Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

$
0
0

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်
(မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈

မိုးမခမီဒီယာ အွန်လိုင်းမှာ ၂၀၀၃ က စတင်ထူထောင်ခဲ့ပြီးနောက် အဝေးရောက် စာပေပညာရှင်ကြီးများဖြစ်တဲ့ ဦးတင်မိုး၊ ဦးစွမ်းရည်၊ ဦးဝင်းဖေ၊ ဦးသောင်း (အောင်ဗလ) တို့နဲ့အတူ မိုးမခစာပေမိသားစု အသိုင်းအ၀န်းကို ၀ိုင်းဝန်း အားပေး မြေတောင်မြှောက် စောင့်ရှောက်ပေးခဲ့တဲ့ ဂီတအနုပညာရှင်ကြီး ဒေါ်မာမာအေးရဲ့ စာပေကျေးဇူး နာယကဂုဏ်ကျေးဇူးကို အထူးဂါရ၀ပြုပြီး သူ့ရဲ့ ၇၅ပြည့် စိန်ရတုမွေးနေ့လက်ဆောင်အဖြစ် သည်စာအုပ်ကို ထုတ်ဝေမှတ်တမ်း ပြုလိုက်ပါတယ်။

၂၀၀၅ ခုနှစ်ကစပြီး 'ပြန်ကာသာရှေ့နောက်တွေး'ခေါင်းစဉ်နဲ့ အမှတ်တရ ဖြတ်သန်းမှုများကို ရေးသားခဲ့တဲ့အပြင်၊ မြန်မာပြည်ရဲ့အဝေးမှာ နေထိုင်စဉ်ကာလအတွင်း စာစုတို၊ စာညွှန့်၊ ကဗျာများစွာကိုလည်း မိုးမခအွန်လိုင်းကနေ ပရိသတ်ထံကို မိမိခံစားမိသမျှ ရေးသား ပေးပို့ခဲ့ပါတယ်။

သည်စာတွေကို စုစည်းပြီး မိုးမခက အမှတ်တရထုတ်ဝေလိုက်ပါတယ်။ ဓာတ်ပုံလေးကတော့ ရှားပါးပုံလေးမို့ မျက်နှာဖုံးတင်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၆ မတိုင်မီ၊ ရိုက်ကူးထားခဲ့တဲ့ - မောင်စွမ်းရည်၊ ၀င်းဖေ၊ တင်မိုး၊ မာမာအေး တို့၏ ဓာတ်ပုံ၊ (ကိုခင်မောင်လေး၊ ဖို့တ်ဝိန်းမြို့၊ အင်ဒီယာနာမှတဆင့် ရရှိခဲ့တာပါ)။

 (အန်တီ) မာမာအေး သက်တော်ရာကျော်ရှည်ပါစေ။
(မိုးမခစာပေ မိသားစု)

ဖြန့်ချိရေး – ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄  ကို ဆက်သွယ်မှာယူနိုင်ပါပြီ။ စာအုပ် တန်ဖိုး - ကျပ် ၃ထောင်။ အုပ်ရေ ၅၀၀။


မောင်စွမ်းရည် - "ရှစ်လေးလုံးအရေးတော်ပုံကဗျာ"

$
0
0
ပန်းချီ စောငို

မောင်စွမ်းရည် - "ရှစ်လေးလုံးအရေးတော်ပုံကဗျာ"
(မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၈


ဒို့မြန်မာပြည်
ပြည်သူစည်းရုံး၊ ရှစ်လေးလုံးကား
နှစ် ၃၀ ပင် တိုင်ခဲ့ပြီ။

ရှမ်း, ချင်း, ကချင်, ကရင်, ကယား
မွန်, မြန်မာ, တရုတ်, ကုလား
ကျောင်းသား ရဟန်း၊ ဘန်းရွက်သီလရှင်
မျက်မမြင်ရော၊ မျက်မြင်ရော
တူတဇင်ရော၊ ပေါက်ပြားရော
လေးရော,မြားရော၊ တုတ်ဒါးရော
တောရော,မြို့ပါ၊ ဗမာ တပြည်လုံး
ခြိမ့်ခြိမ့်ချုံးခဲ့၊ မဆုံးနေ့ည
ကြွေးကြော်ကြပြီ....

ဒီလိုဟစ်ကြွေး၊ သွေးစည်းခဲ့ပြီ....
- စစ်အာဏာရှင် -အလိုမရှိ -အလိုမရှိ
- တပါတီစနစ် -တိုက်ဖျက်ပစ် -တိုက်ဖျက်ပစ်
- ဒီမိုကရေစီရရှိရေး -ဒို့အရေး -ဒို့အရေး

 ဒို့အရေးမို့၊ ဒို့အရေးလို့ - ဟစ်ကြွေး လူထု
တောင်းဆိုမှုသည်
လေထု, ရေထု, မြေထုတုန်လည်း(လဲ)
တော်လည်းမြည်ဟိန်း၊ လူသန်းသိန်းတို့
မချိန်း မချက်၊ လမ်းပေါ်တက်ကြ
ထွက်လော့ ဖျက်လော့ တပါတီ
ထူလော့ ထောင်လော့ ဒီမိုကရေစီ
(အရေးတော်ပုံ အောင်ရမည်)
(အရေးတော်ပုံ အောင်ရမည်)
(အရေးတော်ပုံ အောင်ရမည်)

- စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး -ဒို့အရေး -ဒို့အရေး
- စစ်မှန်သော ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး -ဒို့အရေး -ဒို့အရေး
- တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေး -ဒို့အရေး -ဒို့အရေး
- စစ်မှန်သော ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေသစ် ပေါ်ထွန်းလာရေး -ဒို့အရေး -ဒို့အရေး
- အရေးတော်ပုံ (အောင်ရမည်)
(အောင်ရမည်)
(အောင်ရမည်)

 မောင်စွမ်းရည်
(၈-၇-၂၀၁၈)

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မမီးမီး၏ ဈာပနအခမ်းအနားမြင်ကွင်းများ

$
0
0
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မမီးမီး၏ ဈာပနအခမ်းအနားမြင်ကွင်းများ
 K (မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၈

၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသူဟောင်း မမီးမီး(ခ) မသင်းသင်းအေး (၄၇နှစ်) ဈာပနအခမ်းအနားနဲ့ ဂူသွင်းမြှုပ်နှံခြင်း အစီအစဉ်များကို ရန်ကုန်မြို့ရေဝေးသုသာန်မှာ သြဂုတ်လ ၁၇ရက် နေ့လယ်၂နာရီမှာ ပြုလုပ်ခဲ့ပါတယ်။

ဈုာပနအခမ်းအနားအစီအစဉ်များအရ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှ မမီးမီး ကိုယ်ရေးအကျဉ်းအားဖတ်ကြားခြင်း၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်မှ အမှတ်တရ ၀မ်းနည်းစကားအကြောင်းပြောကြားခြင်း၊ နယ်ပယ်အသီးသီးမှ ပေးပို့လာသော သ၀ဏ်လွှာများ ထုတ်ပြန်ချက်ချက်များ ဖတ်ကြားခြင်း၊ မမီးမီးပါဝင်ဆောင်ရွက်ခဲ့တဲ့ ကျောင်းသားအဖွဲ့ အစည်း ကိုယ်စားပြု အလံများလွှမ်းအုပ်ခြင်း၊ ၀မ်းနည်းခြင်း အထိမ်းအမှတ် ငြိမ်သက်အလေးပြုခြင်းနဲ့ခန္ဓာကိုယ်အား မီးသဂြိုဟ်ခြင်း ကြွင်းကျန်ရစ် ပြာအား ဂူသွင်းခြင်း အစီအစဉ်များပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားကို ရွှေည၀ါဆရာတော်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ၊ ၈၈မျိုးဆက်နဲ့ကျောင်းသားခေါင်းဆောင်များ၊ မြို့နယ်အလိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ အနုပညာရှင်များ၊ စာရေးဆရာများ၊ နိုင်ငံရေးလုပ်ဖော်ကိုင် ဘက်များ မီဒီယာများ အသီးသီး တက်ရောက်ခဲ့ကြပြီး အထူးစည်ကားခဲ့ပါတယ်။

မမီးမီးဟာ သြဂုတ်လ ၁၃ရက်နေ့ ပုသိမ်မြို့က ကဗျာဆရာကြီးမောင်အောင်ပွင့်ဇနီး နာရေးကို သွားရောက်ပို့ဆောင်ပြီး ရန်ကုန်ဘက်အပြန် ကျောင်းကုန်းမြို့နယ်အတွင်းမှာ ယာဉ်မတော်တဆထိခိုက်မှုကြောင့် ဆေးရုံပို့ကုသစဉ် သြဂုတ်လ ၁၃ ရက် ညနေ ၅ နာရီ၂၀မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ မမီးမီး ရုတ်တရက်ကွယ်လွန်ခြင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီမှ အထူးဝမ်းနည်း ကြေကွဲကြောင်းထုတ်ပြန်စာတစောင်၊ ရန်ကုန်တိုင်းအစိုးရ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာ စသဖြင့် ထုတ်ပြန်ခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် မမီးမီးရဲ့နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ၊ စာပေမိတ်ဆွေများက ၀မ်းနည်း ကြောင်းစတေးတပ်များရေးသားထားကြပါတယ်။

မမီးမီး၏ ကိုယ်ရေးအကျဉ်း

-အမည်ရင်းမှာ မသင်းသင်းအေးဖြစ်ပြီး အဖ ဦးဘသိန်း၊ အမိ ဒေါ်ခင်သိန်းတို့မှ ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ သည်။ အခြေခံပညာအထက်တန်းကို အထက(၄) တာမွေမြို့၌ ပညာသင်ယူနေစဉ် ဒဿမတန်းကျောင်းသူဘ၀ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင် အကသ၊ မကဒ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

- ၁၉၈၉ခုနှစ် မတ်လတွင် ကိုဖုန်းမော်တစ်နှစ်ပြည့် လှုံ့ဆော်လှုပ်ရှားမှု့ကြောင့် အထက်တန်းကျောင်းသူဘ၀ဖြင့် အင်းစိန် ထောင်တွင် လေးလကြာ အထိန်းသိမ်းခံခဲ့ရသည်။

- ၁၉၉၀ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေမြို့နယ် လူငယ်တာဝန်ခံ ကိုလှမိုးနှင့် အိမ်ထောင်ကျပြီး သမီး တစ်ယောက်၊ သားတစ်ယောက်ထွန်းကားခဲ့သည်။

- ၁၉၉၁ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ဒဂုံတက္ကသိုလ်တွင် သတ္တဗေဒအဓိက ဘာသာရပ်ဖြင့် တက်ရောက်ပညာသင်ယူခဲ့သည်။

- ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ဒဂုံတက္ကသိုလ်ကျောင်းသူဘ၀တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှု ဒဂုံတက္ကသိုလ် ကျောင်းသားဆန္ဒပြမှုဖြင့် အဖမ်းဆီးခံရပြီး ထောင်ဒဏ်(၇)နှစ် ချမှတ်ခံခဲ့ရသည်။ အင်းစိန်ထောင်နှင့် သာယာဝတီထောင်တို့တွင် အကျဉ်းချခံခဲ့ရသည်။ တတိယနှစ်ဂုဏ်ထူးတန်း သတ္တဗေဒအဓိကပညာရေးမှာ ထိုအချိန်မှစ၍ ဆုံးရှုံးခဲ့ရသည်။

- ၂၀၀၂ ခုနှစ်၊ စက်တင်ဘာလတွင် သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၂၀၀၅ ခုနှစ်တွင် ၈၈မျိုး ဆက် ကျောင်းသားများအဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့သည်။

- ၂၀၀၇ ခုနှစ် ဖြစ်ပွားခဲ့သော နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သဖြင့် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ တွင် ထပ်မံအဖမ်းဆီးခံခဲ့ရသည်။

 - ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလတွင် စစ်အစိုးရတရားရုံးမှ ထောင်ဒဏ်(၆၅)နှစ် ချမှတ်ခဲ့သည်။ အင်းစိန်ထောင်မှတဆင့် ပုသိမ် ထောင်၊ မန္တလေးထောင်၊ ကသာထောင်၊ ရွှေဘိုထောင်များသို့ အဆင့်ဆင့် ပို့ဆောင်ခြင်းခံခဲ့ရသည်။

- ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလတွင် အခြားသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်အတူ ပြန်လည်လွတ်မြောက်ခဲ့ သည်။ ယခုအခါ မကွယ်လွန်မီအထိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွင် အမျိုးသမီးဌာန ဒုတိယ တာဝန်ခံအဖြစ် မြန်မာပြည်နိုင်ငံရေး တာဝန်များကိုဆက်လက်ထမ်းဆောင်ခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်၊ နာရေးကူညီမှုအသင်း၊ MyMe (ရွေ့လျားစာသင်ခန်းဖြင့် လမ်းပေါ်ကလေးများ အား အခမဲ့စာသင်ကြားပေးခြင်း)၊ ပွင့်လင်း မြန်မာ့ရှေ့ဆောင်(OMI)စသည်တို့တွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ သည်။

ဒေါက်တာခင်မောင်ဝင်း(သချာင်္) - ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဂိတ်စောင့်ခြင်း

$
0
0

ဒေါက်တာခင်မောင်ဝင်း(သချာင်္) - ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဂိတ်စောင့်ခြင်း
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၅
(မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၈



Steven Levitsky နှင့် Daniel Ziblatt တို့ ရေးသားသော HOW DEMOCRACIES DIE စာအုပ်မှ Gatekeeping in American အခန်းကို ဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။

Gatekeeping -  ဂိတ်စောင့်ခြင်း။  ဒီမိုကရေစီမကျဆုံးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း

အခြေခံဥပဒနှင့် ရွေးကောက်ပွဲဆိုင်ရာစည်းကမ်းများကို ရေးဆွဲသောနိုင်ငံရေးသမားများသည် အကျပ်ရိုက်နေကြ သည်။ သူတို့အကျပ်ရိုက်နေသော အကြောင်းအရာများသည် ယနေ့တိုင်ပင် မပြေလည်သေးဘဲ၊ ရှိနေလျှက်ဖြစ်သည်။ ထိုအကျပ်ရိုက်ခြင်းသည် ဒီမိုကရေစီစံနစ်ကိုထူထောင်သော သူတိုင်းတွေ့ရမည့် အရာဖြစ်သည်။ အလွယ်တကူနှင့် လည်း ပြေလည်သွားနိုင်သော လမ်းမရှိပါ။ ယခုဖော်ပြမည့်အရာမှာ အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေနှင့် ရွေး ကောက်ပွဲဆိုင်ရာ စည်းမျဉ်းများကို ရေးဆွဲရာတွင် ကြုံရသော အခက်အခဲများဖြစ်သည်။

အဖြစ်မှာ ဤသို့ဖြစ်၏။ တစ်ဖက်တွင် ဒီမိုကရေစီသဘောတရားအတိုင်း ပြည်သူများ၏အလိုဆန္ဒအရ ရွေးကောက် တင်မြောက်သည့် သမ္မတကို ဖြစ်စေချင်သည်။ သို့သော်လည်း(ဤနေရာတွင် အလွန်ကြီးကျယ်သည့် 'သို့သော်'ဖြစ်သည်)။ သို့သော် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတို့ကို ရေးဆွဲသော ပုဂ္ဂိုလ်တို့သည် ပြည်သူလူထု၏ အရည်အချင်းကို အပြည့်အဝ မယုံကြည်ကြပါ။ ဤနေရာတွင် 'အရည်အချင်း'ဟူသည်မှာ "သမ္မတဖြစ်ထိုက်သောပုဂ္ဂိုလ်ကိုရွေးနိုင်သည့် အရည်အချင်း"ကိုဆိုသည်။ ထိုအရည်အချင်းမျိုးသည် ပြည်သူလူထုတွင် ရှိကြလိမ့်မည်ဟု အပြည့်အဝယုံကြည်ကြပါ။

သမ္မတအရွေးခံမည့်ပုဂ္ဂိုလ်သည် ပြည်သူလူထုကို ကြောက်အောင် ခြိမ်းခြောက်သောနည်းကို သုံး၍သော်လည်းကောင်း၊ ပြည်သူလူထု၏ မသိမှု၊ နားမလည်မှုကို အခွင့်ကောင်းယူ၍သော်လည်းကောင်း၊ ရွေးကောက်ပွဲတွင် နိုင်အောင်အမျိုးမျိုးလုပ်ဆောင်နိုင်သည်။ ရွေးကောက်ပွဲနိုင်ပြီးသွားသောအခါ အာဏာရှင်ဆန်လာသည်။ သူတို့ကြိုက်သလို အုပ်ချုပ်နိုင်သည်။

အက်လက်ဇမ်းဒါဟယ်မင်လ်တွန်က Federalist Papers  အမည်ရှိ သတင်းစာထဲတွင် ဤသို့ရေး သားခဲ့သည် ...

"သမိုင်းက ပေးသောသင်ခန်းစာများကို ပြန်ကြည့်လျှင် ပြည်သူလူထု၏ လွတ်လပ်ခွင့်ကို မထီမဲ့မြင်ပြုတဲ့ နိုင်ငံရေးသမားတွေ တော်တော်များများသည် အစပိုင်းတွင် ပြည်သူလူထုအကြိုက် စကားတွေကို သုံးပြီး၊ နောက်ပိုင်းကျမှ အာဏာရှင်ဆန်တဲ့လူတွေဖြစ်ကုန်ခြင်းဖြစ်သည်။"

ထို့ကြောင့် ဟယ်မင်လ်တွန်နှင့် သူ၏အပေါင်းအသင်းများက ရွေးကောက်ပွဲများကို စိစစ်သည့်ကော်မတီတစ်ခုခုရှိရမည်ဟူ၍ အကြံပြုသည်။  ၁၇၆၈ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့သော ရွေးကောက်ပွဲစိစစ်ရေးကော်မတီသည် ပထမဆုံးဂိတ်စောင့်ခြင်းဆိုင်ရာဥပဒေဖြစ်ခဲ့သော်လည်း ၎င်းသည် ကြာကြာမခံဘဲ ပျက်ပြယ်သွားခဲ့သည်။ အကြောင်းမှာ(၂)ခုရှိ၏။ ပထမအကြောင်းမှာ ထိုစိစစ်ရေးကော်မတီသည် သမ္မတအရွေးခံမည့်သူနှင့် ပတ်သက်၍ ဘာမှပြောကြားခြင်းမရှိပါ။ ဒုတိယအကြောင်မှာ ထိုစိစစ်ရေးကော်မတီသည် နိုင်ငံရေးပါတီများအကြောင်း ဘာမှပြောကြားခြင်းမရှိပါ။
၁၈၈၀ ခုနှစ်နှောင်းပိုင်းတွင် နိုင်ငံရေးပါတီများ ကြီးထွားလာသည်။ ထိုအဖြစ်အကျိုးဆက်တစ်ခုမှာ ဂိတ်စောင့်ခြင်းဆိုင်းရာ လုပ်ပိုင်ခွင့်အားလုံးသည် ပါတီများဆီသို့ရောက်သွားသည်။ ထိုအချိန်မှစတင်၍ ယခုအထိ ဂိတ်စောင့်ခြင်းသည် ပါတီများလက်ထဲတွင် ရှိနေလေသည်။

 နိုင်ငံရေးပါတီများသည် အမေရိကန်ဒီမိုကရေစီ၏ အစောင့်အရှောက်များဖြစ်လာသည်။ သူတို့သည် သမ္မတ လောင်းများကို ရွေးသည်။ ထို့ကြောင့်သူတို့တွင် ကြီးလေးသော တာဝန်တစ်ခုရှိလာသည်။ ထိုတာဝန်မှာ အိမ်ဖြူတော်ထဲသို့ အန္တရာယ်ပေးနိုင်သောသူများကို အဝင်မခံနိုင်ရန်ဖြစ်သည်။

ထို့ကြောင့်နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍသည် အပိုင်းနှစ်ပိုင်းကို မျှတအောင်လုပ်ရခြင်းဖြစ်သည်။ ထိုနှစ်ပိုင်းမှာ "ဒီမိုကရေစီအခန်းကဏ္ဍ"နှင့် "စိစစ်ခြင်းသို့မဟုတ်ဂိတ်စောင့်ခြင်းအခန်းကဏ္ဍ"တို့ဖြစ်သည်။ "ဒီမိုကရေစီကဏ္ဍ"တွင် ပါတီကိုမဲပေးသော ပြည်သူများ၏အလိုဆန္ဒကို ကိုယ်စားပြုခြင်းနှင့် "စိစစ်ခြင်းနှင့် ဂိတ်စောင့်ခြင်းကဏ္ဍ"တွင် ဒီမိုကရေစီကိုကျဆုံးစေမည့် ပြည်သူ့ကိုယ်စားလှယ်နှင့် အရည်အချင်းမရှိသော ကိုယ်စားလှယ်တို့ တက်မလာအောင် စောင့်ကြပ်ခြင်းတို့ဖြစ်သည်။

သို့ရာတွင် ယင်းအလုပ်နှစ်ခုဖြစ်သည်။ ပြည်သူ့အကြိုက် ကိုယ်စားလှယ်ကိုရွေးချယ်ခြင်းနှင့် ဒီမိုကရေစီကိုအန္တရာယ်ပြုမည့်သူ၊ အရည်အချင်းမရှိသောသူတို့ကို ကိုယ်စားလှယ်မဖြစ်အောင် စောင့်ကြပ်ခြင်းတို့သည် တစ်ခုကိုတစ်ခု အတိုက်အခံ ဝိရောဓိဖြစ်နိုင်သော အလုပ်များဖြစ်လာနိုင်သည်။

ဥပမာ - ပြည်သူများသည် ဒီမိုကရေစီကိုကျဆုံးအောင် လုပ်မည့်သူ၊ သို့မဟုတ် အရည်အချင်းကင်းမဲ့သောသူကို ကြိုက်နှစ်သက်သည်၊ ရွေးမည်ဟုဆိုလျှင် ဘာလုပ်မည်နည်း။ ဤကိစ္စမျိုးသည် သမ္မတရွေးကောက်သည့်အခါတွင်ဖြစ်လျှင် တော်တော် အကြပ်တွေ့မည်ဖြစ်သည်။ ဤအကြပ်အတည်းမျိုးသည် ယနေ့ယခုတိုင်ပင်ဖြစ်နိုင်သော အခြေအနေမျိုးရှိနေသေးသည်။


ဂိတ်စောင့်ခြင်းကို အလွန်အားကိုးလွန်းလျှင် ၎င်းသည် ဒီမိုကရေစီစနစ်ဖြစ်သော ပြည်သူတို့၏လွတ်လပ်မှုကို ထိခိုက်လာနိုင်သည်။ ထိုအခါ ပါတီအကြီးအကဲများသည် သာမန်လူတန်းစားကို ကိုယ်စားမပြုတော့ဘဲ သူတို့သဘာရှိလုပ်နိုင်သောအခြေအနေဖြစ်လာလိမ့်မည်။ တစ်ဖက်တွင်လည်း 'ပြည်သူတို့၏အလိုဆန္ဒ'ကို တစ်ဖက်သက်အားကိုးလျှင်လည်း အန္တရာယ်များသည်။ ထိုအခါတွင် အရည်အချင်းမဲ့သောကိုယ်စားလှယ်ကို ရွေးမိနိုင်သည်။ နောက်ဆုံး ဒီမိုကရေစီစံနစ်ကိုပင် ဖျက်စီးမည့်အန္တရာယ်ဖြင့် ကြုံရနိုင်သည်။

၁၈၃၀ နောက်ပိုင်းတွင် သမ္မတလောင်းများကို ပြည်နယ်၏ပါတီကိုယ်စားလှယ်များထဲမှ ရွေးကောက်တင်မြောက်သည့်စံနစ်ကို ကျင့်သုံးသည်။ ထိုစံနစ်တွင် ရွေးကောက်တင်ခံရမည့် ကိုယ်စားလှယ်များကို ပါတီခေါင်းဆောင်များက ချုပ်ကိုင်သည်။ ဤစံနစ်တွင် ပါတီ၏ထောက်ခံမှုမရရှိသော ကိုယ်စားလှယ်များသည် အောင်မြင်ဖို့လမ်းလုံးဝမရှိတော့ပါ။

ထိုစံနစ်သည်လည်း ဒီမိုကရေစီနည်းလမ်းမကျဟူ၍ အဝေဖန်ခံရသည်။ ထို့ကြောင့်ယင်းစံနစ်ကို ပြုပြင်ရန်ကြိုး ပမ်းချက်များစွာတို့ကို ပြုလုပ်ကြသည်။ ကြိုးပမ်းမှုများထဲတွင်တစ်ခုမှာ-အကြိုရွေးကောက်ပွဲများကို ပြုလုပ်ခြင်းဖြစ် သည်။ ၁၉၁၆ခုနှစ်တွင် ပြည်နယ်ပေါင်း(၂၄)ခုတွင် အကြိုရွေးကောက်ပွဲများကို ပြုလုပ်သည်။ သို့သော် ဘာမှပြောင်းလဲမှု ဖြစ်မလာခဲ့ပါ။ ပြောင်းလဲမှုမဖြစ်သည့်အကြောင်းတစ်ခုမှာ ပြည်နယ်တော်တော်များသည် အကြိုရွေးကောက်ပွဲ၏ ရလဒ်များကို အလေးမထား၍ မသုံးကြသောကြောင့်ဖြစ်သည်။ အကြိုရွေးကောက်ပွဲတွင် အနိုင်ရသောသူများကို ဘယ်သူကမှ အသိအမှတ်မပြုကြပါ။ ထို့ကြောင့် အကြိုရွေးကောက်ပွဲများသည် တကယ်လက်တွေ့တွင် အလှပြပွဲ များအဆင့်လောက်သာ ရှိနေသည်။
လက်တွေ့တွင် တကယ်အာဏာရှိသောသူမှာ ပါတီ၏အတွင်းလူများသာဖြစ်သည်။ ထိုအာဏာရှိသောသူများကို 'စည်းရုံးရေးသမားများ'ဟုခေါ်သည်။ ထို့ကြောင့် တကယ်အရေးပါသော နေရာကို ရရှိဖို့အတွက် တစ်ခုတည်းသော နည်းမှာ 'စည်းရုံးရေးသမားများ'၏ ထောက်ခံမှုကို ရရှိခြင်းပင်ဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)

အောင်သဇင် + ဂါမဏိ ● မင်းအောင်လှိုင်၏ လတ်တလော အာဏာနီခြေလှမ်းများ

$
0
0
အောင်သဇင် + ဂါမဏိ ● မင်းအောင်လှိုင်၏ လတ်တလော အာဏာနီခြေလှမ်းများ
(အာဏာနီအောက်မှ ငြိမ်းချမ်းရေး)
(မိုးမခ) သြဂတ်စ် ၁၈၊ ၂၀၁၈

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နောက်ဆုံး အာဏာနီတည်ဆောက်ရေးခြေလှမ်းတွေကို ကြည့်လိုက်တဲ့အခါ ၂၀၁၈ ၁ လပိုင်းကရာထူးအပြောင်းအရွှေ့တွေမှာ သူ့ကိုပုခုံးချင်းယှဉ်နိုင်မယ့် စီနီယာတပ်မှူးတွေကို အရေးမပါ တဲ့နေရာတွေပို့ပစ်ပြီး ၄ လပိုင်းကရာထူးအရွှေ့အပြောင်းတွေမှာတော့ တိုင်းမှူးဖြစ်စလူတွေကို ထုံးစံမရှိဘဲ တခြားတိုင်းထပ်ရွှေ့ပစ်တာတွေဟာ အာဏာနီတည်ဆောက်မှုသက်သက်ဘဲဖြစ်တယ်။

မင်းအောင်လှိုင်က ထွန်းထွန်းနောင်ကို မြထွန်းဦးနေရာပေးမယ်ဆိုပြီး ဟိုအကောင်ဝမ်းသာအောင် လေလည်ပေးထားတယ်။ မြထွန်းဦးနဲ့ မင်းအောင်လှိုင် စကားကောင်းကောင်းမပြောတာ ကြာပြီ။ ၂၀၁၅ ကိုးကန့်မှာခံရပြီးကတည်း သူ့ကြောင့် ငါ့ ကြောင့်ဆိုပြီး တယောက်ကိုတယောက်လွှဲချခဲ့ရာက တင်းမာခဲ့တာဖြစ်တယ်။ အစောပိုင်းကဆို လုံးဝစကားမပြောတဲ့ အ ထိတောင် ဖြစ်သွားခဲ့သေးတယ်။

ဒီတော့ အခုအဆင်မပြေတဲ့ ညှိကွပ်ကိုဖြုတ် ဒါမှမဟုတ် တနည်းနည်းနဲ့ပထုတ်ပြီး သူ့နေရာကို ထွန်းထွန်းနောင် ရမယ်လို့ မက်လုံးပေး လိုချင်သလိုစိတ်ကြိုက်ခိုင်းစားနေပုံရတယ်။ နေဝင်းက စိန်လွင်ကိုသုံးခဲ့သလိုမျိုး သုံးဖို့စိတ် ကူးတာဖြစ်တယ်။ ထွန်းထွန်းနောင်ဆိုတာကလဲ ဘာမှတိုက်ပွဲကြီးကြီး ဟုတ်တိပတ်တိမတိုက်ဖူးဘူး၊ မနိုင်ဖူးဘူး။ တပ်ထဲမှာ ဘာသမိုင်းမှမရှိ၊ ဘာမှထူးထူးခြားခြားအောင်မြင်မှုလဲ မရှိတဲ့လူ။ ဒါပေမဲ့ ခေါင်းကလဲမရှိတော့ တပ်မှာ နံပတ် ၃ နေရာရမယ်ဆိုပြီး မြောက်နေ ကြွနေတယ်။ သူ့အဖေ ဒုဗိုလ်မှူးကြီးခင်မောင်ဝင်းက နေဝင်း လက်ထက်မှာ ပြည်ထဲရေးဒုဝန်ကြီး လုပ်ခဲ့ဖူးတဲ့လူဟောင်းဆိုတော့ သားနှစ်ကောင်ဖြစ်တဲ့ ထွန်းထွန်းနောင်နဲ့ ထွန်းထွန်းညီက သူတို့အတွက်ဆို ခြံပေါက်တွေဖြစ်နေတယ်။ ဒါတောင် မအလက ကိုးကန့်အရှုံးတော်ပုံမှာ ၃၃ တပ်မမှူး ထွန်းထွန်းညီကို ဖြုတ်ပစ်လိုက်သေးတယ်။ အခုမှ မြထွန်းဦးနဲ့ရင်ဆိုင်ဖို့ ထွန်းထွန်း နောင်ကို လူမွေးချင်တော့ ဂျောင်ဂလောင်ပို့ထားတဲ့ ထွန်းထွန်းညီကိုပါ ပစားပေးပြီး တရုတ်ပြည်ခရီးစဉ်မှာတောင် တပ်ထိန်း ချုပ် ထွန်းထွန်းညီကို မဆီမဆိုင်ခေါ်သွားလိုက်သေးတယ်။

ရိုဟင်ဂျာသတ်ပွဲနဲ့ပတ်သက်လို့ အရေးယူခံရတဲ့ ကစထ-၃ မှူး ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ နပခတိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုးတို့က သူတို့လုပ်သမျှအားလုံး မင်းအောင်လှိုင်ကိုသတင်းပို့ပြီး ပြန်ညွှန်ကြားမှလုပ်ခဲ့တာလို့ ဖော်ခဲ့ကြတယ်။ ရှေ့တန်းတပ်မှူးတွေအပေါ်ဘဲ အားလုံးလွှဲချတာဟာ တပ်တွင်းမှာ မကျေနပ်မှုအဓိကဖြစ်စေတဲ့ မီးပွားစဖြစ်နေတယ်။ ဘေး ဖယ်ခံရတဲ့ စီနီယာဗိုလ်ချုပ်ကြီးတချို့ကတော့ "ဒီဂျပုမျက်ခွက် ကြည့်မယ့်အစား ချီးဘဲကြည့်မယ်..."လို့တောင် ပြောင် ပြောင် ပြောနေကြတယ်။

ကာချုပ်မင်းအောင်လှိုင်ဟာ တပ်မတချို့ကိုလဲမပေးဘဲ ရှေ့တန်းမှာ နှစ်ပေါက်အောင် စစ်ဆင်ရေးဝင်ခိုင်းထား လို့ မုဒိန်းမှု လုယက်မှု ဓားပြမှုတွေ ထောင်းလမောင်းထလာတယ်။

ကိုးကန့်ရှုံးပွဲတုန်းကလဲ ကစထမှူး ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နဲ့ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးကိုပါ ဖြုတ်ပစ် လိုက်ပြီး အောင်သန်းထွဋ်ကို ပြည်နယ်အဆင့်လွှတ်တော်အမတ်လုပ်ခိုင်း၊ အောင်စိုးကိုတော့ သိန်းစိန်လူရင်း ဖြစ်တဲ့ အဖေအရှိန်နဲ့ ပြည်ထဲရေးပို့ခဲ့ရာက အောင်စိုးက ပြည်ထဲရေးဝန်ကြီးဌာနတိုးတက်အောင်လုပ်နိုင်လို့ နာမယ်ကောင်းရပြီး NLD အစိုးရနဲ့လဲ အဆင်ပြေလာတော့ ဆက်မထားတော့ဘဲ တပ်ထဲပြန်ခိုင်းတာ မင်းအောင်လှိုင်ပါဘဲ။ တကယ်တော့ မင်းအောင်လှိုင်ဟာ ဗမာပြည်ကာချုပ်များသမိုင်းမှာ စီနီယာတွေကော မတိမ်းမယိမ်းတွေကော ဂျူနီယာတွေကပါ လူမုန်းအများဆုံးကာချုပ်ဖြစ် နေတယ်။

အသစ်မွေးထားတဲ့ ထွန်းထွန်းနောင်ကို မင်းအောင်လှိုင်အသုံးပြုပုံနမူနာကိုတော့ တာ့လီမှာ KIA နဲ့ ဗမာစစ်တပ်ဘက်က ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် သြဂုတ် ၅ ရက်နေ့က အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှာ တွေ့နိုင်တယ်။ အဲ့ဒီငြိမ်းချမ်းရေးကိစ္စမှာ ထူးခြားတာက ဗမာစစ်တပ်ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ် ခင်ဇော်ဦးလဲမပါ၊ မြင့်စိုးတို့ သိန်းဇော်တို့လဲမပါဘဲ NLD ရဲ့ ငြိမ်းချမ်းရေးတာဝန်ခံ ဒေါက်တာတင်မျိုးဝင်းလဲ ပါမလာပါဘူး။ အဲဒီဆွေးနွေးပွဲ စစချင်းမှာ ထွန်းထွန်းနောင်က KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို ...

