Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ကာတွန်း ကိုတေရဲ့ စာကြည့်တိုက်ကို သွားကြမယ်

$
0
0

ကာတွန်း ကိုတေရဲ့ စာကြည့်တိုက်ကို သွားကြမယ်
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၈

ဇင်လင်း ● သတင်းစာလွတ်လပ်ခွင့်နှင့် အမျိုးသားညီညွတ်ရေးပြဿနာ

$
0
0
ဇင်လင်း ● သတင်းစာလွတ်လပ်ခွင့်နှင့် အမျိုးသားညီညွတ်ရေးပြဿနာ
(မိုးမခ) စက်တင်ဘာ ၁ဝ၊ ၂ဝ၁၈

ယနေ့ မြန်မာနိုင်ငံတွင် ရေပန်းအစားဆုံး စကားလုံးမှာ ‘ဒီမိုကရေစီ’ ဟု ဆိုနိုင်သည်။ အလွန်တရာ မွန်းကျပ် ပိတ်လှောင် မှောင်ကျနေသော အာဏာရှင်ခေတ်မှ အထိုက်အလျောက် လွတ်လပ်သော ခေတ်အခြေအနေသို့ အသွင်ကူးပြောင်းလို၍ ‘ဒီမိုကရေစီအသွင်ကူးပြောင်းရေး’ ဟုလည်း အထပ်အထပ်အဖန်ဖန် ပြောဆိုသုံးနှုန်းခဲ့ကြပြန်သည်။ ပြည်သူအများ၏ ခံစား ချက်အရ မွန်းကျပ်လှသည့် အဖိနှိပ်ခံဘဝမှ လွတ်မြောက်လိုခြင်းမှာ သဘာဝကျပါသည်။ ထို့ကြောင့်လည်း ဒီမိုကရေစီ၏ အနက်အဓိပ္ပာယ်ကို တစုံလုံး နားမလည်သော်လည်း အခြေခံလွတ်လပ်ခွင့် ရရှိလိုသောကြောင့် ဒီမိုကရေစီလိုချင်သည် ဟု အနှစ်ချုပ် ပြောဆိုသုံးစွဲခဲ့ကြခြင်း ဖြစ်သည်။ နိုင်ငံသားတို့၏ အခြေခံလွတ်လပ်ခွင့်များအနက် အရေးပါသည့်ကိစ္စမှာ လွတ်လပ်စွာပြောဆိုရေးသားဖေါ်ပြခွင့်နှင့် သတင်းစာလွတ်လပ်ခွင့်တို့ဖြစ်သည်။ ထိုအခွင့်အရေးသည် နိုင်ငံသားတိုင်းအား မပေး မဖြစ် ပေးရမည့် အခြေခံ လူ့အခွင့်အရေးလည်း ဖြစ်သည်။

သို့ဖြစ်၍ လွတ်လပ်သော သတင်းမီဒီယာများ မြန်မာနိုင်ငံတွင် အမှီအခိုကင်းစွာ ရပ်တည်နိုင်ရန် သတင်းမီဒီယာ လွတ်လပ် ခွင့်ကို ဥပဒေစိုးမိုးမှုအောက်တွင် ကာကွယ်မြင့်တင်ပေးရမည့်အလုပ်မှာ အစိုးရတိုင်း၏ တာဝန်ဖြစ်သည်။ ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ်များဖြစ်သော လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ သတင်းအချက်အလက် ရယူပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့် တို့သည် ပွင့်လင်းလွတ်လပ်သော လူမှုအဖွဲ့အစည်း တခု တည်ဆောက်ရာတွင် မရှိမဖြစ် လိုအပ်သည့်  ဒီမိုကရေစီ စံနှုန်းများဖြစ်သည်။ ထို ဒီမိုကရေစီ စံနှုန်းများကို ကာကွယ် ရမည့် တာဝန်မှာ ဒီမိုကရေစီ အစိုးရ၏ အရေးကြီးတာဝန် ဖြစ်ပေသည်။

ယခု ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၃ရက်နေ့တွင် ရိုက်တာ သတင်းထောက် ၂ ယောက်အား နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး တရားသူကြီးက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သောကြောင့် မြန်မာနိုင်ငံ သတင်း လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ကမ္ဘာတခွင်လုံး ဂယက်ရိုက်ခတ်သွားခဲ့သည်။ ၎င်းအမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ သတင်းမီဒီယာ များမှတဆင့် အများပြည်သူ သိရှိနားလည်ထားသည်မှာ “ထောင်ချောက်ဆင်” ဖမ်းဆီးခံရသော အမှုဟု ထင်ရှားနေသည်။ ရဲတပ်ဖွဲ့၏ တရားစွဲဆိုမှုကို တရားရုံးက ခပ်လွယ်လွယ် အတည်ပြု ပေးလိုက်ခြင်းကို ထောက်ရှုပါက တရားရေးမဏ္ဍိုင် လွတ်လပ်မှု မရှိ သည်ကို မြင်နေရသည်။ ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်ခြင်းအားဖြင့် တရားရုံးသည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂ဝ၁၄ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သတင်းမီဒီယာ ဥပဒေများကို မျက် ကွယ်ပြုရာရောက်ကြောင်း “မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ” က ထုတ်ပြန်ကြေညာလိုက်သည်ကို တွေ့ရသည်။ ၁၉၂၃ ခုနှစ် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ဆိုသည်မှာ ဗြိတိသျှကိုလိုနီနယ်ချဲ့ခေတ်က ပြဋ္ဌာန်းခဲ့သော ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေ ဖြစ်သည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးခေတ်တွင် ကိုလိုနီခေတ် ဥပဒေကို ဖုံခါထုတ်ယူ ကျင့်သုံးခဲ့ခြင်းကြောင့် မြန်မာ့တရားစီရင်ရေးနယ်ပယ်၏ သမိုင်းကို ညစ်ထေးစေခဲ့ကြောင်း တာဝန်ရှိသူတို့ သတိပြုသင့်သည်။

ရိုက်တာ သတင်းထောက်ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့အား  ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ခြင်းအပေါ် ‘မြန်မာသတင်း မီဒီယာကောင်စီ’ အပါအဝင် သတင်းဌာနများ၊ သတင်းထောက်အသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်စောင့်ကြည့်အဖွဲ့များက အသီးသီး ကြေညာချက်များထုတ်ပြန် ကန့်ကွက်ခဲ့ကြသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၁-၂၂ ရက်များတွင် (၁၁) ကြိမ် မြောက် အာရှ-ဥရောပ သတင်းစာဆရာများ နှီးနှော ဖလှယ်ပွဲကို နေပြည်တော်၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ သတင်းစာလောကအတွက် ထူးခြားသော အတွေ့အကြုံသစ်ဖြစ် သည်။ ယင်း နှီးနှောဖလှယ်ပွဲတွင် အာရှ-ဥရောပ ဖောင်ဒေး ရှင်း ( Asia-Europe Foundation – ASEF) မှ တာဝန်ရှိသူများ၊ အဖွဲ့ဝင်နိုင်ငံများမှ သတင်းမီဒီယာကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမှ သတင်းမီဒီယာကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ နှီးနှော ဖလှယ်ပွဲတွင် ‘စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဖေါ်ဆောင်ရာတွင် သတင်းစာပညာက အပြုသဘောဆောင် ကူညီပံ့ပိုးနိုင်မည်လား’-ဆိုသည့် အကြောင်းအရာကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ထိုသို့  ဆွေးနွေးရာ၌ ‘စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး’ (Sustainable Development) ဖေါ်ဆောင်ရာတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍကို ချန်လှပ်ထားရန် မဖြစ်နိုင်ကြောင်း ဆွေးနွေးခဲ့ကြသည်။ တနည်းအားဖြင့် မဏ္ဍိုင်ကြီး ၄ ရပ်အနက် သတင်း မီဒီယာ စတုတ္ထမဏ္ဍိုင်ကို ကန့်သတ်ချုပ်ချယ်မထားဘဲ အခြားမဏ္ဍိုင်များနှင့် တန်းတူအခွင့်အရေးပေးရန် ဖြစ်သည်။ သို့ဖြစ်၍  အစိုးရများသည် သတင်းစာလွတ်လပ်ခွင့်ကို အာမခံရမည့် တာဝန်ရှိသည်။ အကြောင်းမှာ ‘လွတ်လပ်စွာ ဖွင့်ဟထုတ်ဖေါ် ပြောဆိုခွင့်’ (freedom of expression) နှင့် သတင်းစာလွတ်လပ်ခွင့် (Freedom of the Press) မရှိပါက သတင်းအချက် အလက်များ ရသော်ငြားလည်း ပါဝင်ပြောဆို ဆွေးနွေးမည့် နိုင်ငံသားများ ပေါ်ထွက်လာရန် မဖြစ်နိုင်ပေ။

သတင်းထောက်များအဖို့လည်း ဘေးအန္တရာယ် ကင်းရှင်းလုံခြုံသည့် ပတ်ဝန်းကျင်မျိုးရရှိရန် အစိုးရများက ကူညီမှသာ နိုင်ငံသားများအနေဖြင့် ယုံကြည်အားထားလောက်သော သတင်းအချက်အလက်များကို လွယ်ကူလျှင်မြန်စွာ ရရှိနိုင်မည် ဖြစ်ပေသည်။ ‘လွတ်လပ်စွာ ဖွင့်ဟထုတ်ဖေါ်ပြောဆိုခွင့်’ နှင့် ‘သတင်းစာလွတ်လပ်ခွင့်’ ရှိမှသာ အကျိုးဆက်အဖြစ် (လွတ် လပ်မျှတ သော စီမံအုပ်ချုပ်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျား/မ-တန်းတူရေးနှင့် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး၊  တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာယဉ်ကျေးမှု အစရှိသော) ရည်ရွယ်ချက် အများအပြားကို အကောင်အထည်ဖေါ်ရန် ဖြစ်နိုင်ပေသည်။

လက်ရှိ အမျိုးသားဒီမိုကရေစီ အစိုးရအဖွဲ့သည် မြန်မာနိုင်ငံ “ဒီမိုကရေစီအသွင်ကူးပြောင်းရေး” ကို အာမခံခဲ့သောကြောင့် ပြည်သူလူထုက တခဲနက် မဲပေးရွေးချယ်ခဲ့ကြသည်။ ဒီမိုကရေစီအသွင်ပြောင်းရာတွင် အရေးပါသည့် ကိစ္စတရပ်မှာ လွတ်လပ်စွာပြောဆိုရေးသားဖေါ်ပြနိုင်ခွင့် နှင့် သတင်းစာလွတ်လပ်ခွင့်တို့သည်  မပေးမဖြစ် ပေးရမည့် နိုင်ငံသားများ၏ ရပိုင်ခွင့် ဖြစ်သည်။ သို့ရာတွင် ယခုအခါ NLD အရပ်သားအစိုးရလက်ထက်တွင် သတင်းသမားများအား ဖမ်းဆီးချုပ်နှောင် တရားစွဲဆို နှိပ်ကွပ်မှုများ သိသိသာသာ ဖြစ်ပွားလာခြင်းကြောင့် ပြည်သူလူထု၏ သတင်းသိရှိပိုင်ခွင့်နှင့် သတင်းများ လွတ်လပ်စွာ စီးဆင်းမှုကို ပိတ်ပင်တားဆီးနေပြီလားဟု မေးခွန်းများပေါ်ထွက်နေသည်။ သတင်းသမားများအနေဖြင့် ပြည်သူအား သတင်းအမှန်သိရှိစေရန် သတင်းများ ထောက်လှမ်းရှာဖွေတင်ပြလျှက်ရှိရာ၊ သတင်းထောက်အလုပ်ကို သတင်းသမားတို့ တာဝန်ယူမှု တာဝန်ခံမှုဖြင့် လှုပ်ရှားဆောင်ရွက်နေကြခြင်းဖြစ်သည်။ လူထုသိသင့်သိထိုက်သော သတင်းများကို တင်ပြသည့် အတွက် သတင်းသမားများနှင့် အစိုးရ အာဏာပိုင်တို့အကြား တင်းမာမှုများ မဖြစ်သင့်ပေ။

ပြန်ကြားရေးဝန်ကြီးဌာန၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု မရှိသဖြင့် ယခုအခါ သတင်းသမားများအပေါ် ဝန်ကြီးဌာန အချို့က တရားစွဲဆိုအရေးယူမှုများ ပေါ်ပေါက်ခဲ့ရသည်ဟု သုံးဝပ်ဝေဖန်မှုများရှိနေသည်။ ယခုကဲ့သို့ မဖြစ်သင့်သည်များ ဖြစ်ပွားရခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်ကြောင့်ဟုလည်း သုံးသပ်ကြသည်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ယခင် စစ်အစိုးရခေတ်က ရေးဆွဲခဲ့ခြင်းဖြစ်၍ အရေးကြီးသည့် ဝန်ကြီးဌာနသုံးခုကို ကာကွယ်ရေးဦးစီးချုပ်က စီမံကွပ်ကဲခွင့် ပေးထားသည်။ လူထုက ရွေးကောက်တင်မြှောက်လိုက်သော အရပ်သားအစိုးရက ယင်းဝန်ကြီးဌာနများ၏ အရေးအရာကိစ္စရပ်များအား ပါဝင်ဆောင်ရွက်ခွင့်မရှိပေ။

၂ဝ၁၈ ခုနှစ် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာ က ယခင်ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ယခု ရခိုင်ကိစ္စ အကြံပေး ကော်မတီဥက္ကဋ္ဌ ဆူရာကီယတ် ဆတ်သီရာထိုင်းအားတွေ့ဆုံမေးမြန်ခဲ့ရာတွင် ၎င်းက - “ဒေါ်အောင်ဆန်းစုကြည်က ရိုးသားဖြောင့်မတ်ပါတယ်၊ ဆုံးဖြတ်ချက် ချရာမှာလည်း တိကျ ပြတ်သားတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်နေရတာမျိုးတွေ ရှိနေတယ်။ အကြောင်းကတော့ စစ်ဖက်ရေးရာကိစ္စတွေမှာ သူ သြဇာမရှိပါဘူး။ စစ်ရေးပဋိပက္ခတွေ၊ တိုက်ပွဲတွေဖြစ်လာရင် သူ့မှာ အာဏာ မရှိဘူး။ အမိန့် တစုံတရာ ပေးခွင့် မရှိဘူး။ သူ့ အစိုးရကက်ဘိနက်မှာ ပါတဲ့ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးတွေကို တပ်မတော်က ခန့်ထားတာပါ။” ဟု ပြောခဲ့ဖူးသည်။

ထို့ကြောင့် ယနေ့သတင်းစာလွပ်လပ်ခွင့်နှင့် တရားဥပဒေစိုးမိုးမှုအပါအဝင် မြန်မာနိုင်ငံပြည်တွင်းရေးကိစ္စအဝဝနှင့် သက် ဆိုင်သော အမှုအခင်းများသည် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ပိုင်ခွင့်ဘောင်အတွင်း၌ ရှိမနေသည်ကို နိုင်ငံတကာ က လည်း သိရှိနေပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိပါးခြင်းသည် နိုင်ငံ၏ပုံရိပ်ကို ထိခိုက် စေ၍ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံဂုဏ်ငယ်စရာဖြစ်ရကြောင်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ သတိပြုသင့်သည်။

ယခုကဲ့သို့ သတင်းသမားများ/သတင်းမီဒီယာအဖွဲ့အစည်းများနှင့် အစိုးရ/တပ်မတော်အာဏာပိုင်တို့အကြား တင်းမာမှု အခြေအနေများဖြစ်လာခြင်းသည် မြန်မာသတင်းမီဒီယာလွတ်လပ်ခွင့် ဆုတ်ယုတ်မှုကို ပြသနေခြင်းဖြစ်သည်။ ပွင့်လင်း မြင်သာမှုမရှိ တာဝန်ခံမှုမရှိဘဲ သတင်းသမားများကို ဖမ်းဆီးချုပ်နှောင်ခြင်းသည် အရပ်သားအစိုးရ၏ မူဝါဒဖြစ်သော ‘အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး’ ကို  အယုံအကြည်ကင်းမဲ့စေသည်။ အစိုးရမူဝါဒအတိုင်း ဆောင်ရွက် မည်ဆိုပါက သတင်းလွတ်လပ်ခွင့် ပေးရမည် ဖြစ်သည်။ သတင်းမှန်ခြင်း မှားခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ သတင်း ဌာနအယ်ဒီတာများက တာဝန်ခံကြမည် ဖြစ်၍ အစိုးရိမ်မကြီးသင့်ပေ။

ရိုက်တာ သတင်းထောက် ၂ ယောက်ကို မြန်မာအစိုးရက နိုင်ငံတော် လျှို့ဝှက် ချက် ဥပဒေအရ ဖမ်းဆီးတရားစွဲဆို ထောင် ချခဲ့ခြင်းနှင့် ပတ်သက်၍ အစိုးရ ပြန်ကြားရေး ဒုဝန်ကြီး ဖြစ်သူ ဦးအောင်လှထွန်း က ပုဂ္ဂိုလ်ရေးအရ စိတ်မကောင်းပါဟု ဆိုသည်။ သတင်းသမားများကိစ္စနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာနက တရားစီရင်ရေးကဏ္ဍတွင် ဝင်ရောက်စွက်ဖက် ၍ မရကြောင်း၊ သတင်းသမားများအနေဖြင့် သတင်းလွတ်လပ်ခွင့်ကို အဟန့်အတားပြုနေသည့် ဥပဒေများကို သိထားရန် လိုအပ်သည်ဟု ဒုတိယဝန်ကြီးကပြောကြောင်း မြန်မာတိုင်းမ်း၌ ဖေါ်ပြသည်။

မည်သို့ဆိုစေ ရိုက်တာသတင်းထောက် နှစ်ဦးအား နိုင်ငံတော်လျှို့ဝှက် ချက်အက်ဥပဒေဖြင့် စက်တင်ဘာ ၃ ရက်က ထောင် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်ထားခြင်းအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများက ချက်ချင်းပြန်လွှတ်ပေးရန် ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပေသည်။ သတင်းထောက် ၂ ဦးသည် ထောင်ချောက် ဆင် ဖမ်းဆီးခံရခြင်းဖြစ်သဖြင့် အပြစ်မရှိဘဲ တဖက်သတ် စီရင်ချက်ချခံရခြင်း ဖြစ်သောကြောင့် တရားမျှတမှု လုံးဝ မရှိ ကြောင်း သတင်းထောက် ကိုဝလုံးက ပြောကြားခဲ့သည်။ သတင်းထောက် ၂ ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်သည့် အကျိုးဆက်အဖြစ် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာက ဖိအားများ ပိုမို မြင့်မားလာမည်ဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များ က သုံးသပ်ကြသည်။

