Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ကမ်လူဝေး ● သေနတ်သမား

$
0
0

ကမ်လူဝေး ● သေနတ်သမား
(မိုးမခ) မတ်လ ၂၉၊ ၂၀၁၈

သေနတ်သမားဟာ ငါတို့အထဲမှာရှိနေမှန်း မသိခဲ့
သေနတ်ကိုဆွဲထုတ်လိုက်တဲ့အထိ
သေနတ်သမားလို့ မထင်ခဲ့မိ
သေနတ်သမားဟာ သေနတ်ကို ဝေ့ရမ်းပြတဲ့အထိ
ရန်သူကိုပစ်ဖို့ ထုတ်လိုက်သလားလို့ ဝမ်းသာမိ
သေနတ်သံကြားပြီး သေနတ်သမား ဘေးကလူ သွေးအိုင်ထဲ ခွေနေမှ
အန္တရာယ်သေနတ်သမားဟာ ငါတို့ကြားထဲမှာ ရှိမှန်းသိခဲ့
သေနတ်သမားဟာ ဘယ်အချိန်ကတည်းက ငါတို့ထဲကိုရောက်နေပါသလဲ
ငါတို့တယောက်စီကို အမှည့်ခြွေ ခြွေနေတဲ့ သေနတ်သမားဟာ
ဝမ်းနည်းစရာ ငါတို့ထဲကလူဖြစ်နေတယ်
သေနတ်သမားဟာ သေနတ်ကို ဘယ်အချိန်ကတည်းက ပိုင်ခဲ့သလဲ
ဒီသေနတ်ဟာ ဘယ်ကရောက်လာသလဲ
သေနတ်ဟာ သေနတ်ကိုင်သူကို လူသတ်အောင် စွဲဆောင်နိုင်ပုံရတယ်
လူသတ်ခြင်းရဲ့ ရသကိုသိသွားပုံရတဲ့ သေနတ်သမားဟာ သွေးဆာနေတယ်
ပစ်ခတ်မှုတွေဟာ ပြောင်ပြောင်တင်းတင်း ဖြစ်ပေါ်နေတယ်
ငါဟာ အန္တရာယ်ကြားထဲမှာ အသက်ကို ဖက်နဲ့ထုပ်ထားရတယ်
ကျည်ဆံဟာ ဘယ်အချိန်မှာ ငါ့ရင်ကိုဖောက်လိုက်မလဲ
ငါ့ကိုပစ်မည့် သေနတ်သမားကို ငါအားကိုးမှားခဲ့တယ်
သေနတ်သံကြားနေရတယ်
သေနတ်သမားဟာ ငါတို့ကြားထဲကို ရောက်နေခဲ့ပြီ။  

ကမ်လူဝေး

ကာတွန်း ညီပုချေရဲ့ စိုးရိမ်သူတွေ ...

$
0
0

ကာတွန်း ညီပုချေရဲ့ စိုးရိမ်သူတွေ ...
(မိုးမခ) မတ်လ ၂၉၊ ၂၀၁၈

ဆောင်းယွန်းလ ● ချင်ယောင်ဆောင်နေခဲ့ရခြင်းများ

$
0
0
ဆောင်းယွန်းလ ● ချင်ယောင်ဆောင်နေခဲ့ရခြင်းများ
(မိုးမခ) မတ်လ ၂၉၊ ၂၀၁၈

နားလည်စရာမလိုပဲ
ငိုခဲ့ရတယ်
ရယ်ခဲ့ရတယ်
ဝမ်းနဲခြင်းမှာ တယောထိုးသံပါမလာဘူး
သေဆုံးခြင်းကို နှဲမှုတ်မပြခဲ့ဘူး

ကြည့်ပြီး ရူးခဲ့ရတာနဲ့ 
ကြည့်ရင်း ရူးသွားခဲ့တာကတော့ ကွာမှာပေါ့

ငါတို့ ခေါင်းမော့ရမယ့်အချိန်ဆိုတာ
ငါတို့ ခေါင်းတွေကို ပြန်ရှာတွေ့မယ့်အချိန်ပါပဲ

လောလောဆယ်အထိတော့
တိမ်တွေက အိမ်ခေါင်မိုးနဲ့ ငြိနေကြတုန်းပဲ။

ဆောင်းယွန်းလ

ဂါမဏိ ● ​တရုတ်စစ်တပ်နဲ့ တရုတ် - အမေရိကန်စစ်တပ် တွေ့ကြရာဝယ်

$
0
0
ဂါမဏိ ● ​တရုတ်စစ်တပ်နဲ့ တရုတ် - အမေရိကန်စစ်တပ် တွေ့ကြရာဝယ်
(မိုးမခ) မတ်လ ၂၉၊ ၂၀၁၈

၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံက သံချပ်ကာတပ်မဟာနှစ်ခုဟာ အတွင်းမွန်ဂိုးလီးယားပြည်နယ် ကျူးရီဟယ် လေ့ကျင့်ရေးအခြေစိုက်စခန်းမှာ တပတ်ကြာ စစ်လေ့ကျင့်ခန်းအဖြစ် တဖက်နဲ့တဖက် တိုက်ခဲ့ကြတယ်။ အနီ တပ်နဲ့ အပြာတပ်လို့ သတ်မှတ်ထားတဲ့ တပ်မဟာနှစ်ခုစလုံးမှာ အမျိုးအစားတူ လက်နက်ခဲယမ်းတွေ သံချပ်ကာ ယန္တရားတွေ တပ်ဆင်ထားတယ်။ အပြာတပ် ဆိုတာ အမေရိကန်စစ်တပ်ပုံစံနဲ့ စီစဉ်ခင်းကျင်းတိုက်ပွဲဝင်တဲ့ တပ် မဟာဖြစ်တယ်။ အနီတပ်ကတော့ သမရိုးကျ တရုတ်ကွန်မြူနစ်တပ်ပုံအတိုင်း စစ်ဆင်စစ်တက် စစ်ကစား တိုက်ခိုက်ခဲ့တယ်။

အဲ့ဒီစစ်ကစားလေ့ကျင့်ခန်းမှာ အနီတပ် ချေမှုန်းခံခဲ့ရပါတယ်။ "တနာရီအတွင်းမှာ ငါတို့ဟာ လေကြောင်းတိုက် ခိုက်မှုတွေ၊ ဂြိုလ်တုထောက်လှမ်းရေးတွေ၊ ဆိုင်ဘာ (ကွန်ပျူတာ) တိုက်ခိုက်မှုတွေ လုပ်ခံခဲ့ရတယ်။… ပွင့်ပွင့် လင်းလင်းပြောရရင် ဒီလောက်ပြင်းထန်လိမ့်မယ်လို့ တခါမှ မထင်ခဲ့မိဘူး"လို့ အနီတပ်မဟာမှူး ဝန်ဇီကျန်းက ပြောတယ်။ စစ်လေ့ကျင့်ခန်းတိုက်ပွဲရှုံးပြီးတော့ အနီတပ်မဟာနိုင်ငံရေးမှူး လျူဟိုက်တောင်းငိုနေတာ တီဗီမှာ ပါသွားတယ်။ နောက်ပိုင်းမှတ်တမ်းတခုမှာ လျူက အခုလိုပြောတယ် "ငါတို့ဟာ ကနဦးတုံးက အပြာတပ်အပေါ် နိုင်မယ်လို့ ကောင်းကောင်းယုံကြည်မှုရှိခဲ့တယ်၊ အဲ့ဒီအပြာတပ်ဆိုတာ အရင်တုံးက ငါတို့ရဲ့ ညီမတပ်ဘဲလေ။ ဒါပေမဲ့ ငါတို့ဟာ ၇ ရက်တာကာလအတွင်း ရေရေလည်လည်ဆော်ခံခဲ့ရတယ်… ငါတို့ရှုံးခဲ့တယ်၊ ဘာလို့ဆို တော့ ငါတို့တပ်တွေကို သင်တန်းမောင်းတဲ့အခါမှာ လက်တွေ့ကျတဲ့ တိုက်ခိုက်ရေးစံချိန်စံညွှန်းတွေအတိုင်း မလုပ်ခဲ့လို့ဖြစ်တယ်။"

လေ့ကျင့်သင်တန်းပေးမှု နိမ့်ကျတာက အကြောင်းတစိတ်တပိုင်းဘဲ ရှိသေးတယ်။ ၂၀၁၄ ခုနဲ့ ၂၀၁၆ ခုကြားမှာ "အမေရိကန်"အပြာတပ်က အနီတပ်တွေအပေါ် စုစုပေါင်း နိုင်ပွဲ ၃၂ ပွဲ၊ အရှုံး ၁ ပွဲ ကြုံခဲ့တယ်။ အဲ့ဒီအနီတပ် တွေထဲမှာလည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထဲက အကောင်းဆုံးတပ်တွေ၊ လက်နက် ခဲယမ်းတပ်ဆင်မှုအတောင့်တင်းဆုံးတပ်တချို့ ပါတယ်။ ပျှမ်းမျှတွက်ကြည့်ရင် အနီတပ်တွေဟာ အပြာတပ်နဲ့ တိုက်ရင် ထိခိုက်ဒဏ်ရာ ၇၀% ရှိခဲ့တယ်။ ခေတ်မှီစစ်တပ်တခုနဲ့ ယှဉ်တဲ့အခါ PLA က ညံ့ဖျင်းနေတဲ့အတွက် သမတလည်းဖြစ် ကာချုပ်လည်းဖြစ်တဲ့ ရှီကျင်ပင်းအနေနဲ့ တရုတ်စစ်ယန္တရားကြီးတခုလုံးကို အိုဗာဟောလုပ်ဖို့ စဉ်းစားလာရတယ်။

၂၀၁၅ ခု စက်တင်ဘာလမှာ သမတ ရှီက စစ်ဘက်ဆိုင်ရာပြုပြင်ပြောင်းလဲမှု ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ စလုပ်ခဲ့တယ်။ အဲ့ဒီထဲမှာ စစ်သားဦးရေ သုံးသိန်းလျှော့တာ၊ အမေရိကန်ပုံစံ ပူးတွဲစစ်ဦးစီးဌာန တည်ဆောက် တာ၊ အမေရိကန်နိုင်ငံက စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းပေါင်းစုကြီး (military-industrial complex) လိုမျိုး စစ်ဘက်အရပ်ဘက်ပေါင်းစည်းရေးလုပ်ငန်းစဉ် ထူထောင်တာတွေ ပါဝင်တယ်။ ၁၉ ကြိမ်မြောက်ပါတီကွန်ဂရက် မှာ ရှီက PLA ရဲ့ရည်မှန်းချက်သုံးရပ် ချမှတ်ခဲ့တယ်။ အဲ့ဒါတွေက ၂၀၂၀ ခုနှစ်မှာ အခြေခံယန္တရားတပ်ဆင်မှု ပြီးမြောက် သတင်းနည်းပညာအသုံးချမှု ထူးထူးခြားခြားတိုးတက်ပြီး မဟာဗျူဟာစွမ်းရည်မြှင့်တင်ရေး၊ ၂၀၃၅ ခုမှာ ခေတ်မှီကာကွယ်ရေး စစ်ရေးအင်အားစုတခု ဖြစ်လာရေး၊ ၂၀၅၀ ခုမှာ ကမ္ဘာ့အဆင့်စစ်အင်အားကြီးဖြစ် လာရေးလို့ ဆိုတယ်။

တကယ်လို့ ရှီဟာ စစ်ဘက်နဲ့ နိုင်ငံရေးအတိုက်အခံတွေကို အောင်အောင်မြင်မြင် ဖယ်ထုတ်နိုင်ပြီး ပြုပြင်ပြောင်း လဲရေးတွေ အပြည့်အဝ အကောင်အထည်ဖော်နိုင်ရင် PLA ဟာ စည်းရုံးဖွဲ့စည်းမှုနဲ့ အမိန့်ပေးကွပ်ကဲမှုပိုင်းမှာ အမေရိကန်စစ်တပ်နဲ့ နီးနီးစပ်စပ်တူညီလာမှာဖြစ်တယ်။ ဒါပေမဲ့လည်း နည်းပညာကွာဟချက်နဲ့ လက်တွေ့စစ်ပွဲ အတွေ့အကြုံ ချို့တဲ့မှုကြောင့် အမေရိကန်စစ်တပ်ကို ကျော်နိုင်ဖို့ အလားအလာတော့ မရှိပါဘူး။ တဖက်မှာ တော့ သမရိုးကျမဟုတ်တဲ့စစ်နည်းဗျူဟာပိုင်းနဲ့ မျိုးဆက်သစ်နည်းပညာပိုင်းအရ PLA ဟာ ကမ္ဘာ့အင်အား အကြီးဆုံးတိုက်ခိုက်ရေးအင်အားစုကို ယှဉ်ဖို့ အခွင့်အလမ်းရှိနိုင်ပါတယ်။

● ပြုပြင်ပြောင်းလဲဖို့ အကြောင်းတရားများ
ရှီကျင်ပင်းရဲ့ စစ်ဘက်ပြုပြင်ပြောင်းလဲရေးကို အကြောင်းအချက်နှစ်ခုက စေ့ဆော်ပေးပုံရတယ်။ တခုကတော့ တရုတ်ပြည် အနေနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတခုဖြစ်ချင်ရင် စစ်ပွဲတွေကို အနိုင်တိုက်နိုင်မယ့် ခေတ်မှီစစ်တပ် ရှိဖို့ လိုအပ်မှု၊ နောက်တချက်ကတော့ တရုတ်ကွန်မြူနစ်ပါတီထဲမှာ ရှီကျင်ပင်းသြဇာအာဏာ ပိုမိုခိုင်မာအားကောင်း စေဖို့လိုအပ်မှုဖြစ်တယ်။
ပထမအကြောင်းအချက်ကတော့ သိသာတယ်။ အရင်က တရုတ်ပါတီခေါင်းဆောင်တွေဟာ စစ်ဘက်ပြုပြင် ပြောင်းလဲမှုတချို့ လုပ်ခဲ့ပြီး စစ်လက်နက်တွေ ခေတ်မှီတိုးတက်အောင် လုပ်ခဲ့တာတွေ ရှိခဲ့ပေမဲ့ PLA ဟာ ဆိုဗီ ယက်ရုရှပုံစံအတိုင်းဘဲ နှစ်ကာလရှည် ဖွဲ့စည်းတည်ဆောက်ထားခဲ့တယ်။ တိုက်နည်းဗျူဟာတွေနဲ့ စစ်ရေးမူဝါဒ တွေဟာ ၁၉၅၀ ခုနှစ် ကိုးရီးယားစစ်ပွဲတုံးက သုံးခဲ့တဲ့ နည်းပညာနိမ့် ကြည်းတပ်ပုံအောတိုက်တဲ့ပုံစံနဲ့ ဘာမှ သိတ်အပြောင်းအလဲ မရှိသေးဘူး။ ကမ္ဘာတလွှားက စစ်တပ်တွေဟာ ပူးတွဲစစ်ဆင်ရေးဘက်ကို ၁၉၈၀ ခုနှစ်များ အတွင်း ပြောင်းလဲလာပေမဲ့ PLA မှာတော့ ကြည်းတပ်ဟာ အဓိကအကျဆုံးတပ်ဖြစ်နေဆဲပါ။ ရေတပ် နဲ့ လေတပ်က အဖြည့်ခံအခန်း အရန်အခန်းဘဲရှိတယ်။
ဒီတော့ အမျိုးသားကာကွယ်ရေးနဲ့ ပင်လယ်ရပ်ခြားလုံခြုံရေးအမြင်အရကြည့်ရင် PLA ရဲ့ ခေတ်နောက်ကျမှုဟာ ရှီကျင်ပင်းအစိုးရအတွက် အလေးထားစိုးရိမ်စရာဖြစ်နေတယ်။ တရုတ်နိုင်ငံဟာ ဥရောပ-အာရှနိုင်ငံတွေနဲ့ ကုန်း လမ်းကုန်သွယ်ရေး ပင်လယ်ရေလမ်းကုန်သွယ်ရေးတွေ အားပေးတိုးမြှင့်ဖို့ အဓိက နိုင်ငံစုံဖွံ့ဖြိုးရေးမဟာဗျူဟာ အဖြစ် ခါးပတ်နဲ့လမ်းမကြီးစီမံကိန်း (Belt and Road Initiative) အတွက် ဒေါ်လာ ဘီလီယံရာချီပြီး မြှုပ်နှံဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်။ ဒါ့အပြင် PLA ဟာ အိန္ဒိယ ဗီယက်နမ်တို့နဲ့ နယ်စပ်ပြဿနာတွေလည်း မကြာခဏ ရင်ဆိုင်နေရသလို တောင်တရုတ်ပင်လယ် မှာလည်း အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ပင်လယ်ရေကြောင်းအငြင်း ပွားမှုတွေ ဖြစ်နေရတယ်။ အရှေ့ဘက်မှာလည်း ရှီကျင်ပင်းရဲ့နိုင်ငံရေးပြိုင်ဖက်တွေနဲ့ ချိတ်ဆက်ထားတဲ့ မြောက်ကိုးရီးယားခေါင်းဆောင်ပိုင်းမှာ နျူကလီးယားလက်နက်တွေ ရှိနေတာကို ကိုင်တွယ်ရဖို့ရှိနေတယ်။

ကျူးရီဟယ် စစ်လေ့ကျင့်ခန်းမှာ ပါဝင်ခဲ့တဲ့ သို့မဟုတ် လေ့လာကြည့်ရှုခဲ့တဲ့ တရုတ်တပ်မှူးတွေဟာ ခေတ်မှီ စစ် နည်းဗျူဟာ တွေနဲ့ ပူးတွဲစစ်ဆင်ရေးတွေ လိုအပ်မှုကို ကောင်းကောင်းကြီးသဘောပေါက်သွားကြတယ်။ အရင် ကတော့ စစ်လေ့ကျင့်ခန်း တွေဟာ ပုံသေကားကျဖြစ်ခဲ့ပြီး အများအားဖြင့် မိမိဘက်အနီတပ်တွေက ရန်ဘက် အပြာတပ်တွေအပေါ် အနိုင်ရ တာချည်းဘဲ ဖြစ်ခဲ့တယ်။  အပြာတပ်တွေကိုလည်း အလှည့်ကျရွေးလုပ်ခိုင်းခဲ့တယ်။ ဒါပေမဲ့ ရှီကတော့ PLA တပ်တွေရဲ့ တိုက်စွမ်းရည်ကို ပိုပြီး တင်းတင်းကြပ်ကြပ်စစ်ဆေး အကဲဖြတ်နိုင်ဖို့အတွက် တကယ့်ပရောဖက်ရှင်နယ် ရန်ဘက်တပ်မဟာ တခု ဖြစ်စေချင်ခဲ့တယ်။ ဒါကြောင့် ရှာမင်းလုံ ဦးစီးတဲ့ အမှတ် ၁၉ သံချပ်ကာခြေလျင်တပ်မဟာကို ၂၀၁၃ ခုနဲ့ ၂၀၁၄ ခု ဧပြီလကြားမှာ ပြန်လည်စုဖွဲ့မှုလုပ်စေပြီး အထူးသီးသန့်အပြာတပ်ဖြစ်အောင် တည်ဆောက်ခဲ့တယ်။ အပြာတပ် က ကျင့်သုံး တဲ့ "နိုင်ငံခြားတိုက်ခိုက်ရေး စစ်သဘောတရား"ဟာ အမေရိကန်စစ်တပ်ရဲ့ စစ်သဘောတရားနဲ့ ဆင်တူပြီး စုဖွဲ့မှုကလည်း အမေရိကန် တိုက်ခိုက်ရေးတပ်မဟာနဲ့ ပိုတူတဲ့သဘောမျိုး မီဒီယာမှာ အရိပ်အမြွက်ဖော်ပြခဲ့တယ်။

ကျူးရီဟယ်က အပြာတပ်တွေရဲ့ ပုံမှန်လေ့ကျင့်ခန်းမှာဆိုရင် နျူကလီးယားလက်နက်နဲ့ချတာတွေ၊ ကွက်ပြည့် နင်းဗုံးကြဲမှုတွေ နဲ့ တဖက်တပ်ဆက်သွယ်ရေး ပျက်ပြားအောင် အီလက်ထရွန်နစ်တိုက်ခိုက်မှုတွေ ပါဝင်သလို ညတိုက်ပွဲ စီးနင်းမှုတွေလဲ ပါတယ်။ ကွန်မန်ဒိုအထူးတပ်ဖွဲ့ နည်းဗျူဟာတွေကိုလည်း အသုံးပြုကြတယ်။ အပြာ တပ်တွေက ဒေသန္တရအစိုးရကိုယ်စားလှယ်တွေ အသွင်ယူပြီး အနီတပ်တတပ်ဆီကို ဂုဏ်ပြုလက်ဆောင်တွေနဲ့ အားပေးမေးမြန်း တာလုပ်ရင်း အနီတပ်မှူးကို အောင်အောင်မြင်မြင် အရှင်ဖမ်းနိုင်ခဲ့သေးတယ်။ အပြာတပ်မှာ ခေတ်မမှီတော့တဲ့ ပုံစံ-၅၉ ပင်မတင့်ကားတွေနဲ့ ပုံစံ-၆၃ လူသယ်အားမတ်ကားတွေဘဲ တပ်ဆင်ထားပေမဲ့ ဒါ တွေကို M1 အဘရမ်းတင့်ကားနဲ့ ဘရက်ဒ်လီ အားမတ်ကားတွေပုံစံမျိုး စစ်ကစားခဲ့တယ်။ အဆင့်မြင့် လေဆာစနစ်တွေ အတွဲလိုက်သုံးခဲ့တယ်။ စစ်လေ့ကျင့် ခန်းတွေမှာ အပြာတပ်ဟာ ခံစစ်မှာရော တိုက်စစ်မှာပါ ပြတ်ပြတ် သားသားအနိုင်ရခဲ့တယ်။

ကျူးရီဟယ်မှာ PLA တပ်အမျိုးမျိုးရဲ့ ပကတိသရုပ်ကိုတွေ့လိုက်ရတော့ ရှီကျင်ပင်းအနေနဲ့ စစ်တပ်အခြေအနေ ကောင်းဖို့အ တွက် ပြုပြင်ပြောင်းလဲရေးတွေ နက်နက်ရှိုင်းရှိုင်းကျင့်သုံးရမယ်ဆိုတာ PLA ထိပ်သီးတွေကို နားချသွားနိုင်ခဲ့တယ်။ အခုထိ တွေ့ရသမျှ ပြုပြင်ပြောင်းလဲမှုတွေဟာ အဓိကအားဖြင့် အမေရိကန်ဆီက နည်းယူ ထားတဲ့ပုံတွေ့ရတယ်။

•  ဗဟိုစစ်ကော်မရှင်ကို ပြန်လည်စုဖွဲ့ပြီး အမြဲတမ်းပူးတွဲဦးစီးကွပ်ကဲမှုအဖွဲ့ ထားရှိတယ်။ အရင်ရှိခဲ့တဲ့ စစ် ဦးစီးဌာနကြီးလေးခုကို ဖျက်သိမ်းပြီး ဌာနသစ် ၁၅ ခု ထူထောင်လိုက်တယ်။ ဗဟိုစစ်ကော်မရှင်ထဲမှာ ရေတပ်နဲ့ လေတပ်က ထိပ်သီးဗိုလ်ချုပ်တွေ ထည့်သွင်းလိုက်တယ်။

• အမိန့်ပေးကွပ်ကဲမှုအဆင့်ဆင့်ကို စစ်ဆင်ရေးလိုင်းနဲ့ အုပ်ချုပ်ရေးလိုင်းအဖြစ် ခွဲလိုက်တယ်။ ဥပမာဆို ရင် စစ်နယ်ဝှမ်းဌာနချုပ်က တိုက်ပွဲပြင်ဆင်မှုတွေကို တာဝန်ယူပြီး စစ်ဝန်ထမ်းဌာနချုပ်က စစ်ဆင်ရေး တွေအတွက် စုဖွဲ့မှု၊ လေ့ကျင့်မှုနဲ့ စစ်လက်နက်တပ်ဆင်မှုတွေကို ကြီးကြပ်တယ်။

• အခုဆိုရင် PLA ကို တပ်မဟာတွေအပေါ် အခြေခံဖွဲ့စည်းထားတယ်၊ အရင်ကတော့ တပ်မတွေ အခြေခံ ခဲ့တယ်။

• အရပ်ဘက်-စစ်ဘက်ပေါင်းစည်းရေးလုပ်ငန်းစဉ်သစ်က အမေရိကန်နိုင်ငံမှာလို စစ်ဘက်ဆိုင်ရာ စက်မှု လုပ်ငန်းပေါင်းစုကြီး ဖွံ့ဖြိုးဖြစ်ထွန်းရေးကို ဦးတည်ထားတယ်။

• အရပ်သားဝန်ထမ်းစနစ် ထူထောင်ဖို့ စည်းမျဉ်းစည်းကမ်းတွေကို ဗဟိုစစ်ကော်မရှင်က ချမှတ်လိုက် တယ်။

• ပရော်ဖက်ရှင်နယ်စစ်ဘက်ပညာရေးစနစ် ထူထောင်လမ်းညွှန်ဖို့ အစီအစဉ်တွေ ထုတ်ပြန်ခဲ့တယ်။

လုပ်ငန်းပိုင်း လှုပ်ရှားဆောင်ရွက်ပုံအရကြည့်ရင် ပြုပြင်ပြောင်းလဲပြီးနောက်မှာ PLA ဟာ အမေရိကန်စစ်တပ်နဲ့ အများကြီးတူလာနိုင်တယ်၊ ဒါပေမဲ့ တရုတ်ကွန်မြူနစ်ပါတီက တပ်အပေါ် အပြည့်အဝချုပ်ကိုင်နိုင်တဲ့ လီနင်ဝါဒ ဒွန်တွဲဦးစီးစနစ်တော့ ရှိနေတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ရှီကျင်ပင်းရဲ့ စစ်ဘက်ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်မှုဟာ တရုတ်ကွန်မြူနစ်ပါတီတွင်း ရှီရဲ့ အာဏာခိုင်မာရေးကြိုးပမ်းချက်တွေအပေါ် မူတည်နေတယ်။ နောက်ဆုံးပါတီကွန်ဂရက်ပြီးတော့ ရှီ အာဏာပိုကြီးလာပေမဲ့ သြဇာကြီးတဲ့ ကျန်ဇီမင်းအုပ်စုရဲ့ ဆန့်ကျင်မှုကိုတော့ ရင်ဆိုင်နေရဆဲဖြစ်တယ်။ ထိပ်သီး ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်တွေပြောစကားမှာရော၊ PLA သတင်းစာမှာရော စစ်ကော်မရှင်ဒုဥက္ကဌဟောင်းတွေ လည်းဖြစ်၊ ကျန်ဇီမင်းဂိုဏ်းသားတွေလည်းဖြစ်တဲ့ "ကိုဘိုရွှန်း နှင့် ဆုကိုင်ဟောက်တို့၏ အဖျက်သြဇာ"ဖယ်ရှား ပစ်ရေး အရေးကြီးပုံကို ဆက်လက်အလေးပေးနေတယ်။ ရှီရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလှုပ်ရှားမှု အောက်မှာ ဖြုတ်ထုတ်ခံရတဲ့ ထိပ်တန်းဗိုလ်ချုပ် ၆၄ ယောက်ထဲမှာ အများအပြားဟာ ကျန်ဇီမင်းဂိုဏ်းနဲ့လည်း ပတ်သက်နေတယ်။ ဒါ့အပြင် ကျန်ဇီမင်းဂိုဏ်းနဲ့ မပတ်သက်ပေမဲ့ ရှီကျင်ပင်းကို မကြိုက်တဲ့ အကြီးတန်းစစ် ဘက်ခေါင်းဆောင်တွေ ရှိနေနိုင်တယ်။ ပျောက်သွားတဲ့ ဗဟိုစစ်ကော်ဟောင်း ဖန်ဖုန်ဟွီနဲ့ ကျန်းယန်း (ကိုယ့် ကိုယ်သတ်သေသွားသူ) တို့ဟာ ရှီရဲ့ စစ်ဘက်ပြုပြင်ပြောင်းလဲရေးတွေကို မကျေနပ်ကြဘူးလို့ ဟောင်ကောင် မီဒီယာက ဖော်ပြခဲ့တယ်။ အတွင်းပိုင်းထဲက ကလန်ကဆန်ပြန်လုပ်မှာအပေါ် ရှီရဲ့စိုးရိမ်ကြောင့်ကြချက်ကို တကယ့်ကို အထင်ရှားဆုံးဖော်ပြတာကတော့ ဗိုလ်ချုပ်ကြီးကျန်းရှင်းမင်ကို ဗဟိုစစ်ကော် စည်းကမ်းထိန်းမှူး အဖြစ် လူလျှော့ထားတဲ့ ဗဟိုစစ်ကော်ထဲ ထည့်ထားတာဖြစ်တယ်။

● တရုတ် အမေရိကန် ကွာဟချက်
တကယ်လို့ ရှီဟာ ပြုပြင်ပြောင်းလဲရေးတွေကို အောင်အောင်မြင်မြင်လုပ်နိုင်ရင် PLA ဟာ ခေတ်မှီတိုက်ခိုက်ရေး အင်အားစုတခု ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ အမေရိကန်စစ်တပ်ကို သမရိုးကျတိုက်ပွဲမှာ ကျော်နိုင်ဖို့ အလား အလာ နည်းပါသေးတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ အတောင့်တင်းဆုံးစစ်အင်အား ဖြစ်ထွန်း ထိန်းသိမ်းထားနိုင်ဖို့ မိမိ GDP ရဲ့ ၃.၃% နှစ်စဉ် သုံးစွဲနေတယ် (ဒါဟာ ၂၀၁၆ ခုမှာ ၆၁၁ ဘီလီယံဒေါ်လာ)။ လက်နက်ကိရိယာအနေနဲ့ အမေရိ ကန်တပ်မှာ လေယာဉ်တင်သင်္ဘော ၁၀ စီး၊ M1 အဘရမ်းတင့်ကားနဲ့ အပါချီရဟတ်ယာဉ်လို တိုက်ပွဲမှာ အစွမ်းပြထားပြီးသားယာဉ်တွေ၊ F-၃၅ လို မျိုးဆက်သစ်တိုက်လေယာဉ်တွေ၊ အဆင့်မြင့်ဆက်သွယ်ရေးဂြိုလ်တု တွေနဲ့ နျူကလီးယားထိပ်ဖူး ၆၈၀၀ ရှိထားတယ်။ အမြဲတမ်းစစ်သည် ၁.၃ သန်းရှိပြီး ၂၀၀,၀၀၀ ကို ပင်လယ်ရပ် ခြားမှာ တပ်စွဲထားတယ်။ လေ့ကျင့်သင်တန်းပေးတဲ့စံနှုန်းတွေနဲ့ ပရော်ဖက်ရှင်ဆန်မှု အဆင့်မြင့်ပြီး အမေရိကန် တပ်တွေဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာအနှံ့က စစ်ပွဲတွေမှာ တောက်လျှောက်လိုလို ပါဝင်ဆင်နွှဲနေ ခဲ့တယ်။

ဒါနဲ့ယှဉ်လိုက်ရင်တော့ တရုတ်နိုင်ငံဟာ GDP ရဲ့ ၁.၉% (၂၀၁၆ ခုမှာ ၂၁၆ ဘီလီယံဒေါ်လာ) ကိုဘဲ စစ်ဘက် မှာ သုံးနေတယ်။ PLA ရဲ့ စစ်ဘက်နည်းပညာနဲ့ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ စစ်ဘက်နည်းပညာနဲ့ "သိသိသာ သာကွာဟ"နေကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဝန်ခံထားတယ်။ ဥပမာတခုက တရုတ်ပြည်ရဲ့ အသစ်စက်စက် လျောင်နင်း လေယာဉ်တင်သင်္ဘောဆိုတာ ဆိုဗီယက်ခေတ်က ရေနွေးငွေ့သင်္ဘောကြီးကို ပြန် ရှိုင်းထားတာဖြစ်ပြီး မျိုးဆက်သစ် ဂျက်တိုက်လေယာဉ် J-၃၁ ဆိုတာကလည်း F-၃၅ လို အသံထက် မြန်အောင် ပျံနိုင်မယ့် အဆင့်မြင့်အင်ဂျင် မပါဘဲဖြစ်နေတယ်။ ပုံစံ-၉၉ ကတော့ ခေတ်မှီပင်မတင့်ကား ဖြစ်ပေမဲ့ လက်တွေ့ စစ်မြေပြင်မှာ မစမ်းရသေးဘူး။ ၁၉၇၉ တုံးက ဗီယက်နမ်နဲ့တိုက်တဲ့ ရှုံးပွဲမှာ ပါခဲ့တဲ့ တပ်မှူးကြီးလက်တဆုပ်စာ ကလွဲရင် လူ ၂ သန်းအင်အားရှိတဲ့ PLA အများစုဟာ တိုက်ပွဲအတွေ့အကြုံမရှိပါဘူး။ ပိုဆိုးတာကတော့ ပရော် ဖက်ရှင်နယ်မပီသမှု ဆိုးဆိုးဝါးဝါးရှိနေတာ ဖြစ်တယ်။ ကျန်ဇီမင်းခေတ် (၁၉၉၇-၂၀၁၂) တုံးက ရာထူးကြီးစစ် အရာရှိတွေဟာ ရာထူးတက်ဖို့ လာဘ်ထိုးခဲ့ရပြီး လေ့ကျင့်ရေးတွေက သာမန်ကာရှန်ကာနဲ့ အပြသက်သက် စီးပွားရေးအမြင်နဲ့ လုပ်ကြတာတွေဖြစ်ပြီး တပ်ထဲမှာ ငမူးတွေလဲ များခဲ့တယ်။