"၁။ ဒို့တာဝန်အရေးသုံးပါး လက်ခံရမယ်၊

၂။ ပြည်ထောင်စုက ခွဲမထွက်ဘူး ကတိပေးရမယ်၊

၃။ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း (NCA-JMC-UPDJC စသဖြင့်) အတိုင်း အပြည့်အဝသွားရမယ်၊ လိုက်ပါရ မယ် (ဆိုလိုတာက စစ်တပ်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးပုံစံကို အပြည့်အဝလက်ခံရမယ်)၊  ဒါတွေကို KIO ဗဟိုကော်မတီက လက်ခံကတိပေးကြောင်း ကြေညာချက်ထုတ်ရမယ်။ ဒါပြီးမှ ဆက်ဆွေးနွေးမယ်တဲ့။ ဒါ့အပြင် ဒီဆွေးနွေးပွဲကဟာတွေကို မီဒီယာတွေကို ထုတ်မပြောရဘူး"တဲ့။

ကြားဝင်အကျိုးဆောင်ပေးတဲ့ တရုတ်မျက်နှာကြောင့်ရော၊ ချက်ခြင်းထပြန်ရမှာ မကောင်းတတ်လို့ရော ဗိုလ်ချုပ်ကြီး အင် ဘန်လနဲ့ ဗိုလ်ချုပ်ဂွမ်မော်က ဒါတွေနောက်မှပြောတာပေါ့၊ အခု လောလောဆယ် အတိုက်အခိုက်တွေရပ်စဲဖို့ အရင်ဆွေးနွေးရ အောင်လို့ပြောလဲ ထွန်းထွန်းနောင်က လက်မခံ။ အဲ့ဒီအချက် ၃ ချက်ကို KIA ဗဟို ကော်မတီက ကြေညာချက်အရင်ထုတ်လို့ စွတ်အမိန့်ပေးနေတယ်။

ဒါ့အပြင် သူယူလာတဲ့ ၂၀၁၁-၂၀၁၂ တုံးက သိန်းစိန်မိန့်ခွန်း၊ မင်းအောင်လှိုင်မိန့်ခွန်းတွေထုတ်ပြပြီး ဒီမိန့်ခွန်းတွေထဲက မူ တွေအတိုင်း လုပ်ရမယ်တဲ့။ အဲ့မူတွေက အားလုံးလက်ခံထားတာဆိုဘဲ။ လက်ရှိသမတမိန့်ခွန်းတွေ၊ အတိုင်ပင်ခံမိန့်ခွန်းတွေ တော့ တခုမှမပါဘဲ သိန်းစိန်ကိုသာ ကိုယ်စားပြုလာတာဘဲဖြစ်နေတယ်။ ဒီလိုနဲ့ ဆွေးနွေးပွဲဟာ ဘာရလဒ်မှမထွက်ဘဲ သဘာဝကျစွာပျက်သွားတော့တယ်။

ဒီပွဲပျက်သွားလို့ AA TNLA MNDAA နဲ့ ဗမာကိုယ်စားလှယ်တို့ သြဂုတ် ၁၂ ရက်နေ့ ကူမင်းမှာတွေ့မယ့် ငြိမ်းချမ်း ရေးဆွေး နွေးပွဲကိုပါ ဗမာဘက်က ရက်အကန့်အသတ်မရှိ ရွှေ့တယ်ဆိုပြီး တဖက်သတ်ဖျက်လိုက်တယ်။ ငြိမ်းချမ်းရေးအစည်းအဝေး မပျက်ပျက်အောင် ဖျက်တာသာဖြစ်တယ်။

အခု တာ့လီဆွေးနွေးပွဲမှာ KIA က တင်ဖို့ရည်ရွယ်ထားတဲ့အချက်တွေကို မင်းအောင်လှိုင် သိပြီးသားဖြစ်တယ်။ ဒါ့ကြောင့်လဲ မင်းအောင်လှိုင်က ဗိုလ်ချုပ်အင်ဘန်လကို ၉၄ စာချုပ်က ကောင်းတာပေါ့လို့ ပြောခဲ့ဖူးတယ်။ ၉၄ ဟာ ၂၀၁၃ မေလစာချုပ်တို့ NCA တို့ထက် ပိုကောင်းတယ်လို့တောင် ပြောခဲ့ဖူးတယ်။ AA TNLA MNDAA သုံးဖွဲ့ ၂၁ ပင်လုံလာတက်တုံးကလဲ မကြာခင် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ မိုင်းလားမှာတွေ့ဆုံဖို့၊ ပြီးရင် ၈ လပိုင်းမှာ မင်းအောင်လှိုင်နဲ့တွေ့မယ်လို့ ပြောခဲ့သေး တယ်။ ဒါပေမဲ့ အခုလက်တွေ့မှာ ထွန်းထွန်းနောင် သွားဆွေးနွေးတော့ ရပ်တည်ချက် ၁၈၀ ဒီဂရီ ချိုးကွေ့သွားတယ်။

ပထမတခေါက်က ချင်းမိုင်မှာ စရဖ ဒုအရာရှိချုပ် ဗိုလ်ချုပ်သန်းထွတ်သိန်းနဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦးလာပြီး KIO ကို အပျော့ဆွဲနဲ့လှည့်တယ်။ အတော်လေးပြေလည်သလောက်ဖြစ်သွားတယ်။ အဲ့တော့ ဒေါ်စုလက်ထက်မှာ ငြိမ်းချမ်း ရေးရသွားမှာကို မအလကစိုးရိမ်ပြီး အခုတခေါက်မှာ ထွန်းထွန်းနောင်ကို ဘီလူးဆိုင်း ကခိုင်းတာ ဖြစ်တယ်။ မကြာခင်ကလဲ ဖာပွန်ပြဿနာအတွက် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးကိုယ်တိုင်က တွေ့ခွင့်တောင်းတာကို ရူးသလိုပေါသလိုနဲ့ တလလောက် မသိချင်ယောင်ဆောင်နေခဲ့သေးတယ်။

အဲ့သလို အုပ်ချုပ်မှုညံ့ဖျင်းတဲ့ကိစ္စ၊ တိုက်ပွဲရှုံးတဲ့ကိစ္စ၊ သားစီးပွားရေးကိစ္စနဲ့ မိန်းမရဲ့LV လက်ကိုင်အိတ်ကိစ္စ၊ ICC ကိစ္စ၊ စတာတွေကြောင့် တပ်ထဲသြဇာကျနေတာကို ပြန်ထူထောင်ဖို့ ၂၁ ပင်လုံညီလာခံမှာ မင်းအောင်လှိုင်က စစ်ဝါဒီတွေအကြိုက် မဟာလူမျိုးကြီးသမားတွေအကြိုက် မျိုးညစ်-မဘသအကြိုက် အထူးသဖြင့် စာဖတ်နေသူကြီးအကြိုက် အမာလိုင်းမိန့်ခွန်း လွှတ်တာဖြစ်တယ်။

ICC ကို ကြောက်တာအပြင် ဒေါ်စုနဲ့တရုတ် လုံးမိပြီး သူ့ကိုဖယ်ထုတ်မှာကိုလဲ စိုးရိမ်နေတယ်။ သူ့ကိုဖြုတ်ပြီး ဒုကာချုပ် စိုးဝင်းကို ကာချုပ်အသစ်တင်မှာ ကြောက်နေတယ်။ ဒါပေမဲ့ လှေနံအများကြီးနင်းထားတဲ့ တရုတ်ကလဲ ကြူကြူလှကို တရုတ်ပြည် ပီကင်း ရှန်ဟိုင်း ကွမ်ကျိုးတို့မှာ တယောက်ထဲရှော့ပင်ထွက်ဖို့ အစစအရာရာ လိုက်အကျိုးဆောင်ပေးခဲ့တာ ၃-၄ ခါရှိပြီ။ အရင်က ဒေါ်ကြိုင်ကြိုင်နဲ့သမီးတော်တွေကို မ,ပေးခဲ့သလိုမျိုး အခုလဲ ကာချုပ်ကတော်ကို လိုင်းသွင်းပေးနေတယ်။ အားလုံးသိတဲ့အတိုင်း တရုတ်က သူ့အကျိုးစီးပွားဘဲအဓိကထားတာဖြစ်တော့ မင်းအောင်လှိုင်ခမြာလဲ ဘာမှပုံသေ မတွက်ရဲ ဘူး။ စာဖတ်နေသူကြီး စိတ်ကြိုက်ခန့်ထားတဲ့ မြထွန်းဦးကိုလဲ ဖြုတ်ရခက်နေလို့ မချစ်သော်လဲ အောင့်ခါနမ်းနေရတယ်။

ICC က ဒေါ်စုနဲ့တရုတ်ကြောင့် နဲနဲပျော့သွားသလိုလိုဖြစ်တော့ မအလ ပြန်ပြီးမာပြလာလဲဖြစ်တယ်။ ဒါပေမဲ့ ပလောင်ရဲမေတွေ အပေါ် စစ်ရာဇဝတ်ဘေးကလဲ ပြေးမလွတ်နိုင်တဲ့ အခြေအနေသစ် ထပ်ကြုံနေရပြန်တယ်။

ဒေါ်စုကို ခရက်ဒစ် မပေးချင်တော့ ဝ မုန်းလား SSA တို့ NCA ထိုးချင်တာကို ကပျက်ကယက်လုပ် အချိန်ဆွဲ ထားဖို့ ကြိုးစား နေတယ်။ ဝ တင်တဲ့ ၁၀ ချက်က အများကြီးလိုက်လျောထားတာကိုလဲ မင်းအောင်လှိုင်က "ဒါလောက်လေးနဲ့ ရင်မခုန်ဘူး"ဆိုပြီး ပယ်ချလိုက်တယ်။ ဒါပေမဲ့ တပ်အကြိုက်ပြောတဲ့အနေနဲ့ ၂၀၂၀ မတိုင်ခင် NCA မထိုးရင် တိုက်ပစ်မယ် ပြောလိုက် သေးတယ်။ ဒါ့အပြင် ကာချုပ်ကြီး မင်းအောင်လှိုင်ဟာ တပ်ထဲက အမာလိုင်းတွေနဲ့ မျက်စိသူငယ်နားသူငယ် ရဲဘော်လေးတွေ ငပိန်းအရာရှိတွေကြား သူရဲကောင်းလုပ်ပြချင်လို့ UWSA ဝ ကို ရန်စဖို့ မထိတထိသွားတိုက်ဖို့တောင် စိတ်ကူးသေးတယ်။ တရုတ်ကိုကြောက်လို့သာ မလုပ်တာ ဖြစ်တယ်။

တကယ်တော့ ၂၀၂၀ မတိုင်ခင် ဒေါ်စုအစိုးရလက်ထက်မှာ မထိုးကြစေချင်လို့ တမင်မပျက်ပျက်အောင် လုပ်နေတာဖြစ် တယ်။ ၂၀၂၀ မှာ သူသမတဖြစ်မယ်လို့စိတ်ကူးယဉ်နေပြီး သူ့လက်ထက်မှ ထိုးစေချင်တာဖြစ်တယ်။ ဒါပေမဲ့ ၂၀၂၀ သမတ ရာထူးအတွက် ကြံ့ဖွတ်ကို သုံးစားမရမှန်းလဲသိပြီးဖြစ် (လက်ရှိကြံ့ဖွတ်ထိပ်သီးတွေနဲ့လဲ သိတ်အဆင်မပြေ) လို့ ဒေါ်စုရဲ့ ရင်ကြားစေ့ရေးစိတ်ကူးယဉ်အိပ်မက်ကိုအသုံးချပြီး မဟာ့မဟာရင်ကြားစေ့မှုကြီး Great Reconciliation သို့မဟုတ် Ultimate Compromise အဖြစ် ၂၀၂၀ မှာ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် သမတလောင်းအနေနဲ့ ဖျာဝင်ခင်း နိုင် ဖို့မျှော်လင့်နေတယ်။ ဒါပေမဲ့လဲ အဲဒီအတွက်ဆို ရွှေမန်းကို အရင်ရှင်းပစ်ဖို့ လိုနေသေးတယ်။

၂၁ ပင်လုံညီလာခံ တတိယအစည်းအဝေးအပြီးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဗမာပြည်မှာ ငြိမ်းချမ်းရေး မလိုလားသူ ဘယ်သူလဲဆိုတာ မကြာခင်ထင်ရှားလာလိမ့်မယ်လို့ ပြောခဲ့တယ်။ အခုတော့ ဒီကနေ့ ဗမာပြည်မှာ ငြိမ်းချမ်းရေးရဖို့အခွင့်အလမ်းကို ဖျက်ဆီးနေတာ ကာချုပ်မင်းအောင်လှိုင်ရဲ့ အာဏာနီလောဘဇောဘဲဖြစ်တာ ထင်ရှားသွားပါပြီ။

အောင်သဇင် + ဂါမဏိ

စိုးနောင်(မုံရွာ)- လှောင်ချိုင့်ထဲကငါ့ကိုလွှတ်ပါရန်ကုန်

$
0
0

လှောင်ချိုင့်ထဲကငါ့ကိုလွှတ်ပါရန်ကုန်
စိုးနောင်(မုံရွာ)
(မိုးမခ)သြဂုတ် ၁၉၊ ၂၀၁၈ 
ငှက်ကလေးတွေက
လှောင်ချိုင့်ထဲမှာ
ကျွန်မက
လှောင်ချိုင့်အပြင်မှာလို့မြင်ကြမယ်။

တကယ်တော့
ငှက်ကလေးတွေလို
ကျွန်မလည်းလှောင်ချိုင့်ထဲမှာပါ

ငှက်ကလေးတွေကို
လှောင်ချိုင့်ထဲကလွှတ်ပေးရင်
ကျန်မလည်း
လှောင်ချိုင့်ထဲကလွတ်လာမှာ။

လွတ်သွားတဲ့ငှက်ကလေးတွေ
ဘယ်ပြန်မယ်ထင်လဲ
ကျွန်မလိုပဲ
ကျွန်မနေတဲ့ရွာလေးဆီကိုပေါ့။

ကျွန်မနေတဲ့ရွာမှာ
ငှက်ကလေးတွေကို
ပြန်ဖမ်းပြီးလှောင်ချိုင့်ထဲထည့်သလို
ကျွန်မကိုလည်း
ပြန်ဖမ်းပြီးလှောင်ချိုင့်ထဲထည့်မယ့်သူရှိတယ်။     ။

ကာတွန်း ဇာနည်ဇော်ဝင်းရဲ့ ရန်ကုန်ရေပေါ်ဈေး

$
0
0

ကာတွန်း ဇာနည်ဇော်ဝင်းရဲ့ ရန်ကုန်ရေပေါ်ဈေး
(မိုးမခ) သြဂတ်စ် ၁၉၊ ၂၀၁၈

စိုးခိုင်ညိန်း ● နှလုံးသားမြေပေါ်တွင် ကွမ်းသွေး မထွေးရ

$
0
0
 စိုးခိုင်ညိန်း ● နှလုံးသားမြေပေါ်တွင် ကွမ်းသွေး မထွေးရ
(မိုးမခ) သြဂတ်စ် ၁၉၊ ၂ဝ၁၈

ကျွန်တော်တို့မြို့လေးကို သတင်းစာက တစ်ရက်နောက်ကျပြီးမှရောက်တယ်။ ဒါတောင် မနက်ခင်းမှာရောက်တာ မဟုတ် ဘူး။ နေ့လယ် ၁၂ နာရီကျော် ညနေပိုင်းလောက်မှ ဆိုင်ကိုရောက်တယ်။ ဂျာနယ်တွေရောင်းတဲ့ ကွမ်းယာဆိုင်လေးကို ကိုယ် ဖတ်ချင်တဲ့သတင်းစာကို နေ့တိုင်းယူပါ့မယ်ဆိုပြီး မှာခိုင်းထားရတယ်။ ညနေခင်းလောက်ရောက်ရင် ကျွန်တော်က ကွမ်းယာ ဆိုင်မှာ သတင်းစာဝင်ဝယ်ပြီး လက်ဖက်ရည်ဆိုင်ထိုင်လေ့ရှိတယ်။ တစ်ရက်မှာတော့ ကျွန်တော်နေ့စဉ် အမြဲတမ်း သတင်းစာ ဝယ်ဝယ်နေတဲ့ ကွမ်းယာဆိုင်ကညီမလေးက အကို ကွမ်းစားမလားလို့ မေးတာနဲ့ ကြုံရပါတယ်။ ကျွန်တော်က ကွမ်းမစားပေမဲ့ ဆိုင်မှာ ခဏတဖြုတ်ထိုင်ပြီး သတင်းစာကို ဟိုလှန် သည်လှန် ဖတ်ကြည့်နေလေ့ရှိတာဆိုတော့ သူမေးမယ်ဆိုလည်း မေး ချင်စရာပါပဲ။ ဆိုင်က ကွမ်းယာဆိုင်ဆိုပေမဲ့ အတော်လေး ကျယ်ကျယ်ဝန်းဝန်း ရှိပါတယ်။ အဖီချထားတဲ့ အမိုးအောက်မှာ ထိုင်စရာ ခုံတန်းလျားရှည်လေးလည်းရှိပြီး ဆိုင်ကရောင်းတဲ့ သတင်းစာ၊ ဂျာနယ်တို့ကို ဝယ်ပြီး ထိုင်ဖတ်ကြတော့ လူက ပြတ်တယ် မရှိပါဘူး။ ကွမ်းသွေးထွေးစရာ ခွက်ကလေးတွေလည်း သေချာလုပ်ပေးထားပြီး မြေပေါ်မှာ ကွမ်းသွေးမထွေးရ ဆိုတဲ့ ဆိုင်းဘုတ်လေးတောင် ချိတ်ထားလိုက်သေးတယ်။ ကွမ်းရောင်းပေမဲ့လည်း လူမြင်ကွင်း မြေကွက်လပ်မှာ ကွမ်းသွေး တွေ ဗလပွနဲ့ဆို အကျည်းတန်နေမှာမို့ အဲဒီဆိုင်းဘုတ်လေး ချိတ်ထားတာဟာ လွန်တယ်လို့ မဆိုသာပါဘူး။ ကွမ်းစားတဲ့ လူ တွေကလည်း လွယ်ရင်လွယ်သလို တွေ့ရာနေရာ ဗျစ်ခနဲ့ ထွေးပစ်လိုက်တာပဲ မဟုတ်လား။

တခြားမကြည့်ပါနဲ့ဦး၊ ကျွန်တော်တို့ ဈေးထဲက အများသုံးဈေးအိမ်သာမှာ အိမ်သာတက်ရင်း ထွေးထားတဲ့ ကွမ်းသွေးကွက်တွေ နံရံထောင့်မှာ ပေပွလို့။ ရန်ကုန်ရောက်တဲ့အခါ တိုက်ခန်းလှေကားကျဉ်းတွေကို တက်ရတဲ့အခါတွေမှာလည်း လှေကားနံရံ ထောင့်တွေမှာ ကွမ်းသွေးကွက်တွေ မြင်မကောင်းဘူး။ လမ်းလျှောက်သွားတော့ ပလက်ဖောင်းတွေပေါ်မှာ ကွမ်းသွေးကွက် တွေက ရှောင်လို့ မရသလို၊ တက္ကစီငှား စီးတော့ မီးပွိုင့်မိနေတုန်း ကားဆရာက တံခါးကို အသာလေးဟပြီး ကတ္တရာလမ်းမပေါ် ကွမ်းသွေးကို ဗျစ်ခနဲ့ ထွေးချလိုက်တာ တွေ့ရတာပါပဲ။ တချို့ဆို အလှစိုက်ထားတဲ့ ပန်းအိုးထဲကိုတောင် ထွေးထားတာ တောင် တွေ့ဘူးသေးတယ်။ ဒါကြောင့် ကွမ်းသွေးမထွေးရဆိုတဲ့ ဆိုင်းဘုတ်ကလေးတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒါ တောင်မှပဲ အဲဒီဆိုင်းဘုတ်ပေါ်ကိုပဲ ရွဲ့ထွေးသွားတဲ့သူက ရှိသေးတယ်။ အမှိုက်မပစ်ရဆိုတဲ့ဆိုင်းဘုတ်ဟာ အမှိုက်ပုံထဲ ရောက်နေသလိုမျိုးပေါ့။

လူတိုင်းကတော့ သန့်ရှင်းမှုကို ကြိုက်နှစ်သက်သူချည်းပါပဲ။ ဒါပေမဲ့လည်း အဲဒီလူတွေကပဲ အမှိုက်ဆိုလည်း စည်းကမ်းမဲ့ တွေ့ရာ ပစ်လိုက်တာပဲ။ ကွမ်းသွေးလည်း ကြုံရာထွေးလိုက်တာပဲ။ လူတိုင်းကသာ အသိဥာဏ်ရှိတဲ့အတိုင်း လိုက်နာနေထိုင် မယ်ဆိုရင် အဲဒီလိုမျိုးဆိုင်းဘုတ်တွေဟာ ချိတ်ထားစရာ မလိုပါဘူး။ ဘယ်လိုနေရာမျိုးမှာ အမှိုက်မပစ်သင့်ဘူး၊ ကွမ်းသွေး မထွေးသင့်ဘူးဆိုတာ အသိဉာဏ်ရှိတဲ့သူတိုင်း သိပြီးသားပဲဟာ။ အများသုံးအိမ်သာနံရံထောင့်မှာ ကွမ်းသွေးထွေးရမဲ့ နေရာ မဟုတ်တာ လူတိုင်းသိပါတယ်။ လူရဲ့ အသိဉာဏ်နဲ့ပဲ မထွေးဖို့ ရှောင်ကျဉ်ရမှာပဲ ဖြစ်ပါတယ်။ လမ်းမပေါ်မှာ ဆိုင်းဘုတ်ရှိရှိ မရှိရှိ အမှိုက်မပစ်သင့်ဘူးဆိုတာ လူတိုင်းသိပြီးသားပါပဲ။ သိတဲ့အတိုင်း လိုက်နာဖို့ပဲ လိုတာပါ။

ကျွန်တော်လည်း မန္တလေးမှာနေတုန်း လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်းက ကွမ်းစားခဲ့ဘူးပါတယ်။ အဲဒီတုန်းက ကွမ်း သွေးကို လွယ်ရင်လွယ်သလို ထွေးလိုက်မိတာပါပဲ။ ကိုယ်ထွေးလိုက်တဲ့ ကွမ်းသွေးဟာ ပတ်ဝန်းကျင် အများအမြင်မှာ အရုပ် ဆိုးပြီး ကျန်ခဲ့သလားလို့လည်း စဉ်းစားနေခဲ့တာ မဟုတ်ပါဘူး။ လတ်တလော ကိုယ်အဆင်ပြေရင် ပြီးရောဆိုတဲ့ စိတ်နဲ့ လုပ် လိုက်တာချည်းပါပဲ။

အမှန်တော့ ကျွန်တော်က ကွမ်းကို ကြိုက်လွန်းလို့စားခဲ့တာတော့ မဟုတ်ပါဘူး။ ကွမ်းရောင်းတဲ့ ကောင်မလေးကို ဖွန်ကြောင် ချင်တဲ့စိတ်နဲ့ စားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့က ကဗျာရူး၊ စာရူးဖြစ်နေတဲ့ အချိန်၊ အပေါင်းအသင်း သူငယ် ချင်းတွေကလည်း ကဗျာသမား၊ စာသမားတွေပဲ များတယ်။ ကျွန်တော်တို့နေတဲ့ ရပ်ကွက်ထိပ်က လမ်းဘေးက ညောင်ပင် အောင်မှာ ကွမ်းယာဆိုင်ရှိတယ်။ ရောင်းတဲ့ကောင်မလေးက ခပ်ချောချောလေး၊ အဲဒီမှာ ကျွန်တော်တို့အုပ်စုက ညမှာ သောက်စားပြီးလို့ ခပ်ထွေထွေလေးဖြစ်နေရင် ကွမ်းဆိုင်သွားပြီး ရစ်ကြတာပေါ့လေ။ နေ့တိုင်းနီးပါးပဲဆိုပါတော့၊ ကျွန်တော် တို့ ဘယ်လိုပဲ ရစ်ရစ် စစ၊ ကောင်မလေးကတော့ ပြုံးလို့ပါပဲ။

ကျွန်တော်တို့က စရင် စာလိုလို ၊ ကဗျာလိုလိုတွေဖွဲ့ပြောပြီး စကြတာ၊ ဥပမာ 'ဒီမယ် ညီမလေး နင်ကလေ ငါ့နှလုံးသားကို ကွမ်းရွက်လေး တစ်ရွက်လို သဘောထားနေတာပဲ။ ကပ်ကျေးလေးနဲ့ ကွမ်းရွက်ကို ညှပ်သလို ငါ့နှသားကို ဖဲ့လိုက်၊ ပြီးရင် နာသွားလားဟင်ဆိုပြီး ထုံးလေးတို့လိုက်၊ ပြီးရင် လုံးခြေပြီး တခြားသူလက်ထဲ ထိုးထည့်လိုက်တော့တာပဲ'စသည် အဲလိုမျိုး တွေပေါ့။ တခါမှာတော့ ညီမလေး ခများ ဒေါသတွေထွက်ပြီး ကပ်ကျေးနဲ့ ကောက်ရွယ်ပြီး ထိုးလိုက်မှာနော်လို့ ပြောနေတယ်။ အဲဒီမှာ ကျွန်တော်က နင်ကိုယ်တိုင်တော့ ငါ့ကိုမထိုးပါနဲ့ဟာ တကယ်လို့ ငါသေသွားရင် နင်ထောင်ထဲရောက်နေပါ့မယ်၊ နင်သေစေချင်ရင် ကပ်ကျေးပေး၊ ငါ့ကိုယ်ငါပဲ ထိုးသတ်လိုက်ပါ့မယ်လို့ပြောတော့မှ ညီမလေးက ပြုံးရယ်လာတော့တယ်။

"ညီမလေးရေ မင်းကြံတိုင်းအောင်စေဖို့ လမ်းထိပ်က ညောင်ပင်ရိပ်မှာ ကွမ်းတယာ ရေတမှုတ်နဲ့ ကိုယ့်နှလုံးသားကို နှုတ် ပိတ်စေခဲ့ပေါ့"ဆိုပြီး ကျွန်တော့်ရဲ့ ကဗျာတစ်ပုဒ်ထဲ ထည့်ရေးခဲ့ဘူးသေးတယ်။ ကဗျာဆိုလို့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ကဗျာဆရာစံညိမ်းဦးရဲ့ ကဗျာတစ်ပုဒ်က ခေါင်းထဲရောက်လာပြန်တယ်။ သူ့ရဲ့ကဗျာကလည်း ကွမ်းယာဆိုင်လေး တဆိုင် အကြောင်းကိုပဲ ရေးဖွဲ့ထားတာပါပဲ။

ကွမ်းရွက်လေးတွေလို စိမ်းစိမ်းစိုမနေတဲ့ ကွမ်းယာဆိုင်

ညှီမလားအထင်နဲ့
ယင်ကောင်တွေက တအုံးအုံး
ညီမလေးကတော့ ပြုံးလို့။

ရမ္မက်နဲ့ အရက်နံ့တွေက တလှိုင်လှိုင်
ချွေးနဲ့ ရေမွှေးနံ့တွေက တကြိုင်ကြိုင်
သူတို့က
ညီမလေးရဲ့ လက်ကလေးကိုမှ ပိုင်ဆိုင်လိုလှရဲ့တဲ့
ကယ်တင်ရှင်လေသံများနဲ့ ဝိုင်းရံကြ
ညီမလေးကတော့ ပြုံးလို့။

ညီမလေး တခစ်ခစ်ရယ်လိုက်ရင်ပဲ
သူတို့ရဲ့ အိမ်ပြန်စိတ်များခမျာ
တံခါးပိတ် ပိတ်သွားခဲ့ရသတဲ့
ညီမလေးကတော့ ပြုံးလို့။

နဂါးလို ရောက်လာ
ကျားလိုပြန်သွားတဲ့ မျက်လုံးတွေ…
ရင်ညွန့်ဆီ တလက်လက်
အတွန့်တက်နေတဲ့ မျက်လုံးတွေ…
နှုတ်ခမ်းပါးလေးဆီ လမ်းသလား
ခြေများတဲ့ မျက်လုံးတွေ…
ညီမလေးကတော့ ပြုံးလို့။

ဘဝဆိုတာ
အပြုံးတွေ အရှုံးတွေနဲ့ သီတဲ့
ပန်းကုံးတစ်ကုံးသာ ဖြစ်တယ်။
ညီမလေး ဘယ်အထိ ပြုံးနိုင်မှာတဲ့လဲ
ညီမလေးရဲ့ ဒိုင်ယာရီမှာ
အရှုံးတွေ ပါမလာဖို့ကိုတော့
အနီးက ကုက္ကိုပင်တပင်ဟာ တတွတ်တွတ်
သူဟာ
ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလို့ပေါ့။ ။

(စံညိမ်းဦး)

