Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live
ဝင်းနန္ဒာ (Myanmar Now) ● မသန်စွမ်းအမျိုးသမီး မတရားကျင့်ခံရမှု နှစ်လအတွင်း ခြောက်ခုရှိ
$
0
0
ဝင်းနန္ဒာ (Myanmar Now) ● မသန်စွမ်းအမျိုးသမီး မတရားကျင့်ခံရမှု နှစ်လအတွင်း ခြောက်ခုရှိ
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၈
(ရေကြည်၊ ကျောင်းကုန်း) —ဇွန်၊ ဇူလိုင်လများအတွင်း မသန်စွမ်းအမျိုးသမီးများ ခြိမ်းခြောက် မုဒိမ်းကျင့်ခံရမှုပေါင်း ၆ မှု အနည်းဆုံး ဖြစ်ပွားခဲ့သည်ဟု  မသန်စွမ်းသူများအရေး စစ်တမ်း ကောက်ယူနေသည့် iSchool-Myanmar အဖွဲ့က  ပြော သည်။ 
“ဒါတွေက မှုခင်းသတင်းတွေထဲမှာပါတဲ့ အမှုတွေ၊   ရောက်လာတဲ့စာရင်းတွေပဲ ရှိသေးတယ်။ တစ်နိုင်ငံလုံး အတိုင်း အတာ နဲ့ဆို ဘယ်လောက်တောင်ဖြစ်နေမလဲ မခန့်မှန်းနိုင်ဘူး” ဟု ထိုအဖွဲ့မှ သုတေသနအကြံပေး နော်ဇာဖြူခန့်က ပြောသည်။
ရန်ကုန် စိတ်ရောဂါကုဆေးရုံကြီးမှ ထောက်ခံစာ ရရှိရေး ခရီးစဉ်အတွက် အသွားအပြန် စရိတ်ကို ရွာထဲတွင် လိုက်လံ အလှူခံကြသည်
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် နှစ်မှု ဖြစ်ပွားခဲ့ပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး   ဖျာပုံနှင့် ကျောင်းကုန်းမြို့နယ်တို့တွင် တစ်မှုစီ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ဤတွေ့ရှိချက်မတိုင်ခင်ကလည်း ၎င်းတို့အဖွဲ့က ၂ဝ၁၆ မှ ၂ဝ၁၈ ဇွန်လ အတွင်း မှုခင်းများကို လေ့လာရာ ထိုအထဲတွင် မသန်စွမ်းအမျိုးသမီး အဓမ္မပြုကျင့် ခံရမှု ၂၇ ခု ရှိခဲ့သည်ကို တွေ့ရသည်။
● ဆေးရုံ၏ ထောက်ခံချက်
အဓမ္မပြုကျင့်ခံရမှုကိုသွားရောက် တိုင်ကြားသည့်အခါ မသန်စွမ်းဖြစ်ကြောင်း၊ ဉာဏ်ရည်မပြည့်မီကြောင်း စိတ်ကျန်းမာရေး ဆေးရုံ ဆရာဝန်၏ ထောက်ခံချက် ပြသနိုင်မှသာ ရဲစခန်းက ချက်ချင်း အမှုဖွင့်ပေးသည်ဟု အထက်တန်းရှေ့နေ ဒေါ်ထူးထူး အောင်က ပြောသည်။
“သူဟာ ဘာမသန်စွမ်းဖြစ်တယ် ဆိုတာကို ကျန်းမာရေးဌာနကလည်း ထောက်ခံချက်ပေးထားတာမျိုး ဆိုရင်တော့ သူတို့ဘက်မှာလည်း အမှုတည်ဆောက်တဲ့အခါမှာ အရမ်းကိုလွယ်တယ်ပေါ့။ နောက်မို့ဆို ဒါက တကယ်ဟုတ်ရဲ့လား ဟုတ်သလား ဆိုတဲ့ ရဲက သံသယမေးခွန်း ပြန်လာနိုင်တယ်ပေါ့” ဟု ဒေါ်ထူးထူးအောင်က ပြောသည်။
ထိုသို့ ထောက်ခံချက်ပေးသည့် စိတ်ကျန်းမာရေးဆေးရုံသည် ရန်ကုန်နှင့် မန္တလေးတွင်သာ ရှိခြင်းက မသန်စွမ်းများအတွက် အခက်အခဲတစ်ခုဖြစ်နေသည်ဟု အဓမ္မပြုကျင့်ခံရသူတချို့ကို ကူညီနေသည့် ဒေါ်ထူးထူးအောင်က Myanmar Now ကို ဇူလိုင် ၂၃ တွင် ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၊ ရွှေကြာအင်းကျေးရွာတွင် အမျိုးသမီး တစ်ဦးက ရန်ကုန်သွားမည့် ခရီးစရိတ် ရရှိရန် အလှူခံလျက်ရှိသည်။
မတရားပြုကျင့်ခံထားရသော အသက် ၂ဝ ဝန်းကျင် ဉာဏ်ရည်မသန်စွမ်းသည့် ညီမဖြစ်သူ၏ အမှုကို ရဲစခန်းက ကိုင်တွယ်စေ ရေးအလို့ငှာ ရန်ကုန် စိတ်ရောဂါအထူးကုဆေးရုံကြီးသို့ သွားရောက်ပြီး ထောက်ခံစာ တောင်းယူရမည်ဖြစ်သည်။
 “ရွာကို အားကိုးတာပေါ့။ ဒါပေမယ့် အခုလို အရပ်ထဲလိုက်ပြီး အလှူလိုက် ခံရတာတော့ စိတ်ထဲ ဘယ်ကောင်းမလဲ။ ကျွန်မ မတတ်နိုင်လွန်းလို့သာ အခုလို လုပ်လိုက်ရတယ်” ဟု  ၂၇ နှစ်အရွယ် အမျိုးသမီးက မျက်ရည်စများ ဖယ်ရှားရင်း ပြောသည်။
● ရပ်ရွာ၏ ကူညီဖေးမမှု
ကျူးလွန်ခံရသူတွင် မောင်နှမ လေးဦး ရှိရာ သုံးဦးမှာ ကျန်းမာရေးမကောင်းခြင်း၊ မသန်စွမ်းခြင်းကြောင့် အစ်မဖြစ်သူက  ရှာဖွေကျွေးမွေးနေသည်။  ဤအခြေအနေတွင် ရွာမှ မိတ်ဆွေများက မတရားကျင့်ခံရသူ၏ အခက်အခဲအတွက် ဝိုင်းဝန်း ကူညီသည်ကို တွေ့ရသည်။ ကျောင်းကုန်းရဲစခန်းသို့ သွားရောက် တိုင်ကြားသည့်နေ့က ရွှေကြာအင်း တစ်ရွာလုံးနီးပါး လိုက်ပါ ဝန်းရံပေးခဲ့သည်ဟု ယင်းကျေးရွာမှ ရာအိမ်မှူး ဒေါ်အေးမြင့်က ပြောသည်။
“ဒီရွာလေးက လူမရှိပေမယ့် လူညီတယ်။ ဘယ်သူမှ သည်းမခံနိုင်ဘူးလေ။  အစ်မဖြစ်သူကိုလည်း ကြည့်ဦး၊ ရှာကျွေးရတာ ခါးပြတ်သေတော့မယ်။ ဒီလို ကလေးကို လုပ်ရက်တဲ့ကောင်ကို ဥပဒေ အမှန်တရားတိုင်း ထိထိရောက်ရောက် ပြစ်ဒဏ်ချ ပေးဖို့ပဲ လိုချင်တယ်” ဟု ၎င်းက ပြောသည်။
သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး ပြုကျင့်ခဲ့ကြောင်း စွပ်စွဲခံထားရသော အသက် ၄ဝ အရွယ် အမျိုးသားကို ကျောင်း ကုန်းမြို့မ ရဲစခန်းက မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားသည်။ အဆိုပါအမျိုးသားသည် ယခင်က  ကာယိနြေ္ဒပျက်စီး စေရန် လက် ရောက်မှု ကျုးလွန်မှု ပုဒ်မ ၃၅၄ ဖြင့်  ထောင်ဒဏ် လအနည်းငယ် ကျခံရဖူးကြောင်း ကျောင်းကုန်းစခန်းမှ ဒုရဲမှူးမြင့်အောင်က Myanmar Now သို့ ပြောသည်။
● နည်းဥပဒေကို မျှော်လင့်
မသန်စွမ်းသူများအနက် အုပ်ထိန်းသူကို ပြန်လည် တိုင်ကြားနိုင်စွမ်း အားနည်းသော ဉာဏ်ရည် အကန့်အသတ်ရှိသူ၊ စကား မပြောနိုင်သူတို့သည်  မတရားပြုကျင့်မှုနှင့် ပိုမို ရင်ဆိုင်ရတတ်သည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ ဆောင် အသင်း၊ ရေကြည်မြို့နယ် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှမျိုးအောင်က ပြောသည်။ 
iSchool-Myanmar မှ နော်ဇာဖြူခန့်ကလည်း ကျူးလွန်သူတို့သည် ထိုအားနည်းချက်ကို အခွင့်ကောင်းယူကြဟန်ရှိသည်ဟု ယူဆသည်။
မသန်စွမ်းသူများအခွင့်အရေးဥပဒေ အတွက် နည်းဥပဒေ မထွက်ရှိသေးပေ။
မတရားခံရသူတို့သည် ဥပဒေပါ  ရပိုင်ခွင့်များ လက်လွတ်ဆုံးရှုံး နေရသဖြင့် နည်းဥပဒေ အမြန်ဆုံး ထွက်ပေါ်လာရေးကို လိုလားကြောင်း မသန်စွမ်းများအရေး ဆောင်ရွက်သူတို့က ပြောနေကြသည်။
ဆက်စပ်ကြည့်ရှုရန်
မတရားကျင့်ခံရသူ မသန်စွမ်းတို့၏ ဝန်ထုပ်ဝန်ပိုး (ရုပ်သံ)
ရိုက်ကူး/တည်းဖြတ် - ကေဇွန်နွေး
ကာတွန်း လိုင်းလုဏ်ရဲ့ လွတ်မြောက်နယ်မြေ
$
0
0
ကာတွန်း လိုင်းလုဏ်ရဲ့ လွတ်မြောက်နယ်မြေ
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၈
ထက်ခေါင်လင်း (Myanmar Now) ● အောင်ရဲထွေးအမှုမှာ ဖမ်းခံရတဲ့သူတွေ ဘယ်လိုလွတ်မြောက်သွားသလဲ
$
0
0
ထက်ခေါင်လင်း (Myanmar Now) ● အောင်ရဲထွေးအမှုမှာ ဖမ်းခံရတဲ့သူတွေ ဘယ်လိုလွတ်မြောက်သွားသလဲ
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၈
(ရန်ကုန်) - လူမှုကွန်ရက်တွင် ဟာသရုပ်သံဖိုင်များကြောင့် လူသိများခဲ့သည့်ကိုအောင်ရဲထွေးသေဆုံးမှုတွင် တရားစွဲဆို ခံခဲ့ရသူများအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဇူလိုင်၂၅ ရက်က အမှုစွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သည်။
အသက် ၂၅ နှစ်အရွယ် ကိုအောင်ရဲထွေးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ညပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ပေါ်ဆန်းမွှေးလမ်းရှိ The One Entertainment Park နှစ်သစ်ကူးပွဲတော်အတွင်း ရန်ဖြစ်ကာ လူအုပ်စုလိုက် ဝိုင်းရိုက်ကြသဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
သူ၏ သေဆုံးခဲ့မှုအတွက် ရန်ပွဲအတွင်း ပါဝင်ရိုက်နှက်သည်ဟု စွပ်စွဲခံခဲ့ရသော ကျော်ဇောဟန်(ခ) ကျော်ဇော၊ သန်းထွန်း အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ သုံးဦးသည် သုဝဏ္ဏရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ပြီး ခြောက်လ ကျော်ကြာ အချုပ်ဖြင့်တရားရင်ဆိုင်ခဲ့ရသည်။
တစ်နိုင်ငံလုံးကစိတ်ဝင်စားခဲ့သည့် အဆိုပါအမှုကို နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း စိစစ်မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
● တရားလိုကဘယ်သူလဲ
Myanmar Now က ကြည့်ရှုခဲ့ရသည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံး၏ စီရင်ချက်တွင် နှစ်သစ်ကူးပါတီရန်ပွဲတွင် သေဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ် ကိုအောင်ရဲထွေးသေဆုံးမှုအတွက် သူ၏အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦးက တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအတွင်းရှိ The One Entertainment Park တွင်လူ၎/၅ ဦးက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်သဖြင့် သေဆုံးရသည်ဟု ကိုအောင်ရဲထွေး၏အစ်ကိုကတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း စီရင်ချက်တွင်ရေးသားထားသည်။
● ရုတ်သိမ်းပေးဖို့လျှောက်ထားခြင်း
အမှုတွင် တရားလိုပြသက်သေ ၁၄ ဦးအား စစ်ဆေးပြီးသည့်အဆင့်တွင် အမှုအား ရုတ်သိမ်းခွင့်ပြုရန် ခရိုင်ဥပဒေအရာရှိက လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ (က)အရ ရုတ်သိမ်းခွင့်ပြုရန်လျှောက်ထားသည်ဟု စီရင်ချက်တွင်ရေးသားထားသော်လည်း နေ့ရက်မပါရှိပါ။
ရုတ်သိမ်းလွှာတင်ရခြင်းမှာ ကိုအောင်ရဲထွေး၏မိသားစုက ကိုအောင်ရဲထွေးသည်နှလုံးရောဂါရှိသူဖြစ်ပြီး အခင်းဖြစ်ပွားရခြင်း မှာ လူငယ်သဘာဝ ပျော်ပွဲရွှင်ပွဲတွင် အခန့်မသင့်ဖြစ်ပွားရာမှ မတော်တဆဖြစ်ပွားခဲ့သည်ဟုလည်း အဆိုပါစီရင်ချက်တွင်ရေးသားထားသည်။
ထို့အပြင် လူသတ်မှုဖြင့် ဖမ်းခံရသူများ၏မိသားစုများက ကိုအောင်ရဲထွေး ဆေးရုံတက်ချိန်နှင့်နာရေးတွင် လူမှုရေးအရကူညီဆောင်ရွက်ပေးကြခြင်း၊ တရားလိုမိသားစုနှင့်ဖမ်းဆီးခံထားရသူများအနက်မှ တစ်ဦးဖြစ်သည့် သန်းထွန်းအောင် (ခေါ်) သားကြီးတို့၏မိသားစုများမှာ ဘာသာတူများဖြစ်ကြောင်း၊ ကိုအောင်ရဲထွေး၏ မိသားစုများအား ကျေနပ်သည်အထိ တောင်း ပန်ခြင်း၊ ဘာသာရေးအကြီးအကဲများကညှိနှိုင်းပေးခြင်းတို့ကြောင့် အမှုအားဆက်လက်တရားစွဲဆိုရန် ဆန္ဒမရှိတော့ ကြောင်းလည်း စီရင်ချက်တွင်ဖော်ပြထားသည်။
သို့သော် အဆိုပါက အမှုပိတ်လျှောက်လွှာကို  တရားစွဲအဖွဲ့အစည်းဖြစ်သည့် ခရိုင်ရဲတပ်ဖွဲ့က ကန့်ကွက်ခဲ့သည်။
● ရန်ကုန်ဥပဒေချုပ်ရုံးသဘောထား
ရန်ကုန်တိုင်းဒေသကြီးတရားဥပဒေချုပ်ရုံး ကစိစစ်ခဲ့ပြီးနောက် အမှုကိုရုတ်သိမ်းခွင့်ပြုခဲ့သည်။
စိစစ်ချက်တွင် သံသယမှုဖြင့် ထိန်းသိမ်းခံရသူများသည် သေဆုံးသူ ကိုအောင်ရဲထွေးအား ထိုးကြိတ်ရိုက်နှက် ခဲ့ကြောင်း ထင်ရှားပေါ်ပေါက်မှုမရှိခဲ့ဟုဆိုသည်။
ကိုအောင်ရဲထွေး၏ ဦးခေါင်းတွင်ရရှိသည့် ဒဏ်ရာသည် မည်သူ့လက်ချက်ဖြစ်ကြောင်းနှင့် သံသယရှိသူ သုံးဦးနှင့် ပတ်သက်ကျူးလွန်ကြောင်း သက်သေခံချက်အားနည်းလျက်ရှိ၍ အမှုကိုဆက်လက်စစ်ဆေးပါက အကျိုးထူးဖွယ်ရာမရှိဟု ဆုံးဖြတ်ခဲ့သည်။
● အခြားဖော်ပြမှုများ
အဆိုပါအမှုတွင် တရားလိုပြသက်သေ ၁၄ ဦးကို စစ်ဆေးခဲ့သည်ဟုဆိုသည်။
အဆိုပါသက်သေများအနက် အခင်းဖြစ်ပွားသည့်နေရာတွင်ရှိနေသည့် အဓိကသက်သေ လေးဦးကလည်း ကိုအောင်ရဲထွေး၏ ဦးခေါင်းဒဏ်ရာသည် မည်သည့်လက်ချက်ဖြစ်ကြောင်း ထင်ရှားစွာထွက်ဆိုနိုင်ခြင်းမရှိ ဟုလည်း ဆိုသည်။
သက်သေများအား စစ်ဆေးချက်များအရ သံသယမှုဖြင့်ဖမ်းခံခဲ့ရသူများသည် ကိုအောင်ရဲထွေးအား ထိုးကြိတ်ရိုက်နှက်ခဲ့ ကြောင်း သက်သေအထောက်အထား တင်ပြနိုင်မှုအားနည်းကြောင်းလည်း စီရင်ချက်တွင်ရေးသားထား သည်။
သက်သေခံချက်များသည် သေဆုံးသူ၏ဦးခေါင်းတွင်ရရှိသည့်ဒဏ်ရာသည် မည်သူ့လက်ချက်ဖြစ်ကြောင်းနှင့် သံသယရှိသူများ ကျူးလွန်ကြောင်း သက်သေပြရန်အားနည်းသည်ဟုလည်းရေးသားထားသည်။
တရားလိုနှင့်ကိုအောင်ရဲထွေး၏ မိသားစုဝင်များကိုယ်တိုင် အမှုကို ဆက်လက်မစွဲဆိုလိုတော့ဘဲ လွတ်လပ်သည့် ဆန္ဒအရ အမှုပိတ်သိမ်းလိုသည်ဟုလည်းဆိုသည်။
● သမ္မတပြောမှ တရားစစွဲဖို့ လုပ်သလား
ယခုလ ၂၉ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ တရားလွှတ်တော်ချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် အမှုကြီးများတွင် ပြည်သူအချင်းချင်း ကျေအေးရုတ်သိမ်းခွင့်မရှိပဲ လူသေဆုံးမှု တွင် တရားလိုသည် နိုင်ငံတော်ဖြစ်ကြောင်း၊ လူသေမှုကို ပြည်သူအချင်းချင်း ကျေအေးလိုက် ခြင်းက တရားဥပဒေစိုးမိုးရေးအတွက် အရေးကြီးကြောင်း၊ ပြည်သူအများ စိတ်ဝင်စားသည့်အမှုကို ကြန့်ကြာခြင်းမရှိဘဲ မြန်မြန်ဆန်ဆန်နှင့် အမှားအယွင်းမရှိအောင် ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ထို့အတွက် ယခုလို ကိုအောင်ရဲထွေ သေဆုံးခဲ့မှုကို အမှုကြေးအေးလိုက်ရုံဖြင့် စွပ်စွဲခံရသူများကို လွှတ်ပေးလိုက်ခြင်းကို ပြည်သူအများနှင့် ရှေ့နေအများစုက ဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်သည်ဟု ဝေဖန်ခဲ့ကြသည်။
သို့သော် ကျူးလွန်သူဟု စွပ်စွဲခံရသူ သုံးဦးလုံးကို ယခုလ ၂၆ ရက်နေ့က အမိန့်ချမှတ်စဉ်ကပဲ ခရိုင်ရဲတပ်ဖွဲ့၏ ကန့်ကွက်ရန် ရှိမရှိကို တရားရုံးက မေးမြန်းခဲ့ရာ ကန့်ကွက်ကြောင်းကိုလည်း ပြောထားပြီးကြောင်း ပြင်ဆင်ချက်တင်မည်ဆိုလျှင် အမိန့်ချမှတ်ပြီး ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်လွှာကို တင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ အရှေ့ပိုင်းခရိုင်တရားရုံးမှ အမည်မဖော်လိုသူ ခရိုင်ရဲအရာရှိတစ်ဦးက ပြောသည်။
တရားရုံးလုပ်ထုံးလုပ်နည်းများအရ အမိန့်ချသည့်နေ့က ကြာသပတေးနေ့ဖြစ်နေသဖြင့် ကြားရုံးပိတ်ရက်များ ခံသွားသည့်အတွက် ယနေ့မှ အမိန့်ချသည့်စာမိတ္တူကို ထုတ်ယူရန် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ကတော့ ပြင်ဆင်ချက်တင်ဖို့အတွက် လုပ်နေပါတယ်။ ဒါပေမယ့် အဲဒီ အမှုကို လွှတ်ဖို့ စီရင်ချက်ချတာက ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့၊ ဒီကြားထဲ ရုံးပိတ်ရက်တွေကလည်းရှိနေတော့ ဒီနေ့မှ အဲဒီစီရင်ချက်ကို မိတ္တူကူးဖို့ လုပ်နေရတယ်။ အထက်က ဘယ်လိုဆက်ညွှန်ကြားမလဲတော့ မသိသေးဘူး” ဟု ၎င်းက ဆိုသည်။
အရှေ့ပိုင်းခရိုင် ဥပဒေရုံးသို့ သွားရောက်စုံစမ်းရာတွင် ၎င်းတို့အနေဖြင့် အထက်အဆင့်ဆင့်ကို တင်ပြပြီး အထက်မှ ခွင့်ပြုချက်များရပါက ညွှန်ကြားချက်အတိုင်း အမှုပြင်ဆင်ခွင့်ကို ပြုလုပ်သွားမည်ဖြစ်သော်လည်း လတ်တလောတွင် အထက်မှ လမ်းညွှန်ချက်များ မရရှိသေးသည့်အတွက် တိတိကျကျမပြောနိုင်သေးကြောင်း အရှေ့ပိုင်းခရိုင် ဥပဒေရုံးမှ တာဝန်ရှိသူ ဥပဒေအရာရှိတစ်ဦးက ပြောသည်။
ယခုလို အမှုရုတ်သိမ်းမှုများဖြင့်လွှတ်ပေးလိုက်ခြင်းသည် ဥပဒေအရ စီရင်ချက်မချမီ တရားရှင်လွှတ်ခြင်း၊ တရားလိုနှင့် စွပ်စွဲခံရသူ သက်သေများစိစစ်အပြီး အမှုမမြောက်သည့်အတွက် တရားသေလွှတ်ခြင်း စသည့် ပုံစံမျိုးမဟုတ်ပဲ တရားစွဲဆိုသည့်အမှုမျိုး မရှိသကဲ့သို့ မှတ်ယူရမည့်ပုံစံမျိုး ဖြင့် လွှတ်ပေးလိုက်ခြင်း ဖြစ်သောကြောင့် တရားရေးကျွမ်းကျင်သူများက ဝေဖန်နေကြခြင်းဖြစ်သည်ဟု ဥပဒေအကျိုးဆောင် တစ်ဦးဖြစ်သည့် ဦးခင်မောင်မြင့်က ဆိုသည်။
● ပါဝင်ပတ်သက်သူများ သိထားသင့်သည့်ဥပဒေ
ကိုအောင်ရဲထွေး သေဆုံးမှုတွင် အမှုစတင်စဉ်ကတည်းက ပုံစံမကျသည့် အချက်များကိုတွေ့ရှိခဲ့သည်က တရားလိုနေရာတွင် ကိုအောင်ရဲထွေး၏ မိဘများ သက်ရှိထင်ရှားရှိနေပါလျက် အစ်ကိုဖြစ်သူက တရားလို ပြုလုပ်ထားသည့်အချက်ကလည်း အပါအဝင်ဖြစ်သည်ဟု ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က သုံးသပ်သည်။
ထိုအချက်ကို စတင်တရားစွဲစဉ်ကတည်းက အမှုစစ်ရဲအရာရှိများအနေဖြင့် ကန့်ကွက်ကာ မိဘဖြစ်သူများကိုသာ တရားလိုပြုလုပ်ရန် စီစဉ်သင့်ခဲ့သလို ယခုလိုလူအုပ်ဖြင့် ဝိုင်းရိုက်သည့်အချက်တွင် ဆေးစာများကို အားကိုး၍မရကြောင်း သူက ဆက်ပြောသည်။
“ဆေးစာဆိုတာက ဘယ်ဒဏ်ရာနဲ့သေတယ်ဆိုတာပဲပါတာ။ ဘယ်သူ့လက်ချက်နဲ့သေတယ်ဆိုတာ မပါဘူး။ အခုလိုသာ အမှုရုတ်သိမ်းခွင့်သာပေးနေတော့မယ်ဆိုရင် လူသတ်ချင်ရင် ဝိုင်းရိုက်ကြတော့မှာပေါ့။ ဘယ်သူ့ လက်ချက်ဆိုတာ မသိတော့ရင် အမှုကိုရုတ်သိမ်းလိုက်လို့ရနေပြီပေါ့။ ဒါ တကယ့်အန္တရာယ်ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။
ယခုအမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ရဲအရာရှိမှအစ တရားသူကြီးများအဆုံး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၁၈ ပါ ပြဌာန်းချက်များကို အထူးသတိပြုရန်လိုအပ်သည်ဟု ၎င်းက ဆက်ဆိုသည်။
ပုဒ်မ ၂၁၈ အရ တစ်စုံတစ်ယောက်ကို ဆုံးရှုံးနစ်နာစေရန် သို့မဟုတ် အပြစ်မှကယ်ဆယ်ရန် မှားမှန်းသိလျက် ပြည်သူ့ဝန်ထမ်းတစ်ဦးသည် မှတ်တမ်းရေးသားချက်များကို မှားယွင်းစွာရေးသားပါက ထောင်ဒဏ်သုံးနှစ်အထိ ပြစ်ဒဏ်ပေး၍ရသည်ဟု ဆိုထားသည်။
