Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ဆောင်းယွန်းလ ● အမျိုးမရှိတဲ့ အမည်မဲ့ခြင်းတရား

$
0
0
 ဆောင်းယွန်းလ ● အမျိုးမရှိတဲ့ အမည်မဲ့ခြင်းတရား
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၈

ကိုယ်မသွားဖြစ်တဲ့ ပွဲခင်းတွေထဲကို
ကိုယ်ပြန်ရောက်နေခဲ့မိတယ်

သေခြင်းတရားနဲ့ 
အလဲအလှယ်လုပ်ထားရတဲ့ နေ့တွေထဲမှာ
စိတ်ဟာ
အတည်ပေါက်နဲ့ လမ်းလျှောက်နေသူကြီးပဲ
ပင်လယ်ပြင်ကျယ်ထဲ ရွက်လွှင့်နေသူကြီးပဲ

လွတ်မြောက်ခြင်းဟာ
ခပ်စောစောပိုင်းက သည်းထန်စွာရွာခဲ့တဲ့
မုန်တိုင်းတခုဖြစ်ခဲ့ပြီး
ကိုယ်က
မိုးတိတ်ခါစမှာ လန်းမယ့်ပန်းကို ရှာဖွေနေသူဖြစ်ခဲ့တယ်

ဘယ်အချိန်ကျွံဝင်လာမယ်မှန်းမသိတဲ့
အလင်းကို
နွံအိုင်ထဲက ထိုင်စောင့်နေသူများရဲ့
ဘုရားရှိခိုးအမျိုးမျိုးနဲ့ ဝေးရာအရပ်တခုဆီမှာ

ကိုယ်ဝတ်ပြုနေတဲ့ တရားကို
ကိုယ်ပြန်ရှာဖွေတွေ့ ရှိခဲ့တယ်
အမည်မတပ်ရသေးတဲ့ ဘာသာတရားတခုအဖြစ်နဲ့။

ဆောင်းယွန်းလ

အောင်ထက်ဦး (Myanmar Now) ● ပိတ်ကားပေါ်ရောက်ဖို့ခက်နေတဲ့ တိုင်းရင်းသားရုပ်ရှင်များ

$
0
0
အောင်ထက်ဦး (Myanmar Now) ● ပိတ်ကားပေါ်ရောက်ဖို့ခက်နေတဲ့ တိုင်းရင်းသားရုပ်ရှင်များ
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၈

(ရန်ကုန်) —ကချင်စကားပြောရုပ်ရှင်ဇာတ်လမ်း ‘မနောမြေမှကျောက်စိမ်းကမ္ဘာ’ ဟာ ပြိုင်ဘက် ၃ဝ ကျော်လောက်ကို ကျော်ဖြတ်ပြီး ၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အထူးဆုရခဲ့ပါတယ်။

ကချင်ပြည်နယ်ဖားကန့်က ကျောက်စိမ်းအလုပ်သမားတွေဘဝကို ရိုက်ကူးထားတဲ့ ကချင်စကားပြော ဗမာစာတန်းထိုး ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ သူ့အောင်မြင်မှုအတွက် အပြည့်အဝ မပျော်နိုင်ပါဘူး။

ထူးချွန်ဆုသာရခဲ့ပေမဲ့ သူ့ရုပ်ရှင်ကို မြို့ကြီးတွေက ရုပ်ရှင်ရုံတွေမှာ အခုအချိန်အထိ ပြသခွင့်မရသေးဘူးလို့ ဒါရိုက်တာ JZ ဒေါင်လွဏ်းကပြောပါတယ်။

“(ကျွန်တော်က) တိုင်းရင်းသားဖြစ်နေလို့လား။ (ရုပ်ရှင်က) မကောင်းလို့ဆိုလည်း ဘာလို့ အကယ်ဒမီ ပေးနေသေးလဲ” လို့ အကယ်ဒမီရပြီး တစ်နှစ်ကျော်ကြာတဲ့အထိ ရုံတင်ခွင့်မရခဲ့တဲ့ သူ့ဇာတ်လမ်းအတွက် အကျေမနပ် ဖြစ်နေတဲ့ JZ ဒေါင်လွဏ်းက ပြောပါတယ်။

JZ ဒေါင်လွဏ်းရဲ့ ကချင်စကားပြောရုပ်ရှင်လိုပဲ မြန်မာပြည်က ဗမာမဟုတ်တဲ့ အခြားမျိုးနွယ်စုတွေရဲ့ ဘာသာစကားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်တွေဟာ မြို့ကြီးပြကြီးတွေဆီက ရုပ်ရှင်ရုံတွေမှာ ပြသခွင့်မရကြပါဘူး။

မြန်မာနိုင်ငံမြောက်ပိုင်းက ရဝမ်မျိုးနွယ်စုစကားပြောရုပ်ရှင် ‘ဂီလာ’ ကိုလည်း မြို့ကြီးတွေက ရုပ်ရှင်ရုံတွေက ပြသဖို့ငြင်း ဆန်ကြတယ်လို့ အဲဒီ ဇာတ်ကားရဲ့ ဒါရိုက်တာ ဒီထဲဒီက ဆိုပါတယ်။

ဗမာလို ‘သူရဲကောင်း’ လို့ အနက်ရှိတဲ့ ‘ဂီလာ’ရုပ်ရှင်ဟာ မြစ်ကြီးနား၊ ဗန်းမော် နဲ့ လားရှိုးမြို့တို့မှာ ရုံပြည့် အားပေးခံခဲ့ရပြီး မြန်မာပြည်မြောက်ပိုင်းရုပ်ရှင်ရုံတွေအတွက် ဝင်ငွေကောင်းတဲ့ဇာတ်လမ်းဖြစ်ခဲ့ပါတယ်။

ကျပ်သိန်း ၄ဝဝ လောက် အကုန်အကျခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ကချင်နဲ့ ရှမ်းမြောက်ဒေသတွင်း ရုပ်ရှင်ရုံတွေမှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလက တစ်ပတ်ကြာရုံတင်ခဲ့ရာမှာ ကျပ်သိန်း ၇ဝ လောက် ဝင်ငွေပြန်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာက Facebook မှာ ဖြန့်ခဲ့တဲ့ ‘ဂီလာ’ ရဲ့ ဇာတ်လမ်း အမြည်းကို ကြည့်ရှုသူ ၅ သိန်းနီးပါးရှိခဲ့ပေမဲ့ ဇာတ်လမ်းတစ်ခုလုံးဟာ ရုပ်ရှင်ပိတ်ကားတွေဆီတော့ မရောက်လာနိုင်ခဲ့ပါဘူး။

“ရုံပိုင်ရှင်တွေကတော့ သိတဲ့အတိုင်းပဲ ခုလက်ရှိ မြန်မာနာမည်ကြီး မင်းသားမင်းသမီးတွေ မပါဘူး ဆိုတော့ သူတို့ (ရုပ်ရှင်ရုံတွေ)က ရုံမတင်ရဲကြဘူးပေါ့” လို့ ရဝမ် မျက်နှာသစ် သရုပ်ဆောင်တွေပါဝင်တဲ့ ‘ဂီလာ’ ကို ဖန်တီးသူက ဆိုပါတယ်။

မကြာသေးကလည်း မျက်နှာသစ်သရုပ်ဆောင် ဇာဏ်ခီနဲ့ ရိုက်ကူးထားတဲ့ ‘ဥပါယ်တံမျဉ်’ဇာတ်ကား အောင်မြင်ခဲ့ပေမယ့် အစပိုင်းမှာ ရုံတင်ပြသဖို့ အခက်အခဲတွေ တွေ့ခဲ့ရပါသေးတယ်။ ဒါရိုက်တာဒီထဲဒီကတော့ အခက်အခဲချင်း တူရင်တောင် မြန်မာမျက်နှာသစ်ပါတဲ့ဇာတ်ကားက တိုင်းရင်းသားမျက်နှာသစ်ပါတဲ့ ကားထက် ရုံတွေ လက်ခံဖို့ရော ပရိသတ်လက်ခံဖို့ပါ လွယ်တယ်လို့ ဆိုပါတယ်။

“(ဥပါယ်တံမျဉ်မှာ) လူတွေကို ဆွဲဆောင်မှုဖြစ်စေတဲ့အရာက ထိုင်းမင်းသမီးပါတယ်။ အကယ်ဒမီမင်းဦးပါမယ်။ လက်ရှိ အကယ်ဒမီရထားတဲ့ သက်မွန်မြင့်ပါမယ်။ ကျွန်တော်တို့ ဇာတ်ကားအနေအထားက အားလုံး သုညမှာပဲ ရှိသေးတယ်။ ဒါရိုက်တာလည်းအသစ်၊ သရုပ်ဆောင်တွေလည်း လုံးဝ ပထမဆုံးတွေပဲ။ ပြီးတော့ သူတို့က မြန်မာကားအနေနဲ့တက်တာ၊ ကျွန်တော်တို့ကျတော့ လုံးဝ တိုင်းရင်းသားရိုးရာဇာတ်ကားအဖြစ် တက်တယ်။ သူတို့ရဲ့ စိတ်ဝင်စားမှု အများကြီး ကွာခြားသွားတယ်။ နောက်တစ်ခုက ကျွန်တော်တို့ မမြင်နိုင်၊ မတွေ့နိုင်၊ မတွေးခေါ်နိုင်တဲ့ အရာတွေ သူတို့မှာရှိမှာပေါ့လေ”လို့ ဒီထဲဒီက ဆိုပါတယ်။

တိုင်းရင်းသားရုပ်ရှင်တွေကို ဘာကြောင့်ပိတ်ကားပေါ်မှာတွေ့ရတာ နည်းနေတာလဲ ဆိုတာကို Myanmar Now က ရန်ကုန် က ရုပ်ရှင်ရုံတွေ အများစုကို ထိန်းချုပ်ထားတဲ့ မင်္ဂလာအုပ်စုကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းဖြေဆိုတဲ့အမျိုးသားက မှတ်ချက်ပေးဖို့ငြင်းဆန်ပါတယ်။

တိုင်းရင်းသားဘာသာစကားပြော ရုပ်ရှင်တွေ ရန်ကုန်မှာ မပြနိုင်ရတဲ့ အဓိက အကြောင်းအရင်းက ရုပ်ရှင်ရုံတွေ လုံလုံ လောက်လောက် မရှိတာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက တွဲဖက်အတွင်းရေးမှုး (၂) ဦးဇော်မင်း (ဟန်သာမြေ)က ဆိုပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့စာရင်းတွေအရ ယခုနှစ်အတွင်းရုံတင်ပြသဖို့ တန်းစီထားတဲ့ ရုပ်ရှင် ၂၅ဝ လောက်ရှိပြီး ဒီအထဲက ၅ကား လောက်က တိုင်းရင်းသားမျိုးနွယ်စုဘာသာစကားပြော ရုပ်ရှင်တွေ ဖြစ်ပါတယ်။

တန်းစီထားတဲ့ ဇာတ်ကားတွေဟာ မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံပေါင်း ၁ဝ၃ ရုံမှာ ပြသဖို့ စောင့်ဆိုင်း နေရတာဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူးမှုဟာ ဖလင်စနစ်ကနေ ဒီဂျစ်တယ်စနစ်ကို ၂ဝ၁၃ လောက်မှာ ပြောင်းခဲ့ပြီးနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားတွေ ဖောဖောသီသီ ထွက်ခဲ့တာကြောင့် တိုင်းရင်းသားရုပ်ရှင်တွေချည်းမဟုတ်ဘဲ ရုပ်ရှင်အားလုံးဟာ ပြသခွင့်ခက်ခဲနေတယ်လို့ ရုပ်ရှင်အစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူးက ဆိုပါတယ်။

ဒါပေမဲ့ “မနောမြေမှကျောက်စိမ်းကမ္ဘာ” ဖန်တီးသူ JZ ဒေါင်လွဏ်းကတော့ တိုင်းရင်းသား ဘာသာ စကားပြော ဇာတ်လမ်းတွေ ပြခွင့်မရတာဟာ ရုပ်ရှင်ရုံမလုံလောက်တာ တစ်ခုတည်းကြောင့်မဟုတ်ဘဲ မြန်မာ့ရုပ်ရှင်လောကရဲ့ သီးခြား အသိုင်းအဝိုင်းတစ်ခုအဖြစ် ရပ်တည်နေတဲ့ ဓလေ့ကြောင့်လို့ ဆိုပါတယ်။

မြန်မာ့ရုပ်ရှင်လောကဟာ ရင်းနှီးသူချင်းသာ ထိစပ်ဆက်ဆံတဲ့ဓလေ့ရှိပြီး အဲဒီ အသိုင်းအဝိုင်းထဲကို အခြားတိုင်းရင်းသားတွေ ဝင်ရောက်ဖို့အတွက် အလွန်ခက်ခဲတယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့လည်း အတိုက်ခံမလုပ်ချင်ဘူး။ ပြန်တိုက်ဖို့ကတော့လည်း ကျွန်တော်တို့က သူတို့လောက် နောက်ခံ အင်အားမရှိဘူး။ ကျွန်တော်တို့သွားတိုက်ရင် ကိုယ်တွေပဲ ဘေးလွင့်သွားမှာ၊ ဒါ့ကြောင့်မပြောရဲဘူး” လို့ JZ ဒေါင်လွဏ်းက ရှင်းပြပါတယ်။

၁၉၈ဝ ပြည့်လွန်နှစ်များကတည်းက စတင်ရိုက်ကူးခဲ့တဲ့ ကချင်ဘာသာစကားပြောဇာတ်လမ်းတွေဟာ အစောပိုင်းမှာ ဗီဒီယိုအဖြစ် ထုတ်လုပ်ခဲ့ကြပြီး ၂ဝဝဝ ပြည့်နှစ်လောက်မှာ ဒီဗီဒီအဆင့်ကို ကူးပြောင်းခဲ့ကြပါတယ်။

ဒါပေမဲ့ရန်ကုန်မှာ ရုံတင်ခွင့်ရတဲ့ ကချင်ဇာတ်ကား အရေအတွက် မရှိသလောက်နည်းပါးခဲ့တယ်လို့ ကချင်ရုပ်ရှင် အသိုင်းအဝိုင်းက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ် ၂ဝဝ၈ မှာ ကချင်စကားပြောရုပ်ရှင် တစ်ကား ရန်ကုန်မှာ ပထမဆုံးရုံတင်ခွင့်ရခဲ့ပါတယ်။

“အမြဲစိမ်းတောမှာ အချစ်ရှာသူ” လို့ အဓိပ္ပာယ်ရတဲ့ ဒါရိုက်တာ G ဇုံးကိရဲ့ ကချင်ရုပ်ရှင် “Nam Kawn Tsaw Kawn” ဟာ ရန်ကုန်မှာ ပထမဆုံးနဲ့ နောက်ဆုံးရုံတင်ခွင့်ရခဲ့တဲ့ ဇာတ်ကားပါ။ ဒီနောက်ပိုင်း ရုံတင်ခွင့် မရတော့ပါဘူး။

တိုင်းရင်းသားဒါရိုက်တာတွေဘက်ကတော့ သူတို့ကို အထူးအခွင့်အရေးပေးသင့်တယ်လို့ ပြောကြပါတယ်။

သိန်း ၁,ဝဝဝ လောက် ရင်းနှီးမြုပ်နှံထားတဲ့ ဒီဇာတ်ကားတွေကနေ ပြန်ဝင်တဲ့ငွေဟာ အရင်းရဲ့ ငါးပုံတစ်ပုံလောက်သာရှိပေမဲ့ လူသိနည်းတဲ့တိုင်းရင်းသားဓလေ့တွေကို ထုတ်ဖော်နေတာကြောင့် နိုင်ငံတော်က အထူးအခွင့် အရေး ပေးသင့်တယ်လို့ သူတို့က ယူဆနေပါတယ်။

အကယ်ဒမီရခဲ့တဲ့ JZ ဒေါင်လွဏ်းရဲ့ “မနောမြေမှကျောက်စိမ်းကမ္ဘာ” ဆိုရင်ကျပ်သိန်း ၂,ဝဝဝ လောက် ရင်းနှီးမြှုပ်နှံခဲ့ပေမယ့် ကုန်ကျစရိတ်ရဲ့၁ဝ ပုံတစ်ပုံလောက်ပဲ ငွေပြန်ဝင်ခဲ့ပါတယ်။

တိုင်းရင်းသားဘာသာစကားပြော ရုပ်ရှင်တွေကို ဥပဒေနဲ့ကာကွယ်ပေးဖို့ အစိုးရက စီစဉ်နေတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြောရေးဆိုခွင့်ရှိသူထံက သိရပါတယ်။

ရေးဆွဲနေတဲ့ ရုပ်ရှင်ဥပဒေ မူကြမ်းမှာ တိုင်းရင်းရုပ်ရှင်ကားများအတွက် တစ်မူထူးခြားတဲ့ အခွင့်အရေးတွေ ထည့်သွင်းရေး ဆွဲထားတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဇာတ်ပို့ဇာတ်ရံအလွှာအမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးဝင်းမြိုင်က ဆိုပါတယ်။

“ဥပဒေက အတည်မဖြစ်သေးတဲ့အတွက်ကြောင့် ဒီဟာပါဆိုပြီး ချပြလို့မရသေးဘူး"လို့ သူက ပြောပါတယ်။

အခက်အခဲတွေအများအပြားထဲမှာ ရုပ်ရှင်ပြသရာကရတဲ့ဝင်ငွေက အဓိကအချက်ဖြစ်နေပါတယ်။

တစ်နိုင်ငံလုံးမှာ ရုပ်ရှင်ရုံ ၁၄ဝ လောက် ရှိတယ်ဆိုပေမဲ့ အများစုဟာ ရန်ကုန်မှာ ရှိတာပါ။ ရုပ်ရှင်ရုံအားလုံးရဲ့ ၄၂ ရာခိုင်နှုန်းလောက်ရှိတဲ့ ရန်ကုန်ဈေးကွက်အကြိုက် ရုပ်ရှင်တွေကိုပဲ ရုံတွေက ပြသချင်နေကြပါတယ်။

လက်ရှိဈေးကွက်မှာ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်တို့ ဇာတ်ကားတွေဟာ စီးပွားရေးအရ အကျိုးအမြတ်များပြီး ပရိတ်သတ်လည်း အကြိုက်တွေ့တာကြောင့် ရုံတင်တာများတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဦးဝင်းမြိုင်က မှတ်ချက်ပေးပါတယ်။

“ပရိသတ်တောင်းဆိုမှုကို လျစ်လျူရှုလို့မရဘူး” လို့ ဦးဝင်းမြိုင်က ဆိုပါတယ်။

##

အောင်ထက်ဦးသည် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (Myanmar Institute of Theology) မှ Liberal Arts ဘာသာရပ် ကျောင်းသား ဖြစ်ပြီး Myanmar Now တွင် သတင်းစာပညာ လေ့လာနေသူ ဖြစ်သည်။

ကာတွန်း စိုးကြီး (ပေါင်းတည်) ရဲ့ စာဖတ်ကြပါ ...