ကျွန်တော်တို့ရဲ့ ညီမလေးကွမ်းယာဆိုင်မှာလည်း ကျွန်တော်တို့လို လာပြီး ရစ်ကြ၊ ငမ်းကြ၊ စလေ့ နောက်လေ့ ရှိတဲ့ သူတွေ အများကြီး ရှိတာပါပဲ။ ကျွန်တော်တို့ကတော့ စချင် နောက်ချင် ပျော်ချင်ပါးချင်တဲ့ စိတ်ရင်းနဲ့ပါပဲ။ စော်ကားချင်တဲ့ ရာဂစိတ်နဲ့ မဟုတ်ပါဘူး။ ကျန်တဲ့ အချိန်တွေမှာ မောင်လို နှမလို ခင်မင် ရင်းနှီးနေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ ကျွန်တော်တို့ အဖွဲ့လို မဟုတ်ဘူး။

တခါကတော့ ညီမလေးက ကျွန်တော်တို့အဖွဲ့ကို အကူအညီတောင်းတာကိုတောင် ကြုံရဖူးသေးတယ်။ အဲဒီနေ့ကတော့ ကျွန်တော်တို့က စိတ်ကောင်းဝင်ပြီး သိပ်မရစ်ကြပါဘူး။ အဲဒီအချိန်မှာပဲ အတော်ကိုပဲ မူးနေကြတဲ့ လူနှစ်ယောက်ရောက်လာပြီး ညီမလေးကို ရိသဲ့သဲ့ လုပ်ကြတယ်။ သူတို့ပုံစံတွေက စတဲ့ နောက်တဲ့ပုံစံတောင် မဟုတ်ဘူး။ သူတို့ ရိသဲ့သဲ့လုပ်တာက တော့်တော့ကို ဆိုးဆိုးဝါးဝါး ဖြစ်ပါတယ်။ အဲဒီမှာ ညီမလေးက ကျွန်တော်တို့အဖွဲ့ကို အကူညီတောင်းတာပေါ့။ ကာကွယ် ဖြေရှင်းပေးဖို့ပေါ့။ ဒါနဲ့ပဲ ကျွန်တော်တို့က ကြားတည်းကဝင်ပြီး သူရဲကောင်း လုပ်ပေးလိုက်ရသေးတယ်။

ကျွန်တော်တို့ရဲ့ ကွမ်းယာဆိုင်ညီမလေးက ပါးကွက်ကြားလေးနဲ့ ရိုးရိုးယဉ်ယဉ်လေး နေတတ်သူပါ။ လမ်းဘေးမှာ ကွမ်းယာ ရောင်းနေရပေမဲ့လည်း ဘဝကို တန်ဖိုးရှိရှိ အလေးထားပြီးနေတတ်သူ ဖြစ်ပါတယ်။ ဘာမှ နာမည်ပျက်မရှိသလို ဘာမကောင်း တဲ့သတင်းမှလည်း မကြားရပါဘူး။ အခြေနေအရ လာသမျှပုရိသတွေကို အပြုံးလေးနဲ့ ဆက်ဆံနေရပေမဲ့လည်း သူ့ဘဝကို တော့ သူရောင်းနေတဲ့ ကွမ်းရွက်လေးတွေလိုတော့ အဖြစ်မခံဘူးဆိုတာ နားလည်ထားပါတယ်။

သိပ်မကြာခင်မှာပဲ ကျွန်တော်လည်း ကွမ်းယာပြတ်၊ ရန်ကုန်ပြောင်းလိုက်ရလို့ အဆက်သွယ်လည်း ပြတ်သွားပါတယ်။ နောက်တော့ ညီမလေးလည်း အိမ်ထောင်ကျသွားတယ်လို့ သတင်းတော့ ကြားလိုက်ရတယ်။ ပြီးခဲ့တဲ့နှစ်က မန္တလေးကို ရောက်တော့ သားတွေ၊ သမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ဖြစ်နေတဲ့ ညီမလေးကို ပြန်တွေ့ရတယ်။ အရင်လို ကွမ်းယာရောင်း နေဆဲ၊ လာသမျှကို ပြုံးပြနေဆဲပါပဲ။

စိုးခိုင်ညိန်း

အေးငြိမ်း ● အမှားထောက်ပြခြင်း အနုပညာ

$
0
0
အေးငြိမ်း ● အမှားထောက်ပြခြင်း အနုပညာ
(မိုးမခ) သြဂတ်စ် ၁၉၊ ၂၀၁၈


(၁) အဖိုးနည်းလျှင် အိုးကွဲသာ ရလိမ့်မည်
ကျွန်တော် ယခုလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ QEHS Internal Auditor Course (ISO 9001, ISO 14001, ISO 45001) သွားတက်သည်။ TÜV SÜD-PSB ၌ ဖြစ်၏။ ဈေးကြီးသဗျို့။ ၃ ရက်သင်တန်းကို မြန်မာငွေနှင့် ဆယ်သိန်းလောက် ပေးရ သည်။

သို့သော်လည်း တန်ပါသည်။ သင်တန်းနေရာက Furama River Front Hotel, မနက်စာ၊ နေ့လည်စာ၊ နေ့ခင်းလဖက်ရည် သုံးကြိမ်ကျွေးတာဆိုတော့ အစားအသောက်တင် တနေ့ကို ၈၀၊ ၉၀ ဘိုးလောက်ရှိမည်။ အခန်းခ၊ သင်တန်းဆရာခနဲ့ဆို ဟာ၊ အဲသလောက်ဆို နင်ရို့ဘို့ ကျန်ပါဦးမလားဆိုတော့ သင်တန်းဆရာက ရှူး၊ တိုးတိုး၊ ဘော့စ်မကြားစေနဲ့ ဆို၏။

နောက်ပြီး သင်တန်းသားကို ၉ ယောက်သာ ခေါ်သည်။ သို့မှ သင်တန်းဆရာနှင့် သင်တန်းသားတို့ ကျကျနန ထိတွေ့ဆက်ဆံ နိုင်မည်။

သင်တန်းဆရာမှာ အလွန်တော်ပါသည်။ အလွန်တက်ကြွ ဖျတ်လတ်လှ၏။ နောက်ပြီး Role play လုပ်တော့လည်း Confined Space ထဲဝင်သွားလို့ အောက်ဆီဂျင်ပြတ်တာကို သရုပ်ပြတာ တခါတည်း ခွေခေါက်ကျကာ မျက်ဖြူများလန်လျှက် ကြမ်းပြင်ပေါ် တုံးလုံးပက်လက် လဲပြသည်။ ပြောတာကလည်း တကယ့်ကို အားရပါးရပြောတာဖြစ်၏။

ကျွန်ုပ်တို့က မေးခွန်းများမေးသည့်အခါတွင်လည်း မင်းတို့ကမေးလို့ ငါဖြေခွင့်ရတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ် ဆိုကာ ကျကျနန ရှင်းပြ၏။

သူရှင်းပြတာကောင်းတော့ အကုန်လုံးကို ကျကျနန နားလည်သွားသည်။ မြန်မာစကားတွင် အဖိုးနည်းတော့ အိုးကွဲပဲရမယ် ဟူသည့် စကားပုံရှိ၏။ မိတ်ဆွေတို့ကိုလည်း ပစ္စည်းဝယ်သည်ဖြစ်စေ၊ သင်တန်းတက်သည်ဖြစ်စေ၊ ဈေးပေါတာမရွေးပါနှင့်။ အိုးကွဲပဲ ရပါလိမ့်မည် ဟု သတင်းစကားပါးလိုပါသည်။

(၂) ပြည်ဗာလနံထောင်စု

ISO 45001, 5.1 Leadership and Commitment အပိုဒ်ခွဲ (k) ၌ -
Protecting workers from reprisals when reporting incidents, hazards, risks and opportunities;

- ဟု ပါ၏။

အကယ်၍ မန်နေဂျာတဦးသည် လုပ်ငန်းခွင်ထဲ၌ အန္တရာယ်မကင်းသည့် အလုပ်တခုကို လုပ်နေသည်ဖြစ်အံ့။ အလုပ် သမား တဦးသည် ထိုမန်နေဂျာ အန္တရာယ်မကင်းသည့်အလုပ် လုပ်နေကြောင်းကို ထောက်ပြနိုင်ခွင့်ရှိရမည်။ ထိုသို့ ထောက်ပြသည့် အတွက် ထိုအလုပ်သမားကို အရေးယူ၊ အပြစ်ပေးခြင်းမှ (အဖွဲ့အစည်း/စီမံခန့်ခွဲရေးအဖွဲ့/ အုပ်ချုပ်ရေး အဖွဲ့ သည်) အကာ အကွယ်ပေးရမည်။

လှလိုက်သည့်အကွက်ခင်ဗျာ။ ဤအပိုဒ်သည် ကျန်သည့် ISO 9001, ISO 14001 တို့နှင့် ကွဲပြားခြားနားချက်ဖြစ်၏။ ကျန် standard နှစ်ခုတွင်မပါ။ 45001 တွင်သာပါသည်။

ကျွန်ုပ်တို့မြန်မာပြည်တွင် ဤယဉ်ကျေးမှု ပျောက်ဆုံးနေသည်။ ကျွန်ုပ်တို့ဆီတွင် သားသမီးက မိဘအမှားကိုထောက်ပြခြင်း၊ တပည့်က ဆရာ့အမှားကိုထောက်ပြခြင်း၊ အောက်လက်ငယ်သားက လူကြီး၏အမှားကို ထောက်ပြခြင်းတို့မှာ အလွန်ရိုင်း သော၊ မယဉ်ကျေးသော၊ မနာခံတတ်သော အပြုအမူများဖြစ်လေသည်။

အကယ်၍ ကျောင်းသားတယောက်က ဆရာမှားနေသည်ကို ထောက်ပြသည်ဖြစ်အံ့။ မင်းဘာကောင်လဲ၊ ငါဘာကောင်လဲ နှင့် တွေ့သွားမည်။ ဆရာသည် မမှားတော့ပြီလော။ (မမှားတဲ့ရှေ့နေ၊ မသေသော ဆေးသမားဟူသည့်စကားပုံတွင် ကျွန်ုပ် ကတော့ မမှားသည့်ဆရာ၊ မနာတတ်သည့်အမတ်ဟု ထပ်ဖြည့်ချင်မိလေ၏။)

နောက်ပြီး မြန်မာယဉ်ကျေးမှု မျက်နှာစာမှာကိုက မိဘစကား၊ နားထောင်ငြားသော်၊ သံပြားကျောက်စောင်း၊ ကျိုသော်ပြောင်း ၏ဟု ဆိုထားသည်မဟုတ်ပါလား။ ဤနေရာတွင်သုံးထားသည့် မိဘစကားဆိုသည်မှာ ပြောသမျှစကားအားလုံးကို ဆိုလို သည်ဟု နားလည်မိပါသည်။ သို့ဆိုလျှင် ကျွန်ုပ်ခေါင်းထဲ၌ အတွေးတစ ဝင်လာ၏။ မိဘလုပ်သမျှ၊ ပြောသမျှသည် ဘယ် သောအခါမှ မမှားတော့ပြီလော။ အခါခပ်သိမ်း အလုံးစုံချည်း မှန်နေပါသလော။

သားသမီးသည် မိဘပြောတာ နားထောင်ရမည်။ တပည့်သည် ဆရာပြောတာကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ နာယူရ မည်ဟု ကျွန်ုပ်တို့ယဉ်ကျေးမှုတွင် သည်လိုပဲခံယူထားကြ၏။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဤယဉ်ကျေးမှုကို ကျွန်တော် မကြိုက်ပါ။ မနှစ်သက်ပါ။ ခံတွင်းမတွေ့ပါ။

ကျွန်တော်ကတော့ သားသမီးသည် မိဘက အကျိုးသင့်အကြောင်းသင့်နှင့် နည်းမှန်လမ်းမှန်ဆုံးမလျှင် နာခံရမည်။ ဆရာက သင်ကြားပြသသည်တို့မှာ မှန်ကန်ကောင်းမွန်နေပါက နာယူရမည်။ သည်အတိုင်းသာ ဖြစ်စေချင်ပါသည်။ အနို့၊ မြတ်စွာ ဘုရားကလည်း သည်အတိုင်းဟောခဲ့သည်မဟုတ်လော။ ကျွန်ုပ် ဂေါတမမြတ်စွာဘုရားကို ချစ်ခင်မြတ်နိုး တန်ဘိုးထားမိ သည်မှာ ဤအချက်များကြောင့် ဖြစ်သည်။

မြတ်စွာဘုရားက ဟေ့ကောင်တွေ၊ မင်းတို့ ငါပြောတာပဲ နာခံရမယ်။ ဟုတ်တယ်မဟုတ်ဘူး ဘာမှ ပြန်ကွန်ပလိန်းတက်မယ် မကြံကြနဲ့ဟု မဆိုခဲ့။ ငါပြောတာတွေ လက်တွေ့ကျင့်သုံးပြီး ဟုတ်တယ်၊ မှန်တယ်၊ ကြိုက်တယ်ဆိုမှလက်ခံဟုသာ ဆုံးမခဲ့ လေသည်။

ထို့ပြင်တဝ မြတ်စွာဘုရား၏ လက်ယာရံ အဂ္ဂသာဝကကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာကလည်း မှားနေတာကို ထောက်ပြလျှင် အကျိုးအကြောင်းဆီလျော်ပါက လက်ခံရမည် ဆိုသည့်အကြောင်း နမူနာပြကာ ဆုံးမခဲ့သည်။

အခါတပါးသော် သာမဏေငယ်လေးတပါးက အရှင်သာရိပုတ္တရာ သင်္ကန်းရုံထားသည်ကို အောက်စမညီကြောင်း ထောက် ပြ၏။ ဤသည်ကို အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ရိုသေစွာနာခံလျှက် သင်္ကန်းကိုပြင်ရုံကာ ကိုရင်လေးအား ညီပါပြီလား င့ါရှင်ဟု တလေးတစား ပြသခဲ့သည်။

ကျွန်ုပ်တို့ထံတွင် ဤမျှကောင်းမွန်လှသော အဆုံးအမများ၊ နမူနာများရှိပါလျှက် အနည်းငယ်မျှ အတုမယူနိုင်ကြခြင်းကား မည်သည်နှင့် တူသနည်းဟူမူ ပတ္တမြားတုံးကို မည်ကဲ့သို့ သုံးရမှန်းမသိ၍ ဖိုခုံလောက်တုံး* လုပ်နေသော လူ့ဗာလနံကဲ့သို့ ဖြစ်၏။

*ဖိုခုံလောက်တုံး = ထမင်းအိုးကို ထင်းမီးဖြင့်ချက်ရာတွင် အိုးတည်ရန် တည်ထားသော ကျောက်တုံး။ ပုံမှန်အားဖြင့် သုံးတုံးရှိ၏။ အဘယ်ကြောင့် ဆိုသော် 3 Dimension သာ ရှိသောကြောင့်တည်း။

အမှန်စင်စစ် ကျွန်ုပ်တို့ကား ငါသာအမှန်၊ နင်ရို့ပြောတာ အကုန်လုံးအမှား။ မြန်မာပြည်မှာ ငါ့လောက်တတ်တာ တယောက်မှ မရှိဘူး ဟု အချောင် မာနတက်နေသည့် လူ့ဗာလနံများသာ ဖြစ်ချေ၏။

(၃) အတော်တုံးသည့် ကျွန်ုပ်
ဒေါ်အောင်ဆန်းစုကြည် စင်ကာပူလာတော့ ဒီအစိုးရလက်ထက်မှာမှ ကြောက်နေသေးရင် အဲဒါ အတော်တုံးတဲ့သူပဲဟု ပြောခဲ့၏။

ဟုတ်ကဲ့၊ ကျွန်တော် ငတုံးပါခင်ဗျာ။ စာလေးနည်းနည်းလောက် ရေးမယ်ကြံလိုက်။ ရန်ကုန်က မမတို့ ငါးပိကြော်ရမှာ အား နာလိုက်နှင့် ဟိုဟာလည်း မရေးနိုင်၊ သည်ဟာလည်း မရေးဖြစ် ရှိခဲ့သည်။

အင်မတန်ထိန်းရေးတာတောင် မမက ရန်ကုန်ကနေ လှမ်းလှမ်း ဆင်ဆာဖြတ်သေးသည်။ ဟဲ့၊ ဘယ်သူတို့ အဖမ်းခံရတာ နင်မတွေ့ဘူးလားဆိုလိုက်သည်နှင့် ကျွန်ုပ်မှာ အူယားဖားယား ပြန်ပြန်ဖျက်နေရလေသည်။

ဟုတ်ကဲ့၊ ကျွန်တော် ငတုံးပါခင်ဗျား။

သည်ကနေ့ ဖေ့စ်ဘုတ်ပေါ်တွင် အစိုးရ၏အမှားများကို ထောက်ပြသည့် ပို့စ်များ တွေ့မိ၏။ ထိုပို့စ်များအောက်တွင် ၇ သိန်း၊ ၄ သောင်း၊ ၈ ထောင်၊ ၃ ရာ၊ ၄ ဆယ့်၊ ၉ ခုမျှသော ကွန်မင့်များကိုလည်း အသင်ဖတ်ရလိမ့်မည်။ ထိုကဲ့သို့သော ကွန်မင့်များကို မဖတ် လိုသောကြောင့်လည်း ကျွန်တော် ဘာမှမရေးခြင်း ဖြစ်လေသည်။

ပြည်သူလူထုသည် နေရာအနှံ့အပြားတွင်ရှိ၏။ မျက်စိပေါင်း သန်းနှင့်ချီရှိ၏။ အစိုးရဟူသည် မျက်လုံးအနည်းငယ်သာ ရှိ သည်။ ထို့ပြင် နေရာတကာ အနှံ့မရောက်နိုင်။ တိုင်းပြည်အတွင်း ဘာတွေဖြစ်ပျက်နေသည်ကို အခါခပ်သိမ်း မသိနိုင်။ အစိုး ရထက် နည်းပညာပိုင်းတွင် ပိုမိုကျွမ်းကျင်သော ပြည်သူများ တိုင်းပြည်တွင် အနမတဂ္ဂရှိသည်။ ထိုသူများ၏ အကြံပြုချက် များကို ထည့်သွင်းမစဉ်းစားသင့်ပါသလော။

ပြည်သူများက အကျိုးသင့်အကြောင်းသင့် ထောက်ပြလာလျှင် လက်ခံရမည်သာ ဖြစ်၏။ အမှန်ဆို ထိုကဲ့သို့ ထောက်ပြသူ များကို ဆုလဒ်များပင် ပေးသင့်လေသည်။ ထို့ကြောင့်လည်း ဆိုကရေးတီးက သူ့အတွက်အကောင်းဆုံးဆုမှာ အိမ်ကောင်း ကောင်း ဆောက်ပြီး အစားကောင်းကောင်း ကျွေးထားခြင်းသာဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်၏။ သို့တိုင် သူလည်းပဲ အဆိပ် သောက် သွားရသည်သာ ဖြစ်လေသည်။

ကျွန်ုပ်တို့ခေတ်မှ လူများကား ဆိုကရေးတီးလောက် မမိုက်မဲ။ အနို့ အမေပေးထားသည့် အသက်ကလေးမှာ တချောင်းမျှသာ ရှိသည်။ ထွက်သွားလျှင် ပြန်ထည့်လို့ ရစကောင်းသောအရာမဟုတ်။ အရမ်းရောကာရော ရမ်းမိုက်လို့မဖြစ်။ ဆိုကရေးတီး ကတော့ အဆိပ်ခွက်ကို ရဲရဲသောက်နိုင်ပေမည်။ သူ့အကြောင်း သူသိပေသကိုး။

ကျွန်ုပ်တို့လို အပြစ်အနာအဆာများနှင့် ပြည့်နေသူများအဖို့တော့ သူ့လို အဆိပ်ခွက်ကို ကိုကာကိုလာအမှတ်နှင့် သောက်နိုင် ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်၏။ သို့မို့ကြောင့်လည်း လူလိမ္မာသားသမီးများ လုပ်နေကြရခြင်း ဖြစ်လေသည်။

အခုတော့ ကျွန်ုပ်က ကျောင်းသုံးစာအုပ်မှ အမှားများကို အပင်ပန်းခံလျှက် ကျကျနန ပြုစုထားတာကိုပင် တင်ပြရဲသူမရှိ။ အားလုံးက ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ ဆိုကာ ချောင်ထိုးထားခြင်း ခံရလေသည်။

နိဂုံးချုပ်ရလျှင်

မိမိအမှားကိုထောက်ပြမှာ ကြောက်နေသည့် လူ့အဖွဲ့အစည်းကား တိုးတက်မှုနှင့် ဝေးနေဦးမည်သာဖြစ်ကြောင်း ကျွန်ုပ်က ရဲရဲကြီး ပြောလိုက်ပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၈ သြဂုတ်လ၊ ၂၀၁၈ ညနေ ၈ နာရီ

အောင်ငြိမ်းချမ်း (Myanmar Now) ● ကချင်ပြည်နယ်ဝန်ကြီးပြောပြသည့် ကျောက်စိမ်းတွင်းဒေသပြဿနာများ (အင်တာဗျူး)

$
0
0
 အောင်ငြိမ်းချမ်း (Myanmar Now) ● ကချင်ပြည်နယ်ဝန်ကြီးပြောပြသည့် ကျောက်စိမ်းတွင်းဒေသပြဿနာများ (အင်တာဗျူး)
(မိုးမခ) သြဂတ်စ် ၁၉၊ ၂၀၁၈


သူဌေးဖြစ်ရေးအိမ်မက် တစ်ပွေ့တစ်ပိုက်ဖြင့် ကချင်ပြည်နယ် ကျောက်စိမ်းဒေသသို့ သွားရောက်သူများထဲတွင် နိုင်ငံအနှံ့ အပြားမှ အလုပ်သမား သိန်းနှင့်ချီ ရှိနေသည်။

၎င်းတို့ကို ရေမဆေးသမားဟု ထိုဒေသတွင် ခေါ်ကြပြီး မကြာခဏပေါ်ပေါက်တတ်သော လုပ်ငန်းခွင် မြေပြိုကျမှု မတော် တဆ ဖြစ်စဉ်နှင့် ရင်ဆိုင်နေရသည်။ ထိုဖြစ်စဉ်များကြောင့် သေဆုံးနှုန်းသည် လစဉ် ၁၆ ဦး ဝန်းကျင် ရှိနေသည်။

ကမ္ဘာ့အကောင်းဆုံးကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသတွင် ဝမ်းနည်းစရာ အဖြစ်ဆိုးတို့ ဖြစ်နေရသည့် အကြောင်းရင်း၊ ပြဿနာကို ကိုင်တွယ်ပုံတို့နှင့် ပတ်သက်ပြီး ဇူလိုင်လကုန်ပိုင်းက ကျောက်စိမ်းတွင်းအထိ သွားရောက်လေ့လာထားသူ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က ပြောပြထားသည်။
+++

ဖားကန့်က အထွေထွေပြဿနာတွေကို ကိုင်တွယ်ဖို့အတွက် ဘာတွေလုပ်ဖို့လိုပါသလဲ။

ရတနာနယ်မြေ သတ်မှတ်လိုက်ပြီဆိုတာနဲ့တော့ ပြတ်သားမှုတစ်ခုတော့ရှိရမှာ၊ သတ်မှတ်ထားတဲ့ နယ်မြေထဲကို ဝင်ထွက်လာတာကအစပေါ့။ ရတနာနယ်မြေ မဟုတ်တဲ့ တနိုင်း ဒေသတွေမှာ လမ်းဆိုရင်လည်း ဂိတ်ထားပြီးတော့မှ တပ်မတော် အနေနဲ့ ကျပ်ကျပ်မတ်မတ် လုပ်တာတွေလည်း တွေ့ရတယ်။ ဒါတွေကတော့ နိုင်ငံတော်ရဲ့ ရတနာတွေကို တစ်ဖက်တစ်လမ်းက မထွက်အောင် သူတို့အနေနဲ့ လုပ်ရတာ။ အတွင်းစည်းဖြစ်တဲ့ ဖားကန့်မှာကျတော့ အဲဒီလိုမျိုး ရှင်းလင်းတာလည်း မတွေ့ရဘူး။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာဘက်ကို သွားခဲ့တယ်လို့ သိရတယ်ခင်ဗျ။ ဘာတွေလုပ်ဆောင်သွားဖို့ရှိပါသလဲ။

တချိန်တုန်းက ရေမဆေးဆိုတာတွေက ပစ်စာပုံတွေပဲ အလေးထားတယ်။ နောက်ပိုင်းကျတော့ ခြံစည်းရိုးဖျက်ပြီးမှ ဝင်လာတယ်။ လုပ်ငန်းခွင်မှာပါ ရောက်လာတယ်။ အခုဆိုရင် သက်တမ်းကုန်တဲ့လုပ်ကွက်တွေမှာရှိတဲ့ နေရာတွေကိုပါ ထိပါးလာတယ်။

နောက်တစ်ဆင့် ပတ္တမြားနဂါး(ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ)ရဲ့ ဂိုထောင်ထဲကို ဝင်တယ်။ အခု ပတ္တမြားနဂါးကျောက်စိမ်းဂိုထောင်မှာ ကျွန်တော်ရှိတယ်။ သူတို့ရဲ့ကျောက်တွေကို ကျွန်တော် သွားကြည့်တယ်။ နိုင်ငံတော်နဲ့ အကျိုးတူဆိုရင်တော့ ကျောက်စိမ်းရုံးမှာ ထိန်းသိမ်းထားတယ်။ ဒါတွေကို ဘယ်လိုလုပ်မလဲ ဆိုတာကို ဆွေးနွေးဖို့ ကျောက်မျက် လုပ်ငန်းရှင်တွေနဲ့ အခုပြန်တွေ့မယ်။ သူတို့ဆီကနေ သူတို့ရဲ့လိုလားချက်၊ ဘာတွေ လိုအပ်နေတယ်ဆိုတာတွေပေါ့။ ဒါက နိုင်ငံတော်အဆင့်ပဲ၊ ရေ ခဏခဏ ကြီးတဲ့ ဥရုချောင်းလည်း နိုင်ငံတော်အဆင့်၊ ရေမဆေးလည်း နိုင်ငံတော်အဆင့်ဖြစ်နေပြီ။ ကျွန်တော်တို့အဆင့် နဲ့က ဘယ်လိုမှ ထိန်းကျောင်းလို့မရဘူး။ ပြည်ထောင်စုနဲ့ ကချင်ပြည်နယ်အစိုးရအကြားမှာ ပေါင်းစပ်ညှိနိုင်းပြီးမှ အဖြေရှာရမယ့်အပိုင်းတွေဖြစ်နေတယ်။ ညှိနိုင်းတဲ့အခါမှာ သက်ဆိုင်ရာ ဒေသခံတွေရဲ့ လိုလားချက်၊ သဘောထားမပါရင်လည်း ဆုံးဖြတ်ရခက်တယ် ဆိုပြီးတော့ သူတို့ရဲ့ သဘောထားဆုံးဖြတ်ချက်ရယူဖို့အတွက် ကျွန်တော်တို့က ဒီဘက်ကို ပဏာမ ကွင်းဆင်းရတာပါ။

ရေမဆေးတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်မယ့် အစီအစဉ် ဆွဲခဲ့ဖူးလား၊ ဆွဲနေပြီလား။

ကျောက်မျက်ဥပဒေဆိုတာ ပေါ်ပြီးသား၊ လုပ်ထုံးလုပ်နည်း ရှိပြီးသားပါ။ လက်တွေ့ အကောင်အထည် ဖော်တဲ့အပိုင်းမှာ အားနည်းတာ တွေ့ရတယ်။ ဒီလူစုလူဝေး ဆိုတာက (အယောက်) ၅ဝ ကျော်ရင် မဖြစ်သင့်ဘူး။ တားမြစ်ထားတဲ့နေရာမှာ အိမ်လာဆောက်၊ တဲလာထိုး အဲဒါမျိုးတွေကအစ၊ ဘယ်သူက ထိန်းမှာလဲလို့ ပြောရင်တော့ စည်းမျဉ်းစည်းကမ်းအရတော့ လက်နက်ကိုင်တွေနဲ့ ရဲတွေကို တာဝန်ပေးထားတာ၊ နောက် နယ်မြေခံတပ်တွေတော့ ရှိတယ် ဆိုတော့ တစ်ဦးနဲ့တစ်ဦး ပေါင်းစပ်ညှိနှိုင်းမှု အားနည်းတာလို့ပဲ ကျွန်တော် မြင်မိတယ်။

သဘာဝပတ်ဝန်းကျင်အရေးအတွက် ဘာတွေဆောင်ရွက်ထားလဲ။

(၂ဝ၁၄ မှာ လုပ်ခဲ့တဲ့) ၅၁ ကြိမ်မြောက်ကျောက်မျက်ရတနာပြပွဲ ပြီးတဲ့အခါမှာ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းကနေပြီး တော့ ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည် ဆောင်ရွက် လုပ်ဆောင်ဖို့ ဆိုပြီးတော့မှ ရန်ပုံငွေတွေချပေးတာ ရှိပါတယ်။ ရန်ပုံငွေ စနစ်တကျ သုံးစွဲဖို့အတွက် ရပ်၊ ကျေး (ကော်မတီ) ကနေ တင်ပြပါမယ်၊ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီ တဲ့ဟာတွေဆိုရင် မြို့နယ်ကိုတင်ပြပြီးမှ ကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးပါမယ် ဆိုပြီးတော့မှ အကောင် အထည်ဖော်တဲ့အပိုင်းတွေ ရှိပါတယ်။ အခုဆိုရင် အမေရိကန်ဒေါ်လာ ၆ သန်း ရှိတဲ့အထဲက ကျွန်တော်တို့ ကချင်ပြည်နယ်ကို ဒေါ်လာ ၂ သန်း၊ ကျန်တဲ့ စစ်ကိုင်းတိုင်းတို့ မန္တလေးတိုင်းက မိုးကုတ်တို့အတွက် ဒေါ်လာ ၁ သန်းစီ ချပေးတယ်။ အဲဒါတွေကို ဒီနှစ်ထဲမှာ ကျွန်တော်တို့ အကောင်အထည် စဖော်တာ ရှိပါတယ်။

ကုမ္ပဏီတွေဘက်ကရော သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတိအကျလိုက်နာလား။

သူတို့က လိုက်နာတာရှိပါတယ်။ ဒါပေမဲ့ ရေမဆေးတွေ ဝင်လာတဲ့အခါမှာ ဆိုင်းဘုတ်တွေကအစ နင်းခြေပစ် စသဖြင့် လုပ်ချင်ရာ လုပ်ကြတော့ ဒီလူထုတွေ အုံကြွမှုဖြစ်မှာလည်း စိုးရိမ်ရတယ်။ ပိုဆိုးတာက ဒီဘက်မှာ (ဇူလိုင်) ၉ ရက်ကနေ ၁၃ ရက်ကြားဖြစ်တဲ့ ဂိုထောင်အထိ ဝင်လာတဲ့ကိစ္စတွေက တော်တော်လေး ဆိုးဝါးတယ်။ အဲဒါကို ထိန်းမနိုင်သိမ်းမရဖြစ် လာတဲ့အခါ ကုမ္ပဏီပိုင်ရှင်က တော်တော်လေးကိုဆုံးဖြတ်ရခက်တဲ့အခါ နှစ်ပေါင်းနှစ်ဆယ်ကျော် လောက် သူစုစည်းထားတဲ့ Reject ကျောက်တွေကို ကုမ္ပဏီမှာထားရင်လည်း အမှိုက်ဖြစ်နေတယ်၊ ရေမဆေးတွေရဲ့ မက်လုံး ဖြစ်နေတဲ့အခါကျတော့၊ သူ့ဆီမှာ လူ ၁ဝဝ လောက် ဝင်လာတယ်၊ နောက် ၃ဝဝ လောက် ဖြစ်လာတယ်။ သူတို့လည်း ဘယ်လိုမှ ရှင်းလို့မရတော့ ကုမ္ပဏီမှာ လူသတ်မှုတွေ ဖြစ်ကုန်တော့မယ်ဆိုတော့ သူက အပြင်ကို ထုတ်လိုက်ရတယ်။ အမှန်ကတော့ ကျောက်တွေ အဲဒီလောက် ကီလို များလာပြီဆိုရင် ကျောက်စိမ်းရုံးမှာ တင်ဒါခေါ်သင့်တယ်။

