Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အတွင်းဝန်ရုံးမှာ ကျင်းပမယ်
$
0
0
၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အတွင်းဝန်ရုံးမှာ ကျင်းပမယ်
K (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၈
(၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊သိမ်ဖြူလမ်း (အောက်အလယ် ဘလောက်ခ်)၊ အနော်ရထာ လမ်းနှင့် မဟာဗန္ဓုလမ်းကြား၊ အမှတ် ၃၀၀ရှိ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီး လုပ်ကြံခံခဲ့ရတဲ့ ၀န်ကြီးများရုံးမှာ ဇူလိုင်၁၉ရက် မနက် ၈နာရီမှ စတင်ကျင်းပမယ်လို့သိရပါတယ်။
(၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကိုနှစ်စဉ်ကျင်းပသလို ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး အခမ်းအနားနဲ့ပတ်သက် ပြီး “ယခုနှစ် ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့ဟာ ဗိုလ်ချုပ်အောင်းဆန်းနဲ့ သူ့ရဲ့ ဝန်ကြီးအဖွဲ့ဝင်တွေ လုပ် ကြံခံခဲ့ရတဲ့ ဝမ်းနည်းဖွယ်နေ့ နှစ် ၇၁ ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ပါတယ်။ ထိုအထိမ်းအမှတ်နေ့မှာ ကျွန် တော်တို့ တစ်မျိုးသားလုံးသည် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအတွက် လွမ်းဆွတ်အောက်မေ့ သတိရခြင်း များပြုလုပ်ကြပါသည်။ ခေါင်းဆောင်ကြီးများ ကျဆုံးသွားသော ဇူလိုင်လ ၁၉ ရက် နံနက် ၁၀း၃၇ မိနစ်အချိန် တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မျိုးသားလုံးက (၁) မိနစ် ငြိမ်သက်ခြင်းကို နှစ်စဉ်ပြုလုပ်ကြသည်”လို့ The Secretariat လူမှုကွန်ရက်စာမျက်နာမှာ ရေးသားထားပါတယ်။
အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၇ရက်နေ့က (၇၁) နှစ်မြောက် အာဇာနည်နေ့ ကလေးပန်းချီပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်မောင်စိုးနှင့်တကွ အခြားသက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ လူကြီးများတက်ရောက် ဆုချီးမြှင့်ပေးခဲ့ပါ တယ်။
(၇၁)နှစ်မြောက် အာဇာနည်နေ့ ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန် မန္တလေးမြို့ကြီးများအပြင် မြန်မာ ပြည်အနှံ့ အခြားမြို့နယ်များတွင်လည်း ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။
ကာတွန်း ညီထွေးရဲ့ ဆင်ခြေများတဲ့ ကုန်ဈေးနှုန်း
$
0
0
ကာတွန်း ညီထွေးရဲ့ ဆင်ခြေများတဲ့ ကုန်ဈေးနှုန်း
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၈
မင်းလတ်ရဲခေါင်ရေးသားတဲ့ စနေနေ့သတ်ဖြတ်မှုကြီး စာအုပ် ပြန်လည်ထွက်ရှိ
$
0
0
မင်းလတ်ရဲခေါင်ရေးသားတဲ့ စနေနေ့သတ်ဖြတ်မှုကြီး စာအုပ် ပြန်လည်ထွက်ရှိ
K  (မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၈
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံခံရမှုအကြောင်းကို ကွယ်လွန်သူ စာရေးဆရာကြီး မင်းလတ်ရဲခေါင် ကိုယ်တိုင်သိမီ သမိုင်းမှတ်တမ်းဖွယ်ပြုစုရေးသားထားတဲ့ စနေနေ့သတ်ဖြတ်မှုကြီးစာအုပ် ယဉ်မျိုစာပေ က ပြန်လည်ထုတ်ဝေထားပါတယ်။
စနေနေ့ သတ်ဖြတ်မှုကြီး ငါတို့ဘာလုပ်ကြမလဲ၊ ဥာဏ်နည်းလှချည့်၊ သနားချစ်က ပိုလိမ့်မယ်၊၊ ခါးပတ်စာကလေးတွေ၊ ထိုသူတို့ကား၊ ဗိုလ်ချုပ်၊ နှမြောဖွယ်ကောင်းလေစွ မီးမွှေးတာလား၊ အစရှိအနောင်နောင်၊ကြက်နှစ်ကောင် ၊ ဒီဝါဒကိုဖျောက်၊ လူထုသတိ၊ စနေနေ့သတ်ဖြတ်မှုကြီး ကျုးလွန်သူတို့၊ စနေနေ့သတ်ဖြတ်မှုကြီး ဖြစ်ပွားပုံ၊ ကြမ္မာငင်တဲ့ အစည်းအဝေး၊ ဂျစ် ကားအစိမ်းလေး၊ ဒီမှာရှိသလား၊ လွတ်မယ့်သူထွက် ထိမယ့်သူထွက်၊ ပစ်ခတ်ပုံ၊ ရက်စက်ပါပေ့ကွယ်၊ ရက်စက်တဲ့လူတွေပဲ ဗျာ၊ သြော် ဗိုလ်ချုပ်၊ တစ်မြို့လုံး ကွန်မြူနစ်၊ ဘာလဲဟဲ့ဂဠုန်၊ ဘုရင်ခံ၊ သတင်းစာများ၊ စော စိန် မော် ဖမ်းပွဲ၊ ဂျုဗလီသို့၊ သွားပြန်ပြီ တစ်ယောက်၊ ပြည်သူ့ဈာပန၊ ကျမ်းကျိန်စာ၊ ပြန်စုကြလော့၊ ကမ္ဘာသို့ရိုတ်ခတ်ခြင်း၊ များလှချည့်၊ ဘယ်သူတွေ လဲ၊ ဘကြီးဘဘေ၊ ပြည်သူ့ဈာပနအတွက်၊ ပြည်လုံးကျွတ်၊ ကရင်နဲ့တောင်တန်း၊ သခင်နု၊ စောရန်နောင်၊ ထူးဆန်းသလား၊ ဆုငွေ၁၀၀၀၀၊ နောက်ဆုံးသတင်း၊ နိုင်ငံရေးပင်စင်၊ သူတို့ဝမ်းနည်းကြလေသည်၊ ပဲ့တင်သံ၊ အစိုးရသစ်၊ သူတို့သိခဲ့ကြ တယ်၊ ဒို့ကိုသတ်ဖို့၊ အကြမ်းဖက်လိမ့်မည်၊ ဒီးဒုတ်ဦးဘချို၊ ၀န်ကြီးသခင်မြ၊ မန်းဘခိုင်၊ အာဇာနည်၏ဇနီး၊ သခင်စိုးကြီး၊ ဒေါက်တာ၊ အစရှိတဲ့ ခေါင်းစဉ်ငယ်များနဲ့မှတ်တမ်းများအပြင် တက္ကသိုလ်မောင်ရဲထွဋ်၊ ဗိုလ်အောင်၊ သန်းထွန်း၊ ဓားမပါတီ၊ ရဲဘော်ဟောင်းများအစည်းအရုံး၊ အမျိုးသမီးအစည်းအရုံး၊ ရှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ဌာနချုပ်၊ မွန်လူငယ်များ အ စည်းအရုံး၊တို့ရဲ့သဘောထားထုတ်ပြန်ချက်များ ကြေညာချက်များအပြင် အာဇာနည်တို့၏ကိုယ်ရေးရာဇ၀င်များကို ဖတ်ရှုရ မှာဖြစ်ပါတယ်။
(ယခု မိုးမခစာအုပ်စင် ကဏ္ဍအတွက် ပူးပေါင်းပါဝင်လိုသူများသည် မေတ္တာလက်ဆောင် စာအုပ်နှစ်အုပ်ဖြင့် 09-790 96-20-67 သို့ ဆက် သွယ်နိုင်ပါသည်။)
ငြိမ်းချမ်းခဲ့သော နေ့ရက်များသို့ အမည်ရတဲ့စာအုပ်မိတ်ဆက်ပွဲ Yangon Book Plaza
$
0
0
ငြိမ်းချမ်းခဲ့သော နေ့ရက်များသို့ အမည်ရတဲ့စာအုပ်မိတ်ဆက်ပွဲ Yangon Book Plaza
K (မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၈
ငြိမ်းချမ်းခဲ့သော နေ့ရက်များသို့ အမည်ရတဲ့စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ရန်ကုန်မြို့လမ်းမတော်မြို့နယ် သံဈေး ငါး လွှာရှိ Yangon Book Plaza မှာ ဇူလိုင် ၁၉ရက် နေ့လယ် ၂ နာရီကနေ ၅ နာရီထိ ပြုလုပ်သွားမယ်လို့သိရပါတယ်။
အဆိုပါ ငြိမ်းချမ်းခဲ့သော နေ့ရက်များသို့ အမည်ရတဲ့စာအုပ်မှာ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မသီတာ(စမ်းချောင်း)၊ မင်းကိုနိုင်၊ နေဘုန်းလတ်၊ ဟန်ဆန်း၊ မောင်ဆောင်းခတို့ရဲ့ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်ပြီး စာအုပ်ကို စီစဉ် တည်းဖြတ်ခဲ့သူ တို့ကတော့ ဖြူဖြူသီ၊ မက်သရူးရှစ်ဆလာ၊မက်သယူး ဂျေဝေါ်တန်တို့ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတွင်း မှီတင်း နေထိုင်ကြတဲ့ ဘာသာမတူ၊ လူမျိုးမတူ၊ တောင်ပေါ်၊ မြေပြန်ကွဲပြားခြားနားကြတဲ့ လူပေါင်းများစွာရဲ့သာမန်ဘ၀ပေါင်းများ စွာတို့ကို မှတ်တမ်းတင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
စာအုပ်နဲ့ပတ်သက်ပြီး စာအုပ်ထုတ်ဝေတဲ့ ငါတို့စာပေ လူမှုကွန်ရက်စာမျက်နှာမှာ “မြန်မာနိုင်ငံ စာအုပ်ထုတ်ဝေရေး သမိုင်း မှာ မြင်တွေ့ရခဲတဲ့ စာအုပ်တစ်အုပ်ကို ငါတို့စာပေကနေ မကြာခင်ထုတ်ဝေတော့မှာဖြစ်ပါတယ်။ မြင်တွေ့ရခဲတယ်ဆိုတာ ဒီလိုပါ။
အခုစာအုပ်ကို စတင်စီစဉ်တာက MIDO ဆိုတဲ့ NGO အဖွဲ့အစည်းက ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြတဲ့ ဘာသာမတူ၊ လူမျိုးမတူ ၊ တောင်ပေါ်၊ မြေပြန်ကွဲပြားခြားနားကြတဲ့ လူပေါင်းများစွာရဲ့သာမန်ဘ၀ ပေါင်းများစွာတို့ကို မှတ်တမ်းတင်ပါတယ်။
အသားအရောင်၊ ကိုးကွယ်ရာ ဘာသာ၊ တိုင်းရင်းသားလူမျိုး ဘယ်လောက်ပဲ ကွဲပြားခြားနားပါစေ လူကိုလူလို သဘော ထားကာ မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းစွာ လက်တွဲနေထိုင်ခဲ့ကြတဲ့ အသိုင်းအ၀ိုင်းတွေ အများကြီးဆိုမှ အများကြီး ရှိ(ခဲ့)ပါ တယ်။
စံနမူနာယူဖွယ်ကောင်းတဲ့ ငြိမ်းချမ်းစွာ အတူတကွနေထိုင်ကြတဲ့ အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းများအကြောင်းကို ကိုယ် တွေ့ကြုံဖူးခဲ့သူ အယောက် ၁၈၀ ရဲ့ မှတ်တမ်းများကို ရယူခဲ့ပါတယ်။ အဆိုပါ ၁၈၀ ထဲကမှ ၁၈ ဦးကို လက်ရွေးစင်အဖြစ် ရွေးချယ်ကာ စာအုပ်အတွင်းမှာ ထည့်သွင်းပုံနှိပ်ထားပါတယ်။
ထို ၁၈ ဦးရဲ့ နှူတ်ပြောစကားများကို အခြေပြုပြီး မျိုးဆက်မတူညီကြတဲ့ စာရေးဆရာများက ၀တ္ထု၊ ကဗျာများ ပြန်လည် ရေး ဖွဲ့ပါထားတာ ဖြစ်ပါတယ်။ ဒီတော့ ဒီစာအုပ်ဟာ ၀တ္ထုတိုပေါင်းချုပ်လို့ ပြောလို့ရသလို ကိုယ်တွေ့မှတ်တမ်း စာအုပ် ဆို ရင် လည်း မမှားပါဘူး။ စာအုပ်ရဲ့ အဓိကကျောရိုးကတော့ မြန်မာပြည်လူ့အဖွဲ့အစည်းဟာ ကိုးကွယ်ရာဘာသာတွေ ဘယ် လာက်ပင် ကွာခြားနေပါစေ၊ တောင်ပေါ် မြေပြန့် ဘယ်လောက်ပဲ ဝေးနေပါစေ၊ ကျွန်တော်တို့တတွေ တကယ့်ကို ငြိမ်းချမ်း ခဲ့သာ နေ့ရက်တွေကို ပိုင်ဆိုင်ခဲ့ကြပါတယ်။
အဲဒီနေ့ရက်တွေကို ပြန်ပြောင်း ဖတ်ရှူရင်း ပိုမို ငြိမ်းချမ်းတဲ့နေ့ရက်များဆီ အတူတကွ လက်တွဲလျှောက်လှမ်းနိုင်ဖို့ ရည်ရွယ် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ စာအုပ်ထုတ်ဝေတာကို ငါတို့စာပေက ထုတ်ဝေဖြန့်ချိပြီး စာအုပ်ပြုစုခြင်း၊ မှတ်တမ်းတင် ခြင်းများကို နှစ်ကာလများစွာ အချိန်ပေး ပြုစုခဲ့တာကတော့ MIDO နဲ့ အောက်စဖို့တက္ကသိုလ်တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။”လို့ ရေးသားထားပါတယ်။
ဥုံဖွ - "နာဠာဂီရိအား မျက်​ရည်​ခံထိုးခဲ့ရ​သော"
$
0
0
ဥုံဖွ - "နာဠာဂီရိအား မျက်​ရည်​ခံထိုးခဲ့ရ​သော"
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၈
ဒီ​ကောင်​ကြီးနဲ့​ ရေစက်​ဆုံပဲ ဆုံနိုင်​လွန်းတယ်​။ သူ ​ကျောင်းစ​ရောက်​​ရောက်​ခြင်း သိပ်​မခင်​​သေးဘူး။ အ​ရေး​တော်​ပုံအပြီး သံဃာ​တွေကို "သင်္ကန်းဝတ်​"ဆိုပြီး ​ခေါ်​ဝေါ်သုံးနှုန်းတာကို မ​ကျေနပ်​လို့ မန္တ​လေးသံဃာ​တွေစုပြီး တိုက်​​ဟောင်းထဲမှာ ကန့်​ကွက်​တဲ့အခမ်းအနားကစပြီး အတူတွဲဖြစ်​သွားတာ။ ​ ပွဲ​တွေ စာ​ပေ​ဟော​ပြောပွဲ​တွေ သွား​တော့လဲ အတူတူ၊ ​ကျောင်းသားအခမ်းအနား​တွေ လိုက်​​စောင့်​​ရှောက်​​တော့လဲ အတူတူ၊ ဂျာနယ်​​တွေထုတ်​ပြီး ပွဲစားတန်းတို့ ​ကျောက်​၀ိုင်းတို့မှာ လိုက်​​ရောင်းကြ​တော့လဲ အတူတူ၊ ​နောက်​ဆုံး မြ​တောင်​ထဲမှာ ပတ္တနိက္ကုဇ္ဇနကံ​ဆောင် ​သပိတ်​​မှောက်​ပွဲ အပြီး ထွက်​​ပြေးကြ​တော့လဲ အတူတူ။
 စာထဲမှာ​တော့ "ပု​ဗ္ဗေ၀ သန္နိဝါ​သေန၊ ပစ္စုပ္ပန္နဟိ​တေန ၀ါ။  ဧ၀ံ တံ ဇာယ​တေ ​ပေမံ၊ ဥပ္ပလံဝ ယ​ထောဒ​ကေ လို့ ​ရေးထားတယ်​။ ​ရှေးဘ၀စဉ်​ဆက် ​အတူ​နေခဲ့ ထိ​တွေခဲ့ဘူးတဲ့ သံ​ယောဇဉ်​ရယ်​၊ လက်​ရှိပစ္စက္ခဘ၀မှာ ဖြစ်​တဲ့ အကျိုးစီးပွားရယ်​​ကြောင့်​ ချစ်​ခြင်းတရားဟာ ​ရေမှာပွင့်​တဲ့ကြာလို ငွါးငွါးစွင့်​စွင့်​ ဖြစ်​​ပေါ်လာ သတဲ့။ အဲလိုချစ်​ကြရ​အောင်​လဲ သူလဲ​ယောင်္ကျား၊ ကိုယ်​လဲ ​ယောင်္ကျားဆို​တော့ ဒါလဲမဖြစ်​နိုင်​ဘူး။
သေချာတာက​တော့ အရင်​ဘ၀​တွေက နှစ်​​ယောက်​အတူတူ "ငှက်​ဖြစ်​ရင်​လဲ တဂိုဏ်းထဲ၊ ငါးဖြစ်​ရင်​လဲ
တအိုင်​ထဲ၊ ကြက်​ဖြစ်​ရင်​လဲ တဘိထဲ၊ အရက်​ဖြစ်​ရင်​လဲ တပုလင်းထဲ၊ အရက်​​သောက်​ရင်​လဲ တ၀ိုင်းထဲ ​သောက်​ရပါ​စေလို့ ဆု​တောင်းခဲ့မိ​လေသလား မသိဘူး။
 လူ့ဘ၀​ရောက်​လို့ မိန်းမခိုး​ပြေး​တော့လဲ သူ့ရွာခိုး​ပြေးခဲ့တာ။ အဆိုးရွားဆုံး​သော တိုက်​ဆိုင်​မှု တခုက​တော့
နှစ်လုံးထီ ​ရောင်းလို့ ရဲ​တွေရှာ​​ဖွေပြီး လက်​ထိပ်​ခပ်​ပြီးတဲ့အချိန်​မှာ ဖုန်းဝင်​လာတယ်​။ မကိုင်​ရဲဘူး။ ရဲက
ကိုင်​လိုက်​ပါ ဆိုလို့ ကိုင်​လိုက်​​တော့ သူ့ဖုန်း ဖြစ်​​နေတယ်။ ဒါနဲ့ ကိုယ်​က ဦး​အောင်​ "အရှင်​ဘုရား ... အမိန့်​ ရှိပါဘုရား၊ ဘာ ညာ နဲ့ဆရာ​တော်​တပါးနဲ့ ​ပြော​နေတဲ့ပုံစံ ဖန်​တီးလိုက်​ပြီး အသံနား​ထောင်လိုက်​​တော့ သူအ​မေဆုံး​​ကြောင်း သိလိုက်​ရတဲ့အချိန်​မှာ ကိုယ်​က ဦး​အောင်​ ... "တင်​ပါ့ဘုရား၊ တပည့်​​တော်​မလာနိုင်​​တော့ဘူး ဘုရား။ ဒီမှာ တပည့်​တော်​ကို ရဲ​တွေဖမ်းထားပြီဘုရား ... "လို့​ပြောပြီး အမြန်​ဖုံးချလိုက်​တယ်​။
 သူက​တော့ ကိုယ့်​ကို ​ကြောင်​​တောင်​​​တောင် ​လုပ်​တယ်​လို့ ထင်​သွား​ပေမဲ့ ကိုယ်က ရဲ​တွေကို တကွက်​​ကျော်​ပြန်​ပြီး ရိုက်​လိုက်​တဲ့ရိုက်​ချက်​ပါ။ ဒီ​နေရာမှာ တရားခံတ​ယောက်​လို့ သတ်​မှတ်​ပြီး လက်​ထိပ်​ခပ်​ထားတဲ့ လူတ​ယောက်​ကို ရဲက ဘယ်​လိုသ​ဘော​ကောင်းပြီး ကိုင်​ခိုင်းတယ်​ဆိုတာကို​တော့ ... မပတ်
သက်​ဖူးသူ၊ ရဲနဲ့ မဆက်​ဆံဖူးသူ​တွေ သိကြမှာမဟုတ်​ပါဘူး။
 ဖုံးကိုင်​လိုက်​တဲ့အချိန်​မှာ တစုံတ​ယောက်​ကဖြစ်​ဖြစ်​၊ ဒိုင်​ကဖြစ်​ဖြစ်​ ၂ လုံး ထီနဲ့ ပတ်​သက်​တဲ့စကား​ပြောလိုက်​ရင်​ ဒီဖုံးကို သက်​​သေခံအဖြစ် ​သိမ်းမယ်​၊ တဘက်​က ​ပြောတဲ့သူကိုလဲ ​မေးပြီး ဖမ်းချင်​ဖမ်းမယ်​။ ​ငွေညှစ်​ချင်​လဲ ညှစ်​မယ်​။ ဒီလို 'ရဲ သနားတာ ငါ သိပါတယ်​ကွာ'ဆိုတဲ့ အဖြစ်မျိုးကို ကြားဖူးနားဝ ရှိမထားရင်​ လ ​ပေး ​လေးနဲ့ ၀ယ်​ထားတဲ့ ဒီဖုံး​လေး ပါသွားပြီ​ပေါ့။
 ရဲ​တွေ သနားတတ်​တဲ့အ​ကြောင်းကို လယ်​​ဝေးမှာ​နေတုန်းက ကြုံ​တွေ့ ကြားသိခဲ့ရဘူးတဲ့ အ​ဖြစ်အပျက်က​လေးနဲ့ ရှင်းပြအုံးမယ်​။ လယ်​​ဝေးမှာ နှာနီ​ကျော်​၀င်း ဆိုတဲ့ ရဲတ​ယောက် ​ရှိခဲ့ဘူးတယ်​၊ သူက သိပ်​ပြီး သနားတတ်​တယ်​၊ ညပိုင်း ပတ္တ​ရောင်​လှည့်​တဲ့အချိန်​မှာ ညဉ့်​ငှက်​က​လေး​တွေကို
တွေ့လို့ရှိရင်​ မဖမ်းဘူး၊ ဘာလုပ်​တယ်​မှတ်​လဲ၊ ​ပျော်​ပါးပြီး လွှတ်​​ပေးလိုက်​တယ်​၊ ​နောက်​တ​နေရာမှာ အခြားတ​ယောက်​ကို ​တွေ့ပြန်​ရင်​လဲ ထိုနည်းအတိုင်းပဲ သနား လိုက်​တယ်​။ ကြာလာ​တော့ ညဉ့်​ငှက်​က​လေး​တွေတိုင်းက သူ့ကို မြင်​လိုက်​တာနဲ့ "သနားတတ်​တဲ့ လူကြီး လာ​နေပြီ"ဆိုပြီး ဆိုတတ်​ကြတယ်​။
 "ဘာ ... လိုင်း​ကြေးမ​ပေးလို့ အဖမ်းခံရတာလား"။ ဟုတ်​လား၊ ဟင်း ... ​ပေးလိုက်​ရတဲ့လိုင်း​ကြေး၊ အပိုင်​နယ်ထိန်း၊ နယ်​ထိန်းအင်​ချပ်​၊ မြို့နယ်​ရုံး၊ ခရိုင်​ဒန၊ တိုင်းဒန၊ စီအိုင်​ဒီ၊ ရဲကင်း စတဲ့ အဖွဲ့​ပေါင်းစုံကို​ပေးရတာ၊ မ​ပေးမိတာက ရဲ​တွေရတာထက်​ ပိုပြီးလိုချင်​တဲ့ "ရဲထက်​ဆိုး အင်​​ဖော်​မာ"ဆိုတဲ့​ ကောင်​​တွေကို။ ဒီ​ကောင်​​​တွေက သူတို့ကိုယ်​တိုင်​သာ လမ်းသစ်​ထွင်​ပြီးဖြစ်​​မြောက်​​အောင် ​လုပ်​မစားချင်​ကြတာ၊ သူများ​တွေ အဆင်​​ပြေလာရင် ​ဟိုလူ့မျက်​​စောင်းထိုး၊ ဒီလူ့မျက်​​စောင်းထိုး လုပ်​ချင်​ကြတဲ့​ကောင်​​တွေ၊ ရပ်​ကွက်​တကာလှည့်​ ဒိုင်​တကာလှည့်​ပြီး အ​ခြေအ​နေသိပ်​မ​ကောင်းဘူး ဘာညာ သာဓကာ ​ပြောပြီး မသဒ္ဓါ​ရေစာ ​တောင်းစားတတ်​တဲ့​ကောင်​​တွေ၊ ​နောက်​ပြီး နယ်​ထိန်းအင်​ချပ် ​မသိတဲ့ စာရင်း​ပျောက် ​လိုင်း
ပျောက်​​တွေဆီက ပိုက်​ဆံ​တွေယူပြီး ​ခြေပုန်းခုတ်​တဲ့​ကောင်​​တွေ၊ ​တောင်းလို့ မ​ပေးလို့က​တော့ မ​ပေးမိတဲ့ မိသားစု​တွေကို ရှင်​ကွဲ ကွဲ​အောင်​ လုပ်​တတ်​ကြတာ သူတို့ သဘာဝ။
 အဲလို သူများ မိသားစု​တွေကို ရှင်​ကွဲကွဲ​အောင် ​လုပ်​တဲ့ဝဋ်​​ကြွေး​တွေကို ​နောင်​ဘ၀ထိ မကူးပဲ ဒီဘ၀မှာတင်
၂ ​ကောင်​လုံး ခံသွားရပါတယ်​။ တ​ကောင်​က ရဲနဲ့ခင်​တယ်​၊ ရဲကိုပိုင်​တယ်​ ဆိုပြီး ​ဆေးပြား အ​ရောင်းအ၀ယ်​လုပ်​လို့ ​ထောင် ​၁၅နှစ် ​​ကျော် ​ကျသွားသလို၊ ​နောက်​တ​ကောင်​ကြ​တော့ ​နောက်​မိန်းမယူလို့ လက်​ရှိ မိသားစုနဲ့ ​ကွေကွင်းသွားပါတယ်​။
ပြောချင်​ ​ရေးချင်​တာက ​ဒေါသကုမ္မာရအ​ကြောင်း၊ နွှယ်​ပြီး ​ပြောမိ​ရေးမိတာက ရဲ​တွေ၊ အင်​​ဖော်​မာ​တွေ အ
ကြောင်း။
သပိတ်​​မှောက်​ကံ​​ဆောင်​ပွဲအပြီးမှာ ထွက်​​ပြေးကြရင်း မင်းကွန်းဆရာ​တော်​ဘုရားကြီးရဲ့ မိုးမိတ်​ကုန်း​မြေ
ကို ​ရောက်​သွားကြတယ်​။ ​ရောက်​တဲ့​နေ့ ညပိုင်းတီဗီအစီအစဉ်​မှာ "ဦးကုသလ၊ ဦးလာဘတို့နဲ့ ဆက်​နွယ်​ပြီး မစိုးရိမ်​တိုက်​သစ်​ကို ၀င်​​ရောက်​ရှင်းလင်း"ဆိုတဲ့ သတင်း​ကြေငြာတယ်​။ သတင်း​​ကြေငြာအပြီး ​နောက်​၂ရက်​ အကြာမှာ​တော့ ဆရာ​တော်​ကြီးဆီကို ဦး​စော​မောင်​ကိုယ်​တိုင်​ ​ရောက်​လာပြီး 'မလွှဲမ​ရှောင်​သာလို့ မြို့​ပေါ်က ​ကျောင်းတိုက်​ကြီး​တွေကို ၀င်​ရ​ကြောင်း'စသဖြင့်​ ​လေ​ပြေထိုးပါ​လေ​ရော။
 ဒီအချိန်​မှာ ​ဒေါသ​တွေ တအားထွက်​ပြီး မုန်​ယို​နေတဲ့ ​မောင်​ကုက ဦး​စော​မောင်​ကို သူ​သေ ကိုယ်​​သေ ဓားနဲ့ဝင်​ထိုးပါမယ် ​တကဲကဲနဲ့ ခါးကြားက ဓားကို ဆွဲထုတ်​ပါ​လေ​ရော။ တကယ်​တန်း ​လုပ်​ကြံမယ်ဆို သူ​သေ ကိုယ်​​သေ လုပ်​ကြံလို့ရတဲ့အ​နေအထား၊ သံဃာ​တွေနဲ့ သူတို့ပဲရှိကြတာ၊ ​နောက်​ပြီး သူတို့က သပိတ်​ကို မြို့​ပေါ်သံဃာ​တွေပဲ ​မှောက်​ကြပြီး မိုးမိတ်မှာ​နေတဲ့ သံဃာ​တွေက သ​ဘောမတူဘူးလို့ ထင်​​နေကြတာ၊ လုံခြုံ​ရေးကလဲ ခပ်​​ရော့​ရော့။
 မစိုးရိမ် ​နှစ်​တိုက်​က​နေ နိကာယ်​ကျက်​​နေတဲ့​နောင်​​တော်​ကြီး​တွေ​ရော၊ ​တောင်​ငူ မြစည်းခုံစာသင်​တိုက်
က​နေလာပြီး နိကာယ်​ကျက်​​နေကြတဲ့ ​နောင်​​တော်​ကြီး​တွေကပါ ​မောင်​ကုကို ၀ိုင်းချုပ်​ မျက်​ရည်​ခံထိုးပြီး ...
