ဓားပြဂိုဏ်း လူမိုက်ဂိုဏ်း စတဲ့ ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်နေတဲ့ လူဆိုးဓားပြအပေါင်းကိုလည်း ဘီအိုင်အေနာမည်နဲ့ ရှင်းလင်းသုတ်သင်ပေးခဲ့ကြလို့ ရပ်ရွာအေးချမ်း တည်ငြိမ်ရေးအတွက် လည်း အတော် အထောက်အကူပြုခဲ့ပြီး ပြည်သူလူထုကလည်း ဘီအိုင်အေအပေါ် ကျေးဇူးတင် အားကိုးခဲ့ကြတာပါ။
ဖေဖေတို့တောင် အဲဒီကာလက ရန်ကုန်မှာ နာမည်ကြီးတဲ့ လမ်းမတော်ဖိုးတုတ်ဂိုဏ်းကို ရှင်းလင်းပေးခဲ့ဖူးတယ်လို့ ကြားဖူးလို့ ဖေဖေကို ဘယ်လိုရှင်းလင်းခဲ့သလဲလို့ မေးကြည့်တော့ ဖေဖေက -ဘာခက်တာမှတ်လို့ ခေါင်းဆောင် ၃-၄ ဦးဖမ်းပြီး သတ် ပစ်လိုက်တာပေါ့-တဲ့။ သူတို့လုပ်နည်းတွေက အဲသလိုကြမ်းတာပါ။
(စကားချပ်။ ဖေဖေက- ‘လမ်းမတော်ဖိုးတုတ်ဂိုဏ်း’ ဆိုတာ အင်္ဂလိပ်က တမင်မွေးထားတာ။ သူတို့ဥပဒေတွင်းက မဖြေရှင်း နိုင်တဲ့ကိစ္စတွေကို ဥပဒေပြင်ပက ချောင်းရိုက်တာတို့ လုပ်ကြံသတ်ဖြတ်တာတို့ စတာတွေလုပ်ဖို့ မွေးထားခဲ့တာလို့ ပြောဖူးပါ တယ်။ ဒါကြောင့်ပဲ ၂၀ဝ၃ ခုနှစ် ဒီပဲရင်းအရေးအခင်းအပြီး သတင်းမီဒီယာတခုနှင့် တွေ့ဆုံမေးမြန်းခန်းမှာ ဖေဖေက ကျွန် တော်တို့ တည်ဆောက်ခဲ့တဲ့တပ်မတော်ကြီး ဗိုလ်သန်းရွှေတို့လက်ထဲကျမှ လမ်းမတော် ဖိုးတုတ်လူမိုက်ဂိုဏ်းလိုဖြစ်သွား ရတာအတွက်တော့ အတော်ရင်နာမိတယ်လို့ ပြောဟန်တူပါရဲ့။)
ဖေဖေက အဲဒီကာလတုန်းကတော့ ဖေဖေတို့က လွတ်လပ်ရေးကို တိုက်ယူမှရမှာလို့ ယူဆထားကြတော့ တခြားလူတွေ တပ်ထဲမဝင်ရင် ယူနီဖောင်းဝတ်မထားရင် စိတ်ထဲမှာ ဒီကောင်တွေ အလကားကောင်တွေ မျိုးချစ်စိတ်မရှိသူတွေလို့ထင်ပြီး အထင်သေး အမြင်သေး ဆက်ဆံမိတယ်လို့လည်း ပြောပြဖူးပါတယ်။ မျက်စိထဲလည်းကြည့်မရဘူးလို့လည်း ဆိုပါတယ်။
ဖေဖေတို့ ဂျပန်မှာ စစ်ပညာသင်ကြားခဲ့ရစဉ်ကလည်း ဂျပန်မှာ စစ်ဝါဒီတွေ စိုးမိုးနေပြီဖြစ်လို့ ဖက်ဆစ်အတွေးအခေါ် နည်း ပညာအခြေခံတွေကိုလည်း သင်ကြားခံထားရတာကလည်း ဒီလိုစိတ်နေစိတ်ဓာတ်မျိုး ဝင်စေဟန်တူပါတယ်။
ဒါပေမဲ့ ဒီစိတ်ဓာတ်တွေဝင်နေတာကို ရိပ်မိသိရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းက အမြဲသတိပေးဆုံးမတတ်တယ်လို့ ဖေဖေက ပြောပြပါတယ်။ ဗိုလ်ချုပ်က- ဟေ့ လွတ်လပ်ရေးကို တို့စစ်သားတွေချည်းပဲနဲ့ တိုက်ယူလို့မရနိုင်ဘူး။ နိုင်ငံရေးသမားတွေ မျိုးချစ်ပြည်ချစ်ဝန်ထမ်းတွေ ပြည်သူပြည်သားတွေအားလုံး ပါဝင်လာမှ ရမှာကွ-လို့ မကြာခဏ ပြောဖူးသတဲ့။
အဲသလောက် ပြောဆိုနေတဲ့ကြားကတောင်မှ ဖေဖေက ၁၉၄၅ ခုနှစ် မတ်လ ဂျပန်တော်လှန်ရေးအပြီး ရန်ကုန်မှာ တခမ်း တနားကျင်းပတဲ့ နေသူရိန်အစည်းအဝေးကြီးမှာ ‘တတိုင်းပြည်လုံး စည်းလုံးညီညွတ်ရေးအဆို’ကို တင်တဲ့အခါမှာ ဂျပန်တော် လှန်ရေးတလျှောက် ရှေ့တန်းမှာ အပင်ပန်းအဆင်းရဲခံ တိုက်ခိုက်ခဲ့တဲ့ တပ်မတော်သားများအကြောင်း အကျယ် တဝင့်ပြော ကြားရင်း အဲဒီကာလက စတင်ပေါ်ပေါက်လာပြီဖြစ်တဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေကို စောင်းမြောင်း ပြောဆိုတာ တွေ လုပ်ပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်ရဲ့ တပ်ပေါင်းစုပေါ်လစီနဲ့ ပါဝင်လာကြတဲ့ အင်္ဂလိပ်အလိုတော်ရိ လက်ယာ သမားကြီးများ စင်မြင့်ပေါ်တက်ထိုင်နေတာကို ဖေဖေက မျက်မုန်းကျိုးပြီး ပြောတာပါ။ ဖေဖေ အဲသလို စောင်းချနေတာကို ဗိုလ်ချုပ်ကရိပ်မိပြီး ဖေဖေကို မျက်နှာထားကြီးနဲ့ လှမ်းကြည့်တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ် မျက်စောင်းထိုးလိုက်လို့  ဘရိတ် အတော်အုပ်လိုက်ရတယ်လို့လည်း ဖေဖေက ပြောပြဖူးပါတယ်။
လွတ်လပ်ရေးရမှ တိုင်းသူပြည်သားတွေ ချမ်းသာနိုင်ကြမယ်လို့ ဖေဖေတို့တတွေ တွက်ဆခဲ့ကြလို့ လွတ်လပ်ရေး အတွက် ကြိုးပမ်းခဲ့ကြတာပါ။ လွတ်လပ်ရေးရပြီး ထင်သလောက် တိုင်းသူပြည်သားတွေ ချောင်ချိလာခြင်းမရှိဘူးဆိုရင်တော့ တ ကယ့် တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တွေဟာ ပြည်သူတွေ လွတ်မြောက်ရာလမ်းကြောင်းကို ထပ်ရှာကြံရတော့မှာပါ။
စစ်သားပဲဖြစ်ဖြစ် နိုင်ငံရေးသမားပဲဖြစ်ဖြစ် ဘာအလုပ်ပဲလုပ်လုပ် ဘယ်သူမှ ကိုယ့်ကိုကိုယ် ချစ်လို့ လုပ်တယ်လို့ မပြောကြ ပါဘူး။ တိုင်းချစ်ပြည်ချစ်စိတ်ကြောင့်လို့ပဲ ဆိုတတ်ကြပါတယ်။ အပြောထက် လက်တွေ့ကိုကြည့်ရမှာပါ။ လက်တွေ့ လုပ် ဆောင်ရာမှာလည်း အကျိုးသက်ရောက်မှုကိုကြည့်ရပါလိမ့်မယ်။
၁၉၄၁ ခုနှစ် ဘီအိုင်အေကာလကစလို့ ဗမာ့တပ်မတော်ထဲဝင်တဲ့ ယူနီဖောင်းဝတ်တွေသာလျှင် တိုင်းချစ်ပြည်ချစ်စိတ်ရှိသူ ဒါကြောင့်တို့ပဲ တိုင်းပြည်ကို လွှမ်းထားရမယ်ဆိုတဲ့ စိတ်ဓာတ် အခုခေတ်အထိ တပ်မတော်သားတွေကို တိမ်သလ္လာဖုံးထား တုန်းပါပဲ။ ဒီအတွေးအခေါ် အယူအဆ ဖြောက်နိုင်မှသာလျှင် ဗမာပြည်ကြီးရဲ့ အနာဂတ်ဟာ မျှော်လင့်ချက်ရှိနိုင်ပါတယ်။ ဗမာ့တပ်မတော်သားများ အမြန်ဆုံး အမြင်မှန်ရနိုင်ကြပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်။
အဲသလိုအမြင်မှန် မရလို့ကတော့ လူထုကြီးရဲ့ မထိန်းနိုင် မသိမ်းနိုင် ဒေါသတွေ အုံကြွပေါက်ကွဲလာတဲ့ တနေ့မှာ တော် လှန်ရေး ဒီရေလှိုင်းက အမှိုက်သရိုက်များအဖြစ် သမိုင်းဇာတ်ခုံပေါ်ကနေ ရှင်းလင်းသုတ်သင်ပစ်ကြပါလိမ့်မယ်။
၁၁-၃-၂၀၁၀။
↧
ကာတွန်း ညီထွေး - ဘုန်းတော်ကြောင့်
$
0
0
ကာတွန်း ညီထွေး - ဘုန်းတော်ကြောင့်
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၅
↧
မင်းညွှန့်လှိုင် - သေဆုံးသွားတဲ့ ပြတင်းပေါက်
$
0
0
 မင်းညွှန့်လှိုင် - သေဆုံးသွားတဲ့ ပြတင်းပေါက်
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၅
အလှမွေးတိမ်တွေကူးခတ်နေတဲ့
ကောင်းကင်ဘုံရေကန်သာ။
အမြင့်ဆုံးဝင်းပမှု
အချိုဆုံးဆည်းလည်းခတ်သံနဲ့
ရွှေရောင်စေတီတော်။
သို့အုပ်များ
အောက်ငုံ့တောလားဖတ်နေကျ
အစိမ်းရောင်ကြွယ်ဝမှုနဲ့ မြက်ခင်းပြင်။
အဖြူရောင်ပျံသန်းခြင်းများနဲ့
ဗျိုင်းတို့ပျော်ရာ ရေအိုင်ငယ်။
အထက်ဖော်ပြပါတို့မှာ
ကျနော်နဲ့ကျနော့်ပြတင်းပေါက်လေးထံ
နေ့စဉ်ဝင်ရောက်နေကျ
ပိုင်ဆိုင်မှုတချို့ဖြစ်ပါတယ်။
သွေးဆာနေတဲ့ သားသတ်သမားတွေလို
မြေတိုင်းသမားတွေ မလာခင်အထိ
ကိုင်းခုတ်ဓားတွေ မလာခင်အထိ
စက်ယန္တရားတွေ မလာခင်အထိ
အခါတော်ပေးတွေ မလာခင်အထိ
ပန္နက်ရိုက်မင်္ဂလာတော် မလာခင်အထိ
ကျနော်နဲ့ ကျနော့်ပြတင်းပေါက်လေး
စုပ်ယူနေကျဆေးစက်တွေပေါ့။
အခုတော့
အလိုမတူပဲ သားမယားပြုသွားတဲ့
အခြေခံဥပဒေ
ဘုတ်အုပ်ကြီးထောင်ထားသလို
စိမ်းစိမ်းမှောင်မှောင်
ပြောင်ပြောင်တင်းတင်း
သွပ်ပြားကာခြံစည်းရိုးကြီးသာ
ရှုမျှော်ခင်းကိုပိတ်ဆို့ဖို့
လေပြေညင်းကိုဆီးတားဖို့
အသင့်အနေအထားနဲ့စောင့်ကြပ်နေပါပြီ ။
မှတ်မှတ်ရရ
ညာလက်ကြီးမြှောက်မြှောက်ပြီး
ညာလက်ကြီးပြပြပြီး
ညာသန်တဲ့သမ္မတကြီး
ကြွရောက်ချီးမြှင့်တော်မူတဲ့နေ့ကစလို့
ကျနော့်ပြတင်းပေါက်လေး
အသက်ရှူရပ်သွားခဲ့ပါပြီ
မျက်လုံးမှိတ်သွားခဲ့ပါပြီ။        ။
မင်းညွန့်လှိုင်
↧
တရားဥပဒေစိုးမိုးမှုမရှိသောကြောင့် လူ့အခွင့်အရေးများဆုံးရှုံး သည်ဟု ရှေ့နေဦးရောဘတ်စန်းအောင်ပြော
$
0
0
 တရားဥပဒေစိုးမိုးမှုမရှိသောကြောင့် လူ့အခွင့်အရေးများဆုံးရှုံးဟု ရှေ့နေဦးရောဘတ်စန်းအောင်ပြော
ဟန်သစ်နိုင်၊ မိုးမခ၊ စက်တင်ဘာ ၁ရက်၊ ၂၀၁၅
သြဂုတ် ၂၇ရက် ရန်ကုန်မြို့ တော်ဝင်နှင်းဆီးခန်းမတွင် ကျင်းပပြုလုပ်သော  လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် သူများကို ဘယ်လိုကာကွယ်မလဲ ဆိုတဲ့ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌တရား ဥပဒေစိုးမိုးမှုမရှိသေးသ၍ လူ့အခွင့်အရေးသည်လည်း ဆုံးရှုံးနေမည်ဖြစ်ကြောင်း ကို နိုင်ကျဉ်းဟောင်း ဖြစ် သူရှေ့နေကြီး ဦးရောဘတ်စန်းအောင်မှ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမှုမှုမရှိသေးခြင်းနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်း သားဟောင်း ရှေ့နေကြီး  ဦးရောဘတ်စန်းအောင်မှ လက်ရှိဒီမိုကရေစီ အစိုးရလက်ထက်တွင် မူးယစ်ဆေးဝါးအများ အပြားဖမ်းမိရာတွင်လည်း ပိုင်ရှင်များကိုမဖော်ထုတ် မဖမ်းဆီးပေးနိုင်သေးကြောင်း၊ လူအများအပြားကို တစ်ပြိုင်နက်သတ်ဖြတ်ခဲ့သော အမှုများကိုလည်းမဖော်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံအ တွက်လုပ်ဆောင် ပေးနေသောသူများ၊ ပညာရေးအတွက်တောင်းဆိုနေသော အပြစ်မဲ့ကျောင်းသားများကို ဥပဒေမဲ့ ရိုက်နှက်ခြင်း၊ ပုန်ကန်မှုဖြင့် ဖမ်းဆီးထောင်ချနေခြင်းများသည် မြန်ဆန်လှကြောင်း၊  ယခုအခါတွင် ဥပဒေကိုထင်သလိုလုပ်နေ သူများရှိနေသည့်အတွက် ပြည်သူများ၏အကာအကွယ်နှင့် လူ့အခွင့်အရေး များသည် မလုံခြုံတော့ကြောင်း၊ တရားဥပဒေသည် အုပ်ချုပ်သူများအောက်ရောက်ရှိနေမည်ဆိုလျှင် လူ့အခွင့်အရေးသည် မည်သို့မျှအကောင် အထည်ဖော်နိုင်တော့မည်မဟုတ်ကြောင်း ပြောပြသည်။