သက်တမ်းလွန်လုပ်ကွက်တွေမှာ တူးဖော်နေတာကို ဘယ်လိုကိုင်တွယ်နေပါသလဲ။

သွားလို့ရတဲ့နေရာရှိသလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နေရာတွေလည်း ရှိတယ်။ အဲဒီလိုနေရာတွေမှာ သက်ဆိုင်ရာ ဌာနတွေက လုံခြုံရေးအား မကောင်းလို့ သွားပြီး ကြပ်မတ်ရတဲ့အပိုင်း ခက်ခဲတာပေါ့၊ အဲဒီလိုမျိုးနေရာတွေလည်း ရှိပါတယ်။ သက်တမ်းမကုန်တဲ့အကွက်ကို တူးနေသလိုနဲ့ သက်တမ်းကုန်တဲ့ အကွက်မှာ ထပ်တူးတာတွေက မရှိဘူးလို့ မပြောနိုင်ဘူး၊ ရှိနို်င်တယ်။ သတင်းအရကတော့ ရှိနေတယ်၊ ကျွန်တော်တို့က သွားပြီးမကြည့်နိုင်ဘူး။

ဒီအခြေအနေတွေကို ဘယ်လိုဖြေရှင်းရင် အဆင်ပြေမလဲ။

ဒီမှာ မူဝါဒ အားဖြင့် ချမှတ်ပေးဖို့ လိုအပ်တာပေါ့လေ၊ ဒေသခံတွေကလွဲလို့ အခြားဒေသတွေက လာတာတွေကို ရာခိုင်နှုန်း ဘယ်လောက်အထိ လက်ခံမယ် စသည်ဖြင့်ပေါ့။ အလုပ်လက်မဲ့တွေကို ဘယ်လိုမျိုးနည်းနဲ့ ဖြေရှင်းမယ်။ ရေမဆေးတွေကို စားရင်းဇယား သေချာကောက်ပြီးတော့မှ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ပြောရမယ်ဆိုရင်တော့ဗျာ အကြီးစားလည်း လုပ်လို့မရ အလတ်စားလည်း လုပ်လို့မရဆိုတဲ့အခါမျိုးပေါ့နော်။ တောင်ကမ်းပါးယံတွေမှာက ကျောက်ကြောတွေက ကောင်းတဲ့ အခါကျတော့ သူတို့ ဝင်တူးတယ်။ တူးတဲ့အခါကျတော့ မြေပြိုမှုတွေ ဖြစ်တာပေါ့လေ။ အပေါ်က ဝိတ်ကို မထိန်းနိုင်ဘူး။ ဒါပေမဲ့ တူးဖော်မှုအပိုင်းကို ပြည်နယ်ရဲ့ ကွပ်ကဲမှုအစီအမံနဲ့လုပ်ခိုင်း၊ အဲဒီဒေသနဲ့ လိုက်လျောညီထွေတဲ့ပုံစံမျိုးနဲ့ သွားပြီးမှ သေချာ လူထုထဲကို ထဲထဲဝင်ဝင်ပြန်ဝင်ပြီး တူးဖော်ရေးအပိုင်းကို နယ်ခံတွေပေး၊ အကြီးစား အလတ်စားတွေ လုပ်တာတို့၊ ကျောက်ထွက်လာတဲ့အခါ ရောင်းဝယ်တဲ့အပိုင်း၊ ဈေးကွက်ပိုင်းကို နိုင်ငံတော်က ကိုင်တွယ်ပေးရင်တော့ အဆင်ပြေမလားပေါ့။ သာမန်အရောင်းအဝယ် ကျောက်ဝိုင်းလောက် အဆင့်ကိုတော့ ရတနာနယ်မြေမှာ လွတ်လပ်စွာ သွားလာခွင့်တွေပေးပြီးတော့ ထိန်းကျောင်းတဲ့အပိုင်းကို လုပ်ငန်းရှင်များအသင်းကတစ်ဆင့် သော်လည်းကောင်း၊ မြို့မိမြို့ဖတွေက သော်လည်းကောင်း ကော်မတီလေးတွေ ဖွဲ့စည်းပြီးတော့ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းမှုကို အဆင်ပြေသွားအောင် လုပ်ကိုင်ခွင့်ရမယ်ဆိုရင် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့က ခွင့်မပြုလည်း သူတို့က တူးနေ၊ ရောင်းဝယ်နေတာပဲ။

ဥရုချောင်းထဲ မြေဖို့တာ၊ စွန့်ပစ်မြေစာ သတ်မှတ်စည်းကမ်းအတိုင်း မစွန့်ပစ်တာတွေကိုရော ဘယ်လိုကြီးကြပ်လဲ။

အဲဒီအစီအမံကို ပေါ်လစီချမှတ်ထားတာကတော့ ဒီလိုဗျ။ ဘယ်မှာဖြစ်ဖြစ်ဒေသရဲ့ လိုအပ်ချက်တွေကို ဒေသခံတွေဆီကနေ တက်လာဖို့၊ တက်လာတဲ့အပေါ် မူတည်ပြီးမှ သဘာဝပတ်ဝန်းကျင် ပျက်စီးလာတဲ့ လုပ်ငန်းတွေကိုကျတော့ ရန်ပုံငွေရှိပါတယ်။ အဲဒါမျိုးတွေနဲ့ ဖြည့်ဆည်းပေးတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ရပ်ကျေးဆီ မရောက်ခင် လုပ်ငန်းရှင်တွေနဲ့၊ မြို့မိမြို့ဖနဲ့ အထောက်အကူပြုအဖွဲ့တွေနဲ့ ဆွေးနွေးပြီး ဥရုချောင်းထဲကို ပစ်စာတွေပစ်လို့ ရွာရေကြီးတဲ့အတွက် ရေတားတမံလေးတွေ လိုအပ်တယ်ဆိုပြီး ဆွေးနွေးပြီးရင် ရပ်ကျေးကို ပြန်တင်ပြတယ်။ ရပ်ကျေးကနေပြီးမှ အစည်းအဝေးခေါ်ပြီးကော်မတီဖွဲ့ပြီး မြို့နယ်ကနေ တစ်ဆင့် ပြည်နယ်ကိုတင်ပြခိုင်းထားတာတွေ ရှိပါတယ်။ တင်ပြလို့ စည်ပင် ပါရမယ်၊ လွှတ်တော်ကိုယ်စားလှယ် ပါရမယ် ဆိုတော့မှ အဆင့်ဆင့်တင်ပြဖို့ ပြောထားပါတယ်။

မြေပြိုမှုဖြစ်ပြီးနောက် ရှာဖွေရေး၊ ကယ်ဆယ်ရေးအပိုင်းတွေ သေချာမလုပ်နိုင်ဘူး ဆိုပြီး ဝေဖန်နေတာကို ဘာမှတ်ချက် ပေးချင်လဲ။

ဒါကတော့ မလုပ်နိုင်ဘူး။ ဖော်မယ်ဆိုရင်တောင်မှ ယန္တရားတွေနဲ့ ပြန်တူးဖော်မှရမယ်။ အဲဒီမြေပျော့မှာ ယန္တရားသွားလို့ မရဘူး။ အခက်အခဲတွေလည်း ရှိတယ်။ နောက် မိုးရေနဲ့ရောနေတဲ့ ရွှံတစ်ပိုင်းဖြစ်နေတဲ့ မြေကြီး ဖြစ်နေတယ် ဆိုတော့ ကမ်းပါး ပါးပါးလေးပေါ် ကပ်ပြီးတော့ အလုပ်လုပ်နေတယ်။ ဒါက ပြင်ဆင်ရေးကို အားနည်းတယ်လည်း ပြောလို့မရဘူး။ ပြီးတော့လည်း ကယ်မဲ့သူတောင် ပါသွားနိုင်တဲ့နေရာမျိုး ဖြစ်နေတယ်။ ။

# #

ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင် (အာင်ငြိမ်းချမ်း/Myanmar Now)

ကာတွန်း စည်သူကျော်ရဲ့ မျက်နှာဖုံးတွေရမယ် ...

$
0
0

ကာတွန်း စည်သူကျော်ရဲ့ မျက်နှာဖုံးတွေရမယ် ...
(မိုးမခ) သြဂတ်စ် ၁၉၊ ၂၀၁၈

မောင်ကြူးရင့် ● တော်လှန်သောအလွမ်း

$
0
0

မောင်ကြူးရင့် ● တော်လှန်သောအလွမ်း
(မိုးမခ) သြဂတ်စ် ၁၉၊ ၂၀၁၈

မငိုတတ်ပေမယ့် လွမ်းမိတယ်
မလွမ်းတတ်ပေမယ့် ငိုမိတယ်

ခင်လွန်း


အတိတ်ရွက်ကြွေတောကြီးဆိုတာ
လွမ်းမောစရာတွေအပြည့်ပါလား
ဝေးပုံဆန်း
ချစ်သူတွေ အနှစ်နှစ်ဆယ်ဝေးကြ
ခေတ်ကြီးတခေတ်ခြားထားသလို
ဝေးကြ
နေ့နဲ့ည ခြားထားသလို
ဝေးကြ
ကမ္ဘာနှစ်ခြမ်းခြားထားသလို
ဝေးကြ
တယောက်သွေးနဲ့ တယောက်ကတော့
ပန်းသီးတလုံးရဲ့ချိုမြတဲ့အသားလို
တသားထဲနီးကြ
သူတို့ကဗျာနဲ့ သူတို့ချစ်ခြင်းမေတ္တာက
ကျောက်သားလိုမာတဲ့သလင်း
တေးသီတဲ့ရေစီးကြောင်းထဲ
ငြိမ်ရပ်နေတဲ့ရေ
အမြင့်မားဆုံးသစ္စာ
မွန်းတည့်လို သန့်စင်တဲ့မီး
ကောင်းကင်ပြာအရောင်
ကဲ ဒီအလွမ်းကို
တော်လှန်သောအလွမ်းလို့မပြောရရင်
ဘာအလွမ်းလို့ ပြောရမှာလဲ

မောင်ကြူးရင့်
၁၈၊ ၈၊ ၂၀၁

ကျော်ကျော် (မြရည်စမ်း) ● ဆလိမ်စု ရပ်ကွက်လေးနှင့် ဆက်စပ်၍ ...

$
0
0
ကျော်ကျော် (မြရည်စမ်း) ● ဆလိမ်စု ရပ်ကွက်လေးနှင့် ဆက်စပ်၍ ...
(မိုးမခ) သြဂတ်စ် ၁၉၊ ၂၀၁၈


(၁)               
တိုင်းသူပြည်သားများကို ကိုယ်ချင်းစာတတ်သောထိုင်းဘုရင်ကြီးသည် အလွန်တရာပူပြင်းလှသောနွေရက်များ၌ မိုးအတုရွာ ချစေပြီး အေးချမ်းစေခဲ့သည်ဟု ကြားသိခဲ့ရဖူးပါသည်။ မိုးအတုသည် လိုအပ်နေသောအချိန်၌ အထောက်အပံ့ကောင်းတခု ဖြစ်ခဲ့ပေလိမ့်မည်။ သက်ကြီးရွယ်အိုများအပါအ၀င် သူ့နိုင်ငံသားများပျော်ရွှင်နေကြပုံကို တခုတ်တရပြောခဲ့ကြ၏။ မိုးကိုမျှော် နေသော သေအံ့ဆဲဆဲသစ်ပင်ပန်းမာလ်များသည်လည်း ထိုမိုးဖြင့်အသက်ဆက်ခဲ့ကြမည်မှာ ဘယ်လိုမှလွဲနိုင် မည်မဟုတ်ဟု ကျွန်တော်ယူဆခဲ့ပါသည်။

(၂)
ကျွန်တော်ငယ်ရွယ်စဉ်ဘ၀က အခြေခံလူတန်းစားအများစု နေထိုင်သည့် ရပ်ကွက်အတွင်းရှိအိမ်လေးတွင် နေထိုင်ခဲ့ဖူးပါ သည်။ ထိုအိမ်လေး၏ဧည့်ခန်းတွင် အနောက်ဘက်အရပ်ကို မျက်နှာမူထားသော ပြတင်းပေါက်ကလေး တပေါက်ရှိသည်။ ထိုပြတင်းပေါက်ဘေးရှိ သစ်သားစားပွဲအနွမ်းလေးတွင် ကျွန်တော်စာကျက်လေ့ရှိ၏။

ကျွန်တော်တို့အိမ်လေးပတ်ဝန်းကျင်တွင်နေထိုင်ကြသော အိမ်ထောင်ဦးစီးအမျိုးသားများမှာ ဆိုက်ကားဆရာ၊ ဆီစက်ဆန် စက်အလုပ်သမား၊ ညနေဈေးဆန်ပြုတ်ရောင်းသူနှင့် ရထားများ သင်္ဘောများပေါ်လိုက်ပါ၍ သွားကိုက်ပျောက် ဆေး၊ သွားပိုးချဆေး၊ အဆစ်အမြစ်လိမ်းဆေး ရောင်းချသူတို့ ဖြစ်ကြသည်။ ထိုသူများထဲတွင် ဆေးရောင်းသည့်ကိုမောင်ဖြူသည် ကျွန်တော်နှင့်အိမ်ချင်းကပ်လျက်နေထိုင်သည်။ အိမ်နီးချင်းများ၏အလုပ်အကိုင်ကိုအစွဲပြု၍ ဆလိမ်စုဟု ကျွန်တော့်ဘာသာ ကင်ပွန်းတပ်မိသည်။ ဆလိမ်စုကို ပိုသေချာအောင်လုပ်ပေးသောနေရာ ဌာနကလည်း အိမ်နှင့်မနီးမဝေးတွင် ရှိနေပြန်သေး သည်။ ညနေခင်းတွင် ပွဲတော်တမျှစည်ကားနေတတ်သော နံပါတ်ဖိုးမူးယစ်ဆေးရောင်းချသည့်(ထိုကာလအခေါ်) ဘိရှိ သည်။ အိမ်ရှေ့ လမ်းသွယ်လေးသည် နေဝင်ရီတရောတွင်ဆေးသမားများ၊ ဆိုက်ကားသမားများ၊ ဆီစက်ဆန်စက် အလုပ်သမားများဖြင့် ခြေချင်းလိမ်စည်ကားနေတတ်သည်။ သူတို့၏ တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုးစကားသံသည် ပြတင်းပေါက်လေးကိုဖြတ်သန်းကာ ကျွန်တော့်နားထဲ ဝင်လာတတ်စမြဲပင်။

ခြံချင်းကပ်နေကြသော ကိုမောင်ဖြူတို့အိမ်လေးဆီသို့ ကျောင်းပိတ်ရက်များတွင် ကျွန်တော်အလည်သွားတတ်သည်။ သူ၏ပစ္စည်းပစ္စယများထဲ၌ ကျွန်တော်စိတ်အဝင်စားဆုံးမှာ သွားပိုး လေးများဖြစ်သည်။ သွားပိုးချဆေးဝယ်ကြသူများထဲမှ မယုံကြည်သူများရှိပါက ချက်ချင်းလက်ငင်းပင် သွားပိုးချပေးသည်။ ပန်းဝတ်ဆံလေးများကို အခြောက်လှန်း၍ပြုလုပ် ထားသော သွားပိုးအတုလေးများသည် ဇာစ်မြစ်မသိသူများအဖို့ အူယားစဖွယ်သွားပိုးလေးများသာ ဖြစ်နေတော့သည်။

ကိုမောင်ဖြူသည် ကျွန်တော်စပ်စုသမျှကိုတော့ စိတ်ရှည်လက်ရှည်ရှင်းပြရှာသည်။ ကျွန်တော်ကလည်း  အိမ်မှာရှိသောစားသောက်ဖွယ်ရာလေးများကို သူတို့အိမ်အတွက် ယူသွားပေး တတ်ပါသည်။ သူစိတ်လိုလက်ရရှိသည့်အခါ ပြသတတ်သည့်လက်လှည့်မျက်လှည့်လေးများပင် ကျွန်တော်ကြည့်ခွင့်ရခဲ့ပါသေးသည်။ သူပြုလုပ်ထားသော သွားပိုးအတုလေးများနှင့် ပတ်သက်၍ 'သွားကိုက်ပျောက်ဆေးကအစစ်ပါကွာ၊ လူတွေက သွားပိုးလေးတွေကို မြင်လိုက်ရရင် ပိုပြီးသက်သာတတ်ကြလို့ လုပ်ထားရတာ'ဟု ပြောဖူးပါသည်။

မနက်ပိုင်းကျောင်းသို့မသွားမီ ကျွန်တော်စာကျက်နေချိန်၌ ကိုမောင်ဖြူတယောက် ဆေးရောင်းထွက်တော့သည်။ ခြံဝသို့ လိုက်ပို့ကြသော သူ့ဇနီးဖြစ်သူနှင့်၂ နှစ်သာသာခန့်ရှိမည့် သူ့သမီး ငယ်လေးကို လက်ပြသည်။ ထို့နောက် ကျွန်တော် စာကျက်နေရာသို့ လှမ်း၍လက်ပြနုတ်ဆက်ပြီးမှ တပတ်ရစ်စက်ဘီးကလေးနှင့် ထွက်ခွာသွားတတ်သည်။ မသိသူများ အဖို့တော့ အသား ဖြူဖြူ၊ကိုယ်လုံးကိုယ်ထည်တောင့်တောင့်နှင့် ဥပဓိရုပ်ကောင်းကောင်းကိုမောင်ဖြူကို အစိုးရအရာရှိတယောက်ဟုပင် ထင်စရာရှိသည်။ လည်ကတုံးအင်္ကျီဖြူလေးမှာ မီးကြွေကြောင်းက အထင်းသား။

(၃)
လောကတွင် အတုနှင့်အစစ်သည် တခါတရံ၌ ခွဲခြားရခက်ခဲလှပေသည်။ အစစ်ဟုသတ်မှတ်ထားသည်များက အတုဖြစ် နေပြီး အတုဟု သတ်မှတ်ထားသည်များက အစစ်လည်း ဖြစ်ချင်ဖြစ်နေနိုင်သေးသည်။ ရေအတု၊ မြေအတု၊ လေအတု၊ ကျွန်းအတု၊ ငွေကြေးအတု၊ သွားအတု၊ လက်အတု၊ ခြေအတု၊ အချစ်အတု၊ မေတ္တာအတု၊ မင်္ဂလာဆောင်အတုများမှသည် အသုဘအတုအထိရှိကြလေသော ခေတ်ကြီးထဲတွင် အတုများကိုစာရင်းပြုစု၍ပြီးနိုင်မည်မထင်။ သမ္မတအတု၊ ဝန်ကြီးအတု၊ လွှတ်တော်ကိုယ်စားလှယ်အတု၊ လွှတ်တော်အတု၊ နိုင်ငံရေးအတု၊ နိုင်ငံရေးသမားအတု၊ စနစ်အတုများအကြောင်းကိုလည်း ကျွန်တော်ထည့်မပြောလိုပါ။ လွတ်လပ်ရေးသည်ပင် ရွှေရည်စိမ်ထားသောအတုဟူ၍ ရှိခဲ့သောလောက၌ ထိုအချင်း အရာများသည်လည်း ဆန်းကြယ်လှသည်တော့မဟုတ်ပြန်ပါ။ သေနတ်များ၊ ကျည်ဆန်များသည်ပင် လက်နက်ကျွမ်းကျင်သူများရှေ့မှောက်၌ အတုလိုလို၊ အစစ်လိုလို ဇဝေဇဝါဖြစ်အောင် ဟန်ဆောင်ပြတတ်သည့် ခေတ်ကြီးဖြစ်ပါသည်။

တနေ့က အရက်အတုများဖမ်းမိသည့် သတင်းဖတ်ရသည်။ ထိုအခါတွင် ကလေးဘဝက ရင်းနှီးခင်မင်ခဲ့ရသူ ကိုမောင်ဖြူကို သတိရမိပြန်သည်။ အရက်အတုလုပ်သည့်ကိစ္စကို ဥပဒေအရ မည်သို့အပြစ်ပေးရမည်ဆိုခြင်းကိုတော့ ဥပဒေပညာရှင်ကြီး များကပင် သိကြပေလိမ့်မည်။ ကျွန်တော်ကတော့ ကိုမောင်ဖြူ၏အဖြစ်လေးကိုသာ ပြန်အောက်မေ့မိ တော့သည်။

အတွေးများ သည် ငယ်စဉ်ကလေးဘ၀က စာကြည့်စားပွဲလေးသို့ပြန်ရောက်သွားပြီး ပြတင်းပေါက်လေးမှတဆင့် ထိုစဉ်ကာလက မြင်တွေ့ခဲ့ရသည်များကို ပြန်ကြား ပြန်မြင်မိသည်။

ထိုစဉ်ရက်များ၌ မနက်ခင်းအလုပ်မသွားမီ နှုတ်ဆက်နေကြဖြစ်သော ကိုမောင်ဖြူတယောက် ကျွန်တော့်ကိုနှုတ်မဆက် လက်မပြ။ သူ့ခြံတံခါးဝ၌လည်း အရင်ကလို သူ့ဇနီးနှင့်သမီးငယ်လေးကို မတွေ့မိ။

ထိုရက်များက ကျောင်းစာမေးပွဲဖြေနေရ၍ အိမ်လည်မသွားဖြစ်။ စာမေးပွဲပြီးချိန်တွင်အမေက "နင့်လူကြီး မောင်ဖြူ  ဘိန်းဖြူတွေ သုံးနေတယ်ကြားတယ်"ဟု စိတ်မကောင်းသည့် ပုံစံနှင့်ပြောလာသည်။ ကိုမောင်ဖြူတယောက် ဆေးထွက် ရောင်းတာ မတွေ့ရတော့သလို၊ သူ့စက်ဘီးလေးကိုလည်း ကျွန်တော်မတွေ့ရ။ သူ့အိမ်ဖက်သို့ ကျွန်တော်ကူးသွားသောအခါ ဖြူဖပ်ဖြူလျော်မျက်နှာလေးဖြင့် နွမ်းလျနေသော ကလေးငယ်ဘေး၌ သူ့ဇနီးထိုင်နေသည်။ ကလေးဖျားလိုက်ပျောက်လိုက် ဖြစ်နေသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် ကိုမောင်ဖြူအပြင်သွားကြောင်းသာ သူ့ဇနီးက ပြောပြသည်။ မျက်နှာတော့ မကောင်းလှ။ ကျွန်တော်အထင်အရ ကလေး ငယ်လေးမှာ အာဟာရချို့တဲ့နေပုံ ရလေသည်။ ဤအတိုင်းသာဆက်သွားလျှင် အသက်အန္တရာယ်ပင် ထိပါးနိုင်လောက်သည်။ အခြေခံလူတန်းစားများအတွက် မတ်တတ်စာကလွဲလျှင် တုံးလုံးစာအတွက်မလွယ်ကူလှ။

နောက်တရက်ကြားရသည့်သတင်းမှာပို၍ဆိုး၏။ ကိုမောင်ဖြူတယောက် အချုပ်ထဲရောက်နေသည်ဟု အမေကပြောသည်။ မည်သည့်အမှုအမျိုးစားကို ကျူးလွန်သောကြောင့် အချုပ်ကျသနည်းဆိုသည်ကို အမေလည်းရေရေရာရာမသိ။

ကိုမောင်ဖြူတို့အိမ်လေးပိတ်ထားသည်။ လှမ်းကြည့်လျှင် သော့ခတ်ထားသော ခြံတံခါးယဲ့ယဲ့နှဲ့နှဲ့လေးကိုမြင်ရသည်။ သူ၏ဇနီးသည်နှင့်နာမကျန်းဖြစ်နေသူ သမီးငယ်လေးဘယ်သို့ရောက်သွားသနည်း ဟု အတွေးပိုမိခဲ့သည်။

ကျွန်တော်သူ့ကို မေ့နေသောတနေ့၌ အိမ်သို့သူရောက်ချလာသည်။ အချုပ်ထဲနေခဲ့ရသည်ဆိုသော်လည်း ဖြူလို့ဝလို့ပင်။ သူအချုပ်ထဲမရောက်မီအချိန်က ဘိန်းဖြူသုံးစွဲသည်ဟု အမေပြောသောစကားကိုပင် ကျွန်တော်မယုံချင်ပါ။ သူပြောပြ၍ အကြောင်းစုံသိရလေသောအခါ ကျွန်တော့်မှာ အံသြမဆုံးတော့။

တကယ်တမ်းတော့ သူသည် ဘိန်းဖြူမသုံးခဲ့ရှာပါ။ သူ့သမီးငယ်လေးသည် ဆေးဝါးဓာတ်စာလုံလောက်ပြည့်ဝစွာမမတတ်နိုင်၍ တရှောင်ရှောင်ဖြစ်နေရသည်ကို အဖေဖြစ်သူကိုမောင်ဖြူ  မကြည့်ရက်တော့။ သို့ဖြစ်၍ သူ့အနေဖြင့်ဆုံးဖြတ်ချက်တခုကိုရဲရဲကြီး ချပစ်လိုက်သည်။ သူစီးနေကြ စက်ဘီးလေးကို ရောင်းပစ်လိုက်ပြီး ငွေစကြေးစလေးများကိုင်ကာ ဘိန်းဖြူရောင်း သည့် အိမ်သို့သွားသည်။ ထိုအချိန်က သူ့စက်ဘီးလေးရောင်းရငွေသည် ကျပ်နှစ်ထောင်ရသည်။ ပင်နင်စလင်ပုလင်းအဖုံးလေးဖြင့် နံပါတ်ဖိုးတဖုံးကို ငွေအစိတ်သာပေးရသည်။ လေးငါးရက်ခန့် ဘိန်းဖြူမှန်မှန်အားပေးသော ကိုမောင်ဖြူကိုရောင်းချသူမိန်းမကြီးက လူယုံဖောက်သည်စာရင်းထဲသွင်းလိုက်သည်။

ထိုအခိုက်အတန့်ကိုအခွင့်အရေးအဖြစ် ကိုမောင်ဖြူက အသုံးချလိုက်သည်။ သူ့မိတ်ဆွေတယောက်က ဘိန်းဖြူဟောင်ထုပ်လိုက် ရောင်းချင်ပါသည်ဟု ပြောပြီးဝယ်ယူရန်စပ်ဟပ်သည်။ လောဘကြီးသောမိန်းမကြီးက နမူနာကြည့်ချင်ပါသည်ဟုဆိုလေသောအခါကိုမောင်ဖြူ  စိတ်ထဲပျော်မိတော့သည်။ နမူနာပြသော ဘိန်းဖြူမှုန့်များကို ထိုမိန်းမကြီးနည်းမျိုးစုံဖြင့် စမ်းသပ်သည်။ အစစ်ဟုအသိအမှတ်ပြုသောအခါရော့ပတ္တမြား၊ ရော့နဂါး အရောင်းအဝယ်ကိစ္စပြီးကြသည်။ နောက်တခါလာလျှင်ဖြင့် ဤသို့ဈေးမနှိမ်ရန် ကိုမောင်ဖြူက ပြောခဲ့သေးသည်။ ထို့နောက်အိမ်သို့အမြန်ပြန်ပြီး ဘာမှမသိရှာသေးသော ဇနီးနှင့်သမီးငယ်ကိုခေါ်ကာ ဘူတာရုံသို့ဆင်းခဲ့သည်။ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရသော အစုန်ရထားပေါ်ဇနီးနှင့်သမီးကို တင်ပေး လိုက်ပြီး ရှိသမျှငွေအကုန်ထည့်ပေးလိုက်သည်။ ဇာတိရပ်ရွာမှာ သူလာမခေါ်မချင်းနေပြီး ကလေးဆေးကုရန် တတွတ်တွတ်မှာနေစဉ် ရထားကြီးထွက်သွားသည်။ ဇာတ်လမ်းက မဆုံး သေး။ ကျွန်တော်သိချင်သည်များ မသိရသေး၍ ဆက်ပြောရန် တောင်းဆိုရသည်။

ဘူတာမှနေ၍ အိမ်သို့မပြန်ဘဲ ရဲစခန်းသို့တန်းသွားသည်။ အိမ်ပြန်လျှင် သူ့အသက်အန္တရာယ်ရှိမည်မှန်း ကိုမောင်ဖြူသိသည်။ တာဝန်ကျရဲအရာရှိအား  သူ့ကိုအချုပ်ထဲထည့်ပေးဖို့တောင်းဆိုသောအခါ ဘာဖြစ်လို့လဲဟု အမေးခံရသည်။
သူက ဘိန်းဖြူအတုတွေသွားရောင်းလာခဲ့ပြီဟုဆိုသောအခါ တာဝန်ကျရဲအရာရှိစိတ်ညစ်ရတော့သည်။ ကိုမောင်ဖြူကို တာဝန်ကျရဲအရာရှိကဖြစ်ခဲ့သမျှအစုံအလင်ပြောပြခိုင်းနေစဉ်မှာပင်ဘိန်းဖြူရောင်းသည့်မိန်းမကြီးက ကိုယ်ရံတော်တွေနှင့် ရဲစခန်းထဲဝင်လာတော့သည်။

အချုပ်ထဲတွင် ရက်၂၀ လောက်နေလိုက်ရသည်ဟု ပြောသည်။ အသားဖြူဖြူ၊ဥပဓိရုပ်ကောင်းကောင်း၊ဗလတောင့်တောင့်နှင့် ကိုမောင်ဖြူသည် အချုပ်တန်းစီးပင် လုပ်ရသေးသည်ဆို၏။ သူ့အတွက်စားပြီးသောက်ပြီးပိုလျှံ၍ပင် နေသေးသည်ဟု ပြောပြီးအားပါးတရရယ်မောနေသည်။ 'နမူနာပြတဲ့ ဘိန်းဖြူမှုန့်တွေ ခင်ဗျားဘယ်ကရသလဲ'ဟု ကျွန်တော်မေးသောအခါ အဲဒီမှာ ပဲ ဝယ်ဝယ်ပြီးစုခဲ့တာ စက်ဘီးတစီးဘိုးဟု ပြောပြသည်။

ဘိန်းဖြူရောင်းချရန်အတွက် နိုင်ငံတော်အစိုးရမှ တရားဝင်ခွင့်ပြုထားခြင်း မရှိပါ။ ဘိန်းဖြူထုတ်လုပ်ခွင့်၊ ကူးသန်းရောင်းဝယ်သိုလှောင်ဖောက်ကားခွင့်ကိုလည်း တရားဝင်ခွင့်ပြုထားခြင်း မရှိပါ။ ဘိန်းဖြူအတုလုပ်ရောင်းချမှုကိုခုံမင်းရှေ့သို့ ပို့ဆောင်ရန်မဖြစ်နိုင်သည့်နောက် ကိုမောင်ဖြူ လွတ်မြောက်ခဲ့ပါသည်။

(၄)
လက်ရှိအချိန်တွင် ကမ္ဘာအနှံ့အပြား၌ အတုများမှိုထက်ပေါနေပါသည်။ အတုဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းတရားသည် အာဏာနှင့်ဥစ္စာကို တပ်မက်လွန်းသည့် လောဘစိတ် ကြောင့်ဟု ယေဘုယျအနေဖြင့် သုံးသပ်နိုင်မည်ထင်ပါသည်။ စစ်ပွဲအတုများ၊ ကျည်ဆန်အတုများ၊စစ်မိန့်အတုများမှသည် ဒုက္ခသည်ကူညီရေးအဖွဲ့အစည်းအတုများအထိ ရှိနေကြသေး သော လောကဓာတ်တခွင်သည် အဓမ္မဝါဒီများကြောင့် မှိုင်းမှုန်ရီနေသည်။ သူ့လူကိုယ့်လူပင် မသဲကွဲနိုင်တော့။ ငယ်စဉ်ဘဝသင်ခဲ့ရသော စာသားလေးကို သတိရမိသည်။