$
0
0
ကာတွန်း စိုးကြီး (ပေါင်းတည်) ရဲ့ စာဖတ်ကြပါ ...
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၈

ကိုသန်းလွင် ● ရာသီဥတု ပြောင်းခဲ့ပြီ

$
0
0
ကိုသန်းလွင် ● ရာသီဥတု ပြောင်းခဲ့ပြီ
(မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၈

(၁)
မြောက်ပိုင်း ဥရောပတွင်ယခုနှစ်နွေရာသီသည် ဒုဗိကန္တရကပ်များဆိုက်သလား အောက်မေ့ရသည်။ ဆွစ်ဇာလန်တွင် နွား များ ရေငတ်ပြီးသေကြသည်။ ဆွီဒင်နိုင်ငံတွင် သစ်လုံးတွေ သစ်တောတွေမီးထဲပါကုန်ကြသည်။ သြစတြီးယားတွင်  ဒပ်ချ စတိန်း (Dachstein) တောင်တန်းကြီးမှ ရေခဲများ အရည်ပျော်ဆင်းနေကြသည်။

လန်ဒန်တွင် ပန်ကာများ လေအေးစက် များမရှိတော့လောက်အောင် ရောင်းကောင်းနေသည်။ ဂရင်းလန်ကျွန်းတွင် ရေခဲ တုံးများ အရည်ပျော်ကြရာမှ ကမ်းခြေတလျှောက် ဆူနာမီဖြစ်ခါ ကမ်းနားတလျှောက်က နေထိုင်စရာ အိမ်တွေကိုဖျက် ဆီး ပစ်နေသည်။ ဆွီဒင်နိုင်ငံတွင် အမြင့်ဆုံးရေခဲတောင်အနေဖြင့်ရှိနေခဲ့သည့် (Kebnekaise) မှာ ရေခဲတွေပျော်ကျကုန်သဖြင့်နေရာတွင် ယခင်အပတ်တုန်းက နေရာတွင်မရှိတော့ချေ။

(၂)
တောင်ပိုင်းဥရောပနိုင်ငံများက ပို၍ပူလောင်ပါသည်။ စပိန်နှင့်ပေါ်တူဂီတွင် အပူချိန်သည် (၁၀၅-၁၁၀) ဒီကရီ ဖာရင်ဟိုက် ရှိသည် (၄၀-၄၃ ဆဲစီးယပ်)၊ စနေနေ့က ပေါ်တူဂီနိုင်ငံနေရာများစွာတို့တွင် အပူချိန်မှာမှတ်တမ်း များတွင် အမြင့်ဆုံး ဖြစ်ကုန်သည်။ လွန်ခဲ့သောရက်သတ္တပတ်အတွင်း အပူငွေ့ကြောင့် စပိန်တွင်လူ ၂ ဦး သေသည်။ ပေါ်တူဂီတွင် လူ ၁ ဦး သေ ဆုံးသည်။

ထို့အတူ မြောက်ပိုင်းလတ္တီကျုဒ်ရှိမြို့များတွင် ကမ္ဘာ့ပျမ်းမျှအပူချိန်တိုးနှုန်းနှင့် မကိုက်ညီဘဲ အပူငွေ့တွေဖြင့် ပို၍ ပူနေကြောင်း အောက်စဖို့ဒ် (Oxford) တက္ကသိုလ်နှင့် ကမ္ဘာ့ရာသီဥတုလေ့လာရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဥရောပမြောက်ပိုင်း၌ရှိသော မိုးလေဝသ တိုင်းထွာရေးစခန်း ၇ ခုအဆိုအရ အာတိတ်ရပ်ဝန်းနှင့် နီးလေလေ နွေအခါ အပူချိန် သည် ပို၍ပူလေလေဖြစ်သည်ကိုတွေ့ရှိရသည်။ နော်ဝေ၊ ဆွီဒင်နှင့် ဖင်လန်တို့ရှိ မြို့ကြီးများတွင် ယခု နွေရာသီ၌ ပို၍ပူသည်။ ပျမ်းမျှအပူချိန် ၉၀ ဒီဂရီ မျှရှိသည်။

မြောက်ပိုင်းနှင့် အနောက်ဥရောပနိုင်ငံများတွင်ရာသီဥတုသည် ပို၍ဆိုးရွားသည်ကို တွေ့ရှိရသည်။ ပြင်သစ်နိုင်ငံတွင် မိုး သည်းထန်စွာရွာသွန်းခြင်း မိုးကြိုးပစ်ခြင်းနှင့်အတူ မိုးခေါင်၍ရေရှားခြင်းကိုလည်း တလှည့်စီတွေ့ရသည်။ နယ်သာလန်တွင်မိုးခေါင်ရေရှားခြင်းက ဒုက္ခပေးလျှက်ရှိသည်။

အပူငွေ့မှုတ်ခြင်းမှာ ယခင်က ၁၀နှစ်လျင်တကြိမ်မျှရှိခဲ့ရာမှ ယခုအခါ နှစ်နှစ်လျှင် တကြိမ်မျှဖြစ်ပွားလျှက်ရှိသည်။ ၄င်းမှာသိသာထင်ရှားသောပြောင်းလဲချက်ဖြစ်သည်။ အပူငွေ့များမှာ ပို၍များပြားပြီး ပိုမိုအဖြစ်များလာသည်။ “၂၀၀၃ ခုနှစ်က အပူငွေ့ ကြောင့်ပင် ဥရောပတခွင်လုံး၌ လူ ၇၀,၀၀၀ ကျော် သေဆုံးခဲ့ကြသည်။ ၂၀၆၀ ပြည့်နှစ် နောက်ပိုင်းတွင်နွေခါရောက်တိုင်း ကြုံရတော့မည်ဟု ဂျွန်ဇယ် (Jean Jonzel) ကပြောသည်။ ၎င်းမှာ အပြည်ပြည်ဆိုင်ရာရာသီဥတုစောင့်ကြည့်ရေးအဖွဲ့ (Intergovermental  Panel On Climate Change) မှဖြစ်ပြီး၂၀၀၇ ခုနှစ်အတွက် နိုဘယ်ဆုချီးမြှင့်ခံရသည်။

မကြာမကြာဖြစ်လေ့ရှိသော လေပူလှိုင်း (Heat Ware) ကြောင့် ဥရောပတွင် ၁၂၀ ဒီဂရီအထိ အပူချိန်တက်သွားနိုင်လေ့ရှိရာ ကမ္ဘာကြီးပူနွေးလာမှု ပုံစံ (Trend) ကို ရပ်ပစ်နိုင်မှသာဤဖြစ်ရပ်ကိုကာကွယ်နိုင်လိမ့်မည်ဟု သူက ဆော်သြခဲ့သည်။ ဤ သည်မှာ “ပြင်သစ်နှင့် အနောက်ဥရောပနိုင်ငံများအဖို့ ကမ္ဘာလောကအသစ်အတွင်းသို့ ဝင်ရောက်နေရသလိုဖြစ်ပြီး ဤ ကမ္ဘာကြီး ပူနွေးလာမှုကို မဟန့်တားပါက မဖြစ်တော့ပေ” ဟု သူကပြောသည်။

သြစတြီးယားနိုင်ငံရှိ (Dachstein Glacier) မှာ ရေခဲများပျော်ဆင်းလျှက်ရှိပြီး ယခုနှစ်နွေရာသီတွင် ၎င်းကို မျက်ဝါး ထင်ထင် တွေ့မြင်နိုင်သည်။ တစ်နှစ်ထက်တစ်နှစ် ပို၍ပျော်ဆင်းနေကြောင်း သိနေခဲ့သည်မှာ နှစ်များစွာကြာခဲ့ပါပြီ၊ ယခု နှစ်ဇွန်လအပူချိန်မှာ ၁၇၆၈ ခုနှစ်ကစ၍ အမြင့်ဆုံးဖြစ်ခဲ့ပါသည်။ ဤသည်မှာ အင်းစ်ဘတ် (Innsbruck)  တက္ကသိုလ်မှ မှတ်တမ်းများအရ သိခဲ့ရခြင်းဖြစ်ပါသည်။

ဥရောပတွင် ဤသို့အပူငွေ့လှိုင်းတက်ရခြင်းမှာ နေ့စဉ်နှင့်အမျှကို ကြုံနေရခြင်းဖြစ်ပါသည်။ နေ့စဉ်ဖြစ်နေ၍ နေ ထိုင်ရသည်မှာ ကသိကအောက်ဖြစ်ရသည်။ ဥရောပတိုက်သားတို့၏ လူနေမှုစနစ်တရပ်လုံးကို ထိခိုက်လျှက်ရှိပါသည်။ အရင်အေးသော ကာလများက အသားများကို ကင်၍စားရသော (Summer Barbecue) မှာ မီးဘေးအန္တရာယ်ကြောင့် ဆွီဒင်နိုင်ငံတွင် ယခုနွေရာသီတွင် မလုပ်ရဟု တားမြစ်လိုက်ရပြီဖြစ်သည်။

ဥရောပတွင် လူဦးရေ၏ ၅ ရာခိုင်နှုန်းသည် ရာသီဥတုဖောက်ပြန်မှုကို တွေ့ကြုံနေကြရသည်။ အပူငွေ့ပင်ဖြစ်စေ၊ ရေကြီး ခြင်းဖြစ်စေ၊ မိုးခေါင်ခြောက်သွေ့ခြင်း ဒဏ်ကိုခံရ၍ဖြစ်စေ တခုမဟုတ်တခု ကြုံတွေ့နေရပြီဖြစ်၏၊ အကယ်၍ ကမ္ဘာပူနွေး လာမှုကို သည်အတိုင်းလွှတ်ထားပါက ဤရာစု၏နောက်တဝက်တွင် လူသုံးဦးလျှင် နှစ်ဦးမှာ ဤဒုက္ခများကိုကြုံတွေ့ရဘွယ် ရှိသည်။

ဂျာမနီ ဟန်နိုဘာမြို့ (Hannover) တွင် ဆောင်းရာသီ ပြင်းထန်းစွာ လေတိုက်လေ့ရှိသဖြင့် လေယာဉ်ကွင်းများ ပိတ်ရခြင်း လေယာဉ်ပျံအချိန်နောက်ကျရခြင်းတို့ကြုံခဲ့ရာမှ ယခုနှစ် နွေရာသီတွင် ၉၃ ဒီဂရီအပူရှိန်ကြောင့် နှစ် ၅၀ ကျော်က တည် ဆောက်ခဲ့သော လေယာဉ်ပြေးလမ်းများပျက်စီးကုန်ရာမှ လေယာဉ်ပျံသန်းရန် နှောင့်နှေးခြင်းဖြစ်ရသည်။

ဂျာမနီနိုင်ငံမြောက်ပိုင်းတွင် ကြီးစွာသော မိုးခေါင်ရေရှားမှုဒဏ်ကြောင့် သစ်ပင်များသေကြေကြရရာ အစိုးရအနေဖြင့် ပြည သူတို့ကို အကူအညီတောင်းရသည်။ ပြည်သူတို့က မိမိတို့ဥယျာဉ်ထဲမှ ရေပိုက်များ၊ တပိုင်တနိုင် ရေများကိုသယ်လာပြီး သစ်ပင်များအပေါ် လောင်းကြရသည်။

အဲလ်ပ် (Alp) တောင်တန်းတလျှောက် ဆွစ်ဇလန် သြစတြီးယားအနောက်ပိုင်းနှင့် နယ်သာလန်တို့တွင် မိုးခေါင်မှုကြောင့် ကျွဲနွားအစာ ကောက်ရိုးများမရှိတော့သဖြင့် ဆောင်းခါတွင် ကျွေးမွေးရန်သိုလှောင်ထားခြင်းမှ ထုတ်ယူကြရသည်။ နို့စားနွား များမှာ အစာပြတ်လပ်၍မဖြစ်ပေ။

ဆွစ်ဇာလန်တွင် နွားအုပ်များကို စားကျက်ကောင်းရာနေရာသို့ရွှေ့ပြောင်းလေ့ရှိကြသည်။ ထိုရွှေ့ပြောင်းရမည့် နွားများမှာ သောက်စရာရေမရှိတော့သဖြင့် အခက်အခဲကြုံနေကြရသည်။ တိုင်းပြည်၏ ဟယ်လီကော်ပတာ အသင်းကြီးသို့ မေတ္တာရပ်ခံ သဖြင့် လေတပ်အရာရှိများက နွားများသောက်ရန် ရေဂါလံထောင်ပေါင်းများစွာကို အပတ်စဉ်ပို့ပေးကြရသည်။ ယခင်က နွားများသည် ရေတွင်းရေကန်ငယ်ငယ်ကလေးများမှ ရေရရှိခဲ့ကြသော်လည်း ထိုရေကန်များမှာ ခြောက်သွေ့ကုန်ကြပြီဖြစ် သည်။

ယခင် ၂၀၀၃ ခုနှစ်ကလည်း ဤကဲ့သို့ပင် ရေအခက်အခဲကြုံကြရသဖြင့် လေတပ်ကပါဝင်ကူညီခဲ့ဘူးသည်။ အချို့ပိုင်ရှင် များက သူတို့နွားများကို အသေသတ်ရန်ပင် စဉ်းစားနေကြရသည်။ ဟယ်လီကော်ပတာကုမ္ပဏီမှ တနေ့လျှင် ၃၀ မှ ၄၀ ခေါက်မျှရေကို သယ်ယူနေကြရပြီး တခေါက်တခေါက်လျှင် ရေ ၂၅၀ ဂါလံမျှ သယ်ဆောင်၍ရသည်။

ပြင်သစ်နိုင်ငံတွင်မူ အပူချိန်မြင့်တက်မှုသည် မှတ်တမ်းမကျိုးသေးပါ၊ သို့သော် ဇူလိုင်လမှာ နေအပူဆုံး ၃ လတွင် ၁ လအပါ အ၀င်ဖြစ်ပါသည်။ ကမ္ဘာကြီးပူနွေးလာမှု၏ပြောင်းလဲမှုများကို တွေ့တွေ့လာနေပြီဖြစ်သည်။  ပင်လယ်ရေမျက်နှာပြင်မြင့် တက်ခြင်းသည် ပြဿနာတခုဖြစ်သည်။ တစ်နှစ်လျှင် ၃ မီလီမီတာမျှ မြင့်တက်နေသည်ဖြစ်ရာ များပြားသည်ဟု မဆိုနိုင် သော်လည်း ၎င်းသည် နောက်ကြောင်းပြန်မလှည့်တော့သောကိစ္စဖြစ်သည်။

ပဲရစ်သဘောတူညီချက်က (Pre Industrial era)  ထက်အပူချိန်သည် (၂) ဒီဂရီမျှလျှော့နည်းရမည်ဟုဆိုသည်။ ဤအချက် ကို လိုက်နာနိုင်သော်လည်း ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းကို အချို့က အရေးကြီးသောကိစ္စတခုဟု မယူဆပါ၊ ပင် လယ်ရေမျက်နှာပြင်မှာ နှစ်ပေါင်းရာထောင်ချီ၍ မြင့်တက်နေဦးမည်ဖြစ်သည်။ အချို့ ပင်လယ်ကမ်းခြေမှ လူနေထိုင်မှုကို နှောင့်ယှက်နေကြပြီဖြစ်သည်။
မြေထဲပင်လယ်ကမ်းခြေတ၀ိုက်မှမြို့များ၊ ဗြိတိန်တွင် အတ္တလန်တိတ်သမုဒ္ဒရာကမ်းခြေနှင့် အင်္ဂလိပ်ရေလက် ကြား၊ ပြင်သစ်ပြည်တွင် Bordeaux မြို့အနီးမှ နယ်များတွင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုက လူများ၊ ငှက်များ၏ နေစရာများကို ဖျက်ဆီးပစ်နေပါသည်။
အင်္ဂလန်နိုင်ငံအတွက်မူ မိုးခေါင်ရေရှားမှုက သစ်သီးဝလံဈေးများကို တိုးမြှင့်စေသည်။ စားရေးရိက္ခာကို ရှားပါး စေသည်။ စားသောက်စရာများကို ပြည်ပမှတင်သွင်းနေရပြီး ဈေးနှုန်းများကို ကမောက်ကမဖြစ်စေသည်။ အိုင်ယာလန်တွင်မိုးခေါင်ရေရှားခြင်းမှာ လယ်သမားတို့ဝင်ငွေကိုတစ်ဝက်မျှလျော့ကျစေသည်။ ဆွီဒင်နိုင်ငံတွင် ဧကပေါင်း ၆၁၀၀၀ ကျော်မျှ တောမီးလောင်နေသည်။ သစ်တောမျာပြုန်းတီးနေကြရပြီး သစ်တောအပေါ်မှီခိုနေ ရသော တောသတ္တ၀ါများမှာအတိဒုက္ခရောက်ကြရသည်။

(၃)
နေ့စဉ်နှင့်အမျှ သတင်းစာများတွင် တောမီးလောင်သည့်သတင်း၊ ရေကြီးသည့်သတင်း၊ မိုးခေါင်သည့်သတင်း များကိုဖတ်နေကြရပါသည်။ သြစတြေလျတိုက် တွင်မိုးခေါင်ရေရှားလျက်ရှိပါသည်။ ဂရိနိုင်ငံတွင် မီးလောင်ခဲ့ပြီး ကာလီဖိုးနီးယားတွင်လည်း ဧကပေါင်းများစွာ မီးလောင်လျက်ရှိပါသည်။

တစ်ကမ္ဘာလုံးခြုံကြည့်လျင် ၂၀၁၆ သည်အပူဆုံးနှစ်ဖြစ်ပါသည်။ ထိုနှစ်က အယ်နီညို (El nino) ပစိဖိတ် ရာသီ ဥတုဆိုက်ကယ်ကြောင့် အပူချိန်မြင့်ရခြင်းဖြစ်ပါသည်။ ၂၀၁၇ သည် အယ်နီညို မရှိပါဘဲလျက် ၂၀၁၆ နီးပါးပူခဲ့ ပါသည်။ ၂၀၁၈ခုနှစ်တစ်ဝက်သည်လည်းအယ်နီညိုမရှိပါဘဲလျက်အပူဆုံးဖြစ်နေပါသည်။ စက်မှုလက်မှုလုပ်ငန်း များ ထွန်းကားလာပြီး မှအပူဆုံးနှစ်များကို ကြုံရသည်မှာ လူတို့၏ဖန်တီးမှုကြောင့်ဖြစ်ပါသည်။ ၄င်းတို့ ရပ်တန့် သွားရေးမှာ လူတို့လုပ်နိုင် စွမ်းသော အရာများဖြစ်ကြပါသည်။

ကိုသန်းလွင်
Ref: Scorching Summer in Europe, Alissa Rubin , New York Times: 4 August 2018

K ငြိမ်းချမ်း - ကိုဖီအာနန်ရဲ့ကိုဖီအာနန်

$
0
0

K ငြိမ်းချမ်း  - ကိုဖီအာနန်ရဲ့ကိုဖီအာနန် 
(မိုးမခစာအုပ်စင်) သြဂုတ် ၂၂၊ ၂၀၁၈

ကိုဖီအာနန် (Kofi Atta Annan ) လို့ဆိုလိုက်ရင် ကမ္ဘာ့ကုလသမဂ္ဂရဲ့သတ္တမမြောက် အထွေထွေအတွင်းရေးမှူးချုပ် (၁.၁.၁၉၉၇ မှ ၃၁.၁၂. ၂၀၀၆အထိ) အဖြစ်အပြင် ယခုဆို မြန်မာနိုင်ငံဆိုင်ရာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော် မရှင်အဖွဲ့ ဥက္ကဌအဖြစ်ပါ တွဲမြင်ကြပါတယ်။

ကိုဖီအာနန်ဟာ ၂၀၀၁ ခုနှစ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီထောက်ပံ့ပေးမည့် ကမ္ဘာလုံးဆိုင်ရာ အေ့ဒ်စ်ရောဂါနှင့်ကျန်းမာ ရေး ရန်ပုံငွေအဖွဲ့ (Global AIDS and Health Fund) ကို စတင်တည်ထောင်ခြင်းအတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ အတူ နိုဘယ်ငြိမ်းချမ်းရေးဆုကို ပူးတွဲ ရရှိခဲ့ပါတယ်။

လူမည်း အာဖရိကန်တယောက်အနေနဲ့ အထွေထွေအတွင်းရေးမှူးချုပ်လို အဆင့်မြင့်ရာထူးကို ပထမဆုံးရယူနိုင်ခဲ့တဲ့ ကိုဖီအာနန်ဟာ ၂၀၁၈၊ သြဂုတ်လ ၁၈ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

ကိုဖီအာနန်ဟာ ဂါနာလူမျိုးဖြစ်ပြီး ၈.၄.၁၉၃၈မှာ မွေးဖွားခဲ့သူဆိုတော့ ယခုဆိုရင် အသက် ၈၀နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးမှာ နှစ်ပေါင်း ၄၀ ကျော်ကြာအောင် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး (The World Health Organization WHO)၊(The UN Economic Commmission)/ (UN Emerency Force) တို့အပြင် အထွေထွေအတွင်း ရေးမှူးချုပ်တာဝန်ကို (၁၉၉၇ မှ ၂၀၀၆) ထိ ၁၀ နှစ် တာဝန်ယူခဲ့ပါတယ်။

ယခုစာအုပ်ကတော့ ကိုဖီအာနန်ကိုယ်တိုင် အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူစဉ်ကာလများမှာ သူကိုယ်တိုင်ဖြေရှင်း ဆောင်ရွက်ချက်များနဲ့ သူ့ရဲ့အမြင်များ၊ ဝန်ခံချက်များကို ၂၀၁၂ ခုနှစ်မှာ ရေးသားထားတာဖြစ်ပါတယ်။ သူကိုယ် တိုင်ဖြတ်သန်းဖြေရှင်းခဲ့ရတဲ့ ပဋိပက္ခတွေ၊ စစ်မီးလျှံတွေ၊ ငြိမ်းချမ်းရေးတွေအပေါ် သူကြုံတွေ့ရသမျှကို သူကိုယ်တိုင် ရေးသားထားခဲ့တာလည်းဖြစ်ပါတယ်။

မူရင်းစာအုပ် INTERVENTIONS, A Life in War and Peace ကို ကိုကိုလေးက ကိုဖီအာနန် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ အမည်ဖြင့် မြန်မာဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။

စာအုပ်မှာ အခန်း(၈)ခန်း ပါဝင်ပြီး ကိုဖီအာနန်ကိုယ်တိုင်လည်း စာအုပ်နဲ့ပတ်သက်ပြီး အမှာစာ ရေးသားထားပါတယ်။ အခန်း(၁) လွတ်လပ်ရေး(အာဖရိကနိုင်ငံများ၏လွတ်မြောက်ရေးအတွက် စတင်ကြိုးပမ်းခဲ့ရခြင်း)၊ အခန်း(၂) စစ်၊ ပြည် တွင်းစစ်အတွင်းမှ ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း၏စိန်ခေါ်မှု (ဆိုမာလီ၊ ရဝမ်ဒါ၊ ဘော့စနီးယား)၊ အခန်း(၃) အာဏာရှင်များနဲ့ လူ့အခွင့်အရေး (ကိုဆိုဗို၊ အရှေ့တီမော၊ ဒါဖား)၊ အခန်း(၄) ကမ္ဘာသူကမ္ဘာသားများအတွက် ကမ္ဘာ့ကုလသမဂ္ဂတို့ ပါဝင်ပါ တယ်။

အခန်း(၅)မှာတော့ တိုက်ကြီးတစ်တိုက်၏ ကံကြမ္မာ (အာဖရိကစစ်ပွဲများနှင့် အာဖရိကငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ)၊ အခန်း(၆) လူ့အခွင့်အရေးကို ထိန်းသိမ်းခြင်းနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် ကြိုးပမ်းချက်များ၊ အခန်း(၇) ကမ္ဘာ ကြီး၏ အပြင်နယ်နိမိတ်(အရှေ့အလယ်ပိုင်းမှ ငြိမ်းချမ်းရေးလုပ်ငန်း)၊ အခန်း(၈) ၉/၁၁ အကြမ်းဖက်စစ်ပွဲ (အာဖဂန်၊ အီ ရတ်နှင့် ချောက်ကမ်းပါးစွန်းက ကုလသမဂ္ဂ) တို့ ပါဝင်ပါတယ်။