"ဒီမှာ ညီ​လေး၊ ညီ​လေးတို့တ​တွေ ညီညီညွတ်​ညွတ်​နဲ့လုပ်​ကြတဲ့ပွဲကို အကိုကြီးတို့ကိုယ်​တိုင် ​မတက်​​ရောက်​မပါဝင်​ရလို့ သ​ဘောမတူဘူး ... ဒီလိုစိတ် ​မရှိဘူး ... ထင်​​နေလား၊ တကယ်​​တော့ ငါ့ညီတို့လုပ်​တဲ့ သတင်း​တွေကို မပြတ်​နား​ထောင်​ပြီး ငါတို့ကိုယ်​စား အားလုံးအတွက်​ ငါ့ညီ​လေး​တွေ တက်​တက်​ကြွကြွ လုပ်​​နေကြပါလားဆိုပြီး ၀မ်းသာပီတိဖြစ်​​နေရတာပါ ညီ​လေးရာ။ ​နောက်​တခုက"ဒီဆရာ​တော်​ကြီးဆိုတာ ဗမာပြည်​တင်​မက ကမ္ဘာကပါ ​လေးစားကြည်​ညိုတန်​ဘိုးထားရတဲ့ ဆရာ​တော်​ကြီး၊ ဒီလို ဆရာ​တော်ကြီး သီတင်းသုံးတဲ့​နေရာမှာ ​သွေး​မြေကျ​အောင်​လုပ်​လိုက်​ရင် ​ငါ့ညီရဲ့သမိုင်းဟာ ဘယ်​လို့မှ လှပနိုင်​​တော့မှာ မဟုတ်​ဘူး"ဆိုပြီး နားချ မျက်​ရည်​ခံထိုး​တော့မှ ဆင်​မိုက်​ကြီးမှာ ဒူးတုပ်​ရရှာဖြစ်​ပြီး လက်​ထဲကဓားကို ​နောင်​​တော်​ကြီး​တွေဆီ အပ်​လိုက်​ပါ​တော့တယ်​။
 "ဘယ်​သူ့ကို ဆဲရမှာလဲ၊ ရုပ်​ဆိုးသ​လောက် ​သ​ဘော​ကောင်း စိတ်​ထား​ကောင်းမိတဲ့ ကိုယ့်​ကို ​ပေါ့။"
 ဖြစ်​ပုံက ဦး​စော​မောင်​လာမယ်​ဆိုလို့ မနက်​​လေးနာရီ​လောက်​ထဲက ကင်း​စောင့်​​နေတဲ့ စစ်သား​လေး​တွေကို ဗိုက်​ဆာ​နေရှာမှာပဲဆိုပြီး ငှက်​​ပျောဖီး​တွေ သွား​ပေးမိတဲ့အဖြစ်​ရယ်​၊ ​ထောက်​လှမ်း​ရေးက အသွင်​​ပြောင်း
ပြီး သူ​တောင်းစား​ယောင်​​ဆောင်​ထားတဲ့သူကို ငှက်​​ပျောသီး​တွေ သွား​ပေးမိတဲ့ ကိစ္စရယ်​​ကြောင့်​ ဖြစ်​ပါ
ကြောင်း"။ ။
 ဥုံဖွ
ထွန်းခိုင်နှင့် ဖဒူ ထွန်းအောင် (Myanmar Now) ● ဗိုလ်ချုပ်ကြေးရုပ်နောက်ကွယ်က ကယားနိုင်ငံရေး
$
0
0
ထွန်းခိုင်နှင့် ဖဒူ ထွန်းအောင် (Myanmar Now)  ● ဗိုလ်ချုပ်ကြေးရုပ်နောက်ကွယ်က ကယားနိုင်ငံရေး
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၈
ကယားပြည်နယ်မှာ အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့နေသူတွေဟာ အာဏာရပါတီကို ဝန်းရံခဲ့သူတွေ ဖြစ်နေပါတယ်
(လွိုင်ကော်) —၂ဝ၁၂ ဇူလိုင်လရဲ့တခုသောညသန်းခေါင်အချိန်မှာ စိတ်တူကိုယ်တူရှိကြတဲ့ ကရင်နီလူငယ်တချို့ဟာ လျှို့ ဝှက်နိုင်ငံရေးလှုပ်ရှားမှုတခု လုပ်ဖို့ တိုင်ပင်ခဲ့ကြပါတယ်။
ဆယ်စုနှစ် နှစ်ခုကျော်ကြာတဲ့စစ်အုပ်ချုပ်ရေးအဆုံးသတ်သွားချိန် စစ်အစိုးရဟောင်းရဲ့လူတွေ အဲဒီအချိန်က သူတို့ကို နေရာအနှံ့ကနေ စောင့်ကြည့်နေတဲ့ကြားက ဗိုလ်ချုပ်အောင်ဆန်းကို အမွှမ်းတင်ထားတဲ့၊ အာဇာနည်နေ့နဲ့ဆိုင်တဲ့ စာရွက်စာ တမ်းတွေကို မြို့အနှံ့ လိုက်ကပ်ကြပါတယ်။
ရက်အနည်းငယ်ကြာတော့ သူတို့ဟာ ပိတ်ထားတာကြာပြီဖြစ်တဲ့ကယားပြည်နယ် လွိုင်ကော်မြို့လယ်က အာဇာနည် ကျောက်တိုင်စိုက်ထူထားတဲ့ ပန်းခြံထဲက မြက်တွေကို စတင်ရှင်းလင်းပါတော့တယ်။
ကယား ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို (ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့ရုံး)
အာဇာနည်နေ့အရောက်မှာတော့ လူငယ် ၅ဝ လောက်ဟာ ရဲနဲ့အရပ်ဝတ်ထောက်လှမ်းရေး ၂ဝဝ လောက် စောင့်ကြည့်နေတဲ့ကြားထဲကနေလွတ်လပ်ရေးခေါင်းဆောင်တွေကိုချီတက် အလေးပြုခဲ့ကြပါတယ်။
“နိုင်ငံရေးသမားပါလို့အခုပြောနေတဲ့သူတွေ (အဲဒီတုန်းက) တယောက်မှမပါဘူး” လို့ အာဇာနည်နေ့ကို အသစ် တဖန်ပြန် အသက်သွင်းခဲ့ရာမှာ ဦးဆောင်ခဲ့တဲ့ ကယန်းလူငယ် ခွန်းအသန်းကပြောပါတယ်။
နောက်ခြောက်နှစ်အကြာ ၂ဝ၁၈ ဇူလိုင်မှာတော့ အဲဒီလူငယ်ထဲက တဒါဇင်လောက်ဟာ လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေး အစီအစဉ်ကို ကန့်ကွက်မှုကြောင့် တရားစွဲခံနေရပြီး လေးယောက်ဟာ လွိုင်ကော်အကျဉ်းထောင်မှာ ရောက် နေပါတယ်။
စစ်ပွဲတွေ၊ ဘာသာရေးပဋိပက္ခတွေ မရှိဘဲ ငြိမ်သက်နေတဲ့ မြန်မာနိုင်ငံအရှေ့ဖျား ကယားပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်ကြေးရုပ်စိုက်ထူဖို့ ပြည်နယ်အစိုးရက စီစဉ်ခဲ့ပြီးတဲ့နောက်ဒေသခံတွေနဲ့အစိုးရအကြား တင်းမာမှုတွေ၊ အမြင်မကြည်လင်မှုတွေ ဖြစ်နေပါတယ်။
တချိန်က ဗိုလ်ချုပ်ကို စံပြအဖြစ် ယုံကြည်ကြတဲ့ ဌာနေတိုင်းရင်းသားတွေဟာ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေးအစီအစဉ်နဲ့ ပတ်သက်ပြီး  ပြည်နယ်အစိုးရနဲ့ထိပ်တိုက်ရင်ဆိုင်နေကြရပါတယ်။ သူတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ရွေး ကောက်ပွဲ အနိုင်ရအောင် ကြိုးစားပေးခဲ့ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။
● အကျပ်အတည်းများ၏အစ
ကျပ်သိန်း ၈ဝဝ နီးပါး ကုန်ကျမယ့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ကယားပြည်နယ်ခန်းမနားက ပန်းခြံမှာထားဖို့ ပြည်နယ်အစိုးရက ဖေဖော်ဝါရီလဆန်းမှာ ဆုံးဖြတ်တဲ့နောက် နှစ်ဖက်အကြားတင်းမာမှုက စတင်ပါတော့တယ်။
ပြည်နယ်ထဲ ပထမဆုံးစိုက်ထူမယ့် ဗိုလ်ချုပ်ကြေးရုပ်ကို ဒေသခံအချို့က သဘောမကျပါဘူး။ အထူးသဖြင့် ဌာနေ တိုင်းရင်း သားတွေ စိတ်မသက်မသာ ဖြစ်နေကြပါတယ်။ ဗိုလ်ချုပ်ဟာ လူများစုဖြစ်တဲ့ ဗမာတွေအတွက်  လွတ်လပ်ရေး သူရဲကောင်း ဖြစ်ပေမယ့် ကယားပြည်နယ် အတွက်တော့ ဒီအချက်ဟာမဟုတ်ခဲ့ဘူးလို့ ကန့်ကွက်သူတွေက ထောက်ပြပါတယ်။
‘ကရင်နီပြည်’ လို့ခေါ်တဲ့ ကယားဒေသဟာ သမိုင်းအစဉ်အလာအရ သီးခြားလွတ်လပ်စွာ တည်ရှိခဲ့တဲ့ဒေသအဖြစ် ၁၈၇၅ ခုနှစ်မှာ ဗမာနဲ့ အင်္ဂလိပ်ဘုရင်ရဲ့သံတမန်တွေ လက်မှတ်ရေးထိုးခဲ့တဲ့ အချက်ကို သူတို့က ကိုင်စွဲထားခဲ့ကြပါတယ်။  ဒီအချက်ကြောင့် အဲဒီဒေသဟာ ဗမာဘုရင်ထိန်းချုပ်ထားတဲ့ဒေသမဟုတ်သလို အင်္ဂလိပ်ကိုလိုနီဒေသလည်း မဖြစ်ခဲ့ဘူးလို့ ကယားလူမျိုးတွေက အခိုင်အမာ ယုံကြည်ကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးအကြိုကာလမှာ ကယားပြည်နယ်ကို တကြိမ်ရောက်ခဲ့ဖူးပြီး နိုင်ငံသစ်ကိုအတူတကွ တည်ထောင်ကြဖို့နဲ့ ဒီလိုတည်ထောင်ရာမှာ တန်းတူအခွင့်အရေးပေးမယ်လို့ ကတိကဝတ်တွေလည်း ပြုခဲ့ပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်လုပ်ကြံခံခဲ့ရပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့အခြားဒေသတွေလိုပဲ ကယားပြည်နယ်မှာလည်း အာဏာရအစိုးရတွေရဲ့ဗိုလ်ကျလွမ်းမိုးမှုတွေ တိုင်းရင်းသား အခွင့်အရေးတွေကို ကန့်သတ်မှုတွေ ဖြစ်လာခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ‘ကရင်နီနယ်’ လို့သတ်မှတ်ခဲ့ပြီး ကရင်ပြည်နယ်အတွင်း ထည့်သွင်းခဲ့ပါတယ်။ ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက် အက်ဥပဒေ ပုဒ်မ (၈) အရ ‘ကယားပြည်နယ်’ အမည်နဲ့ သီးခြားပြည်နယ်တခုဖြစ်လာခဲ့ပါတယ်။
ရန်ကုန် လှိုင်သာယာမြို့နယ် ကလူဦးရေရဲ့ တဝက်တောင်မရှိတဲ့ လူဦးရေ ၂၉ဝ,ဝဝဝ နီးပါးနေထိုင်တဲ့ နိုင်ငံ အရှေ့ပိုင်းက ကယားပြည်နယ်ဟာ လွတ်လပ်ရေးရပြီးတဲ့နောက်မှာလည်း တိုးတက်မှု နှေးကွေးခဲ့ရတဲ့ ဒေသတခုဖြစ်ခဲ့ပါတယ်။
 ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမှုကို ဇူလိုင် ၃ ရက်နေ့က ကန့်ကွက်ဆန္ဒပြသူများ (ဓာတ်ပုံ - ခွန်းအသန်း)
နိုင်ငံကို လျှပ်စစ်စွမ်းအင် ထုတ်ပေးရာ အဓိက နေရာဖြစ်တဲ့ လောပိတဓာတ်အားပေး စက်ရုံဟာ ကယားပြည်နယ်ထဲမှာ ရှိတာဖြစ်ပေမယ့် ပြည်နယ်လူဦးရေရဲ့ ထက်ဝက်လောက်ဘဲ အစိုးရလျှပ်စစ်မီးရတယ်လို့  ၂ဝ၁၄ သန်းခေါင်စာရင်းက ဆိုပါ တယ်။
အခြားဒေသတွေနဲ့ ကွဲပြားတဲ့ သမိုင်းနောက်ခံ ရှိတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ထူဖို့အစီအစဉ်ကို ဒေသခံတွေ က လနဲ့ချီ ကန့်ကွက်ခဲ့ကြပေမယ့် အစိုးရဟာ နောက်မဆုတ်ခဲ့ပါဘူး။ နှစ်ဖက်အကြားတင်းမာမှုတွေဟာ အခုအချိန်မှာအမြင့်ဆုံးအဆင့်ရောက်နေခဲ့ပြီး၊ ကန့်ကွက်ဆန္ဒပြမှုတွေကို အင်အားသုံးဖြိုခွင်းတာ၊ တရားစွဲဆိုတာတွေဖြစ်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဒေသခံလူငယ် ၂ဝ လောက်ဟာ ကရင်နီသမိုင်း စာရွက်ဖြန့်ဝေမှုကြောင့် နိုင်ငံတော် အကြည် ညိုပျက်စေမှု၊ ခွင့်ပြုချက်မဲ့ဆန္ဒပြမှုတွေနဲ့ တရားရင်ဆိုင်နေရပါတယ်။ သူတို့ထဲကတချို့ဟာ လွိုင်ကော်ထောင်မှာထိန်းသိမ်းခံနေရပါတယ်။
ဒေသခံတွေနဲ့အစိုးရအကြားတင်းမာလာတဲ့ဒီပြဿနာအစပြုတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူရေးအတွက် ပါတီနဲ့ အစိုးရက သူတို့မူဝါဒမဟုတ်ဘူးလို့ပြီးခဲ့တဲ့ လအတွင်းက ထုတ်ပြောလိုက်ပြီးတဲ့နောက်မှာ ဒေသခံအများအပြားရဲ့ ဒေါသဟာ ပြည်နယ်အစိုးရဆီကိုစုပြုံရောက်သွားခဲ့ပါတယ်။
အထူးသဖြင့်ရုပ်ထုစိုက်ထူရေးကိုတက်တက်ကြွကြွဦးဆောင်နေတဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ဦးတည်ကန့်ကွက်ကြပါ တော့တယ်။
● မျက်နှာသစ် ခေါင်းဆောင်
ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပေမယ့် ခရစ်ယာန်တွေမှည့်လေ့ရှိတဲ့ကျမ်းစာထဲက “အယ်လ်ဖောင်းရှို” ဆိုတဲ့ အမည်နဲ့အမျိုး သားဟာ ရွေးကောက်ပွဲအပြီးကယားမှာ လူသိနည်းတဲ့မျက်နှာသစ်ဖြစ်ပါတယ်။
လူဦးရေ သုံးသိန်းတောင်မပြည့်တဲ့ကယားကလက်ချိုးရေတွက်လို့ရတဲ့နိုင်ငံရေးသမားတွေကြားထဲမှာလည်း ၃၉ နှစ်အရွယ် ဦးအယ်လ်ဖောင်းရှို ဘယ်သူဘယ်ဝါမှန်းမသိကြသလို ပြည်နယ်ထိပ်ပိုင်း NLD ခေါင်းဆောင်အချို့လည်း သူ့ကို မသိကြပါဘူး။
ကယန်းနဲ့ရှမ်းသွေးပါတဲ့ ဦးအယ်လ်ဖောင်းရှိုဟာ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ လပိုင်းအလိုရောက်မှ ပညာရေးဝန်ထမ်းအဖြစ် ကနေ နုတ်ထွက်ပြီး NLD ထဲဝင်ဖို့ စာရင်းပေးခဲ့တာ ဖြစ်ပါတယ်။
လောပိတရှမ်းရွာလို့ခေါ်တဲ့လွိုင်ကော်မြို့နယ်ထဲက ကျေးရွာလေးမှာ မွေးဖွားခဲ့တဲ့သူဟာ  စစ်ကိုင်းက ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်ကျောင်းဆင်း တဦးပါ။
 လွိုင်ကော်မြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူမည့်နေရာ (ဓာတ်ပုံ - ဖဒူ ထွန်းအောင်/Myannmar Now)
ဒို့တာဝန်အရေးသုံးပါးကိုလိုက်နာပြီးပါတီနိုင်ငံရေးကင်းရှင်းပါ့မယ်လို့ကတိပေးမှ တက်ခွင့်ရခဲ့တဲ့ အဲဒီတက္ကသိုလ် ဟာ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း ဦးဆောင်တဲ့ အာဏာသိမ်း တော်လှန်ရေးကောင်စီ ပေါ်ပေါက်ပြီး နှစ်နှစ်အကြာ ၁၉၆၄ မှာ တည်ထောင်တာ ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်မှာတော့ နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက် ရောက်သွားပါတယ်။
အဲဒီတက္ကသိုလ်ကနေ B.Ed ပညာရေးဘွဲ့ ရခဲ့ပြီးတဲ့နောက် လူဦးရေ ၆ဝဝဝ လောက်ပဲရှိတဲ့ ကယားပြည်နယ် မယ်စဲ့ မြို့နယ်မှာ လက်ထောက်မြို့နယ်ပညာရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
ဝန်ထမ်းဘဝမျာ သူဟာ  စည်းကမ်းလိုက်နာပြီး နာမည်ပျက်မရှိဘဲ နိုင်ငံတော်အေးချမ်း သာယာရေးတံဆိပ်နဲ့  ငြိမ်ဝပ်ပိပြား ရေးနှင့် တရားဥပဒေ စိုးမိုရေး တံဆိပ်ဆိုတဲ့ ဆုနှစ်ဆုလည်း ရခဲ့ပါသေးတယ်။
NLD ပါတီရဲ့ သုတေသနနှင့်မဟာဗျူဟာ လေ့လာရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းဟာ ရွေးကောက်ပွဲ မတိုင်ခင် မယ်စဲ့ကိုရောက်ချိန်မှာ ငယ်ရွယ်ပြီးအလားအလာရှိတဲ့ ဦးအယ်လ် ဖောင်းရှိုကို အမတ်လောင်းအဖြစ် တင်မြှောက်ဖို့ ဆုံးဖြတ်ခဲ့ တယ်လို့ အမည်မဖော်လိုတဲ့ NLD ပါတီဝင်အချို့ကပြောပါတယ်။
၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် မယ်စဲ့မဲဆန္ဒနယ် အမှတ် (၂) မှာ ထောက်ခံမဲ ၇၂၅ မဲနဲ့ ပြိုင်ဘက်ခုနစ်ယောက်ကိုအလဲထိုးပြီးဦးအယ်လ်ဖောင်းရှို အမတ်ဖြစ်လာခဲ့ပေမယ့် ဝန်ကြီးချုပ်အဖြစ်ရေပန်းစားတာ သူမဟုတ်ပါဘူး။ အဲဒီ တုန်းက ရေပန်းစားတာကတော့ လွိုင်ကော်မြို့ ပြည်နယ်ဆေးရုံ လက်ထောက်ဆရာဝန်ဟောင်း အသက် ၄၉ နှစ်အရွယ် ဒေါက်တာအောင်ကျော်ဌေးပါ။
တချိန်တည်းမှာ ရွေးကောက်ပွဲပြီးတော့ ရက်ပိုင်းအတွင်း ပြည်နယ်ထဲကလူငယ်တွေနဲ့ လက်နက်ကိုင်အချို့က လူထုအစည်း အဝေးတခုခေါ်ခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်လာမယ့်သူဟာ ဒေသခံဌာနေတိုင်းရင်းသားဖြစ်သင့်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ရန်ကုန် ကော့မှူးဖွား ကရင်မျိုးနွယ်စုဝင် ဒေါက်တာ အောင်ကျော်ဌေးဟာ ဝန်ကြီးချုပ် နေရာနဲ့ လွဲခဲ့ရပါတယ်။
ဒေသခံတွေဟာ အဲဒီဆုံးဖြတ်ချက်ကို ပြည်နယ် NLD ခေါင်းဆောင်တွေက တဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီ အရောက်ပို့ ခဲ့ပါတယ်။ နောက်ထပ်အလားအလာရှိတဲ့သူကိုထပ်မံရှာဖွေတဲ့အချိန်မှာ ဦးအယ်လ်ဖောင်းရှိုဟာ ပြည်နယ်ဝန်ကြီးချုပ် ဖြစ် လာပါတော့တယ်။
“ကျွန်တော်တို့အမြင်မှာတော့ NLD ဟာရွေးချယ်စရာမရှိဘူး။ ဝန်ကြီးချုပ်အဖြစ် သူ့ကိုမလွဲမသွေ ခန့်လိုက်ရ တယ်လို့ ယူဆတယ်” လို့ ကယားပြည်နယ်မှာ နိုင်ငံရေးလှုပ်ရှားသက်တမ်း ၁ဝ နှစ်ကျော်ရှိတဲ့ အသက် ၃ဝ အရွယ် ခွန်းအသန်းက ပြောပါတယ်။
NLD ခေါင်းဆောင်တွေဟာ ကယားဝန်ကြီးချုပ်ကိုရွေးချယ်ချိန်မှာ အတော်လေး အကျပ်ရိုက်ခဲ့ဖွယ်ရှိတယ်လို့ ဒေသခံတွေက ထင်မြင်ကြပါတယ်။ ဒီအကျပ်အတည်းဟာ ရွေးကောက်ပွဲ အတွက် အမတ်လောင်း ရွေးကတည်းက စတင်လာတာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ NLD ဟာ ၁၉၉ဝ ရွေးကောက်ပွဲအလွန် ကာလတွေ ကတည်းက ကယားပြည်နယ်မှာ လွန်စွာကျပ်တည်းတဲ့ အခြေအနေနဲ့ ရုန်းကန်ရှင်သန်ခဲ့ရလို့ပါပဲ။