ဟာသသရုပ်ဆောင် အောင်ရဲထွေး (ဓာတ်ပုံ - Aung Yell Htwe FB)
မောင်မောင်ကျော် (၈၈) ● ပြန်လည်အမှတ်ရမိနေတဲ့ စာအုပ်အငှားဆိုင်တွေ
$
0
0
မောင်မောင်ကျော် (၈၈) ● ပြန်လည်အမှတ်ရမိနေတဲ့ စာအုပ်အငှားဆိုင်တွေ
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၈
ဇာတိမြေသို့ပြန်ရောက်ခိုက်တွင်၊ စာအုပ်ဆိုင်များဖက်သို့ရောက်ဖြစ်ခဲ့သည့်နောက်ပိုင်း၊ ကျနော်တို့သိမှီခဲ့သည့်စာအုပ်အငှားဆိုင်များအကြောင်း အတွေးထဲပြန်ရောက်လာလေသည်။ စာအုပ်ဆိုင်များတွင် ခင်းကျင်းရောင်းချနေသော စာအုပ်အမျိုးအစားများကလည်းများပြားလှပြီး စာအုပ်အရေအတွက်ကလည်း စာအုပ်ပေါင်းထောင်သောင်းချီများလှသည်ဟု ထင်မိသည်။ မြင်မြင်သမျှ စာအုပ်အတော်များများကလည်း လိုချင်စရာတွေချည့်ဖြစ်နေတော့သည်။
“သြော် ... ဒီလောက်များတဲ့စာအုပ်တွေ၊ ဟိုတခေတ်တုန်းကလို၊ ငှားဖတ်လို့ရတဲ့ဆိုင်တွေသာဆိုကောင်းမှာဟု တွေးမိသည်”
ယနေ့ခေတ်သည် စာအုပ်ဝယ်ဖတ်သောခေတ်ဖြစ်လေသည်။ စာအုပ်ငှားဖတ်သောခေတ်သည် အတိတ်ကာလတွင် ကျန်ရစ် ခဲ့လေပြီ။ စာအုပ်ဝယ်ဖတ်ကြသောခေတ်ဟုဆိုသော်လည်း စာအုပ်ထုတ်ဝေရေး လုပ်ကိုင်နေကြသော ကျွန်တော့်မိတ်ဆွေအ ပေါင်းအသင်းတချို့ဆိုလျှင် ၎င်းတို့၏လုပ်ငန်း လည်ပတ်ရှင်သန်ရေးအတွက် ရုန်းကန်ကြိုးစားနေကြရသည်ကို တွေ့ရလေ သည်။
“စာအုပ်ဝယ်ဖတ်နိုင်ကြတဲ့ခေတ်မှာ စာအုပ်တွေက ဘာလို့သိပ်ပြီးအဆင်မပြေကြတာလည်းဗျာ” ဟု စာအုပ်ထုတ်ရေးလုပ်ကိုင်နေသောမိတ်ဆွေတချို့ကို မေးကြည့်ဖူးသည်။ ထိုသူများ၏အသေးစိတ်ရှင်းပြမှုကြောင့် စာအုပ်ဝယ်ဖတ်သော ယနေ့ ခေတ်ကာလတွင် စာအုပ်ထုတ်အုပ်သူများ၏ အခက်အခဲများကို အတော်အတန်ပင် သဘောပေါက်နားလည်နိုင်ခဲ့လေသည်။ စာအုပ်ဝယ်ဖတ်ကြတဲ့ခေတ်ဆိုပေမယ့်၊ စာအုပ်အငှားဆိုင်ခေတ်က အသွင်တမျိုးနဲ့ ပြန်လာရင်ကောင်းမှာဗျာဟု မိတ်ဆွေ တချို့ကို ပြောဖြစ်ခဲ့သေးသည်။
ကျနော်တို့သည် မိမိတို့နေထိုင်ရာပတ်ဝန်းကျင်တွင်၊ နေ့စဉ်တွေ့ နေမြင်နေကြ အရေးကိစ္စများကို တွေ့နေကြမြင်နေကြဖြစ် သောကြောင့် သာမန်ထမင်းစားရေသောက် အရေးကိစ္စများအဖြစ်လောက်သာ သဘောထားတတ်ကြလေသည်။ ယနေ့စာ အုပ်ဝယ်ဖတ်သောခေတ်တွင် တခေတ်တခါတုန်းကရှိခဲ့၊ ထွန်းကားခဲ့ဖူးသောစာအုပ် အငှားဆိုင်များအကြောင်းကိုလည်း ထို သို့ပင် သဘောထားကောင်းထားကြပေလိမ့်မည်။
“အို ... စာအုပ်ငှားတဲ့ဆိုင်က ဘာများထူးထူးဆန်းဆန်းရှိလို့လဲ” သဘောထားကောင်း ထားကြပေလိမ့်မည်။ ထိုသို့ အတွေး ရှိကြ၊ သဘောထားရှိကြသည်ကိုလည်း မှားသည်ဟု မပြောနိုင်ပေ။ ဤသည်မှာရှုဒေါင့်တမျိုးမှ မြင်ကြည့်သည့်အမြင်ဖြစ်ပေ သည်။ ကျနော်လည်း ထိုသို့သောအမြင်မျိုးရှိခဲ့ဖူးပါသည်။ သို့သော် ယခုအချိန်တွင် ထို့သို့သောအမြင်မရှိတော့ပါ။ စာအုပ် အငှားဆိုင်လုပ်ငန်းဆိုသည်မှာ မြန်မာပြည်၏လူမှုစီးပွားသမိုင်တွင် ကာလအတန်ကြာ တည်တံ့ထွန်းကားခဲ့ဖူးသော အငှား ဝန်ဆောင်မှုလုပ်ငန်းတမျိုးအဖြစ် သဘာထားတတ်လာခ်ျိန်တွင်၊ ထိုစာအုပ်အငှားဆိုင်များအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် လျှောက်တွေးဖြစ်ခဲ့လေသည်။
အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းကိုတော့ တလည်တလည်ဆိုသောစကားသည်၊ အသစ်များကိုငြင်း ပယ်ခြင်းမဟုတ်ပေ။ လွမ်းလောက်စရာကောင်းသော၊ လွမ်းတသတသဖြစ်နေမိသော အဟောင်းကိုတမ်းတမိခြင်းကို ဆိုလို သည်ဟု ကျွန်တော်ယူဆပါသည်။ ကျွန်တော်တို့ဖြတ်သန်းခဲ့ကြသော အတိတ်ကာလဆီမှ လွမ်းချင်စရာကောင်းသော အဟောင်းတို့ကိုလည်း တခါတရံတွင် လွမ်းမိကြပေလိမ့်မည်။ ထိုသို့သော လွမ်းမိလောက်စရာအကြောင်းအရာများထဲမှ၊ စာအုပ်အငှားဆိုင်များအကြောင်းပြန်တွေးရင်း၊ စာတပုဒ်အဖြစ် ချရေးကြည့်ဖြစ်ခဲ့လေသည်။
စာအုပ်အငှားဆိုင်ဆိုသည်မှာ စာပေမီဒီယာလောနှင့် ဆက်နွယ်နေသည့်ဝန်ဆောင်မှုလုပ်ငန်းတမျိုးဖြစ်လေသည်။ ထိုခေတ်အခါကစာအုပ်အငှားဆိုင်လုပ်ငန်းများသည် မိမိတို့ အငှားဆိုင်လုပ်ငန်းကိုနာမည်ကို စာပေဟုနာမည် တပ်လေ့ရှိကြလေ သည်။ ဥပမာ… ရွှေအင်းဝစာပေ၊ လမင်းတရာစာပေ၊ တကောင်းစာပေစသည်အားဖြင့် အမည်ပေးလေ့ရှိကြလေသည်။ စာအုပ်ထုတ်ဝေရေးလုပ်ငန်းတချို့ကလည်း စာပေဆိုသောအသုံးအနှုန်းကို ၎င်းတို့၏ လုပ်ငန်းအမည်တွင်သုံးလေ့ရှိကြလေသည်။ စာအုပ်ထုတ်ဝေရေးလုပ်ငန်းအများစုလည်း ထိုသို့သောစာပေဆိုသည့်စကားလုံးကို ၎င်းတို့၏လုပ်ငန်းအမည်တွင်သုံးစွဲ နေကြဆဲဖြစ်သည်ကို တွေ့ ရလေသည်။ ကျနော်နေထိုင်ကြီးပြင်းခဲ့ရာ တောင်ဥက္ကလာမြို့နယ်မှ စာအုပ်အငှားဆိုင်တခုဆို လျှင် သူတို့၏စာအုပ်အငှားဆိုင်နာမည်ကို အခြားသူများနှင့်မတူ၊ အနည်းဆန်းသစ်ထားသည်ကို အမှတ်ရနေမိသည်။ ၎င်း တို့က စာအုပ်အငှားဆိုင်နာမည်ကို “မြကန် စာပေဆက်ဆံရေး”ဟု အမည်ပေးထားလေသည်။ ထိုနာမည်ကို ကျနော် အလွန် သဘောကျမိပါသည်။ စာပေဆက်ဆံရေးဟုဆိုသည့်အတွက် စာအုပ်အငှားဆိုင်တို့၏ သဘောသဘာဝနှင့်လည်း ကိုက်ညီ လှလေသည်။ (ထိုစာအုပ်ဆိုင်ကလေးလည်း နဝတခေတ်တွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါသည်။ ထိုစာအုပ်ဆိုင်ကိုထူ ထောင်သူမှာ ဦးဌေးသွင်ဖြစ်ပါသည်။ နောင်အခါတွင် ပြည်သူ့တိုးတက်ရေးပါတီ၏ တောင်ဥက္ကလာပမြို့နယ်အတွင်းရေးမှူး)
အဘယ်ကြောင့်ဆိုသော်ထိုလုပ်ငန်း၏ထူးခြားသော စရိုက်လက္ခဏာသဘောသဘာဝအရ ရပ်ထဲရွာထဲမှ စာဖတ်ပရိသတ် ပြည်လူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုပြုရသော လူထုဆက်ဆံရေးနှင့်ယှဉ်တွဲနေသော စာပေမီဒီယာဝန်ဆောင်မှုတမျိုးဖြစ်လေသည်။ စာအုပ်အငှားဆိုင်ပိုင်ရှင်တို့သည် စာအုပ်ငှားသူစာဖတ်ပရိတ်သတ်၏ သဘောထားတုန့်ပြန်ချက်များကို အမြဲ လေ့လာနေကြသူများဖြစ်ကြပြီး၊ စာဖတ်သူပရိတ်ပြည်သူများ၏သဘောထားများ၊ ကိုမျက်ခြေမပြတ် သိရှိနားလည်သူများ လည်းဖြစ်ကြလေသည်။ အဘယ်ကြောင့်ပါနည်း .. တချိန်တုန်းက စာအုပ်အငှားဆိုင်များသည် လူနေထူထပ်သော ရန်ကုန် မြို့လယ်ရှိ လူနေရပ်ကွက်များမှသည် ဆင်ခြေဖုံးအရပ်များ၊ နယ်မြို့များရှိ ရပ်ကွက်၊ ကျေးရွာများအထိ၊ ဆိုင်အရွယ်အစား အကြီးအသေး စုံလင်လှပြီး၊ လူထုလူ လူတန်းစားအလွှာအသီးသီးမှ စာဖတ်သူပရိတ်သတ်အမျိုးမျိုးနှင့် ထိတွေ့ ဆက်ဆံ နေရသော လူမှုစီးပွားရေးဆိုင် ရာလုပ်ငန်းတမျိုးဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်ပါသည်။
ထိုခေတ်အခါကပြည်ထောင်စုမြန်မာနိုင်ငံတော်တဝန်းလုံးတွင် မြို့နယ်ပေါင်း ၄ဝဝ ခန့်ရှိသည့်အနက်၊ ဝေးလံခေါင် ဖျားဒေသများနှင့် စစ်ဖြစ်နေသောနေရာဒေသများမှလွဲ၍ မြို့နယ်ပေါင်း ၃ဝဝ ကျော်ခန့်တွင် စာအုပ်အငှားဆိုင်ပေါင်း ရာ ထောင်ချီ၍ရှိခဲ့ကြပါသည်။ ထိုသို့ ရာထောင်ချီများပြားလှသောစာအုပ်အငှားဆိုင်များမှ စာအုပ်ငှား၍ဖတ်ခဲ့ကြသော စာဖတ် သူအပေါင်းသည်လည်း ရာထောင်ထောင်သောင်း၊ သိန်းဂဏန်းချီပြီး များပြားခဲ့ကြပေသည်။ စာဖတ်သူများသည် လိုင်းစုံဖြစ် ပါသည်။ အပျော်ဖတ်စာအုပ်များကို ဖတ်သူများ၊ သုတ၊ ရသစာအုပ်များကို ဖတ်ရှုသူများ စသည်အားဖြင့် အကြမ်းဖျဉ်း မှတ်ယူနိုင်လေသည်။ အပျော်ဖတ်များတွင် ကလေးများဖတ်သည့်ကာတွန်းများ အပါအဝင် အလွန်ခေတ်စားခဲ့ဖူးသော သိုင်း ဝတ္ထုများအဆုံး စာအုပ်အမျိုးအစားအတော်များများ ပါဝင်ကြလေသည်။ သုတ၊ ရသများအပိုင်းတွင်လည်း အငှားဆိုင် တွင်အတင်များကြသည်မှာ ရသစာအုပ်များ၊ ရသစာများပါဝင်သော လစဉ်ထုတ်မဂ္ဂင်းများက အများစုဖြစ်ကြလေသည်။ သု တပိုင်းအနေဖြင့် မဂ္ဂဇင်းအချို့ အောင်မြင်ခဲ့ကြဖူးပါသည်။
စာအုပ်အငှားဆိုင်များရှိနေခဲ့ခြင်းသည်၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းများအတွက်လည်း အကျိုးရှိသည့်လုပ်ငန်းဖြစ်သကဲ့သို့လိုင်းစုံစာအုပ်များတွင်ပါဝင်ရေးသားကြသော စာဆိုအပေါင်း၏အယူဆအများ၊ အတွေးအခေါ် အလှအပများ စာဖတ်သူ ပရိ သတ်ဆီသို့ ပုံမှန်အစဉ်ဆက်မပြတ် စီးဆင်းနေခဲ့ပြီး၊ တနည်းအားဖြင့် စာရေးသူများနှင့် စာဖတ်ပရိသတ်တို့ အဆက်အသွယ် မပြတ်ခဲ့ကြ။ ထိုလုပ်ငန်းနှင့်ဆက်နွယ်ပြီး စာအုပ်မီဒီယာလုပ်ငန်းနှင့် ဆက်နွယ်နေသောအင်အာစုများ ပုံမှန်လည်ပတ်ရှင် သန်နေခဲ့ကြလေသည်။ သင်္ချာသဘောအရဆိုရသော် မျှခြေဖြစ်နေသည့်အနေအထားဟုပင် ဆိုရပေမည်။ ထိုစာအုပ်အငှားဆိုင်ဝန်ဆောင်မှုလုပ်ငန်းနှင့် ဆက်နွယ်နေသောအင်အားစုများက များလှပေသည်။ ထုတ်ဝေသူများ၊ စာရေးသူများ၊ ပန်းချီ ဒီဇိုင်းပညာရှင်များ၊ ဓါတ်ပုံဆရာများ၊ ဓါတ်ပုံသရုပ်ဆောင် မော်ဒယ်များ၊ ထိုမော်ဒယ်များအတွက် အလှပြင်ပေးသူများနှင့် ၄င်းတို့၏အလှပြင်ဆိုင်လုပ်ငန်းများ၊ ပုံနှိပ်စာမူအဖြစ်ရောက်ရှိလာရေးအတွက် အပိုင်းတွင်လည်း၊ အယ်ဒီတာအဖွဲ့ဝင်များ၊ ပုံနှိပ်ရေးအပိုင်းတွင်လည်း ဘလောက်တုံးလုပ်သူများ၊ ကာလာခွဲလုပ်ငန်းများအပါအဝင်၊ ပုံနှိပ်သူများမှအစ၊ စာအုပ်ချုပ် လုပ်ငန်းများအဆုံး အလုပ်အကိုင်များဖြစ်နေခဲ့ကြလေသည်။
ထိုမှသည်စာအုပ်အဖြစ်သို့ရောက်ရှိလာသည့်အခါတွင်လည်း၊ ဖြန့်ချိရေးကဏ္ဍနှင့်ဆက်နွယ်နေသောအင်အားစုများ၏ အ လုပ်ဖြစ်လာပြန်လေသည်။ ထိုစာအုပ်များ စာအုပ်အငှားဆိုင်များဆီသို့ရောက်သွားသည့်အခါတွင်လည်း စာအုပ်အငှား ဆိုင်များ အလုပ်ဖြစ်လာပြန်သည်။ စာဖတ်သူပရိသတ်အနေဖြင့်စာအုပ်များငှားခြင်း၏ အဓိကရည်ရွယ်ချက်မှာ စာအုပ်များကို အဖိုးအခသက်သာစွာဖြင့် ဖတ်ရှုနိုင်ရန်ဖြစ်သောကြောင့် စားသုံးသူ၏ လိုအင်ဆန္ဒပြည့်ဝကြလေသည်။ အမှတ်တရ သိမ်း ဆည်းလိုသောစာအုပ်များကိုသာလျှင် ဝယ်ယူသိမ်းဆည်းရန် လိုအပ်လေသည်။ စာအုပ်အငှားဆိုင်လုပ်ငန်းကဏ္ဍကြီး တစတစနှင့်ဆုတ်ယုတ်ကျဆုံးလာသည့်အခါ၊ ထိုလုပ်ငန်းကဏ္ဍကြီးနှင့် ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဖြစ်နေသော စီးပွားရေး၊ အင် အားစုများလည်း ထိခိုက်လာကြလေသည်။ စာအုပ်အငှားဆိုင်ကဏ္ဍသည်လည်း ရာဇဝင်ထဲမှ၊ ကုန်ထုတ်လုပ်ငန်းတမျိုးဖြစ်လာလေသည်။
အဟောင်းတို့ချုပ်ငြိမ်းပြီး အသစ်တို့ပေါ်ထွန်းလာကြသည့် သဘာဝနိယာမရှိသော်လည်း၊ ရာဇဝင်ဘီးတပတ်ပြန်လည်တတ်သည့်သဘောကိုလည်း အထူးသတိရမိသည့်အတွက်၊ ရာဇဝင်ဘီးကလေးများတပတ်ပြန်လည်သည်ရှိခဲ့သော်ဆိုသည့် အ တွေးစ၏လမ်းကြောင်းကို လိုက်ပါခံစားတွေးတောရင်း စာအုပ်အငှားဆိုင်လုပ်ငန်းအသွင်သစ်များဖြစ်နိုင်ချေရှိမှုကိုလည်း တွေးမိသည်။ ကျနော်တို့တွေ့ ကြုံခဲ့မှီခဲ့ဖြတ်သန်းခဲ့ဖူးသော စာအုပ်အငှားဆိုင်လုပ်ငန်းသည် ဝန်ဆောင်မှုလုပ်ငန်းထုတ်ကုန်တမျိုးဖြစ်သောကြောင့်၊ ပြောင်းလဲလာသောလူမှုရေးနိုင်ငံရေး၊ စီးပွားရေး ခေတ်စနစ်များတွင်စားသုံးသူတမျိုးဖြစ်သော စာ ဖတ်ပရိသတ်များသည်လည်း ကုန်ပစ္စည်းအသစ်များ (သို့မဟုတ်) ပို၍ဆန်းသစ်သောဝန်ဆောင်မှုများကို ပို၍စိတ်ဝင်တစားရှိခဲ့ကြပေလိမ့်မည်။ ထို့ကြောင့် ကုန်ထုတ်အင်အားစုများအနေဖြင့်လည်း မိမိတို့ထုတ်ကုန်ကိုဝန်ဆောင်မှုပိုင်းဆိုင်ရာများကို ပြင်ဆင်မှုများလုပ်၍ ပရိတ်သတ်များကိုစွဲဆောင်မှုပြု၍ အရောင်းအဝယ်ပုံစံအသစ်ဖြစ်စေရန် ကြိုးပမ်းအားထုတ်ကြရပေ လိမ့်မည်ဟု ကျနော်ယူဆပါသည်။  ဥပမာ….စာဖတ်သူတိုင်းသည် ကျပ်ငွေတထောင်၊ နှစ်ထောင်မှစပြီး၊ ကျပ်ငွေထောင် ဂဏန်း၊ သောင်းဂဏန်း တန်ဖိုးများရှိသောစာအုပ်များကို လူတိုင်းမဝယ်နိုင်ကြပါ။ ဝယ်နိုင်သူများကလည်း များစွာမဝယ်နိုင်ကြ ပါ။ အချို့စာဖတ်လို ပြီးအပိုင်ဝယ်ယူရန် အခက်အခဲရှိသောစာဖတ်သူများအတွက်၊ အသွင်သစ်၊ ဝန်ဆောင်မှုပုံစံအသစ်များဖြင့် အထူးစီ ရင်ဖန်တီးထားသောစတိုင်အသစ်တမျိုးဖြင့် ပြန်လည်၍ပွဲတိုးကြမည်ဆိုလျှင်ဆိုသည့်အတွေးလည်း ဖြစ်မိပါသည်။
စာရေးခြင်းသည်အသိပညာမျှဝေပေးခြင်းတမျိုးဖြစ်ပြီး၊ မွန်မြတ်သည့်အလုပ်တမျိုးဖြစ်လေသည်။ ထိုသို့သော မွန်မြတ်သည့် အလုပ်ဖြင့် စာဖတ်ပရိသတ် ပြည်သူသန်းပေါင်းများစွာကို ကာလကြာရှည်စွာ အလုပ်အကျွေးပြုခဲ့သည့် စာပေအနုပညာရှင် များနှင့် ၎င်းတို့၏ လူမှုစီးပွား၊ နိုင်ငံရေးအသိုင်းအဝန်းဆိုသည်မှာ တနည်းဆိုရသော် မြန်မာ့စာပေမီဒီယာစစ်မျက်နှာမှ လူချွန် လူကောင်းများဖြစ်ကြလေသည်။ ထိုလောကထဲတွင် ကျနော်၏ မိတ်ဆွေများ၊ မြင်ဆရာ၊ ကြားဆရာများ၊ များစွာရှိကြပါ သည်။ ထိုလူတော်များသည်၊ စာအုပ်အငှားဆိုင် (သို့မဟုတ်) ထိုလုပ်ငန်းသဘောသဘာဝကို အခြေခံသည့် မီဒီယာဝန် ဆောင်မှုလုပ်ငန်းတခေတ်ကို ထူထောင်ကြမည်ဆိုသော် အတိုင်းထက်အလွန် ဝမ်းသာစရာဖြစ်မည်ဟုတွေးရင်း၊ ကံ့ကော် မြေမှ ချောင်ကျကျလက်ဘက်ရည်ဆိုင်တဆိုင်၏ အတွင်းပိုင်းချောင်ကျကျစားပွဲတခုတွင်၊ လက်ဘက်ရည်တခွက်မှာ သောက်ရင်း ဆိုင်မှငှားလာသော ဝတ္ထုစာအုပ် တအုပ်ကို ဇိမ်နှင့်ထိုင်ဖတ်ခဲ့ဖူးသည့် အတိတ်ကာလအချိန်တချို့ကို လွမ်း လွမ်းဆွေးဆွေး ပြန်လည်အမှတ်ရလာမိခဲ့လေသည်။
မောင်မောင်ကျော် (၈၈)
မေလ ၅ ရက်၊ အေဒီ ၂ဝ၁၈
ဇင်လင်း ● တတိယအကျော့ ၂၁ ရာစု ပင်လုံညီလာခံအလွန် ရွှေပြည်တော်နှင့် အနီးအဝေး
$
0
0
ဇင်လင်း ● တတိယအကျော့ ၂၁ ရာစု ပင်လုံညီလာခံအလွန် ရွှေပြည်တော်နှင့် အနီးအဝေး
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၈
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ မှ ဇူလိုင် ၁၆ ရက်များအတွင်း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ ကဏ္ဍအလိုက် အခြေခံမူ အဆိုပြုချက်များကိုတင်သွင်းကြရာ နိုင်ငံရေးကဏ္ဍ အခြေခံမူ အဆိုပြုချက်ကို တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ကလည်းကောင်း၊ စီးပွားရေးကဏ္ဍ အခြေခံမူအဆိုပြုချက်ကို အစိုးရအစုအဖွဲ့ ကိုယ်စားလှယ် ဦးလှမောင်ရွှေ ကလည်းကောင်း၊ လူမှုရေး ကဏ္ဍ အခြေခံမူအဆိုပြုချက်ကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ် ဦးနိုင်ငံလင်းကလည်းကောင်း၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူအဆိုပြုချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအစုအဖွဲ့ ကိုယ်စားလှယ် ခွန်မြင့်ထွန်းကလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ထို့နောက် အစိုးရအစုအဖွဲ့ကိုယ်စားလှယ်ဦးကျော်ကျော်ဟန်၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးမင်းဦး၊ တပ်မတော် အစုအဖွဲ့ကိုယ်စားလှယ်ဗိုလ်ချုပ်စိုးနိုင်ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် နိုင်အောင် မငေးနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် စောထွန်းအောင်မြင့်တို့က ကဏ္ဍအလိုက်တင်သွင်းသည့် အခြေခံမူ အဆိုပြုချက် အချက် ၁၄ ချက်ကိုထောက်ခံ ဆွေးနွေးကြကြောင်း သိရသည်။  ဦးဆောင်သဘာပတိ ပဒိုစော ကွယ်ထူးဝင်းက ကဏ္ဍအလိုက် တင်ပြလာသည့် နိုင်ငံရေးကဏ္ဍ အဆိုပြုချက် ၄ ချက်၊ စီးပွားရေးကဏ္ဍ အဆိုပြုချက် ၁ ချက်၊ လူမှုရေးကဏ္ဍ အဆိုပြုချက် ၇ ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ အဆိုပြုချက် ၂ ချက် စုစုပေါင်း ၁၄ ချက်အပေါ် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်သားအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ထောက်ခံတင်ပြပြီးဖြစ်သဖြင့် ကဏ္ဍအလိုက် အဆိုပြုချက် အခြေခံမူများ အားလုံးကို တစ်ပေါင်းတစ် စည်းတည်း အတည်ပြုကြောင်း ကြေညာခဲ့သည်ဟု ဆိုသည်။
၎င်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) မှ တင်သွင်းလာသော စာတမ်းများအား UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးဝင်းက မှတ်တမ်းတင်ရန် ညီလာခံသို့ အဆိုပြုတင်သွင်းရာဦးဆောင် သဘာပတိက မှတ်တမ်း တင်ကြောင်းကြေညာခဲ့သည်။ ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံတတိယအစည်းအဝေးမှ အ တည်ပြုခဲ့သော သဘောတူညီချက် ၁၄ ချက်ကိုပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အစိုးရ အစုအဖွဲ့မှ ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ်ဦးအောင်စိုး၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်စန်းမြင့်၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ် ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီ အစု အဖွဲ့ ကိုယ်စားလှယ် ဦးသုဝေတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