● ကွာဟချက်ကို ကျော်လွှားရေး
အမေရိကန်ကိုမှီဖို့ ဒါမှမဟုတ် ကျော်ဖို့ဆိုရင် PLA ဟာ မကြာသေးမီနှစ်များအတွင်း စမ်းသပ်နေခဲ့တဲ့ သမရိုးကျ မဟုတ် တဲ့နည်းလမ်းတွေကို ကျင့်သုံးရလိမ့်မယ်။

ပင်တဂွန်အတိုင်ပင်ခံ မိုက်ကယ်ပင်းလ်စ်ဘူရီရဲ့ နှစ်တရာမာရသွန်ပြိုင်ပွဲ စာအုပ်ထဲက အမေရိကန်တပ်နဲ့ PLA စစ်ပွဲတွေကို ကွန်ပျူတာပုံဖော်ချက်အရ တရုတ်ဘက်က "လူသတ်ကောင်လက်နက်ပုန်းနည်းနာတွေ အသုံးပြု"တဲ့အခါတိုင်း "အနိုင်ရ"ခဲ့တယ်လို့ ဖော်ပြထားတယ်။ လူသတ်ကောင်ရဲ့လက်နက်ပုန်း သို့မဟုတ် ရှာရှိုကျန်း ဆို တာကတော့ ကိုယ့်ထက်နည်းပညာသာလွန်တဲ့စစ်တပ်တွေကို ချိနဲ့သွားစေဖို့ သို့မဟုတ် ကျော်နင်းနိုင်ဖို့ PLA က ဖော်ထုတ်ထားတဲ့ လက်နက်တွေဖြစ် တယ်။ အဲ့ဒီထဲမှာ ဂြိုလ်တုဖျက်ဒုံးကျည်၊ လေယာဉ်တင်သင်္ဘောဖျက်ဒုံး ကျည်၊ စွမ်းအားမြင့် မိုက်ကရိုဝေ့ဗ် လှိုင်းနဲ့ လျှပ်စစ်သံလိုက်လှိုင်းလွှင့်လက်နက်၊ ရေဒါဖျက်စက်တို့ ပါဝင်တယ်။ လူသတ်ကောင်လက်နက်ပုန်းတွေဟာ လေယာဉ်တင်သင်္ဘောတို့ မျိုးဆက်သစ်ဂျက်တိုက်လေယာဉ်တို့ထက် အများကြီး ဈေးပိုသက်သာတဲ့အတွက် PLA အနေနဲ့ ဂြိုလ်တုတွေ၊ ဆက်သွယ် ရေးကွန်ယက်တွေ၊ အင်တာနက် တွေပေါ် မှီခိုနေရတဲ့ အင်အားပိုကြီးတဲ့စစ်တပ်တွေအပေါ် သာလွန်မှုရနိုင်ဖို့ စရိတ်သက်သာ ထိရောက်တဲ့ နည်း လမ်းဖြစ်တယ်။

PLA အနေနဲ့ သာလွန်မှုရနိုင်ဖို့ နောက်နည်းလမ်းတခုကတော့ တခြားတိုင်းပြည်တွေက နည်းပညာမြင့်စစ်ဘက် ပစ္စည်းကိရိယာတွေထဲကို တရုတ်ထုတ်အစိတ်အပိုင်းတွေ ထည့်သွင်းတာ ဖြစ်တယ်။ တရုတ်ပြည်ကလုပ်တဲ့ မိုက်ကရိုချစ်ပြားတွေက တချို့ဖြစ်ရပ်တွေမှာ အတုတွေဖြစ်နေတာ သို့မဟုတ် သူလျှိုပစ္စည်းဖြစ်နေတာတွေ ရှိ တယ်။ ၂၀၁၀ ခုတုံးက တရုတ်ပြည်ကဝယ်တဲ့ ကွန်ပျူတာမိုက်ကရိုချစ်ပြား ၅၉၀၀၀ ဟာ အတုတွေဖြစ်နေတာ အမေရိကန်ရေတပ်က တွေ့ရှိခဲ့တယ်။ အဲ့ဒီချစ်ပြားတွေဟာ ဒုံးကျည်တွေ၊ စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေနဲ့ တခြားစစ်ပစ္စည်းတွေမှာသုံးဖို့ ရည်ရွယ်ထားတာဖြစ်တယ်။ ၂၀၁၄ ခုတုံးကလည်း F-၃၅ လေယာဉ်ရဲ့ အထူး သီးသန့်ကိုယ်ထည် တည်ဆောက်ရာမှာ တရုတ်သံလိုက်တွေသုံးဖို့ ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုခဲ့တယ်။ အကောင်းဆုံးအနေအထားကတော့ တရုတ်ပြည်လုပ် ပစ္စည်းတွေဟာ ကြော်ငြာထားတဲ့အတိုင်း အသုံးတည့်ပြီး ဘာအန္တရာယ်မှမပေးတာဖြစ်တယ်။ အဆိုးဆုံးအခြေအနေမှာတော့ တရုတ်ပစ္စည်းတွေက စနစ်တခုလုံးကို ဖရို ဖရဲပျက်သုဉ်းစေတာ သို့မဟုတ် PLA အတွက် ထောက်လှမ်းရေးကိရိယာတွေ ဖြစ်စေနိုင်တယ်။

ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကတော့ PLA အနေနဲ့ ဖြစ်ထွန်းတိုးတက်နိုင်မယ့် အလားအလာဖြစ်တယ်။ ဘာကလီအ ခြေစိုက် ကာလီဖိုးနီးယားတက္ကသိုလ်က အသိဉာဏ်တုဆိုင်ရာသိပ္ပံပညာရှင် စတူးဝတ်ရပ်ဆဲလ်က သိပ္ပံစိတ်ကူးယဉ်ဆန်တဲ့ "အော်တိုလှုပ်ရှား လူသတ်စက်ရုပ်ငယ်"တွေရဲ့ အဖျက်စွမ်းအားကို ထောက်ပြခဲ့တယ်။ အဲ့ဒါတွေကတော့ အော်တိုရပ်တည်လှုပ်ရှားနိုင်တဲ့ လက်နက်တပ်ဒရုန်း (လူမဲ့လေယာဉ်) အငယ်စားလေးတွေ သုံးပြီး နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို နေ့ခင်းကြောင်တောင်မှာ လုပ်ကြံပစ်တာမျိုး ရုပ်ရှင် ရိုက်ပြခဲ့တယ်။ တရုတ်နိုင်ငံဟာ အဲ့လိုအလားအလာကို လက်တွေ့ဖြစ်လာအောင် လုပ်လာနိုင်တယ်။ အခုဆိုရင် တရုတ်နိုင်ငံဟာ ဒရုန်းထုတ်လုပ်ရေးမှာ ရှေ့တန်းရောက်နေပြီး အရပ်ဘက်သုံးဒရုန်းဈေးကွက်မှာ အစိတ်အပိုင်း ကြီးကြီးရထားတယ် (တာကျန်းတီထွင်ရေးကုမ္ပဏီတခုတည်းက တကမ္ဘာလုံးဈေးကွက်ဝေစု ၇၀% ကိုရထား တယ်)။ တဖက်မှာ ပီကင်းအစိုးရဟာ "၂၀၂၅ တရုတ်နိုင်ငံတွင်လုပ်သည် လုပ်ငန်းစဉ်"အောက်မှာ တပိုင်းလျှပ် ကူးလုပ်ငန်း တိုးတက်ကြီးထွားရေးအတွက် ဒေါ်လာ ဘီလီယံ ၁၀၀ သုံးဖို့ စီစဉ်နေတယ်။ PLA ဟာ နောက်ဆုံး တနေ့မှာ အဆင့်မြင့် အသိဉာဏ်ရှိ ဒရုန်းတွေ တီထွင်နိုင်ပြီး အသုံးချနိုင်စရာရှိတယ်။ ကျင့်ဝတ်ပိုင်းအရ သုံးသင့် မသုံးသင့် ဂရုစိုက်မှာမဟုတ်ပါဘူး။ "တန်ပြန်တော်လှန်ရေးသမားများ" (နိုင်ငံရေးအတိုက်အခံ၊ တိန်အန်မင် ကျောင်းသား၊ တိုင်းရင်းသားလူနည်းစု၊ ဘာသာရေးအစုအဖွဲ့များ) ချေမှုန်းရာမှာ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ဘာကျင့်ဝတ် ဘာနီတိမှ ဂရုမထားဘူးဆိုတာ သက်သေအထင်အရှားတွေ့ခဲ့ဖူးပြီဖြစ်တယ်။ ဒီတော့ တရုတ်စစ် ဘက်အနေနဲ့လည်း ပြည်ပရန်ကို တိုက်ခိုက်ရာမှာ ရည်မှန်းချက်ရောက်ဖို့အတွက် ဘက်မညီ မျိုးစပ်စစ်ပွဲနည်း ဗျူဟာတွေ (asymmetrical hybrid warfare) ကျင့်သုံးမှာဖြစ်တယ်။

နောက်ဆုံးအနေနဲ့ ပြောရရင် PLA ဟာ တကယ့်ကို အလေးထားရမယ့် ဆိုင်ဘာလုံခြုံရေးအန္တရာယ်တခုဖြစ်နေ တယ်။ မကြာသေးတဲ့နှစ်တွေအတွင်း PLA ဆိုင်ဘာတပ်ဖွဲ့တွေဟာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ၊ အခြေခံ အဆောက်အဦး ကုမ္ပဏီတွေနဲ့ အစိုးရရဲ့ ကွန်ယက်တွေကို အောင်အောင်မြင်မြင်ဖောက်ထွင်းနိုင်ခဲ့တယ်။ ဝက်စ် တင်းဟောက်စ် လျှပ်စစ်ကုမ္ပဏီ၊ အမေရိကန်သံမဏိကော်ပိုရေးရှင်းနဲ့ တခြားကုမ္ပဏီတွေကို ဟက်လုပ်တဲ့ အတွက် ၂၀၁၄ ခု မေလမှာ အမေရိကန်တရားရေးဝန်ကြီးဌာနက ယခင်တရုတ်စစ်ဦးစီးဌာနရဲ့ ၆၁၃၉၈ တပ်ဖွဲ့ ဝင်ငါးယောက်ကို တရားစွဲခဲ့တယ်။ တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ ဟက်ကာတွေဟာ အမေရိကန်ဝန်ထမ်းစီမံခန့်ခွဲရေးရုံးရဲ့ ကွန်ပျူတာစနစ်ကိုလည်း ဖောက်ဝင်ခဲ့လို့ အစိုးရဝန်ထမ်း အသစ် အဟောင်း ၄ သန်းရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ပေါက်ကြားသွားခဲ့တယ်။ ဆက်သွယ်ရေးအတွက် ဆိုင်ဘာကွန်ယက်တွေအပေါ် မှီခိုနေရတဲ့ စစ်တပ်တွေဟာ PLA နဲ့ ပဋိပက္ခဖြစ်ရင် သူတို့လှုပ်ရှားမှုတွေ ကြီးကြီး မားမားထိခိုက်တာ ဖြစ်သွားနိုင်တယ်။

၂၀၁၇ ခုထဲမှာ အမေရိကန်ရေတပ်သင်္ဘောလေးစင်း အရှေ့တရုတ်ပင်လယ်မှာ သင်္ဘောချင်းတိုက်မှုတွေ ဖြစ်ခဲ့ တယ်။ အတွင်းပိုင်းစုံစမ်းစစ်ဆေးမှုအရ သင်္ဘောသားတွေရဲ့ပေါ့ဆမှုဟာ အဓိကပြစ်ချက်ဖြစ်တယ်။ ဒါပေမဲ့ ဖစ်ဇ်ဂျရောလ် နဲ့ ဂျွန်မက်ကိန်း ဖျက်သင်္ဘောတွေက ကုန်သည်သင်္ဘောတွေနဲ့ အထူးပြင်းပြင်းထန်ထန်တိုက်မိ တာ၊ ဒီမတော်တဆမှုနှစ်ခု အချိန်သိတ်မကွာဘဲဖြစ်တာတွေကြောင့် အစိုးရဘက်ကစုံစမ်းစစ်ဆေးရေးသမား တွေနဲ့ နည်းပညာကျွမ်းကျင်သူတွေက ဆိုင်ဘာတိုက်ခိုက်မှု ရှိနိုင်သလား စဉ်းစားနေရတယ်။ တကယ်လို့ ဆိုင်ဘာအဖျက်အမှောင့်လုပ်ရပ်ဟာ သင်္ဘောချင်းတိုက်မှုရဲ့ တကယ့်အကြောင်းတရားတခု ဖြစ်ရင်တော့ တရား ခံဟာ PLA ဘဲဖြစ်မယ်။

● နိဂုံး
ရှီကျင်ပင်းရဲ့ စစ်ဘက်ပြုပြင်ပြောင်းလဲရေးတွေဟာ အမေရိကန်စစ်တပ်ဆီက စိတ်ကူးရခဲ့ပုံပေါ်တယ်။ အဲ့လို လုပ်တဲ့အတွက် PLA ကိုလဲ ခေတ်မှီတောင့်တင်းစေသလို တဖက်မှာလဲ တရုတ်ကွန်မြူနစ်ပါတီအပေါ် သူ့ချုပ် ကိုင်မှု ခိုင်မာလာစေတဲ့ တချက်ခုတ်နှစ်ချက်ပြတ်အကျိုးရှိနေတယ်။ ခေတ်မှီတိုးတက်လာတဲ့ PLA ဟာ အမေရိ ကန်ကို သမရိုးကျထိတွေ့မှုမှာ ကျော်နိုင်မယ့်အလားအလာ မရှိပေမဲ့ တကယ်လို့ PLA က သမရိုးကျမဟုတ်တဲ့ နည်းဗျူဟာတွေ လက်နက်တွေ သုံးရင်တော့ PLA ဘက် အလေးသာသွားနိုင်တယ်။ ဒီအနေအထားအရဆိုရင် PLA ဟာ အမေရိကန်ကို ခြိမ်းခြောက်နိုင်တဲ့ "အမေရိကန်ဆန်တဲ့"အကြီးဆုံးစစ်အင်အားတခု ဖြစ်လာနိုင်တယ်။

ဂါမဏိ
(ဒီဇင်ဘာလ ၂၀၁၇ The Diplomat စာစောင်မှ Don Tse ၏ China's Americanized Military ကို ဘာသာပြန်သည်။)

ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၃

$
0
0

ဗိုလ်ထက်မင်း –  ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၃
 (မိုးမခ) မတ် ၂၉၊ ၂၀၁၈


ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့အမှတ်မထင်ဆုံခဲ့ရ (ဒုတိယကြိမ်)

သောကတောင်တန်း နေကြယ်တွေသန်းခဲ့ရတဲ့ မိန့်ခွန်းရှည်

၂၀။ ၁၉၉၁ခုနှစ် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမှာ စာရေးသူဟာ စစ်ရေးပြမှူးကြီးရဲ့ လုံခြုံရေးအပါအ၀င် တပ်မတော်စစ်ကြောင်းအားလုံးရဲ့ ထိပ်ရှေ့ပြေးလမ်းကြောင်း ရှင်းတာဝန်အရ လက်နက်ကိုင်တပ်စိတ်တစိတ်ပါ NISSAN PATROL ထိပ်နီကားနဲ့လိုက်ပါထမ်း
ဆောင်ရပါတယ်။ ကားကို အနှေးမောင်းရပြီး ပန်းကုံးစွပ်ဖို့ တိုးလာတဲ့ လူထုနဲ့နောက်က စစ်ကြောင်း ပုံပျက်မပျက် ထိန်းပေးရသလို လူထုထဲက အဖျက်အမှောက်လုပ်သူများ ဘွားကနဲပေါ်လာရင် မိမိက ဘယ်လိုတုန့်ပြန်ပြီး ဖေါက်ထွက်ရမည့်အူကြောင်းနဲ့ စစ်ရေးပြမှူးကြီးကို ကားပေါ်ဆွဲတင်ဖို့တကွ လမ်းတလျှောက်လုပ်နိုင်မည့် စစ်ရေးလှုပ်ရှားမှုတွေကို တိုက်စစ်ကစားသလို တွက်ချက်နေရပါတယ်။ တော်လှန်ရေးပန်းခြံရောက်ပြီး ၃၀ မိနစ်လောက်အကြာမှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးစောမောင် ယာဉ်တန်းရှည်ကြီးဟာ ဆိုက်ရောက်လာပါတယ်။ တပ်ချုပ်ကို တန်းအပ် ချီတက်  အလေးပြုပြီး မိန့်ခွန်းပြောကြားပါတော့တယ်။ ခါတိုင်း တပ်ချုပ်မိန့်ခွန်းပြောရင် နာရီဝက် မိနစ်၃၀ ခန့်မှ
အလွန်ဆုံး ၄၅ မိနစ်ထိ ကြာသော်လည်း ယခုအခြေအနေမှာ တစ်နာရီကျော်နေပြီဖြစ်ပါတယ်။

၂၁။ စာရေးသူက ကားထဲက ကြည့်ရင် မသဲကွဲလို့ တံခါးဖွင့်ဆင်းကြည့်တော့မှ တပ်ချုပ်ကြီးဟာ
မာန်အပြည့်နဲ့ တင်ထားတဲ့ စာကိုမဖတ်ဘဲ အလွတ်ပြောနေတာ တွေ့လိုက်ရပါတယ်။ နေမင်းကြီးတွေက တဖြေးဖြေး အပူချိန်တက်လာသလို ကြယ်တွေကလည်း တချို့မှေးမိန် မြင်ရသေးတာမို့သောကတောင်တန်း နေကြယ်တွေသန်းပြီလို့ဆိုလိုက်ချင်ပါတယ်။ ရှေ့ဆုံးထိုင်ခုံမှာ ထိုင်နေကြတဲ့ ဗိုလ်ချုပ်တွေဟာ ပိကပ်ဦးထုပ်ဆောင်းထားရတာမို့ ပိုပူပြီး ပါးတွေကြားက ချွေးတွေ အတောင့်လိုက်စီးနေတာတွေ့လိုက်ရပါတယ်။ မိန့်ခွန်းဟာ တစ်နာရီခွဲထိတိုင် မချုံ့သေးဘဲရှိနေရာ တန်းစီရပ်ရကြတဲ့ တပ်မတော်သားတွေ အဖို့ နေကပြင်းပြင်း လှန်းထားသလို လဲမကျအောင် တောင့်ခံထားနေပုံတွေကို တွေ့လိုက်ရတာကြောင့် သနားကရုဏာသက်မိသွားပါတယ်။ မြန်မြန်ပြီးပါစေလို့ဆုတောင်းနေမိရာ တနာရီ ၄၅မိနစ် ကျမှ စင်ပေါ်ကဆင်းသွားလို့ သက်မ ချလိုက်ရပါတော့တယ်။ ဖြစ်စဉ်တွေအားလုံးချုံကြည့်ရင်ရင် တပ်ချူပ်ဟာ အလုပ်တာဝန်နဲ့ ဖိအားတွေများနေရတာမို့ စိတ်ဖေါက်သွားတယ်လို့ သုံးသပ်ပါတယ်၊

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အမှတ်မထင်ဆုံခဲ့ရ (ပထမအကြိမ်)

ဘောင်းဘီအိတ်နှိုက်ကာ အမြဲအကြံထုတ်နေတဲ့လူကြီး

၂၂။ မရမ်းကုန်း ၈မိုင် ကုန်းမြင့်သာ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တခုသာ ရှိခဲ့စဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့ရဲ့အိမ်တော်ကြီးနဲ့ကပ်လျှက် ဂေါက်ကွင်းမှာ ဂေါက်ရိုက်လေ့ရှိရာ တနေ့တော့ အနီးကပ်လုံခြုံရေးအတွက် စာရေးသူနဲ့ တပ်စုတစု သွားလိုက်ပေးရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (တပ်ချုပ်)ဟာ ဂေါက်ရိုက်ပြီးတော့ သန့်စင်ခန်းကအထွက် ဘောင်းဘီအိတ်နှိုက်ပြီး တစုံတခု စဉ်စားနေဟန်တူပါတယ်။ တပည့်ကျော်များက သူ့ဆရာဟာ ဘောင်းဘီအိတ်နှိုက်တာ ၀ါသနာပါချက်က UNDER WEAR ၀တ်ရင်တောင် အဲဒီဘောင်းဘီတိုအိတ်တောင် မရှောင်နှိုက်ရမှ သက်သာသလို  ရှိတယ်ထင်ရပြီး တခုခု ကြံစည်နေပြီဆိုတာ ပြောကြပါတယ်။ ယခုလည်း သူက  လက်တဖက်ကိုထုတ်လိုက်ပြီး အနားရှိ သူ့လူတွေကို လှမ်းခေါ်ကာ လက်ညှိးနဲ့ တောင်
ထိုး မြောက်ထိုး ပြောနေတာ သဲ့သဲ့ကြားလိုက် (သူအနား သိပ်ကပ်ရင် မသင့်တော်တာမို့ ခပ်လှမ်း
လှမ်းက စောင့်ပေးနေရလို့ မကြားတချက၊် ကြားတချက်ဖြစ်) ပါတယ်။

၂၃။ တပ်ချုပ်က “မင်းတို့ရုံးတွေ သိပ်ကျပ်နေရင်လည်း အရေးမပါတဲ့ ညွှန်မှူးရုံးတွေကို အရူးထောင် ပြောင်းပေးပေါ့၊ နောက် ဒီဘက်မှာ ကဇာတ်ရုံ ရုပ်ရှင်ဆောက်ပေါ့။ နောင်ရေးအတွက်ပေါ့”။ နောက်များတော့ေ၇ွှတိဂုံဘုရားလမ်းမှာရှိတဲ့ စစ်ရုံးကြီးဟာ ၈မိုင် မရမ်းကုန်းကို ရွေ့လိုက်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို စစ်ရုံးနေရာဟောင်းကို ပို့လိုက်ကာ အရူးထောင်စိတ္တဇဆေးရုံကို သိမ်းလို့ ရွာသာကြီးကို ရွေ့လိုက်ပါတယ်။ စစ်ရုံးမှာရှိတဲ့ ရုံးတွေဟာ ကက(ကြည်း)လက်အောက်မှာပင် အနည်းဆုံး ဒါဇင်နဲ့ချီ များပြားလေရာ ကက(လေ)နဲ့ ကက(ရေ)သာ ပေါင်းလိုက်ပါက ပရိဘောဂ တအုပ်တမကြီး ဖိုင်တွေနဲ့ စာအုပ်စာတမ်းတထပ်ကြီး တောင်လိုပုံနေရာ ကုန်းမြင့်သာအဆောက်အဦ အနည်းငယ်နဲ့ မလောက်တာမို့ အရူးထောင်သိမ်းလိုက်တာဖြစ်ပါတယ်။ အရာရှိစစ်သည်တွေဟာ ရင်မောစွာ နဲ့ စိတ်ပင်ပန်းစွာနဲ့ ကုန်းမြင့်သာကို ပြောင်းတာ အမောဖြေရုံ ရှိသေးကာ၂၀၀၅ခုနှစ် မှာ နေပြည်တော်ကို ထပ်ပြောင်းရလို့ ဆင်းရဲဒုက္ခဖြစ်ကုန်ကြရပါတယ်။ နိုင်ငံတော်ဘဏ္ဏာငွေဟာလည်း  ခန့်မှန်းလို့မရနိုင်လောက်အောင် ဘီလီယျံချီပြီး ကုန်ကျကာ အလဟသ ဖြစ်ကုန်တယ်လို့ သုံးသပ်ပါတယ်။ နေပြည်တော်ပြောင်းရတာဟာ စစ်အာဏာရှင်တို့ရဲ့ လုံခြုံရေးအပါအ၀င် နိုင်ငံရဲ့ မဟာဗျူဟာအချက်အချာကျကျ ပြောင်းတယ်လို့ မှန်သလိုလို ရှိပေမဲ့ ကုန်းမြင့်သာကို စစ်ရုံး ဘာကြောင့် တဆင့်ပြောင်းခိုင်းနေရသေးတယ် ဆိုတာကိုတော့ စာရေးသူ နား မလည်နိုင်အောင် ဖြစ်မိပါတော့တယ်။ စစ်အာဏာရှင်ပီပီ လုပ်ချင်ရာကို ဇွတ်လုပ်တတ်တဲ့ သဘာဝကြောင့် တိုင်းပြည် ဆင်းရဲခြွတ်ချူံကျခဲ့ရပါတယ်။ နေပြည်တော်တည်ဆောက်ရေးအတွက် ဖါးကန့်မှ ကျောက်ကို ထုခွဲ ရောင်းချသလို ထိုင်းနယ်စပ်မှ ပိတ်ထားတဲ့ ဆောက်လုပ်ရေးပစ္စည်းများဖွင့်လှစ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အမှတ်မထင် ဆုံခဲ့ရ (၂ ကြိမ်)

၂၄။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ (ဒုတိယနဲ့ တတိယ)အကြိမ် ဆုံခဲ့ရတာမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးပေါင်းစစ်ဆင်ရေးလေကျင့်ခန်း လုပ်ခဲ့တဲ့ ပုသိမ်လျှော်ပြာနဲ့ မိတ္ထီလာ ဇရပ်ကွင်း တပ်မတော် (ကြည်း၊  လေ) ခြေလျင်၊ တင့် အမြောက် ပူးပေါင်းလေ့ကျင်ခန်း -  ရှုရပ်ကုန်းတို့မှာ ဖြစ်ပါတယ်။

လျှော်ပြာလေ့ကျင်ခန်းမှာ စကခ(၄) နည်းဗျူဟာတဗျုဟာကို ခြေလျင်တိုက်စစ်နဲ့တပ်ရင်းပစ်အား သရုပ်ပြ တာဝန်ပေးထားပါတယ်။ တပ်ရင်းပစ်အားပြင်းထန်ရာ မဏ္ဏုပ် ကြမ်းခင်းအောက်မှာ ထည့်ထားတဲ့ လက်နက်ကြီးများရဲ့ ပစ်လွှတ်လိုက်တဲ့ ပေါက်ကွဲသံတွေဟာ သိမ့်သိမ့်တုန်နေတာမို့  တချို့သေနတ်သံနဲ့ဝေးနေတဲ့ တချို့ဗိုလ်ချုပ်တွေဟာ ကြောက်သေး ထပေါက်သလို နားထဲ အူဟန်ပြပြီး နားရွက်အုပ်နေတာ တွေ့ရလို့ သဘောကျနေရပါတယ်။

ဗိုလ်ချုပ်မြင့်အောင်နဲ့ ဗိုလ်ချုပ်မောင်လှတို့ကတော့ ဖိုက်တာပီပီ ဖင်တကြွကြွနဲ့ အားမလိုအားမရ ထကြည့်ကြပါတယ်။ လေကျင့်ခန်းကြီး အားလုံးပြီးဆုံချိန်မှာတော့ တပ်မတွေကို နောက်တန်း မပြန်ခိုင်းဘဲ ကရင်ပြည်နယ်စစ်ဆင်ရေးဆက်ထိုးဖို့ အထူးလျှို့ဝှက်ခိုင်းတာမို့ စာရေးသူထံ လာမေးတဲ့ အရာရှိများကို အုပ်ချုပ်မှု အဆင်ပြေစေဖို့ လိမ္မာပါးနပ်စွာ ပြောလိုက်ရပါတယ်။ ဒီရှေ့တန်းထွက်စစ်ဆင်ရေးကြီးဟာ တပ်မတော်သမိုင်းမှာ အကြီးမားဆုံးစစ်ဆင်ရေးဖြစ်ဟန်တူပြီး စစ်ယာဉ်တန်းကြီးဟာ ဘယ်လောက်ရှည်သလဲဆိုရင် မုတ္တမမှ သထုံထိရှည်တယ်လို့သိရပြီး ရန်သူအငိုက်မိသွားကာ တပ်ရင်းမှူး  အဆင့်ထိ လက်နက်ချ အလင်းဝင်တဲ့အထိ အောင်မြင်တယ်လို့ တပ်ချုပ်နဲ့ ဒုတပ်ချုပ်တို့က သုံးသပ်ကြတယ်လို့သိရပါတယ်။ ဒါပေမဲ့ ပုသိမ်မှာ လေ့ကျင့်ခန်းကြီးမှာပါတဲ့ တပ်အချို့က ဆီခိုးရောင်းပွဲကြီးကြောင့် စက်သုံးဆီတွေလှိုင်လှိုင်ဖြစ်သွားတာကတော့ စစ်အာဏာရှင်များ မသိလိုက်ဖူး ထင်ပါတယ်။ ဒါက တပ်ချုပ်နဲ့ဒုတိယအကြိမ် ဆုံတာဖြစ်ပါတယ်။

၂၅။ တတိယအကြိမ် တပ်ချုပ်နဲ့ အမှတ်မထင် ဆုံတဲ့ နေရာကတော့(ကြည်း/လေ)ခြေလျင်တင့်၊
 အမြောက်လေ့ကျင်ခန်းပြမည့် ဇရပ်ကွင်း ရူ့ရပ်ကုန်း တောင်ကုန်းထိပ်မှာဖြစ်ပြီး မတ်စောက်ကျဉ်း မြောင်းလို့ကားနဲ့တက်လာလို့ရအောင် လုပ်ခိုင်းလေရာ တော်ယုံ လုပ်ဖို့ မလွယ်ကူတဲ့ အနေအထား
ဖြစ်ပါတယ်။ အောက်ခြေတပ်မှူးများထံ သဘောထား မတောင်းတော့ဘဲ အမှတ်လိုချင်နေကြတဲ့ အထက်က ဗိုလ်ချုပ်တွေက ရပါတယ်ဆိုပြီး ဇွတ်အာမခံခဲ့လို့ အောက်ခြေ B.E အပါအ၀င် တပ်မှူးတွေခင်မျာနေ့ရောညပါ မြေဖို့ဇောချွေးပြန် အံကြိတ်လုပ်နေရပြီး မိမိက  နေရာထိုင်ခင်းပြင်ပေးရတာမို့သိနေရပါတယ်။

၂၆။ ယ-ရက် ကျင်းပမည့်နေ့မှာတော့ မြေဖို့ထားတဲ့ တောင်ပေါ်လမ်းကို မာစီဒီးကား အကောင်းစား
ကြီးတွေနဲ့ မဏ္ဏုပ်ထိပ် တက်လာရာ စစ်ဖက်လက်ထောက် ဗိုလ်ချုပ်နေ၀င်းက (နေရာကျဉ်းလို့ လုံခြုံ
ရေးတပ် မချနိုင်လေရာ မိမိက တာဝန်ယူထားရလို့အားဖြည့်) အူဇီသေနတ်ကြီးလွယ်ပြီင်္း အသင့်အနေအထားနဲ့ တပ်ချုပ်လုံခြုံရေးအတွက် ရံထားရပါတယ်။ ရန်ကုန်မှာ တိုင်းမှူးတစ်ဦးသာ ရုံးစောင့်ကျန်ရစ်ခဲ့ကာ ကျန်တဲ့ သူတွေအားလုံးနီးပါးတက်လာဟန်တူပြီး တခါမှ ဒီလိုပွဲမျိုး မလုပ်ဖူးတာကြောင့် တောသားတွေ မြို့တက် အလုအယက်တိုးဝှေ့ရုပ်ရှင်ကြည့်ကြတဲ့ ပွဲလို ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ စာရေးသူ ပွဲမစခင် ညက တက်မည့်စာရင်းတောင်းရာ တဖြေးဖြေးများလာကာမငြိမ်တာမို့ ခင်းထားတဲ့ ထိုင်ခုံတွေနဲ့ ရေလိုက်၊ လျာလိုက်နဲ့ VIPP ,VIP ခွဲကာ လူကြီးများက ကလေးလေးလို လုထိုင်မှာစိုးလို့ BY NAME LIST နဲ့ ရာထူးကြီးစဉ်အလိုက် တခုံခြင်း စာကပ်ထားပေးရပါတယ်။ ဒီလိုလုပ်ပေးထားတောင် ဗိုလ်ချုပ်တွေက တော်တော်များလေရာ နေရာကျဉ်းလို့ ထိုင်ခုံ လုပွဲ ငြင်းခုံ သတ်ပွဲဖြစ်လာပြီး အရေးထဲ ဟောင်ဖွာဟောင်ဖွာ လုပ်တတ်တဲ့ ဟိုတယ်နဲ့ခရီးဝန်ကြီး ဗိုလ်ချုပ်စောလွင်ကိုမှ ထိုင်ခုံမရတော့လို့ဖြစ်နေရာ ပူညံပူညံ မိမိအား အော်ငေါက်ခဲ့လို့ ဇက်ပုခဲ့ရပါသေးတယ်။ ဗိုလ်ချုပ်စိန်ထွားက “ဒီကိုလာ၊ မျှထိုင်ရအောင်၊ ကလေးတွေကို နားလည်ပေးလိုက်စမ်းပါဗျာ၊ နေရာကျဉ်းတယ်၊”လို့သက်သာသွားပါတယ်။

(ဆက်လက် ဖော်ပြပါမည်)