          ဆက်လက်ပြီး “မြန်မာနိုင်ငံရဲ့အခြေအနေက ရဲကတရားစွဲရင်ခံရမယ် ရဲကိုတရားစွဲရင်မရဘူး၊ အစိုးရကတရားစွဲရင်ခံရမယ် အစိုးရကိုပြန်ပြီးတရားစွဲလို့မရဘူးဆိုတာ တရားဥပဒေစိုးမှုမရှိဘူးလို့ ပြောနေ တာနဲ့အတူတူပဲ၊ ရဲပဲဖြစ်ဖြစ်၊ အစိုးရပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ဥပဒေအထက်မှာသူတို့မရှိရတဲ့ အတွက် သူတို့ကိုစွဲလို့ရတယ်၊ ဒါပေမယ့်လက်တွေ့မှာစွဲလို့ရှိရင် ပုဒ်ထီးပုဒ်မခံပြီး ရှောင်ကွင်းသွားကြတယ်” ဟုပြောသည်။
          လူ့အခွင့်အရေးစောင့်ရှောက်သူများကို ဘယ်လိုကာကွယ်မလဲ ဆွေးနွေးပွဲကို ရှေ့နေဦးရောဘတ် စန်းအောင်၊ ဆရာဦးအောင်မျိုးမင်း၊ ဆရာမ မသက်သက်ဦးတို့က ဆွေးနွေးပေးခဲ့ကြသည်။
↧
↧
ကာတွန်း သွန်းခ - ရာမပြည့်တဲ့ ကျပ်
$
0
0
ကာတွန်း သွန်းခ - ရာမပြည့်တဲ့ ကျပ်
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၅
↧
ကယ်နိုင်ရင် ကယ်ကြပါ နှင့် ဘကြီးမိုး
$
0
0
ကယ်နိုင်ရင် ကယ်ကြပါ နှင့် ဘကြီးမိုး
(ကုမုဒြာဂျာနယ်မှ ကူးယူဖော်ပြသည်) မိုးမခ၊ စက်တင်ဘာ ၂၊ ၂၀၁၅
    ဘကြီးမိုးဆိုတဲ့ ငနဲက နာမည်မှာ ‘ မိုး’ ပါလို့လား မသိပါဘူး မိုးကိုချစ်တယ်။ ကွယ်လွန်သူ သူငယ်ချင်း ကြီး စန္ဒရားလှထွတ်ရဲ့ တိမ်တမန်ကိုလည်း ချစ်တာပဲ။ ဘာတဲ့ တိမ်တမန်မှာပါတဲ့ စာသားလေ။ ဆည်မြောင်း ချောင်းကန် ပြည့်လျှံတိုးအောင် မိုးလုံးမည်းမျှ မရွာစေချင်ပါပေ၊ ဆည်မြောင်းချောင်းကန် အသစ်အမှန်ဖြိုးရန် ပုလဲလုံးရွဲအလှ ရွာစေချင်ပါပေ ဆိုလားပဲ။ 
အခုတော့ မြစ်ချောင်းအင်းအိုင်တွေ ပြည့်လျှံဖြိုးအောင်မက အဆက် မပြတ်ရွာသွန်းနေလို့ တစ်တိုင်းတစ်ပြည်လုံး ရေကြီးရေလျှံတွေဖြစ်၊ ရေဘေးဒုက္ခသည်ပေါင်း သိန်းနဲ့ သန်းနဲ့ ဖြစ် နေလေတော့ တိုင်းပြည်နဲ့အဝန်း စေတနာတွေ သွန်းဖြိုးပြီး ရေဘေးဒုက္ခသည်တွေအတွက် အလှူငွေတွေ  ကောက်ခံ၊ ဆရာတော် သံဃာတော်တွေကအစ အနုပညာသည်အားလုံး၊ ကျောင်းသူကျောင်းသားတွေအားလုံး၊ ဘကြီးမိုးရဲ့ မြေးတွေလည်း ပါတယ်။ ရေဘေးအလှူခံပြီး ရေဘေးဒုက္ခသည်တွေကို အတက်နိုင်ဆုံး ကူညီ ထောက်ပံ့ပေးနေကြပါတယ်။
    သည်ကြားထဲမှာ မိုးက အဆက်မပြတ်ချင်သေး။ ဦးထွန်းလွင်ရဲ့ အဆိုအရ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းကတဆင့် မုန်တိုင်းဖြစ်ပြီး မုန်တိုင်းက ဘင်္ဂလားကမ်းခြေကို ဝင်တာတဲ့။ ဒါပေမယ့် မိုးက တော့ မြန်မာပြည်အထက်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်မှာ ရွာနိုင်တုန်းတဲ့။
    မြန်မာပြည်အထက်ပိုင်း ရွာတဲ့မိုးကလည်း ဒုက္ခပဲခင်ဗျ။ ချင်းမှာဆိုရင် မြေတွေပြို၊ အိမ်တွေပျက်။ ဖလမ်း ဆိုရင် မြို့လုံးကျွတ်နီးပါး ရွှေ့ပြောင်းရမယ့်သဘော။ မိုးကြီးရေလျှံလို့ လမ်းတံတားတွေပျက်၊ လမ်းတံတားတွေ ပျက်တော့ အစာရေစာတွေလည်း ပို့ရခတ်၊ ကုန်ဈေးနှုန်းတွေကလည်း တက်ဖြစ်ကုန်တာပေါ့။ အရေးအကြီးဆုံး ဖြစ်တဲ့ ဆန်စပါးဆိုတော့ ဆန်ကုန်သည်များအသင်းက ပြည်တွင်းစားသုံးဖို့ ဖူလုံဖို့အရေး နိုင်ငံခြားကို ဆန်တင်ပို့ မှုတွေ ရပ်ဆိုင်းထားရကြောင်း ကြေငြာလုပ်ဆောင်နေကြရပါတယ်။ ဒါပေမယ့်လည်း ဒါပေမယ့်ပေါ့လေ ဆန် ဈေးနှုန်းကတော့ ဘယ်နေမဲ တက်တာပေါ့။ ဘကြီးမိုးတို့ ရန်ကုန်မှာ ဆန်ဈေးတက်သလို ဟို ချင်းတို့ ကချင်တို့ မှာ ဆန်ဈေးက မကြုံစဖူး တက်ကြတော့တာပေါ့။
    တစ်ပြည်လုံး ရေကြီးရေလျှံဖြစ်လို့ လယ်ယာတွေ တော်တော်များများ နစ်မြုပ်ပျက်စီးကုန်ကြလို့ ပြည် လည်စိုက်ပျိုးဖို့ လုပ်စရာတွေက တစ်ပုံတစ်ခေါင်းကြီး။
    ပြန်လည်ပြုပြင်တည်ဆောက်ဖို့ အင်မတိအင်မတန် လိုအပ်နေချိန်မှာ မြန်မာနိုင်ငံရဲ့ အစိုးရဖြစ်တဲ့ ကြံ့ ခိုင်အဖွဲ့ကြီးထိပ်ပိုင်းက ညကြီးသန်းခေါင်မှာ ရဲအစောင့်အရှောက်တွေနဲ့ အပြောင်းအလဲလုပ်ကြလေတော့ တိုင်း ပြည်က ထိန့်လန့်တကြားဖြစ်ပြီး နဂိုက ဒေါ်လာဈေးတက်နေရတဲ့အထဲ ဗဟိုဘဏ်က ဒေါ်လာတွေ ထုက်ရောင်း လို့ မနိုင်၊ ဒေါ်လာဈေးက ၁၃၀၀ အထိ ဖြစ်လာပါလေရော။ ဒေါ်လာဈေးတက်တော့ ကုန်ဈေးနှုန်းကလည်း တက်ပြန်တာပေါ့။ အစိုးရထိပ်ပိုင်း အပြောင်းအလဲဖြစ်တာကို အကြောင်းပြုပြီး ဘဏ်တွေရဲ့ အခြေအနေတွေက လည်း ကောလဟာလတွေဖြစ်၊ ဘဏ်မှာအပ်ထားသူတွေက ပိုက်ဆံတွေထုက်ကြတော့ အထိတ်တလန့် ဖြစ် ကုန်ကြတာပေါ့။
    ဒေါ်လာဈေးတက်၊ မြန်မာငွေဈေးက ကျတော့ ဒေါ်လာနဲ့ဝယ်ကြရတဲ့ ကုန်ဈေးနှုန်းတွေကလည်း  တက် ကုန်တာပေါ့။ တစ်ဆက်တည်း မြန်မာငွေဈေးကျလေတော့ နယ်စပ်ကုန်သွယ်ရေးကတစ်ဆင့် တင်သွင်းတဲ့ ကုန် ပစ္စည်းတွေကလည်း ဈေးတက်သွားပြန်ရော။ အဲသည် ဒုက္ခတွေအားလုံး ခံရတာကတော့ ‘ ဘိန်မခေါင်း’ ဆိုတဲ့ ဘကြီးမိုးတို့လို လက်လုပ်လက်စား ဆင်းရဲတွေရဲ့ ခေါင်းပေါ်ပဲ ပုံကြတာဖြစ်ပါတယ်။ ဘကြီးမိုးလည်း လက်လုပ် လက်စားပဲခင်ဗျ။ လက်ကလှုပ်ပြီး  စာတွေ တရတွန်းရေးမှ ပိုက်ဆံကရတာကိုး။ ဘကြီးမိုးဖြင့် ဘောလ်ပင်ကိုင် တဲ့ လက်ချောင်းလေးတွေ ပိန်ချိုင့်နေအောင် ရေးရလွန်းလို့ ကိုယ့်လက်ချောင်းကလေးတွေကို ပြန်သနားနေရ သေး။
    သည်ကြားထဲမှာ မောင်သန်းဝင်းထွဋ်တို့ တို့ပြည်တို့မြေဆိုတာကို ကြည့်ကြည့်နေရလေတော့ မြန်မာ ပြည်အနှံ့ ဟို မြောက်ဘက်ဖျားက ကချင်ပြည်နယ် ဖားကန့်ကအစ ဟို အောက်ဘက်အစွန်က မြိတ်၊ ထားဝယ်၊ ကော့သောင်းအလယ်၊ ရခိုင်၊ ကျောက်ဖြူမကျန် မြစ်ဝကျွန်းပေါ် ပုသိမ်အထိ တစ်ပြည်လုံးမှာ မူးယစ်ဆေးဝါးရဲ့ ဒဏ်ကို အဆမတန် ဖိစီးခံနေရကြောင်း သတင်းတွေ ကြားလာရပါတယ်။ မူးယစ်ဆေးဝါးက လူငယ်လူရွယ်တွေ ကို လူသားစွမ်းရည် ပျက်စီးစေရုံမကဘူး ခင်ဗျ။ အကျင့်စာရိတ္တပါ ပျက်စီးစေတာပါ။ အကျင့်စာရိတ္တပျက်စီးစေ တာဟာ ပြည်လည်ပြုပြင်ဖို့ အလွန်ခတ်ပြီး အချိန်တွေ အများကြီး အများကြီး ယူကြရတဲ့ကိစ္စ။ အဲသလို အဲသလို မူးယစ်ဆေးဝါး အန္တရာယ်ကြီး တစ်ပြည်လုံးအတိုင်းအတာနဲ့ ဖိစီးနှိပ်စက်ခံနေရတဲ့အချိန်မှာ ဘကြီးမိုးတို့ ရန်ကုန် မြို့ကြီးရဲ့အလယ်မှာပဲ ပိုင်ရှင်မဲ့ ဖမ်းစီးမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘယ်လောက်တောင် များပြားသလဲဆိုရင် အာရှတိုက်မှာ အများဆုံး၊ ကမ္ဘာမှာ ဒုတိယအများဆုံးအထိ မြင်းမားလှတဲ့ ပမာဏ မိတာခင်ဗျ။
    တစ်နေရာတည်းမှာလည်း မဟုက်ဘူး၊ နှစ်နေရာ၊ သုံးနေရာ ဖမ်းမိတာ။ ဖမ်းမိတာတွေ အားလုံးက လည်း ပိုင်ရှင်မဲ့တွေချည်းပဲတဲ့။ သည်လောက်များပြားတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘယ်နိုင်ငံက ထုက်လုပ်တာ လဲ။ မြန်မာပြည်တွင်းကပဲ ထုက်လုပ်နေတာလား။ လက်ဝယ်ရရှိပြီးသား မူးယစ်ဆေးဝါး၊ အဲ ဖမ်းမိထားတဲ့ မူး ယစ်ဆေးဝါးတွေဟာ ပြည်တွင်းမှာ ဖြန့်ချီရောင်းချကြဖို့လား၊ ဒါမှမဟုက် နိုင်ငံတကာအထိ ဖြန့်ချီရောင်းချကြမျာ လား။
    ဟိုအရင် ရှေးက မူးယစ်ဆေးဝါးဆိုတာ ဘိန်းတို့၊ ဘိန်းဖြူတို့လေ။ အဲဒါတွေက ဘိန်းပင်ကရတာ။ ဘိန်း ခေတ်မှာတောင် မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှု၊ ထုတ်လုပ်မှုမှာ ဘာဖဂန်ကလွဲရင် ဒုတိယအကြီးဆုံးလို့ သက် မှတ်ခံထားရတယ်လေ။ သည်နေ့ မူးယစ်ဆေးဝါးဆိုတဲ့ ဆေးပြားတွေကတော့ ကမ်မီကယ်ဓာတုပစ္စည်းတွေနဲ့  ထုတ်လုပ်တာတဲ့။ အရည်ဖျော်တဲ့စက်က အဝတ်လျှော်စက်လောက်ဆိုရင် ဖြစ်ပြီး ဆေးပြားရိုက်တဲ့စက်က လည်း မီးဖိုချောင်သုံးစက်ကလေးနဲ့တောင် ထုတ်လုပ်နိုင်ဆိုပဲ။
    ဒါပေမယ့် အဲသည်လောက် အများအပြားကြီး ထုတ်လုပ်နိုင်ဖို့ကြတော့ တစ်နိုင်တစ်ပိုင်လူတွေ လုပ်နိုင် ကြတာ မဟုက်နိုင်တော့ဘူးလေ။ တကယ်ကို ကြီးမားတဲ့ လုပ်ငန်းရှင်ကြီးတွေ ရင်းနှီးမြှုပ်နှံမှု အများကြီးနဲ့လုပ်မှ သည်ပမာဏမျိုး ရနိုင်တာကလား။
    သည်တော့ ရွှေသမင်ဘယ်ကထွက်ဆိုသလို ဖြစ်နေပါပေါ့လား။ ဘိန်းစိုက်ပျိုးတဲ့ တောင်သူတစ်ချို့ရဲ့  ဖွင့်ဟ ဝန်ခံချက်အရ ဘိန်းခင်းကို သုံးကွက်စိုက်ရသတဲ့။ တစ်ခင်းက သူတို့ စားဖို့သောက်ဖို့၊ တစ်ခင်းက အာ ဏာပိုင်များ၊ အာဏာပိုင်များဆိုတာ အစိုးရရော၊ တခြား လက်နက်ကိုင်အဖွဲ့အစည်းတွေရောပေါ့လေ။ သူတို့အ တွက် တစ်ကွက်တဲ့။ ကျန်တစ်ကွက်ကတော့ ဖျက်ဆီးတာ စာရင်းပြဖို့ စိုက်ရပါသတဲ့။ မှတ်ကရောပဲ။
    အခု မူးယစ်ဆေးဝါးထုက်လုပ်သူတွေကော သုံးသီးသုံးကွက် ထုတ်လုပ်နေကြလေရော့သလား မသိ တော့ပါဘူး။ ကြက်သီးထစရာကောင်းလောက်အောင် ဆိုးရွားနေတာတော့ အမှန်ပဲခင်ဗျ။
    သည်တော့ ဘကြီးမိုးက ‘ ကယ်နိုင်ရင် ကယ်ကြပါ’ လို့ပဲ ကုန်းကုန်း အော်မိနေတော့တာပါပဲ။ ဒါလည်း အသံထွက်အောင် မအော်ရဲ့ဘူးခင်ဗျ။ တိုင်းပြည်ကြီး ဒုက္ခရောက်တဲ့ဘေးက ငါတို့ပဲ ကယ်ကယ်နေရတာဆိုပြီး ပြောပြောနေကြတဲ့ သူတွေ ကြားသွားမှာလည်း စိုးရသေးသကိုး။ သူတို့ သူတို့ ကယ်လိုက်တိုင်း တိုင်းပြည်က  နစ်သည်ထက်နစ်ခဲ့တာ နှစ်ခိရှာ နှစ်ခါရှိပေါ့။ သည်တော့…..