‘ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၂)’ တွင် အသိသက်သေအဖြစ် အစိုးရအစုအဖွဲ့ တိုင်းရင်းသား ကိုယ် စားလှယ် ဦးထုံဖူးဒဂုဏ်၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ တိုင်းရင်းသား ကိုယ်စားလှယ် နန်းစေးအွာ၊ နိုင်ငံရေးပါတီ အစုအဖွဲ့တိုင်းရင်းသားကိုယ်စားလှယ် တာမြင့်ကျော်၊ အစိုးရအစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူကိုယ်စားလှယ် ဦးကျော်ဝင်း၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ် ဦးလှကျော်အောင်နှင့် နိုင်ငံရေးပါတီအစု အဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ် နန်းခမ်းအုံတို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ သို့ဖြစ်၍ ကျင်းပပြီးစီးသည့် ‘ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေး’ မှ သဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ယခင်ကျင်းပခဲ့သည့် ဒုတိယ အစည်းအဝေးတွင် သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ် အပိုင်းတစ်ရပ်အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် ပြည်ထောင်စုသဘောတူ စာချုပ်တွင် အချက်ပေါင်း ‘၅၁’ ချက် ထည့်သွင်းနိုင်ခဲ့ပြီဖြစ်သည်။
ညီလာခံဆွေးနွေးပွဲမှ ရလဒ်များကို လေ့လာသုံးသပ်မည်ဆိုပါက အလားအလာကောင်းများတွေ့ရသကဲ့သို့   ဆက်လက် ၍ အခြေအတင် ပြောဆိုဆွေးနွေးစရာများလည်း အမြောက်အမြားရှိနေဦးမည်မှာ သေချာသည်။ ညီလာခံသည် အားရစရာ မရှိသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်လက်ပြုလုပ်နိုင်ခြင်း၊ ရလဒ်ပိုင်းအားနည်းသော်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိန်းသိမ်းပေးသည့် ညီလာခံဖြစ်ခြင်း အစရှိသော အခြေအနေမျိုးတွေ့ရသဖြင့် အကျိုးရှိသည်ဟု မြင်ကြောင်း ပအိုဝ်းအဖွဲ့(PNLO)ဒုဥက္ကဋ္ဌခွန်မြင့်ထွန်း သုံးသပ်သည်။ ယခု ၂၁ ရာစုပင်လုံ ကျင်းပနိုင်ခြင်းသည် တစ်နှစ်ကျော် ပိတ်ဆို့နေ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လမ်းကြောင်းပွင့်စေသည်ဟု ပအိုဝ်း အဖွဲ့ ဒုဥက္ကဋ္ဌခွန်မြင့်ထွန်းက ပြောကြားသည်။
ညီလာခံဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာ၌့ NCA သဘောတူညီမှုသည် မတူကွဲပြားသည့် အင်အားစုများ အကြား ရခဲလှသော ဆုံချက်တစ်ခု၊ မျှခြေတစ်ရပ်အနေဖြင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ခိုင်မာသည့် စာချုပ် စာတမ်းတစ်ခု၊ ပဋိညာဉ်စာတမ်းတစ်ရပ်အဖြစ် တိုင်းသိ၊ ပြည်သိ၊ နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့်အတူ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ ဤသဘောတူစာချုပ်သည် အလုံးစုံပြီးပြည့်စုံပြီဟု မဆိုနိုင်သော်လည်း၊ ရန်ဘက်အသွင် ဆောင်၊ တိုက်ပွဲများဖော်ဆောင်ခဲ့ကြသူတို့အကြား သဘောတူလက်ခံနိုင်သော ပဋိညာဉ်တစ်ရပ် ရရှိစေရန် အပင်ပန်းခံ၍ စိတ်ရင်းစေတနာကောင်းဖြင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသူအားလုံးကို တိုင်းရင်းသား ပြည်သူလူထုရဲ့ကိုယ်စား ကျေးဇူး တင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က “ဒါပေမယ့်လည်း ကျွန်မတို့ရဲ့ NCA ထီးရိပ်အောက်ကို ငြိမ်းချမ်းရေးဖြစ်စဉ် ရဲ့ အစပိုင်း မှာ ထဲထဲဝင်ဝင်ပါဝင်၊ အားကြိုးမာန်တက် ဆွေးနွေးခဲ့ကြတဲ့ အစုအဖွဲ့အချို့ ပါဝင်လာနိုင်ခြင်း မရှိသေးပါဘူး။ အလားတူ အစိုးရနဲ့ နှစ်ဖက် သဘောတူညီချက် Bilateral Agreement တွေကို စောင့်ထိန်းလိုက်နာပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေကို ရှောင်ရှားနိုင်တဲ့ အစုအဖွဲ့တွေလည်း ပါဝင်လာနိုင်ခြင်း မရှိသေးပါဘူး။ ဒီအဖွဲ့တွေ ပါဝင်လာနိုင်ဖို့ကိုလည်း ကျွန်မတို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါး အစဉ်အမြဲ ဖွင့်လှစ်ထားပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းကြောင်းနဲ့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ အလုံးစုံအားလုံးပါဝင်နိုင် ဖို့ အင်မတန်မှ ခက်ခဲနိုင်မယ်ဆိုတာ သိထားပေမယ့်လည်း ကျွန်မတို့ နိုင်ငံ၊ ကျွန်မတို့ ပြည်ထောင်စုရဲ့ သမိုင်းဝင်နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ဒီအဖွဲ့တွေ ပါဝင်လာနိုင်ခြင်း မရှိသေးတာကြောင့် ပြီးပြည့်စုံပြီလို့ မဆိုနိုင်သေးပါဘူး။ လစ်ဟာချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကျွန်မတို့အနေနဲ့ အချိန်တိုင်း ဆက်ပြီးကြိုးစားနေဦးမှာ ပါပဲ။” ဟု ပြောကြားခဲ့သည်။
ညီလာခံ အခင်းအကျင်းနှင့် အခြေခံရလဒ်များကို လေ့လာကြည့်ပါ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် လက်ရှိအစိုးရ အနေဖြင့် ငြိမ်းချမ်းရေးအတွက် စိတ်ရောကိုယ်ပါ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်နေသည်ကို မြင်ရသည်။ အစိုးရ က ထိုကဲ့သို့ ငြိမ်းချမ်းရေးကိစ္စ အားတက်သရောဆောင်ရွက်နေချိန်၌ တပ်မတော်က စစ်ဆင်ရေးများ ယာယီ ရပ်ဆိုင်းထား နိုင်လျှင် တိုင်းရင်းသားအဖွဲ့များ၏ ယုံကြည်မှု ပိုမိုရရှိစေမည်ဖြစ်သည်။ ညီလာခံကျင်းပနေစဉ် ရှမ်းပြည်တောင်ပိုင်း တပ်မ တော် (RCSS/SSA) နယ်မြေ အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းသည် မကောင်းဟုဆိုရမည်။ ယင်းကိစ္စနှင့် ပတ်သက် ၍ ရှမ်းပြည်တပ်မတော် တောင်ပိုင်း ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က  RCSS/SSA တပ်များအနေဖြင့် ဗမာပြည်မသို့ သွား ရောက်ခဲ့ခြင်း မဟုတ်သောကြောင့် အစိုးရ တပ်မတော်က RCSS အား နယ်မြေကျူးကျော်သည်ဟု မသုံးစွဲသင့်ကြောင်း ရှမ်းမီဒီယာတခုနှင့် ရုပ်သံတွေ့ဆုံမေးမြန်းခန်း ၌ ပြောကြားခဲ့သည်။ ငြိမ်းချမ်းဖြစ်စဉ် တန့်နေရခြင်းမှာ တပ်မတော်ကြောင့် ဖြစ်ကြောင်း  ဗိုလ်ချုပ်ကြီး ယွက်စစ်က ရုပ်သံတွေ့ဆုံမေးမြန်းခန်း တွင် ပြောကြားထားသည်။
“စစ်တပ်က အန်စီအေ အပစ်ရပ်စာချုပ်အတိုင်း မလုပ်ဆောင်သလို အပစ်ရပ်ပြီးလို့ နိုင်ငံရေး ဆွေးနွေးနေတယ် ဆိုပေမယ့် အင်အားသုံးပြီး မကြာခဏလာတိုက်နေတယ်။ ကျွန်တော်တို့ဘက်က စတိုက်တာ မရှိပေမယ့် သူတို့ကပဲ  လာလာ တိုက်နေ တယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။
“သူတို့က ကျွန်တော်တို့ကို နယ်မြေကျူးကျော်တယ်ဆိုပြီးပြောတယ်။ ဘယ်နေရာမှာ နေရမယ်ဆိုတာ ဆုံးမှ မဆုံးဖြတ်ရ သေးတာ။ ရှမ်းတပ်က ရှမ်းပြည်အတွက် အလုပ်လုပ်တော့ ရှမ်းပြည်ထဲသွားလာနေတာပဲ။ ဗမာပြည်ကို သွားမရှုပ်ဘူး သွားလည်းမသွားဘူး။ ဒါကိုဘာလို့ နယ်မြေကျူးကျော်တယ်လို့ ပြောတာလဲ။” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြား သည့် ရုပ်သံကို ‘သျှမ်းသံတော်ဆင့် သတင်း’ က ဖော်ပြခဲ့သည်။
ဇူလိုင်ပထမအပတ်က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးတွင်  ရှမ်းပြည် အနှန့်ရှိ  RCSS/SSA တပ်များကို ထိုင်းနယ်စပ် ‘မုန်းထော့ မုန်းထားဒေသ’ သို့ ပြန်ဆုတ်ရန် တပ်မတော်ဘက်က ညွှန်ကြား ခဲ့သည်ဟု ဆိုသည်။ ယင်းနောက်ပိုင်း အပစ်ရပ် RCSS/SSA တပ်နှင့် တပ်မတော်တို့အကြား စစ်ရေးတင်းမာမှု   ရှမ်းပြည် အ လယ်ပိုင်းဒေသ မိုင်းကိုင်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်ကို တွေ့ရသည်။
လွန်ခဲ့သော သီတင်းပတ်အတွင်း မိုင်းကိုင် ဟမ်းငိုင်းဒေသဘက်၌ တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ဒေသခံ ၁ဝဝဝ ကျော် နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု ‘သျှမ်းသံတော်ဆင့် သတင်း’ က ဖော်ပြခဲ့သည်။ ဇူလိုင် ၁၈ ရက်၊ ၁၉ ရက်နေ့များကလည်း မိုင်း ကိုင်ဒေသတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများကို ကိုးကား၍ ‘သျှမ်းသံတော်ဆင့် သတင်း’ က ဖော်ပြခဲ့သည်။
အပစ်ရပ်အဖွဲ့များ အနက် RCSS/SSA သည် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံးအဖွဲ့လည်းဖြစ်သည်။
နေပြည်တော်တွင် လုပ်ခဲ့သော ၂၁ ပင်လုံ တတိယအကြိမ် အစည်းအဝေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဝေဖန် ပြောကြားရာ၌ ညီလာခံသည်  အစိုးရက နာမည်ယူအမြတ်ထုတ်သည့် ညီလာခံဖြစ်၍ အကျိုးမရှိဟု ဆိုသည်။ ပြည်သူနှင့်  ကမ္ဘာကို လှည့်စား၍ သိက္ခာဆယ်သည့် ညီလာခံသာ ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ဝေဖန်ပြောဆိုထားသည်။
၂၁ ပင်လုံ တတိယအကြိမ်ညီလာခံတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းသည် နိုင်ငံရေးပါတီများနှင့်  တိုင်းရင်း သားလက်နက်ကိုင်များက ပြည်သူကို ကိုယ်စားမပြုဘဲ တပ်မတော်ကသာ ပြည်သူအားလုံးကို ကိုယ်စားပြုသည်ဟု ဆိုထား ခြင်းအပေါ် ၎င်းက ယခုကဲ့သို့ သုံးသပ်ပြောဆိုခဲ့သည်။
“ကျနော်တို့ ပစ်ခတ်တိုက်ခိုက်လာကြတာ နှစ်ပေါင်း ၆ဝ ရှိပြီ။ ဘယ်သူမှမနိုင်ဘဲ ဘယ်သူမှမရှုံးဘူး။ ဦးသိန်းစိန်အစိုးရ တက် လာပြီး နိုင်ငံရေးဆွေးနွေးဖို့လမ်းဖွင့်ပေးမှ ကျနော်တို့အပစ်ရပ်ကြတာလေ။ တပ်မတော်ဆိုတာကလည်း ပြည်သူ လူထုရဲ့ တပ်မတော်ဘဲ။ လူထုကို ကိုယ်စားပြုမပြု ဒါဖွင့်ပြောစရာမလိုဘူး တကမ္ဘာလုံးက သိနေတယ်။ တပ်မတော်ဆိုတာ ၁၉၆၂ ဦးနေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်းနဲ့ အာဏာကြီးမားကျယ်ပြန့်လာတယ်။ တနိုင်ငံလုံးကို အုပ်ချုပ် မင်းလုပ် လာတယ်။ သူတို့တက်လာပြီးနောက်လူထုက တဖြည်းဖြည်း မွဲပြာကျလာတယ်။”ဟု ဗိုလ်ချုပ်ကြီးယွက်စစ် က ဆိုသည်။
ထို့နောက် ‘သျှမ်းသံတော်ဆင့် သတင်း’ က “NLD အစိုးရ သက်တမ်းက ၁ နှစ်ကျော်မျှသာ ကျန်တော့သည်ဖြစ်၍ ဖွဲ့စည်း ပုံပြင်ဆင်ရေးအတွက် ယုံကြည်အားကိုးနိုင်ပါမည်လားဟု မေးမြန်းခဲ့သည်။ ယင်းမေးခွန်းကို ၎င်းက ယခုကဲ့သို့ ဖြေကြားခဲ့ သည်။
“ပြောလို့တော့မရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က အခု လောလောဆယ်သူက ဘာအာဏာမှမရှိဘူးလေ။ သူ့ကို အပြစ်သွားပြောလို့တော့ ဘယ်ရမလဲ။ သူက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုပေမယ့် စစ်တပ်ကို သူဘာမှ ညွှန်ကြားလို့ မရဘူးလေ။ တဖက်ကိုပြန်ကြည့်မယ်ဆိုရင် စစ်တပ်ကို ညွှန်ကြားနိုင်တာ သမ္မတပဲ ဆိုပေမယ့်လည်း သမ္မတက ထိထိ ရောက်ရောက်လုပ်တာ ဘာမှမတွေ့မိသေးဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ရွေးကောက်ပွဲမှာလည်း သူ နိုင် နိုင်သေးတယ်။ ဘာလို့လည်းဆိုတော့ သူ့မှာဘယ်လို အခက်အခဲတွေ ရှိနေသလဲဆိုတာ လူထုက သိနေတယ်လေ။ လူကြီးမပြောနဲ့ ကလေးတွေတောင်သိတယ်လေ သူ့အခက်အခဲကို။” ဟု RCSS/SSA ဥက္ကဋ္ဌ က ဖြေကြားသွားသည်။
အလားတူ ၂၁ ရာစုပင်လုံ တတိယညီလာခံမှ ရရှိလာသော အချက်အလက်များသည် ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံ ချက် ပေးနိုင်သည့် အချက်အလက်များ အလုံအလောက်မပါရှိဟု UPDJC ဒုဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ဝန်ခံလိုက်သည်ဟု မွန်သတင်းအေဂျင်စီ က ဖေါ်ပြခဲ့သည်။
“ဒီညီလာခံတွေ ကျင်းပပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျနော်တို့ လုပ်နေတာဟာ အနှစ် ၇ဝ ကျော်ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းစေဖို့ဖြစ်တယ်၊ အခု ရလာတဲ့အချက်အလက်တွေဟာ ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံချက် ပေး နိုင်တဲ့ အချက်အလက်တွေ အလုံအလောက်မပါရှိသေးဘူးဆိုတာ ကျနော်ဝန်ခံချင်ပါတယ်။”  ဟု ညီလာခံ ၅ ရက်မြောက် နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ခြုံငုံသုံးသပ်ရလျှင် ငြိမ်းချမ်းရေးအောင်မြင်ရန် အဓိကအဆုံးအဖြတ်ပြုနိုင်ခွင့်သည် NLD အစိုးရနှင့် တပ်မတော်တို့ ၏ စိတ်ရင်းစေတနာ အပေါ်မူတည်နေသည်။ ဆွေးနွေးပွဲကာလအတွင်း စစ်ဆင်ရေးများ တပြည်လုံးတွင် ရပ်ထားသင့်သည်။ လတ်တလောတွင် နိုင်ငံရေးအရ အပေးအယူမတည့်သေးသည့်တိုင် တိုင်းရင်းသားအဖွဲ့များအား  စစ်ရေးဖြင့် ဖိအားပေး  ခြင်း မလုပ်သင့်။ တနည်းအားဖြင့် သူတို့လုံခြုံစိတ်ချရမှုအတွက် အာမခံချက် ပေးဖို့လိုသည်။ အပြန်အလှန်ယုံကြည်မှု ခိုင်မာ ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးဖေါ် အချင်းချင်း အကြား စိတ်ရင်းကောင်း ထားဖို့လိုသည်။ တန်းတူရည်တူ ညီရင်းအစ်ကို စိတ်ဓါတ် အရင်းခံဖြင့် နိုင်ငံရေး ဆွေးနွေးပွဲ ခရီးဆက်ကြမှသာလျှင် ငြိမ်းချမ်းရေးသည် ဝေးလွန်းသည် ထင်ရသော်လည်း လှမ်းသလောက် ခရီးပေါက်နိုင်မည်ဖြစ်သည်။ လက်ရှိ ၂၁ ရာစုပင်လုံ တတိယအကျော့ ညီလာခံအလွန် ငြိမ်းချမ်းရေး အလားအလာသည် ရွှေပြည်တော်နှင့် အလှမ်းကွာဝေးနေဆဲဟု အရှိအတိုင်း သုံးသပ်မိပါသည်။
ကာတွန်း စည်သူကျော်ရဲ့ ယုံပြီလား ...
$
0
0
ကာတွန်း စည်သူကျော်ရဲ့ ယုံပြီလား ...
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၈
စိတ်ကူးချိုချို စာအုပ်တိုက် ၁၉ နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲ သြဂုတ်လ ၁ရက်နေ့
$
0
0
စိတ်ကူးချိုချို စာအုပ်တိုက် ၁၉ နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲ သြဂုတ်လ ၁ရက်နေ့
K (မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၈
စိတ်ကူးချိုချို စာအုပ်တိုက်ထူထောင်ခြင်း ၁၉ နှစ်ပြည့် အထိမ်းအမှတ် အထူးစာအုပ်ဈေးရောင်းပွဲတော်ကို နှစ်စဉ်ပြုလုပ် နေကျ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြားတောရလမ်း၊ အဏ္ဏဝါဓမ္မာရုံမှာ သြဂုတ်လ ၁ရက် ကနေ သြဂုတ်လ ၁၃ ရက်ထိ ရောင်းချသွားမယ်လို့သိရပါတယ်။
ရသစုံလင်တဲ့စာအုပ်မျိုးစုံကို အထူးလျှော့ဈေးနဲ့ ရက်သတ္တပတ်နှစ်ပတ်ကြာရောင်းချသွားမှာဖြစ်တယ်လို့သိရပြီး စာအုပ် ဈေးရောင်းပွဲတော်နဲ့ပတ်သက်ပြီး စိတ်ကူးချိုချို လူမှုကွန်ရက်စာမျက်နှာမှာ “စိတ်ကူးချိုချို စာအုပ်တိုက်ရဲ့ အမှတ်တရ စာအုပ်ဈေးရောင်းပွဲလေးကို လာမယ့် ဩဂုတ် ၁ (ဗုဒ္ဓဟူးနေ့) ကနေ ဩဂုတ် ၁၃ ရက် (တနင်္လာ) နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ နှစ်စဉ် ကျင်းပနေကျဖြစ်တဲ့ ရွှေတိဂုံဘုရား အရှေ့ဘက်ဘလမုခ်က ကြားတောရလမ်း၊ အဏ္ဏဝါဓမ္မာရုံမှာ နေ့စဉ် ၉းဝဝ နာရီ ကနေ ညနေ ၅း၃၀ ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ တစ်ဦးချင်းစာဖတ်ပရိသတ်များကို ၂၀ ရာခိုင်နှုန်း နဲ့ အရောင်းဆိုင်များနဲ့ စာကြည့်တိုက်များအတွက် ၃၅ ရာခိုင်နှုန်း လျှော့ရောင်းပေးမှာ ဖြစ်ပါတယ်။ မိတ်ဆွေ ဖြစ် စာဖတ်သူ အစီအစဉ်လည်း ခါတိုင်းလိုပဲ ပါဝင်နေမှာပါ။ ဟန်းမိတ်လက်ဆောင်များလည်း စီစဉ်ထားမှာ ဖြစ်ပါတယ်။ ၁၀၀၀ ဖိုး ၃ အုပ်ကနေ စလို့ ၅၀ ရာခိုင်နှုန်းလျှော့ စာအုပ်များလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်"” လို့ရေးသားပြောဆိုထားပါတယ်။
စိတ်ကူးချိုချိုစာအုပ်တိုက် ၁၉ နှစ်ပြည့်အတွက် အထူးအစီအစဉ်အနေနဲ့ စာရေးဆရာကြီး အောင်လင်း၏ ငြိမ်းနှင့်ဗေဒါ၊၊ ကမ္ဘောဇခင်လှိုင်၏ ဆေးပညာရှာခရီးသည်တစ်ဦး၏ မနားရသော ဘ၀ခရီးများပေါင်းချုပ်၊ ၀န်ကြီးချုပ်ဦးနု၏ လူထု အောင် သံ၊ သခင်ဘသောင်း- ဆရာဝန်ပါပဲ၊ သိပ္ပံမောင်ဝ-လှအုံးမယ်၊ သိန်းဖေမြင့်-ခေတ်သစ်ဆန်းပြီ၊ ဇ၀န- ရွှေဝါဆန်၊ ဇေယျ၏ တောကြီးမာယာ၊ ရွှေသဇင်-ဖူးတံချီ၊ ဥာဏ-ပီယဆေး၊ နုယဉ်၏ နုယဉ်ကလေးကဗျာပေါင်းချုပ်၊နတ်နွယ်၏ နှစ်ကြီးသမား၊ ဦးသော်ဇင်၏ ရာဇ၀င်ကျော် မြန်မာစစ်သည်တော်၊ ဒေါ်ရီကြိန် ၏ မြန်မာ့သားကောင်း၊ မောင်ထင်၏ လူလားမြောက်သော အရွယ်၊ ဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်းရာဇ၀င် (၂) အစရှိတဲ့စာအုပ်များကို ထည့်သွင်းရောင်းချသွားမယ်လို့လည်း သိရပါတယ်။
စိတ်ကူးချိုချိုစာအုပ်တိုက်ကို ကဗျာဆရာ၊ ပန်းချီဆရာ (ဦး)စန်းဦးမှ ၁၉၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
အေးငြိမ်း ● ဧဝံမေသုတံ
$
0
0
အေးငြိမ်း ● ဧဝံမေသုတံ
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၈
ကျွန်တော် စတုတ္ထနှစ်ကျောင်းသားဘဝက ဆရာကြီး ဆန်းထွန်း (မန်းတက္ကသိုလ်) ၏ စာပေဟောပြောပွဲကို ကျောင်းတွင် နားထောင်ခဲ့ရပါသည်။
ကြာပြီဆိုတော့ အားလုံးကို မမှတ်မိတော့ပါ။ သို့သော် ကဗျာလေးတစ်ပိုင်းတစကိုတော့ မမေ့သေးပါ။ ကျန်းမာရေးအတွက် ဟောတာ ဖြစ်၏။
ဓာတ်စာမဟုတ်၊ ချက်ပြုတ်ဒေါသ... ...  ညခါခန်းတွင်း၊ မီးလင်းမနေ၊ ...