ယနေ့ မြန်နိုင်ငံ၏ သတင်းလွတ်လပ်ခွင့်ကို ပြန်လည်သုံးသပ်လျှင် စစ်အစိုးရခေတ်ကထက် အတော်အသင့် လွတ်လပ်လာသည်ဟု ဆိုနိုင်သော်လည်း သတင်းရယူရာတွင်၊ သတင်းများထုတ်လုပ် ဖြန့်ဖြူးရာတွင် အကန့်အသတ်များ၊ ခွဲခြား ဆက်ဆံမှုများ ရှိနေဆဲ ဖြစ်သည်။ ၎င်းအပြင် ပဋိပက္ခဖြစ်ပွားနေသောနေရာဒေသများတွင် သတင်းများရယူရာ၌ သတင်း ထောက်များ၏ လုံခြုံရေး အခြေအနေမှာ စိုးရိမ်နေရဆဲဖြစ်သည်။ အထူးသဖြင့် ရှေ့တန်းစစ်မျက်နှာသဖွယ် ဖြစ်နေသော တိုင်းရင်းသား ဒေသများတွင် သတင်းထောက်များအဖို့ လုံခြုံရေးအာမခံချက် လုံးဝမရှိချေ။ ၎င်းပြင် တိုင်းရင်းသား သတင်း ထောက်များ အနေဖြင့် သက်ဆိုင်ရာ ပြည်နယ် အစိုးရနှင့် ဌာနဆိုင်ရာများမှ သတင်းရယူရာတွင်လည်း ခွဲခြား ဆက်ဆံခံရမှု ရှိနေသည်။ နိုင်ငံသားတဦး၏ အခြေခံ ရပိုင်ခွင့်များပင် ဆုံးရှုံးလျက် ရှိနေသည်ဟု ဆိုသည်။ ပြည်နယ် လွှတ်တော်များနှင့် ပြည်နယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာများတွင် သတင်းယူရန် ကြိုးစားသော တိုင်းရင်းသားသတင်းထောက်များအား အကြောင်း အမျိုးမျိုးပြကာ ကန့်သတ်နေဆဲရှိသည်ဟု တိုင်းရင်းသားသတင်းဌာနများက ဆိုသည်။ သတင်းမီဒီယာ လွတ်လပ်ခွင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီဒီယာပိုင်ဆိုင်ခွင့် (Media Ownership) မျှတမှုရှိရန်လည်း ပြန်လည်သုံးသပ်သင့်သည်။ အထူးသဖြင့် လွတ်လပ်သောတိုင်းရင်းသားမီဒီယာများအား ခေတ်နှင့်အညီ ရေဒီယို-ရုပ်သံသတင်းများ ထုတ်လုပ်နိုင်စေရန် အစိုးရက မဖြစ်မနေ ကူညီသင့်သည်။

သတင်းလွတ်လပ်ခွင့်ကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေးနှင့်လည်း တဆက်တစပ်တည်း ဖြစ်နေသောကြောင့် သတင်းရယူပိုင်ခွင့် (Access to Information) နှင့် သတင်းအချက်အလက်များ သိရှိပိုင် ခွင့် (Right to Information) တို့ လက်တွေ့ ပေါ်ထွန်းလာရေး အတွက် သတင်းသမားအဖွဲ့အစည်းများအနေဖြင့် ဆက်လက် ကြိုးပမ်းကြရဦးမည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာနှင့် အဝှမ်း တွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် အင်တာနက်မှတဆင့် သတင်းထုတ်လုပ်မှု (Digital News Production) နည်းပညာကို မြန်မာမီဒီယာများအား အစိုးရက ဖြန့်ဝေပေးသင့်သည်။ လက်ရှိ အစိုးရ၏ ပဓါန ရည်မှန်းချက် ဖြစ်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အောင်မြင်ရေးအတွက် တပြည်လုံးတွင် သတင်းစာလွတ်လပ်ခွင့် နှင့် လွတ်လပ်စွာ ဖေါ်ထုတ်ပြောဆိုပိုင်ခွင့်ကို အစိုးရက လုံးဝ တာဝန်ခံမှသာ သတင်းစီဆင်းဖြန့်ဝေမှု ချောမွေ့၍  အမျိုးသား ညီညွတ်ရေးအတွက်လည်း အလားအလာကောင်းပေလိမ့်မည်။


စက်တင်ဘာလ ၁ဝ ရက်၊ ၂ဝ၁၈၊ တနင်္လာနေ့ထုတ် ဒီလှိုင်းဂျာနယ်တွင် ဖေါ်ပြခဲ့သည့်ဆောင်းပါး။

လွန်းဆက်နိုးမြတ် - နှုတ်ခမ်းမွှေးစက်ရုံ

$
0
0
နှုတ်ခမ်းမွှေးစက်ရုံ
လွန်းဆက်နိုးမြတ် 
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈

အဲဒီက ထွက်လာတဲ့ လူမှန်သမျှ 
နှုတ်ခမ်းမွှေးကိုယ်စီနဲ့။ 
အမျိုးသမီးတွေတောင်မှ။

ရူးသွပ်မှုတမျိုးပေါ့လေ 
ဝင်းဦးနောက်တယောက်လည်း 
ဖြစ်သွားနိုင်သလို
ပပဝင်းခင် နောက်တယောက်လည်း 
ဖြစ်လာနိုင်တာပဲ။
ဒါမှမဟုတ်
ကလက်ခ်ဂါဘယ်နောက်တယောက်လည်း 
ဖြစ်ချင်ရင် ဖြစ်သွားနိုင်သလို
ဇူအီဒက်စ်ကန်နယ်လ် နောက်တယောက်လည်း 
ဖြစ်ခွင့်ရှိရဲ့။

နားလည်ဖို့တော့ ခက်သား။

နေ့မှာ ဝတ်ကောင်းစားလှတွေဝတ်ဆင်
အဲဒီ့ကို လူတွေ သွားကြ
ပျော်ရွှင်ဟားတိုက်ရယ်မောပြီး 
နှုတ်ခမ်းမွှေးအသစ်နဲ့
ပြန်ထွက်လာကြ။ 

ညဆို အလောင်းကောင်လို အဝတ်အစားနဲ့
အဲဒီ့ထဲ လူတွေ ဝင်ကြ
ငြီးတွားငိုကြွေးအော်ဟစ်ပြီး 
နှုတ်ခမ်းမွှေးဖရိုဖရဲ
ပြေးထွက်လာကြ။

ဘယ်တတ်နိုင်ပါ့မလဲ။
သင့်ကိုယ်တိုင်လည်း
နှုတ်ခမ်းမွှေးနဲ့ လူတယောက်ပေါ့။

ချာလီချာပလင်ရဲ့
ပြောင်စပ်စပ်နှုတ်ခမ်းမွှေးပါတီက ထုတ်လုပ်လိုက်တဲ့ ဟာသတွေ သုံးစွဲပြီး
အဒေါ့ဖ်ဟစ်တလာရဲ့ 
အေးစက်စက်နှုတ်ခမ်းမွှေးပါတီက ညှင်းပန်းမှုတွေကျ 
မေ့လျော့နေလေတဲ့ 
နိုင်ငံငယ်တခုကပေါ့။ 

9.9.18 
10:03 pm

မောင်လူပေ - အဟောင်းနဲ့အသစ် မြန်မာကျောင်းသစ်ဆီသို့

$
0
0





မောင်လူပေ - အဟောင်းနဲ့အသစ် မြန်မာကျောင်းသစ်ဆီသို့
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရောက် မြန်မာမိသားစုတွေတည်ထောင်တဲ့ ဘုန်းကြီးကျောင်းများထဲမှာ စာရင်းသစ်တိုးတဲ့ကျောင်းက "မြောက်ဦးဆရာတော်ကြီး"တည်ထောင်တော်မူတဲ့ ဖရက်စနိုမြို့( Fresno, CA ) ကျောင်းပါ။ လွန်ခဲ့တဲ့လကကျင်းပတဲ့ ကျောင်းသစ်ဖွင့်ပွဲကို မရောက်ဖြစ်ပေမဲ့ ယခုလ စက်တင်ဘာ(၉)ရက်နေ့မှာ ကျင်းပတဲ့ 'ဆရာတော်မွေးနေ့နဲ့ ဓမ္မစင်တာဖွင့်ပွဲ'ကိုတော့ ရောက်ခဲ့တယ်။

ဖရက်စနိုမြို့ဟာ မြန်မာအများအပြားနေထိုင်တဲ့ ဆန်ဖရန်နဲ့ အယ်လ်အေမြို့တွေရဲ့အလည်တည့်တည့်လောက်မှာရှိတယ်။ နှစ်မြို့လုံးနေ မြန်မာတွေအတွက် သုံးနာရီလောက်ကားမောင်းရင် ရောက်တဲ့ခရီးမို့ မြို့နှစ်မြို့က မြန်မာတွေအများအပြားဆင်းလာကြတာ တွေ့ရတယ်။

ဖရက်စနိုမြို့အနေအထားကတော့ ကယ်လီဖိုးနီးယားအလယ်ပိုင်းမြို့ပီပီ အလွန်ပူတဲ့ရာသီဥတုရှိတယ်။ စိုက်ပျိုးရေးပဲအဓိကလုပ်ကြတဲ့နယ်မြေမို့ မြန်မာမိသားစုနည်းတယ်။ မြန်မာမိသားစုလေးဆယ်ဝန်းကျင်ပဲရှိကြတယ်လို့ သိရတယ်။ ဒါပေမဲ့ ဒီမိသားစုတွေက ဆရာဝန်တွေအပါအဝင် ဝင်ငွေကောင်းတဲ့ ကျွမ်းကျင်လုပ်သားတွေပါ။ သူတို့တွေစုပေါင်းတည်ထောင်တဲ့ကျောင်းပေါ့။ ကျောင်းရဲ့ ရာဇဝင်ကလည်း စိတ်ဝင်စားစရာ။

ဖရက်စနိုမြို့လည်က တရုတ်တန်း ( China Town ) မှာ လွန်ခဲ့တဲ့နှစ်တစ်ရာနီးပါး( ၉၉နှစ်) ခန့်အချိန်မှာ ဒီကျောင်းကို ဆောက်ခဲ့ကြတယ်။ ကျောင်းက သုံးထပ်ကျောင်းကြီး။ လက်ရာက တရုတ်ဘုံကျောင်းကြီးနဲ့တူပေမဲ့ဂျပန်လက်ရာပါ။ ဖရက်စနိုမြို့က စပျစ်ခင်းတွေမှာ စပျစ်ဆွတ်ဖို့ရောက်လာကြတဲ့ အမေရိကန်ရောက် ဂျပန်အလုပ်သမားတွေစုပေါင်းပြီး ဂျပန်ဗုဒ္ဓဘာသာ( ရှင်တိုဘုရားကျောင်း ) သစ်သားကျောင်းလေး စတင်တည်ထောင်ကြပါသတဲ့။ ၁၉၁၉မှာ အဲဒီကျောင်းလေးမီးလောင်ပျက်စီးခဲ့တယ်။

အဲဒီအချိန်က တစ်ရက်လုပ်ခ တစ်ဒေါ်လာပဲရကြတဲ့ အဲဒီဂျပန်အလုပ်သမားတွေက ရသမျှ လခတွေစုဆောင်းကြပြီး အခုမြင်တွေ့ရတဲ့ သုံးထပ်ကျောင်းကြီးတည်ဆောက်ခဲ့ကြပြန်တယ်။ ဂျပန်တွေရဲ့စည်းလုံးမှုနဲ့ အနစ်နာခံမှုကတော့ အံ့မခန်း။

ဂျပန်ပိသုကာလက်ရာ (6400 sq ft) ရှိ သုံးထပ်ကျောင်းကြီးအပြင် ကျောင်းအနောက်မှာလည်း (12,000 sq ft) ရှိတဲ့ တိုးချဲ့ခန်းမကြီးပါတယ်။ အထွေထွေသုံး ဒီခန်းမကြီးမှာ ဧည့်ခံခန်းမ၊ ဖျော်ဖြေရေးစင်မြင့်ကြီးနဲ့ အသံ၊ မီး၊ အစုံအလင်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းကြီးကို ဆက်ခံခဲ့တဲ့ ဒုတိယမျိုးဆက်ဂျပန်တွေက မြို့ရဲ့ မြောက်ဖက်ကို ပြောင်းရွှေ့သွားကြတဲ့အခါ စွန့်ပစ်ခံအဆောက်အဦကြီးဖြစ်ခဲ့ရပြီး ပြုပြင်မွန်းမံမှုမရှိခဲ့တော့ အိုမင်းဟောင်းနွမ်းလို့ပေါ့။ ပတ်ဝန်းကျင်ကလည်း အိမ်ခြေမဲ့တွေ ကြီးစိုးနေကြတယ်။

ဒီအဆောက်အဦကြီးက ဖရက်စနိုမြို့ရဲ့သမိုင်းဝင်အဆောက်အဦတစ်ခုဖြစ်တဲ့အပြင် ရောင်းချဖို့ကိုကန့်ကွက်မှုတွေရှိနေခဲ့တာကြောင့် ၂၀၁၁ထဲက ရောင်းဖို့ပြင်ဆင်ကြတာ အခု ၂၀၁၈ခုနှစ် သြဂတ်လကမှ ဒေါ်လာ(၇)သိန်းခွဲနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြတယ်။ မြို့ခံဂျပန်လူဟောင်းတချို့အတွက် ဒီကျောင်းတော်ကြီးက အမှတ်ရစရာ အပြည့်။ သူတို့မိဘတွေ ဒီကျောင်းမှာလက်ထပ်ခဲ့တယ်။ မိဘတွေရဲ့ နောက်ဆုံးသင်္ဂြိုလ်ပွဲကိုလည်း ဒီကျောင်းမှာပဲ လုပ်ခဲ့ကြတယ်။ သူတို့မိဘတွေရဲ့ ချွေးတွေအပြည့်နဲ့တည်ဆောက်ခဲ့တဲ့ ဂျပန်လက်ရာကျောင်းကြီးမို့ မရောင်းလိုကြဘူး။ ဒါပေမဲ့ ယိုယွင်းနေတဲ့ကျောင်းကြီးအတွက် ပြင်ဆင်စားရိတ်မတတ်နိုင်ကြတဲ့အဆုံးမို့ ရောင်းချခွင့်ပြုလိုက်ရပုံပဲ။ မရောင်းခင်ကာလတိုမှာတော့ မြန်မာတွေကလည်း ကျောင်းနေရာမရှိချိန်မို့ မြန်မာတွေရဲ့ ယာယီကျောင်း ဖြစ်ခဲ့တယ်လို့သိရတယ်။ (ဂျပန်ဆီကကျောင်းငှားတဲ့သဘောပေါ့။ ခုမှ မြန်မာက အပိုင်ဝယ်ဖြစ်လိုက်တာပါ။)

မြန်မာကျောင်းတဖြစ်လဲ ဘုန်းကြီးကျောင်းကြီးကတော့ ခန့်ထည်စွာရှိခဲ့ပြီ။ သို့သော် မြန်မာ့မူ မြန်မာ့ဟန်ပုံစံတော့မဟုတ်။ တရုတ်ဘုံကျောင်းကြီးလိုဟန်ပန်အပြည့်နဲ့။ မြန်မာမှုအနုလက်ရာတွေ ပြန်လည်ပြုပြင်ဖို့လည်းမဖြစ်နိုင်။ ကျောင်းကြီးရဲ့အမိုးကစပြီး လှေကားကြီးအဆုံး ဂျပန်ပုံစံဟန်နဲ့အခြေခံထားတည်ဆောက်ထားကြတာ။ ဘယ်လိုပြင်ဆောက်ဆောက် မြန်မာဟန်တော့ ထွက်လာမယ်မဟုတ်။ ကပြားပုံစံပဲ ထွက်လာမှာ။ ပြီးတော့ ရှေးဟောင်းအဆောက်အဦစာရင်းဝင်ပြီမို့ ပြင်ပပုံစံပြောင်းခွင့်လုံးဝ(လုံးဝ)မရှိတော့ပါ။ ဂျပန်အနုသူခုမလက်ရာပုံစံနှင့်သာ ရပ်တည်ရတော့မယ်။

ပွဲအကြောင်းပြန်ဆက်ရလျှင်တော့ မြောက်ဦးဆရာတော်ကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေကြောင့် အနယ်နယ်အရပ်ရပ်က ဆင်းလာကြတဲ့မြန်မာတွေနဲ့ပြည့်လျှံသွားတဲ့ဆရာတော်မွေးနေ့ပါပဲ။ စားစရာလည်း အလျှံပါယ်။ အရင်လကျောင်းဖွင့်ပွဲက ဒိထက်လူပိုများသတဲ့။ အပူချိန်က (105F) မို့ လူတွေလည်း ပူလောင်ပြီး ပင်ပန်းကြသတဲ့။ ဒီနေ့တောင်(95F) အပူချိန်ရှိတယ်။ အတော်ပူတဲ့အညာနွေလိုအပူမျိုးမို့ အရိပ်အောက်က မထွက်ရဲ။

ကျောင်းရှေ့မှာ လေမှုတ်ဘူဘောင်းတွေနဲ့ သက်တန့်ကြီးလိုအလှဆင်ထားတယ်။ 59ဆိုတဲ့ဂဏန်းကြီးကပြူးပြဲလို့။ ကျောင်းရှေ့လှေခါးကြီးပေါ်မှ သကြားမင်းတွေနတ်မင်းတွေ နတ်သမီးတွေကရှေ့ထွက်။ ရခိုင်ရိုးရာအကနဲ့တီးဝိုင်းကနောက်။ သိမ်ထွက်လာတဲ့ဆရာတော်တွေအပါးသုံးဆယ်ကို သိမ်ဆင်းလောင်းကြတယ်။ သိမ်ဆင်းကိုတေးဂီတနဲ့လောင်းတာ ဒီတစ်ခါပဲကြုံဖူးပါတယ်။ ဆိုင်းနဲ့ဝိုင်းနဲ့ သိမ်ထွက်လာတဲ့ဆရာတော်တွေမှာလည်း ဒကာတွေရဲ့ ပူဇော်လိုမှုလွန်ကဲနေချက်ကို တားမရလို့သာ ခွင့်ပြုရပေမဲ့ စိတ်အိုက်နေကြပုံပဲ။ အလွန်အေးချမ်းလှတဲ့ ဗုဒ္ဓဓမ္မရဲ့အနှစ်သာရကို အကာတွေဖုံးပြီးရင်းဖုံးနေတာ သတိထားမိတယ်။ မွေးနေ့ရှင် ဆရာတော်ကိုလည်း မွေးနေ့ကိတ်တွေ ခွဲခိုင်းကြတယ်။ ကမ္မဌာနနည်းပြ ဆရာတော်အတွက် စိတ်မသက်သာစရာ။ (ဒီစာဖတ်မိတဲ့ ဆရာတော်ရဲ့ဒကာတွေကတော့ မောင်လူပေကို မေတ္တာတွေပို့နေကြပြီထင်တယ်။ ) မွေးနေ့ရှင်ဆရာတော်ကတော့ ဒါန၊သီလ၊ဘာဝနာစုံအောင် ကြိုးစားအားထုတ်ဖို့ပဲ ဟောပြောသွားပါတယ်။

ပွဲတော်လာတွေထဲမှာ မူလဂျပန်ကျောင်းရဲ့ အမာခံပရိတ်သတ် ဂျပန်အဖိုးအဖွားအိုလေးငါးယောက်လည်းပါတယ်။ သူတို့တွေရဲ့ရင်ထဲမှာတော့ မည်သို့ရှိမည်မသိပါ။ ကျောင်းဘေးက မူလရှိခဲ့တဲ့ ဂျပန်ရိုးရာ ငြိမ်းချမ်းရေးခေါင်းလောင်းကြီးလည်း မရှိတော့ပြီ။ သူတို့ကျောင်းကြီးလည်း သူများလက်ရောက်သွားခဲ့ပြီ။ အရာအားလုံးဟာ အနိစ္စ၊ မမြဲပါတကား။