    ကယ်နိုင်ရင် ကယ်ကြပါလို့ အသံမထွက်အောင် တိုးတိုးလေးပဲ အော်လိုက်ရကြောင်းပါ။
    ကယ်နိုင်ရင် ကယ်ကြပါနှင့် ဘကြီးမိုးပါ။
↧
ဇော်သစ် - မိတ် အင် ပစ္စာန္တရာဇ်
$
0
0
ဇော်သစ် - မိတ် အင် ပစ္စာန္တရာဇ်
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၅
အခန်း(၁)
          အမျိုးကောင်းသမီးသည် နှစ်ကြိမ်ဆက်သမ္မတတာဝန်ကို ကိုးနှစ်ကျော်ထမ်းဆောင်ခဲ့လေပြီ။ သူမနေထိုင်ခဲ့ ရသော သမ္မတအိမ်တော်တစ်ခုလုံးကို အသိအမှတ်မဲ့စိတ်ဖြင့် တစ်ခန်းဝင်၊ တစ်ခန်းထွက် လျှောက်ကြည့်နေ မိသည်။
          ပစ္ဆာန္တရာဇ်နိုင်ငံတော်အတွက် သမ္မတတစ်ဦးအဖြစ်ရော လူထုခေါင်းဆောင်တစ်ဦးအဖြစ်ပါ သူမ တာဝန်ကြေခဲ့ပါပြီ။ သူမ၏ မကြာမီ ဆိုက်ရောက်လာတော့မည့် အနားယူခြင်းသည် တစ်နည်းအားဖြင့် အောင်မြင်စွာ ဆုတ်ခွာခြင်းလည်း မည်ပါပေ၏။ မည်သူတွေ မည်သို့ပင် ပြောစေကာမူ။ မည်သူတွေ မည်သို့ပင် ကန့်ကွက်စေကာမူ။ သူမ ပစ္ဆာန္တရာဇ်နိုင်ငံတော်၏ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်ခဲ့ပြီ။ ဖြစ်သည့်အတိုင်းလည်း သူမ၏ ရွေးကောက်ပွဲ ကတိကဝတ်မှန်သမျှကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။
***
          အမျိုးကောင်းသမီးအား ပစ္ဆာန္တရာဇ်နိုင်ငံတော် ပြည်သူလူထုအားလုံးက အမေဟု တညီတညွှတ်ထဲ လှိုက်လှိုက်လှဲလှဲ ခေါ်ကြသည်။
          ခေါ်မယ်ဆိုလည်း ခေါ်ထိုက်ပါသည်။ နှစ်ပေါင်းခြောက်ဆယ်ကျော် အာဏာရှင်လက်အတွင်း မသေ မရှင် ဆန့်ငင်ဆန့်ငင်ဖြစ်နေရသော ပစ္ဆာန္တရာဇ်နိုင်ငံရေးသည် အမေပါဝင်လာမှ တစ်သွေးတစ်မွေးဖြင့် ကမ္ဘာ့အလယ်မှာ တင့်တယ်စွာ လူလားမြောက်ခဲ့ရသည်။ မိမိကိုယ်တိုင် ဝမ်းနဲ့လွယ်၍ အသက်ကိုပင် ပဓာနမထားပဲ မိခင်မေတ္တာအပြည့်ဖြင့် မွေးထုတ်ခဲ့ရသော သားအရင်းများကိုပင် လစ်လျူရှုကာ ပြည်သူတစ်ရပ်လုံးအတွက် ဘဝကို မြုပ်နှံရဲသော အမေ့လို မိန်းမသားမျိုး ဘယ်မှာ ရှိအံ့နည်း။ ပြည်သူနှင့်နိုင်ငံကို ရင်ဝယ်သားကဲ့သို့ ချီပိုးပိုက်ထွေးကာ လူအခွင့်အရေးပန်းတိုင်သို့ ခရောင်းလမ်းကို ဖြတ်သန်းပြီး၊ အရောက်ပြေးခဲ့သော အမေ့လို မိခင်မျိုး  ဘယ်မှာ ရှိအံ့နည်း။ နောက်ထပ် ပစ္ဆာန္တရာဇ်သမိုင်းမှာ ထပ်ရဖို့ပင် မသေချာဟု ဆိုချင်သည်။
***
         ယခုအခါ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးတွင် နည်းပညာတိုးတက်မှုကလည်း အံမခန်း။ ဤသည်မှာလည်း အမေ့၏ကြိုးစားအားထုတ်မှု ရလဘ်ပင်ဖြစ်သည်။ သို့သော် ခေတ်မီတိုးတက်မှုအားလုံးသည် ကောင်းသည်ဟု တော့ မဆိုလိုနိုင်ပေ။ တိုးတက်ခြင်း၏နောက်က ကပ်ပါလာတတ်သော ပျက်စီးဆုံးရှုံးမှုများ၊ တိုးတက်ဖွံဖြိုးမှု အတွက် နောက်ဆုတ်ပေးလိုက်ရသော ကိုယ်ကျင့်တရားများအတွက်မူ အမေသည် တွေးမိတိုင်း စိတ်မကောင်း ဖြစ်ရသည်။
          သူမသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအစစ်ကို ယူဆောင်ပေးနိုင်သော လူထုခေါင်းဆောင်သာ ဖြစ်သည်။ ခေတ်မီတိုးတက်မှု၏ နောက်ကွယ်မှ အလစ်ချောင်း လိုက်ပါလာသော လူတို့၏ မရပ်တန့်နိုင်သည့် လောဘ၊ ဒေါသ၊ မောဟအမှားအယွင်းများအတွက်တော့ သူမလည်း မည်သို့မှ မတတ်နိုင်။ အမေသည် ပြည်သူလူထုအပေါ်၌ ခေတ်အဆက်ဆက် အရိပ်မိုးထားသည့် အာဏာရှင်စနစ်၏ ဖိအားများကိုသာ ဖယ်ရှားပေးနိုင်သည်။ အမေသည် နိုင်ငံရေးသမားကောင်းတစ်ယောက်သာ ဖြစ်သည်။ လူတို့၏ စိတ်အညစ်အကြေးများမှ ထွက်ပေါ်လာသည့် မတင်းတိမ်နိုင်ခြင်းကို တားဆီးနိုင်သည့် တန်ခိုးရှင်တစ်ဦး မဟုတ်ပေ။
***     ***     ***
အခန်း(၂)
           ယခုအခါ ပစ္ဆာန္တရာဇ်နိုင်ငံတော်သားတို့သည် ပုံတူမျိုးပွားနည်းပညာကို အသစ်အဆန်းသဖွယ် အရူးအမူး ဖြစ်နေကြသည်။
          ပစ္ဆာန္တရာဇ်နိုင်ငံတော်ရှိ အိမ်တိုင်းမှာ ပုံတူမျိုးပွားထားသော လူမိတ္တူများ ရှိနေကြသည်။ မိမိတို့အိမ်၌ မိသားစုဝင်တစ်ဦးဦး၏ DNAမှ ပုံတူမျိုးပွားထားသော လူမိတ္တူ တစ်ယောက် မရှိလျှင် ခေတ်မမီ အဆင့်အတန်းမရှိဟု သတ်မှတ်ခံရသော ခေတ်ဖြစ်သည်။ ဟိုရှေးအစဉ်အဆက်ကတည်းက ပစ္ဆာန္တရာဇ်နိုင်ငံသားတို့၏ သဘာဝမှာ တစ်ယောက်က ရော့(Rock)ဆိုလျှင် အားလုံးက လိုက်ရော့သည်။ တစ်ယောက်က မက်တယ်(Metal)ဆိုလျှင် လိုက်မက်တယ်သည်။ တစ်ယောက်က ရက်(Rap)ဆိုလျှင် လိုက်ရက်တတ်သော ပေါ်ပင်လိုက် သဘာဝ ရှိသည်။
***
          ယခုလည်း ပစ္ဆာန္တရာဇ်နိုင်ငံတော်၌ DNAပုံတူမျိုးပွား သိပ္ပံပညာ ခေတ်စားအားကောင်းသော ကာလဖြစ်သည်။ ကျောင်းများ၊ တက္ကသိုလ်များတွင်လည်း ပုံတူမျိုးပွား သိပ္ပံပညာရပ်ကိုသာ သင်ယူချင်သူ၊ စိတ်ဝင်စားသူ ကျောင်းသားများ ဖောင်းပွနေလေသည်။
          မည်မျှအထိ ပုံတူမျိုးပွားသိပ္ပံပညာကို လူငယ်၊ လူကြီး စိတ်ဝင်စားကြသနည်းဆိုသော် တစ်ချိန်က ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးတွင် ဆရာဝန်ဖြစ်လျှင် ဝင်ငွေကောင်းသည်ဟု ယူဆသောခေတ်တစ်ခု ရှိခဲ့ဖူးသည်။ ထိုခေတ်၌ အမှတ်အများဆုံးဖြင့် သတ်မှတ်ခံရသော ဆေးတက္ကသိုလ်သည် ဝင်ခွင့်အမှတ်များ လျော့ကျ၍ ယခုအခါ ပုံတူမျိုးပွားသိပ္ပံပညာတက္ကသိုလ်၏အောက် လေးဆင့် လောက်အကွာမှာ မျက်နှာငယ်စွာ ရပ်တည်နေလေသည်။
***    ***    ***
          ပုံတူမျိုးပွားရွှေခေတ်….