ဆိုလိုသည်မှာ စားနေကျအစာမဟုတ်လျှင် အစာမကျေတတ်။ ချက်ပြုတ်ရာတွင် ကောင်းကောင်းမကျက်ပါက အစာမကျေ တတ်၊ ညအိပ်သည့်အခါ အခန်းတွင်း၌ မီးထွန်းမထားရ ... စသည်။
ထိုမှဆက်၍ နောက်တစ်ပိုဒ်ကို ပါဠိကလေးနှင့်ရွတ်ပြသည်။ ဒါနံပိဏ္ဍံ ပသံသေးယျ စသဖြင့်ဖြစ်၏။ စကားလုံးများ မှန်ချင်မှ မှန်ပါလိမ့်မည်။ အတိအကျမမှတ်မိတော့ပါ။ အသံထွက်ကိုသာ ခပ်ရေးရေး မှတ်မိသည်။ အဓိပ္ပါယ်မှာ -
အစားအစာကို အစာကျေညက်ပြီးသွားသည့်အခါမှ ချီးမွမ်းရာ၏။
မိန်းမကိုလည်း အသက်အရွယ်အိုမင်းသွားသည့်အခါမှ ငါ့မိန်းမ ငါ့အပေါ်သစ္စာရှိလိုက်တာ ဟု ချီးမွမ်းရာ၏ ဟူ၏။
ဤသည်မှာ ပဉ္စတန္တရထဲမှထင်ပါသည်။ မမှတ်မိတော့ပါ။ (ဟင် . . မင်းဟာကလည်း မှတ်မိတာတော်တော်၊ မမှတ်မိတာက များများ ဖြစ်နေပါလားကွ)
၂၀၁၆၊ မတ်လက ကျွန်တော် ပို့စ်တစ်ခု ရေးခဲ့သည်။ ပျော်ခဲ့ရသော နွေရက်များ ဟူ၏။ ကျွန်တော် အလွန်ပျော်ခဲ့ရသော နေ့ ရက်များအကြောင်းဖြစ်၏။
ကျွန်တော့်ဘဝတွင် မှတ်မှတ်ရရ အလွန့်အလွန်ပျော်ခဲ့ရသော အချိန်နှစ်ခုရှိခဲ့သည်။
ပထမတစ်ခုမှာ ၁၉၉၀ ရွေးကောက်ပွဲကာလ က NLD အပြတ်အသတ် အနိုင်ရစဉ်က ဖြစ်၏။ သည်တုံးက ရေဒီယိုက ရွေး ကောက်ပွဲရလဒ်များ ကြေငြာလိုက်၊ ဝေးကနဲအော်ကာ ပျော်လိုက်ကြနှင့် ကျွန်တော်တို့ အလွန်ပျော်ခဲ့သည်။ ထီပေါက်လျှင်ပင် ဤမျှ ပျော်မိမည်မဟုတ်ပါ။ သို့သော် ကျွန်တော်တို့ မှန်းချက်နှင့်နှမ်းထွက် မကိုက်ခဲ့။
နောက်တခုမှာ ၂၀၁၆ ခုနှစ်၊ မတ်လက လွှတ်တော်အတွင်းသို့ ပင်နီများ အစုလိုက်၊ အပြုံလိုက်ဝင်ရောက်လာသည်ကို တွေ့မြင်ရစဉ်က ဖြစ်၏။ သို့ဆိုလျှင် ၂၀၁၅ မဲနိုင်တုံးက ဘာကိစ္စမပျော်ဘဲ လွှတ်တော်ထဲဝင်လာကမှ ပျော်ရသနည်းဟု မေး ပါ။ အလွန် ညစ်ပတ်စုတ်ပဲ့လှသူများအကြောင်း သိနေ၍ မဲနိုင်သည့်တိုင် မယုံရဲသောကြောင့် ဖြစ်ပါသည်။ ၂၀၁၆၊ မတ်လမှာ အာဏာလွှဲပေးမယ်ဆိုတာတောင် အင်း၊ ဘယ်လိုဉာဏ်နီဉာဏ်နက်တွေများ ထုတ်အုံးမလဲမသိဟု စိတ်တထင့်ထင့် ဖြစ်နေ ခဲ့သည်။
သို့သော် ကျွန်ုပ်၏ပျော်လုံးကလေးမှာ ကြာကြာမခံလိုက်။ ခွေးလျက်သည့် ထန်းလျက်ခဲကဲ့သို့လည်းကောင်း၊ အဝတ်ဘီရိုထဲ ထည့်ထားသည့် ပရုပ်လုံးကလေးကဲ့သို့ လည်းကောင်း တစ်နေ့တခြား လုံးပါးပါးလာလိုက်သည်မှာ ယခုတော့ ကျန်ကောင်း ကျန်ရာသာ ကျန်ပါတော့သည်။ အဲလေ ကျန်တောင် မကျန်တော့ပါ။ ဝမ်းနည်းစရာဖြစ်၏။
လူအများသိပြီးသား တခြားဟာတွေ ထားလိုက်ပါ။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရမည့်အကြောင်းများကိုလည်း မပြောလို တော့ပါ။
ယခု မြန်မာပြည်အောက်ပိုင်း၌ ရေကြီး၍ လူအများဒုက္ခရောက်နေတာကြည့်ပြီး ကျွန်တော့်စိတ်ထဲ အလွန်မကောင်း ဖြစ်မိပါသည်။
နောက်ပြီး သည်အစိုးရဆိုတာကြီးကိုလည်း ငါနှင့်ကိုင်တုတ်ချင်ပါသည်။
မြန်မာပြည်၌ ရေကြီးသည်မှာအဆန်းမဟုတ်။ နှစ်တိုင်းကြီးနေသည်။ သည်ဟာကြီးကို သိနေလျက်ကနှင့် ရေကြီးရင် ဘာ လုပ်မလဲဆိုကာ ကြိုတင်ပြင်ဆင်မထားသည်ကတော့ အလွန့်အလွန် ညံ့ဖျင်းလွန်းလှသည်။ ဟိုအကောင်တွေ လက်ထက်တုံး က ဖြစ်ပျက်ခဲ့တာတွေကိုတော့ ထားလိုက်ပါတော့။ ကိုယ့်တစ်ဘို့ထဲကလွဲပြီး တခြားကိစ္စ ဘာမှ ခေါင်းထဲထည့်မထားသူတွေမို့ ဒေါသ ထွက်ရတာ တန်သေးသည်။
အခုကိစ္စမှာတော့ ဘယ်လိုခံစားရမှန်းပင် မသိပါ။
လူတွေရေနစ်နေတော့မှ ထမင်းထုပ်သွားဝေတာ အလုပ်မဟုတ်ပါ။ အဲသဟာ လူဖျင်းလူညံ့တို့ လုပ်တာဖြစ်သည်။ အဲသ လောက်ကတော့ လူတိုင်းလုပ်တတ်သည်။ သူများလုပ်သလို ကော်ပီကူးလိုက်လုပ်နေတာ ကိုယ်အသုံးမကျမှန်း ပြောပြနေရာ ရောက်သည်။
အရေးပေါ်စီမံချက် (Emergency preparedness) ဟူသည် အရေးကြုံလာလျှင် ဘယ်လိုလုပ်ကြမလဲ ဟု ကြိုတင်စီမံထားတာ ဖြစ်သည်။
 ဘယ်လိုအရေးပေါ်ကိစ္စတွေဖြစ်တတ်သည်။ ဥပမာ - မီးလောင်ခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ အကြမ်းဖက်ခြင်း
 မည်သည့်အရေးပေါ်ကိစ္စဆို မည်ကဲ့သို့ တုံ့ပြန်မည်။
 ကယ်ဆယ်ရေးအတွက် မည်သည့်စက်ပစ္စည်း၊ ကရိယာများလိုမည်။
 ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့ထားမည်။ ထိုအဖွဲ့တွင် ကယ်ဆယ်မည့်အဖွဲ့၊ ရှေးဦးသူနာပြုအဖွဲ့၊ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ပစ္စည်းများ ထောက်ပံ့ရေးအဖွဲ့၊ မီးသတ်အဖွဲ့ စသည်တို့ပါမည်။
 ဒုက္ခသည်များကို မည်သည့်နေရာတွင် နေရာချထားမည်။
 အရေးပေါ်ကိစ္စမှာ မည်မျှကြာနိုင်သည်။
 ထိုအခါ ထိုဒုက္ခသည်များအတွက် အစားအသောက်ကို မည်ကဲ့သို့ စီမံမည်။
 ဆေးဝါးကုသမှုအတွက် မည်သည့်ဆေးဝါးများ လိုမည်။ ဆရာဝန်၊ သူနာပြုဦးရေ။
အစရှိသည်တို့ စီစဉ်ထားရမည်။
နောက်ပြီး သည်အစီအမံ တကယ်အလုပ်ဖြစ်မဖြစ်၊ အရေးပေါ်စီမံချက်တွင် ပါသူတို့ အစိမ်းသက်သက် ဖြစ်မနေစေရန်၊ တ ကယ် လက်တွေ့လုပ်ရတော့မှ ယောင်တီးယောင်န ဖြစ်မနေစေရန် ကြိုတင်ကာ ဇာတ်တိုက်လေ့ကျင့်ထားရမည်။ ဇာတ် တိုက်လေ့ကျင့်ခြင်းကို တစ်နှစ် (၂) ကြိမ် လုပ်ရမည်။
အခု သင်တို့ ဘာလုပ်ထားပါသနည်း။
သည်ကိစ္စကို ဘာမှအရေးမကြီးဟု ထင်ထားပါသလား။
လူထောင်ပေါင်းများစွာ ဒုက္ခရောက်နေရတာကိုမှ အရေးမကြီးဘူးထင်လျှင် ဘယ်အရာကို အရေးကြီးသည် ထင်ပါသနည်း။
ရေကြီးရေလျှံ၍ စိုက်ပျိုးမြေများ၊ စိုက်ခင်းများပျက်လျှင် ဘယ်လိုလုပ်ကြမည်ဟု တွေးမိပါသလား။
မျိုးစေ့ကိစ္စ၊ စိုက်ပျိုးချေးငွေကိစ္စ၊ ဓာတ်မြေသြဇာကိစ္စ ဘာတွေများ စီစဉ်ထားကြပါသလဲ။
ရေကျသွားသည့်အခါ လမ်းတံတားများပြန်လည် ပြင်ဆင်ရေးကိစ္စ၊
အို - လုပ်ရမှာတွေ တပုံကြီးရှိသည်။
မိတ်ဆွေတို့ -
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လက်သန်းများဖြင့် မကောင်းဆိုးရွားကောင်တွေကို တောထုတ်ခဲ့ပြီးပြီ။
မိတ်ဆွေတို့သည် -
တာဝန်ကျေအောင် အစွမ်းကုန်ကြိုးစားကြပါကုန်လော။
ဘာလုပ်ရမှန်းမသိလျှင် ကျွန်ုပ်တို့ကို ခေါ်ယူအသုံးချကြပါကုန်လော။
ပိုက်ဆံအကျိုးအမြတ် တစ်ပြားတစ်ချပ်မှ မယူဘဲ မြန်မာနိုင်ငံအတွက် ကူညီရန် အသင့်ရှိကြောင်း ကျွန်ုပ်တို့ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တဖုံ ပြောခဲ့ပြီးပါပြီ။
ဆရာကြီး ဆန်းထွန်း (မန်းတက္ကသိုလ်) ၏ စာလေးကို နည်းနည်းဖြည့်ပါရစေ။
အစားအစာကို အစာကျေညက်ပြီးသွားသည့်အခါမှ ချီးမွမ်းရာ၏။
မိန်းမကိုလည်း အသက်အရွယ်အိုမင်းသွားသည့်အခါမှ ငါ့မိန်းမ ငါ့အပေါ်သစ္စာရှိလိုက်တာဟု ချီးမွမ်းရာ၏။
အစိုးရတစ်ရပ်ကို -
၎င်းတို့ဆင်းသွားသည့်အခါကျမှ -
တော်လိုက်တဲ့အစိုးရ -
ကောင်းလိုက်တဲ့အစိုးရဟု -
ချီးမွမ်းရာ၏။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၃၀ ဇူလိုင်၊ ၂၀၁၈
မောင်လူပေ - သန်းကြွယ်သူဌေး အခွန်ကြောင့်ပြေးတဲ့ ကယ်လီဖိုးနီးယား
$
0
0
မောင်လူပေ - သန်းကြွယ်သူဌေး အခွန်ကြောင့်ပြေးတဲ့ ကယ်လီဖိုးနီးယား
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၈
စတန်းဖို့ဒ်စင်တာရဲ့ ဆင်းရဲမှုနဲ့မညီမျှမှုလေ့လာရေးအဖွဲ့(Stanford Center for Poverty and Inequity) မှ ချားလ်ဗာနာ(Charles Varner) ရဲ့ လေ့လာတွေ့ရှိမှုအရ ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာရှိတဲ့ ဝင်ငွေမြင့်မားသူ သန်းကြွယ်သူဌေးတွေထဲက (၁၃၈)ဦးဟာ ပြည်နယ်ဝင်ငွေခွန်ကိုတိုးကောက်ဖို့ ပြောင်းလဲပြဌာန်းခဲ့တဲ့ ဥပဒေအမှတ်(၃၀)အရ ပြည်နယ်ခွန်တိုးမြှင့်ခြင်းကြောင့် ပြောင်းရွှေ့သွားခဲ့ပါသတဲ့။
၂၀၁၂မှာ မဲဆန္ဒရှင်တွေအတည်ပြုခဲ့တဲ့ ပြည်နယ်ရဲ့ ပြောင်းလည်းထားတဲ့ အခွန်ဥပဒေအရ ဝင်ငွေခွန်နှုန်းကို ၃%ထပ်တိုးလိုက်တဲ့အတွက် ၁၀.၃ ကနေ ၁၃.၃%အထိ ဖြစ်သွားတယ်။ဒါကြောင့် ဒီပြည်နယ်ထဲက ထိပ်ဆုံးဝင်ငွေခွန်နှုန်းက ၂၉%အထိ ဖြစ်သွားပါတယ်။ ဒီနှုန်းဟာအမေရိကားရဲ့ ပြည်နယ်များထဲမှာ အမြင့်ဆုံးပါပဲ။ ဒီပြင်ဆင်မှုဥပဒေနံပါတ်(၃၀)အရ တစ်နှစ်ဝင်ငွေဒေါ်လာသုံးသိန်းကနေငါးသိန်းအထိ ဝင်ငွေရှိသူတွေအတွက် ၂%တက်သွားတဲ့အတွက်၂၁.၅%ထိတက်သွားပါတယ်။ ပိုလို့ဝင်ငွေများတဲ့ ဒေါ်လာငါးသိန်းကနေ တစ်သန်းအထိ တစ်နှစ်ဝင်ငွေရှိသူများက ၃%တက်သွားတဲ့အတွက် ၃၂%ကျော်အထိ ပေးဆောင်ကြရပါ့မယ်။ဒီလိုအခွန်နှုန်းပြောင်းလဲမှုကလည်း ၂၀၁၉မှာသက်တန်းကုန်ဆုံးရမဲ့အစား၂၀၃၀အထိ တိုးမြှငိ့လိုက်တယ်။ ၂၀၃၀ကုန်ရင်တောင် နောက်ထပ် သက်တန်းတိုးမဲ့ အရိပ်အရောင်တွေရှိနေသေးရဲ့။
သူဌေးကြီးတွေအချို့ အခွန်တိုးလို့ပြောင်းရွေ့သွားသလို ဒီအခွန်နှုန်းတို့မြှင့်မှုကြောင့် ပြည်နယ်ထဲကိုပြောင်းရွှေ့ဝင်လာကြတဲ့နှုန်းကလည်း လျှော့ကြခဲ့တယ်။ ဒီလေ့လာမှုအရ ပြောရရင် အခွန်နှုန်းတိုးမြှင့်ခြင်းဟာ လူသစ်ပြောင်းလာမှုကို လျှော့ကျစေတယ်။
ပြည်နယ်ရဲ့လိုငွေအတွက် သူဌေးတွေဆီက ငွေတွေညှစ်ထုတ်ရတာ အထူးအဆန်းတော့မဟုတ်။ မေရီလန်းပြည်နယ်(Maryland)မှာဆိုရင် ၂၀၀၈ခုနှစ်မှာ သူဌေးတွေရဲ့ဝင်ငွေကို၆.၂၅%တိုးမြှင့်ကောက်ခံခဲ့တဲ့အတွက် ပြည်နယ်ထဲက သန်းကြွယ်သူဌေးသုံးပုံတစ်ပုံလောက်လျှော့ကျသွားခဲ့တယ်။ ၂၀၀၈ခုနှစ်မှာ သန်းကြွယ်သူဌေးသုံထောင်ကျော် အခွန်ဆောင်ခဲ့ပြီး၂၀၁၇မှာတော့ နှစ်ထောင်ကျော်ပဲ ဆောင်ခဲ့ကြတယ်။ အခွန်တိုးမြှင့်စဉ်က ဒေါ်လာ(၁၀၆)သန်းတိုးပြီးရမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ သူဌေးတွေပြောင်းရွှေ့သွားတဲ့အတွက် ပြည်နယ်အခွန်ဒေါ်လာသန်းတစ်ရာတောင်ထပ်မံကျဆင်းခဲ့ရတယ်။ ဒါကြောင့် ပြည်နယ်က ပိုသုံးခဲ့တဲ့ လိုအပ်ငွေကို အလယ်အလတ်ဝင်ငွေရှိသူတွေကပဲ ပေးဆပ်ခဲ့ရတယ်။
ပြည်နယ်တွင်းကလူတွေ အခြားပြည်နယ်ကိုပြောင်းရွှေ့မှူမြင့်မားလာခြင်းဟာ အိမ်ခြံမြေဈေးအလွန်မြင့်မားနေမှုနဲ့လည်း သက်ဆိုင်တယ်။ ပြည်နယ်ဝင်ငွေအခွန်နှုန်းကြီးမင့်မှုကြောင့်သန်းကြွယ်သူဌေးတွေပြောင်းရွှေ့မှုတွေဖြစ်လာတဲ့အခါ ပြည်နယ်ရဲ့ အိမ်ခြံမြေဈေးထိခိုက်ပြီး ပြည်နယ်စီးပွားရေးနဲ့ လူမှုအကျိုးစီးပွားတွေအထိ ထိခိုက်မှုရှိလာနိုင်ပါတယ်။
ဒါကတော့ ငယ်သူငယ်ချင်းတစ်ဦးပို့လာတဲ့ (Millionaires Flee California Due to Tax by Alex Gluzman) ဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ခဲ့တာပါ။
အမေရိကားဟာ ဖက်ဒရယ်ပြည်ထောင်စုမို့ ကိုယ့်ပြည်နယ်ရဲ့ဥပဒေနဲ့ကိုယ် ရပ်တည်ကြတဲ့အတွက် ပြည်နယ်ဝင်ငွေခွန်နှုန်းတွေလည်း မတူကြဘူး။ ပြည်နယ်ဝင်ငွေခွန်မပေးဆောင်ရတဲ့ ပြည်နယ်တွေလည်းရှိတယ်။ ဒါပေမဲ့ အစိုးရဆိုတာ အခွန်နဲ့လည်ပတ်ရတာဖြစ်လို့ပြည်နယ်ဝင်ငွေခွန်မပေးဆောင်ရပေမဲ့ အိမ်ခြံမြေခွန်၊ ရောင်းဝယ်ခွန်စသည်တို့က အခြားပြည်နယ်တွေနဲ့နှိုင်းစာရင် များပါတယ်။ ပြီးတော့ ပြည်နယ်ခွန်မပေးဆောင်ရတဲ့ဒေသတွေမှာနေထိုင်သူတွေဟာ ပြည်နယ်အစိုးရဆီက ရပိုင်ခွင့်တောင်းဆိုနိုင်မှုလည်း အလွန်နည်းပါတယ်။
ကယ်လီဖိုးနီးယား၊ နယူးယော့ခ်စတဲ့ ပြည်နယ်တွေမှာ ဝင်ငွေခွန်မြင့်မားစွာပေးရသလို ပြည်နယ်အစိုးရရဲ့ ပြည်သူ့အပေါ်ပြန်လည်ကြည့်ရှုမှုကလည်း အများကြီးပါ။ နိုင်ငံသားခံယူဖို့မလိုပဲ ပြည်နယ်ရဲ့ရပိုင်ခွင့်တွေတောင်းဆိုနိုင်ပါတယ်။
မြန်မာပြည်မှာလည်း အစိုးရက အခွန်နှုန်းတိုးဖို့လုပ်တဲ့အခါ ဆန့်ကျင်မှုတွေနဲ့တွေ့နေရဆဲပါ။တိုင်ကွန်းကြီးတွေအပါအဝင် စီးပွားရေးသမားကြီး အတော်များများထဲမှာ အမှန်အကန်အခွန်ပေးဆောင်သူကနည်းပြီး မဆောင်သူကများနေတာလည်းတွေ့ရတယ်။ အခွန်ဦးစီးဌာနရဲ့ အကျင့်ပျက်ဝန်ထမ်းတွေနဲ့ညှိပြီး နိုင်ငံတော်ကိုပေးဆောင်ရမဲ့ငွေတွေကို ရှောင်ပြေးကြတယ်။ စီးပွားရေးလုပ်ငန်းရှိသမျှအားလုံးနီးပါးကို လက်ဝါးကြီးအုပ်ထားတဲ့ တပ်မတော်ပိုင်ဆိုတဲ့ ဦးပိုင်လုပ်ငန်းစုကြီးတွေကလည်း အထူးအခွန်ကင်းလွတ်ခွင့်တွေယူပြီး အခွန်ရှောင်ခဲ့ကြတာ မနည်းလှသောအချိန်တွေပါ။ ပြည်သူတွေအပေါ်မှာလည်း အခွန်ဥပဒေက မသက်ရောက်သေး။အများစုက အခွန်ယဉ်ကျေးမှုနဲ့မနီးစပ်ကြသေးပါ။ ဒါပေမဲ့ အစိုးရက ဒါမလုပ်ပေးဘူး၊ ဟိုဟာမလုပ်ပေးဘူးနဲ့တော့ ဝေဖန်တိုက်ခိုက်နေကြလေတယ်။
ပေးသလောက်ပဲရတယ်(As pay as you get) ဆိုတဲ့စကားအတိုင်းပဲမို့ မြန်မာပြည်သားများဖက်ကလည်း ပေးဆောင်သင့်တဲ့ ဝင်ငွေခွန်နှုန်းနဲ့အညီ အစိုးရကို အခွန်များများပေးဆောင်ကြမှသာ အစိုးရကလည်း ပြည်သူများရဲ့လိုအပ်ချက်အဝဝကို ပြန်လည်ဖြည့်ဆီးပေးနိုင်မှာဖြစ်ပါတယ်။ မြန်မာတိုင်ကွန်းများကလည်း အခွန်များများပေးဆောင်ရမဲ့ အမေရိကားအပါအဝင်အနောက်နိုင်ငံတွေကို သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ပြောင်းရွှေ့မဲ့အစား အခွန်ရှောင် ဒါမှမဟုတ်ရင် ညှိလို့ရတဲ့တိုင်းပြည်မှာပဲ လုပ်စားနေကြဦးမှာလည်း မလွဲပါ။ မိုးထိမိုးမိလို ရွှေထွက်ကောင်းတဲ့လုပ်ကွက်ကြီးကို လက်ဝါးကြီးအုပ်ပြီးရယူ၊ နိုင်ငံတော်ကို ပေးသွင်းရမဲ့ရွှေတွေကြတော့အကျေမသွင်းပဲ နည်းမျိုးစုံနဲ့ ညှိနှိုင်း၊ ပတ်ပြေးနေတဲ့ သူဌေးတွေ၊ ဟော်တယ်တွေလက်ဝါးကြီးအုပ်ထားပြီး အခွန်ရှောင်လို့ ဥပဒေအရအရေးယူဖို့ လုပ်ရတဲ့အခါ မီဒီယာတွေခုတုံးလုပ်ပြီး မျက်နှာပြောင်တိုက်နေတဲ့သူဌေးတွေ၊ နိုင်ငံတော်သူဌေးစာရင်းမှာ ထိပ်ဆုံးကပါပြီး ရှိသမျှ လက်ထဲထည့်ခဲ့ပေမဲ့ အခွန်ဆောင်သူထိပ်ဆုံးစာရင်းမှာမပါတဲ့ သူဌေးတွေ ကတော့ အမေရိကားမှာဆိုရင် ထောင်ထဲကထွက်ရတော့မှာမဟုတ်။ မြန်မာပြည်မှာတော့ အပြင်မှာပဲ ခပ်တည်တည်နဲ့ လုပ်စားနေကြတုန်းပဲ။)
မိတ်ဆွေသူငယ်ချင်းအပေါင်းကျန်းမာချမ်းသာကြပါစေ။
ချစ်တဲ့
မောင်လူပေ
ဥုံဖွ - တချိန်​က မန္တ​လေး မိုးရာသီ ဇာတ်​ပွဲများ
$
0
0
Photo credit - MyitKyoeInn
ဥုံဖွ - တချိန်​က မန္တ​လေး မိုးရာသီ ဇာတ်​ပွဲများ
(မိုးမခ) သြဂုတ် ၁၊ ၂၀၁၈
လွန်​ခဲ့တဲ့နှစ်​​ပေါင်း၃၀ ​လောက်​ကိုမှီခဲ့ကြတယ်​ဆိုရင်​ ပြိုင်​ဆိုင်​မှု့​တွေ ပြင်းထန်​ပြီး ထူးခြား​ပြောင်​​မြောက်​တဲ့ အနုပညာတင်​ဆက်​မှု​တွေနဲ့​ ကျေးဇူးရှင်​ပရိသတ်​​တွေကို အားပါးတရ​ဖျော်​​ဖြေခဲ့ကြတဲ့ မြန်​မာ့ဇာတ်​သဘင်​​လောကကို ပြန်​လည်​မြင်​​ယောင်​မိကြမှာပါ။ အခုလို မိုးရာသီ​ရောက်​ပြီဆိုတာနဲ့ တနိုင်​ငံလုံးမှာရှိကြတဲ့ ဇာတ်​အဖွဲ့တိုင်းလိုလိုဟာ မန္တ​လေးကို ဆင်းလာကြပြီး ပရိသတ်​များစွာ ၀င်​ဆန့်တဲ့ ​ဒေးဝန်းမြသီတာဇာတ်​ရုံ၊ မျက်​ပါးရပ်​ မာလာ​ရွှေစင်​ဇာတ်​ရုံ၊ တရုတ်​တန်း ​အောင်​မင်္ဂလာဇာတ်​ရုံ​တွေမှာ ၀င်​​ရောက်​ကပြကြပါတယ်​။ အနုပညာကို အရူးအမူးခံစားတတ်​ကြတဲ့ မန္တ​လေးပရိသတ်​​တွေဟာ သူတို့ကြိုက်​နှစ်​သက်​တဲ့ အဖွဲ့ဝင်​​တော့မယ်​ဆိုရင်​ ကြိုတင်​ဖျာ၊ ကုလားထိုင်​လက်​မှတ်​​တွေကို အလုအယက်​ ဖြတ်​ကြ​လေ့ရှိပါတယ်​။