"တို့ရွှေမြန်မာတွေလက်ထဲရောက်လာတဲ့ ဒီကျောင်းကြီးရော မည်မျှသက်တန်းအထိ တည်တံ့နိုင်မည်မသိနိုင်။ ယခုတို့တတွေသည်လည်း ဒီကျောင်းကြီးရဲ့မူလပိုင်ရှင် ဂျပန်တွေလို အမေရိကန်ရောက် ပထမမျိုးဆက်တွေပဲ။ တို့လည်း သူတို့နည်းတူပဲ ရိုးရာကိုချစ်ကြတယ်၊ ဘာသာကိုလေးစားကြတယ်။ ရှိတာလေးနဲ့ရောင့်ရဲပြီး စုဆောင်းလှူဒါန်းကြတယ်။ ကျောင်းထောင်ကြတယ်။

ဂျပန်အမေရိကန်တွေရဲ့ ဒုတိယမျိုးဆက်၊တတိယမျိုးဆက်တွေကတော့ ဂျပန်မျိုးဆက်အမည်သာရှိတော့တယ်၊ ရိုးရာတွေ ဘာသာတွေ သိပ်မလေးစားတော့။ တန်ဖိုးထားမှုနည်းလာတော့ တန်ဖိုးထားသူတွေလက်ကို လွှဲပြောင်းလိုက်ရပြီ။ တို့တွေရဲ့ ဒုတိယ၊ တတိယမျိုးဆက်တွေကြရင် အခုဂျပန်အိုကြီးတွေကြုံတွေ့ရသလို မြန်မာအိုကြီးတွေလည်း ကြုံတွေ့နိုင်တယ်။ မြန်မာအမေရိကန်ပထမမျိုးဆက်တွေက ဒုတိယမျိုးဆက်ကို လက်ဆင့်ကမ်းနိုင်မှု အားနည်းလှတယ်။ အခုတောင် ပွဲကိုလာတဲ့ပရိတ်သတ်မှာ ကလေး၊ လူလတ်နဲ့လူကြီးတွေများတယ်။ လူငယ်သိပ်မရှိ။ အမေရိကန်မှာတည်ထောင်ထားတဲ့ မြန်မာကျောင်းတွေရဲ့ အနာဂတ်ကလည်း ရင်လေးစရာ။ ကျောင်းထောင်တဲ့ဆရာတော်တွေမရှိတော့တဲ့အခါ ကျောင်းထိုင်အသစ်ရရေး၊ ကျောင်းကို နောက်မျိုးဆက်တွေ လက်ဆင့်ကမ်းရေးတို့အဆင်မပြေရင် မြန်မာကျောင်းတွေလည်း ဂျပန်ကျောင်းလို တခြားလူကို လက်လွှဲရမှာပဲ။" ... စသည်နဲ့ မောင်လူပေမှာ အတွေးတွေဖြာ။
မြန်ကျောင်းအနီးက ထိုင်းကျောင်းသစ်

ကျောင်းကအပြန်မှာ မနီးမဝေးမှာရှိတဲ့ ထိုင်းဘုန်းကြီးကျောင်းလည်း ရောက်ခဲ့ပါတယ်။ ဧကနှစ်ဆယ်လောက်ကျယ်တဲ့ ခြံကြီးထဲမှာရှိတယ်။ ခြောက်ထပ်တိုက်အမြင့်လောက်ရှိတဲ့ ပေခြောက်ဆယ်ကျော်မြင့်တဲ့ကျောင်းကြီးမို့ အဝေးကမြင်နေရတယ်။ ပေခြောက်ဆယ်ကျော်မြင့်တဲ့ ဆောက်လက်စ ဓမ္မာရုံသစ်ကြီးပါ။ အစအဆုံး အသစ်ဆောက်နေတာမို့ ထိုင်းလက်ရာအနုစိတ်တွေနဲ့ တင့်တယ်လှပါတယ်။ အပြင်မွမ်းမံမှုတွေ ပြီးသလောက်ရှိနေပြီ။ အတွင်းမွမ်းမံမှုတွေပဲ ကျန်တော့တယ်။ ထိုင်းဘုန်းကြီးကျောင်းကြီးရဲ့ ထိုင်းလက်ရာအနုသုခုမတွေကိုလည်း ရင်သတ်ရှုမောဖြစ်ခဲ့ရတယ်။ ညီညွတ်လိုက်ကြတာ။ အသစ်ဆောက်မှ ကိုယ်လိုချင်တဲ့ထိုင်းလက်ရာရပေမပေါ့။ အစိုးရဆီမှာ လိုချင်တဲ့အမြင့်ပေ၊ ပုံစံတွေ တရားဝင်တင်ပြပြီး တရားဝင်ဆောက်နေတာပါ။ မီးကာကွယ်ရေး ရေပန်းတွေပါ အဆင့်ဆင့် တတ်ဆင်ထားတယ်။

"ဟုတ်တာပေါ့။ သူများစိတ်ကြိုက်ဆောက်ထားပြီးသားကို ကိုယ့်စိတ်ကြိုက် ပြင်ဖို့ မဖြစ်နိုင်။ မြန်မာ့ခြေဥကြီးလည်း ထိုနည်းတူ။ အရင်လူတွေက သူတို့စိတ်ကြိုက်ရေးခဲ့တာ။ လိုက်ပြင်နေရင် ကပြားခြေဥဖြစ်မှာပဲ။ အသစ်ရေးမှ ပြည်သူလိုအပ်ချက်နဲ့ကိုက်မယ်။"သည်လိုလည်းတွေးမိပြန်တယ်။

အဟောင်းနဲ့အသစ်၊ လိုချင်တာအသစ်၊ ရတာအဟောင်း၊ ကျောင်းတွေရဲ့အနာဂတ်၊ အတွေးစုံကိုတွေးနေမိတဲ့အတွက် အိမ်အပြန်ခရီးမှာ ခေါင်းတွေရှုပ်ကာ ပြန်ခဲ့ရပါကြောင်း။

မောင်လူပေရဲ့ အသစ်နဲ့အဟောင်း မြန်မာကျောင်းသစ်ဆီသို့ အက်ဆေးရှည်ဖတ်ပြီးနောက် မိတ်ဆွေ သူငယ်ချင်း စာဖတ်သူအပေါင်းလည်း အတွေးတစ်ခုရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရှည်လျှားလှပေမဲ့ သည်းခံပြီး ဖတ်ပေးကြတဲ့အတွက် ကျေးဇူးပါ။

ချစ်တဲ့

မောင်လူပေ

ကိုသန်းလွင် ● တိုတောင်းသောဘဝ

$
0
0

ကိုသန်းလွင် ● တိုတောင်းသောဘဝ
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈

ယနေ့ခေတ်သစ်၏ လက်တွေ့ဘဝကိုကြည့်ပါ။ ကျွန်တော်တို့ကိုင်တွယ်အသုံးပြုနေသော အီလက်ရောနစ်ပစ္စည်း များ၌ သူတို့၏သက်တမ်းရှိကြပါသည်။ ဝယ်လာသောပစ္စည်းမှန်သမျှ တစ်နေ့တွင်ပျက်စီးရပါသည်။ ယေဘုယျအားဖြင့် တစ်နှစ်၊ နှစ်နှစ်နှင့် ငါးနှစ်အထိခံတာတွေ့ရှိမည်၊ သူတို့ကို ဖန်တီးပြီးသည်နှင့် တစ်နေ့တွင်ပျက်စီးရမည်ဆိုသော သဘောကပါပြီးဖြစ်ပါ သည်။ သင်ကိုင်နေသောဟန်းဖုန်းကိုကြည့်ပါ။ ၂နှစ်တခါအသစ်လဲကိုင်နေရသည် ကသက်သေဖြစ်ပါသည်။

ထူးဆန်းသည်မှာ ဆီလီကွန်တောင်ကြားမှ စိတ်ကူးစိတ်သန်း များနှင့်ထွက်ပေါ်လာသော ထိုပစ္စည်းများနှင့်အတူ ”ကျွန်တော် တို့ အသက်သည်ထာဝရရှင်သန်နေရမည်” ဟူသောစိတ်ကူးသည်လည်း ဆီလီကွန်တောင်ကြားမှပင် ထွက်ပေါ်လာပါသည်။

အသက်ရှည်ရှည်နေထိုင်ရေးစီမံကိန်းများတွင် စက်မှုဘီလီယမ်နာဖြစ်သော မစ္စတာ သီလ် (Peter Thiel) ၏ စိတ်ကူးစိတ်သန်း များလည်းပါဝင်ပါသည်။ သူက (Anti-ageing) ခေါ် အိုမင်မစွမ်းဖြစ်ခြင်းကို ကာကွယ်ပေးနိုင်သော ဆေးတမျိုးထုတ်လုပ်ရေး တွင် သူ့ပိုက်ဆံများကို ပုံအောနေပါသည်။ သူကအသက် ၁၈ အရွယ်ခန့်ရှိလူငယ်တို့ထံမှ သွေးများကိုဝယ်၍ သူ့သွေးကို မှန်မှန်လဲပေးနေသည်ဟုလည်းနာမည်ကြီးနေပါသည်။ Ambrosia Plasma ဆိုသည့်ကုမ္ပဏီကလည်း Young Plasma များ ကို တစ်လီတာလျှင်ဒေါ်လာ ၈,ဝဝဝ ဈေးနှင့်သွင်းပေးနေပါသည်။ ဂူးဂဲလ် ကုမ္ပဏီက လည်း အသက်ရှည်ခြင်းကို ထိန်းချုပ်သော အကြောင်းအရာ များကို လေ့လာရန် “Calico” ဆိုသော Biotech ကုမ္ပဏီဖြင့်လုပ်ဆောင်လျက်ရှိပါသည်။ ဤကုမ္ပဏီက အသက် ကြီးရင့်သည့် လက္ခဏာ လုံးဝ ပြသခြင်းမရှိ သော Mole Rat ခေါ် ကြွက်တမျိုးကို လေ့လာလျက်ရှိပါသည်။

လွန်ခဲ့သောနှစ်များအတွင်း သေခြင်းနှင့်အသက်အရွယ်ကြီးရင့်ခြင်းကို ကာကွယ်သည့် လုပ်ငန်းမှာအရေးတကြီး ဖြစ်လာပါ သည်။ ယခုအခါသေခြင်းနှင့်ပတ်သက်သည့် ရှေးဦးတီထွင်သူ (Longevity Entrepreneurs) တွေပေါ်လာကြပါသည်။ သေ ခြင်းဆိုသည်ကို ပြန်လည်ဒီဇိုင်းလုပ်လိုကြပါသည်။ ထိုအချိန်ကစ၍ ဈေးကွက်အသစ် တစ်ခု ပေါ်လာပါသည်။

သေခြင်းကို ပြဿနာတခုသဖွယ်မကြည့်ကြတော့ဘဲ ပပျောက်အောင်လုပ်ရမည့် အရာအဖြစ်မြင်လာကြပါသည်။ ကောင်း သောသေခြင်းဖြင့် သေရန်မကြိုးစားတော့ဘဲ “ဘာဖြစ်လို့သေရမှာလဲ” ဖြစ်လာကြပါသည်။ ထာဝရ အသက် ရှည်ရန်ကြံ ရွယ်ကြသည့် နည်းတူ သူတို့မရှိတော့သော ကမ္ဘာကြီး၏ပုံစံကို မှန်းမျှော် ကြည့်၍ မရဘဲဖြစ် နေကြပါသည်။

 သို့ပါသော်လည်း အခြေခံကျကျပြောရလျှင်ဤအယူအဆမှာ လူသားမဆန်ပါ။ သင်သည် သေခြင်းကို ဘာမှ မတတ်နိုင်ဘဲ လက်မြှောက်ရမည့် အရာတခုအဖြစ် သဘောထားနိုင်ပါသည်။ ဝမ်းနည်းဖွယ်ရာ ကောင်းအောင် သင့်ဘဝကို အနှောင့် အယှက်ပေး သောအရာတခု အဖြစ်သဘောထားနိုင်ပါသည်။ သင့်အတွက် တတ်နိုင်သမျှ သင့်ထံမလာအောင်ကြိုးစားရပါမည်၊ ဘဝကိုရလာသည့်အချိန်တိုတိုကလေးအတွင်း ပတ်ဝန်းကျင်မှ အံ့သြဖွယ်အရာအပေါင်းကို လေ့လာဘွယ်ရာ ပျော်မွေ့ ဘွယ်ရာတစ်ခုဖြစ်သည်ဟုသဘော ထားရပါမည်။

လူ့ဘဝသည် ကျွန်တော်တို့အတွက် သက်သက်ဆိုသော်လည်း လွန်စွာကျယ်ဝန်းသော အရာကြီး၏အစိတ် အပိုင်းတခုဖြစ်ပါ သည်။ ကျွန်တော်တို့ လူဖြစ်ရသော ခဏတာသည် သမိုင်းအရှည်ကြီးနှင့်စာလျှင် တိုတိုလေးဖြစ်ပါသည်။ ကျွန်တော်တို့မရှိ တော့လျင်လည်း ကမ္ဘာကြီးသည် ဝန်ရိုးပေါ်တွင်ဆက်လက်၍ လည်ပတ်နေဦးမည်သာဖြစ်သည်။ ကျွန်တော်တို့သည် ဘဝကိုနားလည် လာလေလေ ဘဝ၏တိုတောင်းမှုကိုမြင်လေလေ ဖြစ်ရပါ သည်။ ဆိုလိုသည်မှာမိမိ၏ သေခြင်း ( Motality) ကို လက်ခံလာမိခြင်းဖြစ်ပါသည်။ ထိုကြောင့်နေရသည့် ခဏ တာဘဝအချိန်လေးကိုအပြည့်အဝနေလိုခြင်း ဖြစ်မိပါ သည်။
ကျွန်တော်တို့ဘဝကိုလည်း ထိုခဏတွင် ပြန်လည်သုံးသပ်မိရပါသည်။ သက္ကရာဇ် ၂ဝဝဝ ပြည့်ပြီးသည်နှင့်ကျွန် တော်တို့မိဘ နှစ်ပါးသည်ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားကြပါသည်။ ဈေးဆိုင်ဖွင့်၍ကလေးနှစ်ယောက်ကို ပညာသင်ကြားခဲ့ပါသည်။ အိမ်ကိုဝယ်၍ အိမ်မှဆိုင် ဆိုင်မှအိမ်အခေါက်ခေါက်ပြန်ရင်း အပြင်မှကြည့်လျှင် အေးဆေးတည်ငြိမ်သော ဘဝကိုဖြတ် သန်း ခဲ့ရပါသည်။

ဤသို့အေးဆေးတည်ငြိမ်သောဘသကို ဖြတ်သန်းရင်းမှ လူ့သဘာဝကိုပိုမိုသဘောပေါက်လာမိသည်။ ပြင်ပ လောကကြီးကပြောင်းလဲနေသလို ကျွန်တော်တို့ဘဝအခြေအနေများမှာလည်းပြောင်းလဲနေကြပါသည်။ အစ များနှင့် အဆုံး များသည် တစ်ခုပြီးတစ်ခု တရစပ်ရှိနေကြပါသည်။ ဘဝတွင်အမြဲမရှိ၊ တွေ့လွယ၊် ဖြစ်လွယ်၊ ပျက်လွယ် သည့်သဘောကိုလည်း မြင်ခဲ့ရပါသည်။ လောကဓံ ၏သဘောကို ပိုမိုသိမြင်ခဲ့သည့်နည်းတူ ဘဝ၏အဖြစ်အပျက်များကြောင့် ရင်သက်ရူမော အံ့အားသင့်စရာ အချက်များကိုလည်း ကြုံခဲ့ရပါသည်။ ဆုံးရူံးမှုများ ရှိသလို အောင်မြင်မှုရခဲ့သည်များလည်းရှိပါသည်။ မတည်ငြိမ်ဘဲအမြဲပြောင်းလဲနေသောသဘောကိုသိရ လေလေ ကျန်ရှိနေသော အချိန်များကိုလည်း ရင်ဆိုင်ရဦးမည်ဆိုသည်ကိုလည်းသဘောပေါက်မိရပါသည်။

ဆယ်ကျော်သက်ကာလများက ဘဝ၏ဆိုးရွားပုံ ကြောက်မက်ဖွယ်ဖြစ်ရက်များကိုကြုံရသည့်အခါ မိဘများက အဆိုးတွေကို ကြုံဘူးမထားဘဲ အကောင်းတွေကြုံဖို့မဖြစ်နိုင်ဟု  ဆုံးမလေ့ရှိပါသည်။ ထိုသို့သောစကားတွေကို စိတ်ပျက်မိသည်။ ယခု လည်း စိတ်ပျက်ရဆဲ ဖြစ်ပါသည်။ သို့သော်လည်း ထိုစကားတွေမှာ မှန်သောစကား များ ဖြစ်ကြပါသည်။

အကယ်၍မသေနိုင်သော ဘဝကိုထာဝရ ရရှိနိုင်ပါက ဘဝသည် ဤမျှစိတ်ဝင်စားစရာကောင်းတော့မည်မဟုတ်ပါ။ နေ့စဉ်နှင့် အမျှ လူကိုချဲလင့်လုပ်သောအတွေ့အကြုံကိုလည်းကြုံရမည်မထင်ပါ။ ကျွန်တော်တို့ကိုယ်ခန္ဓာ ရင့် ရော်သွားခြင်းသည်စိတ်ကို အပြောင်းအလဲဖြစ်စေပါသလား၊ အခြေအနေပြည့်စုံသူတို့ ကသာအသက်ကိုအရှည် ကြီးနေလိုကြပါသည်။

မညီမျှမှုများကို ညီမျှအောင်လုပ်ပေးနိုင်ပါမည်လား၊ ညီမျှအောင်လုပ်ဖို့ကောတစုံတဦးမှာမှ အကြံဉာဏ် မရှိနိုင်ပါ။ ကျွန်တော် တို့သည် အသက်အရွယ်ရင့်ရော်လာသည်နှင့်အမျှ ကိုယ်ချင်းစာတရားပိုမိုထားနိုင် ပါမည်လား၊ အသိပညာပို၍ပြည့်စုံလာ ပါသလား၊ အတွေးအခေါ်အသိအမြင်တို့ ပိုမိုရင့်ကျက်လာစေနိုင်မည်လား။

သိပ္ပံပညာက တွေ့ရှိတီထွင်ချက်များက လူ့ဘဝကိုပို၍သက်သက်သာသာနေနိုင်အောင် ပြောင်းလဲပေးနိုင်ကြပါသည်။ လူဖြစ် ရခြင်းမှာ သေဖို့ဖြစ်လာရသည်ဆိုခြင်းကိုမူ သိပ္ပံပညာက ပြောင်းလဲပေးနိုင်မည်မဟုတ်ပါ။

ကိုသန်းလွင်
Ref: Life is Short , by Allison Arieff New York Times Aug 18 2018

မြင့်ကျော် ● ဘာပြဿနာတွေရှိခဲ့တာလဲ

$
0
0
မြင့်ကျော် ● ဘာပြဿနာတွေရှိခဲ့တာလဲ
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈

(ဒီအကြောင်းတွေကို သတင်းမီဒီယာကောင်စီ ရွေးချယ်ပွဲနဲ့ပတ်သက်လို့ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ကိုယ်တိုင်သိရှိ သူတယောက်အနေနဲ့ ပြောပြဖို့ လိုအပ်မယ်ထင်လို့ ရေးသားလိုက်ပါတယ်။ ဒီအဖြစ်အပျက်ထဲ ကိုယ်တိုင် ပါဝင်နေသူ မဟုတ်တဲ့ တခြားမီဒီယာသမားတွေ အနေနဲ့ နားလည်မှု ရှုပ်ထွေးတာ၊ လွဲမှားတာ မဖြစ်ရအောင် ထုတ်ဖေါ်ရေးသားလိုက်တာပါ။ )

သူများတွေကို ဝေဘန်ထောက်ပြရေးသားနေတဲ့ သတင်းမီဒီယာ လောကရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ သတင်းမီဒီယာ ကောငစီရွေးပွဲမှာ အသံတွေ ဆူဆူညံညံထွက်ပေါ်လာတော့ သတင်းမီဒီယာနယ်ပယ်မှာ ဘာတွေဖြစ်နေလဲဆိုတာ တခြား နယ်ပယ်က သူတွေလည်း မေးကြ၊ ပြောကြ ဝေဘန်ကြမယ် ထင်ပါတယ်။

မှန်ပါတယ် သတင်းမီဒီယာလောက ဆိုတာလည်း၊ သူတော်စင်တွေချည်း စုဝေးနေတဲ့နေရာမဟုတ်ပဲ တခြားသော နယ်ပယ် တွေလိုပဲ လူတွေနဲ့စုဝေးနေတဲ့နေရာဖြစ်လို့ အမြင်ချင်းကွဲလွဲမှုတွေ၊ မမှန်မကန်လုပ်တာတွေ၊ မရိုးသားတာတွေ၊ ရာထူး၊ ဂုဏ် ဆိုတာကို မက်မောသူတွေ ရှိတာမဆန်းပါဘူး။ ဒါပေမယ့် နိုင်ငံရေး နယ်ပယ်လို အာဏာ၊ ငွေကြေး ဒီလောက်အကျိုးခံစားရတာ မဟုတ်တော့ အဲဒီနယ်ပယ်တွေလောက်တော့ မဆိုးဘူး လို့ဆိုရင်အတိုင်းအတာတခုထိ မှန်ပါတယ်။

၂၀၁၂ ကနေ ၂၀၁၅ ထိတော့ စာနယ်ဇင်းကောင်စီလို့ခေါ်ဆိုခဲ့ကြပြီး ၂၀၁၅ ကစလို့ သတင်းမီဒီယာကောင်စီလို့ခေါ်ဆိုတဲ့ မီဒီယာကောင်စီက သတင်းသမားအဖွဲ့တွေ၊ စာရေးဆရာ၊ အသိပညာရှင်၊ အရပ်ဘက် အဖွဲ့အစည်း၊ ဥပဒေပညာရှင်တွေနဲ့ ဖွဲ့စည်းထားပြီး သတင်းမီဒီယာ နယ်ပယ်ကို မိမိတို့ဘာသာ ထိန်းကျောင်းဖို့၊ ကျင့်ဝတ်ဆိုင်ရာကိစ္စ၊ အငြင်းပွားမှုတွေကို ကျင့် ဝတ်ဆိုင်ရာစံ၊ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ စံနဲ့ အကဲဖြတ်မှတ်ချက်ပေးပြီး သတင်းမီဒီယာနယ်ပယ်က professionalism မြင့်မားလာအောင် လုပ်ဆောင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ နိုင်ငံရေးပါတီတို့လို အမိန့်နဲ့  ညွှန်ကြားချက်အောက်မှာ လုပ် ဆောင်တဲ့အဖွဲ့အစည်း မဟုတ်ပါဘူး။

ဒီလို မတူတဲ့သဘောသဘာဝရှိတဲ့ အတွေ့အကြုံရှိသူ မတူကွဲပြားတဲ့ နယ်ပယ်ကလာသူတွေ ပါဝင်ဖွဲ့စည်းထားလို့  မတူ တဲ့အမြင်တွေ မတူတဲ့ သဘောထားတွေ ရှိကြတာ သဘာဝကျတယ်လို့ဆိုနိုင်ပါတယ်။

၂၀၁၅ ခုနှစ်မှ ၂၀၁၈ ကုန်ထိ သက်တမ်းဖြစ်တဲ့ ယခု လက်ရှိကောင်စီသက်တမ်းအတွင်း သတင်းမီဒီယာကောင်စီဟာ သတင်းသမားတွေကို အကာအကွယ်မပေးနိုင်ဘူး၊ လူငယ်တွေ မပါဝင်ဘူးဆိုတဲ့အမြင်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် ခဲ့တာ သတင်းသမားတွေအကြား ပြောဆိုမှုတွေ ကြားသိနေခဲ့ရပါတယ်။ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်နေသူတယောက် အနေ နဲ့လည်း လူငယ်တွေ ပါဝင်မှုနည်းတာ မှန်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးချယ်တင်မြှောက်ပွဲလုပ်စဉ်က သတင်းမီဒီယာကောင်စီမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားမှု နည်းပါးခြင်းဟာ အဲဒီရွေးကောက်ပွဲ မတိုင်မီကာလမှာ သတင်းမီဒီယာကောင်စီနဲ့ပတ်သက်လို့ မီဒီယာကြီးတခုက ဝေဘန်တိုက်ခိုက်တာတွေ ကြောင့် သတင်းသမားအတော်များများက ဘေးထွက်နေခဲ့ကြတာရဲ့ အကျိုးဆက်အဖြစ် သတင်းမီဒီယာကောင်စီကို ဂုဏ် တစ်ခုအနေနဲ့ အဆောင်အယောင်အနေနဲ့ ဝင်ရောက်ချင်သူတွေအတွက် အခွင့်သာခဲ့ကြပါတယ်။

အခုတကြိမ်ရွေးချယ်တင်မြှောက်ပွဲမှာတော့ ယခင်တကြိမ်ထက် စိတ်ဝင်စားမှုတက်လာပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ထွက်ပေါ် လာတဲ့ သတင်းသမားအဖွဲ့အစည်းတွေပါ ဝင်ပြိုင်လာကြတာတွေ့ရပါတယ်။

ဘာကြောင့် ဒီနောက်ခံတွေ ရေးနေသလဲဆို ပြီးခဲ့တဲ့  ၃ နှစ်တာကာလမှာ သတင်းမီဒီယာကောင်စီအနေနဲ့ သတင်းမီဒီယာ Professionalism၊ မီဒီယာနဲ့သက်ဆိုင်တဲ့ ဥပဒေတွေ တိုးတက်ကောင်းမွန်ဖို့ ထင်သလောက် အားမစိုက်နိုင်ခဲ့ပါဘူး။ ဥက္ကဌ ဖြစ်တဲ့ ဦးခင်မောင်လေး (ဖိုးသောင်္ကြာ ခေတ်+မိုး) အနေနဲ့ ဥက္ကဌတာဝန်ယူပြီး ဆယ်လခန့်အကြာမှာ ကျန်းမာရေး မကောင်း လို့ အစည်းအဝေးတွေ မတက်ရောက်နိုင်တော့ပါဘူး။ အဲဒီနောက်ပိုင်း ဒုဥက္ကဌ ၂ ဦး၊ အတွင်းရေးမှူးတို့ကပဲ ဦးဆောင်ခဲ့ရာမှာ ကောင်စီက ရှေးရိုးအယူအဆတွေကို မကျော်နိုင်ပဲ ခြုံပြောရရင် အားနည်းခဲ့တယ်လို့ ဆိုရမှာပါ။ ဒါက ကျနော့်တဦးချင်း အကဲဖြတ်ချက်ဆိုရင်လည်း မှန်ပါတယ်။

ဒါကြောင့် အခုဖွဲ့မယ့် သက်တမ်းမှာ ဒီနေ့ခေတ် မီဒီယာအခင်းအကျင်းကို နားလည်သူ၊ အတွေ့အကြုံရှိသူတွေ ဦးဆောင် တဲ့နေရာမှာပါဖို့ ဆန္ဒရှိတာကြောင့် အဲဒီအတွက် ဆွေးနွေးခဲ့ကြပါတယ်။ ဦးဆောင်မှု ဂုဏ်သိက္ခာရှိတဲ့သူလည်း ဖြစ်ဖို့လိုပါ တယ်။

ဒီအချက်တွေပေါ်မူတည်ပြီး အခုရွေးကောက်ခဲ့တဲ့ ကောင်စီမှာ ဘယ်သူတွေ မဲရစေချင်တယ် မဲပေးကြရအောင်လို့ လူငယ် အဖွဲ့တွေဖြစ်တဲ့ MWJS ၊  PCMJ နဲ့ အေဂျင်စီက ဝင်ပါမယ့်သူကို ညှိနိုင်းတာပါ။ ဒီနေရာမှာ ကိုယ်မလေးစားတဲ့သူ၊ မဲပေးဖို့ မသင့်ဘူးထင်တဲ့သူကိုလည်း မပေးဖို့ သဘောထားထုတ်ပြောခဲ့တာပါ။ အဲဒီနေ့က ညှိတဲ့အကြောင်းကို ကိုဇေယျာလှိုင် ကလည်း ပို့စ်တခု ရေးတင်ပြီးပါပြီ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ MJA က စာတွေထုတ်၊ ရွေးချယ်ရေးအဖွဲ့ကို စာတင်ခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အခုလိုမလုပ်ရဘူးလို့ စည်းမျဉ်းစည်းကမ်းလည်း မရှိတာကြောင့် ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဒီကိစ္စ နဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်ခြင်းမရှိခဲ့ပါဘူး။

ဒီနေရာမှာ မိမိကိုယ် မဲရချင်လို့ ကိုယ်ပိုင်မူ၊ စံနှုန်း တန်ဖိုးတွေမရှိပဲ၊ တွေ့ဆုံခဲ့တဲ့အကြောင်းကို တဖက်အဖွဲ့အစည်းကို ပေါက်ကြားပြီး အမြတ်ထုတ်ခဲ့တယ်လို့ပဲ ကျနော်တို့အတွေ့အကြုံရခဲ့ပါတယ်။ ကျနော်တို့ MJN အနေနဲ့တော့ ကောင်စီမှာ ပါဝင်ခြင်းဟာ သတင်းမီဒီယာဥပဒေ၊ လွတ်လပ်ခွင့်ဆိုင်ရာကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နိုင်အောင် ပလက်ဖောင်းမှာ ပါဝင် ခြင်းပါ။ တဦးတယောက်ချင်း နာမည်ရလိုမှု၊ ထင်ပေါ်လိုမှုတွေ မရှိတာ မိမိကိုယ် လိပ်ပြာသန့်ပါတယ်။ ကောင်စီအနေနဲ့ လုပ်ဆောင်မှ ရမယ့်ကိစ္စတွေမှာ ကောင်စီကနေ လုပ်ဆောင်ဖြစ်အောင် တိုက်တွန်းတယ်၊ နောက်ဆုံး  ကောင်စီဝင်အများစုက သဘောမတူလို့ မလုပ်နိုင်တဲ့ကိစ္စတွေကို MJN အနေနဲ့ လုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲနေ့က ရလဒ်တွေ ထွက်လာတော့ တိုးတက်တဲ့အမြင်ကို လိုလားတယ်လို့ အပြင်ပန်းအားဖြင့်မြင်သူတွေက  လက်တွေ့မှာ အကျိုးစီးပွားအတွက်ပဲ တွက်ချက်ပြီး မူတွေ၊ တန်ဖိုးတွေကို ပစ်ပယ်ကာ ဘယ်လိုလူတွေကို မဲပေးခဲ့တယ်ဆိုတာ အဲဒီနေ့က တက်ရောက်ခဲ့သူတွေတောင် ခန့်မှန်းသိရှိနိုင်ပါတယ်။

နောက် ဒုတိယ အဆင့်ရွေးချယ်ခံ ကောင်စီဝင်တွေအနက်က  အလုပ်အမှုဆောင်တွေရွေးကြမယ့်အခါမှာ ဘယ်သူတွေ ဖြစ် သင့်သလဲ၊ ဘယ်သူတွေက အစိုးရလို၊ တပ်လိုမျိုးကို ရေလိုက်ငါးလိုက်နဲ့ နေပြီး ပွဲတက်ချင်တဲ့သူတွေလဲ၊ ဘယ်သူတွေက ဒီနေ့ သတင်းမီဒီယာ အခင်းအကျင်းကို သေချာနားလည်ပြီး လွတ်လပ်တဲ့ မီဒီယာ အားကောင်းအောင် လုပ်ချင်သူတွေလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ပြီး မဲပေးကြဖို့ မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမယ့် အဲဒီနေ့မှာ လူငယ်ဖြစ်ပြီး မီဒီယာလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်မယ် ကြွေးကြော်နေသူ  ကိုသာလွန်ဇောင်းထက်က ကိုယ့်နာမည်လည်း အတွင်းရေးမှူးတစ်နေရာမှာပါတဲ့ ”မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဆိုပြုစာရင်း” ဆိုတဲ့ အမှု ဆောင်မဲဆွယ်စာရွက်ကို လက်သိပ်ထိုးဝေနေခဲ့တာပါ။ ကျနော်တို့ကို လာမဝေလို့ ဘာတွေပါမှန်း အစောပိုင်းမသိခဲ့ပေမယ့် ရွေးချယ်ခံ ကောင်စီဝင်တယောက်ဆီက တောင်းကြည့်တဲ့အခါမှာ ပုံပါအတိုင်း ဥက္ကဌ၊ ဒုဥက္ကဌ အတွင်းရေးမှူး စာရင်းတွေပါ တဲ့ စာရွက်ဖြစ်နေပါတော့တယ်။

အဲဒီအချိန်မှာ မဲပေးဖို့ မစတင်ရသေးတာမို့ ကိုဇေယျာလှိုင်က စာရွက်ကိုယူပြီး ရွေးချယ်တင်မြှောက်ရေးအဖွဲ့ထံ သတင်းပို့ အသိပေးခဲ့ပါတယ်။ ရွေးချယ်တင်မြှောက်ရေးအဖွဲ့အနေနဲ့ဒီလို ခန်းမထဲ မဲဆွယ်တာမလုပ်ဖို့ တားမြစ်ပြီး ရွေးချယ်တင် မြှောက်ပွဲကို ဆက်လုပ်ခဲ့ပါတယ်။ ကောင်စီအမည်နာမကိုသုံးပြီး လက်ရှိကောင်စီက အဆိုပြုသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေတာဟာ မလိမ့်တပတ်လုပ်ရပ်လို့ပဲ ကျနော်တော့ နားလည်ပါတယ်။

မဲရလဒ်တွေ ထွက်လာတဲ့အခါမှာတော့ စောစောက မဲဆွယ်စာရွက်ထဲက ၈ နေရာအနက် တနေရာသာလွဲပြီး ကျန်တဲ့နေရာ အားလုံး စာရွက်ပါအတိုင်း ရလဒ်ထွက်လာတာပါ။ ဒါကြောင့် ဒီအဖြစ်အပျက်က သတင်းမီဒီယာ အုပ်စုအချင်းချင်း နားလည်မှုလွဲတဲ့ကိစ္စမဟုတ်ပါဘူး။

လွတ်လပ်တဲ့မီဒီယာရပ်တည်ချက်ပိုအားကောင်းစေဖို့၊  အားကောင်းမောင်းသန် သတင်း မီဒီ ယာကောင်စီ ဖြစ်စေလိုသူတွေ နဲ့ ကိုယ်တွေရဲ့ ရာထူးနေရာရဖို့က စောစောကကိစ္စတွေထက် ဦးစားပေးသူတွေရဲ့ သဘောကွဲလွဲမှုလို့ပဲ ကျနော်တော့ မြင်ပါ တယ်။ ဒီအကြောင်းတွေကို ရေးသားရခြင်းက ဘယ်လိုအဖွဲ့အစည်းတွေက ဘာလိုမူတွေချထားပြီး အကျိုးစီးပွားနဲ့ တန်ဖိုး ထားရမယ့် မူ ယှဉ်လာရင် ဘာကို ချနင်းကြသလဲဆိုတာ သိစေချင်တာကြောင့်ပါ။

မတူကွဲလွဲတဲ့အမြင်ရှိရင်လည်း မေးမြန်းစောဒက တက်နိုင်ပါတယ်။

စန္ဒာမော် (Myanmar Now) ● ဘိန်းစိုက်ပေမယ့် ဆင်းရဲသည်ထက် ဆင်းရဲလာတယ် (အင်တာဗျူး)

$
0
0
စန္ဒာမော် (Myanmar Now) ● ဘိန်းစိုက်ပေမယ့် ဆင်းရဲသည်ထက် ဆင်းရဲလာတယ် (အင်တာဗျူး)
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈

တအာင်းဒေသ၏ ပညာရေး နှင့် ဒေသခံတို့အကြောင်းကို အရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးက ပြောပြထားသည်။


ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်း ခေါ် ပလောင်တိုင်းရင်းသားတို့ နေထိုင်သည့် ဒေသတွင် အခြေစိုက်သည့် တအာင်း ပညာရေး အင်စတီကျု TEI သည် ဒေသတွင်း ပရဟိတကျောင်း ၁၆ဝ ကျော် ဖွင့်လှစ်ထားရာ ထိုကျောင်းများတွင် လူမျိုး ဘာသာမရွေး တက်ရောက်ပြီး မူလတန်းပညာ သင်ယူနိုင်သည်ဟု သိရသည်။

မကြာသေးခင်က တွေ့ဆုံမေးမြန်းရာတွင် ထိုအဖွဲ့၏ အတွင်းရေးမှူး လွေးချယ်ရီက ပညာရေး အပါအဝင် ဒေသတွင်း အခြေ အနေများကို ပြောပြထားသည်။

- ဒီဘက်မှာ ပညာရေး အရေးတကြီး လိုအပ်နေတာ ဘာကြောင့်လဲ။
- မိုင်းယော် (မြို့နယ်) ဘက်မှာဆိုရင် တော်တော်များများက ဘိန်းစိုက်ကြတယ်။ ဒါပေမယ့် လုံးဝကို ဆင်းရဲတယ်။ ပုံမှန်အား ဖြင့် ဘိန်းစိုက်တယ်ဆိုရင် သူဌေးဖြစ်ရမှာပဲလေ၊ ဘာလို့ဆင်းရဲနေကြလဲဆိုတော့ ပညာမတတ်လို့ပေါ့။ သူတို့က ဘိန်းစိုက် တယ်၊ ဟုတ်တယ်။ သူတို့ကို အခွန်လာကောက်တဲ့ အဖွဲ့အစည်းတွေကလည်း အရမ်းများတယ်၊ သူတို့ ပြန်မပြောရဲဘူး၊ ဘယ်အဖွဲ့က ဆိုတာကိုလည်း မသိဘူး။ ဘိန်းကလည်း တရားမဝင်ဆိုတော့ ကြောက်စိတ်ပဲရှိတာ၊ ပြီးတော့ ရောင်းတဲ့အချိန် မှာလည်း စာမတတ်တော့ မတွက်တတ်ဘူး၊ ဒီတော့ အလိမ်ခံရတယ်။ ဘိန်းစိုက်ပေမယ့် ဆင်းရဲသည်ထက် ဆင်းရဲလာတယ်။ ဒါဟာ ပညာရေး ဘယ်လောက်လိုအပ်နေပြီလဲဆိုတာရဲ့ ပြယုဂ်ပဲ။

