Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ဇော်အောင် (မုံရွာ) ● မြန်မာပြည် မိုဘိုင်းဘဏ်နဲ့ ATM စနစ်

$
0
0
ဇော်အောင် (မုံရွာ) ● မြန်မာပြည် မိုဘိုင်းဘဏ်နဲ့ ATM စနစ်
(မိုးမခ) သြဂတ်စ် ၅၊ ၂ဝ၁၈

တဟုန်ထိုး တိုးတက်နေပါပြီ။ "မသိသူကျော်သွား သိသူဖော်စား"ပေါ့။ ဘယ်ကဏ္ဍပဲဖြစ်ပါစေ မြန်မာပြည်မှမဟုတ် တကမ္ဘာ လုံး ရှာမရှည်ပဲ ငြိမ်ငြိမ်နေရင် ဝင်ငွေကောင်းနိုင်ပါတယ်။ စီးပွားရှာလို့ အကောင်းဆုံးနိုင်ငံဖြစ်လာပြီး မကြာခင် နိုင်ငံခြားသား လူတော်လူကောင်း အများကြီးဝင်လာကြမယ်။ လဒလို ငူတူတူမဟုတ်ရင် ငှက်တိုင်း လှပ အဆင်ပြေလာတော့မဲ့ အခြေအ နေပါ။

အခု မြန်မာပြည်မှာ တရားဝင်လည်ပတ်နေတဲ့ ဘဏ်ကြီးပေါင်း ၂၅ ခုလောက် ရှိနေတယ်။ KBZ လို့ ခေါ်တဲ့ ဦးအောင်ကိုဝင်း အဖွဲ့ ကမ္ဘောဇဘဏ်က ဘဏ်ခွဲပေါင်း ၄ဝဝ ကျော်နဲ့ ပထမ၊ မြန်မာပြည်မှာ အခွန်အများဆုံးပေးနေတယ်။ ဒုတိယကတော့ CB ဘဏ်၊ တတိယက AYA ဘဏ်၊ နောက်နာမည်ကြီး ဘဏ်တွေကတော့ ရိုးမဘဏ်၊ မြဝတီဘဏ်၊ AGD ဘဏ်၊ MOB MAB အစိုးရရဲ့ မစဘ မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားငွေ FEB ဘဏ်တွေကတော့ ဘိတ်ချီးပေါ့။ အခုထိ ဘဏ်ချလံရေးတဲ့ စနစ်ကို သုံးနေဆဲ အံသြဘွယ် မြန်မာအစိုးရ ဘဏ်ကြီးပေါ့။ Manual System ငွေသွင်းထုတ်တယ်ဆိုလို့ အထင်မသေးနဲ့ မြန်မာဘဏ်ဆိုတဲ့အတိုင်း စာရေးမတွေ လက်ရေးနဲ့ ပြေစာအထပ်လိုက် ရေးသွင်းတာ အရမ်းမြန်တယ်။ အဲ..ငွေထုတ်ဖို့ကြ တော့ တော်တော်နှေးသွားတယ်။ အစိုးရ ကန်ထရိုက်တွေရလို့ ငွေသွင်းရင် အရမ်းမြန်ပြီး လုပ်ငန်းအတွက် ရစရာငွေ ထုတ်တော့ ဝန်ဆောင်ခပေးရတယ်။ ပေးနည်းက တခေတ်နဲ့တခေတ် မတူပါ။ မဆိုင်လို့ မရေးလိုတော့ပါ။

မြန်မာ့မိုဘိုင်းဘဏ်လုပ်ငန်း ပုဂ္ဂလိကဘဏ်တွေ အရမ်းတိုးတက်နေတယ်။ အဓိက ဘဏ်တွေရဲ့ဝင်ငွေက ငွေလွှဲခ ဖြစ်ပါ တယ်။ လူအမည် မှတ်ပုံတင် ဖုန်းနံပါတ်ပေးပြီး ငွေလွှဲရင် သိန်း ၂ဝ အထိ နာရီဝက်အတွင်း မြန်မာမြို့ကြီး အားလုံးကို ရောက် တယ်။ ဟိုဘက်က လူ မှတ်ပုံတင်ပြပြီး ၁၅ မိနစ်အတွင်း ထုတ်ယူနိုင်တယ်။ ရိုးမ ဧရာဝတီ AGD လို ဘဏ်ဆိုရင် ပိုမြန်တယ်။ KBZ ဆိုရင်တော့ လူများလွန်းလို့ တခါတလေ တချို့မြို့တွေမှာ တနာရီလောက် စောင့်ရတတ်တယ်။ အားနည်းချက်က တော့ မှတ်ပုံတင်မှာ.စာတလုံးမှားရင် ထုတ်မရပဲ လွှဲသူက ဘဏ်ကိုပြန်သွားပြီး ပြင်ရတယ်။ ပြင်ခ ၅ဝဝကျပ်.. လွှဲခ ၁ဝဝဝ ကျပ်၊ ထုတ်တဲ့လူ ပေးစရာမလို..KBZ ဘဏ်ဝန်ထမ်းတွေ အရမ်းသွက်လက် မြန်ဆန်တယ်။ လစာလည်း ၃ သိန်းအထက် ပေးပြီး ဘောနပ်စ်ဆုကြေးတွေလဲ အများကြီးရတော့ ဘဏ်ဝန်ထမ်းလုပ်ရတာ မြန်မာပြည်မှာ Job Security အကောင်းဆုံး လို့ ပြောကြပါတယ်။ တခြားဘဏ်တွေက ဝန်ထမ်းတွေလဲ သွက်လက်မြန်ဆန်ကြတယ်။ ဘဏ်လုပ်ငန်းတွေ အမြတ်စွန်း ကြီးကြပါတယ်။

စင်ကာပူမှာ ဘဏ်ကြီး ၃ ခု တခုစီ အစိုးရထံ အခွန်အမြတ်ငွေကနေ ၃၅ % ဆောင်ကြတာ အကြီးဆုံး DBS/POBB (Government Banks) က နှစ်စဉ် ဒေါ်လာ သန်းတထောင်ကျော်တယ်။ UOB OCBC တွေလဲ သန်းတထောင်နီးပါး ရှိတယ်.. City.Bank, Standard.Chartered.Bank May.Bank China.Bank စတဲ့ ဘဏ်တွေလဲ အမြတ်များတာပါပဲ. . ATM များများရှိ လေလေ အမြတ်ပိုကြီးလေလေ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဘဏ်တိုးငွေ 8 % ပေးပြီး စင်ကာပူမှာ 0.5 % ပဲပေးတယ်။ ဂျပန်ဆို အနုတ် -0.1 % ဆိုလား..ဘဏ်က ထိန်းသိမ်းခတောင် ပြန်ယူတယ်။ သူတို့ ငွေကြေးက ခိုင်မာတာကိုး.. မြန်မာကျပ် ငွေလဲ အရင် ၄ နှစ်က ၁၃ % အတိုးကနေ အခု ၈ % ထိ ကျသွားတော့ ခိုင်မာလာတယ်ပြောရမယ်။ ငွေစက္ကူ တရား မဝင် ကြေငြာတာ ဘဏ်ထဲက ငွေပြန်ထုတ်မရတာမျိုးဖြစ်လာမှာ ကြောက်ခဲ့ကြတယ်။ ဘဏ်ဆို မယုံဘူး။ အခုတော့ စိုးရိမ် စရာ မရှိတော့ပါ။ ပုဂ္ဂလိကဘဏ်တွေမှာ သူဌေးကြီးတွေအပ်ငွေ ဘီလျံ ၂ သောင်းခွဲ (USD 20 billion) တောင် ရှိနေပြီလို့ ဗဟို ဘဏ်က လွှတ်တော်မှာ လာရှင်းပြပါတယ်။ စိတ်မချသူများကတော့ ကျန်ရစ်မယ်..ချန်ရစ်ခံရမဲ့ မြန်မာပြည် အနာဂါတ်ပါ။

အခုဆို Mobile Banking လူများစွာ.. ကုမ္ပဏီများစွာ မြန်မာပြည်မှာ အသုံးပြုနေပါပြီ။ ဘဏ်အကောင့်ဖွင့်..တခါတည်း ATM ကဒ်ပြား ထုတ်ပေးကြတယ်။ (KBZ က ကြီးကျယ်တော့ ရက်သတ္တပတ် ၂ ပတ်ကြာမှ ATM ကဒ် ထုတ်ပေးတယ်)။ Online Bank လျှောက်ရင် တနာရီနဲ့ မိမိမိုဘိုင်းဖုန်းမှာ ရပြီ။

● ဘဏ်မဟုတ်တဲ့ ငွေလွှဲခြင်း

တယ်လီနော Wave Money, အိုရီဒူး၊ အမ်ပီတီ၊ အခုနောက်မှပေါ်လာတဲ့ မိုင်တဲ မိုဘိုင်းဖုန်းတွေ သုံးပြီး ငွေလွှဲတဲ့ စနစ်တွေလဲ ပေါ်နေပါတယ်။ မကြာခင်မှာ တိုးတက်တဲ့ နိုင်ငံများနည်းတူ မိုဘိုင်းငွေလွှဲ စနစ်များစွာ ပေါ်လာမှာပါ။ ငွေလွှဲတဲ့ဆိုင်တွေ အများပြား ရပ်ကွက်ထဲ၊ လမ်းထဲမှာ ပေါ်နေပါပြီ။ ချက်ချင်း တဖက်လူ ငွေထုတ်လို့ ရပါတယ်။ Western Union, Money Gram တွေလဲ မြန်မာနိုင်ငံမှာရှိနေပေမဲ့ နိုင်ငံခြားက ငွေလွှဲတာပဲ သုံးကြပါတယ်။ ပြည်တွင်းငွေလွှဲတာတော့ ပြည်တွင်း ကုမ္ပ ဏီအသစ်တွေ ပေါ်လာဖို့ မျှော်လင့်ပါတယ်။ လောလောဆယ်တော့ ဘဏ်မသုံးတဲ့ မိုဘိုင်း ငွေလွှဲခ ဈေးကြီးပါတယ်။

● အိမ်၊ ကား၊ ဖုန်း၊ ဆိုင်ကယ် အကြွေးဝယ်စနစ်

ကမ္ဘာ့ ဘဏ် မြန်မာနိုင်ငံကို ဝင်လာတော့၊ နောက်ကနေ အမေရိကန် ငွေချေး (ချစ်တီး) ကုမ္ပဏီများစွာ လိုက်ပါလာကြပါတယ်။ သူတို့က ငွေချေးရရင် ဆင်တောင် အကြွေးဝယ်ချင်တဲ့ မြန်မာလူမျိုးများကို အကြွေးတင်အောင် အားပေးမဲ့ ချစ်တီးကုမ္ပဏီ များ ဖြစ်ပါတယ်။ ကျေးလက်အထိသွားပြီး NGO လိုလိုနဲ့ ငွေချေးလုပ်ငန်းတွေ မသိမသာ လုပ်ကိုင်ကြပါတယ်။ ကျေးလက် မှာတော့ စိုက်ပျိုးစရိတ်ချေးတဲ့ (မလုပ်သင့်တော့တဲ့) အစိုးရ ငွေချေးစနစ်ကြီး ရှိပါတယ်။ လယ်သမားတွေ အကျိုးမရှိပဲ ငွေ ဖြုန်းတီးအောင် အားပေးနေတဲ့စနစ်၊ စိုက်ပျိုးရေး အစိုးရဝန်ထမ်းတွေပဲ အဲဒီ ငွေချေးလုပ်ငန်းနဲ့ အဆင်ပြေ လုပ်စားနေကြပါ တယ်။ ထားပါတော့။ မြို့ပေါ်မှာ တော့ မိုဘိုင်းဖုန်း အကြွေး တနှစ်နဲ့ အတိုးနှုန်း ကြီးမားစွာ ရောင်းချပေးနေကြပါတယ်။ အ လုပ်ရှိကြောင်း ကုမ္ပဏီရဲ့ထောက်ခံစာပါရင် အမေရိကန် ချစ်တီးကုမ္ပဏီ (Argn လိုမျိုးကုမ္ပဏီ) က ငွေချေးပေးပါတယ်။ အတိုးနှုန်း ၁၅% လောက် ယူပါတယ်။ လစဉ်ငွေသွင်းတာ မေ့သွားရင် (ဒါမှမဟုတ်) မသွင်းနိုင်ရင် နောက်ကျကြေး Late Fee တောင်းပါတယ်။ ဘဏ်တွေက Late Fee နဲ့ လူတွေဆီက ငွေချူစားနေတာ တိုးတက်နိုင်ငံနေတဲ့ မြန်မာတိုင်းသိပါတယ်။ ခရက်တစ်ကဒ် နောက်ကျကြေး Credit Card Late Fee ဆိုတာ မနည်းလှပါ။

အဆိုးထဲ က အကောင်းကတော့ မော်တော်ကားတွေ၊ အိမ်တွေ အကြွေးစနစ် ခိုင်မာလာပါတယ်။ ၃ဝ% ကနဦးပေးငွေ 30% down payment ပြီးရင် ၁၃ % အတိုးနဲ့ ၅နှစ် ၁ဝနှစ် အကြွေးရောင်းပေးပါတယ်။ လုပ်နည်း လုပ်ဟန်တွေကတော့ နိုင်ငံခြား တိုးတက် နိုင်ငံများထက် နည်းနည်းရှုပ်ပါတယ်။ ဝယ်ပြီးရင် အတိုးနှုန်းနည်းတဲ့ ဘဏ်ကို ပြောင်းဖို့ခက်ပါတယ်။ အတိုးနှုန်းက နိုင်ငံတကာမှာ ၅ % လောက်ပဲပေးရပေမဲ့၊ ငွေဖောင်းပွနှုန်းမြင့်တဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ ဘဏ်တိုးနှုန်း မြင့်ပါတယ်။ မြန်မာ နိုင်ငံ အိမ်၊ ကား ဝယ်ရင် ဘဏ်တိုးနှုန်းက ၁၃ % ဆိုတော့ အလွန်များပြားပါတယ်။ သို့သော်လည်း စီးပွားလုပ်သူများ အ တွက်တော့ Capital Cost ဆိုတဲ့ ငွေလုံးငွေရင်း ရင်းနှီးဖို့ အတိုးနှုန်းများပေမဲ့ အဆင်ပြေပါတယ်။ စီးပွားကောင်းနေရင် ၁၃ % ပေးနိုင်ပါတယ်။

● အကြွေးဝယ်ကဒ် (Credit Card) စနစ်

မြန်မာခရက်တစ်စနစ်ကတော့ တော်တော်ဆိုး နေပါသေးတယ်။ တိုးတက်တဲ့ အာစီယံနိုင်ငံတွေမှာ လစာငွေရဲ့ ၂ ဆ၊ သုံးခွင့် ပေးပါတယ်။ ဝင်ငွေ ထွက်ငွေများတဲ့ လုပ်ငန်းရှင်တွေ ခရက်တစ် များများသုံးခွင့်ပေးပါတယ်။ ယခင်က လူလည်တ ယောက်၊ နိုင်ငံများစွာ၊ ဘဏ်များစွာ လှည့်လည် ငွေချေး ထွက်ပြေးတဲ့စနစ်ကြောင့် အခုခေတ်မှာ ခရက်တစ်ဗြူရိုဆိုတဲ့ လူတွေ၊ ကုမဏီတွေ ငွေအမြောက်အများ မချေးအောင် ထိန်းချုပ်ထားပါတယ်။ မြန်မာပြည်မှာ MPU စနစ်ကို စတင်ပေမဲ့၊ ချေးလို့ရရင် ဆင်တောင် အကြွေးဝယ်ချင်တဲ့ မြန်မာများ အကျင့်ကိုထိန်းဖို့ အစိုးရမှာတာဝန် ရှိပါတယ်။ လစာကို ၂ ပတ်တခါပေးမှဖြစ်မှာမို့ တချို့ကုမ္ပဏီများက (အမေရိကန်နိုင်ငံလို) ၂ ပတ်တခါ လစာပေးနေကြပါတယ်။ မြန်မာခရက်တစ်ကဒ်ကတော့ သာမန်လူ ဆိုရင် ဒေါ်လာ ၃ဝဝ ပဲပေးတော့ နိုင်ငံတကာမှာ သုံးဖို့မလွယ်ပါဘူး။ လေယာဉ်လက်မှတ်တောင် ဝယ်ဖို့ မလောက်ငှပါဘူး။ နိုင်ငံခြားသားတွေလဲ မြန်မာပြည်လာရင် ခရက်တစ်ကဒ်နဲ့ မဝယ်ကြပါဘူး။ သူတို့ခရက်တစ်ကဒ်ကို ဟက်ကာ Hacker တွေ က ခိုးထုတ်ခံရမှာ စိုးရိမ်လို့ပါ။ မြန်မာပြည်ဘဏ်စနစ်က လုံခြုံရေးအားနည်းတယ်လို့ မှတ်ချက်ရှိပါတယ်။ တိုးတက်အောင် လုပ်ဖို့ကတော့ အဂတိလိုက်စားမှုနည်းသွားမှဖြစ်မှာပါ။

သို့သော်လည်း ငွေဖောင်းပွနှုန်းနည်းသွားအောင် ..အဓိက (အစိုးရဌာနဆိုင်ရာများရဲ့) အဂတိလိုက်စားမှု Corruption Index နည်းသွားမှ ဖြစ်မှာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ အဂတိအညွန်း က အရှေ့တောင်အားရှမှာ ဘိတ်ဆုံး ဖြစ်နေဆဲပါ။ စီးပွားလုပ်ဖို့ အခက်ခဲဆုံး Ease of Doing Business အညွှန်းကလဲ ဘိတ်ဆုံး ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရက တပ်မ တော်နဲ့ ရင်ကြားစေ့စပ်နိုင်မှ အဂတိနည်းသွားမယ်၊ စီးပွားရေး ရင်းနှီးမြှုတ်နှံမှုလည်း ဝင်လာမယ် ဖြစ်ပါတယ်။

● မိုဘိုင်းဘဏ် အကျိုးကျေးဇူး
ဘဏ်တွေက မနက် ၁ဝ နာရီကနေ ညနေ ၂ နာရီပဲဖွင့်တော့ ပြည့်ကြပ်နေတယ်။ စနေတနင်္ဂနွေ ပိတ်တယ်။ ATM က ၂၄ နာရီ ငွေသွင်း ထုတ်နိုင်တယ်။ သွင်းစက်က မရှိသလောက်နည်းပေမဲ့ ငွေထုတ်စက်တွေ အများကြီးပဲ။ Online Mobile Banking ကတော့ တော်တော်အဆင်ပြေပါတယ်။

အထူးသဖြင့် မိုဘိုင်းဘဏ်စနစ် မြန်မာပြည် ထွန်းကားလာတော့ ဘဏ်အကောင့် အလွယ်တကူဖွင့်ပြီး ဘဏ်ထဲ တိုက်ရိုက် ငွေလွှဲမယ်.. ကိုယ်လွှဲပြီးကြောင်းပြေစာကို မိုဘိုင်းဖုန်းမှာ SS Screen Save လုပ်ပြီး ငွေလွှဲခံရသူဆီ Viber Messenger နဲ့ ပို့ပေးမယ်။ တဖက်ကလဲ ချက်ချင်း မိုဘိုင်းအကောင့်နဲ့ ဝင်လာငွေကို စစ်ဆေးမယ်။ ငွေက သိန်း ၂ဝ အောက်ဆို ချက်ချင်း ရောက်တယ်ပြောပေမဲ့ အင်တာနက်လိုင်းကနှေးတော့ နာရီဝက်လောက် စောင့်ရပါတယ်။ ရောက်ရင် ATM ဆီ သွားထုတ် ရုံပါပဲ။ အဲ..ATM မှာ ၅ သိန်းအထိပဲထုတ်နိုင်တော့ တနေ့ ၃ ခါပဲထုတ်ဆိုရင် ၅ သိန်း ၃ ခါထုတ်ရတာ အခက်ခဲရှိပေမဲ့ ပြည်သူ အများစုက တသိန်း ၂ သိန်းပဲ တလစာသုံးကြတော့ အိုကေပါတယ်။

မိုဘိုင်းဖုန်းမှာ Online Statement သွင်းထုတ် စရင်းကို PFF / Word file နဲ့ ကြည့်နိုင်တယ်။ အကောင်းဆုံး ဝန်ဆောင်မှုက မိုဘိုင်ဖုန်း နံပါတ်သိရင် Topup ချက်ခြင်း လုပ်ပေးနိုင်ပါတယ်။ ငွေဖြည့်ကပ် လိုက်ရှာဝယ်နေစရာ မလိုတော့ပါ။

● မိုဘိုင်းဘဏ် အားနည်းချက်
မိုးရွာ လေကြီးဆို အင်တာနက်လိုင်းပျက်တယ်။ online fail ဖြစ်ရင် တခါတလေ တနေ့လုံး ဘဏ်ငွေလွှဲ မရောက်ဘူး။ ATM တွေကလဲ ခဏခဏ ပျက်နေတတ်တယ်။ မြန်မာတွေက Manual System ကိုယ်တိုင် ပိုက်ဆံကိုင်တွယ် ငွေသွင်း/ထုတ်ရ တာ နှစ်သက်တော့ ငွေလွှဲရင် မှတ်ပုံတင်ပြပြီး ငွေထုတ်တဲ့စနစ် နှစ်ပေါင်းများစွာ လုပ်နေဦးမှာပါပဲ။

တချို့ စင်ကာပူပြန် မြန်မာများ ဟိုမှာနေစဉ် အင်တာနက်ဘဏ် Internet Banking မလုပ်ဖူးပေမဲ့၊ စင်ကာပူမှာ Mobile Banking လုပ်ဖူးသူများ အဖို့တော့ မြန်မာနိုင်ငံမှာ မိုဘိုင်းဘဏ်လုပ်ဖို့ အခက်ခဲမရှိပါ။ မြန်မာပြည်မှာပဲ နေထိုင်တဲ့ မျိုးဆက် သစ် အသက် ၂ဝ ကျော် လူငယ်လေးတွေလဲ မိုဘိုင်းဘဏ်စနစ်ကို အလွယ်တကူ လုပ်တတ်ပါတယ်။ လဒလို ငှက်မျိုး က တော့ တခြားငှက်တွေထက် နှေးကွေး၊ မလှုပ်ရှားနိုင် ဖြစ်မှာပါ။ လဒလိုငှက်မျိုး မဟုတ်ပဲ၊ လင်းယုန်လို ငှက်မျိုး၊ ခွပ်ဒေါင်းလို ငှက်မျိုး၊ ချိုးငှက်လို ငှက်မျိုး မျိုးဆက်သစ် မြန်မာလူငယ်များ ဖြစ်ကြပါစေ။ မိုဘိုင်းဘဏ်စနစ် Registration လုပ်တာတော့ အနည်းငယ်ခက်ပေမဲ့ နားလည်တဲ့သူငယ်ချင်းမိတ်ဆွေကို အကူညီတောင်းရပါမယ်။

● နိဂုံး (မိုဘိုင်းဘဏ်နဲ့ ATM)
မိတ်ဆွေတဦး ဘဏ်ကဒ်လုပ်တာ ဘဏ်က လုံခြုံရေးကို အကူညီတောင်းပြီး Password အသစ် မှတ်ပုံတင်ရတယ်။ ပြီးတော့ သူ့ဘဏ်ကပ် နဲ့ Password ရေးထားတဲ့ စာရွက် ပိုက်ဆံအိတ်ထဲ အတူထည့်ထားတယ်၊ တလ ၁သိန်း လစာငွေ ဘဏ်ကို လစဉ် သွားသွင်းတယ်။ ဘဏ်စာအုပ်ကို Update မလုပ်ဘူး။ ၄ လမြောက်မှာ ၄ သိန်း ရှိ/မရှိ ဘဏ်မှာ စစ်ကြည့်တော့ ၄ ကျပ်ပဲကျန်တာ တွေ့ရတယ်။ အကူညီတောင်းလို့ ဘဏ်ကို လိုက်ပြီး မေးတယ်။ ATM ကနေ လစဉ် ၁ သိန်း ထုတ်ယူနေတယ် ဆိုလို့ ဘဏ်က CCTV နဲ့ ဘယ်သူထုတ်သလဲ ဗွီဒီယိုကြည့်တော့ ..သူ့သမီး လောင်းကစားစွဲလမ်းနေတဲ့ အသက် ၃ဝ ကျော် မိန်းကလေးက လစဉ် ATM သုံးပြီး ခိုးထုတ်နေတာကိုး။ သိပ်မသုံးတတ်ရင် မသုံးတာပဲ ကောင်းပါတယ်။ မိုဘိုင်းဘဏ်စနစ်နဲ့ မိမိဘဏ်ထဲက ပိုက်ဆံတွေ ဟက်ကာ Hacker ကထုတ်ယူသွားရင် ပြဿနာပဲ။ ကိုယ့်ဆွေမျိုး အရက်သမား၊ ဆေးသမား၊ လောင်းကစားသမား ခိုးထုတ်မဲ့ ရန်ကိုလဲ သတိထားရပါမယ်။

မြန်မာပြည် မိုဘိုင်းဘဏ်နဲ့ ATM စနစ်ပါ။

ဇော်အောင်
၃ သြဂုတ်၊ ၂ဝ၁၈

ဒီလူည ● အဆင်ပြေရဲ့လား ဗစ်တာ

$
0
0
ဒီလူည ● အဆင်ပြေရဲ့လား ဗစ်တာ
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၈

မနေ့က ငါဖုန်းဆက်တော့ မင်းမရှိဘူး ပြောတယ်
မင့်အိမ်ရောက်သွားတော့ ဧည့်ခန်းမှာချိတ်ထားတဲ့
မင့်ဓာတ်ပုံလေးက "စောင့်နေတာကြာပေါ့"လို့ ပြောတယ်
ဒီရက်ပိုင်း မင်းအကြောင်းတွေ သတင်းမှာသိပ်မတွေ့ဘူး
မင်းအဆင်ပြေရဲ့လားဗစ်တာ
မင်းနဲ့တွေ့ပြီးစကားတွေ အကြာကြီးထိုင်ပြောချင်သေးတယ်
ငါ့ status တွေ တွေ့ရင် ငါ့ဆီ message ပို့ပါဦး
ခု မင်းဘယ်ရောက်နေလဲ
ငါ အခန်းထဲမှာ သင်ခန်းစာအလာကို စောင့်နေတယ်
မင်းအမေက ဝရန်တာမှာ မင့်အလာကိုကြိုနေတယ်
မင်းနဲ့ငါက သူငယ်ချင်းတွေပဲ ဗစ်တာ
အချိုကုန်ရင် ထွေးထုတ်ပစ်ရတဲ့ ပီကေမှမဟုတ်တာ
မင်းပါးစပ်နဲ့ ငါခံတွင်း မြိန်ပါတယ်
ငါ့အဆုပ်နဲ့ရော မင်းအသက်ရှူရတာ အဆင်ပြေရဲ့လား
ငါတို့တွေ ဓားအိမ်ထဲ အတူတူ ဝင်ပုန်းခဲ့ကြတာ
မှတ်မိသေးတယ်မဟုတ်လား
အဲ့ဒီတုန်းက ငါ့လျှာကို မင်းက ဓားသွားပေါ်တင်လို့
ငါက မင်းဦးနှောက်ကို ဓားဦးချွန်ပေါ် ထိုးစိုက်ခဲ့တာ
အဲ့ဒီတုန်းက ငါတို့
တယောက်နောက်ကျော တယောက် ဓားနဲ့ထိုးပြီး
ရယ်မောခဲ့ကြတာလေ
အဲ့ဒီတုန်းက ငါတို့
ခေါင်းစဉ်အတူတူပေးပြီး ခေါင်းတွေ လျှော်ခဲ့ကြတာ
ငါက မင့်ဂစ်တာကိုတီးပြီး
မင်းက ငါ့ကဗျာထဲဝင်လို့
မှတ်မိသေးတယ်မဟုတ်လား ဗစ်တာ
မင်းအခန်း မျက်နှာကြတ်မှာ ငါ့မျက်လုံးကိုကပ်
ငါ့ခေါင်းအုံးစွပ်မှာ မင်းအရေပြားကို ချုပ်ခဲ့ကြတာ
သတင်းစာအဟောင်းတွေ ပြန်ရှာဖြစ်သေးလား
ငါ့ကျန်းမာရေးကတော့ မင်းချောင်းဆိုးတိုင်း နှိုးနေကြပါပဲ
တံခါးသော့တွေမှာ မင့်ပုံလေးတွေ ကပ်ထားတုန်း ပါပဲ
ခုတလော အိပ်မက်ဆိုးတွေ မက်မက်နေလို့
မင်းရော အဆင်ပြေရဲ့လားဗစ်တာ။
  
ဒီလူည

ကာတွန်း ကိုတေရဲ့ ကျေးဇူးတင်ကြသူတွေ ...