●  မဖွဲ့ခင်က ကွဲနှင့်သည် ကယား NLD
၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ခဲ့တဲ့ တပ်မတော်အစိုးရဟာ သူ့ရဲ့မဟာပြိုင်ဘက် NLD ကိုချေမှုန်းတဲ့ စစ်ဆင်ရေးမှာ ကယားပြည်နယ်ဟာ ဦးစားပေးအဆင့်မှာရှိခဲ့ပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ ကယားပြည်နယ် မဲဆန္ဒနယ် ရှစ်နယ်အနက် ထက်ဝက်အနိုင်ရခဲ့ NLD ကို ပြည်နယ်တွင်းလှုပ်ရှားလို့မရအောင် NLD ကင်းစင် နယ်မြေလို့ ကြွေးကြော်ဖိအားပေးခဲ့ပါတယ်။
“မြို့နယ်စည်းရုံးရေးမှူးတွေစာရင်း ရသွားတော့ ဘယ်သူမှန်းတော့သူတို့ (စစ်ထောက်လှမ်းရေးတွေ) က မသိဘူးပေါ့။ ဒါပေမယ့်နာမည်တူတဲ့သူတွေအကုန်လုံးကိုလိုက်ဖမ်းတော့တာဘဲ” လို့ ကယား NLD ရဲ့၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမတ် ဦးတင်အောင်က ပြန်ပြောင်းပြောပါတယ်။
အပြင်းအထန် ထိုးနှက်မှုတွေကြောင့် ၁၉၉၄ မှာ ရှားတောမဲဆန္ဒနယ် အမတ်ဦးတင်အောင် NLD ကနေ နုတ်ထွက်ခဲ့သလို မိတ်ဆွေတွေလည်း အကျဉ်းကျခံခဲ့ရပြီးတဲ့နောက် ကယားပြည်နယ်မှာ NLD လှုပ်ရှားမှုဟာ မရှိသလောက် ဖြစ်သွားခဲ့ပါတယ်။
စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြပြီး NLD ဟာ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်လာတဲ့ရွေးကောက်ပွဲတွေကို ဝင်ဖို့ ပါတီကို ၂ဝ၁၁ နှောင်းပိုင်းမှာ ပြန်ပြီးမှတ်ပုံတင်ခဲ့တဲ့နောက် ကယားNLD လည်း ပြန်အသက်ဝင်လာခဲ့ပါတယ်။
မကြာသေးခင်က လွိုင်ကော်မြို့ နေအိမ်မှာ တွေ့ရတဲ့   ဒေသခံ နိုင်ငံရေးသမားကြီး ဦးတင်အောင်  (ဓာတ်ပုံ - ဖဒူ ထွန်းအောင်/Myannmar Now)
၁၉၉ဝ ရွေးကောက်ပွဲကတည်းက ပါခဲ့တဲ့ ကယား NLD ပါတီဝင်ဟောင်းတွေဟာအလျင်အမြန်ပဲ ပြည်နယ်ပါတီ ဖြစ်လာအောင် စုစည်းလိုက်ကြပါတယ်။   တချိန်တည်းမှာပဲ နောက်ထပ်လူသစ်အုပ်စုတစုက ကယား NLD ဆိုပြီး ဆိုင်းဘုတ်အပြိုင်တင်တဲ့နောက်မှာ ဗဟိုရဲ့အသိအမှတ်ပြုမှုကို ရယူဖို့ကြိုးပမ်းတဲ့ လူဟောင်း နဲ့ လူသစ် NLD ပါတီနှစ်ဖွဲ့ဆိုပြီး စင်ပြိုင်သဘောမျိုး ဖြစ်လာခဲ့ပါတယ်။
လွိုင်ကော်က NLD နှစ်ဖွဲ့ကွဲတဲ့ပြဿနာကို ရန်ကုန်ကဝင်ရှင်းရပါတယ်။ ရှင်းအပြီးမှာ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရအမတ် ဦးတင်အောင် ပါဝင်တဲ့NLD ကို အသိအမှတ်မပြုဘူးလို့ ရန်ကုန် ရုံးချုပ်က ကြေညာလိုက်ပါတယ်။
“NLD ရဲ့ဆုံးဖြတ်ချက်ကတော့ ဗဟိုဆန်လွန်းအားကြီးတယ်။ ကျွန်တော်တို့တင်ပြတာတော့ နားမထောင်ဘူး။ သူတို့လုပ်ချင်တာလုပ်တာ” လို့  ၈၃ နှစ်အရွယ် နိုင်ငံရေးသမားကြီး ဦးတင်အောင်က ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ချိတ်ဆွဲထားတဲ့ သူဧည့်ခန်းထဲမှာ ထိုင်နေရင်းပြောပါတယ်။
NLD ဌာနချုပ်ရဲ့ အသိအမှတ်ပြုတာမခံရတဲ့ နိုင်ငံရေးသမားတွေဟာ နောက်တနှစ်အကြာမှာ “ကယားလူမျိုးစု ဒီမိုကရေစီပါတီ” ကို တည်ထောင်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပေမယ့် အနိုင်မရခဲ့ပါဘူး။ အဲဒီပါတီဟာ ပြီးခဲ့တဲ့နှစ်က ဒေသခံကယားပါတီတခုနဲ့ပေါင်းပြီး “ကယားပြည်နယ်ဒီမိုကရက်တပါတီ” အဖြစ် ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
● မဟာမိတ်များနှင့်အိုးစားကွဲခြင်း
ရန်ကုန်ရုံးချုပ် အသိအမှတ်ပြုခံရတဲ့အဖွဲ့မှာ ပါဝင်သူတွေဟာ ၂ဝ၁၅ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ပါတော့တယ်။
“ပြောင်းလဲချိန်တန်ပြီ” လို့ကြွေးကျော်ပြီး ၂ဝ၁၅ ရွေးကောက်ပွဲဝင်ချိန်မှာတော့ စစ်အုပ်ချုပ်ရေး ဆန့်ကျင်ကြဖူးတဲ့ ကယားပြည်နယ်ကနိုင်ငံရေး အင်အားစုတွေဟာ NLD ကို မဟာမိတ်အဖြစ် သတ်မှတ်ပြီး ရွေးကောက်ပွဲအတွက် ဝိုင်းကူခဲ့ကြပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အသာရခဲ့တဲ့ ရလဒ်မျိုး ၂ဝ၁၅ မှာ အဆုံးသတ်နိုင်ဖို့ ဒေသခံနိုင်ငံရေးအင်အားစုတွေဟာ NLD အတွက် မဲဆွယ်ပေးခဲ့ ကြပါတယ်။
“အထူးသဖြင့် အရင်အစိုးရဝန်ကြီးချုပ်တွေဖြစ်တဲ့ ဦးအောင်မင်းတို့၊ ဦးစိုးသိန်းတို့တွေ ဝင်ရောက်ယှဉ်ပြိုင် တဲ့နေရာတွေမှာ ကျွန်တော်တို့ဒေသခံတွေ နိုင်မှပဲ ဖြစ်မယ်ဆိုပြီးပစ်မှတ်ထားပြီး (NLD အနိုင်ရအောင်) ရွေးကောက်ပွဲ မဲဆွယ်မှုတွေလုပ်ကြ တယ်” လို့ ကယန်းတိုင်းရင်းသား ခွန်းအသန်းကပြောပါတယ်။
၂ဝ၁၅ ရွေးကောက်ပွဲမှာ  NLD ဟာ ပြည်နယ်တွင်း မဲဆန္ဒနယ်အားလုံးရဲ့ လေးပုံသုံးပုံ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအလွန် ကာလရောက်ချိန် NLD အစိုးရဟာ သူတို့မဟာမိတ်တွေနဲ့ ဆက်ဆံရေး မရှိသလောက်ဖြစ်သွားခဲ့တယ်လို့ ဝန်းရံခဲ့ကြတဲ့ ဒေသခံနိုင်ငံရေးအင်အားစုတွေက ပြောပါတယ်။
NLD အစိုးရဟာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုကိုထိန်းချုပ်လာတာ၊ ယဉ်ကျေးမှုပွဲလမ်းသဘင်တွေ ကျင်းပရင် ထောက်ခံချက် အဆင့်ဆင့် တောင်းတာ စတာတွေ တစတစ တိုးပြီးလုပ်လာခဲ့တယ်လို့ နယ်ခံ နိုင်ငံရေးအင်အားစုတွေက ပြောပါတယ်။
NLD ပါတီ အစိုးရရဲ့တုံ့ပြန်ပုံဟာ သူတို့ကိုအံအားသင့်စေခဲ့တယ်လို့ ခွန်းအသန်းက ပြောပါတယ်။
“ယုံကြည်မှုပြန်တည်ဆောက်ဖို့ကတော်တော်နဲ့မလွယ်တော့ဘူး။ လမ်းကတလမ်းစီဖြစ်သွားတဲ့ပုံစံမျိုးပါ” လို့ သူကဆိုပါ တယ်။
● အဓိပ္ပါယ်နှစ်ခုနဲ့ဗိုလ်ချုပ်ကြေးရုပ်
ဝေဖန်မှုတွေ အပြင်းအထန်ခံနေရတဲ့ ပြည်နယ်ဝန်ကြီးချုပ် ရဲ့ ဗိုလ်ချုပ်ရုပ်တုကိုထောက်ခံတဲ့သူတွေ လည်း ရှိကြပါတယ်။ Myanmar Now က လွိုင်ကော် ဒေသခံ ၁၅ ယောက်လောက်ကို မေးမြန်းကြည့်တဲ့အခါ တဝက်လောက်က ဒီအစီအစဉ်ကိုသဘောတူကြပါတယ်။ အထူးသဖြင့် ဗမာမျိုးနွယ်စုတွေက ထောက်ခံကြပါတယ်။
သူတို့တွေဟာ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှို လက်ထက်မှာ လမ်းပန်းဆက်သွယ်ရေး ပိုကောင်းလာတယ် လို့ ထောက်ခံပြောဆိုပြီး လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်ကြေးရုပ်ဟာလည်း ပြည်နယ်အတွက်လိုအပ်တယ်လို့ ဆိုပါတယ်။
“သူတို့ (ကန့်ကွက်တဲ့သူတွေ) အတွက်လည်း ဘာမှနစ်နာသွားတာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အထိမ်းအမှတ်တခုအနေနဲ့ ထားသင့်တယ်လို့မြင်တယ်” လို့  ၂၁ နှစ်အရွယ် ကယန်းအမျိုးသမီး တယောက်က Myanmar Now ကိုပြောပါတယ်။
ကြေးရုပ်စိုက်ထူရေးကန့်ကွက်သူတွေကတော့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ NLD ဟာ လွတ်လပ်ရေးခေါင်းဆောင်ရဲ့ နာမည်ကို အသုံးပြုပြီး ရွေးကောက်ပွဲမှာ မဲရဖို့အတွက် ကြိုးစားနေကြတယ်လို့ စွပ်စွဲကြပါတယ်။
“သူတို့က နိုင်ငံရေးမပါးနပ်ဘူး။ နိုင်ငံရေးကို ဖြတ်လမ်းနည်းနဲ့လုပ်တယ်။ ပုံရိပ်တည်ဆောက်တဲ့နေရာမှာလည်း ကိုယ့်အရည်အချင်းနဲ့ မလုပ်ဘူး။ အားကိုးနဲ့ နိုင်ငံရေးပုံရိပ်တွေ ဩဇာတွေတည်ထောင်နိုင်ဖို့လုပ်တယ်” လို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဆန့်ကျင်တာကြောင့် ၂ဝဝ၈ တုန်းက ထောင်ဒဏ် ၃၂ နှစ်ချမှတ်ခံခဲ့ရတဲ့ ဒီးဒီက ဝေဖန်ပါတယ်။
NLD အစိုးရဟာ မွန်ပြည်နယ်ချောင်းဆုံ တံတားကို ဒေသခံတွေ သဘောထားနဲ့ ဆန့်ကျင်ပြီး ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးခဲ့တာ၊ နေပြည်တော်မှာ နိုင်ငံအတွင်း အကြီးဆုံး ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့ စီစဉ်နေတာတွေလည်း  ရှေ့မှာရှိခဲ့ပါတယ်။ ကယားမှာတော့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ဟာ သူ့ကို NLD ထိပ်ပိုင်းခေါင်းဆောင်တွေ သဘောကျလာအောင် ဗိုလ်ချုပ်ရုပ်တုကို မဖြစ်မနေ ထုလုပ်ချင်တဲ့သဘောရှိတယ်လို့  ဝေဖန်ခံနေရပါတယ်။
“ဗိုလ်ချုပ်မြင်တာနဲ့ဒေါ်စုဆိုတာမြင်လာမယ်။ ဒေါ်စုမြင်တာနဲ့ NLD အစိုးရဆိုတာမြင်လာမယ်။ နိုင်ငံရေးကို အသုံးချတယ်” လို့   ပြည်ခိုင်ဖြိုးပါတီဝင် ယခင် ကယားပြည်နယ်အစိုးရ စည်ပင်၊ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့  ဦးအောင်နိုင်ဦးကပြောပါတယ်။
ဦးအယ်လ်ဖောင်းရှို ရွေးကောက်ပွဲနီးမှ NLD ပါတီဝင်ဖြစ်လာခဲ့ပေမယ့် ပါတီတွင်း အလျင်အမြန် ဩဇာကြီးလာပြီး ထိပ်ပိုင်းနေရာတက်လှမ်း နိုင်ခဲ့ပါ တယ်။ ပါတီဝင်သက်တမ်း သုံးနှစ်နီးပါးသာရှိသေးပေမယ့် ပြီးခဲ့တဲ့လက ကျင်းပတဲ့ NLD ရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအပြီးမှာ သူဟာ ဗဟိုကော်မတီဝင် ဖြစ်လာပါပြီ။
သူ့အပေါ်စွပ်စွဲမှုတွေကို မေးမြန်းဖို့ Myanmar Now ကဝန်ကြီးချုပ်ရုံးကို ဇူလိုင်ဒုတိယပတ်အတွင်း စာပို့မေးမြန်းခဲ့ပေမယ့် နေပြည်တော်ရောက်နေတာကြောင့် အဆက်အသွယ်မရခဲ့ပါဘူး။ ဝန်ကြီးချုပ် ကိုယ်ရေးအရာရှိကိုဆက်သွယ်ရာမှာလည်း  ဝန်ကြီးချုပ်အလုပ်များနေ တယ်လို့သာ ဖြေကြားပါတယ်။
ဗိုလ်ချုပ်ကြေးရုပ် စီမံကိန်းစကတည်းက သူတို့အစိုးရဟာ ထင်သာမြင်သာဖြစ်အောင် ချပြထားတယ်လို့ ဦးအယ်လ်ဖောင်းရှိုက ဇူလိုင်လအစောပိုင်းက RFA သတင်းဌာနကိုပြောခဲ့ပါတယ်။
“ဗိုလ်ချုပ်ကြေးရုပ်စတင်လုပ်ဆောင်တဲ့အချိန်မှာ တပြည်နယ်လုံးမှာရှိတဲ့ကျေးရွာရပ်ကွက် အုပ်စု အုပ်ချုပ်ရေးမှူးတွေ အားလုံး၊ ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားစာပေယဉ်ကျေးမှု ကော်မတီအဖွဲ့တွေအားလုံး ကိုဖိတ်ပြီးမှ သူတို့ရဲ့ ဆန္ဒကလိုလိုလားလား လုပ်ချင်တယ်ဆိုလို့သာ ကျွန်တော်က ဖော်ဆောင်ပေးတာ” လို့ ဝန်ကြီးချုပ်က RFA ကို ပြောပါတယ်။
ကန့်ကွက်တဲ့သူတွေဟာ လူနည်းစုသာဖြစ်ပြီး အများစုက ထောက်ခံတယ်၊ ဒါကြောင့် အစိုးရကအများဆန္ဒကို ဖော်ထုတ်ပေးဖို့ နောက်ဆုတ်မှာမဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။
ဒီလိုအကျပ်အတည်း တွေ့လာရနိုင်တယ်ဆိုတာကို  ပြည်နယ်NLD ကလည်း လွန်ခဲ့တဲ့ငါးလလောက် ကတည်းက ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရကို အကြံပေးခဲ့သေးတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
“ဒီကိစ္စက လောလော လောလော မလုပ်သင့်ဘူး။ ပြည်သူ့သဘောထားခံယူပြီးတော့ လုပ်ရမယ်။ ဒါ့ကြောင့် ယာယီ ရပ်ဆိုင်းထားသင့်တယ်လို့ ဖေဖော်ဝါရီလောက်ကတည်းက ပါတီကဆုံးဖြတ်ထားတာ” လို့ ကယားပြည်နယ် NLD ဥက္ကဋ္ဌ ဦးသောင်းဌေးကပြောပါတယ်။
အစိုးရဘက်ကရှေ့ဆက်တိုးရင် ကြုံတွေ့လာမယ့် တင်းမာမှုတွေအတွက် စိုးရိမ်နေကြတဲ့သူတွေ ရှိပါတယ်။
ပြည်နယ်အစိုးရဝန်ကြီးဟောင်းတွေကတော့ ဒေသတွင်း ဌာနေတိုင်းရင်းသားတွေဟာ သူတို့ရဲ့ သီးခြားတည်ရှိခဲ့တဲ့ သမိုင်းကြောင်းကို လေးစားသူတွေဖြစ်တဲ့တွက် သူတို့အစိုးရ သက်တမ်းအတွင်းကလည်း ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေ မဖြစ်အောင် အတော်လေး သတိထားကိုင်တွယ်ခဲ့ရတယ်လို့ ပြောပါတယ်။
“ဒီမှာ (ကယားပြည်နယ်မှာ)လူမျိုးရေးရယ်၊ မျိုးနွယ်စုရေးရယ်၊ ဘာသာရေးရယ်လုံးဝထိလို့မရဘူး”  လို့ ပြည်ခိုင်ဖြိုးပါတီဝင်၊ သစ်တောနှင့်သတ္တုဝန်ကြီးဟောင်း ဦးရဲဝင်း ကပြောပါတယ်။
“အစိုးရ တော်တော်လေး ကိုင်တွယ်လို့ခက်မယ်။ သူက မီးကစမွှေးထားပြီးသားဖြစ်နေတယ်” လို့ ဂေဘားမျိုးနွယ်စု နွယ်ဖွား ဝန်ကြီးဟောင်းက ပြောပါတယ်။
မကျေလည်မှုတွေဟာ အရပ်ဘက်အင်အားစုတွေတင်မဟုတ်ဘဲ ဒေသတွင်းလက်နက်ကိုင် အင်အားစုတွေ ဆီကိုပါရောက်သွားတဲ့အတွက် ဒေသတွင်းမှာ စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။
၂ဝ၁၂ အထိ မြန်မာ့တပ်မတော်နဲ့တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပြီးခဲ့တဲ့သတင်းပတ်အတွင်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူတာနဲ့ ကန့်ကွက်တဲ့ဒေသခံတွေကို ဖမ်းဆီး တရားစွဲတဲ့အပေါ် စိုးရိမ်မကင်းဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို စာပို့ပါတယ်။
အပြန်အလှန်အားဖြင့် ဖမ်းဆီးခံရတဲ့ တက်ကြွလှုပ်ရှားသူတွေကို ထောက်ခံတဲ့ ပြည်နယ်အခြေစိုက် နိုင်ငံရေးအင်အားစုတွေက နေပြည်တော်မှာ လုပ်မယ့်၂၁ ရာစုပင်လုံညီလာခံကို သပိတ်မှောက်ဖို့ KNPP ကို တောင်းဆိုခဲ့ပါတယ်။
တချိန်က ပိတ်ပင်တားဆီးမှုတွေကိုကျော်ဖြတ်ရင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကို အလေးပြုခဲ့ကြတဲ့ ကယားပြည်နယ်ထဲက လူငယ်တချို့ဟာ ဒီနှစ်မှာတော့အာဇာနည်နေ့ အခမ်းအနားကို တက်ရောက် အလေးပြုဖို့ မသေချာတော့ပါဘူး။
အကြောင်းက သူတို့ထဲတချို့ဟာ ရွေးကောက်ပွဲအကြိုကာလက မဟာမိတ်NLD အစိုးရနဲ့ သဘောထား မတိုက်ဆိုင်ဘဲ ဖမ်းဆီးထိန်းသိမ်းခံနေရလို့ဖြစ်ပါတယ်။
“ဒီလိုအခြေအနေဖြစ်လာမယ် မထင်လို့ ဝိုင်းကူခဲ့တာ။ အခုတော့ ကိုယ့်သမိုင်းကိုယ် ရေးကြရတော့မှာပေါ့” လို့ ရွေးကောက်ပွဲအကြိုကာလမှာ NLD အနိုင်ရရေးအတွက်အကူအညီပေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဒီးဒီက သူအဖမ်းမခံရင် တရက်အလို ဇူလိုင် ၁ဝ ရက်မှာ Myanmar Now ကို ပြောပါတယ်။     ။
ကာတွန်း okkw ရဲ့ မအားလပ်သူကြီး ...