ကုလသမဂ္ဂမှာ ၎င်းတာဝန်ယူဖြေရှင်းဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး အကျပ်အတည်း၊ အခက်အခဲများ၊ အောင်မြင်မှု များ၊ မဆောင်ရွက်နိုင်ပုံများကိုလည်း မခြွင်းမချန်ရေးသားထားပါတယ်။

အမှာစာမှာလည်း “ကုလသမဂ္ဂအနေဖြင့် အစဉ်တစိုက်ကြိုးပမ်းခဲ့သော်လည်း ရှေ့ဆက်ပြီး မြောက်မြားစွာ ကြိုးစားဖို့ ကျန် ရှိနေဆဲဖြစ်သည်။ ကမ္ဘာဖျက်လက်နက်ကြီးများ ဖျက် သိမ်းကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ မျှ ရှိခဲ့သော် လည်း တိုးတက်မှုမရှိသေးပေ” လို့ ရေးထားပါတယ်။

စာအုပ်ရေးသားရခြင်း ရည်ရွယ်ချက်အနေနဲ့ “ကျနော်၏စာအုပ်ကို ဖတ်ရှုခြင်းဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ကမ္ဘာ့ ငြိမ်းချမ်းရေးထာဝရတည်မြဲရေးအတွက် ဒုက္ခအခက်အခဲတွေကို ဘယ်လောက်အတိုင်းအတာထိ ရင်ဆိုင်ကြုံတွေ့ဖြတ် သန်းခဲ့ရသည်ကို သိလာရသောအခါ ကုလသမဂ္ဂအဖွဲ့ကြီးအပေါ် နားလည်သဘောပေါက်လာပြီး ကမ္ဘာသူကမ္ဘာသားတိုင်း ကမ္ဘာ့ငြိမ်းချမ်းရေးကို တန်ဖိုးထားလာဖို့ ရည်ရွယ်ပါသည်”လို့ ရေးသားထားပါတယ်။

၁၉၉၇ ခုနှစ် ကိုဖီအာနန် အတွင်းရေးမှူးချုပ် တာဝန်ယူစဉ်ကာလ နိုက်ဂျီးရီးယားစစ်ဗိုလ်ချုပ်ကြီး ဆနီအဘာဂျာကို ပြောခဲ့ တဲ့စကားကို စာအုပ်မှာထည့်သွင်းရေးသားထားကို ခုလိုဖတ်ရှုရပါတယ်။

ခင်ဗျား တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်ရင် ပြည်သူ့အာဏာကို ပြည်သူ့လက်ကို ပြန်ပေးလိုက်ပါ။ တကယ်တော်တဲ့ တတ်တဲ့သူတွေ သူတို့စွမ်းအားရှိသလောက် ကြိုးစားကြရင် ခင်ဗျားတို့တိုင်းပြည် မကြာခင် ကြွယ်ဝချမ်းသာလာမှာ ဖြစ်ပါ တယ်။ ခင်ဗျားက စစ်သားပဲ၊ စစ်သားအလုပ်ပဲ လုပ်တာကောင်းပါတယ်။”

ကိုဖီအာနန်က ဒီလိုပြောလိုက်တော့ အာဏာရှင်ကြီး ဆနီအဘာဂျာကလည်း “ပြည်သူ့ဒီမိုကရေစီ ပြန်လည်ရှင်သန်အောင် ကြိုးစားပေးပါမည်”လို့ ပြန်ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ကိုဖီအာနန်က အဆိုပါစစ်ဗိုလ်ချုပ်ကြီးရဲ့စကားနဲ့ပတ်သက်ပြီး မှတ်ချက်တခုကို စာအုပ်မှာ ထည့်သွင်းရေး သားထားပါတယ်။

“သို့သော် စစ်အာဏာရှင်တို့၏ ကတိစကား တည်မြဲရိုး ထုံးစံမရှိပါ။ ထိုသည်မှာ ဘယ်အာဏာရှင်ရဲ့အကျင့်စရိုက်ဟု သတ် မှတ်၍မရပါ။ အာဏာမက်၍ အာဏာသိမ်းတဲ့ စစ်အစိုးရတိုင်းရဲ့စရိုက်သာဖြစ်သည်။” တနိုင်ငံ၊ တဦးတယောက်အတွက် ရေးသားထားခြင်းလို့ မယူဆမိတာကတော့ အမှန်ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးလည်း “ပါကစ္စတန်နှင့် မြန်မာနိုင်ငံတို့လို ဗြိတိသျှတွေ စနစ်တကျ လမ်းညွှန်ပြသွားတဲ့ လမ်းပေါ် မလျှောက်ဘဲ စစ်အာဏာရှင်စနစ်အောက်မှာ လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ရသောနိုင်ငံတွေ ပြန်လည် ထူထောင်လို့မရ တော့ဘဲ ရေစုန်မျောခဲ့တာလည်း တွေ့နေရပါသည်”လို့ ရေးသားထားတာကို ဖတ်ရှုရပါတယ်။

အချုပ်ဆိုရရင် ယခုစာအုပ်ဟာ ကိုဖီအာနန် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှာ အတွင်းရေးမှူးချုပ်အဖြစ် ကမ္ဘာ့ငြိမ်းချမ်းရေး ကိစ္စများ၊ စစ်မီးများ၊ လူ့အခွင့်အရေးဆိုင်ရာဖြစ်ရပ်တွေကို ကိုင်တွယ်ဖြေရှင်းကြားဝင်ဆောင်ရွက်ခဲ့ပုံများကို ပြည့်ပြည့်စုံစုံ မှတ်တမ်း ရေးထိုးထားခြင်းဖြစ်ပါတယ်။

ဘာသာပြန်ဆိုသူ ကိုကိုလေးက စာအုပ်ကိုပြန်ဆိုရခြင်း အမှာစကားမှာတော့ “လူအများစုသည် ကမ္ဘာကြီးကို ဖျက်ဆီးမည့် လူသားမျိုးနွယ်စုကို ဒုက္ခပေးမည့် စစ်ဝါဒီများသာဖြစ်သည်။ လူ့ဘဝသက်တမ်းတစ်ခုလုံးကို စစ်ပွဲများ ရပ်ဆိုင်းဖို့ ကမ္ဘာ့လူ သားများဆင်းရဲခြင်း၊ ငတ်မွတ်ခြင်း ဘေးဒုက္ခမှ လွတ်ကင်းဖို့ အတူနေမျိုးနွယ်စုအတွင်း ဘာသာရေးအယူအဆ မတူညီမှုကို အကြောင်းခံပြီး လူမျိုးတုန်းသတ်ဖြတ်သုတ်သင်မှုများကို ဖြေရှင်းပေးနိုင်သော၊ ကိုဖီအာနန်တို့လို ပုဂ္ဂိုလ်မျိုးကိုသာ ကမ္ဘာ့လူ သားများက အလိုရှိကြလေသည်”လို့ ရေးထားပါတယ်။

စာရေးသူ- Kofi Atta Annan
ဘာသာပြန်- ကိုကိုလေး
စာအုပ်အမည်- INTERVENTIONS, A Life in War and Peace
ကိုဖီအာနန် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ
အမျိုးအစား- အတ္ထုပ္ပတ္တိ
ထုတ်ဝေသည့်တိုက်- ယဉ်မျိုး
ထုတ်ဝေသည့် ကာလ- ၂၀၁၇၊ မေလ
တန်ဖိုး- ၃၅၀၀ ကျပ်

ကာတွန်း ရာဇာသာစည်ရဲ့ အဆင်သင့်ပဲလား

$
0
0

ကာတွန်း ရာဇာသာစည်ရဲ့ အဆင်သင့်ပဲလား
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၈

လင်းသက်ငြိမ် ● ပြက္ခဒိန်နှင့် လူ

$
0
0
လင်းသက်ငြိမ် ● ပြက္ခဒိန်နှင့် လူ
(မိုးမခ) သြဂတ်စ် ၂၂၊  ၀၁၈

ညနေက အချိန်ကာလ အတန်ကြာကြာ အလုပ်အတူတူလုပ်ခဲ့ရသည့် သူငယ်ချင်းတယောက်နှင့် လက်ဖက်ရည်ဆိုင်မှာပြန်​တွေ့ပြီး စကားပြောဖြစ်​ကြရင်း ကျောင်းကြီးဟု ကျွန်တော်တို့ ခေါ်ကြသည့် အထက်​တန်း​ကျောင်းမှာ အလုပ်လုပ်ခဲ့ကြရသည့် အကြောင်းသို့ ရောက်ရှိသွားသည်။ ​ကျောင်းကြီး၏ ရေတွင်းနံ​ဘေးတွင် ​ခြောက်​​ပေခန့်​အကျယ်​ရှိသည့် ကွန်ကရစ် ကျောက် ခွေကြီး​တွေကို ဆင့်ဆင့်ပြီးရေစင်ကြီး တည်ဆောက်​ရသည့်အလုပ်ကို ကျွန်တော်တို့လုပ်ခဲ့ကြရခြင်းပဲဖြစ်သည်။ ဘိလပ်​​မြေအိတ်​​တွေထမ်း၊  သဲအိတ်​​၊ ​ကျောက်​အိတ်​​တွေသယ်​။ မဆလာဖျော်၊ ကျောက်ခွေလောင်းစသည်ဖြင့် ကိုယ်နှင့် သက်တူ ရွယ်တူ ကျောင်းသား၊ ကျောင်းသူတွေရှေ့ အလုပ်လုပ်ရသည်မှာ ရှိုးတိုးရှန်းတန်းနှင့် စိတ်ထဲ တမျိုးတမည်ဖြစ်နေမိသည်။ ၀မ်းနည်းသလိုလည်း ခံစားရသည်။ ဘ၀ပေးအ​ခြေအ​နေချင်း မတူညီမှန်း၊ ကွာခြားမှန်းကိုလည်းသိပါသည်။ ဇာတ်​နာထား သည့် ဗွီဒီယိုဇာတ်လမ်း တခုမဟုတ်​​တော့ကျွန်​​တော်​တို့မကြည့်​ချင်​သည့် ဇာတ်​ဝင်​ခန်းကို​ ကျော်​ပစ်​လိုက်​၍ မရ​တော့လည်း ​မျက်​နှာကို​အောက်​ချကာ ကိုယ့်​အလုပ်​ကိုယ်​လုပ်​​ကြရသည်။ သူတို့၏ လန်းဆန်းတက်ကြွမှုတွေကြားမှာ အလိုလို သိမ်ငယ် နေ မိသည်ကား အမှန်​ပင်ဖြစ်ပါသည်။

မိုးတဖွဲဖွဲကျသည့်တနေ့တွင် ကျောက်ခွေလောင်းဖို့မဖြစ်နိုင်တော့ ​ကျောင်းထဲရှိသည့် မြောင်းတွေထဲမှ ရွှံ့ညွှန်​​များကို ဆယ်​၊ မြက်ပင်​​များကို ရှင်းလင်းပြီး ကျောင်းသန့်ရှင်းရေးလုပ်ကြရသည်။ ကျွန်တော်တို့ အလုပ်ရှင်က စွယ်စုံရပရဟိတဆိုတော့ ဘာမှမရှောင်ပါဘူး။ သူခိုင်းတဲ့အတိုင်း ကျွန်တော်တို့ကလည်း ကုသိုလ်ရတယ်ဆိုသည့် အတွေးနှင့်စိတ်ပါလက်ပါလုပ်ကိုင်ကြပါသည်။ ရှင်းလင်းရေးက ဆီးခြံတို့ အိမ်သာတို့အထိ​ရောက်သွားတော့ နှာခေါင်းရှုံ့မိကြတော့သည်။ မြန်​မာကား​တွေထဲဆို တ၀မ်းတခါး။ သမုဒ္ဒရာဝမ်းတထွာဘာညာ ဇာတ်နာလို့ သိပ်​ကောင်းတဲ့ အခန်း​ပေါ့။ လုပ်​မှစားရမသည့် ဘဝများသည် နာကျင်​ စရာ​တွေ​ပေါ် နိစ္စဓူဝ ကူးသန်း​နေကြရသည်မဟုတ်လား။ ကိုယ့်ကိုယ်ကို သနားညှာတာခြင်းသည် ပိုက်ဆံရသည့် ကိစ္စမဟုတ်ချေ။

အထက်​တန်း​ကျောင်း၏ အိမ်​သာနှင့်ဆီးခြံဟုသာပြောပေမယ့် ဘုရားစူး ကျိန်​​ပြောရမည့် အ​နေအထားရှိ​နေသည့်သန့်​ရှင်း​ရေးလုပ်​ရမည့် နေရာကိုကြည့်​ပြီး ကျွန်တော်တို့တယောက်မျက်နှာ တယောက်ကြည့်ကာ စိတ်​ပျက်​မိကြသည်​။ ကျောင်း၏ စည်းကမ်းနှင့် ယဉ်ကျေးလိမ္မာသည့်ကိစ္စကို ဒီအိမ်သာနှင့် ဆီးခြံကိုကြည့် အကဲဖြတ်မည်ဆိုလျှင် သုညအောက်ကို ထိုးကျ သွားမည်မှာ အသေအချာပင်။ အမှိုက်​​တွေစုပုံ​နေပြီး ဆိုးရွားတဲ့အနံ့အသက်​​တွေ ​ထောင်း​ထောင်းထ​နေသည့် ဆီးခြံထဲ အလယ်​ကကာထားတဲ့ အုတ်​နံရံကလည်း ပြိုကျလို့နေသည်။ ဒီအုတ်​တံတိုင်းက ဘာလို့ပြို​နေရတာလဲလို့ ​မေး​ကြည့်တော့ ​ကျောင်းသား​တွေက နှဲ့နှဲ့ပြီး တွန်းချိုးကြသည်ဟု ကျောင်းစောင့်ကပြောပြသည်။ တရက်​နည်းနည်းတရက်နည်းနည်းနဲ့ အုတ်​နံရံလည်းပြိုကျသွားတော့သည်။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ကျန်းမာရေးကောင်းမွန်ပါရဲ့လား။ ​ရေပိုက်​နဲ့ထိုးပြီး ဆီးခြံကို ကျွန်တော်တို့​ဆေးကြောသန့်စင်ရပါသည်။ အုတ်​ကျိုးအုတ်​ပဲ့​များကို အပြင်သို့ ​ထုတ်​ပစ်​ကြရသည်​။ ​ကျင်ငယ်နံ့ထောင်း​ထောင်း​ထနေသည့် ကျွပ်​ကျွပ်​အိတ်​​တွေ၊ သစ်​ရွက်​​ခြောက်​​တွေကို စုပုံပြီး အပြင်​ထုတ်​ကြ​သည်။ စိတ်​ထဲ​အော်​ဂလီဆန်​​နေ​ပေမယ့်​လည်း အလုပ်က အလုပ်​​ပါပဲ။

ဝက်​ဖြစ်​မှ​တော့ မစင်​​ကြောက်​​နေလို့မဖြစ်​ ဆိုသည့်စကားလို ပရိ​ယေသန ဝက်​​တွေ ​ဆီးခြံကြီးကို ရှင်းလင်းနေကြလေသည်​။

ကိုယ်​နှင့်​ အသက်​အရွယ်​မတိမ်းမယိမ်းဖြစ်​​သည့်​​ ဆင်​တူဝတ်​စုံများနှင့်​​ ကျောင်းသူ ​ကျောင်းသားများ​ရှေ့​မှောက်​မှာသန့် ရှင်းလုပ်​​နေရသည့်​အဖြစ်​သည်​ စိတ်​ကိုဓားတုံးကြီးနှင့်​အကြိမ်ကြိမ် လှီးဖြတ်​​နေရသည်​နှင့်​ တူသည်​ဟု ထင်​မိပါသည်​။ စာသင်ကျောင်းနှင့်အလိုမတူပဲ ဝေးကွာခဲ့ကြရသည့် ဘဝတချို့အကြောင်း ကျောင်းသင်ခန်းစာထဲ မပါဝင်နိုင်ပါ ။ ကျောင်းပြေး ၊ ကျောင်းလစ်တတ်သည့် အလေအလွင့်နေ့ရက်တွေထဲ ဖြစ်ရပ်မှန်ဇာတ်လမ်းများကို ကျွန်တော်ပြောပြလိုပါသည်။ ပေါ့ပါး လန်းဆန်းစွာ ကူးသန်းသွားလာနေကြသည့်ဆယ်ကျော်သက် လူယောက်ျား၊ လူမိန်းမများကို မသိမသာငေးမောကာ ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်နေရင်းသိမ်ငယ်နေခဲ့ကြသည်။ ချောမောလှပသည့် အထက်တန်းကျောင်းသူလေး တွေကို ငေးမောရင်ခုန်ဖို့ စိတ်မကူးမိပါ။ ကျောင်းစာအုပ်ထဲက ပညာတွေကို စွန့်လွှတ်၍ လက်တွေ့လောကကျောင်းတော်ကြီးမှာ သင်ယူနေကြရသူတွေအတွက်ရင်ခုန်ဖွယ်ရာ နေ့ရက်ဆိုတာ တိုရေရှားရေ နိုင်လွန်းလှပါသည်။
အလုပ်ထဲ ဒီကနေ့မှ စဝင်သည့်လူတယောက်သည်အိမ်သာခန်းထဲမှ ပြေးထွက်သွားပြီးတဝေါ့ဝေါ့ ထိုးအန်နေတော့သည်။ သူ့အသက်ကကျွန်တော့်ထက်ငယ်ပါသည်။ မြို့ကြီးတမြို့မှပြောင်းလာကာ အလုပ်ရှာရင်း အလုပ်ရဖို့ လွယ်ကူသည့် ကျွန်တော်တို့ကျောက်ခွေလုပ်ငန်းထဲ ဝင်လာခဲ့ခြင်းဖြစ်သည်။ အထည်ကြီးပျက်တယောက်ဟု သူပြောပြ၍သိရသည်။ ကျောက်ခွေ လုပ်ငန်းဆိုသည်မှာ ကျောက်နှင့်ဘိလပ်မြေကိုရောဖျော်ကာ ၊ သံပုံစံခွက်အဝိုင်းကြီးထဲလောင်းထည့်ပြီး၊ ရေကန်၊ ရေတွင်း၊ အိမ်သာ စသည့်နေရာများတွင် အသုံးပြုသည့်ကွန်ကရစ်ကျောက်ခွေများပြုလုပ်ရသည့် လုပ်ငန်းဖြစ်သည်။ မြေကျင်းတူးပြီး ကျောက်ခွေချရသည့် ပွင့်လင်းရာသီများတွင်အတန်အသင့်ဝင်ငွေရ၍ မဆိုးဘူးဟု ပြော၍ရသော်လည်းအခုလို မိုးကာလများ တွင်မူ အလုပ်ပါး၍ ရရာအလုပ်များကိုအဆင်ပြေသလို လုပ်ကိုင်ကြရပါသည်။ ကျရာနေရာကလုပ်နိုင်ရင်တော့ ငွေလေးငါးထောင်ထက်မနည်းရဖို့လွယ်ကူသည့် နေရာတခုဖြစ်ပါသည်။ ရှက်ခြင်း၊ ရွံခြင်းမရှိလျှင်အလုပ်ကတော့ ရှိပါသည်။ သူအန်ရ သည့် အကြောင်းကအိမ်သာထဲ ပိတ်ဆို့နေသည့် မစင်များကို ဆေးကြောရ၍ဖြစ်သည်။ မျက်ရည်များရစ်ဝဲနေသည့် သူ့ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရပေမယ့် ကျွန်တော်တို့ ဘာမှမတတ်နိုင်ပါ။ ကျောင်းသားများ၏ ခြေဆော့လက်ဆော့က အတော်ပင်စိတ်ပျက်ဖွယ်ရာကောင်းပါသည်။ ရေလောင်းအိမ်သာကိုဒုတ်များ၊ စက္ကူများနှင့်သုံးပြီး ပျက်စီးနေသည့် အိမ်သာ ထဲပြည့်အောင် မစွန့်ပြီး ဒုတ်များဖြင့် ထိုးစိုက်ထားခဲ့ကြသည်။ ခြောက်သွေ့နေသည့် မစင်များကို ကျွန်တော်တို့ ဆေးကြောသည့်အခါထိုဒုတ်ချောင်းများကို လက်နှင့်ဆွဲနုတ်ပြီး ကြွေခွက်ကိုဆေးကြောကြရသည်။