အလျဉ်းသင့်​တုန်း မန်းသူ​လေး​တွေရဲ့ မန်းဆန်​ဆန်​ပြုမူပြီး အနုပညာကို အား​ပေးကြပုံ​လေး​တွေကလဲ တခြားမြို့​တွေနဲ့ လုံးဝမတူတဲ့ ရင်​ထဲစွဲငြိစရာ ချစ်​စရာ့ပုံရိပ်​​လေး​တွေလို့ ​ပြောရင်​လွန်​အံ့မထင်​။ ပွဲသွားကြ​တော့မယ်​ဆိုတာနဲ့ ​ရေမိုးချိုး ဖီးလိမ်းပြင်​ဆင်​ပြီး စံပယ်​ပန်း​တွေ ​ဝေ​ဝေဆာဆာနဲ့ ​ကြော့​ကြော့​လေး သွားအား​ပေးတတ်​ကြပါတယ်​။ တချိ့လဲ စံပယ်​ပန်းအဆင်​သင့်​မရှိလို့ ဇာတ်​ရုံ​ပေါက်​က ပန်းသည်​ဆီမှာ ၀ယ်​ပြီး ပန်​ကြတာလဲရှိသ​ပေါ့။ ရုံထဲကိုဝင်​လိုက်​တာနဲ့ စံပယ်​ရနံက ဧည့်​ကြိုတာဝန်​ယူထားသလား ထင်​ရ
အောင် ​ဆီးကြို​နေတတ်​ပြီး ထိုင်​အား​ပေး​နေကြတဲ့ မန်းသူပရိသတ်​​လေး​တွေကို ကြည့်​လိုက်​မယ်​ဆိုရင်​လဲ
စံပယ်​ပန်း​တွေနဲ့ မွန်းမံခြယ်​မှုန်းထားတဲ့ စံပယ်​​မွေ့ယာကြီးကိုမြင်​လိုက်​ရသည့်​အလား ရင်​ထဲတလှပ်​လှပ်​နဲ့
နှစ်​သက်​စရာ မြင်​ကွင်းကြီးတခုပါ။
မောင်​စိတ္တစီစဉ်​တဲ့ ​မေတ္တာတရားကို ဦးထိပ်​ပန်​ဆင်​ "ကျွန်​​တော့သဘင်​"အဖွဲ့ကလဲ မိုးဒီ၊ ​မော့စ်​ တို့ရဲ့တွဲဖက်​ညီတဲ့ ပြက်​လုံး​တွေနဲ့ ​ဝေ​ဝေဆာဆာ၊ "မင်္ဂလာဦးညရဲ့အရှုပ်​​တော်​ပုံ"တခန်းရပ်​ပြဇာတ်​နဲ့ ပရိသတ်​ ​သော​သောညံ​နေတဲ့ အချိန်​၊ ဘီအီးဒီ​အောင်​သိုက်​ကလဲ "သင်္ခါရမို့ နာမည်​မကျခင်​ ကြည့်​ဘို့ပြင်​"ဆိုတဲ့ တိုက်​တွန်း​ဆော်​သြ ဖိတ်​မန္တကပြုထားတဲ့ သင်္ခါရစကား​လေးနဲ့အတူ ​ပြောဇာတ်​တ​ခေတ်​ကို ဆန်းသစ်​​စေတဲ့အချိန်​။
 အဆို​တော်​ တွံ​တေးကိုသိန်းတန်​ကလဲ သာဂိနဲ့တွဲပြီး "သိန်းတန်​ သာဂိ နှစ်​ခါကြည့်​"ဆိုတဲ့​ကြော်​ငြာနဲ့အတူ သူ့သီချင်းသံ​တွေကို မန္တ​လေးမှာလွင့်​ပြန့်​​နေ​စေတဲ့အချိန်​။ ​ရွှေမန်းသဘင် ​ညီအစ်ကို​တွေကလဲ ​အေစီကို မ​ဟေသီ ​မြှောက်​ပါလို့၊ ခင်​ဦးနဲ့ သား စတဲ့ ပြဇာ​တ်​​တွေနဲ့ ချမ်းသာ ကို ပရိသတ်​ရင်​ထဲမှာ စွဲထင်​​စေပြီး ကိုဆန်းဝင်းရဲ့ "​ဒေ၀စ္ဆရာ"သီချင်းနဲ့ မိုးယံသိမ့်​သိမ့်​ ပွဲချိမ့်​ချိမ့်​ဖြစ်​​နေ​စေတဲ့အချိန်​။ ရဲစိန်​၊ ညီဝင်းစိန် ​အဖွဲ့ကလဲ ပါ​တော်​မူဇာတ်​ထုပ်​နဲ့ သမိုင်းအ​မွေပြန်​​ပေးပြီး '​ရွှေအိမ်​စည်​၊ ပဋိက္ခယား'ဇာတ်​ထုပ်​နဲ့ ပရိသတ်​ကို မျက်​ရည်​စ ​ဝေ့​စေတဲ့ အချိန်​။ ဒို့တင်​​ဌေးရဲ့ စစ်​မုန်းသူများလက်​ခုပ်​သံ စတဲ့ ပြဇာတ်​​တွေနဲ့အတူ ပန်​တျာတင်​တင်​မြင့်​ရဲ့အက အလှ အငြိမ့်​ခန်း​တွေအပြင်​၊ ကလာပ်​​ကြေးမှုံရဲ့ "​ပေါက်​စီနဲ့ ​ပေါင်​မုန့်​"ပြဇာတ်​နဲ့ ပရိဿတ်​အခိုင်​အမာရရှိထားတဲ့အချိန်​။
မန္တ​လေးသိန်း​ဇော်​ ဇာတ်​အဖွဲကလဲ 'ကိုကြီး​ကျော်​ ပလီလွန်းတယ် '​ ​အော်​ပရာ၊ ​ရွှေမန်း​မေ စတဲ့ ​အောင်​မြင်
လူကြိုက်​များတဲ့ ပြဇာတ်​​တွေအပြင်​ "ဇာတ်​မင်းသား​လေး သိန်း​ဇော် ​သိန်း​ဇော်​ တိုင်းပြည်​က​ကျော် (မျှော်)​"နှစ်​ပါးသီချင်းနဲ့ ပရိသတ်​လက်​ခုတ်​သံ​တွေကို ဖမ်းဆုတ်​ထားတဲ့အချိန်​။ ဒါရိုက်​တာငြိမ်းမင်းရဲ့ စီစဉ်​မှု၊ အဆို အ​ပြော အက​ ပိုင်​ပိုင်​နိုင်​နိုင်​နဲ့ နန်းခင်​​မွှေးရဲ့ဆွဲ​ဆောင်​နိုင်​မှု၊ ကိုနန်းဝင်းရဲ့သဘာဝကျကျ သရုပ်​​ဆောင်​နိုင်​မှု​တွေနဲ့ အတူ အဘိုး နန်း​တော်​​ရှေ့ဆရာတင်​၊ အ​ဖေ​ရွှေနန်းတင်​တို့ရဲ့ အ​မွေ​တွေကို ဆင့်​ကမ်းချပြ​နေတဲ့ အချိန်​။ အနုမြူမီး​တွေကို စတင်​အသုံးပြုချိန်​မှာ "အန္တရာယ်​စတိတ်​ရိုး၊ ကိုယ်​​ပျောက်​စတိတ်​ရိုး"စတဲ့ အသွင်​ဆန်း အမြင်​ဆန်း​တွေနဲ့ မိုးဝင်းဇာတ်​အဖွဲ့ စန်းလဂ်​တက်​​နေတဲ့အချိန်​။
 အကြိုက်​ဆုံး၊ အနှစ်​သက်​ဆုံး ဇာတ်​အဖွဲ့ကိုပြပါ ဆိုရင်​​တော့ ​မောင်​ယဉ်​​အောင်​စီစဉ်​တဲ့ မြို့​တော်​သိန်း
အောင် ​'​နောင်​"မြို့​တော်​အင်​အားသစ်​အဖွဲ့ ကိုပဲ ပြရမှာဖြစ်​ပါတယ်​။ သူ့ဇာတ်​အဖွဲ့ရဲ့ အဖွင့်​သီချင်းမှာ "ဥပဓိရုပ်​နဲ့ မျက်​လှည့်​ပြသလို လာမညာနဲ့ ၊ ဒါ​တွေကို အင်​အားသစ်​က သုတ်​သင်​ပြုပြင်​"လို့ ဆိုထားတဲ့အတိုင်း ဥပဓိရုပ်​အလှအပကို သိပ်​ဦးစားမ​ပေးပဲ အပီပြင်​ဆုံး ဇာတ်​​ကောင်​စရိုက်​​တွေနဲ့ သဘာဝကျကျ တင်​ဆက်​ခဲ့တယ်​။ သူ့အဖွဲ့မှာ အဓိကအကြိုက်​ဆုံးကို ပြပါဆိုရင် ​အခန်း​ပြောင်းချိန်​ပဲ၊ တခန်းနဲ့ တခန်းကူး​ပြောင်းချိန်​မှာ တခြားအဖွဲ့​တွေလို ကားလိပ်​ချ၊ တီးလုံးတီးပြီး ကူး​ပြောင်းတာမျိုးမဟုတ်​ပဲ မီးက​လေးမှိတ်​လိုက်​တာနဲ့ ​နောက်​တခန်း​ရောက်​သွား​အောင်​လုပ်​ထားတဲ့စီမံမှု​လေး၊ အချိန်​ကုန်
လဲသက်​သာ ပရိသတ်​ကို အချိန်​ပြည့်​​ပေးဆပ် ​တင်​ဆက်​ရာလဲ ​ရောက်​တယ်​။ အပြင်​အဆင် ​ဆက်​တင်​အခမ်းအနား​တွေကိုလဲ စနစ်​တကျ လုပ်​​လေ့ရှိတယ်​။ တံတားချိုးခန်း၊ မိုင်းခွဲခန်း​တွေမှာ ဆိုရင်လဲ ​ရှေ့မှာ ဇာကန့်​လန့်​ကာချထားပြီး ချိုးပြ ခွဲပြ​လေ့ရှိတယ်​။ ဒီလိုတင်​ဆက်​မှု​လေး​တွေနဲ့ပဲ
"ရိုးပြတ်​​တောမှ ​တောက်​​ခေါက်​သံ၊​ ကောက်​ပင်​တ​ရေးနိုး စတဲ့ ပြဇာတ်​​တွေ နာမည်​ကြီးခဲ့သလို သဘာဝကို အ​ခြေခံပြီးစင်​တင်​ခဲ့တဲ့ သဘင်​သည်​မ၀င်​ရ၊  ပန်း​လှေ၊ ခုနှစ်​အိမ်​တန်းက မဂျမ်းဘုံ၊ ကိုးဆယ်​ဆ သာလိမ့်​မယ်​၊ ဓား​တောင်​ကို​ကျော်​၍ မီးပင်​လယ်​ကိုဖြတ်​မည်​ စတဲ့ပြဇာတ်​​တွေကိုက ပြတိုင်း ရုံကွဲ ရုံပွင့်​​လေ့ ရှိပါတယ်​။
ရံဖန်​ရံခါဆိုသလို မန္တ​လေးလူရွှင်​​တော် ​ကိုသာဓုက သူ့ဆရာကို​ပေါက်​စ ပါတဲ့ ဘီအီးဒီ​အောင်​သိုက်​အဖွဲ့မှာ
ပါဝင်​ အားဖြည့်​​ပေးတတ်​ပြီး ကိုချစ်​စရာကလဲ မြို့​တော်​အင်​အားသစ်​အဖွဲ့မှာ ပါဝင် ကပြတာကိုလဲ ​တွေ့ခဲ့ရဘူး ပါတယ်​။
 ဇာတ်​သဘင်​အဖွဲ့​တွေအ​ပေါ်မှာ သြဇာ​ညောင်းပြီး ဇာတ်​သဘင်​အဖွဲ့​တွေအချင်းချင်း စည်းလုံးညီညွတ်​​အောင်​ လုပ်​​ဆောင်​​ပေးတတ်​သူကို​တော့ ဘီအီးဒီ​အောင်​သိုက် ​လို့ ​ကောက်​ချက်​ဆွဲမိပါတယ်​။ ဇာတ်​အဖွဲ့​တွေ​တော်​​တော်​များများ မန္တ​လေး​ရောက်​​နေကြပြီဆိုရင် ​ဇာတ်​အဖွဲ့​တွေအားလုံး စည်းလုံးညီညွတ်​​စေလိုတဲ့ သမ္မာဆန္ဒနဲ့ "ဇာတ်​ညွန့်​​ပေါင်း"ဆိုပြီး စီစဉ်​ကပြ​လေ့ရှိပါတယ်​။ ဦး​ဆောင်​စီစဉ်​ညွှန်​ကြားသူက​တော့ ဘီအီးဒီဦး​အောင်​သိုက်​ကြီးပဲ ဖြစ်​ပါတယ်​။ သူ စီစဉ်​ညွှန်​ကြားတဲ့အတိုင်း တခြားဇာတ်​အဖွဲ့​တွေ စည်းစည်းလုံးလုံး ညီညီညွတ်​ညွတ်​ ကပြ​ဖျော်​​ဖြေကြတဲ့ ပုံရိပ်​က​လေးက သဘင်​​လောကအတွက်​ ​ကျေနပ်​အားရစရာ​ပါ။"
 "ကူညီကာဝိုင်းလို့ မှိုင်း မ ပါ"ပြဇာတ်​တို​လေးနဲ့အတူ ဇာတ်​မင်းသား​တွေဖြစ်​ကြတဲ့ သိန်း​ဇော်​၊ မိုးဝင်း၊ ချမ်း
သာ၊ နန်းဝင်းတို့ကို လူရွှင်​​တော်​​တွေ​နေရာမှာထားပြီး အဆို​ရော အကပါပိုင်​နိုင်​တဲ့ ပြည်​​တော်​ချစ် ​မင်း​သမီး​လေး နန်းခင်​​မွှေးကို မင်းသမီး​နေရာထား ကပြ​စေခဲ့တဲ့အငြိမ့်​ခန်း​လေးနဲ့ ပရိသတ်​ကို ​ပျော်​ရွှင်​နှစ်​သက်​​စေခဲ့ပါတယ်​။ အဲဒီအငြိမ့်​ခန်းမှာ မျက်​နှာအပွင့်​ဆုံးနဲ့ အခံရဆုံးက​တော့ လူရွှင်​​တော်​မင်းသားကိုနန်းဝင်း ပါပဲ။ ပြည်​​တော်​ချစ်​မင်းသား​တွေချည်းဆို​တော့ သူတို့ပျက်​တဲ့ပျက်​လုံး​တွေကို ပရိသတ်​က လူရွှင်​​တော်​​တွေ ပျက်​လုံးထုတ်​​နေကြတယ်​ရယ်​လို့ မမြင်​ကြပဲ ကျန်​တဲ့လူရွှင်​​တော်​မင်းသား ၃ ​ယောက်​က '​ယောက္ဖ ​ယောက္ဖ'နဲ့​ခေါ်လို့ ခံရခက်​​နေတဲ့ နန်းဝင်းရဲ့မျက်​နှာအမူအရာကို ကြည့်​ပြီး ဟားတိုက်​ရယ်​​မော တ​သော​သော ညံခဲ့ပါတယ်​။
ဒီလို အရှိန်​အဟုန်​​ကောင်း​ကောင်း၊ တီထွင်​ဆန်းသစ် ​ကြိုးစားအားထုတ်​မှု​ကောင်း​တွေနဲ့ ​အောင်​ပွဲခံ ချီတက်​လာခဲ့ကြတဲ့ ဇာတ်​သဘင်​အဖွဲ့အသီးအသီးဟာ စစ်​တပ်​အာဏာသိမ်းမှုနဲ့အတူ ပွဲမိန့်​ ပိတ်​ပင်​ခံရခြင်း၊
ပြသမှုပိုင်း ကန့်​သတ်​ခံရခြင်း၊ တင်​ပြမှုပိုင်း ချုပ်​ခြယ်​ခံရခြင်း စ​သော စ​သော ထိုထို သို့​သော အ​ကြောင်းခြင်းရာများ​ကြောင့်​ ကွယ်​​ပျောက်​သွားကြတာဟာဖြင့်​ ယ​နေ့ထက်​တိုင်​​အောင်​ပါပဲခင်​ဗျား ... လို့ ဗျိုးဟစ်​ရင်း ​ရှေးဖြစ်​​ဟောင်း ​အောက်​​မေ့ဖွယ်​အဖြစ်​ ခံစားတင်​ပြလိုက်​ပါတယ် ​ခင်​ဗျား။ ။
 ဥုံဖွ
မောင်လူပေ - အမှတ်တရ ဦးတင်ထွဋ်
$
0
0
မောင်လူပေ - အမှတ်တရ ဦးတင်ထွဋ်
(မိုးမခ) သြဂုတ် ၁၊ ၂၀၁၈
အာဇာနည်ဗိမ္မာန်ကို အာဇာနည်ကုန်းလို့လည်း ခေါ်ပါတယ်။ အရင်က ဇရပ်ပုံစံ အမိုးအကာနဲ့ အဆောက်အဦကြီးဖြစ်ပြီး အထဲမှာ ဗိုလ်ချုပ်ဂူကို အလည်မှာထားတဲ့ အုတ်ဂူကိုးလုံး အစီအရီ ရှိတယ်။
ဒီအာဇာနည်ဗိမာန်အနီးမှာ အခြားအုတ်ဂူနှစ်လုံးရှိခဲ့တယ်။ သူတို့နှစ်ဦးကတော့ လွတ်လပ်ရေးရပြီးမကြာမီမှာ လုပ်ကြံခံရပြီး ကျဆုံးခဲ့ရသူ နှစ်ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ အာဇာနည်ကုန်းမှာ အာဇာနည်တွေနဲ့အတူ ဂုဏ်ပြုမြှုတ်နှံခဲ့ကြရတဲ့ ဗိုလ်စိန်မှန်နဲ့ အိုင်စီအက်စ်ဦးတင်ထွဋ်တို့ဖြစ်ပါတယ်။
ဗိုလ်မှူးစိန်မှန်က လေယာဉ်ပျက်ကျကွယ်လွန်ခဲ့တယ်။ ပြည်တွင်းသောင်းကြမ်းမှုတွေ နှိမ်နှင်းနေစဉ် လေယာဉ်မှာ ဗုန်းထောင်ခံခဲ့ရတယ်။ ဦးတင်ထွဋ်ကလည်း ရန်ကုန်မြို့ စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း)မှာ သူစီးတဲ့ကား ဗုန်းပေါက်ကွဲပြီး အသက်ဆုံးခဲ့ရတယ်။ သူတို့နှစ်ဦးလုံးဟာ ဗိုလ်ချုပ်အလွန်အားကိုးရတဲ့ ရဲဘော်ရဲဘက်တွေချည်းပါပဲ။ သူတို့တွေ လုပ်ကြံခံခဲ့ရပေမဲ့ ယနေ့ချိန်အထိ လက်သည်မပေါ်ခဲ့သေးပါ။
ဦးတင်ထွဋ်ဟာ မြန်မာပြည်ရဲ့ ပထမဆုံး အိုင်စီအက်စ်လည်းဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ အရေးပါတဲ့နေရာက ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ အိုင်စီအက်စ်ဦးတင်ထွဋ်အကြောင်းက လူမသိ၊ သူမသိနဲ့ ပျောက်ကွယ်နေတာကြာပါပြီ။ သူ့အကြောင်းရေးထားတဲ့ စာအုပ်စာပေတွေလည်း မဖတ်ခဲ့ဖူးပါ။
အာဇာနည်နေ့အမှတ်တရအနေနဲ့ မောင်လူပေတို့ရဲ့နောင်တော်ကြီးတစ်ဦးဖြစ်တဲ့ ဆရာဦးလှမင်းက ဦးတင်ထွဋ်အတွက်မှတ်စုကြမ်း trivia တပုဒ်ရေးပါတယ်။ သူရေးတဲ့အထဲက ဦးတင်ထွဋ်အကြောင်းလေးကို ဘာသာပြန်ပြီးတင်ဆက်လိုက်ပါတယ်။
"၁၉၄၇ခုနှစ် ဂျူလိုင်(၁၉)ရက်နေ့ အစည်းအဝေးကို ဦးကျော်ငြိမ်းနဲ့ ဦးတင်ထွဋ် မတက်ရောက်ခဲ့တဲ့အတွက် အသက်ဘေးက လွတ်သွားခဲ့တယ်။ ဒါပေမဲ့ ၁၉၄၈ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့မှာတော့ ဦးတင်ထွဋ်ဟာ လုပ်ကြံခံရတဲ့ဘေးက မလွတ်ခဲ့ပါဘူး။ အဲဒီနေ့ဟာ မြန်မာနိုင်ငံအတွက် ကံမကောင်းခြင်းတွေရဲ့ အစပထမဆိုလည်းမမှားပါ။
ဦးတင်ထွဋ်ဟာ ဦးကျော်မြင့်၊ ဦးမြင့်သိန်းနဲ့ ဒေါက်တာထင်အောင်တို့ရဲ့ အကြီးဆုံးအကိုကြီးဖြစ်တယ်။ အိုင်စီအက်စ်(ICS)ရာထူးကို ဖိတ်ခေါ်ပြီး ချီးမြှင့်ခံရတဲ့ ပထမဆုံး မြန်မာလည်းဖြစ်တယ်။ သူစီးနေကြကားရဲ့ ကြမ်းအောက်နဲ့အိတ်ဇော့ပိုက်ကြားမှာ ထောင်ထားတဲ့ဗုန်းက သူ့ရုံးရှိရာ စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း)ရှေ့မှာ ပေါက်ကွဲရာက ရရှိတဲ့ဒါဏ်ရာနဲ့ကွယ်လွန်ခဲ့ရတယ်။ သူ့ရဲ့လုပ်ကြံခံရမှုဟာ ယနေ့အထိ လက်သည်မပေါ်ခဲ့။"
(ဒေါက်တာသိန်းအုပ်ကျော်မြင့်ရဲ့ သူ့ဘကြီး ဦးတင်ထွဋ်အကြောင်းရေးထားတာလေးကိုလည်း သူ့ရဲ့ပို့ဒ်ကနေ ကူးယူတင်ပြပါရစေ။)
"အတွင်းမှာ ဘာမှမရှိတဲ့အုတ်ဂူ"
ရေးသူ-ဒေါက်တာ သိန်းအုပ်ကျော်မြင့်"
"မနေ့က ဂျူလိုင်(၁၉)က မြန်မာပြည်ရဲ့အာဇာနည်နေ့။ မြန်မာပြည်အရပ်ရပ်က ပြည်သူတွေ အာဇာနည်နေ့အမှတ်တရ ကျင်းပကြတယ်။
ရွှေတိဂုံဘုရားအနီးမှာရှိတဲ့ အာဇာနည်ဗိမာန်ကြီးက တောင်ကိုးရီးယားသမ္မတချွန်ဒူးဝှမ်တို့ကို မြောက်ကိုးရီးယားရဲ့ လုပ်ကြံဗုန်းခွဲမှုဖြစ်ပြီးမှ ဒုတိယအကြိမ် ပြန်လည်တည်ဆောက်ထားတာဖြစ်တယ်။
မူလအုတ်ဂူတွေ(ဗိုလ်ချုပ်အုတ်ဂူကို အလယ်မှာထားတဲ့ အုတ်ဂူတွေ) ပြန်လည်မတည်ဆောက်တော့ပဲ မူလဗိမာန်နေရာမှာရှိခဲ့တဲ့ ရုပ်ကြွင်းတွေထည့်ထားသော အထိမ်းအမှတ်တစ်ခုအဖြစ် ပြောင်းလည်းခဲ့တယ်။
အာဇာနည်တွေရဲ့ဂူတွေနဲ့အတူ အနီးမှာတည်ရှိခဲ့ဖူးတဲ့ နောက်တိုးအုတ်ဂူနှစ်လုံးအကြောင်းကို နှောင်းလူတွေသိပါ့မလားလို့ စဉ်းစားမိတယ်။
အုတ်ဂူတစ်လုံးက ဗိုလ်စိန်မှန်ရဲ့ဂူ၊ နောက်အုတ်ဂူက ကျွန်တော့ဖခင်ရဲ့အကိုကြီးဖြစ်သူဦးတင်ထွဋ်တို့ပါ။ နှစ်ယောက်လုံးဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူတွေဖြစ်ပြီး တစ်ဦးက ဝေဟင်မှာ၊ တစ်ဦးက မြေပြင်မှာ အသတ်ခံခဲ့ရတယ်။
ဗိုလ်စိန်မှန်ရဲ့ရုပ်ကြွင်းနဲ့အုတ်ဂူက ညာဖက်ကဖြစ်ပြီး ဦးတင်ထွဋ်ဂူကတော့ ဂူနှစ်လုံးရဲ့ ဘယ်ဖက်မှာ ဖြစ်တယ်။
ဘယ်ဖက်က ဦးတင်ထွဋ်အုတ်ဂူဟာ အတွင်းမှာဗလာပါ။ သူဟာ စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်းရှိ သူ့ရဲ့အလုပ်ခန်း(New Time of Burma press) တည်ရှိရာရှေ့မှာပဲ ကားဗုန်းထောင် လုပ်ကြံခံခဲ့ရတယ်။
ကျွန်တော်တို့မိသားစုဝင်တွေရဲ့ထုံးစံအတိုင်း ကွယ်လွန်သူကို မီးသင်္ဂြိုလ်ပြီး အရိုးပြာကို အနီးဆုံးမြစ်ထဲကို မျှောခဲ့ကြတယ်။
(ဦးထွဋ်ကျော်ဝင်းရဲ့ အဆိုအရ ဦးတင်ထွဋ်ဟာ အကြမ်းဖက်နှိမ်နှင်းရေးတပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်တယ်။ အဲဒီတပ်ဖွဲ့ဟာ ဗမာ့တပ်မတော်လက်အောက်မှာ မရှိသေးဘူး။ လက်ယာ-ဖရီးမန်းသဘောတူညီချက်အရ အင်္ဂလိပ်စစ်တပ် ထိန်းချုပ်မှုအောက်မှာပဲ ရှိသေးတယ်။ သူကွယ်လွန်ပြီးနောက်မှ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ အဲဒီအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တယ်။)
စစ်အခန်းအနားနဲ့ဂုဏ်ပြုပြီးနောက်မှာ ဦးတင်ထွဋ်ရဲ့အလောင်းကို မီးသင်္ဂြိုလ်ခဲ့ကြတယ်။ ကြံတောသုသန်ထဲမှာ ဦးတင်ထွဋ်ကို မီးသင်္ဂြိုလ်ဖို့အတွက်လည်း မီးသင်္ဂြိုလ်စက်လေးတစ်ခု တည်ဆောက်ခဲ့ကြတယ်။ အဲဒီအရင်ကတော့ အလောင်းကို မြေမြှုတ်တာပဲ ရှိခဲ့တာပါ။
အဖေပြောပြတာကတော့ ဦးတင်ထွဋ်အတွက် ဂူလုပ်ဖို့ မရှိခဲ့ဘူး။ ဝန်ကြီးချုပ်(ဦးနု)က ဦးတင်ထွဋ်ကို နှောင်းလူတွေအမှတ်ရစေဖို့ဆိုပြီး အာဇာနည်ကုန်းမှာ အုတ်ဂူတည်ဆောက်ခဲ့တာ။
အခေါင်းလွတ်တစ်ခုထဲမှာ ဦးတင်ထွဋ်ရဲ့ ဗိုလ်မှူးချုပ်ဝတ်စုံ( အရပ်သားထဲမှာ ဂုဏ်ထူးဆောင် ဗိုလ်မှူးချုပ်ရာထူးပထမဆုံး ခန့်အပ်ခံရသူ)ထည့်ပြီး ဂူသွင်းခဲ့တယ်။ အခေါင်းလွတ်ကိုဂူသွင်းခဲ့တာမို့ မိသားစုဝင်တွေက ဦးတင်ထွဋ်သေဆုံးတဲ့နှစ်ပတ်လည်တွေမှာ ဒီအုတ်ဂူကို မသွားခဲ့ကြဘူး။