          ကဗျာဆရာတစ်ဦး၏ စကားလုံးများ၊ ခေါင်းစဉ်များကို တစ်ခြားကဗျာဆရာတစ်ဦးက လိုသလို ဖလှယ်၍ ရေးသားသော ပုံတူမျိုးပွားကဗျာ အမျိုးအစားများ။ အခြားနိုင်ငံ၊ အခြားအနုပညာရှင်များ၏ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ ဝတ္ထုဇာတ် လမ်း၊ ဇာတ်ကွက်နှင့် စိတ်ကူးစိတ်သန်းများကို မိမိကိုယ်ပိုင် ဖန်တီးထားသကဲ့သို့ ထုတ်လုပ်သည့် ပုံတူမျိုးပွား အနုပညာရပ်များ၊ ပုံတူမျိုးပွားထုတ်ကုန်များ အထူးခေတ်စားသည်။ ပစ္ဆာန္တရာဇ်နည်း၊ ပစ္ဆာန္တရာဇ်ဟန် ပုံတူမျိုးပွား ရွှေခေတ်…။
         အိမ်တိုင်းအိမ်တိုင်းတွင် ပုံတူမျိုးပွားတစ်ယောက် သို့မဟုတ် ပုံတူမျိုးပွားထုတ်ကုန်တစ်ခုကတော့ ရှိသည်ပင်။ ပုံတူမျိုးပွားသိပ္ပံပညာရပ်ကြောင့် ကောင်းမွန်သည့် အချက်များလည်း ရှိပါသည်။
          လင်နှင့်မယား တစ်မြို့စီ၊ တစ်နယ်စီ ခွဲခွာ၍ နိုင်ငံ့တာဝန်ထမ်းဆောင် နေသူ ဝန်ထမ်းများ၊ စီးပွားရေး လုပ်ငန်းရှင်များအဖို့ မိမိလင်၊ မိမိမယားက မိမိအနားမှာတစ်ဖဝါးမခွာ ပြုစုယုယမှုပေးသကဲ့သို့ ထင်မှတ် စေရသော မိတ္တူလင်၊ မိတ္တူမယားများပေါ်ပေါက်လာသည်။ ထိုလူမိတ္တူများက သက်ဆိုင်ရာ အိမ်ထောင်ဖက်အတွက် ကိလေသာယားယံမှုကို သစ္စာဖောက်စရာမလိုပဲ ကိစ္စပြီးစေသည်။
          သို့သော် မိန်းမဖြစ်သူကို လွမ်း၍ ပုံတူပွားထားသော မိတ္တူမယားက ကာယကံရှင် မိန်းမနှင့်တစ်ထပ်တည်း မတူတာမျိုး။ ယောက်ျားဖြစ်သူကို တမ်းတ၍ မိတ္တူကူးယူထားသော မျိုးပွားလင်က အခြားမိမိနှစ်သက်ရာ သရုပ်ဆောင် မင်းသား၊ မင်းသမီးတို့၏ ရုပ်သွင်ကို ဖန်တီးယူထားတာမျိုးတွေကတော့ ရှိသည်။ သည့်အတွက်လည်း ပစ္ဆာန္တရာဇ်နိုင်ငံတော်၏ ပုံတူမျိုးပွားရွှေခေတ်ကြီးက အချင်းချင်း နားလည်မှုပေးကြပေသည်။
***    ***    ***
အခန်း(၃)
          အမေသည် သမ္မတအိမ်တော်၏ တစ်ခုသော ပြတင်းတံခါးမှ ငေးကြည့်နေသည်။ မထွက်ပြူသေးပဲ အာရုဏ်ဦးအလင်းရောင် လေးကိုသာ ရှေ့ပြေးလွှတ်ထားသော နေမင်းကြီးအား စိတ်ကူးဖြင့်မျှော်ငေးရင်း သက်ပြင်းပူပူတစ်ခွက်အား လောကကို တိုက်ကြွေးမိလေသည်။ သူမသည် နောက်လအနည်းငယ်ဆိုလျှင် အနားယူရတော့မည်။ သူမချစ်သော ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးနှင့် ပစ္ဆာန္တရာဇ်ပြည်သူလူထုအတွက် သူမလုပ်ပေးရမည့် အလုပ်များက မပြီးပြတ်သေး။
         အခုဆိုလျှင် ပေါ်ဦးပေါ်ဖျား ပုံတူမျိုးပွားသိပ္ပံပညာနောက် စည်းမရှိကမ်းမရှိ။ ဥပဒေမဲ့စွာ ပရမ်းပတာ လိုက်နေကြသော သူမချစ်သည့် ပြည်သူတွေအကြောင်း စဉ်းစားမိလျှင် အမေသည် သက်ပြင်းအပူကိုသာ ရည်ရွယ်ချက်မဲ့ မှုတ်ထုတ်မိစမြဲ။ သူမအနားမယူခင် သမ္မတသက်တမ်းအတွင်းမှာတော့ ပုံတူမျိုးပွားခြင်းနှင့် ပတ်သက်သည့် ဥပဒေတစ်ခုကို ပြည်သူ့ဆန္ဒနှင့်အညီ လွှတ်တော်မှတစ်ဆင့် ပြဋ္ဌာန်းနိုင်အောင် ကြိုးစားရဦးမည်။
***
         အချိန်သည် လူထက်အသေစောလွန်းသည်။ သူမလို နိုင်ငံအတွက် ဘဝတစ်ခုလုံး နှစ်မြုပ်ထားသော သမ္မတတစ်ဦး၏သက်တမ်း ဆယ်နှစ်သည် ဘာမှမကြာလိုက်သလို။ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးအား ဝိဇ္ဇာဓိုလ် ဆေးကြိမ် လုံးနှင့် တို့သလို၊ ဤရွေ့ဤမျှ အံ့မခန်းပြောင်းလဲအောင် လုပ်ဆောင်ပေးနိုင်သည်ကိုပင် အမေ့စိတ်က ဘယ်လိုမှ အားမရနိုင်သေး။ ဖြစ်နိုင်လျှင် နောက်ထပ်ဆယ်နှစ် သူမ၏ စိတ်ရော၊ ကိုယ်ပါ သည်နိုင်ငံအတွက် ထပ်မံ မြုပ်နှံလိုက်ချင်သည်။ ပြည်သူတွေကလည်း လိုလားကြမည်ဟု အမေထင်သည်။ သို့သော် မဖြစ်နိုင်။ ပစ္ဆာန္တရာဇ်နိုင်ငံတော်တွင် သမ္မတတစ်ဦးသည် နှစ်ကြိမ်ထက်ပို၍ ရွေးကောက်ခံခွင့်မရှိ။
          အာဏာရှင်စနစ်ကို အမေတိုက်ချလိုက်နိုင်ပေမယ့် အာဏာရှင်ဟောင်းများ။ အာဏာရှင်၏ သားစဉ်မြေးဆက်များ။ အာဏာရှင်နဲ့မှ ချမ်းသာအောင်လုပ်တတ်သော ကိုယ်ရည်ကိုယ်သွေး မပြည့်ဝသည့် အာဏာရှင်လိုလားသူ သူဋ္ဌေးမင်းများက သူမ၏ သမ္မတသက်တမ်း တစ်လျှောက်လုံးကို မျက်လုံးဒေါက်ထောက် ကြည့်နေကြသည်။ မှားလျှင် ဆော်မည်။ ရလျှင် တွန်းချမည်။ ဘာအမှားအယွင်းမှ ရှာမတွေ့လျှင် အမေ့သမ္မတသက်တမ်းအပြီးမှာ အာဏာရှင်နှင့် အာဏာရှင်စနစ်ကို ပစ္ဆာန္တရာဇ်နိုင်ငံတော်၏ နိုင်ငံရေးဇာတ်ခုံပေါ်သို့ မည်သည့်နည်းနှင့် အရောက်ပြန်ပို့ရမည်နည်း ဆိုသည်ကို အကြံထုတ် နေကြပေလိမ့်မည်။
          ဤသို့ဖြင့် အမေသည် သူမအလွန် ပစ္ဆာန္တရာဇ်နိုင်ငံရေးအတွက် တစ်ယောက်တည်း စိတ်ပူပင်သောက ရောက်နေရရှာလေသည်။
***
            “ငါးနာရီခွဲပါပြီအမေ။ ဘုရားဝတ်ပြုချိန် ရောက်ပါပြီ။”
           အမေ့၏ အားအထားရဆုံး စက္ကထရီမလေး အေသီနာက အမေကြားလောက်ရုံ လေသံကလေးဖြင့် သတိပေးလိုက်သည်။
          အေသီနာ အမေ့ကို လေးစားအားကျမိသည်မှာ သူမ၏ အမြဲတမ်း နိုးကြားတက်ကြွ နေသော စိတ်ဓာတ်နှင့် လှုပ်ရှားမှုများကိုပင်။ ယခုလည်း မနက်ဝေလီဝေလင်းကတည်းက သမ္မတအိမ်တော် တစ်ခုလုံးကို သတိမကပ်သလို လျှောက်ကြည့်နေသည်ဟုထင်ရသော အမေသည် အေသီနာ သတိပေးလိုက်သည်နှင့် ချက်ချင်းဆိုသလို ခြေလှမ်းများကို ဘုရားခန်းရှိရာ ဆတ်ကနဲ ဦးလှည့်ပစ်လိုက်သည်။
          ထို့နောက် လတ်ဆတ်သော သမင်ပျိုမလေးတစ်ကောင်အလား ဘုရားခန်းရှိရာ အပေါ်ထပ်သို့ လှမ်း တက်သွားသည်။ အသက်ခုနှစ်ဆယ်ကျော် အဘွားကြီးတစ်ယောက်ပါဟု ပြောလျှင် ယုံနိုင်စရာမရှိ။ အသက်သုံးဆယ်ကျော် အပျိုဟိုင်းကလေး အေသီနာပင် အမေ့ခြေလှမ်းတွေကို မနည်းမီအောင် လိုက်နေရ သည်။
***
          အိုမင်းရင့်ရော်ခြင်းကို ဘာနှင့်ဆုံးဖြတ်ကြပါသနည်း။ အချိန်လား။ အသက်အရွယ်လား။ အတွေ့အကြုံ လား။ ဘဝဖြတ်သန်းမှုလား။ အသားအရေ ရွတ်တွဲရှုံတွခြင်းနဲ့လား။ အေသီနာ ခြေလှမ်းတွေကို သွက်သွက်လှမ်း ရင်း စဉ်းစားနေမိသည်။
          အေသီနာ မသိ။ အေသီနာ သိသည်မှာ အမေ မအိုသေး။ သူမ၏ ခန္တာကိုယ်ကာယမှာ ဖြတ်လတ် သွက်လက်မှုတွေ ရှိနေသေးသည်။ အမေ မအိုသေး။ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ဆုံးဖြတ်နိုင်စွမ်းတွေမှာ တိကျမှုတွေ ရှိနေသေးသည်။ အမေ မအိုသေး။ အမေ့ကို ချစ်သော သူမအပါအဝင် ပြည်သူတစ်ရပ်လုံးမှာ မျှော်လင့်ချက်တွေ ရှိနေသေးသည်။ အမေ မအိုသေး။ အမေ့နေရာမှာ အေသီနာသာဆိုလျှင် အလောင်းစည်သူ မင်းကြီးလို “ငါ မအိုသေး”ဟုပင် လက်ရုံးဆန့်တန်း ကြုံးဝါးမိမည်လား မပြောတတ်။
***
          အေသီနာသည် အမေ့အား မိမိ၏ ဘဝလောက်ပင် ချစ်၏။ မိမိ၏ ဒုတိယမြောက်ကိုးကွယ်ရာလိုပင် လေးစားကြည်ညို၏။ မိမိ၏ မွေးသမိခင်က လူကိုမွေးဖွားခဲ့သည်ဆိုလျှင် အမေသည် အေသီနာ၏ အနာဂါတ်ကို ရွှေဖြစ်အောင် ထုဆစ်ခဲ့သည်ပင်။
           သို့သော် အေသီနာ အမေ့အား လုံးဝ ကြေနပ်သည်တော့မဟုတ်။ ထိုမကြေနပ်မှုသည် မိခင်က လိုတာ ဝယ်မပေးသဖြင့် စိတ်ကောက်ချင်သော ကလေးဆိုးတစ်ယောက်၏ နွဲ့ဆိုးဆိုးမှုမျိုးသာ။  တကယ်ဆိုလျှင် အေသီနာသည် အမေအာဏာ မရခင်က ဖွဘုတ်ကြီးပေါ်မှ နေ၍ အမေ့အတွက် ရဲရဲတောက် တိုက်ပွဲဝင်ပေးခဲ့သူ။ အမေ့၏ သစ္စာတော်ခံ။ မိန်းကလေးတန်မဲ့ ဖွဘုတ်ပေါ်တက်လာသမျှ အမေ့အကြောင်း အတင်းအဖျင်းမှန်သမျှကို ကက်ကက်လန်ရန်တွေ့ခဲ့သူ။
          အခုတော့ အမေသည် သူမလက်ထဲ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရချိန်၌ အေသီနာ့အား ပေးထားသည့်ရာထူးမှာ အတွင်းရေးမှူးမတဲ့။ မှန်တာပြောရလျှင် အေသီနာ့ဘက်က ဒီ့ထက်ပို၍ မျှော်လင့်ခဲ့သည်။ ဒုတိယ သမ္မတမဟုတ်တောင် အနဲဆုံးတော့ ဝန်ကြီးတစ်နေရာလောက် ပေးသင့်သည်ဟု အေသီနာထင်သည်။
          အမေ့အတွက် ဖွဘုတ်တစ်ခုလုံးဗြောင်းဆန်အောင် ဆဲခဲ့၊ ရန်တွေ့ခဲ့ရသည့် သိက္ခာတရားကို ထည့်မတွက်ဘူး ဆိုလျှင်တောင်မှ၊ အင်တာနက်နှစ်ဆယ့်လေးနာရီ သုံးခဲ့ရသည့် ဖုန်းဘေ၊ ကုန်ကျစရိတ်များသည် ဆယ်နှစ်စာ ဝန်ကြီးလစာမျှ မကပေ။
***
         “အား….”