$
0
0

ကာတွန်း ကိုတေရဲ့ ကျေးဇူးတင်ကြသူတွေ ...
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၈

ထက်ခေါင်လင်း (Myanmar Now) ● မေးခွန်းတစ်ခု၊ အမြင်နှစ်မျိုး

$
0
0

ထက်ခေါင်လင်း (Myanmar Now) ● မေးခွန်းတစ်ခု၊ အမြင်နှစ်မျိုး
(အောင်ရဲထွေးအမှုကို မတူညီသည့် ရှုထောင့်နှစ်ခုမှ ချဉ်းကပ်ခြင်း)
(မိုးမခ) သြဂတ်စ် ၅၊ ၂၁

ဟာသရုပ်သံတိုများကြောင့် Facebook ပေါ်တွင် လူသိများလာခဲ့သူ ကိုအောင်ရဲထွေး ၂၀၁၇ ဒီဇင်ဘာ နှစ်သစ်ကူးပါတီ ရန်ပွဲအတွင်း သေဆုံးခဲ့သည့်အတွက် လူသတ်မှုဖြင့် ဖမ်းခံထားရသည့် သံသယရှိသူသုံးဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဇူလိုင်၂၅ ရက်တွင် စွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သည်။


ကွယ်လွန်ချိန်တွင် အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်သည့် ကိုအောင်ရဲထွေး၏အမှုသည် သမ္မတက မှတ်ချက်ပေးရသည်အထိ ရိုက်ခတ်ခဲ့သည်။ သမ္မတက မှတ်ချက်ပေးခဲ့ပြီးနောက် တရားရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့ အမှုကို ပြန်လည်ကိုင်တွယ်ရန်ပြင်ဆင်နေကြသည်။

အဆိုပါအမှုသည် ပြည်သူများအကြားတွင်သာမက ဥပဒေပညာရှင်များအကြားတွင်ပင် ဆွေးနွေးငြင်းခုံနေကြသည်။

မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းမှ ဒုတိယ ဥက္ကဋ္ဌဦးနေလနှင့် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်တို့သည် ကိုအောင်ရဲထွေးအမှုအပေါ် မတူညီသည့်အမြင် ရှိသူများဖြစ်သည်။



သူတို့နှစ်ဦးသည် ၂၀၁၇ဇန်နဝါရီလအတွင်းက ရန်ကုန်လေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဦးကိုနီ အမှုတွင် တရားလိုများ၏ရှေ့နေများအဖြစ် ပူးပေါင်းဆောင်ရွက်နေသူများလည်းဖြစ်သည်။

လူသိများသော ဥပဒေပညာရှင်နှစ်ဦးကို သီးသန့်တွေ့ဆုံကာ Myanmar Now က မေးခွန်းပုံစံတစ်ခုတည်းကိုသာ မေးမြန်းခဲ့ပြီး ၎င်းတို့၏ မတူညီသည့် အမြင်များကိုဖော်ပြလိုက်ပါသည်။

Myanmar Now ။ ။ အခုလို အရှေ့ပိုင်းခရိုင်တရားရုံးက ကိုအောင်ရဲထွေးအမှုကို ကျေအေးရုတ်သိမ်းခွင့်ပြုခဲ့တာကို ဘယ်လိုသုံးသပ်ပါသလဲ။

ဦးနေလ ။ ။ရန်ကုန်တိုင်းဥပဒေချုပ်ရဲ့ ခွင့်ပြုချက်သဘောထားနဲ့ ခရိုင်ဥပဒေရုံးက အမှုကို ရုပ်သိမ်းတယ်။ သက်သေ ၁၄ ဦးစစ်တဲ့ အထဲမှာလည်း မျက်မြင်သက်သေပိုင်းတွေမှာ အထင်အရှားမပေါ်ဘူး။ ဒီအမှုမှာ ထူးခြားတာက နစ်နာတဲ့မိသားစုကိုက အကြောင်းကြောင်းကြောင့် အမှုရုပ်သိမ်းဖို့ သဘောတူတယ်။ အဲဒီမှာ တစ်ခုရှိတာက တရားရုံးရဲ့ဆုံးဖြတ်ချက်တွေမှာ ရဲဘက်က သဘောထားတောင်းခံစရာမလိုဘူး။ ဒီအမှုမှာ အားနည်းချက်တွေရှိနေတယ်။ ကျေအေးဖို့အခြေအနေက ပေါ်ပေါက်နေပြီးသားဆိုတာ တွေ့ရတယ်။ နစ်နာသူတွေကလည်း အမှုမှာ မမြင်မတွေ့ဘူးဆိုတာတွေနဲ့ ဖော့ထွက်ဆိုသွားတာတွေ တွေ့ရတယ်။ တိုင်းဥပဒေချုပ်ရုံးက သုံးသပ်တယ်ဆိုတာကလည်း ထွက်ချက်တွေမှာ ပေါ်ပေါက်နေတဲ့ အချက်တွေအပေါ် သုံးသပ်တာ။ အခုလို အမှုကျေအေးရုတ်သိမ်းခွင့်ဆိုတာ ဥပဒေမှာလည်း ပြဋ္ဌာန်းထားသလို တရားရုံးလမ်းညွှန်ချက် (၁၁) မှာလည်း ညွှန်ကြားချက်ရှိတယ်။

ဦးရောဘတ်စန်းအောင် ။ ။ဒါ မဖြစ်သင့် မဖြစ်ထိုက်ဘူးဗျ။ ဒီလိုသာလုပ်နေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးက အများကြီးကို စိုးရိမ်ဖွယ်ရာပဲ။ မရုပ်သိမ်းသင့်တာကို ရုပ်သိမ်းတာလေ။ ဒီလောက် ရက်ရက်စက်စက်လုပ်တဲ့ကိစ္စတွေကို အားပေးအားမြှောက်မဖြစ်ရအောင်၊ နောင် အစဉ်အလာလို မဖြစ်ရအောင် မရုပ်သိမ်းသင့်ဘူးပေါ့။

Myanmar Now ။ ။ ရုပ်သိမ်းလိုက်တဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ (က) မှာ ပြဋ္ဌာန်းထားချက်အရ အခုလို ရုပ်သိမ်းခွင့်ကို တရားရုံးက ခွင့်ပြုလို့ရတဲ့ အနေအထားမျိုးရှိတယ်။ အဲ့ဒီမှာ တရားရုံးက ဥပဒေပြဋ္ဌာန်းချက်အရ ဆုံးဖြတ်မယ့် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ ပြုခွင့်ပေးထားတာရှိတယ်။ အဲဒီဟာကို ဘယ်လိုသဘောရလဲ။

ဦးနေလ ။ ။ ဒီဖြစ်ရပ်က အမှန်တကယ်တော့ သာမန်ရန်ဖြစ်မှုကနေဖြစ်လာတာ။ သေဆုံးသူ ကိုအောင်ရဲထွေးရဲ့ အစ်ကိုနဲ့ မှားပြီး ရန်ဖြစ်ရာကနေ သေဆုံးတဲ့အထိ ဖြစ်လာတာ။ ကိုအောင်ရဲထွေးရဲ့ အစ်ကိုဖြစ်သူက အခုစွပ်စွဲခံရသူတစ်ဦးကို နဖူးကွဲအောင် လုပ်ခဲ့ဖူးတယ်ဆိုတဲ့ ဖြစ်စဉ်တွေကလည်း ကြားရတယ်။

ဦးရောဘတ်စန်းအောင် ။ ။ တကယ်လက်တွေ့ အခြေခံကျတဲ့ ဆင်ခြင်တုံတရားဖြစ်ရမယ်။ ငါဆုံးဖြတ်တာ ငါ့ဆင်ခြင်တုံတရားမဖြစ်ရဘူး။ ငါ့လှေငါထိုး ပဲခူးရောက်ရောက်၊ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်လို့မရဘူး။ အခု သူတို့လုပ်သွားတာက အဲ့ဒီလိုပုံစံမျိုးဖြစ်နေတယ်။ ဆင်ခြင်တုံတရားဆိုပြီး အရမ်းသုံးလို့မရဘူး။

Myanmar Now ။ ။ ဒီလို အမှုကျေအေးရုတ်သိမ်းခွင့်ကို ခရိုင်တရားသူကြီးက ခွင့်ပြုပြီးတဲ့နောက်မှာ ဒီအမှုက သိပ်ကိုကျယ်လောင်စွာ ဝေဖန်သံတွေ ထွက်လာတယ်။ လူတစ်ယောက် သေဆုံးခဲ့ရတဲ့အမှုကို အခုလို လွှတ်ပေးလိုက်တာကို ဝေဖန်ကြတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်သွားရတာလဲ။

ဦးနေလ ။ ။ အဓိကကတော့ မြန်မာနိုင်ငံအတွင်းက လူမှုကွန်ရက် Facebook တွေရဲ့ လှုံ့ဆော်မှုကြောင့်ပဲ။ ဥပဒေကြောင်းအရ မှန်သလား မှားသလား သေသေချာချာမသိဘဲနဲ့ အုတ်အော်သောင်းနင်း ဖြစ်အောင် လုပ်လိုက်လို့ အခုလိုကြီးသွားရတာ။ အဲ့ဒီလို ဝိုင်းပြောကြရာကနေ နောက်ဆုံး သမ္မတပါ ကြားသွားပြီးတော့ သူက မှတ်ချက်တွေဘာတွေ ပြုတာနဲ့ တိုင်းဥပဒေရုံးက သူကိုယ်တိုင် ခွင့်ပြုချက်ပေးခဲ့တဲ့ အမှု ကျေအေးရုတ်သိမ်းကာ ပြန်လွှတ်ခဲ့တာကို သူကိုယ်တိုင်ကပဲ အခု ပြင်ဆင်ချက်တွေဘာတွေ ပြန်တင်တဲ့ဟာတွေဖြစ်လာတာ။ အခုလို ပြန်လုပ်တဲ့ဆီမှာ ဥပဒေရေးရာ အငြင်းပွားစရာတွေ ဖြစ်လာတာကို မစဉ်းစားကြဘူးလား ဆိုတာမေးစရာဖြစ်လာတယ်။ တစ်ခုခုဆို တရားစီရင်ရေးမှာ လာဘ်ပေးလာဘ်ယူကိစ္စ ဒါကိုပဲ တန်းပြောကြတယ်။ နောက်ဆုံး စီရင်ချက်ကို မတွေ့ရသေးခင် အမှုပေါ်ပေါက်ချက်အရလား၊ ဥပဒေရဲ့ ပြဋ္ဌာန်းချက်တွေကြောင့်လားဆိုတာ မစဉ်းစားကြပဲ တန်းစွပ်စွဲကြရော။

ဦးရောဘတ်စန်းအောင် ။ ။ ဘာဖြစ်လို့လဲဆိုတော့ အမှုစဖြစ်ကတည်းက ပြည်သူလူထုက ဒီလိုဖြစ်ရပ်အပေါ် ကြောက်ရွံ့တုန်လှုပ်သွားတယ်။ ပြည်သူစိတ်ဝင်စားမှုက တအုံ့နွေးနွေးရှိနေချိန်မှာ ရုတ်တရက်လွှတ်လိုက်တယ်ဆိုတော့ ထပေါက်ကွဲတာပဲ။ ဟိုးလေးတကျော်ဖြစ်သွားတယ်။ အဲ့ဒါကို သတိမမူဘဲ အချိန်ကာလတစ်ခု ကြာမြင့်သွားချိန်မှာ လုပ်လိုက်တဲ့သူတွေက သွေးအေးသွားပြီလို့ ယူဆပြီးလုပ်တာ။ အဲဒီမှာ အုတ်အောသောင်းနင်းနဲ့ အဲ့ဒီလိုလုပ်မှုကို ဖြေရှင်းရတာပါ။ မလုပ်သင့်တာကို လုပ်တယ်လို့ ကျွန်တော်ပြောချင်တယ်။

Myanmar Now ။ ။ ဒီအမှုမှာ တရားစီရင်ရေးအပိုင်းမှာ အဂတိလိုက်စားမှု ရှိနေတယ်လို့ လူထုအများက ယုံကြည်နေကြတယ်။ အဲ့ဒီအပေါ်ရော ဘယ်လိုသုံးသပ်ပါသလဲ။

ဦးနေလ ။ ။ဒီအမှုမှာ ဥပဒေအရ မှန်တယ်၊ မှားတယ်ဆိုတာ ဒုတိယအဆင့်ကိုရောက်သွားပြီ။ မြန်မာ့တရားစီရင်ရေးအတွက် တကယ့်ကို ရင်လေးစရာဖြစ်စေခဲ့တယ်။ အဂတိ လေးမျိုးထဲက ဘယာဂတိ (ကြောက်၍ လုပ်နေခြင်း) ဆိုတဲ့ဟာအပေါ် စဉ်းစားရတော့မယ်။ ဒါကို ထည့်မစဉ်းစားကြဘဲ အခုလို ဒီအမှုမှာ လုပ်နေကြတာ။ အစိုးရသစ်တက်လာတယ်၊ လက်ရှိတရားလွှတ်တော်ချုပ်အဆင့် ရှိသူတွေကို မကြိုက်ဘူးလား၊ မကျေနပ်ရင် ဖြုတ်လိုက်ပါလား။ အခုက မှားသွားရင်အရေးယူမယ်ဆိုတဲ့ စောင့်ကြည့်မှုတွေနဲ့ လုပ်ကြမယ်ဆိုရင် အဲ့ဒီလူတွေက ကြောက်ပြီး တရားစီရင်ရေးတွေကို လုပ်ကြတော့မယ်။ ကျွန်တော့်ရဲ့ ရှေ့နေလုပ်သက် နှစ် ၄၀ ကျော်မှာ အခုဆိုရင် ရှေ့နေလုပ်ချက်စိတ်မရှိတော့အောင် စိတ်ပျက်သွားတယ်။ ကိုအောင်ရဲထွေးအမှုမှာ စွပ်စွဲခံရသူတွေကို လွှတ်လိုက်ရော လာဘ်စားတယ်လို့ တန်းပြောကြပါရော။ အဲ့ဒီတော့ အခုနောက်ပိုင်း ဘယ်တရားသူကြီးက တရားခံလို့ စွပ်စွဲခံရသူတွေကို ဘယ်လွှတ်ပေးရဲတော့မလဲ။ အဲ့ဒီလို မလွှတ်ပေးရဲတော့တဲ့ ဘဝကို ရောက်သွားရင် ဘယ်သူတွေနစ်နာမှာလဲ။ ပြည်သူပဲနစ်နာမှာ။ တရားစီရင်ရေးမှာ လွတ်လွတ်လပ်လပ် မရှိတော့တဲ့ အခြေအနေကို ရောက်တယ်လို့ ဖြစ်စေတယ်။ တရားဥပဒေစိုးမိုးရေးဆိုတာ လွတ်လပ်တဲ့ တရားစီရင်မှုရှိမှ ရမှာ။ အခုက တရားသူကြီးတွေက သူတို့ခုံပြုတ်မလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ပုံစံကို ဖြစ်စေတယ်။ တပ်မတော်အစိုးရလက်ထက်တုန်းကလည်း အဲ့ဒီလိုစိုးရိမ်မှုတွေနဲ့ တရားစီရင်ခဲ့ကြရသလို အခု အဲ့ဒီလိုဖြစ်လာမှာ စိုးရိမ်စရာပါ။

ဦးရောဘတ်စန်းအောင် ။ ။ ဒီအမှုမှာ နှစ်မျိုးပဲဖြစ်နိုင်တယ်။ ငွေကြောင့်လည်းဖြစ်နိုင်တယ်။ ခြိမ်းခြောက်မှု တစ်စုံတစ်ရာကြောင့်လည်း ဖြစ်နိုင်တယ်။ ခြိမ်းခြောက်မှုထက် ငွေက အားသာနေလိမ့်မယ်လို့ လူအများက ယူဆနေကြတယ်။ အဲ့ဒါကြောင့် လွှတ်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတဲ့နေရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က ဝင်ရောက်စစ်ဆေးတာကို ပြည်သူက လိုလားနေတာ။ ကျွန်တော်တို့ကတော့ စောင့်ကြည့်မယ်လို့ဆုံးဖြတ်တယ်။ အဲ့ဒီလိုပြန်လုပ်တော့ အခုဆို တရားသူကြီးတွေက သူ့ခုံပြုတ်မလားဆိုတဲ့ ဘယာဂတိဆိုတဲ့ ကြောက်ရွံ့မှုတွေနဲ့ ပြန်လုပ်နေရမလားဆိုပြီး ဖြစ်လာတယ်။ ရုတ်သိမ်းတာကို ခွင့်ပြုတာကလည်း တိုင်းဥပဒေချုပ်၊ အမှုပြန်ဖွင့်ဖို့ လာတာကလည်း တိုင်းဥပဒေချုပ်ပဲဆိုတော့ ဥပဒေချုပ်ရုံးသည် တစ်ချိန်တစ်မျိုးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်လာရင် နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားကို သွားထိခိုက်နိုင်တယ်။ ဒီဟာကို ဖြစ်သင့်တာက တိုင်းတရားသူကြီးချုပ်ကသော်လည်းကောင်း၊ တိုင်းတရားရေးဦးစီးမှူးကသော်လည်းကောင်း ရာဇဝတ်ပြင်ဆင်မှုဖွင့်တယ်ဆို ပိုသဘာဝကျမယ်။ အမှုရုပ်သိမ်းတဲ့နေရာနဲ့ အမှုပြင်ဆင်မှုပြန်လုပ်တဲ့နေရာက တနေရာတည်းဖြစ်နေတော့ အားလုံးရဲ့သံသယက ပိုကြီးတာပေါ့။

Myanmar Now ။ ။ လူထုအများက ဒီအမှုမှာ ငွေကြေးအသုံးပြုကာ အခုလို အမှုကနေ လွတ်မြောက်အောင် လုပ်ကြတယ်လို့ ဆိုကြတယ်။ အဲဒီအချက်ကို ဘာပြောချင်သလဲ။

ဦးနေလ ။ ။ အခုပြောနေကြတာက တစ်ယောက်ယောက်က ငွေပုံပေးလို့ ဖြစ်တယ်လို့ ပြောနေကြတာ။ တကယ်တမ်းပြောရရင် ငွေမပါဘူးလို့ ပြောရလည်း ခက်တယ်။ ပါတယ်လို့ သက်သေထူ ပြောဖို့လည်း ခက်တယ်။ ကျွန်တော့်ရှေ့နေလုပ်သက် အတွေ့အကြုံအရဆို တိုင်းအဆင့်အထိက ဒီကိစ္စကို အကြောင်းမရှိဘဲနဲ့ မလုပ်ရဲဘူးလို့ ထင်တယ်။ လာဘ်ပေးလာဘ်ယူ ကိစ္စသက်သက်လို့တော့ မယူဆဘူး။

ဦးရောဘတ်စန်းအောင် ။ ။ ဒီဟာမှာ ငွေကြောင့်ဆိုတာ ပါကိုပါမှာပဲ။ ငွေမပါရင် အလုပ်မဖြစ်ဘူးလေ။ ဒါ လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ဆိုင်တယ်လို့ပဲ ပြောရမှာပဲ။ သမားရိုးကျအတိုင်း မရုပ်သိမ်းနိုင်တဲ့ အမှုတစ်ခုကို ထူးဆန်းစွာ ရုပ်သိမ်းသွားလို့ပါ။

Myanmar Now ။ ။ ကျေအေးရုပ်သိမ်းခွင့် သဘောထားမှတ်ချက်ကို ခွင့်ပြုတာကလည်း တိုင်းဥပဒေချုပ်ရုံးပဲ။ အခုပြင်ဆင်ချက်တင်ပီး အခုကို ပြန်စွဲဆိုဖို့လုပ်နေတာကလည်း တိုင်းဥပဒေရုံးကပဲ။ အဲ့ဒီတော့ အမှုရုပ်ခွင့်ပြုတဲ့နေရာနဲ့ အမှုပြန်ဖွင့်ဖို့ပြင်ဆင်ချက်တင်တဲ့နေရာက တစ်ခုတည်းဖြစ်နေတာ လူထုကို ပိုသံသယမကြီးစေဘူးလား။

ဦးနေလ ။ ။ အဲ့ကိစ္စက လုပ်ထုံးလုပ်နည်းအရ ခရိုင်အဆင့်ဆုံးဖြတ်တာကို သံသယရှိမယ်ဆိုရင် တိုင်းတရားလွှတ်တော်အနေနဲ့ ပြန်လည်စစ်ဆေးကြားနာလို့ရတယ်။ ဒါနည်းလမ်းအမှန်ပဲ။ ဒါကိုမကျင့်သုံးတာကိုတွေ့ရတယ်။ ဒီမှာ တရားရုံးက ဘယ်လိုဆုံးဖြတ်မယ်လို့ ပြည်သူတွေက မျှော်မှန်းထားသလဲဆိုတဲ့ မေးခွန်းမေးချင်တယ်။ သေချာပေါက် ပြစ်ဒဏ်ပေးမှာပဲလို့ မျှော်မှန်းထားကြတာ။ အခုလည်း တိုင်းတရားလွှတ်တော်က အမှုကိုပယ်ဖျက်မှာပဲလို့ လူတွေက ယုံကြည်နေကြတယ်။ အဲ့ဒီတော့ပြန်စစ်ရင် ဒီလူတွေအားလုံးကို သက်သေခိုင်လုံသည်ဖြစ်စေ၊ မခိုင်လုံသည်ဖြစ်စေ အပြစ်ပေးမှာပဲလို့ အများက ယုံကြည်နေကြတယ်။ အဲ့ဒီတော့ အခုဒီအမှုကို ပြန်လုပ်ရမယ့် ဘယ်တရားသူကြီးကမှ ဒီစွပ်စွဲခံရသူတွေကို လွှတ်ရဲမှာမဟုတ်ဘူးဆိုတာ သေချာတယ်။

ဦးရောဘတ်စန်းအောင် ။ ။ တချို့ကိစ္စတွေမှာ တရားရုံးထွက်ချက်က အဓိကဆိုပေမယ့် ကြီးမားတဲ့ကွဲလွဲချက်တွေပေါ်လာရင် ဥပဒေအရာရှိက ဒါကို အမှန်တရားပေါ်လာအောင် ဆောင်ရွက်ရမယ်လေ။ တရားရုံးမှာ ထွက်ဆိုတဲ့ဒီသက်သေက မှန်မှန်ကန်ကန်ထွက်ဆိုသလား စစ်ဆေးရမယ်လေ။ မဟုတ်ဘူးဆိုရင် ဘာ့ကြောင့် မဟုတ်ဘူးဆိုတာ ဖော်ထုတ်ရမယ်။

Myanmar Now ။ ။ သက်သေ ၁၄ ဦးလုံးရဲ့ ထွက်ချက်ကို ပြန်သုံးသပ်ရရင် ဒီသက်သေတွေက အမှုကို ရုပ်သိမ်းဖို့ ပြင်ဆင်လာတဲ့ကာလ တစ်လျှောက်လုံး ရုပ်သိမ်းလို့ရအောင် ဇာတ်တိုက်ထားတဲ့ သဘောမျိုး မဖြစ်နေဘူးလား။


ဦးနေလ ။ ။ ရန်ဖြစ်တယ်၊ မိဘတွေက သားသမီးတွေကို ရဲစခန်းလာပို့တယ်။ အဲဒါက အပြစ်ရှိကြောင်း ဝန်ခံတာမဟုတ်ဘူး။ အခုက လူသေသွားတာမှန်တယ်။ ကိုယ်တိုင်တွေ့ရှိချက်အရ လူတွေမသိသေးတာက ကိုအောင်ရဲထွေးက ထိုးကြိတ်ကန်ကျောက်ချိန်မှာ ချက်ချင်းသေသွားတာမဟုတ်ဘူး။ ဆေးခန်းကနေ မြန်မာနိုင်ငံမှာ အတော်ဆုံးဆိုတဲ့ ရန်ကုန်ဆေးရုံကြီးက ဦးနှောက်နဲ့ အာရုံကြောဌာနက ဘယ်အဆင့်ရှိတယ်ဆိုတဲ့ ဆရာဝန်တွေက ခွဲစိတ်တယ်မသိဘူး။ ခွဲစိတ်တယ်။ အဲ့ဒီခွဲစိတ်တဲ့ဆေးရုံရဲ့ အောင်မြင်မှုရာခိုင်နှုန်းကိုလည်း ဆန်းစစ်ကြည့်ရင်ကောင်းမယ်ထင်တယ်။ ခွဲစိတ်ကုသတဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားသင့်တယ်။ နောက်တစ်ချက်က လူသေပင်သေငြားသော်လည်း ရန်ဖြစ်တဲ့အမှုကိစ္စတွေမှာ အရင်စီရင်ထုံးတချို့တွေမှာ လူသတ်မှု၊ လူသေမှုနဲ့ ပြစ်ဒဏ်မပေးဘူး။ ဒါတွေကို နာကျင်စေမှုနဲ့ပဲ ပြစ်ဒဏ်ပေးတဲ့ စီရင်ထုံး အများအပြားရှိတယ်။ အခုကိစ္စက ဆန္ဒစောပြီး အမှုရုပ်သိမ်းလို့ဖြစ်တာ။ တစ်ဖက်က ကျေအေးစာ တင်မယ်၊ တရားရုံးက မျှမျှတတစစ်ဆေးမယ်၊ သူတို့ကို နာကျင်စေမှုနဲ့ ပြစ်ဒဏ်ပေးမယ်ဆိုလည်း ပေးလို့ရတယ်။ ဒါမှမဟုတ် တရားရုံးက ကျေအေးစာကို လက်မခံဘူး၊ ဆက်စစ်မယ်ဆုံးဖြတ်ပြီး စွဲချက်တင်မယ်၊ ထွက်ချက်မှာ သက်သေမခိုင်လုံလို့ တရားရှင်လွှတ်လို့ရတယ်အခြေအနေမျိုးလည်း ရှိတယ်။ ကာယကံရှင်တွေ ဆန္ဒစောလို့ ဖြစ်တယ်လို့ပဲ သုံးသပ်တယ်။

ဦးရောဘတ်စန်းအောင် ။ ။ သက်သေထွက်ချက်တွေမှာလည်း ဇာတ်တိုက်ထားတဲ့ သဘောမျိုးပေါ်နေတယ်။ အကြမ်းဖျင်း ရုံးမတင်ခင်ကတည်းက ပွဲစားတွေ ဝင်ရှုပ်တယ်။ ပွဲစားဆိုတာ အမှုတွေမှာ ဟိုဘက်ဒီဘက်ညှိပေးမယ့် ပုဂ္ဂိုလ်တွေပေါ့။ အဲ့ဒီဟာက ရှေ့နေသော်လည်းကောင်း၊ အခြားသူတစ်ဦးသော်လည်းကောင်း ဖြစ်လိမ့်မယ်ပေါ့။

Myanmar Now ။ ။ အခုလို လွှတ်ပေးလိုက်လို့ရလောက်အောင် ထွက်ဆိုသွားတဲ့ သက်သေ ၁၄ ဦးလုံးရဲ့ ထွက်ချက်တွေမှာ ဘယ်အချက်တွေက အားနည်းချက်ဖြစ်နေပါသလဲ။

ဦးနေလ ။ ။ အဓိက သေလောက်တဲ့ဒဏ်ရာကို ဘယ်သူက ပြုလုပ်တယ်ဆိုတာ မပေါ်ဘူး။ နောက်ဆုံးဗျာ အမှုမှာ ဘာမှကို ထင်ထင်ရှားရှားမပေါ်ဘူး။ မမြင်ဘူး၊ မတွေ့ဘူး၊ မသိဘူး စတာတွေ ထွက်ဆိုထားတာကြောင့်မို့။ ဒီအမှုက အင်မတန် ပေါ့တီးပေါ့ပျက်နိုင်တယ်။ ဒါကလည်း ဖြစ်တတ်တဲ့သဘာဝပါ။ ဘာလို့လဲဆိုရင် သေသူဘက်က ကျေနပ်လာတဲ့အတွက် ဒီလိုပဲ လျှော့ ထွက်ကြမှာပဲ။ ဒါက တရားစီရင်ရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ဟာပါ။ အမှုရုပ်သိမ်းဖို့က ဒီနှစ်မတ်လလောက်ကတည်းက လုပ်နေတာဆိုတော့ အဲ့ဒီနောက်ပိုင်း အမှုကို ဆက်စစ်နေပေမယ့် သက်သေထွက်ချက်တွေက မမှန်မကန်ထွက်ချက်တွေပဲ ဖြစ်တော့မှာပေါ့။ ကျေအေးတော့မယ်ဆိုတဲ့နောက်ပိုင်း ထွက်သူတွေက ဘယ်သူကမှ ပြင်းပြင်းထန်ထန် ထွက်ဆိုကြမယ့် အမှန်တရားထွက်ချက်တွေလို့ ယူဆဖွယ်မရှိဘူး။ ကျွန်တော်တို့ ရာဇဝတ်မှုစစ်ဆေးတဲ့ အခါတွေမှာ အဲ့ဒီလိုပုံသဏ္ဌာန် အများကြီးဖြစ်ခဲ့ဖူးပါတယ်။

ဦးရောဘတ်စန်းအောင် ။ ။ အဓိကအားနည်းတာက အရေးကြီးသက်သေတွေ မစစ်သေးတာပဲ။ အရေးကြီးသက်သေဆိုတာ မှုဆင်းဆရာဝန်တွေ၊ အမှုစစ်တွေပေါ့။ သက်သေထွက်ဆိုချက် ယူထားတဲ့သူတွေပေါ့။ ကြိုတင်ထွက်ဆိုချက်ပေးတဲ့သူတွေပေါ့။ နောက် CCTV တွေက အဓိကပဲ။ အဓိကပြောချင်တာက ဒီအမှုကို တည်ဆောက်တဲ့အပိုင်းမှာကိုက ဟာထားတာတွေ ရှိတယ်။ မမြင်ပါဘူး၊ မတွေ့ပါဘူး၊ မီးအလင်းက မှုန်ဝါးနေပါတယ်ဆိုတာတွေ ထွက်ဆိုသွားတော့ ဒါတွေက ဇာတ်တိုက်ထားတာနေမှာပေါ့။ စပြီးကျေအေးဖို့ လုပ်နေတဲ့ အချိန်ကစပြီး ဆက်စစ်ဆေးတဲ့ စစ်ဆေးချက်တွေက သာမန်အနေအထားမဟုတ်တော့ဘူး။ အဲ့ဒီလိုအခြေအနေရောက်ဖို့ စစ်သွားတာ။ အဲ့ဒီမှာ ဥပဒေအရာရှိက ဒါကို ဘာလို့ ကြပ်ကြပ်မတ်မတ်နဲ့ အကောင်အထည်မဖော်သလဲ။ သူတို့ဖြေရှင်းရတော့မယ်။ ဒီအမှုကို တာဝန်ယူရတဲ့ ဥပဒေအရာရှိက ရဲထွက်ချက်နဲ့ ကွဲလွဲနေရင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၂ အရ ဒီအမှုကို တိုက်ဆိုင်စစ်ဆေးရမယ်လေ။ အဲဒီတော့ သက်သေထွက်ချက်တွေကို ရဲစက္ကူနဲ့ (ရဲစခန်းတွင်ထွက်ဆိုချက်) ပြန်တိုက်လိုက်ရင် ပေါ်သွားမှာပေါ့။ အဲဒီတော့ သက်သေတွေက ရဲမှာ ထွက်တာမျိုး၊ ရုံးရှေ့ထွက်တာမျိုးပေါ်မှာပေါ့။ ကွဲလွဲနေတယ်ဆို ဥပဒေအရာရှိက ဆန့်ကျင်သက်သေ ကြေညာပြီး မမှန်သက်သေခံမှုနဲ့ အရေးယူမလား ဒါတွေလုပ်မလားပေါ့။ အဲ့ဒါကြောင့် ဒီကိစ္စမှာ ပြင်ပက လွတ်လပ်ပြီး အတွေ့အကြုံရှိတဲ့ ရှေ့နေတွေနဲ့ စိစစ်သင့်တယ်။

မောင်မောင်စိုး ● တတိယအကြိမ် ၂၁ ပင်လုံကို အနီးကပ်ကြည့်ရှုခြင်း - အပိုင်း (၃)

$
0
0
မောင်မောင်စိုး ● တတိယအကြိမ် ၂၁ ပင်လုံကို အနီးကပ်ကြည့်ရှုခြင်း - အပိုင်း (၃)
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၈

● မြောက်ပိုင်း ၇ ဖွဲ့ အလားအလာ
မြောက်ပိုင်းအဖွဲ့များအနေနှင့် ယခုအကြိမ်လာရောက်ရာတွင် ဒုတိယအကြိမ်ပင်လုံလာစဉ်ကထက်နှိုင်းစာလျှင် အစိုးရ၊ တပ်မတော်နှင့် PC မှ တာဝန်ရှိသူများ၏ ပျော့ပြောင်းနွေးထွေးစွာ ကြိုဆိုခြင်းခံရသည်ဟု သဘောထားကြပါသည်။ သို့သော် ဆက်လက်တွေ့ဆုံများပြုလုပ်၍ လမ်းကြောင်းရှာဖွေသွားရန်လိုအပ်သည်ဟု KIA မှ ဗိုလ်ချုပ်ဂွမ်မော်က ဆိုပါသည်။ PC မှ တာဝန်ရှိသူများကလည်း တတိယပင်လုံပြီးပါက အမြန်ဆုံးဆက်လက်တွေ့ဆုံသွားမည်ဟု ဆိုကြပါသည်။