မျက်စိကိုစုံမှိတ်ပြီး ဒုတ်ချောင်းများကို လက်နှင့်ကျွန်တော်ဆွဲနုတ်ခဲ့ပါသည်။ လက်ဆော့ခြေဆော့နိုင်စွာထိုးထည့်ထားခဲ့သည့် ဒုတ်ချောင်းတွေက တချို့ အတော်ကိုရှည်၍ အားစိုက်ပြီးဆွဲနူတ်ရသည်။ မစင်များခြောက်ကပ်ပေကျံနေသည့် ဒုတ် ချောင်းများကို အမှိုက်အိတ်ထဲထည့်ရသည်။ အိမ်သာခွက်ထဲမှ မစင်များရေနှင့်နူးအိသွားသည့်အခါဆပ်ပြာမှုန့်များကိုဖြူး၍ ဘရပ်ရှ်ဖြင့် ပွတ်တိုက်ဆေးကြောရပါသည်။ လက်ကအားများသွားသည့်အခါ ဆပ်ပြာရည်များသည်ကျွန်တော့်မျက်နှာကိုလာစင်သည်။ အတူအလုပ်လုပ်နေကြသည့် လူတွေကရယ်မောကြသည်။ ကျွန်တော်လည်း ဘာမှမဖြစ်သလို ရယ်ရင်း၊ မော ရင်း ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ခဲ့ကြသည်။ ကျွန်တော်တို့အဖွဲ့အိမ်သာနှင့်ဆီးခြံကို သန့်ရှင်းရေးလုပ်နေချိန်တွင် စာသင်ချိန် ခေါင်းလောင်းများ မကြာခဏထိုးသွားကြသည်။ အပြင်ကိုထွက်လာသည့် ကျောင်းသူတချို့သည်ကျွန်တော်တို့ကို ကြည့်ပြီး သနားကရုဏာသက်နေမည်လား။ နှာခေါင်းရှုံ့နေမည်လား ကျွန်တော်မတွေးတတ်ပါ။ ကျောင်းသားများသည် တနှစ်တတန်း (စာလိုက်နိုင်လျှင်) တက်၍ သွားပါလိမ့်မည်။ အောက်ခြေလူတန်းစားများသည် မည်သည့်အချိန်တွင် မည်သို့ ပြောင်းလဲ သွားကြမည်နည်း။

ရေစင်မှ ဆီးခြံနှင့်အိမ်သာသို့ သွယ်တန်းသည့်ပိုက်များကိုမြုပ်ရန်အတွက် မြောင်းများကိုဆက်၍ တူးကြရပြန်သည်။ သည် နေရာကတော့ အိမ်သာကိုဆေးကြောရတုန်းကလိုအော်ဂလီဆန် ပျို့တက်ရန် အကြောင်းမရှိသော်လည်းမျက်နှာကိုအပေါ်မမော့ရဲ၍ အောက်ငုံ့ထားရသည့် ကျွန်တော်တို့် အနားမှဖြတ်လျှောက်သွားကြသည့် လုံချည်စိမ်းစိမ်း၊ ပုဆိုးစိမ်းစိမ်းတို့နှင့် ဖြူ ဆွတ်သန့်စင်နေကြသည့် ခြေထောက်များ၊ ဖိနပ်များက စိတ်ကို အပ်နှင့်ဆွသလို ခံစားရပြန်သည်။ အငွေ့ပျံပျောက်ဆုံးသွားဖို့ ကျွန်တော်ဆန္ဒမပြု မိပါ။ သည်လောက်စိတ်ပျက်စရာကောင်းသည့် အလုပ်ကိုမလုပ်ဘဲ ထွက်သွား၍ရပေမယ့် ကျွန်တော် ဆက်လုပ်နေမိသည်။ သူတပါးအိတ်ထဲကပိုက်ဆံကို တူးဖော်ယူရသည့် ပညာမဲ့ ကြုံရာကျပမ်း အလုပ်သမား တယောက် အတွက် အလုပ်တခုဆိုသည်မှာ ပြောသလောက်မလွယ်ကူချေ။ ယခုလို သန့်ရှင်းရေးအလုပ်ကိုငြင်းဆန်လျှင် ကျောက်ခွေ လုပ်ငန်းတွင် အလုပ်ရဖို့မလွယ်ကူပေ။ ပွင့်လင်းရာသီတွင် ခွေလောင်း၊ တွင်းတူး၊ ခွေချ အလုပ်များကို လုပ်ရပြီး မိုးကာလတွင် မြက်ရှင်း၊ မြောင်းဆယ်၊ မြောင်းတူး၊ သဲတင်၊ သဲချ ၊ လမ်းခင်းစသည့် ကြုံရာကျရာအလုပ်များကိုကျွန်တော်တို့ လုပ်ကြရသည်။

လုပ်ရသည့်အလုပ်က ကျောက်ခွေအလုပ်ဆိုတော့အိမ်သာကျင်းများကို အကြိမ်ကြိမ်တူးခဲ့ရပေမယ့် ကျောင်းကြီးမှာလုပ် တုန်းကလောက် ကိုယ့်ကိုယ်ကို စိတ်ပျက်သိမ်ငယ်သည့်အချိန်မျိုးမရှိခဲ့ပါ။ သို့ပေမယ့် ကျွန်တော်ကျော်ဖြတ်ခဲ့ပါသည်။ ထို အဖြစ်အပျက်ကို ပြန်ပြောရသည့်အခါ ကျွန်တော်မအောင်မြင်ခင် ကာလတုန်းက အလုပ်ကိုဘယ်လိုလုပ်ခဲ့ရသည်။ အခု ကျွန်တော် ဘယ်လိုအခြေအနေမျိုးကို ရောက်ရှိ၍ နေပါပြီစသည်ဖြင့် ခမ်းနားထည်ဝါစွာ မပြောနိုင်ခဲ့ခြင်းကို ထူး၍နောင် တမရမိပါ။ တနေ့လုပ်တနေ့စား တယောက်ကတဆင့်ထက် တဆင့် မြင့်မြင့်သွားသည့် တက်ကျမ်းတွေ၊ ဇာတ်လမ်းတွေထဲ ကလို တကယ့်အဖြစ်သည် မလွယ်ကူပါ။ ခက်ခဲသည့် ဘဝဖြတ်သန်းမှုနှင့် လူတိုင်းကြုံ တွေ့ခဲ့ဖူးကြပေလိမ့်မည်။ အေးငြိမ်း သာယာသော ဘဝတခုသို့ပြောင်းလဲရောက်ရှိ၍ သွားခဲ့သည်လည်းရှိပေလိမ့်မည်။ ကျွန်တော်သည်အခုထိ အတန်အသင့် တည်ငြိမ်သည့် ဝင်ငွေရှိသောအလုပ်တခုခုနှင့်ပင် နေသားမကျနိုင်သေးပါ။ အရင်အကြောင်းများပြန်ပြောသည့်အခါ ယခုအကြောင်းလိုပင် အက်ကွဲရှတသည့် အသံထွက်နေဆဲသာ။ သူငယ်ချင်းနှင့်စကားပြောပြီးပြန်လာသည့်အပြန်လမ်းသည် ခြေထောက်နှင့်လမ်းလျှောက်၍ ပြန်လာခြင်းသာဖြစ်ပါသည်။ ဒီလမ်းကို ကလေးဘဝကတည်းကနေ ယခုအချိန်အထိခြေထောက်နှင့်လှမ်းလျှောက် ဖြတ်သန်းခဲ့ရသည့်အတွက် ခြေထောက်များသည် လမ်းကိုအလွတ်ရနေကြပြီ။ ချိုင့်များ ကျင်း များကို သူ့အလိုလိုရှောင်ကွင်း သွားလာနေတတ်ပြီ။ မည်သည့်အချိန်အထိ ယခုလို လျှောက်နေရဦးမည်လဲဟု ကိုယ့်ကိုယ် ကိုပြန်လည် မေးမိချိန်တွင် ခြေထောက်များ ရပ်တံ့၍ သွားကြသည်။ ငြိမ်သက်ပျဝပ်နေသည့် အိမ်သည် တိတ်ဆိတ်စွာ ကျွန် တော့် ကိုကြိုဆို၍နေလေ၏။ အိမ်ထဲတွင် လက်ရှိရောက်နေသည့် ခုနှစ်သက္ကရာဇ်နှင့် သစ်လွင်ဆဲပြက္ခဒိန်တခုလည်း ချိတ်ဆွဲ လျှက် ရှိနေသည်။

လင်းသက်ငြိမ်

ကိုအောင်မှိုင်း ● ဒီမိုကရေစီစနစ်အတွက် မြန်မာ့တပ်မတော် အဆင်သင့်ဖြစ်ပြီလား - အပိုင်း (၄)

$
0
0
ကိုအောင်မှိုင်း ● ဒီမိုကရေစီစနစ်အတွက် မြန်မာ့တပ်မတော် အဆင်သင့်ဖြစ်ပြီလား - အပိုင်း (၄)
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၈

အရေးကြီးဆုံးကိစ္စက တပ်မတော်နဲ့လူထုကြား အတွေးအခေါ်အရ ခံယူမှုအရ အချို့ကိစ္စတွေကို ရှင်းရှင်းလင်းလင်းလုပ် နိုင်မှ  မြန်မာ့နိုင်ငံရေး ရှေ့ဆက်ရမဲ့ခရီးမှာ ဖြောင့်ဖြူးသွားမယ်လို့ယုံကြည်မိပါတယ်။ ဒီမိုကရေစီစနစ်အတွက် မြန်မာ့တပ် မတော် အဆင်သင့်ဖြစ်ဘို့  အောက်ပါသမိုင်းဆိုင်ရာ အချက်အလက်များအပေါ် အတွေးအခေါ်အရဖြစ်စေ လုပ်ဟန်အရ ဖြစ်စေ အမြင်ရှင်းလင်းနိုင်ဘို့ကို လက်တွေ့ ကျနော်တို့ညှိနှိုင်းကြရပါလိမ့်မယ်။ အဲလိုမှ ရှင်းရှင်းလင်းလင်းမလုပ်နိုင်သ၍ တပ်မတော်ကိုခုတုန်းလုပ် ကိုယ်ကျိုးရှာမဲ့လူတွေ နေရာယူအနိုင်ကျင့်တာခံနေကြရဥိးမှာဖြစ်ပါတယ်။ဒီဒါဏ်ကို လူထုတင် ခံကြရမှာမဟုတ်ဘဲ တပ်မတော်ကြီးတခုလုံးလဲ ခံကြရမှာပါ။  ဒါကြောင့်ဒီဆောင်းပါးကို ဗမာ့တပ်မတော်မှာ တာဝန်ထမ်း ဆောင်နေကြတဲ့ အရာရှိအရာခံ အကြပ်တပ်သားများအနေနဲ့ လေ့လာစေလိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုသူပြောတဲ့ တပ်မတော်ဟာ နိုင်ငံရေးလုပ်နေတဲ့အဖွဲ့အစည်းမဟုတ်ဘူးတို့၊ ငြိမ်း ချမ်းရေးရမှ တပ်မတော်နိုင်ငံရေးက ထွက်မယ်တို့၊တပ်မတော်က တိုင်းရင်းသားတွေကိုကာကွယ်နေတာဖြစ်တယ်တို့၊ ၅၂ သန်းသောလူထုကြီးက တပ်မတော်ကို ကိုယ်စားပြုတာဖြစ်တယ်။ ပါတီတွေကိုကိုယ်စားပြုတာမဟုတ်ဘူးတို့၊ တိုင်း ရင်းသားတွေနဲ့ တပ်မတော်မှာဘာပြဿနာမှမရှိဘူး အစိုးရနဲ့သာပြဿနာရှိတာဖြစ်တယ်စတဲ့ ခါးကြားသေနတ်ထိုးပြော နေတဲ့ မိန့်ခွန်းတွေကတကယ်တော့ လူထုကြားမှာအကောင်းဆုံးပျက်လုံးတွေ ဖြစ်နေတယ်ဆိုတာကိုတော့ ပွင့်ပွင့်လင်း လင်း ပြောပြထားချင်ပါတယ်။ တနည်းပြောရရင်တော့ လူထုရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့စိတ်ဆန္ဒကို လက်နက်အားကိုးနဲ့ ရိုက်ချိုးလိုက်သလို ခံစားကြရတာဖြစ်လို့ လူထုနဲ့စစ်တပ်ကြား ပြဿနာကြီးသထက်ကြီးအောင်မီးထိုးပေးသလိုဖြစ်နေတဲ့ အတွက်ကိုလဲ သတိပေးလိုပါတယ်။

ကနေ့ NLD ပါတီက ငြိမ်းချမ်းရေးလုပ်ငန်းစရုံရှိသေး စစ်တပ်ကလူမိုက်ဆန်ဆန် အမြီးလှန်ချိုးတဲ့သဘောထားတွေနဲ့ ပွဲ ဖျက်လိုဖျက်၊ NLD ပါတီက တိုင်းပြည်ထူထောင်ရေးတွေ လုပ်လိုက် စစ်တပ်က စစ်ပွဲတွေဖန်တီးလိုဖန်တီး ၊ လွတ်တော် မှာလဲ NLD ပါတီကို ရန်သူလိုအငိုက်ဖမ်းတိုက်ခိုက်ဘို့ကြိုးစားအားထုတ်နေကြတဲ့ လူထုကိုယ်စားလှယ်မဟုတ်တဲ့ အမတ် မင်းများကအုပ်စုလိုက်၊ အပြင်မှာလဲ ဘာသာရေး လူမျိုးရေးဖန်တီးဘို့မွေးထားတဲ့ကြေးစားအုပ်စုကလဲတမှောက်၊ပြည်ထဲ ရေးကလဲ ပြဿနာတွေကို လိုရင်လိုသလိုဖွလိုက် မလိုရင်မလိုသလိုဖိလိုက်(ဖွလိုက်ဖိလိုက်) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တချို့ နဲ့တိုင်းရင်းသားပါတီအမည်ခံပါတီတချို့ ကလဲ စစ်တပ်နဲ့ပလူးပလဲ တတိုင်းပြည်လုံး ရေတွေကြီး မုန်တိုင်းတွေမိလို့ စားရမဲ့သောက်ရမဲ့ဘ၀တွေကို ကိုယ်ချင်းစာနာမှုမရှိဘဲ ဘတ်ဂျက်တွေတိုးတောင်းလိုတောင်းနဲ့ ကျနော့် အမြင်တော့ NLDကို ရန်သူလိုသဘောထားပြီး အမဲဖျက်ဘို့စစ်ဆင်ရေးဌာနချုပ်တခုကများ စနစ်တကျဦးစီးတိုက်ခိုက် နေ သလို ခံစားမိတာတော့အမှန်ပါ။

ကျနော်တို့အမြင်ကတော့ NLD ပါတီကိုတိုက်ခိုက်နေတာရဲ့ ရည်ရွယ်ချက် ၂ ခုကို အထင်အရှားတွေ့  ရပါတယ်။ တခုက NLD ပါတီရဲ့ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းတွေမအောင်မြင်စေလိုတာပါ။တကယ်လို့ NLD ပါတီရဲ့  နိုင်ငံတည်ဆောက် ရေးလုပ်ငန်းတွေအောင်မြင်လေလေ စစ်အုပ်စုရဲ့ နှစ်ပေါင်းများစွာ တိုင်းပြည်ဖျက်ခဲ့တဲ့လုပ်ငန်းတွေကို လူထုက ပိုလို့ရွံမုန်း လေဖြစ်မယ်ဆိုတာ စစ်အုပ်စုသဘောပေါက်ထားလို့ဖြစ်ပါတယ်။ နောက်တခုက စစ်အုပ်စုရဲ့   အကျိုးစီးပွါးကို ကာကွယ် စောင့်ရှောက်ဘို့ဖြစ်ပါတယ်။ဒီနေရာမှာ အဓိက ကပြအသုံးတော်ခံနေတာကတော့ စစ်တပ်ဖြစ်နေတာ အထင်အရှားတွေ့ ရမှာဖြစ်ပါတယ်။စစ်တပ်က စစ်ပွဲတွေဖန်တီးပြီး စစ်တပ်ရဲ့  အခန်းကဏ္ဍကို မြှင့်တင်တာနဲ့တပြိုင်ထဲ လက်ရှိအစိုးရကို အ ကြပ်ကိုင်ဘို့ လိုရင်လိုသလို စစ်ပွဲသစ်တွေဖန်တီးနေချိန်ဖြစ်ပါတယ်။တချိန်ထဲမှာ ငြိမ်းချမ်းရေးကိုတတိုင်းတပြည်လုံးက လိုချင်နေတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းတွေအောင်မြင်သွားမှာ စိုးရိမ်တဲ့အတွက် ပင်လုံညီလာခံလိုငြိမ်းချမ်းရေး ညီ လာခံမှာတောင် စစ်တပ်က အင်နဲ့အားနဲ့ ပြောင်ပြောင်တင်းတင်း ၀င်ရောက်ပွဲဖျက်နေကြတာ ထင်ထင်ရှားရှား တွေ့နေရ တဲ့ ကာလဖြစ်ပါတယ်။အဓိက တာဝန်ရှိသူကတော့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်မင်းအောင်လှိုင်ဘဲဖြစ်ပါတယ်။

ခက်တာက NLD ပါတီရဲ့  ပကတိဘာဝအနေအထားဖြစ်ပါတယ်။ NLD  ပါတီဟာ စစ်တပ်ရန်ကို  ရှောင်ရင်းရှောင်ရင်း ကနေ့လမ်းဘေးကို ရောက်မှန်းမသိရောက်နေပြီဖြစ်ပါတယ်။လူထုအကြည်ညိုတန်တာကို ခံလာနေရပြီလဲဖြစ်ပါတယ်။ လျှော့ရောင်းရင်းရောင်းရင်း အရင်းပါပြုတ်တော့မဲ့အခြေအနေပါ။ NLD ပါတီရဲ့ ဂတိက၀တ်တွေဟာ သင်္ကြန်အမြောက် တွေလို အသံဘဲကြားရပြီး အဆန်မပါတော့ပါ။ ဘယ်လောက်မိုက်ရိုင်းဆိုးဝါးလာသလဲဆိုရင် ပြည်သူ့အသံလွတ်တော် အသံလို့ ပြောနေတဲ့ကာလကြီးမှာ စစ်တပ်အသံလွတ်တော်အသံဖြစ်လာလို့ကတော့ လွတ်တော်မှာ “ငါ” တွေမိုးမွန်တော့ မှာဘဲလို့သာ ပြောရတော့မှာပါ။တတိုင်းတပြည်လုံးရေကြီးနေတဲ့ကာလကြီးမှာ မသိသားဆိုးဝါးစွာဘတ်ဂျက်တိုးတောင်း လိုတောင်း၊သစ်ပင်တွေခုတ်တုန်းက၀ိုင်းခုတ်ကြပြီး တိုင်းပြည်မှာ ရေတွေလဲကြီးရော ကိုယ်နဲ့မဆိုင်သလို အိမ်ပြင်တောင် မထွက်တော့ဘဲ တရားစခန်းဝင်နေကြတဲ့ စစ်ဗိုလ်ပြုတ်တွေနဲ့ ခရိုနီဆိုသူတွေကို အံ့သြမိတယ်။ ခိုးထားတဲ့ပိုက်ဆံလူမိတာ ကို ပြန်မပေးဘူး နိုင်ဘူးဆိုပြီး အစိုးရဆိုသူတွေကို ပုဆိုးလှန်မပြရုံတမယ်လုပ်နေတဲ့ကာလမှာ ကျနော်တို့ခေါင်းဆောင်ကြီး ဆိုသူကလည်း လူထုမှာတာဝန်ရှိတယ်ချည့်ပြောနေတော့ခက်တာပေါ့ဗျာ။ လူထုမှာ အမှန်တကယ်တာဝန်ရှိရင် မေးချင်တဲ့ မေးခွန်းကတော့ ကနေ့လူထုဘာလုပ်ရမလဲဆိုတာဘဲဖြစ်ပါတယ်။ လူထုလိုချင်တာ စောင်းမြောင်းပြောနေတာတွေကို လိုချင်တာ မဟုတ်ပါ ဘူး။ တိကျတဲ့ လမ်းညွန်မှုမျိုးကို တောင်းဆိုနေတာဖြစ်ပါတယ်။ကနေ့ပြဿနာက ခေါင်းဆောင်ကြီးရဲ့ ကွေ့ လည်ကြောင်ဝိုက် တိုက်ကွက်တွေက အလုပ်ဖြစ်ဘူးလို့ဘဲပြောရတော့မှာပါ။

ကျနော်တို့ ဗြောင်ဘဲပြောရတော့မယ်ထင်ပါတယ်။လူထုပေးခဲ့တဲ့မဲတွေကို ထောက်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နေရာ တကာဝင်မပါသင့်တော့ဘူးလို့ဘဲ တည့်တည့်ပြောချင်ပါတယ်။အသက်လဲကြီးပါပြီ။နောက်လူငယ်မျိုးဆက်တွေကို တာ ၀န်တွေ ခွဲပေးသင့်ပါပြီ။ကျနော့်အမြင်ကတော့ NLD မျိုးဆက်တွေမှာ အရည်အချင်းအရရော အတွေးအခေါ်အရရော မှတ် ကျောက်တင်ထားတဲ့ လူငယ်တွေအမြောက်အများရှိနေတယ်ဆိုတာပါဘဲ။ကျနော် NLD ပါတီဝင်မဟုတ်ပေမဲ့ သိသာထင် ရှားစွာ တွေ့ရှိနေရတာဖြစ်ပါတယ်။ခက်တာက ဒေါ်အောင်ဆန်းစုကြည်က ရှေ့ ကနေ အတွေးအခေါ်အရ  စစ်တပ်နောက် မြီးစွဲဖြစ်နေတဲ့ကိစ္စပါ။စစ်တပ်အာဏာသိမ်းမှာကို စိုးရိမ်သလိုလို လူထုထိခိုက်မှာစိုးရိမ်သလိုလို နှပ်ကြောင်းတွေပေးပြော ဆိုနေတဲ့အတွက် စစ်တပ်ကို ပြောရဆိုရမဲ့ကိစ္စတွေမှာ တာဝန်အတော်မဲ့နေတာတွေ့ ရမှာဖြစ်ပါတယ်။NLD လူငယ်မျိုး ဆက်တွေကိုမှ ဒေါ်စုမယုံရင် ဘယ်သူတွေကိုယုံမှာလဲ။ အခုဒေါ်စုဘေးနားမှာ ပါတ်ခြာလည်ရှိနေတဲ့ စစ်အုပ်စု မူလလက် ဟောင်းတွေကို ယုံမှာလား။ ပြဿနာက အဲဒီမှာစပြီး အဲဒီမှာဆုံးနေတာပါ။ ဒေါ်စုအနေနဲ့ စစ်တပ်ကို စောင်းမြောင်းပြော နေတာတွေရပ်ပြီးဗြောင်ပြောပါ လို့အကြံပြုချင်တယ်။သမ္မတအပါအ၀င် ဒုတိယမျိုးဆက်တွေလက်ထဲကို အာဏာအပြည့် အ၀လွှဲပေးလိုက်ပါ။တိုင်းပြည် ဒီထက်ပိုတိုးတက်လာမယ်။လူထုကလဲ ကိုယ့်တာဝန်ကိုယ်သိလာမယ်။လူထုမှာ တာဝန်ရှိ တယ်ဆိုတာမျိုးပြောစရာမလိုပါဘူး။လူထုက ကိုယ့်တာဝန်ကိုယ်သိပါတယ်။ကိုယ့်တာဝန်ကိုယ်မသိတာက ခေါင်းဆောင် ကြီးလို့ဘဲပြောရတော့မှာပါ။အကြံပေးပါဆိုလို့ပေးတာပါ။တည့်ပြောတာပါ။