          စိတ်ကူးနှင့် လိုက်လာသော အေသီနာတစ်ယောက် ဘုရားခန်းပေါက်အရောက်မှာ ဘုရားခန်းအတွင်း ရောက်နှင့်နေသည့် အမေ့၏ အော်ညီးသံသဲ့သဲ့ကို ခပ်အုပ်အုပ် ကြားလိုက်ရသည်။ အတွေးကို တန်းလန်းရပ်ကာ ဘုရားခန်းအတွင်းသို့ အေသီနာ အပြေးတစ်ပိုင်း လှမ်းဝင်သွားမိသည်။
         “အမေ… အမေ…၊ ဘာဖြစ်တာလဲ… ၊ ဘာဖြစ်တာလဲ…”
          ဘုရားစင်ရှေ့မှာ အမေသည် သူမ၏ ညာလက်ညှိုးကလေးကို ကျန်လက်တစ်ဖက်ဖြင့်ဖိရင်း ရပ်နေသည်။ နှင်းဆီပန်းတစ်ပွင့်က ဘုရားစင်ရှေ့ ကျမ်းပြင်မှာ။ အမေသည် ဘုရားပန်းကပ်ရင်း နှင်းဆီဆူး စူးလေပြီ။ အကင်းပါးသော အေသီနာက သူ့အင်္ကျီဘေးအိပ်ကပ်အတွင်းမှာ အသင့်ပါလာသည့် ဂွမ်းစကို ကိုင်ရင်း အမေ့နား အပြေးတစ်ပိုင်း လှမ်းသွားလိုက်သည်။
***
အခန်း(၄)
          ဦးအောင်ကြီး စာအုပ်တစ်အုပ်ဖတ်နေသည်။ အတိအကျ ပြောရလျှင် စာအုပ်တစ်အုပ်ကို ကိုင်ထားသည်။ သို့မဟုတ် စာအုပ်ထဲ စိတ်မရောက်ပဲ စာမျက်နှာများကို ဟိုလှန်သည်လော လျှောက်ကြည့်နေသည်ဟု ပြောက ပို၍မှန်ပေလိမ့်မည်။
          ပို၍တိကျအောင် ပြောရလျှင် ဦးအောင်ကြီးသည် သိပ္ပံနှင့်ပုံတူမျိုးပွားနည်းပညာဝန်ကြီးဌာနမှ ဝန်ကြီးဒေါက်တာဘသောင်းကို မျှော်နေခြင်းဖြစ်သည်။ ဦးအောင်ကြီးနှင့်ဒေါက်တာဘသောင်းဆိုသည်မှာ တစ်ချိန်က တစ်စိတ်ထဲ၊ တစ်ဝမ်းထဲ ဖွဘုတ်ပေါ်မှနေ၍ အမေ့အတွက် တိုက်ပွဲဝင်ခဲ့သူများပင်။ ဒေါက်တာဘသောင်းက ဦးအောင်ကြီးထက် သာလွန်သည့်အချက်မှာ ဒေါက်တာဘသောင်းသည် ပစ္ဆာန္တရာဇ်နိုင်ငံတော်၏ ပညာရေးပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ အပတ်စဉ်ဂျာနယ်တစ်ချို့တွင်ပါ ဆောင်းပါးများရေးခဲ့သူ။ ကိုကြီးသောင်းပင် ဖြစ်သည်။
          ထိုဆောင်းပါးများ၏ ကျေးဇူးကြောင့်ပင် ဒေါက်တာဘသောင်းခေါ် ကိုကြီးသောင်းအား အမေက သူမ၏ သမ္မတ ပထမငါးနှစ်သက်တမ်းမှာပင် ပညာရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဒုတိယငါးနှစ်သက်တမ်းတွင် သိပ္ပံနှင့်ပုံတူမျိုးပွားနည်းပညာ ဝန်ကြီးဌာနကို အသစ်ဖွင့်လှစ်ကာ ဒေါက်တာဘသောင်းအား ဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။
          ဦးအောင်ကြီး၊ ဒေါက်တာဘသောင်း၊ အေသီနာ၊ ကိုရွှေသစ်ဟူ၍ အမေ့၏ အနီးအနားတွင် လက်တွဲလုပ်ဆောင်နေသူ လေးဦးမှာ တစ်ချိန်က လူချင်းလည်းရင်းနှီး၊ ဖွဘုတ်ပေါ်တွင် ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီး၏ ပြုပြင်ပြောင်းလဲရေးအတွက် ရဲရဲတောက်စတေးတပ်များ ရေးတင်ခဲ့သူများလည်း ဖြစ်သည်။
          ထိုလေးဦးတွင်မှ ဒေါက်တာဘသောင်းတစ်ယောက်သာ အမြင့်မားဆုံးလုပ်ပိုင်ခွင့်နှင့် ဝန်ကြီးဆိုသောရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။ တစ်ခါတစ်ခါတော့လည်း ဦးအောင်ကြီးသည် အမေ့၏ အခွင့်အရေးပေးမှုများကို မနဲပင်လိုက်မီအောင် ကြိုးစားနေရသည်။ သူတို့လေးဦးက အမေ့၏ ပထမ ရွေးကောက်ပွဲ အနိုင်ရစေရန် စိတ်ရောကိုယ်ပါ နှစ်မြှုပ်၍ အားသွန်ခွန်စိုက်ကြိုးစားခဲ့သူများ ဖြစ်သည်။
          ရွေးကောက်ပွဲကျင်းပကာနီးအချိန် မမှန်ကန်သော သွေးထိုးမှုများကြောင့် အမေ့၏အနီးကပ်ဆုံး လူတစ်ချို့၊ စိတ်ထားများ ကယိမ်းကယိုင် ဖြစ်ချိန်ကပင် သူတို့လေးယောက်က လုံးဝ စိတ်ထားမပြောင်းခဲ့။ အမေ့အတွက် အရေးအကြီးဆုံးအချိန်ဟု ယူဆကာ ရင်ချင်းအပ်၊ ကျောချင်းကပ်ခဲ့ကြသည်။
           သို့သော် ထိုလေးဦးထဲတွင်မှ ဒေါက်တာဘသောင်းတစ်ယောက်ကိုသာ အမေက ဝန်ကြီးဖြစ်ခွင့်ပေးပြီး၊ သူ့ကို သမ္မတအိမ်တော်ထိမ်း။ အေသီနာက စက္ကထရီ။ ကိုရွှေသစ်က ကားဒရိုင်ဘာ။ ဆိုတော့ကာ ပုထုဇဉ်ပီပီ ဦးအောင်ကြီးစိတ်ထဲ နဲနဲတော့ ကျွဲမြီးတိုမိသည်။ ဦးအောင်ကြီးက အသက်ကလည်းကြီး ပညာကလည်းပြည့်တော့ ထိုကိစ္စအပေါ် ဖြေသာစေမည့် အမေ့၏ကောင်းကွက်များကိုသာ အချိန်ပြည့်စဉ်းစားသည်။
          အေသီနာနှင့် ကိုရွှေသစ်ကတော့ လူငယ်များလည်းဖြစ်ပြန်၊ လုပ်ရသည့်အလုပ်ကလည်း ပင်ပန်းသည့်အလုပ်များဖြစ်တော့ သူတို့အပေါ် အမေ့၏ မြှောက်စားမှုကို မကျေနပ်သည့်အကြောင်း ဦးအောင်ကြီးနှင့်တွေ့တိုင်း ရင်ဖွင့်တတ်ကြသည်။ သူတို့ကိုလည်း အပြစ်မဆိုသာ။ အမေ သမ္မတဖြစ်သောအခါ ရာထူးပေး မြှောက်စားမှုများသည် မမျှတဟု ဦးအောင်ကြီးလို ပညာရှိလူကြီးတစ်ယောက်ကပင် သံသယဝင်ခဲ့သေးသည်ပဲ။
***
          မည်သို့ပင်ဖြစ်စေ ထိုမကျေနပ်မှုများက သူတို့ဘဝတစ်လျှောက်လုံး အားကိုး၊ လေးစား၊ ချစ်ကြောက်၊ ရိုသေသော အမေ့အပေါ် သစ္စာဖောက်ရလောက်အောင်တော့ မကြီးမားခဲ့ပေ။ အခုဆိုလျှင် ဦးအောင်ကြီးနှင့် ဒေါက်တာဘသောင်းတို့ တိုင်ပင်ထားသော အရေးတော်ပုံတစ်ခုအတွက် သူတို့လေးတွေကိုပင် ဖြောင့်ဖြစည်းရုံး သိမ်းသွင်းကာ ပါဝင်ခိုင်းထားရသည်။
          ထိုကိစ္စ၊ ထိုအရေးတော်ပုံမှာလည်း ကိုကြီးသောင်းခေါ် ဒေါက်တာဘသောင်းထံမှ စတင် ထွက်ပေါ်လာသော အကြံပင်ဖြစ်သည်။ ယနေ့ ထိုကိစ္စအတွက် ဒေါက်တာဘသောင်းက ကာယကံရှင်ဖြစ်သူ အမေ့ထံမှ ခွင့်ပြုချက် လာတောင်းပေလိမ့်မည်။ အမေခွင့်ပြုလျှင် ပစ္ဆာန္တရာဇ်နိုင်ငံတော်လျှို့ဝှက်စီမံကိန်းအဖြစ် တရားဝင်ပြုလုပ်မည်။ အမေဘက်ကသာ ခွင့်ပြုပါက အေသီနာနှင့် ဒရိုင်ဘာကိုရွှေသစ်၏ အခန်းကဏ္ဍပါဝင်စရာ မလို။
          အကယ်၍ အမေ ခွင့်မပြုလျှင် ဤအိမ်တော်အတွင်းမှာ ဦးအောင်ကြီး အယုံကြည်ရဆုံး  အေသီနာနှင့် ဒရိုင်ဘာကိုရွှေသစ်ကိုသာ အားကိုးရပေတော့မည်။ ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ ဤကိစ္စသည် မဖြစ်ဖြစ်အောင် ပြုလုပ်ရမည့် အရေးတော်ပုံတစ်ခုအဖြစ် ဦးအောင်ကြီးရော၊ ဒေါက်တာဘသောင်းပါ ခံယူထားသည်။
***
          “ဘာပြောတယ်…။ ကျွန်မရဲ့ ဒီအန်အေကိုယူပြီး ကျွန်မကို ပုံတူမျိုးပွားမယ်။ ဟုတ်လား”
          ဒေါက်တာဘသောင်း၏ စကားအဆုံးမှာ အလွန်သမာဓိအားကောင်းသော အမေသည်ပင် အံသြ၊ ထိတ်လန့်၊ တုန်လှုပ်သွားမှုက အထင်းသား။ အသံများပင် မသိမသာ ကျယ်လောင်သွားသည်။ မျက်နှာပေါ်မှာလည်း စိတ်တိုဒေါသ အရိပ်အရောင်များ ထင်ဟပ်လာသည်။ အမေက ဒေါသဖြစ်ခဲသည်။ အင်မတန် သဘောထားပြည့်ဝသည့် အမျိုးသမီး။ အကယ်၍ မဖြစ်မနေ ဒေါသဖြစ်စရာကိစ္စမျိုးနှင့် ကြုံရလျှင်လည်း မျက်နှာနှင့် လေယူလေသိမ်းကို အထူးထိမ်းသိမ်းနိုင်သူ။
         အခုတော့ အမေ့လေသံက သာမန်ထက် အနည်းငယ် ကျယ်လောင်နေပြီး၊ မျက်နှာမှာလည်း မျက်ခုံးအစုံကို အတွန့်ကွေးထားသည်။ ဤလေသံနှင့် ဤမျက်ခုံးအတွန့်လေးကား ချစ်လှစွာသောအမေ အပြင်းအထန် ဒေါသဖြစ်သွားပြီဟု ယူဆနိုင်သည်။ အမေ့ဘက်က ပြသသော ဒေါသအရိပ်အယောင်မှာ ဤမျှလောက်သာ ဖြစ်သော်လည်း ဝန်ကြီးဒေါက်တာဘသောင်းအတွက်မူ ရှေ့ဆက်ပြောရမည့်စကားများကို ဆွံ့အသွားစေသည်။
         ခဏကြာမှ… ဒေါက်တာဘသောင်းထံက ဖြေရှင်းချက်ပေးသလိုလို၊ ပူဆာသလိုလို စကားများ အထစ်ထစ် အငေါ့ငေါ့ ထွက်လာသည်။
          “ဒီ… ဒီ… ဒီလိုပါအမေ။ ကျွန်တော့် စိတ်ကူးက… အဲ… ကျွန်တော် စဉ်းစားမိတာက… အမေ့ရဲ့ဖခင် အသက်ပေး… အဲ… စွန့်လွှတ်သွားတဲ့နောက် ကျွန်တော်တို့ တိုင်းပြည်မှာ အာဇာနည် မျိုးဆက်ပြတ်သွားတယ်။ အာဇာနည်မျိုးဆက်ပြတ်သွားတာနဲ့ ကျွန်တော်တို့အားလုံး အာဏာရှင်စနစ်ရဲ့အောက်ကို အာဏာရှင်နှစ်ဆက် တိုင်တိုင် ရောက်ရှိ ဖြတ်သန်းခဲ့ရတယ်။ အခု အမေအနားယူတော့မယ်ဆိုတော့ ကျွန်တော့်အနေနဲ့ ဒုတိယအကြိမ် အာဇာနည်မျိုးဆက်ပြတ်ပြီး၊ တတိယအကြိမ် အာဏာရှင်တွေ ခေါင်းထောင်ထလာမှာကို မလိုလားဘူး။ ဒါ…. ဒါ… ဒါကြောင့် ကျွန်တော့်ရဲ့ပညာနဲ့ ကျန်ရှိနေသေးတဲ့ အမေ့ရဲ့သက်တမ်းအတွင်းမှာ အမေ့ရဲ့ကလုန်းကို ဖန်တီးပြီး၊ လူထုခေါင်းဆောင် အာဇာနည်မျိုးဆက်မပြတ်အောင် လုပ်ဆောင်ချင်တာပါ။ တိုင်းပြည်အတွက်ပါ အမေ…”
         အမေသည် ဒေါက်တာဘသောင်း၏စကားများကို ဆုံးအောင်နားထောင်ပေးလေသည်။ သူမ၏ မျက်နှာပေါ်၌လည်း အပြုံးတစ်ပွင့်က နေရာယူထားပြီ။ ထိုအပြုံးကို ကြည့်၍ ခန့်မှန်းရမည်ဆိုလျှင် အမေ ဒေါသပြေသွားပြီဟု အဓိပ္ပာယ်ထွက်သည်။ အမေသည် ဒေါသဖြစ်ခဲ၍ ပြေလွယ်လွန်းသော၊ အတေးအမှတ်မထားတတ်သည့် အမျိုးကောင်းသမီးပင် ဖြစ်သည်။
          “ဒါဆိုရင်… ဝန်ကြီးကို ကျွန်မမေးမယ်။ အာဇာနည်ကိုပဲဖြစ်ဖြစ်၊ လူထုခေါင်းဆောင်ကိုပဲ ဖြစ်ဖြစ် ပုံတူပွားလို့ ရတယ်လို့ ထင်သလား။ လူတစ်ယောက်ကို စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်လို ဒါမှမဟုတ် ဓါတ်ပုံတစ်ပုံလို၊ ပန်းချီကားတစ်ချပ်လို ရုပ်ရော၊ နာမ်ရော တစ်ထပ်ထဲကျအောင် မိတ္တူကူးလို့ရသလား…”
          အမေသည် ပြုံးလက်စအပြုံးလှလှအား မျက်နှာပေါ်မှ ခွာမချသေးပါ။ သူမ၏ လက်နှစ်ဘက်ကို ရုံးခန်းစားပွဲပေါ် ထောက်တင်၍ ကိုယ်ကို မတ်မတ်ထားကာ ချက်ကျလက်ကျ မေးလိုက်သည်။ မျက်လုံးအစုံကလည်း ဝန်ကြီးဒေါက်တာဘသောင်းအား စိုက်ကြည့်နေလေသည်။