သို့သော် ကျော်လွှားရမည့် ဆွေးနွေးဖြေရှင်းရမည့် ပြဿနာများရှိပါသေးသည်။ ပထမပြဿနာမှာ NCA လက်မှတ်ထိုးရေး ဖြစ်သည်။ မြောက်ပိုင်း ၇ ဖွဲ့အနေနှင့် မူလဖွဲ့စည်းစဉ်က NCA လမ်းကြောင်းမဟုတ်ဘဲ သီးခြားလမ်းကြောင်းက သွားမည်ဟု ဆိုထားခဲ့သော်လည်း အစိုးရနှင့်တပ်မတော်က NCA ကိုသာရပ်ခံထားခြင်း၊ တရုတ်ကလည်း NCA လက်မှတ်ရေးထိုးရန် ၂ဝ၁၆ ခုနှစ်မှစ၍ တောက်လျောက်တိုက်တွန်းလာခြင်းတို့ကြောင့် NCA သည် မရှောင်မလွှဲသာ စမှတ်တခုအဖြစ် စဉ်းစား ရသည့်အခြေသို့ ဆိုက်ရောက်နေပေသည်။

KIA/SSPP/TNLA/AA/MNDAA တို့သည် မူလ EAOs ညီလာခံများ တွင် ပါဝင်ခဲ့ကြပြီး UNFC အဖွဲ့ဝင်ဟောင်းများဖြစ်ကြရာ NCA သည် ၎င်းတို့နှင့်မစိမ်းခဲ့ပေ။ NCA နှင့် ပတ်သက်၍ အကြိမ်ကြိမ်ဆွေးနွေးခဲ့ဖူးသူများဖြစ်သည့်ပြင် ၂ဝ၁၅ စက်တင်ဘာ ၉ ရက်နေ့က သမတဦးသိန်းစိန်နှင့်တွေ့ဆုံစဉ်အားလုံးပါဝင်ရေးကိုရပ်ခံခဲ့ကြပြီး TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့ကိုသာ ထို စဉ်ကလက်ခံခဲ့ပါက NCA လက်မှတ်ရေးထိုးခဲ့ကြပြီးပြီးဖြစ်သည်။ ထိုအဖွဲ့ ၅ ဖွဲ့အနေနှင့် NCA သည် စိမ်းလှသည် မဟုတ်ပေ။

NCA ထိုးရန်မလိုဟု မူလကထဲက ရပ်ခံခဲ့သည့် အဖွဲ့ ၂ ဖွဲ့မှာ UWSA နှင့် NDAA တို့ဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားနည်းချက်တခုမှာ NCA နှင့်ပတ်သက်၍ အဆိုပါအဖွဲ့နှစ်ဖွဲ့ သီးခြားဆွေးနွေးခဲ့ခြင်းလည်းမရှိ၊ အခြား EAOs များနှင့်အတူလည်း ဆွေးနွေးခဲ့ခြင်းမရှိဘဲ အခြား EAOs များနှင့်ဆွေးနွေးပြီး NCA ရလဒ်ထွက်လာမှ ထိုနှစ် ဖွဲ့အား NCA လက်မှတ်သွားထိုးခိုင်းခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း တရုတ်၏ ဆက်တိုက်ဖိအားပေးတိုက်တွန်းမှု များကြောင့်၂ဝ၁၈ ခုနှစ်အစောပိုင်း PC မှ တာဝန်ရှိသူများနှင့် UWSA တာဝန်ရှိသူများတွေ့ဆုံရာတွင် NCA နှင့်ပတ်သက်၍ UWSA က သဘောထားပြောင်းလဲဖေါ်ပြခဲ့သည်ကို တွေ့ရ သည်။ ထိုသဘောထားကို တတိယညီလာခံတွင် UWSA က စာဖြင့်အတည်ပြု ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ထိုသဘော ထားမှာNCA အား ပြင်ဆင်ခွင့်နှင့်သဘောမကျပါက NCA မှနှုတ်ထွက်ခွင့်ရှိပါက NCA လက်မှတ်ထိုးရေးကို UWSA က စဉ်းစားပေးမည်ဆိုခြင်းဖြစ်သည်။ အဆိုပါသဘောထားနှင့်ပတ်သက်၍ အစိုးရတာဝန်ရှိသူများက ဆက်လက်ညှိနှိုင်း၍ ရနိုင် ကြောင်း မှတ်ချက်ပြုထားပါသည်။

သို့သော် NCA ပါ သဘောတူညီချက်များ ချို့ယွင်းချက်ရှိနေ၍ စစ်ပွဲများဆက်လက်ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှုမူဘောင်မှာလည်း ချို့ယွင်းချက်ရှိနေ၍ အရေးကြီးသော နိုင်ငံရေးပုဒ်မတိုင်း သဘောတူညီချက်မရကြကြောင်း နှင့် မြန်မာပြည်မြောက်ပိုင်းစစ်မရပ်တန့်နိုင်ခြင်းမှာ TNLA/AA/MNDAA အဖွဲ့ ၃ ဖွဲ့ကို အသိအမှတ်မပြုဘဲ စစ်ရေးအရအပြုတ် တိုက်ရေးလမ်းစဉ် ကိုင်စွဲထား၍ဖြစ်ကြောင်း တတိယပင်လုံညီလာခံကာလအတွင်း ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်စွဲနှင့် ထုတ်ပြန်သော UWSA ၏ ဆွေးနွေးတင်ပြချက်တွင်ဖေါ်ပြထားပါသည်။

မည်သို့ပင်ဖြစ်စေ UWSA အနေနှင့် NCA လက်မှတ်ရေးထိုးရေးကိုစဉ်းစားသည့်အခြေအနေရှိသည်ကို တွေ့ရှိရသည်။ NDAA မှာ မူလကထဲကပျော့ပြောင်းသောသဘောထားရှိသည့်အဖွဲ့ဖြစ်ပြီး စစ်ရေးအရ တပ်မတော်နှင့် UWSA ကြားတွင် ရပ်တည်နေသောဒေသလည်းဖြစ်သည်။ UWSA အဖွဲ့ NCA လက်မှတ်ရေးထိုးပါက NDAA အဖွဲ့အနေနှင့် NCA လက်မှတ်ရေးထိုးရန်ခက်ခဲမည်မဟုတ်ပေ။ သို့ဖြစ်ရာ တတိယအကြိမ် ပင်လုံညီလာခံနောက်ပိုင်း မြောက်ပိုင်း ၇ ဖွဲ့ NCA လက်မှတ် ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရေးသည်မဖြစ်နိုင်သော အရာတော့မဟုတ်ပေ။ တရုတ်၏ကြားဝင်မှု၊ တွန်းအားပေးမှုများအောက်တွင် ညှိနှိုင်း၍ရသောအရာဖြစ်၍လာသည်။ လက်တွေ့ ညှိနှိုင်းကြရန်သာလိုအပ်ပါသည်။

ဒုတိယပြဿနာမှာ TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့ပြဿနာဖြစ်ပါသည်။ အဆိုပါ ၃ ဖွဲ့အား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း တရားဝင်အဆင့်နေရာအား အသိမှတ်ပြု ခြင်းဖြစ်သည်။ တတိယ ၂၁ ရာစုပင်လုံတွင် ဒုကာချုပ်နှင့်တွေ့ဆုံရာတွင် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင် ပါဝင်ရန် လမ်းဖွင့်ထားသည်ဟုဆိုခဲ့သည်။ ထို့အတူ PC မှတာဝန်ရှိသူများက အဆိုပါ ၃ ဖွဲ့အား NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန်သဘောထားရှိပြီးဟုဆိုသည်။ သို့သော် တရားဝင်အတည်ပြု ထုတ်ပြန်ခြင်းတော့ မရှိသေးပါ။ တရားဝင်မှု လိုအပ်နေပါသေးသည်။

ထိုသုံးဖွဲ့နှင့် ပတ်သက်သည့်သဘောထားမှာ ထိုသုံးဖွဲ့အနေနှင့် "လက်နက်ကိုင်တော်လှန်ရေးစွန့်လွှတ်ကြောင်း"ကြေညာ ချက် ထုတ်ပြန်ပေးရမည်။ ထိုသို့ထုတ်ပြန်ပြီးနောက် အစိုးရနှင့် ထို ၃ ဖွဲ့တို့ biletral ထိုးမည်။ ပြီးလျင်NCA လက်မှတ်ရေး ထိုးခွင့်ပြုမည်ဟု ဆိုသည်။ ထိုသဘောထားကို ၂ဝ၁၆ ခုနှစ် ထို ၃ ဖွဲနှင့် PC တွေ့ခဲ့စဉ်ကလည်း တကြိမ်ဖေါ်ပြပြီးဖြစ်သည်။ ထိုစဉ်က လည်း ထိုအသုံးအနှုန်းကိုလက်မခံ၍ ပထမအကြိမ်ညီလာခံဖိတ်ကြားမည့် အစီအစဉ်ပျက်ခဲ့ဘူးသည်။ ဤဝေါဟာရ နှင့်ပတ်သက်၍ နှစ်ဖက်လက်ခံနိုင်သည့် အသုံးအနှုန်းကို ရှာဖွေညှိနှိုင်းရန်လိုသည်။ ဤအချက်မှာ ဝေါဟာရ စကားလုံး သက်သက်ပြဿနာမဟုတ်၊ မူဝါဆိုင်ရာပြဿနာလည်းဖြစ်နေသည်။ တိုင်းရင်းသားများက "လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံ ရေးနည်းလမ်းနှင့် ဖြေရှင်းသွားမည်"ဆိုသော ဝေါဟာရကို လိုလားကြပုံရသည်။

ဤအချင်းအရာနှင့်ဆက်နွယ်၍ PSLF/TNLA ဒုဥက္ကဌ တာခူးလန်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်ကငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား NCA လက်မှတ်ရေးထိုးပြီး သတ္တိရှိရှိဝင်ရောက်ရန် တိုက်တွန်းခြင်းနှင့် ပတ် သက်ပြီး ၎င်းတို့ တအာင်းများအနေနှင် သတ္တိရှိခဲ့ပြီဖြစ်ကြောင်း၊ လက်နက်စွန့်လွှတ်ပါက မိမိတအာင်းဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအား အစိုးရက တာဝန်ယူမည်ဆို၍ ၂ဝဝ၅ ခုနှစ်က လက်နက်စွန့် လွှတ်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော် မိမိတို့တအာင်းများ လက်နက်စွန့်ပြီးနောက်ဒေသတွင်းလုံခြုံ ရေးကင်းမဲ့လာသည့်ပြင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းများ အများအပြားဖြစ်လာပြီး ဒေသခံတအာင်းမိသားစုများ မူးယစ်ဆေးစွဲပြီးပျက်စီးမှု များကြုံလာခြင်း၊ ဒေသလုံခြုံ ရေးအတွက် လက်နက် ၄ဝဝ ပြန်လည်ထုတ်ပေးရန် တင်ပြတောင်းဆိုခဲ့သော်လည်း ခွင့်ပြုခြင်းမရှိခဲ့ကြောင်း၊ ထို့ပြင်ဒေသတွင်းဖွံ့ဖြိုးရေးများလည်း လုပ်ဆောင်ပေးခြင်းမရှိ၊ လမ်းတမိုင် မဆိုထားနှင့် တထွာပင် ဖေါက်မပေးသည့်အခြေအနေတွင် မိမိတို့တအာင်းများပြန်လည် လက်နက်ကိုင်ခဲ့ရသည်ဟု ဆိုခဲ့ပါသည်။

ထိုသို့သောအခြေအနေအောက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်းအားလုံးပါဝင်နိုင်ရေးအတွက် လမ်းစရှာနေဆဲမှာပင် စိတ်မကောင်းစရာသတင်းတပုဒ်ပေါ်ထွက်လာသည်။ ၎င်းမှာ TNLA တပ်ဖွဲ့မှ အမျိုးသမီးဆေးမှူး ၆ ဦးအား တပ်မတော် စစ်ကြောင်းတခုမှ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ဖမ်းမိပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ည ၈ နာရီတွင် TNLA သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ စစ်မြေပြင်တွင် တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားပြီး သေဆုံးခဲ့ကြလျင် သီးခြားပြောစရာရှိမည်မဟုတ်သော်လည်း ဖမ်းမိပြီးမှ အသတ်ခံရသည်ဆိုပါက ကျင့်ဝတ်ပြဿနာဖြစ်ပြီး လက်ခံနိုင်ဘွယ်မရှိပေ။ တပ်မတော်ဘက်ကမူ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ တိုက်ပွဲတွင် အသေရမိခြင်းဖြစ်သည်ဟုသတင်းထုတ်ပြန်ပါသည်။ မည်သို့ပင်ဖြစ်စေ ဤကိစ္စသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထိခိုက်နိုင် သည်ဖြစ်၍ သေချာစွာ စုံစမ်းစစ်ဆေး၍ အမှန်အတိုင်း ဖြစ်စေရန်လိုအပ်သည်။

၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် KNPP မှ ရဲဘော် ၃ ဦးနှင့်အရပ်သား တဦး သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်ရပ်ပေါ်ပေါက်လာခဲ့ရာ ယနေ့တိုင်ဖြေရှင်းနေရဆဲဖြစ်သည်။ ထို့ပြင် UNFC နှင့် NCA လက်မှတ်ရေးထိုးရေးဆွေးနွေးစဉ် ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်ရာ KNPP ယနေ့တိုင် NCA လက်မှတ်မထိုးနိုင်သေးဘဲဖြစ်နေခြင်းသည် ထိုဖြစ်ရပ်ကလည်း အရေးပါသော အကြောင်းအချက် တခုဖြစ်ခဲ့သည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးဆွေးနွေးစဉ် ကာလတွင်း၌ အောက်ခြေမှ ခြေလွန်လက်လွန်ပြုမူမှုများသည် ငြိမ်းချမ်း ရေးကိုထိခိုက်နိုင်သည်ဖြစ်ရာ အထက်အဆင့်ဆင့်မှ ကြပ်မတ်ရန်လိုအပ်ပေသည်။ ထို့ပြင် ထိုဖြစ်ရပ်များနှင့်ပတ်သက်၍ အမှန်အတိုင်းဖြစ်စေခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အရေးပါပါသည်။ ထို့အတူ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် တပ်မတော်၏သဘောထားသည် အထက်ပိုင်းတွင်သာမက အောက်ခြေပိုင်းတွင်ပါ ဖေါ်ပြရန်လိုအပ် နေပါသည်။

တတိယပြဿနာမှာ အားလုံးအတူတကွလက်မှတ်ရေးထိုးရေး ပြဿနာဟုဆိုရပါမည်။ အစိုးရနှင့်တပ်မတော် ဘက်က လက်ရှိအချိန်ထိ FPNCC ကို အသိမှတ်မပြုပါ။ PC ကတာဝန်ရှိသူ၏အဆိုအရ biletral ထိုးထားသောအဖွဲ့ ၄ ဖွဲ့ဖြစ်သည့် KIA/SSPP/UWSA/NDAA တို့ကို NCA ထိုးဖို့ လက်ခံမည်ဟုဆိုသည်။ (သို့သော် KIA သည် biletral အပြည့်အဝ မထိုးရသေး ပါ)။ ကျန် ၃ ဖွဲ့မှာ ကြေညာချက်ထုတ်ပြန်ပြီးပါက biletral အရင်ထိုးမည်။ ပြီးမှ NCA ထိုးခွင့်ပြုမည်ဟုဆိုသည်။ မြောက်ပိုင်း အဖွဲ့များဖက်ကရပ်ခံမှုမှာ အားလုံးအတူတကွ ပါဝင်လက်မှတ်ရေးထိုးရေး ပါဝင်ဆွေးနွေးရေးဖြစ်သည်။ SSPP ဒုဥက္ကဌ စဝ်ခွန်ဆိုင်းက SSPP သည် အားလုံးပါဝင်ရေးမူကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်ပြီး အားလုံးပါဝင်မှ NCA မှ လက်မှတ်ရေးထိုး မှာဖြစ်သည်ဟု ဆိုခဲ့ပါသည်။

တတိယအကြိမ် ၂၁ ရာစုပင်လုံကာလအတွင်း FPNCC သဘောထားအဖြစ် AA မှ ဒေါက်တာညိုထွန်းအောင်၏ဆွေးနွေးတင်ပြချက်တစောင်ထုတ် ပြန်ရာတွင် FPNCC မှအဖွဲ့အစည်းအသီးသီးသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီး နောက် နိုင်ငံရေးဆွေးနွေးမှုကို FPNCC အနေနှင့် ပြုလုပ်သွားမည်ဟု ဆိုထားသည်။ ဤနေရာတွင် FPNCC အဖွဲ့များသည် NCA ရေးထိုးရေးအား တပြိုင်တည်းလုပ်မည် မလုပ်မည်နှင့်ပတ်သက်၍ သဲကွဲခြင်း မရှိဟု ဆိုနိုင်ူသည်။

PC ကတော့ ၄ ဖွဲ့ နှင့် ၃ ဖွဲ့ ခွဲ၍ လုပ်ရန်ဖြစ်စေ ၊ UWSA/NDAA/SSPP/KIA တို့ထဲမှ တဖွဲ့ချင်းကို ခွဲထုတ်၍ဖြစ်စေ NCA ရေးထိုးစေရန်ဖြစ်စေ အားသန်ရှိပြီး ယခုနှစ်ဆန်းကထဲက ထိုသို့ NCA လက်မှတ်ရေးထိုးလာစေရန် ကြိုးပမ်းနေသည်ကို တွေ့မြင်ရသည်။ သို့ဖြစ်ရာ မြောက်ပိုင်း ၇ ဖွဲ့ အတူတကွNCA လက်မှတ်ရေးထိုးရေးဆိုသည်မှာလည်း ဆွေးနွေးဖြေရှင်းစရာ ပြဿနာတခုအဖြစ်ရှိနေဆဲဖြစ်သည်။

စတုတ္ထပြဿနာအဖြစ် ကျော်လွှားရမည့်အချက်မှာ မြောက်ပိုင်းအဖွဲ့ကညီလာခံအတွင်း တင်ပြထားခဲ့သည့် နိုင်ငံရေးဆွေး နွေးမှုအပိုင်းတွင် FPNCCနှင့် ပြည်ထောင်စုအစိုးရတို့ တိုက်ရိုက်နိုင်ငံရေးဆွေးနွေးသည့်ပုံစံကို ပြု လုပ်သွားမည်ဆိုသည့် အချက်ဖြစ်သည်။ ထိုအချက်အရ မြောက်ပိုင်းအဖွဲ့များသည်အစိုးရနှင့် တိုက်ရိုက်နိုင်ငံရေးဆွေးနွေးမည့်ပုံစံအား ဖေါ်ပြထား ပြီး အစိုးရနှင့်တပ်မတော်ဘက်ကမူ NCA လက်မှတ်ရေးထိုးပြီးနောက် NCA အင်စတီကျူးရှင်းများဖြစ်သည့် UPDJC ၊ JMC ၊ JICM ၊ UPC တို့တွင် ပါဝင်ဆွေးနွေးရေးဖြစ်သည်။ သို့ဖြစ်ရာ ထိုအချက်အားလည်း ဆွေးနွေးဖြေရှင်းကျော်လွှားရန် လိုအပ် နေသည်ဟုဆိုရပါမည်။

● UNFC နှင့် NSCN (K)
၂ဝ၁၈ ခုနှစ် ဖေဖဝါရီလ ၁၃ ရက်နေ့နေ့တွင် UNFC အဖွဲ့ဝင် NMSP နှင့် LDU နှစ်ဖွဲ့ NCA လက်မှတ်ရေးထိုးခဲ့သည်။ ထို့ နောက် NCA လုပ်ငန်းစဉ်ထဲတွင် ထိုနှစ်ဖွဲ့ပါဝင်နေပြီဖြစ်သည်။ ANC အား PC အနေနှင့် သီးခြားဆွေးနွေးမှု မပြုတော့ဟု ဆိုသည်။ လက်ရှိ KNPP နှင့်ဆွေးနွေးမှုများပြုလုပ်နေသော်လည်း NCA ထိုးသည့်အဆင့်သို့မရောက်သေးပေ။   ၂၁ ရာစုပင် လုံတွင်လည်း KNPP အားဖိတ်ကြားခဲ့၍ တက်ရောက်ခဲ့သော်လည်းNCA ထိုးရေးအတွက် ဆက်လက်ညှိနှိုင်းဆဲဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲစကထဲက ပါဝင်လာခဲ့သော ANC အား ယခုချန်ထားသည်မှာ သင့်လျော်ပါ၏လော စဉ်းစားဘွယ်ဖြစ် သည်။ တမျိုးတဖုံထည့်သွင်းစဉ်းစားပါက ပို၍ကောင်းမည်ဟု ယူဆမိသည်။ လက်ရှိအချိန်တွင်အင်အားချိနဲ့သွားသည့် UNFC သည် ဆက်လက်တည်ရှိနေသေးသည်လောသို့မဟုတ် ပျက်ပြယ်သွားပြီလော ဆိုသည်မှာ ပြောဆိုရန်ခက်ခဲနေပေသည်။မြောက်ပိုင်းရှိ KIA/SSPP တို့နှင့် မူလ UNFC အဖွဲ့ဝင်များကား အဆက်အစပ်ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရကြပါက ပြန်လည်နီးစပ်မှု ရလာနိုင်ပါသည်။

မိမိတဦးချင်းအမြင်အရ နာဂ NSCN(K) အဖွဲ့ နှင့်ပတ်သက်၍ လောလောဆယ်တွင် သီးခြားဖြေရှင်းသည်က ပို၍ကောင်းပါ သည်။

● တတိယပင်လုံနှင့် သဘောတူညီမှုများ
ဒုတိယပင်လုံနှင့်တတိယပင်လုံကြား တနှစ်နီးပါးကြာခဲ့သည့် ပထမအကြောင်းမှာ NCA ပါ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှု အားဖြေရှင်းနိုင်ခြင်းမရှိ၍ ဖြစ်သည်။ ယနေ့တိုင် ရှမ်း၊ ရခိုင်တို့တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြု လုပ်နိုင်ခြင်းမရှိသေးပေ။ ဒုတိယအချက်မှာ နိုင်ငံရေးကဏ္ဍ၌ အရေးပါသော တိုင်းရင်းသားအခွင့်အရေးနှင့်ပတ်သက်၍၎င်း လုံခြုံရေးကဏ္ဍနှင့်ပတ်သက် ၍၎င်း သဘောတူညီမှု ရယူနိုင်ခြင်း မရှိ၍ဖြစ်သည်။

ပင်လုံညီလာခံခေါ်ဆိုကျင်းပပါက မည်သို့ဖြစ်စေပြည်ထောင်စု သဘောတူညီချက်ရယူရမည်ဖြစ်ရာ သဘောတူညီချက်ရ ယူနိုင်မည့် အချက်အချို့အားရွေးထုတ်ပြီး အဓိက ညှိမရသည့် နိုင်ငံရေးကဏ္ဍမှ တိုင်းရင်းသား အခွင့်အရေးပြဿနာနှင့် လုံခြုံရေးကဏ္ဍအား ချန်လှပ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ လက်ရှိညီလာခံတွင် နိုင်ငံရေးကဏ္ဍ၌ ထည့်သွင်းဆွေးနွေးသည် မှာလည်း ကျား/မခွဲခြားမှု ပြဿနာသာဖြစ်ခဲ့သည်။

မည်သို့ဆိုစေ ဤသို့ကျင်းပခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားအသက်ဆက်ခဲ့သည်ဟုဆိုနိုင်သည်။ ကောင်းသည့်ဖက်က ကြည့်လျင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်သူများ ထိတွေ့ခွင့်ရရှိသောကြောင့် ယုံကြည်မှုနှင့် နားလည်မှု ပိုမိုတည် ဆောက်နိုင်သည့် အခွင့်အလမ်းရခဲ့သည်။ ထို့ပြင် ဖြတ်ကျော်ရမည့် နိုင်ငံရေးသဘောတူညီချက်များနှင့်ပတ်သက်၍ ပို၍လေး နက်စေပါသည်။ ထို့ပြင်မြောက်ပိုင်းအဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်း ပါဝင်လာရေးအတွက် နည်းလမ်းများရှာဖွေထိတွေ့နိုင်ခဲ့သည်ဟု အကောင်း ဖက်ကတွေးဆနိုင်ပါသည်။

သို့သော် တတိယအကြိမ်ပင်လုံညီလာခံမှ တွေ့ရှိရသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ပါဝင်ရေးအတွက် NCA ထိုးရေးသည် ပြဿနာတရပ် ဖြစ်သကဲ့သို့ NCA ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပါကလည်း အရေးကြီးသည့် သဘောတူညီချက်များ ရရှိရေးသည်လည်း လွယ်ကူလှသည်မဟုတ်ဆိုသည့် အချက်ပင်ဖြစ်သည်။

တကယ်တမ်းအားဖြင့်လည်း နိုင်ငံရေးသဘောတူညီချက်များမရပါကမြေယာ၊ စီးပွားရေးစသည့်ကဏ္ဍများတွင် သဘော တူညီချက်ရယူရန်ခက်ခဲပေရာ မူလက မြေယာကဏ္ဍ၌ သဘောတူညီချက် ၄ ချက်ရယူရန် ရည်မှန်းထားခဲ့သော်လည်း ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က တနေကုန် ပြု လုပ်သည့် UPDJC အစည်းအဝေးတွင် သဘောတူညီမှု မရသည့် အချက် ၂ ချက်ကို ချန်ထားခဲ့ရသည်ကို တွေ့ရပါသည်။

တတိယအကြိမ် ၂၁ ရာပင်လုံညီလာခံတွင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၂ အဖြစ် နိုင်ငံရေးကဏ္ဍအခြေခံမူ အချက် ၄ ချက်၊စီးပွားရေးကဏ္ဍ အခြေခံမူ အခြေခံမူ အချက် ၁ ချက်၊ လူမှုရေးကဏ္ဍအခြေခံမူ အချက် ၇ ချက်၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူ အချက် ၂ချက် စုစုပေါင်း ၁၄ ချက် ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း ၂အဖြစ် သဘောတူညီချက်ရခဲ့သည်ကိုတွေ့ရသည်။ဒုတိယအကြိမ်ညီလာခံတွင်ပြည်ထောင်စုသဘောတူညီချက်အစိတ်အပိုင်း ၁ အဖြစ် နိုင်ငံရေးကဏ္ဍ အခြေခံမူ ၁၂ ချက်၊ စီးပွားရေးကဏ္ဍအခြေခံမူ ၁၁ ချက်၊လူမှု ရေးကဏ္ဍအခြေခံ
မူ ၄ ချက်၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍအခြေခံမူ ၁ဝ ချက်၊ စုစုပေါင်းအခြေခံမူ ၃၇ ချက်ရ ရှိခဲ့ရာ အခြေခံမူ ၅၁ ခု သဘောတူခဲ့ပြီဖြစ်သည်။

● အနာဂါတ်ရည်မှန်းချက်အခြေအနေ
၂၁ ရာစုပင်လုံညီလာခံအား ၂ဝ၁၈ ခုနှစ်အတွင် တကြိမ်၊ ၂ဝ၁၉ ခုနှစ်အတွင်း ၂ ကြိမ်ပြု လုပ်ရန် ရည်ရွယ်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂ဝ၂ဝ အတွင်း ကျင်းပမည့် ညီလာခံ ၂ ကြိမ်တွင် ပြီးပြတ်ရန် ရည်ရွယ်သည်ဟုဆိုပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ NLD အစိုးရ၏ အချိန်သတ်မှတ် ချက်အား မတွေ့ရသော်လည်း တပ်မတော်၏ အချိန်ကန့်သတ်မှုအား စတင်တွေ့ရသည်။ တဖက်ကဆိုရလျင်လည်း အချိန်အကန့်အသတ်မရှိ ဆွေးနွေးနေမည်ဆိုသည်မှာလည်း နည်းလမ်းမကျ။ အဓိပ္ပါယ်လည်းမရှိပေ။ သို့သော် လက်ရှိအချိန် ကန့်သတ်မှုများအတိုင်း ပြီးမြောက်အောင်မြင်ရန် လွယ်ကူလှသည်တော့မဟုတ်ပေ။

ဦးစွာအားဖြင့် သတ်မှတ်ချိန်တိုင်းပြီးမြောက်အောင် ဆောင်ရွက်လိုပါက UPDJC တွင် အချိန်ဇယားရေးဆွဲဆောင်ရွက်ရန် လို အပ်သည်။ ဒုတိယ အချက်မှာ ဆွေးနွေးညိနှိုင်းမှု များတွင် ပါသောဖက်အားလုံးလက်ခံနိုင်သည့် အဖြေတခုရှာနိုင်ဖို့ဖြစ်သည်။ မိမိရပ်ခံထားသော မူဝါဒကိုသာ ကိုယ်စီမြဲမြံစွာ ဆုပ်ကိုင်ထားကြမည်ဆိုပါက ညှိနှိုင်းအဖြေရှာရန်ခက်ခဲပေမည်။၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအား ကာကွယ်မည့်ဟု ခံယူထားသည့် တပ်မတော်ကမူ ၂ဝဝ၈ အခြေခံဥပဒေမှန်ကန်ကြောင်း သက်သေပြနေ မည်သာဖြစ်သကဲ့သို့ တိုင်းရင်း သားများကလည်း မိမိအခွင့်အရေးဘက်က ရပ်ခံနေမည်သာဖြစ်ပေသည်။

● ငြိမ်းချမ်းရေးအကျိုးဆောင်များ
တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကာလတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏မြန်မာနိုင်ငံ အထူးကိုယ် စားလှယ် Ms Christine Schraner Burgener သည်၎င်း ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလည်နှင့် နိပွန်းဖေါင်ဒေးရှင်း၏ဥက္ကဌဖြစ်သူ မစ္စတာရိုဟေးဆာဆာကာဝါသည်၎င်း၊ တရုတ်အစိုးရ အာရှရေး ရာ အထူးသံတမန် မစ္စတာဆွန်ကော့ရှန်သည်၎င်း ရောက်ရှိနေပြီး အစိုးရခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။

အဆိုပါမြန်မာပြည်ငြိမ်းချမ်းရေးတွင် အစဉ်တစိုက်ပါဝင်နေသော သံတမန်များအနက် တတိယအကြိမ် ၂၁ ရာစုပင်လုံတွင် တရုတ်သံတမန်တို့က ရှေ့တန်းရောက်နေပေသည်။ တရုတ်တို့၏ OBOR မျှော်မှန်းချက်နှင့်အတူ ပြီးခဲ့သောရက်ပိုင်းအတွင်းက တရုတ်မြန်မာနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်ဇုံ ၃ ခု (ကန်ပိုင်တီ၊ မူစယ်၊ ချင်ရွှေဟော်) တည်ဆောက်ရေး MOU အပါအဝင် MOU ၅ ခု လက်မှတ်ရေးထိုးခဲ့သည်ဟုဆိုပါသည်။ သို့ဖြစ်ရာ ရှေ့လာမည့် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်းတွင် တရုတ်တို့ OBOR အကျိုးစီးပွား ယှက်နွယ်မှုများကို တွေ့မြင်ရမည်ဖြစ်ပေရာ ၎င်းအချင်းအရာ သည် မြန်မာ ပြည်ငြိမ်း ချမ်းလုပ်ငန်းစဉ်ပတ်သက်၍ အလေးထားရမည့် အကြောင်းအရာဖြစ်လာတော့မည်ဖြစ်သည်။ ထို့ပြင် တရုတ်တို့ သည် ၎င်းတို့၏စီးပွားရေးစီမံကိန်းများ၏ကာလအနားသတ်များပေါ်တည်မှီပြီး မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြား ဝင်ညှိနှိုင်းပေးသည့်ထက် ပို၍ တွန်းတွန်းတိုက်တိုက် ဖိအားပေးဆောင်ရွက်လာဘွယ်ရှိသည်ဟုသုံးသပ်ရပါသည်။