NLD  ပါတီဟာ အစိုးရနဲ့အစိုးရယန္တရားကို ပြန်လည် ပြင်ဆင် ဖြည့်စွက် တာတွေ စလုပ်ဘို့ အချိန်ရောက်ပါပြီ။အခုဟာက အုပ်ချုပ်မှုလုပ်ငန်းတခုလုံး လက်လွတ်ရသလိုဖြစ်နေပါတယ်။ပြည်တွင်းစစ် ဖြစ်ရခြင်းရဲ့တရားခံစာရင်းထဲမှာ အဲဒီအချိန် က ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ ဦးကျော်ငြိမ်းဟာ လက်ညိုးအထိုးခံရဆုံးဆိုတာကို မမေ့ဘို့လိုပါတယ်။ ကနေ့ပြည်ထဲရေး ၀န်ကြီးရဲ့ ဖိလိုက်ဖွလိုက်လုပ်နေတဲ့ လုပ်ငန်းတွေကို ဟန့်တားဘို့ ပြင်ဆင်နိုင်ဘို့ ကျိုးစားစေချင်ပါတယ်။ ဆိုလိုတာက တရားရေးဝန်ကြီးဌာနအသစ်ဖွင့်ပြီး အစိုးရလက်အောက်မှာတရားရေးဌာနကို ထားနိုင်ပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလဲ သမ္မတလက်အောက်ကို ချက်ခြင်းလွှဲပြောင်းရယူနိုင်ပါတယ်။ဒါတွေက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးနဲ့အညီဘဲဖြစ်ပါ တယ်။ စစ်ဘားကောင်စီကို ဖျက်သိမ်းတာမျိုး အစောတလျှင် လုပ်သင့်ပါတယ်။ဒေါ်စုအနေနဲ့ စစ်တပ်ကိုစောင်းမြောင်း ပြောဆိုတာတွေရပ်ပြီး လက်တွေ့ကျတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို လူထုနဲ့အတူလက်တွေ့လုပ်စေချင်ပါတယ်။ ကျနော်တို့နဲ့ NLD ပါတီအမြင်တူချင်မှတူမှာပါ။ ဒါပေမဲ့ကျနော်တို့ချင်းဖြစ်တဲ့ ပဋိပက္ခက ပြည်သူတွင်းပဋိပက္ခပါ။ရန်ဘက် ပဋိပက္ခမဟုတ်ပါဘူး။ ရန်ဘက်ပဋိပက္ခက စစ်အုပ်စုနဲ့ပြည်သူလူထုကြား ပဋိပက္ခဖြစ်ပါတယ်။ကျနော်တို့နဲ့ စစ်အုပ်စုကြား ပဋိပက္ခကသာ ရန်ဘက်ပဋိပက္ခဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် သမိုင်းလိမ်တွေကိုဘဲ အမှန်ထင်နေတာလား။ သိသိကြီးနဲ့သူကိုယ်တိုင်လိမ်ပြောနေ တာလားဆိုတာတော့ သူကိုယ်တိုင်ဘဲသိမှာဖြစ်ပါတယ်။ကျနော်တို့ကတော့ သူပြောနေကြစကားအတိုင်း အရှိအတိုင်း အမှန်အတိုင်း သိသမျှရေးကြပြောကြရမှာလို့ထင်ပါတယ်။ပင်လုံညီလာခံမှာ သူ့မိန့်ခွန်းစပြောကထဲက တလွဲတွေလို့ ပြောရတော့မှာပါ။ပုဂံခေတ်မြစေတီကျောက်စာမှာ ပါဠိစာအပြင် မြန်မာ၊ မွန်၊ ပျူစာများနဲ့ရေးထိုးထားတာ ပြည်ထောင်စု သဘောကိုဖော်ပြတာဖြစ်တယ်လို့ ဆိုကထဲက အတော်စိတ်ပျက်ဘို့ကောင်းတဲ့ နိဂုံးချုပ်ချက်လို့ပြောရတော့မှာပါ။သမိုင်း ကို ကိုယ်ထင်ရင်ထင်သလို အာဏာရှိလို့ဘဲဖြစ်ဖြစ် ဗျောက်ချိတ်ထားလို့ဘဲဖြစ်ဖြစ် နိဂုံးချုပ်ချင်တိုင်းချုပ်လို့မရဘူးဆိုတာ ကိုတော့ သိဘို့လိုမှာဖြစ်ပါတယ်။မြစေတီကျောက်စာဆိုတာ ဘာပြည်ထောင်စုသဘောကိုမှ ဖေါ်ပြပြီးရေးထိုးထားတာ မဟုတ်ပါဘူး။သက်ဦးဆံပိုင်ဘုရင်ခေတ်မှာ ဘယ်လိုလုပ် ပြည်ထောင်စုသဘောဆိုတာတွေရှိမှာလဲဗျာ။ကျေးတော်မျိုး ကျွန်တော်မျိုးတွေဖြစ်ကြတဲ့ လူထုကို ဘုရင်တွေနဲ့ဆွေတော်မျိုးတော်တွေက ကျေးကျွန်တွေအဖြစ်ဘဲ သဘောထားကြ တာပါ။သက်ဦးဆံပိုင်ဘုရင်ခေတ်မပြောနဲ့ မနေ့တနေ့ကသမိုင်းဖြစ်တဲ့ စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာရော ပြည် ထောင်စုစိတ်ဓါတ်တွေ တကယ်ရှိခဲ့ကြလို့လား။ကနေ့စစ်တပ်ကရော ပါးစပ်နဲ့လက်တွေ့  ဘယ်လောက်ကိုက်ညီအောင် ပြည်ထောင်စုစိတ်ဓါတ်တွေထားနိုင်နေကြရဲ့ လားဆိုတာ မေးခွန်းထုတ်စရာတွေ ထုနဲ့ဒေးဖြစ်နေတာပေါ့ဗျာ။

ကျနော်တို့ အောက်မှာဖေါ်ပြထားတဲ့ အချက် ၆ ချက်လောက်တော့ အနည်းဆုံးလူထုနဲ့တပ်မတော်ကြား ရှင်းရှင်းလင်းလင်း ရှိထားဘို့လိုမှာဖြစ်ပါတယ်။ဒီအကြောင်းတွေက ကျနော်တို့နိုင်ငံရဲ့ သမိုင်းတန်ဘိုးတွေဖြစ်တာကြောင့် တပ်မတော်သား တွေအပါအ၀င် ပြည်သူတရပ်လုံးရှင်းရှင်းလင်းလင်း နားလည်သိရှိဘို့လိုမှာဖြစ်ပါတယ်။

၁။ပြည်တွင်းစစ် ဖြစ်ရတဲ့အကြောင်းရင်းအပေါ် ကနေ့လူထုနဲ့တပ်မတော်ကြား ရှင်းရှင်းလင်းလင်းဖြစ်ဘို့လိုပါတယ်။
၂။၁၉၆၂ခုနှစ် စစ်တပ်က အာဏာသိမ်းတဲ့ကိစ္စကို ကနေ့လူထုနဲ့တပ်မတော်ကြား ရှင်းရှင်းလင်းလင်းဖြစ်ဘို့လိုပါတယ်။
၃။၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းတဲ့ကိစ္စကို ကနေ့လူထုနဲ့တပ်မတော်ကြား ရှင်းရှင်းလင်းလင်းဖြစ်ဘို့လိုပါတယ်။
၎။၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပါတ်သက်ပြီး ကနေ့လူထုနဲ့တပ်မတော်ကြား ရှင်းရှင်းလင်းလင်းဖြစ်ဘို့လိုပါတယ်။
၅။ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပါတ်သက်ပြီး ကနေ့လူထုနဲ့တပ်မတော်ကြား ရှင်းရှင်းလင်းလင်းဖြစ်ဘို့လိုပါတယ်။
၆။ဒီမိုကရေစီစနစ်အတွက် တပ်မတော်ရဲ့ တာဝန်ယူမှုနဲ့တာဝန်ခံမှုအပိုင်းအတွက် ကနေ့လူထုနဲ့တပ်မတော်ကြား ရှင်းရှင်း လင်းလင်းဖြစ်ဘို့လိုပါတယ်။

လူထုဆိုတာ အဖိနှိပ်ခံ လူမျိုးပေါင်းစုံတိုင်းရင်းသားလုပ်သားပြည်သူတွေကို ဆိုလိုတာဖြစ်ပါတယ်။ ကျနော်တို့ ဒီပြဿနာ တွေကို တချက်ခြင်း ဆက်လက်ရေးသားကြဦးမှာဖြစ်ပါတယ်။

ကိုအောင်မှိုင်း (အပိုင်း ၅ ကို ဆက်လက်ရေးသားပါဦးမည်)
၁၉  ရက် သြဂုတ်လ ၂၀၁၈ ခုနှစ်

ဗဂျီလင်းဝဏ္ဏရဲ့Scanning အမည်ရတဲ့ တကိုယ်တော်ပန်းချီပြပွဲ

$
0
0


ဗဂျီလင်းဝဏ္ဏရဲ့Scanning အမည်ရတဲ့ တကိုယ်တော်ပန်းချီပြပွဲ
K (မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၈


ပန်းချီဆရာ ဗဂျီလင်းဝဏ္ဏရဲ့ Scanning အမည်ရတဲ့ တကိုယ်တော်ပန်းချီပြပွဲ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အောင် ဆန်းကွင်းမြောက်ဘက်တိုက်တန်း၊ ဂျိုးဖြူလမ်း အမှတ် ၂၃ရှိ OK Art Galleryမှာ သြဂုတ်လ ၂၅ရက်မှ ၂၉ ရက်ထိပြသ သွားမယ်လို့သိရပါတယ်။

အဆိုပါ Scanning တကိုယ်တော်ပန်းချီပြပွဲဟာ ဗဂျီလင်းဝဏ္ဏရဲ့ဆယ်ကြိမ်မြောက်ဖြစ်ပြီး တကိုယ်တော်ပြပွဲများအဖြစ် ၁၉၉၆မှ စတင်ကာ လောကနတ်ပြခန်းမှာ Livingအမည်ရတဲ့ ပထမဆုံးအကြိမ် Solo Showကို ပြသခဲ့ပါတယ်။ Informal (၁၉၉၈) ၊ Mural Shock(၂၀၀၁)၊ Untitled (၂၀၀၂)၊ Survival (၂၀၀၈)၊ Lynn Wunna’s water color(၂၀၁၁)၊ Bagan’s Soul (၂၀၁၁)၊ Royal Women(၂၀၁၂)၊ Mythical Spirit(၂၀၁၇)တို့ကို ပြသခဲ့ပါတယ်။

အုပ်စုလိုက်ပြပွဲများကိုလည်း ၁၉၉၀မှစပြီး ဗိဿနိုးပြခန်းမှာ ပြုလုပ်ခဲ့တဲ့ Memories Of Bagyi Aung Soe မှာ ပါဝင်ပြသ ခဲ့ပါတယ်။

ဗဂျီလင်းဝဏ္ဏကို ၁၉၇၃ခု ဒီဇင်ဘာ၂၀ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး ပန်းချီပညာကို ဦးလွန်းကြွယ်၊ ဦးအောင်ဒင်တို့ထံမှ သင် ယူခဲ့ပါတယ်။ မော်ဒန်အနုပညာနဲ့ပတ်သက်ပြီး ဗဂျီအောင်စိုးထံတွင် ၁၉၈၇မှ ၁၉၉၀ထိ သင်ယူခဲ့ပါတယ်။ လက်ရှိ စာနယ် ဇင်းလောက မဂ္ဂဇင်းသရုပ်ဖော်ပုံများ၊ စာအုပ်အဖုံးဒီဇိုင်းများရေးဆွဲလျက်ရှိပါတယ်။

ကြည်ဇော်ဝင်း - စာပေဟောပြောပွဲတွေ ဘာလဲ ဘယ်လဲ

$
0
0


စာပေဟောပြောပွဲတွေ ဘာလဲ ဘယ်လဲ 
ကြည်ဇော်ဝင်း
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၈

မနေ့ (၄.၂.၂၀၁၈) က စာပေညီမငယ် မေနန္ဒာ(မေဓာဝီ) Live လွှင့်ပေးလို့ ဆရာမောင်စွမ်းရည်ဟောပြောတာကို နားထောင် လိုက်ရတယ်။ ဆရာဂုဏ်ထူးဦးသိန်းနိုင်လည်း ဟောပြော တယ်။ ဆရာတို့ရဲ့ခေတ်ဦးကို မမီလိုက်ပေမယ့် ဆရာတို့ရဲ့ ရင်တွင်းစာပေစကားတွေကို ကြားရတဲ့အခါ ဆရာတို့ရဲ့ စာပေ ခေတ်ထဲကို ရောက်သွားသလိုပါပဲ။ လွမ်းစရာကောင်းလိုက် တာ။

စာပေဝေဖန်ရေးဆရာဆိုတာ လူမုန်းခံရတယ်တဲ့။ ကျနော်ကတော့ ဆရာမောင်စွမ်းရည်လို သတ္တိ တကယ် မကောင်းတာကတော့အမှန်။ ဆရာမောင်စွမ်းရည်ရဲ့စာပေဝေဖန်ရေးပေတံကတော့ ရှင်းပါတယ်။
 
“ ကိုယ်ကြိုက်ရင် ကောင်းတယ်။ ကိုယ်မကြိုက်ရင် မကောင်းဘူးပေါ့”တဲ့။

ဒါပေမဲ့ ဘာကြောင့်ကြိုက်တယ်။ ဘာကြောင့်မကြိုက်ဘူးဆိုတာကတော့ အကျိုးအကြောင်းခိုင်လုံစွာ အထောက်အထားနဲ့ပြောနိုင်ရမယ်တဲ့။ စာတပုဒ်ကိုကြည့်တဲ့အခါမှာလည်း ပြည်သူဘက်ကကြည့်ရမယ်တဲ့။ ဇာတ်ကောင်တွေစကားပြောတာ သဘာဝကျရဲ့လား၊ ဇာတ်လမ်းဇာတ်အိမ်က ယုတ္တိရှိရဲ့လား ကြည့်ပါ တယ်တဲ့။ 

ထားပါတော့၊ ဆရာစွမ်းကိုမြင်တဲ့အခါ မဆလခေတ်က စာပေဟောပြောပွဲတွေဆီ ရောက်သွားပြီး စာပေ စိတ်တွေတက်ကြွလာသလို ကိုယ်အားကျခဲ့တဲ့စာရေးဆရာတွေကိုလည်း လွမ်းမိတယ်။ 

ကျနော်တို့ခေတ်တုန်းကတော့ စာရေးဆရာကြီးတွေကို အရှင်လတ်လတ်မြင်ဖူးဖို့ဆိုတာ မလွယ်ပါဘူး။ စာပေဟောပြောပွဲတွေရှိမှသာ မြင်ဖူးတာပါ။

ဆရာတွေနဲ့စကားပြောခွင့်ရဖို့နေနေသာသာ အနားတောင် ကပ်ခွင့်မရနိုင်ပါဘူး။ ကိုယ်ကြိုက်တဲ့စာရေး ဆရာ ဆရာမတွေနဲ့ဟောပြောပွဲတွေကို အငြိမ့်ပွဲဇာတ်ပွဲကြည့်သလို အားခဲပြီးသွားကြည့်တာပါ။ စာပေဟောပြောပွဲဆိုတော့ သွားနားထောင်တာပေါ့လေ။ ကျနော်တို့စာရူးပေရူးဘဝတုန်းက အားထားရတဲ့ စာပေဟောပြောပွဲကတော့ မန္တလေး မီရထားစာပေဟောပြောပွဲပါပဲ။

ဆရာပါရဂူ၊ ဆရာမြသန်းတင့်၊ ဆရာဦးအောင်သင်း၊ ဆရာမောင်သော်က၊ ဆရာမောင်ကိုယု၊ ဆရာ သော်တာဆွေ၊ ဆရာကျော်မြသန်း၊ ဆရာမစမ်းစမ်းနွဲ့(သာယာဝတီ) စသည်ဖြင့် နာမည်ကြီးတွေဟော ပြောတာကို နားထောင်ခွင့်ရခဲ့တယ်။ စာပေဟောပြောပွဲကပြန်လာရင် ဘာမှန်းမသိဘဲ တက်ကြွနေပြီ ခြေလှမ်းတွေသွက်နေတယ်။ နားထောင်တဲ့ပရိတ်သတ်ကလည်း နှစ်စဉ်ကြောက်ခမမ်းလိလိပါပဲ။

သာမန်အငြိမ့်ပွဲဇာတ်ပွဲတွေထက် ပရိတ်သတ်များပါတယ်။ ဟောပြောပွဲပြီးနောက် ရက်မနက်မှာ ရေးသူဖတ် သူဆွေးနွေးပွဲ ရှိပါတယ်။။ ကျနော်တို့က တက္ကသိုလ်ကျောင်းသား ဘဝကျောင်းတက်နေရတာမို့ ရေးသူ ဖတ်သူဆွေးနွေးပွဲမတက်နိုင်ပါဘူးး။ အဲဒီခေတ်ကဆို ရေးသူဖတ်သူဆွေးနွေးပွဲစာအုပ်လေးတွေ ထွက်ခဲ့ တယ်။

စာရေးဆရာလောကမှာ မန္တလေးမီးရထားစာပေဟောပြောပွဲကိုဟောပြောဖူးမှ စာရေးဆရာစာရင်း ဝင်တယ် လို့တောင် ပြောစမှတ်ပြုတယ်လို့ ကြားဖူးတယ်။ မန္တလေးရထားမှာ မဟောဘူးသေးဘူးဆိုရင် စာရေးဆရာ လားမမြောက်သေးတဲ့သဘော။ ဟောပြောပွဲစီစဉ်တဲ့သူတွေက စာဖတ်ပရိတ်သတ်စိတ်ဝင်စားကြတဲ့စာရေး ဆရာကြီးတွေကို ဖိတ်ပေးကြတယ်။ အခုခေတ်လိုလည်း အသံချဲ့စက်နဲ့ဆေးကြော်ငြာသလို မကြော်ငြာပါ ဘူး။ လူစည်ကားတဲ့နှစ်နေရာ သုံးနေရာလောက်ပဲ  ကြော်ငြာဘုတ်ထောင်တယ်။ စာပေချစ်တဲ့သူတွေ အလိုလိုရောက်လာတာပါပဲ။

ဆရာတွေဟောတာကလည်း ကောင်းလွန်းတော့ ပရိတ်သတ်က ဟောပြောပွဲပြီးမှာစိုးနေကြတယ်။ 

ည ၁ နာရီကျော် ၂ နာရီမှသိမ်းတယ်။ အဟောအပြောကောင်းတဲ့ဆရာတွေဆိုရင် ဆက်ဟောပါဦးလို့ ပရိတ်သတ်က ဝိုင်းအော်ကြတယ်။ ဆရာမောင်သော်ကတို့၊ ဆရာမောင်ကိုယုတို့၊ ဆရာ ချစ်ဦးညိုတို့ဟာ အဟောအပြောကောင်းသူတွေပါ။ ဆရာသော်တာဆွေကတော့ စာရေးတာ သွက်သလောက် ဟောတဲ့နေ ရာမှာ လေးပါတယ်။ ဆရာသော်တာဆွေဟောရင်တော့ ရယ်ရမှာပဲလို့ ထင်ခဲ့တာ၊ ကျနော်နားထောင်ဖူးခဲ့ သမျှထဲမှာ အထူးခြားဆုံးကတော့ ဆရာ(ဦး)ဆန်းလွင်ပါ။ ဝတ္ထုတပုဒ်ကို အသံသွင်းထားပြီး အခွေဖွင့်ပြနေ သလိုပါပဲ။ ဆရာမောင်သာရ ရထားမှာဟောတဲ့ နှစ်က ကျနော်က နယ်ပြန်နေလို့ နားမထောင်လိုက်ရဘူး။