အခြေခံဥပဒေသည် သွေး၊လွတ်လပ်ရေးသည်အသက် ဟု ဆိုထားသည်။ အခြေခံဥပဒေသွေးအတု ထည့်သွင်းစီးမျှောစေမှုကြောင့် လွတ်လပ်ရေးအသက်သည် ယဲ့ယဲ့လေးဖြင့် ဖုတ်လှိုက်ဖုတ်လှိုက်အသက်ရှုနေရသည်။ ရီဝေသောမျက်လုံးများကြောင့် ခေါင်းဆောင်တု၊ ခေါင်းဆောင်စစ်ပင်မကွဲပြား မခွဲခြားနိုင်တော့ပေ။ အတုမှန်းမသိ၊ အစစ်မှန်းမသိ အာဂုံဆောင်ခဲ့ရသော သမိုင်းဖတ်စာများကလည်း ဦးနှောက်အကန့်များကြား၌ ညှပ်နေပြန်သေးသည်။

(၅)
လွန်ခဲ့သောနှစ်က ကိုမောင်ဖြူတို့သားအဖကို မြေလတ်ပိုင်းမြို့လေးတမြို့တွင် တွေ့ခဲ့ရသည်။ သူ၏ဇနီးတော့ ဆုံးရှာပါပြီ။ တချိန်သောအခါက ဇီဝဓာတ်မျှင်းမျှင်းကလေးဖြင့် ကျွန်တော်မြင်ခဲ့ရသောသူ့သမီးလေးသည် ကျောင်းဆရာမလေးဖြစ်နေပေပြီ။ အလယ်တန်းပြဆရာမလေးဖြစ်နေသော သမီးကလေးဖြင့် အေးချမ်းစွာနေထိုင်နေပါသည်။

အရက်အတုလုပ်ရောင်းသူများကို တရားဥပဒေအရ ထိုက်သင့်သောပြစ်ဒဏ်ချမှတ်လိမ့်မည်ဟု ကျွန်တော်ယူဆပါသည်။ အရက်ဆိုင်များကို တရားဝင်မှတ်ပုံတင်ပြီး တွင်တွင်ကျယ်ကျယ်ဖွင့်လှစ်ခွင့်ပြုထားကြောင်း လူတိုင်းနီးပါးသိကြပါသည်။ ထိုနည်းတူစွာပင် တံဆိပ်မျိုးစုံနှင့်ပြည်တွင်းဖြစ်အရက်များကိုလည်း တရားဝင်ထုတ်လုပ်ခွင့်ပြုထားပြီးနိုင်ငံခြားဖြစ်ဈေးနှုန်းမြင့် အရက်များကိုလည်း ခေါင်းစဉ်ခွဲအမျိုးမျိုးအောက်တွင် တင်သွင်းခွင့်ပြုထားကြောင်း လူတချို့က သိကြပေလိမ့်မည်။ တရားဥပဒေသည် ဥပဒေဖြင့်လျှော်ညီစွာ အရက်တင်သွင်းသူများ၊ ထုတ်လုပ်သူများကို အကာအကွယ်ပေးပေလိမ့်မည်။

တရားဥပဒေသည်ကျောသားရင်သားမခွဲခြားပါဟု ကျမ်းသစ္စာများကြားတွင် ရဲဝံ့စွာဆိုထားသည် မဟုတ်ပါလော။ ကိုမောင်ဖြူသည်သာ ဘိန်းဖြူထုတ်လုပ်ဖြန့်ဖြူးခွင့်ကို ဥပဒေအရတားမြစ်ပိတ်ပင်ထားသဖြင့် သက်သာရာရခဲ့ခြင်း ဖြစ်ပေလိမ့်မည်ဟု ထင်မိပါသည်။

(၆)
ကျွန်တော်ငယ်ဘ၀က နေထိုင်ခဲ့ရာ ဆလိမ်စုရပ်ကွက်လေးသို့ စိတ်ကူးဖြင့် အခါခါရောက်မိနေတတ်သည်။ ပြတင်းတံခါးလေးကို ညင်သာစွာတွန်းဖွင့်၍ စာကြည့်စားပွဲအနွမ်းလေး၌ ထိုင်ကြည့်သည်။ မျက်စိဖွင့်၍နားစွင့်မိလေသောအခါ မြင်ကွင်းသည် လုံးဝမပြောင်းလဲသေးကြောင်း သိရလေပြန်သည်။ နေဝင်ရီတရောအချိန်၌ အိမ်ရှေ့လမ်းသွယ်လေးပေါ်တွင် အခြေခံ လူတန်းစားများ၊ ဆေးသမားလူငယ်များဖြင့် ခြေချင်းလိမ်နေကြဆဲ။ မပြောင်းလဲသေးပါဟု ကျွန်တော်ဆိုသောစကားကို စောဒကတက်ချင်သူများက လိမ်နေသောခြေထောက်များ ပို၍ များပြားလာခြင်းသည်  ပြောင်းလဲခြင်းဟုပြောခဲ့လျှင်တော့ ဆိတ်ဆိတ်လေးသာငြိမ်နေလိုက်ရတော့မည်။

ကိုမောင်ဖြူ၏ အိမ်လေးသို့လှမ်းကြည့်ရင်း အသစ်ဆောက်ထားသော တိုက်အတုကြီးနေရာ၌ သူ့အိမ်သေးသေးအစစ်ကလေးကို မြင်တွေ့နေရလေသည်။ ချုပ်ညရီသို့ ကူးခတ်နေဆဲ ဖြစ်သောအမှောင်ကြောင့် ကျွန်တော့်အမြင်အာရုံများကိုလည်း သံသယဖြစ်မိပါတော့သည်။

ကျော်ကျော် (မြရည်စမ်း)

ကာတွန်း ဆွေသားရဲ့ အထွက်တိုးပြီ ...

$
0
0

ကာတွန်း ဆွေသားရဲ့ အထွက်တိုးပြီ ...
(မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၈

ထင်ကျော် (စက်မှုတက္ကသိုလ်) ● ညီညွတ်ခြင်းမှသည် အောင်မြင်ခြင်းဆီသို့

$
0
0
ထင်ကျော် (စက်မှုတက္ကသိုလ်) ● ညီညွတ်ခြင်းမှသည် အောင်မြင်ခြင်းဆီသို့
(မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၈

လူမှုဆက်ဆံရေးသတ္တဝါဖြစ်တဲ့ လူတွေဟာ တဦးတည်းရပ်တည်နေလို့ မရပါဘူး။ လူ့အဖွဲ့အစည်းရဲ့ သဘာဝကိုက အချင်း ချင်း အပြန်အလှန် ယိုင်းပင်းမှီခိုနေရတဲ့ သဘောဆောင်နေတာမဟုတ်လား။

ငယ်စဉ်ကလေးဘဝတုန်းများဆိုရင် သူများအပေါ် လုံးဝကို မှီခိုခဲ့ရတာပါ။ အမှီအခိုသာမရခဲ့ရင် ရက်လေးနည်းနည်းတောင် အသက်ရှင်မှာမဟုတ်ပါဘူး။ ဒီလိုနဲ့ ကြီးပြင်းလာတော့ မှီခိုရမှု တဖြည်းဖြည်း လွတ်ကင်းလာပါတယ်။ ရုပ်ရော စိတ်ရော လွတ် လပ်လာပြီး ကိုယ့်ဘဝကိုယ် ရပ်တည်လာနိုင်ခဲ့တယ်ဆိုပေမဲ့  ဒီလွတ်လပ်မှုဟာ အဆုံးစွန်တော့ မဟုတ်ပါဘူး။ ကိုယ့် ဘဝမှာ ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေရဖို့ ကိုယ်နဲ့ရည်မှန်းချက်တူတဲ့သူတွေနဲ့ အပြန်အလှန် ပူးပေါင်းမှီခိုပြီး ဆောင်ရွက်ရ ဦးမှာပါ။

ဘုရားတောင် အမှီရှိမှပွင့်တယ်လို့ ဆိုကြတယ်မဟုတ်လား။ ဒီတော့ မိမိတို့လည်း အမှီမရှိလို့မရပါဘူး၊ အချင်းချင်း ကူညီယိုင်း ပင်းပြီး အပြန်အလှန် မှီခိုဆောင်ရွက်မှသာ ရည်မှန်းချက်တွေအောင်မြင်မှာပါ။

ဒီတော့ လူအများနဲ့ ပေါင်းသင်းဆက်ဆံတတ်ဖို့က အရေးပါလာပါတယ်။ ပေါင်းသင်းဆက်ဆံရေး အောင်မြင်စေတဲ့ ဆက်ဆံ ရေး နည်းဗျုဟာတွေသိထားဖို့ လိုလာပါတယ်။

ရုပ်သန့်သန့်ပြန့်ပြန့်ဖြစ်အောင်နေတာတို့၊ အဝတ်အစား သန့်သန့်ပြန့်ပြန့်ဝတ်တာတို့၊ အပြုံးကိုဆောင်တာတို့၊ တဖက်လူ အကြိုက် မြှောက်ပင့်တာလေးတွေ ထည့်တာတို့ စတဲ့ Personality Ethic တွေပေါ့။ ဒါတွေသိထားရင်တော့ ကောင်းပါတယ်။
ဒါပေမဲ့ character ဆိုတဲ့စရိုက်၊ ကိုယ်ကျင့်သီလက ပိုအဓိကကျပါတယ်။ရိုးသားတာ၊ လုံ့လဝီရိယရှိတာ၊ သစ္စာရှိတာ၊ တရား မျှတတာ၊ မေတ္တာထား ညှာတာထောက်ထားတတ်တာ အစရှိတာတွေပေါ့။ဒီကိုယ်ကျင့်တရားတွေ မရှိဘဲနဲ့ ဆက်ဆံရေးနည်း ဗျုဟာတွေ သုံးရင်တော့ ရေရှည်အောင်မြင်မှု ရမှာမဟုတ်ပါဘူး။ရေရှည်ခိုင်မြဲတဲ့ အများရဲ့ယုံကြည်မှုကိုရမှာမဟုတ်ပါဘူး။ ပရိယာယ်သဘော၊ လှည့်ဖျားတဲ့သဘော သက်ရောက်သွားတဲ့အတွက် တဒင်္ဂ တပွဲတိုးလောက်ပဲ ရနိုင်ပါတယ်။ ဆေးမြီးတို ဆန်တဲ့အတွက် ရေရှည်မှာ မအောင်မြင်နိုင်ပါဘူး။

မရိုးသားတဲ့ ဆက်ဆံမှုကို လူတွေဟာ စိတ်ထဲမှာ ရိပ်မိခံစားနိုင်တတ်ပါတယ်။ ကိုယ်ကျင့်တရား ကောင်းသူအတွက် နှုတ်ချို သျှိုတစ်ပါးဖြစ်ပေမဲ့ ကိုယ်ကျင့်မကောင်းတဲ့သူတွေ ၊ မယုံကြည်ရတဲ့သူရဲ့ ချိုချိုသာသာ မြှောက်ပင့်ပြောတာကို လူတွေ မနှစ်သက်တတ်ကြပါဘူး။ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချေးလို့ပဲ သတ်မှတ်ကြမှာပါ။ ဒီလိုလူမျိုးတွေကို အန္တရာယ်ကောင်တွေလို့ မြင်ကြတဲ့အတွက် မလွဲသာမကင်းသာ ဆက်ဆံရရင်တောင် သတိထားဆက်ဆံကြမှာပါ။ နှုတ်ချိုတာကိုတောင် သူတို့ အတွက်ဆို အကောင်းမမြင်ပဲ သံသယဖြစ်စရာလို့ ထင်ကြတာပါ။ ဒါကြောင့် ဆက်ဆံရေး နည်းပရိယာယ်တွေသုံးပြီး ရလာ တဲ့အောင်မြင်မှုမျိုးဟာ ရေရှည်ခိုင်မြဲမှာ မဟုတ်ပါဘူး။

ဒါကြောင့် ဆက်ဆံရေးဗျုဟာတွေကို သိပ်ရှေ့တန်းမတင်ဘဲ အကျင့်စရိုက် ကောင်းအောင်ပဲ လေ့ကျင့်သင့်ပါတယ်။

အကျင့်စရိုက် ကောင်းရင်တော့ နှစ်လိုဖွယ် ဥပဓိရုပ်၊ နှစ်လိုဖွယ်စိတ်ထားတွေ ရှိလာပြီး အများကို ဆွဲဆောင်နိုင်မှုရှိလာမှာပါ။ အများတကာနဲ့လည်း ပေါင်းသင်းဆက်ဆံလာနိုင်မှာပါ။

အများနဲ့ ဆက်ဆံရေး အောင်မြင်ဖို့အတွက် အခြားသူတွေ မိမိအပေါ် ဘယ်လိုမြင်တယ်ဆိုတာထက် သူတို့ကိုယ်သူတို့ ဘယ်လိုမြင်ကြတယ်၊ သူတို့ရဲ့ လောကအမြင် ဘယ်လိုရှိတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့က ပိုအရေးကြီးပါတယ်။ ဒါမှသာ သူတို့ရဲ့ လိုအင်ဆန္ဒကို သဘောပေါက်လာနိုင်မှာပါ။ ဒီတော့မှ  ကိုယ်ချင်းစာနာစိတ်ထားနိုင်လာပြီး အဆင်ပြေပြေနဲ့ win _ win ဆက်ဆံရေးမျိုး တည်ဆောက်လာနိုင်ပါလိမ့်မယ်။
ပြီးတော့ လူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တစ်နည်းအားဖြင့် ပေါင်းသင်းဆက်ဆံရေးမှာ အောင်မြင်ဖို့ လူအများရဲ့ ယုံကြည် စိတ်ချရမှုကို လိုပါတယ်။

လူအများ ယုံကြည်စိတ်ချမှုကိုလည်း ကိုယ့်ရဲ့အကျင့်စရိုက် ဖြောင့်မတ်မှန်ကန်နေမှ ရနိုင်မှာပါ။

ယုံကြည်ကြပါ၊ စိတ်ချကြပါလို့ ပါးစပ်ကလိုက်ပြောနေလို့ရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ အတိတ်က ကိုယ်ဘယ်လို ပေါင်းသင်း ဆက်ဆံ ပြုမူခဲ့တယ်ဆိုတာကိုကြည့်ပြီး လူတွေ သူ့ဟာသူ ဆုံးဖြတ်ကြမှာပါ၊ အကဲဖြတ်ကြမှာပါ။

ဒါကြောင့် အများနဲ့ ဆက်ဆံရေးမှာ အောင်မြင်ချင်ရင်တော့၊ လူအများရဲ့ ယုံကြည်မှုကိုရချင်ရင်တော့  မတရားမလုပ်နဲ့၊ ညှာ တာ ထောက်ထား ၊ ပြီးတော့ သူ့အကျိုး ကိုယ့်အကျိုး မျှတအောင်ကြည့်တဲ့ သမာသမတ်စိတ် မျိုးထားပေါ့။

”There can be no friendship without confidence, and no confidence without integrity.”
( Sammel Jackson)

သမာသမတ်မရှိပဲ ယုံကြည်မှု မရနိုင် ၊ ယုံကြည်မှုမရှိရင်လည်း ရင်းနီးခင်မင်မှု မရနိုင်တဲ့။

လူတွေနဲ့ ဆက်ဆံတဲ့အခါ ကြင်ကြင်နာနာနဲ့ စေတနာလေးတွေ ထားမယ် ၊ ဦးစားပေးပြီး လေးစားသမှု ပြုမယ် ၊ ရိုးသားမယ် ၊ သစ္စာရှိမယ် ၊ ကတိတည်မယ် ဆိုရင်တော့ လူတွေရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်မှာပါ။

ဒီလိုမှမဟုတ်ပဲ တစ်ကိုယ်ကောင်းဆန်မယ်၊ လေးစားမှု မရှိဘူး၊ သစ္စာမရှိ၊ ကတိမတည်၊ ကောက်ကျစ်စဉ်းလဲ မယ်ဆိုရင်တော့ အများရဲ့ ယုံကြည်မှု ကုန်ခမ်းသွားပါလိမ့်မယ်။ဒါဆိုရင် လူမှုဆက်ဆံရေးမှာ အောင်မြင်မှု မရနိုင်တော့ပါဘူး။

လူမှုဆက်ဆံရေးမှာ အောင်မြင်ချင်တယ် ဆိုရင်တော့ တစ်ဖက်သားကို နားလည်ပေးရပါမယ်။ ကိုယ့်တစ်ဖက်ထဲကြည့်လို့ မရပါဘူး။ တစ်ပါးသူရဲ့ ခံစားမှုကို နားလည်မှ မျှမျှတတ ဆောင်ရွက်နိုင်မှာပါ။ တစ်ပါးသူ ထိခိုက်နစ်နာသွားမှာကိုလဲ ရှောင် ရှားလာနိုင်မှာပါ။

ပြီးတော့ တစ်ဖက်သားနဲ့ ဆက်ဆံတဲ့အခါမှာ အသေးအဖွဲလေးကအစ ဂရုစိုက် အလေးထားရပါမယ်။လူတိုင်းလိုလို ကရုဏာ ၊ အကြင်နာ ၊ ဂရုစိုက်မှုလေးတွေကို မွတ်သိပ်တတ်ပါတယ်။ ကိုယ်က ပေးနိုင်ရင်တော့ ကိုယ့်အပေါ် ခင်မင်နှစ်သက်လာကြမှာပါ။
ကတိတည်ဖို့၊ သစ္စာရှိဖို့၊ ဖြောင့်မတ်မှန်ကန်ဖို့လည်း အရေးကြီးပါတယ်။ ပြီးတော့ ကိုယ့်ဖက်က ချို့ယွင်းချက်ရှိရင်၊ မှားသွား တာရှိရင်လည်း လှိုက်လှိုက်လှဲလှဲ တောင်းပန်ဖို့ ဝန်မလေးသင့်ပါဘူး။

အချုပ်အားဖြင့် ပြောရရင်တော့ အရိုးခံအရင်းခံစိတ်နဲ့ ဆက်ဆံဖို့ ၊ စေတနာမေတ္တာထားပြီး ပြုမူဆောင်ရွက်ဖို့ပါဘဲ။တစ်ဦးမေတ္တာ တစ်ဦးမှာတဲ့။ တန်ပြန်အကျိုးသက်ရောက်မှုတွေဟာ အင်မတန် ခွန်အားကြီးမားတတ်ပါတယ်။ အပေးအယူ သဘောမျိုး ထက် စွမ်းအား ပိုပြီး ထက်မြက်တတ်ပါတယ်။

ပြီးတော့ အပြန်အလှန် နားလည်ကြပြီး ကိုယ်ချင်းစာနာတတ်ဖို့ကလည်း အရေးကြီးပါတယ်။

"Do unto others as you would have others do unto you ”

ကိုယ့်အပေါ် ဆက်ဆံ ပြုမူစေချင်သလို သူတစ်ပါးအပေါ်ကို ဆက်ဆံပါတဲ့။

ဒီလို အပြန်အလှန် နားလည်မှုတွေ၊ အပြန်အလှန် ယုံကြည်မှုတွေကိုသာ တည်ဆောက်နိုင်ရင်တော့တစ်ဦးနဲ့ တစ်ဦး အပြန် အလှန် အမှီသဟဲ ပြုနေရတဲ့ လူ့အဖွဲ့အစည်းထဲက လူအချင်းချင်း စိတ်ရောကိုယ်ပါ တစ်သားထဲ ပေါင်းစည်းသွားပါလိမ့်မယ်။
ဒီလိုသာ ညီညွတ်တဲ့ လူ့အဖွဲ့အစည်း တစ်ခုတည်ဆောက်နိုင်ရင်တော့ Synergy ဆိုတဲ့ ထူးခြား ကြီးမားတဲ့ စွမ်းအားကြီး တစ်ခု ရလာပါလိမ့်မယ်။ ဒီ Synergy ဆိုတဲ့စွမ်းအားသစ်ဟာ အဖွဲ့အစည်းထဲမှာပါတဲ့ လူတစ်ဦးချင်းစီရဲ့ စွမ်းအားတွေ အားလုံးစုစုပေါင်းတာထက် ကြီးမားတယ်လို့ ဆိုပါတယ်။ ကြီးမားတဲ့ တန်ခိုးရှင် စွမ်းအားကြီးပေါ့။ ဒီစွမ်းအားကြီးက အဖွဲ့အ စည်းတစ်ခုလုံးကို အောင်မြင်မှုတွေ ဆင့်ကဲဆင့်ကဲရအောင် ပံ့ပိုး သွားပါလိမ့်မယ်။

ညီညွတ်ခြင်းသည် အင်အားတဲ့။ Syngery ဆိုတာ ပေါင်းစည်းခြင်းဖြင့် စွမ်းအားအသစ်ကို ရရှိခြင်းပေါ့။ ငယ်ငယ်တုန်းက ကြားခဲ့ဖူးတဲ့ အဖိုးအိုနဲ့ သားများ ပုံပြင်ထဲကလိုပေါ့။ ထင်းတစ်ချောင်းစီကို ချိုးနိုင်ပေမဲ့ ထင်းစည်းကျတော့ မချိုးနိုင်ကြတော့ဘူး မဟုတ်လား။

ပြီးတော့ မြန်မာ့ရာဇဝင်ထဲမှာ လူသိများတဲ့ နောင်ရိုးတိုက်ပွဲကို လေ့လာကြည့်ရင် Synergy ရဲ့ သဘောတရားကို တွေ့နိုင်မှာပါ။ ဘုရင့်နောင်က သူ့ထက်အင်အား အများကြီးများတဲ့ ရန်သူတပ်ကို နောင်ရိုးမှာ တိုက်ဖို့လုပ်နေတုန်း ဘုရင်က သူ့ကိုစောင့်ဦးလို့ ခြေမြန်တော်လွှတ်ပြီး မှာသတဲ့။ ဘုရင့်နောင်က တိုက်ပွဲအောင်မြင်ပြီးပြီလို့ ပြန်လျှောက်ခိုင်းလိုက်ပြီး ရန်သူဖက်ကမ်းကို ကူးလာခဲ့တဲ့ ဖောင်တွေကို ဖျက်ခိုင်းသတဲ့။

အကြပ်ဗိုလ်မှုးတွေက ကန့်ကွက်ကြတော့ ဘုရင့်နောင်က စစ်ပွဲရှုံးရင် သေမှာဘဲတဲ့၊ သေပြီးမှတော့ ထွက်ပြေးဖို့ ဖောင် မလိုတော့တဲ့အကြောင်း ၊ မသေချင်ရင်တော့ တိုက်ပွဲကို နိုင်အောင်တိုက်ဖို့အကြောင်း ပြောသတဲ့။

စစ်သည်ရဲမက်တွေအားလုံးရဲ့ စိတ်ထဲမှာ တိုက်ပွဲကို အနိုင်တိုက်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့။ ဒီတော့ စစ်သည်အား လုံးရည်မှန်းချက် တူသွားတဲ့အတွက် Synergy စွမ်းအားသစ်ကြီး ဖြစ်လာပြီး ပံ့ပိုးပေးလိုက်လို့ တိုက်ပွဲမှာ အနိုင်ရသွားကြပါ တော့တယ်။

ဓားချင်း ယှဉ်ခုတ်ရတဲ့၊ လူအင်အားများတဲ့သူသာ နိုင်လေ့ရှိတဲ့ခေတ်မှာ ဘုရင့်နောင်တို့ လူနည်းစု အနိုင်ရသွားတာ ညီ ညွတ်ခြင်းသည် အင်အားကြောင့်ပါ။ Synergy ကြောင့်ပါ။

ဒါကြောင့် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုတို့နဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းတစ်ခုကို တည် ထောင်ပြီး ရိုးသားစွာနဲ့ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ကြရင်တော့ ကြီးမားတဲ့ Synergy စွမ်းအားတွေ ဖြစ်လာပြီး အောင်မြင်မှုတွေ မျှော်မှန်းတာထက် ပိုပြီးရလာပါလိမ့်မယ်။

ထင်ကျော် (စက်မှုတက္ကသိုလ်)

ဇင်လင်း ● ဒီမိုကရေစီနိုင်ငံထူထောင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုမည်

$
0
0
ဇင်လင်း ● ဒီမိုကရေစီနိုင်ငံထူထောင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုမည်
(မိုးမခ) သြဂတ်စ် ၂၀၊

၂၀၁၈ ခုနှစ် ဩဂုတ်တွင် ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ် (၃၀) ပြည့်အခါသမယ၌ လူထုအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ပြောဆိုဆွေးနွေးမှုအသံ အတော်ကျယ်လောင်လာသည်ကို တွေ့ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်သူလူထု လိုလားသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းခရီး တွင် အဟန့် အတားဖြစ်နေသည်ဟု ပြောဆိုဝေဖန်လာကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးကိစ္စတွင် အဓိကအချက် မှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အပါအ၀င် နိုင်ငံရေးအင်အားစုများအကြား အချင်းချင်း အပြန် အလှန် ယုံကြည်မှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြောင်း 7dayDaily သတင်းက ဖေါ်ပြထားသည်။ ပဓါနအားဖြင့် ယုံကြည်မှု ရရှိရန် ဆောင်ရွက် ရမည်ဖြစ်ပြီး အပြန်အလှန် ယုံကြည်မှု တိုးတက်လာမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု  ဒေါက်တာမျိုးညွန့်က ဆိုသည်။ ထို့ပြင် NLD အနေဖြင့် အတိတ်မှ အကြောင်းများအတွက် လက်စားချေဖို့ မရှိ။ အတိတ်ဖြစ်ရပ်များနှင့် ပတ်သက်၍ ပုဂ္ဂိုလ်အားလုံးကို မျက်နှာပျက် စရာ၊ ဂုဏ်သိမ်ငယ်စရာ ကိစ္စမျိုးလုံးဝ လုပ်ဆောင်မှု မရှိခဲ့ကြောင်း အဖွဲ့ချုပ်အနေဖြင့် သက်သေပြလိုသောကြောင့် ယုံကြည်မှုတည်ဆောက်နေခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာ ၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော လူထုလှုပ်ရှားမှု၏ ရည်မှန်းချက် များ အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်များက ဩဂုတ် ၈ ရက်၌ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ  နှစ် (၃၀) ပြည့်ချိန်၌ အမှတ်တရစကား ပြောကြားခဲ့ကြသည်။ လက်ရှိ လွှတ်တော်များသည် ရှစ်လေးလုံးအရေးတော်ပုံကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ရှစ်လေးလုံးလှုပ်ရှားမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းက ဆိုသည်။ ရှစ်လေး လုံးအရေးတော်ပုံ၏ ရည်မှန်းချက်နှင့် NLD ပါတီ၏ ရည်မှန်းချက်သည် ထပ်တူဖြစ်သည်ဟု သူကဆိုသည်။ လွှတ်တော် အတွင်းတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ကိုင်၍ မရနိုင်သဖြင့် ၂၁ ရာစု ပင်လုံညီလာခံမှ တဆင့် လုပ်ဆောင်လျှက်ရှိကြောင်း ဦးကြည်ဝင်းက ဆိုသည်။ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ခင်က လက်ရှိ မြန်မာ နိုင်ငံ အခြေအနေသည် ရှစ်လေးလုံးအရေးတော်ပုံ၏ ရည်မှန်းချက်ရောက်ရှိရေး လမ်းပေါ်သို့ ရောက်လာပြီဟု ဆိုနိုင် ကြောင်း မှတ်ချက်ပြုပြောကြားသည်။

ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်သည့် ရှစ်လေးလုံး နှစ်(၃၀)ကာလ သုံးသပ်ဆွေးနွေးမှုများတွင် ၈၈ ကျောင်းသား ခေါင်းဆောင် များနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးအတွက်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောဆိုခဲ့ကြသည်။ ၈၈ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ပြင်ပတွင် ပုဂ္ဂိုလ်ရေးထိတွေ့မှုများ မှတစ်ဆင့် ညှိနှိုင်းသင့်သည်ဟု  အကြံ ပြု ပြောကြားခဲ့သည်။

ဤနေရာ၌ အလျဉ်းသင့်သဖြင့် “နိုင်ငံတကာရှေ့နေများ လူ့အခွင့်အရေးဆိုင်ရာ အစည်းအရုံး” International Bar Association’s Human Rights Institute (IBAHRI) ၏ သုတေသနရှုထောင့်မှ တင်ပြထားသော “၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ အောက်က မြန်မာနိုင်ငံ”  ဆိုသည့် ရှုမြင်သုံးသပ်ချက်ကို မြန်မာပြန်ဆို တင်ပြလိုပါသည်။ (IBAHRI) ၏ အချက်အလက်ရှာဖွေလေ့လာရေး မစ်ရှင်အဖွဲ့ တဖွဲ့သည် ၂၀၁၂ ခုနှစ် သြဂုတ်လ (၁၁)မှ (၁၈)ရက် အတောအတွင်း မြန်မာနိုင်ငံရှိ အရေးပါသော မြို့ကြီးများသို့ တရားဝင် ၀င်ရောက်လေ့လာခဲ့ဖူးသည်။ ၎င်းအဖွဲ့၏ အစီရင်ခံစာ The Rule of Law in Myanmar: Challenges and Prospects (2012 December) ၌ “၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ သုံးသပ်ထားသည်ကို တွေ့ရသည်။ ၂၀၁၀ ခုနှစ် ဇန္န၀ါရီလ (၄)ရက်နေ့တွင် ဗိုလ်ချုပ်သန်းရွှေခေါင်ဆောင်းသော နအဖ အစိုးရအဖွဲ့က နှစ်ပေါင်း(၂၀) အတွင်း ပထမဆုံး အဖြစ် ရွေးကောက်ပွဲများကျင်းပပေးရန် စီစဉ်လျှက်ရှိကြောင်း ကြေညာခဲ့သည်။ နှစ်လကြာပြီးနောက် အငြင်းပွားဖွယ် ရွေးကောက်ပွဲဆိုင်ရာအမိန့်ဥပဒေများပေါ်ထွက်လာသည်။ အစိုးရသြဇာလွှမ်းသော ရွေးကောက်ပွဲကော်မရှင်ကိုလည်း ဖွဲ့စည်းလိုက်သည်။ ရွေးကေက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအားလုံးသည် “၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို သစ္စာစောင့်သိကာကွယ်ရမည့် တာဝန်ရှိသည်” ဟု ကော်မရှင်က ကြေညာသည်။ အကျဉ်းကျခံနေရသူများသည် ရွေးကောက်ပွဲတွင် ပါဝင်ရန် အရည်အချင်း ပျက်ယွင်းသူများဖြစ်သည်ဟုဆိုသည်။ ၎င်း ကန့်သတ်ချက်ကြောင့် လူပေါင်း မြောက်များစွာထိခိုက်မည့်အနက် ဒေါ်အောင်ဆန်းစုကြည်လည်း အပါအ၀င်ဖြစ်သည်။ ၂၀၀၉ သြဂုတ်လတွင် ဒေါ်စု၏ နေအိမ်အကျယ်ချုပ်ပြစ်ဒဏ်ကို တိုးမြှင့်ထားခဲ့သည်။ စိတ်မမှန်သူတဦး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ကျူးကျော်ဝင်ရောက်သည်ကို စိတ်ဆန္ဒမပါဘဲ လက်ခံခဲ့မှုအတွက် တရားရုံးက ရာဇ၀တ်ကြောင်းအရ  ပြစ်ဒဏ်တိုးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားပါတီငယ်များက ပါတီမှတ်ပုံမတင်ရေး၊ ရွေးကောက် ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်မှု မပြုရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြသည်။ ၂၀၁၀ နိုဝင်ဘာ(၇)ရက် ရွေးကောက်ပွဲကျင်းပပြီး နောက်၊ အသစ်ခန့်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က (နအဖ)ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ မဲအရေအတွက် ၅၈%ဖြင့် အနိုင်ရကြောင်းကြေညာခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီ၏ အခြေအနေ ပိုမို ကောင်းမွန်သွားခဲ့သည်။ ထို့ပြင် ဖွဲစည်းပုံအခြေခံဥပဒေအရ ပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅%ကို စစ်တပ်က မယှဉ်ပြိုင်ဘဲ ရရှိထားပြီလည်းဖြစ်သည်။  သို့ဖြင့် အနိုင်ရပါတီက ဥပဒေပြုလွှတ်တော်တွင် ကိုယ်စားလှယ် နေရာ ၅ ပုံ ၄ ပုံ ရရှိကာ နိဂုံးသတ်ခဲ့သည်ဟု ‘နိုင်ငံတကာရှေ့နေများ လူ့အခွင့်အရေးဆိုင်ရာ အစည်းအရုံး’ က သုံးသပ်ခဲ့ ဖူးသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ စတင်ရေးဆွဲစဉ်က ပြင် ဆင်၍ မရအောင်ပြုလုပ်ခဲ့ကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီလမ်း ကြောင်းမှ ဆောင်ရွက်နေသဖြင့် အခြေခံဥပဒေပြင်ဆင်ရေးသည် မြန်ဆန်မည်မဟုတ်ဘဲ ကြာမြင့်နိုင်ကြောင်း ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ၌ ဇွန်လ ၂၄/၂၅ တွင်ကျင်းပခဲ့သော သတ္တမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး အပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဦးဝင်းထိန်က ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ် မေလ ၉ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ရောက် မြန်မာနိုင်ငံသားများ လန်ဒန်မြို့၌ တွေ့ဆုံခဲ့စဉ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို လက်မလွှတ်ကြောင်း ပြောခဲ့ဖူးသည်။ ငြိမ်းချမ်းစွာ ဥပဒေဘောင် အတွင်းမှ ဖွဲ့စည်းပုံကို ပြောင်းလဲစေလိုကြောင်း ထိုစဉ်က ပြောကြားခဲ့သည်။