ကာတွန်း ဆွေသားရဲ့ တရားစောင့်နတ်

$
0
0

ကာတွန်း ဆွေသားရဲ့ တရားစောင့်နတ်
(မိုးမခ) မတ်လ ၃၀၊ ၂၀၁၈

ဆလိုင်းမြတ်နိုးသူ ● အားလပ်ရက်

$
0
0

 ဆလိုင်းမြတ်နိုးသူ ● အားလပ်ရက်
(မိုးမခ) မတ်လ ၃၀၊ ၂၀၁၈

ဒီနေ့ဆိုင်မှာ မျက်ခုံးညှပ်ဖို့တွေးထားတယ်
ပါးပါးကလေးနဲ့ တဂျီဂျီအော်နေမယ်
အရိုးကလေးတွေ ကော်ပတ်တိုက်ရမယ်
ပြီးတော့ မျက်လုံးကိုလည်း ထုတ်ဆေးရမယ်
ပြီးတော့ ရေကူးကန်လည်း နေလှမ်းရမယ်
ပြတင်းပေါက်ကနေကြည့်မယ်ဆို လူနံ့တွေနဲ့ဘယ်လို နေရမလဲ
မြေခွေးတွေဟာ ကြောက်တတ်ကြပါတယ်
ကိုယ်က မြေခွေးတကောင်မှ မဟုတ်ဘဲ
ဟုတ်တော့ကော အဲဒီကို သွားဖို့လိုမှာလား
ကိုယ် စမ်းသပ်မိတယ်
အဲဒါနဲ့ပဲ မသွားဖြစ်ခဲ့တာ ကြောင်အိမ်ထဲက ဓားတုံးသလောက်ပဲ
ဒီနေ့တော့ ဖြစ်ကိုဖြစ်ရမယ်
ပျင်းလို့ရယ်ဒီမိတ်တွေ ဆောင်ထားခဲ့တယ်
သွားစွယ်တွေကိုတော့ ဝှက်ထားလို့မရဘူးမဟုတ်လား
ဘာပဲဖြစ်နေဖြစ်နေ ထွက်မှရမယ်
မိုးကလေးရွာနိုင်တယ်
ဒီချိန်ဆို အားနေလောက်တယ်
အိမ်တံခါး သော့ခတ်ခဲ့တယ်
ပြီးတော့လည်း အတွင်းထဲကနေ ပြန်လှည့်ရတယ်
ကိုယ်ဟာ ဒီလိုမျိုးလျှောက်သွားနေလို့မှမရဘဲ
အဓိပ္ပာယ်မှာ အဓိပ္ပါယ် မရှိတော့ဘူးလေ။

ဆလိုင်းမြတ်နိုးသူ

မောင်ဥက္ကလာ ● ခီလေသမျှ ဟိုဟာကွဲရ

$
0
0
မောင်ဥက္ကလာ ● ခီလေသမျှ ဟိုဟာကွဲရ
(မိုးမခ) မတ်လ ၃၀၊ ၂၀၁၈

ဒီရက်အတွင်း ရွှေပြည်ဖွဘုတ် နံရံပေါ်မှာ ရွှေပြည်သားတွေ တခီခီ ဖြစ်နေတာနဲ့ မေတ္တာတရားလွှမ်းခြုံ၊ အလွန်အေးချမ်းသာ ယာတဲ့ ရွှေပြည်ကြီးမှာ  ဘာတွေဖြစ်ပြန်ပြီလဲလို့ အလန့်ထညက် ခေါင်းထောင်ကြည့်လိုက်သည်အခါ …

ရွှေပြည်ရဲ့   အားလုံးအထက်မှာရှိတဲ့ ပုဂ္ဂိုလ်ကိုယ်တိုင် မင်းပြောင်းမင်းလွှဲ မအားမလပ်ကြားမှ ရွှေပြည်သမိုင်းအတွက် အထူး အရေးကြီးတဲ့ နေ့ကြီးနေ့မြတ်တရက်ဖြစ်တဲ့ ရွှေပြည်ရုပ်သေ ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးကို အချိန်ပေး တက်ရောက် ပြီး၊ ရွှေပြည်သမိုင်း အပြောင်းအလဲကို ရှေ့တန်းမှ ရဲရဲဝံ့ဝံ့၊ မားမားမတ်မတ် စပွန်ဆာယူပြီး  ရပ်တည်နေကြတဲ့ ရုပ်သေလောက သားတွေကို ကျေးဇူးတင်စကား တက်ရောက်ပြောကြတာကို တွေ့မြင်ပြီး ရုပ်သေလောကသားတွေနဲ့ထပ်တူ ဝမ်းမြောက်မဆုံး ခင်မှာ…

အားလုံးအထက်ကပုဂ္ဂိုလ်ရဲ့  မိန့်စကားကို ရုပ်သေလောကသားများ မြေဝယ်မကျ နာခံပြီးနောက် Soft Power အသုံးအနှုန်းကိုေ-ာက်ပေါ လို့ အသံထွက်၊ နားလည်သလားမသိ ထို့ညတွင် ရုပ်သေလောကသားတို့မှာ မတော်ရာမှာ ပျော်စရာရှာ နေကြတဲ့ ရွှေပြည်သားတွေ တခီခီ ဖြစ်နေတာနဲ့ ပတ်သက်ပြီး၊ မအောင့်နိုင်မအီနိုင် အုပ်စုဖွဲ့ကာ သူတို့ရဲ့  ခနော်ခနဲ့ ရွာခြံစည်းနား ကပ်လာသူ၊ ရွာခြံစည်းကို ကျော်ခွထွက်ချင်သူများကို တချိန်တခါက ရွှေပြည်ကြီးမှာ ဗိုလ်ကျသောင်းကျန်းသွားခဲ့(နေ)တဲ့ ငြိမ်ဝပ်ပိပြားရေး လက်နက်ကိုင်အဖွဲ့ရဲ့  ကြွေးကြော်သံများ … အမေကျော် ဒွေးတော်မလွမ်းနဲ့၊ ပြည်ပအားကို ပုဆိန်ရိုး၊ အချုပ်အခြာ အာဏာ မထိပါးနဲ့ … ကိုင်ဆွဲကာ ဖွဘုတ်နံရံကြီး ပေါက်ထွက်မတတ် အစွယ်တဝင်းဝင်း၊ ဒေါသအမြောင်းမြောင်းနဲ့ ဂျေဒိုးနတ်တွေစားကာ ကုတ်ခြစ် … အဲ … ရေးခြစ်ကြလေသည်။

ဖွဘုတ်ကို သူတို့ ရုပ်သေလောကသားတွေ ကိုယ်ပိုင်ရိုက်ကွင်းအထင်နဲ့ စည်းလွတ်ဝါးလွတ် ဖွလိုက်ကြတာ သူတို့ရဲ့  မဟာလျှို့ ဝှက် အတင်းချက် (chat) တွေကို ထပ်ဆင့်ဖွချင်သူ အဖွဲ့ဝင်တဦး (ဝါ) နီးစပ်သူတဦးက မောင်ဥက္ကလာထံ ပေးပို့ လာလို့ စာရှုသူများလည်း သိစေဖို့ ပြန်လည်စာစီကုံးကာ ဖွဝေလိုက်ပါသည်။ မှန်၏မမှန်၏ကို စာရှုသူတို့ နှလုံးသားပိတ်ပြီး ဦးနှောက်နဲ့ ဖတ်ရှု့ ကြပါ။

‘ဟယ်လို … ဒီည ဖွဘုတ်ဂရုပ်ချက် (Group Chat) ပေါ်မှာ ဘယ်သူတွေ ရှိကြလဲ။ ရက်နဲ့ချီ ရင်ထဲစို့နေတဲ့ ဂျေလုံးတွေကို အန်ထုတ်ပြောကြဖို့ ဖိတ်ခေါ်ပါတယ်။’

‘ဟေ့ ငါ ရှိတယ်။ ပြောချင်လို့ စောင့်နေတာ ကြာပြီ။ ကဲ … အစဉ်အလာမပြတ် ငါပဲ စပြောမယ် … မင်းတို့မြင်တယ် မဟုတ် လား။ အဖွားကြီး* က အသက်ကြီးပေမယ့် မပျက်ဆီးသေးဘူးနော်။ ငါတို့ မင်းသမီးတွေထက် အများကြီးမိုက်တယ်။ အဖွား ကြီးသာ တစ်နာရီလောက် အချိန်ပေးနိုင်ရင် ငါတို့ နှစ်ရက်ထဲနဲ့ အပြတ်ရိုက်နေတဲ့  ပေါကား၊ ဂျင်းကားတွေ$ ထဲ ဖြတ်လျှောက် လောက် ထည့်ရိုက်လိုက်ရင်တောင် ငါတို့တွေ ဝက်ဝက်ကွဲ ထောကြမှာနော်။’ (*လူရှေ့ သူရှေ့ မှာတော့ အမေလို့ ချွဲချွဲပြစ်ပြစ် ခေါ်လေ့ရှိကြ။ $- နိုင်ငံတကာအဆင့်မမီနိုင်တော့ နိုင်ငံတကာ အဆင့်မီ ဇာတ်ကား၊ ဇာတ်လမ်းကို ရိုက်ကွင်းမှာ လက်တမ်းပြောဆို ပုံတူးကူးချရိုက်။)

ကိုယ်ပြောတာ အကုန်မှန်ပြီး သူများပြောတာ တချက်နားမထောင်တတ်တဲ့ ဆရာ့ဆရာကြီး ကိုကြီးကတုံး ပြုတ်တူရဲ့အ ပြောဆုံးတာနဲ့ … ‘ကျနော်တို့ အကိုကြီး ပြေးချက်က အမိုက်လန်းတယ်။ ဘာမှမရှိတဲ့ ကျနော့်ခေါင်းထဲ ဝုန်းကနဲ့ ဆောင့်ဝင် လာတဲ့အတွေးက … ဇာတ်ကားအမည်ကို “အမေ့ရဲ့ ခေါ်သံ” ပေးပြီး၊ ဇာတ်လမ်းထဲမှာ … အမေ့မျက်နှာကြီးကို မိုးကောင်ကင် ပေါ်အပြည့်၊ တိမ်တွေနောက်ကွယ်က ပေါ်လိုက်ပျောက်လိုက် တဖြတ်ဖြတ် ရိုက်ပြလိုက်၊ ပင်လယ်ရေပြင်ပေါ်မှာ လှိုင်းတွေ တဝုန်းဝုန်းနဲ့ ပေါ်လာလိုက် မြုပ်သွားလိုက်၊ တောတန်းတောင်တန်းကြီးတွေပေါ်မှာ မှုန်လိုက်ဝါးလိုက် ပြပြီး၊ ဇာတ်သိမ်းက တော့ ရုတ်တရက် မိုးကုပ်စက်ဝိုင်းတခုလုံး အုံ့မှိုင်းလာပြီး တိမ်တိုက်တွေ လေနဲ့အတူ တရိပ်ရိပ်လွှင့်မျှော၊ မိုးကြိုးလျှပ်စီးတွေ အောက်မှာ အစောပိုင်းက ထွန်းလင်းနေတဲ့ သက်တံကြီးလည်း မိုးသက်မုန်တိုင်းအောက် ကြည်လင်တောက်ပနေတဲ့ အမေရုပ် လွှာကြီးလည်း တဖြည်းဖြည်းကွယ်ပျောက်သွား … အဲဒါကို ဇာတ်ရှိန်မြှင့်ပြီး … တကယ်ကို ဟတ်ထိမယ့် တိုက်တန်နစ် (Tatinic) ဇာတ်ကား ဇာတ်သိမ်းပိုင်းကို ဖြတ်တောက်ယူပြီး အဆင့်မြင့်မြင့် ရိုက်မယ်’ လို့ ဒါရိုက်တာကိုဂေါက် က ဆိုင်းမဆင့်ဗုံမဆင့် ဇာတ်လမ်းရေး တင်လိုက်တယ်။

‘ကိုကြီးဂေါက် ဆေးလ်လိုက်တဲ့ အိုက်ဒီးယားစ် က သိပ်စ်ဂွတ်စ်တယ်ဗျာ။ ဒီလောက်လေး ဟီးရား လိုက်တာနဲ့ သားရဲ့  ဟက်စ်ကို ထိသွားလို့ သားလည်း ဒီကားမှာ မိန်းစ်အက်ထာ ပါချင်တယ်နော်။’ ပါးစောင်ထဲမှာ ကွမ်းသီးငုံထားတဲ့ ရုပ်ကြမ်းကြီးနဲ့ နုနေတဲ့ သားဆိုတဲ့ မင်းသားဆိုသူ နေ့မင်းညမင်းရဲ့  အပြောကို ညိုပြာညှက် အသားအရေ၊  နံပြားမျက်နှာပေါက်နဲ့ ဘုရားတရား ၂၄/၇ လုပ်နေတဲ့ မင်းသမီးဆိုးမိုက်နန့်ဒါ က လက်မထောင် ထောက်ခံလိုက်ပြီ။

‘ဟယ် အမေးဇင်း … ကိုကြီးနေ့မင်းညမင်း က နိုင်ငံတကာအဆင့်မီ ဇာတ်ကားတွေရိုက်ဖို့ စပီကင်တွေ လေ့ကျင့်နေတာ စွန်းမိုက်နေပြီ။ ညလေးတို့ကိုလည်း ပြန်သင်ပေးရမယ်နော်။ ကိုကြီး လေယူလေသိမ်း ပုဇွန်တောင်ဈေးခြင်း က ဟိုတယောက်ထက် ပိုကောင်းတယ်။ အိုခေနော် … ဒါဒါကိုလည်း ဘိုလိုမှုတ်တတ်အောင် သင်ပေးနော်။ သိုင်းကျူး။ ဟိုအတွဲနဲ့ သူတို့ ဖန်တွေကိုတော့ တကယ့်ကို ကလော်တုတ်ချင်စရာ … ဟင်း ဟင်း သိတယ်နော် …’

‘ဟာ … ညလေးကလည်း သစ္စာပန်း နဲ့ သစ္စာပန်း (this man and this man) ပြောစရာ မလိုပါဘူးစ်။ ဟိုဟာတွေတော့ေ-ာက်ဂရုမစိုက်နဲ့ တော်ကြနေ ချီးကားတိုက်ကြမှာ … ဂီ .. ဂီ … ဂီ’

‘နိုး နိုး အဲဒီလို မရဘူးလေ။ အိုင်ကိုလည်း သင်ပေးရမယ်နော်’ လို့ ပေါက်တော့မယ့် ဘောလုံးလို မျက်နှာနဲ့ မင်းသမီးတွန့်စက် က ဝင်ပြောတယ်။  ‘အိုင် က ယူတို့လို စပိတတ်အောင် ကလက်စ်းတွေ တက်နေပြီး၊ ပုဇွန်တောင်ဈေးခြင်းတွေ ကောင်းအောင် ငပိတို့ ငံပြာရည်တို့ မစားတာ အတော်ကြာပေါ့။ အခုဆို ကြက်ဆို ကေအက်ဖ်ဆီ၊ မုန့်ဆို ဂျေဒိုးနတ်၊ ဟမ်ဘာဂါတို့ပဲ စားတော့တယ်။’

ဟေ့… တော်ကြတော့။ အဲဒါတွေ ဘေးခေါက်ထားလိုက် … ရူးမနေ၊ ပူမနေနဲ့ … ဒို့တွေက ရွာကြိုက်ကားပဲ ဆက်ရိုက်မှာ။ ဘိုလိုဘတ်လိုတွေ ပြောစရာမလိုဘူး။ တခုပဲ လုပ်ရမှာက … ဒီက ပေါကားတွေ ဂျင်းကားတွေ ဆက်ကြည့်နေတဲ့ ငပိန်းတွေကို နိုင်ဂံဂျားမှာ သွားပြမယ့်ကားလို ဇာတ်ကားနာမည်ကို အင်္ဂလိပ်လိုရေး၊ စာတန်းထိုး၊ အောက်ကနေ ဘိုစာတွေ ဟိုရေးဒီရေး ထည့်လိုက်ရင်ရပြီ။ ဟို အလကားကျော်စွာ မပျံတတ်တဲ့ငှက်ကြီး လုပ်စားနေသလို … သူ့ကားတွေ နိုင်ဂံဂျားမှာ ပြနေရသလိုလို ကလီကမာလုပ် ဂျာနယ်တချို့ ကနေ ရွှီးလိုက်ရင် အိုခေပြီ။ ဟိုက ဘိုလိုပြောပြီး ပေါက်သွားတာကို လိုက်လုပ်စရာ မလိုဘူး။ ဒို့တွေ ပေါက်နေတာ အတော်ကြာပြီဆိုတာ မင်းတို့အသိ။’ ကိုဂေါက် ခပ်ပြတ်ပြတ် ဖြတ်ပြောလို့ နောက်ရိုက်မယ့် မင်းသား၊ မင်းသမီး တဒါဇင်လောက်ပါမယ့် ပေါကားတွေမှာ ခေါ်မရိုက်မှာစိုးလို့ … လက်မထောင်၊ အသည်းပေးပြီး တိတ်သွားတယ်။

‘ကျနော် ပြောချင်တာက အဲဒီ အင်တာနယ်ရှင်တန်းဝင် မင်းသားကို ကျနော်တို့ ခိုးချရိုက်ထားတဲ့ တာတေကြီး ဇာတ်ကောင်မျိုး လုပ်ခိုင်းကြည့်ရင် ဂွမ်းသွားမယ်။ သူက ပုံတူခိုးချ မလုပ်တတ်ဘူး ပြောနေတယ်။ ဒီလို မလုပ်တတ်ဘဲ ဒီရွာစည်းဝိုင်းထဲ ဝင်လာတာ အံ့သြစရာ… တောက်ချလိုက်မယ်။ ’  ဟိုကားဒီကား ပေါကြောင်ကြောင် အူကြောင်ကြောင် ဇာတ်ရုပ်နဲ့ သူ့ကိုယ်သူ မင်းသားလို့ ထင်နေတဲ့ ဂျော်ဂျော် ဆိုသူက ဝင်ဖွလိုက်တယ်။

‘မီးလည်း ကြိုက်ဖူး သူကို…’ စပွန်ဆာကောင်းလို့ အင်တာနယ်ရှင် အလှမယ်ပြိုင်ပွဲ ဝင်ပြိုင်ဖူးသူ၊ နာမကျန်းဖြစ်နေတဲ့ သနားကမား ကလေးမျက်နှာလေးသူကလည်း လက်မထောင် တချက်မန့်လိုက်တယ်။

‘ဟ ဟ … ဘာပဲပြောပြော လင်းတလောက်တော့ ငှက်တိုင်းလှတဲ့ ယောနသံကြီးရဲ့  ခနဲ့ချက်က စွန်းမိုက်တယ် စင်ပေါ်ကနေ မထွေးနိုင်မအန်နိုင် မျက်နှာကြီးနဲ့ ဒဲ့ကျွေးတာ။ ကျေနပ်တယ်။ ကျနော်တို့ လက်ခေါက်မှုတ်၊ လက်ခုပ်သံကြောင့် ဟိုနှစ်ကောင် တယောက်လက် တယောက်ကိုင်ပြီး ပေကလပ် ပေကလပ် ဖြစ်သွားတယ် တွေ့ရလို့ ကျေနပ်တယ်’။

‘ကဲ စင်ပေါ်တက် မထော်မနန်း ဂွမ်းကျတဲ့ ဂိုးတော့မယ့် ဘဲကြီးတွေကို ထားလိုက်တော့ … ကျနော်တချက် ပြောချင်တယ် … အခုန ကိုဂေါက် ဇာတ်လမ်းကို ခိုက်တယ်။ ကျနော် ဖြည့်ချင်တာက အပြင်အဆင်၊ ဒိုင်ရာလော့တွေ။ သိတဲ့ မဟုတ်လား … ကျနော် ဒိုင်ရာလော့တွေက အပြတ်အမိုက်စားတွေ ... ဒီမှာ တချက်ကြည့်လိုက်…’ ပေါကား၊ ဂျင်းကားတွေနဲ့ သာယာနေတဲ့ ဒါရိုက်တာဆိုသူက ကိုဂေါက်ရဲ့  လက်တမ်းဇာတ်လမ်းကို ဖြည့်စွက်လိုက်ပုံက …

‘တောကားဆိုပေမယ့် မင်းသားမင်းသမီးတွေ စိတ်ကြိုက် ကြိုက်တဲ့ဒီဇိုင်း ဝတ်ချင်တာဝတ်လို့ရတယ်။ ပြီးတော့ စပွန်ဆာပေးတဲ့ ရေစိုခံ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေ လိမ်းခြယ်ပြီး အမေ့မျက်နှာကြီးကို တွေ့မြင်လိုက်တဲ့အခါတိုင်း နှပ်တွေအတောင့်လိုက်ထွက်ခိုင်း၊ ဘူးသီးလောက် မျက်ရည်တွေနဲ့ အော်ကာဟစ်ကာ နှာခေါင်းကြီးတရှုံ့ ရှုံ့ နဲ့ ပြောရမယ့် ဒိုင်ရာလော့တွေက

“ဒီ စကြဝဠာ လောကကြီးကို အလင်းပြဖို့ ရောက်ရှိလာခဲ့တဲ့ မဟာမြင်းမိုရ်တောင်ထက် အဆပေါင်းများစွာ ကြီးမား၊ ကမ္ဘာ့သမုဒ္ဒရာကြီးတွေ ပေါင်းစပ်ထားတာထက် ပိုကျယ်ဝန်တဲ့ မဟာကရုဏာရှင်၊ မဟာမေတ္တာရှင်၊ သားတို့သမီးတို့ကို အနိုင်မဲ့အချစ်တွေနဲ့ စောင့်ရှောက်ကျွေးမွေးခဲ့တဲ့ ချစ်မေမေ … သားတို့သမီးတို့ အမေ့ရဲ့ ခေါ်သံကို အမြဲကြားယောင်နေကာ၊ အစဉ်ထာဝရ အနှိုက်ရှိုင်းဆုံး ရင်ထဲအသည်းထဲ၊ နှလုံးသားအိမ်ထဲမှာ အစဉ်ထာဝရ သိမ်းဆည်းထားပြီး၊ ချစ်မေမေနဲ့အတူ ရှိနေပါတယ်။ ချစ်မေမေရဲ့  ချစ်စကားတွေကို ရင်ဝယ်ပိုက်ပြီး အမေရဲ့ ခေါ်သံကြောင့် သားတို့သမီးတို့ အားအင်တွေပြည့်ဝ၊ လူ့လောကကောင်းကျိုးအတွက် ဆက်လက်အသက်ရှင်သွားပါမယ်။” အဲဒီလို အပြင်မှာ မပြောတဲ့ ဇာတ်ဆန်းဆန်း အလုံးကြီးတွေနဲ့ဆို နောက်နှစ် အကယ်ဒမီရမှာ သေချာတယ်။ ဟုတ်တယ်ဟုတ်…’

‘ဟာေ-ာက်ရမ်းမိုက်တယ်။’ ကိုဂေါက် က မဆိုင်းမတွ ပြန်ပြောပြီး ‘အယ် … နောက်ဆုံးအခန်းကိုတော့ အရင် အဆင့်မြင့် ဇာတ်ကားတွေအတိုင်းပဲ  … လယ်ကွင်းအဆုံး တောစပ်တောင်ကွယ်အထက်၊ တိမ်တိုက်တွေကြားကနေ အပြုံးနဲ့ကြည့်နေတဲ့ အမေမျက်နှာကြီးကို နီးလိုက်ဝေးလိုက်ရိုက်ပြပြီး ရွာထဲကနေ စလိုးမိုးရှင်းနဲ့ ရွာသား - မင်းသားမင်းသမီးတွေ ပြေးထွက်လာပြီး၊ ကွင်းအလယ်နားရောက်တော့ ဟေးကနဲ့ ခုန်ပြီး ရပ်လိုက် … ဒါနဲ့ပြီမယ်။’

‘ဆရာတို့ ရိုက်ချက်တွေ ဇာတ်သိမ်းခန်းတွေက တကယ့်အလန်းဇယားတွေ၊ ရှယ်တယ်။ ကမ္ဘာ့အဆင့်မီတယ် …  တကယ်တော့ နိုင်ငံတကာက ကျနော်တို့ကားတွေကို သူတို့ဈေးကွက်ထဲ မသွင်းတာ သူတို့ ဈေးကွက်ပျက်သွားမှာ စိုးလို့ဖြစ်မယ်။ နိုး ပလုံပလုံ … ကိစ္စမရှိဘူး။ ကျနော်တို့ ပြည်တွင်းဈေးကွက်နဲ့ လုပ်စားလို့ရတယ်။ ကျနော်တို့ လောကသားတွေ အင်တာဗျူးတွေမှာ မပျက်မကွက် ပြောရမှာက ပရိသတ်ကြီးက ထမင်းရှင်တွေပါ။ အနုပညာနဲ့ အမြဲကျေးဇူးဆပ်နေပါတယ်။ ညတိုင်း ဘုရားရှစ်ခိုးတိုင်း ဆုတောင်းပေးပါတယ်။ အဲဒီလို ပလီစိချောက်ချက် ပြောလိုက် ရပြီ။ ပြီးရင် လုပ်ချင်ရလုပ်။’ ဖွဝိုင်းကို အသာစောင့်ကြည့်၊ ထိန်းကွပ်ပေးသူဆိုတဲ့ ပုဂ္ဂိုလ်က လက်မထောင်၊ တချက်မန့်လိုက်တယ်။
‘ကဲ … အားလုံး ဒီမှာ ရပ်ကြပြီး နောက်နေ့တွေမှ ဆက်ပွားတာပေါ့။ ဒီည အောင်ပွဲခံပွဲတွေ သွားကဲရအုံးမယ် မဟုတ်လား။ ဒါနဲ့ ပွဲထိန်းကြီး ဒီည ပွဲအလာလမ်းမှာ ဟိုလူကြမ်း၊ ဇာတ်ပို့တွေကား လမ်းမှာပျက်နေတာ တွေ့ခဲ့တယ်ဆို။ ဒီကောင်တွေ ပွဲကိုမရောက်လာဘူး၊ အဲဒီနားမှာ တညလုံး ဂွမ်းနေကြတယ်လို့ ကြားမိတယ်။’ ကိုပြုတ်တူ က တချက်မေးလိုက်တော့။

‘ဟာ … တွေ့လိုက်တယ်။ ဒါပေမဲ့ ဆင်းပြီး ကူတွန်းပေးဖို့ ပွဲတက်အဝတ်အစားတွေ ပေကျံကုန်မှာစိုးလို့၊ ပြီးတော့ ဟဲ.. ဟဲ .. ကျွေးမွေးနေရအုံးမှာ ကြောက်လို့ မျက်နှာလွှဲခဲပစ် ကျော်လွှာမောင်းလာခဲ့တယ်။ ဒီလိုပဲ လောကသားအချင်းချင်း ကူညီနိုင်တဲ့အခါ ပြိုင်တူကူကြတွန်းကြတာပေါ့။ အခုတော့ ကိုယ်ကိစ္စ အဆင်ပြေဖို့ စင်ပေါ်ရောက်ဖို့ အရေးကြီးတယ်လေ … ခီ .. ခီ … အဲ .. ဆော်ရီး .. မွှားသွားတယ် ..  ခွီးခွီး။’

‘ကဲ … ကဲ … ကိုယ့်ရွာလုံခြုံရေးအတွက် အားလုံး စိတ်တူကိုယ်တူ၊ အကြံတူဉာဏ်တူတွေ ပြောရဆိုရတာ အားရှိတယ်၊ ကျေနပ်တယ်။ နောက်နေ့တွေ ထပ်ပြောကြတာပေါ့။ ဂွတ်နိုက် …’

အဲ့ဂလိုနဲ့ နှစ်ပေါင်းကြာရှည် မကြည့်ဖြစ်တဲ့ ရုပ်သေဆုချီးမြှင့်ပွဲကိုကြည့်မိ၊ ဖွဘုတ်ဖောက်ခံမှုကြောင့် မရှိတဲ့အရှက် ကွဲကြမယ့် ရုပ်သေလောကသားများကို စိတ်မကောင်း ဖြစ်သလိုဖြစ်ကာ .. အဲ့ဂလိုနဲ့ အိမ်ရှေ့ လမ်းပေါ် တညလုံး တဂီဂီ ကိုက်နေတဲ့ ခွေးတွေကို ခဲနဲ့ထွက်ပစ်ရမလားလို့ တွေးနေမိ။


သရုပ်ဖော်ကာတွန်းအား ကာတွန်းဘီရုမာဆီမှ ယူပါသည်။

အေးငြိမ်း - မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း

$
0
0

အေးငြိမ်း - မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း
(မိုးမခ) မတ် ၃၀၊ ၂၀၁၈ 
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)
လာမည့် ဧပြီလ ၂ ရက်နေ့မှစကာ ကျွန်တော် "မြန်မာအိမ်အကူလုပ်သားများအတွက် သင်တန်း"ကို NTUC Learning Hub ၌ မြန်မာလို သင်ကြားပို့ချရပါမည်။

စင်ကာပူသို့ ယခုမှ စတင်ရောက်လာသည့် အိမ်အကူလုပ်သား (FDW - Foreign Domestic Worker) များသည် ဤသင်တန်းသို့ မဖြစ်မနေတက်ရသည်။ ဤသင်တန်းမှ FDW တစ်ဦး သိသင့်သိထိုက်သည်များအားလုံးကို ရှင်းလင်းသင်ကြားပေးသည်။

သည်သင်တန်းပါ အချက်အလက်များကို ကိုးကား၍ မြန်မာအိမ်အကူများသိသင့်သိထိုက်သည်များကို ရေးလိုက်ပါသည်။ ယခင်ကလည်း သည်အကြောင်း ကျွန်တော် ရေးဖူးပါသည်။ သို့သော် ပြန်လည်ပြင်ဆင်ထားသည်များရှိသဖြင့် ယခုထပ်မံ၍ ပြည့်ပြည့်စုံစုံ ရေးသားလိုက်ရခြင်းဖြစ်ပါကြောင်း -

စင်ကာပူမှ FDW အတွက် လိုအပ်ချက်များ
-------------------------------------------------

၁။ FDW အဖြစ် လျှောက်ထားချိန်တွင် အသက် ၂၃ နှစ်ထက်မငယ်၊ ၅၀ ထက်မကြီး ဖြစ်ရမည်။ သို့သော် လက်ရှိလုပ်နေသူများ အနေနှင့် အသက် ၆၀ ပြည့်သည်ထိ ဆက်လက်လုပ်ကိုင်ခွင့် ရှိသည်။

၂။ ကျောင်းသင်ပညာရေး အနည်းဆုံး ၈ နှစ်ရှိရမည်။ (သို့သော် MOM website တွင် ဆယ်တန်းအောင်လက်မှတ် ဟု ပြထားရာ ဤသည်မှာ လိုအပ်ချက်ထက် ၂ နှစ်ပိုနေကြောင်း ကျွန်တော် MOM သို့ အီးမေးပို့ထားပါသည်။ အကြောင်းမပြန်သေးပါ။)

၃။ FDW အဖြစ် ယခုမှ စတင်အလုပ်လုပ်မည့်သူ ဆိုသည်မှာ MOM record ထဲတွင် FDW အဖြစ် မှတ်တမ်းရှိမနေသူ သော် လည်းကောင်း၊ ယခင်က FDW အဖြစ်လုပ်ခဲ့သည့်တိုင် MOM record ထဲတွင် FDW အဖြစ် မှတ်တမ်းရှိမနေသူသော် လည်းကောင်း ဖြစ်ပါသည်။

၎။ FDW record ကို MOM website တွင် မိမိ SingPass ဖြင့် ဝင်ကြည့်နိုင်ပါသည်။

၅။ FSW ခန့်ထားမည့် အိမ်ရှင်သည် သူ့အတွက် စင်းဒေါ်လာ ၅၀၀၀ တန် security deposit ဝယ်ရမည်။

၆။ FSW ခန့်ထားမည့် အိမ်ရှင်သည် သူ့အတွက် ၁၅၀၀၀ တန် ဆေးအာမခံ (Medical Insurance) နှင့် ၆ သောင်းတန် ($60,000 per year) ထိခိုက်မှုအာမခံ (Personal Accident Insurance) ကို FDW စင်ကာပူမလာမီကတည်းက ကြိုဝယ်ထားရမည်။ ထိုအာမခံသည် အထွေထွေ ထိခိုက်ရှနာမှု၊ တသက်တာမသန်မစွမ်းဖြစ်မှု၊ သေဆုံးမှုတို့အတွက်ပါ အကြုံးဝင်ရမည်။

၇။ အလုပ်ရှင်သည် FDW အတွက် လဲဗီး တစ်လလျှင် $265 ပေးရပါမည်။ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုမိဘများရှိလျှင် ပိုမို နည်းသော လဲဗီး လျှောက်ထားနိုင်ပါသည်။ ထိုလဲဗီးမှာ တစ်လလျှင် ၆၀ ဖြစ်၏။

မှတ်သားစရာများ
--------------------

၁။ EP (Employment Pass), S Pass များလည်း FDW ခန့်ထားနိုင်ပါသည်။

၂။ FDW များသည် အလုပ်သမားလျော်ကြေးဥပဒေနှင့် အကြုံးမဝင်ပါ။ (ထိခိုက်ဒဏ်ရာရခြင်းအတွက် လျော်ကြေးဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လျော်ကြေးမရနိုင်ပါ။)

SIP (Settling-In Programme) for FDW
--------------------------------------------------

၁။ အိမ်အကူလုပ်သားများ စင်ကာပူသို့ရောက်ပြီး ၃ ရက်အတွင်း (တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်မပါ) SIP သင်တန်းကို တက်ရမည်။ ထိုသင်တန်း တက်မပြီးသေးဘဲ အလုပ်ရှင်သည် အလုပ်မခိုင်းရ။

၂။ သင်တန်းမှာ တစ်ရက်သင်တန်းဖြစ်ပြီး သင်တန်းကြေး စင်းဒေါ်လာ ၇၅ ဖြစ်ပါသည်။ သင်တန်းကြေးကို အလုပ်ရှင်က ပေးရမည်။

၃။ သင်တန်းကို မြန်မာဘာသာဖြင့် သင်ကြားပို့ချပါမည်။
(SIP ကို အင်ဒိုနီးရှားဘာသာ (Bahasa Indonesia) နှင့် ဖိလစ်ပိုင် (Tagalog) ဘာသာများဖြင့် ပို့ချပါသေးသည်။)

၎။ ယခင်က အိမ်အကူလုပ်သားများ စင်ကာပူရောက်လျှင် Entry test နှင့် SAC (Safety Awareness Course) တက်ရသည်။
၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့မှစကာ ထိုသင်တန်းနှစ်ခုကို ပေါင်းလိုက်ပြီး SIP သင်တန်းလုပ်လိုက်ပါသည်။

၅။ ယခင်က FDW အဖြစ်လုပ်ခဲ့ဖူးသူ၊ Entry Test နှင့် SAC သင်တန်းတက်ခဲ့ဖူးသူများ SIP သင်တန်း တက်စရာမလိုပါ။