ပြီးပါပြီ
မောင်မောင်စိုး

အောင်ဝေး - ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၃ )

$
0
0


အောင်ဝေး - ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၃ )
(မိုးမခ) သြဂုတ် ၆၊ ၂၀၁၈

စစ်တစ်ခါရှုံး၊ အနှစ်သုံးဆယ်။

စစ်တစ်ခါရှုံးရင်
အနှစ်သုံးဆယ် ကြာတယ်
ဘယ်သူပြောလဲ
တစ်တောလုံးကြွေ။

ပြည်တွင်းစစ်က
အနှစ် ၇၀
ဘယ်သူပြောလဲ
တစ်တောလုံးကြွေ။

ဒီမိုကရေစီနဲ့
ငြိမ်းချမ်းရေး
ပန်းကလေး ပွင့်ပါပြီလား။

ထပ်မေးမယ်
ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး
ပန်းကလေး ပွင့်ပါပြီလား။

ရေ တစ်ခါလောင်း
ပေါင်း တစ်ခါသင်
နာကျင် အနှစ်သုံးဆယ်။

အနှစ်သုံးဆယ် နာကျင်
ပန်းပင်က
အလွမ်းပဲ ရှင်တယ်
အမြစ်က သေနေပြီ။

တစ်ပင်လုံး ပိုးကျ
ညှိုးညှိုး ယောင်းယောင်း
ပြောင်းလဲမှ ရတော့မယ်။

စွန့်လွှတ်သူတို့ အနှစ်သုံးဆယ်
အရိုးတောင်လိုပုံ အနှစ်သုံးဆယ်
ပန်းမပွင့်တဲ့ နွေဦးသုံးဆယ်
နွေဦးသုံးဆယ်။

မတတ်နိုင်ဘူး
လွမ်းရုံနဲ့၊ ပန်း မငုံဘူး
လွမ်းသဖြင့်လည်း၊ ပန်းမပွင့်ဘူး
တူးဆွ နုတ်ပစ်
အသစ် စိုက်ပျိုး
နောက်တစ်မိုး မကုန်ခင်။

အချစ်ရေ ...
တို့ တစ်က ပြန်စကြပါစို့
နောက်တစ်မိုး မကုန်ခင်။ ။

ေ အ ာ င္ ေ ၀ း
(သြဂုတ် ၅- ၂၀၁၈)

အိုစိုး - နှစ်​ ၃၀မုန်​တိုင်းထဲက ရှင်​သန်​​နေတဲ့ သစ်​ပင်​ (သို့မဟုတ်​)

$
0
0


အိုစိုး - နှစ်​ ၃၀မုန်​တိုင်းထဲက ရှင်​သန်​​နေတဲ့ သစ်​ပင်​ (သို့မဟုတ်​) သက်​ဝင်း​အောင်​စာကြည့်​တိုက်
( ၈၈ နှစ်​ ၃၀ အမှတ်​တရ)
(မိုးမခ) သြဂုတ် ၆၊ ၂၀၁၈
(သူ့ဖေ့စ်ဘွတ်က ကူးယူပါတယ်)
အတိတ်
လွန်​ခဲ့တဲ့ နှစ်​ ၃၀ က အဖြုအစိမ်း ​ကျောင်းသား​လေး​တွေဟာ ခုချိန်​မှာ ၄၀​ကျော်​အရွယ်​​တွေဖြစ်​​လို့​နေ​ပါပြီ၊ဒါ​ပေမယ့်​ တစ်​နှစ်​တစ်​ခါ ၈ရက်​ ၈လဆိုတဲ့အသံကြားတိုင်း ​ကျောင်းသားက​လေး​တွေ​လို တက်​ကြွပြီး
အတိတ်​ဆီပြန်​ပြန်​ရောက်​သွားတတ်​တာ နှစ်​တိုင်းပါဘဲ

ဆရာ​နေလင်း​အောင်​(LCCI) အင်​တာဗျုးတစ်​ခုမှာ ​ပြောခဲ့သလို ၈၈ကို ​ချေ​ဂွေးဗားရား၊ ဖူးချစ်​၊ အ​တွေးအမြင်​ စတဲ့  စာအုပ်​မျိုး​တွေဖတ်​တဲ့ ​ကျောင်းသား​တွေက ဦး​ဆောင်​ခဲ့ကြတယ်​ဆိုတာ​လေး ပြန်​သတိရမိပါတယ်​ ဘာစာမှမဖတ်​ ဘာ​လေ့လာမှုမှမရှိဘဲ နိုင်​ငံ​ရေးကို ဦး​ဆောင်​လိုမရသလို ဘာမှမသိတဲ့သူ​တွေ ဦး​ဆောင်​ခဲ့လို့လည်း နိုင်​ငံဟာ ချွတ်​ခြုံကြခဲ့ရတာပါ။

၈၈ အလွန်​ကာလ​တွေဟာ နိုင်​ငံ​ရေးစာအုပ်​​တွေဖတ်​ဖို့ဆိုတာ ရှာ​ဖွေရတာမလွယ်​ကူသလို ဝယ်​ဖတ်​ဖို့ဆိုတာလည်း ​ကျောင်းသားအရွယ်​​တွေဖြစ်​တဲ့အတွက်​ မဝယ်​နိုင်​ သူငယ်​ချင်းအကို​တွေ အ​ဖေ​တွေစုထားတဲ့စာအုပ်​​တွေကို အိမ်​သွားလည်​ရင်းငှား၊အချင်းချင်းလဲဖတ်​ နဲ့ဖြတ်​သန်းခဲ့ကြရတဲ့ လူငယ်​ဘဝဟာလည်းလွမ်းစရာပါ

ကျောက်​​မြောင်းထဲ ၈၉ ​လောက်​မှာ ​ယောနသံဆိုပြီး နိုင်​ငံ​ရေးစိတ်​ဝင်​စားတဲ့လူငယ်​​တွေက စုပြီး မိမိတို့စု​ဆောင်းထားတဲ့စာအုပ်​​တွေ (နိုင်​ငံ​ရေး နဲ့ ဘာသာပြန်​ စာအုပ်​​တွေများပါတယ်​ ) ငှါး​​ပေးတာက အစပြုပြီး ​​စာကြည့်​တိုက်​အလုပ်​ကိုစိတ်​ဝင်​စားခဲ့ကြတာပါ

၉၃ ​မှာ​တော့ ဗဂျီအိမ်​ဆိုပြီး ကျွန်​​တော်​တို့ဆုံစည်းရာ စာအုပ်​အငှါးဆိုင်​​လေးဖွင့်​ဖြစ်​ခဲ့ကြသလို အဲ့နှစ်​မှာဘဲ သက်​ဝင်း​အောင်​နဲ့အမှတ်​တရဖြစ်​​စေမဲ့ စာ​ပေ​ဟော​ပြောပွဲ​လေးကို ပိုစ့်​စကဒ်​​ရောင်းပြီး လုပ်​ဖြစ်​ခဲ့ကြပါတယ်​ ဆရာဦး​အောင်​သင်းနဲ့ ဆရာ​ဖေမြင့်​တို့ ​ဟော​ပြောခဲ့ကြတဲ့ပွဲမှာ မဝသ ဥက္ကဌ က စကားတက်​​ပြောလို့ဆိုပြီး ​ချေ​ဂွေးဗားရားခ​ရေစီ သက်​ဝင်း​အောင်​က ရန်​သူနဲ့ပူး​ပေါင်းရ​ကောင်းလားလို့​ပြောကာ ပွဲမှာမီးဖြတ်မယ်​​လုပ်​လို့ ရန်​ဖြစ်​ခဲ့ကြရတာ​လေးကလည်း တကယ့်​အမှတ်​တရပါ

လူငယ်​ဆိုတာ ​ဒေါသထွက်​မယ်​ ​ပေါက်​ကွဲမယ်​ ထင်​ရာလုပ်​မယ်​ ဒါ​ပေမယ့်​ မတရားတာ​တွေရင်​ငြိမ်​ခံမ​နေဘူး ပိုက်​ဆံအတွက်​မဟုတ်​တာမလုပ်​ဘူးဆိုတဲ့အမြင်​ဟာ ကျွန်​​တော်​တို့မျိုးဆက်​​တွေမှာ ​တွေ့ခဲ့ရသလို ရဲ​ဘော်​ရဲဘက်​စိတ်​နဲ့​နေထိုင်​ခဲ့ကြတာ​တွေဟာ ​အောင့်​​မေ့သတိရစရာအဖြစ်​ရှိ​နေအုန်းမှာဖြစ်​ပါတယ်​။

ကျွန်​​တော်​တို့ဖတ်​ခဲ့တဲ့စာ​တွေ၊သိခဲ့တဲ့အသိ​တွေဟာ ဒီ​နေ့အထိကျွန်​​တော်​တို့ဘဝကိုရိုက်​ခတ်​​နေသလို လက်​ထဲမှာစာအုပ်​​လေးကိုင်​ကိုင်​လာတတ်​တဲ့ ကိုသက်​ဝင်း​အောင်​ဟာလည်း ​သေဆုံးသွား​ပေမယ့်​(၂၀၀၆ မန္တ​လေးအိုးဘို​ထောင်​အတွင်းကျဆုံး) သူ့နာမည်​နဲ့စာကြည့်​တိုက်​​လေး ၁၂.၁၂.၂၀၁၂ မှစတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ် ၊ရန်​ကုန်​တိုင်း​ဒေသကြီး၊တာ​မွေမြို့နယ်​၊​ကျောက်​​မြောင်း၊၁၀၆​အောင်​မင်္ဂလာလမ်းမှာဖွင့်​လှစ်​ထားတဲ့ကိုသက်​ဝင်း​အောင်​အထိမ်းအမှတ်​စာကြည့်​တိုက်​ဟာ မြန်​မာနိုင်​ငံမှာ ​၈​၈ဖြတ်​သန်းခဲ့ကြသူတွေထဲမှာ တစ်​ခုတည်း​သော ​ကျောင်းသားနံမည်​နဲ့ဖွင့်လှစ်နိုင်ခဲ့တဲ့စာကြည့်​တိုက် ​လေးတစ်​ခုဖြစ်​ပါတယ်​။

ပစ္စုန်​ပ္ပန်
သက်​ဝင်း​အောင်​စာကြည့်​တိုက်​အ​နေနဲ့လက်​ရှိနိုင်​ငံ​ရေးစာ​ပေကိုအဓိကထားငှါး​ပေး​တာပါ၊ကျောင်းသားသမဂ္ဂက ​ကျောင်းသား​တွေ ၊က​လေးလူငယ်​ လူကြီးအရွယ်​မ​ရွေးဖတ်​နိုင်​​အောင်​ စာအုပ်​စာတမ်းအစုံစု​ဆောင်း ငှါး​ပေး​နေတဲ့အပြင်​ ပြီးခဲ့တဲ့လပိုင်းက အ​မေရိကန်​က Ph.D ဘွဲ့အတွက်​ စာတမ်းလုပ်​​ဆောင်​​နေတဲ့ ဗီယက်​နမ်​​ကျောင်းသူ​လေးတစ်​​ယောက်​ကို ကူညီ​ပေးခဲ့ရပါ​သေးတယ်​ လက်​ရှိလည်းစာတမ်းပြုစုလိုသူ ၊စာအုပ်​မိုဘိုင်းငှါး​ပေးလိုသူ​တွေအတွက်​ အားကိုးစရာစာကြည့်​တိုက်​တစ်​ခုဖြစ်​ပါတယ်​။

အနာဂတ်
စာကြည့်​တိုက်​​အ​နေနဲ့ကိုယ်​ပိုင်​​နေရာ မရှိ​သေးတဲ့အတွက်​ ကိုသက်​ဝင်း​အောင်​ကိုချစ်​သူများ၊ အကသ သူငယ်​ချင်းများက စု​ပေါင်းအခန်းငှါးပြီး လုပ်​​ဆောင်​​နေကြရတာပါ တကယ်​​တော့ ၈၈ ရဲ့နှစ်​ ၃၀ပြည့်​အလွန်​မှာ နိုင်​ငံ​ရေးစာ​ပေ​တွေကို လူငယ်​​တွေစိတ်​ဝင်​စားလာ​အောင်​ ​ကျောင်းသား ဝင်​ထွက်​သွားလာစရာ​နေရာတစ်​ခုဖြစ်​လာ​အောင်​ ၈၈ ကိုတမ်းတရုံမဟုတ်​ဘဲ လူထုအတွက်​ မျက်​စီဖွင့်​​ပေးတဲ့​နေရာ​လေးဖြစ်​လာဖို့ ဝိုင်းဝန်းလုပ်​​ဆောင်​ကြ​စေချင်​မိပါတယ်​။

လက်​ရှိစာကြည့်​တိုက်​​လေးဟာ မြန်​မာနိုင်​ငံအနှံကစာကြည့်​တိုက်​​တွေအားထားရာ က​လေး လူငယ်​ လူကြီးပါအားကိုးရတဲ့ စာကြည့်​တိုက်​​တ​ခုအဖြစ် ​ရှင်​သန်​​နေတဲ့အတွက်​ နှစ်​ ၃၀ မုန်​တိုင်းထဲက ရှင်​သန်​​နေ​သော သစ်​ပင်​လို့ တင်​စားလိုက်​တာပါ ၈၈ အလွန်​ နိုင်​ငံ​ရေး​လောကဓံ ခံစားခဲ့ရတဲ့ သက်​ဝင်း​အောင်​သာရှိ​နေ​သေးရင်​ ဒီ​နေ့​ခေတ်​နိုင်​ငံ​ရေးအ​ခြေအ​​နေကို ဘယ်​လိုသုံးသပ်​မလည်းဆိုတာ စဉ်းစားရင်း ၈၈ နှစ်​ ၃၀ အမှတ်​တရ ​ရေးသားလိုက်​ရပါတယ်​။

၈-၈-၈၈ ရောင်းစားသူ--ကောင်းစားသူနှင့် သေသွားသူများ (၂)

$
0
0


၈-၈-၈၈ ရောင်းစားသူ--ကောင်းစားသူနှင့် သေသွားသူများ (၂)
ဝင်းအောင်ကြီး (မောင်အောင်မွန်)
(မိုးမခ) သြဂုတ် ၆၊ ၂၀၁၈
(၁)
၈-၈-၈၈ အရေးအခင်းခေါ် တပြည်လုံးလူထု အုံကြွမှုကြီးဆီသို့ ဦးတည်နေသော ကိစ္စရပ်များကား များပြားစုံလင်လှပါဘိ။ လူ့အလွှာအသီးသီး နှစ်ပေါင်းများစွာ အတိဒုက္ခရောက်နေကြရပြီး ထွက်ပေါက်မရှိ ပိတ်မိနေကြရ၏။စမ်းသပ်ခန်းထဲက ကြွက်လေးပမာ ဟိုလျှောက်တိုး ဒီလျှောက်တိုးသလို မြန်မပြည်သူတွေ ခံစားနေကြသည်။
(၂) 

သမိုင်းစကားနှင့်ဆိုရသော် Remote Causes. ၈-၈-၈၈ အရေးအခင်းဆီသို့ မြန်မာပြည်ကြီး ရွေ့လျှားလာနေသည်မှာ ၁၉၆၂ ခု နောက်ပိုင်း မဆလ ခေတ်ပျက်ချိန်ကတည်းပါ။ ကျောင်းဆရာများက ပညာရေးစနစ်ကို စိတ်ပျက်၊ ဆရာဝန်များက လူနာကုသဖို့ ရေမန်းအားကိုးရမလို--စသဖြင့် စသဖြင့်။
(၃)

 ပြည်သူတွေ ငတ်ကြသည့်ထဲ သတင်းလည်းပါ၏။
ဦးနေ၀င်း မရမ်းကုန်း သမ၀ါယမ အရောင်းဆိုင်သွားကြည့်ပုံ ဧရာမ သတင်းဓာတ်ပုံ၌ အထင်အရှား ဖေါ်ပြထားသော ဈေးနှုန်းများသည် အခြားနေရာများ မဆိုထားနှင့် ထိုဆိုင်မှာပင် ထိုနှုန်းအတိုင်း မရောင်းပါ။ သတင်းစာအစစ်ဖတ်ခဲ့ရသူတို့ခမျာ ယောင်ချာချာ။
(၄)

 သတင်းစာပိုက်ပြီး မွေးလာသူဟု ဆိုလောက်သော ကိုလှအောင်၊ အထောက်တော်သတင်းစာ အယ်ဒီတာချုပ်လုပ်ခဲ့သည်။ ထိုသတင်းစာသည် စစ်တပ်နှင့်နီးစပ်သောကြောင့် တပ်ရဲ့အထာကိုလည်းသိ၏။ ထိုးဖေါက်တတ်၏။
(၅)
သည်လိုနှင့်ပင် သတင်းဂျာနယ်သည် လျှမ်းလျှမ်းတောက် ဖြစ်ခဲ့၏။
သတင်းငတ်နေကြသည့် ပြည်သူတို့အားထားရာ ပုဂ္ဂလိက သတင်းဂျာနယ်။ အင်အားတောင့်သည့် အဖွဲ့ကောင်း--၊ ကိုယ်ပိုင်တိုက်ခန်း၊ ပုံနှိပ်စက်စသည်တို့နှင့်--။ မြန်မာ့အသံလခ၏ (၂)ဆပေးမည်၊ သတင်းဂျာနယ်သို့ လာခဲ့ဖို့ခေါ်ဖူးသည်။ ကျွန်တော်က မစွန့်စားရဲ။
သူကမူ သတင်းနှင့် ပတ်သက်လာလျှင် စွန့်စားမြဲ သူ့ဥာဉ်ကြောင့် အပိတ်ခံရပြန်သည်။
(၆)
ကျွန်တော်တို့ (၃) ယောက်အား အထတ လှအောင်က သူ့စီအစဉ်ပြောပြ၏။
စာ-နယ်-ဇင်း ဆိုသောစကားထဲက သတင်းစာနှင့်ဂျာနယ် ထုတ်ခဲ့ပြီးပြီ၊ ယခုအကြိမ်တွင်မူ ဇင်း--ဇင်း မဂ္ဂဇင်းဟုသုံးမည်၊ သို့သော် ရှုမ၀၊ သွေးသောက်၊ ပဒေသာ၊မြ၀တီ တို့လိုမဟုတ်၊ အဓိကကျသော သတင်းကို အားထားရမည်၊ ထို့ကြောင့် သတင်းမဂ္ဂဇင်းဟု နာမည်ပေးမည်--စသဖြင့်။
ဆွေးနွေးကြ တိုင်ပင်ကြ၏။
(၇)
၈-၈-၈၈ အရေးအခင်းကြီး၏ သတင်းများ၊ ဓာတ်ပုံများ ပထမဆုံး စွန့်စားဖေါ်ပြသည့် သတင်းမဂ္ဂဇင်း ထိုနေ့တွင် သန္ဓေတည်ခဲ့၏။ ထို့နောက်မွေးဖွါးပုံကို ဆက်လက်ရေးသားပါမည်။
၂၀၁၈ ခု၊ဇူလုင် (၂၉) ရက်နေ့

ကိုအောင်မှိုင်း - ၈၈၈၈ တမ်းချင်း

$
0
0


ကိုအောင်မှိုင်း - ၈၈၈၈ တမ်းချင်း
(မိုးမခ) သြဂုတ် ၆၊ ၂၀၁၈

ကနေ့ အဓိကပြဿနာက စစ်အာဏာရှင်စနစ်နဲ့ဒီမိုကရေစီစနစ်ကြား လွန်ဆွဲနေရတာဖြစ်ပါတယ်။ စစ်တပ်က စစ်အာဏာရှင်စနစ်ဘက်က ရပ်လိုက်တဲ့အခါ လူထုဆန္ဒမဲ ၈၀%ကျော်နဲ့ အနိုင်ရပါတယ် ဆိုတဲ့ပါတီကြီးမှာ ရီရမလို ငိုရမလို မျက်ဖြူဆိုက်နေရတော့တာပေါ့ဗျာ။ လူထုပါတီအနေနဲ့ မူပေါ်မှာ ရပ်ခံတာလဲ မလုပ်ရဲ။လုပ်လိုစိတ်လဲ မရှိဆိုတော့ စစ်တပ်ကိုမျက်နှာချိုသွေးရ စစ်ဗိုလ်ချူပ်ဟောင်း တွေကို မျက်နှာချိုသွေးရနဲ့ ရင်ကြားစေ့ရင်းစေ့ရင် မြောင်းထဲရောက်ရတော့မဲ့ အခြေအနေပါ။ သူတို့ မြောင်းထဲရောက်တာထက် ဒီမိုကရေစီမြောင်းထဲရောက်ရတာကတော့ အတော်ဝမ်းနည်းစိတ်ပျက် ဘို့ကောင်းပါတယ်။ လူထုအနေနဲ့ ဘာဆက်လုပ်ကြမလဲဆိုတဲ့မေးခွန်းကို နေ့တဓူဝ ပုံသဏ္ဍာန်အမျိုး မျိုးနဲ့ မေးခွန်းထုတ်နေတဲ့ ကာလလို့ ကျနော်တော့ မြင်ပါတယ်။ ဒီမေးခွန်းကလဲ အကြီးကြီးပါ။ သမိုင်း ဆိုင်ရာပြဿနာနဲ့ပါတ်သက်တဲ့ မေးခွန်းလဲဖြစ်ပါတယ်။ ရိုးရိုးသားသား လေးလေးနက်နက် စဉ်းစဉ်း စားစားဖြေစေချင်ပါတယ်။

စစ်အုပ်စုကလဲ စစ်တပ်ကိုအဓိကမဏ္ဍိုင်ထားပြီး အစိုးရကို နှစ်ပြားမတန်အောင် ပုံသဏ္ဍာန်မျိုးစုံနဲ့ ပက်ပက်စက်စက်တိုက်ခိုက်နေတဲ့ ကာလဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီမိုကရေစီစနစ်ကို အကုန်အစင် ဖျက်သိမ်းရေးဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖျက်သိမ်းရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူမျိုးပေါင်းစုံ လုပ်သားပြည်သူတွေရဲ့ ရည်မှန်းချက်တွေကို မြေမြုတ်သင်္ဂြိုလ်ဘို့ ကျိုးပမ်းမှုတွေဘဲဖြစ်ပါတယ်။

မဆလခေတ်ကလို ဒီမိုကရေစီသဏ္ဍာန်တွေနဲ့ တိုင်းပြည်ကို ပုံဖေါ်ပြီး တကယ့်အနှစ်သာရက စစ်အာဏာ ရှင်စနစ်နဲ့ တိုင်းပြည်ကို အုပ်ချူပ်ဘို့ဖြစ်ပါတယ်။ ဗြောင်ပြောရရင် အကျိုးစီးပွါးပြဿနာလို့ပြောရမှာဖြစ်ပါ တယ်။ စစ်အုပ်စုရဲ့ အကျိုးစီးပွါးကို ကာကွယ်ဘို့နဲ့ စစ်အုပ်စုရဲ့ အကျိုးစီးပွါးကို ဆက်လက်ဖွံ့ ဖြိုးဘို့ ရည် ရွယ်တာဖြစ်ပါတယ်။ ပြောရရင်တော့ဗျာ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စကားအတိုင်းပါ ဘဲ။ တိုင်းပြည် ဘာဖြစ်နေနေ စစ်အုပ်စုအကျိုးစီးပွါးကို မတို့မထိဘို့ပါဘဲ။ စစ်ဗိုလ်ချူပ်တွေနဲ့ စစ်ဗိုလ်ချူပ် ဟောင်းတွေ တိုင်းပြည်အပေါ် ဆက်လက် ဂုတ်သွေးစုတ်ဘို့ပါဘဲ။

ဒီနေ့ကျနော်တို့ ထိပ်တိုက်တွေ့နေရတဲ့ ပြဿနာက စစ်တပ်အာဏာသိမ်းမယ်ဆိုတာက လွဲပြီး အခြား ဘာမှမရှိပါဘူး။ စစ်တပ်ကရော ဘာကြောင့်အာဏာသိမ်းရမှာလဲ။၂၀၀၈ ကိုပြင်ရင် စစ်တပ်က အာဏာ သိမ်းမှာလား။ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ တရားမျှတတဲ့ဥပဒေ လုံးဝမဟုတ်ဘူးဆိုတာ စစ်တပ်ကဗိုလ်ချူပ် တွေ မသိကြဘူးလား။ တရားမျှတမှုမရှိတာကို သိသိကြီးနဲ့ ဆက်မိုက်တွင်းနက်နေမယ်ဆိုရင် ကျနော် အမြင်ကတော့ လောကကြီးက အသေအချာ အပြစ်ပေး အရေးယူပါလိမ့်မယ်။ ၂၀၀၈ ဘာလဲဆိုတာ တနိုင်ငံလုံး တကမ္ဘာလုံးလဲ သိနေကြတာပါ။ ၂၀၀၈ ဆိုတာ ပြောရရင် ဂျပိုးသူခိုးတွေရဲ့  ပိုင်ဆိုင်မှုကို ကာကွယ်ဘို့ လက်နက်အားကိုးနဲ့ဆွဲထားတဲ့ အမိန့်ပြန်တမ်းထက် ဘာမှမပိုပါဘူး။ နိုင်ငံတကာမှာလဲ ဖွဲ့စည်းပုံတွေပြင်လိုက် မလိုရင်အသစ်ပြန်ရေးလိုက် နေ့တဓူဝလုပ်နေကြတာပါဘဲ။ ၂၀၀၈ ကိုပြင်တာကို လက်မခံရင် အသစ်ပြန်ရေးလိုက်တာအကောင်းဆုံးပါဘဲ။

၂၀၀၈ကို စစ်တပ်ကဘာလို့ကာကွယ်နေတာလဲ။ သေချာတာက ကနေ့ စစ်တပ်ကိုယ်တိုင် စစ်အာဏာရှင် စနစ်ကို ဖက်တွယ်နေလို့ကလွဲလို့ အခြားဘာအကြောင်းပြချက်မှ ခိုက်ခိုင်လုံလုံမရှိပါဘူး။ ကနေ့တော့ ဒီမိုကရေစီနဲ့ စစ်အုပ်စုဟာ ပြဒါးတလမ်းသံတလမ်းဖြစ်နေပါပြီ။ စစ်အုပ်စုကို ခွေးကတက်က အလုပ်အကျွေးပြုဘို့ တာစူနေတဲ့ စေ့စပ်ရေးသမားတွေရဲ့ ကျိုးစားအားထုတ်မှုတွေ ဗူးပေါ်သလို ထင်ထင်ရှားရှား မြင်နေရသလို ဒီမိုကရေစီသူခိုးတွေကိုလဲ မှတ်မှတ်ထင်ထင်ဆိုသလို ကျနော်တို့တွေ့ မြင်နေရပြီဖြစ်ပါ တယ်။ တိုင်းရင်းသား ခေါင်းဆောင်အမည်ခံ သူခိုးတစုကလဲ စစ်တပ်နောက်မှာ တိုင်းရင်းသားတွေ တစု တဝေးထဲနေကြလို့ ပေါ်ပေါ်ထင်ထင် မရှက်မကြောက်ပြောနေဆိုနေတာ တွေ့နေကြားနေရတဲ့ ကာလ မဟုတ်ပါလား။ စစ်တပ်နောက်မှာ တိုင်းရင်းသားတွေ တစုတဝေးရှိနေရင် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာမှာလားဆိုတဲ့ မေးခွန်းကိုတော့ သူကိုယ်တိုင်ဘဲ ဖြေဘို့လိုမယ်ထင်ပါတယ်။ ကနေ့ မီဒီယာဆိုသူအချို့  ကလဲ အကွက်ရရင်ရသလို စစ်တပ်ကိုအမွှန်းတင်ပြီး NLD ကို သရုပ်ဖျက်နေတာတွေ့ရပြန်ပါတယ်။

ကျနော့်အမြင်ကတော့ ကျနော်တို့နဲ့ NLD ကြား ပဋိပက္ခတွေကြီးကြီးမားမားရှိနေတာကတော့အမှန်ဘဲ ဖြစ်ပါတယ်။ဒါပေမဲ့ ဒီပဋိပက္ခက ပြည်သူတွင်းပဋိပက္ခဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ ကျနော်တို့ကြား ပဋိပက္ခက တော့ ရန်ဘက် ပဋိပက္ခလက္ခဏာဆောင်တယ်လို့ပြောချင်ပါတယ်။အဓိကတော့ အဖိနှိပ်ခံတိုင်းရင်းသား လုပ်သားပြည်သူများရဲ့ အကျိုးစီးပွါးပေါ်မူတည်ပါတယ်။

၈၈၈၈ အနှစ်၃၀ မြောက်ရက်နေ့မှာ ကျနော်တို့လူထုကို ရှင်းရှင်းလင်းလင်း ပြောချင်တာကတော့၊

၁။ ဖြစ်နိုင်ရင် ကိုယ့်မြို့နယ် ကိုယ့်ဒေသမှာ ၈၈၈၈ လုံးအထိမ်းအမှတ်ပွဲတွေ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ် နိုင်အောင်ကျိုးစားကြပါ။ လူထုလှုပ်ရှားမှုတွေ၊ လူထုကူညီရေးလှုပ်ငန်းတွေ စုပေါင်းလုပ်ရင်း နိုင်ငံရေး လှုပ်ရှားမှုတွ စကြပါ။(၈၈၈၈ ပွဲစားတွေကတော့ အတော့်ကို စိတ်ပျက်စရာဖြစ်နေပါပြီ)။

၂။၂၀၀၈ ပြင်ဆင်ရေး/ဖျက်သိမ်းရေးဟာ ၈၈၈၈ အနှစ်၃၀ မြောက်ရက်နေ့ရဲ့  တခုတည်းးသော တိုက်ပွဲ လမ်းညွန် တိုက်ပွဲကြွေးကြော်သံဖြစ်ပါစေ။(အနှစ် ၃၀လုံးလုံး ၈၈၈၈ ရက်ဆုံးဖြတ်ချက်တွေက တခုမှဖြစ် မလာခဲ့တာလဲ အားလုံးအသိပါ)။

ပြည်သူသာအမိ ပြည်သူသာအဖပါ။

ရဲဘော်အောင်မှိုင်း

ကာတွန်း စိုးကြီး (ပေါင်းတည်) ရဲ့ တရားစောင့်သူကြီး

$
0
0

ကာတွန်း စိုးကြီး (ပေါင်းတည်) ရဲ့ တရားစောင့်သူကြီး
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၈

K ငြိမ်းချမ်း ● တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား

$
0
0
 K ငြိမ်းချမ်း ● တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား
(မိုးမခ) သြဂတ်စ် ၆၊ ၂ဝ၁၈