$
0
0
ကာတွန်း okkw ရဲ့ မအားလပ်သူကြီး ...
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၈
ကာတွန်း ဆွေသား - နေမြဲ
$
0
0
ကာတွန်း ဆွေသား - နေမြဲ
(မိုးမခ) ဇူလိုင် ၁၉ ၊ ၂၀၁၈
အောင်ကိုကိုလတ် (တမူး) - ဇူလိုင် ၁၉
$
0
0
ဇူလိုင် ၁၉
အောင်ကိုကိုလတ် (တမူး)
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၈
ဇူလိုင် ၁၉ ဟာ ဖွဲဖွဲလေးရွာနေတဲ့စနေမိုး
ဇူလိုင် ၁၉ ဟာ သေနတ်တွေတင်လာတဲ့မိစ္ဆာဂျစ်ကား
ဇူလိုင် ၁၉ ဟာ ဂျစ်ကားပေါ်ကဆင်းလာတဲ့စစ်ဖိနပ်တွေ
ဇူလိုင် ၁၉ ဟာ အတွင်းဝန်များရုံးထဲက ကံကြမ္မာအစည်းအဝေး
ဇူလိုင် ၁၉ ဟာ ယမ်းနံ့တွေဖုံးလွှမ်းသွားတဲ့ပြည်သူပိုင်အခန်း
ဇူလိုင် ၁၉ ဟာ ကျည်ဆံခွံတွေပြန့်ကျဲနေတဲ့ပြည်သူ့ကြမ်းပြင်
ဇူလိုင် ၁၉ ဟာ သွေးစွန်းသွားတဲ့နိုင်ငံရေးစားပွဲ
ဇူလိုင် ၁၉ ဟာ အစားထိုးမရတဲ့ ၁၀ နာရီ ၃၇ မိနစ်
ဇူလိုင် ၁၉ ဟာ နိုင်ငံတော်ကျခဲ့တဲ့မျက်ရည် ။ ။
မောင်ရစ် – ၁၉၈၉ ဇူလိုင် ၁၉ … တခုသော အာဇာနည်နေ့…
$
0
0
image-child
၈၈ အနှစ် ၂၀ 
(အခန်းဆက်များ)
မောင်ရစ် – ၁၉၈၉ ဇူလိုင် ၁၉ … တခုသော အာဇာနည်နေ့…
(မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ)
မောင်ရစ် ။ ဇူလိုင် ၁၆၊ ၂၀၀၈ (မိုးမခပြန်လည်ဆန်းသစ်ခြင်း)
(1988 Burma Democracy Uprising – File Photo, Internet)
ပါတီတွေရဲ့ အစ
၁၉၈၈ စက်တင်ဘာ ၁၈ မှာ စစ်တပ်က အကြမ်းဖက်ပြီး တိုင်းပြည်အာဏာကို သိမ်းခဲ့ပါတယ်။ ၁၉၈၈ နှစ်ကုန်ပိုင်းကနေ ၁၉၈၉ ဇူလိုင်လအထိကို ပြန်ကြည့်ရင် ကျောင်းသားလူငယ်တွေရဲ့ တပ်ဦး၊ သမဂ္ဂနဲ့ နိုင်ငံရေးပါတီတွေ အပြိုင်းအရိုင်းနဲ့ အင်အားတွေ စုစုစည်းစည်း ရှိနေတဲ့အချိန်တွေ ဖြစ်ပါတယ်။
၁၉၈၈ စက်တင်ဘာ ၂၇ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်ဒီ)ကို စစ်တပ်ဆီမှာ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီ ဖွဲ့လိုက်ပါတယ်။ အခြား လူကြီး လူငယ်ပါတီတွေလည်း ဖွဲ့ခဲ့ကြတယ်။ အဲဒီတုန်းက ၁၉၉၀ ရွေးကောက်ပွဲကို ၀င်ပြိုင်ကြဖို့ မဟုတ်ပါဘူး။ တပါတီအာဏာရှင်ကနေ စစ်အာဏာရှင်အဖြစ် အရေခွံလဲလိုက်တဲ့ စစ်တပ်နဲ့ အပေါင်းအပါတွေကို နည်းမျိုးစုံ နေရာမျိုးစုံကနေ ဆက်တိုက်ပွဲဝင်ဖို့ နေရာယူကြတာပဲ ဖြစ်ပါတယ်။
တရားဝင် ရပ်တည်ခွင့်မရတဲ့ လူငယ်တပ်ဦးတွေ၊ ကျောင်းသားသမဂ္ဂတွေက အင်အားတွေဟာ တရားဝင် ရပ်တည်လိုက်ကြတဲ့ ပါတီပေါင်းစုံရဲ့ ဌာနချုပ်တွေ၊ ရုံးခန်းတွေမှာ စုဝေးညီညွတ်ခွင့် ရကြပါတယ်။ ရွေးကောက်ပွဲကာလမတိုင်ခင်မှာ ကြားဖြတ်အစိုးရ တရပ်ဖြစ်စေ၊ အိမ်စောင့်အစိုးရ တရပ်ဖြစ်စေ တခုခုတည်ဆောက်ထူထောင်ကြဖို့နဲ့ စစ်အစိုးရရဲ့ တရားဝင်ရပ်တည်ခွင့်ကို ပြည်တွင်းမှာကော၊ ပြည်ပမှာပါ စိန်ခေါ်ခွင့်ရနိုင်ကြဖို့ဆိုတာ လက်တကမ်းမှာဆိုတဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ ယုံကြည်ချက် တသွေးတမွေးတွေနဲ့လို့ ဆိုရမယ် ထင်ပါတယ်။
18218494.dassk9411986 July 19th – Martyrs Day Event in Rangoon, Daw Khin Kyi, Aung San Suu Kyi with her son
မာရှယ်လောအောက်က ပထမဦးဆုံးလူထုစုဝေးချီတက်မှုကြီး
၁၉၈၈ ဒီဇင်ဘာလ ၂၇ မှာ နာမကျန်းဖြစ်နေတဲ့ ဒေါ်ခင်ကြည် (ဒေါ်အောင်ဆန်းစုကြည်မိခင်) ကွယ်လွန်ပါတယ်။ စစ်တပ်ဖိနှိပ်ထားတဲ့ အစောပိုင်းကာလမှာ ပထမဦးဆုံး အတိုက်အခံ ဒီမိုကရေစီအင်အားစုကြီး ပြန်လည်စုစည်းကြပြီး လမ်းမများပေါ်မှာ အင်အားပြချီတက်ကြတဲ့ အကြီးကျယ်ဆုံးသော ဈာပနအခမ်းအနား ဖြစ်ခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ် စစ်တပ်နဲ့ အတိုက်အခံတို့ အင်အားစမ်းကြတဲ့ ပွဲလို့ ဆိုနိုင်ပါမယ်။
အဲဒီအချိန်မှာ သေနတ်မောင်းတံပေါ်မှာ စစ်သားတွေရဲ့ သွေးဆာနေတဲ့ လက်တွေ အဆင်သင့်ဖြစ်နေချိန်မှာ လူထုကြီးဟာ ကျောင်းသားလူငယ်တွေနဲ့အတူ စုဝေးချီတက်လို့ ၈၈ ရဲ့ တော်လှန်ရေးသီ၊ ဥဒါန်းသီဖြစ်တဲ့ ကမ္ဘာမကြေဘူး ကို လမ်းပေါ်မှာ သိမ့်သိမ့်တုန်အောင် ဟစ်ကြွေးခဲ့ကြပါတယ်။ အဲဒီ ဈာပနမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့မိခင်ကို တိုင်တည်ပြီးတော့ မြန်မာပြည်ကြီးနဲ့ မြန်မာပြည်သားများအားလုံးအတွက် ဒီမိုကရေစီရေးကို သူ မြုပ်နှံဆောင်ရွက်မယ်လို့ ကတိသစ္စာဆိုခဲ့တာ ဖြစ်ပါတယ်။
image881988 August 28th, Rangoon University Campus, Min Ko Naing at the Student Union Conference
မြန်မာပြည်လူ့အခွင့်အရေးနေ့ အဖြစ်သတ်မှတ်တဲ့ ဒုတိယအကြိမ်မြောက် လူထုလှုပ်ရှားမှု
၁၉၈၉ မတ်လ ၁၃ မှာတော့ ရန်ကုန်ပင်မတက္ကသိုလ်နဲ့ စက်မှုတက္ကသိုလ်ဝင်းထဲမှာ ဖုန်းမော်ကျဆုံးခြင်း ပထမနှစ်လည် လူထုစည်းဝေးပွဲ အခမ်းအနားနဲ့ မြန်မာပြည် လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
အဲဒီကစပြီးတော့ စစ်တပ်ရဲ့ သွေးခွဲ ဖမ်းဆီးနှိမ်နှင်းမှုတွေကို စတင်ရင်ဆိုင်ကြရတော့တာ ဖြစ်ပါတယ်။ ဗကသ ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကို မတ်လကုန်ပိုင်းမှာ ဖမ်းလိုက်ပါတယ်။ သို့ပေမယ့် စစ်တပ်ကို ဘက်ပေါင်းစုံက၊ နည်းပေါင်းစုံကနေ ၀ိုင်းဝန်းပြီး တိုက်ခိုက်ကြဖို့၊ ရင်ဆိုင်ကြဖို့ စိတ်ရော ကိုယ်ရော အင်အားပြည့် လတ်ဆတ်နေတဲ့ ဒီမိုကရေစီရေး အတိုက်အခံ အင်အားစုကြီးကတော့ မျှော်လင့်ချက် ခွပ်ဒေါင်းအလံတွေ အမြင့်ဆုံး လွှင့်ထူနေကြတာပါပဲ။
အာဏာဖီဆန်ခြင်းအစ – အင်န်အယ်ဒီသင်္ကြန်ပွဲနဲ့ တတိယအကြိမ် လူထုစုဝေးမှုကြီး
၁၉၈၉ ဧပြီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးစိုက်ရာ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်စုအိမ်ရှေ့လမ်းမပေါ်မှာ စင်ထိုးပြီး ဒီမိုကရေစီသင်္ကြန်နဲ့ သံချပ်ပြိုင်ပွဲ ပြုလုပ်ပါတယ်။ ကျောင်းသား၊ လူငယ်၊ ပါတီ၊ တပ်ဦးပေါင်းစုံအပြင် ပြည်သူလူထုကြီးတရပ်လုံးက ချိန့်ချိန့်သဲ အားပေးခဲ့ကြပါတယ်။
ပွဲတော်များ၊ အခမ်းအနားများရဲ့ ထုံးစံအတိုင်း ပွဲပြီးတိုင်း ခေါင်းဆောင်များ၊ အင်အားစုများကို စစ်အစိုးရက လိုက်လံဖမ်းဆီးတာတွေ၊ ထိမ်းသိမ်းအကျဉ်းချတာတွေကို ပြုလုပ်လာပေမယ့် အဲဒီအချိန်က အတိုက်အခံတွေက ချိနဲ့တွန့်ဆုတ်သွားတယ်ရယ်လို့ မရှိပါဘူး။
အင်န်အယ်ဒီသံချပ်ပြိုင်ပွဲမှာ နံမည်ရခဲ့တဲ့ သံလျင်အဖွဲ့ကို စစ်ထောက်လှမ်းရေးက အပြန်လမ်းမှာ ဖမ်းဆီးခဲ့ပါတယ်။ အဲန်အယ်ဒီ လူငယ်အဖွဲ့ရဲ့ အစဦးအင်အားတခုဖြစ်တဲ့ သုံးရောင်ခြယ် ကျောင်းသားအဖွဲ့က လူငယ်တွေကိုလည်း ဖမ်းဆီးခြင်း ခံရပါတယ်။ ကျောင်းသားသမဂ္ဂ၊ လူငယ်တပ်ဦးနဲ့ ပါတီဝင်လူငယ်တွေ (လူငယ်ပါတီများ၊ လူ့ဘောင်သစ်ပါတီ၊ အင်အယ်ဒီလူငယ်) ကို စစ်ခုံရုံးတင်ပြီး ၃ နှစ်၊ ၅ နှစ် ထောင်ချနေပြီဆိုတာကို အတိုက်အခံအင်အားစုအားလုံးက ရင်ကော့ပြီး ရင်ဆိုင်ကြတဲ့ အချိန်ဖြစ်ပါတယ်။ ၅ (ည) တို့၊ ၁၀ (က) တို့ ပုဒ်မတွေရဲ့ အစပိုင်း ကာလများ …
suu & Moe Thu somewhere RgnEarly Days in 1989, U Win Tin, Daw Aung San Suu Kyi and U Moe Thu at one NLD meeting
စစ်တပ်၏ နှိပ်ကွပ်မှုများနဲ့ အာဏာဖီဆန်ရေး တိုက်ပွဲများအစ
အဲဒီအချိန်တွေကစပြီး အာဏာသိမ်း စစ်တပ်ခေါင်းဆောင်များကိုယ်တိုင် ဦးဆောင်ပြီး တိုင်းပြည်သို့ ထုတ်လွှင့်တဲ့ မိန့်ခွန်းရှည်များ၊ သတင်းစာ ရှင်းလင်းပွဲများနဲ့ သတင်းစာ ကာတွန်း ဆောင်းပါး များကတဆင့် စွပ်စွဲပုတ်ခတ် တိုက်ခိုက်မှုတွေ မြှင့်တင်လာတဲ့ ကာလတွေလို့ ပြောရပါမယ်။
၁၉၈၉ မေလ နောက်ပိုင်းက စပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာမိတ်ပါတီများ တင်လာတာကတော့ အာဏာဖီဆန်ရေးပဲ ဖြစ်ပါတော့တယ်။
ရန်လိုလာတဲ့ အာဏာရှင်တွေ၊ တဖက်သတ် အကြမ်းဖက်လာတဲ့ စစ်တပ်၊ စစ်ထောက်လှမ်းရေးကို အစွမ်းကုန်အသုံးချပြီး အတိုက်အခံအင်အားစုတွေကို စတင်ဖြိုခွဲလာနေတဲ့အချိန်၊ ရှေ့ရေးအလားအလာ မသေချာတဲ့ ပါတီစုံ ရွေးကောက်ပွဲဆိုတာတွေကြောင့် – ” မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ” ဆိုတဲ့ ကြွေးကြော်သံကို ဒီမိုကရေစီအင်အားစုက တပြိုင်နက်တည်း ထောက်ခံလာတာ ဖြစ်ပါတယ်။
အာဏာဖီဆန်ရေး တိုက်ပွဲလမ်းကြောင်းဟာ ၁၉၈၉ ဇူလိုင် ၁၉ နဲ့လည်း တိုက်ဆိုင်လာနေပါတယ်။
စစ်အစိုးရဟာ အဲဒီအချိန်တုံးက ကွန်မြူနစ်တွေ လက်ဝဲအုပ်စုတွေက ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းယံပြီး ကြိုးဆွဲနေကြောင်း တွင်တွင်ကြီး စွပ်စွဲပါတယ်။ ၁၉၈၈ ဒီဇင်ဘာ ၃ ကတည်းက အထက်ပါ စွပ်စွဲချက်တွေနဲ့ ပါတီက နှုတ်ထွက်ခဲ့သူ အောင်ကြီးကိုလည်း ကိုးကားလို့ ကောင်းနေတဲ့အချိန်မှာ အာဏာဖီဆန်ရေး လမ်းကြောင်းကို ချေမှုန်းဖို့အတွက် ဦးဝင်းတင်က အစပြုလို့ အဲန်အယ်ဒီရဲ့ အင်အားစုတခုဖြစ်တဲ့ တတ်သိပညာရှင်တွေကို အမှုအမျိုးမျိုးဆင်ပြီး ဖမ်းဆီးထောင်ချတာတွေ ကျုးလွန်ခဲ့ပါတယ်။
၁၉၈၉ အာဇာနည်နေ့ အခမ်းအနားဖြင့် လူထု ချီတက်ပွဲဆီသို့
ကျောင်းသားလူငယ်တွေကတော့ ၁၉၈၉ ဇူလိုင် ၁၉ ကို ပစ်မှတ်ထားပြီး အာဏာဖီဆန်ရေးတိုက်ပွဲကို စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ဆင်နွဲမယ်လို့ သန္နိဋ္ဌာန်ချထားတဲ့အတိုင်း ပြင်ဆင်နေကြတော့တာပါပဲ။ ဗကသ အဖွဲ့ချုပ်က ကိုကိုကြီးတို့ ဦးဆောင်တဲ့ ကျောင်းသားလူငယ်တွေက မြို့ပြင် လမ်းကြောင်းတခု။ ဂျွိုင့်အက်ရှင်ကော်မီတီ – ဂျေအေစီ လို့ခေါ်တဲ့ သီးခြားသမဂ္ဂတွေ၊ လူငယ်တပ်ပေါင်းစုတွေပါတဲ့ အစုအဖွဲ့တခုက မြို့ထဲက လမ်းကြောင်းတခုနဲ့ အာဇာနည်ကုန်းကို ချီတက်ကြမယ်လို့ ပြင်ဆင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီပါတီကတော့ ရွှေဂုံတိုင်ကနေ ပါတီရုံးချုပ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းကနေ ချီတက်လာမယ်လို့ စဉ်းစားခဲ့ကြပုံ ရပါတယ်။
စစ်တပ်က အမိန့်ထုတ်ပြန်ထားတဲ့အတိုင်း ၅ ယောက်ထက် ပိုပြီး လူ မစုပါဘူး။ ဒါပေမယ့် လူတွေကို ၃ ယောက်၊ ၄ ယောက် တတန်း တန်းစီပြီး အင်အားကို ရာ ထောင်ချီတဲ့အထိ ချီတက်ကြမှာပါ။ ချီတက်သူများက လမ်းခရီးမှာ ကြွေးကြော်သံတွေ အော်ဟစ်တာ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်တာ မလုပ်ပါဘူး။ အသံတိတ် စုဝေးချီတက်ပွဲ တခု ဆင်နွဲမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်များက တားဆီးလာတဲ့ လုံခြုံရေးတွေ စစ်သားတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ဖြေရှင်းမှာ ဖြစ်ပါတယ်။ မဆူ မပူဘဲ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုဖို့ လာတဲ့ ကျောင်းသား လူငယ်တွေကို ဘာအမှုနဲ့ ဖမ်းမှာတဲ့လဲ။