ဟိုခေတ်က စာပေဟောပြောပွဲတပွဲကျင်းပခွင့်ရဖို့ဆိုတာမလွယ်ပါဘူး။ ဒီခေတ်လို တနှစ်လုံး ဟောပြောပွဲရှိ နေတာမျိုးမဟုတ်ဘဲ စာဆိုတော်ရာသီတဝိုက်မှာပဲ ရှိတာပါ။ တပွဲဆို တပွဲဆိုသလောက် စာဖတ်ပရိတ် သတ်တွေ ကျေနပ်အားရကြတယ်။ ရေးသူဖတ်သူဆွေးနွေးပွဲတွေမှာလည်း သက်ဆိုင်ရာစာရေးဆရာတွေ ရဲ့နာမည်ကြီးစာအုပ်တွေအကြောင်း မေးကြမြန်းကြ ဆွေးနွေးကြပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ပြောချင်တာလေးတခုရှိတယ်။ ကျနော်က ဆရာမောင်သာရကို ဆရာ ဦးအောင် သင်းအဟောအပြောသိပ်ကောင်းတာပဲလို့ ပြောတော့ ဆရာက ဦးအောင်သင်းက စာဟောဆရာလေတဲ့။ အဲဒီိလိုကြားခိုက်မှာ ကျနော့်စိတ်ထဲမှာ တမျိုးဖြစ်သွားတယ်။ စာဟောဆရာနဲ့ စာရေးဆရာ မတူဘူးလား၊ စာဟောဆရာကော စာရေးဆရာမဟုတ်ဘူးလား၊ ဆရာဦးအောင် သင်းစာပေဟောပြောပွဲတွေမှာ နာမည် ကြီးနေတဲ့အချိန်မှာ ဆရာဦးအောင်သင်းရဲ့တကိုယ်တော်လုံးချင်းဖြစ်တဲ့ ဝတ္ထု သို့မဟုတ် ဆောင်းပါး သို့မဟုတ် အက်ဆေး သို့မဟုတ် ကဗျာစာအုပ်ရယ်လို့ မရှိဘူးထင်ပါတယ်။ 

ဆရာ့ရဲ့ဝေဖန်ရေးအမြင်စာအုပ်တအုပ်တော့ သတိထားမိရဲ့။ အခုတော့ ဆရာ့စာအုပ်တွေ အများကြီးရှိပါ တယ်။ ဆရာ့စာပေဟောပြောချက်တွေဟာလည်း စာပေတန်ဖိုးရှိလွန်းလို့ စာအုပ်တွေဖြစ်လာပါတယ်။ 

စာပေဟောပြောပွဲခွေခေတ်ကို ဆရာဦးအောင်သင်းကတောင် စတယ်ထင်ပါတယ်။။ တောတွေမှာတောင် အသံချဲ့စက်နဲ့ဖွင့်ပြီးနားထောင်ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ ဆရာရဲ့ မြန်မာစာပေအပေါ်ထားတဲ့စေတနာ လူငယ်တွေအပေါ်မှာ ထားတဲ့စေတနာက နားထောင်လိုက်တာနဲ့ အထင်းသားတွေ့နိုင်ပါတယ်။ 

ဆရာရဲ့စာပေဝမ်းစာက ကြီးမားလွန်းတော့ ဆရာဘာပြောပြော မှတ်သားလောက်စရာချည်းပါပဲ။
ဒါဖြစ်ရင် ဒီနေ့ခေတ်စာပေဟောပြောပွဲ ဆရာတွေကရော ဆရာဦးအောင်သင်းလိုစာပေချစ်သူတွေ လူငယ် မျိုးဆက်သစ်တွေကို လှုံဆော်စည်းရုံးနိုင်ပြီလား၊ လူငယ်တွေကို စာဖတ်ချင်လာအောင်  ဟောပြောနိုင်ကြ ပြီလား။

ရသစာပေကျဆင်းနေတယ်လို့ပြောနေကြပြီ။ တကယ်လည်း ရသစာပေတွေကို မဖတ်ကြတော့သလောက် ပါပဲ။ ဟိုတုန်းက စာပေဟောပြောပွဲဆိုတာ နတ်တော်လ တလတည်းလောက်သာရှိတာ၊ အခုဆိုရင် စာပေ ဟောပြောပွဲတောင်မဟုတ်တော့ဘဲ ၁၂ လစာဆိုတော်ပွဲလို့ ပြောလို့တောင် ရနေတယ်။ ဟိုတုန်းကတော့ စာပေဟောပြောပွဲဆိုတာ ညမှာပဲ ဟောတာများတယ်။ အခုဆိုရင် နေ့ရောညရော ဟောပြောနေကြရတာ ပါ။ ကျောင်းဖွင့်ပွဲ ဘုရားထီးတင်ပွဲကစလို့ အလှူတွေ၊ ကလေးကင်မွန်းတပ်နာမည်ပေးပွဲတွေအထိ စာပေ ဟောပြောပွဲတွေ ထည့်လာကြပြီ။ 

ဟောပြောနေတဲ့သူတွေအများစုနဲ့လည်း ခင်နေတော့ ဆက်ရေးရမှာကို ခင်လည်းခင်တယ် အားလည်းနာ တယ်။ စာပေဟောပြောပွဲတွေက စာပေဟောပြောပွဲတွေရောစစ်ရဲ့လား။ နားထောင်သူတွေဘက်က ပြန် ပြောကြတာကတော့ စာရေးဆရာတွေက စာပေအကြောင်းမပြောဘဲ နိုင်ငံရေးအကြောင်းတွေပဲ ပြောနေ ကြတယ်။ သီချင်းတွေပဲ ဆိုပြနေကြတယ်။ ပရိတ်သတ်မရယ် ရယ်အောင်ပြောပြီး လက်ခုပ်သံချူနေကြ တယ်။ လက်ခုပ်သံမျှော်နေကြတယ်။ အကြောင်းအရာတွေကထပ်နေပြီး တခါလာလည်း ဒါ၊ တခါလာ လည်း ဒါ ဖြစ်နေကြတယ်တဲ့။
တချို့နာမည်ကြီးဟောပြောပွဲဆရာတွေရဲ့စကားတွေက ရှေ့နောက်မညီဘူး၊ ကိုယ်မကြိုက်တဲ့ အစိုးရကျ တော့ အစိုးရကိုအပြစ်တင်ပြီး ကိုယ်ကြိုက်တဲ့အစိုးရကျတော့ ပြည်သူကိုအပြစ်တင်တယ်တဲ့။

စာရေးဆရက အပြောကောင်းရင် အပြောကောင်းတဲ့စာရေးဆရာဖြစ်ပေမယ့် နိုင်ငံရေးသမားက အပြော ကောင်းရင် အပြောကောင်းတဲ့ စာရေးဆရာဖြစ်သွားပြီလား။ အပြောကောင်းတဲ့နိုင်ငံရေးသမားပဲဖြစ်မှာပေါ့။ စာပေဟောပြောပွဲလို့ခေါင်းစဉ်တပ်ရင် တကယ်စာရေးတဲ့ စာရေးဆရာတွေကိုပဲဖိတ်သင့်တယ်။

နိုင်ငံရေးသမားနဲ့စာရေးဆရာမတွဲသင့်ဘူး။ စာရေးတဲ့နိုင်ငံရေးသမားဆိုရင်ောတ့ အဓိပ္ပာယ်ရှိပါတယ်။ ဒါတောင် ပြောစရာရှိတယ်။ စာပေဟောပြောပွဲအနေနဲ့ဖိတ်တာမို့ နိုင်ငံရေးသမားစာရေးဆရာရဲ့စာပေ အမြင်ပဲ ဖြစ်သင့်ဟောသင့်တယ်။ ကျော်ကြားတဲ့နိုင်ငံရေးသမားကို စာပေဟောပြောပွဲတွေက ဖိတ်လိုက် တာနဲ့ စာရေးဆရာဖြစ်သွားရောလား။

နာမည်ကြီးနိုင်ငံရေးသမားနဲ့တွဲဟောရတဲ့စင်တွေမှာ စာရေးဆရာအစစ်တွေရဲ့ဂုဏ်သိက္ခာထိခိုက်တာမျိုး တွေတောင် ရှိတယ်။ နာမည်ကြီးနိုင်ငံရေးသမားက နောက်မှဟောမှာမို့အရင်ဟောနေတဲ့စာရေးဆရာ အစစ်ကို အမြန်ဆင်းခိုင်းတာမျိုးတွေ ရှိတယ်။ စာတစ်လုံးမှမရေးဘဲ စာပေဟောပြောပွဲလိုက်တဲ့ ရုပ်ရှင် မင်းသား မင်းသမီးတွေနဲ့ဆိုရင် ပိုတောင်ဆိုးသေး။

နိုင်ငံရေးသမားတွေရုပ်ရှင်သရုပ်ဆောင်တွေဟောနေတာကိုမကြိုက်လို့ မလိုလားလို့ပြောနေတာမဟုတ်ဘူး နော်။ စာပေဟောပြောပွဲဆိုတဲ့ခေါင်းစဉ်အောက်မှာဖြစ်နေလို့ ပြောတာ။ စာပေဟောပြောပွဲလို့မတပ်ဘဲ အခြားခေါင်းစဉ်တပ်ပြီးလွတ်လွတ်လပ်လပ်ပြောကြရင် မကောင်းဘူးလား။ ဥပမာ လူငယ်နှင့်အနာဂတ်တို့၊ နိုင်ငံအရေ ဆွေးနွေးကြမယ်တို့ စသဖြင့်ပေါ့။ 

အများက လက်ခံတဲ့ကျော်ကြားသူတွေဟောပြောတာကို ကြိုဆိုပါတယ်။ နားထောင်ရသူတွေအတွက် အကျိုး ရှိပါတယ်။
ဟောသူရှိလို့ ဖိတ်သူရှိတာမဟုတ်ဘဲ ဖိတ်သူရှိလို့ ဟောသူတွေရှိတာပါ။ ဖိတ်တဲ့သူတွေကလည်း နာမည် ကြီးတွေကိုပဲ ရချင် ဖိတ်ချင်ကြမှာပါ။ ဒီနေရာမှာလည်း နာမည်ကြီး ဟောပြောတဲ့ဆရာတွေ အကြောင်းက ပြောစရာရှိလာပြန်တယ်။ ပထမဦးဆုံးပြဿာနာကတော့ ဟောပြောခ ဂါရဝကြေးကိစ္စပါပဲ။ ဟိုကဒီက အသံတွေလည်း စုံနေအောင် ကြားနေရတယ်။ နာမည်ကြီးတယောက်ကဆို ငါးသိန်းရမှ ဟောနိုင်မယ်တဲ့။ အသွားအပြန် လေယာဉ်နဲ့ခေါ်ရပို့ရမယ်။ တည်းခိုခန်းအကောင်းစားမှာ ထားပေးရမယ်။ အရက်ဆို အနည်း ဆုံး ဘလူးလေဘယ်မှဆိုတာတွေအထိ ကြားနေရတယ်။ ကိုယ့်အလှည့်ပြီးပြီးချင်း ကိုယ်သွားချင်တဲ့ဆီကို သီးခြားလိုက်ပို့ရမယ်။ ပုဆိုးတကွင်းနဲ့မိုးအလင်းဟောတယ်ဆိုတဲ့ စာရေးဆရာမျိုးကတော့ အရုပ်ရေးကြည့် ရမယ်ထင်ပါရဲ့။

ဒီနေရာမှာ စာရေးဆရာစစ်မစစ်ကိစ္စလည်း ပြောချင်တယ်။ ဘယ်လိုစာမျိုး ရေးရေးစာရေးဆရာဖြစ်သလား၊ ကိုယ်ရေးတဲ့သုတရသစာပေတွေကိုစာဖတ်ပရိတ်သတ်က အသိအမှတ်ပြုရင် စာရေးဆရာဖြစ်ပါတယ်။ 

ကိုယ်ရေးတဲ့စာဟာ လတ်တလောအများလက်ခံတဲ့ရာသီစာမျိုးမဖြစ်ရဘဲ ရေရှည်တည်တံ့နိုင်တဲ့နှစ်ရှည် စာမျိုးဖြစ်ရမယ်။ ကိုယ်ဟာ စာပေအသိုင်းအဝိုင်းကလက်ခံတဲ့ဝတ္ထု ကဗျာ၊ ဆောင်းပါး အက်ဆေးရေးပြီးပြီ လား၊ ကိုယ့်စာကို စာသမားစစ်စစ်တွေက အသိအမှတ်ပြုလက်ခံကြိုဆိုကြပြီလား။

အားမနာပပြောရရင် စာပေဟောပြောပွဲဈေးကွက်ကြီးက လုပ်ငန်းတခုသဖွယ်ကျယ်ပြောလာနေပြီ။ လုပ်စား ခွင်ကြီးလိုဖြစ်နေပြီ။ စာ, နာမည်ကြီးအောင်မရေးနိုင်ဘဲ လူ, နာမည်ကြီးအောင် လုပ်နေကြတယ်။ စာထက် လူကရှေ့ရောက်နေတယ်။ စာရေးစားတာထက် စာဟောစားတာက တွက်ခြေကိုက်လို့ စာရေးဆရာယောင် ဆောင်ပြီး စာဟောစားသူတွေလုပ်နေကြသလိုဖြစ်နေတယ်။ ဟောပြောပွဲတွေမှာတွင်ကျယ်နေလို့ နာမည် ကြီးနေလို့ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တဲ့စာရေးဆရာဖြစ်ပြီလို့ လိပ်ပြာသန့်စွာ ခံယူရဲပြီလား။

ဟောပြောပွဲမှာ ဟောပြောပွဲကျင်းပရေးကော်မတီကတောင် လာဟောမယ့်စာရေးဆရာတွေ ကာတွန်းဆရာ တွေကို လူနဲ့နာမည်နဲ့ တွဲမသိတာမျိုးတွေထိ ဖြစ်နေတယ်။ အခမ်းအနားမှူးက ဆရာတို့ ဘယ်သူအရင် ဟောမှာလဲလို့မေးတဲ့အခါ နာမည်ကြီးစာရေးဆရာက ကျနော်အရင်ဟောမယ်လို့ပြောတော့ အရင်ဟောမှာ တော့ဟုတ်တယ်။ နာမည်ပြောလို့ ပြန်ပြောသတဲ့။ ဒါထက်ဆိုးတာက ဟောပြောမယ့်စာရေးဆရာကာတွန်း ဆရာတွေပုံကို ဗီနိုင်းထုတ်တဲ့အခါ ပုံနဲ့စာနဲ့တွဲတာတွေလွဲတာမျိုးထိပါပဲ။ နိုင်မြန်မာရဲ့ပုံအောက်မှာ ဆရာ ကာတွန်းဝင်းအောင်လို့ ရေးပြီး ကာတွန်းဝင်းအောင်ရဲ့ပုံအောက်မှာ ဆရာနိုင်မြန်မာလို့ရေးတာမျိုးပေါ့။ 

ဟောပြောမယ့်စာရေးဆရာရဲ့နာမည်ကိုတောင် အခမ်းအနားမှူးက မှန်အောင်မပြောနိုင်တာမျိုးတွေလည်း ရှိရဲ့။ စာရေးဆရာညီမင်းညိုကို ညိုမင်းညိုလို့ကြေညာတာမျိုး။

နောက် စာပေဟောပြောပွဲတွေဟာ လုပ်ငန်းသဘောဆန်လာတယ်။ ဟောပြောတဲ့ဆရာတွေအပေါ်လည်း ဖြစ်မြောက်ရေးအဖွဲ့တွေက ဇာတ်အငြိမ့်တို့ဆိုင်းတို့က လူတွေလိုဆက်ဆံလာတယ်။ စရိတ်ခံခေါ်မယ်။ လက်ဆောင်ပေးမယ်။ အပြန်ကားပေါ်အရောက်တင်ပေးလိုက်မယ်။ နွေးထွေးမှုတွေပျောက်ဆုံးကုန်ပြီလို့ ဆိုတယ်။ 

စာပေဟောပြောပွဲတွေများလာလေ စာဖတ်အားတွေကောင်းလာလေဖြစ်ရမယ်လို့ထင်စရာရှိတယ်။ လူတွေစာဖတ်ရင် စာအုပ်တွေရောင်းရမှာပေါ့။ အထူးသဖြင့် ရသစာအုပ်တွေ များများရောင်းကောင်းရမှာ ပေါ့။ ဟောနေတဲ့သူတွေအချို့ကရော ရသစာပေရေးကြရဲ့လား။ နောက်ဆုံးစာဟောသူတွေကိုယ်တိုင်ရော စာရေးဆရာအချင်းချင်းတွေရဲ့စာတွေကိုအချိန်ပေးပြီး ဖတ်ကြရဲ့လား။ စာမဖတ်ဖြစ်ကြတဲ့ပြည်သူတွေကို စာတကယ်ဖတ်ချင်လာအောင် လှုံ့ဆော်တိုက်တွန်းဖြစ်ကြရဲ့လား။

ဆရာမောင်သာရကတော့ ပြောဖူးတယ်။ စာရေးဆရာဖြစ်ချင်ရင် စာရေးတဲ့။ စာရေးဆရာစစ်စစ်ဖြစ်ပြီးမှ စာဟောဆရာဖြစ်လာသူများကိုပြောစရာမရှိပေမယ့် စာဟောဆရာဖြစ်အောင်လုပ်ပြီးမှ စာရေးဆရာ လောကကို အသုံးချဖို့ကြိုးစားနေတဲ့သူတွေကိုတော့ စောင့်ကြည့်ရမယ်။ အပြောကောင်းတိုင်း အရေး ကောင်းတာမဟုတ်။ ရေးလာရင်လည်း ဦးတည်ချက်မှန်ဖို့လိုသေးတယ်။ 

စာပေကိုအသက်ထက်ဆုံးဝဋ်ကြွေးကြီးစွာရေးသားလာတဲ့ စာသမားစစ်စစ်ဆွမ်းဆန်တွေကြားမှာ ကြွက်ချေးရောတာမျိုး လက်မခံပါ။

ဘောလုံးပွဲတပွဲလိုပြောရရင် စာမဟောဘဲစာရေးတဲ့စာရေးဆရာတွေဟာာ နောက်တန်းသမားတွေနဲ့တူပြီး စာရေးစာဟောဆရာတွေကတော့ ရှေ့တန်းတိုက်စစ်မှူးတွေနဲ့ တူပါတယ်။ တိုက်စစ်မှူးကောင်းတွေဖြစ်ဖို့လိုတယ်။ စာပေဟောပြောပွဲတွေရဲ့ဂုဏ်သိက္ခာနဲ့ အစဉ်အလာကောင်းတွေ ကို ထိန်းသိမ်းကြရမယ်။ အခုတော့ အမုန်းခံပြီမေးလိုက်တော့မယ်။
စာပေဟောပြောပွဲတွေ ဘာလဲ ဘယ်လဲ။

ကြည်ဇော်ဝင်း

အလယ်ရိုးမကဗျာဆရာများ - ''မြစ်''ကဗျာ/အနုပညာမဂ္ဂဇင်းအမှတ်(၂) အစီအစဉ်ကြေညာ

$
0
0
''မြစ်''  ကဗျာ/အနုပညာမဂ္ဂဇင်းအမှတ်(၂) အစီအစဉ်ကြေညာ
 
အလယ်ရိုးမကဗျာဆရာများ၏ စီစဉ်မှုဖြင့် ``မြစ်´´ ကဗျာ/အနုပညာမဂ္ဂဇင်းအမှတ် (၁)ကို ၂၀၁၇ ခုနှစ် မတ်လ (၂၁)ရက်နေ့ (ကမ္ဘာ့ကဗျာနေ့) တွင် စီစဉ်ထုတ်လုပ် ဖြန့်ချိခဲ့ပါသည်။
ယခု ``မြစ်´´ ကဗျာ/အနုပညာမဂ္ဂဇင်းအမှတ်(၂)ကို ၂၀၁၉ ခုနှစ် မတ်လ (၂၁)ရက်နေ့ (ကမ္ဘာ့ကဗျာနေ့) အမီထုတ်လုပ်ဖြန့်ချိနိုင်ရန် အလယ်ရိုးမကဗျာဆရာများအဖွဲ့မှ စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ကဗျာ / ကဗျာရှည် / အက်ဆေး / ကဗျာဆိုင်ရာတို့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား၍
middleyomapoetry@gmail.com သို့လည်းကောင်း....