မကြာသေမီလ နှစ်လ (ဇွန်၊ ဇူလိုင်) က နာမည်ရ မဂ္ဂဇင်းတစောင်၊ ရောင်းအားမြင့်သေးတဲ့ သတင်းစာတစောင် ရပ်သွားပြီဆို တဲ့ ဝမ်းနည်းစရာသတင်းတွေ ဆက်တိုက်ကြားလိုက်ရပါတော့တယ်။ မဂ္ဂဇင်းတွေစာစောင်တွေ သတင်းစာတွေရပ်သွားတာ ဟာ စာပေလောကမီဒီယာလောကအတွက်တော့ ဝမ်းနည်းစရာ အဆိုးဆုံးသတင်းပဲဖြစ်ပါတယ်။

အခုမှ မဂ္ဂဇင်းတွေစာစောင်တွေ ရပ်တန့်တာလားဆိုတော့ မဟုတ်ပါဘူး။ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ကာလတွေမှာလည်း ရပ် ဆိုင်းခဲ့တာကြားခဲ့မြင်ခဲ့ရပါတယ်။ ပွင့်ပွင့်လင်းလင်း ဆက်ပြောရရင် အခုလောက်ရပ်သွားတာ မစိပ်ပါတူး။

အဲဒီအချိန် အဲဒီကာလက ရပ်ဆိုင်းတယ်ဆိုတာကလည်း အရှုံးပေါ် ငွေကြေးအခက်အခဲထက် သူတို့စစ်မူဝါဒတွေနဲ့ မကိုက် ညီလို့ ပြည်သူတွေ မဖတ်စေတဲ့စီမံချက်မျိုးနဲ့ အမျိုးမျိုးပိတ်ပင်တားဆီးခဲ့ကြတာဖြစ်ပါတယ်။ သူတို့အာဏာရှင်ကြီးကိုထိ ခိုက်မယ့်စာမူတွေ အရေးအသားတွေကြောင့် နိုင်ငံရေးအရောင်ရှိတယ်ဆိုကာ စာမူကိုဖြတ်တောက်၊ စာအုပ်ကိုဖြတ် တောက် အဲလိုမှ မရသေးရင် အယ်ဒီတာတွေကလောင်ရှင်တွေကိုစောင့်ကြည့်ထောင်ချပစ်တဲ့အထိ လုပ်ခဲ့ကြပါတယ်။

ထောင်ချခံရ၊ သတိပေးခံရတဲ့ အယ်ဒီတာတွေ ကလောင်ရှင်တွေကလည်း မှတ်ပြီလားဆိုတော့ လွတ်လာရင်လည်း ဘယ် လောက်ဆိုးဝါးတဲ့ဒဏ်ရာတွေပဲရရ အပြုံး မပျက် စာတွေပြန်ရေးကြ၊ ထုတ်ကြစမြဲပါ။

အဲတော့ဘာဖြစ်သလဲဆိုတော့ စစ်ဝါဒီတွေဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ကြီး ပြည်သူသဘောတူတူမတူတူ ရေး ဆွဲ အတည်ပြု ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့ရာက အများသိတဲ့အတိုင်း ၂ဝ၁၅ မှာတော့ အမျိုးသားးဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်သတ်နဲ့နိုင်၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ပြည်ထဲရေး အစရှိတဲ့ဌာန ၃ ခုမပါတဲ့ အစိုးရဖွဲ့ခဲ့ပါတယ်။

လိုရင်းပြောရရင် ဒီမိုကရေစီအင်အားစုတွေနဲ့ဖွဲ့ထားတဲ့ အစိုးရလည်းဖြစ်ပြန်၊ စာပေနယ်နဲ့တိုက်ရိုက်အကျုံးဝင်တဲ့ ပြန်ကြား ရေးဝင်ကြီးဌာနကိုလည်း စာပေနယ်က ဆရာဝန်စာရေးဆရာတဦးကကိုင်တွယ်တော့ စာပေလောကအတွက်တော့ အထူး မျှော်လင့်ခဲ့ကြပါတယ်။

နှစ်ပေါင်း ၅ဝ နီးပါး စစ်အစိုးရကာလများမှာ ဟိုအကြောင်းမရေးရ ဒီအကြောင်းပြောရင် ဖမ်းမယ်ထောင်ချမယ် အမျိုးမျိုး စာ ပေကို သင်းကွပ်ခဲ့ကြတာ စာအုပ်ကောင်းကောင်းမဖတ်ရ၊ အနုပညာရှင်တွေလည်း လွတ်လွတ်လပ်လပ်မဖန်တီးရ၊ မ ထုတ်ဝေရနဲ့ နေခဲ့ရတဲ့ပြည်သူတွေလေ။ စစ်ဗိုလ်ချုပ်တွေ အဆက်ဆက် ပြန်/ဝန်လုပ်ခဲ့ရာကနေ အရပ်သားလည်းဖြစ် စာ ရေးဆရာလည်းဖြစ် ပညာရှင်တယောက်လည်းဖြစ်ဆိုတော့ မမျှော်လင့်ဘဲ ဘယ်ရှိပါ့မလဲ။

အဲဒီလို မျှော်လင့်ချက်ထားခဲ့ကြတဲ့ အခြေအနေလေး ဘယ်လိုရှိလဲဆိုတာ တချက်ပြန်သွားကြည့်ကြရအောင်။ စာအုပ်ဈေး ရောင်းပွဲတော်တွေ စာပေညီလာခံတွေ ကလေးစာပေပွဲတော်တွေ ရုံးပိတ်ရက်စာအုပ်ဈေးတန်းတွေကို မီဒီယာစာနယ်ဇင်း တွေမှာ ဝမ်းသာစရာသတင်းတွေအဖြစ် ခဏတာ မြင်ခဲ့ကြားခဲ့ရပါတော့တယ်။

နောက်ဆက်တွဲ အဆိုပါ လှုပ်ရှားမှုတွေဟာ မည်ရွေ့မည်မျှ အောင်မြင်ပေါက်ရောက် သန္ဓေတည်မလဲဆိုတာတော့ ယနေ့ စာပေလောကက အရေအတွက် အရည်အချင်းတွေနဲ့ကြည့် ဆုံးဖြတ်ရမယ်ဆိုရင်တော့ အနုတ်လက္ခဏာဆောင်နေတာ တွေ့ရပါတယ်။

ရသစာပေကိုအဓိကစောင်းပေးတဲ့ စာပေမဂ္ဂဇင်းတွေ သတင်းအချက်အလက်မှန်ကန်ပြီး ပြည်သူကို မျက်စိဖွင့်နားဖွင့်တဲ့ သ တင်းစာစာစောင်တွေ သိသိသာသာ ရပ်တန့်ပိတ်သွားရတာတော့ ပကတိ မြေပြင်အနေထားပဲဖြစ်ပါတယ်။

လစဉ်ထုတ်ဝေနေတဲ့မဂ္ဂဇင်းတွေလည်း တလခြား နှစ်လခြား ထုတ်ဝေ။ နေ့စဉ်ကနေ အပတ်စဉ်၊ အပတ်စဉ်ကနေ တလ နှစ်ကြိမ်သာ ထုတ်ဝေနိုင် နောက်ပိုင်းလုံးလုံး ရပ်ပစ်လိုက်ရတဲ့ စာစောင်၊ သတင်းစာတွေဟာ တနေ့တခြား ပိုများလို့လာ ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်က စာပေစိစစ်ရေးကိုဖြတ်သိမ်းပြီး ထုတ်-တင် ကနေ တင်-ထုတ်လုပ် စာမူအပိုင်းမှာ အကန့် အသတ်လျော့သွားတာကလွဲရင် ယခုအနေအထားကလည်း စာပေလောကကို ကြိုးရှည်ရှည်နဲ့ဆွဲထားတဲ့ အခြေအနေမှာပဲ ရှိနေတယ်လို့ယူဆရပါတယ်။

လစဉ်ထုတ် စာပေမဂ္ဂဇင်းတွေ အပတ်စဉ်ထုတ် နေ့စဉ်ထုတ် စာစောင် သတင်းစာတွေဟာ ရပ်တည်ရှင်သန်လှုပ်ရှားဖို့ အတော်အားစိုက်ရုန်းနေရတဲ့ အခြေအနေတခုမှာ စာပေစာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်တယ်ဆိုရင်တော့ ဒါဟာ အရင် စစ်အစိုးရတလျှောက်လုံး ဖုံးဖိ လိမ်ညာထုတ်ပြန်ချက်တွေပဲဖြစ်ပါလိမ့်မယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၂ ရက်ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၉ မှာ သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများ လစဉ်တိုးမြှင့် ထုတ် ဝေဖြန့်ချိလျက်ရှိဆိုတဲ့ခေါင်းစဉ်အောက်မှာ သတင်းအေဂျင်စီလုပ်ငန်း ၁၁ ခု၊ ပုံနှိပ်ခြင်းလုပ်ငန်း ၃၃ ခု၊ သတင်းစာ ၂ စောင်၊ ဂျာနယ် ၁၅ စောင်၊ မဂ္ဂဇင်း ၁၇ စောင် အထွေထွေထုတ်ဝေခွင့် ၆၆ ခုအစရှိတာတွေကို စာရင်းဇယားပြုလုပ်ဖော်ပြထားသော် ငြား အများစုက သိတောင်မသိတဲ့ နာမည်တွေဖြစ်နေပါတယ်။

ထုတ်ဝေခွင့်ချထားပေးရုံနဲ့ မင်းတို့ဘာသာ မင်းတို့ အိမ်ရောင်းထုတ်ထုတ် ခြံပေါင်နှံထုတ်ထုတ် ပစ်ထားမယ်ဆိုရင်လည်း ကိန်းဂဏာန်းအရသာများနေပေမယ့် စာဖတ်သူတိုးလာတဲ့အပြင် စစ်အစိုးရကာလထက်ကို အခြေအနေပိုဆိုးလာနိုင်ပါ တယ်။ ပိုဆိုး မဆိုးကတော့ ဝန်ကြီးကိုယ်တိုင် ဦးစီးထုတ်ဝေခဲ့တဲ့ အပတ်စဉ်ထုတ်ဂျာနယ်ကတော့ လုံးဝ နိတ္ထိတံသွားတာ သက်သေပါပဲ။

အသက်ရှူအနည်းငယ်ချောင်တယ်ထင်ရတဲ့ လုံးချင်းစာအုပ်လောကကို တီးခေါက်ကြည့်မိပြန်တော့လည်း အရောင်းရဆုံး စာရေးဆရာတယောက်ရဲ့စာအုပ်ဟာ အုပ်ရေ ၁ဝဝဝ ကျော်သာကုန်ပါတယ်တဲ့။ သန်း ၅ဝ နီးပါးရှိတဲ့ မြန်မာပြည်လူဦးရေနဲ့ နှိုင်းစာရင် လူရယ်စရာ ပမာဏပဲရှိနေပါသေးတယ်။

စာရေးဆရာတယောက်ရဲ့ရပ်တည်မှု ကြည့်ပြန်တော့လည်း ထုတ်ဝေသူနဲ့ဖြန်ချိထုတ်ဝေတဲ့စာအုပ်ရဲ့ တန်ဖိုးပမာဏကို တည်ပြီး ၁ဝ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းဆိုတော့ ၃ ကြိမ်လောက် ပြန်လည်ရိုက်နှိပ်ထုတ်ဝေနိုင်မှ ၄၊ ၅ သိန်းရမှာဖြစ်ပါတယ်။ အဲတော့ ဆူလူနပ်လွယ်တဲ့ စာအုပ်ဈေးကွက်မျိုးကကြီးစိုးပြီး ပြည်သူအကျိုးမရှိဘဲ စာပေအဆင့်အတန်း ပိုလို့နိမ့်ပါးသွား မှာဖြစ်ပါတယ်။

ယနေ့ တိုးတက်လာတဲ့ နည်းပညာတွေ ဖုန်းတွေကြောင့် စာဖတ်သူနည်းပါးသွားပြီး မြန်မာစာလောက ဈေးကွက် ပျောက် သွားတယ်လို့ ရုတ်တရက် အဖြေထုတ်ကောင်း ထုတ်ရနိုင်ပေမယ့် ဒါဟာလည်း တိကျသေချာတဲ့ တခုတည်းသော အဖြေ မဟုတ်ပါဘူး။

စာရေးသူတော့ တိုင်းပြည်ဆင်းရဲလို့ နည်းပညာတွေကြောင့် ဖုန်းပွတ်သူတွေများလားလို့ စက္ကူဈေးကြီးလာလို့ အစရှိတဲ့ အကြောင်းပြချက်တွေဟာလည်း စာပေလောကဖြစ်ပျက်နေရတာတွေနဲ့တိုက်ရိုက်အကျူံးဝင်တယ်လို့ မထင်မိပါဘူး။

လွန်ခဲ့တဲ့တဲ့၂နှစ်လောက်က တောင်ကိုရီးယား ကဗျာဆရာ၊ စာရေးဆရာ ထုတ်ဝေသူတဦး အလယ်လာခိုက် သွားရောက် တွေ့ဆုံဖြစ်ပါတယ်။ သူက လက်ရှိလည်း ကဗျာမဂ္ဂဇင်းတစောင်ကိုထုတ်ဝေနေသူ ကဗျာဆရာ၊ စာရေးဆရာတဦးလည်း ဖြစ်တော့ ကိုယ်သိလိုရာများကို စကားပြန်ကတဆင့်မေးမြန်းဖို့ သူနဲ့တွေ့ခဲ့ပါတယ်။

တွေ့တော့ ထုံးစံအတိုင်း ဒီက စာရေးဆရာ၊ စာပေမဂ္ဂဇင်းတွေရဲ့စာမူခနဲ့ရပ်တည်ဖို့ အခက်အခဲတွေကိုပြောပြပြီး သူတို့ဆီ မှာရော ဘယ်ကဲ့သို့ဖြေရှင်း အစိုးရပိုင်းကရော မည်သို့ဆောင်ရွက်ပေးနေကြသလဲဆိုတာအဓိက မေးမြန်းဖြစ်ပါတယ်။
စာအုပ်ထုတ်ဝေရေးနဲ့ပတ်သက်ပြီး သူထုတ်ဝေနေတဲ့ စာပေမဂ္ဂဇင်းက အုပ်ရေတထောင်ရိုက်နှိပ်ဖြန့်ချိကြောင်း၊ ပရင့်  အနေ နဲ့ စာအုပ်ကုန်အောင်တော့ မနည်းကြိုးစားရကြောင်း၊ ဒါပေမယ့် နည်းပညာအရွေ့ကိုလည်းပြင်ဆင်ထားပုံရလို့ သူတို့ မဂ္ဂဇင်းကို အွန်လိုင်းမှာလည်း တင်ထားပြီး ဝင်ရောက်ကြည့်ရှု ၊ ဒေါင်းလုပ်ဆွဲပါက ပိုက်ဆံပေးရကြောင်း၊ ဒါကြောင့် ပရင့် တက် အရှုံးပေါ်ပါက အွန်လိုင်းက ပြန်ဝင်ကြောင်း ဒါကြောင့် ပုံမှန် လစဉ်စာပေမဂ္ဂဇင်းထုတ်ဝေနိုင်ကြောင်း ရှင်းပြပါတယ်။

စာရေးဆရာကဗျာဆရာများအနေနဲ့လည်း စာရေးသားခြင်းကလွဲပြီး တခြားအသက်မွေးဝမ်းကြောင်းအတွက် အလုပ်သိပ် မလုပ်ကြဘဲ အင်မတန်မှပြည့်စုံချမ်းသာလိုသူမှ ထပ်အလုပ်လုပ်ကြောင်း ရပ်တည်ဖို့ခက်ခဲနေတဲ့ စာရေးဆရာကဗျာဆရာ တချို့ကိုလည်း အစိုးရကသော်လည်းကောင်း၊ စာပေအဖွဲ့အစည်းများ၊ စာပေချစ်သူအဖွဲ့အစည်းများကသော်လည်းကောင်း ငွေကြေးအတွက် ထောက်ပံ့ကူညီကြောင်း ပြောပြပါတယ်။

အဆိုပါပုဂ္ဂိုလ်နဲ့တွေ့ဆုံမှုဟာ အချိန်နည်းတာကတကြောင်း၊ ဘာသာပြန်ကတဆင့်ပြောရတာကတကြောင်း၊ အများကြီး မမေးမြန်း မဆွေးနွေးလိုက်ရပေမယ့် သိလိုတာလေးတွေသိခွင့်ရလိုက်ပါတယ်။

သူတို့လို လိုက်လုပ်ဖို့မဟုတ်တောင် သူတို့စာပေဖွံ့ဖြိုးတိုးတက်ရပ်တည်နိုင်ကြဖို့ ဆောင်ရွက်အဖြေရှာသလို ကျနော်တို့ဆီ မှာလည်း တဦးကောင်းမဟုတ်ဘဲ စာရေးဆရာ၊ အယ်ဒီတာ၊ ထုတ်ဝေဖြန့်ချိသူ၊ ဈေးကွက်၊ စာဖတ်သူနောက် လိုအပ်ရင် အစိုးရကပါ ပူးပေါင်းပါဝင်ကာ စဉ်းစားအဖြေရှာကြရမှာဖြစ်ကြောင်း သို့မှသာ စာပေလောကဟာ ဆရာကြီးသိန်းဖေမြင့် စာ အုပ်အမည်လို တို့ခေတ်ကိုရောက်ရမည်မလွဲပါဖြစ်ပြီး ယခုအခြေအနေတိုင်းဆက်သွားနေပါက ကောက်ရိုးမီးလို ဟုန်း ခနဲ လောင်တုန်းခဏသာဖြစ်ပြီး တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလားဆိုတဲ့ နောင်မျိုးဆက်ရဲ့ မေးခွန်းထုတ်ခြင်းခံရမှာ ဖြစ် တယ်လို့ ဖြည့်စွက်ဆွေးနွေးလိုက်ရပါတော့တယ်။

ကာတွန်း အဲမုခ ရဲ့ အရှင်ကြီးတို့ကြောင့် ...

$
0
0
 ကာတွန်း အဲမုခ ရဲ့ အရှင်ကြီးတို့ကြောင့် ...
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၈

ထင်ကျော် (စက်မှုတက္ကသိုလ်) ● မိမိကိုယ်ကိုအောင်နိုင်ခြင်း အတတ်ပညာ

$
0
0
ထင်ကျော် (စက်မှုတက္ကသိုလ်) ● မိမိကိုယ်ကိုအောင်နိုင်ခြင်း အတတ်ပညာ
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၈


စစ်ပွဲတစ်ရာနိုင်အောင်တိုက်နိုင်တဲ့ စစ်သူကြီးထက် မိမိကိုယ်ကိုယ် အောင်နိုင်တဲ့သူက ပိုမြတ်တယ်တဲ့။ တကယ်လဲ ကိုယ့် ကိုယ်ကိုယ် အောင်နိုင်ရင် တလောကလုံးကို အောင်နိုင်တာပါဘဲ။

ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ဖို့ဆိုတာကလဲ ပြင်ပအခြေအနေတွေ၊ ပြင်ပသြဇာတွေရဲ့ လွှမ်းမိုးမှုကို မခံမှ။ခံစားချက်တွေကို ဦးစားမပေးဘဲ ထိန်းချုပ်နိုင်မှ။

ပြီးတော့ ပြင်ပကလှုံဆော်မှုတွေကို အလိုအလျောက် သတိလက်လွတ် မတုန့်ပြန်ဘဲ မိမိလိုရာ၊ ဖြစ်ချင်ရာကို ထိန်းကျောင်း တုန့်ပြန်နိုင်မှ။

လူတစ်ယောက်က ကိုယ့်ကို စကားနာထိုးလိုက်တယ် ဆိုပါစို့။ ဒေါသဖြစ်နေမယ်၊ မအိပ်နိုင် မစားနိုင်လောက်အောင် တနုံ့နုံ့ ခံစားနေရတယ်ဆိုရင် သူလှုံ့ဆော်လိုက်တဲ့အတိုင်း ကိုယ်က အလိုအလျောက် ဒေါသနဲ့ တုန့်ပြန်လိုက်လို့ပေါ့။ ကိုယ့်စိတ်တွေ သူလွှဲယမ်းလိုက်တဲ့အတိုင်း ယိမ်းယိုင်သွားတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်သူလို့ ပြောမရတော့။ သူများ ပုံသွင်းတာ ခံရတဲ့ဘဝ ကိုယ်ရောက်သွားပြီ။

လှုံ့ဆော်တာကို အလိုအလျောက် တုန့်ပြန်တာကတော့ တိရိစ္ဆာန်တွေရဲ့ သဘာဝပါ။ ခွေးကိုရိုက်ရင် ပြန်ကိုက်တာမျိုးပေါ့။ ဒီလို  အလိုအလျှောက် မတုန့်ပြန်ဘဲ ထိန်းချုပ်ပြီး ကိုယ်လိုချင်သလို၊ ဖြစ်စေချင်သလို တုန့်ပြန်တာကတော့ တိရိစ္ဆာန်ထက်သာ တဲ့ လူရဲ့စွမ်းရည်ပါပဲ။

ဒီစိတ္တစွမ်းရည်က လူတိုင်းမှာရှိတယ်ဆိုပေမဲ့ အသုံးမပြုရင်တော့ ငုပ်နေ၊ ထိုင်းမှိုင်းအိပ်ပျော်နေတဲ့ သဘော ဖြစ်နေတတ်ပါ တယ်။ ဒီတော့  ဒီငုပ်နေတဲ့စွမ်းရည်ကို အားကောင်းဖွံဖြိုးလာအောင် လေ့ကျင့်ပျိုးထောင်ပေးဖို့တော့ လိုအပ်တာပေါ့။

သာမန်လူတွေကတော့ ပြင်ပအခြေအနေတွေ၊ ပြင်ပလှုံ့ဆော်မှုတွေ၊ ခံစားချက်တွေအပေါ်မူတည်ပြီး တုန့်ပြန်နေကြတာပါ။ ရာသီဥတု ကောင်းရင်တမျိုး ဆိုးရင်တဖုံ၊ ချီးကျုးခံရရင် တမျိုး ကဲ့ရဲ့ခံရရင် တသွယ်နဲ့ reactive သမားတွေပဲများကြပါတယ်။

လူမှာ ဆင်ခြင်နိုင်တဲ့ စိတ်ရှိတယ်။ ကိုယ့်စိတ်ကိုယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မြင်နိုင်တဲ့ အသိဉာဏ် (self - awareness ) လဲရှိတယ်။ ဒါက လူက တိရိစ္ဆာန်ထက် သာတဲ့အချက်တွေပါပဲ။ တိရိစ္ဆာန်တွေမှာ ကိုယ့်စိတ်ကိုယ် ပြန်ကြည့်နိုင်တဲ့ စွမ်းရည် မရှိပါဘူး။ ဒီလို ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မြင်နိုင်ဖို့ကလဲ သတိရှိဖို့တော့ လိုပါတယ်။ သတိနဲ့ ကိုယ့်စိတ်ကို စောင့်ကြည့်မှသာ ကိုယ့်ကိုယ်ကိုယ် မြင်နိုင်မှာပါ။

ဆဲဆိုကြိမ်းမောင်းတာ ခံလိုက်ရရင်၊ အတင်းအဖျင်းပြောတာခံလိုက်ရရင် ဒေါသတော့ ထွက်မှာပါပဲ။ ဒါကတော့ သတ္တဝါ တွေရဲ့ အခြေခံသဘောတရားပါ။ လူလဲ သတ္တဝါပဲမဟုတ်လား၊ ဒီတော့ ဒီအခြေခံသဘောတရားအတိုင်းပဲ ဖြစ်လာမှာပေါ့။

ဒါပေမဲ့ ငါဒေါသ ဖြစ်နေပါလားလို့ သိလိုက်ရင်၊ ဒီဒေါသစိတ်ကို မြင်နိုင်လို့ရှိရင်တော့ ဒေါသက အားပျော့သွားပြီး ဒေါသရဲ့ လွှမ်းမိုးမှုကို မခံရတော့ပါဘူး။ ဒီတော့ စဉ်းစားဆင်ခြင်ပြီး  အကောင်းဆုံးဖြစ်အောင် တုန့်ပြန်လာနိုင်ပါလိမ့်ယ်။

သာမန်လူတွေကတော့ ဒေါသရဲ့ လွှမ်းမိုးမှုအောက် ပြားပြားဝပ်သွားကြပြီး ကရူးမူးထိုး အဆင်ခြင်မဲ့ တုန့်ပြန်ကြတော့တာပါပဲ။   အသက်တစ်ရာမနေရဘဲ အမှုတစ်ရာပွေပြီး ဒုက္ခတွင်းထဲ ကျသွားကြရတဲ့ အကြောင်းရင်းပေါ့။

ဒီတော့ ပြင်ပလှုံ့ဆော်မှုတွေကို သတိလက်လွတ် မတုန့်ပြန်ဘဲ အသိရှိရှိ စနစ်တကျ ထိန်းကျောင်း တုန့်ပြန်နိုင်ဖို့ လိုပါတယ်။ဒီလို တုန့်ပြန်နိုင်ဖို့ ကိုယ့်ကိုယ်ကို ပြန်ကြည့်မြင်နိုင်တဲ့စွမ်းရည် အားကောင်းလာအောင်၊ ဖွံဖြိုးလာအောင် လေ့ကျင့်ဖို့ လိုပါတယ်။  အကျိုးအရှိဆုံး အလုပ်မို့လို့ လူတိုင်း လေ့ကျင့်သင့်ပါတယ်။

ဒီစွမ်းရည် အားကောင်းလာတာနဲ့အမျှ သာမန်လူတွေနဲ့ တစတစ ကွာခြားလာမှာပါ။ မိမိစိတ်ကို မိမိ ထိန်းကျောင်းနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်သူ တစ်ယောက် ဖြစ်လာမှာပါ။

ကိုယ့်ကိုယ်ကိုယ် ပြန်မြင်နိုင်ဖို့ အဓိက လိုအပ်ချက်ကတော့ သတိပါပဲ။ ဒီတေါ့ သတိအားကောင်းအောင် လေ့ကျင့်ပေးဖို့က အရေးကြီးဆုံးပါ။

ဒီအတွက် အကောင်းဆုံးနည်းကတော့ ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တဲ့ သတိပဋ္ဌာန်တရားအားထုတ်ခြင်းပါပဲ။ အထူးသဖြင့် စိတ္တာနုပဿနာပေါ့။ စိတ္တာနုပဿနာဆိုတာ ကိုယ့်မှာ ဘယ်စိတ်ပဲ ဖြစ်နေနေ ဖြစ်နေတဲ့ စိတ်တွေကို ဖြစ်ဆဲမှာ အမှန်အတိုင်း သိနေအောင် သတိနဲ့ စောင့်ကြည့်တဲ့ အလုပ်ပါပဲ။

လောဘစိတ် ဖြစ်နေရင် ဖြစ်မှန်းသိ၊ ဒေါသစိတ် ဖြစ်နေရင်နေရင်  ဖြစ်မှန်းသိ၊ မနာလို ဝန်တိုစိတ်ဖြစ်နေရင်လဲ ဖြစ်မှန်းသိ၊ ကိုယ့်မှာ ဘာစိတ်တွေပဲ ဖြစ်နေနေ ဖြစ်မှန်းသိ  နေရပါမယ်။

စားနေရင်း၊ထိုင်နေရင်း၊ အလုပ်လုပ်နေရင်း သတိလေးထားပြီး ကိုယ့်စိတ်ကိုယ်ကိုယ် စောင့်ကြည့်ပေါ့။ အမြဲတမ်း စောင့် ကြည့်နေရင် သတိအားကောင်းလာပြီး စိတ်ကလေး အစပျိုးတာနဲ့ တပြိုင်နက် သိနိုင် မြင်နိုင်လာပါလိမ့်မယ်။

စကားမပြောသေးမီ ပြောချင်တဲ့ စိတ်ကိုသိလိုက်ရပြီ။ ဒါဆိုရင် သတိနဲ့ထိန်းလို့ရပြီ။ သူများနားမခံသာမဲ့၊ အကျိုးမဲ့တဲ့ စကား ဆိုရင် မပြောမိတော့၊ သတိနဲ့ ထိန်းချုပ်သွားနိုင်ပြီ။ အကျိုးရှိမရှိ မပြောခင် ဆင်ခြင်လိုက်နိုင်တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာတော့။အသက်တစ်ရာ နေရလဲ ပြဿနာ တစ်ရာ မရှိတော့၊ အမှုတစ်ရာ မပွေတော့။

စိတ်ဖြစ်တိုင်း ဖြစ်တိုင်း သိနေပြီး ပယ်ဖျောက်နိုင်တော့၊ ထိန်းချုပ်နိုင်တော့ မကောင်းတဲ့ ကိလေသာဆိုး တွေက ကိုယ့်ကို မလွှမ်းမိုးနိုင်တော့။ကိုယ့်ကိုယ်ကိုယ် အောင်နိုင်သူ ဖြစ်လာပြီ။

မိုးရွာရွာ နေပူပူ ပြင်ပအခြေအနေတွေ၊ ပြင်ပသြဇာတွေရဲ့ လွှမ်းမိုးမှုလဲ မခံရတော့။ အကျိုးဆက်အနေနဲ့ ကိုယ့်အပြုအမူတွေ၊ ကိုယ့်ရဲ့ သဘောထားတွေကို ထိန်းကျောင်းလာနိုင်ပါလိမ့်မယ်။ကိုယ့်ကိုယ်ကိုယ်လဲ အမှန်အတိုင်း နားလည် သဘောပေါက် လာပါလိမ့်မယ်။ကိုယ့်ရဲ့ အားသာချက် အားနည်းချက်တွေကိုလဲ အမှန်အတိုင်း သိမြင်လာနိုင်ပါလိမ့်မယ်။

ဒီလို ကိုယ့်ကိုယ်ကိုယ် နားလည် သဘောပေါက်လာတာဟာ သူများရဲ့ အပြုအမူတွေ၊ ခံစားချက်တွေ၊ သဘောထားတွေကို နားလည်ဖို့ လမ်းစဖွင့်ပေးလိုက်သလိုပါပဲ။”တစ်လံမျှလောက်သော မိမိကိုယ်ကို နားလည်ခြင်းသည် တစ်လောကလုံးကို နားလည်ခြင်း ဖြစ်သည် ” လို့ ဗုဒ္ဓဟောကြားခဲ့တယ် မဟုတ်လား။

သူတစ်ပါးရဲ့ ခံစားချက်တွေ၊ လိုအင်ဆန္ဒတွေကို နားလည်လာရင်တော့ ကိုယ်ချင်းစာနာတတ်လာပြီး ကိုယ့်အမြင်သာ မှန် တယ်ဆိုတဲ့ တစ်ဖက်သတ်အမြင်နဲ့ လူတွေကို မဆက်ဆံမိတော့။ ကိုယ်မလုပ်ချင်တဲ့အလုပ်တွေ သူများကိုမခိုင်းတော့။ ကိုယ်ခံရရင် မကြိုက်နိုင်တဲ့၊ မနှစ်သက်တဲ့ အပြောအဆို၊အပြုအမူတွေကိုလဲ သူများအပေါ် မကျုးလွန်မိတော့။