- ရှမ်းနဲ့ တအာင်း လက်နက်ကိုင်နှစ်ဖွဲ့ တိုက်ခိုက်ကြတာကြောင့် ဒေသခံတွေ ဆက်ဆံရေးပျက်ခဲ့တယ်လို့ သိရတယ်။ ဒီအ ခြေအနေမှာ ရှမ်းရွာတွေထဲ ကျောင်းသွားဆောက်တော့ အခက်အခဲဖြစ်တာတွေ ရှိလား။
- ရှမ်းနဲ့ တအာင်းဆိုတာက ဟိုးဘိုးဘွားဘီဘင်ကတည်းက အတူတကွ နေထိုင်လာခဲ့တယ်။ ဒီတော့ ကျွန်မတို့လုပ်တဲ့ ပညာရေးလှုပ်ရှားမှုတွေမှာ ရှမ်းမို့လို့၊ တအာင်းမို့လို့ဆိုတဲ့ အခက်အခဲတွေ မရှိပါဘူး။ ကျွန်မတို့က အရမ်း နည်းနည်းလေးကိုပဲ လုပ်ပေးနိုင်သေးတာပါ။ ဒီနှစ်စတဲ့ ဘက ကျောင်း (ဘုန်းတော်ကြီးသင် ပညာရေးကျောင်း) ဆိုရင် (လူဦးရေ) ၅ဝဝ-၆ဝဝ လောက်ပဲ ကျွန်မတို့ ကူညီနိုင်သေးတယ်။ တကယ်က တစ်နှစ် တစ်နှစ်ကို ကျွန်မတို့တောင်ပေါ်က ကလေးတွေ ထောင်ချီပြီးတော့မှ အောက်ပိုင်းကို ဆင်းနေကြတာ။

- ဘာလို့ အဲဒီလို ဆင်းနေကြတာလဲ။
- အထူးသဖြင့် ဘုန်းကြီးတွေ။ ဘုန်းကြီးတွေက ဒီကိုရောက်လာတဲ့အခါမှာ ဒီကဘုန်းကြီးအသိတွေနဲ့ ဆက်သွယ်ပြီးတော့ ဟိုမှာ ဘက တွေရှိတယ်၊ ပရဟိတတွေရှိတယ် စသဖြင့် မျိုးစုံပေါ့၊ အဲဒီနေရာတွေကို ခေါ်သွားပြီးတော့ ထားပေးတယ်။ ကျွန်မတို့ပလောင်တွေ ဆိုလို့ရှိရင် ကလေးအများကြီး မွေးတယ်။ မွေးပြီးမှ ကိုယ့်ကလေးကို လုံးဝ လှည့်မကြည့်တဲ့ မိဘတွေ အများကြီးရှိတယ်။ ဒီလိုမျိုး ထည့်ပေးလိုက်ပြီ ဆိုတာနဲ့ သူတို့တွေ အဆင်ပြေရဲ့လား၊ မိန်းကလေးတွေဆိုရင်ရော လုံခြုံတဲ့နေရာဖြစ်ရဲ့လား ဆိုတာကို စိတ်ဝင်စားမှု အရမ်းကို နည်းတယ်။ ကျောင်းသားတွေက သွားလိုက်ပြီဆိုရင် ကောင်းတဲ့နေရာတွေ ရှိသလို တချို့ မကောင်းတာတွေရှိတယ်၊ အစားဆင်းရဲတာမျိုးတွေဖြစ်တယ်။

- ပရဟိတအဖွဲ့တွေလည်းရှိနေတာကို ဘုန်းကြီးတွေနောက်ကို ဘာလို့ လိုက်ကြတာလဲ။
- ကျွန်မတို့ တအာင်းတွေရဲ့ ၉၉ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာတွေဖြစ်ကြတယ်ဆိုတော့ ဘုန်းကြီးတွေက ကျွန်မတို့ရဲ့လူ့အဖွဲ့ အစည်းမှာ အရမ်းပဲ အာဏာ၊ ပါဝါ ကြီးတယ်။ ပြီးတော့ ဘာသာတရားကို ယုံကြည်တယ်၊ နောက် ဒီလိုမျိုးတွေ ဖြစ်မှာ မဟုတ်ဘူး ဆိုပြီးတော့ ထည့်ပေးလိုက်တာတွေ ရှိတယ်ပေါ့။

- TNLA တအာင်းလက်နက်ကိုင်အဖွဲ့ကရော ကူညီပေးတာတွေ ရှိလား။
- ကျွန်မတို့ TEI နဲ့ TNLA နဲ့ ဆက်စပ်မှု မရှိဘူး။ သူတို့က ကျွန်မတို့ လုပ်ငန်းတွေကို ကူညီတာ၊ ပံ့ပိုးပေးတာမျိုး မရှိဘူး။

- တိုက်ပွဲဖြစ်လေ့ရှိတဲ့ဒေသတွေမှာ TEI က ခန့်ထားတဲ့ ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေးကို ဘယ်လို ဆောင်ရွက်ပေးပါသလဲ။
- ကျွန်မတို့ ကျောင်းဖွင့်ထားတဲ့နေရာမှာတော့ တိုက်ပွဲတွေ အများကြီးဖြစ်နေတယ်ဆိုတော့ ဆရာ၊ ဆရာမတွေရဲ့ လုံခြုံရေး၊ ဝန်ထမ်းတွေရဲ့ လုံခြုံရေးတွေကို အရမ်းကို စိုးရိမ်ရတဲ့ အနေအထားတွေ ရှိတယ်။ ဒါပေမယ့် လုံခြုံရေးကိုတော့ သေသေချာချာ၊ ထွေထွေထူးထူး မလုပ်ပေးနိုင်ပါဘူး။ သုံးလတစ်ခါလောက် သူတို့ဆီ သွားပြီးတော့ အားပေးတာမျိုးပဲ ရှိပါတယ်။

- စာသင်ဖို့အတွက် ဆရာ၊ ဆရာမတွေကို ဘယ်လို ခေါ်ယူပါသလဲ။
- အစိုးရကပေးတဲ့ ဆရာ၊ ဆရာမတွေက အောက်ပြည်ကဖြစ်တယ်ဆိုတော့ ဒီကလေးတွေနဲ့ သူ့စကား ကိုယ်နားမလည်၊ ကိုယ်သင်တာကို သူတို့နားမလည်ဖြစ်ပြီးတော့ ဘယ်လိုမှ ကီးမကိုက်ဘူး။ ကီးမကိုက်တော့ ဆရာတွေမှာလည်း ကြာကြာ ရေရှည်မခံနိုင်ဘူး၊ ပြန်သွားကြတယ်။ ဒါ့အပြင် ကျွန်မတို့ဆီမှာက တိုက်ပွဲတွေ ဖြစ်နေတော့ ဒါကိုလည်း ကြောက်ကြတာတွေ ရှိတယ်။ ကျွန်မတို့ကတော့ ကလေးတွေ နားလည်အောင် ပြောနိုင် သင်ပြနိုင်တဲ့ ဆရာ၊ ဆရာမတွေကို ခေါ်တယ်။ သင်တန်းပေးတယ်။ သင်တဲ့အခါမှာလည်း စကားပြောရတာ နားလည်ကြတော့ ကလေးတွေကလည်း ပျော်တယ် ဆရာတွေလည်း ပျော်တယ်။ အဆင်ပြေတယ်။

- တခြား ဘာအခက်အခဲ တွေ့ရသလဲ။
- ကျွန်မတို့က ဘတ်ဂျက်အခက်အခဲရှိတယ်။ အလှူရှင်တွေ အများကြီးကို ချည်းကပ်ကြည့်ပေမယ့် 'ပညာရေးသည် အစိုးရအလုပ်'ဆိုပြီးတော့ ပြောတဲ့သူတွေ အများကြီးရှိတယ်။ ဒီတော့ ဒါက ကျွန်မတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲ။ နိုင်ငံခြားမှာရောက်နေတဲ့ ကျွန်မတို့ တအာင်းလူမျိုးတွေဆီကနေ အလှူခံတယ်။ လုပ်ငန်းရှင်တွေဆီမှာလည်း အလှူခံတယ်။

- ဒီကိစ္စတွေပြေလည်ဖို့ဆိုရင် ဘာတွေလိုအပ်လဲ။
- ကျွန်မတို့ဒေသမှာ မငြိမ်းချမ်းလို့ ပညာရေးပိုင်းမှာ လွတ်လွတ်လပ်လပ် လုပ်လို့ မရသလို၊ ဘယ်သူမှ အဲဒီလိုမျိုးနေရာမှာ မသွားချင်ကြဘူး။ တကယ်လို့သာ ငြိမ်းငြိမ်းချမ်းချမ်း ရှိမယ်ဆိုရင်တော့ ပညာရေးပိုင်းမှာ အစိုးရသာမက ကျွန်မတို့လိုမျိုး အဖွဲ့တွေက ဝိုင်းလုပ်မယ်ဆိုရင် ဒီထက် အများကြီး ပိုပြီးတော့ ဖွံ့ဖြိုး တိုးတက်မယ်လို့ ထင်တာပေါ့လေ။

ညောင်ရွှေထောင် လူနာများအတွက် ဆေးတစ်မျိုးသာရှိ

$
0
0


ညောင်ရွှေထောင် လူနာများအတွက် ဆေးတစ်မျိုးသာရှိ
ဟု လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်


ထိုက်နန္ဒာဝင်း/Myanmar Now
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈ 







  လူ့အခွင့်အရေးကော်မရှင်က  သြဂုတ် ၃ဝ၊ ၃၁ ရက်နေ့တို့တွင် တောင်ကြီးမြို့ဝန်းကျင်ရှိ ထောင်၊ အချုပ်ခန်းများ၊  အလုပ်စခန်းများကို သွားရောက် စစ်ဆေးခဲ့သည် (ဓာတ်ပုံ - မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်)


(ရန်ကုန်) —
ရှမ်းပြည်နယ် တောင်ကြီးမြို့တော်အနီးရှိ ညောင်ရွှေအကျဉ်းထောင်တွင် မည့်သည့် ရောဂါဖြစ်ဖြစ် ဆေးတစ်မျိုးတည်းကိုသာ ပေးကြောင်း သိရှိရသဖြင့် သင့်တော်သည့် ကုသမှုပေးရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က စက်တင်ဘာ ၁၁ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။ 

ကော်မရှင်က တောင်ကြီးမြို့ဝန်းကျင်ရှိ အချုပ်ခန်းများ၊ ထောင်၊ ရဲဘက်စခန်းများသို့ ပြီးခဲ့သည့် လကုန်ပိုင်းက သွားရောက် စစ်ဆေးခဲ့ပြီးနောက် တွေ့ရှိချက်များနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်စဉ် ထိုသို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။


ညောင်ရွှေထောင်တွင် သုံးနေသည့်  ဆေးအမည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။

ညောင်ရွှေအကျဉ်းထောင်နှင့် ပတ်သက်ပြီး   ပြုပြင်ပြောင်းလဲသင့်သည့် အချက်ပေါင်း ၆ ချက်ထဲတွင် "နှစ်ကြီးအဆောင်တွင် ညမိလ္လာ ၂ လုံးသာ ရှိသဖြင့် လူအင်အားနှင့် မိလ္လာ မမျှတမှုကြောင့် လိုအပ်သလို ထပ်မံတည်ဆောက်ပေးသင့်ပါသည်"ဟူသော အချက်လည်း ပါဝင်သည်။

အစိုးရက ဖွဲ့စည်းထားပြီး ရန်ကုန်တွင် အခြေစိုက်သည့် ကော်မရှင်၏ ထုတ်ပြန်ချက်ထဲတွင် တောင်ကြီးဝန်းကျင်ရှိ တရားရုံးနှင့် ရဲစခန်းအသီးသီးရှိ အချုပ်ခန်းများ၊ အကျဉ်းသားတို့ အလုပ်လုပ်ကိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးစခန်းများသို့လည်း သွားရောက် စစ်ဆေးခဲ့ကြောင်း၊ ခရီးစဉ်အတွင်း အကျဉ်းဦးစီးဌာန ဝန်ထမ်းများ၊  ရဲတပ်ဖွဲ့ဝင်များကို လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။


အကျဉ်းဦးစီးအရာရှိတစ်ဦးက ညောင်ရွှေထောင်အတွင်း ကုသမှုနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် အသင့် မဖြစ်သေးကြောင်း Myanmar Now ကို ပြောသည်။


  
"ကျွန်တော်တို့ အကျဉ်းဦးစီးဌာန အနေနဲ့ကတော့ လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းချက်မှန်သမျှကို အမြဲ အပြည့်အဝ ဂရုစိုက်ပြီး လုပ်ဆောင်ပါတယ်။ အခု ရှမ်းပြည်ဘက်က အကျဉ်းထောင်တွေနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေတော့ ကျွန်တော်တို့ မမြင်ရသေးတဲ့ အတွက် အသေးစိတ် မဖြေကြားနိုင်သေးပါဘူး"ဟု အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက   ပြောသည်။


 
မြန်မာနိုင်ငံတွင် အကျဉ်းထောင်ပေါင်း လေးဆယ်ကျော်ရှိသည်။





ညလွမ်းအိမ် ● ကြွက်လိုလို ကြောင်လိုလို နေ့စဉ်မှတ်တမ်း

$
0
0

ညလွမ်းအိမ် ● ကြွက်လိုလို ကြောင်လိုလို နေ့စဉ်မှတ်တမ်း
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈

မြေကြီးနဲ့နီးလေလေ လေထုဖိအားများလေလေ
မုန်တိုင်းတော့ရောက်မလာဘူး
ညမထွက်ရ အစိုးရအမိန့်ထဲမှာ ပျော်တယ်
ငါတို့ဆီမှာ စီးကရက်အနံ့လည်း ရှိမနေဘူး
စွမ်းအင်ရမှ လှုပ်ရှားနိုင်ပြီး
လှုပ်ရှားမှရတဲ့စွမ်းအင်ထဲ နေထိုင်အစာရှာဖွေတယ်
မီးတောင်ပေါက်ကွဲမှုဖြစ်စဉ် Lesson plan တွေ နေ့စဉ်တင်တယ်
မစားသောက်မီ တူးဆွအနံ့ခံတာကအစ
မုန့်ထုပ်တစ်ထုပ်ကို ကိုက်ဖောက်နေစဉ် စစ်ဆေးမှု
စားသောက်ပြီးရှိတဲ့ စွမ်းအင်ပမာဏကို တိုင်းတာရတယ်
အသံထွက်နှုန်းငြိမ်သက်ပြီး ရုန်းကန်တယ်
သဘာဝပတ်ဝန်းကျင်က သွေးနွေးသတ္တဝါလို အဝင်အထွက်လုပ်တယ်
တနင်္လာနဲ့ဗုဒ္ဓဟူးနေ့တွေမှာ နေ့ဖက်အပူချိန်ကိုကြောက်လို့ တွင်းအောင်းတယ်
သောကြာနေ့မှာ မြေကြီးထဲကနေထွက်လာပြီး *pattern တွေပေါ်
ကုတ်ခြစ်ချ
ဖရဲသီးခင်း တစ်ခင်းလုံး ငါတို့ပြေးလွှားဆော့ကစားဖို့ ရှိတယ်
အမြင့်ပေပေါင်းများစွာကနေ အလုံးစုံသိတဲ့မျက်လုံးနဲ့ ငါတို့ကိုစောင့်ကြည့်တယ်
ငါတို့ဟာ လေထဲမှာမြှောက်တက် ကခုန်ကြ
ငါတို့ဟာ တုံးကနဲလဲကျ ကျရှုံးကြ
ရုံးပတေသီးက ပရော်ဖက်ရှင်နယ်ဆန်တဲ့ ပါတီအင်္ကျီကို ဝတ်တယ်
ချွန်ထက်တဲ့ဦးခေါင်းက အာလူးတွေထဲ ဝင်ရောက်ပုန်းအောင်းတယ်
ဟောင်းလောင်းဖြစ်ဝမ်းဗိုက်ထဲမှာ စာအုပ်တွေနဲ့
အစာချက်လုပ်တမ်း ကစားတယ်
ကြွက်နားရွက်မှိုတွေက ငါတို့နားရွက်နဲ့ ဘာကြောင့်ပုံစံတူနေရတာလဲ
ခေါင်းလောင်းတီးလို့ အမှိုက်သိမ်းကားကြီး မောင်းချလာတဲ့အခါကျမှ
''တစ်ကောင်ရဲ့ဂုတ်ပိုးကို တစ်ကောင်က ကိုက်လိုက်တယ်''တဲ့
ငါတို့ ကြောင်ပြန်ဖြစ်ရတယ်။ ။

*pattern (ပုံစံ)

ညလွမ်းအိမ်
၂၂၊ ၈၊ ၂၀၁၈

မေသနပ်ခါး ● မစားကောင်းသောသစ်သီးများ

$
0
0
 မေသနပ်ခါး ● မစားကောင်းသောသစ်သီးများ
(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၁၈


(၁)
အချို့သော သစ်သီးများသည် မှည့်၏။ ဝင်း၏။ ချို၏။ အလွယ်တကူ ရယူနိုင်၏။ သို့သော် သူတပါး၏ မျက်ရည်ဖြင့် စိုက်ပျိုးထားသော သစ်သီးများဖြစ်လေ၏။ မစားကောင်းသော သစ်သီးကို ကိုယ်ချင်းစာတရားဖြင့်သာ ရှောင်ရှားရာ၏။

(၂)
ပရဟိတဆေးရုံတစ်ခု၏ ပြင်ပလူနာဋ္ဌာနတွင် ဖြစ်ပါသည်။

ဆေးခန်းအတွင်းသို့ အသက်ခြောက်ဆယ်ကျော်အရွယ် အဝတ်အစား ခပ်နွမ်းနွမ်းနှင့် လူနာအမျိုးသားတစ်ဦးဝင်လာသည်။ ကျွန်မရှေ့ထိုင်ခုံတွင် ရို့ရို့ကျိုးကျိုးဝင်ထိုင်ရင်း သူ့စာအုပ်ကလေးကို ကမ်းပေး၏။ ကျွန်မက သူယူဆောင်လာသော လူနာမှတ်တမ်းစာအုပ်ကို လှန်လှောကြည့်ရှုရင်း သူ့ကို မေးခွန်းထုတ်လိုက်မိသည်။

“ပြီးခဲ့တဲ့အပတ်ကလဲ လာပြသေးတယ်နော်။ ဒီမှာ တခြားဆရာဝန်က မှတ်တမ်းရေးထားတာတွေ့လို့။ အခုရော ဘာဖြစ်လို့လဲ။ ပေးလိုက်တဲ့ဆေးတွေနဲ့ မသက်သာဘူးလား”

ဆေးလိပ်တာရှည်သောက်ခဲ့ခြင်းကြောင့် နာတာရှည် အဆုတ်လေပြွန်ယောင်သောရောဂါနှင့် ထိုလူနာက မောဟိုက်နေသော အသံဖြင့် ပြန်ဖြေသည်။