ကလေးဆေးရုံကြီးမှာ ကလေးအထူးကုအဖြစ်တာဝန်ထမ်းနေစဉ်တစ်နေ့မှာ ဗိုလ်မှူးကြီးစိုးညွန့်(ထီလာစစ်သူ)က ကျွန်တော့ကိုဖုန်းဆက်တယ်။ မြောက်ကိုးရီးယားဗုန်းခွဲမှုအပြီး အာဇာနည်ဗိမာန်မှာ အာဇာနည်တွေကိုပဲ ထားရှိဖို့အတွက် ဦးတင်ထွဋ်ဂူနဲ့ ဗိုလ်မှူးစိန်မှန်တို့ရဲ့ဂူတွေကို ကြံတောကိုရွှေ့ပြီး အုတ်ဂူနှစ်လုံးတည်ဆောက်ပေးမယ်လို့ ဆုံးဖြတ်ကြတယ်လို့ ပြောလာတယ်။
ဗိုလ်စိန်မှန်ရဲ့မိန်းမက သူ့ယောကျာင်္းရုပ်ကြွင်းတွေကို အာဇာနည်တွေရဲ့ရုပ်ကြွင်းတွေနဲ့အတူ မြှုတ်နှံပေးဖို့ တောင်းဆိုတယ်လို့သိရတယ်။ ဒါကြောင့် ဒီလိုပဲ လုပ်ပေးခဲ့တယ်လို့ နောက်ပိုင်းမှာသိရတယ်။
အုတ်ဂူထဲမှာ ဘာမှမရှိတာကြောင့် ကြံတောကိုပြောင်းပေးဖို့မလိုပါဘူးလို့ ကျွန်တော်တို့မိသားစုက အကြောင်းပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးတင်ထွဋ်အတွက် အုတ်ဂူကို ကြံတောမှာ အစိုးရက စီစဉ်ခဲ့ပြန်တယ်။
ဒါနဲ့ပဲ နောက်ထပ်ခေါင်းတစ်ခုနဲ့ ဦးတင်ထွဋ်ရဲ့ မိတ္တူဓါတ်ပုံကြီးဟာ အသုဘယာဉ်နဲ့အတူ ကြံတောဆီကို သွားခဲ့ရပြန်တယ်။ ခေါင်းအထဲမှာတော့ ဘာမှမပါ။
တစ်ခါတစ်လေမှာ ကျွန်တော်စဉ်းစားမိတာကတော့ ဦးတင်ထွဋ်ကို လုပ်ကြံဖို့စီစဉ်ခဲ့သူတွေဟာ သူတို့မှာ အပြစ်ရှိတယ်လို့ ခံစားနေရတဲ့အတွက် ဦးတင်ထွဋ်အတွက် အုပ်ဂူနှစ်လုံးတည်ဆောက်ပေးခဲ့လေသလား ဆိုတာပါပဲ။
ကြံတောကနေ ရေဝေးကို သင်္ချိုင်းတွေရွှေ့ကြတဲ့အခါမှာ အုတ်ဂူတွေကို ရွှေ့ပြောင်းရေးအတွက် အခြား မိသားစုဝင်တွေကို အကြောင်းကြားပါတယ်။
အဲဒီကြမှပဲ စိတ်သက်သာရာရတော့တယ်။ ဦးတင်ထွဋ်ရဲ့ဗလာအုပ်ဂူကို တတိယအကြိမ်ရွှေ့ပြောင်းဖို့ မပြောတော့လို့ပါ။
ဦးတင်ထွဋ်ကို လုပ်ကြံခဲ့တာ ဘယ်သူလဲဆိုတဲ့အဖြေကတော့ ဒီနေ့အထိ မပေါ်ပေါက်ခဲ့။
ပုလိပ်အဖွဲ့ရဲ့ကော်မရှင်နာမင်းကြီးဦးဘအေးရေးတဲ့ ကိုယ်တိုင်ရေးအထုပ္ပတ္တိမှာ ဦးတင်ထွဋ်အကြောင်း အနည်းငယ်ပါဝင်တယ်။ ဦးဘအေးက ၁၉၄၈ခုနှစ်မှာ လက်ထောက်ကော်မရှင်နာဖြစ်ပြီး ကော်မရှင်နာမင်းကြီးကတော့ ဦးအောင်ချိန်(ပါမောက္ခဦးသန်းအောင်၏ဖခင်) ဖြစ်ပါတယ်။
ဦးဘအေးက သူဟာ ဒီလုပ်ကြံခံရမှုကိုအဓိက စုံစမ်းရသူဖြစ်တဲ့အတွက် ဦးအောင်ချိန်က သူ့ကို သတိနဲ့ဆောင်ရွက်ဖို့ပြောတယ်လို့ ရေးသားခဲ့တယ်။ ဒါဆိုရင် ကော်မရှင်နာမင်းကြီးကိုယ်တိုင်က ဒီလုပ်ကြံမှုရဲ့တရားခံ သို့မဟုတ် နောက်ကွယ်ကလူကိုသိနေသလားလို့ စဉ်းစားစရာပါ။
ကျွန်တော်တို့ကတော့ ဘယ်တော့မှ သိနိုင်တော့မှာမဟုတ်။
အဲဒီအချိန်က ဦးတင်ထွဋ်ဟာ မြန်မာပြည်ရဲ့ ပထမဆုံးသံအမတ်ကြီးအနေနဲ့ အင်္ဂလန်ကို ပြောင်းရွှေ့ဖို့နီးနေပြီလည်း ဖြစ်တယ်။
(ဦးတင်ထွဋ်ရဲ့သမီး မမြစောရှင်(ဒေါ်မော်လီတင်ထွဋ်)ရဲ့ စာတစ်စောင်ကိုလည်း ပူးတွဲတင်ပြပါရစေ။)
"ကိုဂျွန်နီ
အခုရေးထားတဲ့ပို့စ်အတွက်အရမ်းကျေးဇူးတင်တယ်။ ကျွန်မအဖေ အသတ်ခံရမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲလို့ တရားဝင် မဖြေမထွက်ပေမဲ့ ဘယ်သူတွေဆိုတာ အသိသာကြီးပါလို့ ကျွန်မထင်တယ်။ ရှင်ရေးတဲ့ပို့စ်ထဲက အမှားသေးသေးလေးတွေကို ပြင်ဆင်ခွင့်ပြုပါ။ (၁)စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း)က နယူးတိုင်းရုံးခန်းရှေ့မှာရပ်ထားတဲ့ အဖေ့ကားရဲ့ကြမ်းခင်းအောက်ထဲမှာ ဗုန်းထောင်ခဲ့ကြတယ်။(၂)အဖေလုပ်ကြံခံရတဲ့နေ့က ၁၉၄၈ခုနှစ် စက်တင်ဘာလ(၁၈)ရက် ဖြစ်တယ်။(၃)ကျွန်မအမေဒေါ်သန်းရင်နဲ့ အမကြီး မခင်ညွန့်ရင်(ကက်သရင်း)တို့ ရန်ကုန်မှာ ရှိနေခဲ့တယ်။ အမလတ် မစောလှခင်(ပဂ္ဂီ)နဲ့ ကျွန်မတို့ကတော့ အင်္ဂလန်က ဂလုစတာရှိင်းယားကျောင်းမှာ အဆောင်နေကျောင်းသူတွေအဖြစ် ရှိနေခဲ့တယ်။ ဓါတ်ပုံကတော့ ပဂ္ဂီနဲ့ကျွန်မက ဒီဖြစ်ရပ်တွေဖြစ်ပြီး ရက်အနည်းငယ်အကြာ လေဆိပ်မှာ အမေနဲ့တွေ့နေစဉ်ဖြစ်တယ်။ ကျွန်မတို့က ကျောင်းဝတ်စုံလေးတွေ ဝတ်ထားတာ။
သူ(ဦးတင်ထွဋ်)က ဗိုလ်ချုပ်အောင်ဆန်းအစိုးရအဖွဲ့မှာ ဘဏ္ဍာရေးဝန်ကြီး၊ နောက်ပိုင်း လွတ်လပ်ရေးရပြီးနောက် နိုင်ငံခြားရေးဝန်ကြီး စတဲ့တာဝန်တွေထမ်းဆောင်ခဲ့ပေမဲ့ နိုင်ငံရေးသမား မဟုတ်ခဲ့ပါ။
လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ သူ(ဦးတင်ထွဋ်)က ဗိုလ်မှူးချုပ်ရာထူးတာဝန်ထမ်းဆောင်ခဲ့ရတဲ့အတွက် မနာလိုသူတွေလည်း ရှိခဲ့တယ်။ ကွန်မြူနစ်တွေတောခိုခဲ့တော့ နောက်ကလိုက်ပြီး နှိမ်နှင်းခဲ့တာလည်း သူနဲ့သူ့အဖွဲ့ပဲ။
ကျွန်မတို့ ထင်မြင်ချက်ကတော့ လုပ်ကြံမှုနောက်ကွယ်ကလူဟာ တပ်မတော်ထဲက သူ့ထက်ရာထူးတစ်ဆင့်ငယ်သူလည်းဖြစ်ပြီး အရင်က ကွန်မြူနစ်ဟောင်းလည်း ဖြစ်ခဲ့သူပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ (အတိအကျမသိလို့)ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။
အချိန်တွေကြာလာတဲ့အခါမှာတော့ ဦးတင်ထွဋ်အသတ်ခံရမှုဟာ အမှုမှန်ပေါ်ပေါက်ဖို့ မရှိတော့ဘူးဆိုတာ ကျွန်မတို့မိသားစုက လက်ခံလိုက်ရပါတယ်။"
ကျွန်တော်တို့ကတော့ ကိုယ့်ဘဝတွေအတွက် ဆက်လက်ချီတက်နေရဆဲပါ။
"ဒေါက်တာသိန်းအုပ်ကျော်မြင့်"
(စာကြွင်း-လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းစဉ်မှာ အရေးပါတဲ့အခန်းတွေက တာဝန်ထမ်းဆောင်ခဲ့ရသူ ဦးတင်ထွဋ်ရဲ့သမိုင်းက မြန်မာ့သမိုင်းမှာ မှေးမှိန်ပျောက်ကွယ်နေလို့ ဖေါ်ထုတ်လိုက်တဲ့သဘောပါ။ ဦးတင်ထွဋ်ဟာ အစိုးရအဖွဲ့ရဲ့အတွင်းဝန်ရာထူးကို အချိန်အကြာကြီးထမ်းဆောင်ခဲ့တဲ့အတွက် နန်းရင်းဝန်ဦးစောရဲ့ အင်္ဂလန်ခရီးစဉ်မှာရော၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အင်္ဂလန်ခရီးစဉ်မှာပါ လိုက်ပါခဲ့သူလည်း ဖြစ်ပါတယ်။ ဦးစောနဲ့ခရီးစဉ်ကအပြန်မှာ ပါလက်စတိုင်း(အစ္စရေး)မှာ အဖမ်းခံရပြီး အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ကိုအပို့ခံထားရတာ ဒုတိယကမ္ဘာစစ်ပြီးတဲ့အထိပါပဲ။ ဦးစောကိုတော့ အင်္ဂလိပ်အစိုးရက ယူဂမ်ဒါနိုင်ငံကို ပို့ခဲ့တယ်။
ဦးတင်ထွဋ်ဟာ အင်္ဂလိပ်တွေရဲ့ ထုံးတမ်းစဉ်လာတွေကို အသေးစိတ်သိသူဖြစ်လို့ အင်္ဂလန်ရောက်ရင် ဆောင်ရန် ရှောင်ရန်တွေကို သူ့ဆီကနေပြီး မြန်မာခေါင်းဆောင်တွေက လေ့လာသင်ယူရတယ်လို့ သိရတယ်။ ခေါင်းဆောင်တွေရဲ့ ယုံကြည်စိတ်ချရသူ၊ အားကိုးရသူ ညာလက်ရုံး အတွင်းဝန်လည်း ဖြစ်ခဲ့တယ်။
ဦးတင်ထွဋ်လုပ်ကြံခံရမှုဟာ ကွန်မြူနစ်တွေရဲ့လက်ချက်လိုလို၊ တပ်မတော်ရဲ့ လက်ချက်လိုလို၊ အင်္ဂလိပ်အလိုတော်ရိတွေရဲ့ လက်ချက်လိုလိုနဲ့ အစဖျောက်ခံခဲ့ရတယ်။
ဒီနှစ်ဟာ ဦးတင်ထွဋ်ကွယ်လွန်ခြင်း နှစ်(၇၀)ပြည့်လည်းဖြစ်တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဦးတင်ထွဋ်အကြောင်း အင်္ဂလိပ်လိုရေးထားတာတွေ့သမျှကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်။
ချစ်တဲ့
မောင်လူပေ
(Credit to Sayar U Hla Min, Dr Thane Oke Kyaw-Myint )
ကာတွန်း ကိုခေတ် - လမ်းတွေ ချိုင့်တွေ
$
0
0
ကာတွန်း ကိုခေတ် - လမ်းတွေ ချိုင့်တွေ
(မိုးမခ) သြဂုတ် ၁၊ ၂၀၁၈
ကိုထက် (ရေဦး) ● ဆက်ပစ်
$
0
0
ကိုထက် (ရေဦး) ● ဆက်ပစ်
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၈
၈  ရက်  ၈  လ  ၈၈  မှာ
ပြည်သူကပစ်ထည့်လိုက်တဲ့အသံ
အာဏာရှင်ရဲ့ခေါင်းကိုတည့်တည့်မှန်တယ် ။
ဆက်ပစ်  ဆက်ပစ်  ဆက်ပစ်။
အခု နှစ်သုံးဆယ်အထိ
ပွဲကမပြီးသေးဘူး
အမြစ်ကမပြတ်သေးဘူး။
ဆက်ပစ် ဆက်ပစ်  ဆက်ပစ်။
ပေးလိုက်ရတဲ့အသက်တွေအတွက်
ကျခဲ့ရတဲ့သွေးတွေအတွက်။
ဆက်ပစ်  ဆက်ပစ်  ဆက်ပစ်။
ရပ်မထားလိုက်နဲ့
မေ့မထားလိုက်နဲ့
မျောမသွားလိုက်နဲ့  ။
ဆက်ပစ်  ဆက်ပစ် ဆက်ပစ်  ။
အာဏာရှင်ကကျဆုံးရမယ်
အမှန်တရားကအောင်လံလွှင့်ရမယ်။
ဆက်ပစ်  ဆက်ပစ်  ဆက်ပစ်။
လက်တွေကိုမြဲမြဲတွဲ
ဘယ်တော့မှသွေးမကွဲကြနဲ့
ဘယ်တော့မှနောက်မဆုတ်ကြနဲ့။
ဆက်ပစ်  ဆက်ပစ်  ဆက်ပစ်။
ဟေ့ တားထားလို့ရမလား
ဟေ့ ကာထားလို့ရမလား   ။
ဆက်ပစ်  ဆက်ပစ်  ဆက်ပစ်
ဆက်ပစ်  ဆက်ပစ်  ဆက်ပစ်
ဆက်ပစ်  ဆက်ပစ်  ဆက်ပစ်။      ။
၂၀၁၈
နိုင်စွမ်း ● ခေတ်ပြိုင်ကို ပန်းချီနဲ့ ဖန်တီးရေးဆွဲပြတဲ့ Supernaturalပန်းချီပြပွဲ
$
0
0
နိုင်စွမ်း ● ခေတ်ပြိုင်ကို ပန်းချီနဲ့ ဖန်တီးရေးဆွဲပြတဲ့ Supernatural ပန်းချီပြပွဲ
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၈
● နိဒါန်း
ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်မှာ အနုပညာသမားတွေဟာ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလနဲ့ ၀န်းကျင် အနေအထားကို ထင်ဟပ်ပုံဖော် တင်ပြကြတာတွေ အများအပြားရှိခဲ့ပါတယ်။ အထင်ရှားဆုံး ဖန်တီးမှုတခုကို နမူနာပြရရင် ပီကာဆိုရဲ့ ဂွာရာနီကာ ပန်းချီကားပါပဲ။ စစ်ရဲ့ အနိဋ္ဌာရုံကို Realism အတိုင်း ဖန်တီးထားခြင်းမဟုတ်ဘဲ သင်္ကေတပြု နိမိတ်ပုံတွေသုံးစွဲ ရေးဆွဲတင်ပြထားတဲ့ ကမ္ဘာကျော်ပန်းချီကားပေါ့။
ကျနော်တို့ဆီမှာလည်း ခေတ်ကိုလည်းကောင်း၊ စစ်ကိုလည်းကောင်း၊ လူသားဖြစ်တည်မှုနဲ့ မျှော်လင့်ချက်ကိုလည်းကောင်း ပုံဖော်တင်ပြမှုတွေ အခုအခါ ပိုမိုများပြား ကျယ်ပြန့်လာတာတွေ့ရပါတယ်။ အရင်ခေတ်တွေက Decoration အဆင့်သာသာ အထားခံခဲ့ရ၊ ပုံဖော်တင်ဆက်ရတဲ့ ပန်းချီဖန်တီးမှုမှာ အခုအခါမှာ အတွေး အမြင် သရုပ်ကို အရင်းအတိုင်း လှပမှုထက် နွယ်ဆက်အတွေး သို့မဟုတ် Concepts ကို အခြေပြု ဖန်တီးတင်ပြလာတဲ့ အနုပညာပုံဖော်ဖန်တီးမှုတွေ များပြားကျယ်ပြန့် လာတာလည်း တွေ့လာနေရပါတယ်။
● ခေတ်ပြိုင်ကိုလည်းရေး၊ သမိုင်းကိုလည်းဖွင့်
အထူးသဖြင့် ပွင့်လင်းမြင်သာပြီးနောက်ပိုင်း ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ မြင်ရတွေ့ရ ပိုမိုများပြားလာတာပါ။ အခုနှစ် ဇူလိုင် ၂၁ ကနေ ၂၃ ရက်နေ့ အထိ၊ ၄၃ - လမ်း၊ အောက်ဘလောက်၊ အမှတ် ၁၀၁၊ ဒုတိယထပ် (၃ လွှာ) မှာရှိတဲ့ 43 Art Gallery မှာ ကျင်းပပြုလုပ်တဲ့ Supernatural လို့ အမည်ပေးထားတဲ့ Surrealist ၅ ဦးရဲ့ ပန်းချီလက်ရာတွေက ခေတ်ကို လည်း ဖွဲ့ဆိုတယ်၊ သမိုင်းကိုလည်း ဖွင့်ဆိုတယ်၊ လောကအမြင် ဘ၀အမြင်နဲ့ အကန့်အသတ် ရှိနေတဲ့ လူသားရဲ့ မျှော်လင့်အိပ်မက်ကိုလည်း လှစ်ဟပြတဲ့ ပန်းချီ ပြပွဲလို့ ခြုံယူသတ်မှတ် နိုင်ပါတယ်။
အဆက်မပြတ် ရွာသွန်းလိုက်၊ ပြန်ရပ်လိုက်နဲ့ ဖြစ်နေတဲ့ ဇူလိုင်မိုးစက်တွေအောက်ကနေ 43 Art Gallery ထဲကို ၀င်ရောက် လိုက်တာနဲ့ မြင်ကွင်းတွေက သီးခြားကမ္ဘာ တစ်ခုဆီ ခေါ်ဆောင်သွားပါတယ်။
ဒါလီရဲ့ နာရီတွေ အရည်ပျော်နေတာမျိုးလည်း မဟုတ်၊ ခြေထောက် သေးသေးလေးတွေနဲ့ ဆင်ကြီး တွေမျိုးလည်း မဟုတ်၊ နဂိုအရွယ် သေးငယ်ပေမယ့် ပန်းချီကားထဲမှာ ကြီးမားပြီး ကြောက်စရာကောင်းတဲ့ ပုံဖော် တင်ပြမှုမျိုး မဟုတ်ဘဲ ယနေ့ မျက်မှောက်ခေတ်ရဲ့ ပကတိ အနေအထားကို လျှပ်တစ်ပြက် အတွင်း တွေးမြင် ထင်ဟပ်ပြတဲ့ မြန်မာ့ ပန်းချီလောကရဲ့ ပထမဦးဆုံးလို့ ဆိုနိုင်တဲ့ ဆာရီရယ်လစ်ဇင် (Surrealism) အနုပညာ တင်ဆက်မှုပါပဲ။
● မင်းဇော်အောင်
လောကမျက်ဝန်း (Space Eyes)  လို့ ပန်းချီကားထဲမှာတော့ အသားစား ငါးမန်းကြီးက စပါးကြီးမြွေကြီးကို လှမ်းမြို၊ စပါးကြီးမြွေကြီးက အသာစား မိကျောင်းကို လှမ်းမြို၊ မိကျောင်းက ကျားကြီးကို လှမ်းမြို၊ ကျားကြီးက အနက်ရောင် မြေခွေး နှစ်ကောင်ကို ဖမ်းဆွဲကိုက်ဝါး၊ အနက်ရောက် မြေခွေး နှစ်ကောင်က ၀တ်လစ်စလစ် မိန်းမပျိုရဲ့ ခြေထောက် တစ်ဖက်စီကို ကိုက်ဝါး၊ အားနွဲ့သေဆုံးနေတဲ့ မိန်းမပျိုလေးရဲ့ ခေါင်းရင်းမှာက အရိုးခေါင်းပုံ ထိုင်ခုံတခု၊ ထိုင်ခုံမှာ ထိုင်နေတာက တောဘုရင် ခြင်္သေ့မင်း၊ ခြင်္သေ့မင်းက စားပွဲအ၀ါရောင်ပေါ်ရှိ ပန်းကန်ထဲက အသည်းအဆုတ် ကလီစာတွေကို အေးအေး လူလူ ထိုင်စားရင်း တောကောင်တွေ အသားစားကောင်တွေရဲ့ ဖြစ်စဉ်ကို အားရပါးက ရှုစားလို့ပေါ့…၊ စားပွဲ အစွန်းမှာလည်း စားသောက်ပြီးတဲ့ အခါမှာ သောက်သုံးဖို့ သွေးခွက်ကိုလည်း အသားစား ငမန်းရဲ့ ၀မ်းဗိုက်ကို ဖောက်ကာ ပိုက်တန်းလန်းနဲ့ ဖြည့်ဆည်းထားရဲ့။
ပန်းချီကားရဲ့ နောက်ခံကလည်း အပြောကျယ်လှတဲ့ လောကရဲ့ ထောင့်တနေရာကနေ လျှပ်တစ်ပြက် မြင်လိုက်ရတဲ့ မရေရာ မတည်မြဲ လွင့်မျောနေတဲ့ မြင်ကွင်းမျိုးကို ဖန်တီးတင်ပြထားပါတယ်။ ရေးဆွဲသူက ၁၉၈၅ ခုနှစ်ဖွား၊ မုံရွာသားပန်းချီ မင်းဇော်အောင်ပါ။ သူ့ရဲ့ တခြားလက်ရာတွေကလည်း တကယ့်ကို အားရကျေနပ်စရာပါ။ အရာအားလုံး လွင့်မျောနေတဲ့ ၀န်းကျင်တခုထဲမှာ ပြွတ်ကြပ်နေတဲ့ လူတွေ၊ တိုးဝှေ့တွန်းတိုက်နေတဲ့ လူတွေ၊ ဒီလူတွေ ကိုယ်တိုင်က ကုလားထိုင်တလုံးဆီ သွားနေကြတာ ဖြစ်ပြီး၊ သူတို့ကိုယ်တိုင်လည်းပဲ ကုလားထိုင် ဖြစ်သွားနေတဲ့ ပုံကို ရေးဆွဲတင်ပြထားပါတယ်။ သူတို့ အပေါ် ဖြတ်သန်း ကျရောက်နေတဲ့ အလင်းရောင်နဲ့ နောက်ခံ တိမ်စိုင်တိမ်လိပ်တွေက ခဏသာပါ လို့ ပြောဖို့ မလိုအောင် အားဖြည့် ပေးထား ဖန်တီးထားတာလည်း တွေ့ရပါတယ်။
၂၀၁၁ ခုနှစ်က အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) က ပန်းချီအဓိကနဲ့ ကျောင်းဆင်းခဲ့တဲ့ ပန်းချီမင်း ဇော်အောင် ရဲ့ တခြားလက်ရာတွေကလည်း ကြည့်သူကို အတွေးပွားစေတဲ့ ခေတ်ကို ထင်ဟပ်ပြတဲ့ ပန်းချီကားတွေ ဆိုတာ တွေ့ရပါတယ်။
“ဟုတ် အစ်ကို… ကျနော်လေ… ရေးတာက ဘာမှ မကြာဘူးဗျ။ တွေးနေရတာက ကြာတာ။ ကိုယ်တွေးမိသလိုလည်း ကြည့်သူတွေ မရမှာလည်း စိုးရိမ်မိတာလေ။ အရင်ကတော့ တစ်စုံတစ်ခုကို ရေးရင် တူအောင်ရေးဆွဲတယ်။ အခုတော့ တူအောင်ရေးတာကို ပျင်းသွားတယ်။ တွေးစရာကို ရှာရေးတာပါ အစ်ကို” လို့လည်း ၂၀၁၇ ခုနှစ်က In My Memorial တစ်ကိုယ်တော် ပြပွဲ ပြုလုပ်နိုင်ခဲ့သူ အရပ် မနိမ့်မမြင့် လူငယ်ပန်းချီဆရာ မင်းဇော်အောင်က ပြောပြတယ်။
● ရှိုင်းကိုကို
ဒီပြပွဲမှာ အသက်အငယ်ဆုံးဖြစ်တဲ့ ၁၉၉၁ ခုနှစ်ဖွား၊ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ဖွား ပန်းချီရှိုင်းကိုကိုရဲ့ လက်ရာ တွေကလည်း တစ်မျိုးတစ်ဘာသာ ခေတ်ကို ထင်ဟပ်ပြနေပါတယ်။ ကြေးဝါသတ္တနံ့ရနေတဲ့ အ၀ါရောင် လူတစ်ယောက်ရဲ့ ဦးခေါင်းထက်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီး တပင်ပေါက်လို့…၊ အဲဒီလူရဲ့ ညာဘက်လက်က သူ့နားထင်ကို သေနတ်နဲ့ ထိုးချိန် လုပ်ကြံနေသလိုမျိုး၊ သူ့ရဲ့ ဘယ်ဘက်လက်ကတော့ သတိ အနေအထားနဲ့၊ သူ့လည်ပင်းမှာက အနီရောင်လည်စည်းက လှုပ်ခတ်လို့…။ သူ ဘာကို ဆိုလိုချင်တာပါလိမ့်။ ဦးနှောက်မှာ အခြေတည် အမြစ်စွဲလာတဲ့ အတွေး အမြင် စိတ်ကူးတွေက စိမ်းစိုနေတဲ့ သစ်ပင်တပင် ဖြစ်ပေမယ့် လူကိုယ်တိုင်က အရာရာ သတိဆွဲနေရတဲ့ အဖြစ်၊ ဒီ အဖြစ်ကို လက်မခံနိုင်လွန်းတဲ့ အချိန်တခုမှာ ကိုယ့်ကိုယ်ကို လုပ်ကြံမိလေ မလား လို့ ဆိုတဲ့ အတွေးစိတ်ကူးကို ဆင့်ပွား ခံစားမိလိုက်ပါတယ်။