သင်တန်းမှပေးသည့် မှတ်သားစရာ ဗဟုသုတများ
----------------------------------------------------------

သင်တန်းအတွင် အောက်ဖော်ပြပါ သင်ခန်းစာ (၅) ခုပါ၏။

၁။ စင်္ကာပူတွင်အလုပ်လုပ်ခြင်း မိတ်ဆက်
၂။ အန္တရာယ်ကင်းစွာအလုပ်လုပ်ခြင်း
၃။ စည်းကမ်းသတ်မှတ်ချက်များ (အခွင့်အရေးနှင့်တာဝန်များ)
၎။ အခြားနယ်ပယ်များတွင် အန္တရာယ်ကင်းမှု
၅။ ဆက်ဆံရေးနှင့် စိတ်ဖိစီးမှုဖြေရှင်းခြင်း

သင်တန်းရည်ရွယ်ချက်မှာ -
---------------------------------

 စင်ကာပူတွင် အဆင်ပြေစွာ အလုပ်လုပ်ကိုင်နိုင်စေရန်
 မိမိလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သိနားလည်လာစေရန်
 ဥပဒေက ပေးအပ်ထားသည့် မိမိတို့၏ တရားဝင်ရပိုင်ခွင့်များကို သိစေရန်
 အခက်အခဲ ပြဿနာတစ်စုံတစ်ရာပေါ်လာပါက မည်ကဲ့သို့ အကူအညီတောင်းရမည်ကို သိစေရန်

အခန်း (၁) စင်ကာပူနိုင်ငံနှင့် မိတ်ဆက်ခြင်း
-------------------------------------------------

စင်္ကာပူသည် လူဦးရေ ၅ သန်းကျော်ရှိသော ခေတ်မီမြို့ပြနိုင်ငံငယ်လေး တစ်ခုဖြစ်၏။ စင်္ကာပူတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံရှိ၏။ အဓိကလူမျိုးများမှာ တရုတ် ၇၄%၊ မလေး ၁၃%၊ အိန္ဒိယ ၉.၂ % ဖြစ်၏။

အများအားဖြင့် အင်္ဂလိပ်၊ မန်ဒရင်း၊ မလေးနှင့် တမီလ်ဘာသာစကားတို့ကို ပြောဆိုကြ၏။ အခြားနိုင်ငံသားများ (ဥပမာ - မြန်မာ) သည်လည်း သူတို့မိခင်ဘာသာစကား (မြန်မာ) ဖြင့် ပြောကြ၏။ စင်္ကာပူတွင် နိုင်ငံခြားသားအများအပြား လာရောက် အလုပ်လုပ်ကိုင်နေကြသည်။ လူအများစုသည် အထပ်မြင့်တိုက်ခန်းများတွင် နေကြ၏။

စင်ကာပူသို့ လာရောက်အလုပ်လုပ်ကိုင်ကြရခြင်းမှာ ငွေရှာပြီး မိမိ မိသားစုအားထောက်ပံ့ရန်ဖြစ်၏။ ထိုမျှမက ဖွံ့ဖြိုးပြီး နိုင်ငံတစ်နိုင်ငံတွင် လာရောက်လုပ်ကိုင်ခြင်းဖြင့် အတတ်ပညာအသစ်များပါ လေ့လာသင်ယူနိုင်သေးသည်။ မိမိနိုင်ငံသို့ ပြန်သွားသည့်အခါ ထိုအတတ်ပညာများကို အသုံးချလျှက် ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု ထူထောင်နိုင်သေးသည်။

အရေးကြီးသည်မှာ စေတနာထားဘို့ ဖြစ်၏။ စေတနာဟူသည် ရောင်ပြန်ဟပ်တတ်၏။ မိမိက စေတနာထားလုပ်ကိုင်ပေးလျှင် မိမိ အပေါ်လည်း ပြန်လည် မေတ္တာထားလာမည်မှာ မလွဲမသွေဖြစ်၏။

"ငါက အိမ်ဖော်ပဲ"ဟု စိတ်ထဲမထားပါနှင့်။ သူတို့မိသားစုကို လာရောက်စောင့်ရှောက်ပေးတာ ဟု ခေါင်းထဲ ထည့်ထားပါ။ ဒေသအစိမ်း၊ နေရာအစိမ်း၊ လူမျိုးအစိမ်းများဖြစ်သဖြင့် မတတ်တာ၊ မသိတာ အများအပြားရှိပါလိမ့်မည်။ မစိုးရိမ်ပါနှင့်။ မသိလျှင် မသိဘူးဟု ပွင့်ပွင့်လင်းလင်းပြောပါ။ မသိလျှင် သိအောင် သင်ယူပါ။ မတတ်လျှင် တတ်အောင် လေ့လာပါ။ ကျွန်မတော့ ဒါကို မလုပ်တတ်ဘူး၊ ကျေးဇူးပြုပြီး သင်ပေးပါ ဟု ယဉ်ယဉ်ကျေးကျေး ပြောပါ။

မိမိမှာ အိမ်အကူလုပ်သားဖြစ်သဖြင့် အိမ်ရှင်များနှင့် ၂၄ နာရီပတ်လုံး အတူနေရမည်ဖြစ်၍ သူတို့နှင့် သင့်မြတ်နေရေးမှာ အလွန် အရေးကြီးပါသည်။

စင်ကာပူမှလူများသည် အလွန် အသန့်အပြန့်ကြိုက်သည်ကို သိထားပါ။ အိမ်ကို သန့်ရှင်းနေအောင် ထိန်းသိမ်းထားရေးသည် အရေးကြီးသော အလုပ်တစ်ခုဖြစ်၏။

အိမ်အကူတစ်ယောက်အနေနှင့် အောက်ပါလုပ်ငန်းများ လုပ်ကိုင်ရနိုင်ပါသည်။

 အရွယ်မရောက်သေးသည့် ကလေးငယ်များကို ပြုစုစောင့်ရှောက်ရခြင်း
 သက်ကြီးရွယ်အို မိဘများကို ပြုစုစောင့်ရှောက်ရခြင်း
 ကလေးများကို ကျောင်းပို့/ကျောင်းကြိုခြင်း
 အဝတ်လျှော်၊ အဝတ်လှမ်း၊ မီးပူတိုက်ရခြင်း
 ထမင်းဟင်းများ ချက်ပြုတ်ရခြင်း
 အိမ်သန့်ရှင်းရေး လုပ်ရခြင်း

မိမိအိမ်ရှင်သည် တရုတ် သို့မဟုတ် အိန္ဒိယ သို့မဟုတ် မလေး သို့မဟုတ် အခြားနိုင်ငံသားတစ်ဦးဦး ဖြစ်နိုင်သည်။ အိမ်တွင် မွေးကင်းစကလေးငယ်များ၊ သက်ကြီးရွယ်အို မိဘများ၊ မမာမကျန်းဖြစ်နေသူများ ရှိနိုင်သည်။ စင်ကာပူနိုင်ငံသား အများစုမှာ စနေ၊ တနင်္ဂနွေများတွင် အလုပ်မလုပ်ကြပါ။ သင်သည် သူတို့အပြင်သွားသည့်အခါ လိုက်သွားရန် လိုချင်လိုပါလိမ့်မည်။

စင်ကာပူတွင် သင့်အတွက် ဆွေမျိုးရှိချင်မှ ရှိပါလိမ့်မည်။ သင့်အိမ်ရှင်သည်သာ သင်၏ အရင်းနှီးဆုံး ဆွေမျိုးဖြစ်ပါသည်။ သင့်တွင် အခက်အခဲများရှိပါက သင့်အိမ်ရှင်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြော အကူအညီတောင်းနိုင်ပါသည်။

သင်သာ ရိုးရိုးသားသား၊ ကြိုးကြိုးစားစားလုပ်ကိုင်ပါက သင့်အိမ်ရှင်သည် သင့်အပေါ် ယုံကြည်စိတ်ချလာမည်။ ကောင်းကောင်း မွန်မွန် ဆက်ဆံလာမည်။ သင်နှင့်သင့်အိမ်ရှင်အကြား ဆက်ဆံရေး ချောမွေ့လာသဖြင့် စိတ်ချမ်းသာ၊ လက်ချမ်းသာ အလုပ်လုပ်နိုင်မည်။

အပြန်အလှန်လေးစားမှုသည် အလွန်အရေးကြီး၏။ သင့်အိမ်ရှင်အကြောင်းနားလည်အောင် အချိန်ယူပြီး လေ့လာပါ။ အချို့သူများသည် စကားပြောရာတွင် အော်ကြီးဟစ်ကျယ် ပြောတတ်၏။ သူတို့အမူအရာကိုက ရန်လိုသည့် အမူအရာမျိုး ဖြစ်နေတတ်၏။ ထိုအခါ သင်က ဤကဲ့သို့ အော်ပြောခြင်းသည် သူတို့၏ အမူအကျင့်သာဖြစ်ကြောင်း၊ သင့်အပေါ် ရန်မူခြင်း မဟုတ်ကြောင်း သိနားလည်ထားရပါမည်။

ဆက်ပါဦးမည်။

ကာတွန်း သြဇာသီးရဲ့ သေချာလုပ်ပါ အမတ်မင်းရဲ့

$
0
0
ကာတွန်း သြဇာသီးရဲ့ သေချာလုပ်ပါ အမတ်မင်းရဲ့
(မိုးမခ) မတ်လ ၃၁၊ ၂၀၁၈

မောင်အောင်မွန် ● ကြုံဖူး ဆုံဖူး ကြိုက်ဖူးသူများ

$
0
0
မောင်အောင်မွန် ● ကြုံဖူး ဆုံဖူး ကြိုက်ဖူးသူများ
(မိုးမခ) မတ်လ ၃၁၊ ၂၀၁၈

(၁)
ကျွန်တော်ငယ်စဉ်က တာရာမဂ္ဂဇင်းထဲတွင် ဒဂုန်တာရာရေးသော အောင်ဆန်း သို့မဟုတ် အရိုင်းကိုဖတ်ရ၏။ ထူးဆန်းသလို စိတ်ထဲခံစားရသည်။ မဖတ်ဖူးသော စာမျိုးကိုး။ လူကိုလေ့လာခြင်း ဟုဆရာတရာကဆိုသည်။ နောက်(၁၀)နှစ်ခန့်အကြာ ၁၉၅၅ ခု၊ နှစ်တွင် ဒဂုန်တာရာ၏ ရုပ်ပုံလွှာ စာအုပ်ထွက်လာသည်။ စာအုပ်၌ ပါဝင်သော ပန်းချီဦးအုန်လွင်၏ လက်ရာမျက်နှာဖုံး၊ ဂျာနယ်ကျော်မမလေးက ပုံနှိပ်ထုတ်ဝေပေးသည်။

သူခြယ်မှုန်းထားသော လူပုဂ္ဂိုလ်များနှင့် ခေတ်ကာလကို ကျွန်တော်ကောင်းစွာ နားလည်ခံစားတတ်လာပြီ။

(၂)
ကျွန်တော်သည် လူတစ်ယောက်အား ခွဲ၍ပိုင်း၍ ကြည့်မြင်ခြင်းကိုနှစ်သက်၏။ ကျွန်တော်ရေးသော ၀တ္ထုများမှ ဇာတ်ကောင်များ၏ စိတ်ထားအတွင်း ၀ိရောဓိကို ရေးသားနိုင်ခြင်းမှာ သူငယ်ချင်းကိုကျော်စိန် (ကွယ်လွန်သူ စိတ်ပညာပါမောက္ခ) ၏ ကျေးဇူးကြောင့်ဖြစ်ပါသည်။ အလားတူပင် မိမိပတ်ဝန်းကျင်မှ သက်ရှိလူပုဂ္ဂိုလ်တို့အား ခွဲခြမ်းကြည့်မိသည်။ သူ့အကြောင်း အတ္ထုပ္ပတ္တိ (Biography) ထက် ရုပ်ပုံလွှာမျိုးပါ။ ဥပမာ၊ သိန်းဖေမြင့်ပြုစုသည့် ဆရာလွန်း အတ္ထုပ္ပတ္တိ စာအုပ်ထက် သိန်းဖေမြင့်ရေးသော သခင်ကိုယ်တော်မှိုင်း၊ အမျိုးသားခေါင်းဆောင်မဟုတ်၊ ယဉ်ကျေးမှုခေါင်းဆောင်ကြီး ဆောင်းပါး ဖတ်ရသည်မှာ ပိုပြီးခံတွင်းတွေ့၏။ မြန်မာစာပေမှ လူ့သမိုင်းရေးပုံရေးနည်း အသစ်တစ်မျိုးဟူသော ဆရာဇော်ဂျီ၏ သုံးသပ်ချက်ကလည်း ခေါင်းထဲစွဲနေသကိုး။

(၃)
နှစ်ပေါင်းများစွာကြာလာချိန်၌ ဆရာတာရာကပင် ဖျတ်ခနဲတွေ့ရသော ရုံပုံလွှာကားချပ်များ နာမည်နှင့် ရေးပြန်၏။ နေရီရီစာအုပ်တိုက်က အတွဲလိုက်ထုတ်သည်ဆို၍ အပြေးအလွှားမှာရသည်။ ကျွန်တော်နေထိုင်ရာ ဗာဂျီးနီးယားပြည်နယ်သို့ ဦးရဲထွဋ်( ဗိုလ်တထောင်/ဟံသာဝတီ) ကအရောက်ပို့ပေး၏။ လူတွေအများ ၀ိုးတ၀ါး၊ ဆရာ့ထံယခင်ကလို တယ်လီဖုန်းဆက်ပြီး ကြာရှည်စွာစကားပြောခွင့်မရနိုင်တော့၍ ထင်မြင်ချက်မပေးနိုင်ပါ။

(၄)
ကျွန်တော်သည် Face Book ပေါ်၌ ၀တ္ထုမဟုတ်သော စာများရေးသားရင်း တစ်ခါတွင် မင်းသမီး တင်တင်မူအကြောင်းပါသွား၏။ သိထား မြင်ထား ကြိုက်ထားသည်များကို အတတ်နိုင်ဆုံး အကိုးအကားနှင့်မို့ ဖတ်သူများ အတော်ကြိုက်သွားကြသည်။ တင်တင်မူ၏ ရုပ်ရှင်နှင့် ဂီတကိုတွဲထားသော်လည်း ၀င်းဦးကိုမူ စာရေးဆရာအဖြစ်နှင့်သာ ကွက်ပြီးရေး၏။

အားတက်ကာ ဆက်ရေးဖို့ဖြစ်လာပြီ။

သည်လိုနှင့်ပင် ကိုအံ့ကြီးကွယ်လွန်ချိန်၌ သူ့အကြောင်း၊ နှမလေးသဖွယ် ချစ်ရသူတင်မိုးခိုင်၊ ပြည်ပ၌ အထူးသဖြင့် အမေရိကန်တွင် ဆုံခဲ့တွဲခဲ့ရသူ ကြေမုံဦးသောင်း တစ်ပိုင်းတစ်စ၊ ဦးဝင်ခက်---စသဖြင့်။

(၅)
ရေးတိုင်းအဆင်ပြေသည်မဟုတ်ပါ။

ကျွန်တော်တို့ အင်မတန်ချစ်သော သမ္မတာ မန်းဝင်းမောင် ဆိုပါတော့၊ လေ့လာလိုက်သည့်အခါ ရေးစရာတွေ မကုန်နိုင် များလှပါဘိ။ ဒေါက်တာထင်အောင်ကျတော့ ဖျောက်ထားဖျက်ထား၍ မနည်းရှာယူရသည်။ ဘိလပ်ပြန်သန်း ကျတော့ ကျေနပ်လောက်အောင်ရှာတွေ့၏။ ၀င်းမင်သန်းလည်း အလားတူပါ။ ဦးတင်ဦး၊ ဗဟာဒူး၊မြသန်းတင့်၊ ညွန့်ကြူး၊ တင်မိုး၊မောင်သာရ စသဖြင့် ရင်နှီးသူများကိုတော့ ရးရသည်မှာ လက်သွက်လှပါသည်။

ဤစာအုပ်ပါ ပုဂ္ဂိုလ်တို့သည် လူများသာဖြစ်ကြ၍ အဆိုးအကောင်းရှိကြပါမည်။

သို့သော်လည်း ဝေဖန်သုံးသတ်ချက်မဟုတ်၍ မျှတရန်လိုမည်လည်းမဟုတ်။ ကျွန်တော်ကြိုက်သော အကွက်ကိုသာ ကြည့်၏၊ ပြီးတော့ရေးပါ၏။ စာဖတ်သူတို့ နားလည်နိုင်ကြမှာပါ။

(၆) ကွယ်လွန်သူများအကြောင်းသာ ရေးသာမည်ဟု မူလကရည်ရွယ်ခဲ့ပါသည်။

ပြောင်းလဲဖေါက်ပြန်တတ်သည့် လူ့သဘောလူ့သဘာဝကြောင့်ပါ။ ဤအစီရင်ခံစာရေးချိန်၌ ထိုသို့သောလူတို့ မမြင်ချင်မှအဆုံး။ သို့သော်လည်း မခိုင်မာပေးသည့် စာအုပ်နာမည်ကြောင့် ရှင်နေသူများအနက် ခင်သန်းနုကိုမူ ယုံကြည်စိတ်ချ၍ ရေးလိုက်ပါပြီ။

နောက်တစ်ချက် စာအုပ်ပါလူပုဂ္ဂိုလ်များနှင့် စာရေးသူကြား အဆက်အစပ်ကိစ္စ။

ကျွန်တော်တို့ချစ်သော ကိုဗဟိန်းအား ကျွန်တော်မကြာခဏရောက်သော တကသ၊ နယူးဒေလီ All India Radio ၌ ဦးခင်ဇော် (K) ၏တပည့် မသန်းဧ (ဘိလပ်ပြန်သန်း)နှင့် ဦးခင်ဇော် (K) တည်ထောင်သော မြန်မာ့အသံ၌ လုပ်သော ကျွန်တော်၊ ခရမ်းရောင်လွင်ပြင်ရုပ်ရှင်မှ မင်းသမီး ၀င်းမင်းသန်းနှင့် ထိုစာအုပ်ကို ဘာသာပြန်သူ ကျွန်တော်--စသဖြင့် ဆွေမျိုးတော်စပ်လိုက်ပါ၏။

မန်းဝင်းမောင်နှင့် ဒေါက်တာထင်အောင်တို့အား ထိပ်ကထားပြီး၊ ကျန်ပုဂ္ဂိုလ်များကိုမူ အဆင်ပြေသလိုထား၏။ ဤစာအုပ်ကို လက်ဖက်သုတ်ဟု သဘောမထားပဲ လက်ဖက်အုတ်ဟူ၍သာ မြင်စေချင်ပါ၏။ လက်ဖက်အသား၊ ရွှေပုစွန်ခြောက်၊ မြေပဲဖွေးဖွေး၊ ကြက်သွန်ဖြူကြော်မွမွ၊ နှမ်းစိမ့်စိမ့် ကြိုက်ရာအရင်နှိုက်နိုင်ပါသည်။

ကြိုက်ရာပုဂ္ဂိုလ်ကို စဖတ်နိုင်သည်မဟုတ်ပါလား။

(၇)
ကျေးဇူးတင်စကားဆိုပါရစေ။

သတင်းစာစောင်ထုတ်ရန် ရည်ရွယ်ကြိုးပမ်းသော်လည်း အထမမြောက်သေးသူ Lin San Tyna ကစုထားသည့် ဓာတ်ပုံးများသုံးခွင့်ပေး၏။ အခြားသူများ၏ သတင်းစာများနှင့် စာရေးသူကိုယ်တိုင်ရှာဖွေထားသည်များနှင့် ဝေေ၀ဆာဆာဖြစ်လာပြီ။ အချို့မှာ ဟောင်းလွန်းနေ၍ ပုံအရည်အသွးညံ့နေပါလျှင်လည်း မှတ်တမ်းမှတ်ရာဟု သဘောထားကာ စာဖတ်သူတို့ နားလည်နိုင်ပါလိမ့်မည်။

လန်ဒန်မြို့၌ နေထိုင်သော သူငယ်ချင်း ဒေါက်တာအောင်ခင် (သမိုင်း) မပြတ်သတိပေး တိုက်တွန်းသကဲ့သို့ အတတ်နိုင်ဆုံး Research လုပ်ရေးသားပါသည်။ မိမိကိုယ်တိုင် သတင်းသမားဟု ခံယူထားသူမို့ ဤစာအုပ်ပါ အချက်အလက်များ မှန်ကန်ကြောင်း တာဝန်ယူ အာမခံပါသည်။

အစစအရာရာ စိစစ်တည်းဖြတ်ပေးသူက ၀ါရင့်အယ်ဒီတာ ဦးရဲထွဋ်( ဗိုလ်တထောင်/ဟံသာဝတီ)ပါ။

အစကနေ အဆုံးအကုန်လုံး လုပ်ဆောင်ပေးသူက Smart စာပေမှ မခိုင်မဖြစ်ပါသည်။

ဖျောက်လွယ် ပျောက်လွယ် မျက်မှောက်ကာလ၊ သမိုင်းဟူသည် မိမိလိုချင်သလို ပြောဆိုရေးသားခြင်းကိုသာ အမှန်ဟုသဘောနေကြချိန်၌ ဤစာအုပ်သည် စာဖတ်သူတို့၏ ယုံကြည်မှု ရငြားအံ့၊ ကျွန်တော်တို့ ကြိုးပမ်းရကျိုးနပ်ပါပြီဟု တွေးမိကြောင်းပါ။

မောင်အောင်မွန်
ဗာဂျီးနီးယားပြည်နယ်၊
၂၀၁၈ ခု၊ မတ်လ (၃၁) ရက်နေ့။

မောင်ကြူးရင့် - မောင်ကြီးရွာပြန်

$
0
0

မောင်ကြူးရင့် - မောင်ကြီးရွာပြန်
(မိုးမခ) မတ် ၃၁၊ ၂၀၁၈

ရန်ကုန်တခေါက်
အလည်ရောက်ခဲ့တယ်

ဝါရွှေနု
ကံ့ကော်ပွင့်ကလေးတွေကတော့
အရင်အတိုင်းမွှေးမြနေတုန်းပါပဲ
အမေမရှိတော့အိမ်ဟာ
ကန္တာရထဲကသစ်ခြောက်ပင်လို
အထီးကျန်ဆန်လွန်းပါရဲ့

တော်လှန်ရေးရဲဘော်
နိုင်ငံရေးအကျဉ်းသားဟောင်း
အများစုကတော့
သဲပူပေါ်ပစ်တင်ခံရတဲ့ငါးလို
အလေ့ကျပွင့်တဲ့ပန်းလို
လေတချက်ဝှေ့တာနဲ့
တဖြုတ်ဖြုတ်ကြွေနေတုန်းပါပဲ

ကောင်းကင်တခုလုံး
ကြယ်ပွင့်တွေဖုံးနေသလို
ထားစရာမရှိအောင်ချမ်းသာသူနဲ့
သဲကန္တာရမှာ
ရေတစက်ရှာမတွေ့သလို
ကုန်းကောက်စရာမရှိအောင်
ငတ်ပြတ်ဆင်းရဲသူတွေကြားက
အလယ်အလတ်အလွှာဟာ
ခုထိပျောက်ဆုံးနေတုန်းပဲ

ရန်ကုန်မြို့လမ်းလယ်ခေါင်
ကားတွေကြားထဲ
ကျောင်းနေရွယ်ကလေးငယ်တွေ
ရေသန့်ဗူး ပန်းကုံးကိုင်
ထမင်းတနပ်စာခက်ခက်ခဲခဲ
ငွေရှာရတုန်းပါပဲ

ဆိပ်ကမ်းသာဟာလည်း
သိပ်လွမ်းစရာပါပဲ
ဆိုက်တဲ့ကဗျာလှေဆိုက်
မဆိုက်တဲ့ကဗျာလှေမဆိုက်
ပူအိုက်နေတုန်းပါပဲ

ကျေးလက်ဟာ
သွေးပျက်နေပြီလား
အပွေးတက်နေပြီလား
ငါသွားလို့ရောက်တဲ့အခါ
ကျောက်စက်ရေလို
ရင်အေးရမှာလား
နေထန်းတဖျားလို
ရင်ပူရမှာလား

စစ်ပြေးဒုက္ခသည်တွေထက်
စစ်ပွဲနှစ်ဖက်ကြား
ပိတ်မိသူတွေအရေးက
ရင်လေးစရာပဲ

အရင်ကရန်ကုန်မှာရှိတုန်း
ရန်ကုန်ကစွန့်ခွါတုန်း
ခုရန်ကုန်ရောက်တုန်း
ဘာထူးသတုန်း
လိင်အလုပ်သမရဲ့ကိုယ်ပေါ်
အတုတွေနဲ့အပေါ်ယံ
ရွှေမှုံကြဲထားသလို
အတွင်းမှာကသေးစီးကြောင်းနဲ့
အရင်နဲ့အခုဘာထူးလို့တုန်း

မအေးသောင်းရေ
မောင်ကြီးရွာပြန်
ရန်ကုန်တခေါက်
အလည်ရောက်ခဲ့တယ်

မောင်ကြူးရင့်
၃၀့  ၃့  ၂၀၁၈

(Photo - Khin Lunn)
(သူ့ဖေ့စ်ဘွတ်ကနေ ယူပါတယ်)

ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၎

$
0
0

ဗိုလ်ထက်မင်း – ဗိုလ်ချုပ်မှူးကြီးနဲ့ အမှတ်မထင် ဆုံခဲ့ရ၊ ကြားခဲ့ရစဉ်က – အပိုင်း ၎
(မိုးမခ) ဧပြီ ၁၊ ၂၀၁၈


ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း အမှတ်မထင် ကြားခဲ့ရ
၂၄။ မင်္ဂလာဒုံ ဗဟိုနိုင်ငံရေးတက္ကသိုလ်နည်းပြ အညာသားလေး လူပျိုသိုးကြီး ဗိုလ်ကြီးသန်းရွှေဟာ စစ်ဗိုလ်ထုံးစံအတိုင်း တပ်တွေမှာ ကြာလာရင် စား မကောင်းတာမို့ စားအိမ်သောက်အိမ်ရှာ မြို့ထဲ ခြေစင်္ကြာဖွင့် အုပ်ချုပ်မှု တည်ဆောက်တတ်တာမို့ တသားသွေးတသွေးလှ ပအို့မလေး မကြိုင်ကြိုင်ဆီ ခြေဦးလှည့်ပါတယ်။ မကြိုင်ကြိုင်ဟာ ကလေးမွေးထားပေမဲ့ အပျိုရှုံးအောင် လှပဆဲဖြစ်ကာ ရန်ကင်းမှာ စက်ချုပ်လုပ်ကိုင်နေပါတယ် ။ စက်ချုပ်တော်တာမို့ မကြိုင်ကြိုင်ဟာ ဗိုလ်ကြီးသန်းရွှေအား လူပါ ချုပ်လိုက်နိုင်တယ်လို့ ရန်ကင်းမှာ မိမိအိမ်ကို လာလည်တဲ့မိတ်ဆွေက ပြောပါတယ်။ သူတို့အိမ်ထောင်ပြုပြီးနောက် ရာထူးအဆင့်ဆင့်တက်လာချိန်မှာ တပ်မ(၈၈)တပ်မမှူးရှေ့တန်းအဖြစ် ကျိုင်းတုံကနေ ကွပ်ကဲရပါတယ်။ စစ်ဗိုလ်ဖြစ်တိုင်း နောင်မှာ ဂေါက် မရိုက်တတ်ရင် ခေတ်မမီတာမို့ တပ်မ (၈၈) စစ်ဦးစီမှူး(တတိယတန်း) ဗိုလ်ကြီးကျော်ဝင်း(နောင် လှမ်း ဒုညွှန်မှူး)က သင်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ မိုင်းယောင်းမြို့ကို ဗကပ ၀င်သိမ်းလိုက်လိုက်ရာ တပ်မတော်သမိုင်းမှာ သိက္ခာကျစရာဖြစ်ခဲ့ပါတယ်။ ဦးနေ၀င်းခရီးစဉ် ကျိုင်းတုံကို ရှိတာမို့ အထောင်းမခံရလေအောင် လေဆိပ်နဲ့ တပ်မဧည့်ရိပ်သာအထိ လမ်းကို ပန်းမျိုးစုံ တဖက်စီမှာ ဝေဆာအောင် ပြုလုပ်ခိုင်းပြီး ဖါးခဲ့ရာမှာ ကုန်ကျငွေကို မှောင်ခိုယာဉ်တန်း လမ်းကြောင်းဖွင်လို့တမျိုး၊ လေယာဉ် လက်မှတ်ပေးကုန်သည်များထံမှ ကျခံခိုင်းပါတယ်။ အထက်ပါအတွင်းရေးသတင်းကို ကက(ကြည်း)မှာ စစ်ဆင်ရေး G-2 လုပ်ခဲ့တဲ့ မိမိတပ်ရင်းမှူးက ဖေါက်သည်ချပါတယ်။

၂၅။ သူက ဆက်လက်ပြောရာမှာ ဦးသန်းရွှေ နတခ တိုင်းမှုးဖြစ်ချိန်မှာ ရပခ တိုင်းမှူးတွေဖြစ်ကြတဲ့ ဗိုလ်ချုပ်လှဦးနဲ့ DSA - 1 ထဲက အစောဆုံးတိုင်းမှူးဖြစ်နေတဲ့ ဗိုလ်မှူးကြီးလှမော်တို့နဲ့ ယှဉ်ရင် မိုးနဲ့မြေလို ကွာခြားပေမဲ့ သူရဲ့ဆရာတစ်ဦးဖြစ်တဲ့ ဒုတပ်ချုပ် နဲ့ နိုင်ငံတော်ကောင်စီအတွင်းရေးမှူးဖြစ်သွားတဲ့ ဦးအေးကိုက ဆွဲတင်လိုက်လို့ (ဦးနေ၀င်းက အသက်ငယ်ငယ်နဲ့ လူရှာခိုင်းထားလေရာ) သူ့ဟာ မထင်မှတ်ဘဲ ကစထမှူးရာထူးကျော်ပြီး ဒုတပ်ချုပ် ဖြစ်သွားရတယ်လို့ ဆိုပါတယ်။ ဦးသန်းရွှေဟာ သူရဲ့တပည့်များကို ရာထူးတိုးဆွဲတင်တဲ့အခါမှာ တပ်ရဲ့အစဉ်အလာကို မသိချင်ယောင်ဆောင် ဇွတ်လုပ်ပေးပြီး၊ ပြစ်မှုများကိုပင် ခွှင့်လွှတ်တ်ကြောင်း စစ်ရုံး အသိုင်းအ၀ိုင်းမှ ကြားခဲ့ရတာ ဆက်တင်ပြရရင် ...