“မသက်သာဘူးဆရာမရယ်။ ညဖက်များဆို တအားကျပ်တာ။ သလိပ်တွေလဲ ထွက်လိုက်တာ မပြောပါနဲ့”

“ပေးလိုက်တဲ့ဆေးတွေရော သေချာသောက်ရဲ့လား။ အကုန်သောက်ပြီးသွားပြီလား”

“ဒီက ပေးလိုက်တဲ့ သုံးရက်စာဆေးကတော့ သောက်ပြီးသွားပါပြီ။ ကုန်တာပဲ သုံး လေးရက်ရှိပေါ့”

လူနာကား ကျွန်မမျက်စိရှေ့တွင်ပင် ချောင်းဆိုးပြီး ရင်ကျပ်နေသည်။ သူ့ကို ကုတင်ပေါ်တက်စေပြီး အရင် စမ်းသပ်စစ်ဆေးကြည့်လိုက်သည်။ ထိုလူနာတွင် မူလအဆုတ်လေပြွန်ယောင်ရောဂါအပြင် လောလောဆယ် အဆုတ်အအေးမိပြီးပိုးဝင်နေလေပြီ။ ထို့ကြောင့်ပင် မူလရောဂါက ပိုဆိုးလာခဲ့ရခြင်းပါ။

ကျွန်မက သူ့ကို ပထမဆရာဝန် ပေးထားသောဆေးများအားနောက်တစ်ကြိမ် စာအုပ်ထဲတွင် ထပ်စစ်ဆေးကြည့်မိသည်။ ပိုးသတ်ဆေးက သာမာန်ပေးနေကျ ပမာဏထက် တစ်ဝက်လျော့နည်းနေသည်။  ထိုဆေးပမာဏမှာ လွန်ခဲ့သော အနှစ်နှစ်ဆယ် သုံးဆယ်ခန့်ကဆိုလျှင် အနေတော်ဖြစ်မည်ထင်သော်လည်း ယခုအခါ ဘက်တီးရီးယားတို့၏ ဆေးယဉ်ပါးမှုကြောင့် ထိုဆေးပမာဏက မတိုးတော့ပါ။ ထို့အပြင် ဆေးပေးသောကာလကလည်း သုံးရက်သာဖြစ်နေသည်။ တကယ်ပေးရမည်က ငါးရက်ပါ။ ထို့ကြောင့်သာ လူနာက သက်သာမလာပဲ ပိုဆိုးလာရခြင်းဖြစ်ပါသည်။

“ဆေးတွေကုန်သွားပြီး မသက်သာတာ ဘာလို့ပြန်လာမပြလဲ”

“ပြန်ပြဖို့ မပြောလိုက်တော့ ကျွန်တော် မလာရဲဘူး။ ဒီနေ့တော့ အတော် မသက်သာတာနဲ့ လာတာပါ။ ပိုက်ဆံလဲ မတတ်နိုင်လို့ အပြင်ဆေးခန်းလဲ မသွားနိုင်လို့ပါ”



သည်ဆေးခန်းမှာ တစ်ပတ်တစ်ရက် လုပ်အားအလှုအဖြစ် အခမဲ့စ,ထိုင်ပေးဖို့ လာခဲ့စဉ်က ပြင်ပလူနာဆေးခန်း၏ံဝန်ထမ်းအဖြစ် လခစားခန့်ထားသော တာဝန်ခံဆရာဝန်မကြီး၏ အမှာစကားကို နားထဲတွင် ပြန်ကြားယောင်လာမိသည်။

“ဒီမှာက အခြေခံဆေးလေးတွေလောက်ပဲ ပေးပါတယ်။ ပိုးသတ်ဆေးဆိုရင် နှစ်မျိုး သုံးမျိုးလောက်ပဲ သုံးတယ်။ အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ ဗိုက်တာမင်လေးလောက်ပဲ သုံးရင်ရပါတယ်” တဲ့။

ဘာပဲဖြစ်ဖြစ် ရှိတဲ့ဆေးစာရင်းလေးတစ်ချက်လောက် ကြည့်ပါရစေဆိုတော့ မကြည်ဖြူသောအမူအယာဖြင့် ထုတ်ပေးသည်။ လက်တွေ့တွင် သူသုံးနေသော၊ သူသုံးဖို့ပြောသောဆေးက လေး ငါးမျိုးထက် မပိုသော်လည်း သူပြသောဆေးစာရင်းကတော့ လျှောက်လွှာစာရွက် လေး ငါးမျက်နှာခန့်ရှိသည်လေ။ ပြပြီးပြန်သိမ်းသွားသော ဆေးစာရင်းကား ကျွန်မခေါင်းထဲတွင် ကျန်မနေခဲ့။ ထို့ကြောင့် ဆေးပေးတိုင်း ကိုယ့်ဖာသာကောင်တာသို့သွားပြီး ပေးလိုသောဆေးရှိ၊မရှိကိုမေးရလေသည်။ လူနာတွေကို ဆေးထုတ်ပြီးပြန်လာပြဖို့ပြောတော့ တွေ့ရသည်မှာ များသောအားဖြင့် ဆေးတွေက အရည်အသွေးညံ့သည့် တရုတ်မှလာသော ထောင်ဝင်ဗူးနှင့်ဆေးများသာဖြစ်လေ၏။ တာဝန်ခံဆရာဝန်အခန်းထဲမှ ဆေးကဒ်အကောင်းစားများမှာ မည့်သည့်အခါတွင်မှ သုံးသည်မသိ။ တချို့လူနာကတော့ မရှိသည့်ဆေး သို့မဟုတ် အရည်အသွေးစစ်မှန်သောဆေးကို ကိုယ့်ဖာသာ အပြင်မှဝယ်နိုင်ပါသည်ဆိုတတ်၏။ သို့ဆိုလျှင်မူ အဆင်ပြေလှသည်။ သို့သော် ဆေးခန်းမှဆေးသက်သက်ကိုသာ အားထားရသော အလွန်နွမ်းပါးသည့်လူနာများအဖို့ကား အရည်အသွေးမမီသောဆေးများက ရင်လေးဖွယ်ရာဖြစ်လေသည်။

ထိုဆေးခန်းတွင် လူနာကို သုံးရက်အတွက်သာ ဆေးပေးခွင့်ရှိသည်ဆိုသောကြောင့် ထိုတာဝန်ခံဆရာဝန်ကိုပင် မေးခဲ့ဖူးသည်။

“လူနာတွေကို ဘယ်တော့ ပြန်လာပြဖို့ဆိုပြီး မချိန်းဘူးလားမမ” ဆိုတော့ “ဒီမှာတော့ သုံးရက်ပေးလိုက်ပြီးတာပဲ။ ပြန်ချိန်းဖို့ မလိုပါဘူး” တဲ့။ ဒါဆို သူတို့ ဆေးပမာဏအပြည့်အဝမရသေးလျှင် ဘယ်လိုလုပ်မည်နည်း။ ဆေးယဉ်ပါးလာလျှင် ဘယ်လို လုပ်မည်နည်။ မသက်သာလျှင် ဘယ်လိုလုပ်မည်နည်း။ သူမ၏ဆိုလိုချက်ကား သုံးရက်ဆေးနှင့် မသက်သာလျှင် သူ့ဖာသာ ပြန်လာလျှင်လာ သို့မဟုတ် တခြားဆေးခန်းသွားဖို့သာ ဖြစ်ပေလိမ့်မည်။

တကယ်တော့ ကျွန်မတို့ဆရာဝန်တွေ လူနာကိုကုသရခြင်း၏အဓိကရည်ရွယ်ချက်မှာ လူနာခံစားရသမျှသက်သာပျောက်ကင်းဖို့သာ ဖြစ်လေသည်။ ဆေးကို အရည်အသွေးမှန် စံချိန် စံညွှန်းမှန် အသုံးမပြုသောကြောင့် လူနာတို့ ခံစားရသော ဝေဒနာများ မပျောက်ကင်းနိုင်သည့်အပြင် ဆေးယဉ်ပါးလာခြင်းကလည်း ပြဿနာဖြစ်လာပေလိမ့်မည်။ အလှုရှင်တို့လှုထားသော ပရဟိတဆေးခန်းရှိဆေးများမှာ နွမ်းပါးသောလူနာများအတွက်သာဖြစ်သည်။ လိုအပ်၍သုံးရခြင်းမှာ အဘယ်အကြောင်းကြောင့်များ နှမြောနေပါသနည်း။  ဆေးကားပေးသည်ဆိုရုံပေး၏။ အခမဲ့ကား ကုသည်ဆိုရုံကု၏။ ကုသမှု စံချိန်စံညွှန်းက မပြည့်မီသောကြောင့် လူနာကား မသက်သာ။ သို့ဆိုလျှင် ထိုပရဟိတ အခမဲ့ဆးခန်းတည်ရှိရခြင်း၏ဦးတည်ချက်မှာ အလကားဖြစ်ပြီမဟုတ်ပါလား။

ကိုယ်က အခမဲ့အလုပ်လာလုပ်ပေးနေပါလျက် အစကတည်းက နှစ်လိုဟန်မရှိသော သူမမျက်နှာထားကြောင့် စကားနည်း ရန်စဲ အကျယ်အကျယ် မပြောလိုသဖြင့် ကိုယ့်ဖာသာသာ ကိုယ့်နည်းကိုယ့်ဟန်သုံးရတော့သည်။ လူနာကို ပေးရမည့်ဆေးက ငါးရက်ပေးရမည်ဆိုလျှင် ဆေးကုန်လျှင် ဆက်ဆက်ပြန်လာဖို့ မှာရပါသည်။ ခက်နေသည်က ကျွန်မက တစ်ပတ်မှ တစ်ရက်တည်း လာထိုင်ပေးသူပါ။ ထိုဆရာဝန်မကြီးကတော့လခစားမို့ နေ့တိုင်းထိုင်ရသူဖြစ်လေသည်။ တခါတလေ ပြန်သာချိန်းလိုက်ရသည်။ ကျွန်မ မရှိသောရက်တွင် အဆင်မှ ပြေပါ့မလား၊ ဆေးမှ ရပါ့မလားဟု တွေးပူမိသည်။ သူတို့ဆေးကုန်လို့ ပြန်ပြရမည့်နေ့တွင် ကျွန်မကတောဖြင့် ရှိမည်မဟုတ်ဟုပြောလျှင် မျက်နှာညိုသွားတတ်သောလူနာများကိုလည်း သနားမိသည်။ သို့သော်လည်း ကိုယ် ဘာမှ မတတ်နိုင်သော အလုပ်ပေပဲကိုး။

“ကျွန်မ ပိုးသတ်ဆေး တစ်မျိုးပြောင်းပေးလိုက်မယ်နော်။ ဆေးက အားလုံးပေါင်းငါးရက်သောက်ရမှာမို့ နောက်သုံးရက်ကြာရင် ဆေးယူဖို့ ပြန်လာပြဦးနော်။ ကျွန်မနဲ့တော့ တွေ့မှာ မဟုတ်ဘူး.။ ဒီစာအုပ်ထဲမှာ ကျွန်မ ဆေးပေးဖို့ ရေးထားလိုက်မယ်”

လူနာကား ခေါင်းညိတ်သော်လည်း စိတ်မတင်မကျဖြစ်နေသော အရိပ်အယောင်ကို ယခင်လူနာတွေ ပုံစံအတိုင်း စတင်မြင်နေရလေပြီ။ လူနာကို ကြည့်ကာ နားလည်မိသောကျွန်မကား သက်ပြင်းအသာချရင်း တကယ်စိတ်ညစ်ညူးလာမိ၏။

(၃)
အလုပ်နားရက်မို့ မြို့ထဲ ဈေးဝယ်ထွက်ရင်း သူငယ်ချင်းတစ်ယောက်အိမ် ဝင်လည်ဖြစ်သည်။

“လာပါဦးသပြေရယ်။ သမီးရောက်လာတာနဲ့အတော်ပဲ။ အန်တီ့ကို ဒီိဆေးလေးတွေ ကြည့်ပေးစမ်းပါဦး။ ဘာဆေးတွေများလဲလို့”

သူငယ်ချင်း၏မိခင်ဖြစ်သူ ပေးသောဆေးကဒ်ပြားများကို ယူကြည့်လိုက်ရသည်။

“ဘာလို့လဲ အန်တီရဲ့။ ဒါက အမော်ဆီစလင်ဆိုတဲ့ ပိုးသတ်ဆေးနဲ့ ဒါက ပါရာစီတမောပဲလေ။ သောက်ဖူးတာပဲ မဟုတ်လား”

“သြော်…ဟုတ်လား။ ဈေးကြီးလွန်းလို့ အန်တီက ဘာဆေးတွေများလဲလို့။ အန်တီ အခုတလော ချောင်းဆိုးပြီး သလိပ်တွေထွက်နေတယ်ဆိုတာနဲ့ အန်တီ ရင်ကျပ်ပြနေကျ အထူးကုဆရာဝန်ကြီးက ဒီဆေးတွေ ပေးလိုက်တာ”

သူငယ်ချင်း၏မိခင်က ပြသောဆေးက ကျွန်မတို့သုံးနေကျ ဆေးများနှင့်ကုမ္ပဏီမတူ။ ထို့ကြောင့်ပင် ဈေးကြီးလေသလားဟု တွေးမိသည်။

“ဈေးကြီးတယ်ဆိုတာ ဘယ်လောက်များကြီးနေလို့လဲ အန်တီရဲ့”

“ပိုးသတ်ဆေးက တစ်ကဒ်ကို တစ်သောင်းခွဲ၊ ပါရာစီတမောလိုဆေးမျိုးက တစ်ကဒ်ကို ခြောက်ထောင်ကျော်ကျတယ်။ အဲ့ဒီ့ဆရာပေးတဲ့ဆေးတွေက အမြဲဈေးကြီးတယ်သမီးရဲ့။ ဆေးကောင်တာက ကောင်မလေးတွေကတော့ ဆရာက ဆေးကောင်းကောင်းသုံးလို့ပါတဲ့။ ဘာပဲဖြစ်ဖြစ် ဆေးဖိုးက နင့်နေတော့ သမီးရယ်။ နောင်ဆို ဆေးချင်းတူရင် ဈေးသက်သာတာလေး သမီးကို လာရေးခိုင်းမှပဲ”

ကျွန်မ အံ့အားသင့်သွားမိ၏။ ကျွန်မတို့ သုံးသော အလားတူဆေးမျိုးက ဆယ့်ခြောက်လုံးတစ်ကဒ်မှ အလွန်ဆုံး နှစ်ထောင်ပတ်ဝန်းကျင်ပါ။ ပါရာစီတမောက တစ်ကဒ်မှ လေးရာ ငါးရာပါ။ ဆေးအာနိသင်ပိုကောင်း၍လားဟု ပြောရအောင်ကလည်း ကျွန်မတို့သုံးနေကျဆေးများကလည်း သည်လိုလူနာများအတွက် ပေးနေကျပါပဲ။ ထိရောက်သည်ပါပဲ။ ဘာကြောင့်များ အမျိုးအစားချင်းတူပါလျက် သည်ဆေးတွေက သည်လောက်တောင် ဈေးကြီးနေရပါလိမ့်။

သူငယ်ချင်းအိမ်မှအပြန် ညဖက် ဖေ့စ်ဘုတ်ခ်ကိုဖွင့်ကြည့်မိတော့ တိုက်တိုက်ဆိုင်ဆိုင် ဆရာဝန်ဂရုထဲတွင် ဆရာတစ်ယောက်ရေးထားသည်ကို တွေ့ရ၏။ သူရေးထားသည်က  ထိုကုမ္ပဏီကဆေးများသည် မြန်မာနိုင်ငံထဲတွင် အိမ်နီးချင်းနိုင်ငံများထက် ဈေးတင်ထားသည်ကို တွေ့ရကြောင်းနှင့် ထိုကုမ္ပဏီမှ သူတို့၏ဆေးများကို ဈေးကြီးကြီးနှင့်များများသုံးပေးသော ဆရာဝန်ကြီးများအတွက် နှစ်ကုန်လျှင် နိုင်ငံခြားခရီးစဉ်ရှိသည်ဟူ၏။ သြော်…ထိုခရီးစဉ်အတွက် ကုန်ကျစားရိတ်ကာမိစေရန် ဆေးတွေကို ဈေးတင်ထားခြင်းပေပဲဟု နားလည်လိုက်ရသည်။ ခရီးစဉ်အတွက်က မည်မျှကုန်ကျသည်မသိ။ ဆေးတစ်ကဒ်လျှင် ခွန်နှစ်ဆမှ ဆယ်ဆလောက် အမြတ်တင်ထားသောဆေးများကို လူနာများက ဝယ်ယူကာ နိုင်ငံခြားကုမ္ပဏီကို လုပ်ကျွေးနေခြင်းသက်သက်သာ ဖြစ်နေတော့သည်။ ဈေးကွက်စီးပွားရေးခေတ်၏ ဆေးလောက မက်လုံးများကြားတွင် တကယ်လှိမ့်ခံနေရသည်က လူနာများပါတကား။



(မှတ်ချက်- ယခု ဤစာကိုရေးနေချိန်၌မူ ဖေ့စ်ဘုတ်ခ်ပေါ်မှ ဂယက်ကြောင့် ထိုကုမ္ပဏီမှ ဆေးများဈေးကျဆင်းလာပြီဟု သိရှိရသည်။ ကျဆင်းလာသည့်တိုင် ဆေးရုံတစ်ခုနှင့်တစ်ခုပင် ဈေးမတူကြချေ။ ထိုကုမ္ပဏီမှဆေးများကို စွဲစွဲမြဲမြဲပေးတတ်သော အထူးကုတို့ထိုင်သောဆေးရုံများတွင် ထိုဆေးများက ယခင်လောက် ဈေးမကြီးသော်လည်း သူများဆေးရုံတွေထက် ဈေးကြီးနေဆဲပင်။)

(၄)
ပရဟိတဆေးခန်းတစ်ခုတွင် ဖြစ်သည်။

“လူနာက အသည်းနည်းနည်းကြီးနေတယ်။ အရင်က အရက်လဲ အရမ်းသောက်ခဲ့တယ်။ အခု အစာလဲ သိပ်မဝင်ဘူး။ ပိန်လဲ သွားတယ်ဆိုတော့ ကျွန်မ ဆေးနည်းနည်းစစ်ချင်ပါတယ်။ အသည်းရဲ့လုပ်ငန်းကိုသိဖို့ သွေးနည်းနည်းစစ်မယ်။ အာလ်ထရာဆောင်းလို့ခေါ်တဲ့ တယ်လီဗွီးရှင်းဓာတ်မှန်ရိုက်မယ်။ သည်လောက်တော့ လုပ်ပေးနိုင်တယ်မို့လား။ ဒီဆေးခန်းမှာ စစ်တာက အပြင်ထက် အများကြီးသက်သာပါတယ်။ သုံးတဲ့ပစ္စည်းဖိုးလောက်ပဲ ပေးရတာပါ”

ကျွန်မက လူနာရှင်ကို ဘာ့ကြောင့် စစ်ဆေးဖို့လိုသည်။ ဘယ်လောက်ကုန်ကျမည်ကို အကျေအလည်ရှင်းပြနေခဲ့သည်။ လူနာရှင်က တစ်ချက်စဉ်းစားရင်း