ဖမ်းရင်လည်း အဖမ်းခံကြဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ တယောက်ဖမ်းရင် သူနဲ့အတူ လိုက်အဖမ်းခံကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ စစ်တပ်က အဲဒီတုန်းက လူစုလူဝေးတွေကို ဖြိုခွဲဖို့အတွက် စစ်ကားပေါ်က ခုန်ဆင်း၊ ညာသံပေးပြီး တုတ်တွေနဲ့ လိုက်ရိုက်၊ အလဲလဲ အပြိုပြိုနဲ့ ပြည်သူတွေကို စစ်ကားတွေအပေါ် တိရစ္ဆာန်တွေလို ပစ်တင်ပြီး အကြမ်းဖက်တဲ့ လုပ်ရပ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် “အားလုံး မပြေးဘူး၊ အရိုက်ခံမယ်။ ငါတို့တွေရဲ့ သတ္တိကို အသေခံပြီး ပြကြမယ်” လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
စတုတ္ထအကြိမ်နဲ့ နောက်ဆုံးအကြိမ် အာဏာဖီဆန်တဲ့ လူထုစုဝေးချီတက်ပွဲ
အကြမ်းမဖက်၊ ငြိမ်းချမ်းတဲ့၊ ညီညွတ်စုစည်းတဲ့၊ အာဏာဖီဆန်မှု၊ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ စစ်အစိုးရကို စိန်ခေါ်ကြမယ်လို့ ပြင်ဆင်ထားသမျှဟာ ဇူလိုင် ၁၈ မှာ ပျက်စီးမတတ်ဖြစ်ခဲ့ရပါတယ်။ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ အဲင်န်အယ်ဒီ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များကို ၀င်ရောက်ဖမ်းဆီး ချုပ်နှောင်လိုက်ခြင်းနဲ့ စစ်တပ်က တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။
အဲဒီတုန်းက သမဂ္ဂတွေ လူငယ်တပ်ဦးတွေက ၁၉၈၉ ဇူလိုင် ၁၉ ကို သူတို့ချည်းနဲ့ ရင်ဆိုင်ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အားလုံးနဲ့ တိုင်ပင်ထားတဲ့အတိုင်း ဆင်ခြေဖုံးဖက်က စစ်ကြောင်းတခု၊ မြို့ထဲက စစ်ကြောင်းတခုနဲ့ ချီတက်ဖို့ စုဝေးကြခဲ့ကြတယ်။
အဲဒီတုံးက အာဇာနည်နေ့ တနေ့ဟာဖြင့် အဲဒီတုန်းက ပါဝင်ဆင်နွဲခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များအားလုံးအတွက် ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်အတွင်း နောက်ဆုံးအကြိမ် အင်အားကုန်ထုတ်သုံးပြီး ဆင်နွှဲခဲ့တဲ့ အာဏာဖီဆန်တဲ့ ဆန္ဒပြပွဲကြီးတခုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
မြို့ထဲက ချီတက်လာတဲ့ ဂျေအေစီ အစုအဖွဲ့က မနက်ကတည်းက လေဟာပြင်ဈေးနားက စုဝေးပြီး မင်းမနိုင်အရပ် ဦးဝိစာရလမ်းအတိုင်း အာဇာနည်ကုန်းကို ၂ ယောက်တတန်း ငြိမ်သက်စွာ ချီတက်ခဲ့ကြပါတယ်။ လူတန်းကြီးက ထောင်ချီမယ်လို့ ခန့်မှန်းခဲ့ကြပြီး သူတို့တွေ အသံတစက်မှ မထွက်ခဲ့ကြပါဘူး။ အချင်းချင်း လက်တို့ပြီး သတိပေးနေတာက စည်းကမ်းရှိဖို့၊ မပြေးဖို့၊ အဖမ်းခံဖို့၊ အရိုက်ခံဖို့နဲ့ တစုတစည်းတည်း ရင်ဆိုင်ကြဖို့ပဲ ဖြစ်ပါတယ်။ တာဝန်ခံတဲ့ ခေါင်းဆောင်တွေက အဆင့်ဆင့် သတင်းပို့ပြီး တားဆီးလာတဲ့ စစ်တပ်က အရာရှိတွေကို ငြိမ်းချမ်းစွာ ရင်ဆိုင်ဆွေးနွေးဖို့ကိုပြင်ဆင်ထားပါတယ်။
သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်ရှေ့မှာ တကြိမ် အတားခံရပေမယ့် အဲဒီက စစ်ဗိုလ်က မဆူတဲ့ လူတန်းကြီးကို သွားခွင့်ပြုလိုက်ပါတယ်။ သို့ပေမယ့် တပ်မတော် ခမ်းမရှေ့နားမှာတော့ ထိုစဉ်က ရန်ကုန်တိုင်း တိုင်းမှူး မျိုးညွန့်ကိုယ်တိုင် စီးနင်းလာတဲ့ သံချပ်ကာ ကားများ၊ စစ်ကားများက ပိတ်ဆို့ပြီး လူစုခွဲတာကို သူတို့ ကြုံခဲ့ကြပါတယ်။
စစ်သားတွေက ညာသံပေးပြီး တုတ်တွေ ဝှေ့ရမ်းကာ လူအုပ်ထဲကို ပြေးဝင်လာခဲ့ကြပေမယ့် သူတို့တွေက တပ်ဦးမပျက်ခဲ့ကြဘူး။ ရောက်နေတဲ့နေရာမှာ သူတို့ရပ်ပြီးတော့ ရင်ဆိုင်ပါတယ်။ ရှေ့ဆက်သွားလို့မရတဲ့အခါ စည်းကမ်းတကျပဲ နောက်လှည့်ပြီး ပြန်ချီတက်ကြပါတယ်။ စစ်သားတွေက အတင်းတိုးဝင်လာကြလို့ စစ်သားတွေက ချီတက်သူတွေ ကြားထဲ ပြန့်ဝင်ပြီး ကျွံကုန်ကြလို့ ကစဥ့်ကလျားဖြစ်မယ့် ဆန္ဒပြသူတွေကို ရိုက်နှက်ဖမ်းဆီးမယ်ဆိုတဲ့ အခြေအနေ မရလို့ စစ်သားတွေ အံ့အားသင့်ကျန်ရစ်ခဲ့ကြပါတယ်။
အဲဒီ နေ့ အဲဒီအချိန်မှာ ပြသလိုက်နိုင်တဲ့ သက်သေ (အမြတ်) ကတော့ အာဏာဖီဆန်တဲ့ ထိပ်တိုင်ရင်ဆိုင်တဲ့ ငြိမ်းချမ်းစွာ တည်တည်ငြိမ်ငြိမ် တစုတစည်းထဲ လှုပ်ရှားမှုဆိုတာ လက်နက်ကိုင်ထားတဲ့ အာဏာရှင်တွေကို ခြိန်းခြောက်နိုင်တယ်။ ခြောက်ခြားအောင် လုပ်နိုင်တယ် ဆိုတာပါပဲ။ ရလိုက်တဲ့ သင်ခန်းစာကတော့ အဲဒီအချိန်မှာ နိုင်ငံရေးအရ ဦးဆောင်မှု ဆုံးဖြတ်မှု လုပ်ငန်းစဉ် ဆက်လက်ချမှတ်ပေးနိုင်မယ့် ဦးဆောင်သူများနဲ့ အဆက်ပြတ်တောက်ပြီး အားပျော့သွားခဲ့ကြရတာပါ။
ညဖက်မှာ စစ်အစိုးရ ရုပ်မြင်သံကြားကနေ ဆူပူလှုံ့ဆော်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဥပဒေနှင့်အညီ အရေးယူဖမ်းဆီးခြင်း၊ ဖြိုခွဲလိုက်ကြောင်း ကြေငြာပါတယ်။ မြို့ထဲက ချီတက်တဲ့ လမ်းကြောင်းက ကျောင်းသားခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေကို ချက်ခြင်း ဖမ်းဆီးခြင်း မခံခဲ့ရပေမယ့်၊ မြို့ပြင်လမ်းကြောင်းက ကိုကိုကြီးနဲ့ ကျောင်းသားခေါင်းဆောင်အချို့ကိုတော့ စစ်တပ်က ခေတ္တဖမ်းဆီးထိမ်းသိမ်းခဲ့ပါတယ်။
14In 2007 July 19th Martyrs Day Event, Ko Ko Gyi, Min Ko Naing & Htay Kywe
၁၉၈၉ ဇူလိုင် ၁၉ နောက်ဆက်တွဲ
မြန်မာပြည်ရဲ့ အာဇာနည်နေ့တိုင်းဟာ စစ်အစိုးရကို အာဏာဖီဆန်တဲ့ အထိမ်းအမှတ်နေ့ အဖြစ် ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးပါတီဝင်တွေအတွက် စွဲမှတ်ပြီး ကျန်ရစ်တယ်လို့ ပြောချင်ပါတယ်။
အဲဒီနေ့ကို နှစ်စဉ် ဖြတ်သန်းကြတိုင်းမှာ
– စစ်အစိုးရ မတရားသိမ်းပိုက်ထားတဲ့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်ဖို့၊
– စစ်အစိုးရ ဖျက်ဆီးဖျောက်ဖျက်ဖို့ ကြိုးစားနေတဲ့ လွတ်လပ်ရေးနဲ့ အမျိုးသားရေးခေါင်းဆောင်ကြီးတွေကို ပြည်သူတို့ ထာဝရ သတိရနေကြောင်း ပြသဖို့နဲ့
– အာဇာနည်ကြီးတွေရဲ့ အမွေ တပ်မတော်စစ်သည်တွေကို မတရားသိမ်းပိုက်ထားတဲ့ စစ်အာဏာရှင်တွေရဲ့လက်ထဲကနေ ပြည်သူတွေဆီ စည်းရုံးဖို့အတွက်
ရဲရင့်တဲ့ ပြည်သူလူထုကြီးက စစ်အစိုးရရဲ့ မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်ပြီး မြန်မာ့ဒီမိုကရေစီရေးအာဇာနည်တွေ အင်အားပြကြတဲ့ မြင့်မြတ်တဲ့ နေ့တနေ့ပဲ ဖြစ်ပါတော့တယ်။
မောင်ကြူးရင့် - ထင်ရူးပင်ရိပ် နှစ်ငါးဆယ်
$
0
0
ထင်ရူးပင်ရိပ် နှစ်ငါးဆယ်
မောင်ကြူးရင့်
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၈
( ၁ )
ဆရာမောင်သာနိုးဘာသာပြန်ဆိုတဲ့ ထင်ရူးပင်ရိပ်နိုင်ငံတကာကဗျာစာအုပ်ဟာ နှစ်ငါးဆယ် တိုင်ခဲ့ပါပြီ။ ရာစုနှစ်နဲ့ပြောရရင် ရာစုနှစ်ဝက်တိုင်ခဲ့ပါပြီ။ မြန်မာကဗျာ ဖြစ်ပေါ်တိုးတက်မှုသမိုင်းကြောင်းကို လေ့လာ ကြည့်ရင် ဘာသာပြန်ကဗျာရဲ့အခန်းကဏ္ဍဟာ ကြီးမားကျယ်ပြန့်လှပါတယ်။
 မြန်မာကဗျာဘာသာပြန်သမိုင်းကို သုတေသနလုပ်မှာမဟုတ်တဲ့အတွက် ဒီအပိုင်းကိုချန်လှပ်ခဲ့ပါမယ်။ အဓိကပြောချင်တဲ့အကြောင်းအရာက ထင်ရူးပင်ရိပ် နှစ်ငါးဆယ်အကြောင်း ဖြစ်ပါတယ်။
( ၂ )
ဆရာမောင်သာနိုးရဲ့ထင်းရူးပင်ရိပ်လို့ဆိုလိုက်တာနဲ့ ကဗျာဆရာတိုင်း စာပေပညာရှင်တိုင်း ဒိုင်းခနဲသိရမယ့် စကားကတော့ "မြန်မာကဗျာမှာ "မော်ဒန် "ဆိုတာမူးလို့ ရှုစရာမရှိဘူး " ဆိုတဲ့စကားရပ်ပဲဖြစ်ပါတယ်။ အဲဒီကာလမှာ တကယ်လည်းမူးလို့ ရှုစရာမရှိပါဘူး။ အဲဒီကာလမှာ ဥရောပကဗျာက မော်ဒန်ခေတ်ကုန်ပြီး ရှေ့တလှမ်း လှမ်းနေတဲ့ကာလဖြစ်ပါတယ်။ ဒီမှာက ဂန္တဝင်ဥခွံထဲက ဖောက်မထွက်နိုင်သေးပါဘူး။ 
ဆရာမောင်သာနိုးရဲ့ ထင်းရူးပင်ရိပ်ဟာ ဂန္တဝင်ဥခွံထဲက ဖောက်ထွက်ဖို့ အသံပေးလိုက်တဲ့ သေနတ်သံ ဖြစ် ပါတယ်။ အဲဒီကာလမှာ ဆရာမောင်သာနိုးကိုယ်တိုင်လည်း မော်ဒန်ကဗျာ တပုဒ်စနှစ်ပုဒ်စ ရေးနေပါပြီ။ အဓိကပြောလိုတာကတော့ ကာရံနဲ့ ရေးတဲ့ဂန္တဝင်ကဗျာကနေ စကားပြောရစ်သမ်နဲ့ရေးတဲ့ မော်ဒန်ကဗျာ ကို ပြောင်းလဲမှုမှာ ထင်းရူးပင်ရိပ်ရဲ့ကျေးဇူးတရားဟာ အင်မတန်မှကြီးတယ်ဆိုတာကို ပြောချင်တာပါ။
( ၃ )
ဆရာမောင်သာနိုးဟာ ထူးချွန်တဲ့ပညာရှင်တဦးဖြစ်ပါတယ်။ နိုင်ငံတကာကဗျာတွေကိုမြန်မာကဗျာလောက ထဲရောက်အောင် စွမ်းစွမ်းတမံ ပို့ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ အဲဒီထဲမှာ ထင်းရူးပင်ရိပ်က အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ အာရှတိုက်အလင်းရောင်နဲ့ အခြားနိုင်ငံတကာကဗျာပေါင်းများစွာကိုလည်း ဘာသာပြန်ပေးခဲ့တဲ့ လမ်းဖွင့်ပေးခဲ့တဲ့ပညာရှင်တဦးဖြစ်ပါတယ်။ ထင်းရူးပင်ရိပ်နှစ်ငါးဆယ်မှာ ဆရာကျော် ဇောခိုင်ကလည်း"နှစ်ငါးဆယ် ထင်းရူးပင်ရိပ်မှ စာတမ်းကိုရေးသားနေပါတယ်။ 
အဲဒီထဲကစာစုတခုကို တင်ပြချင်ပါတယ်။"ဒီကဗျာဟာ ထင်ရူးပင်ရိပ်ထဲက နိုဘယ်ဆုရှင် စပိန်ကဗျာဆရာ နရူဒါရဲ့ "အမေရိက "ဆိုတဲ့ကဗျာဖြစ်ပါတယ်။ ထင်းရူးပင်ရိပ်မှာပါတဲ့ ကဗျာဆရာအများစုက အထင်ကရ တွေဆိုပေမယ့် သခင်ဘသောင်းရဲ့နဂါးနီကနေမြစ်ဖျားခံခဲ့တဲ့ မြန်မာတွေအတွက် နရူဒါ မာယာကော့စကီး ယက်ဖ်တူရှင်ကိုတို့ကို ပိုပြီးလူကြိုက်များခဲ့ပုံရတယ်။ လက်ဝဲကဗျာဆရာတွေကိုး "လို့ ရေးထားပါတယ်။
အဲဒီကာလဟာ ဒဂုန်တာရာရဲ့စာပေသစ်အယူအဆအားကောင်းတဲ့ကာလဖြစ်သလို မြန်မာကဗျာဆရာတွေ စွဲကိုင်တဲ့လမ်းကြောင်းလည်း ဖြစ်ပါတယ်။
( ၄ )
ဒီစာမှာထင်းရူးပင်ရိပ်ထဲက ကဗျာတွေကိုဆန်းစစ်ဖို့လည်း မဟုတ်ပါဘူး။ မြန်မာကဗျာရဲ့ဆင့်ကဲဖြစ်စဉ်ကို သုံးသပ်ရေးသားဖို့လည်း မဟုတ်ပါဘူး။ အဓိက ရေးချင်ပြောချင်တာက မြန်မာကဗျာလောကကိုကျေးဇူး ကြီးစွာသက်ရောက်ခဲ့တဲ့ ထင်းရူပင်ရိပ်အကြောင်း အကျဉ်းမျှပြောလိုတာဖြစ်ပါတယ်။ 
အဲဒီကာလခေတ်အခြေအနေနဲ့ ဒီကနေ့ ကာလခေတ်အခြေအနေသမိုင်း နိုင်ငံရေးသီအိုရီအများကြီး ပြောင်း လဲသွားခဲ့ပါပြီ။ ထင်းရူးပင်ရိပ်နဲ့ ဆရာမောင်သာနိုး ကျန်းမာသက်ရှည်ပါစေကြောင်း ဆုတောင်း မေတ္တာ ပို့အပ်ပါတယ်။ ။
မောင်ကြူးရင့်၁၃ . ၇ . ၂၀၁၈
-ထင်ရူးပင်ရိပ် မျက်နှာဖုံးနှင့် ပန်းချီမောင်နိုး၏ ဆရာမောင်သာနိုးပန်းချီကို Googleမှ ယူပါသည်။
ဥက္ကာကျော် ● ပိုးလမ်းကြီးပေါ်က ငြိမ်းချမ်းရေးကြေညာစာတမ်း
$
0
0
 ဥက္ကာကျော် ● ပိုးလမ်းကြီးပေါ်က ငြိမ်းချမ်းရေးကြေညာစာတမ်း
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၈
(က)
ကမ္ဘာပေါ်တွင် ကြေညာစာတမ်းပေါင်း မြောက်များစွာ ထွက်ပေါ် ခဲ့ဘူးပေပြီ။  ကဗျာဆရာတို့ရဲ့ ကဗျာကြေငြာ စာတမ်းများ၊ ပန်းချီဆရာတို့ရဲ့ ပန်းချီကြေညာစာတမ်းများ၊ နိုင်ငံရေးသမားတို့ရဲ့နိုင်ငံရေး ကြေငြာစာတမ်းများ စသည်ဖြင့်။
ထိုထဲတွင်ရုရှားကဗျာဆရာ မာယာကော့ဖ်စကီးတို့ရဲ့ အနာဂတ်ဝါဒကဗျာ ကြေညာစာတမ်းသည် အလွန်ကျော်ကြား လှပေ ၏။  နိုင်ငံရေးကြေငြာစာတမ်းများတွင် ကားလ်မတ်နှင့်အိမ်ဂျယ်တို့၏ ကူမြူနစ်ဝါဒ ကြေညာစာတမ်းသည် နှစ်ပေါင်းများစွာ ကြာသည့် ယနေ့တိုင်မရိုးနိုင်သော ကြေညာစာတမ်း တစ်စောင်ဖြစ်ပေသည်။ ထို့ကြေညာစာတမ်းသည် ကျွန်ုပ်တို့မြန်မာ ပြည် ကုန်းဘောင်ခေတ် လှိုင်ထိပ်ခေါင်တင် တို့ စိန်ခြူးကြာညောင်းနေစဉ် အနောက်ဥရောပတွင် ပေါ်ပေါက်ခဲ့သော နိုင်ငံ ရေးကြေညာစာတမ်း ဖြစ်သည်ဆိုကြပေသည်။
ထိုစာတမ်းများထက် ရှေးကျသော ကြေညာစာတမ်းတစ်စောင်သည် အာရှပိုးလမ်း မကြီးပေါ်တွင် ပေါ်ပေါက်ခဲ့ဘူးပေသည်။ ထို စာတမ်းကားငြိမ်းချမ်းရေးကြေညာ စာတမ်း....