ကမ္ဘာအေးစွယ်တော်မြတ် ပူဇော်ပွဲမှာ ဗုံးပေါက်ကွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနီးကပ်လုံခြုံရေးယူထားတဲ့  တပ်မမှူး (စကခ - ၄) ဗိုလ်မှူးချုပ်တင်အေး (နောင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ) ဆိုရင် သူ့ G-3 ဖြစ်သူအား ဖုံးဆက်အမြန်လာခိုင်းကာ အကျဉ်းသားဝတ်စုံ ဒို့တော့ ၀တ်ရတော့မယ်လို့ ညည်းတွားပေမဲ့  ရာထူးတက်ကာ ဦးပိုင်တောင် ကိုင်ခွင့်ရလိုက်ပါသေးတယ်။ တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်က ဗိုလ်မှူးကြီးထက် မြင့်နေပေမဲ့ ရာထူးအရ ပြောင်းပြန်ဖြစ်နေတဲ့ ပြည်ထဲရေးဝန်ကြီးဗိုလ်မှူးကြီး တင်လှိုင်နဲ့ ဒုဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးကြီးစိန်ထွားနဲ့ စစ်ဒေသမှူး ဗျူဟာမှူး ဗိုလ်မှူးချုပ် ၀င်းလှိုင် စတာတွေကို နယ်ဘက်ကလူတွေမေးရင် အဖြေမ ရှိဖူးဖြစ်နေပါတယ်။ စစ်ဘက်လက်ထောက် ဗိုလ်မှူးချုပ်နေ၀င်းအား ဗိုလ်ချုပ်ရာထူးတိုးပေးဖို့ ဦးသန်းရွှေက ပြောရာ ကကလှမ်းက ဗိုလ်ချုပ်ခင်အောင်တို့ အပါအ၀င် တချို့က မကျေနပ်ကျလို့ တန့်နေရာကိုသိလို့ စိတ်မရှည်တော့ဘဲ ဦးသန်းရွှေကိုယ်တိုင် အပွင့် ကောက်တပ်ပေးလိုက်သည် အထိ ပွဲကြမ်းခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်မှာ ပြစ်မှုကင်းရှင်းမှ ရာထူးတက်တယ်ဆိုပေမဲ့ လုပ်သက် ၄နှစ်လျှော့ခံရတဲ့ ရပခ တိုင်းမှူး ဗိုလ်ချုပ်မောင်ဘို ကို ကစထမှူးအထိ ဆက်တိုးပေးတာတော့ ပေါ်တင်ကြီး ကျလွန်းနေပါတယ်၊

၂၆။ ဦးသန်းရွှေဟာ ဦးစောမောင်အားနည်းချက်ကို သိမြင်ပြီး ဆန့်ကျင်ဖက်တွေ လုပ်ကာ စစ်အာဏာရှင်အဖြစ်ရပ်တည်နိုင်ဖို့ မဟာဗျူဟာ ကစားကွက်တွေကစားကာ အာဏာရှင်သန်အောင်လုပ်ခဲ့တယ်လို့ စာရေးသူတို့ မိတ်ဆုံစားပွဲတွေမှာ ကိုယ်ရေးအရာရှိများနဲ့ စကားပြောလို့ဖြစ်စေ၊ ဂေါက်ရိုက်ရင်းဖြစ်စေ သူ့အကြောင်းဝေမျှ ပေးလိုက်ပါတယ်။

 ရှေးဦးစွာ နေ့ခင်းမှာ ဗိုလ်ချုပ်တွေကို သူတို့ရဲအလုပ်ကို လုပ်စေပြီး၊ ညပိုင်းမနားရဘဲ စစ်ရုံးလာခိုင်းကာ ညကျောင်းတက်ခိုင်းပြီး ယနေ့ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး တွေကို တင်ပြခိုင်းတာဟာ ဦးဏှောက်ဖေါက်စားပါတယ်။ သူတို့က မိုးလင်းခါနီးမှ ပြန်ရလို့ နှုတ်ဆက်ရင်တောင် Good Morning လို့ ငြီးငွေ့စွာနဲ့ နှုတ်ဆက်ရတယ်လို့ သိရပါတယ်။ ဒါကြောင့် နယ်စပ်ဒေသခရီးစဉ်ရှိရင် ဗိုလ်ချုပ်/ ဗိုလ်ချုပ်ကြီးတွေဟာ လွတ်လပ်ရေးရသူများသဖွယ် ပျော်ရွှင်မြူးတူးကြတယ်လို့ သိရပါတယ်။ သူက ဦးဏှောက်ဆေးရင် တရုတ်သိုင်းကားများ မလွတ်တမ်းကြည့်ပြီး သိပ်ပြီး ခေါင်းကိုက်လာပါက ကောက်ခါငင်ကာ ယာဉ်တန်းနဲ့ထွက်ပြီး ရန်ကုန်မြို့ပင်ပတ်သလို၊ ဦးကိုလေးလုပ်ပေးထားတဲ့ မင်္ဂလာဒုံခြံ သွားနားနေတတ်ပါတယ်။ တခါသင်္ယန်းကျွန်းဘုရားကို ဆိုင်းမပါဗုံမဆင့် ရောက်လာလို့ သူ့တပည့်ဖြစ်သူ ဗိုလ်မှူးချုပ်ဝင်းလှိုင်က ဘုရားနားရှိ အ
ကြော်သည်ဆီက ဗူးသီးကြော်နဲ့ လက်တန်းကျွေးပြီး နောက်ဆို ကြိုတင်အသိပေးဖို့ပြောတယ်လို့ သိရပါတယ်။

၂၇။ အသက် ၆၀ ကျော်တိုင် တပ်ချုပ်ပင်စင် မယူသေးတဲ့အပြင် လက်အောက်က ကျေနပ်စေဖို့ တပ်မတော်မှာ တခါမှ မရှိဖူးသေးတဲ့ တပ်မတော်ရေးရာဝန်ကြီးနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူးရာထူး တီထွင်ခဲ့ပါတယ်။ ညကျောင်းမှာ ဒီပဲယင်းကိစ္စ အကောင်အထည်ဖေါ်ဖို့ ဦးအောင်သောင်းနဲ့ နမခတိုင်းမှူး ဗိုလ်ချုပ်စိုးနိုင် တို့ကို တာဝန်ပေးကာ ရွှေဘို ခယကဥက္ကဌ ဒုဗိုလ်မှူးကြီးကျော်ဟန်က အနီးကပ်တာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။ အာဆီယံမှာ ဖိအာပေးဖို့ အသံကြားလာလို့ ဦးခင်ညွှန့်ကို ၀န်ကြီးချုပ်ရာထူးထိုးကျွေးကာ ပစ်ထားတဲ့ အခြေခံဥပဒေကို ဆက်ဆွဲဖို့ Road Map အား ချပြခိုင်းပါတယ်။

 ဒီနေရာမှာ ဦးခင်ညွှန့်ဟာ ကိုင်ထားတဲ့ တပ်မတော်ထောက်လှမ်းရေးမှူးချူပ်ရာထူး မပေးရင် မလုပ်ဖူးလို့ တင်းခံနေရာ အောင့်သက်သက်နဲ့ ခဏ ပေးထားတယ်လို့ ပြောကြပါတယ်။ သူ့တပည့် ဗိုလ်ချုပ်ကျော်ဝင်း(လှမ်း ဒုညွှန်မှူး) ကို ညွှန်မှူးကိုင်စေချင်ပါတယ်။ ဒါပေမဲ့ မူလက ခြေလျင်တပ်က ထောက်လှမ်းရေးကို အစာမကြေဖြစ်နေရာ ထောက်လှမ်းရေးထဲက အဝေ မတည့်လို့ တိုင်စာ တစောင်တင်လိုက်ရာမှာ ရမခတိုင်းကို မိတ္တူပေးမိသားဖြစ်သွားပါတယ်၊ အရင်ကတော့ အရှိန်အ၀ါနဲ့ဒီလိုစာမျိုး ဘာမှမလုပ်လိုသော်လည်း တိုင်းမှူးဗိုလ်ချုပ်မြင့်လှိုင်က ကက(ကြည်း)တင်လိုက်ပါတော့တယ်။ ဦးမောင်အေးကလည်း ဆက်တင်ရာမှ မီးစထွက်လာပြီး စတင်အရေးယူပါတော့တယ်။ ကုန်းမြင့်သာစစ်ရုံး ၀င်ပေါက်ကြီးကို ဗိုလ်မှူးချုပ်အဆင့်တောင် လမ်းဆင်းလျှောက်ခိုင်းပေမဲ့ ထောက်လှမ်းရေးက လူများကို အရင်က ကားစီးပြီးမှ တက်လာခွင့် အခွင့်အရေးပေးထားတာကို ရုပ်သိမ်းလိုက်ပါတယ်။ ဦးခင်ညွှန့်က မင်းတို့လူတွေ မညီလို့ဖြစ်တာ၊ သူတို့ကိုလည်း နောက်ကြောင်းလှန်ပစ် ဆိုလို့ အရေးယူဖို့ စလာပါတယ်။

သူ မန္တလေးကအပြန် ဗိုလ်ချုပ်ရဲမြင့်က ကပ်ထားပြီ့း် မင်္ဂလာဒုံလေဆိပ်က သူ့လူများကို လဲလိုက်သလို ထောက်လှမ်းရေးဌာနချုပ် ၈မိုင် စည်ပင်ဟိုတယ်ကို တပ်မ (၁၁) က ရန်သူစခန်းဝင်စီးသလို တပြိုင်နက် ၀င်စီးပါတယ်၊ ကျိုက္ကဆံကွင်းမှာ ခံပစ်ရင် တွယ်ဖို့ စစ်ကားအစင်း၂၀၀ လောက် ထိုးထားပါတယ်။

၂၈။ နောက်ဖြစ်စဉ်တခုကတော့ ညောင်နှစ်ပင်ညီလာခံကို စတင်ကျင်းပဖို့ရှိရာ ညကျောင်းမှာ တာဝန်ယူမည့် ဦးသိန်းစိန်တို့ကို တရားသူကြီးချုပ် ဦးအောင်တိုးနဲ့ ရှေ့နေချုပ် ဦးသာထွန်းတို့ဟာ ၁၉၉၃ ခုနှစ်ကတည်းကပင် ဆွဲထားခဲ့တဲ့ သူတွေဖြစ်ရာ သူတို့မသေခင် ဒါကိုပြီးအောင်ဆွဲဖို့ လူသစ်ဆို ခက်မည်ဖြစ်ကြောင်း၊ စစ်တပ်က ၂၅% ပါလာဖို့ အမြဲတမ်းထည့်နိုင်ဖို့ နိုင်ငံတကာဥပမာ အင်ဒိုနီးရှားကို နမူနာယူကြည်ဖို့လိုကြောင်း၊ ညောင်နှစ်ပင်ကို NLD က တက်မည်လို့ ညှိထာပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်သေးဘဲ အရင်တက်ခိုင်းကြောင်း အတွင်းရေးသတင်း ကြားသိရပါတယ်။ ဒါကြောင့် ဒေါ်အောင်းဆန်းစုကြည်ဟာ ရှင်တို့ စစ်ဗိုလ်တွေ ကတိမတည်ဖူးလို့ ပက်ကနဲပြောသံကြားရပြီး ညီလာခံမှာလည်း အတိုက်အခံ မတက်လို့ လက်ညှိးထိုးစရာဖြစ်သွားရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အထက်ပါ လူလည်ကျ ကစားကွက်များကြောင့် အာဏာထိမ်းနိုင်တယ်လို့ သူ့အသိုင်းအ၀ိုင်းထံမှ သိရတဲ့အပြင် ဗေဒင်ကိန်းခန်းများနဲ့လည်း ယတြာချေတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နာမ်နိမ်ဖို့ ကြက်ဆူပင် တနိုင်လုံး စိုက်ခိုင်းလို့ စစ်ဖက်နယ်ဘက် ဒုက္ခပင်လယ်ဝေခဲ့ရပါသေးတယ်။

သမ္မတဟောင်း ဗိုလ်ချုပ်ကြီးသိန်းစိန်(ငြိမ်း)နဲ့ အမှတ်မထင်ဆုံခဲ့ရ (ပထမအကြိမ်)
အမည်တူ မှားတော့မလို့
၂၉။ စာရေးသူ ဆက်ဆံရေးအရာရှိ တာဝန်ထမ်းဆောင်ခဲ့စဉ်က တကြိမ်မှာ ကလေးတပ်နယ်က တိုင်းရင်းသား အဖွဲ့လာရောက်ခဲ့လို့လုပ်ငန်းစဉ် အလိုက် လိုက်ပါပို့ဆောင်ပေးနေပါတယ်။ မကြာခင် စစ်ရုံးမှာ ဖုံးဝင်လာပြီး အဲဒီတိုင်းရင်းသားတွေကို ဦးသိန်းစိန်တွေ့မယ်လို့ပြောလာပါတယ်။ ပထမတော့ ဦးသိန်းစိန်ကို ပြန်ကြားရေး ဒုဝန်ကြီး ဦးသိန်းစိန်လို့ အထင်မှတ်မှားနေပြီး စစ်ရုံးက စစ်ဦးစီးဗိုလ်မှူးကြီး (စစ်ဆင်ရေး) ဗိုလ်မှူးကြီးသိန်းစိန် (COL.G.S) ဖြစ်နေကြောင်း သူတို့ပြောလို့မှ သိလိုက်ရပါတယ်။ အဲဒီရာထူးဟာ စစ်ရုံး တပ်မတော်တခုလုံးရဲ့ တပ်ချုပ်၊ ဒုတပ်ချုပ်တွေရဲ့ KEY PLAYER ဖြစ်တာမို့ သြဇာပါဝါ ရှိပါတယ်။ သူက ပထမတော့ စစ်ရုံးမှာ တွေ့မယ်လုပ်ပြီးမှ မတွေ့ဖြစ်တော့ဘဲ စုပေါင်းရိပ်သာမှာဘဲ တွေ့မယ်ဆိုလို့ စာရေးသူက အသင့်စောင့်နေပေးရပါတယ်။ 

သူက အရင်ရောက်ပြီးကြိုဆိုပေးမည့် စစ်ဒေသ(၃)မှူး ဗိုလ်မှူးကြီးစိုးဝင်းက နောက်ကျနေလို့တောင် အားနာနေပါတယ်။ သူက ကလေးက တပ်ရင်းမှူး ခလရ (၈၉) တာဝန်ထမ်းဆောင်တုံးက တိုင်းရင်းသားတွေကူညီပေးခဲ့တာ မမေ့ကြောင်း၊  ပထမတော့ စစ်ရုံးမှာတွေ့ရင် လူကြီးတွေ မျက်စိစပါးမွှေးစူးမှာစိုးလို့ ခေါ် မတွေ့တော့ကြောင်း၊  နောင်လိုအပ်တာ ရှိလာရင်လည်း ဆက်ဆံရေးအရာရှိထံ အချိန်မရွေးသတင်းပို့နိုင်ကြောင်း၊ ယခုလည်း ဘာလိုအပ်သလဲဆိုတာ မေးဖို့လာကြောင်း ပြောဆိုသွားပါတယ်။ စစ်အာဏာရှင်အများစုဟာ အထက်ရောက်လာတိုင်း အာဏာပါဝါ အစွမ်းကုန်သုံးတတ်သလို မိမိလာခဲ့တဲ့ ဒေသ မပြောနဲ့ တပ်ကိုတောင် မေ့တတ်ပါတယ်။ 

စာရေးသူ ယခင်အမျိုးသားရင်ကြားစေ့ရေးကွဲအက်တော့မှာလား သုတေသန ဆောင်းပါးမှာလည်း ဦးသိန်းစိန် အလိုက်အထိုက် အရိပ်သုံးပါး နားလည်ပုံ ဒီဖြစ်စဉ်ကို ဖေါ်ပြသွားပြီးဖြစ်ပါတယ်။ စာရေးသူအနေနဲ့ ဗိုလ်ချုပ်မှူးကြီး စစ်အာဏာရှင်တွေနဲ့ ဆုံခဲ့ရ၊ ကြားခဲ့ရ တာတွေတင်ပြရတဲ့ ရည်ရွယ်ချက်က တပ်မတော်အား မူဝါဒနဲ့ စနစ်တကျ အုပ်ချုပ်ခဲ့တာ မဟုတ်တာကြောင့် တပ်မတော်မှာ လူတော်တွေ နေရာ မရဖြစ်သွားသလို နိုင်ငံတော်ရဲ့ ဓနစည်းစိမ်ဥစ္စာတွေကို အလဟသအကျိုးမဲ့ ဆုံးရှုံးနစ်နာသွားရတာကို သင်ခန်းစာယူစေဖို့နဲ့ နောင်လာနောင်သားများ ဗဟုသုတရကာ တပ်မတော် ပြုပြင်ပြောင်းလဲပြီး ပြည်သူကို ကာကွယ်စောင့်ရှောင်တဲ့ ခေတ်မှီတပ်မတော်ဖြစ်ဖို့ ရည်စူးပါတယ်။ နောက်ပိုင်း အလျဉ်းသင့်သလို ဆုံခဲ့ရ၊ ကြုံတွေ့ခဲ့ရ ဖြစ်စဉ်တွေကို အချိန်ရရင်စဉ်စားဖေါ်ပြဖို့ ကြိုးစားသွားပါ့မယ်။

ကာတွန်းကိုတေရဲ့ ဖြည်းဖြည်းတွန်းကြပါ ... လှမ်းနေပါတယ်ခင်ဗျ

$
0
0

ကာတွန်းကိုတေရဲ့ ဖြည်းဖြည်းတွန်းကြပါ ... လှမ်းနေပါတယ်ခင်ဗျ
(မိုးမခ) ဧပြီ ၁၊ ၂၀၁၈

Article 4

$
0
0



နိုင်ဝင်းသီ - လွင့်​​မျောတ​စ္ဆေ
(အက်ဆေးလှည်းတန်း ၄ စာအုပ်မှ) မိုးမခ၊ ဧပြီ ၁၊ ၂၀၁၈

( တစ် )
မြို့ပြဟာ မိုးရေစက်တွေအောက်မှာ နစ်မြုတ်ငြိမ်သက်လို့ ...
ရူးနှမ်းနေတဲ့မိုးတိမ်တွေဟာ သွေးရူးသွေးတန်း ပြေးလွှားအော် ဟစ်လို့။  
မိုးလေဟာ တရှပ်ရှပ် ... 
လျှပ်နွယ်တွေဟာ တဝင်းဝင်း ... 
"မနိုးပါစေနဲ့မိုးရယ်"ဟာပြန်လည်လို့ မရနိုင်တော့တဲ့ ကျွန်တော်တို့ရဲ့လူငယ်ဘဝ။ 
နှစ်ပေါင်း သုံးဆယ်ကျော်လေးဆယ်နီးပါး ကြာမြင့်ခဲ့ပြီပေါ့။ 
"မနိုးပါစေနဲ့မိုးရယ်"ကို  စွဲမက်နေသော လူတစ်ယောက်ဖြစ်နေဆဲ။

သီချင်းလေးကိုက အလွမ်းပြဇာတ်​လေး တစ်ပုဒ်ကို ငေးငေးရီရီ ထိုင်ကြည့်နေရသလို ထိခိုက်ကြေကွဲစရာကောင်းနေသည်။ နားထောင်မိလေတိုင်းလည်း အသံများရဲ့ ကြည်လင်လှပမှုထဲမှာ အမြဲတမ်းနစ်မျော
သွားခဲ့။  လူငယ်ဘဝထဲကို လက်ဝဲဆန်သော အယူအဆနှင့် ​တော်လှန်စာပေအရိပ်တွေ ထိုးကျ​နေခဲ့သော်လည်း ဂီတဟာမွန်းကျပ်နေတဲ့ လူငယ်ဘဝရဲ့ ထွက်ပေါက်တစ်ခု ...

ညဘက်ဆိုရင် ကော်မက်သာဇင်လား။
မားလား။ ဘီအီးလား။
အားလုံးဟာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်။
ကိုယ့်အုပ်စုနဲ့ ကိုယ်။
သည့်ထက်အဆင်ပြေသည့် လူတွေကတော့ အရေပြားထဲကို အပ်ဖျားနှင့် ဆစ်ကနဲ ထိုးသွင်းလိုက်ကြ။
ခေတ်ကြီးထဲကနေ ထွက်ပြေးခဲ့ကြတာလား။
 ငြိမ်းအေးရာ နယ်မြေသစ်​ တစ်​ခုဆီရွက်လွှင့်ခဲ့ကြတာလား။
ကိုယ့်ဟာကိုယ် သိပ်​ ပြီးမသဲကွဲလှသော်လည်း ပျော်ရွှင်မှုတွေဟာ ကျွန်တော်တို့ဆီမှာ ပါးလျ​ပျောက်ဆုံးနေခဲ့
ကတော့ အ​သေအချာ။
ညတွေဟာမူးမူးရီရီ၊ သီချင်းတွေဟာ မူးမူးရီရီ ၊ နာရီသံချောင်းခေါက်သံတွေဟာ မူးမူးရီရီ ၊ ဆင်းရဲဒုက္ခတွေဟာလည်း မူးမူး ရီရီ ဖြစ်ခဲ့ရတဲ့ နှစ်ကာလတွေပေါ့။

ဒီလိုနှင့်ပဲ .....
မိုးနှင့်ပတ်သက်ပြီး လွှမ်းမိုးရဲ့မိုးစက်​တင်လေ၊ မင်းအောင်ရဲ့ မြမျက်ရည်မိုး၊ ကိုမြကြီးရဲ့ မိုး ၊ အဲဒီမိုးကိုပဲ ခံစား ပြန်ဆိုထားခဲ့တဲ့ ခင်ညွန့်ရည်ရဲ့ မိုး၊ ပြီးတော့ အလင်္ကာ​ကျော်​စွာ ဆရာစောင်းဦးဘသန်းရဲ့ လျှပ်ပန်းခွေနွဲ့
စောင်းညှင်းလုံးလေးတွေ ...
ပြီးတော့ ယမကာလေး ယစ်ယစ်ထွေထွေနှင့် မနိုးပါစေနဲ့ မိုးရယ်ကို ထိခိုက်ကြေကွဲစွာ ဆိုညည်းလေ့ရှိသည့် သူငယ်ချင်းတစ်ယောက် ...ပြီးတော့ မိုးရေစက်များ ...
ပြီးတော့ လှည်းတန်း ...အင်းလျား...လမ်းနီလေး ....ပြီးတော့ အေးစက်ကြမ်းရှသောလေရိုင်းတွေ ဖြတ်တိုက်သွားခဲ့ရာ နှစ်​ကာလများ ...
အာရုံဟာ မိုးရေစက်တွေထဲကို တွန့်လိမ်ကောက်ကွေးပြီး တိုးဝင်သွားခဲ့တာ။ မိုးတိမ်တွေဟာ မြို့ပြထဲကို တဖြည်းဖြည်းနဲ့ နိမ့်ဆင်းလာခဲ့တာ။မိုးဟာ ​လောကသုံးပါးထဲကို ဘာအဆက်အစပ်မှ မရှိပါဘဲနဲ့ လွင့်စဉ်
ကျရောက်နေခဲ့တာ။ စိတ်ဟာ လမ်းနီလေး၊ကုက္ကိုင်းလမ်းဆုံ၊ တက္ကသိုလ်ရိပ်သာလမ်း၊ လှည်းတန်း၊ ခြောက်
မိုင်ခွဲ၊ အင်းလျားကန်၊ လမ်းနီလေးထိပ်က ကိုဆန်းတို့ ညီအစ်ကိုရဲ့လက်ဘက်ရည်ဆိုင်လေး၊ သမိုင်း ခဝဲခြံ လမ်းနီလေး ပြေးဆွဲနေတဲ့ ကားလေးဂိတ်။ အာရုံဟာ တရှပ်ရှပ်နဲ့လွင့်ပြေးနေရာက လှည်းတန်းထဲကို ပွတ်သပ်တိုးဝင်လာခဲ့။

ဝင်းဆံသ၊ နွားဖြူဘိနပ်ဆိုင်၊ ရွှေဝါဖူးဓာတ်ပုံတိုက်၊ D . Mate ၊ ဂိုးရှိုး ၊ မာလာဆောင်၊ ရတနာဆောင်၊ သီရိဆောင်၊ ညဥ့်နက် ထမင်းကြော်ဆိုင်လေးများ။ အဲဒီတုန်းက လှည်းတန်းဟာ အခုလို ဘီဗာလီတောင်ကုန်းဆန်သော အရပ်ဒေသ မျိုးမဟုတ်သေး။ နွယ်ရိပ်သစ်ရိပ် စိမ်းစိမ်းနဲ့၊ မြေလမ်းလေးတွေနဲ့၊ ပျဉ်ထောင်အိမ်လေးတွေနဲ့၊ စာအုပ်အငှားဆိုင်လေးတွေနဲ့၊ တိတ်ခွေအငှားဆိုင်လေးတွေနဲ့ ၊ လူမသိသူမသိ အရက်အိမ်လေးတချို့နဲ့ ခေတ်တွေကို တစ် ခေတ်ပြီးတစ်ခေတ် ...နှစ်တွေကို တစ်နှစ်ပြီး တစ်နှစ် အေးစက်လေးကန်စွာနဲ့ ဖြတ်သန်းလာခဲ့တဲ့ ကွန်တမ်ပိုရာရီလှည်းတန်းပေါ့။
အဲဒီ ကွန်တမ်ပိုရာရီ လှည်းတန်းထဲမှာပဲ "လှည်းတန်းကပ်စ်ထရို "ကို စတင်​တွေ့ရှိခဲ့ရတာပါပဲ။ အဲဒီ ကာလတွေတုန်းက လှည်းတန်းက အဆောင်တော်တော်များများမှာ သူ့ရဲဝပ်ကျင်းလေးတွေ အသေအချာ ရှိခဲ့ဖူးပါတယ်​။ ဦးထွန်းလင်းခြံ၊ စပယ်ခြံ၊ ​ဇေယျာသီရိလမ်း၊ ၂ လမ်း၊ ၆ လမ်း။ အမြဲတမ်းလိုလို အိမ်အပြန် ညဥ့်နက်လေ့ရှိတဲ့ သူ့အရိပ်ကို အဲဒီလမ်းကလေးတွေဟာ အသေအချာ မှတ်မိနေခဲ့ပြီ။ လမ်းကလေးထဲကို ခြေသံတရှပ်ရှပ်နဲ့ နောက်ဆုံးမှ ဝင်လာခဲ့ရင် သူမှတစ်ပါး အခြားလူမရှိပြီ လို့ ပြောလို့ရအောင် အမြဲတမ်း အိမ်အပြန်​ ​နောက်ကျတတ်တဲ့ လူ။ အဲဒီလို အမူအကျင့်​​တွေကြောင့်လည်း ဘယ်လိုအ​ဆောင်မျိုးမှာမှ သူဟာ အဆင်မပြေခဲ့။

ကပ်စ်ထရိုဆောင်းလေ့ရှိတဲ့ ဦးထုပ်​မျိုးကို ​တော့သူ ဆောင်းတတ်ပါတယ်။ ကပ်စ်ထရိုလို မုတ်ဆိတ်မွေး ပါးသိုင်းမွေးတွေကိုလည်း သူ့ရဲ့မျက်နှာပေါ်မှာ အခါမလပ် မြင်​​တွေ့ရတတ်ပါတယ်။ ကပ်စ်ထရိုဂိုက် ဘယ်
လောက်ပဲဖမ်းဖမ်း ဆေးပြင်းလိပ်နံ့ကိုတော့ သူ ဘယ်လိုမှမခံနိုင်ပါဘူး။ ဟာဗားနားဆေးပြင်းလိပ်ကိုတော့ အလကားလာ​ပေးတောင် မသောက်ဘူးကွာ။ ကိုယ်တို့ကတော့ Three Lion ပဲတဲ့။Three Lion ဆိုတာ ခြင်္သေ့သုံး​ကောင် ဆေးပေါ့လိပ်ကို ​ပြောတာပါ။
မဆလခေတ်ကြီးကို က ပ ရ "၈"စီးပြီး ရွေ့လျားခဲ့ရတဲ့ ရက်စွဲတချို့မှာ လှည်းတန်းကပ်စ်ထရိုနဲ့ ကျွန်တော်ဟာအင်းလျားညတွေကို လွမ်းမောစရာကောင်းလောက်အောင် ဖြတ်သန်းခဲ့ကြပေါ့။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ဌာနကြီးတစ်ခုကနေ အင်းလျားထဲမှာရှိတဲ့ လှေလှော်ရွက်တိုက်စခန်းတစ်ခုမှာ တွဲထားတဲ့ လူငယ်တစ်ယောက်။ ဘုတ်ကလပ်လို့ ခေါ်တဲ့ လှေလှော်ရွက်တိုက်အသင်းမှာ ကျွန်တော့်​ ဂျူတီရက်​မျိုးဆိုရင်​ လှည်းတန်းကပ်စ်ထရိုဟာ ညနေ လေးနာရီလောက်ကတည်းက ကျွန်တော့်ဆီကိုရောက်နှင့်နေခဲ့ပြီ။ သူလာရင် ဘီအီးတစ်လုံးပါလာမယ်။ သိပ်အဆင်ပြေတဲ့ရက်မျိုးဆိုရင် ရမ်ပေါ့။ မန္တလေးရမ်ပေါ့။ ဂစ်တာတစ်လက်ပါလာမယ်။ တစ်ခါတစ်ခါ မယ်ဒလင်။ တစ်ခါတစ်ခါ ဝါးပတ္တလားလေးကိုတောင် လိပ်ပြီးယူလာခဲ့တတ်သေးတယ်​။ ဂစ်တာတီးပြီး သီချင်းဆိုရင်တော့ သန်းနိုင်၊ ဘိုဘိုဟန်၊ ခိုင်ထူးသီချင်းတွေ သူဆိုတတ် ပါတယ်။ ရေချိန်အမြင့်ဆုံးရောက်လာခဲ့ရင် လမ်းဆက်လျှောက်မယ်ကို အပြင်းထန်ဆုံး ပေါက်ကွဲပြီး ဆိုလေ့ရှိတာပေါ့။ နောက် ရှိပါ သေးတယ်။ 

အထင်ကရ အလှ တို့တတွေမပါ ...
နှစ်ယောက်သား ဘဝကွာခြား .......
အညတြ ကိုယ့်အခြေဟာ
 အောက်တန်းကပါလား ....
သန်းနိုင်ရဲ့ ပကာသနဇာတ်ပျက်သမားပေါ့။
ဘုတ်ကလပ်ထဲမှာကလည်း အော်ချင်သလောက်အော် ၊ ဟစ်ချင်သလောက်သာဟစ်၊ ညကြီးတစ်ခုလုံး ပွင့်ထွက်သွားအောင် အော် ဟစ် ပစ်လိုက်။ ဘာပြဿနာမှ မရှိဘူးဆို​တော့ ကျွန်တော်ဂျူတီကျတဲ့ ရက်မျိုးဆိုရင် သူဟာ ဘုတ်ကလပ်ရဲ့ဝိုင်းတော်သားတစ်ဦး​ပေါ့။ ညဥ့်သိပ်နက်လာခဲ့ရင် လှည်းတန်းထဲမှာ ပေါက်ကွဲဖို့ရာ သူ့အတွက် အဆင်သိပ်မ​ပြေ​နိုင်​​တော့ဘူးမို့လား။ ဘုတ်ကလပ်ဝန်းကျင်မှာတော့ မှောင်သွားပြီဆိုတာနဲ့ ပိုးကောင်မွှားကောင်တွေရဲ့ တစီစီမြည်အော်သံတွေကိုသာကြားနေရတာပါ။ ညဥ့်နက်လာ​လေ တိတ်ဆိတ်လာလေလေမို့ ဘုတ်ကလပ်မှာ ဂျူတီစဝင်ရတဲ့ရက်တွေတုန်းကဆို စိတ်ဟာချောက်ချောက်ချားချား ဖြစ်ခဲ့ဖူးတာပေါ့ ။ မီးရောင်မရှိရတဲ့ကြားထဲ ဝန်းကျင်တစ်ခုလုံးကပါ တိတ်ဆိတ်နေလေ​တော့ လှေရုံထဲမှာ မှောက်ထားတဲ့ ရှည်မျော​မျော ​လှေကြီးတွေကို မြင်တွေ့​နေရတာဟာ လူသေအလောင်းကောင်​​တွေကို တန်းစီ ချထားတဲ့ အတိုင်းပဲ။ အရမ်းတိတ်ဆိတ်နေတဲ့ သန်ကောင်သန်လွဲညမျိုးဆိုရင် အဲဒီရှည်မျောမျော အလောင်းကောင်ကြီးတွေဟာ ​ငေါက်ကနဲ ထထိုင်လာမှာလားလို့တောင် ထင်မှတ်ရပါရဲ့။
လှည်းတန်းကပ်စ်ထရိုဟာ ရှုပ်ထွေး လှုပ်ခတ်နေတဲ့ လှည်းတန်းထဲမှာနေပေမယ့်  တိတ်ဆိတ်အေးစက်နေတဲ့ ညမျိုးကိုစွဲမက်ခုံမင်တဲ့ လူတစ်ယောက်ပါ။ တိတ်ဆိတ်နေတဲ့ ညထဲကိုယမကာလေး ရီရီဝေဝေနဲ့ သီချင်း
လေးတွေဆိုပြီး တိုးဝင်သွားချင်တဲ့လူပေါ့။ ဘာကိုမှမျှော်လင့်လို့မရတဲ့ ခေတ်ကြီးထဲက​နေပြီး ဘာကိုမှ မျှော်လင့်မထားခဲ့တဲ့ လူထူး လူဆန်းတစ်ယောက်ပေါ့။ ကျွန်တော်မှတ်မိ ​နေသေးတယ်။ အဲဒီ ကာလတုန်းက အနက် ရောင် 929 တွေကို ပြည်လမ်းပေါ်မှာတွေ့ ​တွေ့၊ ကမ္ဘာအေးဘုရားလမ်းပေါ် ​တွေ့တွေ့၊ ​တွေ့တဲ့နေရာမှာ သူ ​ဒေါသတကြီးနဲ့ ဆဲဆိုတတ်ပါတယ်။ နောက်ပိုင်းကျတော့ 929တင် မကတော့ဘူး။ 323 ကားရောင်စုံ တွေ့ ရင်လည်း ဆဲတော့တာပဲ။ သိပ်ပြီးပေါက်ကွဲ လာတဲ့ရက်မျိုးဆို ဘာပြောကောင်းမလဲ။ မာဇဒါဂျစ်အစိမ်း စီးလာတဲ့လူတွေကိုပါ သူ ဆဲလေ့ရှိပါတယ်။ မဆလ ​ခေတ်ဆိုးကြီးထဲမှာ ဒီလူတွေဟာ သူတို့နည်း သူတို့ဟန်နဲ့ အခွင့်ထူးတွေ ရနေကြတဲ့ အခွင့်ထူးခံ လူတန်းစားတွေပဲ မဟုတ်လား။
လမ်းဆက်လျှောက်မယ်၊ ရွှေတောင်ကြား၊ အားလုံးကို ကျော်ဖြတ်ရမယ်၊ အတ္တသမားကျွန်တော် ... လို သီချင်းတွေနဲ့ ညဟာ ဆူပွက်တုန်ခါသွားပြီလား။ လက်ကျန်အရက်ခွက်ကို တစ်ချီတည်း မော့ချလိုက်ပြီး "ဖွီး... မီးခဲတွေကို မျိုချလိုက်ရတဲ့အတိုင်းပါပဲလားကွာ"ဆိုပြီး ညည်းညူပြလိမ့်မယ်။ သူဟာအရက်ခွက်ထဲကို ဘယ်တုန်းကမှ ရေရောခဲ့တဲ့လူ မဟုတ်ပါဘူး။ အရက်ခွက်နဲ့ ရေခွက်ကို တစ်လှည့်စီ မော့လိုက်၊ အမြည်းလေး တစ်ဖတ်နှစ်ဖတ် ကောက်ဝါးလိုက်နဲ့ တအောင့်လောက်နေရင် ဂစ်တာအစား မယ်ဒလင်ကို သူကောက်ကိုင်
လိမ့်မယ်။ စောင်း ကိုသိန်းဖေရဲ့ အချစ်ရေကို  မယ်ဒလင်​​လေးတီးပြီး ​ဆွေးဆွေးမြည့်မြည့်နဲ့ သူဆိုပြလိမ့်မယ်။ အဲဒီလို အချိန်မျိုးဆိုရင် လရောင်မှုန်မှုန်အောက်က အင်းလျားညဟာ  အချစ်​​ရေ ....အချစ်​​ရေ .......စကားလုံး​တွေ ​အောက်​မှာ လွမ်းလွမ်းရီရီ ​ကြေ​ကြေကွဲကွဲ။
တစ်ခါတစ်ခါမှာတော့ စိတ်ဟာဘယ်လို ထွေပြားသွားတယ်မပြောတတ်။ လှေရုံထဲမှာ ဖယောင်းတိုင်မီးလေးထွန်းပြီး ဝါးပတ္တလားလေးကို သူ့ဟာသူ တစ်ယောက်တည်း တီးနေတတ်ပါတယ်။  သူ့ရဲ့ ဝါးပတ္တလားသံ​ ထုံထုံရီရီ​လေးကို ကြားလိုက်ရရင် ဘုတ်ကလပ်မှာနေတဲ့ ကြီးမြင့်လို စိတ်ကြမ်းကိုယ်ကြမ်းနဲ့ အရိုင်းထည်ကြီးတောင်မှ ငြိမ်ကျသွားပြီးညိုမှောင်​ တိတ်ဆိတ်နေတဲ့ အင်းလျားရေပြင်ကို ရီ​ဝေ ​ဝေမျက်လုံးကြီးတွေနဲ့​ငေးကြည့်နေတတ်ပါတယ်။ တလွန့်လွန့် လှုပ်ခတ်နေတဲ့ ​ရေပြင်ထဲမှာတော့ ညဥ့်နက်ကြယ်တစ်အုပ်ဟာ တဆတ်ဆတ်နဲ့ တုန်ရီလို့ပေါ့။ လှေရုံရဲ့ အ​နောက်ဖက်ဆီက လေစိမ်းတွေတရှဲရှဲနဲ့ တိုးဝင်လာခဲ့ရင်တော့ ယိမ်းနွဲ့နေတဲ့ဖယောင်းတိုင် မီးတောက်လေးရဲ့​အောက်မှာ သူ့ရဲ့အရိပ်မည်းမည်းကြီးဟာ ရှည်မျောတွန့်လိမ်
သွား။ အေးစက်ပြာမှိုင်းနေတဲ့ အင်းလျားညဟာလည်း ရှည်မျောတွန့်လိမ်သွား။ ဝါးပတ္တလားလေးဆီကထုံရီမျောလွင့်လာတဲ့  ဝေဇယန္တာပတ်ပျိုးဟာလည်း ရှည်မျောတွန့်လိမ်သွား။ နောက်ဆုံး ကျွန်တော်တို့ရဲ့ ရင်ခုန်
သံတွေပါ ရှည်မျောတွန့်လိမ်သွားခဲ့တဲ့ အင်းလျားရဲ့ ညပြာရိုင်းများ။
သူဟာ ဂစ်တာကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလို မယ်ဒလင်ကိုလည်း အသံသာအောင် သပ်သပ်ရပ်ရပ်လေးတီးနိုင်တဲ့လူပါ။  ဂီတနှင့်ပတ်သက်ပြီး အဆိုရော၊ တီးခတ်မှုအပိုင်းမှာပါ အဲဒီလို လက်စလက်န ရှိသော်ငြားလည်း အင်းယားဆောင်၊ မာလာဆောင်၊ ရတနာဆောင်၊ သီရိဆောင် ည​တွေအစား လူသူ အရောက်အပေါက် လုံးဝ မရှိ​လေတဲ့ အင်းလျားရဲ့ ညတွေကိုသာ သူဟာချစ်မက် စွဲလမ်းခဲ့ပါတယ်။ ဘုတ်ကလပ်ညတွေပေါ့။
လှည်းတန်းသားတစ်ပိုင်းဖြစ်နေခဲ့ပေမယ့် သူ ကျင်လည်ခဲ့ဖူးတဲ့ တက္ကသိုလ်အကြောင်းကို ဘယ်တုန်းကမှသူ မပြောဖူးဘူး။ အင်္ဂလိပ်စာ​တော့ အရမ်းကောင်းတဲ့လူပါ။ ဟာရိုးရော်ဘင်နဲ့ အာသာဟေလီစာအုပ်တွေကို မူရင်းအတိုင်း ဖတ်ခဲ့တဲ့လူပေါ့။ သူ့ကြောင့်ပဲ ဂျက်ဟစ်​ဂင်၊ ဆစ်ဒနီရှယ်လ်ဒန်၊ ရော်ဘင်ကွတ်....... ​တော်တော်များများရှိပါတယ်။ သူမိတ်​ဆက်​​ပေးလို့ ကျွန်တော်ဖတ်ခဲ့ရတာပါ။ ကိုယ်တွေကတော့ ဘာသာပြန်တွေကို ရှာပြီးဖတ်ရတာပေါ့။