မိုးကျော်အောင်
ဆုသစ် စတိုး
ဦးဘွားလမ်းl ဦးမင်းဒင်ရပ်
ပျဉ်းမနားမြို့။

-
အိုအောင်
တိုက် (၁၅၀)
အခန်း (၃၃) ၄လွှာ
ခရေအိမ်ယာ ပညာသိဒ္ဓိရပ်ကွက်
ဇဗ္ဗူသီရိမြို့နယ်
နေပြည်တော်
...  တို့သို့ လိပ်မူ၍ စာတိုက်မှသော်လည်းကောင်း ၊ စာမူများ ပေးပို့နိုင်ကြပါသည်။
စာတည်းအဖွဲ့၏ ရွေးချယ်ထားသည့်စာမူများစာရင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ယခုမြစ် facebook pageမှတဆင့် ဖော်ပြကြေညာပေးသွားမည် ဖြစ်ပါသည်။

``မြစ်´´ကဗျာ/အနုပညာမဂ္ဂဇင်း စုစည်းဖွဲ့စည်းမှု

နာယက
- မောင်သင်းခိုင်| မောင်ကြူးရင့်| ဇော်ဝင်းကို
တာဝန်ခံစာတည်း
- မိုးကျော်အောင်| အိုအောင်
စာတည်းအဖွဲ့
- လှိုင်းထက်| အောင်နှင်းသစ်|
ညီဗလ| ဇော်ထိန်| ဆောင်းချစ်ငြိမ်| သွေးဦး
စီမံထုတ်လုပ်
- ကိုရွှေလင်း
ပန်းချီတာဝန်ခံ
- ပန်းချီဝင်းတင့်
ဂီတတာဝန်ခံ
- သိန်းဌေးအောင်

K- (ဓာတ်ပုံ- စိုးစံသစ်)- ကဗျာဆရာ ညွှန့်သစ် လေဖြတ်သွား၍ ရန်ကုန်ဆေးရုံကြီးတင်ထားရ

$
0
0

ကဗျာဆရာ ညွှန့်သစ် လေဖြတ်သွား၍ ရန်ကုန်ဆေးရုံကြီးတင်ထားရ
K-   (ဓာတ်ပုံ- စိုးစံသစ်)
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၈

ကဗျာဆရာကြီး ညွှန့်သစ်ဟာ သြဂုတ်လ ၂၃ရက် နံနက်ခင်းတွင် အရေး ပေါ်ကျန်းမာရေးအခြေအနေအရ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအဆောင် ½ လေဖြတ်လူနာဆောင် အပေါ်ထပ် ခုတင်အမှတ် Cor 17 တွင် တင်ထားရ ကြောင်းသိရပါတယ်။

ကဗျာဆရာညွန့်သစ်ရဲ့ဆေးရုံပေါ်က အခြေအနေနဲ့ပတ်သက်ပြီး စာရေးဆရာ စိုးစံသစ်က “ ဦးနှောက်အာရုံကြောဆရာက သွေးကြောမှာ သွေးခဲဟု အဖြေ ထုတ်။ ရန်ကုန်ဆေးရုံကြီး အဆောင် ½ လေဖြတ်လူနာ ဆောင် အပေါ်ထပ် ခုတင်အမှတ် Cor 17 တွင် တင်ထား။ သတိကောင်း။ 

အခြေနေစောင့်ကြည့်ပြီး ထူးခြားရင် ချက်ချင်းဓာတ်မှန်ရိုက် / ချက်ချင်းပြန်စစ် / လိုအပ်တာဆက်လုပ်ရမယ်အနေထားမှာရှိတယ်။ စောင့်ကြည့်နေရဆဲပါ။

လောလောဆယ် ဆေးသွင်းထား။ ဝိုင်းဝန်းအကြံပြုကူညီပေးကြစေချင်ပါတယ် ” လို့ လူမှုကွန်ရက်ကနေ ရေးသားပြောဆို ထားပါတယ်။

ကဗျာဆရာကြီး ညွှန့်သစ်ဟာ အသက် (၇၆) နှစ်အရွယ်ရှိပြီး ပြီးခဲ့တဲ့လအနည်းငယ်ကမှ ဇနီးဖြစ်သူ ဒေါ်မြမြသန်းကွယ်လွန် ထား ပါတယ်။

ကဗျာဆရာ ညွှန့်သစ် ကိုယ်ရေးအကျဉ်း

အမည်ရင်း- ဦးစိုးညွှန့်
၁၉၄၂၊ နိုဝင်ဘာ ၂၄ရက်ဖွား

ဧရာဝတီတိုင်းဇကာကြီးရွာတွင် အဖ- ဦးအုန်းမောင်၊ အမိဒေါ်ညိုတို့မှ မွေးဖွား၊
မွေးချင်းညီအကို ၃ ယောက်အနက် ဒုတိယသား။

၁၉၅၀ ပြည်တွင်းစစ်ဖြစ်ပွားနေချိန် ရန်ကုန်ရောက်။
ရန်ကုန်ခရိုင်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအမှုဆောင် အဖွဲ့ဝင်။

ပထမဆုံးကဗျာစာမူ- ၁၉၇၁၊ မိုးဝေမဂ္ဂဇင်းမှာ ''ဒါပါပဲ ''ကဗျာဖြစ်။

စုပေါင်းကဗျာစာအုပ်များတွင်လည်း ပါဝင်ရေးသားခဲ့။

တကိုယ်တော်အနေနဲ့ ခါးသက်တဲ့အရသာ(၁၉၉၄)၊ ကောင်းကင်ပင်လယ် (၂၀၀၄) အင်္ဂလိပ်-မြန်မာနှစ်ဘာသာ (သားဂျာနယ်ကျော် မိုးဟိန်း အင်္ဂလိပ်ဘာသာပြန်ဆို) လုံးချင်းကဗျာစာအုပ် ၂အုပ်ထုတ်ဝေထား။

ဇနီး- ဒေါ်မြမြသန်း သား ၃ ဦးရှိ။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ပုသိမ်လမ်းတွင်နေထိုင်ရင်း ကဗျာ၊ ဆောင်းပါးများရေးသားလျက်ရှိ။   ။

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

$
0
0

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ
(မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈

စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် (၁၉၁၅-၁၉၉၉) ရေးသားခဲ့ပြီး အကြိမ်ကြိမ်ပုံနှိပ်ထုတ်ဝေနေရတဲ့ 'သတင်းစာလောက'စာအုပ် မိုးမခစာပေက ထပ်မံရိုက်နှိပ်ထုတ်ဝေလိုက်ပါပြီ။

သတင်းစာလွတ်လပ်မှုသည် အဘယ်နည်း
စည်းကမ်းမဲ့ ထင်ရာရေးသားခြင်းကို သတင်းစာလွတ်လပ်မှုဟု ခေါ်မည်လော
လူတဦးတယောက် သို့မဟုတ် လူတစု၏ အကျိုးစီးပွားအတွက် ၀ါဒဖြန့်ကာ လူထုအား လှည့်ဖြားခြင်းသည် သတင်းစာလွတ်လပ်မှုလော စတဲ့ မေးခွန်းများကို သုံးသပ်ဖြေဆိုထားတာတွေအပြင် နိုင်ငံတကာသတင်းစာလောကနဲ့ မြန်မ့ာသတင်းစာလောကတို့ သမိုင်းဖြတ်သန်းမှုတွေကိုပါ ကောက်နုတ် ရေးသားထားပါတယ်။

ဖြန့်ချိရေး – ဆိပ်ကမ်းသာစာပေ – အမှတ် ၁၃ / ၃၈ လမ်း။ ပလာဇာဈေးသစ် ။ ၀၉ ၇၈၆၈၃၇ ၃၀၅ / ၀၉ ၉၆၃၆၉၉၈၃၄။ အုပ်ရေ - ၅၀၀၊ တန်ဖိုး - ၃ ထောင် ကျပ်။


ကာတွန်း OKKW ရဲ့ ဝန်ဆောင်မှုပေးသည်

$
0
0

ကာတွန်း OKKW ရဲ့ ဝန်ဆောင်မှုပေးသည်
(မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၈

ဖိုးရွှေညီမှိုင်း ● စိမ်

$
0
0

ဖိုးရွှေညီမှိုင်း ● စိမ်
(မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၈

"​ခြောက်​​သွေ့တဲ့ လမ်း​ပေါ်​တောင်​မှ
ချိုင့်​ခွက်​နဲ့ မလွဲနိုင်​သူအဖို့
ရွှံ့ဗွက်​​တောတိုးလည်း မထူး​တော့ပြီမို့
သေ​အောင်​သာ ရွာပါမိုး" *1
...
ရွာ​လေ
မရပ်​တမ်းသာ
ရွာ​စွေလိုက်​စမ်း
တို့ဆီမှာ
ဘာမှမကျန်​​ အကုန်​ယူပါ
ဒါကို​တော့
ဘယ်​​ခါမှ မရနိုင်​ဘူး မိုး​ရေ ...

ဘယ်​တုန်းကမှ တို့မှာမရှိတဲ့အရာ
မင်း ဘယ်​​တော့မှမရဘူး။

ရှိတာအကုန်​ ယူလိုက်​စမ်း
ဒုက္ခ​ပန်း​တွေပန်​ပြီး
လှ​ရဲနေတာ ကြည့်​လိုက်
ရွာလိုက်​စမ်းပါ
ရွာ​လေ မိုး​ရေ ...

ပွင့်​ရဲရင်​​ ကြွေရဲကြရဲ့
တိမ်​မိုက်​​စိုး ညနက်​​တွေ
လေ​တွေမိုး​တွေထဲ
လမင်း​တွေ ကြယ်​စင်​​တွေ
မျက်​နှာလွှဲ​ပေမယ့်
"ချစ်​သူစစ်​စစ်​​"တွေ
ဘယ်​​သောခါမှ လမ်းမလွဲဘူး။

"​နောင်​တ"တဲ့
တို့ခရီးမှာ "ဒါ"မရှိဘူး
ဘယ်​​တော့မှလည်း
ယူဖို့မကြိုးစားခဲ့ကြ
တို့မရခဲ့ဘူး
တို့ဆီမှာ မရှိတဲ့အရာ
မင်းလည်း ဘယ်​​တော့မှ
မရနိုင်​ဘူး။

ရွာ​လေ ရွာ​စွေပါ
သေ​အောင်​သာ ရွာပါမိုး။

ဖိုး​ရွှေညီမှိုင်း
၂၀၁၈ သြဂတ်​စ်

(*1 ... ဆရာ စိုင်းခမ်းလိတ်​ရဲ့ သီချင်းစာသား)

နေချိုသွေး ● အခန်းထဲကထွက်ကျလာတဲ့ ကြွက်ဖြူလေးတစ်ကောင်

$
0
0
နေချိုသွေး ● အခန်းထဲကထွက်ကျလာတဲ့ ကြွက်ဖြူလေးတစ်ကောင်
(မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၈

မေတ္တာတရားတွေကို ဆာလောင်ငတ်မွတ်နေတဲ့ ကြွက်ဖြူလေးတစ်ကောင် ချောင်မှာအောင်းနေတာ ရယ်စရာမကောင်းဖူး လား။ ဘဝတလျှောက်လုံး အငိုဘက်ကြီးဘဲ ပြုတ်ကျခဲ့ဖူးတော့ အထက်ပါအကြောင်းအရာဟာ ရယ်စရာပေါ့။ လက်ကျန် ဟာသဓါတ်လေးနဲ့ နေ့စဉ်ရက်ဆက် ပျော်စရာကို ရှာကျန်တွေးပြီး ဖြတ်သန်းကြည့်မိတယ်၊ လောကတခွင်လုံး အိပ်မော ကျနေတဲ့အချိန် ကြွက်ဖြူလေးတကောင်ထဲ အိပ်လို့မပျော်၊ ဒီအချိန်ဆိုအဖော်ဆိုလို့ တိတ်ဆိတ်မှုတွေ မိတ်ဆွေကောင်း တယောက်လို အချိန်မှန်မှန်ရောက်လာတယ်၊ အသက်ဓါတ်ကို ငြီးငွေ့မှုတွေလက်ထဲက အကြိမ်ကြိမ် ပြန်လုယူထားခဲ့ရတာ ကြာပြီ၊ ဟန်ဆောင်မျက်နှာဖုံးအပြုံးတွေနဲ့ အဟောင်းအသိုးတွေများတဲ့ပတ်ဝန်းကျင်မှာ ကြွက်ဖြူလေးတကောင် မေတ္တာငတ် နေတာ သိပ်တော့မစမ်းပါ၊ လိုဘ လှလှလေးတွေနဲ့ ကြွက်ဖြူလေးတကောင်ကို မည်းညစ်တဲ့အရောင်တွေ အစွန်းထင်းမခံနိုင်ပါ၊ ဘုရားစင်ပေါ်က ပေါင်မုန့်ကို ဘယ်တော့မှ ကိုက်မဝါးပါ၊ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားခိုင်းသူတွေကိုတာ သွားထက်ထက်နဲ့ ကိုက်ဖြတ်ချင်သူပါ မည်းမည်းမြင်ရာ ကိုက်ဖြတ်ချင်တဲ့ ဗီဇစိတ်တွေနဲ့ ညဥ့်နက်နက်ထဲ အတွေးနက်နက်တူးပြီး လျှောက်ထွက် မိတယ် လင်းအားကြီးနေတဲ့ အမှောင်မှာ ကြယ်တွေရယ်တာ သိပ်ကိုလှတာပဲ ကျနော်နေထိုင်ရာ အခန်းလေးထဲတွင် ကြွက် ဖြူလေးတကောင်မရှိတော့ပါ၊ မငြိမ်းချမ်းတဲ့ကမ္ဘာမှာ ကြွက်ဖြူလေးတကောင်ရဲ့ဆုတောင်းသံကို ဘယ်သူမှလဲ မကြားနိုင် တော့ပါ။

နေချိုသွေး

ကာတွန်း အိုပါး - ရေဘေးအလှူခံပါ

$
0
0

ကာတွန်း အိုပါး - ရေဘေးအလှူခံပါ
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၈

စမ်းစမ်းတင် - ရသစာပေနဲ့ တွေးမိတွေးရာ - ၁

$
0
0

စမ်းစမ်းတင် - ရသစာပေနဲ့ တွေးမိတွေးရာ - ၁
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၈
စာပေနဲ့ ယဉ်ကျေးမှု သာမက လူ့ကျင့်ဝတ် လူ့ဂုဏ်သိက္ခာကို ထိန်းထားတဲ့ ရသစာပေ အားနည်းတဲ့အခါ နှလုံးသားတွေမာကျောသွားတတ်တဲ့ သဘောများရှိလေမလား ၊

 သုတစာပေ၊ ရသစာပေ၊ သိပ္ပံစာပေ၊ ယဉ်ကျေးမှု- သမိုင်း- ဘာသာပြန်- ကလေး-လူငယ် စတဲ့စတဲ့ ကဏ္ဍအစုံစုံ စာပေမျိုးစုံတွေထဲ စာဖတ်သူကို အစွဲဆောင်နိုင်ဆုံးက ရသစာပေပါပဲဆို မှားမယ်လို့ မထင်၊ ကမ္ဘာအရပ်ရပ်မှာ ရသစာပေထွန်းကားနေပေမဲ့ မြန်မာနိုင်ငံမှာ ၀မ်းနည်းစရာ ကောင်းလောက် အောင် ရသစာပေ ကျဆင်းနေတယ်လို့ လူပြောသူပြောကလည်းများ၊ ရသစာပေကို မဖြစ်မနေ ထည့်သွင်းလေ့ရှိတဲ့ မဂ္ဂဇင်းတချို့လည်း ရေရှည် မရပ်တည်နိုင်တော့ဘဲ ရပ်နားလိုက် ရတာတွေလည်းရှိ၊ ဆက်ရပ်တည်ရှင်သန်နေတဲ့ မဂ္ဂဇင်းတွေဟာ ရုပ်ပုံတွေ ကြော်ငြာတွေနဲ့ အလှအပတွေကိုပဲ အများဆုံး အသားပေးဖော်ပြကြတာလည်းရှိမို့ အတွေးအခေါ် အသိအမြင် ဆင်ခြင်တုံတရားသာမက ရင်ထဲလှိုက်တက်လာတဲ့ စိတ်ခံစားချက်ကိုပေးနိုင်တဲ့ အနုပညာမျိုး အားနည်းတဲ့ မဂ္ဂဇင်းတွေက ပိုများ လာတယ်လို့ပဲပြောရတော့မလို၊ မဂ္ဂဇင်းက အခြေအနေမဟန်ပေမဲ့ အပတ်စဉ်ထုတ် သတင်းဂျာနယ်က ၀င်ငွေနဲ့ကျားကန်ပေးပြီး ဇွဲနပဲ ရှေ့ဆက်နိုင်ဖို့ ကြိုးစားနေရတာမျိုးလည်း မရှိမဟုတ်ရှိပါ့။ ဒါပေမဲ့ လက်ရေချိုးရင် လက်တဘက် တောင်ပြည့်ပါ့မလား။

အင်တာနက်တန်ခိုး
ဒီနေ့ခေတ်ဟာ ကမ္ဘာ့တဘက်ခြမ်းက ဖြစ်ရပ်ကို ကမ္ဘာ့တခြား တဘက်ခြမ်းက စက္ကန့်မဆိုင်း ချက်ချင်း သိနိုင်တဲ့ သတင်းခေတ်ဖြစ်ထွန်းတိုးတက်တာက အမှန်၊ သတင်းအချက်အလက်နဲ့ သုတအစုံစုံကို အင်တာနက်က ဖြည့်ဆည်း ပေးတာမို့ အင်တာနက်ဟာ ဗဟုသုတကိုသာ ဖြည့်ဆည်းပေးတယ်- ပညာဥာဏ်ရည်အမျှော်အမြင်ကို မပေးနိုင်ဘူးဆိုပြီး the Internet provides knowledge but not wisdom လို့ အင်တာနက် ခေတ်ဦးကာလမှာပြောကြတာလည်း မှတ်သားမိဖူး၊ ဒီနေရာမှာ ထပ်တောင် ဖြည့်လိုက်ချင် ကွန့်လိုက်ချင်သေး၊ ခံစားချက်အနုပညာလည်း ဖြည့်ဆည်းပေးနိုင်တာ မဟုတ်ပါဘူးလို့။ ဒီခေတ်မှာ ဘယ် ကဏ္ဍ မဆို အင်တာနက်က ရှာနိုင်၊ သိနိုင် ရနိုင်၊ ဒါပေမဲ့ ကွဲလွဲတာလည်း ရှိမှရှိ၊ ဥပမာ- သတင်း အချက် အလက်နဲ့ ဗဟုသုတရရှိစေတာက ပုံစံတမျိုးဖြစ်ပြီး တွေးခေါ် ဆင်ခြင်တုံတရားနဲ့ ခံစားမှုအနုပညာကို ပေးစွမ်းနိုင်တဲ့ ရသစာပေက ပုံစံတမျိုး၊

သူတို့အဆို
ရသစာပေဆိုတာ စိတ်ဝင်စားစရာကောင်းပြီး လူ့သဘောသဘာဝကို ထူးထူးကဲကဲ ဆန်းဆန်းပြားပြား ဖွင့်ဟပြတဲ့အရာပါပဲလို့ အမေရိကန် နိုင်ငံရေးသမားလည်းဖြစ်၊ ခုထိ ရှင်သန်နေသေးတဲ့ ဆပ်ကပ် အဖွဲ့တဖွဲ့ကို ထူထောင်ခဲ့သူလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်၊ ထုတ်ဝေသူလည်းဖြစ်တဲ့ P.T. Barnum ကပြောထားဖူးပါတယ်။ ရသစာပေဟာ လူတယောက် သာမန်မြင်နေကြားနေသိနေတာထက် ပိုသိပိုမြင်ပိုတွေးတတ်အောင် မျက်စိဖွင့် ပေးတဲ့ ပြတင်းပေါက်လို့လည်းဆိုသူ ဆို၊ ရသစာပေဟာ အတွေးအခေါ်ကိုပါ ပြောင်းလဲ စေတယ်လို့ လည်း ပြောသူတွေက ပြော၊

ဒါကြောင့်လည်း ပြည်ပရောက်နေပေမဲ့ မြန်မာစာ၊ မြန်မာစကား မေ့မသွားရအောင် ရတတ် သရွေ့အချိန်လေးမှာ ရနိုင်သမျှ ကြိုးစားဖတ်ရှုနေသူတွေ ထဲ ရသ စာပေကို တမင်ရှာဖတ်သူတွေလည်း ရှိပါ့။ ကိုယ့်စာပေကိုယ်မေ့ရင်၊ ကိုယ့်စာပေကိုကိုယ်ကပဲ ဖျောက်လိုက်ရင် ကိုယ်ဘာလူမျိုးဆိုတာလည်း ပျောက်သွားမယ့် သဘော မသက်ရောက်ချင်တာလည်း ပါပါလိမ့်မယ်၊ ဒါကြောင့်လည်း စာပေဟာ ယဉ်ကျေးမှုနဲ့တွဲနေပြီး ရသစာပေဟာ နိုင်ငံတနိုင်ငံရဲ့ ယဉ်ကျေးမှုကို လှပ သွယ်ဝိုက်တဲ့နည်းနဲ့ရော စွဲမက်စဖွယ် အဖွဲ့အနွဲ့နဲ့ရော ရင်ထဲအသဲတွေ စူးနစ်ဝင်တဲ့အရေးအသားနဲ့ရော ပေါင်းယှက်ပေးတဲ့ အနုပညာတရပ်လည်းဖြစ်နေပြန်၊

ကျဆင်းရတဲ့အကြောင်းထွေထွေ

ဒီလို ရသစာပေသာမက တခြားတခြား စာတွေလည်း ဖတ်အားနည်းသွားတဲ့ အကြောင်းရင်း ကို ဟိုဟို ဒီဒီ လျှောက်စဉ်းစားမိတော့ စားဝတ်နေရေးပြဿနာကို ဦးစားပေးရတာလည်း အကြောင်းတကြောင်း ဖြစ်ကောင်းဖြစ်နိုင်ပြန်၊ ဟုတ်တယ်လေ။ ထမင်းနဲ့ စာအုပ်ရွေးချယ်ရမယ့် အခြေအနေမျိုး ရောက်လာရင် ထမင်းကို ဦးစားပေး ရွေးချယ်ရတဲ့ အနေအထားမို့ ဒီလို ခေတ်ကျပ်ကြီးထဲက အများစုဘ၀ကို စာနာ နားလည်ရမယ့် သဘောလည်း ရှိပါတယ်။

ဒီလိုအခြေအနေမျိုပေမဲ့ တချို့တွေက စာမပြတ်ဖတ်တတ်ကြပါတယ်။ ဒီလို စာပေ၀ါသနာကို ကိုယ်တိုင်လည်း ပျိုးထောင်နိုင်တဲ့အပြင် ပတ်ဝန်းကျင်ကပါ ပံ့ပိုးပေးနိုင်ရင် ၀ါသနာက ပိုလို့ခိုင်မာလာတတ်ပါတယ်။ စာဖတ်တတ်တဲ့အလေ့ဆိုတာလည်း ငယ်ငယ်ကတည်းက ရှိလာမှ၊ ကျောင်းကစာသာမက ပြင်ပစာတွေဖတ်တတ်အောင် မိဘတွေကပါ ပံ့ပိုးအားပေးဖို့လိုပြန်၊ ကျောင်းမှာလည်း ဆရာ-ဆရာမတွေက တနည်းတဖုံ အားပေးနိုင်၊