×××××××××××××××××××××××××××××××××
ထိုကြေညာစာတမ်း ကို မဇ္ဈိမဒေသတွင်း သိဒ္ဓတ္ထမင်းသား မွေးဖွားသည်မှ စရပေမည်။
26 April 624BC= မဟာသက္ကရာဇ် ၆၈ ကဆုန်လပြည့် သောကြာနေ့ သိဒ္ဓတ္ထ မွေးဖွား။
27 APr 608  BC = မဟာညသက္ကရာဇ်-၈၄၊ ကဆုန်လပြည့် သိဒ္ဓတ္ထမင်းဖြစ်။ 4 August 595BC မဟာ သက္ကရာဇ်၊  ၉၇ ဝါဆို လပြည့် တနလာင်္သိဒ္ဓတ္တ တောထွက်။ ၃၀ April ၅၈၉ BC=မဟာသက္ကရာဇ်၁၀၃ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဗုဒ္ဓအဖြစ် ရောက်။ ထိုသို့ ဗုဒ္ဓအဖြစ်သို့ ရောက်ပြီး သတ္တ သတ္တာဟ ကာလ များကို လွန်မြောက်ပြီး 27 June 589BC = မ ဟာသက္က ရာဇ် ၁၀၃ခု၊ ဝါဆိုလပြည့် စနေနေ့ ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မာစကြာင်္ တရားဦးမဟောမှီ တရက် မဟာဗောဓိမှ မိဂဒါဝုန်သို့ အ သွား ဥပက ပရိဗ္ဗိုက်နှစ်တွေသောအချိန် အာရှတိုက်၏ ပိုးလမ်းမကြီးပေါ်၌ဍ္ဍ ငြိမ်းချမ်းရေး ကြေညာ စာတမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ဓမ္မစက္ကံပဝတ္တေတုံ၊ ဂစ္ဆာမိ ကာသီနံပုရံ အန္ဓီဘူတသိံ္မ လောကသိံ္မ၊ အာဟဥ္ဆံ အမတဒုန္ဒုဘိံ "တရားစက်ဝန်းလည်ပတ်ရန်၊ ကာသိတိုင်းကို ငါသွားမယ်၊ အလင်းမရ အမှောင်ကျနေတဲ့ လောကကြီးထဲမှာ မသေရာအမှန်ငြိမ်းချမ်းရေး အမြိုက်စည်ကြီး ကိုငါတီးမယ်လို့ ပြောခဲ့ပေသည်။
ဒါဟာ BC 589. June 27 မတိုင်မီ တစ်ရက်က ဗုဒ္ဓရဲ့ ငြိမ်းချမ်းရေး ကြေညာစာတမ်းပါပဲ။ ပိုးလမ်းမကြီးပေါ်က အတိုဆုံး ငြိမ်းချမ်းရေး ကြေညာစာတမ်းပါပဲ။
(ခ)
ရှေးခေတ်က ကာသိသည် တိုင်းကြီးတစ်တိုင်းဖြစ်သည်။ ဗာရာဏသီသည် ကာသိတိုင်း၏ မြို့တော်ဖြစ်သည်။ ဂင်္ဂါမြစ်၏ လက်ဝဲဘက်၌ လခြမ်းသဏ္ဌာန်တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။
ဗုဒ္ဓမတိုင်မီ ခေတ်ကကာသိတိုင်းသည် လွတ်လပ်သော စည်ပင်ကြွယ်ဝသော တိုင်းနိုင်ငံ ကြီးတစ်နိုင်ငံဖြစ်သည်။
ဗာရာဏသီသည် ကူးသန်းရောင်းဝယ်မှု အချက်အချာ ဌာနတစ်ခုလည်းဖြစ်သည်။ ရေလမ်း၊ ကုန်းလမ်း လမ်းနှစ်မျိုးဖြင့် အခြား အိန္ဒိယမြို့များသို့ သွားနိုင်သည်။ ဗာရာဏသီမှ ကုန်းလမ်းဖြင့်သွားကြသော ကုန်သည်တို့ သည် လမ်းခရီး၌ကြမ်းတမ်း သောတောကြီးများ ရှိသောကြောင့် ခက်ခက်ခဲခဲ သွားကြရသည်။
ဗာရာဏသီမှ လမ်းတစ်လမ်းသည် တက္ကသီလာသို့ ထိပေါက်သည်။ တက္ကသီလာသည် ထိုခေတ်က အိန္ဒိယ ကုန်သွယ် များနှင့် နိုင်ငံခြားကုန်သည်များ တွေ့ဆုံကုန်ဖလှယ်ရာဌာနဖြစ်သည်။
ဗုဒ္ဓစာပေကျမ်းဂန်များအရမြင်း ကုန်သည်တို့သည် ဥတ္တရာပထ (ဂန္ဓာရ) (ယ္ခုပါကစ္စတန်) မှ မြင်းများကိုဝယ်ယူလာပြီး ဗာရာဏသီမှ ရောင်းချကြောင်း၊ တစ်ဖန် ဗာရာဏသီမှ ကုန်သည်များသည် ပင်လယ်ရေ ကြောင်း ကူသန်းရောင်းဝယ်မှုကိုလည်း ပြုကြသည်။ ပင်လယ်ခရီးအတွက် ဗာရာဏသီမှ လှေသင်္ဘောများထွက်သည်။ ဇာတ်တော်များ၌ လည်းကုန်ကူးသန်း ရောင်းဝယ်ရေးအတွက် ပင်လယ်ခရီးသွားပြကြောင်းပါရှိသည်။
ဗာရာဏသီမှထွက်သော အဝတ်အထည်၊ စန္ဒကူး၊ ဆင်စွယ်ပစ္စည်း၊ အိုးခွက်၊ ကစားစာရာ၊ သစ်သား နှင့် လုပ်သော ပစ္စည်းများ ကို တခြားမြို့များသို့ တင်ပို့ရောင်းချကြောင်း ကျမ်းဂန်တို့၌ အကျယ်တဝင့် ပါသည်။
မဟာဝဂ္ဂ၌ ကာသိဘုရင်ဗြဟ္မဒတ္တ၏ အဆင့်အတန်းမြင့်သောအခြေအနေနှင့် တခြား မြို့များနှင့်စာလျှင် ဗာရာဏသီ၏ စီပွားရေး အဆင့်အတန်း မနိမ့်ကြောင်းဖော်ပြထားသည်။
ကာသိတိုင်းထွက် အဝတ်အထည်ကို ကာသိကုတ္တမ၊ ကာသိယ ဟူ၍ ခေါ်ဝေါ်သည်။
သံယုတ္တနိကာ ဝတ္တတိသုတ်၌ ကာသိတိုင်းဖြစ် အဝတ်အထည်ကို တခြားအဝတ်အထည်များ ထက်အဆင့်မြင့်သည်ဟု ဆိုထားသည်။ ထေရီဂါထာ တနေရာ၌ ဘိက္ခုနီ တစ်ပါးအား လူဆိုးတစ်ယောက်က ကာသိတိုင်းဖြစ် အဝတ်အထည်နှင့်မတ်လုံးပေးမြူဆွယ်ဘူးသည်။
ရှေ့အခန်း၌ ဗုဒ္ဓနှင့် တွေ့ခဲ့သော ကျွန်ုပ် တို့ဇာတ်လိုက်ဥပက ပြန်လည်၍ ရဟန်းပြုတော့မည့်အခါ စာပါသည် "ကာသိတိုင်း ဖြစ်အဝတ် ဝတ်ထားသော ကျုပ်လိုအချောအလှကိုပစ်ပြီး ရှင်.ဘယ်သွားမလို့လဲ"ဟု ပြောသည်။ ဤမျှ ကာသိတိုင်းဖြစ် အဝတ်အထည်သည် သြဇာကြီးသည်။ မိလိန္ဒာပဥှာ၌ ယောနက (ဂရိ) ဘုရင် မိလိန္ဒ၏ နေပြည်တော် သာဂလသို့ ကာသိတိုင်း မှ အဝတ်အထည်များ တင်ပို့ရကြောင်း၊ ဗုဒ္ဓလက်ထက်တော် အခါက ကာသိတိုင်းဖြစ် ပုဆိုးများနာမည်အထူးကျော်ကြားသည်။ အဝတ်အထည်အပြင် စန္ဒကူးနှင့် ပတ်သတ်၍လည်း ထင်ရှားကျော်ကြားသည်။
ဇာတ်နိပါတ်များနှင့် အဂုင်္တ္တရနိကယ်တို့၌ ကာသိတိုင်းထွက် စန္ဒကူး အကြောင်းဖော်ပြ ထားသည်။ ကာသိတိုင်း စန္ဒကူးသား လုပ်ငန်း အကြောင်းပါသည်။ ဗာရာဏသီအနီး၌ လက်သမားရွာတရွာ ရှိသည်။ ထိုရွာ၌ လက်သမားဦးရေ ငါးရာရှိသည်။ ထိုလက်သမားများသည် တောထဲသွားပြီးသစ်သားများကို ရွေကာ အထပ်များစွာရှိသော အိမ်များကို ကျွမ်းကျင်စွာ ဆောက်လုပ်ကြသည်။  ဗုဒ္ဓစာပေ ကျမ်းဂန်များအရ ဗာရာဏသီသည် ဆင်စွယ်များ ကိုလည်း အရောင်းအဝယ်လုပ်ကြောင်းသိရ သည်။
ထိုသို့စီးပွားဖွင့်ဖြိုးတောင့်တင်းလှသော အဝတ်အထည် အထက်တန်းကျလှသော ကာသိတိုင်းနှင့် ကာသိတိုင်းမြို့တော် ဗာရာဏသီကို ရှေးခေတ်က ကမ္ဘာ့စီးပွား ကုန်စည်ကူးသန်းလမ်းကြောင်း တစ်ခုဖြစ်သော အာရှ၏ ပိုးလမ်းမကြီးသည် ကာသိတိုင်းမြို့တော် ဗာရာဏသီကို မုချဖြတ်သန်းသွားရပေမည်။
သို့ဆိုလျှင် ဗုဒ္ဓဂယာ၌ သစ္စာလေးပါးကို သိမြင်တော်မူပြီးနောက် ဗုဒ္ဓသည် ဗာရာဏသီအနီး ဣသိပတန မိဂဒါယ (မိဂဒါဝုန်း) ယ္ခုခေတ် ဆာရနတ်။သို့ ဓမ္မစကြာင်္တရားဦးဟော ကြွရာ၌ ထိုနာမည်ကျော် ပိုးလမ်းမကြီးကို အသုံးပြု သွားရပေမည်။
ထိုသို့သွားသည့် အခါ ဥပက တက္ကဒွန်း ကို ထိုပိုးလမ်းမပေါ်၌ တွေ့ဆုံပြီး.ငါဇီနဘဲ မသေတဲ့စည်ကို ရိုက်ဆော်ဖို့ ကာသိတိုင်းကို ငါသွားမယ်လို့ ငြိမ်းချမ်းရေး ကြေငြာစာတမ်းကို ကြေငြာခဲ့သည်မှာ ထိုအာရှရဲ့ ပိုးလမ်းမကြီးပေါ် ပင်ဖြစ်ပေ၏။ တနည်းအားဖြင့် ဗုဒ္ဓ၏နောက်ဆုံး သာဝကဖြစ်မည့် ဥပကကို ထိုစဉ်ကပင် ကြိုတင် စာရင်းသွင်းထားခြင်းဖြစ်ပေသည်။ ဥပကသည် ဗုဒ္ဓကို ပထမဆုံး ဖူးတွေ့ရပြီး နောက်ဆုံးတပည့် ဖြစ်ရသူတည်း ထူးဆန်းပေစွ။
(ဂ)
မှန်ပေသည်။ ဗုဒ္ဓသည်ပထမဦးဆုံး ငြိမ်းချမ်းရေးကြေငြာစာတမ်း အတိုင်းပင် သက်တော်ထင်ရှားရှိစဉ် လေးဆယ့်ငါးဝါသော ကာလပတ်လုံး ဟောကြားခဲ့သော တရားတို့ သည်၊ သတ္တဝါတွေငြိမ်းချမ်းဖို့၊ ခန္ဓာကိုယ်တွင်း ကိလေသာတို့မှ ငြိမ်းချမ်းဖို့၊ပြင်ပပတ်ဝန်းကျင်နှင့် သင့်တင့်မျှတဖို့၊ငြိမ်းချမ်းရေးတရားများကိုပင် ဟောခဲ့ပေသည်။
သာကိယနှင့်ကောလိယ နှစ်ပြည်ထောင် မင်းအပေါင်းတို့ စစ်ခင်းသည်ကို လည်းငြိမ်းချမ်း ရေးရအောင်ဟောကြားခဲ့ပေသည်။
ကောသမ္ဘီရဟန်းများ မသင့် မတင့်ဖြစ်၍ စေ့စပ်ဖြန်ဖြေမရသည့်အခါ ပါလိလေယျက တောသို့ဧကစာရီကျင့်၍ ရဟန်းများ လာရောက် တောင်းပန်သည့်အခါ................
နဟိဝေရေန ဝေရာနိ
သမ္မ န္တီဒ ကုဒါစနံ။
အဝေရေနစ သမ္မ န္တိ၊
ဧသဓမ္မော သန န္တနော။       ။
ရန်ကိုရန်ခြင်း မတုန့်လျင်းနှင့်၊ တုန့်ပြန် လျင်ဘယ်တော့မှ မငြိမ်းချမ်း၊ ရန်တုန့် မပြန်ခြင်း နှင့်သာ ငြိမ်းအေးနိုင်တယ်။ ဒါဟာရှေးသူတော် ကောင်းသူမြတ်လောင်းတို့ရဲ့ အစဉ်အလာပဲဟု ငြိမ်းချမ်းရေးတရားကိုသာ ဟောခဲ့ပေသည်။
ယုတ်စွ အဆုံးဝိဋဋူ ပဆွေတော်မျိုးတော် တိုကို အမျက်သို၍ အမျိုးဖြုတ်ရန်စစ်ချီသည်ကို ပင် အရိပ်ငါးပါးတရားဟော၍ ဆာယာနာမ အရိပ်တို့မည်သည်၊ ဥာတကာနံ-ဆွေမျိုးတို့၏ ဆာယာအရိပ်သည်၊သီတလာ-အေးမြလှ၏ "ဟု နှစ်ကြိမ်တိုင်တိုင် နားချခဲ့တုံသေး၏။
ဗုဒ္ဓသည် ဤသို့ပင် မိမိကြေငြာစာတမ်း အတိုင်းလေးဆယ့်ငါးဝါပတ်လုံးကျင့်သုံးခဲ့၏။
ထိုဗုဒ္ဓငြိမ်းချမ်းရေးကြေငြာစာတမ်း ကြေငြာခဲ့သော ပိုးလမ်းမကြီးသည်ကာလ ရှည်ကြာစွာပျောက်ခဲ့၏။ ထိုပျောက်ကွယ်ခဲ့ သော စီးပွားကုန်သည်တို့ ကုန်သွယ်ရာ ပိုးလမ်းမ သစ်ကြီး ကိုယခုအကောင်အထည်ဖော်နေ၏။
ယခုလည်း ဗာရာဏသီသည် ဒေလီ၊ ကာလကတ္တား ဘုံဘေ စသောမြို့ကြီးများနှင့် စာလျှင်တောမြို့သသဖွယ် ဖြစ်သော် လည်း ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု ဆိုင်ရာ အချက်အချာဌာန များရှိသည့် စာအုပ်ဆိုင်များရှိ သည်။ ထို့ကြောင့် ပိုးလမ်းမသစ်ကြီးတွင်လည်း ဗာရာဏသီကို ဖြတ်သန်းရမည်။ ဗာရာဏသီ ကိုဖြတ် သလို့ ကျွန်ုပ်တို့မြန်မာပြည် ကိုဖြတ်ကာ တရုတ်ပြည်သို့ မုချဖြတ်သန်းရမည်။
ယ္ခုတရုတ်သမ္မတ ရွှေကျင်ဖျင်ကာ အာရှရဲ့ပိုးလမ်းမကြီးကို ခေတ်မှီမှီ ပြန်လည်အသက်သွင်းဖို့ကြိုးစားနေ၏။ နိုင်ငံပေါင်းများ စွာ စုရုံးကြ၍ အကောင်အထည်ဖော်သင့် သလောက်လည်း ဖော်နေ၏ အောင်မြင်ပါစေဟု လည်း ကျွန်ပ်ဆုတောင်းပါသည်။ ထိုနှင့်တစ်ဆက်ထဲ .... .... ...
ကျွန်ုပ်တို့ တိုင်းရင်းသားဆွေမျိုးများ လက်နက်ကြီးငယ်နှင့် သတ်ဖြတ်စစ်တိုက်နေကြ၏။
တောင်ပေါ် တောင်အောက်တောထဲပါမကျန် သေကြေပျက်စီးနေကြ၏။ အာရှပိုးလမ်းမကြီးလည်းအကောင်အထည် ပေါ်တော့မည်။ ထိုအကောင်အထည်ပေါ်လာသော ပိုးလမ်းမကြီး ပေါ်၌မည်သူသည်၊ မသေနိုင်သော အမြိုတ်စည် ကြီးကို ဆော်ရွှမ်းတီးခတ်ပါအံ့နည်း။
ငြိမ်းချမ်းရေးကြေငြာစာတမ်းကို မည်သူတွေ လင်မှတ်ရေးထိုးပါအံ့နည်း။
အာရှပိုးလမ်းမကြီးနှင့်အတူ ငြိမ်းချမ်းရေး စည်တော်ရွှမ်းနိုင်ပါစေဟု ဆုတောင်းလိုက်ပေသည်။
ကျွန်ုပ်နောက်ဆုံးပြောလိုသည်မှာ
‌ဂါမေ ဝါ ယဒိ ဝါရညေ၊နိန္နေဝါယဒိဝါထလေ  ယတ္ထသမဇနာဝိဟရ န္တိ၊တံဘူမိရာမဏေယျကံ
မြို့ကြီးရပ်ရွာလူစည်ရာ၌ဖြစ်စေ၊ တောကြို အုံကြားမစည်ကားရာ၌ဖြစ်စေ၊ ချိုမ့်ဝှမ်း ချောက်ခြားဝေးလံသီခေါင်သောအရပ်၌ဖြစ်စေ၊ တောင်ပေါ်ကုန်းမြင့် ကြည်းကုန်းအရပ်၌ဖြစ်စေ၊ စိတ်တူ ကိုယ်မျှ ညီညွတ်သူတို့နေကုန်၏။ ထိုမြေ အရပ်သည် မွေ့လျော်ဘွယ်ရာအရပ်၊ ပျော်ရွှင် ဘွယ်ရာအရပ်သာတည်း။   
Ref;
၁ ။ အရှင်စန္ဒာလကာင်္ရမဏိရတနာပုံ ကျမ်းလာရက်စွဲများ
၂။ ပါရဂူစန္ဒာလကာင်္ရ အိန္ဒိယ ခရီးသည်
၃။ စာနယ်ဇင်း သတင်းများ
ကာတွန်း ညီပုချေရဲ့ ဒီမိုး ဒီလေ ဒီလှေနဲ့ ဒီလူတွေ ...
$
0
0
ကာတွန်း ညီပုချေရဲ့ ဒီမိုး ဒီလေ ဒီလှေနဲ့ ဒီလူတွေ ...
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၈
ဇင်လင်း ● စစ်ပွဲများမရပ်စဲနိုင်သရွေ့နိုင်ငံ့စီးပွားရေးဘဝနိမ့်ကျနေမည်
$
0
0
ဇင်လင်း ● စစ်ပွဲများမရပ်စဲနိုင်သရွေ့နိုင်ငံ့စီးပွားရေးဘဝနိမ့်ကျနေမည်
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၈
ယခု ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ မှ ၁၆ ရက်များတွင် အချိန်အတန်ကြာ တန့်ရပ်နေခဲ့သော ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည်ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။
(၁၆) ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဇူလိုင် ၉ ရက်နေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC)၌ ကျင်းပခဲ့သည်။ UPDJC က ချမှတ်ပေးသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၊ လုပ်ငန်းလမ်းညွှန်၊လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ပြီး တင်ပြလာသည့် စာတမ်းများကို ပြီးခဲ့သည့် (၁၅) ကြိမ်မြောက် UPDJC တွင် အတည်ပြုပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။
(၁၆) ကြိမ်မြောက် UPDJC အစည်းအဝေးတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေး ပါတီအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ ကိုယ်စားလှယ်များ ညှိနှိုင်းပြီး နောက် ၂၁ရာစုပင်လုံ၌ နိုင်ငံရေးကဏ္ဍအပါအ၀င် ဆွေးနွေးမည့် အချက် ၁၂ ချက် ရရှိကြောင်း အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက ဇူလိုင် ၉ ရက်ညတွင် ပြောကြားခဲ့သည်။
၂၁ ရာစုပင်လုံတွင် ဆွေးနွေးမည့် နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ စသည့် ကဏ္ဍများနှင့်ပတ်သက်၍ ညှိနှိုင်းရာ နိုင်ငံရေး ကဏ္ဍအဆိုပြုချက် ၇ ချက်အနက် ၂ ချက်၊ စီးပွားရေးကဏ္ဍအဆိုပြုချက် ၁၁ ချက်အနက် ၁ ချက်၊ မြေယာကဏ္ဍ အဆိုပြုချက် ၅ ချက်အနက် ၂ ချက်၊ လူမှုရေးကဏ္ဍ အဆိုပြုချက် ၉ ချက်အနက် ၇  ချက် သဘောတူခဲ့သည်ဟု ဆိုသည်။ ယခု ညီလာခံ၌ လုံခြုံရေးကဏ္ဍကို ဆွေးနွေးမည်ဖြစ်သော်လည်း သဘောတူညီချက် ချမှတ်မည် မဟုတ်ဟုလည်း သိရသည်။
ယခု တတိယအကျော့ ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံသို့ FPNCC ခေါ် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့မှ ကိုယ်စားပြုပုဂ္ဂိုလ်များ ပါဝင် တက်ရောက်လာစေရေးအတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံက ကြားဝင်ညှိနှိုင်းပေး သည် ဟု ဆိုသည်။ တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုအရ ညီလာခံတက်ရောက်ကြမည့် မြောက်ပိုင်း FPNCC မဟာမိတ်အဖွဲ့ ၏ အရေးကြီး ခေါင်းဆောင်များသည် တရုတ်နိုင်ငံမှတဆင့် လေယာဉ်ဖြင့် နေပြည်တော်သို့ လာရောက်ခဲ့ကြသည်။ ကိုယ်စားလှယ်အချို့က ပြည်တွင်းမှတဆင့် အစည်းအဝေးသို့သွားကြသည်။ ခရီးစဉ်အတွင်း တရုတ်နိုင်ငံက လုံခြုံရေးကိစ္စ အာမခံ ထားခဲ့သည်ဟုလည်း ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက ဆိုသည်။ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ FPNCC  ၌ ပါသည့် ၇ ဖွဲ့စလုံးသည် NCA  အပစ်ရပ်စာချုပ် လက်မှတ် မထိုးသေး သော အဖွဲ့များ ဖြစ်သည်။ မြောက်ပိုင်း FPNCC မဟာမိတ် အဖွဲ့တွင် KIA ကချင် လွတ်မြောက်ရေး တပ်မတော် ၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA ၊ ၀ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA ၊ မိုင်းလား NDAA ၊ ရက္ခိုင့် တပ်မတော် AA တို့ ပါဝင်တက်ရောက် ခဲ့ကြသည်။ လက်ရှိ ကျင်းပနေသည့် ၂၁ ရာစုပင်လုံညီလာခံကို ၂၀၂၀ ခုနှစ်မတိုင်မီ နောက်ထပ် ၃ ကြိမ်ကျင်းပပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် ဆိုင်ရာ အခြေခံအုတ်မြစ်များချမှတ်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ယခု ညီလာခံဖွင့်ပွဲမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် အဖွဲ့ဝင်များဖြစ်သော တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရက္ခိုင့်အဖွဲ့ (AA) တို့အား NCA စာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးရန် တိုက်တွန်းပြောဆိုခဲ့သည်ဟု အစိုးရကိုယ်စားလှယ် ဦးဇော်ဌေး က ဆိုသည်။ ဇူလိုင်လ ၁၅ ရက်နေ့ ည ၈ နာရီခန့်တွင် ပြုလုပ်ခဲ့သည့်  ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော် မတီ (UPDJC) အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရက္ခိုင့် အဖွဲ့(AA) တို့အား NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် တပ်မတော်က အစဉ်တစိုက် ငြင်းပယ်ခဲ့သည်။ မြန်မာ့တပ်မတော်သည် အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့အား ရန်သူလို သဘောထား၍ တိုက်ခိုက်နေမှုကြောင့် နှစ်ပေါင်းများစွာ မည်သူမျှ အနိုင်မရခဲ့ကြောင်း (UWSA)  ‘ဝ’တပ်ဖွဲ့ ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက ဆိုသည်။ တိုက်ပွဲများကြောင့်  ငြိမ်းချမ်းရေး ရရှိထားသည့် ဒေသများကို ထိခိုက်နိုင်သောကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်း ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရန် မြန်မာ့ တပ်မတော်က လက်တွေ့ အခြေအနေကို ရြှုမင်၍ အားလုံးပါဝင်ရေးမူကို အကောင်အထည်ဖော်စေလိုကြောင်း  ဦးကျောက်ကော်အန်းက တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