ကိုယ့်ကိုယ်ကိုယ်အောင်နိုင်သူဟာ လောဘ၊ ဒေါသ၊ မာန စတဲ့ ကိလေသာဆိုးတွေရဲ့ လွှမ်းမိုးမှု မခံရတော့လို့ အမှားအမှန် ခွဲခြားသိမြင်နိုင်တဲ့ အသိစိတ် (conscience)၊ ပြင်ပသြဇာ လွှမ်းမိုးမခံဘဲ ကိုယ်ပိုင် ဆုံးဖြတ်နိုင်တဲ့စွမ်းရည် (Independent will)  ဖွံဖြိုးလာပါမယ်။ သူတစ်ပါးရဲ့ ကိုယ့်အပေါ် ထင်မြင်မှုတွေကို အလေးမထားတော့ပဲ မှန်တဲ့ကိစ္စတွေကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ် ရဲ၊ လုပ်ကိုင်ရဲ လာပါတယ်။

ကိုယ်မှန်တယ်ထင်လို့ လုပ်လိုက်တဲ့ အလုပ်ရဲ့ အကျိုးဆက်ကိုလဲ ရဲရဲရင့်ရင့် တာဝန်ယူရဲ လာပါတယ်။

ဒီထူးခြားတဲ့ စွမ်းရည် ရှိသူဟာ အခြားသတ္တဝါတွေ လူတွေထက် အဆင့်အတန်း မြင့်မားနေမှာ အသေအချာပါပဲ။

ဒီစွမ်းရည်တွေက လေ့ကျင့်ပြုစု ပျိုးထောင်လေလေ အစွမ်းအစ ပိုမိုထက်မြက် လာလေလေပါ။

ပြီးတော့ ကိုယ့်စိတ်ကိုကိုယ် အောင်နိုင်သူတွေဟာ အခက်အခဲ အကြပ်အတည်း အခြေအနေဆိုးတွေ တွေ့ရင်တောင်မှ စိတ် ပျက်အားလျော့တာတွေ၊ သူများကို အပြစ်တင်တာတွေ၊ လက်မြှောက် ညီးတွားနေတာတွေ၊ အခြေအနေတွေကို နာကျည်း ကျိန်ဆဲတာတွေမလုပ်ပဲ အကောင်းမြော်မြင်တဲ့စိတ်နဲ့ ကြံ့ကြံ့ခံရင်ဆိုင်တတ်ကြပါတယ်။

ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့ သဘောမထား၊ ပေးလာတဲ့ အခြေအနေဆိုးတွေကိုလဲ ဒီအတိုင်း လက်မခံဘဲ ကိုယ်ဖြစ်ချင်တဲ့ အခြေအနေသစ်တွေဆီရောက်အောင် ဖန်တီးယူတတ်ပါတယ်။ အခြေအနေကောင်းလာတဲ့အထိ ထိုင် စောင့်မနေပဲ အခြေအနေကောင်းလာအောင်၊ ကိုယ်လိုချင်တဲ့အခြေအနေရောက်အောင် ကိုယ်ကပဲဦးဆောင်ကြိုးပမ်းတတ် ပါတယ်။

ဒီလို အစွမ်းထက်မြက်စေမဲ့ နည်းလမ်းတွေကို စာဖတ်ပြီး သိရုံနဲ့တော့ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်တဲ့သူ ဖြစ်လာမှာ မဟုတ် ပါဘူး။ အသိနဲ့အကျင့် မတူပါဘူး။ သာမန်သိရုံလောက်နဲ့တော့ ပြင်ပပတ်ဝန်းကျင်ရဲ့ သြဇာလွှမ်းမိုးမှုတွေ၊ ဗီဇမျိုးရိုးလွှမ်း မိုးမှုတွေ၊ ကလေးဘဝထဲက အတွေ့အကြုံတွေကြောင့် ဖြစ်နေတဲ့ အကျင့်စရိုက်တွေရဲ့ လွှမ်းမိုးမှုတွေကို မလွန်ဆန်နိုင်ပါဘူး။

အကျင့်မရှိတဲ့အသိဟာ အဆံမပါတဲ့ သင်္ကြန်အမြောက်လို အလဟဿပါပဲ။ အသိရှိအောင်လဲ လေ့လာပြီးပြင်းပြတဲ့ စိတ် ဆန္ဒနဲ့ ငုပ်နေတဲ့စွမ်းရည်တွေကို လေ့ကျင့်နှိုးဆွဖော်ဆောင်ပေးရမှာပါ။ ရှိပြီးသားစွမ်းရည်တွေကိုလဲ အားကောင်းလာအောင် ပြုစုပျိုးထောင် လေ့ကျင့်ပေးရမှာပါ။ သတိကောင်းသည်ထက် ကောင်းလာအောင် ကိုယ့်စိတ်ကို မြင်သည်ထက် ပိုမြင်နိုင် အောင် ကြိုးစားလေ့ကျင့်ရမှာပါ။

ကိုယ့်ဘဝအတွက် ကိုယ်သာ တာဝန်အရှိဆုံးပါ။ ကိုယ့်အပြုအမူတွေ အစွမ်းထက်ဖို့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်ဘဝ အဆင့်မြင့် အောင်မြင်ဖို့အတွက် ကိုယ်ကိုယ်တိုင်ပဲ မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ ကြိုးစားဆောင်ရွက်ရမှာပါ။

 "အတ္တာဟိ အတ္တာနော နာထော"မိမိကိုယ်သာ မိမိကိုးကွယ်ရာပါတဲ့။

ထင်ကျော် (စက်မှုတက္ကသိုလ်)

ဆွေဝင်း (Myanmar Now) ● ဘဝမကူးသည့်နေ့မရှိသော ဘဝသစ်အကျဉ်းစခန်းများ

$
0
0

ဆွေဝင်း (Myanmar Now) ● ဘဝမကူးသည့်နေ့မရှိသော ဘဝသစ်အကျဉ်းစခန်းများ
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၈

၁၉၈၈ မှ ၂ဝ၁ဝ ကာလ တစ်ကျော့ပြန် စစ်အုပ်ချုပ်ရေး ကာလအတွင်း မြန်မာပြည်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံကို အားလုံးအနည်းနှင့် အများဆိုသလို သိရှိကြသည်။

သို့သော်ထိုကာလ၏ အကြီးမားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုမှာ ထောင်နှင့်ချီသော အကျဉ်းသားတို့ ရဲဘက် စခန်းများတွင် သေဆုံးမှုဖြစ်သည်။

ညှင်းပန်းနှိပ်စက်ခံရခြင်း၊ အစာရေစာချို့တဲ့ခြငှ်းု၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်းတို့ကြောင့် အကျဉ်းသား အများအပြား စစ်အုပ်ချုပ်ရေးကာလအတွင်း သေဆုံးခဲ့ကြသည်ဟူသော သတင်းများ ပျံ့နှံ့ခဲ့သော်လည်း ခိုင်မာသော အထောက်အထားများ ယခုအချိန်အထိ ပေါ်ထွက်လာခြင်း မရှိပေ။

 
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရဲဘက်စခန်းတစ်ခုမှ အကျဉ်းသားများ (ဓာတ်ပုံ - Myanmar Now)

သို့သော် လွန်ခဲ့သည့် နှစ်နှစ်တာအတွင်း Myanmar Now က ထိုကိစ္စနှင့်စပ်လျဉ်း၍ စုံစမ်းမှုများ ပြုလုပ်ခဲ့ရာ အကျဉ်းဦးစီးဌာနမှ အငြိမ်းစားနှင့် တာဝန်ယူဆဲ အရာရှိကြီးများ၊   ရွာလူကြီးများ၊ အုပ်ချုပ်ရေးမှူးဟောင်းများ၊ ရဲဘက်စခန်းများမှ လွတ်မြောက်ခဲ့ သော အကျဉ်းသားအချို့နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။

ထိုစုံစမ်းမှုအတွင်း ၎င်းတို့က အကျဉ်းသားသေဆုံးမှုများနှင့်စပ်လျဉ်း၍ အသေးစိတ် အချက်အလက်တချို့ကို ပထမဦး ဆုံးအကြိမ် တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။

အကျဉ်းအသားအများအပြား သေဆုံးခဲ့သော အကျဉ်းစခန်းများတွင် မြန်မာပြည်အနောက်ဘက် တောတောင်လျှိုမြှောင် ထူထပ်လှသော စစ်ကိုင်းတိုင်းဒေသကြီး ကဘော်ချိုင့်ဝှမ်းရှိ “ဘဝသစ်” အမည်ရ စိုက်ပျိုးရေးအကျဉ်းသားရဲဘက်စခန်းများမှာ နာမည်ဆိုးဖြင့် အကျော်ကြားဆုံးဖြစ်သည်။

“အကျဉ်းသားနှစ်ယောက်လောက်တော့ နေ့တိုင်းသေတယ်။ သေတိုင်း ကျွန်တော်ကိုယ်တိုင် လက်မှတ်ထိုးပေးခဲ့ရတယ်။ ဝမ်းလျှောလို့ သေတယ်၊ ဝမ်းကိုက်လို့ သေတယ်၊ ဝမ်းနာလို့ သေတယ်၊ ဒီလိုရောဂါတွေနဲ့ သေကြောင်း အကျဉ်းဦးစီးအာဏာပိုင်တွေအတွက် လက်မှတ်ထိုးပေးခဲ့ရတယ်” ဟု  စစ်ကိုင်းတိုင်းကလေးမြို့နယ်ရှိ ရာဇဂြိုဟ် (၁) စိုက်ပျိုးရေးအကျဉ်းစခန်းအနီးရှိ ရာဇဂြိုဟ်ရွာ၏ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးစံဗလက Myanmar Now ကို ပြောဆိုသည်။

● လူဦးရေတိုးပွားရန် မဟာအကြံ

၁၉၉၁ မေလတွင် စစ်ကိုင်းတိုင်းမုံရွာထောင်မှ အကျဉ်းသား ၃ဝဝ၊ အကျဉ်းဦးစီးဌာန ဝန်ထမ်း ၂၅ ယောက် ပါသည့် သဘောင်္တစ်စင်းသည် မုံရွာမြို့မှ ချင်းတွင်းမြစ်အတိုင်း ဆန်တက်ခဲ့သည်။

 ကလေးဝ ရောက်လျှင် ကားများဖြင့် တမူးမြို့ဖက်သို့ ခရီးဆက်ခဲ့ကြပြီး၊ တမူးမြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် စခန်းချခဲ့ကြသည်။

ဝက်ရှုရွာအနီး တည်ရှိသောကြောင့် မူလက ဝက်ရှုစခန်းဟု  အမည်တွင်ပြီး နောင်တွင် အုတ်ဖိုကန်ဘောင်စခန်းဟု  ခေါ်ဆို သော ထိုစခန်းသည် အကျဉ်းဦးစီးဌာန၏ ပထမဦးဆုံးသော ကဘော်ချိုင့်ဝှမ်း “ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်း” ဖြစ်သည်။

ရဲဘက်အကျဉ်းသားများဖြင့်လည်ပတ်ရသော ဘဝသစ် စိုက်ပျိုးထုတ်လုပ်မှုစခန်း (သို့မဟုတ်) ဘဝသစ်စခန်း ဆိုသည်မှာ ထိုအချိန်က မြန်မာနိုင်ငံကိုအုပ်ချုပ်နေသော စစ်အာဏာရှင် ဗိုဟ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ ပထဝီနိုင်ငံရေး စီမံကိန်း အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

အိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်ရှိ မြန်မာပိုင်နယ်မြေများသို့ တစ်ဖက်အိမ်နီးခြင်း အိန္ဒိယနိုင်ငံမှ လူများစိမ့်ဝင်လာခြင်းကို ကြိုတင်ကာကွယ်ရန်လိုအပ်သည်ဟု  သူက ယူဆခဲ့သည်။

ထိုကဲ့သို့ကာကွယ်ရန် အိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်ရှိဒေသများ၊ အထူးသဖြင့် စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်းသည်  လူဦးရေနေထိုင်မှုနည်းပါးသည့်အတွက် ထိုဒေသများတွင် လူဦးရေတိုးပွားစေရန် ရဲဘက်အကျဉ်းသား စိုက်ပျိုးရေးစခန်းများဖွင့်လှစ်ရမည်၊ အကျဉ်းသားများလုပ်အားဖြင့် မြေလွတ်မြေရိုင်းများကို စိုက်ပျိုးလယ်ယာမြေများအဖြစ်ဖော်ထုတ်ရမည်၊ အကျဉ်းသားများလွတ်ရက်စေ့လျှင် ဆန္ဒရှိသူများကို လယ်ကွက်များ၊ ကျွဲနွားများပေးပြီး ၎င်းတို့၏ မိသားစုများကို ခေါ်ဆောင် စေကာ ရွာသစ်များတည်ပေးမည်။  ထိုကဲ့သို့်ရွာသစ်များတည်ပေးခြင်းဖြင့် လူဦးရေတိုးပွားစေကာ တစ်ဖက်နိုင်ငံများမှ မြန်မာနိုင်ငံတွင်းသို့ လူဦးရေ စိမ့်ဝင်အခြေချခြင်းကို ကာကွယ်စေနိုင်မည်ဟု  သူက ဆိုခဲ့ကြောင်း အကျဉ်းဦးစီးဌာန မှတ်တမ်းအချို့တွင် ရေးသားထားသည်။

ပထဝီနိုင်ငံရေးရည်ရွယ်ချက်များအပြင် “အလဟဿလေလွင့်ဆုံးရှုံးနေသော” အကျဉ်းထောင်များရှိ အကျဉ်းသားလုပ်အား ကို နိုင်ငံတော်စီမံကိန်းများအတွက် သုံးစွဲရန်၊ အကျဉ်းဦးစီးဌာနအတွက် နိုင်ငံတော်က ကုန်ကျရသော စရိတ်များကို ပြန် လည်ကာမိစေရန် အကျဉ်းသားများက ကျောက်ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ပြီး ဝင်ငွေပြန်ရှာရန် ၁၉၉၈ မှ ၂ဝ၁ဝ အတွင်း အာဏာယူခဲ့သော စစ်ဗိုဟ်ချုပ်ကြီးများက အမိန့်ပေးစီမံခဲ့ကြောင်း Myanmar Now က ဖတ်ရှုလေ့ လာခွင့်ရသည့်   အစိုးရ အမိန့်ညွှန်ကြားချက်တချို့တွင် တွေ့ရှိရသည်။

၁၉၉၈ သြဂုတ် ၂၅ နေ့စွဲဖြင့် စစ်အစိုးရက ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၁/၉၈ တွင် ပြည်ထဲရေး ဝန်ကြီးဌာနသည် အကျဉ်းသားများ၏ လုပ်အားကို စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း၊ ဝန်ဆောင် တပ်ရင်း လုပ်ငန်း (အကျဉ်းသားများကို ရှေ့တန်း စစ်ဆင်ရေးနေရာများတွင် လက်နက်ရိက္ခာများ သယ်ခိုင်းခြင်းဖြစ်ပြီး၊  ယခုအချိန်တွင်ဖျက်သိမ်းလိုက်ပြီဖြစ်သည်) နှင့် ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်းများကို မိမိ၏ ဘဏ္ဍာငွေ အစီအစဉ်ဖြင့် အောင်မြင်စွာ အကောင် အထည်ဖော်ရန် ဟူသော စကားရပ် ပါရှိသည့် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ထိုစာတွင် ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်းဆိုသည်မှာ “ပြစ်ဒဏ်ကျအကျဉ်းသားများ၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတို့ ကို တိုးတက် ပြောင်းလဲစေပြီး ဘဝသစ်ကို တည်ဆောက်ပေးသော စခန်း” ကို ဆိုလိုသည်ဟု  အနက်ဖွင့်ထားသည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အလွန်ကြည်နူးစရာ ကောင်းလှသော်လည်း ပကတိဖြစ်ရပ်မှာမူ အကျဉ်းသားပေါင်း များစွာ တမလွန်ဘဝသစ်သို့ ကူးပြောင်းခြင်းပင် ဖြစ်လေသည်။

ထိုအမိန့်မထွက်မီပင် စတင်ခဲ့သော ကဘော်စီမံကိန်းအရ တမူးမြို့ရှိ တောရိုင်းနေရာများတွင် သနန်၊ ဗန္ဓုလ၊ ဆရာစံ၊ မြို့သစ်၊ အုတ်ဖိုကန်ဘောင်နှင့် ကလေးမြို့ရှိ ရာဇဂြိုဟ် (၁) ၊ ရာဇဂြိုဟ် (၂) အစရှိသော “ဘဝသစ် စိုက်ပျိုးထုတ်လုပ်မှုစခန်း” ခေါ် ရဲဘက်အကျဉ်းစခန်းများကို စခန်းတစ်ခုလျှင် အကျဉ်းသားပျမ်းမျှ ၃ဝဝ ခန့်ဖြင့် ၁၉၉၁ မှစတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ထိုစခန်းတို့က ထောင်နှင့်ချီသော လယ်ဧကများဖော်ထုတ်ရန်၊ နှစ်စဉ် စပါးတင်းပေါင်းများစွာ အကျဉ်းဦးစီးဌာနသို့ အပ်နှံရန်လျာထားချက်များချမှတ်ခဲ့သည်။

● သောက်သောက်လဲသေကြပြီ
ဘဝသစ်စခန်းများအနက် ဗွေဆော်ဦးစခန်းဖြစ်သည့် တမူးမြို့အနီးရှိ အုတ်ဖိုကန်ဘောင်စခန်း ဖြစ်မြောက်စေရန် နောက် တန်းမှ စီမံပေးခဲ့ရသူတစ်ဦးမှာ ထိုအချိန်က မုံရွာထောင်တွင် တာဝန်ကျနေသော အကျဉ်းဦးစီးဌာန အရာရှိ ထောင်မှူး ဦးတင်အောင်ဖြစ်သည်။

ထိုစခန်းနှင့် နောက်တိုးဖွင့်လှစ်သည့် ကဘော်ချိုင့်ဝှမ်းဘဝသစ်စခန်းများတွင် အကျဉ်းသား အများအပြား နှစ်စဉ် သေဆုံးခဲ့ကြောင်း၊ အကြောင်းရင်းများမှာ ရာသီဥတုအလွန်ပြင်းထန်ခြင်း၊ အကျဉ်းသားများကို ကျွေးမွေးရန် နိုင်ငံတော်က လုံလောက်သော အသုံးစရိတ် မချပေးခြင်း၊ ဆေးဝါးလုံလောက်မှု မရှိခြင်းတို့ဖြစ်ကြောင်း ထောင်မှူးကြီးဘဝမှ အငြိမ်းစား ယူပြီး ကလေးမြို့တွင် ရှေ့နေအဖြစ် လုပ်ကိုင်နေသောဦးတင်အောင်က ပြောဆိုသည်။

“၁၉၉၁ ခုနှစ်လောက်တုန်းက ဆိုရင် အကျဉ်းဦးစီးမှာ ကုလားပဲ ဆိုတာ မရှိဘူး။ တစ်ပိသာ ၆ဝဝ ကျပ် ရတဲ့ပဲနဲ့ ဝယ်ကျွေးတာ။ အသားတစ်ပိသာကို ၄ဝဝ ကျပ် လောက်နဲ့ ရတဲ့အသား ဝယ်ကျွေးဆိုတော့ ဘယ်လိုနည်းနဲ့မှ မကျွေးနိုင်ဘူး။ အပြင်မှာ ၃ဝဝ တန်တာဆို နိုင်ငံတော်ကချပေးတာ ၁ဝဝ လောက်ပဲ ရှိတယ်၊ အဲဒီ အတွက်ကြောင့် အကျဉ်းသားတွေကို လောက်လောက်ငင မကျွေးနိုင်ဘူး။ မကျွေးနိုင်တော့ အကျဉ်းသားတွေက အင်အား ပျက်တယ်၊ ရာသီဥတုဒဏ်ခံရတယ် ၊ ရေကောင်းကောင်းမရှိဘူး၊ ဆေးဝါးတွေ မလုံ လောက်ဘူး” ဟု  သူက  ဆိုသည်။

အင်းစိန်၊ အိုးဘို၊ မြင်းခြံ၊ ဗန်းမော်ထောင်တို့ အပါအဝင် နိုင်ငံအနှံ့ထောင်များရှိ အကျဉ်းသားတို့ကို စစ်ကိုင်းတိုင်းရှိ မုံရွာ၊ ကလေး အကျဉ်းထောင်များသို့ ဦးစွာခေါ်ဆောင်လာပြီး ထိုထောင်များမှတစ်ဆင့် ကဘော်ချိုင့်ဝှမ်း ဘဝသစ်စခန်းများသို့ ပို့ဆောင်ခဲ့သည်။

“စခန်းမှာသေတဲ့လူလည်း သေကြပေါ့။ တချို့အကျဉ်းသားတွေကိုလည်း အခြေအနေမကောင်းလို့ တို့မုံရွာထောင်ကို ပြန်ပို့လိုက်တယ်။ ပြန်လာတဲ့အကျဉ်းသားတွေ ကြည့်လိုက်တော့လည်း အရိုးနဲ့အရေပဲ ကျန်တယ်၊ တစ်ကိုယ်လုံးဝဲတွေချည်းပဲ၊ ရောက်သေပဲ။ ဒီနေ့ရောက်၊ နက်ဖန်သေပဲ” ဟု  ဦးတင်အောင်က ဆိုသည်။

၂ဝဝ၁ ခုနှစ်တွင် သူကိုယ်တိုင်သွားရောက်တာဝန်ထမ်းဆောင်ရသည့် တမူးမြို့အနီးရှိ ဆရာစံစခန်းတွင် တစ်နှစ်လျှင် အကျဉ်းသား ၃ဝဝ ခန့်သေဆုံးခဲ့ကြောင်း၊ သေဆုံးအကျဉ်းသားများကြောင့် စခန်းတွင် လူလျော့သွားလျှင် လူအင်အား ထပ်မံဖြည့်ရန် မုံရွာထောင်၊ ကလေးထောင်တို့မှ အကျဉ်းသား အင်အား လှမ်းတောင်းခဲ့ရကြောင်း သူက  ဆိုသည်။

“၂ဝဝ၁ လောက်မှာကို အဲဒီဆရာစံစခန်းမှာ အကျဉ်းသားတစ်နှစ်အတွင်း ၃၅၇ ယောက် သေတယ်။ ငါကိုယ်တိုင် စာရင်း ပြုစုပြီး ICRC  (ကမ္ဘာ့ကြက်ခြေနီအဖွဲ့) ကို ပေးရတော့ မှတ်မိနေတယ်။ နောက်ပိုင်း ၂ဝဝ၉ လောက်ကျတော့ အသေ အပျောက် နည်းလာတယ်။

ဘာကြောင့် မသေတော့ဘူးလဲ ဆိုရင် ကျန်းမာရေး မကောင်းရင် ကလေးထောင်ပဲ ပို့ကြတာ။ စခန်းမှာ မသေတော့ဘူး။ သေချင်သေ ထောင်မှာပဲ သေတော့တယ်။ ထောင်ကလဲမနိုင်ရင် ဆေးရုံကြီးလွှဲလိုက်တာပဲ။ အဲဒီအချိန်လောက်တုန်းက ဆိုရင် ဆေးဖိုးဝါးခကလည်း ဟု က်တိပတ်တိ မရဘူး” ဟု  ဦးတင်အောင်က ဆိုသည်။

ကလေးထောင်တွင် ထောင်မှူးကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော  အငြိမ်းစား အကျဉ်းဦးစီးဌာန အရာရှိ ဦးခင်မောင်မြင့် က ၂ဝဝ၁ ခုနှစ်အတွင်း ကဘော်ဘဝသစ်စခန်းများမှ ကျမ်းမာရေး မကောင်းသဖြင့် ကလေးထောင်သို့ ရောက်ရှိလာသော အကျဉ်းသား ၆ဝဝ ခန့်အနက် ၅ဝဝ ခန့်မှာ ထောင်ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ပြောသည်။

“စခန်းကပြန်လာတဲ့အ ကျဉ်းသားတွေက အရိုးကို အရေစွပ်ထားသလိုပဲ။ BMI (ခန္ဓာကိုယ် အလေးချိန်) တအား လျော့ကျ နေပြီဆိုတော့ သေကြတာပဲ” ဟု  သူက  ဆိုသည်။

ထိုကာလက ဝေးလံသော ရဲဘက်အကျဉ်းစခန်းများတွင် ဆရာဝန်၊ ဆေးမှူးများ မရှိခဲ့ခြင်း၊ ကဘော်ချိုင့်ဝှမ်းကဲ့သို့ ရေခံမြေခံ မကောင်းသည့် ဒေသတွင် စပါးတင်း မည်မျှထွက်ရမည်ဟု  စိုက်ပျိုးရေး စီမံကိန်းများ လျာထားချက် သတ်မှတ်ပြီး ဖိအားပေးစေခိုင်းခဲ့ခြင်း များသည်လည်း အကျဉ်းသားများ သေဆုံးရခြင်း၏ အကြောင်းရင်းများဖြစ်ကြောင်း ၂ဝ၁၄ ခုနှစ်တွင် အကျဉ်းဦးစီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ် အငြိမ်းစားယူခဲ့သော ဦးဇော်ထွန်းက ဆိုသည်။

“ကိုယ်တို့ရတဲ့လယ်တွေက စနယ်လယ်တွေ၊ ရေနက်ကွင်းတွေ၊ စနယ်လယ်တွေ ဆိုတာက သဲဆပ်ပြာလိုဟာ သဘောပြောရရင်ပေါ့နော်၊ ဘယ်လိုမှ မြေသြဇာ အဆီအနှစ် မရှိတဲ့ဟာတွေ။

ဒါပေမယ့် ဘာပြောထားလဲ ဆိုတော့ စပါးမထွက် လူထွက် တဲ့၊ ထောင်ပိုင် ထွက် ဒါပဲ။ ဖိအားကို ကြောက်လန့်နေအောင် ပေးထားတာပဲ။ ဒါပေမယ့် တကယ်လုပ်သလား ဆိုတော့လည်း အဲလိုလုပ်ခဲ့တာ မဟုတ်ဘူး။ စပါး မဖြစ်တဲ့နေရာ၊ တောထဲကိုအကျဉ်းသားတွေ လွှတ်ပြီး ကြိမ်ခုတ်ပြီး ရောင်းတယ်။ စပါးသိပ်မဖြစ်တဲ့ သနန်လိုစခန်းမျိုးမှာ ပဲစိုက်တယ်။ ပဲကရတဲ့ပိုက်ဆံနဲ့ စပါးပြန်ဝယ်ပြီး ထည့်ထားလိုက်တယ်။ ဝန်ကြီးဌာနအားလုံး အဲဒီအချိန်က ဒီလိုပဲ နှစ်ပေါက်တစ်ပေါက်တွေချည်း လုပ်နေကြရတာပဲ” ဟု  သူက  ဆိုသည်။

အကျဉ်းဦးစီးညွှန်ချုပ်ဟောင်း ဖြစ်ပြီး၊ နောင်တစ်ချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်ဖြစ်လာသည့် ဦးဇော်ဝင်းအား ၂ဝ၁၆ ခုနှစ်က Myanmar Now က တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၎င်းက ကဘော်ချိုင့်ဝှမ်း အကျဉ်းဦးစီး စီမံကိန်းအကြောင်း ပြောဆိုခဲ့သည်။

“ကဘော်စခန်းတွေက ခွက်ခွက်လန်အောင် ရှုံးတယ်။ ရေ၊ မြေ မကောင်းဘူး။ အဲဒီဒေသမှာ ရဲဘက် အကျဉ်းသားတွေကလည်း ဒေသခံမဟုတ်တော့ ဒေသဒဏ်ကို မခံနိုင်ဘူး။ အဲဒီတော့ သောက်သောက်လဲ သေခဲ့တာ အမှန်ပဲ” ဟု  သူက  ဆိုသည်။

● ဖားစိမ်း စားကြတယ်
ကဘော်ဘဝသစ်စခန်းများတွင် အမြောက်အမြားသေဆုံးနေချိန်တွင် ကံမကောင်း အကြောင်းမလှဘဲ ထိုစခန်းတစ်ခုသို့ရောက်ရှိခဲ့သော မန္တလေးမြို့မှ အကျဉ်းသားတစ်ဦးမှာ ကိုရဲထွန်းဖြစ်သည်။

၁၉၉၉  ခုနှစ် အသက် ၃ဝ အရွယ်တွင် သူသည် လျှပ်စစ်မီတာပုံး အရောင်းအဝယ်လုပ်ရာမှ အစိုးရလျှပ်စစ်ဌာနက သူ့အား ဝတ္တရားနှောက်ယှက်မှုဖြင့် တရားစွဲသဖြင့် ထောင် ၆ လကျခဲ့သူဖြစ်သည်။ ထောင်ကျပြီး မကြာမီ မန္တလေးထောင်၊ မုံရွာထောင်တို့မှတစ်ဆင့် ကလေးမြို့နှင့် မိုင်အနည်းငယ်မျှသာ ဝေးသော ရာဇဂြိုဟ် (၂) စခန်းသို့ သူရောက်ရှိသွားသည်။

သူရောက်သွားချိန်သည် ခိုက်ခိုက်တုန်အောင် အေးသော ဒီဇင်ဘာလဖြစ်သည်။ အကျဉ်းသား ၁ဝ ဦးပါသော အစုတစ်စုက တောင်ပေါ်တက်၍ ထောင်စခန်းအတွက်  နေ့စဉ် ထင်း တန်နှင့်ချီ ခုတ်ရကြောင်း၊ သတ်မှတ်ချက်အတိုင်း မပြည့်လျှင် ရိုက်နှက်နှိပ်စက်ခံရကြောင်း သူက  ဆိုသည်။

“ထင်း ၅ တန်ဆို ၅ တန် ခုတ်ရတယ်၊ စခန်းမီးဖိုဖို့အတွက်။ မရရင်ကျောက်လမ်းပေါ်မှာ ရိုက်ခံရတယ်။ ရောက်ခါစာက အချက် ၂ဝ ၊ ၃ဝ လောက် ရိုက်ခံရတယ်။ မဝရေစာစားရတယ်။ ခု ထမင်းဆိုင်တွေမှာ ကျွေးတဲ့ လိုက်ပွဲသာသာပဲ။ ဘယ်လိုလုပ်ဝမလဲ” ဟု  သူက  ဆိုသည်။

နှစ်စဉ်အကျဉ်းသား ၂ဝဝ မှ ၃ဝဝ ခန့် ရှိသည့် ကလေးတမူးလမ်းမကြီးအနီးရှိ ထိုစခန်းသည် သစ်မာပင်ကြီးများနှင့် ညို့မှိုင်းနေသည့် တောင်တန်းများအောက်တွင်တည်ရှိသည်။ စခန်းပတ်ပတ်လည်တွင် အစိမ်းရောင် စိုက်ခင်းများ၊  အဝါရောင်တောက်နေသော ရွှံ့မြေများနှင့်အတိပြီးသည့် လယ်ကွင်းကျယ်ကြီးများ ရှိသည်။

ထိုစခန်းတွင် နေ့စဉ်အကျဉ်းသားများ အစာရေစာမဝခြင်းကြောင့် လည်းကောင်း၊ ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့်လည်းကောင်း သေဆုံးနေသည်ကို ကိုရဲထွန်း တွေ့မြင်ခဲ့ရသည်။