          အမေ့၏ မေးခွန်းအဆုံးမှာ ဝန်ကြီးထံမှ ဘာစကားသံမှ ထွက်မလာ။ ဝန်ကြီးသည် သူ၏ မျက်နှာပေါ်မှ ရွှေကိုင်းမျက်မှန်ကို ဘယ်ဘက်လက်ဖြင့် အသာမတင်၍ အမေ့နောက်ကျောဘက်ရှိ ပြတင်းတံခါးကို ခေတ္တမျှ ငေးရီနေသည်။ ထို့နောက် ဝန်ကြီးသည် အမေ့၏ အကြည့်ကို ကြာရှည်ရင်ဆိုင်ရန် ခက်သည်ထင့်၊ သူ၏ဦးခေါင်းကို အောက်သို့ ရုတ်တရက်ငုံ့ကာ အကြံထုတ်နေပြန်သည်။
          “ဒေါက်တာဘသောင်းရယ် သေချာစဉ်းစားပါ့ဦး…။ အာဇာနည်ဆိုတာ လူမဟုတ်ဘူး…။ စိတ်ဓာတ်ရှင့်… စိတ်ဓာတ်…”
***
အခန်း(၅)
          အမေနှင့် ဝန်ကြီးဒေါက်တာဘသောင်းတို့၏ ဆွေးနွေးမှုကား အချိန်အားဖြင့် တစ်နာရီခန့်ကြာမြင့်သည်။ ဒေါက်တာဘသောင်း၏ အာဇာနည်ကလုန်း စီမံကိန်းကို အမေက လုံးဝ လက်သင့်မခံ။ ဒေါက်တာဘသောင်းကလည်း ခေါင်းမာပါပေ၏။ အမေ့အား အမျိုးမျိုးလှည့်ပတ်စည်းရုံးသည်။ ဒေါက်တာဘသောင်း ဘယ်လောက်ပင် ခေါင်းမာခေါင်းမာ။ ဆုံးဖြတ်ချက်ချပြီးလျှင် လုံးဝ မပြင်တတ်သည့် အမေ့၏ ခိုင်မာပြတ်သားမှုကို သူ့အနေဖြင့် တွန်းလှန်ပယ်ရှားခြင်းငှာ မစွမ်းသာပေ။
          ထို့ကြောင့် အမေ့ရုံးခန်းအတွင်းမှ အောင်မြင်စွာ တပ်ဆုတ်ခဲ့ရသည်။ သို့ပေသည့် သူကလည်း ဒေါက်တာဘသောင်းပေပဲ။ သူအမျှော်လင့်ကြီးမျှော်လင့်ထားသော အာဇာနည်ကလုန်းစီမံကိန်းကိုတော့ လုံးဝ စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။ သူ့ကို သမ္မတအိမ်တော်ဝန်းထဲအထိ လိုက်ပို့ပေးသော အိမ်တော်ထိမ်း ဦးအောင်ကြီးကို ဝန်ကြီးက စကားတစ်ခွန်း တိုးတိုးလေး ကပ်ပြောသွားသည်။
          “ဦးအောင်ကြီးရေ…။ ခိုးမလုပ်ချင်လို့ တရားဝင်ခွင့်ပြုချက်တောင်းတာကို သူကလက်မခံမှတော့၊ ကျုပ်တို့… ပလန်ဘီအတိုင်း သွားကြတာပေါ့ဗျာ…”
***
         အေသီနာသည် သူမ၏စားပွဲပေါ်၌ အဆင်သင့်တင်ထားသော အတက်ချီကေ့(စ်)ကို ဇဝေဇဝါ စိတ်အတွေးဖြင့် ငေးစိုက်ကြည့်နေမိသည်။ သူမ၏လုပ်ရပ် မှန်ကန်ရဲ့လား။ သူမစဉ်းစားနေမိသည်။ ဒီကိစ္စဟာ လုပ်သင့်သော ကိစ္စဟုတ်မဟုတ် သူမ၏ဥာဏ်လောက်ဖြင့် မဝေခွဲနိုင်အောင် ဖြစ်ရသည်။ အမေကို့ အချိန်ပြည့် ချစ်ကြောက်ရိုသေသည်ဟု ကိုယ့်ကိုယ်ကို ထင်ခဲ့မိသော သူမသည် အမေမသိအောင် အပြစ်တစ်ခုကို လုပ်လိုက်ပြီ။
          မကြာခင်အချိန်အတွင်းမှာ သမ္မတအိမ်တော်ထိမ်း ဦးအောင်ကြီးသည် ဤအတက်ချီကေ့(စ်)အား လာယူပေတော့မည်။ ဤအတက်ချီကေ့(စ်)အတွင်း၌ သွေးစသွေးနများပေကျံနေသော ဂွမ်းစလေးတစ်ခုသည် ရှိ၏။ ထိုဂွမ်းစကလေးပေါ်မှ သွေးစကလေးတွေထဲတွင်ပါဝင်သည့် တစ်ခုတည်းသော DNAသည် နောင်တစ်ချိန် ပစ္စာန္တရာဇ်နိုင်ငံတော်ကြီး၏ အနဂါတ်ကို ပြောင်းလဲပစ်မည့် ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်လေသည်။
          ဖြစ်ချင်မှလည်း ဖြစ်မည်။ ဒါက အေသီနာနှင့်မဆိုင်။ အေသီနာသိသည်မှာ သူမလုပ်သင့်လုပ်ထိုက်သော အလုပ်တစ်ခုကိုသာ သူမ၏စိတ်အလိုညွှန်ကြားချက်အတိုင်း လုပ်လိုက်မိပြီ ဆိုခြင်းပင်။
***
          သူ၏ ခြေလှမ်းများကား သာမန်ထက်ပိုမြန်နေသည်။ ဘေးတစ်ဖက်တစ်ချက်မှ သမ္မတအိမ်တော် နံရံပေါ်ရှိ သမိုင်းဝင်ဓာတ်ပုံများသည် ရိပ်ကနဲရိပ်ကနဲ။ တကယ်တော့ ခြေလှမ်းများက သူ့ရင်ခုန်သံ ကြိမ်နှုန်းများနှင့်၊ ကိစ္စတစ်ခု အမြန်ဆုံးအောင်မြင်ပြီးမြောက်ရန် ဇောထက်သန်နေသော သူ့စိတ်ထက်စာလျှင် အများကြီးပင် နှေးနေသေးသည်ဟု ဦးအောင်ကြီး ထင်သည်။
        ခြေလှမ်းနဲ့အတူ မျက်လုံးအကြည့်များကိုလည်း အနားမပေးမိ။ သူ့၏ မရိုးသားမှုကို တစ်စုံတစ်ယောက်ကများ သိသွားလေမလော။ တစ်စုံတစ်ယောက်ကများ သူ၏လှုပ်ရှားမှုများကို လိုက်လံချောင်းမြောင်းနေသလော။ သံသယက ရင်အစုံကို ပို၍ပို၍ ခုန်လှုပ်စေသည်။ ရင်အစုံက ပေါက်ကွဲထွက်မတတ် ခုန်နေသကဲ့သို့ မျက်လုံးများကလည်း ဂနာမငြိမ်။
          အဆိုးဆုံးမှာ ဦးအောင်ကြီးကိုယ်တိုင် သူ့လုပ်သည့်အလုပ်၏ အမှန်အမှားကို မဝေခွဲနိုင်။ သူ့ဘက်မှာအချိန်ပြည့် တရားမျှတမှုရှိခဲ့သည်။ အမှန်တရားအတိုင်းသာ အချိန်ပြည့် သူ ရပ်တည်ခဲ့သည်။ ဖွဘုတ်တစ်ခေတ်လုံး မျှတလျှော်ကန်၊ တည့်မတ်သည့် စတေးတပ်များကိုသာ ရေးတင်ခဲ့သူ ပညာဥာဏ်ကြီးသော ဦးအောင်ကြီး။
          သမ္မတ၏အိမ်တော်ထိမ်းဘဝမှာလည်း အမေ့အတွက်သစ္စာရှိ လူယုံကြီးအဖြစ် အားအကိုးရဆုံးသူ။ ဒီတစ်ခါ သူလုပ်သည့်အလုပ်မှာ မှန်ကန်ပါ၏လော။ ပစ္စာန္တရာဇ်နိုင်ငံတော်၏ ဖွဘုတ်သမိုင်းတစ်လျှောက် နာမည်တစ်လုံးဖြင့်ရပ်တည်ခဲ့သူ ဦးအောင်ကြီးတစ်ယောက် ဒီတစ်ချက်မှားရုံနဲ့ တစ်သက်လုံး သမိုင်းတရားခံ ဖြစ်ရပေတော့မည်။
***
          အတွေး၊ အမော၊ ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် ဦးအောင်ကြီးတစ်ယောက် ဆုံးဖြတ်ချက် မချနိုင်ခင်မှာပင် သမ္မတအိမ်တော်၏ ကားရုံအတွင်းသို့ ရောက်လာခဲ့လေပြီ။ ကားရုံအတွင်း သမ္မတ၏အထူးကားတစ်စီးဘေး၌ ဒရိုင်ဘာကိုရွှေသစ်ကို အဆင်သင့်တွေ့လိုက်ရသည်။
          အထူးကား၏ကိုယ်ထည်ကိုမှီရင်း ကိုရွှေသစ်က စီးကရက်တစ်လိပ်ကို ဟန်ပါပါ ဖွာရှိုက်နေသည်။ မျက်လုံးများကို မှေးစင်း၍ မီးခိုးငွေ့များကို မျက်နှာကျက်စီ မှုတ်ထုတ်လိုက်သည်။ ထို့နောက် သူ့စတိုင်အတိုင်း ဦးအောင်ကြီးအား ထီမထင်မျက်လုံးများဖြင့် ကြည့်ကာ စီးကရက်ကို တမံသလင်းပေါ် ချပြီး၊ သူ၏အနက်ရောင် ရူးဘိနပ်ထိပ်ဖြင့် နင်းချေပစ်လိုက်သည်။
        ဦးအောင်ကြီးက လက်ထဲမှအတက်ချီကေ့(စ်)ကို ဒရိုင်ဘာကိုရွှေသစ်ထံ ကမ်းပေးလိုက်သည်။ ကိုရွှေသစ်က ပြန်လည်လက်ကမ်းယူလိုက်သောအခါ ဦးအောင်ကြီးက ချက်ချင်းမပေး။ မှန်တာပြောရလျှင် အခိုက်အတန့်၌ ကိုရွှေသစ်အပေါ် မယုံကြည်သောစိတ်က ဦးအောင်ကြီးကို လွှမ်းမိုးနေသည်။ ယခုအချိန်မှာ ဤကိစ္စအတွက် မိမိကိုယ်တိုင်မှလွဲ၍ ယုံကြည်ရမည့်သူ မရှိဟု ဦးအောင်ကြီး ထင်သည်။
        ပေးသင့်၊ မပေးသင့် ဇဝေဇဝါဖြစ်နေသည်။ ၎င်းတို့နှစ်ဦး၏ လက်များကား အတက်ချီကေ့(စ်)ကို တစ်ဖက်စီ ဆုပ်ကိုင်ရင်း လေထဲမှာ တန်းလန်းကြီးဖြစ်နေသည်။
 ***
အခန်း(၆)
          ဝုန်း….
          ဒိုင်း… ဒိုင်း…. ဒိုင်း…
          ဒက် ဒက်… ဒက် ဒက် ဒက်… ဒက် ဒက်
          လက်ပစ်ဗုံးပေါက်ကွဲသံ။ တစ်ချက်ချင်းလှမ်းပစ်လိုက်သော သေနတ်သံ။ အတွဲလိုက် ဆွဲပစ်လိုက်သော စက်သေနတ်သံများဖြင့် မြို့ထဲမှာ ဆူညံသွားလေသည်။ ရှေ့တစ်စီး၊ နောက်တစ်စီး ညှပ်ပူးညှပ်ပိတ် ပစ်နေသော ကားနှစ်စီးကြားမှာ ကိုရွှေသစ် အလူးအလဲရှောင်တိမ်းနေရသည်။ ပစ္စာန္တရာဇ်နိုင်ငံတော်ကြီး၏ သမ္မတအဆက်ဆက်အတွက် လုံခြုံရေးကို ဦးစားပေးကာ အထူးတီထွင်ထားသောကားမို့သာ တော်တော့သည်။ နို့မို့ဆို မလွယ်။ ကိုရွှေသစ်၏ကားမောင်းကျွမ်းကျင်မှုကလည်း ဤနေရာမှာ အတော်တာသွားသည်။
         ဒက် ဒက်… ဒက် ဒက် ဒက်…
         ဝုန်း…
         ဒိုင်း… ဒိုင်း…
         နောက်ကကားက စက်သနပ်ကို အတွဲလိုက်ဆွဲပြီး အဆက်မပြတ်ပစ်သည်။ ရှေ့ကကားကလည်း ခေါင်မိုးပေါက်ကနေ လက်ပစ်ဗုံးတွေ တစ်လုံးပြီးတစ်လုံး ထုနေသလို၊ ဘေးတံခါးပေါက်မှ ခေါင်းထွက်၍ ပစ္စတိုတစ်လက်ဖြင့် တစ်ချက်ချင်းပစ်နေသည်။ ရေရှည်ဆိုလျှင်မလွယ်။
          အထူးကား၏ ကိုယ်ထည်နှင့်မှန်များမှာ (၇.၆၂) ရိုင်ဖယ်ကျည်ဆံလောက်အထိကတော့ အစင်းရာမျှပင် ထင်မည်မဟုတ်ပေ။ တော်ရုံလက်ပစ်ဗုံးလောက်ကိုလည်း မမှု။ အဘယ်ကြောင့်ဆိုသော် အထူးကား၏ ကိုယ်ထည်မှာ လက်ပစ်ဗုံးများ၊ နင်းမိုင်းများကို ကာကွယ်နိုင်ရန် လျှပ်စစ်သံလိုက်ဒိုင်းကာ လျှပ်စီးပတ်လမ်းများ ပါဝင်သည်။ ထိုလျှပ်စီးပတ်လမ်းများကို လူ၏မျက်စေ့ဖြင့် မမြင်ရ။ သို့သော် ရေရှည်တိုက်ပွဲ ဖြစ်လာပြီး လက်နက်ကြီးများထုတ်သုံးလျှင်တော့ ကိုယ်ထည်မှာကာကွယ်ထားသည့် လျှပ်စစ်ဒိုင်းကာများ ပျက်စီးပြီး၊ ဒရိုင်ဘာမောင်မောင်ကျွမ်းခေါ် ကိုရွှေသစ်ပင်လျှင် မာလကဈာန်ကြွသွားနိုင်သည်။
***
          ထို့ကြောင့် ကိုရွှေသစ် စဉ်းစားသည်။ ယခု ကိုရွှေသစ် သယ်ဆောင်လာခဲ့ရသော အတက်ချီကေ့(စ်)သည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်သည်။ ဝန်ကြီးဒေါက်တာဘသောင်း၊ အိမ်တော်ထိမ်း ဦးအောင်ကြီး၊ စက္ကထရီ အေသီနာနှင့် ကိုရွှေသစ်မှလွဲ၍ မည်သူမှ မသိဟု ဦးအောင်ကြီးကတော့ ပြောသည်။ ဤသို့ဆိုလျှင် ယခု ကိုရွှေသစ်ကို အသည်းအသန် လိုက်လံနှိမ်နင်းနေသောအဖွဲ့သည် မည်သည့်အဖွဲ့အစည်းက ဖြစ်သနည်း။
         ကားကို ရှောင်တိမ်းကွေ့ဝှိက်မောင်းနေရင်းမှ ကားဒက်(ရှ်)ဘုတ်ပေါ်ရှိ ခလုတ်တစ်ခုကို ကိုရွှေသစ် နှိပ်လိုက်သည်။ သံမဏိပြားကိုပင် ဖောက်ထွင်းမြင်နိုင်သော အိပ်စရေးကင်မရာတစ်ခု ကားနောက်မြီးမှ ထွက်လာသည်။ တွေ့ပါပြီ။