“တစ်ခုပဲ အရင်စစ်လို့ ရမလားဆရာမ” ဟု ပြန်မေး၏။ သူသည်လိုမေးကတည်းက ငွေကြေးအခက်အခဲရှိသည်ကို မပြောလည်း သိပါသည်။

“တစ်ခုတည်း အရင်စစ်မယ်ဆိုရင်တော့ တယ်လီဗွီးရှင်းဓာတ်မှန်ပဲ အရင်ရိုက်ပါ။ အဲ့ဒီမှာ တစ်ခုခုတွေ့ရင် သက်ဆိုင်ရာဆေးရုံကို လွှဲပေးပါ့မယ်” ဟု ကျွန်မက ညှိုနှိုင်းပေးတော့ သူတို့ သဘောတူ၏။ ဆင်းရဲနွမ်းပါးလွန်းသောကြောင့် ဈေးဆစ်ရခြင်းကို နားလည်ပေးသောကြောင့် ကျေးဇူးတင်ဟန်ပြသည်။

ထိုလူနာပြန်ထွက်သွားတော့ ကျွန်မအတွေးများက တိုက်တိုက်ဆိုင်ဆိုင် အတိတ်ဆီ ပြန်ရောက်သွားခဲ့၏။ အဖေ့တွင်ရှိသော အသည်းအဆီဖုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတို့အတွက် ပုံမှန်ပြသနေရသော အထူးကုဆရာဝန်ကြီးက တစ်နှစ်တစ်ခါ ဆေးမှန်မှန်စစ်သည်။ ထိုဆရာဝန်ကြီးက ဆေးစစ်ခါနီးဆိုလျှင် စစ်ရမည်များကို စစ်စေလိုသောဓာတ်ခွဲခန်းစာရွက်တွင် တသီတတန်းကြီး အမှတ်ခြစ်ကာ ဆေးစာရေးပေးထားလေ့ရှိခဲ့သည်။ ကျွန်မမှာ ထိုစဉ်က အလုပ်သင်ဆရာဝန်သာရှိသေး၏။ တစ်ကြိမ်တွင်တော့ သူရေးပေးထားသော ဓာတ်ခွဲခန်းသို့ အဖေ့ကို လိုက်ပို့ရန်အချိန်မရ၍ နီးစပ်ရာ ဆေးရုံဓာတ်ခွဲခန်း၌ပင် စစ်ပေးလိုက်မိသည်။ သွားပြချိန်တွင် စစ်လာသော အဖြေစာရွက်များကို သူ့လက်ထဲအထည့်၌့် မျှော်လင့်မထားသော၊ အလွန်အံ့သြဖွယ်ကောင်းသော ဖြစ်ရပ်က ဖြစ်ပွားခဲ့သည်။

ဆရာဝန်ကြီးက စစ်လာသမျှ ဓာတ်ခွဲခန်းအဖြေလွှာများကို ဒေါသတကြီး အောက်သို့ပစ်ချလိုက်ခြင်းပါ။

“ဘာလို့ ဒီဆေးရုံမှာ သွားစစ်သလဲ။ အဲ့ဒီက မမှန်လို့ သေချာ ဒီဓာတ်ခွဲခန်းသွားပါရေးထားတာကို”

ဆောင့်ကြီးအောင့်ကြီး သူ့အပြောကြောင့် ကျွန်မ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ကြောင်သွားခဲ့သည်။ ပြီးမှ အကျိုးအကြောင်းရှင်းပြတောင်းပန်တော့ နောက်တစ်ကြိမ် သူပြောသောဓာတ်ခွဲခန်းတွင် ပြန်စစ်ရမည်ဟု ဆိုကာ ပြန်ရေးပေးလိုက်လေ၏။ ထို့ကြောင့် အဖေ့ခမြာ နှစ်ကြိမ်အသားအနာခံ သွေးဖောက်ခံခဲ့ရသည်။ ငွေလည်း နှစ်ဆကုန်လေသည်။ သို့သော် ထွက်လာသောအဖြေမှာ အားလုံးအတူတူပင် ဖြစ်လေ၏။

ထိုအကြောင်း ဆေးရုံတွင် သူငယ်ချင်းများကို ပြန်ပြောပြမိတော့မှ နားလည်ခဲ့ရသည်မှာ ဆရာဝန်ကြီးတို့နှင့် အချိတ်အဆက်ပြုလုပ်ထားသော ဓာတ်ခွဲခန်းများမှသာ သူတို့အတွက် ထိုက်သင့်သောကော်မရှင်ရမည်ဆိုသည်။ ပို၍ဆိုးသည့်သတင်းကား ထိုဆရာဝန်ကြီးမှာ သူလွှတ်သော ဓာတ်ခွဲခန်း၏ပိုင်ရှင်ဖြစ်နေသည်ဆိုခြင်းပင်။

(၅)
သည်နေ့တော့ အမျိုးတစ်ယောက် အရိုးခွဲစိတ်မှုပြုရသည်ဆို၍သူ့အိမ်သို့ သတင်းမေးသွားခဲ့သည်။ သူ ပုဂ္ဂလိကဆေးရုံတွင်တက်နေသော ဆယ်ရက်ခန့်အတွင်းတွင် ကျွန်မက ရှမ်းပြည်ဖက် ခရီးထွက်နေသောကြောင့် တစ်ခေါက်မှ ဆေးရုံသို့မရောက်ဖြစ်ခဲ့။ ကျွန်မ ခရီးမှ ပြန်လာချိန်တွင် သူက ဆေးရုံဆင်းနှင့်ပြီ။ ထို့ကြောင့် သူ့အိမ်သို့သာ သွားခဲ့ရတော့သည်။ ဖြစ်ကြောင်းရယ်ကုန်စင် ပြောကြဆိုကြမေးကြမြန်းကြရင်း ဆရာဝန်လာသည်ဆိုတော့ ထုံးစံအတိုင်း ရှိရှိသမျှ ဆေးများ၊ စစ်ဆေးချက်များ ထုတ်ကာ ပြသလေတော့သည်။ ဖတ်ခိုင်းလေတော့သည်။

သူ စိတ်ကျေနပ်စေရန် ဟိုဟိုသည်သည် လှန်လှောကြည့်ရှုရင်း တစ်နေရာတွင် ထူးဆန်းတာတစ်ခု တွေ့မိသွား၏။

“ဟင် ချူပ်ရိုးဖြည်တာ ခွဲခန်းထဲမှာလား။ ဘာဖြစ်လို့လဲ။ ခွဲခန်းထဲမှာ ဘာတွေလုပ်ပေးလို့လဲ”

ကျွန်မက မေးမိတော့ လူနာဖြစ်သူက ပြောချင်လျက် လက်တို့ဖြစ်သွားသည်။

“ဘာမှ အထွေအထူးမလုပ်ပေးပါဘူး။ ချူပ်ရိုးကို ကတ်ကျေးကိုက်ရုံပါပဲ။ ဘာလို့ ခွဲခန်းထဲမှာ ချူပ်ရိုးဖြည်တယ်ဆိုတာ အစ်ကိုလဲ သိချင်နေတာ။ ချူပ်ရိုးကလဲ ကောင်းလျက်သားနဲ့လို့။ ပြဿနာများရှိလို့လားလို့ တာဝန်ကျသူနာပြုကို မေးတော့ ဆရာကြီးက ဒီလိုပဲ ဖြည်တယ်တဲ့”

“အဲ့ဒီတော့ ဘယ်လောက်ကုန်သွားလဲ”

ကျွန်မက ပွင့်ပွင့်လင်းလင်းမေးတော့ သူက မပွင့်တပွင့်ပြုံးပြရင်း ပြန်ဖြေသည်။ သူ့အပြုံးကို ဓာတ်ခွဲကြည့်ရလျှင် မချိပြုံးဟု အမည်တပ်ရမည်ထင်ပါသည်။

“ဆရာကြီးချူပ်ရိုးဖြည်တာက နှစ်သောင်းပဲ ကျပါတယ်။ ဒါပေမယ့် ဆေးရုံက ခွဲခန်းနဲ့လူတွေ ပစ္စည်းတွေ သုံးခက ရှစ်သောင်းကျတယ်”

အလိုလေး…ဘုရားရေ။ ထင်ထားသည်ထက် အဆပေါင်းများစွာ ပိုသာသော ကုန်ငွေကြောင့် ကျွန်မအံ့သြသွားခဲ့သည်။ သည်လောက်ချူပ်ရိုးက လူနာအခန်းထဲတွင်ပင် ဗန်းပြင်ခိုင်းပြီး ဖြည်ပေးလို့ရသည်ပဲ။ ဘာကြောင့်များ ပုံကြီးချဲ့နေခဲ့ပါလိမ့်။ သူရနိုင်မည့် အခကြေးငွေနှစ်သောင်းနှင့်တကွ ဆေးရုံမှရမည့်ကော်မရှင်ကို စဉ်းစားမိဟန်တူသည်။ သူရသည်က သောင်းဂဏန်း၊ လူနာကုန်သွားသည်က သိန်းဂဏန်းဆိုသည်ကိုမူသတိပြုမိဟန်မတူပေ။ ဆေးရုံပိုင်ရှင်နှင့်အထူးကုတို့အကြား နားလည်မှုများအတွက် ခံစားရသူမှာ လူနာများသာဖြစ်လေတော့သည်။



(၆)



“ငါတော့ဖြင့် အဲ့ဒီ့နှလုံးသွေးကြောကျဉ်းရောဂါဆိုတာကြီး မုန်းလွန်းလို့ပါ သပြေရယ်”

တစ်ရပ်ကွက်တည်းနေ အမျိုးသမီးမိတ်ဆွေတစ်ဦး မိန်းမရောဂါဖြင့် ခွဲစိတ်ခံရသည်ဆိုတော့ လူနာသတင်းမေးရန် သူမတက်သည့်ပုဂ္ဂလိကဆေးရုံပေါ် ရောက်လာခဲ့သည်။ သူမက သားအိမ်ထုတ်ရန်ခွဲစိတ်ခံခဲ့ရသော်လည်း မူလကတည်းက ကုသမှုခံယူနေရသည့် နှလုံးသွေးကြောကျဉ်းရောဂါကလည်း ရှိနေသည်။ မခွဲခင် သေချာအောင် နှလုံး၏ခံနိုင်ရည်ကို စစ်ဆေးပြီး နှလုံးအထူးကုဆရာဝန်ကြီးမှ ခွင့်ပြု၍သာ ခွဲစိတ်ခွင့်ရခဲ့ခြင်းဖြစ်လေသည်။ သာမာန်လူတစ်ယောက် ခွဲစိတ်ခြင်းထက် ပိုအလုပ်ရှုပ် ပိုအချိန်ကြန့်ကြာ ပိုစိတ်ပူခဲ့ရခြင်းကို နားလည်မိသည့်အလျောက် ကျွန်မက သူ့ကို နှစ်သိမ့်လိုက်ရသည်။

“အခုခွဲပြီးသွားပြီပဲမမရယ်။ နှလုံးလဲ အိုကေနေတာပဲ မဟုတ်လား။ ဘာတွေ စိတ်ညစ်နေရပြန်တာလဲ”

“ငါ စိတ်ညစ်ရတဲ့အကြောင်းရင်း ညည်းမသိသေးလို့ပါအေ။ သိရင် ရယ်ဦးမှာ”

သူမပြောကာမှ ကျွန်မ ပိုစိတ်ဝင်စားသွားတော့သည်။

“ပြောပါဦးမမရဲ့။ ဘယ်လောက်ရယ်ရလို့လဲ။ ကျွန်မက တော်ရုံတန်ရုံလောက်တော့ မရယ်တတ်ဘူးနော်”

“ဘာဖြစ်မလဲ သပြေရဲ့။ ဟိုနှလုံးအထူးကုဆရာဝန်ကြီးဟာလေ”

“အင်းလေ။ ပြောပါဦး။ သူက ဘာဖြစ်လို့လဲ။ အရင်ကလဲ မမ ပြနေကျဆရာကြီးပဲ မဟုတ်လား”

“အေးလေ။ ပြတော့ ပြနေကျပါပဲ။ ခက်တာက သူက လုံးဝမမှတ်မိဘူး”

“သြော်မမရယ်။ သူတို့က တစ်နေ့ တစ်နေ့ လူနာအများကြီး ကြည့်နေတာ။ ဘယ်မှတ်မိပါ့မလဲ”

“မမှတ်မိဘူးဆိုတာ အဲ့ဒါပြောတာ မဟုတ်ဘူးအေ့။ အစ်မကို ခွဲပေးတဲ့ အိုဂျီက နေ့တိုင်း လာကြည့်ချင်မှ ကြည့်တာ။ ပြဿနာရှိရင် ဆေးရုံက ဖုန်းဆက်မှာ ဆိုတော့ သူက အမြဲမလာဘူး။ ခွဲရမယ့် လူနာကလဲ များတာကိုး။ ဒါပေမယ့် အဲ့ဒီ့ဆရာကြီးကတော့ အချိန်မှန်ပဲ ညနေစောင်းရင် ပေါ်လာတော့တာပဲ”

“အင်းလေ။ မှန်မှန်လာကြည့်တော့ ကောင်းတာပေါ့။ မမနှလုံးက ပြဿနာလေး နည်းနည်းရှိတော့ သူ လာကြည့်တာ ကောင်းတာပဲလေ”

“အစ်မ ပြောတာ အဲ့ဒါပေါ့။ သူက လာသာလာတယ်။ အစ်မ ဘာနှလုံးရောဂါရှိတာလဲ။ ဘာခွဲထားတာလဲ။ ဘယ်နှစ်ရက်မြောက်လဲ။ သူ လုံးဝ စိတ်မဝင်စားဘူး။ တာဝန်ကျ ဆရာဝန်လေးတွေက အတင်းလိုက်ပြောပြတာတောင် သူက လက်ကာပြီး ပြဿနာမရှိရင် မပြောနဲ့တော့တဲ့။ ဒါက နေ့တိုင်း ဒီလိုဖြစ်နေတာနော်။ နောက်နေ့တွေလည်း သူ မမှတ်မိဘူး။ စိတ်မဝင်စားဘူး။ ခုတင်ဘေးရပ်ကြည့်ပြီး ပြန်ထွက်သွားလိုက် တခါတလေ နားကျပ်နဲ့ ရင်ဘတ်ကို ထောက်တယ်ဆိုရုံလေးထောက်လိုက်နဲ့ ပြန်ပြန်သွားတာ။ အစ်မက တွေးတယ်။ ဒါဆိုလဲဘာလို့ နေ့တိုင်း လာသေးလဲလို့။ အဲ့ဒါနဲ့ မနေ့ကတော့ အစ်မလဲ ချောင်းနည်းနည်းဆိုးလာတုန်း သူလာတော့ ချောင်းတော့ဆိုးနေတယ်ဆရာကြီး။ ချောင်းဆိုးရင် ခွဲတဲ့နေရာက နာတယ်ပေါ့ ပြောပြလိုက်တယ်။ အဲ့ဒီတော့ သူက ဘာပြန်ပြောတယ်မှတ်လဲ။ အိုဂျီကို ပြောပါတဲ့။ သူနဲ့မဆိုင်ဘူးတဲ့”

“အဲ့ဒီတော့…” ကျွန်မက သူမ ဆက်ပြောဖို့ ထောက်ပေးလိုက်သည်။

“အိုဂျီက ညဖက်လာတော့ ဆေးပေးသွားပါတယ်။ ဒါပေမယ့် အစ်မ မရှင်းတာက အဲ့ဒီ့ဆရာကြီး မှန်မှန်လာကြည့်ရတဲ့ ရည်ရွယ်ချက်ပါ။ လူနာအကြောင်းတောင် နားမထောင်ချင်ပဲ ပြဿနာမရှိရင် ပြီးရောဆိုရင် ပြဿနာရှိမှ သူ့ကို လှမ်းအကြောင်းကြားခိုင်းလဲ ရတာပဲ မဟုတ်လား။ သူ ခုတင်ဘေးမှာ တစ်ခါရပ်ရင် အစ်မက အရည်မရအဖတ်မရ ငွေတစ်သောင်းထွက်နေတာလေ။ အစ်မလေ သူ ခုတင်ဘေးမှာရပ်လိုက်တိုင်း ရင်ဘတ်ထဲ အောင့်ကနဲ အောင့်ကနဲ တမျိုးကြီးပဲ။ အရင်က ဘာမှ ဆိုးဆိုးရွားရွားမဖြစ်တဲ့နှလုံး နေ့တိုင်း နှလုံးဆရာဝန်ကြီး တွေ့နေရတော့မှပဲ အခြေအနေဆိုးလာတော့မယ် ထင်ပါရဲ့”

သူမက နောက်ဆုံးစကားကို ကျွန်မရယ်ဖို့ တမင် ဟာသပြောသည်ထင်သည်။ သို့သော် သူမ စကားသာဆုံးသွားသည်။ ကျွန်မမှာ ရယ်ဖို့ ဝေးစွ။ နှုတ်ခမ်းတွန့်ရုံပင် ပြုံး၍ မရခဲ့ပါ။ ရင်ထဲမှာ အမျိုးအမည်မသိသော ဝေဒနာက ဖိစီးကျန်ရစ်သည်။ မကုမဖြစ်လို့ ပုဂ္ဂလိကဆေးရုံတက် ဆေးကုသမှုခံယူနေရသော်လည်း အချိန်နှင့်အမျှ ကုန်ကျစားရိတ်ကို တွက်ချက်နေရသော လူလတ်တန်းစား လူနာတို့၏ဘဝကို အမှန်ပင် စာနာသနားမိပါသည်။ တခါတရံမှာ တချို့လူတွေအတွက် မဖြစ်စလောက်ဟု ထင်သောဝင်ငွေသည် တချို့လူတွေအတွက်တော့ ဖြစ်လောက်နေသည့် ထွက်ငွေပင် မဟုတ်ပါလား။

 (၇)
အချို့သော သစ်သီးများသည် မှည့်၏။ ဝင်း၏။ ချို၏။ အလွယ်တကူ ရယူနိုင်၏။ သို့သော် သူတပါး၏ မျက်ရည်ဖြင့် စိုက်ပျိုးထားသော သစ်သီးများဖြစ်လေ၏။ မစားကောင်းသော သစ်သီးကို ကိုယ်ချင်းစာတရားဖြင့်သာ ရှောင်ရှားရာ၏။    ။

 (မေသနပ်ခါး)

ကာတွန်း ကဝိရဲ့ သိုင်းသင်ထားပါ

$
0
0

ကာတွန်း ကဝိရဲ့ သိုင်းသင်ထားပါ
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၈

ဆောင်းယွန်းလ ● လူပျောက်ကြော်ငြာ

$
0
0

ဆောင်းယွန်းလ ● လူပျောက်ကြော်ငြာ
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၈

လူဟာ
အိမ်ထဲမှာမရှိဘူး
လမ်းပေါ်မှာလည်း ပျောက်နေတယ်
မျက်နှာစာအုပ်ထဲမှာလည်းပေါ်မလာခဲ့ဘူး