၂၀၁၃ ခုနှစ်က အမျိုးသား အနုပညာနဲ့ ယဉ်ကျေးမှု တက္ကသိုလ် (ရန်ကုန်) ကနေ ပန်းချီအထူးပြုနဲ့ ကျောင်းဆင်းခဲ့တဲ့ ပန်းချီ ရှိုင်းကိုကိုရဲ့ လက်ရာ နောက်တစ်ခုကလည်း ခေတ်ကို ထင်ဟပ်ပြနေပါတယ်။ ဦးခေါင်းမှာ သစ်ပင်စိမ်းစိမ်းတွေ ပေါက်နေတဲ့ လူနှစ်ယောက်၊ တစ်ယောက်ရဲ့ မျက်နှာက အလင်း… နောက်တစ်ယောက် မျက်နှာက အမှောင်ထဲမှာ၊ ဒါပေမယ့် သူတို့ နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် လျှာသေနတ် သို့မဟုတ် လေသေနတ်တွေနဲ့ အပြန်အလှန် လုပ်ကြံနေပါရောလား။ ယနေ့ခေတ် ဖေ့စ်ဘုတ် အပါအ၀င် လူမှုကွန်ရက်မှာ အပြန်အလှန် ဆဲဆိုတာတွေ၊ မလိုတမာ ပြောဆို အပုပ်ချကြတာတွေနဲ့ လုပ်ကြံနေတဲ့ အကြောင်းကိုပါ ဆက်စပ်တွေးမိစေတာ တွေ့ရပါတယ်။
သူ့ရဲ့ တခြား လက်ရာနှစ်ခုဖြစ်တဲ့ Cubism ဆန်ဆန်ရေးဆွဲမှုနဲ့ တခြားတခုကတော့ သူ့စိတ်ကူး ဖန်တီးမှုနဲ့ မလိုက်ဖက်ဘဲ သူပေးချင်တဲ့ မက်ဆေ့ဂ်ျကို မရတဲ့ အကြောင်း၊ ရေးဆွဲမှုကို အာရုံစိုက်နေရတော့ ပေးချင်တဲ့ မက်ဆေ့ဂ်ျကို မရောက်ဘဲ ဖြစ်နေတဲ့ အကြောင်း သူ့ကို အကြံပြုလိုက်ပါတယ်။
● ရဲမင်း
Surealist တဦး ဖြစ်တဲ့ ပန်းချီရဲမင်းရဲ့ ပန်းချီကားတွေကတော့ လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်နေတာကို သတိပြုမိတယ်။ သေချာကြည့်မှ ပဋိစ္စသမုပ္ပတ် စက်ဝိုင်းနဲ့ စက်ဘီးဂီယာချိန်းတွေကို အမျိုးသား၊ အမျိုးသမီး Nude ပုံတွေရဲ့ ဦးခေါင်းပိုင်းနဲ့ တွဲစပ်တင်ပြထားတဲ့ ပန်းချီကားတွေ ဆိုတာ တွေ့လိုက်ရပါတယ်။ အလျဉ်မပြတ် လည်ပတ်နေတဲ့ လောကသံသရာ လည် ပတ်မှုနဲ့ အရိုင်းဆန်ဆန် ရှင်းလင်းမြင်သာတဲ့ လူသား ဖြစ်တည်မှုကို ထင်ဟပ်ပုံဖော်ပြတာ တွေ့ရပါတယ်။
“ဟုတ်တယ် ခင်ဗျ၊ ကျနော်က တရားထိုင်ပါတယ်။ လူတွေကို အပေါ်ယံ အ၀တ်အစားအောက်က အရေပြားနဲ့ ခန္ဓာကိုယ်ကို တရားသဘောနဲ့ ယှဉ်တွဲ တင်ပြတာပါပဲ” လို့ ၁၉၈၈ ခုနှစ်ဖွား၊ ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်း ဇာတိသား ပန်းချီရဲမင်းက ပြောပြတယ်။ သူက စီးပွားရေး တက္ကသိုလ်က B.ECom ဘွဲ့ရ တဦးပါ။ သူဟာ ၂၀၁၁ ခုနှစ်က လောကနတ် အနုပညာ ပြခန်းမှာ၊ ၂၀၁၇ ခုနှစ်က န၀ဒေးသာလာ အနုပညာ ပြခန်းမှာ တစ်ကိုယ်တော် အနုပညာပြပွဲတွေ ပြုလုပ်နိုင်ခဲ့ပါ တယ်။
● လူမော်ဟန်
အနုပညာမျိုးရိုးရှိသူ၊ ၁၉၈၂ ခုနှစ်ဖွား ပန်းချီလူမော်ဟန်ရဲ့ တင်ပြမှုကလည်း တမျိုးတဘာသာပါ။ ဖခင်ဖြစ်သူ ၀င်းမော်ဟန်၊ အဖိုးဖြစ်သူ ပန်းချီ (ဦး) သောင်းဟန်ရဲ့ မျိုးဆက်ပါ။ သူဖန်တီးထားတဲ့ Suicidal စီးရီး ပန်းချီကားတွေနဲ့ ပတ်သက်ပြီး သူက- “ဟုတ်တယ်… အစ်ကို ကျနော်က ဆရာမြင့်သန်းရဲ့ စာအုပ် အမှာစာလေးကို ဖတ်ပြီး စိတ်ကူးရသွားတာ။ ကိုယ့်ကိုယ်ကို ဘယ်လို သေဆုံးမယ် ဆိုတာ လူမှာ ရွေးချယ်ပိုင်ခွင့် ရှိနေမလား ဆိုတဲ့ အဓိပ္ပာယ်ပေါ့” လို့ ပြောပြတယ်။
တကယ်တော့ လူတွေဟာ အချိန်တိုင်း သေဆုံးနေတာပါ။ ဖြစ်-တည်-ပျက် သံသရာထဲမှာ လည်နေတဲ့ သဘောလို့ ဘာသာ ရေး အယူအဆတွေက ဆိုပါတယ်။ ဒါပေမယ့် လူမော်ဟန်ကတော့ ဘာသာရေး အယူအဆကို ထင်ဟပ်တင်ပြတာ မဟုတ်ဘဲ လူသားတဦးရဲ့ သီးဖြစ်တည်မှုနဲ့ ရွေးချယ်မှုကို ရေးဖွဲ့ဖန်တီးတင်ပြတာ တွေ့ရပါတယ်။ ဘ၀ရဲ့ မွန်းကြပ် မွန်းလှောင် မှုကြားကနေ ထွက်ပြေးလွတ်မြောက်ဖို့ ရွေးချယ်ပေမယ့် သာယာတဲ့ တပ်မက်ဖွယ် တယောသံလေးကိုတော့ တွယ်မက်နေ မလား၊ ဒါမှမဟုတ် အရာရာမေ့ပျောက်ပြီး လွင့်မျောသွားလေမလား၊ အနီးနားက ကြေကွဲဖွယ် ကျီးအာသံတွေ ကြား ဘယ်လို များ ခံစားနေရမှာပါလိမ့် လို့ ပန်းချီကားတွေ ကြည့်ရင်း ခံစားမိလာပါတယ်။
ပန်းချီလူမော်ဟန်ဟာ အခုနှစ်မှာပဲ Night Memo လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲကိုလည်း၊ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း အထက်ဘလောက်မှာ ရှိတဲ့ Studio Square မှာ ကျင်းပနိုင်ခဲ့ပါတယ်။
● စံမင်း
မြန်မာ့မော်ဒန်ခေတ်ဦးကာလရဲ့ တတိယမျိုးဆက် ပန်းချီဆရာ တစ်ဦးဖြစ်တဲ့ ပန်းချီစံမင်းရဲ့ ဖန်တီးရေးဆွဲမှုကလည်း ယနေ့ခေတ်ပြိုင် အနေအထားကို ဖွင့်ဆိုနေပါတယ်။ လူနေထူထပ် ကားကျပ်ကျပ်နဲ့ ရန်ကုန်မြို့ လမ်းမတွေ အပေါ်မှာ နေ့စဉ်မြင်တွေ့နေရတာက လမ်းပြ ယာဉ်ထိန်းရဲသားတွေပါ။ မီးပွိုင့်မီး ပျက်နေချိန်မှာဆို သူတို့ဟာ စကားပြောစက်ကိုဖွင့်၊ လူသွားလူလာနဲ့ ကားတန်းရှည် အနည်းအများကို ကြည့်ကာ ၀ီစီကို တရွှီရွီမှုတ်ပြီး လမ်းပြပေးနေကြရတာက မြင်နေကျ မြင်ကွင်း။ ဒီမြင်ကွင်းကို ပန်းချီစံမင်းက “ရပ်၊ ကြည့်၊ သွား” ဆိုတဲ့ သင်္ကေတ ဆိုင်းဘုတ်ကို ယာဉ်ထန်းရဲရဲ့ ဦးခေါင်းမှာ တပ်ပေးပြီး ဖန်တီးလိုက်တယ်။ ယနေ့ခေတ် ရန်ကုန်နဲ့ ခေတ်ကာလကို လမ်းပေါ်က မြင်ကွင်းနဲ့ ချိတ်ဆက်တင်ပြမှုပါပဲ။
၁၉၅၁ ခုနှစ်ဖွား ပန်းချီစံမင်းဟာ ရန်ကုန်ဇာတိသား ဖြစ်ပြီး၊ ၁၉၇၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ B.Sc (Botany) ဘွဲ့ရရှိခဲ့ပါတယ်။ အသက် ၆၇ နှစ် ရှိပြီ ဖြစ်တဲ့ ပန်းချီစံမင်းဟာ ဆာရီယယ်လစ်ဇင်း ပုံဖော်ဖန်တီးမှုကို နှစ်သက်စွဲလမ်းစွာ ဘ၀တလျှောက်လုံး ဖန်တီးလာခဲ့သူပါ။ ယခင် တစ်ပါတီ အာဏာရှင် အစိုးရနဲ့ စစ်အုပ်စု အုပ်စိုးစဉ် ကာလတွေမှာ သူ့ရဲ့ ပန်းချီကား များစွာတွေကို ပြခန်းမှာ ပြသခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။
ပန်းချီစံမင်းက Supernatural ပြပွဲနဲ့ ပတ်သက်ပြီး မိတ်ဆက်ပေးရာမှာ - “မြန်မာနိုင်ငံတွင် ဆာရီယယ်လစ်ဇင်း အနုပညာကို ဖန်တီးရေးဆွဲကြရာတွင် (၁) ရေဆွဲရန် အချိန်ကြာမြင့်ခြင်း၊ (၂) အတွေးအခေါ်ပိုင်း အတွက် အချိန်ပေး စဉ်းစားရခြင်း၊ (၃) ၀ယ်ယူအားပေးမည့်သူ မရှိခြင်း၊ (၄) ယခင် ပြပွဲစိစစ်ရေး ရှိစဉ်က ပန်းချီကားများနှင့် ပတ်သက်၍ မေးမြန်းခံရသူများခြင်း တို့ကြောင့် ရေးဆွဲသူ လျော့နည်းခဲ့သည်” လို့ ရေးသားထားပါတယ်။
ဆာရီယယ်လစ်ဇင်းပန်းချီ ဖန်တီးမှုကို လေ့လာရင် ဒီပန်းချီဝါဒကို အင်ဒရေဘရက်တန် (Andre Breton) က ပြင်သစ်နိုင်၊ ပါရီမြို့တော်မှာ ၁၉၂၃ စတင်ခဲ့တာ ဖြစ်ပြီး ယနေ့တိုင် ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရေးဆွဲ ဖန်တီးနေကြဆဲ ဖြစ်ပါတယ်။
မြန်မာပြည်က ထင်ရှားတဲ့ ဆာရီရယ်လစ်စ် တွေကတော့ အမျိုးသားထဲမှာ ဆိုရင် ပန်းချီ စံမင်း၊ အောင်ကို၊ ထွန်းဝေမြင့်၊ လှတိုး၊ တီးတိုတို့ ဖြစ်ပြီး၊ အမျိုးသမီး ထဲမှာတော့ ပန်းချီဆရာမ စန္ဒီတို့ ဖြစ်ပါတယ်။ တခြား ပန်းချီဆရာ တချို့လည်း ရှိနေပါဦးမယ်။ လတ်တလော သတိရသလောက် တင်ပြလိုက်တာပါ။
● ပြပွဲခြုံငုံသုံးသပ်ချက်
ကျနော်တို့ ဆီမှာ ခေတ်ပြိုင်အနုပညာ (Contemporary Art) ပုံဖော်တင်ဆက်မှု နည်းပါးနေသည့် အခြေအနေတွင် ပန်းချီ ဆရာ ၅ ဦး၏ Supernatural ပန်းချီပြပွဲဟာ မှတ်တိုင်တစ်ရပ်၊ လှုပ်ရှားမှု တစ်ရပ် အဖြစ် ရှိနေမှာ ဖြစ်သလို နောက်ထပ် တိုးထွက်ဖန်တီးလာမယ့် အနုပညာမျိုးဆက်တို့ကိုလည်း ဦးဆောင်ပေး၊ နှိုးဆွမြှင့်တင်ပေးတဲ့ ပြပွဲတစ်ရပ်လို့ သုံးသပ်ရပါ တယ်။
သို့သော် - ပန်းချီစံမင်း၏ မိတ်ဆက်မှာ “ယခုခေတ်ကာလတွင်တော့ ဆာရီယယ်လစ်ဇင်းဝါဒကို မိုက်မိုက်မဲမဲ ရူးသွတ်စွာဖြင့် ရောက်ရှိလာသော လူငယ် အနုပညာသမားများကို ပန်းချီလောကက လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါသည်။ သို့သော် သူတို့ သည် တစ်ပွဲထိုး သမားလား၊ ရေရှည်ဆက်လက် လုပ်ဆောင်မည့်သူတွေလား ဆိုသည်ကိုတော့ အချိန်ကသာ ဆုံးဖြတ်ပေး ပါလိမ့်မည်” လို့ ရေးထားတဲ့ အတိုင်း စောင့်ကြည့်လေ့လာရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။
ကာတွန်း စိုးကြီး (ပေါင်းတည်) ရဲ့ ဘုတ်ဘေး ဒုက္ခသည်တွေ
$
0
0
ကာတွန်း စိုးကြီး (ပေါင်းတည်) ရဲ့ ဘုတ်ဘေး ဒုက္ခသည်တွေ
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၈
ကာတွန်း ATH ရဲ့ ဝန်ထမ်းပြက္ခဒိန်
$
0
0
ကာတွန်း ATH ရဲ့ ဝန်ထမ်းပြက္ခဒိန်
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၈
ကိုသန်းလွင် ● ကုန်သွယ်ရေးပြဿနာ
$
0
0
ကိုသန်းလွင် ● ကုန်သွယ်ရေးပြဿနာ
(မိုးမခ) သြဂတ်စ် ၁၊ ၂ဝ၁၈
(၁)
ဖြစ်ပွားလျက်ရှိသော အမေရိကန်နှင့် တရုတ်တို့၏ကုန်သွယ်ရေး ပဋိပက္ခတွင်စီးပွားရေးအုပ်ချုပ်မှု မော်ဒယ်နှစ်ခုတို့၏ မတူ ညီမှုကိုမြင်နိုင်ပါသည်။ တခုကနိုင်ငံပိုင်စီးပွားရေးနှင့် နောက်တခုက ပရိုက်ဗိတ်အပိုင်းမှ စွန့်စားလုပ်ကိုင်သူတို့၏ ကွဲပြားသော လုပ်နည်းလုပ်ဟန်တို့ကြောင့် ဖြစ်ရသည်ဟု ဆိုနိုင်ပါသည်။
(၂)
အပေါ်ရံမှကြည့်လျင် ကမ္ဘာ၏အကြီးဆုံး စီးပွားရေးစနစ် နှစ်ခုတို့တွင် တူညီသောအချက်များရှိသည်။ ဒေါ်နယ်ထရန့် (Mr Donal Trump) နှင့် ရှီဂျင်ပင်း (Mr. Xi Jinping) တို့သည် နိုင်ငံတော်အာဏာကိုအသုံးပြု၍ ကုန်ထုတ်လုပ်သူတယောက် ရောင်းသူဝယ်သူတို့၏ သဘောဆန္ဒအတိုင်း ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အော်ဒါကိုဖြတ်ကျော်၍ ကုန်သွယ် ခြင်းကိုခွင့်မပြု၊ ထို့ပြင် လွတ်လပ်စွာပြိုင်ဆိုင်ခြင်း (Competition) ကိုလည်း ခွင့်မပြုလိုကြပေ။
ထုတ်ကုန် (Export) နှင့် ကုန်သွယ်ရေးတွင် ပိုငွေပြခြင်းက ကောင်းသည်။ ကုန်စည်တင်သွင်းခြင်းနှင့် လိုငွေ ပြခြင်းသည် မကောင်း၊ သူတို့သည် ကုန်ထုတ်လုပ်ခြင်းကို အရေးတကြီးတန်ဘိုးထားပြီး လူတို့၏ဝင်ငွေတိုးလာလျင်၊ ဝန်ဆောင်မှုတန်ဘိုးမြင့်လာလျင်ဝန်ဆောင်မှု ၄င်းတို့တန်ဖိုးကျသွားခြင်းကို ဂရုမပြုလိုကြပေ။
သူတို့သည် အမျိုးသားလုံခြုံရေးကို ဦးစားပေးပြီး စီးပွားရေးကရလာမည့် အကျိုးအမြတ်ကို ဒုတိယတန်းစားသာ တန်ဘိုးထားသည်၊ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုမှန်သမျှကို နှစ်နိုင်ငံဆွေးနွေးဖြေရှင်းခြင်း(deal Making) ဖြင့်ဖြေရှင်းလိုကြသည်၊ ထိုသဘောတူညီမှုသည် အခြားနိုင်ငံမျးအပေါ် အကျိုးသက်ရောက်မှုရှိမည်ဆိုခြင်းနှင့် အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဂရုမပြုကြတော့ပေ၊ နှစ်ဦးလုံးက မိမိနိုင်ငံကသာ ထိပ်တန်း နေရာယူပြီး တဖက်လူက မိမိခေါင်းဆောင်မှုကိုလက်မခံဘဲ ကန့်လန့်တိုက်နေသည်ဟုသာ နားလည်သည်။
မည်သို့ဆိုစေ ခြားနားချက်များကတော့ မလွဲမသွေရှိနေပါသည်၊ တရုတ်တို့က သဘာဝကျပြီး ရေရှည်ကို မျှော် ကြည့်တတ်သည်၊ မစ္စတာထရန့်မှာ ရေတိုကိုသာကြည့်ပြီး လုပ်ချင်ရာစိတ်ပါရာကို ထလုပ်သည့် သဘော ရှိ သည်၊ ထိုသို့ပြောချင်ရာပြောပြီးလုပ်ကိုင်သောကြောင့်ကုန်သွယ်ရေးကိစ္စများတွင် အသာရသွားသည်များရှိသည် တရုတ်တို့ကရှေ့ရေးကိုမျှော်ကြည့်ပြီးခိုင်ခန့်သည့် စက်မှုနိုင်ငံတော်ကိုထူထောင်လိုသည်၊ စက်ရုပ် (Robot) နှင့် AI-Artificial Inteligence ကိုအသုံးပြုလိုသည်၊ ထရန့်က ယခုခေတ်တွင် ခေတ်ကုန်နေပြီဖြစ်သော ကျောက်မီး သွေးနှင့် သံမဏိကိုအားကိုးလိုသည်။
ရှီဂျင်ပင်း၏ ပေါ်လစီမှာ ပိုမိုကျယ်ပြန့်သော ပိုမို၍ထင်သာမြင်သာရှိသော စက်မှုနိုင်ငံထူထောင်ရန်ဖြစ်၏၊ ထရန့်၏အမေရိကန်ပေါ်လစီမှာ တံခါးပိတ်ဝါဒကိုသွားလိုသည်၊ သူကအခွန်ကောက်ယူခြင်းကို သဘောကျပြီး တရုတ်တို့က အစိုးရအထောက်အပံ့ (Subsidize) လုပ်လိုသည်၊ အခွန်မကောက်သောနည်းဖြင့်သာ စက်မှုလုပ် ငန်းအပေါ်ချယ်လှယ်လိုသည်။
တိုးတက်စ အမေရိကန်စီးပွားရေးမှာ လွတ်လပ်သောစီးပွားရေးဖြစ်ပြီး  Heritage Foundation က အဆင့် သတ်မှတ်ရာတွင် ၁၈ ရရှိသည်၊ တရုတ်ပြည်က ၁၁ဝ ဖြစ်သည် အမေရိကန်အပါအဝင်ဖြစ်သော G 7 နိုင်ငံများ က တရုတ်ပြည်၏တရားမျှတမှုမရှိသော ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပေါ် ပြစ်တင်ဝေဖန်ခဲ့ ကြသည်၊ ကန့်သတ်ချက်များ၊ ထိမ်းချုပ်မှုများ ပို့ကုန်အတွက်အစိုးရ (Subsidize) များ ငွေလွှဲနူန်းအပေါ်မှာ အသာ ရ မှုများ (SOE State Owned Enterprise) များမှ စည်းကမ်းနှင့်မညီသော ရပိုင်ခွင့် များကြောင့် တရုတ်ပြည်ကို (Market Economy) အဆင့်အတန်းပေးရန်ငြင်းဆန်ခဲ့ကြသည်။
ဤတောအတွင်း Made in China 2025 ဟူ၍ တရုတ်တို့ကစီစဉ်ခဲ့ကြသည်၊ သူတို့သည်စက်မှုကဏ္ဍ ၁ဝခုတွင် အားသွန်ခွန်စိုက် လုပ်မည်ဟု ထုတ်ပြန်ကြေညာခဲ့သည်၊ ၄င်းတို့မှာ အိုင်တီ Automation နှင့် စက်ရုပ်များ Aerospace၊ ကားကို စွမ်းအင်အသစ်နှင့် မောင်းနှင်ရေး၊ ဆေးပညာဆိုင်ရာ ဘိုင်အိုလိုဂျီစသည်တို့ဖြစ်သည်။
UNCTAD United  Nations Trade and Development အလိုအရ နိုင်ငံပေါင်း ၁ဝ၁ နိုင်ငံတွင် ကုန်သွယ်ရေး ဆိုင်ရာပေါ် လစီများချမှတ်ထားရာ တရုတ်ပြည်က ဤသို့ပေါ်လစီချမှတ်ခြင်းမှာ မထူးဆန်းပါ၊ ဂျာမနီကလည်း  Industries 4.0 ဟူ၍ချ မှတ်ခဲ့သည်။ ဂျာမနီက ၂ဝ၁၁ တွင်ချမှတ်ခဲ့ပြီးတရုတ်ပြည်မှာကဲ့သို့သော ဆင်တူအချက်များပါဝင်သည်။
တိုင်းပြည်အသီးသီးတွင် ပြည်တွင်းနှင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူတို့အဖို့ တိုင်းပြည်၏ စက်မှုဆိုင်ရာပေါ်လစီများကို လိုက်နာ ကြရသည်။ နိုင်ငံတော်က လိုအပ်သောရံပုံငွေကိုရှာပေးပြီး လိုအပ်သော Infra structure ကိုလည်းပံ့ပိုးပေးသည်၊ နိုင်ငံတော် က ပါဝင်ရခြင်းမှာ ဈေးကွက်မပြည့်စုံမှု စက်မှုသုံးစွဲမှု အားမလုံလောက်ခြင်း စသည့်ကိစ္စများကြောင့်ဖြစ်သည်။
သို့ရာတွင် တရုတ်ပြည်တွင် အစိုးရကဝယ်ယူခြင်း ရံပုံငွေကိုရှာပေးခြင်းများသည်  နိုင်ငံပိုင်စက်ရုံများအတွက် သာဖြစ်သည်၊ ၄င်းတို့သည် စီးပွားရေးအရ တွက်ခြေကိုက်စရာမလိုချေ။ သို့ပါသော်လည်း အစိုးရပိုင်ကုမ္ပဏီများ ဖြစ်ခြင်းကြောင့် ၄င်းတို့ ကိုထိခိုက်ခြင်းသည် နိုင်ငံတော်ကိုထိခိုက်ခြင်းပင် ဖြစ်တော့သည်၊ အဘယ်ကြောင့်ဆိုသော် ခေတ်မှီတိုးတက်သော စက်မှု ထုတ်ကုန်များမှာ စစ်တပ်လုံခြုံရေးအတွက်အဓိကဖြစ်သည်။