***
         အောင်ချမ်းသာ။ အာဏာရှင်ထောက်ခံသူ အောင်ချမ်းသာ။ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီး၏ ဒီမိုကရေစီခေတ်တွင် ကြီးစိုးမင်းမူနေသည့် လူမိုက်ဂိုဏ်းကြီးများ၏ အကျိုးတော်ဆောင် အောင်ချမ်းသာ။ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးတွင် အုပ်ချုပ်မင်းမူခဲ့ဖူးသည့် အာဏာရှုင်ကြီးနှစ်ဦး၏ သားစဉ်မြေးဆက်များဖြင့် ဖွဲ့စည်းထားသည့် လူမိုက်ဂိုဏ်းကြီးများ၏ အထူးသတင်းပေးနှင့် အကျိုးတော်ဆောင် အောင်ချမ်းသာ။ ကားရှေ့ခန်းတွင်ထိုင်ရင်း မျက်မှန်အနက်ကြီးကိုတပ်၍ မီးတို့မထားသောဆေးပြင်းလိပ်အသစ်ကြီးကိုခဲကာ အမိန့်တွေပေးနေသည်။
***
          ဘယ်သူဘယ်ဝါဆိုတာ ကိုရွှေသစ် သိပြီ။ စဉ်းစားခန်းကို ရပ်လိုက်သည်။ ကိုယ်မောင်းနေသည့် ကားစီယာတိုင်ပေါ် စိတ်ကို ပြန်တင်ထားလိုက်သည်။ ကိုရွှေသစ် မှန်သည်။ အကယ်၍ ဆက်စဉ်းစားနေလျှင်လည်း အာရုံတွေ လွင့်ပါးပြီး သေဖို့သာရှိမည်။
          အဘယ်ကြောင့်ဆိုသော် ရှေ့ကား၏အမိုးပေါက်အတွင်းမှ မတ်တပ်ရပ်ကာ လက်ပစ်ဗုံးများဖြင့် အဆက်မပြတ်ထုနေသော ကြေးစားတစ်ယောက်သည် ကားအတွင်းသို့ ပြန်ဝင်သွားသည်။ ထို့နောက်ချက်ချင်းပင် နောက်တစ်ယောက် ပေါ်လာသည်။ ပခုံးပေါ်မှာ လက်နက်ကြီးတစ်ခုကို ထမ်းလျှက်…။ ရုတ်တရက်တော့ ကိုရွှေသစ် ဘာလုပ်ရမှန်းမသိ။ သို့သော် အထူးလေ့ကျင့်ထားသောစိတ်က ချက်ချင်းပင် တည်ငြိမ်သွားသည်။
          “ဒါမျိုးတော့ ရွှေသစ်ကို စမ်းလို့ရမလားကွာ…”
          ပါးစပ်က အသံများပင်ထွက်၍ ကိုရွှေသစ် ရေရွတ်လိုက်မိသည်။ ဒီအဆင်ကို ကိုရွှေသစ်က မျှော်လင့်ထားပြီးသား။ နောက်ပြီး ကြိုတွက်ထားပြီးသား။ ကိုရွှေသစ်လိုချင်သော ဂွင်ကို ဝင်လေပြီ။
          “သေဖို့သာပြင်ပေတော့ အောင်ချမ်းသာရေ…”
           ပါးစပ်က ကျိမ်းဝါးရင်း ကိုရွှေသစ် ခြေထောက်က လေဘာကိုခပ်ဖွဖွနင်းထားပြီး၊ ဟမ်းဘရိတ်ကို အလောတော် ဇတ်ကနဲ ဆွဲလိုက်သည်။ အရှိန်နှင့်ပြေးထွက်တော့မလို၊ ရပ်ပဲရပ်တော့မလို ဘရိတ်မမိတမိ အခြေအနေမှာ ကားက အနဲငယ် ရမ်းသွားသည်။ ရမ်းသွားသော ကား၏အရှိန်အတိုင်း စီယာတိုင်ကို ဘယ်ဘက်ရှိ လမ်းမြှောင်အတွင်း ဆွဲကွေ့ပစ်လိုက်သည်။ လမ်းမြှောင်ရှိရာဘက်သို့ ကားဦးတည့်သွားသည်နှင့် လက်ကမထိတထိဆွဲထားသော ဟမ်းဘရိတ်ကို လွှတ်ကာ လေဘာကို စောင့်နင်းပစ်လိုက်သည်။ ရှေ့ကား၊ နောက်ကား ညှပ်ပိတ်ထားသော အကျပ်အတည်းအတွင်းမှ ကိုရွှေသစ် လျှောကနဲ လွတ်မြောက်သွားလေသည်။
           ကျွီ… အီ… အီ… ဝူး…
           အုန်း… ဒုန်း… ဝုန်း… ဂလွမ်း…
           ရှေ့ကားက ပစ်လိုက်သော လက်နက်ကြီးကျည်က နောက်ကားကို သွားမှန်သည်။ နောက်ကားက ပစ်လိုက်သော စက်သေနတ်ကျည်များက ရှေ့ကားကိုမှန်ပြီး ပေါက်ကွဲသည်။ ပွဲပြီးလေပြီ။ တာ့တာ… အောင်ချမ်းသာ။
***
          အောင်ချမ်းသာကတော့ ပွဲပြီးလေပြီ။ သို့သော် ကိုရွှေသစ်အတွက်ကတော့ မပြီးသေး။ မလောက်လေးမလောက်စား အောင်ချမ်းသာတို့လို ကြေးစားအဖွဲ့သည် ကိုရွှေသစ်အတွက် စာမဖွဲ့လောက်။ တကယ့်စိန်ခေါ်မှုက ကိုရွှေသစ်ကို ရှေ့က ကြိုစောင့်နေသည်။
          တစ်ချိန်က ကမ္ဘာ့နာမည်ကြီး မာဖီးယားဂိုဏ်းကြီးတွေထက်ပင်သာသော လူဆိုးဂိုဏ်းကြီးနှစ်ခုက ကိုရွှေသစ် ဖြတ်သန်းရမည့် မြို့နယ်တစ်ခုကို တစ်ဝက်စီပိုင်းပြီး အုပ်ချုပ်နေသည်။ ထိုလူဆိုးဂိုဏ်းကြီးနှစ်ခု၏ ဂိုဏ်းစတားနှစ်ဦးမှာ နာမည်ကြီး။ ကောက်ကျစ်၊ ယုတ်မာ၊ ပက်စက်သောနေရာ၌ ဘိုးဘွားအမွေကို ဆက်ခံထားသည်ဟု ပြောရမလို။ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးမှာ ပြည်သူလက်မခံသဖြင့် အရာကျသွားသော အာဏာရှင်ကြီးနှစ်ဦး၏ သားစဉ်မြေးဆက်များ…။ အခု ဂိုဏ်းစတားဖြစ်နေသည်။
          ဒီမြို့နယ်ကို ရှောင်သွားလို့ကလည်း မဖြစ်။ အချိန်ကြာမည်။ DNAက ဒေါက်တာဘသောင်းလက်ထဲကို အချိန်မီရောက်ပါမှ ကလုန်းအဖြစ် အသက်ဝင်လာမည် ဖြစ်သည်။ နောက်ကျလို့ လုံးဝ မဖြစ်။ ကိုရွှေသစ် တွေးရင်း နဖူးမှ ဇောချွေးများပင် စီးကျလာလေသည်။
          “ကဲ ရွှေသစ်… တွေဝေမနေနဲ့။ မင့်အစွမ်းနဲ့ ဒီမြို့နယ်ကို အားတင်းဖြတ်သန်းလိုက်။ ဒီအတားအဆီးကို ကျော်နိုင်တာနဲ့ မြို့ပြင်မှာ လျှို့ဝှက်တည်ဆောက်ထားတဲ့ ဒေါတာဘသောင်းရဲ့ သိပ္ပံစမ်းသပ်ခန်းကို ရောက်ပြီ။ ကြိတ်လိုက်စမ်း ငရွှေသစ်…”
          သူ့ကိုယ်သူ အားပေးရင်း ကိုရွှေသစ် ကားစီယာတိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ အံတစ်ချက်ကျိတ်ပြီး လေဗာကို အသားကုန် စောင့်နင်းပစ်လိုက်သည်။
          ဝူး….
***
အခန်း(၇)
          ဒေါက်တာဘသောင်း၏ စိတ်တွေ သည်ကနေ့ အစွမ်းကုန် လှုပ်ရှားနေသည်။ လက်ထဲမှာ လေဆာတံဆိပ်တုံးကြီးကို ကိုင်ရင်း ထိုင်ရမလို၊ ထရမလို ချီတုံချတုံ ဖြစ်နေသည်။ သည်လေဆာတံဆိပ်တုံးကြီးက သူ၏ထရိတ်မတ် ဖြစ်သလို၊ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီး၏ ဂုဏ်ယူစရာ သင်္ကေတတစ်ခုဆိုလည်း မမှား။
          ဒီလေဆာတံဆိပ်တုံးကြီးကား တစ်ခြားမဟုတ်။ သူတည်ထွင်လိုက်သမျှ ကလုန်းတိုင်း၏ တင်ပါးမှာ အမှတ်အသားသဖွယ် ရိုက်နှိပ်ပေးသော ကရိယာ။ ဒီလို တံဆိပ်တုံးရိုက်မှလည်း လူအစစ်နဲ့ မျိုးပွားထားတဲ့ ကလုန်းကို အလွယ်တကူ ခွဲခြားနိုင်မည် ဖြစ်သည်။ ဒီလေဆာတံဆိပ်တုံးဖြင့် တင်ပါးမှာရိုက်ပေးလိုက်သော စာတန်းသည် အပေါ်ယံအဝတ်အစားများကိုပင် ဖောက်ထွင်းပြီး လင်းနိုင်သော လေဆာမီးစုန်းနည်းပညာ ဖြစ်သည်။
          ယခု သူ ဝေခွဲမရ ဖြစ်နေသည်မှာလည်း ထိုအတွက်ကြောင့်ပင်။ သူ ဖန်တီးပေးခဲ့သော တစ်ခြားကလုန်းများကား သာမန်ပြည်သူများ။ သူတို့၏ လူမှုရေး၊ ကျန်းမာရေး လိုအပ်ချက်များအတွက် ခေါင်းစဉ်အမျိုးမျိုးနှင့် ဖန်တီးပေးခဲ့ရသော သာမန်ကလုန်းများ။
         ယနေ့ မွေးဖွားလာမည့် ကလုန်းကား ထိုသို့မဟုတ်။ သူကိုယ်တိုင် မျှော်လင့်ချက်များစွာဖြင့် ကြိုးစားဖန်တီးခဲ့ရသော လူထုခေါင်းဆောင်၏မိတ္တူ။ အာဇာနည်ကလုန်း။ သည်တော့ လေဆာတံဆိပ်တုန်းကြီးဖြင့် လူထုခေါင်းဆောင်မိတ္တူ၏ တင်ပါးမှာ ရိုက်သင့်မရိုက်သင့် သူ ဝေခွဲရခက်နေသည်။ နောင်တစ်ချိန် ဒီကလုန်းက နိုင်ငံတကာသို့ နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ် လှည့်လည်သောအခါ တင်ပါးမှာ လေဆာမီးစုန်းစာတန်းကြီးက လင်းနေပေလိမ့်မည်။ မလုပ်သင့်ဟု သူ တွေးသည်။
***
          လူသားမိခင်၏ သားအိမ်နှင့်တစ်ထပ်တည်းနီးပါး တူအောင် ဒေါက်တာဘသောင်း တည်ထွင်ခဲ့သည့် သားအိမ်အတုကြီးက လေထဲမှာ လှုပ်ရှားစပြုနေလေပြီ။ ဒီသားအိမ်အတုကို မိခင်၏သားအိမ်ကဲ့သို့ ပြင်ပမှ အလင်းရောင် မထွင်းဖောက်နိုင်အောင် သူ ဖန်တီးခဲ့သည်။
        သန္ဓေသားအား အဟာရထောက်ပံ့မှုစနစ်။ ပြန်လှည့်ကြည့်စရာမလိုအောင် ကြီးထွားဖွံ့ဖြိုးစေသည့် သားအိမ်ခေါင်းချဲ့ထွင်မှုနည်းပညာများကို သူ့အတွေ့အကြုံများနှင့် ရင်းကာ လူအစစ်၏ သားအိမ်အတိုင်း တည်ထွင်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် ဒေါက်တာဘသောင်းအား ကမ္ဘာက သိပ္ပံဆိုင်ရာ နိုဗယ်ဆုကို ပေးအပ်ခဲ့ရသည်။ သူ တည်ထွင်ခဲ့သော သားအိမ်တုမှာ ပြောစရာဆိုလို့ တစ်ခုသာ ရှိသည်။
         ထိုအရာမှာ သားအိမ်အတုသည် မိခင်၏သားအိမ်အစစ်ကဲ့သို့ သန္ဓေသား၏အနေအထားကို ဓာတ်မှန်ရိုက်ကြည့်၍ မရခြင်းပင်။ လူသားမိခင်၏သားအိမ်ကဲ့သို့ သန္ဓေသားကို မထိခိုက်စေရန် လေဆာရောင်ခြည်တန်းများ၏ အန္တရာယ်ကို ကာကွယ်ပေးနိုင်ခြင်း မရှိပေ။
***
          စက်လက်တံများက လှုပ်ရှားသက်ဝင်နေသော သားအိမ်တုအား ဖြေးဖြေးခြင်းသယ်ဆောင်ကာ ကုတင်တစ်လုံးပေါ် ချပေးလိုက်သည်။ သားအိမ်တုရောက်ရှိလာသော ကုတင်အား ဝိုင်းရံကာ ဒေါက်တာဘသောင်းနှင့်အဖွဲ့ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေမိသည်။
          ဒေါက်တာဘသောင်းက ယောင်တိယောင်ကမ်းဖြင့် လေဆာတံဆိပ်တုံးကို လက်တစ်ဖက်က ကိုင်ထားသည်။ ကျန်လက်တစ်ဖက်ဖြင့် သူ၏လက်ထောက် ပုံတူမျိုးပွားပညာရှင်ကို အချက်ပြလိုက်သည်။ လက်ထောက်ပညာရှင်က သားအိမ်တုဆီ လှမ်းသွားပြီး သားအိမ်တု၏ဘေးဘက်ရှိ အီလက်ထရောနစ်ဇစ်ကို ဖြေးဖြေးချင်းဆွဲဖွင့်လိုက်သည်။
          သားအိမ်တုသည် ညှင်သာစွာ နှစ်ချမ်းကွဲသွားသည်။ သားအိမ်တု၏နံရံများသည် ကုတင်ဘေး တစ်ဘက်တစ်ချက်၌ တွဲလောင်းကျသွားသည်။ ဓာတ်ခွဲခန်းတမံသလင်းပေါ်သို့ ရေများဝေါကနဲ ထွက်ကျလာသည်။
          သားအိမ်အတွင်းမှ ရေများကုန်သွားသောအခါ ကုတင်ပေါ်တွင် ကိုယ့်လက်မလေးကိုယ် စုပ်ရင်း ကွေးကွေးလေးအိပ်နေသော ကလုန်းကို မြင်လိုက်ကြရသည်။  ဘာအဝတ်အစားမှမပါ။ ကိုယ်လုံးတီးကလုန်း…။
***
          “ဘယ်လိုဖြစ်တာလဲ…။ ဒါ… ဘယ်သူလုပ်တာလဲ…။ ဒါ ဘယ်သူ့လက်ချက်လဲ…။ ဖတ်… ဖတ်… ဖတ်…။ ငါတို့ထဲက ဘယ်သူ သစ္စာဖောက်တာလဲ….။ ဖတ်…. ဖတ်…. ဖတ်…”