အကြမ်းမဖက် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲနည်းဖြင့် ခရီးဆက်ခဲ့သော မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအပေါ် နိုင်ငံတကာက ချီးကျူးဂုဏ်ပြုခဲ့ကြသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဒီမိုကရေစီနှုန်းစံ မပြည့်မီမှုကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီရရှိနေပြီဟု မပြောနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ အမေရိကန်ခရီးစဉ်အတွင်း သတိပေး ပြောကြားခဲ့ဖူးသည်။ အမေရိကန်ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၁ ရက်နေ့တွင် နယူးယောက်မြို့ Asia Society ၌ မိန့်ခွန်းပြောကြားခဲ့စဉ် ဖေါ်ပြပါ အတိုင်း မှတ်ချက်စကား ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များနှင့် ပတ်သက်၍ အကောင်းမြင် ရှုထောင့်မှ ချဉ်းကပ် ဆွေးနွေးခဲ့သော်လည်း  တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် အများအပြား ကျန်ရှိနေဆဲ ဖြစ်သည်ဟု ဝန်ခံပြောကြားခဲ့သည်။

‘‘မိမိတို့အတွက် အမှန်တကယ် ဂုဏ်ပြုမှု ခံယူထိုက်တန်တဲ့ အခြေအနေတခုဆီ ရောက်ရှိရေးအတွက် ဆက်လက်လျှောက် လှမ်းရမယ့် ခရီးက အရှည်ကြီး ကျန်ရှိနေဆဲဖြစ်ပါတယ်။’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ၀န်ခံခဲ့သည်။ အထူးသဖြင့် လက်ရှိ အခြေအနေတွင် မြန်မာ့နိုင်ငံရေးကဏ္ဍအတွင်း တပ်မတော်၏ ပါဝင်ချုပ်ကိုင်လွှမ်းမိုးမှုများ ကျန်ရှိနေဆဲဖြစ်ကြောင်း၊  တိုင်းပြည်၏ နိုင်ငံရေးကိစ္စရပ်များတွင် အရပ်သားများက အပြည့်အဝ ထိန်းချုပ်စီမံခွင့် ရရှိဖို့ လိုအပ်ကြောင်း၊ စသည်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံပြောကြားခဲ့သည်။

‘‘ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတစ်ခုက အရပ်သားအစိုးရ ထဲမှာ တပ်မတော်ရဲ့ စစ်ဦးစီးအရာရှိတွေ ပါဝင်နေတယ်ဆိုတာ မျိုး မဖြစ်သင့်ဘူးလေ။ ကျွန်မတို့ တကယ်တမ်း လိုလားတာက စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်ပါတယ်။’’ ဟု ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးကြောင်း 7DayDaily သတင်း၌ ဖေါ်ပြခဲ့သည်။

“အများစုအနိုင်ရပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခွင့် မရသေးပါဘူး။ အခြေခံဥပဒေရဲ့ အရေးပါတဲ့ ဘယ် အစိတ်အပိုင်းကိုမဆို ပြင်ဆင်ဖို့ တပ်မတော်ကို ဗီတိုအာဏာ အခွင့်အရေး ပေးထားတာပါ။” ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အမေရိကန်ခရီးစဉ်အတွင်း Asia Society အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က   ဆက်လက်နေရာ ယူထားသောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဟန့်အတားဖြစ်နေဆဲရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အရ အရေးပါသည့် အခြေခံဥပဒေ အပိုဒ်များကို ပြင်ဆင်လိုလျှင်၊ ပြည်ထောင်စုလွှတ်တော်ရှိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ပြင်ဆင်ရန် ထောက်ခံသည့်တိုင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ခန့်အပ်ထားသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း၏ သဘောတူညီချက်မရခဲ့ပါက ပြင်ဆင် နိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က Asia Society အဖွဲ့တွင် ရှင်းပြခဲ့ဖူးသည်။ အနည်းဆုံး သတ္တိရှိသော တပ်မတော်သား တယောက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သင့်သည်ဟု ထောက်ခံရန်လိုကြောင်း၊ တပ်မတော်သား များက စစ်မြေပြင်၌ သတ္တိရှိကြသော်လည်း လွှတ်တော်ထဲ ရောက်သည့်အခါ ကာကွယ်ရေးဦးစီးချုပ် အမိန့်အတိုင်း မဲပေးကြရသည်ကို တွေ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ထောက်ပြခဲ့သည်။

စင်စစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စသည် NLD အစိုးရ၏ ရွေးကောက်ပွဲ ကတိက၀တ် ၃ ခုအနက်မှ  တစ်ခု ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ NLD ပါတီက ယခင်ကတည်းက ပြင်ရမည့် အချက် ၁၆၈ ချက်ကို ထုတ်ပြန်ထားခဲ့ဖူးသည်။ အနာဂတ် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ပါဝင်ပတ်သက်နေမှုနှင့် စပ်လျဉ်း၍ Asia Society က မေးမြန်းခဲံစဉ် ဒေါ်အောင်ဆန်းစုကြည်က နောက် ၅ နှစ် သို့မဟုတ် ၁၀ နှစ်တာကာလတွင်  ဘာဖြစ်လာမည် ဆိုသည်ကို သူ့အနေဖြင့် မပြောနိုင်သလို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေနှင့်လည်း ပြောနိုင်မည် မထင်ကြောင်း ပြောခဲ့ဖူးသည်။ ယင်း ကိစ္စကို အဆုံးအဖြတ်ပေးရမည်မှာ ပြည်သူလူထုသာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့သည်။ ပြည်သူဟု ဆိုရာတွင် တပ်မတော်သားများလည်းပါဝင်ကြောင်း၊ တပ်မတော်အပါအ၀င် ပြည်သူလူထု တရပ်လုံးက တိုင်းပြည်၏ လက်တွေ့ဖြစ်ပေါ်နေသော အခြေအနေများအရ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန်  လိုအပ်နေ သည်ကို နားလည် သဘောပေါက်လာစေရန် ကြိုးပမ်းကြဖို့လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားခဲ့ သည်။

ဒီမိုကရေစီနိုင်ငံ တခုတွင် ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ဆီလျော်သော အခြေခံ ဥပဒေ တစ်ရပ် ပေါ်ပေါက်ရေးကိစ္စသည် အချိန်ယူဆောင်ရွက်သင့်သည်ဖြစ်သော်လည်း၊ ပြည်တွင်းစစ်ရေးပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တိုင်းရင်းသားများ တောင်းဆို နေသော နိုင်ငံရေးတန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး စသည်တို့ကို အခြေခံသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ် အမြန်ဆုံးထွက်ပေါ်လာရေးသည် ပဓါနကျသည့် လိုအပ်ချက်ဖြစ်နေပေသည်။  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်မှလည်း ၁၉၈၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ရှစ်လေးလုံး လူထုအရေးတော်ပုံ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်နိုင်မည်ဖြစ်သည်။

NLD ပါတီ၏ ရှေ့လုပ်ငန်းစဉ်များတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ဦးစားပေး ရည်မှန်းချက် ၃ ရပ်ကို အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေးဟု ထည့်သွင်းထားသည်ကို တွေ့ရသည်။ အစိုးရ၏ ရည်မှန်းချက် ၃ ရပ်မှာ  တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနှင့်၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးစသည်တို့ဖြစ်သည်။ အနှစ်ချုပ်အားဖြင့် လက်ရှိ အစိုးရ၏ ရည်မှန်းချက် ၃ ရပ်ကို အောင်မြင်ရေးကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ လူမှု အခြေပြုအဖွဲ့များ(CSOs) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs) အားလုံးလက်တွဲ ဆောင်ရွက်သင့်သည်။ မြန်မာနိုင်ငံကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းစေလိုသော စေတနာအမှန်တကယ် ရှိပါက၊ တရားဥပဒေစိုးမိုးရေးခိုင်မာ အောင် လုပ်ကြရမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးမှုခိုင်မာမှသာ လူမှုစီးပွားရေးဘ၀များ တန်းတူရည်တူ မျှမျှတတဖွံ့ဖြိုး တိုးတက်လာနိုင်မည်။ သို့မှသာ ဒီမိုကရေစီလူ့အဖွဲ့အစည်းကိုထူထောင်နိုင်မည်။ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ ပေါ်ပေါက်စေလိုသော စေတနာအရင်းခံ အမှန်ရှိကြပါက၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီနည်လမ်းတကျ ပြင်ဆင်ရေးကိစ္စအား ဟန့်တားဆန့်ကျင်နေကြဖို့မသင့်ကြောင်း သက်ဆိုင်သူများ သဘောပေါက်ချိန်တန်ပြီဟု သုံးသပ်မိ ပါသည်။
သြဂုတ်လ ၂၀ ရက်၊ ၂၀၁၈၊ တနင်္လာနေ့ထုတ် ဒီလှိုင်းဂျာနယ်တွင် ဖေါ်ပြခဲ့သည့် ဆောင်းပါး။

ထိုက်နန္ဒာဝင်း (Myanmar Now) ● ရှေ့ နေကိုအဂတိတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲသည်ကို ရှေ့နေအဖွဲ့အစည်းများဝေဖန်

$
0
0
ထိုက်နန္ဒာဝင်း (Myanmar Now) ● ရှေ့ နေကိုအဂတိတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲသည်ကို ရှေ့နေအဖွဲ့အစည်းများဝေဖန်
(မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၈

ရန်ကုန် — အမှုသည်ထံမှ ငွေကြေး နှင့် ပစ္စည်းလက်ဆောင်များ တောင်းယူပြီး အမှုပြီးဆုံးအောင် မဆောင်ရွက်ပေးကြောင်း စွပ်စွဲခံထားရသည့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်မှ ရှေ့ နေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ဖြင့်တရားစွဲဆိုခြင်းကို ရှေ့ နေများဝေဖန်လိုက်သည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်အေးသည် ၂၀၁၆ အတွင်း ဖြစ်ပွားခဲ့သည့် အမှုနှစ်ခုတွင် အမှုအောင်မြင်စေရေး အတွက် အကြောင်းပြကာ အမှုသည်ထံမှ ကျပ် ၁၂ သိန်းကျော်နှင့် လက်ဆောင်ပစ္စည်းများ တောင်းခံခဲ့ကြောင်း စွပ်စွဲခံနေရပြီး ထိန်းသိမ်းခံထားရသည်။


အခြားသော အရေးယူနိုင်သည့် ဥပဒေများရှိလျှက် အာမခံမရသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် တရားစွဲခြင်းကို စိုးရိမ်ကြောင်းရှေ့ နေများကဆိုသည်။

အခြားသော အရေးယူနိုင်သည့် ဥပဒေများရှိလျက် အာမခံမရသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် တရားစွဲခြင်းကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း အတွင်းရေးမှူး ဦးသိန်းသန်းဦး ကပြောသည်။

“ပိုက်ဆံယူပြီးတော့ တာဝန် ကျေအောင် အမှုမလိုက်ထားဘူး ဆိုရင် ဘားကောင်စီ ဥပဒေရှိတယ်။ နောက်တခုက တရားရုံးကို ပေးမယ်ဆိုပြီး ပိုက်ဆံယူတယ်ဆိုရင် အဲဒါ လိမ်လည်မှုနဲ့ အရေးယူလို့ရတယ်။ အဂတိနဲ့တော့ မဆိုင်ဘူးလို့ ကျွန်တော်တို့ ယူဆတဲ့အတွက် နောက်နောင်ကျရင် အစဉ်အလာဖြစ်လာမှာ စိုးတာပါ” ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှေ့နေအသင်းအဖွဲ့များ ဖြစ်ကြသော မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ILEM)၊ မြန်မာနိုင်ငံရှေ့နေများကွန်ရက်၊ မြန်မာမီဒီယာရှေ့နေများကွန်ရက်တို့မှ တာဝန် ရှိသူများသည် သြဂုတ်လ ၂၁ ရက် (မနက်ဖြန်) လက်ပံတန်းသို့သွားရောက်ကာ အမှုဖြစ်စဉ်မှန်ကို စုံစမ်းမည်ဖြစ်သည်။

ထိုသို့စုံစမ်းခြင်းသည် အရေးယူခံထားရသည့် ရှေ့နေဘက်မှ ကာကွယ်ပေးလိုခြင်းမဟုတ်ဘဲ၊ ဥပဒေနှင့် အညီ ဥပဒေအကာအကွယ် ရရှိရန်သာ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများ အသင်း အတွင်းရေးမှူး တရားလွှတ်တော်ရှေ့ နေ ဦးသိန်းသန်းဦးက ပြောသည်။

“ဒေါ်ခင်အေး လိမ်တယ်၊ မလိမ်ဘူးကို ကျွန်တော်တို့ ကာကွယ်မှာ မဟုတ်ပါဘူး။ အမှားအမှန်က အမှုမစစ်ဆေး ရသေးတဲ့အတွက် ကျွန်တော်တို့ မသိဘူး” ဟု ၎င်းကပြောသည်။

၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ သည် အထူးဥပဒေဖြစ်သည့်အပြင် နောက်ဆုံးပြဌာန်းထားသည့် ဥပဒေခြင်းကြောင့် စကားရပ်များ အနက်အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေအရ နောက်ဆုံး အထူးဥပဒေများကို ဦးစားပေးတရားစွဲဆိုလေ့ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင်ဦးဟန်ညွန့်က ပြောသည်။

“တရားရုံး၏ လုပ်ငန်းများအပေါ်မည်သူမျှ စကားဦးသန်းလို့ မရပါဘူး။ အဂတိလိုက်စားမှု ဆိုသည်တွင် မည်သူ မဆို ဟူ၍ ပြဌာန်းချက်ပါပါတယ်။ ဒါဟာရာထူးတာဝန်လို့လည်း မကသည့်ပြင် အခြားနည်းဖြင့်ဖြစ်စေလို့လည်း ပါသည့် အတွက် (ရှေ့နေသည်) အရာရှိမဟုတ်သော်လည်း အခြားနည်းဆိုတဲ့နေရာမှာ အကျုံးဝင်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ကော်မရှင်သည် တရားစွဲဆိုခြင်းမပြုမီ သေချာသော၊ ငြိစွန်းသော ပုဒ်မများဖြင့် သက်ဆိုင်ရာ ပညာရှင်များ၏ အကြံဉာဏ်ကို ရယူတရားစွဲလေ့ ရှိသည်ဟုလည်း သူကဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ ၏ အမြင့်ဆုံးပြစ်ဒဏ်မှာ ငွေဒဏ်နှင့် ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခံရနိုင်သည်။

ရှေ့နေအသင်းအဖွဲ့များအနေဖြင့် တရားစွဲခံရသူသည် ရှေ့ နေတစ်ယောက်ဖြစ်ခြင်းကြောင့် ပါဝင်လေ့လာ စုံးစမ်းမည်ဖြစ်သော်လည်း အဓိက အကြောင်းခြင်းရာသည် တရားဥပဒေနှင့်အညီဖြစ်ရေးနှင့် အမှန်တရား ပေါ်ပေါက်ရေးသာ ဖြစ်သည်ဟု လေ့လာစုံစမ်းရေးတွင် ပါဝင်မည့် တရားလွှတ်တော်ရှေ့ နေ ဦးအောင်စိုးက ပြောသည်။

“သူက တရားဥပဒေကို ကျူးလွန်တာလည်း ဖြစ်နိုင်တယ်။ ဘာပဲပြောပြော ရှေ့နေတစ်ယောက် ဖြစ်နေတာ ဖြစ်တဲ့အတွက် လေ့လာစုံစမ်းမယ်။ ကူညီစရာရှိရင်လည်း တတ်နိုင်သမျှကူညီမယ်။ အဓိကကတော့ အမှန်တရား ဖြစ်ရေးနဲ့ ဥပဒေနဲ့ အညီဖြစ်ရေးပါဘဲ” ဟု ၎င်းက ပြောသည်။

လောအယ်စိုး - ကောင်းကင်ပြာအောက်မှိုင်းညို့နေသော ဒေါနမြေ

$
0
0
Paw Oo Thet


လောအယ်စိုး - ကောင်းကင်ပြာအောက်မှိုင်းညို့နေသော ဒေါနမြေ

(မိုးမခ) သြဂုတ် ၂၁၊ ၂၀၁၈

ဝမ်းသာအားရနှင့် ခုန်ပေါက်ပြီး စာပို့သမားကို ဖက်၍နမ်းချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ရသည်။

“ကျေးဇူးတင်လိုက်တာဗျာ။ ဆရာသမား လက်ဖက်ရည်သောက်”
"ဟေ့၊ ညီလေး စာပွဲထိုး ဒီဆရာကို ဆေးလိပ်တပွဲချပေးလိုက်” နှုတ်မှလည်း “အစ်ကိုကြီးရေ ကျေးဇူးတင်ပါတယ်” ဟု ထပ်ကာထပ်ကာ ကျွန်တော်ပြောမိနေသည်။

ခက်ခက်ခဲခဲကြိုးစား၍ဖြေဆိုပြီးနောက် အောင်စာရင်းထွက်သောအခါ ဘဝသစ်ကိုရောက်ပြီဟေ့ဟူသော အောင်မြင်ခြင်း မာန်ဝင်ခဲ့ဖူးသည်။ စာမေးပွဲကို နှစ်ကြိမ်တိတိဖြေဆိုပြီးမှ ဆယ်တန်းကိုကျွန်တော်အောင် မြင်ခဲ့သည်။ ပြင်းထန်သော ရည်မှန်းချက်နှင့် နိုင်ငံတကာဆက်ဆံရေး ပညာ (International Relation IR)ကို သင်ယူလိုခဲ့သော ကျွန်တော်စာကြည့်စားပွဲရှေ့တည့်တည့်တွင် (IR) ဟူသော နှစ်လုံးသောအင်္ဂလိပ် အက္ခရာကိုရေးထားပြီ နံရံတွင် ကပ်ကာ စာကြည့်ခဲ့သည်။

ဘဝ၏ကြီးမားသော အိပ်မက်တခုဖြစ်သည့် ရန်ကုန်တက္ကသိုလ်ကြီး၏ကျောင်းသားတယောက် ကျွန်တော်အလွန်ဖြစ်ချင်သည်။ သမိုင်းအဆက်ဆက်၌ နိုင်ငံအတွက် တန်ဘိုးရှိသော အပြောင်းအလဲများကို ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားခွင့်ရခဲ့သူတို့ လုပ်ဆောင်ခဲ့ကြသည်။ သူတို့တတွေ မိမိတို့၏ ဘဝများကိုစွန့်လွှတ်ပြီး တိုင်းပြည်နှင့်လူထုအတွက် စတေးခဲ့ကြသည်။

လူသိများ၍ ထင်ရှားကျော်ကြားသော သမိုင်းဝင်သူရဲကောင်းများလည်း ရှိသည်။ ရိုးစင်းပြီး၊ ခမ်းနားလှသော ပေးဆပ်မှုများနှင့် လူသူမသိပဲ ခန္ဓာ ကြွေ လွင့်သွားရရှာသော အညတရသူရဲကောင်းများစွာလည်းရှိသည်။ သူတို့တတွေအတော်များများသည် အမိရန်ကုန်တက္ကသိုလ်ကြီး၌ ပညာရည်နို့ကို သောက်သုံးခွင့်ရရှိခဲ့သူများဖြစ်သည်။

ပညာရေးကို ဆုံးခန်းတိုင်အောင်သင်ကြားခွင့်ရပြီး ဘွဲ့ရသွားသော သူများရှိသလို လမ်းခုလတ်မှာပင် အညှဉ်းပန်းအနှိပ်စက်ခံကာ ပညာသင်ခွင့် ရပ်ဆိုင်းလိုက်ရပြီး ဘဝတက္ကသိုလ်ကြီးတွင် ရေဆန်ကိုကူးခတ်ခဲ့ရသောသူများ၏ အရေအတွက်လည်း မနည်းခဲ့ပါ။ သူတို့တတွေ၏ခံယူချက်နှင့် ဆုံးဖြတ်ချက်များအား အမျိုးအမည်စုံလှသော အပေးအယူအရောင်းအဝယ်များနှင့် ချဉ်းကပ်၍ မရခဲ့။ လေးစားကြည်ညိုဘွယ်ကောင်းသော ရန်ကုန် တက္ကသိုလ်မှ မောင်မယ်များဖြစ်ခဲ့ကြသည်။ အစဉ်အလာကြီးလှသော ရန်ကုန်တက္ကသိုလ်ကြီးအား ကျွန်တော် အဝေးမှ ဦးညွတ်ပါ၏။

“မင်းရန်ကုန်တက္ကသိုလ်ကို တက်ခွင့်ရသွားပြီးပဲထားဦး။ ဘယ်သူမင်းကို ထောက်ပံ့မှာလဲ၊ မင်းမိသားစုရဲ့အခြေအနေကိုလဲ မင်းအသိဆုံးပဲ” ဟူသော မေးခွန်းကလည်း ကျွန်တော်မှ ကျွန်တော်အား ထပ်ခါတလဲလဲ ပြန်၍ မေးနေမိသည်။

“ဟုတ်ပေသားပဲ။ မပြည့်စုံသော မိသားစု၏ဘဝကို မိမိသာလျှင် အသိဆုံးမဟုတ်ပါလား၊ ဘာပဲဖြစ်ဖြစ် ဘုရားပို့ဆောင်ပေးရင် ဒီရန်ကုန် တက္ကသိုလ် ကြီးကို ငါရောက်ကို ရောက်ရမယ်၊ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ကျောင်းသားတယောက် ဖြစ်ရမယ်” ဟု ဆိုပြီး၊ မာန်ပြန်၍ တင်းခဲ့သည်။ နှလုံးသား၏ အတွင်းတိုက်ပွဲကား သွေးသံမထွက်ပဲ တခါတရံ ကြမ်းတမ်း၍ ခက်ထန်နေတတ်သည်။

ကျွန်တော်သည် မှုန်ရီဝါးနေသော အရာတခုကိုမှန်းဆ၍ စိတ်ကူးပုံဖော်မိနေသည်။ ထိုအရာတခုကား ဂျက်ဆင်ဘုရားကျောင်းကြီးပင်ဖြစ်သည်။ ဘာကြောင့် “ခရစ်ယာန်တွေရဲ့ဘုရားကျောင်းက အရေးကြီးလှတဲ့ရန်ကုန်တက္ကသိုလ်ရဲ့ အထိမ်းအမှတ်တခုထဲမှာ ပါဝင်နေရသလဲမသိ” ဟူ၍ ထိုစဉ်က ကျွန်တော်တွေးမိခဲ့ဖူးသည်။

ရန်ကုန်နှင့် ယုဒဿန်ကောလိပ်နှစ်ခုတို့၏ ဖြစ်တည်မှုသမိုင်းကို ကျွန်တော် ဘာမျှမသိသေးသည့်အရွယ် စာရေးဆရာမကြီး မလေးလုံရေးသားသော “ဘသက်ရှည်” ဟူသော ဆရာကြီးဦဖေမောင်တင်၏ အကြောင်းကို ဖတ်လိုက်ရတော့မှ ထိုကောလိပ်ကြီးနှစ်ခု၏ သမိုင်းနှင့်အစဉ်အလာကို ကျွန်တော် သိရပါတော့သည်။

ဂီတပညာရှင်ကြီး ထူးအိမ်သင်၏သီချင်းများ၊ အဆိုတော်မွန်းအောင်တို့၏သီချင်းများ၊ ရန်ကုန်တက္ကသိုလ်ကြီး၏ ကျောင်းသားများမှ ပြောပြသော ဇူလိုင် (၇) ရက်နေ့ အရေးအခင်း၊ မှိုင်းရာပြည့်၊ ဦးသန့်အရေးအခင်းများအကြောင်းကိုကြားရတိုင်း ကျွန်တော်အတွက် ရန်ကုန်တက္ကသိုလ်ကြီးသည် ပို၍ ခမ်း နား ထည်ဝါလာသည်ဟုခံစားမိသည်။

ထိုတက္ကသိုလ်အကြောင်းစဉ်းစားရင်း၊ စားလျှင်လည်း သည်စိတ်၊ အိပ်မပျော်မီလည်း သည်စိတ်၊ လက်ဖက်ရည်ဆိုင် စကားဝိုင်းများတွင်လည်း သည်စိတ် ဖြစ်ခဲ့ရသည်။

ဆယ်တန်းအောင်စာရင်းထွက်သည့်အခါ ခုန်ပေါက်ပြီး ကျွန်တော် ”အောင်ပြီဟေ့” ဟု အော်ဟစ်ခဲ့သည်။ အမှတ်များထွက်လာသောအခါ မိမိ၏ ရရှိထားသောအမှတ်ဖြင့် ရန်ကုန်တက္ကသိုလ်ကို တက်ခွင့်ရရှိနိုင်ရေးမှာလည်း မသေချာ။ အတိုင်းအတာတခုအရ အမှတ်က နည်းနေသည်။

ဘာသာရပ်တိုင်းကို ရမှတ်က ငါးဆယ်ကျော်ကျော်သာရှိသည်။ အများဆုံးဆိုရလျှင် ပထဝီဘာသာရပ်၌ ခြောက်ဆယ်ရှစ်မှတ်။

မိမိသင်ကြားလိုသည်က နိုင်ငံတကာ ဆက်ဆံရေးပညာရပ်။ ရရှိထားသော အမှတ်နှင့်က ”မျှော်လင့်ချက်မဲ့သလောက် ရှိနေပေပြီ“။

သို့သော် ဖြစ်ချင်ရာဖြစ်ပါစေတော့ဟူ၍ စိတ်ပိုင်းဖြတ်ပြီး၊ ပထမဦးစားပေး နိုင်ငံတကာဆက်ဆံရေးပညာရပ်၊ ဒုတိယ ဥပဒေပညာရပ်၊ တတိယ ဒဿနိ ကပညာရပ်ဟူ၍ တက္ကသိုလ်ဝင်ခွင့်လွှာတွင် စီ၍ရေးချလိုက်သည်။ သုံးမျိုးသောဘာသာရပ်များက ထိုစဉ်အချိန်ကရန်ကုန်တက္ကသိုလ်တွင်သာ သင် ကြားရမည့် ဘာသာများဖြစ်သည်။

“ကဲ ဒီသုံးမျိုးသော ဘာသာရပ်များက ငါရထားသော အမှတ်များနဲ့ ဘယ်လိုမှ မမီတော့ရင် ဘာလုပ်မလဲ“ ဟူ၍ မိမိကိုယ်ကို ပြန်၍ မေးမိသည်။ မိမိကိုယ်ကိုပြန် ဖြေရမည့်အဖြေကား မရှိ။

ဘာပဲပြောပြော ကျွန်တော် ဖောင်ဖျက်လိုက်ပါပြီး၊ စိတ်ကိုအားတင်းကာ တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာကို စာတိုက်မှတဆင့် ရန်ကုန်သို့ ပို့လိုက် ပါတော့သည်။

စိတ်လှုပ်ရှားမှုကြီးစွာနှင့် အဖြေကို နေ့စဉ်စောင့်နေခြင်းဖြစ်သည်။ ရာခိုင်နှုန်းအရ ကျွန်တော်သည် ရန်ကုန်တက္ကသိုလ်ကိုတက်ရန် မျှော်လင့်ချက် မဲ့သလောက်ရှိ၍ နေပေပြီ။

အလွန်ရူးသွပ်ခဲ့သော ဓာတ်ပုံရိုက်ခြင်းကိုလည်း အတန်တန်ဖခင်တားသည့်ကြားမှ ကွန်တော်ဓာတ်ပုံဆရာ ပေါက်စတစ်ယာက်ဖြစ်ခဲ့သည်မှာ (၁) နှစ် ကျော်ကျော်ရှိ၍ နေပေပြီ။ ဆေးအနီရောင်ပြန်၍ သုတ်ထားသော မောင်ဗမာစက်ဘီးတပတ်ရစ်ကိုနင်း၍ ရွှင်မြူး ပေါ့ပါးလန်းဆန်းနေသော ဓာတ်ပုံဆရာ ကျွန်တော့်ကို စာဖတ်သူများ ၁၉၈၉ ခုနှစ် ၁၉၉၀ ခုနှစ် ကုန်ဆုံးသည်အထိ ဖားအံမြို့တွင် မြင်တွေ့နိုင်ပါသည်။

ဘားအံ နှစ်ခြင်းခရစ်ယာန်အသင်းတော်၏ သာရေး၊ နာရေး လူငယ်တို့၏ လှုပ်ရှားမှုအားလုံးနီးပါးကို ဒိုင်ခံပြီး ဓာတ်ပုံရိုက်ယူရသော ပုဂ္ဂိုလ်ကား ထိုအချိန်က ကျွန်တော်သည် ပြိုင်ဘက်ကင်းခဲ့သူ တယောက်ဖြစ်သည်။

ထူးထူးခြားခြား ပြောင်မြောက်သော ဓာတ်ပုံပညာရှင်တဦးဖြစ်၍ အားကိုးခြင်းခံရခြင်းကား မဟုတ်။ ကျွန်တော်ကို ဓာတ်ပုံပညာသင်ကြားပေးခဲ့သော ဘားအံမြို့ မိုးပြာဓာတ်ပုံတိုက်မှ ကိုမြဦးတယောက် အမေရိကန်သို့ ဒီဗီ (DV) မဲပေါက်၍ ဘဝခရီးအသစ် လှမ်းသွားသောကြောင့် ဖြစ်သည်။