တရုတ်သည် အမေရိကန်၊ ဂျပန်တို့နှင့် ပြိုင်ဘက်ဖြစ်လာသောအခါ ပို၍အရေးကြီးသည်၊ အဘယ်ကြောင့်ဆိုသော် တောင် တရုတ်ပင်လယ်လုံခြုံရေးအတွက်ဖြစ်စေ Belt and Road Inititive အတွက်ဖြစ်စေ တရုတ်တို့လိုအပ်ချက်မှာ များ ပြားလှ သောကြောင့် တနည်းမဟုတ်တနည်း ဆက်သွယ်နေကြသည်။
တရုတ်တို့က တီထွင်မှုနှင့် ထုတ်လုပ်မှုတွင် ရှေ့တန်းရောက်သည်ဟု ဟူဆသည်မှန်စေ ၄င်းတို့တွင် စစ်မှန် သော ယှဉ်ပြိုင်မှု မရှိသောကြောင့် Made in China ကြွေးကြော်သံသည် တကယ်တော့ အဆန်မပါသော အမြောက်ပမာဖြစ်နေသည်၊ တရုတ်တို့က ၂ဝ၂ဝ တွင် ကုန်ထုတ်လုပ်မှုတိုင်းတွင် ပြည်တွင်းတွင်ပြုလုပ်သော အရာ ၄ဝ% ပါရမည်၊ ၂ဝ၂၅ တွင် ၇ဝ% ပါရမည်ဟုဆိုနေသည်၊ ကမ္ဘာကုန်သွယ်ရေးအဖွဲ့ WTO ကချမှတ်ထား သော ပြည်တွင်းပြည်ပ၌ မခွဲခြားရေးမူကို ချိုးဖေါက် ရာရောက်နေသည်၊ ကွန်ပျူတာနည်းပညာများ Cyber Theft များ၊ စက်မှုဆိုင်ရာခိုးယူမှုများ၊ ခွင့်ပြုချက်ကိုစနစ်တကျ မတောင်းခံဘဲ ကော်ပီကူးယူခြင်းများ၊ အပြည်ပြည်ဆိုင် ရာ Sanction ကို ချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြပါသည်။
တချိန်တည်းမှာပင်တရုတ်ပြည်မှာရှိနေကြသော နိုင်ငံခြားကုမ္ပဏီများအနေဖြင့် နည်းနာနှင့်ထုံးတမ်းများကို တရုတ်တို့အား သိစေရန် တရုတ်အစိုးရက ဖိအားပေးသည်ဟုယူဆနိုင်ဘွယ်ရှိသောနည်းလမ်းများကိုသုံးနေသည် ဥရောပကောင်စီက အမေရိကန်တို့ကဲ့သို့ (CFIVS) Committes for foreign Investiment သော အဖွဲ့အစည်း မျိုးကို ထားလိုသည်၊ ထိုကော် မတီက နိုင်ငံခြားမှအရောင်းအဝယ် ရှိလာပါက ကုမ္ပဏီများကို ပြုပြင်၍ (Modify) ဖြစ်စေ၊ ငြင်းပယ်ခြင်း ဖြစ်စေ ပြုလုပ်နိုင် သည်၊ မစ္စတာထရန့်မှာသမ္မတဖြစ်လာကတည်းက တရုတ်ပြည်မှ စက်မှုဆိုင်ရာ ဝယ်ယူမှုများကို Block လုပ်ခဲ့သည်က များပါသည်။
ယခုအချိန်တွင် တရုတ်တို့သည် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်မှုတွင် အမေရိကန်ကို မမှီနိုင်သေးပါ၊ ဥရောပနိုင်ငံ အချို့ကို လည်း မမှီနိုင်သေးပါ၊ World Economic forum ၏ ယှဉ်ပြိုင်မှု Index တွင် အမေရိကန်က ဒုတိယ၊ ဂျာမနီက ၅ အင်္ဂလန် နိုင်ငံက ၈၊ ဂျပန်နိုင်ငံက ၉ နှင့် တရုတ်တို့က ၂၈ အဆင့်မှာရှိသည်။
Global Ecomomic Index တွင် အမေရိကန်က ၄, အင်္ဂလန်က ၅ နှင့် ဂျာမနီက ၈ , ဂျပန်က ၁၄ နှင့် တရုတ် တို့က ၂၂ လိုက်သည်။
တီထွင်ကြံဆမှု တွင် အမေရိကန်က ပထမ အင်္ဂလန်က ၄ နှင့် ဂျာမနီက ၁၅ , ဂျပန်က ၂၈ နှင့် တရုတ်ပြည်က ၄၃ ဖြစ်သည်၊
နိုင်ငံခြားမှ Broadcomm က Chip ထုတ်လုပ်သော Qualcomm ကိုဝယ် ရန်စီစဉ်သည်၊ Broadcomm က သုတေသန လုပ်ငန်းကို ဘတ်ဂျက်လျှော့ချမည်ဟု ကြေညာသည်၊ R &D ဘတ်ဂျက်ကိုလျှော့ချပါက Huawei ၏ 5G သုတေသနကိုမလိုက်နိုင်မည်စိုးရိမ်သဖြင့် အရောင်းအဝယ်မှာပိတ်ပင်ခြင်းခံရသည်။
အိုင်၊အမ်၊အက်ဖ (IMF) ၏လေ့လာချက်များတွင် အရေးကြီးသောတီထွင်ချက် (High Quality Patent) များကို အမေရိကန်ကုမ္ပဏီများကို နှစ်ပေါင်းများစွာကြာ အောင် မချီးမြှင့်ဘဲနေခဲ့ရာမှ ၂ဝ၁ဝ -၂ဝ၁၄ ခုနှစ်ကြားတွင် သိသိသာသာကြီး တိုးမြှင့်ချီးမြှင့်ခဲ့ရသည်၊ ဤသည် မှာ တရုတ်တို့နှင့်ကုန်သွယ်ရေး လိုငွေပြချိန်တွင်ဖြစ်သည်။
ဂျပန်နှင့်ဂျာမနီတို့တွင် ကုန်ထုတ်လုပ်မှု၊ ထုတ်လုပ်ရန်ရာထားမှု ၄င်းတို့နှင့် ပါတ်သက်သော သုတေသနလုပ်ငန်း များကို အစိုးရမဟုတ်သောပြင်ပမှဘဏ်များ၊ ကုမ္ပဏီများငွေကြေးဆိုင်ရာအဖွဲ့အစည်းများက လွပ်လွပ် လပ်လပ် လုပ်ကြသည်၊ အစိုးရက ပံ့ပိုးစရာရှိသည်များကိုပံ့ပိုးသည်။
ထိုအတောအတွင်းတရုတ်ပြည်အတွက် လုပ်စရာရှိသည်မှာ ပဌမစီးပွားရေးကို တတ်နိုင်သမျှ Liberalize လွတ်လပ်အောင် လုပ်ရန်ပင်ဖြစ်သည်၊ WTO မှလိုအပ်ချက်အတိုင်းကုန်သွယ်သည့်နိုင်ငံအချင်းချင်း ကျင့်ဝတ်များကိုလိုက်နာဆောင်ရွက်ရန်ဖြစ်သည်၊ ဤသို့ဖြင့်နိုင်ငံခြားငွေ အရင်းအနှီး တိုးတက်သောစက်မှုလုပ်ငန်းနှင့် ကမ္ဘာကြီး၏ Market ကိုလက်လှမ်းမှီ နိုင် စေရန်ဖြစ်သည်၊ နိုင်ငံပိုင်စက်ရုံ များကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးရပေမည်။
ဒုတိယအနေဖြင့် ရှန်ဇမ်း (Shenzhen) နှင့် Pearl River Delta တို့တွင်ယနေ့အကောင်အထည်ဖေါ်နေသော စီမံကိန်းများ ကိုအားသွန်ခွန်စိုက်တို့လုပ်ရန်ပင်ဖြစ်သည်၊ Apple က Heuwei  နှင့် Tacnet ကုမ္ပဏီတို့တွင် ရင်းနှီးမြှုတ်နှံထားသောငွေမှာ ဒေသဆိုင်ရာ GDP ၏ ၄ % မှတ်ကိုရောက်ရှိနေပြီဖြစ်သည်။
(၃)
အမေရိကန်နှင့်တရုတ်တို့ ၏ပြိုင်ပွဲမှာ အဆုံးသတ်ရန်မရှိသေးပါ၊ အမေရိကန်ကအသာစီးရနေသော်လည်း တရုတ်တို့က အချိန်မရွေးလိုက်လာနေသည်၊ ရေရှည်တွင် “စက်မှုလုပ်ငန်းတွင် (Technology) ကိုအဘယ်မျှ အသုံးချနိုင်သလဲ” ဆိုသည်တွင်မူတည်ပြီးအဆုံးအဖြတ်ပေးပါလိမ့်မည်။
ကိုသန်းလွင်
Ref: This trade war is about Technolohy, ByLinda Lim 30 June Striats Times
ရေဘေးသင့်ပြည်သူများအတွက် "Together We Can "ရန်ပုံငွေပန်းချီပြပွဲ
$
0
0
ရေဘေးသင့်ပြည်သူများအတွက် "Together We Can "ရန်ပုံငွေပန်းချီပြပွဲ
K (မိုးမခ) သြဂုတ် ၂၊ ၂၀၁၈
ရေဘေးသင့်ဒေသများမှ ပြည်သူများကို လှူဒါန်းရန်အတွက် ရည်ရွယ်ပြုလုပ်သည့် "Together We Can "ပန်းချီပြပွဲကို ရန်ကုန်မြို့တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက် သမာဓိလမ်းနှင့်လယ်ယာရွှေမြေလမ်းထောင့် အမှတ် ၈၃၃ ရှိ Sagawar Art Spaceမှာ သြဂုတ်လ ၄ရက်နေ့မှ ၉ရက်နေ့ထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။
အဆိုပါပြပွဲနဲ့ပတ်သက်ပြီး ပြပွဲစီစဉ်သူ စကားဝါပန်းချီ ပြခန်းထူထောင်သူတဦးဖြစ်တဲ့ မသန့်ဆွေက “ အခု ရေဘေးသင့် ရေကြီးနေတဲ့ဒေသတွေကို အလှူတန်းလုပ်ချင်တယ်ပေါ့။ အဲဒါနဲ့စကားဝါမှာ ချိတ်ဆွဲထားတဲ့ ပန်းချီပြပွဲလေးလုပ်မယ်။ ပန်းချီပြပွဲမှာ ရေးဆွဲကြတဲ့ ဆရာတွေကလည်း ရောင်းချရတဲ့ ၁၀၀ရာခိုင်နှုန်းကို သွားလှူဒါန်းကြမယ်ဆိုပြီး တိုင်ပင်လုပ် ဖြစ်ကြတာပါ။ ”လို့ ပြောပြပါတယ်။
ပြပွဲမှာ ပန်းချီဆရာကြီး ဦးမာလာ၊ ဆရာဝင်းဖေမြင့်၊ ဆရာမြတ်ကျော်ထွန်း၊ ဆရာနီပိုဦး၊ ဆရာဦးဝင်းကြည်၊ ဆရာညီငယ် အလိမ္မာ၊ ဆရာဖိုးစန်းတို့လက်ရာ ပန်းချီကားများအပြင် စကားဝါပန်းချီသင်တန်းဆင်းများမှ လှူဒါန်းရေးဆွဲခဲ့တဲ့ ပန်းချီကား ၄၀ကျော် ၅၀နီးပါးကို ချိတ်ဆွဲ၊ ပြသ၊ ရောင်းချသွားမှာဖြစ်ပြီး ရောင်းချရငွေအားလုံးကို ရေဘေးသင့်ဒေသများသို့ (၁၂.၈ .၁၈) ရက်နေ့မှာ သွားရောက် လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။
ပန်းချီပြပွဲကို ၄.၈.၁၈ မှ ၉.၈.၁၈ ရက်နေ့ထိ မနက် ၁၀နာရီမှ ညနေ ၅:၃၀ အတွင်း ပြသရောင်းချသွားမည်ဖြစ်ပြီး အဝေးမှ ဝယ်ယူလှူဒါန်းသူများထံကိုလည်း ဝယ်ယူသည့်ပန်းချီကားများအား ပေးပို့သွားမှာ ဖြစ်ပါတယ်။
ပြည်တွင်း ၊ ပြည်ပမှ ရေဘေးသင့်ဒေသများသို့ လှူဒါန်းလိုသူများအနေလိုသူများအနေဖြင့် 09 4444 51640 ၊ 09 44900 3484(မြန်မာ)၊ +95 9 449003484, +65 8190 2036 ( WhatsApp ၊ Viber ) မှသို့ ဆက်သွယ်၍လည်းကောင်း ၊ Paypal ၊ POSB Bank (Singapore) ၊ ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်များမှလည်းကောင်း ဆက်သွယ်၍ ဝယ်ယူလှူ ဒါန်းနိုင်ကြပါတယ်လို့လည်း သိရပါတယ်။
ပုဂ္ဂလိက သတင်းစာတစ်စောင် ကြွေလွင့်ပြန်
$
0
0
ပုဂ္ဂလိက သတင်းစာတစ်စောင် ကြွေလွင့်ပြန်
(Myanmar NOW) မိုးမခ၊ သြဂုတ် ၂၊ ၂၀၁၈
နိုင်ငံပိုင်မီဒီယာများကကြော်ငြာများကို လက်ဝါးကြီးအုပ်ထားခြင်းက ပုဂ္ဂလိက မီဒီယာများ ရပ်တည်မှုကို ခြိမ်းခြောက်နေသည်ဟု သံတော်ဆင့် အယ်ဒီတာ့အာဘော်က ဝေဖန်သည်။
ဖြိုးသီဟချို / Myanmar Now
(ရန်ကုန်) -- ခုနစ်လကြာ ထုတ်ဝေခဲ့ပြီးနောက်တွင် ‘မြန်မာသံတော်ဆင့်’နေ့စဉ်သတင်းစာသည် စီးပွားရေး အရ တွက်ခြေမကိုက်တော့သဖြင့် မနက်ဖြန် (ဩဂုတ်လ ၁ ရက်နေ့မှစ၍) တော့မည်ဖြစ်ရာ မနည်းကြိုးစား ရပ်တည်နေရသော မြန်မာနိုင်ငံ၏ ပုဂ္ဂလိက ပုံနှိပ်မီဒီယာလောကအတွက် နောက်ထပ် စိတ်ပျက်စရာ အခြေအနေတစ်ရပ် ဖြစ်လာခဲ့သည်။
စနေ၊ တနင်္ဂနွေမှ အပ တစ်ပတ်လျှင် ငါးရက်ထုတ် အဆိုပါ ရန်ကုန်အခြေစိုက်သတင်းစာသည် စီးပွားရေးအရ ဆက်လက် လည်ပတ်ရန် မဖြစ်နိုင်သောကြောင့် ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သတင်းစာတိုက်၏ တာဝန်ခံ အယ်ဒီတာ ဦးသူရိန်ဝင်းက ပြောသည်
“ထုတ်ဝေသူက နားတယ်ဆိုတဲ့ ပုံစံ ပြောထားတော့ အပြီးရပ်နားတာလား၊ ဘယ်တော့ ပြန်ထွက်မလဲ ဆိုတာ ကျွန်တော်တို့ အယ်ဒီတာ အဖွဲ့လည်း မသိဘူး” ဟု ၎င်းက ပြောသည်။
ပုံနှိပ်မီဒီယာအတွက် အဓိကဝင်ငွေဖြစ်သော ပုဂ္ဂလိကစီးပွားရေးကြော်ငြာများမှ ဝင်ငွေ လျော့သွားခြင်းကြောင့် သတင်းစာထုတ်ဝေမှုရပ်နားခဲ့သော်လည်း အပတ်စဉ်ထုတ် ‘မြန်မာသံတော်ဆင့်’ဂျာနယ်ကိုတော့ ဆက်လက်ထုတ်ဝေနေမည်ဟု သူကဆိုသည်။
နိုင်ငံရေး၊ စီးပွားရေးနှင့် မြေယာသိမ်းဆည်းခံရမှုများကို အဓိကဖော်ပြလေ့ရှိသည့် ‘မြန်မာသံတော်ဆင့်’ သတင်းစာ တာဝန်ရှိသူတို့ကမူ သတင်းစာ ရပ်နားရခြင်းသည် နိုင်ငံပိုင်သတင်းဌာနများက ကြော်ငြာများကို လက်ဝါးကြီးအုပ် ထားခြင်းကြောင့် ဟုပြစ်တင်ဝေဖန်ခဲ့သည်။
“သတင်းစာ တစ်စောင်ရပ်တည်နိုင်ရန် စာစောင်အရေအတွက်ထက် ကြော်ငြာရရှိမှုအခြေအနေဖြင့် ရပ်တည်နေရကြောင်း၊ နိုင်ငံပိုင် မီဒီယာများ၏ ကြော်ငြာဈေးကွက်ကို လက်ဝါးကြီး အုပ်ထားမှုမှာ ပုဂ္ဂလိက မီဒီယာများ ကြော်ငြာဖြင့် အသက်ရှင် ရပ်တည်နိုင်မှုကို ခြိမ်းခြောက်နေသည်” ဟု နောက်ဆုံးထုတ် သတင်းစာအယ်ဒီတာ့အာဘော်ကဆိုသည်။
၂၀၁၂ ခုနှစ်မှစကာ ပုဂ္ဂလိက ပုံနှိပ်မီဒီယာများ လွတ်လပ်စွာတည်ထောင်ခွင့်ပြုပြီးနောက်တွင် နေ့စဉ်ထုတ် သတင်းစာ ၄၆ စောင်၊ အပတ်စဉ်ထုတ်ဂျာနယ် ၅၄၂ စောင်အထိ မှတ်ပုံတင်နိုင်ခဲ့သော်လည်း ယခုအခါ သတင်းစာ ၂၆ စောင်နှင့် ဂျာနယ် ၂၀၅ စောင်သာ ကျန်ရှိတော့သည်။
ပြီးခဲ့သည့် ဇွန်လဆန်းအတွင်း ပြန်ကြားရေးဝန်ကြီးဦးဖေမြင့် တည်ထောင်ခဲ့သည့်‘ပြည်သူ့အရေး’ဂျာနယ် ရပ်နားခဲ့သလို ဧပြီလကလည်း နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်လာခဲ့သည့် ‘အလင်းတန်း’ဂျာနယ် ရပ်နားခဲ့သည်။ “ပုံနှိပ်မီဒီယာတွေ တစ်ခုပြီးတစ်ခု ပြုတ်ကျနေတယ်။ အခြေအနေ မကောင်းပါဘူး။ ဝန်ကြီး (ဦးဖေမြင့်) ပါဝင် ပတ်သက်ခဲ့ဖူးတဲ့ ဂျာနယ်တောင် ပြုတ်ကျတယ်ဆိုတော့ ကျန်တဲ့ဂျာနယ်တွေတော့ စဉ်းစားကြည့်ပေါ့။ အရှုံးလည်း ပေါ်နေပါတယ်။ ဒါကြောင့် ပုံနှိပ်မီဒီယာတွေမှာ ပရိသတ်နည်းသထက် နည်းလာပြီ”ဟု မြန်မာတိုင်းမ် မီဒီယာ၏ အမှုဆောင်အယ်ဒီတာ ဦးသီဟစောက ပြည်သူ့အရေးဂျာနယ် ရပ်နားစဉ်က Myanmar Now ကိုပြောဖူးသည်။
အောင်ရဲထွေးအမှု ပြန်ကြားနာရန် ဖမ်းခံခဲ့ရသူသုံးဦးကို ပြန်ဆင့်ခေါ်
$
0
0
အောင်ရဲထွေးအမှု ပြန်ကြားနာရန် ဖမ်းခံခဲ့ရသူသုံးဦးကို ပြန်ဆင့်ခေါ်
(Myanmar NOW) မိုးမခ၊ သြဂုတ် ၂၊ ၂၀၁၈
နှစ်ဘက်လျှောက်လဲချက်များ စိစစ်ကြားနာပြီးမှ ခရိုင်တရားရုံးအမိန့်ကို အတည်ပြုသင့်မသင့် တိုင်းတရားလွှတ်တော်က ဆုံးဖြတ်မည်ဖြစ်သည် (သတင်း အစ အဆုံး)
ထက်ခေါင်လင်း/Myanmar Now
(ရန်ကုန်) — ပြီးခဲ့သည့်ရက်ပိုင်းက ပိတ်သိမ်းခဲ့သည့် ကိုအောင်ရဲထွေး သတ်ဖြတ်ခံရမှုကို ပြန်လည်ကြားနာရန် လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံခဲ့ရသူ ၃ဦးအား ပြန်လည်ခေါ်ယူရန် သမာန်စာကို ယနေ့(ဇူလိုင်၃၁တွင်) ပေးပို့မည်ဟု ရန်ကုန်တိုင်းတရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူးက Myanmar Now သို့ ပြောသည်။
ဟာသရုပ်သံတိုများကြောင့် Facebook တွင် လူသိများသည့် အောင်ရဲထွေး (ခ) ရဲထွေးအောင်(၂၅နှစ်) သည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ညပိုင်း ရန်ကုန် The One Entertainment Park နှစ်သစ်ကူးပွဲတော် ရန်ပွဲတစ်ခုကြောင့် ၂၀၁၈ ဇန်န၀ါရီ ၂ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးမှုအတွက် ကျော်ဇောဟန် (ခ) ကျော်ဇော၊ သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ ၃ ဦးစလုံးသည် ရဲစခန်းတွင် သွားရောက်အဖမ်းခံခဲ့သည်။
သေဆုံးမှုတွင် တရားစွဲဆို ခံခဲ့ရသူများအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဇူလိုင်၂၅ ရက်က အမှုစွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သည်။
စွပ်စွဲခံရသူ ၃ ဦး လွှတ်ပေးခဲ့မှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဥပဒေချုပ်ရုံးက တိုင်းတရားလွှတ်တော်သို့ ဇူလိုင် ၃၀ ရက်နေ့က ပြင်ဆင်ချက်တင်သွင်းလာကြောင်း တိုင်းတရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။
ပြင်ဆင်ချက်ကို တိုင်းတရားလွှတ်တော်အနေဖြင့် ရာဇ၀တ်ပြင်ဆင်မှုအမှတ် ၂၉၆(က)/ ၂၀၁၈ ဖြင့် အမှုဖွင့်လှစ်ကာ တိုင်းတရားလွှတ်တော် တရားခွင် ၇ တွင် တရားသူကြီး ဦးအောင်နိုင်က စိစစ်သွားမည်ဟု သူက ဆက်ပြောသည်။
“ပြင်ဆင်မှုကို မနေ့က လာတင်တယ်။ တိုင်းတရားသူကြီးချုပ်ဆီ တင်ပြတော့ သူက တရားသူကြီးတစ်ဦးစီ ပြန်ချပေးတယ်။ ဦးအောင်နိုင်က တင်ပြလာတဲ့စာရွက်တွေကို စိစစ်ပြီး လက်ခံဆောင်ရွက်တယ်။ အဲ့ဒီအတွက် အမှုတွဲတစ်ခုလုံးကို ပြန်ယူတယ်” ဟု သူကဆိုသည်။
လက်ခံဆောင်ရွက်သည့် တရားသူကြီးအနေဖြင့် ၎င်းတို့၏ လျှောက်လွှဲချက်များကို စိစစ်ကာ ကြားနာမည်ဖြစ်ပြီး ယခုအမှု ရုတ်သိမ်းထားမှုကို လက်ခံသင့်၊ မသင့်ကို စိစစ်ဆောင်ရွက်သွားမည်ဟု သူက ဆက်ဆိုသည်။
“ကြားနာတဲ့အခါမှာ နှစ်ဖက်လျှောက်လဲချက်တွေကို နားထောင်မယ်။ ပြီးရင် ဒီခရိုင်တရားရုံးက အမှု ရုတ်သိမ်းထားတာကို အတည်ပြုမပြု ဆုံးဖြတ်မယ်။ မှန်တယ်ထင်ရင် အတည်ပြုမယ်။ မမှန်ဘူးဆိုရင် ပြန်ပယ်မယ်။ ပယ်လိုက်မယ်ဆိုရင်တော့ ဒီအမှုကို ပြန်စစ်ရမှာပေါ့။ ပြန်စစ်တဲ့အခါမှာလည်း မူလတရားရုံးကိုပဲ ပြန်ချပေးပြီး ဆက်စစ်ဆေးရမှာပေါ့” ဟု သူက ဆိုသည်။
##
အောင်ရဲထွေးသေဆုံးမှုအပြီး ရဲစခန်းသို့ သွားရောက်အဖမ်းခံသူများ (ဓာတ်ပုံ - ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့)
Viewing all 9633 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>