ထိုအခြေအနေမှ လွတ်မြောက်လိုပါက မိသားစုနှင့်ဆက်သွယ်ပြီး ထောင်အာဏာပိုင်များကို ပိုက်ဆံပေးကာ စခန်းမှ အလွယ်တကူလွတ်မြောက်နိုင်ကြောင်း၊ သို့ရာတွင် သူ့အဖို့မူ မိသားစုနှင့်အဆက်အသွယ်မရသဖြင့် ထင်းခုတ်သည့်အလုပ်ကို လုပ်ကိုင်ရကြောင်း သူက  ဆိုသည်။

စခန်းသို့သူရောက်ပြီး မကြာမီ ကလေးမြို့ရှိစစ်တပ်မှအရာရှိတစ်ဦး၏ကား လမ်းတွင်ပျက်နေရာ ထောင်ကစေခိုင်းသဖြင့်  သွားရောက်၍ ပြုပြင်ပေးခဲ့ရသည်။ ကားကောင်းသွားသဖြင့် ထိုအရာရှိက ထောင်ပိုင်အား ကိုရဲထွန်းကို ထောင်တွင် ကောင်းမွန်စွာ စောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံပေးခဲ့သည်။ အကျဉ်းစခန်းတွင် အသေအပျောက်များ ဖြစ်ပေါ်နေသည်ကို သိ၍ ထိုစစ်တပ်အရာရှိက သူ့အား နှုတ်ဖြင့် ကယ်ဆယ်လိုက်ခြင်းဟု  ကိုရဲထွန်း မှတ်ယူလိုက်သည်။

သူသည် ထောင်ဘူးဝတွင်  စည်းကမ်းထိန်းဆိုသည့် ရာထူး ရရှိခဲ့သည်။ သူလွတ်မြောက်သည်အထိ စခန်းတွင် ထိုရာထူးဖြင့် နေခဲ့ရသည်။ ထောင်ဘူးဝတွင် သူလုပ်ရသည့် အလုပ်တစ်ခုမှာ သေဆုံး အကျဉ်းသားစာရင်း နေ့စဉ် ပြုစုပေးရခြင်းဖြစ်သည်။

“အနည်းဆုံး လူ ၅ဝ၊ ၆ဝ လောက်သေသွားရင် အင်အားဖြည့်ဖို့ ထောင်တွေကနေပြီး ထပ်တောင်းရတယ်။ အလောင်းတွေကို လမ်းဘေးမှာပဲ မြှုပ်ပစ်တယ်။ ရိုက်နှက်တာကြောင့်ဒဏ်ဖြစ်တာရော၊ ရာသီဥတုဒဏ်ရော။ အစာမဝတာရော။ ဆိုးချက်က အနွေးဓာတ်ကိုမရတာ။ ဘယ်လောက်ခြုံခြုံမရဘူး။ ဒီနေ့လို ဂိသွားပြီဆို၊ နက်ဖန်သေပြီ။ ရုတ်တရက်သေတာက စိတ်ကျတာကောလည်းပါမယ်။ မသေတဲ့နေ့ဆို ၂ ယောက်၊ ၃ ယောက်ပဲ” ဟု  သူက  ဆိုသည်။

သတ်မှတ်စပါးတင်းပမာဏ ပြည့်မီရန် ထောင်ပိုင်က အကျဉ်းသားတို့ကို ဆလိုက်မီးကြီးများ ထိုးထားသည့် လယ်ကွက်များတွင် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အလုပ်ခိုင်းကြောင်း၊ စည်းကမ်းထိန်းတာဝန် ယူထားသူ အကျဉ်းသားတို့က အလုပ်ပြီးမြောက်စေရန် အခြားအကျဉ်းသားများကို ရိုက်နှက်၍ ခိုင်းစေခဲ့ကြောင်း သူက  ဆိုသည်။

“စပါးစိုက်ရတယ်၊ ပဲစင်းငုံစိုက်ရတယ်။ ရေဝါတွေကိုချိုးရတယ်။ သောက်တာက တောင်ကျရေကို ကျိုသောက်တယ်။ ရေငတ်တော့ အစိမ်းအတိုင်းသောက်ကြတာပဲ။  သေတဲ့သူအတော်များများက အဲဒီမှာလုပ်တဲ့သူတွေပဲ။ အဲဒီက တာလပေါ့အရွက်ရှည်တွေကို ဟင်းချိုရည်ကျဲ လုပ်ပြီး တိုက်တယ်။ ငါးပိစိမ်းတောင်မှ ဆီးဖြူသီးတစ်လုံးစာလောက်ပဲ ရတယ်။ မသေချင်လို့ ထွက်ပြေးလည်း တောတောင်ထဲမှာ အစာရေစာပြတ်သေတာပဲ။ အနားက ရွာက လူတွေက ထွက်ပြေးပြီး သေနေတဲ့လူတွေ့ရင် ထောင်ကိုလာ သတင်းပို့တယ်” ဟု  သူက  ဆိုသည်။

ကိုရဲထွန်းအကျဉ်းကျနေသော ရာဇဂြိုဟ် (၂) ဘဝသစ်စခန်းနှင့် မလှမ်းမကမ်းတွင် ရာဇဂြိုဟ်ဟု အမည်ရသော၊  လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးသော ရွာကြီးတစ်ရွာရှိသည်။

ထိုရွာ၏ အုပ်ချုပ်ရေးမှူးအဖြစ် ၁၉၉၉ မှ ၂ဝဝ၃ အထိ လုပ်ကိုင်ခဲ့သူ အသက် ၇ဝ အရွယ် ဦးစံဗလက  အကျဉ်းသားများသေဆုံးလျှင် အသိသက်သေအဖြစ် လက်မှတ်ထိုးပေးခဲ့ရကြောင်း ပြောဆိုသည်။

“၁၉၉၉ တစ်နှစ်လုံးမသေတဲ့နေ့ တစ်နေ့မှ မရှိဘူး၊ ခြောက်လောင်းထက် မနည်းဘူး။ ဘာကြောင့်သေတယ် ဆိုတာတော့ ဝမ်းလျှောသေတယ်၊ ဖျားနာပြီးသေတယ်၊ ဝမ်းကိုက်သေတယ်။ ဒါတွေနဲ့ အကြောင်းပြတာပါပဲ။ ရိုက်နှက်နှိပ်စက်ပြီးသေတာပဲ များတယ်။ ရှေ့မှာတန်းစီပြီးတာ့မှ ခိုင်းတယ်။ ကောက်ပင်စိုက်ခိုင်းတယ်။ ကောက်ပင်စိုက်ခိုင်း လို့ အကျဉ်းသားကနောက်ကျနေရင် တုတ်အကြီးကြီးနဲ့ ဖောင်းဆိုနှစ်ဖက်ပိတ်ရိုက်တာပဲ” ဟု  သူက  ဆိုသည်။

သူက  Myanmar Now သတင်းထောက်များကို မြက်ပင်ရှည်ကြီးများဖုံးလွှမ်းနေသော ရွာအနောက်ဘက်သို့ ခေါ်ဆောင်ပြီး အကျဉ်းသားတို့၏ ရုပ်အလောင်းများ မြှုပ်နှံခဲ့သည်ဆိုသည့် နေရာကို လိုက်လံ ပြသခဲ့သည်။

“အဲဒီတုန်းက တာဝန်ကျနေတဲ့ ထောင်ပိုင်ကြီးက ခပ်ကြမ်းကြမ်းဆက်ဆံတယ်။ ဝမ်းလျှော၊ ဝမ်းကိုက်လို့သေတယ်ဆိုတာ မှန်ကန်ကြောင်း လတ်မှတ်ထိုးထိုးပေးရတာ။ ကျွန်တော်တို့ရွာမှာ ဒီလောက်ထိတော့မဖြစ်ဘူး လို့ ပြောတော့ သူတို့ကတော့ ထုံးစံအတိုင်းပဲတဲ့။ တစ်နှစ်ကျော်လောက်ရှိမယ်။ တစ်နေ့ကို နှစ်လောင်း၊ သုံးလောင်း၊ အများဆုံးခြောက်လောင်းထိ ရှိခဲ့တယ်” ဟု သူက  ဆိုသည်။

အကျဉ်းစခန်းတွင် အကျဉ်းသားများငတ်နေသည်ကို သိရသဖြင့် တောင်သူအလုပ်ဖြင့် အသက်မွေးကြသော ရွာရှိရွာသားများက စုစည်းပြီး ထမင်းဟင်းချက်ပြုတ်ကာ စခန်းရှိရာပို့ဆောင်ခဲ့ရကြောင်း၊ ထွက်ပြေးလာသည့် အကျဉ်းသားများအား ကျွေးမွေး၊ ခရီးစရိတ်ပေးကာ ကူညီခဲ့ရသည်လည်း ရှိကြောင်း ဦးစံဗလက ဝမ်းနည်းကြေကွဲစွာ ပြောဆိုသည်။

အစာရေစာ ဝလင်စွာ မစားရဘဲ အလုပ်လုပ်ရသောကြောင့် လယ်ကွင်းအတွင်း တွေ့ရှိသည့် အကောင်ငယ်များကိုပင် အစိမ်း စားသောက်ကြသည်ဟု  သူက ပြောဆိုသည်။

“စပါးကွင်းထဲမှာ အလုပ်လုပ်နေရင်း အကျဉ်းသားတချို့က ဖားအစိမ်းမြင်ရင် ဒီအတိုင်း ကောက်စားကြတယ်။ စားတာမြင်ရင်လည်း (အကျဉ်းသားတွေ) ရိုက်ခံရတာပဲ။ ကျွန်တော်တို့ဆို အဲဒီစခန်းဖက်ကို မသွားမိအောင် နေကြရတယ်။ တကယ့်ကို စိတ်ထိခိုက်စရာပဲ” ဟု သူက  ဆိုသည်။

စားဝတ်နေရေးနှင့် အခြား အထွေထွေ လိုအပ်မှုများကြောင့် အကျဉ်းသားတို့ သေဆုံးကြသည်ကို အကျဉ်းဦးစီးအရာရှိဟောင်းများက ထုတ်ဖော်ပြောဆိုသော်လည်း  ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် သေသည်ဆိုသောအချက် ကိုမူ အများစုကသဘောမတူကြ။

ထောင်မှူးကြီးဟောင်း ဦးတင်အောင်ကမူ ရိုက်နှက်ခံရမှုကြောင့် အကျဉ်းသားအချို့သူ့ရှေ့တွင်ပင် သေခဲ့သည်ဟု ဆိုသည်။

ဆရာစံ စခန်းတွင် သူတာဝန်ထမ်းဆောင်နေချိန်က အကျဉ်းသား ၈ ဦး ထွက်ပြေးသွားကြောင်း၊ ပြန်ဖမ်းမိသည့် ၄ ဦးမှာ ရိုက်နှက်ခံရပြီး သေဆုံးခဲ့ကြောင်း သူက  ဆိုသည်။

“ဖမ်းခံရပြီး ရိုက်နှက်ထားတဲ့ ဒဏ်ကလည်း များတယ်။ သံခြေကျင်း နှစ်ကွင်းစီကလည်း ခတ်ထားသေးတယ်။ ပြီးတော့  အလုပ်လည်း ခိုင်းတော့ မလုပ်နိုင်ဘူး။ အလုပ်မလုပ်နိုင်တဲ့အခါကြတော့ ထပ်ရိုက်ကြတယ်။ သူတို့က ပြောတယ် ‘ကျွန်တော်တို့ကို သတ်ရင်လည်း  သတ်လိုက်ပါတော့၊ ကျွန်တော်တို့ မလုပ်နိုင်တော့ပါဘူး’ ဆိုတော့ ကိုယ့်မှာ စိတ်မကောင်းဘူး။ အနားပေးပိုင်ခွင့် ရှိတဲ့သူလည်း မဟုတ်ဘူး။ ငါ့တပ်ခွဲလည်း မဟုတ်တော့ ဒီအတိုင်းပဲ မြင်ပဲမြင်နေရတာလေ။ အနားပေးသင့်တယ်။ ဒါပေမယ့် အနားမပေးတော့ ငါလည်း ဘာမှ မတတ်နိုင်ခဲ့ဘူး၊ ထောင်ပိုင်အပေါ် မူတည်တာပေါ့နော်” ဟု သူက  ဆိုသည်။

● အနေအထိုင်မှား၍ သေခြင်း
၂ဝဝ၉  ခန့်သို့ ရောက်သောအခါ ကဘော်ချိုင့်ဝှမ်း ဘဝသစ်စခန်းများတွင် အကျဉ်းသား သေဆုံးနှုန်း လျော့ကျလာသည်ဟု ထောင်အငြိမ်းစားအရာရှိများက ဆိုသည်။

အကျဉ်းသားများအတွက် ရိက္ခာရန်ပုံငွေကို အစိုးရက တိုးမြှင့်ချထားပေးခြင်း၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့က အကျဉ်းသားတို့၏ လိုအပ်ချက်များကို ဝင်ရောက်ဖြည့်ဆည်းပေးခြင်း၊ ထိုကာလများတွင် အကျဉ်းဦးစီးဌာန အကြီးအကဲတို့ကလည်း ဌာနကရရှိသည့်ရန်ပုံငွေများဖြင့် အကျဉ်းသားများဝလင်စွာစားသောက်နိုင်ရန်  အသေးစိတ် ညွှန်ကြား စီမံခြင်းတို့ကြောင့် သေနှုန်းကျခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

သေဆုံးရန်အလားအလာရှိသော အကျဉ်းသားဆိုလျှင် ထောင် သို့မဟုတ်  အစိုးရဆေးရုံများသို့ ပို့ဆောင်လိုက်ခြင်းသည်လည်း  စခန်းတွင်းသေဆုံးနှုန်းကို လျော့ပါးအောင် ထိန်းချုပ်သည့် နည်းတစ်ခု ဖြစ်လာသည်။

၁၉၇၈ မှ ၂ဝ၁၄ ထိ အကျဉ်းသားလုပ်အားဖြင့်လည်ပတ်သော ကျောက်ထုတ်ရေးစခန်းများ နှင့် စိုက်ပျိုးရေး ရဲဘက်စခန်းများတွင် စုစုပေါင်း အကျဉ်းသား ၄၁၈၇ ဦး သေဆုံးခဲ့ပြီး တစ်နှစ်လျှင်ပျမ်းမျှ ၁၆၁ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုဝန်ကြီးက ပြည်သူ့လွှတ်တော်၏ ၂ဝ၁၄ ခုနှစ် အစည်းအဝေးတစ်ခုတွင် ပြောဆိုခဲ့သည်။

ရိုက်နှက်နှိပ်စက်ခံရမှု၊ ဆေးဝါးကုသခွင့်မရမှုနှင့် အစာရေစာမဝမှုတို့ကြောင့် မဟုတ်ဘဲ “စခန်းများသို့ ရောက်ရှိပြီး ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျော ညီထွေစွာ မနေထိုင်နိုင်ခြင်း၊ အစားအသောက် အနေအထိုင် လွဲမှားခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်း” စသည့်အကြောင်း များကြောင့် သေဆုံးခြင်း ဖြစ်သည်ဟု  သူက  လွှတ်တော်တွင် ပြောဆိုခဲ့သည်။

၁၉၈၈ မှ ယခုအချိန်ထိ ရဲဘက်စခန်းတစ်ခုချင်းအလိုက် သေဆုံးခဲ့သော အကျဉ်းသားစာရင်း အသေးစိတ်၊  သေဆုံးအကျဉ်းသားတို့၏ အမည်များ ရရှိရန် Myanmar Now က အကျဉ်းဦးစီးဌာနအား အကြိမ်ကြိမ်စာရေးသားခြင်း၊ ဖုံးဖြင့် ဆက်သွယ်မေးမြန်းခြင်း၊ လူကိုယ်တိုင်သွားရောက် မေးမြန်းခြင်းများ ပြုလုပ်ပြီး တောင်းခံခဲ့သော်လည်း ထိုအချက်အလက်များ ပေးခွင့်မရှိကြောင်းသာ တုံ့ပြန်မှု ရရှိခဲ့သည်။

ကဘော်စခန်းများနှင့်ပတ်သက်၍ တရားဝင်အချက်အလက်များ မပေးသော်လည်း ထိုကဲ့သို့ သေဆုံးခဲ့ရမှုများသည် အစစအရာရာ မပြည့်စုံခဲ့မှုများကြောင့်ဖြစ်ကြောင်း၊ စခန်းစိုက်ခင်းများအတွင်း ထည်ထိုး၊ လယ်ထွန်ရာတွင် လူကိုပါ ကျွဲနွားများ နေရာတွင် အသုံးပြုခဲ့ရကြောင်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဝန်ခံသည်။

“ဝန်ထမ်း၊ ရဲဘက်၊ ဆေးဝါး မပြည့်စုံခဲ့ဘူး။ ကလေးမြို့ဆို တိုက်နယ်ဆေးရုံပဲ ရှိခဲ့တာ။ အဲဒီတုန်းကတော့ ခိုင်းထားတဲ့ လျာထားချက်တွေအတိုင်း လုပ်ရတာ။ အခု အဲဒီလိုလျာထားချက် ဆိုတာလည်း မရှိတော့ပါဘူး” ဟု  သူက  ဆိုသည်။

● လူ့အခွင့်ရေးချိုးဖောက်မှုများ

ရာဇဂြိုဟ် (၂) နှင့် အခြားသော ကဘော်ချိုင်းဝှမ်းဘဝသစ်စခန်းများမှ လွတ်မြောက်လာသော အကျဉ်းသားအချို့အား Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် အကျဉ်းသားသေဆုံးမှုများ မရှိသလောက် ဖြစ်သွားပြီးဖြစ်သော်လည်း၊ အကျဉ်းသားများသည် ငွေကြေးတတ်နိုင်ပြီး ရာထူး ရရှိထားသည့် အကျဉ်းသားအရာရှိတို့၏ ရိုက်နှက်ခိုင်းစေမှုများကို ခံနေရဆဲဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

ရာဇဂြိုဟ် (၂) အကျဉ်းစခန်းအနီး လယ်ကွင်းများ၊ မြက်ရိုင်းတောများထဲတွင်   တုတ်ကိုင် အကျဉ်းသားအရာရှိများ၊ သေနတ်ကိုင် အကျဉ်းဦးစီးဝန်ထမ်းများ၏ စောင့်ကြည့်မှု အောက်တွင်  မွဲညစ်ညစ် အပြာရောင် ထောင်ဝတ်စုံ ဝတ်ဆင်ပြီး ပေါက်တူးကိုင်၊ ဂေါ်ပြားကိုင် အလုပ်လုပ်နေသော အကျဉ်းသားများသည် ဒုတိယကမ္ဘာစစ်အတွင်းက ဖက်စစ်ဂျပန်တို့၏ ဖမ်းဆီးခြင်းခံရပြီးနောက် သေမင်းတမန်ရထားလမ်း ဖောက်လုပ်ရသော စစ်သုံ့ပန်းများနှင့် ဆင်တူလှသည်။

တစ်နိုင်ငံလုံးတွင် ကျောက်ထုတ်အကျဉ်းစခန်း ၁၈ ခု၊ စိုက်ပျိုးရေးအကျဉ်းစခန်း ၃ဝ ရှိရာ ၎င်းစခန်းများတွင် အကျဉ်းသားများ သောင်းနှင့်ချီ၍ အလုပ်လုပ်နေကြရသည်။ ယခင်ကထက် စားသောက်နေထိုင်ရမှု အခြေအနေများ တိုးတက်လာသော်လည်း ရိုက်နှက်ခံရမှု၊ ထောင်အရာရှိများက အကျဉ်းသား၏လုပ်အားကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နေ့စား ပုတ်ပြတ်နှုန်းဖြင့် ရောင်းစားခြင်းများလည်း စခန်းအချို့တွင် ဆက်လက် ဖြစ်ပေါ်နေကြောင်း Myanmar Now က ငရဲဘုံအလား အကျဉ်းစခန်းများ အမည်ဖြင့် ၂၀၁၆ တွင် ဆောင်းပါးရေးသားခဲ့သည်။ တည်ဆဲ အကျဉ်းထောင်လက်စွဲဥပဒေ နှင့် မြန်မာနိုင်ငံက တရားဝင်လက်မှတ်ထိုးထားသော နိုင်ငံတကာအလုပ်သမား အက်ဥပဒေများကို ချိုးဖောက်ပြီး အကျဉ်းသားလုပ်အားကို အသုံးပြုကာ စီးပွားဖြစ် လုပ်ငန်းမျိုးစုံကို အကျဉ်းဦးစီးဌာနက ဆက်လက်လုပ်ကိုင်နေခြင်းနှင့် ပတ်သက်ပြီး   မေလ အမျိုးသားလွှတ်တော်အစည်းအဝေးတစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ်အမတ် ဦးခွန်ဝင်းသောင်းက ပြည်ထဲရေးဝန်ကြီးဌာနကိုမေးခွန်းထုတ်ခဲ့သည်။

ထို့ပြင်အကျဉ်းသားများအား ခိုင်းစေရာတွင် တရားရုံးကချမှတ်လိုက်သော တရားမမှုအကျဉ်းသားများကို အလုပ်မဲ့ထောင်ဒဏ်၊ ရာဇဝတ်အကျဉ်းသားများကို အလုပ်နှင့် ထောင်ဒဏ် သို့မဟုတ် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ဟူသော သတ်မှတ်ချက်များကို တည်ဆဲ အကျဉ်းထောင်လက်စွဲနှင့် အညီ အကောင်အထည် ဖော်ရမည် ဖြစ်သော်လည်း ထိုအချက်များကို လုံးဝမလိုက်နာဘဲ အကျဉ်းသားတို့ကို  ထောင်အာဏာပိုင်များ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များနှင့်သာ ခိုင်းစေနေသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သည့်နိုင်ငံသားကိုမှ လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေသည့် အပြစ်ပေးမှုမျိုး မလုပ်ရဟု  သတ်မှတ်ထားသော်လည်း အသက်အန္တရာယ်ဖြစ်စေသော ကျောက်မိုင်းများတွင် အကျဉ်းသားကို ခိုင်းစေခြင်းကြောင့် အသက်ဆုံးရှုံးမှုများ၊ အပြင်းအထန် ထိခိုက်ဒဏ်ရာရမှုများလည်း ဆက်လက် ဖြစ်ပေါ်နေသည်။

မူးယစ်ဆေး (၁) ပြားမိ၍ မူးယစ်ပုဒ်မ ၁၆ (ဂ) ဖြင့် ထောင် (၆) နှစ်ကျနေသော အကျဉ်းသား ကိုမျိုးနိုင်သည် ၂ဝ၁၇ ခုနှစ် ဇွန်လအတွင်း ကရင်ပြည်နယ်၊ မာလာဖူး ကျောက်ထုတ်စခန်းတွင်  ကျောက်တုံး ပြုတ်ကျမှုကြောင့် ဦးခေါင်းခွံကြေမွသွားကာ ရန်ကုန်ဆေးရုံကြီးတွင် အရေးပေါ် ကုသမှု ခံယူခဲ့ရသည်။

လွန်ခဲ့သည်နှစ် သြဂုတ်လမှာပင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် အင်းဗြောင်ကျောက်ထုတ်စခန်းတွင် အကျဉ်းသားတစ်ဦး ကျောက်တုံးပိသဖြင့် ခန္ဓာကိုယ်အောက်ပိုင်း အရိုးနှင့်အသားများ ကြေမွသွားသည့် ဖြစ်စဉ်ကို တာဝန်ရှိသူထောင်ပိုင်က အထက်အာဏာပိုင်များသို့ အသိမပေးဘဲ ထိမ်ချိန်ထားခဲ့မှုကြောင့် ထိုကိစ္စအား အရေးယူဆောင်ရွက်ရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနထံ အကြောင်းကြားခဲ့ရသည်။

ယခုနှစ်ဆန်းပိုင်းတွင် ထိုအကျဉ်းစခန်းမှာပင် အကျဉ်းသားတစ်ဦး ကျောက်တောင်ပေါ်မှပြုတ်ကျ၍ သေဆုံးခဲ့သောကြောင့် စခန်းရှိအကျဉ်းသား ၂ဝဝ ခန့်က စခန်းပိတ်ပြီးသူတို့အားထောင်ပြန်ပို့ရန် အော်ဟစ်တောင်းဆိုခဲ့သည်။

ထိုကဲ့သို့ တောင်းဆိုအော်ဟစ်သည့် အကျဉ်းသားများကို အကျဉ်းဦးစီးဌာနက မည်သို့ ကိုင်တွယ်လိုက်သည်ကိုမူ ရှင်းလင်းစွာ မသိရှိရပေ။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပထမဖြစ်စဉ်တွင် တာဝန်ရှိသော ထောင်ပိုင်ကို အခြားစခန်းတစ်ခုသို့ ပြောင်းရွှေ့စေခဲ့ပြီး၊ ဒုတိယဖြစ်စဉ်အတွက်မူ ထောင်ပိုင်ကို အရေးယူထားခြင်း မရှိကြောင်း ဖြေကြားသည်။     

လူငယ်ပန်းချီဆရာ အောင်ကြည်စိုးရဲ့အမာရွတ်အမည်ရတဲ့ တကိုယ်တော်ပန်းချီပြပွဲ

$
0
0


လူငယ်ပန်းချီဆရာ အောင်ကြည်စိုးရဲ့အမာရွတ်အမည်ရတဲ့ တကိုယ်တော်ပန်းချီပြပွဲ
K (မိုးမခ) သြဂုတ် ၇၊ ၂၀၁၈


ပန်းချီဆရာ အောင်ကြည်စိုးရဲ့အမာရွတ် (Scar Series) အမည်ရတဲ့တကိုယ်တော် ပန်းချီပြပွဲကို ရန်ကုန်မြို့ဒဂုံမြို့နယ်၊ အောင်ဆန်းအားကစားကွင်းမြောက်ဘက်အမှတ် ၂၃ရှိ OK Art Galleryမှာ သြဂုတ်လ ၈ရက်နေ့မှ ၁၂ရက်နေ့ထိပြသ သွားမယ်လို့သိရပါတယ်။

အဆိုပါပြပွဲကို ဖွင့်ပွဲရက် သြဂုတ်လ ၈ရက်နေ့ နေ့လယ် ၁နာရီကနေ ၄နာရီထိဖွင့်လှစ်ပြသွားမှာဖြစ်ပြီ ပြပွဲရက်များအတွင်း သြဂုတ်လ ၁၂ ရက်ထိ နံနက် ၉နာရီမှ ည ၆နာရီထိဆက်လက်ပြသွားမယ်လို့ သိရပါတယ်။

အခရိုင်းလစ်အမျိုးအစား ပန်းချီကားပေါင်း၂၀ကျော်ကို ပြသသွားမှာဖြစ်ပြီး ပြပွဲနဲ့ပတ်သက်ပြီး ပန်းချီအောင်ကြည်စိုးက “ပြီးခဲ့တဲ့နှစ် တလပိုင်းကတည်းက ပြပွဲရက်ယူပြီးကတည်းက တနှစ်ပတ်လုံး ခေါင်းထဲထည့်ထားခဲ့တာပေါ့။ ဒီနေ့ဒီရက်မှာ လုပ်မယ်ဆိုပြီးတော့။ အကြောင်းအရာကတော့ ၈၈ ကာလမှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကို သိစေချင်တာပေါ့။ အ သက်တွေဘ၀တွေ စတေးခဲ့ရတဲ့ သူရဲကောင်းတွေ အာဇာနည်တွေကို သူတို့တွေကို ဂုဏ်ပြုချင်တဲ့သဘောလည်း ပါ တယ်။ အောက်မေ့တသတဲ့ သဘောလည်း ပါတယ်။ ဦင်္းညွှတ်တဲ့သဘောနဲ့မမေ့အပ်တဲ့သူတွေကို ဂုဏ်ပြုတာပါ။နောက် ဒီအဖြစ်အ ပျက်ကြီးဖြစ်ခဲ့တယ်ဆိုတာမျိုးကို ဒိအရင်က ပြောခွင့်မရခဲ့ဘူးပေါ့။ အခု ပြောခွင့်လို့ပြောကြတယ်ပေါ့။ ကျနော်ကတော့ အရိပ်တွေ အရောင်တွေသမားဆိုတော့ အရိပ်တွေ အရောင်တွေနဲ့ ပြောတာပေါ့”လို့ ပြောပြပါတယ်။

ပန်းချီအောင်ကြည်စိုးရဲ့ပန်းချီကားတွေဟာ ပြည်တွင်းမှာလည်း လူကြိုက်များလျက်ရှိပြီး ၂၀၁၈ စက်တင်ဘာလ လန်ဒန် မှာပြုလုပ်မယ့် နိုင်ငံတကာပန်းချီပြပွဲမှာလည်း သူ့ပန်းချီကား ၄ကား ပါဝင်ပြသဖို့ရှိတယ်လို့သိရပါတယ်။

၈၈၈၈(သို့) နှစ် ၃၀ ပြည့် ပြည်သူ့အရေးအခင်းကြီး

$
0
0

၈၈၈၈(သို့) နှစ် ၃၀ ပြည့် ပြည်သူ့အရေးအခင်းကြီး
K ငြိမ်းချမ်း၊ (မိုးမခ) သြဂုတ် ၇၊ ၂၀၁၈



စာရေးသူ -ကိုကိုလေး (ဘာသာပြန်)
စာအုပ်အမည် – TRUTH ။ အမှန်တရား၊ ၈၈၈၈ အရေးတော်ပုံသမိုင်း
အမျိုးအစား – နိုင်ငံရေး
ထုတ်ဝေသည့်တိုက် – ယဉ်မျိုးစာပေ
ထုတ်ဝေသည့်ကာလ – ၂၀၁၈၊ သြဂုတ်လ
တန်ဖိုး- ၃၅၀၀ ကျပ်

မြန်မာ့နိုင်ငံရေး သမိုင်းဖြစ်စဉ်ထဲမှာ အကြီးမားဆုံးနဲ့အကျယ်ပြန့်ဆုံးအထိရောက်ဆုံး လူထုအရေးတော်ပုံကြီးကိုပြပါဆို ရင်တော့ ၈၈၈၈ လူထုအရေးအခင်းကြီးကို မလွဲမသွေပြန်သွားရမှာပဲဖြစ်ပါတယ်။ ၁၉၆၂ခု မတ်လ၂ရက်နေ့မှာ ဗိုလ်ချုပ် ကြီးနေ၀င်း ခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီဟာ အတင်းအဓမ္မ အာဏာသိမ်းယူခဲ့လို့ ပြည်သူလုထုတတွေ စစ်အုပ် ချုပ်ရေးအောက် ကျရောက်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်တဲ့ စစ်အာဏာသိမ်း အစိုးရကြောင့် ပြည်သူလူထုဟာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ယဉ်ကျေးမှု အစစအရာရာ ကျပ်တည်းမှုများနဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့မှုများကြောင့် တိုင်းပြည်ဟာလည်း အဆင်းရဲဆုံးနိုင်ငံစာရင်း ၀င်ခဲ့ရပါတော့တယ်။