ထိုစဉ်က ကိုမြဦးသည် ဘားအံမြို့ရှိ ခရစ်ယာန်လူမှု အသိုင်းအဝိုင်းတွင် အားကိုးခြင်းခံရသော ဓာတ်ပုံဆရာကောင်းတဦးဖြစ်သည်။ ထို့ကြောင့် သူ အမေရိကန်သို့ မသွားမီ လက်ရင်းတပည့်ဖြစ်သော ကျွန်တော်အား “ လောအယ်စိုးရေး မင်းတတ်ထားတဲ့ ဒီဓာတ်ပုံပညာလေးနဲ့ အကောင်းဆုံး သူတပါးကို ကူညီပါ“ ဟု မှာကြားခဲ့ပါသည်။

ကင်မရာကိုကိုင်နေရလျှင် အလွန်ကျေနပ်နေသော ကျွန်တော်ဖြစ်သည်။ ဓာတ်ပုံအရိုက်ခံသူများလည်း အကြွေးနှင့်အားပေးလျှင်လည်း ရသည်။ ပင်ပင်ပန်းပန်းတတ်ရသော ဇွဲကပင်တောင်ပေါ်သို့ “ဓာတ်ပုံဆရာလေးကို ငှားမလို့၊ ရမလား“ ဟုလေးလေးစားစားနှင့် အမေးခံရလျှင် အကျေနပ်ကြီး ကျေနပ်၍ နေပေပြီ။

တောင်ထိပ်သို့ ရောက်သောအခါတွင်လည်း ဓာတ်ပုံနှစ်ပုံ သုံးပုံ သို့မဟုတ် ဆယ်ပုံခန့်ရိုက်ရလျှင် ကျွန်တော်အလွန်ပျော်ရွှင်၍နေပါပြီ။

လူသစ်တန်းဓာတ်ပုံဆရာဖြစ်သောကျွန်တော်ရိုက်သည့် ဓာတ်ပုံများ အလွန်အဆင်မပြေ ပုံထွက်မကောင်းသော်ငြားလည်း မိတ်ဆွေငယ်ပေါင်းများက သည်းခံအားပေးရှာပါ၏။

ဓာတ်ပုံရိုက်၍ ငွေကြေး အမြတ်ထွက်သည်၊ မထွက်သည်အသာထား။ ကင်မရာကိုလွယ်၍ လမ်းလျှောက်နေသောအခါ ချောင်းငယ်ကိုဖြတ်၍ ကူးနေ သော နွားငယ်ကလေးကဲ့သို့ ခေါင်းလေးတမော့မော့နှင့် ဟိုလွန်ခဲ့သော ဆယ်စုနှစ် နှစ်စုကျော်ကျော်ကာလ အချိန်ကိုပြန်၍ မြင်ယောင်မိပါသည်။ ဘားအံမြို့မှ သူငယ်ချင်းများကိုလည်း လွမ်းမိပါသည်။ အချို့ကား ဘဝ၏ဝမ်းရေး၊ မိသားစုအရေးများကြောင့် ရေမြေခြားသို့ရောက်နေကြပေပြီ။ သား သမီး စည်စည်ဝေဝေနှင့် အချို့ကား လူလောကမှ အပြီးအပိုင်အမျိုးမျိုးသော အကြောင်းတရားများကြောင့် ကျောခိုင်း၍ ထွက်ခွာနှင့်ကြလေပေပြီ။

ထိုစဉ်အချိန်ကာလ၌ ကျွန်တော်၏နှလုံးသား ခံစားမှုနှင့် သိမြင်သော အကြောင်းတရားများထဲတွင် ဝေဒနာတရားနှင့် အနိစ္စတရားတို့သည် မိမိနှင့် လုံးဝ မပတ်သက်သော အကြောင်းအရာများဟုပင် မှတ်ယူခဲ့ပါသည်။ ဆရာကြီး ပီမိုးနင်း၏တက်ကျမ်းများ၊ ဆရာကြီးနန္ဒသိန်းဇံ၏ခယောင်းလမ်းကို ဖြတ် ကျော်ခြင်း စာအုပ်များတို့ကိုဖတ်ပြီးရေဆန်ကို လက်ပစ်ကူးချင်သောအရွယ်ဖြစ်ခဲ့သည်။

အချိန်နှင့် လောကဓံတရားသည် ကျွန်တော်တို့အား ရင့်ကျက်မှုရှိအောင် သင်ကြားပေးသွားသည် မဟုတ်ပါလား။

မိုးဖွဲဖွဲကျနေသော နေ့တစ်နေ့ ကျွန်တော်ဖလင်ဝယ်ရင်းနှင့် လက်ဖက်ရည်ဆိုင်ထိုင်ရန်အတွက် ဘားအံမြို့လည်တွင်ရှိသော ရွှေဖားစည် လက်ဖက်ရည်ဆိုင်သို့ထွက်ခဲ့ပါသည်။

ထိုစဉ်က ဘားအံမြို့၌ နာမည်ကြီး လက်ဖက်ရည်ဆိုင်များအနက် မင်္ဂလာဝင်းနှင့် ရွှေဖားစည် နှစ်ဆိုင်ပါဝင်ပါသည်။ ရွှေဖားစည်ဆိုင်သည် ဖလင်များပါရောင်းသော ဆိုင်ဖြစ်ပါသည်။

လက်ဖက်ရည်သောက်နေစဉ် စာပို့သမားအစ်ကိုကြီးက ကျွန်တော်နာမည်ကိုခေါ်၍ “ညီလေး၊ မင်းရဲ့တက္ကသိုလ်ကဝင်ခွင့် အကြောင်းပြန်တဲ့စာ ရော့“ ဟူ၍ ကျွန်တော်အား ပေးပါ၏။

စိတ်လှုပ်ရှားခြင်းကြီးစွာနှင့် စာအိတ်ကို ကျွန်တော် ဖောက်လိုက်၏။ ကျွန်တော်၏နာမည်နှင့်အတူ ဥပဒေပညာကို ရန်ကုန်တက္ကသိုလ်၌ သင်ကြားခွင့် ပြုကြောင်း ဖော်ပြထား၏။

ဖော်၍မပြနိုင်သော ဝမ်းသာကြည်နူးမှုနှင့်အတူ စာပို့သမားအစ်ကိုကြီးအား အထူးကျေးဇူးတင်မိသောကြာင့် သူ၏လက်ကိုကိုင်ကာ ကျွန်တော် ပြောဆို နေမိ၏။

ကျွန်တော်၏အတွေးမျက်ဝန်း အာရုံ၌ ဘွဲ့နှင်း သဘင်ခန်းမကြီး၊ အဓိပတိလမ်း၊ သစ်ပုတ်ပင်၊ ဂျက်ဆင်ဘုရားကျောင်းနှင့်အတူ ကျောင်းသားသမဂ္ဂ အဆောက်အဦး နေရာဟောင်းမြက်ခင်းစိမ်းတို့ တရိပ်ရိပ် ပေါ်လာပါတော့သည်။

“ဘုရားရှင် ရန်ကုန်တက္ကသိုလ်ကြီးကို ကျွန်တော်အား တက်ခွင့်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်“ ဟူ၍လည်း ခေါင်ငုံ့ကာ ဆုတောင်းမိသည်။

နံက်ခင်းစောစော အာရုံဦးနေမင်း၏ရောင်ခြည်ကို ကျွန်တော်ထိတွေ့ ခံစားမိခဲ့သည်။ မိမိ၏ဘဝ၌ အလွန်အရေးကြီးသော ဘဝတဆစ်ချိုး အပြောင်း အလဲကြီး ဟု ကျွန်တော်ခံစားမိလိုက်ပါသည်။

တခြားတဖက်တွင်လည်း မျှော်လင့်မထားသော အတွေးက ဝင်ရောက်လာ၏။ ဆယ်တန်း ပထမနှစ်စာမေးပွဲ စတင်ဖြေဆိုသောနေ့မှာပင် ကျွန်တော့် မိဘနှစ်ပါး တရားဝင်ကွာရှင်း ပြတ်စဲသွားခဲ့သည်။ အသက်ဆယ်ခြောက်နှစ်ကျော်ကျော်လူငယ်တယောက်အတွက် အလွန်ပြင်ထန်သော လောကဓံ ရိုက်ခတ်မှုကြီး တခုဖြစ်သည်။

“အဖေလည်း ငါ့ကို ချစ်တယ်၊ အမေလည်း ငါ့ကို ချစ်တယ်။ ဘာကြောင့်များ သူတို့အချင်းချင်းကြတော့ မချစ်ကြတော့တာလဲ“ ဟူသော အတွေး ကျွန်တော်နာကျင်စွာနှင့်တွေးမိခဲ့သည်။

ယခုလို ရန်ကုန်တက္ကသိုလ်ကျောင်းသားကြီးတယောက်ဖြစ်ရတော့မည့် မိမိအတွက် မိဘနှစ်ပါးစုံအရှေ့ဝယ် ကျွန်တော်မကြည်နူးဖြစ်ခြင်းအတွက် ထိုအချိန်က ကျွန်တော် ကြေကွဲမိပါသည်။

သို့သော် လူ့ဘဝဟူသည် ပုံသေနည်း တခုအတိုင်းတွက်ဆ၍ မရသော သင်္ချာမေးခွန်းများလည်း ဖြစ်သည်မဟုတ်ပါလား။ ကြိုးစား၍ မိမိဘဝ၏ အခြေအနေကို ပြတ်ပြတ်သားသား အရှိကိုအရှိတိုင်း လက်ခံနိုင်ရန်အတွက်ပြင်ဆင်ရပါတော့သည်။

စာအုပ်များကို စ၍ ဖတ်သော အချိန်ဖြစ်သောကြောင့် ထိုစဉ်က လူငယ်အတော်များများဖတ်သော တတ်ကျမ်းများက ကျွန်တော်ကို ခွန်အားသစ်များ ပေးပါသည်။ အတ္ထုပတ္တိစာအုပ်များကလည်း ဘဝ၏မဆုံးနိုင်သော စိန်ခေါ်ချက်များတို့ကို ရင်ဆိုင်ရန် မာန်သစ်များ ပေးပါသည်။

လူ့ဘဝဟူသည် ရေဆန်လို လှော်ရသော ခရီးတခုပင် မဟုတ်ပါလား။ ဓာတ်ပုံဆရာအဖြစ် တဦးတည်း ဘားအံမြို့တွင် ကျွန်တော်နေထိုင်သည်။ နာဂတောင်တန်းသို့ သာသနာတာဝန်ဖြင့် ခရီးရှည်ထွက်သွားသော ဆရာစောမင်းလွင်၏နေအိမ်တွင်အခမဲ့ ကျွန်တော် နေထိုင်ခွင့်ရသည်။ လိုအပ်သော ကျောင်းစားရိတ်နှင့် အခြားသောအရာများအတွက် မိခင်တာဝန်ကျနေသော မြဝတီမြို့သို့ ဦးစွာခရီးထွက်ပြုရသည်။ ၁၉၉၀ ကာလနှစ်များက ဘားအံ မြို့မှတဆင့် ကော့ကရိတ်၊ တဖန်မြဝတီမြို့သို့ ခရီးပြုဖူးသောသူများ ယနေ့တိုင် အမှတ်ရနေပါလိမ်မည်။

ကော့ကရိတ်မှ မြဝတီမြို့သို့ ဒေါနတောင်တန်းကြီးကိုဖြတ်သွားရသော ခရီးကား စွန့်စားမှုကြီးတခုပင် ဖြစ်သည်။ အစိုးရနှင့် ကရင်လက်နက်ကိုင် အဖွဲ့ တို့၏ စစ်မြေပြင်လည်းဖြစ်သည်။ နည်းမျိုးစုံသော အနိုင်ကျင့်ငွေကြေးတောင်းယူတတ်သော လူသားချင်းစာနာသည့် နှလုံးသားများကင်းမဲ့သည့် လက် နက်ကိုင်ဆောင်သော အစိုးရဝန်ထမ်းတို့၏ စားကျက်လည်းဖြစ်၏။ အမျိုးအမည်ဖော်၍မရသော ဓားမြတို၊့ ပါးနပ်လိမ္မာစွာ ကျင်လည်သော နေရာ ဖြစ်သည်။

ပြင်းထန်လွန်သော မြေမြုတ်မိုင်းများထောင်ထားပြီး၊ အပြစ်မဲ့သော ခရီးသွားပြည်သူများတို့၏ အသက်ချုပ်ငြိမ်းသွားတတ်သော ခရီးလမ်းသည် ကော့ကရိတ် - မြဝတီ တောင်ကျော်လမ်းဖြစ်သည်။ ပြည်သူ့အတွက်ဟူသော ကြွေးကြော်သံများနှင့် လက်နက်များကိုင်ဆောင်ထားသော ဆန့်ကျင် ဘက် အဖွဲ့စည်းနှစ်စုကလည်း လူထုကို မိတ်ဆွေကဲ့သို့ ရာခိုင်နှုန်းအတော်များများ ပြုမူဆက်ဆံမှုကင်းမဲ့သော လမ်းခရီးလည်းဖြစ်သည်။

သို့သော် သာမာန်ပြည်သူများတို့အတွက် ရွေးချယ်ရန်လမ်းကားမရှိ။ မော်တော်ကားကို စီးနင်း၍ သွားရတော့မည်ဆိုလျှင် ဒီ ကော့ကရိတ်၊ မြဝတီ တောင်ကျော်လမ်းကိုသာ ရွေးချယ်ရတော့ပေသည်။

ပြည်သူများတို့၏ဘဝဖြတ်သန်းမှုများ၊ ထိုခရီးလမ်းကိုဖြတ်ကျော်ရတိုင်း ခါးသီး ရွံရှာ၊ နာကျည်းစရာအတွေ့အကြုံများရှိသည်။ ပြန်၍ ပြောပြစရာ ဘဝနှင့် ရင်းနှီးထားသော ဇာတ်လမ်းများရှိသည်။

ကော့ကရိတ်မြို့မှ ခန့်မှန်း၍မရသော မြဝတီယာဉ်တန်းကို ဇွဲရှိရှိနှင့် စောင့်ရသည်။ ကားတန်းရှိသည်ဟူသော အသံထွက်လာပါက ကားများစုဝေး၍ ရပ်ထားသောကားဝင်းအတွင်း အဆင်သင့် စောင့်နေရသည်။

မည်သည့်အချိန်တွင် ကားထွက်တော့မည်ကို ကြိုတင်၍ မသိကြ။ တနေ့လုံးနီးပါး ကားဝင်းကြီးထဲစောင့်နေပြီး၊ တခါ “ဒီနေ့ကားတန်း မဖြစ်ဘူးဟေ့“ ဆိုပါက မိမိတည်းခိုသည် နေအိမ်သို့ ပြန်ရပြန်သည်။ ဘာကိုမှအပြစ်တင်၍ မရ။ သည်အရပ်မှာ လူ့ဘဝတွေက သည်လိုနှင့်ပင် ရှင်သန်နေရသည်ပင် မဟုတ်ပါလား။

ထိုအချိန်က ရိက္ခာပို့သော တပ်မတော်ယာဉ်တန်းနှင့် မြဝတီသို့ ကျွန်တော် ခရီးပြုခဲ့သည်။ ကားခလည်းလျော့၍ တပ်မတော်ယာဉ်မောင်းမှ ယူ၏။ တီအီးကားကြီး၏ ဆန်အိတ်များပေါ်ထိုင်ရင်း ကျွန်တော်လိုက်ပါခဲ့ပါသည်။ လူဘဝများ ကြမ်းတမ်းပြီး ရေရာသေချာမှုမရှိစေကာမူ ဒေါနတောင်တန်းက တည်တည်ငြိမ်ငြိမ်ပင်။ ခေတ်အဆက်ဆက်မှ ဝရုန်းသုန်းကား ဖြတ်သန်းသွားခဲ့သောလူ့ဘဝဖြစ်စဉ် သမိုင်းများကို သည်ဒေါနတောင်တန်းကြီးက ကောင်းကောင်းကြီးသိနေသည့် ပုံရသည်။

ကောင်းကင်၌ ပြာလဲ့သောနောက်ခံကားနှင့် ဖြူဆွတ်သော တိမ်စိုင်များက လွင့်မျော၍ နေသည်။

ဤအရပ်ဒေသ ဘယ်အချိန်များမှငြိမ်းချမ်းမလဲဟု ကျွန်တော် တွေးနေမိသည်။ အသက်ရှင်သန်ခွင့်ရှိနေသရွေ့ မျော်လင့်ချက်များကိုယ်စီ ကျွန်တော်တို့ ရှိနေနိုင်သည်မဟုတ်ပါလား။

ယခု ကျွန်တော်စာရေးနေသည့် အချိန်ကာလအတွင်း မယုံကြည်နိုင်စရာအပြောင်းအလဲကြီးစွာ ဖြစ်ခဲ့သည်ပဲ။

နံနက်ရန်ကုန်မြို့မှထွက်လျှင် နေမဝင်မီ မြဝတီမြို့သို့ ရောက်ပေပြီ။ ဆန္ဒရှိပါက တဖက်ကမ်း ထိုင်းနိုင်ငံမဲဆောက်မြို့သို့ကူးပြီး ဈေးဝယ်ထွက်နိုင် သေးသည်။

လူဖြူ၊ လူဝါများကိုလည်း မြဝတီမြို့တွင် သင် ယခုမြင်တွေ့နိုင်သည်။ မြဝတီမြို့ခံမဟုတ်သူများတို့၏ကြီးမားသောလုပ်ငန်းများဖြင့် ရပ်တည်ထားသော စီးပွားရေးလုပ်ငန်းများကိုလည်း တွေ့နိုင်သည်။ အပြောင်းအလဲများစွာနှင့် မြဝတီမြို့ကြီးသည် ရှေ့သို့ ချီနေသည်။

အသစ်သောစိန်ခေါ်မှုများကို မြဝတီရှိ လူထုများရင်ဆိုင်ရပေသည်။ လူသားတို့၏ သမိုင်းသည် အစဉ်အနိမ့်၊ အမြင့်၊ အဖြူ၊ အမဲနှင့် အရောင်များ ဒွန်တွဲ၍ ရှိနေခဲ့သည် မဟုတ်ပါလား။

ဆယ်ကျော်သက်ရွယ်အချိန်တွင် ကျွန်တော်တို့လူငယ်အတော်များများ ကရင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းကို နှလုံးသားမှကြိတ်၍ လှိုက်လှိုက်လှဲလှဲ လေးစားကြသည်။ မိမိ၏အစ်ကိုကြီးအရွယ် (သို့မဟုတ်)သူငယ်ချင်းတစုံတယောက် တောခိုသွားပြီး ကရင်လက်နက်ကိုင်အဖွဲ့ အစည်းထဲသို့ ဝင်ရောက်သွားကြောင်းသိရလျှင် ထိုပုဂ္ဂိုလ်အား ကျွန်တော်တို့ သူရဲကောင်းကြီးတယောက်ကဲ့သို့ လေးစားကြသည်။ မိမိကိုယ်တိုင်က သတ္တိရှိရှိနှင့် အပင်ပန်းအဆင်းရဲခံပြီး၊ တောခိုနိုင်လောက်သော အနေအထားနှင့် ရပ်တည်မှုမရှိခဲ့။ သို့သော် ကရင်လက်နက်ကိုင် တပ်သားများ ဝတ်ဆင်သော ပျောက်ကြားစစ်ဝတ်စုံကို နှစ်သက်တန်ဘိုးထားခြင်းကြီးစွာနှင့် ကျွန်တော်တို့ ဝတ်ဆင်ခဲ့ကြသည်။

ယခုတော့လည်း နည်းမျိုးစုံနှင့် အစိုးရစစ်တပ်နှင့် အဆင်ပြေသွားကြပြီး၊ ငြိမ်းချမ်းရေးယူခဲ့ကြသော လက်နက်ကိုင်အကြီးအသေး၊ အဖွဲ့ကား နည်းနည်း နောနောမဟုတ်။ ရာထူးအဆင့်တွေလည်း အမျိုးမျိုး။ သူတို့တတွေကလည်း ပျောက်ကြားယူနီဖောင်းတွေ ဝတ်ဆင်ထားကြသည်။

သို့သော် ယခု နိုင်ငံအနှံ့ရှိ လူငယ်ရာခိုင်နှုန်းအတော်များများ ပျောက်ကြားစစ်ဝတ်စုံကြီးကို တန်ဘိုးထားဝတ်ဆင်ကြသည်ကို ကျွန်တော်သိပ် မတွေ့ရ တော့ပေ။

အတွေ့အကြုံ့နုနယ်ပြီး ပညာဗဟုသုတအရာ၌ လူကြီးများထက် ချို့တဲ့အားနည်းမှုများရှိကြသော်လည်း အဖြူရောင်ကြည်လင်သော နှလုံးသားများကို သမိုင်းခေတ်အဆက်ဆက်တွင် လူငယ်များကြောင့် လူသားတို့၏သမိုင်းများကြီးမားသော အချိုးအကွေ့များနှင့် ရင်ဆိုင်ခဲ့ကြသည်။ သူတို့၏ ပေးဆပ်မှု များကြောင့် လူသားတို့၏သမိုင်းများ ကြီမားသောအချိုးအကွေ့များနှင့် ရင်ဆိုင်ခဲ့ကြသည်။

မိမိတို့၏ခံယူချက်ကို ခန္ဓာကြွေသွားသည်အထိ သူတို့တတွေ အပေးအယူမလုပ်ခဲ့။ သူတို့၏နှလုံးသား ခံယူချက်များကို ခြောက်လှန့်၍လည်းမရသလို ချော့မော့ ကျောသပ်ပြီးဝယ်ယူ၍မရနိုင်ခဲ့။

ထိုကဲ့သို့သော သူရဲကောင်းမောင်၊ မယ်များ မြန်မာသမိုင်းစာမျက်နှာတွင် ကမ္ဗည်းမော်ကွန်းရေးထိုးနိုင်ခဲ့သည်။ လူသူမသိသွားသော အညတြ သူရဲကောင်းများစွာလည်း ရှိသည်။

သူတို့၏ကြင်နာမှုမေတ္တာတရားသည် နယ်နိမိတ်အကန့်အသတ်မရှိ။ ရွံရှာဖွယ်ကောင်းလှသော တရားမမျှတမှုနှင့် စစ်မီးလျှံများတို့ကို သူတို့တတွေ ခါးခါးသီးသီး ဆန့်ကျင်ကြသည်။

သို့သော် ခြွင်းချက်တခုကား ရှိ၏။ မြေခွေးကဲ့သို့ ကောက်ကျစ်စဉ်းလဲပြီး သိုးအရေခြုံထားသော နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေး ခေါင်းဆောင်များတို့၏ အသုံးချ အရောင်ဆိုးမှုများကိုလည်း သမိုင်းအဆက်ဆက်တွင် လူငယ်များခံခဲ့ရသည်။

မြဝတီမြို့သို့ရောက်ပြီး၊ မိခင်နှင့် တိုင်ပင်သင့်သည်အရာများကို တိုင်ပင်ပြီး၊ ကျောင်းအပ်ရန်အတွက် ကုန်ကျမည့်ငွေများကိုလည်း စုဆောင်းပြင်ဆင်ရ သည်။

ကားတန်း အတတ်ရှိသောနေ့ ကားတန်းအဆင်းရှိသောနေ့များတွင် မြဝတီမြို့သည် လှုပ်လှုပ်ရှားရှားနှင့် ပြာယာခတ်နေသော အပျိုဖြန်း မိန်းကလေးနှင့် ခပ်ဆင်ဆင်တူညီနေတတ်သည်။

ထိုအချိန်က အာဏာဘုန်းရောင် တစ်ဝင်းဝင်းနှင့် မာန်ဝင့်သောသူမှာ ပြည်သူ စစ်ခေါင်းဆောင် ဦးမိုးသီးဖြစ်သည်။ အရပ်က သိပ်မမြင့်၊ အသားအရည်က အညိုရောင်ဘက်သို့ သန်းသည်။ ကားတဝီဝီနှင့် တစ်မျိုး ၊အကောင်းစား ဂျပန်နိုင်ငံထုတ်ဆိုင်ကယ်ကို စီးနေတတ်သော ဦးမိုးသီးကို တွေ့နိုင်သည်။

မာန်နှင့်စကားပြောတတ်သည်၊ တော်တော် များများက သူကို ကြောက်ရွံ့ကြသည်။ သူကလည်း လုပ်ပိုင်ခွင့် အာဏာနှင့် ငွေကြေးကလည်း အလျှံပယ်။ ရပ်ကွက်အသစ်ဖြစ်သော မိကျောင်းကုန်းကလည်း ဦးမိုးသီး အာဏာစက်နှင့် ခြေစင်္ကြာဖြန့်ကျက်မှုအားကြီးသောကြောင့် မိုးသီးကုန်းဟုပင် ကင်ပွန်းတတ် ထားသည်။

သာမာန်အရပ်သူ အရပ်သားများက ဦးမိုးသီးကို လန့်ကြသည်။ မြဝတီမြို့နှင့် တဘက်ကမ်း ထိုင်းနိုင်ငံရှိ မယ်တော်။ ရွာလည်း မမည်၊ မြို့လည်း မဟုတ်သော အရပ်ကို သောင်းရင်မြစ်ကခြား၍ ထားသည်။ ထိုင်း မြန်မာ ချစ်ကြည်ရေးတံတားကလည်း ဆောက်ရန်စိုင်းပြင်းနေသောကာလလည်း ဖြစ်သည်။

ထိုကြောင့် နယ်စပ်ကို တရားဝင်ဖြတ်သန်းသွားလိုသူများက စက်လှေစီးရသည်။ မိုးတွင်ကာလ မြစ်ရေများ လျှံနေသည့်အချိန်တွင် စက်လှေကို မိနစ်အနည်းငယ်သာ စီးရသည့်အချိန်ကို ကျွန်တော် မမှတ်မိတော့ပါ။

သို့သော် နွေကာလ မြစ်ရေနည်းသောအချိန်တွင် မြစ်ကို ကူးသည့် စက်လှေစီးရသည့်အချိန်က သုံးမိနစ်ခန့်ပင် ရှိလိမ့်မည်။ သို့သော် အားလုံးသော ခရီးသွားတို့ စက်လှေကို မစီးမနေရ။ ထိုစက်လှေကူးတို့၏လုပ်ငန်းအား ကန်ထရိုက်ဆွဲထားသူမှာ ဦးမိုးသီးဖြစ်သည်။

ဟုတ်သည်၊ မဟုတ်သည်ကို ကျွန်တော် အသေအချာကားမသိ၊ တမြို့လုံးတွင် ဦးမိုးသီးကြောက်သော ပုဂ္ဂိုလ်ဟူ၍ နှစ်ဦးသားရှိသည်။ ထိုပုဂ္ဂိုလ်နှစ်ယောက်ကား ဦးမိုးသီးနှင့် ဆွေမျိုးမကင်းသော မိကျောင်းကုန်းဆရာတော်နှင့် သူ၏ချစ်၍ မငြီးသောမဟေသီ ဇနီးသည်ပင်ဖြစ်သည်။

ထိုကောလာဟာလ သတင်းမှန်သည်၊မမှန်သည်ကို ကျွန်တော် မသိပါ။ ကာယကံရှင် ဖြစ်သာ ဦးမိုးသီးသာ အသိဆုံးဖြစ်ပေလိမ့်မည်။ ဦးမိုးသီးကား ကွယ်လွန်သွားရှာပေပြီ။

မြဝတီမြို့၏ ပြောင်းလဲမှုအရှိန်အဟုန်ကလည်း ပြင်းထန်မြန်ဆန်သော ယနေ့ အချိန်တွင် ကျွန်တော်တို့ ဦးမိုးသီး အသစ်များကို တွေ့မြင်ရသည်။ အနိစ္စ၏ မမြဲသော အကြောင်းအရာကို ဆင်ခြင်နိုင်ခြင်း ကင်းမဲ့ပါက ကျွန်တော်တို့သည် ငါကို ငါနှင့်သာ နှိုင်းယှဉ်သည် မဟုတ်ပါလား။

တမူထူးခြားသော မြဝတီမြို့၏ ဆိုက်ကား ( စန်လော့)ကို နင်း၍ ဘဝသစ်ကို မြဝတီမြို့၌ ရုန်းကန်နေရှာသော အထက်တန်းကျောင်းသားဘဝမှ သူငယ်ချင်း ကိုနိုင်ကို မမျှော်လင့်ပဲ မြို့လယ်လမ်းမကြီးတွင် ကျွန်တော် ဆုံမိသည်။ နားလေး၍ အကြားအားရုံချို့တဲ့သည် ကိုနိုင်သည် ဖြူစင် ရိုးသားသော သူတစ်ဦးဖြစ်သည်။ ဗမာလူမျိုး စစ်စစ်ဖြစ်ပြီး၊ သံလွင်မြစ်နံဘေး ကျေးရွာတစ်ရွာတွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်သည်။

ကိုယ်ခန္ဓာခိုင်မာတောင့်တင်း၍ ကျန်းမာသန်စွမ်းသောကိုနိုင်သည် ရိုးသားဖြူစင်၍ နူးညံ့ သိမ်မွေ့သောသူတဦးဖြစ်သည်။ သူငယ်ချင်းများအပေါ်အနွံတာခံသူ တဦးဖြစ်သည်။

ဆယ်တန်းကို နှစ်ကြိမ်တိုင်တိုင်ဖြေဆိုခဲ့သော်လည်း သူခမြာ မအောင်ခဲ့၊ ကြိုးစား၍ ဝီရိယအားကြီးသောသူတဦးဖြစ်သည်။

ပညာအရည်အချင်းနှင့် ဘဝကို ဆက်လက်ရပ်တည်ရာမစွမ်းသာသောကြောင့် ကိုနိုင်တစ်ယောက် ထိုင်း မြန်မာ နယ်စပ် မြဝတီသို့ စွန့်စားထွက်ခဲ့ပြီး ဆိုက်ကား နင်းကာဘဝအသစ်ကို အစပြုနေသူတဦးဖြစ်သည်။

ဖြူစင်လှသော အပြုံးကို ဆင်မြန်း၍ စန်လော့ (မြဝတီ၌ ဆိုက်ကားကို ခေါ်ဆိုသော ဝေါဟာရ) ကို နင်းနေသော ကိုနိုင်ကို ကျွန်တော်အမြဲ အမှတ်ရ နေမိပါသည်။

ဘဝ၌ ရိုးသားဖြူစင်သော ဂုဏ်ကို ပိုင်ဆိုင်ထားသောသူတဦးသည် ငွေကြေးအာဏာကို ရယူထားပြီးသူတို့တတွေ၌ လွန်စွာချို့တဲ့သော စိတ်၏ ငြိမ်းချမ်းခြင်းကို ကိုနိုင်တယောက် ပိုင်ဆိုင်ပါသည်။

“ဒီလူငယ်က မင်းရဲ့ သူငယ်ချင်းလား” ဟူ၍ မိတ်ဆွေတဦး၏မိခင်က ကျွန်တော်အား မေး၏ ”ဟုတ်ကဲ့အဒေါ် ဘာဖြစ်လို့လဲ“ ဟု ကျွန်တော် ပြန်မေးမိ၏။

“သူရဲ့ မနက်တိုင်း ဘွန်တော အော်တဲ့အသံက အရမ်းကို ကြည်နူးဖို့ကောင်းတယ် ငါတူရဲ့“ “အဒေါ် ဘွန်တောဆိုတာဘာလဲ“ ဟု ကျွန်တော်က မေးမိလိုက်သောအခါ “ဘာစကားလဲတော့ အဒေါ်မသိဘူး မနက်လေးနာရီလောက်၊ ရဟန်းတွေအတွက် ဆွမ်းတွေ ထချက်ပါလို“ နှိုးဆော်တဲ့ အသံပါပဲ။

အမှန်တကယ်ပင ဗုဒ္ဓဘာသာဝင်တဦးမဟုတ်သော ကျွန်တော်အဖို့ “ဘွန်တော“ ဆိုသည် အဓိပ္ပာယ်ကို ကျွန်တော် မသိပါ။