FPNCC အဖွဲ့ဝင် ၇ ဖွဲ့သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် ပါဝင်ပတ်သက်သည့် အဖွဲ့များဖြစ်ကြသည်။ သို့သော် ၎င်း တို့သည် တရုတ်-မြန်မာနယ်စပ်ဒေသကို အခြေပြု စစ်ရေးလှုပ်ရှားကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲများ ဖြစ်ကြ သည်။ ယခု ညီလာခံတွင် ထိုအဖွဲ့အစည်းများ ပါဝင်တက်ရောက်လာရေး ဖိတ်စာများပေးပို့ရာ၌ပင် တရုတ်သံရုံးမှ တဆင့် ပေးပို့ခဲ့ရသည်ဟု ဆိုသည်။ ထိုသို့ ပြည်ပနိုင်ငံတစ်ခုက မြန်မာ့ပြည်တွင်းရေးတွင် ပါဝင်ပတ်သက်နေမှုသည် အပေါ်ယံ အမြင်အရ အကျိုးရှိပုံရသော်လည်း၊ အနှစ်သာရအရ မြန်မာနိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေသည်။ ‘၀’အဖွဲ့ (UWSA) ၊ ကချင် အဖွဲ့ (KIA)၊ မိုင်းလားအဖွဲ့ (NDAA) ၊ ရှမ်းအဖွဲ့ (SSPP)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့် အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့သည် ၂၁ ရာစုပင်လုံဖွင့် ပွဲနေ့တွင် တက်ရောက်သော်လည်း  ညီလာခံ မပြီးဆုံးမီ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။
အခြားမျက်နှာစာတွင် ရခိုင်ကိစ္စကြောင့် အမေရိကန်ဦးဆောင်သော အနောက် အုပ်စုနှင့် နိုင်ငံရေးအမြင်ကွာဟလာ၍ ဆန့်ကျင်ဘက်ဖြစ်လာသဖြင့် မလွှဲမရှောင်သာ တရုတ်၏ ထီးရိပ်၌ ၀င်ရောက် ခိုလှုံရသလို ဖြစ်နေသည်။ တရုတ်အဖို့ သူ၏ ကြီးမားလှသော အကျိုးစီးပွားအတွက် မြန်မာနိုင်ငံကို တစ်နည်းမဟုတ် တစ်နည်း သြဇာသက်ရောက်နိုင်အောင် အားထုတ်နေမည်သာ ဖြစ်သည်။ ယခု အခြေအနေတွင် တရုတ်၏ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း-One Belt One Road (OBOR) လမ်းကြောင်းပေါ်တွင် မြန်မာ့ပထ၀ီဝင်အနေအထားက ရှောင်မလွတ်ဘဲ ရှိနေသည်။ မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးရေးအကြောင်းပြချက်ဖြင့် အဆိုပါ တရုတ်၏ ဘဏ္ဍာငွေကြေး စိုက်ထုတ်မှုအပေါ် မှီခိုကာ ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်နေရခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်လာနိုင်၍ စိုးရိမ်စရာ ဖြစ်လာသည်။
၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ပေါ်ထွက်ခဲ့သည့်သတင်းများအရ တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရအကြား ပူးတွဲ စီမံကိန်း ဖြစ်သော ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ရှယ်ယာ ပိုင်ဆိုင်မှု ၈၅% အထိရရှိရန် တရုတ်အစိုးရက ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။ ဒေါ်လာ သန်း ၇,၃၀၀ တန် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ရာခိုင်နှုန်း အများစုကို ပိုင်ဆိုင်နိုင်ရန် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီက ဆောင်ရွက်နေကြောင်းကို ဖော်ပြထားသည့် စာရွက်စာတမ်းများ တွေ့ ထားသည်ဟု ရိုက်တာ(Reuters)သတင်းဌာနက ဖေါ်ပြခဲ့ဖူးသည်။ မြန်မာအစိုးရက ၂၀၁၆ ခုနှစ်တွင် အကြံပြုခဲ့သည့် ညီတူ ညီမျှ ၅၀-၅ဝ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ရေး အကြံပြုချက်ကို တရုတ်ကုမ္ပဏီဘက်က လက်မခံခဲ့ဟုဆိုသည်။ တရုတ်၏ CITIC ကုမ္ပဏီက ၇ဝ% မှ ၈၅% အထိ ပိုင်ဆိုင်ခွင့် ပေးရန် တောင်းဆိုခဲ့ကြောင်း ၂၀၁၇ မေလ ၅ ရက်နေ့ ဘီဘီစီသတင်း၌ ဖေါ်ပြခဲ့သည်။
၂၀၁၅ အတွင်းက တရုတ် အစိုးရရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ CITIC (China International Trust and Investment Corp) အုပ်စုဦးဆောင်သည့် လုပ်ငန်းစုကြီးက ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ဖော်ဆောင်ခွင့်ရရှိခဲ့သည်။ CITIC လုပ်ငန်းစု ကြီးကို ၁၉၇၉ ခုနှစ်တွင် တရုတ်ခေါင်းဆောင် တန်ရှောက်ပင်း(Deng Xiaoping) ၏ ကျောထောက်နောက်ခံဖြင့် ထူထောင် ခဲ့ခြင်းဖြစ်သည်။  CITIC သည် ၂၀၁၄ ခုနှစ်တွင် နိုင်ငံပိုင်ကမ္ပဏီကြီးအဖြစ်မှ ဟောင်ကောင်အခြေစိုက် ဦးပိုင်ကုမ္ပဏီအဖြစ် သို့ ပြုပြင်ပြောင်းလဲထားသည့် လုပ်ငန်းစုကြီးဖြစ်သည်။ CITIC က ကျောက်ဖြူ မှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ ကို  တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဆက်သွယ်ခဲ့သည်။
၎င်းအပြင် တရုတ်အစိုးရနှင့် မြန်မာအစိုးရတို့ ပူးပေါင်း၍ ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်များတွင် ရေအားလျှပ်စစ်စီမံကိန်း ၆ ခု တည်ဆောက်ဖို့ ပြင်ဆင်နေခြင်းကို “သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်” က ၂၀၁၆ ဖေဖေါ်ဝါရီလ ၂၂ ရက် နေ့က ကန့်ကွက်ခဲ့သည်။ ထို့ပြင် တရုတ်နှင့် မြန်မာအစိုးရတို့သည် ရေအားလျှပ်စစ် စီမံကိန်း ၁၈ ခု ဆောက်လုပ်ရန် သဘောတူထားပြီး စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ ဖြေရှင်းရေးအတွက် သဘောတူညီချက် မူကြမ်းများ ရေးဆွဲနေကြောင်း ၂၀၁၆ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။ ယေဘုယျ အားဖြင့် မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဇယားအရ တရုတ်နိုင်ငံက ထိပ်ဆုံး၌ ရှိနေသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်သည့်၂၀၁၈ ခုနှစ် မေလ ၃၁ ရက် အစီရင်ခံစာအရ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံတွင် စီမံကိန်း ၂၄၂ ခု လုပ်ကိုင်နေကြောင်းသိရသည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀,၀၁၁.၅၈၂  ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတစ်ခုလုံးရှိ FDI စုစုပေါင်း၏ ၂၆.၂၇% သည် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ဖေါ်ပြထားသည်။
မြန်မာအပါအ၀င် အရှေ့တောင် အာရှဒေသကို တရုတ်နိုင်ငံက အာရုံစိုက်လာခြင်းမှာ ကုန်ထုတ်လုပ်မှုနှင့် ဈေးကွက်ချဲ့ထွင် လိုမှုအတွက် ဖြစ်သည်။ အာရှနှင့် ဥရောပ အကြား ကုန်သွယ်ရေးလမ်းကြောင်း ဖေါက်လုပ်လျှက်ရှိသော တရုတ် သမ္မတ ရှီကျင့်ပင် (Xi Jinping) ၏ ခေတ်သစ် ပိုးလမ်းမစီမံကိန်း (OBOR) ကြောင့်လည်း ဖြစ်သည်။ ခေတ်သစ် ပိုးလမ်းမ စီမံကိန်း အတွက် အမေရိကန် ဒေါ်လာ ၇၉ ဘီလီယံ ထည့်ဝင်ရန် တရုတ်ဗဟိုဘဏ်အား သမ္မတ ရှီကျင့်ပင်က တိုက်တွန်းခဲ့ပြီး၊ ပြည်ပမှ နောက်ထပ် ဒေါ်လာ ၄၃ ဘီလီယံ ရင်းနှီးမြုပ်နှံကြရန်လည်း တောင်းဆိုထားသည်။ ၎င်း ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကြောင့် အရှေ့တောင်အာရှ အပါအ၀င် စီမံကိန်းဒေသတွင် နိုင်ငံပေါင်း ၆၂ နိုင်ငံ ပါဝင်လာမည်ဟု ဆိုသည်။  နောက် ၅ နှစ် အတွင်း ပြည်ပရင်းနှီးမြုပ်နှံမှု ဒေါ်လာ ၅၀၂ ဘီလီယံအထိ ရောက်လာနိုင်သည်ဟု Credit Suisse Group က ခန့်မှန်း ထားသည်။
လိုရင်းကို ပြန်ကောက်ရလျှင် လက်ငင်း တရုတ်နိုင်ငံ၏ နိုင်ငံရေး စီးပွားရေး သေနင်္ဂဗျူဟာအရ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း လမ်းမအလယ်တွင် တည်ရှိနေသော မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းစေလိုပုံ ရပေသည်။ ထို့ကြောင့် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အရေးပါသောနေရာမှ တရုတ်နိုင်ငံပါဝင်လာသည်ဟု နိုင်ငံရေးအကဲခတ်များ က ယူဆကြသည်။ မည်သို့ဆိုစေ တရုတ်က မြန်မာ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၌ ပါဝင်လာခြင်းသည် ၎င်း၏ အကျိုးစီးပွား အတွက် ရည်ရွယ်သည်ကို မြန်မာတို့ သိထားသင့်သည်။
တရုတ်၏ ထူးခြားသော ခြေလှမ်းများနှင့် ပတ်သက်၍ မြန်မာခေါင်းဆောင်တို့ နိုင်ငံရေးသတိ ရှိသင့်သည်။ ဥပမာတစ်ခုမှာ ၂၀၁၈ ဖေဖေါ်ဝါရီလအတွင်းက မော်လဒိုက်ကျွန်းစုနိုင်ငံ (Maldives) ၏ သမ္မတဟောင်းဖြစ်သူ မိုဟာမက် ရာရှစ် (Mohamed Nasheed)က ၂၀၁၉-၂၀၂၀ တွင် တရုတ်ထံမှ ချေးယူထားငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့်ကို ပြန် မဆပ်နိုင်သဖြင့်  ကျွန်းငယ်ပေါင်း ၁၆ ကျွန်းကို တရုတ်လက်သို့ထိုးအပ်ရတော့မည်ဟု Nikkei Asian Review သတင်းဌာနသို့ ပြောကြားခဲ့သည်။ ယင်းကိစ္စသည် အချုပ်အခြာအာဏာကို ထိခိုက်သည့် အခြေအနေ ဖြစ်လာသည်ဟု မိုဟာမက် ရာရှစ် က ဆိုသည်။ ယခု တရုတ်လက်သို့ စီးပွားရေးလုပ်ပိုင်ခွင့်အရ အဆိုပါကျွန်းများကို အပ်လိုက်ရသော် လည်း တစ်ချိန်ချိန်တွင် တရုတ်စစ်သင်္ဘောများ ဆိုက်ကပ်လာနိုင်ကာ  တရုတ်ရေတပ်စခန်းဖြစ်လာနိုင် သည်ဟု သူက ဆိုသည်။ မော်လဒိုက်ကျွန်းစုနိုင်ငံ၏ နိုင်ငံခြားကြွေးမြီ ၈၀ ရာခိုင်နှုန်းမှာ တရုတ်ချေးငွေများ ဖြစ်သည်ဟု ဆိုသည်။ အလားတူ ‘သီရိလင်္ကာ’ သည်လည်း တရုတ်ချေးငွေဖြင့် ဆောက်လုပ်သည့် ‘ဟမ်ဘန်တိုတာ’ ဆိပ်ကမ်းအတွက် အကြွေး မဆပ်နိုင်သဖြင့် ထိုဆိပ်ကမ်း စီမံအုပ်ချုပ်ခွင့်ကို တရုတ် ထံ ၉၉ နှစ် စီမံအုပ်ချုပ်ခွင့် လွှဲအပ်ခဲ့ရသည့် ဥပမာလည်း ရှိသည်။
ထို့ကြောင့် ငြိမ်းချမ်းရေးအကြောင်းပြချက်ဖြင့် မြန်မာကို ကူညီလိုသည်ဟူသော တရုတ်နိုင်ငံ၏ အတိုးကြီးလှသည့် ချေးငွေ များနောက်ကွယ်တွင် သံမဏီ နှောင်ကြိုးများရှိနေသည်ကို မမေ့ဖို့လိုသည်။ မကြာသေးမီက Nikkei Asian Review သတင်းဌာနနှင့် အထူးတွေ့ဆုံမေးမြန်းခန်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက “အလွန်အကျွံ ရင်းနှီးမြှုပ်နှံမှု သည် တစ်ခါတစ်ရံတွင် မကောင်း” ဆိုသည့် သင်ခန်းစာများကို မိမိတို့ အိမ်နီးချင်းနိုင်ငံများထံမှ လေ့လာရရှိ ထားသည့် အလျောက် ထိုသင်္ခန်းစာများကို အလေးထားရန် အရေးကြီးသည်ဟု ဆိုထားသည်။ ပြည်ထောင်စု ၀န်ကြီး ဦးစိုးဝင်း၏ စကားအရ မြန်မာနိုင်ငံအနေဖြင့် တရုတ်ချေးငွေများ၏ အန္တရာယ်ကို မြင်သည်ဟု ဆိုလိုပုံရသည်။ အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ပါက လက်ရှိမြန်မာနိုင်ငံသည် ပြည်တွင်းစစ် စရိတ်ထောင်းသောကြောင့် အကြွေးအမြောက်အမြားတင်ကာ စီးပွားရေး အောင်မြင်သင့်သလောက် မအောင်မြင် ဖြစ်နေသည်။ ထို့ကြောင့် တတိယအကြိမ် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်ခွင့်ရကြသူများအနေဖြင့် အမြန်ဆုံး တိုက်ခိုက်မှုများ ရပ်စဲရေးဆီ ရှေးရှုကြစေလိုသည်။ စစ်ပွဲများ ရှိနေသရွေ့ အကြွေးများ အထပ်ထပ် တင်နေမည်။ ခေတ်သစ် စီးပွားရေးနယ်ချဲ့မှုအောက်၌ နိုင်ငံ့နယ်မြေများကို အကြွေး ဖြင့် အသိမ်းမခံလိုလျှင် စစ်ပွဲများ မဖြစ်မနေ ရပ်ရမည်။ သီရိလင်္ကာ နှင့် မော်လဒိုက်ကျွန်းစုနိုင်ငံများက ပေးသော သင်္ခန်းစာကို လေးနက်စွာ ဆင်ခြင်ကြည့် စေလိုသည်။
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင်း - အပိုင်း (၁၇)
$
0
0
ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင်း - အပိုင်း (၁၇)
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၈
တိဗက်ပြည်က မြှောက်ထားတဲ့ဆင်ခြေထောက်အောက်မှာရောက်နေသည့် ကြက်ဥနှင့် တူပါသည်။ ခြေချလိုက်ရုံမျှဖြင့် ဘ၀ပျက်သွားမည့် အနေအထားဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် လေပြင်းမုန်တိုင်းတို့ ပိုမိုပြင်းထန်လာခဲ့သည်။ တရုတ်စစ်သား များက လားမားဘုန်းတော်ကြီးများကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ကျောင်းတိုက်များကို သိမ်းပိုက်ပြီး စစ်စခန်းအဖြစ်ပြုလုပ်ခြင်း၊ တိဗက်ပြည်သူအများအပြားကို ဖမ်းဆီးပြီးနောက် လားမားဘုန်းတော်ကြီးများမရှိတော့သည့် ကျောင်းတိုက်များကို အချုပ် ထောင်အဖြစ် အသုံးပြုကာ  အရှိန်မြှင့်၍ လုပ်ဆောင်နေကြပြီဖြစ်သည်။
လော့ဆန်ရင်ချုတ်ဆိုသော တိဗက်အမျိုးသားကြီးက သူ၏ဘ၀အတွေ့အကြုံကို ပြန်ပြောလေသည်။ “အဲဒီတုန်းက ကျနော် က အသက် ၁၂ နှစ်ပဲရှိသေးတာလေ။ အဖမ်းခံရတဲ့အထဲမှာ ကျနော်လည်း ပါတယ်။ ဖမ်းတာတော့ အများကြီးပဲဗျ။ လားမား တွေပါတယ်။ ယောကျာ်း မိန်းမ အကုန်ပါတယ်။ ကလေးတွေတောင် ပါသေးတယ်။ အကုန်ဖမ်းပြီး ကျနော်တို့ကို ဘုန်းကြီး ကျောင်းထဲခေါ်သွားတယ်။ အရင်တုန်း ကတော့ ဒီကျောင်းတိုက်မှာ လားမားငါးရာကျော်နေထိုင်ကြတာလေ။ အခုတော့ တပါးမှ နေလို့မရတော့ဘူးပေါ့။ အဲဒီကျောင်းတိုက်ထဲမှာ ကျနော်တို့ကို ချုပ်ထားတာ။ စားစရာလည်း မရှိဘူး။ အစောင့်စစ် သားတွေကတော့ လက်နက်အပြည့်စုံနဲ့ စောင့်နေတာပေါ့။ အပေါ့အလေးလည်း အဲဒီနေရာမှာပဲ ဖြစ်သလို ဖြေရှင်းကြရတာ။ အသေ အပျောက်တွေ များတယ်ဗျ။ တိဗက်တွေကို ငါးယောက်စီ ကြိုးနဲ့ တွဲပြီး အုပ်စုလိုက် အုပ်စုလိုက် ခေါ်လာတာကိုလည်း တွေ့နေရတယ်။ ကျနော်တို့ကို သုံးရက်ချုပ်ထားပြီး လေးရက်မြောက်နေ့မှာတော့ အရမ်းငယ်သေးတဲ့ ကလေးတွေကို ပြန်လွတ်ပေးတယ်။ ကျနော်လည်း လွတ်တဲ့အထဲ ပါတယ်လေ။ ကျန်တဲ့လူတွေကိုတော့ ထရပ်ကားကြီး တွေနဲ့ လာခေါ်သွား တာ တွေ့တာပဲ။ ဘယ်ကိုခေါ်သွားလဲတော့ ကျနော်တို့လည်း မသိရဘူး။ ဘယ်တတ်နိုင်မှာလဲ။ ကျနော် တို့ ကံပေါ့ဗျာ။ မသေလို့ အခုလို တွေ့ကြရ တာ။ ကံပေါ့။ ဗုဒ္ဓဘုရားရှင်က ကျနော့်အသက်ကို ကယ်တင်ပေးထားတာ”ဟု လော့ ဆန်က ပြောပါသည်။
ခမ်ပြည်နယ်သူ ဘေရီလာဂီကလည်း သူမအတွေ့အကြုံကို ရှင်းပြပါသေးသည်။ အဲဒီတုန်းက သူမက အသက်၂၅-နှစ်အရွယ် အမျိုးသမီးငယ်ကလေးတဦးပေါ့။ ခါးသီးတဲ့ အတွေ့အကြုံတွေက သူ့ဘ၀ကို ပိုပြီးတည်ငြိမ်ရင့်ကျက်စေတယ်ဟု လာဂီက ဆိုပါသည်။ သူမအဖမ်းခံရတော့ သုံးနှစ်အရွယ်သားငယ်ကလေးလည်း သူမနှင့်အတူ ထောင်ထဲပါလာသည်။ ယောကျာ်းဖြစ် သူကတော့ တိဗက်ပြည်ကို ကာကွယ်ရင်း မနှစ်တုန်းဆီက သေဆုံးသွားခဲ့ပြီဖြစ်သည်။ မွေးခြင်းနှင့် သေခြင်းတို့သည် သူမအတွက် မထူးဆန်း။ ကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာတရားသည်သာ လူသားတို့ လိုက်နာကြ ရမည့် ဘုရားရှင်၏ အဆုံးအမဟု သူမက ဆိုပါသည်။ ရက်စက်ကြမ်းကြုတ်ခြင်း၊ စာနာမှုကင်းမဲ့ခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခြင်းတို့သည့် ဘုရား မကြိုက်သော အရာများ သာဖြစ်ပြီး အတတ်နိုင်ဆုံး ရှောင်နိုင်အောင်ကြိုးစားကြရမယ်။ အခုလို တိဗက်ပြည်မှာ ညှင်းပန်း နှိပ်စက် သတ်ဖြတ်နေတာတွေကို ဘုရားရှင်က ကြိုက်မှာမဟုတ်ဘူး။ တိဗက် လူမျိုးတွေကလည်း မကြိုက်ဘူး ဟု ဆိုပါ သည်။