ညထဲမှာ လွင့်မျောနေရင်းနဲ့ အင်းလျားပေါ်မှာ နက္ခတ်တာရာတွေစုံလင်လာပြီဆိုရင် လှည်းတန်းကို သူ သတိပြန်ရသွားပါပြီ။ အရက်တွေလည်းကုန်၊ အမြည်းတွေလည်းကုန်၊ သီချင်းတွေလည်း ကုန်စင်သွားရုံမက
ခံစားချက်တွေဟာလည်း ပါးလျသွားခဲ့ပြီ မဟုတ်လား။ အူထဲမှာ တကြုတ်ကြုတ်နဲ့ အော်မြည်လာပြီး အားလုံးဟာ ဆာလောင် မွတ်သိပ်လာပါပြီ ။ ကျွန်တော်တို့ရဲ့ ပါစကမီးတွေ ​တောက်လောင်လာတာက ညဦးပိုင်းဆိုရင် ပြဿနာ သိပ်မရှိလှပါဘူး။ ဘုတ်ကလပ်ထဲမှာ ငါးရှာဖားရှာလုပ်လို့ရတဲ့ တံငါလှေလေးတစ်စီးရှိပါတယ်။ အဲဒီလှေလေးနဲ့ အင်းလျားရဲ့ ဟိုဘက်အခြမ်းကို ဗေဒါပင်တွေကြားကနေပြီးကပ်ကပ်သပ်
သပ်​လှော်ခတ်သွား။အဲဒီတုန်းက လစ္စဒေါင်းကထွက်တဲ့ ဗိုက်ပူ ၁၆ လိုင်းဟာ ကုက္ကိုင်းလမ်းဆုံမှာ ဂိတ်ဆုံးပါတယ်။ တက္ကသိုလ်ရိပ်​သာလမ်းဘက်အခြမ်းပေါ့။ အဲဒီ ၁၆ဂိတ်ဆုံးကားတွေထိုးရပ်ထားတဲ့ ​နေရာနား​လေးမှာပဲ လက်လုပ်လက်စားမိသားစုတွေ ​ရောထွေးစိမ့်ဝင်နေတဲ့ အဝန်းအဝိုင်းလေးတစ်ခု ရှိပါရဲ့။ စုံစီနဖာပြဿနာမျိုးစုံနဲ့ အမြဲတစေဆူညံ ပွက်လောရိုက်နေတတ်တဲ့ အိုအေစစ်အပူ​လေးပေါ့။ အဲဒီ အိမ်စုလေးတွေထဲမှာ ကျွန်​တော်တို့ မကြာခဏ ​ရောက်​ ​ရောက် သွားတတ်​တဲ့ အမိုးတို့ရဲ့ ဆိုင်လေး ရှိပါတယ်။ အိမ်သေးသေးလေးထဲမှာ ဖွင့်ထားတဲ့  အိမ်ဆိုင်လေးပါ။ အမိုးလက်ရာ ဆိတ်ပဲနဲ့ ကြက်ခေါင်းသုတ်ကိုတော့ သူတအားကြိုက်လှတယ်။ နံနွင်းတွေ ဝါထိန်နေတဲ့ အာလူးစိတ်လေးတွေနဲ့ ကုလားပဲလုံးကို နူးနေအောင်ပြုတ်ပြီး မန်ကျည်းရည်ရွှဲရွှဲနဲ့ ရောထွေး နယ်ဖပ်ထားတဲ့ ကုလားပဲလုံးသုတ်ကိုလည်း သူ အရမ်း ခံတွင်းတွေ့တယ်။ အရက်ကတော့ ဘီအီးပေါ့။ တစ်ခါတစ်ခါမှာတော့ ဂျန်းဂဲလ်လို့ခေါ်တဲ့ ထွေးညိုပေါ့။
ဘာပဲပြောပြော ကျွန်တော်တို့ဟာ ​ပျော်ရွှင်ခဲ့ပါတယ်။ ကုန်လုပ်ဆက်ဆံရေးတို့၊ ကုန်ထုတ်စွမ်းအားစုတို့၊ လူနှင့် ရုပ်ပတ်ဝန်းကျင်တို့၏ အညမညဖြစ်စဉ်တို့၊ နှစ်တိုနှစ်ရှည် စီမံကိန်းတို့လို စကားလုံးတွေနဲ့ မချိမဆန့် ပစ်
ပေါက်ခံခဲ့ရတဲ့ မြန့်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်ကြီးထဲမှာ ကျွန်တော်တို့ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပျော်ရွှင်စရာ အသက်ဇီဝဓာတ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ လူတွေပေါ့။ အရှေ့တောင်အာရှမှာ အချမ်းသာ အကြွယ်
ဝဆုံးဖြစ်ခဲ့တဲ့ မြန်မာပြည်ကြီးကို ကုန်း​ကောက်စရာ မရှိရ​လေ​အောင် စီမံအုပ်​ချုပ်​သွားခဲ့တဲ့ သွားလေသူ ​ဂျော်ကီကြီးကိုလည်း ​ကျေးဇူးတွေ တစိမ့်​စိမ့်​ တင်ရပါသေးတယ်။
အဲဒီ အမိုးဆိုင်လေးမှာ ညဥ့်နက်သွားလို့ အမိုးက ချော့မော့ပြန်ခိုင်းပြီဆိုရင် လှည်းတန်းကို ကျွန်တော်တို့ချီတက်ရပြီပေါ့။ အမိုးဆိုင်လေးထဲကနေပြီး ဟိုတိုးဒီတိုး၊ ဟိုကွေ့ဒီကွေ့နဲ့ အိမ်ကြိုအိမ်ကြားလေးတွေ
က ထွက်လာလိုက်ရင် ၁၆ ဂိတ်ဆုံး ကုက္ကိုင်းလမ်းဆုံပေါ့။ အဲဒီအချိန်ဆို ဘာကားမှလည်း ရှိတာမဟုတ်ဘူး။ ဒါပေမယ့်ကျွန်တော်တို့ဟာ ကုက္ကိုင်းလမ်းဆုံနဲ့ လှည်းတန်း။ လမ်းနီ​လေးနဲ့ လှည်းတန်းကို မကြာခဏ ဆိုသလို လမ်းလျှောက်သွားခဲ့ကြဖူးပါတယ်။ ညမှောင်မှောင် လမှောင်မှောင်ထဲက မဆလ​ခေတ် ​မှောင်မှောင်ကြီးထဲမှာ မူးရီ ယိမ်းထိုးနေတဲ့ ကျွန်တော်တို့ရဲ့ ခြေသံတွေဟာ တဖျတ်ဖျတ်နဲ့။ ကားမီးရောင်တွေက
လည်း တစ်ချက်တစ်ချက် ကျွန်တော်တို့ရဲ့ ကိုယ်ပေါ်မှာ လင်းဖြူစူးရှလို့ ။ မူနွဲ့တဲ့ ရယ်​ ​မောသံလေးတွေကလည်း တစ်ခါတစ်ခါမှာ ကားပေါ်ကနေ လွင့်စဉ်ကျရောက်လို့ ။
လှည်းတန်းထဲရောက်သွားပြီဆိုရင်တော့ ကျွန်တော်တို့ဟာ မီးကို စတင်တွေ့ရှိခဲ့တဲ့ ကမ္ဘာဦး လူသားတွေလိုပေါ့။ အစာရေစာ စားနပ်​ရိက္ခာတွေကို ဖြည့်တင်းလို့ရပြီပေါ့။ လမ်းနီလေး၊ ကုက္ကိုင်းလမ်းဆုံ၊ လှည်းတန်း
ရဲ့ မူးရစ်ဝေသော လွမ်းမောစရာ အလွမ်းညတွေပါပဲ။
သူ့မြို့က လူကြုံနဲ့ ငွေပို့လိုက်လို့ သိပ်ပြီး အဆင်ပြေတဲ့ရက်မျိုးဆိုရင် လှည်းတန်းကနေ ၈ စီးပြီး ဆူးလေကို တက်​ညီလက်​ညီနဲ့ ချီတက်ကြပါတယ်။ အဲဒီအချိန်တုန်းက အိုရီယင့်တို့၊ နန်းသီတာတို့မှာ မန္တလေးဘီယာ
တစ်လုံးမှ မြန်မာငွေ တစ်ဆယ်ကျပ်​ပဲ ပေးရတာပါ။  

ကျွန်တော် ဘုတ်ကလပ်မှာ ရှိနေတုန်းမှာပဲ မြို့ကို ခဏပြန်ဦးမယ်ကွာဆိုပြီး သူ့မြို့ကို ပြန်သွားခဲ့လေတယ်။ သူ့မြို့ဆိုတာက မင်းလှလား၊ အုတ်ဖိုလား။ ကျွန်တော့်အမှတ်သညာ​ထဲမှာ ပျောက်ကွယ်သွားခဲ့ပြီ။  တစ်ပတ်လည်းမလာ။ နှစ်ပတ်လည်း မလာ။ တစ်လလည်းမလာ။ နှစ်လလည်းပေါ်မလာနဲ့ အဲဒီအချိန်ကတည်းက ကျွန်တော်နဲ့ သူဟာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ ပါတယ်။ ဂျူတီဝင်ရတဲ့နေ့မျိုးဆိုရင် သူများ
ရောက်လာလေမလား။ လမ်းနီလေးထိပ်ကို ငေးရီကြည့်နေမိပေမယ့် အင်းလျားညထဲကို သူဟာ ဘယ်တော့မှ ရောက်မလာခဲ့တော့ပါဘူး။
တစ်ခါတစ်ခါကျတော့ လှည်းတန်းဘူတာလေးမှာ နှစ်ယောက်သား မူးမူးရီရီနဲ့ သွားထိုင်ခဲ့ကြတာ၊ စာအုပ်ဟာင်းတန်းက လူတွေဟာ ဆိုင်သိမ်းတဲ့အထိ စာထိုင်မြည်း​နေတတ်တဲ့ သူ့ကိုမြင်​ရင် ရယ်မောပြီး
အလေးပြုတတ်ကြတာ၊ လှည်းတန်းမီးပွိုင့်ထိပ်က ရဲစခန်းထဲကိုဝင်ပြီး ​ဆေးလိပ်လေး​သောက်ချင်လွန်းလို့ ကူညီပါခင်ဗျာလို့ ပြောပြီး ရဲတစ်ယောက် ​သောက်နေတဲ့ ဆေးပေါ့လိပ်တို​လေးကို ​တောင်းပြီး တရှိုက်​မက်​မက် ​​ရှိုက်​ဖွာ​နေခဲ့တာ။ ညတွေဟာ သူမရှိတော့လည်း လွမ်းစရာ​ကောင်းနေပြန်ပါတယ်။ သူ မရှိတော့ပေမယ့် လှည်းတန်းဟာ ကျွန်တော့်ရဲ့ ဘဝထဲမှာ ရှိနေပါသေးတယ်။
လှည်းတန်းအလွန် ခြောက်မိုင်ခွဲက သင်တန်းကျောင်းတစ်ခုမှာ ကျွန်တော့်ရဲ့ "သူမ"ဟာ အဆင့်လတ် စီမံခန့်ခွဲမှု သင်တန်းတစ်ခုကို လာပြီး တက်ရပါတယ်။  ဆိုတော့ စနေလိုရက်မျိုးမှာ သန်လျင်ကိုပြန်ဖို့ ကျွန်တော် အမြဲတမ်း သွားကြို​နေရ​တော့ လှည်းတန်းဟာကျွန်တော် ထရန်​စစ်​ လုပ်တဲ့ နေရာလေးဖြစ်လာပြန်ပါတယ်။သန်​လျင်ကလာရင် လစ္စဒေါင်းအင်းစိန် ၈ ကို စီးပြီး လှည်းတန်းမှာဆင်း။ ဘုတ်ကလပ်မှာ ညအိပ်ရင်တော့ ကုက္ကိုင်းလမ်းဆုံကနေပြီး လှည်းတန်းကို ရောက်အောင်လာ။ အဲဒီကမှ ခြောက်မိုင်ခွဲကို မင်္ဂလာဒုံ ၉ စီးပြီး သွားကြိုရတော့ လှည်းတန်းရဲ့ အရိပ်တွေ အရောင်​​တွေဟာ ကျွန်တော်နဲ့ နီးကပ်စွာ တည်ရှိနေပါသေးတယ်။ ခြောက်မိုင်ခွဲကနေ ၉ စီးပြီးပြန်လာခဲ့ရင် ရတနာဆောင်မှာ ​နေခဲ့ဖူးတဲ့ သူမဟာ အဆောင်နေကျောင်းသူဘဝကို ပြန်လွမ်းသွားနိုင်​သလို ကျွန်တော့်ရဲ့ အာရုံဟာလည်းပဲ အင်းလျား​ရဲ့ဟိုတစ်​ဖက်ဆီက ဘုတ်ကလပ်လေးဆီကို လူးကာလွန့်​ကာ....  ​ဝေ့ကာဝဲကာနဲ့။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ တိုတောင်း လှတဲ့ဘဝလေးတွေဟာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ ရှည်လျားခဲ့ရလေတယ်။  အဲဒီကာလထဲမှာပဲ သူငယ်ချင်းတချို့ဟာ မြို့ပြထဲကဆုတ်ခွာပြီး သူတို့ယုံကြည်ရာ လောကသစ်များဆီကို တိုးဝင်ခိုလှုံခဲ့ကြ ​လေတယ်။  ခေတ်ကြီးထဲက မျက်လုံးတွေဟာ ​သွေ့ခြောက်မွဲရီနေတဲ့ မျက်လုံးမျိုးတွေ၊ ဘဝတွေဟာ ဆွံ့အငြိမ်သက်နေရတဲ့ ဘဝမျိုး၊ စနေလို ရက်မျိုးမှာတောင် အသက်ကို ဝဝ လင်​လင် မရှူရှိုက်​ခဲ့ရတဲ့ လူတွေအတွက် ဝုန်းကနဲ ​ပေါက်ကွဲဖို့ရာအဆင်သင့်ဖြစ်နေခဲ့တဲ့ နှစ်ကာလတွေပါပဲ။ အဲဒီအချိန်တုန်းက လူတွေဟာ စနေနေ့မှာ နေ့ဝက် အလုပ်ဆင်းပေးရတယ်။ နေ့ဝက် ကျောင်းတက်ပေးရတယ်။ စ​နေ​ပေး​ဒေး ဗိုလ်​ချုပ်​​ဈေး။ စ​နေ​နေ့​တွေ ငါ့ကိုပြန်​​ပေး။ စ​နေ​နေ့ည ​ဝေဒနာ။ စ​နေဟာ ဘာအဓိပ္ပာယ်​လဲကွာ။ အဲဒီလို အချိန်မျိုးမှာပဲ .....
( နှစ် )

မီးစွဲနေတဲ့ နာရီလက်တံတွေဟာ တဖျစ်​ဖျစ်နဲ့ မြည်အော်လောင်ကျွမ်း ....
တချို့နှစ်တွေမှာ လက်ယာရစ်။
တချို့နှစ်​​တွေထဲမှာ လက်ဝဲရစ်...
အဲဒီကာလအပိုင်းအခြားထဲမှာပဲ ကျွန်တော်ဟာ အင်းလျားကို အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင် ဖြတ်သန်း သွားလာခဲ့။ ပြည်လမ်းဘက်ကလည်း အင်းလျားကို အလွမ်းပြေ ​ငေးရီကြည့်ခဲ့။ ကမ္ဘာအေး
ဘုရားလမ်းဘက်ကလည်း အကြိမ်ကြိမ်ငေး​မော ကြည့်​ခဲ့ဖူးပေါ့။ အဲဒီ နယ်မြေတကြောကို ရောက်သွားခဲ့
လေတိုင်း ဘဝထဲမှာ ဖျပ်​ကနဲ ရှိခဲ့ဖူးတဲ့  လှည်းတန်းကို ငေးမောမင်သက်ခဲ့ရ ... ။ လမ်းငါးသွယ်​ဆုံတွေ့ရာ လှည်းတန်းဟာ ခေတ်ကြီးငါးခေတ်ကိုလည်း ထိစမ်းပွတ်သပ်ခဲ့ဖူးပါတယ်။ ရိုးရှင်းသော လူနေစုဖွဲ့ပုံမျိုးနဲ့
လည်း ကြည်လင်လှပခဲ့ဖူးပါတယ်။ အရေးကြီးရင်လည်း ​သွေးနီးခဲ့ဖူးပါတယ်။ သမိုင်းစာမျက်နှာတွေကိုလည်း သူရဲကောင်းတစ်​​ယောက်လို တည်ငြိမ်စွာနဲ့ ဖြတ်သန်းခဲ့ဖူး​ပေါ့။
သို့ငြား ဘာဘီကျူးယဉ်ကျေးမှုတွေ တိုးဝင်လာခဲ့တဲ့ ဆာရီယယ်လှည်းတန်းဟာ  အရင်တုန်းက လှည်းတန်းမဟုတ်တာတော့ သေချာသွားခဲ့ပြီ။ လှည်းတန်းဘက်ဆီကို ​ရောက်သွားခဲ့​လေတိုင်း ကြည်လင်လှပ
သော လှည်းတန်းကို ပျောက်ဆုံးနေသလိုလို အမြဲတမ်း ခံစားခဲ့ရသည်။
ကျွန်တော်တို့ရဲ့ နှစ်ကာလတွေထဲကို ရောထွေးစိမ့်ဝင်ခဲ့ဖူးတဲ့ လှည်းတန်းရဲ့ဟာ ခေတ်ကြီးထဲကနေ နာကျင်အော်ဟစ်ပြီး ဆုတ်ခွာသွားခဲ့လေပြီလား။ 

မိုးရေစက်တွေဟာ အာရုံထဲမှာ ဖွဲဖွဲ လွင့်လွင့် ......
လှည်းတန်းတစ္ဆေဟာ အေးစက်နေတဲ့ အာရုံကို ဖြဲရဲကုတ်ခြစ်ပြီး တစ်ကောင်ပြီး တစ်ကောင် အတင်းတိုးဝင်လာခဲ့တာ ... 
လမ်းနီလေးထိပ်က ကိုဆန်းတို့ညီအကိုဖွင့်ထားခဲ့တဲ့ လက်ဘက်ရည်ဆိုင်လေး၊
ကုက္ကိုင်းလမ်းဆုံက ဗိုက်ပူ ၁၆ တွေ ​​ခြေပစ်​လက်ပစ် ဂိတ်ထိုးထားရာ ​နေရာလေး။
 မီး​ရောင်မှုန်ရီအောက်က အမိုးတို့ရဲ့ အိမ်ဆိုင်​လေး။ 
ညကြီးအချိန်မေ​တာ်​ အင်းလျားထဲမှာ ပျင်းရိပျင်းတွဲ​ ​ရွေ့လျားနေတတ်တဲ့ တံငါ​လှေမည်းမည်းလေးတစ်စီး။
ပြာရီအေးစက်​​နေတဲ့ အင်းလျားညထဲကို တိုးတိုးညင်ညင်​လေး မျောလွင့်လာတတ်တဲ့ ဝါးပတ္တလားသံလေး၊ 
လှည်းတန်းကပ်စ်ထရိုရဲ့ ပကာသနဇာတ်ပျက်သမား၊
 ခေတ်ကြီး ငါးခေတ်ကို  ဆန်တက်ကူးခတ်ခဲ့လေသော ကွန်တမ်ပိုရာရီလှည်းတန်း။
အားလုံးဟာ ဟိုဖက်နှစ်တွေထဲမှာ ကျန်ရစ်ခဲ့လေပြီ။ ။
နိုင် ဝင်း သီ

အောင်ဝေး -ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၆ )

$
0
0
ပန်းချီ သန်းဌေးမောင်


အောင်ဝေး -ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၆ )
(မိုးမခ) ဧပြီ ၁၊ ၂၀၁၈

နိုင်ငံတော်ဟာ အချစ်ငတ်နေတယ်
အချစ်ငတ်နေတဲ့ နိုင်ငံတော်ပေါ့ ။

ဒီနေ့မှာ အချစ်ငှက်ဟာ မွေးဖွားလာတယ်
ဒီနေ့မှာ
အချစ်ငှက်တစ်ကောင် လရောင်အောက်
မိုးသောက်တေး ဆိုတယ်။

တကယ်တော့ သူရောက်နေတာ
အမှောင်ခေတ်ကြီးပဲ
သွေးချောင်းစီးနေတဲ့ ခေတ်ကြီးလေ။

သူ ဘယ်သိပါ့ မလဲ
စစ်ကိုမုန်းလို့ တိုက်ခဲ့တာ
သမ္မတအသစ်ကြီး တက်လာတာ
သူ ဘယ်သိပါ့ မလဲ။

တစ်နေ့တည်း၊ တစ်နေ့တည်း
နေ့မှာ (ဒုတိယ)သမ္မတရွေး
ညမှာ အကယ်ဒမီပေး
တစ်နေ့တည်း၊ တစ်နေ့တည်း။

သူ ဘယ်သိပါ့ မလဲ
ကလေးတွေက
မသိဘူး ချစ်တယ်
လူကြီးတွေက
မသိဘူး စစ်ဖြစ်နေကြတယ်
သူ ဘယ်သိပါ့ မလဲ။

နိုင်ငံတော်ဟာ အချစ်ငတ်နေတယ်
အချစ်ငတ်နေတဲ့ နိုင်ငံတော်ပေါ့ ။

စစ်ဆိုတာ မချစ်လို့ဖြစ်တာ
ချစ်ရင် မဖြစ်ပါဘူး။

မြစ်ဆိုတာ ချစ်တတ်ရင်
ခေတ်ကြီးထဲ တသွင်သွင်။

အချစ်နဲ့စိုက်ရင်
ကျောက်သားပြင်မှာလည်း
သစ်ပင်ဟာ ရှင်တယ်။

အချစ်လက်နဲ့ ထိုးတဲ့ခေါင်းလောင်း
စက်သေနတ် စိန်ပြောင်းသံထက် ချိုသာမယ်။

မချစ်တတ်ရင်
သွေးချင်းချင်းစိုနေတဲ့ နှလုံးသားလည်း
ပပ်ကြားအက်တာပဲ။

မချစ်တတ်ရင်
သေနတ်ပြောင်းက
ပန်းတွေ ဘယ်လိုပွင့်မှာလဲ။

မိုးခေါင်တောမှာ
မောတယ် အသက်ရယ်။

စစ်ကိုမုန်းပါ၊ မတိုက်ပါနဲ့
ငြိမ်းချမ်းရေးကိုချစ်ပါ၊ မဖျက်ပါနဲ့။

ဒီမနက်
ယာခရိုးက
ချိုးလင်းပြာငှက်ကလေး
မိုးခေါ်တေး ဆိုတယ်။

အမုန်းတွေ ရပ်
စစ်ပွဲတွေ ရပ်။ ။

(ထူးအိမ်သင်သို့ ...)
ေ အ ာ င္ ေ ၀ း
ဧၿပီ ၁- ၂၀၁၈

မောင်စိန်သော် ● ပန်ယန်းဒေသတိုက်ပွဲ

$
0
0
မောင်စိန်သော် ● ပန်ယန်းဒေသတိုက်ပွဲ
(မိုးမခ) ဧပြီ ၁၊ ၂၀၁၈

ပန်ယန်း ဆိုတာ သံလွင်မြစ် အရှေ့ဘက် ၀ နယ်တောင်ပိုင်းမှာ ရှိပါတယ်၊ သံလွင်မြစ်အနောက်ဘက်ရှိ မိုင်းရှူး မြို့ရဲ့ အရှေ့မြောက်ဘက်လောက် ရှိလိမ့်မယ်လို့ မှန်းဆရပါတယ်။ ပန်ယန်းဟာ မြို့ငယ်ပုံ-အလယ်က လမ်းမ ကြီး၊ အိမ်တွေ တဖက်တတန်း စီဆောက်ထားတဲ့ ဈေးရွာကြီးပါ။ ရှမ်းလူမျိုး၊ ၀ လူမျိုးနဲ့ တရုတ်လူမျိုးတွေ နေထိုင်ကြတယ်။ ပူမုန်းတို့၊ စော်ဘွားတို့နေခဲ့ဖူးတဲ့ အိမ်ဟောင်းတွေလည်းရှိတယ်။ ဒါ့ပြင် ကာကွယ်ရေးဗိုလ် ဟောင်း လားဟူလူမျိုး ကြဆောဗိုလ် ခေါ် ဗိုလ်မီရ အဖွဲ့လည်းနေခဲ့တယ်လို့ သိရတယ်။ ကျွန်တော်တို့ရောက်စ ဗိုလ်မီရအိမ် ရှိသေးတယ်။ တောင်ကုန်းပေါ်မှာ ပျဉ်ခင်း ပျဉ်ကာ အိမ်တော်တော်ကြီးတယ်။ အစိုးရတပ် စခန်း ဟောင်းနေရာတွေလည်း ရှိတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီခေတ်မှာတော့ ပန်ယန်းဟာ ၀ တောင်ခရိုင်အောက် က ပန်ယန်းမြို့နယ်ဖြစ်သွားတယ်၊ ရန်သူခြေကုတ်စခန်းတွေရှိတဲ့ မော်ဖ၊ ယုန်အောဒေသနဲ့ နယ်မြေချင်း ထိစပ် နေလို့ တိုက်ပွဲများနဲ့ ရင်ဆိုင်နေရတဲ့ ရှေ့တန်းနယ်မြေလို့လည်း ဆိုနိုင်တယ်။ ပန်လျန်းကူးတို့ဆိပ် (သံလွင်မြစ် ကွေ့ကောက်စီးသွားတဲ့ နေရာလေး။ တချို့က ထိုနေရာကို ကြက်တူရွေးနုတ်သီးဒေသလို့ သင်္ကေတပြုတယ်)၊ ညပ်လဲကူးတို့ဆိပ်၊ တာမန်ဆုံကူးတို့ဆိပ်စတဲ့ သံလွင်မြစ်ကူး ကူးတို့ဆိပ်တွေဆိုတာ ပန်ယန်းမြို့နယ်ထဲမှာ ရှိပါ တယ်။

၁၉၇၄-၇၅ လောက်ကဖြစ်မယ်။ ခုနှစ် တိတိကျကျမပြောနိုင်ဘူး၊ မိုင်းရှူးကို ပြည်သူ့တပ်မတော် ၀င်တိုက်စဉ် ရန်သူလေတပ်က ပန်ယန်းကို ဗကပ နယ်ဆိုပြီး ဗုံးကြဲဖျက်ဆီးလိုက်တာ ပန်ယန်းဘုန်ကြီးကျောင်း မီးလောင်ပြာ ကျသွားတယ်တဲ့။ နောက်ပိုင်းကာလ ကျွန်တော်တို့ရောက်သွားချိန် မီးကျွမ်းထားတဲ့ တိုင်ဟောင်းတွေ ဘုရားပုံ တော်အပိုင်းအစ မီးသွေးခဲတွေနဲ့ ကျောင်းဝင်းနေရာဘဲ တွေ့ရတော့တယ်။

၁၉၈၅ ခုနှစ် တတိယအကြိမ်ပါတီကွန်ဂရက်အပြီး ပြည်သူ့တပ်မတော် တပ်ပြန်လည်ဖွဲ့စည်းရေးတွေ လုပ်တယ်။ တပ်မ တပ်တွေက တပ်မဟာတွေ ဖြစ်ကုန်တယ်။ ပန်ယန်းမြို့နယ်နဲ့ မန်မန့်ဆိုင်မြို့နယ် ကာကွယ်ရေးအတွက် အရှေ့မြောက်စစ်ဒေသက တပ်မဟာ (၇) ကိုဖွဲ့စည်းတယ်။ ၉၀၉၅၊ ၉၀၉၆၊ ၉၀၉၇၊ ၉၀၉၈၊ ၉၀၉၉ စတဲ့ တပ်ရင်း နံပါတ်တွေနဲ့ တပ်ရင်း (၅) ရင်း တပ်ဟောင်းတွေ အခြေခံပြင်ဆင် ဖွဲ့စည်းလိုက်တယ်။ နောက်တော့ ၉၀၉၆ တပ်ရင်းကို တပ်မဟာ (၅) ပေးလိုက်ရလို့ (၄) ရင်းဘဲကျန်တယ်။ ၁၉၈၆ ခု တညနေတွင် ကျွန်တော်တို့ မန်မန့်ဆိုင် တပ်မဟာရုံးမှာ တပ်မဟာမှူး ရဲဘော်ကြီး အိုက်လွန်း ဦးစီးပြီး အရေးပေါ် တပ်မဟာတိုးချဲ့ကော်မတီ အစည်းအဝေးလုပ်တယ်။ မြောက်ပိုင်းဗျူရိုဘက် မိမိတပ်သိမ်းယူထားတဲ့ ရွှေကျင်ဝမ်းတောင်ကုန်းတွေကို ရန်သူ က အကြီးအကျယ်ထိုးနေတယ်။ အဲဒါကို ဗဟိုနဲ့ အရှေ့မြောက်စစ်ဒေသက အကူအညီပေးဖို့ စစ်ဒေသတပ်မှူး (ပါတီဗဟိုကော်မတီဝင်) ရဲဘော်ဇော်မိုင် ညွှန်ကြားချက်အရ တပ်မဟာ (၇) က အင်အားဖြည့်တပ်ရင်းတရင်း ဒုတပ်မဟာမှူး ရဲဘော်အိုက်ကျုံ ဦးစီးနဲ့၊ ဗဟို ကင်းတပ်မဟာမှ ထုတ်နုတ်တပ်ရင်းတရင်း ဒုတပ်မဟာမှူး ရဲဘော်ဆန်ဗလူး ဦးစီးတို့ သံလွင်အနောက်ဘက်ကူးပြီး၊ တန့်ယန်းတ၀ိုက် အမြန်ထိုးဖောက်လှုပ်ရှားရန် ချက် ချင်းပြင်ဆင် ထွက်ဖို့ တပ်မဟာမှာဆွေးနွေးစီစဉ်ကြခြင်းဖြစ်တယ်။ အစည်းအဝေးပြီးတာနဲ့ ဗဟိုတပ်နဲ့ ချိန်းချက် လုပ် ကျွန်တော်တို့ဆီက ဒုတပ်မဟာမှူး ရဲဘော်အိုက်ကျုံတို့ တပ်မဟာရုံးကထွက်သွားကြတယ်။ နောက်ရက် တွင် သူတို့တပ်နှစ်တပ် ပူးပေါင်းအဖွဲ့ သံလွင်မြစ်ကူးသွားပြီ ဖြစ်ကြောင်း အကြောင်းကြားလာတယ်။