ထိုသို့ အထွေထွေ အကျပ်အတည်းများစွာနဲ့စစ်အုပ်ချုပ်ရေးအောက်မှာ မခံရပ်နိုင်ဆုံးဖြစ်ခဲ့သူများကတော့ ကျောင်းသား တွေပဲဖြစ်ပါတယ်။ ဦးနေ၀င်းဦးဆောင်တဲ့ မဆလပါတီအစိုးရကို အခွင့်သာတိုင်း တော်လှန်ဆန့်ကျင်ခဲ့ကြပါတယ်။ ၎င်းအုပ် ချုပ်ခဲ့တဲ့ ၂၆နှစ်အတွင်း ကျောင်းသားအရေးအခင်းများစွာ ဖြစ်ပွားခဲ့ပြီး ကျောင်းသားအရေးအခင်းတိုင်းကိုလည်း သွေး ချောင်းစီး ဖြေရှင်းခဲ့ပါတယ်။

၁၉၈၈၊ သြဂုတ်လမှာတော့ ဘက်ပေါင်းစုံက အာဏာရှင်ရဲ့ဖိနှိပ်မှုတွေကို မခံရပ်နိုင်တော့တဲ့ကျောင်းသား၊ ရဟန်းသံဃာ၊ ဈေးသည်အပါဝင် လူထုတရပ်လုံးက လမ်းပေါ်ထွက် ဆန္ဒပြ အာဏာရှင် ဦးနေ၀င်းနဲ့ အပေါင်းအပါများကို ဖြုတ်ချဖို့ကြိုးစား ကြတော့တာပါပဲ။

မြန်မာနိုင်ငံရေးသမိုင်းမှာ ပြည်သူလူထုတရပ်လုံးပါဝင်တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ ၁၉၈၈၊ သြဂုတ်လအတွင်းဖြစ်ပွားခဲ့တဲ့ လူထုအရေးတော်ပုံကြီး ဟာ ၂၀၁၈၊ သြဂုတ်လဆိုရင် ငွေရတုကျော်လို့ နှစ်ပေါင်း ၃၀တိုင်ခဲ့ပြီဖြစ်ပါတယ်။

၈၈၈၈ အရေးတော်ပုံကြီးဟာ ကျောင်းသား၊ ရဟန်းသံဃာနဲ့ပြည်သူလူထုတွေရဲ့အသက်၊ သွေး၊ ချွေးတွေကို စတေးပြီး အာဏာရှင်ရဲ့မျက်နှာဖုံးကို ခွာချနိုင်ခဲ့ကြတာမို့ ကမ္ဘာသိ ထင်ရှားခဲ့ပါတယ်။

အာဏာရှင် ဦးနေ၀င်း အစိုးရရထူးကနေဆင်းပေးလိုက်ရပြီး ၎င်းနောက် အမွေဆက်ခံတဲ့ အာဏာရုးလက်သစ်များကလည်း အဲဒီ အဆိုပါ ၈၈၈၈အရေးအခင်းကြီးကို နည်းမျိုးစုံ သုံး ပုံဖျက်ပြီး ဆက်လက်အုပ်ချုပ်ခဲ့ကြတာ ၂၀၀၈ဖွဲ့စည်းပုံစာအုပ်ကြီး ကြိတ်ရေးဆွဲပြီးသည် အထိပဲဆိုပါတော့။

တကယ်တော့ နှစ်ပေါင်း ၃၀ဆိုတာ မျိုးဆက်တခုစာတိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ယနေ့အသက် ၃၁ နှစ်လူငယ်တယောက် ဟာ အဲဒီအချိန်ကာလက တနှစ်သားပဲရှိပါတယ်။ သမိုင်းအထောက်အထား မှတ်တမ်းမရှိလို့ကတော့ ဘယ်လို့မှ လက်ဆင့် ကမ်းဖို့ လမ်းမမြင်ပါ။ စစ်အစိုးရကာလများတလျှောက် သမိုင်းမှတ်တမ်းစာအုပ်ပြုစုဖို့ရေးသားဖို့ဆိုတာ ဘယ်လိုမှမလွယ်တဲ့ ကိစ္စရပ်ကြီးဖြစ်ပါတယ်။

၂၀၁၂နောက်ပိုင်းကျမှ ပြောခွင့်ဆိုခွင့် အနည်းငယ်ရလာပြီး သမိုင်းဖော်ထုတ်မှုများ ရှိလာတဲ့အခါ မြန်မာ့နိုင်ငံရေးထဲက အရေးအခင်းများကို မော်ကွန်းထိုးမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

သင်ပုန်းချေဖို့တွေ ကလဲ့စားချေဖို့တွေထက် ဖြစ်ရပ်မှန် သမိုင်းအတွက်ကတော့ စာအုပ်တအုပ်ထက်တင်မကဘဲ ၈၈၈၈ အထိမ်းအမှတ်တွေကို တနေရာတည်းမှာ လေ့လာနိုင်ဖို့ ၈၈၈၈ပြတိုက်အဖြစ်တောင် နိုင်ငံတော်အဆင့်သတ်မှတ်ပြီး ပြုလုပ်သင့်ပါတယ်။

ယခုစာအုပ်ကတော့ TRUTH (The Methods of Nonviolent straggle in Burma.Nonviolence international Southeast Asia(2005)) ဆိုတဲ့စာအုပ်ကို ကိုကိုလေး ဘာသာပြန်ထားပြီး အမှန်တရား ၈၈၈၈ အရေးတော်ပုံသမိုင်းလို့ အမည်ပေးထားပြီး ယဉ်မျိုးစာပေက ၈၈၈၈အရေးတော်ပုံ နှစ်၃၀အထိမ်းအမှတ်နဲ့ ထုတ်ဝေဖြန့်ချိထားတာဖြစ်ပါတယ်။ စာအုပ်ကို မူရင်းစာရေးဆရာထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။ ဒု-အကြိမ်ပြန်လည်ရိုက်နှိပ်ထုတ်ဝေဖြစ်ရင်တော့ မပြတ်မ ကွက် ထည့်သွင်းမှ ပိုပြည့်စုံနိုင်မယ်လို့ အကြံပြုချင်ပါတယ်။

စာအုပ်မှာ ဘာသာပြန်ဆိုသူရဲ့နိဒါန်းအမှာစာနဲ့အတူ အခန်း(၁)-ရန်ကုန်ကို သိမ့်သိမ့်တုန်စေခဲ့သော ၁၉၈၈ခုနှစ် မတ်လ အဖြစ်အပျက်များ၊ အခန်း(၂)-ဦးအောင်ကြီးမှ အိတ်ဖွင့် ပေးစာများ၊ အခန်း(၃)-ဇွန်လအရေးအမခင်း၊ အခန်း(၄) ဦးစိန် လွင်နှင့် ရှစ်လေးလုံးအမှတ်တရ အခန်း(၅)-မဆလပါတီ၏ နောက်ဆုံးမင်းဆက်၊ အခန်း(၆)- ရာသက်ပန်ဝန်ကြီးချုပ်ဦးနု အခန်း(၇)-တပ်မတော်မှ ဒုတိယအကြိမ် အာဏာသိမ်းပြီး န၀တအစိုးရအာဏာရရှိလာခြင်း၊ အခန်း(၈)-ဒေါ်အောင်ဆန်း စုကြည်နှင့် န၀တ၊ အခန်း(၉)-ဓနုဖြူအောင်ပွဲ၊ အခန်း(၁၀)-၁၉၉၀ အထွေထွေ ရွေးကောက်ပွဲနှင့် န၀တ၏ကတိစကား၊ အခန်း(၁၁)-နိဂုံး အစရှိတဲ့အခန်းများပါဝင်ပါတယ်။

အကြမ်းဖျင်းအနေနဲ့ ၁၉၆၂ ဗိုလ်နေ၀င်း စစ်အစိုးရတက်လာပြီးနောက် ၁၉၈၈ လူထုအရေးအခင်းလှိုင်းကြီးမဖြစ်မီအထိ အာဏာရှင်နဲ့ကျောင်းသားထုကြား တင်းမာမှုလှိုင်းများဖြစ်တဲ့ 7ဇူလိုင်အရေးအခင်း၊ ကျွန်းဆွယ်အရေးအခင်း၊ ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့်၊ မတ်လ ဖုန်းမော်အရေးအခင်း၊ ဇွန်အရေးအခင်း အစရှိသဖြင့် ဦးနေ၀င်းအစိုးရရဲ့ရက်စက်ယုတ် မာနှိပ်ကွက်ချေမှုန်းမှုတွေ ကို ပြည်သူလူထုက စက်ဆုတ်ရွံရှာနေချိန် ၁၉၈၈၊ သြဂုတ်လမှာတော့ အထွေထွေအကျပ် အ တည်းများကြောင့် လှည်းနေလှေမြင်းစောင်းမကျန် ပြည်သူလူထုပါ လမ်းပေါ်ထွက် တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။

မဆလပါတီနဲ့ဦးနေ၀င်းတို့ကရော ၈၈၈၈အရေးအခင်းကြီးကို ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်တာတော့ လူတိုင်း အသိဖြစ်ပါတယ်။ အာဏာ၊ လက်နက်၊ နည်းမျိုးစုံသုံးပြီး တဗိုလ်ကျ တဗိုလ်တက်စနစ်နဲ့ လက်ဗလာနဲ့ပြည်သူတွေကို အ စွမ်းကုန်ချေမှုန်းခဲ့ကြတာ လူဘယ်နှယောက်သေဆုံးခဲ့ရသလဲဆိုတာတောင် ယနေ့ဘယ်သူမှ တိတိကျကျ မပြောနိုင် တော့ပါ။

“ဇူလိုင်လကုန်ပိုင်းတွင် မဆလပါတီဥက္ကဌရာထူးနှင့် နိုင်ငံတော်သမ္မတရာထူးများကို ဦးစိန်လွင်အား တာဝန်ပေးလိုက် သည်ဟု ကြေညာခဲ့သည်။” (စာ-၇၉)

“မတ်လ အင်းစိန်ကြို့ကုန်းအရေးအခင်းတွင် စက်မှုတက္ကသိုလ်ကျောင်းသားမောင်ဖုန်းမော်နှင့် ကျောင်းသားများထိခိုက် ဒဏ်ရာရပြီး ကုသစဉ်သေဆုံးခဲ့ကြသောဖြစ်စဉ်တွင် လုံထိန်းတပ်ဖွဲ့ကို ပစ်မိန့်ပေးသူသည် ဦးစိန်လွင်ဖြစ်သည်။ တံတား ဖြူ(တံတားနီ)အဓိကရုဏ်းတွင် ကျောင်းသားကျောင်းသူများကို ရက်ရက်စက်စက်ပစ်သတ်ရန်အမိန့်ပေးသူသည် ဦးစိန် လွင်ဖြစ်သည်။” (စာ-၈၀)

“နိုင်ငံတကာစာနယ်ဇင်းများက ရေးသားကြသော ရန်ကုန်မှ သားသတ်သမား(Rangoon Butcher)ကို နိုင်ငံတော်သမ္မ တနှင့် ပါတီဥက္ကဌတာဝန်ပေးခြင်းသည် အုပ်ချုပ်ခံပြည်သူလူထုကို အမြင့်မားဆုံး အတိုင်းအတာထိစော်ကားခဲ့ခြင်းဖြစ် သည်။ ထိုစော်ကားမှုကြောင့် ကမ္ဘာကျော်သည့် ရှစ်လေးလုံးအရေးအခင်းကြီး ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။” (စာ-၈၀)

အာဏာသိမ်းခေါင်းဆောင်ကြီး ဗိုလ်နေ၀င်းဟကာ အာဏာတည်မြဲရေးအတွက် ကြံရာမရဖြစ်ကာ သူ့နောက်လိုက်လက် ဝေခံများဖြစ်တဲ့ ဗိုလ်စိန်လွင်၊ ဗိုလ်စန်းယု၊ မောင်မောင်၊ ဗိုလ်စောမောင်အစရှိသဖြင့် အာဏာမီးကို ဆက်တိုက်လွှဲပေးရင်း နောက်ကနေ ထိန်းကျောင်းရင်း သမိုင်းဆိုးကို ဖန်တီးခဲ့ပါတယ်။

“နိုင်ငံတော်အာဏာကို မည်သူက ပေးထားသနည်းဆိုသည်ကို ကိုယ့်ဘာသာကိုယ် တပ်မတော်ရဲ့ကျောထောက် နောက်ခံ နှင့် ရလာတာဟု ဦးနေ၀င်း အဖြေပေးလိမ့်မည်။ ထို့ကြောင့် ပြည်သူကို နည်းနည်းလေးမှ မညှာတာတာ ဖြစ်နိုင်သည်။ ပြည်သူက အရေးမကြီး။ ပြည်သူကို ဂရုစိုက်ဖို့မလို။ ပစ်သတ်လိုက်ရင် ကြောက်ပြီး ငြိမ်ကျသွားမည်။ နောက်တော့ တ ဖြည်းဖြည်း ငြိမ်ဝပ်ပိပြားမှုရလာရင် ကာဗျူး(စစ်မိန့်)ကို ပြန်ပြီး ရုတ်သိမ်းကာ “ဗိုလ်နေမြဲ ကျားနေမြဲ” နိုင်ငံတော် အာဏာ ကို ဆက်လက် ဆုပ်ကိုင်ထားရုံပဲဟု ထင်မြင်ယူဆနေဆဲဖြစ်သည်။ လူအိုပေမယ့် အာဏာက မအိုသေး။ ထာဝရ နုပျိုနေ ဆဲဖြစ်သည်။ သို့သော် ကံဆိုးမိုးမှောင်ကျတဲ့အချိန်မှာ ကေသရာဇာခြင်္သေ့မင်းတောင်မှ မြက်စား ရမည့်ကိန်းဆိုက်ခဲ့သေး သည်။”(စာ-၅၂)

ဦးနေ၀င်းနဲ့အပေါင်းအပါတစုဟာ သူတို့အာဏာတည်တံ့ခိုင်မြဲရေးအတွက် အစွမ်းကုန်ကြိုးပမ်းခဲ့ပုံများကို ယခုလိုမှတ်တမ်း လုပ်ခဲ့တာကို ဖတ်ရှုရမှာဖြစ်ပါတယ်။

“ရန်ကုန်ဆေးရုံကြီးမှာ ဆရာဝန်တွေနှင့်သူနာပြုဆရာမတွေကို လုပ်အားပေးနေတဲ့ ဆေးတက္ကသိုလ်ကျောင်းသား ကိုစစ် နိုင်က ရှင်းပြသည်မှာ ‘နေ့စဉ်နေ့တိုင်း သေနတ်ဒဏ်ရာရနေတဲ့ကျောင်းသားတွေ လူငယ်တွေကို ခေါ်လာကြတယ်။ တတ် နိုင်သမျှ ခွဲစိတ်ကုသပေးခဲ့ပါတယ်။ ဆေးရုံမှာ ၈-၈-၈၈ ကစပြီး ၁၀-၈-၈၈ထိ သုံးရက်အတွင်း သေနတ်ဒဏ်ရာ ရသူများကို သာ ဆက်တိုက် ခွဲစိတ်ကုသနေရပါတယ်။ ၉-၈-၈၈မှာ တောင်ဥက္ကလာပ၊မြောက်ဥက္ကလာပ သင်္ဃန်းကျွန်းနဲ့ သာကေတ ဘက်လာဖို့ကြိုးစားသူတွေကို တပ်မတော်ရေက ပုစွန်တောင်ချောင်းတံတားကိုဖြတ်ကျော်သည်နှင့်ပစ်ခတ်ရာ အတော်များ များသေဆုံးပြီး ဒဏ်ရာရသူ အယောက်၁၀၀ကျော်ကျော် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုရောက်လာခဲ့ပါတယ်’ ဟု ကိုစစ်နိုင် က သူ့အတွေ့အကြုံကို ရှင်းပြသည်။(စာ-၁၁၃)

“ဒဏ်ရာရတဲ့ကလေးတွေက အသက်၁၅နှစ် ၁၆နှစ်အရွယ်တွေပဲဖြစ်ပါတယ်။ အသက်အကြီးဆုံး ကျောင်းသားမှာ အသက် ၂၂ နှစ်ပဲ ရှိပါတယ်။” (စာ-၁၁၄)

ဒါတွေကတော့ မူရင်းစာအုပ်ရေးသားသူက ၈၈၈၈အရေးအခင်းမှာ ကိုယ်တွေ့ကြုံခဲ့သူတို့ရဲ့စကားသံတွေကို ဖော်ပြထား တာဖြစ်ပါတယ်။

TRUTH စာအုပ်ကို ရေးသားခဲ့သူဟာ ယခုစာအုပ်ရေးသားဖို့အချက်အလက်များအတွက် ၈၈၈၈နဲ့ ပတ်သက်တဲ့ လူပု ဂ္ဂိုလ်များ၊ ခေါင်းဆောင်များကို အတတ်နိုင်ဆုံး ချည်းကပ် တွေ့ဆုံမေးမြန်းမှုတွေ လုပ်ထားတာကိုလည်း တွေ့ရပါတယ်။

အာဏာရှင်တွေက ဘယ်လောက်ပင်ချေမှုန်းခဲ့သော်လည်း လူထုရဲ့ရပ်ခံယုံကြည်ရဲဝံ့မှုတွေကြောင့် နောက်ဆုံးတော့ တပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး အာဏာသိမ်းခေါင်းဆောင်များ ကမ္ဘာ့တံတွေးခွက်ထဲနစ်ကျခဲ့ရပါတယ်။ ရွေး ကောက်ပွဲကျင်းပပေးခဲ့ရပြီး အတိုက်အခံတို့ နိုင်သွားတဲ့အခါမှာလည်း ဒုတိယအကြိမ် အာဏာထပ်သိမ်းခဲ့ပါတယ်။

စာမျက်နှာ ၃၀၀ကျော်ပါဝင်ပြီး ဓာတ်ပုံအထောက်အထားမှတ်တမ်းများလည်း ပါဝင်တဲ့ ယခုစာအုပ်မှာတော့ အာဏာသိမ်း ခေါင်းဆောင်နဲ့အပေါင်းအပါများကို ပြည်သူလူထုတရပ်လုံးက ရွပ်ရွပ်ချွံချွံ တော်လှန် တိုက်ပွဲဝင်ခဲ့ရသလဲဆိုတာကို နောင် မျိးဆက်သစ်တွေ သိမှတ်ဖို့ သမိုင်းဆိုင်ရာအထောက်အထား မှတ်တမ်းတခုဖြစ်မယ်လို့လည်း ညွှန်းဆိုလိုက်ရပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ကျင်းပနေတဲ့ နှစ် ၃၀ ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားမြင်ကွင်များ

$
0
0
 ရန်ကုန်တက္ကသိုလ်မှာ ကျင်းပနေတဲ့ နှစ် ၃၀ ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားမြင်ကွင်များ
K (မိုးမခ) သြဂုတ် ၇၊ ၂၀၁၈



 နှစ် ၃၀ ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို ၈၈၈၈ အရေးတော်ပုံ နှစ် - ၃၀ ပြည့် အခမ်းအနား ဖြစ်မြောက်ရေးကော်မတီမှကြီးမှူးကာ သြဂုတ်လ ၆ရက်မှ ၈ရက်ထိ သုံးရက်ကြာ ရန်ကုန်တက္ကသိုလ်ဝင်းရှိ တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)မှာ ပြုလုပ်ကျင်းပလျက်ရှိပါတယ်၊၊


သြဂုတ်လ ၆ရက်နေ့ မနက်ပိုင်းမှ စတင်ကာ အခမ်းအနားဖွင့်လှစ်ကျင်းပခဲ့ပြီး တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)မှာ ၈၈၈၈ အထိမ်းအမှတ် ထောင်တွင်းအနုပညာများပြသခြင်း၊ ကဗျာ၊ ကာတွန်း၊ သီချင်း၊ ပန်းချီလက်ရာများကို တင်ဆက်ပြသ လျက်ရှိပြီး ၀ိဇ္ဖာခန်းမမှာ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ကာလ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲများကို ကျင်းပ လျက်ရှိပါတယ်။


အဆိုပါ ၈၈၈၈ အရေးတော်ပုံ ပုလဲရတုအခမ်းအနားများကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး၊ မြင်းခြံ၊ ပုသိမ်၊ တောင် တွင်းကြီး၊ ကျောက်ပန်းတောင်းအစရှိတဲ့ မြို့ကြီးများမှာ သြဂုတ်လ ၈ရက်နေ့ ကျင်းပ သွားမှာဖြစ်ပါတယ်။


 













 

ကာတွန်း မောင်ရစ် - အနှစ် ၃၀

$
0
0

ကာတွန်း မောင်ရစ် - အနှစ် ၃၀
(မိုးမခ) သြဂုတ် ၇၊ ၂၀၁၈

ဝင်းအောင်ကြီး (မောင်အောင်မွန်) - ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၃)

$
0
0

ဝင်းအောင်ကြီး (မောင်အောင်မွန်) - ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၃)
(မိုးမခ) သြဂုတ် ၇၊ ၂၀၁၈


 သတင်းမဂ္ဂဇင်းလာပြီ
(၁)
ကိုတင်မောင်မြင့်၊ ကိုမြတ်ငြိမ်းနှင့် ကျွန်တော်တို့အား ခေါ်ယူတွေ့ဆုံ ရှင်းပြချိန်မှာပင် အထတလှအောင်သည် သတင်းမဂ္ဂဇင်း ထုတ်ဝေခွင့်ရထားပြီးနေပြီ။ ကြံတတ်ဖန်တတ်သူကြီးက အထက်သို့ ခပ်မြက်မြက်ပေး၍ ရခြင်းဖြစ်ပေလိမ့်မည်။

 (၂)
ကြာရှည်စွာတည်တန့်ရေးအတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရမည်၊ ကိုတင်မောင်မြင့်က ဒုတိယ အယ်ဒီတာချုပ်၊ ကိုမြတ်ငြိမ်းက အုပ်ချုပ်မှု အယ်ဒီတာ၊ ပြည်ပရေးရာ ၀င်းအောင်ကြီး ၊ အယ်ဒီတာလို့မထည့်--ဖေါင်းပွနေမှာမို့--ပြီးတော့ (၄) ယောက်စလုံး တွဲပြီးရောပြီးလုပ်ကြမည်၊
ပင်တိုင်ဆောင်းပါးရှင်များ ထားရှိမည်၊
စွန့်စားစရာရှိ (၄)ယောက်သဘောတူမှလုပ်မည်၊ စိတ်တူကိုယ်တူ --စသဖြင့် ရှင်းပြတော့ ၀မ်းသာရ အားတက်ကြရ၏။

 (၃)

ပေဖူးလွှာ မဂ္ဂဇင်းမှ Display ကျွမ်းကျင်သူ မျိုးမြင့်ညိမ်းနှင့် အားဖြည့်ကာ Time အရွယ် ပုံစံနှင့် တထေရာတည်းတူအောင် သတင်းမဂ္ဂဇင်း ထုတ်ပြန်တော့ ပိုမိုအောင်မြင်၏။ အထတ လှအောင်က စာမျက်နှာ၊ သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါး နေရာချကြီးကြပ်၊ သူ့လက်စွဲ ဖိုမင်ကိုကျော်လှိုင်က အထာသိ သဘောပေါက်၏။

အထတ လှအောင်က ၀ိုင်း ဟုဆိုကာ နာမည်များစုထည့်လို၏။ သို့သော်လည်း သူနှင့်အရင်းနှီးဆုံး ဦးကိုယုက ဥပဒေအတိုင်ပင်ခံပါလုပ်ပေးမည်၊ ဆောင်းပါးလည်း အပတ်စဉ်ရေးမည် နာမည်မထည့်သင့်ဟုဆိုသည်။ ဦးဝင်းတင်ကလည်း အလားတူသဘောရသည်။ မောင်သော်ကနှင့် မောင်စူးစမ်းတို့ရဲ့ ပင်တိုင်ဆောင်းပါးများလည်း မှန်မှန်ရ၏။ ကြေးမုံမှ ၀ါရင့်မန်နေဂျာကြီး ဦးသော်၏ ပံ့ပိုးမှုကိုပင် အထတ လှအောင်ကရယူနိုင်ပြီ။

(၄)

 (၃၈) လမ်း--ကုန်သည်လမ်းနှင့်ကပ်လျက် တိုက်ခန်းအောက်ထပ်က သတင်းမဂ္ဂဇင်းတိုက်။
အထပ်ခိုးကို ဖိုမင်ကိုကျော်လှိုင်နှင့် စာစီခုံ--စာစီသမားများ။ အခန်းကျယ်အတွင်း အယ်ဒီတာများ၊ စာပွဲကိုယ်စီ ကြား၌ တယ်လီဖုန်းရှိသည်။ ကျွန်တော့်စိတ်ထင် ကိုတင်မြင့်၏ စိတ်ကူးဖြစ်ပါလိမ့်မည်၊ နာမည်မသုံးဘဲ--ကိုလှအောင်အား CE ( Chief Editor), တင်မောင်မြင့် DCE ( Deputy Chief Editor), မြတ်ငြိမ်း ME ( Managing Editor), ၀င်းအောင်ကြီး FAE (Foreign Affairs Editor) ဟူသောစနစ်ပါ။
သတင်းထောက် တင်မောင်လတ် (အင်းစိန်)ကမူ အပြင်သွားသည်ကများ၏။

ကျန်စာပွဲများတွင်မူ ကိုဖေညွန့်ဝေသည် သူ၏ပန်းချီ/ဒီဇိုင်းအဖွဲ့ဝင် ထွန်းထွန်းဦး၊ မောင်မောင်ဦးတို့ ၀ိုင်းထိုင်လုပ်ကိုင်ရာသို့ အထတလှအောင် သွားရောက်လေ့ရှိပြီး ဖိုမင်ကိုလိုအပ်လျှင် လှမ်းခေါ်သည်။ သုတေသန အဖွဲ့ဝင် ကလေးမ (၄)ယောက် အားလည်း လုပ်စရာကိစ္စရပ်များ မြတ်ငြိမ်း ME ( Managing Editor) ကချမှတ်ပေးသည်။

သူသည် မြန်မာ့ရေနံလုပ်ငန်းမှ အရာရှိဟောင်းမို့ စနစ်ကျစည်းကမ်းကြီး၏။

(၅)

Time မှာလို Cover Story မျက်နှာဖုံး သတင်းထည့်မည်။

ထို့ကြောင့် ဓာတ်ပုံကောင်းနှင့် အကြောင်းအရာကောင်း ၀ိုင်းဝန်းရှာကြရသည်။ Time စာအုပ်တွေ မွှေနှောက်ရှာကြရသည်။ သတင်းလွှာတုန်းကကဲ့သို့ နိုင်ငံခြားသတင်းကို ဟန်ပြအဓိကထားရမည်လေ။ ထိုအချိန်က တင်ထုတ်စနစ်--ပုံမနှိပ်မီ စာပေစိစစ်ရေးဌာနသို့ စာမူအားလုံးကြိုတင်ပြီး တင်ပြရသည်။ အထူးသဖြင့် မျက်နှာဖုံးဆိုလို့ သီးခြားခွင့်ပြုချက်နှင့်သာထုတ်ရ၏။

အင်းစိန်ထောင်တွင်း အခြေအနေဆိုးကို ထင်ဟပ်စေမည့် Time Cover Story ကိုရွေးသည်။
အမေရိကန်တောင်ပိုင်း Miami အကျဉ်းထောင်တွင် Cuba အကျဉ်းသားများအား ပြန်ပို့မည်ဆို၍ ဆူပူသည့် သတင်းနှင့်ဓာတ်ပုံကောင်းများ--၊ မြန်မာပြည်တွင်းအကျဉ်းထောင်တွေ မငြိမ်ဖြစ်နေချိန်မို့ စာပေစီစစ်ရေးက ၃ ကြိမ်တိတိပယ်၏။

အယ်ဒီတာကြီး(၃)ဦးရဲ့ ခွင့်ပြုချက်နဲ့ နံပါတ် ၄ ကျွန်တော်ရေးခွင့်ရပြီ။

အကျဉ်းသားတွေ ညနေဘက် ဘော်လီဘောကစားကြပြီး ရေချိုးကြ၊၊ ညစာစားပြီး ရေခဲမုန့်--ကော်ဖီ ပန်းသီးစားရင်း အပန်းဖြေ TV ကြည့်နေစဉ် Cuba ပြန်ပို့မယ်ဆိုလို့ဆူကြပုံရေး တင်လိုက်တော ခွင့်ပြုချက်ရလို့ အဆင်ပြေသွား၏။ ကျွန်တော့်မှာ ၀ှက်ဖဲမရှိ၊ အမေရိကန် အကျဉ်းသားတွေဟာ တတိယနိုင်ငံက လူလတ်တန်းစားတွေထက် အဆင့်မြင့်တယ်ဆိုတဲ့သတင်း သတိရလိုက်လို့ပါ။
ဒီလိုနဲ့ သတင်းသမားချင်း ခေါင်း ၄ ခေါင်း၊ မျက်စိ ၈လုံး သတင်းမဂ္ဂဇင်းမှာ ပေါင်းမိကြ၏။

(၆)

၁၉၈၈ ခု၊ လှုပ်လာနေပြီဖြစ်သည့် မြန်မာ့နိုင်ငံရေးကို ကလိနိုင်ဖို့ ပြောင်မြောက်ထိမိလှသော ဦးဖေသိန်းရဲ့ ကာတွန်းများ ထည့်နိုင်ရေး စာပေစီစစ်ရေးကို ရသလိုဖောက် တောင်းသလောက်ပေးနှင့် သတင်းမဂ္ဂဇင်းထွက်လာပြီ။

ဘယ်နေ့ ဘယ်ရက်က စထွက်သည်ကို ကျွန်တော်မမှတ်မိပါ၊ ဤပုံကိုလည်း Burma On line Book Shop မှ ကိုဝင်းကိုကို ရှာဖွေပေးပို့၍ ဖေါ်ပြနိုင်ခြင်းဖြစ်ပါသည်။

ဗုဒ္ဓဟူးနေ့တိုင်း တစ်စောင် ၅ိ ခွဲဟုမရေးဘဲ ပြား (၅၅၀) ဟူ၍ ဈေးနှုန်းသတ်မှတ်၏။

(၇)

ဤ၍ထိုမျှ စနစ်ကျသည့် သတင်းမဂ္ဂဇင်းကို ပြင်ဆင်ထုတ်ဝေရာ၌ အထတလှအောင်သည် မြန်မာ့နိုင်ငံရေးကို ကြိုတင်မမြင်သည့်တိုင်-- သတင်းအနံ့ကိုတော့ ရနေဟန်တူ၏။ ကျွှန်တော်တို့ချင်း မမေးမိ မဆွေးနွေးမိပါ။ ခု ၈-၈-၈၈ အရေးအခင်း နှစ်(၃၀)ပြည့်လာချိန်၌ တွေးမိခြင်းသာဖြစ်ပါသည်။
ဆက်လက်ရေးသားပါမည်။

 ၂၀၁၈ ခု၊ ဇူလိုင်လ(၃၀) ရက်နေ့။

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

$
0
0

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ
(မိုးမခ) သြဂုတ် ၇၊ ၂၀၁၈

ဧည့်အယ်ဒီတာ မင်းထက်မောင် နဲ့ ဧည့်ဒီဇိုင်နာ ဘဌေးကြည်တို့ စိတ်ကြိုက်စီစဉ်တဲ့ မိုးမခသြဂုတ် အထူးထုတ် ထွက်ပါပြီ။ အားပေးကြပါဦး။ ဖြန့်ချိရေး – ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄


Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>