“ကိုနိုင်ရေ ခင်ဗျား မနက်စောစော ဘွန်တော အော်တဲ့အသံက အရမ်းကို ကြည်နူးဖို့ကောင်းတယ်လို့ မသွယ်သွယ်ဦး အမေက ပြောတယ်” ဟုသူနှင့်ဆုံသောအခါ ထိုအကြောင်းကို ကျွန်တော် သူအားပြောလိုက်၏။

“ အေး ငါမနက်တိုင်းသုံးနာရီလောက်ထပြီး ဘုရားဝတ်ပြု လုပ်စရာရှိတာ လုပ်ပြီးတာနဲ့၊ ဆိုက်ကားနင်းပြီး၊ ငါ ဘွန်တောအော်ပြီး၊ တမြို့လုံး ပတ်တာပဲ သူငယ်ချင်းရေ မင်းနားထောင်ချင်ရင် စောစောလေးတော့ အိပ်ယာကထဖို့လိုမယ်“ ဟူ၍ ပြုံး၍ ကျွန်တော်အားဆို၏။

ထူးထူးခြားခြား တခုသောနံနက်ခင်း၌ နံနက်သုံးနာရီကျော်ကျော် ကျွန်တော်နိုး၍ နေ၏။ ဘုရားဝတ်ပြုပြီး၊ စိတ်ဝင်စားသော စာအုပ်တအုပ်ကို ဖတ်ရန်ပြင်၏။ နံနက်ခင်း၏ တိတ်ဆိတ် ငြိမ်းချမ်းသော အခါသမယတွင် ကျွန်တော်၏ နားထဲသို့ အလွန်သာယာ ကြည်နူးလွမ်းမောဘွယ် ကောင်းလောက်သော သံစဉ်တစ်ခု ကျွန်တော်၏ အကြားအာရုံအတွင်းသို့ တစိမ့်စိမ့်ဝင်ရောက်လာ၏။

ငြိမ့်ညောင်းသောသံစဉ်နှင့်အတူ ဆွမ်းထ၍ ချက်ကြပါဟူသော အဓိပ္ပယယ်ရသည့် ဆော်သြမှုဖြစ်သည်။ ထိုခံစားချက်ကို ကျွန်တော် စာရေး၍ ဖော်ထုတ်နိုင်ခြင်းငှာ မစွမ်းသာပါဟု ရိုးသားစွာ ဝန်ခံပါရစေ။

မေတ္တာတရား၊ သစ္စာတရား၊ စေတနာတရားကြီးမားလှသော နှလုံးသားမှ စီးဆင်းဖြတ်သန်းလာသော ကိုနိုင်၏ “ဘွန်တော“ ဆိုသည့် သံစဉ်ဖြစ်သည်။

ဘွန်တော၏ သံစဉ် မေတ္တာလှိုင်းထက်ဝယ် ခေတ္တခဏ အရာရာ အားလုံးကို မေ့ပြီး ကျွန်တော် စီးမျောသွားမိခဲ့သည်။

ဂစ်တာလည်း မတီးတတ်၊ အဆင်ပြေအောင် သီချင်းတပုဒ်ကို သီဆိုဟစ်ကြွေးနေသော ကိုနိုင်ကို တခါမျှ ကျွန်တော် မတွေ့ဘူးပါ။

သူ၏အသံပြာပြာကြီးနှင့် ကျွန်တော်တို့ သီချင်းဆိုကြစဉ်က ဂီတနှင့် ကိုနိုင်တယောက် အဘယ်မည်သောအကြောင်းအရာနှင့်မျှ နီးစပ်နိုင်မည့်သူ တဦးမဟုတ်ဟု ကျွန်တော် တရားသေသတ်မှတ်ထားခဲ့သည်။

သို့သော် ကိုနိုင်၏ နှလုံးသားမှ စီးဆင်းလာသော ဘွန်တော၏ သံစဉ်သည် ဂီတ၏ အရသာများကိုပင် တိမ်ဝင်သွားစေနိုင်လောက်သည်ဟု ကျွန်တော် ခံစားမိခဲ့ပါသည်။ ကန့်သတ်မှု မရှိသော မေတ္တာတရား၏ အစွမ်းကား ကြီးမားသော ထုထည်နှင့် အဆုံးမရှိသော နက်ရှိုင်းမှုကြီးကို ဖန်တီးနိုင်ပါသည်။

သို့သော် စိတ်မကောင်းစရာ သတင်းကို ကျွန်တော်ကြားလိုက်ရသည်၊ ထိုအချိန်က လုပ်ပိုင်ခွင့် အာဏာနှင့် စည်းစိမ်ဂုဏ်ရောင်မောက်မာလှသော မြို့နယ်ရဲ တပ်မှူးက ကိုနိုင်၏ နံနက်စောစော အာရုံမကျဉ်းမှီ ဘွန်တော ဆော်သြမှုအား ပိတ်ပင်တားဆီးလိုက်ခြင်းပင်ဖြစ်သည်။

ဗုဒ္ဓဘာသာ ဗမာလူမျိုးဖြစ်သော ထိုမြို့နယ်ရဲမှူးကြီးသည် အဘယ်မည်သော အကြောင်းတရားကြောင့် ကိုနိုင်၏ ဘွန်တော ဆော်သြမှုကို ပိတ်ပင်တားမြစ်လိုက်သနည်းဆိုသည့်အကြောင်းအား လူအတော်များများနှင့် ကျွန်တော် နားမလည်နိုင်ပါ။ နံက်စောစော ဘွန်တော ဆော်သြနေစဉ် ရဲမှူးကြီးက ကိုနိုင်အား အော်ဟစ်ပြီး၊ မပြုလုပ်ရန်တားဆီးခဲ့သည်ဟု ကျွန်တော်သိလိုက်ရသည်။

အဖြူနှင့် ဆန့်ကျင်ဘက် အမဲရောင်ရှိသည်။ အေးမြခြင်းနှင့် ဆန့်ကျင်သော ပူလောင်မှုရှိသည်။ မင်္ဂလာရှိခြင်းမှ သွေဖယ်သော အမင်္ဂလာတရားသည် လူလောကထဲတွင် အင်းအားကြီးစွာ ဆက်လက်၍ ရှင်သန်နေသည်။ ဘွန်တော ကိုနိုင်နှင့် လုံးလုံးလျားလျား ဆန့်ကျင်သော အာဏာနှင့် ငွေကြေး စည်းစိမ်ကို ကိုးကွယ်သည့် ရဲမှူးကြီးလည်း မြဝတီမြို့တွင် ထိုအချိန်က ရှိသည်ဟုသာ ကျွန်တော် နားလည်လိုက်ပါသည်။

သို့သော် ထိုအချိန်က မင်္ဂလာရှိလှသော ကိုနိုင်၏ ဘွန်တောသံစဉ် ချုပ်ငြိမ်းခဲ့ရသည်။ ပင်စင်ယူသွားပြီးနောက် ထိုရဲမှူးကြီးလည်း မြဝတီမြို့တွင် အခြေချ နေထိုင်သွားသည်ဟု သိလိုက်သည်။

ကြီးကြီးမားမား နိုင်ငံရေးနှင့် စစ်ရေး ပြောင်းလဲမှုကြီး ၁၉၉၄ ခုနှစ် ဒီဇင်ဘာလတွင် ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သည်။ အစိုးရ၏ စစ်တပ်များမှ “ငပွေး” ဟု ချိုးချိုးနှိမ်နှိမ် ခေါ်ဆိုခဲ့သော ကရင်လက်နက်ကိုင် အလုံးအရင်းနှင့် မြို့ကြီးများထဲသို့ ဝင်ရောက်လာသည်။

တစ်ဦးနှင့် တစ်ဦး တိုက်ခိုက်ရန် မဟုတ်ပါ။ ဘာသာရေး ပြဿနာများ၏ နာကျည်းမှုများကို အခြေခံပြီး ဗုဒ္ဓဘာသာဝင် ကရင်လက်နက်ကိုင်များက ကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ထဲမှ သတ္တိရှိရှိ ခွဲထွက်လာခြင်းဖြစ်သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး အစိုးရမှ “ ငြိမ်းချမ်းရေးနှင့် သာသနာကို စောင့်ထိန်းသော ကရင်လက်နက်ကိုင်အဖွဲ့အစည်း“ ဟူ၍ နွေးနွေးထွေးထွေး ကြိုဆိုခဲ့သည်။

ပင်စင်ယူသွားသော ရဲမှူးကြီးလည်း ထိုငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များနှင့် ယနေ့အချိန်ထိ အဆင်ပြေအောင် နေထိုင်သွားမည်ဟု ကျွန်တော်ခန့်မှန်းမိသည်။ ပြောင်းပြန်စီးသော မြစ်ကြီးများလည်း ရှိသည်မဟုတ်ပါလား။

ယနေ့တိုင်ကိုနိုင်၏ ဘွန်တော သံစဉ်ကို ကျွန်တော် တမ်းတမ်းတတ လွမ်းမိပါသည်။

တက္ကသိုလ်၏ တခုသော နွေရာသီ ကျောင်းပိတ်ရက်တွင် မြဝတီမြို့သို့ ကျွန်တော် ပြန်လာခဲ့သည်။ ဟိုး ယခင်ကဲ့သို့ ကော့ကရိတ် - မြဝတီ ကားတန်းကြီးကို စိတ်ပျက်စွာနှင့် မျော်တလင့်လင့်စောင့်နေရသော အချိန် ကုန်လွန်သွားပြီ ဖြစ်သည်။

ကားတန်းကြီးက တစ်ရက် မြဝတီအတတ်ခရီးစဉ်၊ နောက်တစ်နေ့ ကော့ကရိတ်သို့ အဆင်းခရီး အလွန်အဆင်ပြေသွားပေပြီ။ အစိုးရစစ်တပ်၏ အော်ဟစ် ငေါက်ငမ်း၍ ငွေကြေးတောင်းခြင်းကိစ္စ အတော်ကို လျော့နည်းသွားပေပြီး။ အံသြဘွယ်ရာ သူတို့တစ်တွေ တပ်စခန်း အရှေ့တွင် ထိုင်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် “စေတနာရှိသလောက် လှူဒါန်းနိုင်ပါသည်“ ဆိုလာ၏။ ခရီးသွားပြည်သူလူထုကလည်း ခွင့်လွှတ်နားလည်စွာနှင့် စေတနာရှိသလောက် ပေးကမ်းကြတော့သည်။

ဗုဒ္ဓသာသနာအလံ လက်မောင်းတံဆိပ်နှင့် (DKBA) ကရင်လက်နက်ကိုင်များတို့ကိုလည်း ဘားအံ၊ ကော့ကရိတ်၊ မြဝတီမြို့များတွင် လက်နက်အပြည့်ကိုင်ဆောင်၍ ကားများတစ်ဝီဝီနှင့်သွားလာနေသည်မှာ ကရင်ပြည်နယ်၏ မြင်ကွင်းအသစ်တစ်မျိုးဖြစ်၍ နေပေပြီ။

ခရီးသွားပြည်သူများက (DKBA) ကရင်လက်နက်ကိုင်များတို့အား တီးတိုးသံဖြင့် “မောင်ကျော်“ ဟူ၍ ခေါ်၏။ အရှေ့ပိုးကရင် ဘာသာစကား၌ “မောင်ကျော်“ ဟူသည် ဦးလေးဟု အဓိပ္ပါယ်ရသည်။

ပြောင်းလဲသွားသည့် ကရင်သမိုင်းစာမျက်နှာတွင် ဘားအံမှ မြဝတီသို့သွားသော ကားလမ်းမကြီးပေါ်ဝယ် မောင်ကျော်များတို့၏ ဂိတ်အသစ်များတိုး၍ လာသည်။

အစိုးရလက်နက်ကိုင်မှ ပြုံးပြုံးရွှင်ရွှင် စေတနာရှိသလောက် လှူဒါန်းပါဟု အချိုးပြောင်းဆက်ဆံမှုကို ပြည်သူလူထုက ကြည်ဖြူစွာနှင့် စိတ်အား ထက်သန်သလောက် စွန့်ကြဲမှု ပြုနေသော အချိန်တွင် တစ်ခါတရံ မောင်ကျော်များတို့၏ ဂိတ်တွင် မျက်နှာထားတင်းတင်းနှင့် “လာပြီး ဈေးမဆစ်နဲ့“ ဟူ၍ ကရင်သံဝဲဝဲနှင့် ကြိမ်းမောင်းသံအသစ်ကို ခရီးသွားပြည်သူလူထုများစတင် တွေ့ကြုံရပါတော့သည်။

မည်သူတဦး တယောက်ကမျှ မောင်ကျော်များကို ဈေးမဆစ်ဝံ့ကြပါ။ အတတ်နိုင်ဆုံး သူတို့တစ်တွေအား လေးလေးစားစား ဆက်ဆံကြရပါသည်။ ကရင်ပြည်နယ်၏ မြို့အဝင် မြို့အထွက် ဂိတ်များတွင် ယခင်က ပြည်သူ့ရဲ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့၊ အစိုးရတပ်မှ ထောက်လှမ်းရေးများကို မြင်တွေ့ခဲ့ရသည်။ ၁၉၉၅ ၏ နောက်ပိုင်းကာလများတွင် သစ်လွင်သော ပျောက်ကြားစစ်ဝတ်စုံကို ဆင်မြန်းပြီး ကွမ်းတဝါးဝါးနှင့် မောင်ကျော်များကို ခရီးသွားပြည်သူအပေါင်းတို့ မြင်တွေ့ရပါတော့သည်။

အခွင့်အလမ်းကို မြင်တတ်သည့် စီးပွားရေးသမားများကလည်း ကြုံတောင့်ကြုံခဲအချိန်ကို အပြည့်အဝအသုံးချကာ ယခင် “အဘ“များတို့ဘက်မှ ခေတ္တခွာပြီး၊ ပြုံးပြုံးရွှင်ရွှင်နှင့် “ဖထီးကြီးများ၊ မောင်ကျော်ကြီး“များဘက်သို့ လှည့်ကြလေပြီ။

ပုတ်သင်ညိုကဲ့သို့သော် မကြာခဏ အရောင်ပြောင်းတတ်သော လူ ပုတ်သင်ညိုများတို့အား ထိုအချိန်တွင် စာဖတ်သူများ အရှင်လတ်လတ် မြင်တွေ့နိုင်ပါသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ဘက်ဆီမှ မကြာခဏ နှစ်ဘက် ဆန့်ကျင်ဘက်၊ ကရင်လက်နက်ကိုင်အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်ကြ သောသတင်းများကြားရသည်။ ဆန့်ကျင်ဘက်အဖွဲ့အစည်း၏ မိတ်ဆွေ၊ ဆွေမျိုးသားချင်းများလည်း မသက်သာ ရော၍ ခံရတော့သည်။

ကရင်အလံတော်တခုတည်းအောက်၌ ညီအစ်ကို မိသားစုဝင် အချင်းချင်း ရက်ရက်စက်စက်သတ်ဖြတ်မှုများ ကရင်သမိုင်းတွင် အမည်းစက်ထင်ခဲ့ လေပြီ။

ခွင့်မလွှတ်နိုင်ကြသော အပြန်အလှန်ကလဲ့စားချေမှုများ ဘယ်အချိန်တွင်အဆုံးသတ်၍သွားမည်နည်းဆိုသည်ကို ဘုရားရှင်သာ သိနိုင်ပေတော့မည်။

မြေစာပင် နင်းပြား ကရင်လူထုကလည်း အဘယ်သူကို အဖေခေါ်ရမည်ကို မသိတော့။ သည်ကြားထဲ တောကြောင်ကြီးများ လက်ခမောင်း ခတ်ကြ လေပြီ။ ကရင်လူမျိုးတို့၏ အနာဂတ်သမိုင်း အဘယ်မည်သော စာမျက်နှာအရပ်သို့ ဦးတည်၍ သွားနေပြီလဲဆိုတာကို ခန့်မှန်း၍မရတော့။

အားလုံး အဆိုးကြီးမဟုတ်ပါ၊ ကောင်းမွန်သော ရလာဒ်များလည်းရှိသည်။ DKBA လက်နက်ကိုင်များ ရှိသော ကရင်လူထု၏ ကျေးရွာများတွင် အစိုးရတပ်၏ အနိုင်ကျင့်မှုများ လျော့နည်း၍ သွားသည်။ ပေါ်တာမဆွဲရဲတော့။ စနစ်တကျ သွေးခွဲပြီး ညီအစ်ကိုချင်း သတ်ကြရန်သာ တွန်းအား ပေးတော့သည်။

ထိုအချိန်များကို ပြန်လည်၍တွေးမိတိုင်း အောင်မြင်ခြင်းသရဖူပေါင်းများစွာ ဆောင်းထားသော ရာဇာပလ္လင်စိမ်းစိမ်းပေါ်မှ ပြုံးတော်မူတတ်သော ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို အမှတ်ရမိပါသည်။

ယခုတော့ သူသည်လည်း မမြဲသောတရားသဘော၏ ဆုံးမခြင်းကို ခါးသီးစွာ ခံယူနေရသည်မဟုတ်ပါလား။ စိုက်သည့်အတိုင်းတော့ ရိတ်သိမ်း ရပေတော့မည်။

၁၉၄၉ ခုနှစ်ဆန်းကတည်းက စတင်ခဲ့သော ကရင်လက်နက်ကိုင်တော်လှန်ရေးကြီးသည် အခြေအနေ အမျိုးမျိုးတို့ကြောင့် ပြည်မ ရန်ကုန် မြစ်ဝကျွန်းပေါ်၊ ပဲခူးတိုင်း၊ တနင်္သာရီကမ်းရိုးတန်းဒေသမှ ဒေါနတောင်တန်းဒေသတစ်ခွင်တွင် ထစ်ချုန်းပြီး သေနတ်သံ ကြီး၊ ငယ်များ သောသောညံကား ယမ်းနံ့ သွေးစိမ်းနံ့များ လွှမ်းခဲ့ပေသည်။

ထိုမှတစ်ခါ ၁၉၉၅ နှစ်ဦးပိုင်းမှ ယနေ့အချိန်ထိ ကရင်လူမျိုး မိသားစုဝင်ချင်း ညီအစ်ကိုရင်းများတို့၏ ဒေါနှင့် မာန်ဟုန်ပြင်းပြင်း စစ်ခင်း၍ နေကြပေပြီ။ ရလာဒ်များအနက် လူဦးရေသောင်းနှင့်ချီ၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္လာရီတိုင်းတို့တွင် မှီတင်းနေထိုင်ကြကုန်သော လူငယ်မောင်မယ် အနာဂတ်ပုရစ်ဖူးအသက်ရွယ်တို့ ထိုင်းနိုင်ငံအတွင်းသို့ အရှိန်ပြင်းပြင်းနှင့် ဝင်ရောက်သွားကြသည်။ အတော်များများသော ထိုင်းနိုင်ငံရှိမြို့ကြီးများတွင် အောက်ခြေသိမ်း အိမ်စေအလုပ်သမားများ၊ အနိမ့်ကျဆုံးသော အလုပ်များဟုသတ်မှတ်ထားသော အလုပ်သမားတို့၏ နေရာများတွင် မြန်မာနိုင်ငံဖွားများနှင့် ကရင်လူမျိုးများတို့အား ဝမ်းနည်းစွာ မြင်တွေ့နိုင်သည်။

ပြည့်တန်ဆာရုံများတွင်လည်း ရှိသည်၊ ထိုင်းနိုင်ငံတွင် အခြေပြုပြီး အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံအတွင်းသို့ ခိုးဝင်ပြီးငါးဖမ်းသော ငါးဖမ်းစက်လှေကြီးများ တို့အား သင်တွေ့မြင်နိုင်သည်။

လူမှုအဖွဲ့အစည်းကြီးသည် အခြေခံကျစွာတစ်ဦးချင်းပါဝင်သော မိသားစုဝင်များနှင့် ဖွဲ့စည်းထားသည်။ တိုင်းပြည်အတွင်းရှိ မိသားစုတစ်စု၏ လုံခြုံမှု မရှိခြင်း၊ ချို့ငဲစွာ စားသောက်ရခြင်း၊ ဆေးဝါးကုသမှု လုံလောက်စွာ မရရှိတော့ပါက လူသားများတို့သည် ဘဝ၏ ဖန်တီးလာသော ကပ်အကြောင်း တရားကြောင့် ဝမ်းနည်းကြေကွဲစွာနှင့် မိမိ၏ နေရင်းဌာနကို စွန့်ခွာခဲ့ကြလေသည်။

တိုင်းပြည်မှ ပုံစံအမျိုးမျိုးနှင့် ထွက်ခွာကြမည့်သူများတို့သည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊တနင်္သာရီတိုင်းတို့၏ ထိုင်း မြန်မာ နယ်နိမိတ်ကို ကျော်ပြီး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်သွားကြသည်။

အစိုးရစစ်တပ်၏ လူမဆန်စွာ အနိုင်ကျင့်ခြင်းများကို ရှောင်ရှားရန် ကရင်လက်နက်ကိုင် ဆန့်ကျင်ဘက် အဖွဲ့အစည်းကြီး နှစ်ခုတို့၏ တပ်သားသစ်များစုဆောင်းမည့် အန္တရာယ်မှာ ရှောင်ရှားရန် ကရင်လူငယ်မောင်မယ် အရေအတွက် အတော်တော်များများ မိမိတို့၏ နေအိမ်များတို့ကို စွန့်ခွာခဲ့ကြသည်။

မိမိတို့၏ လူမျိုးနှင့်သာသနာကို အသည်းထဲမှ နက်နက်ရှိုင်းရှိုင်း ချစ်ခင်မြတ်နိုးပါ၏။ကွယ်ကာ ထိမ်းသိမ်းစောင့်ရှောက်လိုပါ၏။ ဇာတိမြေတွင် ကျင်းပလေ့ရှိသော ပွင့်လင်းရာသီပွဲတော်များကို တမ်းတခြင်းကြီးစွာနှင့် ပျော်ရွှင် ဆင်နွှဲလိုပါ၏။

သက်ထားနှင့် သံယောဇဉ်ကြီးမားလှပါသည်ဆိုသော သူကို မျက်ရည်ကို သုတ်၊အံကိုကြိတ်ပြီး အစိမ်းသက်သက် စွန့်ခွာခဲ့ရသည်။ လွမ်းရေးထက် ဝမ်းရေးကပို၍ ခက်သည်မဟုတ်လော။

သမီးသား ၊ သားချင်းတို့၏ ပင်ပန်းကြီးစွာ ရှာဖွေရသော ငွေကြေးစများဖြင့် သူတို့တစ်တွေနေထိုင်ခဲ့ကြသော ကျေးရွာနှင့် မြို့များတို့မှ မိဘများ ဆေးဝါးကုသနိုင်၏။ မောင်ငယ်လေးများ နှမ၊အစ်မတို့ တက္ကသိုလ်ပြီးအောင် တက်နိုင်၏။ လာမည့်နှစ် နေအိမ်ကို သွပ်မိုးနိုင်ပေလိမ့်မည်။ တစ်ချို့သော မိသားစုဝင်များတို့သည်လည်း သူတို့တတွေ့ လစဉ်ပို့လာသော ငွေများကို နှစ်လုံးထီ၊ သုံးလုံးထီအန္တရာယ်ဆိုးကြီးကြောင့် ရူးမတတ်ခံစားကြရသည်။

အချို့တို့သည်လည်း မည်သို့မျှ ကုသ၍ ရမည်မထင်သော ရောဂါဆိုးကြီးနှင့် နေအိမ်သို့ ပြန်လည်ရောက်ရှိလာ၏။ လူသူမသိပဲ တန်ဘိုးမဲ့စွာနှင့် တစိမ်း တရံတို့၏ မြေတွင် ဘဝတစ်ခုလုံးပျက်သုဉ်းပြီး လူ့လောကမှ အပြီးတိုင် ထွက်ခွာသွားပြီး ဘယ်သောအခါမှ အမေ့အိမ်သို့ မပြန်နိုင်သောသူများ၏ အရေအတွက်အတိအကျကို အဘယ်သူတစ်ဦးတစ်ယောက်ကမှ စနစ်တကျစာရင်းပြုစု၍ထားမည်မဟုတ်ချေ။

ယခုလည်း ရိုးစင်းလှသော သင်တိုင်းဖြူဝတ်ဆင်သော ကရင်လူမျိုးများနေထိုင်သည် အရပ်ဒေသများတွင် စစ်ရိပ် စစ်အရောင်များ တိမ်စိုင်ကြီးများ ရစ်သိုင်းလျက်ရှိသည်ကို မြင်တွေ့ကြားနေရသည်။

သတ္တုမုဆိုးကြီးများတို့၏ ပယောဂများကြောင့် လက်နက်ကိုင်ဆောင်ကြသူများ တစ်ဖွဲ့နှင့် တစ်ဖွဲ့ ရန်စောင်နေကြသည်။ ဘိုးဘွား စဉ်ဆက် တောင်ယာလုပ်ကိုင်ပြီး ဘဝကို ရုန်းကန်လာကြသည့်သူများနေရာထိုင်ရာဒေသသို့ ငြိမ်းချမ်းရေးဆိုသည့် အလံတော်နောက်ဝယ် တူးမည့်ဖော်ကြမည့် ကုမ္ပဏီကြီးများ ထိုဒေသများသို့ ရောက်ရှိလာကြသည်။

ကောင်းမွန်လှသော လစာထောက်ပံ့မှုများ နှင့် နိုင်ငံတကာသို့ မကြာခဏ ခြေစင်္ကြာဖြန့်ခွင့်ရသည့်အဖွဲ့အစည်းကြီး၊ငယ်တို့မှ ကိုယ်တော်ချောများနှင့် အဒေါ် မမများတို့က တောင်တန်းဒေသမှ ရိုးသား ဖြူစင်လှသော တိုင်းရင်းသားများတို့အား သင်တန်းများပေး၊ အမြင်ဖွင့်ကာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအတွက် ဆန္ဒပြတိုက်ပွဲဝင်စေ၏။ မမှားပါ၊ မှန်ကန်မြင့်မြတ်သော လုပ်ရပ်ပင်ဖြစ်ပါ၏။

လူ့အခွင့်ရေး ခေါင်းဆောင်ကြီးများ၊သဘာဝ ပတ်ဝန်းကျင်ကို မထိနှင့်။ မီးပွင့်သွားမည်ဆိုသော ပုဂ္ဂိုလ်ကြီးများ မြန်မာနိုင်ငံတွင် ၂၀၁၂ နောက်ပိုင်း အတော်များများပေါ်ပေါက်လာ၏။ ဂုဏ်ယူပါ၏၊ လေးစားပါ၏။

အဆင့်မြင့်သော တွေးခေါ်မှုများ ဝေငှ သင်တန်းပေးမှုကို အဆင့်မြင့်သော ဟိုတယ်ကြီးများတို့တွင် စတည်းချရင်း တိုက်ပွဲဝင်မည့် မဟာဗျူဟာများကို ချမှတ်ကြသည်။

အားလုံးကို မဆိုလိုပါ။ လှုပ်ရှားတိုက်ပွဲဝင်ကြပါသည်ဆိုသော (NGO) များမှ ပုဂ္ဂိုလ်များက အခြေခံလူတန်းစား၊ သာမာန်ဝန်ထမ်းများထက် အဆပေါင်းမျာစွာ နိုင်ငံခြားငွေများကို လစာများအဖြစ်ရရှိကြသည် မဟုတ်ပါလော။

အမှန်တကယ် ဒေသခံများတို့အတွက် အကျိုးဖြစ်ထွန်းသွားသော စီမံကိန်းများလည်းရှိပါသည်။ သဘောတရားများကို ထပ်တလဲလဲနှင့် လက်ဆင့်ကမ်းဝေငှမှုများလည်းရှိပါ၏။

ဖြူစင်လှသော မြန်မာနိုင်ငံမှ လူငယ်ထုများအတွင်း ပြည်ပမှ ထောက်ပံ့သော အဖွဲ့အစည်းကြီးငယ်တို့၏ မရိုးသားသောဗိုင်းရပ်ပိုးများ မကူးစက်စေရန်၊ အကိုက်မခံစေရန် အမျိုးသားရေး သတိဖြင့် အစဉ်နိုးကြားနေဘို့လိုပါ၏။

ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ အသွင်ပြောင်း၍သွားသော စိန်ခေါ်မှုအသစ်များကို တိုင်းပြည်တွင် လှည်းနေလှေအောင်း ကွန်ဒိုမီနီယံနေသူပါမကျန် ပြည်သူလူထုများ ရင်ဆိုင်နေကြရသည်။ သူရာနေမင်းကြီး၏အောက်၌ တည်မြဲသောအရာသည် မရှိပါ။

ကြည်လဲ့သော ကောင်းကင်ပြာပြာအောက်၌ ဒေါနတောင်တန်းကြီးသည်ဝပ်စင်း၍ နေ၏။ ကမ္ဘာဦး နေ့ရက်ကတည်းက စ၍ မြန်မာနိုင်ငံအတွင်း ညီနောင်များ တုတ်၊ ဓား၊ သေနတ် ဆွဲ၍ဆင်နွှဲနေသော ပြည်တွင်းစစ်ကြီးကို သူကောင်းကောင်းသိ၏။ အဓမ္မကျင့်ခြင်းခံရ၍ အပျိုရည်ပျက် သွားသော တိုင်းရင်းသူမိန်းကလေး၏ မျက်ရည်နှင့် ကြေကွဲမှုကို သူသိ၏။ အဘယ်မည်သော လျှို၊ ချိုင်၊ အဘယ်မည်သော သစ်ပင်ရိပ်မှာ သူမ၏သားအရိုး မြေစာရှိမည်မှန်းကို မသိပဲ၊ ကြွေကွဲမှုကြီးမားစွာဖြင့် ဆွဲဆွဲငင်ငင်နှင့် ငိုကြွေးသော အထက်မြန်မာပြည် အညာဒေသကျေးတောရွာမှ ဗမာအမျိုးသမီး ကြီး၏ ရင်ထုမနာအဖြစ်ကိုလည်း သူသိ၏။

ကျွန်တော်ချစ်သော အမိမြန်မာနိုင်ငံ ငြိမ်းချမ်းပါစေ။ ။

လောအယ်စိုး
(၅.၂၁.၂၀၁၈)
Buffalo

ကာတွန်း နေလင်းအောင် (မန်း) ရဲ့ ခေတ်ပြောင်းသွားပြီ ...

$
0
0


ကာတွန်း နေလင်းအောင် (မန်း) ရဲ့ ခေတ်ပြောင်းသွားပြီ ...
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၈

ကိုကျူး ● ရက်စက်သောကဗျာ

$
0
0

ကိုကျူး ● ရက်စက်သောကဗျာ
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၈

တဘဝလုံး အထစ်အငေါ့ဓာတ်ပြားကို
ဖွင့်နေရတာ ညောင်းပြီ

သည်တခါ ပိတောက်ပင် အောက်မှာ
ခရေတွေ ကြွေနေတယ်ဆိုရင် ငါ ကောက်နေတယ်

တဘဝလုံး ကောက်ကောက်ကွေ့ကွေ့
နေ့စားအလုပ်သမလေးရဲ့ စိတ်နဲ့

တစ်နေ့လုပ်ခလေးကို
 မိသားစုမျက်ရည်နဲ့ လဲလိုက်ရသော
ဘဝဟောင်းလောင်းပေါက်ကြီးထဲ
အပိုအလိုမရှိ စတေးလိုက်ရသူ စိတ်နဲ့

စိတ်ထဲက ဒဏ်ရာတွေ ငြိမ်းပါစေကွယ်
ဝမ်းကလေး ဝရုံ
အရှက်ကလေး လုံရုံ
အကြောက်ကလေး ကင်းရုံ
သည်ပုံပြင်တွေ မကြားချင်လို့

ငါတို့ မရေးရဲသော ကဗျာထဲ
ငိုလို့မဝသေးဘူးလား သိချင်တယ်

ကိုကျူး
၁၉ သြဂတ်စ်၊ ၂၀၁၈။
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>