 ရှေးကတော့ရှိခဲ့တယ်
တကယ်တော့ မြန်မာနိုင်ငံဟာ စာပေ ယဉ်ကျေးမှုနဲ့ မွေးကတည်းက ယဉ်ပါးလာတဲ့နိုင်ငံပါ။ ဒါကို မြန်မာနိုင်ငံအကြောင်းလေ့လာတဲ့ ပြည်ပက စာရေးဆရာတွေက သတိထားမိတာလည်း အထင်အရှား။ ဘုန်းတော်ကြီးကျောင်းပညာရေးကြောင့် စာရေးစာဖတ်တတ်သူတွေ စာပေမွေ့လျော်သူတွေ ပေါက်ဖွားလာတာကိုလည်း သုံးသပ်ပြတာပါ။ The Union of Burma, a study of the first years of independence ပြည်ထောင်စုမြန်မာနိုင်ငံ ဆိုပြီး လွတ်လပ်ရေးရပြီး ပထမနှစ်ပိုင်းတွေကို လေ့လာခြင်းဆိုတဲ့ စာအုပ်နဲ့ Burma: The Struggle for Independence, 1944-48ဆိုပြီး မြန်မာနိုင်ငံ- ၁၉၄၄ က ၄၈ ခုနှစ်အတွင်း လွတ်လပ်ရေးကြိုးပမ်းမှုစာအုပ် စတာတွေ ရေးသားတဲ့ ဗြိတိန်စာရေးဆရာ Huge Tinker ဟာ လွတ်လပ်ရေးကြိုးပမ်းမှုစာအုပ်မှာ ဘုန်းတော်ကြီးကျောင်းတွေ ကျေးဇူးကြောင့် စာတတ်မြောက်သူဦးရေများတာကို တခုတ်တရ ရေးသားဖူးပါတယ်။

မြန်မာ့ပညာရေး အမှောင်ခေတ်ကျရောက်တာကို လက်မခံချင်သူတွေရှိပေမဲ့ တကယ်လည်း မလင်းလက်၊ မတိုးတက်ဘဲ ဘွဲ့ရသူဦးရေနဲ့ ပညာရေးကို တိုင်းတာတာမို့ ဟန်ဆောင်ကောင်းတဲ့ ပညာရေး စနစ်အောက်မှာ အင်္ဂလိပ်စာ မဆိုထားနဲ့၊ ဗမာစာတောင် ဖြောင့်အောင်၊ လူနားလည်အောင် မရေးတတ်သူတွေကလည်း အများသား၊ ဒါမျိုတွေ ကြုံရင် အင်္ဂလိပ်စာမပြောနဲ့ ဗမာစာတောင် ဖတ်မှ ဖတ်ကြလေလား တွေးစရာ၊

ကြည်အေးစကား

ဒီနေရာမှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာခေါင်းချသွားတဲ့ ကဗျာဆရာ စာရေးဆရာမကြီး ဒေါ်ကြည်အေး ပြောတာကို လက်ဆင့်ကမ်းချင်ပြန်၊ နိုင်ငံခြားဘာသာရပ်ဆိုင်ရာစာပေတွေ မဖတ်ရင်တောင် မြန်မာစာကို အလေးအနက်ထားဖတ်ရုံနဲ့ စိတ်နေစိတ်ထား အထက်တန်းကျနိုင်၊ လူယဉ်ကျေးတွေဖြစ်နိုင်တာကို သြ၀ါဒ ပေးဖူးတာကိုပါပဲ။ Huge Tinker လိုပဲ မြန်မာနိုင်ငံဟာ စာပေနဲ့ ယဉ်ကျေးမှုမြင့်မားလာခဲ့တဲ့ နိုင်ငံလို့ ဆရာမကြီးက ပြောတာပါ။ ဒီလိုသတ်မှတ်ခံရတဲ့ နိုင်ငံမှာ လူငယ် လူရွယ် လူကြီး တွေ စာမဖတ်ကြတော့ဘူး၊ စာရှည်ရှည်တွေ့ရင် ဖတ်ဖို့ပျင်းနေပြီ၊ ဒါပေမဲ့ တိုးတက်ကြီးပွားချင်စိတ်ထက်သန်လွန်းလှတဲ့ လူငယ်တွေကတော့ နည်းပညာနောက် တန်းတန်းစွဲ လိုက်ကြတယ်တဲ့။ ဒီလို တကိုယ်ရည်တိုးတက်ကြီးပွားရေး နောက်လိုက်ရင်း အတ္တသက်သက်ကြောင့် နှလုံးသားတွေ မာကျောလာရင်တော့ ၀မ်းနည်းစရာ။

ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေကာတွန်းပြပွဲ ရန်ကုန်၊ မန္တလေး တချိန်တည်း ကျင်းပ

$
0
0




ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေကာတွန်းပြပွဲ ရန်ကုန်၊ မန္တလေး တချိန်တည်း ကျင်းပ
K (ဓာတ်ပုံ- ကာတွန်း-ကိုဟန်) ၊ မိုးမခ၊ သြဂုတ် ၂၅၊ ၂၀၁၈


မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ကြီးမှူးကာ ကျင်းပသော ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ ကာတွန်းပြပွဲများကို ယနေ့ သြဂုတ်လ ၂၄ရက်မှ စတင်ကာ ရန်ကုန်မန္တလေးမြို့ကြီးနှစ်မြို့တွင် တချိန်တည်းကျင်းပပြုလုပ် လျက်ရှိပါတယ်။

အဆိုပါ ကာတွန်းဖြင့်ရေဘေးရန်ပုံငွေရှာဖွေပွဲများကို ရန်ကုန်မြို့တွင် မဟာဗန္ဓုလပန်းခြံရှေ့၊ မန္တလေးတွင်၂၆လမ်း၊ ၆၆× ၆၈လမ်းကြားတို့တွင် သြဂုတ်လ ၂၄ရက်မှ ၂၆ရက်တိုင် မနက် ၉နာရီမှ ညနေ ၆နာရီထိ ၃ရက်တိုင်တိုင်ပြသသွားမယ်လို့ သိရပါတယ်။

ပြပွဲတွင် ရောင်းချမည့်အကျီ င်္များပေါ်တွင် ကာတွန်းဆရာများမှ အမှတ်တရကာတွန်းများရေးဆွဲပေးကာ ရောင်းချလျက်ရှိပြီး ကာတွန်းဆရာ အယောက် ၁၀၀ ကျော်ရဲ့လက်ရာတွေကိုလည်း ပြသထားပါတယ်။



မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ရန်ပုံငွေရှာဖွေပွဲ ကော်မ တီကိုဖွဲ့စည်းထားပြီး အဆိုပါကော်မတီတွင် ပွဲဖြစ်မြောက်ရေးတာဝန်ခံ မောင်မောင်ဖောင်တိန်၊ သတင်းနှင့်ပြန်ကြားရေး ၀င်းအောင်၊ ဘဏ္ဍာရေး ကိုရွှေထူး(ပြည်)၊ ဇာနည်ဇော်ဝင်း၊ အခမ်းအနားနှင့်ပြခန်းပြင်ဆင်ရေး ကိုဟန်၊ အက်စ်လယ်မှူး၊ ဧည့်ခံကျွေးမွေး စိုးသော်တာ၊ ကိုကိုအောင်၊ အောက်တိုဘာအောင်ကြီး၊ တီရှပ်ရောင်းချ မင်းထက်လူ၊ စုမြတ်ထွေး၊ ထိပ် ထားလေး၊ ဖျော်ဖြေရေး ထိန်သာ၊ အာကာ၊ လိုင်းလုဏ်၊ ဇ၀နသား၊ ပေါ်ကာ၊ ဟတ်ကော့၊ အထွေထွေ အော်ပီကျယ်၊ မိုး ထက်မိုးတို့ဖြစ်ပါတယ်။

ဒေါက်တာခင်မောင်ဝင်း(သချာင်္) – စည်းရုံးရေးသမားများနှင့် ဂိတ်စောင့်ခြင်းလုပ်ငန်း

$
0
0

ဒေါက်တာခင်မောင်ဝင်း(သချာင်္) – စည်းရုံးရေးသမားများနှင့် ဂိတ်စောင့်ခြင်းလုပ်ငန်း 
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၆
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၈

Steven Levitsky နှင့် Daniel Ziblatt တို့ ရေးသားသော HOW DEMOCRACIES DIE စာအုပ်မှ Gatekeeping in American အခန်းကို ဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။

ဤဆောင်းပါးတွင် သုံးသောနိုင်ငံရေးဝေါဟာရများကို ပြန်လည်၍ဖော်ပြရသော်

Organization men  - စည်းရုံးရေးသမားများ
ပြည်သူ့ကိုယ်စားလှယ်နှင့် သမ္မတလောင်းများရွေးချယ်ရာမှာတွင် အာဏာရှိသောပါတီဝင်များကို ခေါ်သည်။

Gatekeeping -ဂိတ်စောင့်ခြင်း
ဒီမိုကရေစီမကျဆုံးအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း

စည်းရုံးရေးသမားများသည် ပြည်သူလူထုကို ဧကန်တကယ်ကိုယ်စားပြုသောသူများဟု မဆိုနိုင်ပါ။ သူတို့သည် သီးခြားလူတန်းစားတစ်ရပ် ဖြစ်နေသည်။ သာမန်ပါတီဝင်များ အထူးသဖြင့် အဆက်အသွယ်ကင်းမဲ့သူများ၊ ဆင်းရဲသူ များစသည်တို့ကို ကိုယ်စားမပြုနိုင်ပါ။ ထိုလူမျိုးတို့သည် သမ္မတလောင်းဖြစ်နိုင်သည့် ကိုယ်စားလှယ်များထဲတွင် မပါ ဝင်နိုင်ချေ။

သို့သော်ငြားလည်း ထိုစံနစ်(စည်းရုံးရေးသမားများထားရှိသော စံနစ်)သည် ဂိတ်စောင့်ခြင်းအလုပ်အတွက် ထိရောက်သော နည်းတစ်ခုဖြစ်သည်။ မြို့တော်ဝန်များ၊ ဆီးနိတ်အမတ်များ၊ ကိုယ်စားလှယ်များသည် သမ္မတအရွေးခံမည့် ကိုယ်စားလှယ်များကို ပုဂ္ဂိုလ်ရေးအရ သိကျွမ်းကြသည်။ သူတို့သည် အတူတကွပူးပေါင်း၍ အခြေအနေအမျိုးမျိုး အောက်တွင် အတူအလုပ်လုပ်ဖူးကြသည်။ သူတို့သည်သမ္မတလောင်းဖြစ်မည့်သူများ၏ အကျင့်စာရိတ္တ၊ အရည်အချင်း အလုပ်လုပ်နိုင်သော အခြေအနေတို့ကို အကဲဖြတ်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့်ဒီမိုကရေစီစနစ်ကို အန္တရာယ်ပြုနိုင် သည့် လူတန်းစားများကို စောစောစီးစီး တားဆီးနိုင်သည်။

ဂိတ်စောင့်သူ ပါတီဝင်များ၏ စွမ်းဆောင်မှုကြောင့် လူအကြိုက်များဆုံးသော ပုဂ္ဂိုလ်တစ်ဦးသည် ဒီမိုကရေစီကို အန္တရာယ်ပြုမည့်သူဟု ယူဆရသောကြောင့် သမ္မတလောင်းပင်ဖြစ်မလာခဲ့သော ဥပမာတစ်ခုမှာ ဟင်နရီဖို့ ဖြစ်သည်။ ဟင်နရီဖို့သည် ဖို့မော်တော်ကုမ္ပဏီ (Ford Motor Company) ကို တည်ထောင်သူဖြစ်သည်။ သူသည် နှစ်ဆယ်ရာစုနှစ် အစောပိုင်းက အကြွယ်ဝ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။ သူသည်နိုင်ငံရေးအားဖြင့် အာဏာရှင်ဆန်သော အစွန်းရောက်ဝါဒီတစ်ဦး ဖြစ်သည်။ ကမ္ဘာ့အာဏာရှင် ဟစ်တလာက မိန်းကင့်စာအုပ်တွင် ချီးကျူးပြောဆိုခြင်းခံရသူဖြစ်သည်။ ၁၉၃၈တွင် နာဇီအစိုးရက ဂျာမန်သိန်းငှက်ကြက်ခြေခတ်တံဆိပ် (Grand Cross of the German Eagle) ကို ချီးမြှင့်ခဲ့ သည်။

သူမွေးဖွားခဲ့သော အမေရိကန်နိုင်ငံတွင် ပြည်သူများက ဟင်နရီဖို့ကို သူရဲကောင်းပမာယူဆသည်။ သူ့ကိုသမ္မတ ပါရှင်တန်နှင့် လင်ကွန်းတို့ ကဲ့သို့ပင် တစ်တန်းစားတည်းထားခဲ့သည်။ ၁၉၂၄တွင် ဟင်နရီဖို့သည် သမ္မတရွေးကောက်ပွဲ ဝင်ဖို့အထိ စဉ်းစားသည်။ သို့သော် ဟင်နရီဖို့သည် ရွေးကောက်ပွဲသမ္မတ ဝင်ရန် တကယ်ဘဲစဉ်းစားသည်ဆိုလျှင် သူသည် နှစ်ပေါင်းတစ်ရာလောက် အလာစောနေသည်။ အကြောင်းမှာ ထိုအချိန်ကလူများ၏ထောက်ခံမှုထက် ပို၍ အရေးပါသော အရာတစ်ခုမှာ ပါတီခေါင်းဆောင်များ၏ ထောက်ခံမှုဖြစ်သည်။ ပါတီခေါင်းဆောင်ထောက်ခံချက်မပါ လျှင် ဘာမှ မဖြစ်နိုင်ပါ။ ပါတီ၏ခေါင်းဆောင်များသည် ဟင်နရီဖို့ကို တစ်ညီတစ်ညွတ်တည်း ကန့်ကွက်ကြသည်။ ထို့ကြောင့် သမ္မတလောင်းများထဲတွင် ဟင်နရီဖို့သည် ပဉ္စမနေရာသာ ရရှိခဲ့သည်။ Collier သတင်းစာခေါင်းကြီးပိုင်းတွင် ဟင်နရီဖို့ကျဆုံးမှုအကြောင်းကို အကျယ်တဝင့်ရေးသားထားသည်။ ဒီမိုကရက်ပါတီနှင့် ရီပတ်ဘလီကန်ပါတီ၏ ခေါင်းဆောင်များသည် သူတို့၏နယ်မြေများတွင် ဟင်နရီဖို့ကို ထောက်ခံသော ပြည်သူလူထုများစွာ ရှိသည်ကို သိကြသော်လည်း သူတို့သည် ယခုကျင့်သုံးနေသော စံနစ်အောက်တွင် ဟင်နရီဖို့သည် ရဖို့အလားအလာ မရှိမှန်းကို သူတို့သိကြသည်။

Collier သတင်းစာက ဟင်နရီဖို့ကို တွေ့ဆုံ၍မေးမြန်းသောအခါ သူက သူ၏သမ္မတလောင်းရွေးခံသည့်ကိစ္စတွင် အတားအဆီးဖြစ်နေသော အဓိကအရာမှာ ဂိတ်စောင့်ခြင်းလုပ်ငန်း ရှိနေခြင်းဖြစ်သည်ဟု သူကပြောကြားခဲ့သည်။ ဂိတ်စောင့်ခြင်း ရှိနေသရွေ့ သူသည် သမ္မတလောင်းဖြစ်ဖို့ အလားအလာမရှိကြောင်း ပြောကြားခဲ့လေသည်။

၁၉၈၆တွင် နိုင်ငံရေးပါတီများသည် နှစ်ပေါင်းတစ်ရာအတွင်းတွင် အကြီးကျယ်ဆုံးသောပြောင်းလဲမှုများကို ဆောင်ရွက်ကြသည်။ ဤပြောင်းလဲမှုများကြောင့် ဘယ်သူမှ မမျှော်လင့်သော အကျိုးဆက်များ ဖြစ်လာမည်ဖြစ်သည်။

အကျိုးဆက်တစ်ခုမှာ သမ္မတလောင်း ဟန်ဖရေ၏ ကိစ္စဖြစ်သည်။ ဟန်ဖရေသည် ယခင်စံနစ်ဟောင်းအရ ပါတီခေါင်းဆောင်များနှင့် စည်းရုံးရေးသမားများ၏ လုပ်ပိုင်ခွင့်အာဏာဖြင့် သမ္မတလောင်း ဖြစ်လာသူများထဲတွင် နောက်ဆုံး ဖြစ်သည်။ သမ္မတရွေးကောက်ပွဲတွင် ဟန်ဖရေ ရှုံးနိမ့်ပြီးသည့်နောက် ထိုစံနစ်အပေါ် ဘယ်သူမှ မယုံကြည်တော့ပါ။ ထိုစံနစ်ကိုပြည်လည်သုံးသပ်သော ကော်မရှင်၏အစီရင်ခံစာတွင် ဆိုထားသည်မှာ "ဒီမိုကရေစီ၏ဆိုးကျိုးတွေကို တားဆီးတဲ့နည်းဟာ ဒီမိုကရေစီ ပို ပေးဖို့သာဖြစ်ပါသည်။ အခုချိန်မှာ လူထုရဲ့ဆန္ဒကို ထည့်မစဉ်းစားလို့ မဖြစ်တော့ပါဘူး။ လူထုရဲ့အလိုဆန္ဒကို ထည့်မစဉ်းစားရင် လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို ဖိတ်ခေါ်သလိုဖြစ်ပါလိမ့်မယ်။"

အချုပ်ကိုဆိုရလျှင် ယခင်စံနစ်ဟောင်း (၁၉၆၈ မတိုင်မှီ)က ပါတီ၏စည်းရုံးရေးသမားများသည် ပြည်သူများထက် ပို၍ အာဏာရှိသည်။ သူတို့မပါလျှင် ဘာမှ မပြီးချေ။

နောက်ပိုင်းပြောင်းလိုက်သောစံနစ် (၁၉၆၈နောက်ပိုင်း) တွင် စည်းရုံးရေးသမားများနှင့် ပါတီခေါင်းဆောင်များ၏ အာဏာလျော့သွားသည်။ ၎င်းနှင့်အတူ ဂိတ်စောင့်ခြင်းသည်လည်း လျော့ကျ သွားသည်။ အချို့သောနိုင်ငံရေးသိပ္ပံပညာရှင်များသည် နောက်ပိုင်းပြောင်းလိုက်သော စံနစ်ကို သိပ်ဘဝင်မကျကြချေ။ ပို၍ ဒီမိုကရေစီဆန်သည် ဒီမိုကရေစီစံနစ်ကို ပို၍ အားပေးရာရောက်သည်ဟု ဆိုသော်လည်း ဤမျှလောက်များလွန်းသော ဒီမိုကရေစီသည် ပြည်သူလူထုနှင့် တန်ရဲ့လား၊ ဟု မေးခွန်းထုတ်စရာဖြစ်သည်။

သမ္မတရွေးသော အလုပ်အဆင့်ဆင့်သည် မဲပေးသူ ပြည်သူများလက်ထဲတွင်ရှိပါသောကြောင့် ပါတီများ၏ ဂိတ်စောင့်ခြင်းလုပ်ငန်းများကို အားလျော့စေသည်။ အပြင်လူများအတွက်လည်း အခွင့်အလမ်းများ ပို၍ တိုးလာသည်။

ဤကဲ့သို့ ပြောင်းလဲသွားနေစံနစ်ကြောင့် အစွန်းရောက်ဝါဒီများပေါ်လာနိုင်သည်။ ယင်းဝါဒီများကို ပါတီများကလည်း ထိန်းနိုင်သည့် အနေအထားမရှိချေ။ ထို့ကြောင့် ယင်းဝါဒီများသည် လူများကို မြှောက်ပေးသည့်လုပ်ငန်းများကို အတားအဆီးမရှိလုပ်နိုင်ကြမည်။ သူတို့သည် မတည်နိုင်သောဂတိများကို ပေးခြင်းအားဖြင့် ဘာမှအရှုံးမရှိချေ။ ဂတိမတည် သည့်အတွက်လည်း ဘယ်သူကမှ အရေးမယူနိုင်ပါ။
နောက်ပိုင်းပြောင်းသွားသောစံနစ်အောက်တွင် လူများစု၏ထောက်ခံချက်နှင့် ပါတီဝင်တော်တော်များများကို စည်းရုံးနိုင်အောင်လုပ်ရမည်။ ထိုကဲ့သို့လုပ်နိုင်ရင် လူအား၊ ငွေအား၊ မီဒီယာများ၏ဆောင်ရွက်ချက်၊ နယ်မြေများစွာ၏ ထောက်ခံချက်တို့ရရှိရန်တို့အပြင် မြို့တော်ဝန်များ၊ ဆီးနိတ်အမတ်များ၊ လွှတ်တော်အမတ်များ၏ ကူညီမှုတို့လည်း လိုအပ်သည်။  နောက်ဆုံးတွင် ပါတီတစ်ခုခု၏ အမည်တင်သွင်းမှုကိုလည်း ရရှိရမည်ဖြစ်သည်။ ထို့ကြောင့်ပါတီတစ်ခုခု၏အမည်တင်သွင်းမှုကို ရရှိရန်ပင် အဆင့်တော်တော်များများကို ဖြတ်ရမည်ဖြစ်၍ အတော်ပင် ခက်ခဲလေသည်။ ဤအခြေအနေသည် ၂၅နှစ်လောက် တည်မြဲနေသည်။

(ဆက်လက်ဖော်ပြပါမည်)
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>