          ပါးစပ်က တစ်ဖတ်ဖတ်ဖြင့် အင်္ဂလိပ်လို ဆဲရင်း၊ သူ့တပည့်များ၏ အင်္ကျီရင်ဘတ်များကို ဒေါက်တာဘသောင်းတစ်ယောက် စိတ်ရှိလက်ရှိ ဆွဲကိုင် လှုပ်ရမ်းနေမိသည်။ ဒေါက်တာဘသောင်း ဒေါသအမျက် ချောင်းချောင်းထွက်လေပြီ။
          သူ့ရည်ရွယ်ချက်များ ရေစုန်မျောလေပြီ။ သူ့မျှော်လင့်ချက်များ သဲထဲရေသွန် ဖြစ်ရပြီ။ သူမျှော်လင့်ထားသော အာဇာနည်ကလုန်း။ လူထုခေါင်းဆောင်မိတ္တူစီမံကိန်းကြီး ပြိုကျပျက်စီးခဲ့ရပြီ။ သူမှ ဒေါသမဖြစ်လျှင် ဘယ်သူ ဖြစ်မည်နည်း။
         ပွက်ပွက်ဆူနေသော ဒေါသများကြားမှ ဒေါက်တာဘသောင်း သိချင်နေသည်မှာ တစ်ခုသာရှိသည်။ ဒီကိစ္စကြီးတစ်ခုလုံးကို ပျက်စီးအောင် သစ္စာဖောက်တာ ဘယ်သူလဲ။ သူသိချင်သည်။ အခု သူမြင်တွေ့နေရသော မှားယွင်းမှုက DNAမှားယွင်းမှု။ တစ်ယောက်ယောက်က DNAကိုလဲပစ်လိုက်သည်။ သို့မဟုတ် ပုံတူမျိုးပွားရမည့် DNAကို အလွဲကြီး ပေးလိုက်သည်။ မဟုတ်လျှင် လုံးဝမှားစရာ အကြောင်းမရှိ။ ယခုလို အမှားမျိုးအယွင်းမျိုး ဖြစ်ရသည်မှာ အတွင်းလူ သစ္စာဖောက်ခြင်းသာ ဖြစ်သည်။
***
          ဒေါက်တာဘသောင်း သေချာစဉ်းစားသည်။ ဒီပြဿနာဟာ သူ့ ဓာတ်ခွဲခန်းမှာ ရှိသည့် တပည့်များ ဝန်ထမ်းများကြောင့်တော့ မဖြစ်နိုင်။ ဤသိပ္ပံဓာတ်ခွဲခန်းအတွက် တပည့်များ၊ ဝန်ထမ်းများကို သူကိုယ်တိုင် သေချာစီစစ်၍ လက်ခံခဲ့သည်။ ဒါ့အပြင် စီမံကိန်းစတင်သောအခါ ပါဝင်ရမည့်သူများကို သူကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ်ခဲ့သည်။ ထို့ကြောင့် ဒီမှားယွင်းမှုအတွက် တရားခံမှာ သူ့ဓာတ်ခွဲခန်းမှ လူများမဖြစ်နိုင်။
          ဦးအောင်ကြီး၊ အေသီနာ၊ ငရွှေသစ်။ ဒီသုံးယောက်ထဲက တစ်ယောက်ယောက်ကများ သစ္စာဖောက်ပြီး မဟုတ်မဟတ် DNAကို ပေးခဲ့သလော။ ပြောလို့မရ။ သူတို့က အမေ့ကို ချစ်ကြောက်၊ ရိုသေကြသော်လည်း သူတို့ရရှိသော ရာထူးအခွင့်အလန်းများနှင့်ပတ်သက်၍ မတင်းတိမ်မရောင့်ရဲသော လေသံများ မကြာခဏ ထွက်တတ်ကြသည်။
         သေချာစီစစ်ခဲ့သည်ဆိုပေမယ့် သူ့ဝန်ထမ်းတွေထဲကရော စိတ်ဓာတ်ရေးရာ မခိုင်မာခဲ့လျှင် အကြောင်းအမျိုးမျိုးနဲ့ သစ္စာဖောက်နိုင်သည်ကို ထည့်တွက်ရမည်။ ဒါလည်း ပြောလို့မရ။ DNAမှားယွင်းမှုအတွက် အဓိကတရားခံသည် မည်သူဖြစ်သနည်း။
***
          “တောက်”
           နာကျည်းခံပြင်းစွာ တောက်တစ်ချက်ခေါက်လိုက်မိသည်။ ကုတင်ပေါ်လှမ်းကြည့်လိုက်တော့ သူမျှော်လင့်တကြီး ဖန်တီးခဲ့သော အရွယ်ရောက်ပြီး ကလုန်းကြီးက ကလေးတစ်ယောက်လို မျက်စေ့မှိတ်လျှက် လက်မလေးကို တပြွတ်ပြွတ် စုပ်နေသည်။
          မယုံမရဲစိတ်ဖြင့် ကုတင်နားတိုးကပ်ကာ ကလုန်း၏ မျက်နှာကို သူ တစ်ချက်ပြန်ကြည့်လိုက်သည်။ သေချာပါသည်။ ဒီသောက်ခွက်တွေကို သူတစ်သက်မမေ့။ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီး၏ နိုင်ငံသားတိုင်း အတွက်လည်း ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်သည့် သောက်ခွက်ကြီးတွေ။ နောက်ပြီး ကလုန်း၏မျက်နှာက တစ်မျိုးတည်းမဟုတ်။ တစ်မျိုးစီ။ နှစ်ချမ်းဖြစ်နေသည်။
         ဒီမျက်ခွက်ကြီးတွေဟာ ဒေါက်တာဘသောင်း ကြိုတင်စိတ်ကူးယဉ်ခဲ့သလို လူထုခေါင်းဆောင်၏ မျက်နှာမဟုတ်။ သူ အင်မတန် လေးစား၊ ချစ်ခင်အားကိုးခဲ့ရသည့် အမေ့၏ မေတ္တာဓာတ်ပြည့်ဝသော ရုပ်သွင်မျိုး လုံးဝ မဟုတ်။ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးကို တစ်ချိန်က ဖိနှိပ်အုပ်ချုပ်ခဲ့ဖူးသည့် အာဏာရှင်ကြီးနှစ်ဦး၏ DNAနှစ်မျိုးစပ် မျက်နှာစပ်ကြားကြီး…။
***
          တူးအင်ဝမ်းမျက်နှာကြီး။ မျက်နှာတစ်ချမ်းက အသားဖြူဖြူ၊ ရှည်ရှည်။ တစ်ရုတ်စပ်ပုံ။ ကျန်သည့် မျက်နှာတစ်ချမ်းက မဲမဲညိုညို၊ လေးထောင့်။ အညာသားပုံကြီး။
          “ဝေါ့… ထွီ”
           ထိုတူးအင်းဝမ်း မျက်နှာစပ်ကြားကြီးကို ကြည့်ပြီး ဒေါက်တာဘသောင်း၏ ရင်ထဲမှ အော်ဂလီဆန်စွာ ပျို့တက်လာသဖြင့် တံတွေးနဲ့ ထွေးပစ်လိုက်မိသည်။ တံထွေးစက်များက ကလုန်း၏ ပါးပြင်ပေါ်မှ စီးကျကာ စုပ်နေသောလက်မမှတစ်ဆင့် ပါးစပ်အတွင်း ဝင်သွားသည်။ အပြစ်ကင်းစင်သည့် ပီဘိကလေးငယ်လေး တစ်ယောက်လိုပင်။
         ဒေါက်တာဘသောင်းကတော့ ဖြစ်နိုင်လျှင် သည့်ထက်ပို၍ လုပ်ချင်မိသည်။ ဖြစ်နိုင်လျှင် ထို မျက်နှာစပ်ကြားကြီးအား တစ်စစီဆွဲဖြဲပြီး သတ်ပစ်လိုက်ချင်သည်။ သို့သော် လုပ်လို့မရ။ ဥပဒေ ပြဌာန်းပြီးသွားပြီ။
          အမေသည် သူ၏သမ္မတသက်တမ်းမကုန်ဆုံးခင် “ပုံတူမျိုးပွားကာကွယ်စောင့်ရှောက်ရေး ဥပဒေ”ကို လွှတ်တော်သို့တင်းသွင်းပြီး အတည်ပြုလိုက်သည်။ ထိုဥပဒေအရ ဖန်တီးထားသော ပုံတူမျိုးပွားလူမိတ္တူများကို လူသားကဲ့သို့ သဘောထားရမည်။ ခန္တာကိုယ်အစိတ်အပိုင်းများအား ဖြတ်တောက်ထုတ်ယူခြင်း မပြုရ။ မည်သည့်အကြောင်းနှင့်မျှ သတ်ဖြတ်ခြင်းမပြုရ။ ဒေါက်တာဘသောင်း ဘာများတတ်နိုင်ပါမည်နည်း။
          တွေးရင်းဖြင့် ဒေါသက တစ်ဖန်ပြန်ထွက်လာပြန်သည်။ ကုတင်ပေါ်ကြည့်လိုက်တော့ မျက်နှာစပ်ကြား အာဏာရှင်ကလုန်းကြီးက သူ့လက်မကိုသာ တပြွတ်ပြွတ် စုပ်နေဆဲ။ ကြည့်ရင်းကြည်ရင်းဖြင့် ဒေါက်တာဘသောင်း၏ ဒေါသက အထွဋ်အထိပ် ရောက်လာသည်။ ဒေါသနဲ့အတူ လက်ထဲက လေဆာတံဆိပ်တုံးကို မြှောက်၍ အာဏာရှင်ကလုန်း၏ ဖင်ပြောင်ပြောင်ကို ဗြောင်းကနဲ ရိုက်ချလိုက်သည်။
          “ဂရား…”
***
           ဒေါက်တာဘသောင်းခမျာ လုံးဝ ရှောင်တိမ်းပြေးလွှားချိန်ပင် မရလိုက်ရှာ။ ကလေးတစ်ယောက်လို မျက်လုံးကလေးမှိတ်ပြီး လက်မကို စုပ်နေသဖြင့် အာဏာရှင်ကလုန်းကို သူလျှော့တွက်ခဲ့မိသည်။ အမူအယာကိုကြည့်ပြီး အထင်သေးစွာ အနားကပ်သွားခဲ့သည်မှာ ဒေါက်တာဘသောင်း၏ အမှားပင်။ အာဏာရှင်ဆိုသည်မှာ ကောက်ကျစ်ဥာဏ်များတတ်သည်ကို မေ့လျော့ခဲ့မိသည်။
           ဒေါက်တာဘသောင်းက လေဆာတံဆိပ်တုံးဖြင့် တင်ပါးကို အားကုန်ရိုက်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ကလေးတစ်ယောက်လို လက်မကလေးစုပ်နေသော အာဏာရှင်ကလုန်းသည် ‘ဂရား’ဆိုသော အသံနက်ကြီးဖြင့် ကုတင်ပေါ်မှ ဝုန်းကနဲခုန်ထလာသည်။ နောက်တော့ အနားတွင်ရှိသည့် ဒေါက်တာဘသောင်းကို လည်ကုတ်မှ ဆွဲကိုင်ကာ အရုပ်တစ်ရုပ်လို ဆွဲလွင့်ပစ်လိုက်သည်။ အာဏာရှင်ကလုန်းသည် နံရံနှင့်တိုက်ကာ ဘုတ်ကနဲပြန်ကျလာသော ဒေါက်တာဘသောင်းအနားကို ပြေးသွားပြီး အပေါ်မှနေ၍ ခွစီးထားလိုက်သည်။
         ဒေါက်တာဘသောင်း၏ ဝန်ထမ်းများ၊ တပည့်တပမ်းများမှာ အခန်းပြင်သို့ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။ အခန်းအပြင်ရောက်သည်နှင့် စမ်းသပ်ခန်း၏ တစ်ပေါက်တည်းသော သံမဏိတံခါးကြီးကို အပြင်ကနေ အသေပိတ်ပစ်လိုက်ကြသည်။
         တစ်ဖက်က မျက်ပေါက်ကျဉ်းကျဉ်း၊ တစ်ဖက်က မျက်လုံးပြူးပြူး။ ဘီလူးသရဲထက်ပင် ထိတ်လန့်စရာကောင်းသော အဖြူတစ်ချမ်း၊ အမဲတစ်ဝက် အာဏာရှင်ကလုန်း၏ ကြောက်စရာ မျက်နှာကြီးကို ကြည့်ကာ…၊ ဒေါက်တာဘသောင်းက အလန့်တကြားပြောလိုက်သည်။
          “ဟေ့ မလုပ်နဲ့… မလုပ်နဲ့…၊ ငါက မင့်အဖေ… မင့်ကိုဖန်တီးခဲ့တဲ့ကျေးဇူးရှင်…”
          သူ၏တောင်းပန်စကားအဆုံးမှာ အာဏာရှင်ကလုန်း၏ ဗလုံးဗထွေး အသံဝါဝါကြီးက ကြောက်မက်ဖွယ် ထွက်ပေါ်လာပြန်သည်။
          “ငါ့မှာ… အဖေမရှိဘူး…။ ကျေးဇူးရှင်လည်း မရှိဘူး…”
           ထိုစကားကို ကြားသောအခါ ဒေါက်တာဘသောင်း သဘောပေါက်လိုက်ပါပြီ။ အာဇာနည် သို့မဟုတ် လူထုခေါင်းဆောင် မျိုးဆက်ပြတ်ခြင်းနှင့် အတွင်းလူများ စိတ်ဓာတ်ယိမ်းယိုင် သစ္စာဖောက်ခြင်း၏ အကျိုးဆက်အဖြစ် အာဏာရှင်ကလုန်းကို သူဖန်တီးလိုက်မိပြီ။ ပစ္ဆာန္တရာဇ်နိုင်ငံတော်ကြီးတွင် အာဏာရှင်သည် တစ်ဖန်ပြန်လည် သက်ဝင်နိုးထလာလေပြီ။ သူဘာမှ မတတ်နိုင်တော့။ အာဏာရှင်တွင် အဖေမရှိ။ အာဏာရှင်တွင် ကျေးဇူးရှင် မရှိ။
          ဒေါက်တာဘသောင်းတစ်ယောက် ဖြစ်လိုရာ၊ ဖြစ်စေတာ့ဟုသာ သဘောထားပြီး မျက်လုံးအစုံကိုသာ မှိတ်ထားလိုက်မိသည်။ ရွှေကိုင်းမျက်မှန်အောက်ရှိ သူ၏မှိတ်ထားသော မျက်လုံးအစုံမှလည်း ဝမ်းနဲယူကျုံးမရ မျက်ရည်စက်များ တစ်သွင်သွင် စီးကျလာလေသည်။ ပက်လက်လဲကျနေသော သူ့ခန္တာကိုယ်ပေါ်တွင် ခွစီးထားသည့် အာဏာရှင်ကလုန်း၏ဖင်ပြောင်ပြောင်တွင်မတော့ သူရိုက်နှိပ်ခဲ့သည့် လေဆာမီးစုန်း စာတန်းတစ်ခုက လင်းလက်နေတုန်းပင်…။ ထိုစာတန်းမှာ…
                                    “ပစ္ဆာန္တရာဇ်တွင် လုပ် သည်”ဟူသတတ်…
                                           (၂၂.၆.၂၀၁၄မှ-၂၃.၁၀.၂၀၁၄တွင် ပြီးစီး)
↧
Viewing all 9633 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>