ဒီရက်ပိုင်းမှာဘဲ စစ်ဒေသက အရေးကြီးသတင်းတခု ရောက်လာပြန်တယ်၊ သတင်းက ပန်ယန်းကို ရန်သူ တပ်မ ၇၇ က ထိုးစစ်ဆင်ဖို့လာနေပြီ။ တပ်မဟာ ၇ အနေနဲ့ ရှိတဲ့တပ်စုစည်းပြီး ပန်ယန်းကာကွယ်ရေး အမြန်ချီတက် ရန် ညွှန်ကြားချက် ရောက်လာတယ်။ တဆက်ထည်း သံလွင်မြစ်ကူးသွားတဲ့ တပ်ဖွဲ့နှစ်ဖွဲ့လည်း ပန်ယန်းဘက် အမြန်ပြန်ကူးလာရန် ညွှန်ကြားထားပြီဖြစ်ကြောင်းလည်း အကြောင်းကြားလာတယ်။ တပ်မဟာမှူးက ဆွေးနွေး ပြီး ကျွန်တော့်ကို ပန်ယန်း အမြန်ချီတက်ရန် တာဝန်ပေးတယ်။ ကျွန်တော်တို့တပ်မဟာ ၇ က ၉၀၉၉ တပ်ရင်း က ပန်ယန်းမှာ ရှိရင်းစွဲတပ်ဖြစ်တယ်။ ၉၀၉၆ တပ်ရင်းက ဒုတပ်မဟာမှူး ရဲဘော်အိုက်ကျုံနဲ့ သံလွင်မြစ်ကူး လှုပ်ရှားရေး ပါသွားပြီ။ ဒါပေမဲ့ ပန်ယန်းမှာ ပြန်ဝင်လာလိမ့်မယ်။ လောလောဆယ် ကျွန်တော်တို့နဲ့အတူ ထုတ်သုံးနိုင်တာ ၉၀၉၅ တရင်းရှိတယ်။ သူက အရင် ၀ တောင်ခရိုင်တပ်ဟောင်း ဖြစ်တယ်။ တပ်ရင်း ဒုနိုင်ငံ ရေးမှူး ရဲဘော်အိုက်ရှင်နဲ့တပ်တွေပါ။ ကျွန်တော်တို့တပ်မဟာမှ ညနေပိုင်း ခန့်မှန်း ၁၆၀၀ ချိန်ခန့် ထွက်လာကြ တယ်။ အရေးကြီးနေချိန်ဖြစ်လို့ ပန်ယန်းကို ညခရီးချီတက်ကြရတယ်။ လမ်းမှာ ညစာချက်စားရင်း နားတာ လောက်ဘဲ ရှိတယ်။ တညလုံးချီတက်ကြတာ နောက်နေ့ နေ့ခင်းလောက်မှ ပန်ယန်းရောက်သွားတယ်။ ကျွန်တော်တို့ ပန်ယန်းရောက်ချိန် စစ်ဒေသစစ်ဦးစီးဌာနက စစ်ဦးစီးမှူး ရဲဘော်လီထင်တို့ အဖွဲ့လည်းရောက်နေ ပြီ။ ရဲဘော်မြမောင်တို့ရုံးအဖွဲ့တွေလည်း ပါတယ်။ ဗဟိုက ရဲဘော်အောင်ငွေတို့လက်နက်ကြီးအဖွဲ့တွေလည်း ယုန်အန်းဘက်ရောက်နေတယ် ကြားရတယ်။ နောက် ရဲဘော်လေးမောင်၊ ရဲဘော်စိုးမြတ်၊ ရဲဘော်ထွန်းမြတ်တို့ ကန အဖွဲ့တွေလည်းရောက်နေကြတယ်။ ကျွန်တော်တို့တပ်မဟာက ၉၀၉၉ တပ်ရင်း ပန်ယန်း အနောက်တောင် ဘက် ငှက်ကန်မှာ နေရာယူထားတယ်။ ပန်ယန်းတ၀ိုက်ကို မူလမြို့နယ်တပ်တချို့နဲ့ ပြည်သူ့စစ်တချို့ နေရာယူ ထားတာရှိတယ်။ ရောက်ရောက်ချင်း စခန်းဟောင်းတွေစစ်ဆေး၊ နောက်ထပ် ရန်သူဝင်နိုင်တဲ့လမ်းကြောင်း တွေ နေရာထပ်ယူ၊ ခံစစ်ကောင်းကောင်းနဲ့ ရန်သူကိုတုံ့ပြန်နိုင်ရန် ပြင်ဆင်ကြတယ်။ ပန်ယန်းကြော ဆင်းလိုက် ရင် ဘယ်ဘက်မှာ ၀ ရွာတရွာရှိတယ်။ ရွာအရှေ့ဘက်က တပ်စခန်းဟောင်းမှာ မြို့နယ်ကလား မသိဘူး၊ ဒီ စခန်း ရှေ့ဆုံးဆိုပြီး အလေးထားနေရာယူခဲ့တယ်။ တကယ်က သူ့နောက် ပန်ယန်းကြောအဆက် ဘယ်ဘက်က တောင်ကြောက ပန်ယန်းလုံခြုံရေး အရေးပါတဲ့ကြောဖြစ်နေတယ်။ ဒီတောင်ကြော နေရာယူထားဖို့ အမြန်ပြင် ဆင်ကြရတယ်။  ရန်သူ တကယ်ထိုးမှာလား၊ သတင်းက တိကျရဲ့လား၊ အစပိုင်း တရက်နှစ်ရက် သံသယ ဖြစ်နေကြသေးတယ်။ သံလွင်မြစ်ကူးသွားတဲ့တပ်တွေလည်း ပန်ယန်း ၀င်လာကြပြီ။ ပွဲကြီးပွဲကောင်းတော့ တွေ့ရတော့မယ်။ အရင် ပြည်သူ့တပ်မတော် တပ်မ ၆၈ က တပ်ရင်းတရင်းနဲ့ အမြောက်တပ်ကရဲဘော်တွေ လည်း ရောက်လာတယ်။ တညနေမှာ ရန်သူက ခေါက်မူတောင်ကြောနောက်က ကုန်းတွေပေါ်ကနေ ပန်ယန်း ဈေးရွာတည့်တည့်ကို အမြောက်နဲ့လှမ်းထုတယ်။ တော်တော်ဝေးတဲ့နေရာက လှမ်းပစ်နေတာ၊ တောင်ပေါ်ပစ် ၇၆ မမ ထင်တယ်။ ပစ်တဲ့နေရာက အနည်းဆုံး မီတာ ၇၀၀၀, ၈၀၀၀ လောက်ရှိလိမ့်မယ်။ ပန်ယန်းရှိ အရပ်သား ပြည်သူတွေတော့ လှုပ်လှုပ်ရွရွနဲ့ စိုးရိမ်နေကြတယ်။ အဲဒီနေ့ မိုးချုပ်ခါနီးလောက် ပေါ်တာ (အထမ်းသမား) တယောက်နှစ်ယောက် ထွက်ပြေးလာတာရှိတယ်။ ပေါ်တာတွေ ကျွန်တော်တို့ သေချာခေါ်မေးတော့ သံလွင်မြစ် ကူးလာတဲ့ရန်သူ သိပ်များတယ်။ လဲချား၊ မိုင်းကိုင် ဘက်မှာလည်း ပေါ်တာအရမ်းဆွဲတယ်။ ရှမ်းပြည်အလယ် ပိုင်းလူထုလည်း ပေါ်တာဆွဲမှာစိုးလို့ ရှောင်တိမ်းနေရတာ များတယ်။ ခင်ဗျားတို့အထင် ရန်သူ သံလွင်မြစ်ကူး တာ ဘယ်လောက်ရှိလဲ မေးတော့ သုံးလေးထောင်ရှိမယ်လို့ ပေါ်တာတွေကပြောတယ်။ ပေါ်တာချည်းဘဲ နှစ်ထောင်သုံးထောင် လောက်ရှိမယ်လို့ပြောနေတယ်။ ဟုတ်ရဲ့လား မေးတော့ ဟုတ်ပါတယ်။ အထမ်းသမား တွေထမ်းရတာ လက်တောက်ခုံတွေလည်း ထမ်းခိုင်းတယ်လို့ သူတို့ကပြောတယ်။ ကျွန်တော်တို့ထဲမှာ ရန်သူ ထိုးမထိုး သံသယစိတ်တွေ ကြေပျက်သွားပြီ။

စစ်ဦးစီးဌာနအတွက် သဲမြေပုံလုပ်မယ် ပြောနေတာ မောင်လူမင်း ဆိုတဲ့သူ။ လက်တွေ့က လုပ်ဖူးပုံမရဘူး။ သဲမြေပုံက မပီပြင် မရှင်းမလင်း ဖြစ်နေတယ်။ နံနက်ပိုင်းဆွေးနွေးပွဲအပြီး ကေဒါတွေ သဲမြေပုံကြည့်၊ ရန်သူ အခြေအနေ ရှင်းလင်းဖို့ခေါ်စဉ် ၉၀၉၆ ရင်းမှူး ရဲဘော်ဆိုက်တောင်း နဲနဲသောက်ထားတယ်နဲ့တူတယ်။ မင်းတို့ သဲမြေပုံတွေ ဘာတွေ လုပ်မနေနဲ့၊ ငါတို့နားမလည်ဘူး။ ပန်ယန်းမြေအနေအထား ငါတို့သိတယ်-ဘာတယ်နဲ့ စကားများနေတယ်။ သူက သံလွင်မြစ် ဟိုဘက်ကမ်းက ပြန်ကူးလာတဲ့သူ။ တိုက်ခိုက်ရေးလည်း တစုံတရာ အတွေ့အကြုံရှိတယ်။ ပန်ယန်းနယ် ကျွမ်းတယ်ဆိုတာလည်း အမှန်ဘဲ၊ သူတို့ပန်ယန်းနယ် လှုပ်ရှားဖူးသူတွေ ဖြစ်တယ်။ နောက် အိမ်တအိမ်ဝင်ထိုင်ကြစဉ် တပ်မ ၆၈ အမြောက်တပ်က ရင်းမှူး၊ မျက်နှာမကြည်မလင်နဲ့ မင်းတို့ စကားသိပ်များတယ်၊ မင်းတို့ ဘာအတွေ့အကြုံရှိလဲ ဘာညာနဲ့ဖြစ်နေတယ်။ ကျွန်တော် အံအားသင့်သွား တယ်၊ ဘာများမကျေနပ်နေကြလဲလို့ စဉ်းစားစရာဖြစ်နေတယ်။ နောက် လူမင်းတို့ထသွားမှ ခင်ဗျားကိုပြောတာ မဟုတ်ဘူး၊ မျက်လုံးကို လက်နှစ်ဘက်ကွင်းပြပြီး အဲဒီမျက်မှန်နဲ့လူ စကားသိပ်များတယ်။ တို့လက်နက်ကြီးတွေ ကို ဘယ်လိုထား၊ ဘယ်လိုကောင်းတယ်ဆိုပြီး လာလုပ်နေတယ်လို့ပြောမှ သူတို့မကြိုက်တာ မကျေလည်တာ သဘောပေါက်သွားတော့တယ်။

၁၉၈၆ ခုနှစ်ဘဲ။ ရက်လ အတိအကျမမှတ်မိဘူး။ ကျွန်တော်တို့ နံနက်စာစားပြီး ပန်ယန်းကြောဘေးက လျှိုထိပ် မှာ ဒုတပ်မဟာမှူး အိုက်ကျုံအဖွဲ့နဲ့အတူ ရန်သူလာလမ်းကို သစ်ပင်တွေ အကာအကွယ်ယူ စောင့်ကြည့်နေ တယ်။ ဘေးကရော ရှေ့ကရော စက်လတ်အပါ ရဲဘော်တချို့နေရာယူထားပြီ။ သျှိုအထက် တောင်ကြောပေါ် က ဆန်ဗလူးတို့အဖွဲ့ လက်နက်ကြီးတွေ ၅၇ မမတွေနဲ့ အသင့်နေရာယူထားတယ်။ ကျွန်တော်တို့နဲ့ ဘေးတိုက် အထက်အောက် ဖြစ်နေတယ်။ ကျွန်တော်တို့ရှေ့ ခပ်လှမ်းလှမ်းဆီမှ ရန်သူက ပစ်ရှင်းဝင်လာတယ်။ တဒိန်းဒိန်း နဲ့ အသံပေးဝင်လာတာမျိုးဖြစ်နေတယ်။ အံသြစရာဘဲ။ မသင်္ကာဖွယ် တောတွေ ခြုံတွေပစ်ရှင်းနေတဲ့ သဘော ဘဲ။ သေနတ်သံတွေ ရပ်သွားလိုက် ပစ်ရှင်းလိုက်ဖြစ်နေတယ်။ ကျွန်တော်တို့ဆီမှာလည်း မှန်ပြောင်းတွေပါကြ တယ်၊ ဘာထူးခြားမှုမှ ရှာမရဘူးဖြစ်နေတယ်။ ဒီအချိန် ကျွန်တော်တို့ခေါင်းပေါ်က ၅၇ မမ နဲ့ ၇၅ ပါ နှစ်လုံး ပစ်ထည့်လိုက်တယ်။ ဆက်တိုက် စက်လတ်တွေ စက်သေနတ်ကြီးတွေရော တချီတည်း ဒုံးဒုံးဒိုင်းဒိုင်းနဲ့ တရစပ် မွှေ့ရမ်းပစ်လိုက်ကြတယ်။ ရန်သူက အတော်ကြာမှ ၈၁ မမတို့ ဘာတို့နဲ့ ပြန်ပစ်တယ်။ ဝေါကီတော့ကီနဲ့ ဆက် မေးတော့ အပေါ်က ရဲဘော်ဆန်မလူးအဖွဲ့က မင်းတို့ရှေ့တည့်တည့် ခပ်ဝေးဝေးမှာ မြင်းတွေ့လို့ ပစ်ထည့်လိုက် တာလို့ ပြန်ပြောတယ်-တဲ့။ နောက်မှသိရတာ ရန်သူ ခမရ ၁၀၄ ဒုရင်းမှူး တင်မောင်လေး တက်လာတာ ထိသွားတယ်ကြားတယ်။ ရန်သူက အသံသိပ်လုံတယ်။ တက်လာတာ ကျွန်တော်တို့အောက်လမ်းဘက်ကနေ ပတ်ဝင်ဖို့ ကြိုးစားတာ။ အတွင်းတောင် တော်တော်ရောက်နေပြီလို့ သိရတယ်။ ကျွန်တော်တို့ ပထမတချီ မွှေ့ရမ်းပစ်ထည့်လိုက်တာ ရန်သူ ဒုရင်းမှူးအပါ တော်တော်ထိလို့ ဆုတ်သွားတယ်လို့သိရတယ်။ အိုက်ကျုံက ရန်သူက ခြေလုံလက်လုံလေ့ကျင့်ထားတာ သိပ်ကောင်းတယ်၊ အထင်မသေးနဲ့လို့ပြောနေတယ်။ အဲဒီနေ့က တကယ်ကတက်ရှင်းရမှာ ရှေ့ကတိုက်တဲ့အဖွဲ့က ရန်သူထွက်ပြေးတာ ရှေ့ပြေးကင်းလောက်ထင်နေတာ။ တကယ်က စစ်ကြောင်းတခု ၀င်လာတာတဲ့။ တက်ရှင်းချေမှုန်းရင် ရန်သူ ဦးကျိုးသွားနိုင်တယ်။ ပြဿနာ ရှေ့က တိုက်တဲ့အဖွဲ့က ရန်သူအခြေအနေ မဆုပ်ကိုင်မိ၊ နောက်က စစ်ဒေသစစ်ဦးစီးဌာနက ရန်သူထိနေတာ သိနေ တယ်။ သို့ပေမဲ့ ရှေ့နောက်အဆက်အသွယ် မကောင်းဖြစ်သွားတယ်။ နောက်မှ ဗဟိုစစ်ဦးဌာန ရဲဘော်တင်ရီ (ဗဟိုစစ်ကော်မရှင်အတွင်းရေးမှူး)၊ ရဲဘော်စိုးချစ်၊ ရဲဘော်ဝင်းသိန်းတို့အဖွဲ့လည်း ရောက်လာတယ်။ ရန်သူက ဆက်ထိုးလိမ့်မယ် မိမိတို့ဘက်ကလည်း ၈၁၅ စစ်ဒေသတပ်တွေ လာလိမ့်ဦးမယ်လို့သိရတယ်။

အဲဒီနေ့ညနေ အတော်မှောင်နေပြီ။ ရဲဘော်အိုက်ကျုံနဲ့ ကျွန်တော်တို့ဆွေးနွေးတယ်။ ငှက်ကန်ဘက် ရန်သူထိုး လိမ့်မယ်။ ပန်လျန်း ငါတို့တပ်ကဆုတ်လိုက်ပြီ။ အဲဒါ ၉၀၉၅ တပ်ခေါ်၊ မင်းတို့ အဲဒီဘက်သွား၊ ၉၀၉၉ နဲ့ ပေါင်းခံ ထား။ ငှက်ကန် ကျလို့မဖြစ်ဘူး။ ဆုံးဖြတ်ကြပြီး ညတွင်းချင်း ၉၀၉၅ ဒုနိုင်ငံရေးမှူး ရဲဘော်အိုက်ရှင်နဲ့ ကျွန်တော် တို့တပ်ရင်းတရင်း ငှက်ကန်ဘက် အားဖြည့်လိုက်တယ်။ ညမှာ ဒုနိုင်ငံရေးမှူး အိုက်ရှင်က မြင်းပါယူလာလို့ ပစ္စည်းတချို့တင်ခဲ့သေးတယ်။ ကျွန်တော်တို့အဖွဲ့ ထွက်လာစဉ် ငှက်ကန်ဘက်ကုန်း ရန်သူကလှမ်းပစ်နေတာ တွေ့နေရတယ်။ မခေဆုန် ဆိုတဲ့ရွာ အရင်ဝင်၊ ငှက်ကန်ရွာနဲ့ မခေဆုန်က မဝေးဘူး၊ နောက်မှ ငှက်ကန်ရွာထဲ မှာ ၉၀၉၉ ရင်းရုံးရှိရာ သွားတယ်။ ရင်းနိုင်ငံရေးမှူး ရှိတယ်။ သူနဲ့ အရင်တွေ့၊ အခြေအနေ နားလည်ယူတယ်။ ငှက်ကန်ထိပ်ကတောင်ကုန်းကို ရန်သူက ကျွန်တော်တို့မရောက်မီလေးမှာ တကြိမ်တက်ထိုးသေးတယ်။ ကုန်း ပေါ်မှာ ၉၀၉၉ ဒုနိုင်ငံရေးမှူး ရဲဘော်လိုတစမ်း ဆိုတာရှိတယ်။ တပ်ခွဲတခွဲနီးပါး ကော်နီလော့ ခေါ် စက်လတ်ပါ တပ်ဆင်ထားတယ်။ စစ်ဒေသအမြောက်တပ်ခွဲကလည်း ရဲဘော်သန်းမောင်တို့ ၈၂ မမ နဲ့ ထောက်ကူပေးထား တယ်။ တပ်ကရဲဘော်တွေ စဉ်းစားချက်မဆိုးဘူး။ တောင်ကုန်းဘယ်ဘက် လျှိုထိပ်အတက်မှာ သစ်ပင်ထူထူ တွေကြား စခန်းတခုနေရာယူထားတယ်။ ရန်သူ ထင်မထားတဲ့နေရာဖြစ်မယ်။ တောင်ကုန်းထိုးဖို့ တက်လာတဲ့ ရန်သူ အဲဒီအောက်စခန်းကဆီးချတာ ရန်သူထိသွားတဲ့သဘောရှိတယ်။ ညနေပိုင်း ရန်သူလာထိုးတာ ဒီကပြန် ချတော့ ရှေ့မတက်နိုင်၊ ကမန်းကတန်းပြန်ဆုတ်တာ ဒဏ်ရာရ ကျန်နေရစ်တယ်ထင်တယ်။ တညလုံး အော်သံ ညည်းညူသံတွေ အဲဒီဘက်ကကြားနေရတယ်လို့ စခန်းတာဝန်ယူထားတဲ့ ဒုခွဲမှူးကပြောတယ်၊ ဒါနဲ့ ၉၀၉၉ ရင်း နိုင်ငံရေးမှူးနဲ့တိုင်ပင်ပြီး ရန်သူထိုးလာတဲ့လမ်းကြောင်းကို လက်ရွေးစင်တပ်ဖွဲ့ငယ်တဖွဲ့ ဆင်းရှင်းခိုင်းလိုက် တယ်။ ကျွန်တော်တို့လည်း ပွိုင့်စခန်းမှာ ထိုင်စောင့်ကြည့်နေတယ်။ လာထိုးတဲ့ရန်သူ ဆုတ်ပြေးတဲ့လမ်းက သေနတ်နှစ်လက်ရလိုက်တယ်။ ကာဘိုင်တလက်နဲ့ ဂျီတူးတလက် ရန်သူမကောက်နိုင်ဘဲ ထွက်ပြေးသွားခြင်း ဖြစ်တယ်။ သွေးတွေ ဒဏ်ရာရတဲ့လူ ဆွဲသွားတဲ့အရာတွေ တွေ့တယ်လို့လည်း ဆင်းရှင်းတဲ့ရဲဘော်တွေက ပြော တယ်။ ရန်သူတပ်မ ၇၇ က ခလရ ၆ ထင်တယ်၊ ဒုဗိုလ်မှူးကြီးသိန်းကြိုင်လား သန်းကြိုင်ဆိုလား တာဝန်ယူတဲ့ တပ်ရင်းတရင်းလုံး ငှက်ကန်နဲ့ပန်လျန်းကြားရှိ လမ်းကြောတခုလုံး တန်းစီနေရာယူထားတယ်။ ပန်လျန်းစခန်း ကိုလည်း ရန်သူသိမ်းထားတယ်။ မကြာခဏ မိမိဘက်ကို ရန်သူက လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ကျွန်တော် တို့မြင်းတွေ ကျောပိုးအိတ်တွေ ပစ္စည်းတွေစောင့်ဖို့ လွတ်ကင်းရာ ရဲဘော်ငယ်လေးတွေရွေးပြီး စောင့်ခိုင်းထား တယ်။ ဖြစ်ချင်တော့ ရန်သူလက်နက်ကြီး ကျော်ကျတာနဲ့ဝင်တိုးလို့ ရဲဘော်ငယ်လေးတယောက် လက်နက်ကြီး ကျည်ထိ ကျသွားတယ်။ ကျွန်တော့်မြေပုံတွေအပါ ကျောပိုးအိတ်တွေလည်း လက်နက်ကြီးကျည်ထိလို့ ပေါက်ပြဲ ကုန်တယ်။ ကျသွားတဲ့ရဲဘော်လေးက သိပ်မကျန်းမာသူလေးပါ။ နေ့ခင်းပိုင်း ရှိတဲ့ရဲဘော်တွေစု သင်္ဂြိုလ်လိုက် တယ်လို့သိရတယ်။ နောက်ရက်တွေမှာ နောက်ပိုင်းက ပြည်သူ့စစ်တယောက် လက်နက်ကြီး ကျည်ထိသေး တယ်လို့ သိရတယ်။ နေ့ခင်းဆိုရင်လည်း လေကြောင်းရန်လွတ်ရာ နေ့စဉ်လိုလိုရှောင်နေကြရတယ်။

ငှက်ကန်နဲ့ လျှိုတခုခြားနေတဲ့ တဖက်တောင်ကြောက ကောင်းကန်တောင်ကြော ဖြစ်တယ်။ တောင်ကြောပေါ် မှာ ကောင်းကန်ရွာရှိတယ်။ အဲဒီမှာ ၉၀၉၅ တပ်ရင်းက အားဖြည့်တပ်စုတစု နေရာယူပြီး ကောင်းကန်တဖက် သံလွင်မြစ်နဲ့ကြားက တောင်ကြောပေါ်ကိုလည်း ၉၀၉၅ မှ တပ်ခွဲတခွဲ နေရာယူခိုင်းထားတယ်။ အဲဒီမှာ ၉၀၉၅ ရင်းဒုနိုင်ငံရေးမှူး ရဲဘော်အိုက်ရှင် တာဝန်ယူဖို့ ဆုံးဖြတ်တယ်။ အဲဒီစခန်းက တောထူ၊ အောက်ခြေခြုံတောတွေ ရှုပ်တယ်။ ပန်လျန်းကရန်သူ မခေဆုန်ကုန်းတို့ဘက် မတိုးနိုင်အောင် ရှေ့ကပိတ် နေရာယူခိုင်းခြင်းဖြစ်တယ်။ သူတို့ဆီမှာ ကော်နီလော့စက်လတ်တလက်နဲ့ ၆၀ မမ ရှိတယ်။ တပ်မ ၆၈ က လက်နက်ကြီး ပစ်ကူကလား မသိဘူး၊ လန်ကင်ခတ်လို့ ခေါ်တဲ့ ချင်းလူမျိုးရဲဘော်တယောက်လည်း မခေဆုန်မှာတွေ့တယ်။ သူနဲ့ ရန်သူ့အခြေ အနေ နားလည်ယူရတာ အတော်လေးအဆင်ပြေတယ်။ ကျွန်တော်တို့ကိုလည်း ခင်ခင်မင်မင်ရှိတယ်။ တရက် မှာ ပန်ယန်းဘက်ရှိ ဒုတပ်မဟာမှူး ရဲဘော်အိုက်ကျုံက အစည်းအဝေးခေါ်လို့ ကျွန်တော် ပန်ယန်းပြန်သွားရ သေးတယ်။ ပန်ယန်းမှာ (ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) ရဲဘော်တင်ရီတို့ ရှေ့တန်းစစ်ဦးစီးရုံး လည်းရှိနေတယ်။ ရန်သူ ပန်ယန်းဘက်ထိုးမယ်ဆိုတဲ့သတင်းရနေတယ်။ အဲဒါ ရန်သူကို ဘယ်လိုခံတိုက်ရင် ကောင်းမလဲ ဆွေးနွေးကြခြင်းဖြစ်တယ်။ ရန်သူက ခေါက်မူ ဆိုတဲ့ ရွာဟောင်းလားမသိဘူး၊ အဲဒီတောင်ကြော ဘက်မှာ နေရာယူထားတာ မဆုတ်ဘူး။ ရန်သူ ရှေ့တန်းတပ်မ ၇၇ ရုံးတောင် အဲဒီဘက်ရောက်နေတယ် သတင်းရနေတယ်။ ပန်ယန်းကိုထိုးစစ်ဆင်ဖို့ လမ်းကြောင်းတွေကများတယ်။ ဒါကြောင့် ခံစစ်ယူထားရတဲ့ လမ်းကြောင်းတွေလည်း များနေတယ်။ ယုန်အန်းဘက်က တနေရာ၊ ပန်ယန်း တနေရာ၊ ငှက်ကန်ဘက် တနေရာ မိမိဘက်က ၃ နေရာလောက် ခံစစ်ယူ အသင့်စောင့်နေကြတယ်။ ဆွေးနွေးပွဲအပြီး ကျွန်တော်တို့ ပန်ယန်း ရှိနေစဉ် တရက်မှာ ပန်ယန်းကို ရန်သူထိုးလိမ့်မယ် ဆိုတဲ့သတင်းရပြန်တယ်၊ ပန်ယန်းကြောအဆက် ဘယ်ဘက်က တောင်ကြောဘက် ရန်သူလာနိုင်တယ်ဆိုပြီး ကျွန်တော်တို့တပ်တွေ ကတုတ်တွေတူး ခံစစ်ပြင် စောင့်နေတယ်။ ထင်တဲ့အတိုင်း ရန်သူတက်လာထိုးတယ်။ ကျွန်တော်တို့ ရဲဘော်မြမောင်တို့ ရန်သူထိုးတဲ့ တောင်ကြောပေါ်မှာ ရှိတယ်။ မိမိရှေ့ဆုံးပွိုင့်စခန်းကို အကြိမ်ကြိမ် ရန်သူက လက်နက်ကြီးပစ်လိုက် တက်လာ ထိုးလိုက် လုပ်နေတယ်။ မိမိဘက်တပ်ကလည်း အကြိမ်ကြိမ်လှန်ချပစ်နိုင်တယ်။ ရဲဘော်မြမောင် ရှေ့ပွိုင့်ဘက် ထိ လိုက်ကြည့်နေတယ်။ သူ့နောက်ကလိုက်သွားတဲ့ ဒုခွဲမှူးတယောက် မိုင်းထိတယ်။ သေတော့မသေဘူး၊ ခြေထောက်ဖြတ်လိုက်ရတယ်။ ရန်သူလည်းထိတယ်။ အစောပိုင်းတက်လာတဲ့ ရန်သူအလောင်းတွေ ကျန်နေ တာ မကောက်နိုင်ဖြစ်နေတယ်။ ဒီအလောင်းတွေက မိုင်ကွင်းထဲမှာ၊ ဘယ်ဘက်ကမှမကောက်နိုင်လို့ အနံ့တွေ က နောက်ပိုင်းထိ အဲဒီတ၀ိုက်မှာ မခံနိုင်လောက်အောင်ဆိုးတယ်။ ဒီတိုက်ပွဲမှာ မိမိဘက် ခွဲအဆင့်ကေဒါ တယောက်လည်း ကျဆုံးတယ်။ ပေါ်တာတွေလည်း မကြာခဏ အသုတ်လိုက်ထွက်ပြေးလာတယ်။ အဲဒီအထဲ မှာ ဒေသသားသူလျှိုတယောက် ရန်သူလမ်းပြအဖြစ်သုံးလာတာ ပြန်ဖမ်းမိလို့ အရေးယူလိုက်ရတယ်လို့လည်း ကျွန်တော် ငှက်ကန်ရောက်နေစဉ် ကြားရသေးတယ်။ ယုန်အန်းဘက်မှာတော့ ရဲဘော်အောင်ငွေတို့ လက်နက် ကြီးအဖွဲ့က ရဲဘော်ချစ်အောင်၊ ရဲဘော်ကျော်လေး၊ ရဲဘော်မောင်မောင်တို့လည်း ရှိနေတယ်။ ရဲဘော်ချစ်အောင် ပန်ယန်းဘက် ရောက်လာတာ တွေ့သေးတယ်။

တရက် နံနက်ပိုင်းမှာ ကျွန်တော်တို့ငှက်ကန်ဘက်ကို ရဲဘော်အိုက်ကျုံနဲ့ ရဲဘော်ဆန်ဗလူးတို့ တပ်မဟာကေဒါ တွေ ခေါင်းဆောင်ပြီး လက်နက်ကြီးတွေအပါ တပ်တွေနဲ့ရောက်လာကြတယ်။ သူတို့ပြောတာက မင်းတို့ ငှက်ကန်ဘက် ရန်သူထိုးလိမ့်မယ်။ မြေအနေအထား ကြည့်ရအောင် ပြောလို့ ငှက်ကန်တ၀ိုက် မြေနေရာတွေနဲ့ ကောင်းကန်ကြောကို ငှက်ကန်ဘက်ကလိုက်ကြည့်ကြတယ်။ နေရာတော်တော်များများ ကျွန်တော်တို့ ခံစစ်ယူ ထားတဲ့ တပ်တွေနဲ့ ပြည့်နေပြီ။ ကောင်းကန်ကြောဘဲ တပ်ပါးပါးချထားတာကျန်တယ်- ပြောလိုက်လို့ အဲဒီဘက် အရေးကြီးတယ်ဆိုပြီး လက်နက်ကြီးတွေပြင် နေရာယူလိုက်ကြတယ်။ အဲဒီအချိန်အတွင်းမှာဘဲ ကောင်းကန် ကြောပေါ်က ရန်သူသေနတ်သံတွေ ထွက်လာတယ်။ ကျွန်တော် ၉၀၉၅ က ရဲဘော်အိုက်ရှင်တို့ ခံနိုင်မလား စိုးရိမ်သွားတယ်။ ဒီအချိန် ရဲဘော်အိုက်ကျုံက ဒီဘက်က စက်သေနတ်နဲ့ လက်နက်ကြီးတွေ ကောင်းကန်ဘက် ရန်သူသေနတ်သံ ထွက်တဲ့ဆီပစ်လို့ အမိန့်ပေးလိုက်တယ်။ ဒုံးဒုံး ဒိုင်းဒိုင်းနဲ့ ပစ်ခတ်သံတွေ မိနစ်အနည်းငယ် လောက် ဆူညံသွားတယ်။ ကျွန်တော့်ကို ကောင်းကန်ကြောထိပ်ကနေ ၉၀၉၆ တပ်တွေနဲ့ ထိပ်တိုက်ဖိချဖို့ စက်သေနတ်ကြီးပါ ယူသွားခိုင်းတယ်။ လျှိုကိုပတ်ပြီး တောင်ကြောထိပ်ပြေး ပြီးမှ ကြောပေါ်ကပြေးဆင်းရတာ မလွယ်ဘူး။ စက်သေနတ်ကြီးကိုတော့ တောင်ကြောထိပ် နေရာယူခိုင်းလိုက်တယ်။ အဲဒီမှာ ကျွန်တော် ပြော လိုက်တာက ရှေ့ကကိုယ့်ရဲဘော် ထိုးနေရင် နောက်က မင်းစက်သေနတ် အရမ်းမပစ်နဲ့လို့ သေချာပြောထား ခဲ့တယ်။ စက်သေနတ်သမားလည်း မပစ်ဘူး။ (အဲဒီကိစ္စ တိုက်ပွဲပြီးတဲ့အချိန် ရဲဘော်ဆန်ဗလူးက အဲဒီဘက်က စက်သေနတ်သံ မကြားရဘူး လုပ်နေသေးတယ်။ တိုက်ပွဲအတွေ့အကြုံများသူဆိုတော့ အကွက်စေ့အောင် ကြည့်တတ်သူပါလားလို့ အံ့သြရတယ်) ကျွန်တော်က ရှေ့မှာတိုက်နေတဲ့ ၉၀၉၆ ရဲဘော်တွေနဲ့ ကောင်းကန်ထဲ ရောက်နေတယ်။ ဒီကောင်းကန်တိုက်ပွဲဟာ ပန်ယန်းတိုက်ပွဲစဉ်ထဲမှာ ချေမှုန်းရေးပွဲလို့ ဆိုရမယ်၊ ရန်သူ ၁၀ ယောက်ကျော် ၂၀ နီးပါး ချေမှုန်းလိုက်တယ်။ လက်နက်ငယ် ၁၀ လက်ကျော်၊ ကျည်မျိုးစုံ ၂ သောင်းကျော် ၃ သောင်းလောက်သိမ်းဆီးရလိုက်တယ်၊ နောက် ရန်သူ ၇၅ မမ နောက်ပွင့်အမြောက် တလက်ပါရလိုက်တယ်။ မိမိဘက်က တယောက်ကျဆုံးတယ်။ သုံ့ပန်းတော့ တယောက်မှမမိလိုက်ဘူး။ မိမိတပ်က နောက်က ဖြတ်ပိတ် မရ ဖြစ်နေတယ်။ ရန်သူရည်ရွယ်ချက်က ပန်ယန်းကနေ သံလွင်မြစ်ဘက်သွားတဲ့ မခေဆုန်ကုန်းတွေ မရောက် မီ လွယ်ဟိုမော် ဆိုတဲ့ကုန်း တက်ယူပြီး၊ ပန်ယန်းနောက်ကနေ ကျွန်တော်တို့ကို ၇၅ နဲ့ ခြိမ်းခြောက်ထားဖို့ အလစ်အငိုက်ရမယ်ထင်ပြီး တက်လာတာနဲ့တူပါတယ်။