၁၉၅၈-ခုနှစ်။ တိဗက်ပြည်ရဲ့ ကောင်းကင်ယံတွင် မိုးသားတိမ်လိပ်တို့ ထူထပ်နေလေပြီ။ ဒီတကြိမ်ရွာတဲ့မိုးထဲ ဘ၀တွေ၊ မျှော်လင့်ချက်တွေအားလုံး မျောပါသွားတော့မည့် အရိပ်အယောင်တွေ တွေ့မြင်နေရပြီဖြစ်သည်။ အမ်ဒူပြည်နယ်ဘက်မှာ လည်း ဖမ်းဆီးမှု တွေရှိသည်။ လားမားတထောင်ကျော်သီတင်းသုံးနေသည့် ဇောက်ချမ်းကျောင်း တော်ကြီးကို လက်နက်ကိုင်စစ်သားများက ၀ိုင်းထားကြပြီ။ ရေဖြတ်၊ မီးဖြတ်၊ အစား အသောက်တွေ ဖြတ်သည်။ အပြင်လူ ၀င်ခွင့်မရှိတော့။ သိပ်မကြာခင် အချိန်မှာပဲ သေနတ်သံတွေ အဆက်မပြတ် ကြားနေရသည်။ လားမားများက ပြန်လည်ခုခံ တိုက်ခိုက်ကြသေး သည်။ သို့သော် လက်ရှိနဲ့လက်မဲ့တို့ အားပြိုင်ပွဲတွင် လက်မဲ့တို့ ရှုံးပါသည်။ တင့်ကားများဖြင့် ၀င်ရောက်တိုက်ခိုက်ပြီး ပစ်ခတ်ဖမ်းဆီးမှုတွေရှိသည်။ နောက်ဆုံးတော့ ကျောင်းတိုက်ကြီးတခုလုံးကို မီးတင်ရှို့လိုက်ခြင်းဖြင့် အဆုံးသတ် လိုက်ပါသည်။ အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်သွားသည့် လားမားအများစုက လူထွက်ပြီး တိဗက်ပြောက်ကျား တပ်များရှိရာသို့ သွားရောက်ပူးပေါင်းကြလေသည်။
နီးစပ်ရာ အခြားဘုန်းတော်ကြီးကျောင်းများကိုလည်း ၀င်ရောက်ဖမ်းဆီးတော့မည်ဖြစ် ကြောင်း သတင်းတွေကြားနေရသည်။ တုတ်၊ ဓား၊ လက်နက်များဖြင့် ခုခံဖို့ ပြင်ဆင်နေ ကြသူတွေလည်းရှိသည်။ အခြေအနေအားလုံးကို ထိန်းသိမ်းဖို့ တရုတ်အစိုးရက ဘုန်းတော်ကြီးဒလိုင်းလားမားကို ဖိအားပေးသည်။ ဘုန်းတော်ကြီးကလည်း ဖိနှိပ် ဖမ်းဆီးမှုများ မပြုလုပ်ဖို့ မေတ္တာရပ်ခံပါသည်။ သို့သော် အခြေအနေက ထိန်းမနိုင် သိမ်းမရတော့။ စတိတ်စင်ကြီးကို အဆင်သင့်ပြင်ထားပြီ။ သရုပ်ဆောင်တွေကိုလည်း ရွေးချယ်ထားပြီးပြီ။  ဇာတ်ညွှန်းကလည်း အဆင်သင့်။ ပြည်ဖုံးကားချပြီး စင်ရှေ့ထွက် သြဘာခံကြမည့်သူတွေကလည်း အရံသင့်။ ကန့်လန့်ကာကလေး တချက်ဆွဲချလိုက်ရုံ မျှဖြင့်..….။
တိဗက်တောင်တန်းတွေပေါ်က ရေခဲတောင်ကြီးတွေ အရည်ပျော်သွားသလို ဘ၀တွေ အရည်မပျော်ဖို့ပဲ လိုပါသည်။ တိဗက်ပြည်ရဲ့ ကောင်းကင်ယံတွင် မိုးသားတိမ်တိုက်တို့ လွင့်မျောနေကြလေပြီ။ ဒီတကြိမ်ရွာတဲ့မိုးထဲ လူသားမျိုးစိတ်တခုလုံး မျောပါသွားမှာကိုပဲ တိဗက်တွေက စိုးရိမ်ထိတ်လန့်နေမိသည်။
တိဗက်ပြည်ရဲ့ ၁၉၅၉-ခုနှစ် အရုဏ်ဦးတွေက အရင်လို အေးချမ်းမှုတွေ မပေးတော့။ နိုင်ငံရေးအခြေအနေတွေ တင်းမာရှုပ်ထွေးနေလင့်ကစား နှစ်စဉ်ကျင်းပနေကြဖြစ်သည့် တိဗက်လိုဆာနှစ်သစ်ပွဲတော်ကြီးကို ကျင်းပဖို့ အားလုံးက တာဆူနေကြပြီဖြစ်သည်။ လိုဆာပွဲတော်ဆိုသည်မှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်လို၊ အနောက်တိုင်းက အီစတာ ပွဲတော်လို ဘာသာရေးအငွေ့အသက်တို့ဖြင့် ထုံမွှမ်းထားသည့် တိဗက်ဘာသာ ရေးပွဲတော်ကြီးတခုပင်ဖြစ်သည်။ အနယ်နယ် အရပ်ရပ်က ဘုရားဖူးခရီးသည်တွေ၊ ကုန်သည်ပွဲစားတွေ၊ လက်မှုပညာသည်တွေ၊ တိဗက်အလွှာစုံက ထောင်ပေါင်းများစွာ သော ခရီးသွားတွေဟာ မြို့တော်လာဆာကို တဖွဲဖွဲရောက်ရှိ လာကြပြီဖြစ်သည်။ လိုဆာပွဲတော်အပြီး တဆက်တည်းကျင်းပမည့် မွန်လန်ဘာသာရေးပွဲတော်ကို ဆင်နွှဲဖို့ ထောင်ပေါင်းများစွာသော လားမားတွေလည်း လာဆာမြို့မှာ စုရုံးရောက်ရှိနေကြ လေပြီ။ လာဆာမြို့ ဆင်ခြေဖုံးမှာ စစ်ရှောင်ရောက်ရှိနေကြသည့် ဒုက္ခသည် စခန်းတွေ ကလည်း သောင်းချီရှိနေကြသည်။ အလွှာစုံ၊ နယ်ပယ်စုံသည်။ တသိန်းကျော်ရှိသည့် ပြည်သူတွေဟာ မြို့တော်လာဆာကို ရောက်ရှိနေကြပြီဖြစ်သည်။ လူတသိန်းကျော် ဆိုသည်မှာ လာဆာမြို့အတွက် ပုံမှန်ထက် ထက်ဝက်ကျော်များနေသည့် အရေ အတွက်ပင်ဖြစ်သည်။
ဒလိုင်းလားမားဘုန်းကြီးလေးရဲ့ သက်တော် ၂၄-နှစ်ပြည့်နှင့်လည်း တိုင်ဆိုင်နေပြီး သူအတွက် သာသနာပိုင်ဖြစ်ဖို့ မဖြစ်မနေဖြေဆိုရမည့် နောက်ဆုံးစားမေးပွဲကို ဖြေဆိုရ မည့်အချိန်လည်း ဖြစ်သည်။ သည်စာမေးပွဲသာအောင်ခဲ့လျှင် သူဟာ တိဗက်ပြည်ရဲ့ ၁၄-ယောက်မြောက် ဒလိုင်းလားမားအဖြစ် တိဗက်ပြည်ရဲ့ အမြင့်ဆုံး သာသနာပိုင်နှင့် အမြင့်ဆုံးအာဏာပိုင်အဖြစ် တရားဝင်ဖြစ်လာတော့မည်ဖြစ်သည်။
စာမေးပွဲနောက်ဆုံးနေ့ မတိုင်မီအရင်နေ့ညက ပီကင်းကအရာရှိနှစ်ဦးရောက်လာပြီး လားမားကိုယ်တော်လေးနှင့် တွေ့ခွင့်တောင်းသည်။ တရုတ်ပြည်က ကမ္ဘာကျော် ဆက်ကပ်အဖွဲ့ လာဆာသို့ရောက်နေပြီဖြစ်ရာ လားမားကိုယ်တော်လေးကို ကပွဲကြည့်ဖို့ လာဖိတ်ခြင်းဖြစ်သည်။ သို့သော် ကိုယ်တော်လေးက တွေ့ခွင့်မပေးခဲ့။ စာမေးပွဲပြီးမှဟု ဆင်ခြေပေးခဲ့လေသည်။ သုံးရက်ကြာသောအခါ ဒလိုင်းလားမား ကိုယ်တော်လေး သည်ကား မျှော်လင့်ထားသည့်အတိုင်း သာသနာပိုင်ဖြစ်လာခဲ့လေပြီ။ နိုင်ငံရေးဘက် တွင်လည်း သူကအာဏာအရှိဆုံးဖြစ်သည်။ ဒီမိုကရေစီတိုင်းပြည်တခုရဲ့ စံချိန်အရ ဆိုလျှင် သူက တိဗက်ပြည်၏ သမ္မတလည်းဖြစ်သည်။
သာသနာပိုင်ဖြစ်ပြီးနောက် လေးရက်မြောက်နေ့တွင် ပီကင်းအရာရှိများ ပြန်ရောက် လာသည်။ လားမားကိုယ်တော်လေးကို ကပွဲသို့ ကြွစေချင်ကြသည်။  တိုင်ပင်ဆွေးနွေြး ပီးနောက် ကပွဲကိုသွားဖို့ ဆုံးဖြတ်လိုက်ပါသည်။ သည်မှာ အခက်အခဲတွေရှိလာသည်။ အသက် ၂၄ နှစ်အရွယ်ရှိ လားမားကိုယ်တော်လေးတွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် ကိုယ်ရံတော်သက်တော်စောင့် ၂၄-ယောက်ရှိသည်။ ပီကင်းက ပွဲသို့ သက်တော်စောင့်များကို လိုက်ပါခွင့်မပြုဟု ပီကင်းအရာရှိများကို တောင်းဆို လိုက်သည်။ လားမားကိုယ်တော်လေးနောက်ကို ဘယ်သူမှ လိုက်ခွင့်မရှိ။ သို့သော် လက်ခံနိုင်ဖွယ်မရှိသော ဒီတောင်းဆိုချက်ကို တိဗက်တို့က ငြင်းပယ်ခဲ့သည်။ လားမား ကိုယ်တော်လေး မကြွဖြစ်ခဲ့လျှင် ကတိပျက်ရာ ကတိဖျက်ရာရောက်မည်။ အကယ်၍ ကြွဖြစ်ခဲ့လျှင်လည်း လားမားကိုယ်တော်လေးရဲ့ လုံခြုံရေးက ရတက်မအေးစရာ အခြေအနေဖြစ်နေသည်။ လျှို့ဝှက်ချက်တွေများသည့် သည်တွေ့ဆုံပွဲကို တိဗက် ပြည်သူတို့က ဘ၀င်မကျ။ တင်းမားနေသော သည်အခြေအနေကို လားမားကိုယ်တော် လေးက ၀င်ထိန်းပေးသည်။ မူလသတ်မှတ်ထားသည့်နေရာမှာ မတွေ့တော့ဘဲ လာမားကိုယ်တော်လေးရဲ့ နွေရာသီစံနန်းဖြစ်တဲ့ နိုဘုလင်္ကအ၀င်ဂိတ်က ကွင်းပြင်မှာ တွေ့ဆုံကြမည်။  တွေ့ဆုံပွဲနေ့ နန်းတော်အပြင်ဘက်တွင် သုံးသောင်းကျော်သော တိဘက်ပြည်သူတို့ စုဝေးရောက်ရှိနေကြလေပြီ။ သည်တွေ့ဆုံပွဲကနေတဆင့် ပီကင်း အရာရှိတွေဟာ လားမားကိုယ်တော်လေးကို ပြန်ပေးဆွဲပြီး ပြည်မကြီးထဲကို ဆွဲခေါ်သွား လိမ့်မည်ဟု တိဘက်ပြည်သူတို့က ယုံကြည်နေကြသည်။ တဖက်မှာ ထောင်သောင်း ချီသော လက်နက်မဲ့တိဘက်ပြည်သူတို့က နေရာယူထားသလို အခြားတဖက်မှာလည်း လက်နက်ကိုင်ဆောင်ထားသည့် တရုတ်စစ် သား တို့က အရံသင့်စောင့်နေကြပြီဖြစ်သ ည်။ လက်ခုပ်တချက်တီးလိုက်သည်နှင့်တပြိုင်နက် အဖြေကရှင်းနေပြီ။
ပီကင်းအဖွဲ့ကိုခေါင်းဆောင်သူမှာ ဗိုလ်ချုပ်တန်ဖြစ်သည်။ သူက လားမားကိုယ်တော် လေးနှင့် တွေ့ဆုံသောအခါ တိဗက်ပြောက်ကျားတပ်ဖွဲ့များအပါအ၀င် တရုတ်ဆန့်ကျင် ရေးများကို အလိုမရှိကြောင်း ယခုလိုဆက်ပြီး ဆန့်ကျင်နေဦးမယ်ဆိုလျှင် တော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြိုခွဲရမည်ဖြစ်ကြောင်း သတိပေးစကားဆိုပါသည်။ ကပွဲက နံနက် ၁၁-နာရီမှာ စတင်မှာဖြစ်သည်။ ကပွဲမတိုင်မီ ကျင်းပသည့်တွေ့ဆုံပွဲက သိပ်အားရ ကျေနပ်စရာ မကောင်းလှ။
တိဗက်ပြည်သူတွေက အရင်လို လွတ်လပ်သော တိဗက်ပြည်ဆီသို့ ပြန်သွား လိုကြ သည်။ တိဗက်ပြည်သူတွေကလည်း တိဗက်ပြည်ကို သည်ထက်ပို၍ တိဗက်ပီသ ချင်သည်။ ထို့ကြောင့်လည်း တရုတ်ပြည်မကြီး၏ စိုးမိုးခြယ်လှယ်နေမှုကို မျက်မုန်းကျိုး နေကြခြင်းဖြစ်သည်။ တိဗက်အရေးတွင် အမျိုးသမီးများ ထဲထဲဝင်ဝင် ပါဝင်နိုင်ရေး အတွက် တိဗက်အမျိုးသမီးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ လာဆာမြို့ရဲ့ လမ်းမတွေ ပေါ်တက်ဖို့ တာဆူနေကြလေပြီ။ ၁၉၁၂-ခုနှစ်များဆီက တိဗက်ပြည်တွင်း ၀င်ရောက်နေသည့် မန်ချူးများကို တိဗက်ပြည်သူ့အားဖြင့် နှင်ထုတ်နိုင်ခဲ့သည့် သမိုင်းရှိခဲ့ဖူးပါသည်။ သို့သော် ယခင်မန်ချူးနှင့် ယခုတရုတ်က အခြေအနေခြင်း မတူတော့။ အရာရာအားလုံး ပြောင်းလဲနေပြီဖြစ်သည်။ တရုတ်တပ်မတော်တွင် ခေတ်မီဆန်းပြားလှသည့် စစ်လက်နက်များ အပြည့်အစုံရှိနေပြီး တိဗက်တို့လက်ထဲတွင် ရှိနေသည့်လက်နက်က ပထမကမ္ဘာစစ်လက်ကျန် ခေတ်မမီတော့သည့် လက်နက် များသာ။
PLA ခေါ် ပြည်သူ့လွတ်မြောက်ရေးတပ်မှာရှိသည့် လက်နက်များအားလုံးကလည်း မီးကျိုးမောင်းပျက်များသာ။ အင်အားချင်းယှဉ်လိုက်လျှင် မိုးနဲ့မြေလို ကွာခြားလွန်းနေ သည်။ သူထိုးကိုယ်ထိုး လက်သီးချင်းယှဉ်ထိုးရသည့် အခါမျိုးမှာ လက်ဦးမှုရဖို့ထက် ချက်ကောင်းထိဖို့ကလည်း လိုပါသည်။ အရာရာကို အသိပညာ အတတ်ပညာများဖြင့် မောင်းနှင်ပြီး ခေါင်းခေါင်းချင်း ယှဉ်သည့်ခေတ်မှာ ကိုယ်က တုတ်ဆွဲ ဓားဆွဲ တကဲကဲ လုပ်နေလို့မဖြစ်တော့။ ကမ္ဘာကြီးရဲ့ ကစားကွက်က ပြောင်းလဲသွားခဲ့လေပြီ။ ပြောင်းလဲ နေသည့် ခေတ်အခြေအနေကို တချက်ကလေး မျက်ခြေပြတ်သွားရုံမျှဖြင့် ဘ၀တွေ ကျိုးကြေသွားနိုင်သည်။ တိဗက်တိုင်းပြည်ရဲ့ရှေ့ရေးက မုန်တိုင်းထဲက ဖယောင်းတိုင် ပမာ။
ဆက်လက်ဖော်ပြပါဦးမည်
ကိုသစ် (သီတဂူ)
၇၊ ၁၈၊ ၂၀၁၈
ကာတွန်း မင်းထက်လူ - ဖေ့စ်ဘွတ်ကယ်ပေလို့
$
0
0
ကာတွန်း မင်းထက်လူ - ဖေ့စ်ဘွတ်ကယ်ပေလို့
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၈
ကေဇော်မိုးနှင့် ရိုးခက် စီစဉ်သည့် ၂ လတစ်ကြိမ်ထုတ် ကဗျာသီးသန့်စာစဉ်
$
0
0
ဂျူလိုင် ၂၀ ရက်နေ့ထွက်မည့်
ကေဇော်မိုးနှင့် ရိုးခက် စီစဉ်သည့် ၂ လတစ်ကြိမ်ထုတ် ကဗျာသီးသန့်စာစဉ်
(မိုးမခ)ဇူလိုင် ၂၀၊ ၂၀၁၈
ခေတ်ပေါ်ကဗျာ ၂၁ ပုဒ်၊ ကဗျာရေးရာ ဆောင်းပါး ၄ ပုဒ် နှင့် ကဗျာ့စကား ၁ ပုဒ် ပါဝင်ပြီး 
စာမျက်နှာ ၃၂ မျက်နှာ၊ စာဖောင် လေးဖောင်ဖြင့် ဇူလိုင် ၂၀ ရက် ယနေ့မှစ၍ အဖြူရောင်ပဲ့တင် စာပေဖြန့်ချိရေးက တပြည်လုံးသို့ ဖြန့်ချိပါမည်။
-------------------- 
တန်ဖိုး - ကျပ် ၁၀၀၀ 
--------------------
ရရှိနိုင်မည့်မြို့များ
--------------------
ရန်ကုန်၊ မန္တလေး၊ တံတားဦး၊ပျဉ်းမနား၊မုံရွာ၊မြင်းခြံ၊ ပခုက္ကူ၊ မကွေး၊ ချောက်၊ ပြည်၊ ပဲခူး၊ ဒိုက်ဦး၊ မော်လမြိုင်မြို့ များနှင့်ကလေး၊ ဟိုပင်၊ လားရှိုးတို့ရှိ စာအုပ် ဖြန့်ချိရေးဆိုင်များတွင် ရရှိနိုင်ပါသည်။
မောင်နောင်မွန်- ဝမ်းနည်းခြင်းမှတ်တမ်း
$
0
0
ဝမ်းနည်းခြင်းမှတ်တမ်း
မောင်နောင်မွန်
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၈
ဆေးသားပြယ်စပြုနေတဲ့နေဝင်ချိန်တခုလို
အဝေးကတေးဆိုသံတွေ ထွက်ခွာ။
ဝင်သက်တွေ ခပ်ပြင်းပြင်းကြား
လေတိုးသံတွေတိတ်ဆိတ်သွားခဲ့။
ဖြေသိမ့်စရာမဲ့တဲ့ ကောင်းကင်အောက်
အရောင်များဟာ လှပညီညွှတ်နေ
ထွက်ခွာသွားချိန် 
မောမောလျလျဖြစ်နေတဲ့တိမ်စိုင်လေးတွေလို။
ခပ်ဖြည်းဖြည်းလှုပ်ခတ်လာတဲ့
ပင်လယ်လှိုင်းတွေလိုပေါ့
ပြန်လာလိုက် ပြန်သွားလိုက်ပါပဲ။
ခပ်လှမ်းလှမ်းက လူကူးမျဉ်းကျားမှာ
ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ်နဲ့
မီးခိုးခေါင်တိုင်အခိုးအငွေ့တွေကိုငေးရင်း
ပြဇာတ်တပုဒ်အဆုံးသတ်သွားခဲ့တယ်။  ။
Our diverse Identities အမည်ရတဲ့ အနုပညာလှုပ်ရှားမှု အစီအစဉ် Pansodan Scene မှာ ကျင်းပမယ်
$
0
0
Our diverse Identities အမည်ရတဲ့ အနုပညာလှုပ်ရှားမှု အစီအစဉ် Pansodan Scene မှာ ကျင်းပမယ်
K (မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၈
Our diverse Identitiesအမည်ရတဲ့ ကျွန်ုပ်တို့၏ကွဲပြားခြားနားသော ကိုယ်ပိုင်အမှတ်လက္ခဏာများ အနုပညာလှုပ်ရှားမှု အစီအစဉ်တခုကို ရန်ကုန်မြို့ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်း အမှတ် ၁၄၄ရှိ Pansodan Scene မှာ ဇူလိုင်၂၁ ရက်မှ ၂၂ ရက်နေ့ထိ ပြုလုပ်ကျင်းပသွားမယ်လို့သိရပါတယ်။
အဆိုပါ အနုပညာလှုပ်ရှားမှုအစီိအစဉ်ကို Pansodan Scene နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ People in Need တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ကျွန်ုပ်တို့၏ကွဲပြားခြားနားသော ကိုယ်ပိုင်အမှတ်လက္ခဏာများ အနုပညာလှုပ်ရှားမှု အစီအစဉ်မှာ တက်ရောက်လာသူများ အနေနဲ့ပြပွဲအတွင်း ခဏတာလာရောက်ပါဝင်လိုက်ခြင်းအားဖြင့် ပန်းချီပညာရှင်များမှ သင်၏ကိုယ်ပိုင်အမှတ်လက္ခဏာများ အပေါ် အခြေခံပြီး ရေးဆွဲဖန်တီးလိုက်သော သင်၏ကိုယ်ပိုင်ဝိသေသလက္ခဏာများကို ကိုယ်စားပြုတဲ့ မျက်နှာဖုံးတခုကို ရရှိနိုင်မှာဖြစ်ပြီး သင် ဖော်ပြလိုသည့် ကိုယ်ပိုင်ဝိသေသများနှင့် ကိုက်ညီသော မျက်နှာဖုံးတခုကို ပန်းချီဆရာများနှင့်အတူ အနုပညာမြောက်စွာ ဖန်တီးနိုင်မှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။
မျက်နှာဖုံးတခုနဲ့ ပျော်ရွှင်စွာဆင်နွှဲနေတဲ့ ပုံရိပ်များကိုလည်း အဆိုပါလှုပ်ရှားမှုအတွက် ဖွင့်လှစ်ထားသော facebook event အတွင်း ထည့်သွင်းဖော်ပြပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
Our diverse Identitiesအမည်ရတဲ့ အနုပညာလှုပ်ရှားမှုအစီအစဉ်ကို ဇူလိုင် ၂၁ရက်မှ ၂၂ရက်ထိ မနက် (၁၁) နာရီမှ ညနေ (၃) နာရီ အထိ ကျင်းပသွားမှာဖြစ်ပြီး လာရောက်ပါဝင်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
မှတ်တမ်းရုပ်ရှင်ပြပွဲ (Participatory Video Screening) ဇူလိုင် ၂၂ရက်မှာ ပြသမယ်
$
0
0
မှတ်တမ်းရုပ်ရှင်ပြပွဲ (Participatory Video Screening) ဇူလိုင် ၂၂ရက်မှာ ပြသမယ်
K  (မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၈
ရန်ကုန်ရုပ်ရှင်ကျောင်းမှ မြန်မာလူငယ်ရုပ်ရှင်ဖန်တီးသူများ ဖန်တီးထားသော မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတိုများပြပွဲကို ရန်ကုန်မြို့ ဗိုလ်ကလေးဈေးလမ်း (အလယ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ် အမှတ်၁၀၀ရှိ ပန်သူရိယ အနုပညာ ဆုံမှတ် ပြခန်းမှာ ဇူလိုင်၂၂ ရက် နေ့လယ်၂ နာရီ မှ ၄ နာရီထိ ပြသပြီး ဆွေးနွေးမှုများပြုလုပ်သွားမယ်လို့သိရပါတယ်။
အဆိုပါပြပွဲမှာ ၀င်ကြေးအခမဲ့ဖြစ်ပြီး လူမှုအသိုက်အ၀န်းက ဒေသခံများမှ ကိုယ်တိုင် ဖန်တီးထားသော ဗီဒီယို ဇာတ်လမ်း တိုတစ်ခုနှင့် ရန်ကုန် ရုပ်ရှင်ကျောင်းမှ မြန်မာလူငယ်ရုပ်ရှင်ဖန်တီးသူများ ဖန်တီး ထားသော မှတ်တမ်းရုပ်ရှင် ဇာတ်လမ်း တိုများ ပြသခြင်းနှင့် ဆွေးနွေးခြင်းတို့ပါဝင်တယ်လို့သိရပါတယ်။
ပြပွဲနဲ့ပတ်သက်ပြီး Pansuriya လူမှုကွန်ရက်စာမျက်နှာမှာ “လူမှုအသိုက်အ၀န်းက ဒေသခံများမှ ကိုယ်တိုင်ဖန်တီးထား သော Safe Migration ဗီဒီယို ဇာတ်လမ်းတိုကို ပြသသွားမှာ ဖြစ်ပြီး အထူးအစီစဉ်အနေဖြင့် ထိုဇာတ်လမ်းကို ဖန်တီးသူ ဒေသခံများနှင့်ကိုယ်တိုင် အမေးအဖြေကဏ္ဍကို တွေ့ဆုံဆွေးနွေးခွင့်ရမှာဖြစ်ပါတယ်။
ပဋိပက္ခဖြစ်ပွားရာနေရာရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ရင်နှင့်ဖွယ်အဖြစ်အပျက်များကို ပုံဖော်ထားသော ပုံပြမှတ်တမ်းရုပ်ရှင် Docuanimation ဇာတ်လမ်းတို သုံးကားနှင့် အမျိုးသမီးနှင့်ငြိမ်းချမ်းရေး မှတ်တမ်းရုပ်ရှင် ဇာတ် ကားတစ်ကားလည်းပါဝင်ပါတယ်”လို့ရေးသားထားပါတယ်။
Viewing all 9633 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>