ဒီကာလအတွင်း မြောက်ပိုင်းဗျူရိုဘက် ရွှေကျင်ဝမ် တာပန်တောင်ကုန်းတွေ ရန်သူရသွားတယ်ဆိုတဲ့ သတင်းနဲ့ ကျူကုတ်၊ ပန်ဆိုင်းကိုလည်း မိမိဘက်တပ်များ ဆုတ်ပေးလိုက်လို့ ထိုစဉ်က ကာချုပ်ဗိုလ်စောမောင် ပန်ဆိုင်းဝင် အောင်ပွဲလာခံသွားကြောင်း မြန်မာ့အသံက လွှင့်သွားတယ်ဆိုတဲ့သတင်းလည်း ကြားရကြောင်း ရဲဘော်တချို့ ပြောလို့သိရတယ်။ ပန်ယန်းကိုလည်း တပ်မ ၇၇ ကသိမ်းယူဖို့ ကြံထားပုံရတယ်။ တော်တော်နဲ့ ပြန်မဆုတ်ဘူး။ ဗဟိုစစ်ကော်မရှင် အနေနဲ့လည်း ပန်ယန်းကို တတ်နိုင်သလောက် ခုခံကာကွယ်သွားဖို့ ဆုံးဖြတ်ထားပုံရတယ်။ တရက်မှာ မိမိ ပြည်သူ့တပ်မတော် ညီနောင်တပ်ဖြစ်တဲ့ ၈၁၅ စစ်ဒေသမှ တပ်ကေဒါ ရဲဘော်တချို့ ကျွန်တော် တို့ငှက်ကန်ဘက် ရောက်လာတယ်။ သူတို့နဲ့ တပ်ရင်းနှစ်ရင်းလောက် ပါလာပုံရတယ်။ တပ်တွေက တနေရာမှာ ထားတယ်။ မြေအနေအထားကြည့်ဖို့ ငှက်ကန်ကခံစစ်ကုန်းတွေ ကျွန်တော်တို့လိုက်ပြလိုက်တယ်။ အခါ ရဲဘော် တပ်မှူးတချို့ တွေ့ရတယ်။ ပန်ယန်းတိုက်ပွဲစဉ်မှာ ရန်သူတပ်မ ၇၇ အနေနဲ့ ပန်ယန်းဘက်က တကြောင်း ထိုးလိုက်၊ ငှက်ကန်ဘက်က တကြောင်းထိုးလိုက်နဲ့လုပ်နေတာ ရက်တချို့ကြာသွားပြီ။ သူ့အတွက် တွက်ခြေ မကိုက်၊ ထိုးလိုက်တိုင်း သေကြေဒဏ်ရာရ များနေတယ်။ ကျွန်တော်တို့ရဲ့ ရှေ့ဆုံးရှိ ပန်လျန်းစခန်းကိုတော့ ရန်သူက အလစ်ရ သိမ်းပိုက်နိုင်လိုက်တယ်။ နောက်ပိုင်း ဒီပန်လျန်းစခန်း ရန်သူရှေ့ကျွံ ထိန်းထားနေရတာကို ကျွန်တော်တို့ဘက်က အခွင့်ကောင်းယူ တိုက်နည်းပရိယာယ်တခု ကျင့်သုံးနိုင်လိုက်တယ်။

အရင်ဆုံး ပန်လျန်းရှိရန်သူ့စခန်းကို အင်အားတချို့သုံး ထွက်ပေါက်မပေးဘဲ ၀ိုင်းထားလိုက်တယ်။ ပန်လျန်းရှိ ရန်သူအရာရှိ မခံနိုင်ဘူး၊ သူတို့ကိုကယ်ဖို့ အကူအညီတောင်းတော့တယ်။ မိမိဘက်က တွက်ထားတဲ့အတိုင်း ရန်သူတပ်ကူတွေ လာမယ်ဆိုတာသိလို့ ၈၁၅ ကတပ်တွေက လမ်းကဖြတ်စောင့်ထားတာနဲ့ ၀င်တိုးတော့တယ်။ တိုက်ပွဲက ညနေပိုင်းမှာဖြစ်တယ်။ ကျွန်တော်တို့ကောင်းကန်ရွာထဲက ကြည့်နေတာ မြင်နေရတယ်။ ၈၁၅ တပ် တွေကို လီမင်းရှင် ခေါ် ဦးစိုင်းလင်းကိုယ်တိုင် ကောင်းကန်ရွာထဲကနေ တိုက်ရိုက်ညွှန်ကြားတယ်။ တိုက်ပွဲက ၂ ချီ ၃ ချီ ဖြစ်တယ်၊ ပန်ယန်းတိုက်ပွဲစဉ်မှာ ဒီလမ်းဖြတ်တိုက်ပွဲကျမှဘဲ သုံ့ပန်းမိတော့တယ်။ သုံ့ပန်း ၂ ယောက် ၃ ယောက်လား မိတယ်၊ တယောက်က စစ်မြေပြင်မှာသေတယ်တဲ့။ သုံ့ပန်း ၂ ယောက် ငှက်ကန်ဘက်ရှိ ကျွန်တော်တို့ဆီ လာအပ်တယ်။ ကျွန်တော်တို့လည်း မခေနုတ် ဆိုတဲ့ရွာမှာ ကျေးရွာခေါင်းဆောင်တွေနဲ့ အတူရှိ နေတယ်။ ပေါ်တာတချို့ထပ်ပြေးလာသူတွေလည်း အတူရှိနေစဉ် ရွာလူကြီးတွေထဲက ရှမ်းဘာသာနဲ့ ဒီရန်သူ သုံ့ပန်းတွေ သင်းချိုင်းပို့လို့ပြောနေတယ်။ ဒါတကယ့်အဖြစ်အပျက်ပါ။ ကျွန်တော်က မရဘူး။ ပါတီပေါ်လစီအရ ပြန်လွှတ်ရမှာဖြစ်ကြောင်း ရှင်းပြရတယ်။ သူတို့က အဓိကတရားခံ မဟုတ်ဘူး။ သူတို့ကိုခိုင်းနေတဲ့ နောက်က အာဏာရ ဗိုလ်ချုပ်ကြီးတွေက အဓိကတရားခံဖြစ်ကြောင်း သေချာပြောပြရတယ်။ သုံ့ပန်းတွေက စကား နား မလည်ဘူး။ သူတို့ခမျာ အဖမ်းခံထားရတာ ဘာစိုးရိမ်စိတ်မှ ရှိပုံမရ၊ ဗမာစကားပေါက်သူတွေနဲ့ စကားပြောနေ ကြတာ မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့နေသလို ပြောနေကြတယ်။ ကျွန်တော်တို့ကတော့ ပါတီရဲ့ သုံ့ပန်း ပေါ်လစီအတိုင်း ကျင့်သုံးတာဖြစ်တယ်။

တရက်မှာ တိုက်ပွဲက မဂ္ဂဇင်းလေးတအုပ်ရလို့ ထိုင်ဖတ်ကြည့်နေစဉ်၊ လူနာတယောက် ထမ်းလာတာမြင်လို့ ဘယ်မှာ ဘယ်လိုဖြစ်လာတာလဲ ကြည့်လိုက်တော့ အရပ်သား ရှမ်းလူမျိုးတယောက် ပေါ်တာအဖြစ်ကနေ ကျွန်တော်တို့ဘက် ပြေးဝင်လာတာ မိုင်းနင်းမိ ဒဏ်ရာရလို့ ထမ်းလာတာဖြစ်နေတယ်။ ဒဏ်ရာကြည့်တော့ အသက်ကယ် ရနိုင်ဖွယ်မရှိ၊ ခြေထောက် ဒူးအောက်က ရစရာမရှိ မကြည့်ရက်လောက်အောင်ဖြစ်နေတယ်။ ရဲဘော်တွေလည်း ဒါကို ပတ်တီး ပတ်ပေးထားတယ်။ လူနာကတအားနာပြီး လူးလှိမ့်နေတာ ထမ်းစဉ်ပေါ်က လျှောကျတဲ့အထိဖြစ်နေတယ်။ ဒီလူနာ နောက်ဆုံးအချိန်ဖြစ်နေပြီ။ ဘာကူညီနိုင်မလဲ ကျွန်တော်စဉ်းစားတယ်။ အနာသက်သာအောင် ဆေးထိုးခိုင်းတော့ ဆေးမှူးလေးက ထိုးထားတယ်တဲ့။ ကျွန်တော် လူနာအနားကပ်ပြီး နာမည်ပြောပြပါ ဆိုတော့ နန်ဒေါတဲ့။ နေရပ် မုန်းကောင်၊ ဇနီး အိယင်တဲ့။ ကျွန်တော် သူ့ရှေ့မှာ ရေးမှတ်တာ လုပ်တယ်။ နာရီပိုင်းအတွင်းမှာဘဲ ဆုံးသွားတော့တယ်။ ပန်လျန်းနဲ့ ငှက်ကန်ကြားမှာလည်း သံလွင်မြစ် အနောက်ဘက်က ပလောင်တယောက် ပေါ်တာဘ၀နဲ့ မိုင်းထိဆုံးလို့ သင်္ဂြိဟ်ပေးလိုက်ရတာ ရှိသေးတယ်။ ဒါတွေက ပြည်သူတွေ လက်တွေ့ခံစားနေရတဲ့ ပြည်တွင်းစစ်အနိဋ္ဌာရုံတွေ ဖြစ်တယ်။
နောက် ပန်လျန်းဆိုတာ ရှမ်းရွာဖြစ်တယ်၊ (ကြက်တူရွေးနုတ်သီးဒေသ) ကူးတို့ဆိပ်ရွာဖြစ်တယ်။ ဘုန်းကြီး ကျောင်းနဲ့။ ကျွန်တော်တို့အရင်ရောက်စဉ် ကျောင်းပေါ်မှာ ရွာကလူကြီးတွေက ဘုန်းကြီးနားမှာ၊ ရှမ်းစကား၊ ရှမ်း သီချင်းတွေနဲ့ ကက်ဆက်တွေ ဘာတွေဖွင့်လို့ နေပျော်တဲ့ရွာပါဘဲ။ မော်ဖဘက် ရန်သူရောက်ပြီး နောက်ပိုင်း ပန်လျန်းက စစ်မြေပြင်ဖြစ်သွားပြီ။ တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်၊ လေယာဉ်နဲ့ဗုံးကြဲ ဆိုတော့၊ ရွာရော ကျောင်း ရော မီးလောင်ပြာကျ၊ ဘာမှမရှိတော့ဘူး။ တပ်စခန်းက တပ်ကရဲဘော်တွေဘဲရှိတော့တယ်။ လယ်တွေ ယာ တွေလည်း မိုင်းထိဘာထိနဲ့ ဘယ်သူမှ မလုပ်ရဲကြဘူး ဖြစ်နေတယ်။ တနေ့ လေကြောင်းရန် ရှောင်ရင်းတိမ်းရင်း ၉၀၉၆ ဒုရင်းမှူး ရဲဘော်အိုက်ပုန်းနဲ့အတူ ရွာတွေနဲ့လွတ်ရာ တောတွေထဲသွားကြရင်း တောင်ယာတဲပုံစံ တဲငယ် လေးနှစ်လုံးလောက်တွေ့တယ်။ တဲနားဖြတ်သွားစဉ် မမျှော်လင့်ဘဲ တွေ့နေကျ အပျိုရွယ်ရှမ်းအမျိုးသမီးလေး တယောက် တွေ့တယ်၊ ရုပ်ရေ မဆိုးဘူး။ အမြဲပြုံးနေလေ့ရှိတယ်။ ကျွန်တော်က သူ့ကိုသိတယ်။ သူလည်း သိပုံ ရတယ်။ ဟာ မင်းတို့ ဒီမှာနေကြလားလို့ ရှမ်းလိုမေးတော့ ဟုတ်တယ်တဲ့။ သူ့အနားမှာ အမေအိုဖြစ်ပုံရတယ်၊ အဲဒီအဖွားကြီးဘဲရှိတယ်။ မင်းတို့ အရင်ပန်လျန်းကလား မေးတော့ ဟုတ်တယ်တဲ့။ ဒုရင်းမှူးရဲဘော်အိုက်ပုန်း က ခင်ဗျား အိမ်ထောင်နဲ့ခလေး မေ့နေပြီထင်တယ် လှမ်းနောက်နေသေးတယ်။ ကျွန်တော် စိတ်တွင်းဖြစ်နေတာ ရဲဘော်အိုက်ပုန်းမသိ၊ ဒီရှမ်းမလေး ရောက်နေတဲ့နေရာက ပန်လျန်းနဲ့ တော်တော်လှမ်းတယ်။ ပြည်သူတွေ တော်တော် ဒုက္ခရောက်ပါလား၊ ကြည့်စမ်း၊ မိန်ခလေး အပျိုရွယ် တောထဲတောင်ထဲ အမေအိုနဲ့ နေနေရတာ။ တခါတရံ ပန်ယန်းဈေးမှာတွေ့တယ်။ အဖေတို့ မောင်တို့ အစ်ကိုတို့ကော ရှိပါသေးလား ကျွန်တော် ဆက်မမေး တော့။ ဒါမျိုး လူစိတ်မရှိသူတွေ တွေ့ရင် ဘယ်လိုဖြစ်မလဲ စဉ်းစားရင်း ကျွန်တော် စိတ်မကောင်းဖြစ်ခဲ့မိတယ်။ ဒါတွေကြောင့် ဒေသသားတွေက သုံ့ပန်းကို သင်းချိုင်းခေါ်သွားခိုင်းတာ ဖြစ်မယ်လို့တွေးမိတယ်။ ဒါက စစ်မြေ ပြင်က တကယ့်ခံစားချက်တချို့ တင်ပြတာပါ။

ပန်ယန်းဒေသတိုက်ပွဲ ချုပ်လိုက်ရင် တိုက်ပွဲဖြစ်တဲ့အကြိမ်ပေါင်းမနည်းဘူး၊ ရန်သူ့ထိုးစစ်ကို မိမိတို့ ခံစစ်ဆင် တိုက်ရတာဖြစ်လို့ ထိခိုက်ဒဏ်ရာ မများဘူး။ တလနီးပါးအကြာ ရန်သူတပ်မ ၇၇ ရဲ့ထိုးစစ်တပ်တွေ ပန်လျန်း စခန်းကပါ အားလုံးဆုတ်သွားတယ်။ တိုက်ပွဲစဉ်အတွင်း မိမိ ၅ ဦးကျ၊ ဒဏ်ရာလည်း မိုင်းထိအပါ ၅ ဦး ၆ ဦးခန့် ဘဲ ရှိပါတယ်။ ရန်သူ သေကြေ အလောင်းတွေ့ရတာ ၂၀ ကျော်၊ ဒဏ်ရာလည်းများမယ်။ လက်နက် ၁၂ လက် လား ၁၅ လက်လား မမှတ်မိ၊ ၇၅ မမ အမြောက်တလက်ပါသိမ်းရတယ်၊ ကျည်မျိုးစုံ သောင်းချီရတယ်။ ပန်ယန်း ကို ရန်သူမ၀င်နိုင်အောင် ကာကွယ်နိုင်ခြင်းက မိမိရည်ရွယ်ချက် အောင်မြင်တယ်ဟု ပြောရမယ်ဖြစ်ကြောင်း နိဂုံးချုပ်တင်ပြပါတယ်။

မောင်စိန်သော်
(၀၇-၉.-၂၀၁၅)

ဌေးဝင်း (ဂျာမဏီ) ● ထမင်း

$
0
0
ဌေးဝင်း (ဂျာမဏီ) ● ထမင်း
(မိုးမခ) ဧပြီ ၁၊ ၂၀၁၈

လောကမှာ ငါဟာ တော်တော်အရေးပါတဲ့ ကောင်ပါလား၊ ငါသာလျှင် အရေးအကြီးဆုံး၊ ငါမရှိရင် မဖြစ်၊ ငါမရှိရင် လူဆိုတဲ့ သတ္တဝါတွေ ဘယ်အသက်ရှင်နေနိုင်မလဲ။ အထူးသဖြင့် အာရှတိုက်သား လူသတ္တဝါတွေပေါ့။ “ရေအသက် တမနက်၊ ထမင်း အသက် တရက်” တဲ့၊ ဆိုရိုးစကားတောင် ရှိသေးမဟုတ်လား။ ငါ တရက်တလေလေးများမရှိခဲ့ရင် ဒီလူသတ္တဝါတွေ မနေနိုင် တော့ဘူး။ ငါ့ကို ဒီလူသတ္တဝါတွေက “ထမင်း” လို့ ခေါ်ကြတယ်။ ငါဘယ်လိုဘယ်ပုံ ထမင်းဘဝရောက်လာလဲ သိလား၊ ဆန်ကနေ ဖြစ်လာတာပေါ့။ လူသတ္တဝါတွေက ဆန်ကနေ ငါ့ကို “ထမင်း” အဖြစ် ချက်ပြုတ်ကြတယ်။ ဆန်ရော ဘယ်ကရလဲ သိလား၊ တချို့သူတွေကတော့ ဆန်ကို ဆန်အိုးထဲက ရတာပေါ့လို့ ဖြေကြလိမ့်မယ်။ တချို့သူတွေအတွက်ကတော့ ဆန် ရနိုင်ဘို့၊ ဆန်ဝယ်နိုင်ဘို့ ခက်ခဲပင်ပမ်းလှပါတယ်။ တချို့တွေဆို ဘဝနဲ့ရင်းရပါတယ်။ ငါ့ကို စားသုံးနိုင်ဘို့ လူသတ္တဝါတွေ သူတို့ရဲ့ ဘဝအထွေထွေမှာ အမျိုးမျိုးအဖုံဖုံ နည်းမျိုးစုံနဲ့ ရုန်းကန်လှုပ်ရှား နေကြရတာကလား။

တချို့သူတွေကတော့ ငါ့ကို အလျှံပယ် စားသုံးကြတယ်၊ သူတို့မှာ အလျှံပယ်လွန်းလို့ ထမင်းကျန် ဟင်းကျန်ဆိုပြီး လွှင့်ပစ် သူတွေလဲ ဒုနဲ့ဒေးရှိသေး၊ ဒီ လွှင့်ပစ်လိုက်တဲ့ ထမင်းကျန် ဟင်းကျန်တွေက အမှိုက်ပုံကိုရောက်၊ ဒီ အလျှံပယ်လှတဲ့ လူ သတ္တဝါတွေ ငါ့ကို တော်တော်ရက်စက်ကြတာပါလား။ အမှိုက်ပုံထိရောက်အောင် ငါ့ကို စွန့်ပစ်ကြတယ်။ ဒီလူတွေ တယ် အသိဉာဏ် နည်းပါးကြပါလား။ ဒါပေမဲ့ ငါဝမ်းမနည်းဘူး။ တဘက်မှာ ငါဝမ်းသာရတာက ဒီအမှိုက်ပုံတွေမှာ ငါ့ကို စောင့်နေသူ တွေ ရှိနေကြတယ်လေ။ အမှိုက်ပုံတွေမှာ ရှာစားနေရတဲ့ လူမမယ် ကလေးငယ်တွေ၊ မိစုံဘစုံရော မိဘမဲ့တွေရော စုံလို့ရော ပေါ့။ တချို့သော အမယ်အို အဘိုးအိုတွေလဲ ပါလိုက်သေး။ စွန့်ပစ်ခံရတဲ့ ငါဟာ သူတို့ အတွက်ကတော့ နတ်သုဓ္ဒါပေါ့။ ငါဟာ စွန့်ပစ်ခံရတဲ့ အထိတိုင်အောင် အရေးပါ အရာရောက်လှပါကလား။ ဒါဟာ ဘာကြောင့်လဲ။ တဘက်မှာ အလျှံပယ် စားမကုန် သောက်မကုန်ကြသူတွေ ရှိနေကြပီး အခြားတဘက်မှာ အမှိုက်ပုံတွေမှာ ရှာဖွေ စားသောက်နေရတဲ့သူတွေ ရှိနေ ကြလို့ဘဲ ဖြစ်တယ်။

ငါတို့ ဗမာပြည်မှာ ကိုယ့်ရဲ့ အလုပ်ရှင်ကို ထမင်းရှင်လို့ ခေါ်ကြတယ် မဟုတ်လား၊ ငါ့ကို ဂုဏ်ပြုပီး ခေါ်တာလေ၊ အလုပ်ရှင်ကို ဂုဏ်ပြုတာ မဟုတ်ဘူး။ အလုပ်သမားတွေ ဝန်ထမ်းတွေက လုပ်အား စွမ်းအား ဉာဏ်အားတွေ ပေးလို့ အလုပ်ရှင်တွေက ထိုက်တန်တဲ့ (မထိုက်တန်တဲ့) လုပ်ခ လစာတွေ ပြန်ပေးရတာ မဟုတ်လား၊ လဲလှယ်တဲ့ သဘောပါဘဲ။ ဒီ လုပ်ခ လစာတွေနဲ့ အများပြည်သူ လူသတ္တဝါတွေ ငါ့ကို ရနိုင်ကြတာမဟုတ်လား။ အများစုက ငါ့ကို ရနိုင်ဘို့အတွက် အတော့်ကို ရုန်းကန်နေကြရ တာကလား။ ဒီကနေ့ ဗမာပြည်ရဲ့ ခေတ်ကာလအခြေအနေ၊ နိုင်ငံရေး အခင်းအကျင်း၊ နေ့တဓူဝ ကြုံတွေ့နေရတဲ့ ဗမာပြည်သူ တွေရဲ့ လက်တွေ့ ဘဝတွေအရ “ကိုယ့်ထမင်းလေး ကိုယ်ရှာစား” နေရတာဘဲ၊ “ကိုယ့်ထမင်းလေး ကိုယ်ရှာစား” နေတာဘဲ ကောင်းပါတယ် ဆိုတဲ့ စကားသံတွေကိုလဲ ကြားနေရတယ်။ ငါကတော့ မရှိမဖြစ် အဓိက ဇာတ်ကောင်ဘဲ၊ စင်ပေါ်ကဘဲ။

ဗမာပြည်ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာမှာလဲ ငါမပါရင် မဖြစ်ဘူး။ ငါတို့ ဗမာလူမျိုးတွေ တဦးနဲ့တဦး တွေ့ရင် “ထမင်း စားပီးပလား၊ ဘာဟင်းနဲ့ စားလဲ” ဆိုပီး နှုတ်ဆက်စကား ဆိုကြတယ်၊ ငါ့ကိုဘဲ ဦးတည်ကြရတာဘဲ မဟုတ်လား။ နောက် “တလုပ်စားဘူး သူ့ကျေးဇူး” ဆိုတဲ့ ဗမာစကားပုံတခုရှိသေးတယ်၊ တလုပ်စားဘူးဆိုတာ ထမင်းတလုပ်ကို ပြောတာ။ သူတပါးရဲ့ ထမင်းတလုပ်ကို စားဘူးတာနဲ့ သူဟာ ကိုယ့်ရဲ့ကျေးဇူးရှင်ဘဲ၊ “သူတပါး ကျေးဇူးကိုသိခြင်း” ဆိုတဲ့ ၃၈ ဖြာ မင်္ဂလာ တရားတော်နဲ့ညီတဲ့ ဗုဒ္ဓဘာသာ ဝင်တို့ရဲ့ ယုံကြည်ခြင်း ယဉ်ကျေးမှုဘဲ။ ဗမာလူမျိုးတွေရဲ့ ဒီချစ်စရာ ယဉ်ကျေးမှုဓလေ့များကို အစဉ် စောင့်ရှောက်ထိမ်းသိမ်းကြခြင်းဖြင့် ငါ့ကို ဂုဏ်ပြုကြပါလို့ ငါဆန္ဒပြုတယ်။

“ရေအသက် တမနက်၊ ထမင်းအသက် တရက်” ဆိုတဲ့ စကားကို ငါ ပြောပြခဲ့ပီးပီ။ ဒါပေမဲ့ ငါ့ရဲ့ စာရေးသူရဲ့ အတွေ့အကြုံလေးကို ပြောပြရဦးမယ်။ ငါ့ရဲ့ စာရေးသူ ဘဝ တက္ကသိုလ်ကို တက်ရောက်စဉ်က စစ်အာဏာရှင် တွေရဲ့ လက်ပါးစေ ထောင်အာဏာပိုင် တွေရဲ့ ဖိနှိပ်မှုတွေကို ငါ့ရဲ့ စာရေးသူ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေက အမြဲတစေ တန်ပြန် တွန်းလှန်ခဲ့တဲ့ အတွက် ထောင်တွင်းတိုက်ပွဲတွေ ပေါ်ပေါက်ခဲ့တယ်။ အဲဒီ ထောင်တွင်းတိုက်ပွဲတွေထဲက အစာငတ်ခံ တိုက်ပွဲ နှစ်ခုမှာ ငါ့ရဲ့ စာရေးသူ ပါဝင် တိုက်ပွဲဝင်ခဲ့တယ်။ ငါ့ကိုစားသုံးဘို့ သူကငြင်းဆန်ခဲ့တယ်။ အဲဒီ တိုက်ပွဲတွေတုန်းက ကောက်ကျစ် ယုတ်မာ ပက်စက် လှတဲ့ အာဏာပိုင်တွေက အစာငတ်ခံ တိုက်ပွဲဝင်သူတွေကို သောက်ရေပါ ဖြတ်ပလိုက်တယ်။ အဲဒီ အတွက် တိုက်ပွဲဝင်သူ အချို့ဟာ မိမိရဲ့ ကျင်ငယ်ရေကို ပြန်သောက်ရတာမျိုး ရှိခဲ့တယ်၊ နောက်ပိုင်းမှာတော့ ကျင်ငယ်ရေလဲ ထွက်မလာတော့ပါဘူး။ စိတ်ဓါတ် စစ်ဆင်ရေး အရ ပတ်ဝန်းကျင်ကနေ ဇွန်းသံ ပန်းကန်သံ၊ သောက်ရေအိုးထဲကနေ သောက်ရေခပ်သံတွေ ပေးကြ သေးတယ်။ ငါ့ရဲ့ စာရေးသူဟာ ဒီထောင်တွင်းတိုက်ပွဲ နှစ်ခုမှာ ပထမအကြိမ်မှာ ၅ ရက်၊ ဒုတိယ အကြိမ်မှာ ၇ ရက၊် အစာ ငတ်ခံ တိုက်ပွဲဝင်ခဲ့တယ်။ ငါ့ကိုစားသုံးဘို့ ငြင်းဆန်ခဲ့တဲ့ ငါ့ရဲ့ စာရေးသူကို ငါ ဂုဏ်ပြုပါတယ်။

ဒီထက် အဆမတန် ဂုဏ်ပြုထိုက်တဲ့၊ ဂုဏ်ရောင်ပြောင်တဲ့ အာဂ သူရဲကောင်းတွေ ရှိ ကြပါတယ်။ မဆလ စစ်အာဏာရှင် လက်ထက် ၁၉၆၉ ခု ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ကနေ ၁၉၇၁ ခု နိုဝင်ဘာလထိ ကိုကိုးကျွန်းမှာ နေထိုင်ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေက ၁၉၇၁ ခု ဇွန်လ ၉ ရက် နံနက် ၈ နာရီ အချိန် ကစပီး ဇူလိုင်လ ၃၁ ရက် ည ၇ နာရီထိ တိုက်ပွဲဝင်ခဲ့တဲ့  နောက်ဆုံး ကျွန်းသိမ်းတိုက်ပွဲလို့ နာမည်ကျော်ခဲ့တဲ့ (ကျွန်း မြေလှန် ဖျက်သိမ်းရေး တိုက်ပွဲ) အစာငတ်ခံ တိုက်ပွဲကို ၅၃ ရက်ကြာ ဖေါ်ဆောင်ခဲ့ကြတယ်။ ဒီ ရဲရဲတောက် အာဂ သူရဲကောင်းတွေက ငါ့ကိုစားသုံးဘို့ ငြင်းဆန်ခဲ့တယ်။ ဒါကြောင့် ဒီ ၅၃ ရက်ကြာ အစာငတ်ခံတိုက်ပွဲမှာ ရဲဘော် ၈ ဦး ကျဆုံးခဲ့တယ်။

၃၇ ရက်မြောက်နေ့မှာ ပထမဆုံး ရဲဘော် သိန်းကြည် ကျဆုံးခဲ့ရပီး၊ နောက် အဆင့်ဆင့် ရဲဘော် အုန်းမော်၊ ရဲဘော် ချစ်ဆွေ၊ ရဲဘော် စိန်ချင်း၊ ရဲဘော် ထွန်းမြင့်၊ ရဲဘော် ထွန်းဝင်းတို့ ကျဆုံးခဲ့ရတယ်။ ၅၃ ရက်မြောက်နေ့မှာ ရဲဘော် မောင်မောင်စိုး၊ ရဲဘော်လေးမောင်တို့ ကျဆုံးခဲ့ရတယ်။ အဲဒီနောက် အစာငတ်ခံတိုက်ပွဲ အောင်မြင်ပီး အာဏာပိုင်တွေဆီက ကိုကိုးကျွန်း နိုင်ငံရေး အကျဉ်းစခန်းကို ဖျက်သိမ်းပီး ပြည်မ ပြန်ပို့ပါမယ်ဆိုတဲ့ ဂတိကိုရခဲ့တယ်။ ဒီ ဂုဏ်ရောင်ပြောင်တဲ့၊ ငါ့ကိုစားသုံးဘို့ ငြင်းဆန်ခဲ့တဲ့၊ ယုံကြည်ချက်အတွက် အသက်ကို ပဓါနမထား ရဲရဲတောက် တိုက်ပွဲဝင်သွားခဲ့တဲ့ အာဂ သူရဲကောင်းတွေကို ငါ အလေးနီ ပြုပါတယ်။

ဌေးဝင်း (ဂျာမဏီ)

ကာတွန်းရာဇာသာစည်ရဲ့ ဖေ့ဘုတ်ခ်ထဲနစ်နေပြီ ကူ၍ဆယ်ပေးကြပါ

$
0
0

ကာတွန်းရာဇာသာစည်ရဲ့ ဖေ့ဘုတ်ခ်ထဲနစ်နေပြီ ကူ၍ဆယ်ပေးကြပါ
(မိုးမခ) ဧပြီ ၁၊ ၂၀၁၈

ဖိုးရွှေညီမှိုင်း ● ပလတ်စတစ်များ

$
0
0
ဖိုးရွှေညီမှိုင်း ● ပလတ်စတစ်များ
(မိုးမခ) ဧပြီ ၁၊ ၂၀၁၈

သမားရိုးကျ ထုံးတမ်းစဉ်လာ
သဘာဝအတိုင်း မွေးဖွားလာခဲ့
ရီဆိုက်ကယ်လ် ပြန်လုပ်လို့မရနိုင်တဲ့
ရိုးရိုးသစ်ပင်က
ရိုးရိုးသစ်ရွက် တရွက်မျှသာ။
သေဆုံးခွင့် မပြုနိုင်ဘူးဆိုရင်
ရှင်သန်ခွင့်ကို ပေးပါ
ရှင်သန်ခွင့်ကို လိုချင်ပေမယ့်
မရနိုင်ဘူးဆိုရင်တော့
သေဆုံးခွင့်ကိုသာ ပေးလိုက်ပါ။
ရှင်သန်ခွင့်မရှိ
သေဆုံးခွင့်လည်းမရှိတဲ့
ဒီ ...
ရီဆိုက်ကယ်လ်ထဲက
ပလတ်စတစ်ဘဝကြီးကို
ရိုးရိုးသစ်ရွက် ရွံလှပြီ။

ဖိုးရွှေညီမှိုင်း
၂၀၁၈ မတ်လ ၁၉ ရက်
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>