လူပျောက်ကြော်ငြာထည့်လိုက်ရမလား

လူအိမ်ပျောက်ဆုံးခြင်းသတင်းဟာ
ရေးလက်စ ကဗျာထဲမှာပါလာတယ်
နှစ်၂၀ ကျော်လောက်ပျောက်သွားခဲ့ပြီး
အခေါက် ၂၀ လောက်ပြန်ပေါ်လာလိုက်
အကြိမ်၂၀ လောက်ပြန်ပျောက်သွားလိုက်နဲ့

ငုပ်ကောင်ဟာ
ကုလားပုံဖဲချပ်လေးနဲ့  ပြန်ပေါ်လာမှာလား
ဘရန်ဒီနဲ့ ဝီစကီပုလင်းထဲမှာ ဆက်ငုပ်နေဦးမှာလား

တစုံတယောက်သော
မင်းသူငယ်ချင်းဟာ
သူ့ကဗျာစာအုပ်ပျောက်သွားလို့
မင်းကို ရှာပုံတော်ဖွင့်နေလေတယ်

ကျောက်ပန်းတောင်းသား
ပြည်မှာဆောင်းကို အဆိုရောအတီးရောကောင်းတဲ့
အကိုကြီးတယောက်ကတော့
နှစ် ၃၀ အကြာမှာ မျက်နှာစာအုပ်ထဲပြန်ပေါ်လာတယ်
သူ့အမည်မှန် ကိုတင်ဝင်းဆိုတဲ့အတိုင်းနဲ့
နဂိုရုပ်ကို ပုံမဖျက်နိုင်ရှာလေတော့
ဖမ်းရလွယ်တာပေါ့ကွာ

လွှတ်တော်ထဲမှာတော့
ဒီမိုကရေစီအတွက် မဲခွဲပြီးဆုံးဖြတ်ကြတယ်တဲ့

ဘုရားသုံးဆူညတချို့ကို ပြန်ရဖို့အတွက်
ငါတို့က ဘာကိုခွဲရမှာလဲ

ဘာမှခွဲစရာမရှိရင် ဗုံးခွဲမယ်
စိမ်းလန်းသော ဆေးခြောက်များဟာ
ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ကောင်းမွန်စေပါသည်တဲ့။

ဆောင်းယွန်းလ

မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၆) စက်တင်ဘာ ၁၅ရက်

$
0
0


မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၆) စက်တင်ဘာ ၁၅ရက်
K (မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၈

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၆)ကို ရန်ကုန်မြို့ အမှတ်(၁၇၃/ ၁၇၅) ပန်းဆိုးတန်းတာဝါ-အခန်း အမှတ်(၆၀၁) ပန်းဆိုးတန်း လမ်း(အလယ်)ရှိ မြန်မာနိုင်ငံကာတွန်း ဆရာများအသင်း ရုံးခန်းမှာ စက်တင်ဘာ ၁၅ရက်နေ့ နေ့လယ် ၁ နာရီမှ ၃နာရီထိ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ ကာတွန်းပညာမျှဝေခြင်းအစီအစဉ်(၅)မှာ ဟောပြောမျှဝေမယ့်ကာတွန်းဆရာက ကာတွန်းအာကာ ဖြစ်ပြီး ဟောပြောမယ့်အကြောင်းအရာခေါင်းစဉ်ကတော့ ကာတွန်းအစုံသုတ် ဖြစ်ပါတယ်။

ကာတွန်း မျှဝေခြင်းအစီအစဉ်နဲ့ပတ်သက်ပြီး ကာတွန်းအာကာက “ ကာတွန်းအစုံသုပ်ဆိုတာ ပြောချင်တဲ့ခေါင်းစဉ်လေးပါ. . . .မဂ္ဂဇင်းခေတ်က. .ကာတွန်းနဲ့ရပ်တည်ခဲ့ပေမယ့်. . .လမ်းကြောင်းတစ်ခုထဲပေါ်မရပ်တည်နိုင်ကြပါဘူး။ ခုလဲ ဒီလိုပါပဲ. . .ဒီဇိုင်းလဲလုပ်ရတယ် သရုပ်ဖော်လဲရေးကြရတယ်။ လုပ်ချင်တဲ့ကလေးကော့မစ်နဲ့ ကာတွန်းက ရပ်တည်ဖို့ခက်တော့ တစ်ဖက်က ရစရာလေးတွေကို ကျားကန်ပြီး အဲ့ဒါလေးတွေကို ရေးကြရတယ်။ ဒါပေမယ့် ကာတွန်းကနေတော့ သွေဖီမသွားပါဘူး. . . ကာတွန်းဆရာလုပ်တဲ့ ဒီဇိုင်း ကာတွန်းဆရာ ရေးတဲ့ သရုပ်ဖော်ပါပဲ။ ဒါကြောင့်. . ကာတွန်းအစုံသုပ်လို့ ခေါင်းစဉ်ပေးပါတယ်။ အဲ့ဒီကာတွန်းအစုံသုပ် အကြောင်းလေး ကျနော်ဖြတ်ခဲ့သန်းခဲ့သလောက် နဲနဲကာလကို လာပြီးနားထောင်ဆွေးနွေးဖို့ အားလုံးကို. . . ဖိတ်ပါတယ်ခင်ဗျ.”လို့ သူရဲ့လှုမှုကွန်ရက်ကနေ ရေးးသားပြောဆိုထားပါတယ်။

ကာတွန်းအာကာဟာ စာနယ်ဇင်း၊ မီဒီယာများမှာ တကွက်ကာတွန်းများ၊ သရုပ်ဖော်ကာတွန်းများရေးဆွဲလျက်ရှိပါတယ်။

ယခုကာတွန်းပညာမျှဝေခြင်းအစီအစဉ်က (၆)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယခင်အစီအစဉ်များမှာ ကာတွန်း ဦးငွေကြည်၊ ကာတွန်းကျော်သူရှိန်၊ ကာတွန်းမြေဇာ၊ ကာတွန်း အောင်ဇေယျ၊ ကာတွန်းတင်အောင်နီတို့က ဟောပြောဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းလူမှုကွန်ရက်စာမျက်နှာမှာလည်း ကာတွန်းချစ်သူများ မည်သူမဆို လာရောက် နားထောင်ပြီးသိလိုသည်များကိုလည်း အပြန်အလှန် မေးမြန်းဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ဦးဝင်းတင်ဖောင်ဒေးရှင်း နိုင်ငံရေးအကျဉ်သားများအတွက် အလှူငွေပေးအပ်

$
0
0

ဦးဝင်းတင်ဖောင်ဒေးရှင်း နိုင်ငံရေးအကျဉ်သားများအတွက် အလှူငွေပေးအပ်
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၈

NLD Democracy ခေတ် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြတဲ့အထဲက ဦးမိုးရန်နိုင်၊ ဦးကျော်စိုးဦး၊ ဦးသက်ဦးမောင်တို့နဲ့ စစ်အစိုးရခေတ် နိုင်ငံရေးအကျဉ်သားဟောင်းများကို ဦးဝင်းတင်ဖောင်ဒေးရှင်းက အစဉ်အလာမပျက် အားပေးထောက်ပံ့တဲ့ အခမ်းအနား ကျင်းပခဲ့ကြပါတယ်။






မိုးမခ၀ိုင်းတော်သားများကလည်း နှစ်စဉ်လှူဒါန်းနေကျ အလှူငွေနဲ့အတူ မိုးမခစက်တင်ဘာမဂ္ဂဇင်း၊ ဒေါ်ခင်မျိုးချစ်ရဲ့ သတင်းစာလောက၊ ဒေါ်မာမာအေးရဲ့ ဆောင်းပါးစာအုပ်များကို သွားရောက် လက်ဆောင်ပေးအပ်ခဲ့ကြပါတယ်။





ဆန်ဖရန်မှာ မင်းကိုနိုင်နဲ့ အော်ပီကျယ် စာပေဟောပြောမည် - စက်တင်ဘာ ၁၅

$
0
0

ဆန်ဖရန်မှာ မင်းကိုနိုင်နဲ့ အော်ပီကျယ် စာပေဟောပြောမည် - စက်တင်ဘာ ၁၅
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၈

ရပ်နီး ရပ်ဝေး စာပေချစ်သူတွေကို ဖိတ်ကြားလိုက်ပါတယ်။

K ငြိမ်းချမ်း- ပြန်ကာသာတွေး မြန်ပြည်အရေးတွေးကာသာပူသူ(သို့မဟုတ်) ပြည်သူ့တေးသံရှင် ...

$
0
0

ပြန်ကာသာတွေး မြန်ပြည်အရေး တွေးကာသာပူသူ (သို့မဟုတ်) ပြည့်သူ့တေးသံရှင် (ဒေါ်)မာမာအေး

K ငြိမ်းချမ်း
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၈

စက်တင်ဘာ ၂၅ ရက်ဆိုရင် မြန်မာပြည်သမိုင်းမှာ ဒုတိယအထင်ရှားဆုံး အရေးအခင်းကြီးတခုဖြစ်တဲ့ ရွှေဝါရောင်သံဃာ့ အရေး အခင်းကြီး ဖြစ်ပွားခဲ့တာ ၁၁ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါ  တယ်။ ၂၀၀၇၊ စက်တင်ဘာရက်နေ့တွေမှာ ပခုက္ကူမြို့ကလေးမှာ သံဃာ နှစ်ပါးကို လက်နက်ကိုင်အုပ်စုက ဓာတ်တိုင်ကြိုးတုတ်ရိုက်ရာကနေ သံဃာတွေစုဝေးးပြီး ပတ္တနိုက္ကုဇ္ဖနကံ  ဆောင်ရာမှ ရန်ကုန်၊ မန္တလေးနဲ့အခြားမြို့ကြီးတွေမှာ သံဃာ့အရေးတော်ပုံတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင်အရေးအခင်းကြီးကတော့ ကမ္ဘာက စောင့်ကြည့်စုတ်သပ်နာကြည်းခံပြင်းခဲ့ကြတာ အပြင်း ထန်ဆုံးဖြစ်ခဲ့ကြတာပေါ့။ အဲဒီတုန်းက ရန်ကုန်အခြေ အနေစစ်မြေပြင်ကြီးကို DVB သတင်းဌာနက ရိုက်ကူးတင်ဆက်မှုနဲ့အတူ သီချင်းတပုဒ်ကလည်း တွဲလျက်ပါလာခဲ့ပါတယ်။ မေတ္တာပို့သနေတဲ့ သံဃာတွေနဲ့ဝန်းရံပေးတဲ့ လူထုကို စစ်မြေပြင်သဖွယ် ချေမှုန်းနှိမ်နင်းပုံတွေကို မျက်ရည်လည်အောင်ကြည့်နေရပြီး သီချင်းသံကလည်း ရင်ထဲအသည်းထဲက လိုက်ဆိုမိတဲ့အထိ ဖြစ်ခဲ့ကြတာ မှတ်မိကြဦးမယ်ထင်ပါတယ်။

အဲဒီသီချင်းကို သီဆိုခဲ့သူကတော့ မြန်မာ့သီချင်းတွေသီဆိုရာမှာ အောင်မြင်ကျော်ကြားခဲ့တဲ့အဆိုတော်ကြီး (ဒေါ်)မာမာအေး ဖြစ်ပြီး သီချင်းနာမည်ကတော့ အသည်းနာ ကမ္ဘာမကျေ အမည်ရတဲ့သီချင်းဖြစ်ပါတယ်။

“သံဃာတော်တွေ သွေးမြေကျရပြီတဲ့…တကြော်ကြော် ဟစ်ကြွေးကြတာများ…..မကြားချင်ပေါင်……. ပူလောင်ခံစား….ပင်လယ်ဖြစ်သွား….မျက်ရည်များ
တနေ့တနေ့နဲ့အသက်တွေ.........ပေးဆပ်ခဲ့ရ ကြာရှည် .….ဗမာပြည်သူဆွေ…အဆုံးထိ တိုက်မယ့် ခိုက်မယ့်ဇွဲထက်လေ…..
အာဇာနည်တွေ......ကောင်းရာရောက်မယ် .….အမှန်မသွေ ဗုဒနှုတ်ခြွေ .….၀ိနည်းအတိုင်းလိုက်ပေ…..သပိတ်မှောက်ကံထိုက်တဲ့ နအဖတို့ဂြိုဟ်မွှေ
လက်နက်လည်း မပါပေ......မေတ္တာပို့ဝေ ...အသက်ပေးခဲ့ကြသလေ……..”

အဖြစ်အပျက်တွေကလည်း မျက်ရည်ကျတောက်ခေါက် သီချင်းရှင်ကလည်း နာကြည်းခံပြင်းစွာသီဆိုထားတော့ စစ်အစိုးရက ဖုံးဖိဖို့ကြိုးစားလို့မရအောင် ကမ္ဘာသိဖြစ်ခဲ့ရပါတော့ တယ်။

ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ရဲ့စစ်အစိုးရကာလများမှာ အနုပညာရှင် အတတ်ပညာရှင်တွေဟာ ပြည်တွင်းမှာနေထိုင်စဉ်လည်း ဖိနှိပ်တင်းကျပ်မရတော့ ထောင်ချ၊ ထောင်က ထွက်တော့လည်း စောင့်ကြည့်မှုတွေကြောင့် တော်တော်များများ ပညာရှင်တွေ ဟာ အခြားတိုင်းပြည်တွေထိ သွားရောက်နေထိုင်ခဲ့ကြရပါတယ်။ ကျောက်စိမ်း၊ ကျွန်းသစ်နဲ့ တွင်းထွက် သယံဇာတတွေလောက် သာ ရောင်းစားပြီး တိုင်းပြည်ရတနာလို့သတ်မှတ်တဲ့စစ်ဝါဒီများကြောင့် လူရတနာ၊ ပြည့်လည်ဆွဲတွေဟာ ကိုယ့်တိုင်းပြည်မဟုတ် တဲ့ အရပ်ဒေသတွေမှာ တချို့ဆို ကွယ်လွန်ကုန်ပြီဖြစ်ပါတယ်။

စာပေ၊ ဂီတ၊ ရုပ်ရှင်အစရှိတဲ့ အနုပညာရှင်တွေထဲက ဒိုရာသန်းအေး၊ ကြေးမုံဦးသောင်း၊ မောင်စွမ်းရည်၊ တင်မိုး၊ မောင်သာရ၊ ဝင်းဖေ၊ မာမာအေးတို့ဟာ ကိုယ်မြေကိုယ့် ရေမဟုတ် ဘဲအခြားတိုင်ပြည်မှာ နေထိုင်ခဲ့ရတဲ့အချိန်ကာလတွေ ရှိခဲ့ပါတယ်။ ဒီအထဲကမှ ဒိုရာသန်းအေး၊ ဆရာတင်မိုး၊ ဆရာမောင်သာရတို့ဟာ အမိမြေကိုလွမ်းဆွတ်ရင်း ကွယ်လွန်ခဲ့ကြတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်ပါတယ်။

ယခုစာအုပ်ကတော့ ပြည်သူ့အဆိုတော်ကြီး (ဒေါ်)မာမာအေး ပြည်ပမှာနေထိုင်စဉ် ရေးသားခဲ့တဲ့စာစုတွေကို စုစည်းပြီး ဒေါ်မာမာအေးရဲ့၇၅ နှစ်ပြည့် စိန်ရတုမွေးနေ့ကိုရည်ရွယ်ပြီး မိုးမခ အင်အားစုက ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

ပြန်ကာသာ ရှေ့နောက်တွေးလို့အမည်ပေးထားပြီး စာအုပ်မှာ ကဗျာ၊ သီချင်း၊ ဆောင်းပါး၊ ပြန်လည်အောက်မေ့ချက်တွေဖြစ်တဲ့ ပြန်ကာသာ ရှေ့နောက်တွေးအစရှိတဲ့ စာစုတွေ ပါဝင်ပါတယ်။ ကဗျာကဏ္ဍမှာ ကိုယ့်ခရီးမှာ၊ မမရှင်သို့၊ လွတ်လပ်ပြီးရင် လွတ် လပ်အောင်၊ အမိမြေသို့၊ အရှိုချင်းပေါင်း၊ အမှတ်တရ ဗိုလ်ချုပ်(၁၉၁၅-၁၉၄၇)၊ မင်္ဂလာ၊ နာဂစ် ငါ မချစ်တော့ဘူး၊ အဝိုင်းလေး က ပိတောက်ပန်းနဲ့စိန်ပန်း၊ စကားလက်ဆောင်၊ သပြေသက်သေ၊ အဖေ့ဓား၊ ငယ်စိတ်၊ ဒေါင်းသွေးပါပဲ၊ ကိုကြီးမိုးသို့၊ မုန်းတယ် မေတ္တာပို့၊ ရှစ်သူငယ် ချင်းမအတွက်၊ ရွှေရတု ဇာဂနာသို့၊ မောင်ကြီးဆရာပါသို့၊ ကိုကြီးမိုးသို့ ၂၀၁၂ တမ်းစာ၊ သစ္စာဦးကဗျာ၊ ကိုယ့်အထင်၊ နှစ်သစ်ဆုတောင်း၊ ကိုကြီးမိုးရေ၊ ဒီဇင်ဘာအလွမ်း၊ ၁၃၇၀ သင်္ကြန်ကဗျာ၊ တနှစ်အကြာပြန်လာ ပါ၊ မာမာအေး မေ့ပါဘူး၊  အမေအတွေး၊ မစိုးရိမ် အလွမ်း၊၂ နှစ်ပြည့် ကဗျာမိုး အမှတ်တရ အစရှိတဲ့ကဗျာ ၃၂ ပုဒ်ပါဝင်ပါတယ်။

သီချင်းကဏ္ဍမှာတော့ နိုင်ငံရေးသီချင်းများဖြစ်တဲ့ အသည်းနာ ကမ္ဘာမကျေ၊ သံဃာကို အလေးပြုပါတယ်၊ မဲရုံဆီသို့ ကန့်ကွက်စို့၊ သက်ရှည်ကျန်းမာဖို့ လှူကြစို့၊ သားမေမေ၊ မေတ္တာစုံရေ၊ ငြိမ်းချမ်းမြေမှာ ပျော်ပါစေ သီချင်း ၇ ပုဒ် ပါဝင်ပါတယ်။

ဆောင်းပါး ၇ ပုဒ် ပါရှိပြီး တုံးကျော် “ဘ” ဖြစ်ပါစေသော်၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြောချင်တဲ့စကားများ၊ မေတ္တစာ အပြန်ကမ်းပါရဲ့၊သုမောင်ကွယ်လွန်ခြင်း ဝမ်းနည်း မှတ်တမ်း၊ မောင်လေးရေ သွားတော့ သွားတော့၊ ၂၀၁၁ မြန်မာနှစ်သစ်ကူး မာမာအေးဆုတောင်း၊ ကျောင်းအလှူကြော်ငြာတို့ဖြစ်ပါတယ်။

စာအုပ်ရဲ့ခေါင်းစဉ်ဖြစ်တဲ့ ပြန်ကာသာ ရှေ့နောက်တွေးဆိုတဲ့ အောက်မေ့တသစာစုမှာတော့ ၁ ကနေ ၁၇ ထိပါရှိပြီး ဘဘ ဦးသုခ၊  ဥင်္ီးကြည်မောင်၊ ဒိုရာသန်း၊ ဂီတစာဆိုကိုလေးညွှန့်၊ ဗန်းမော်ညိုနွှဲ့နဲ့ ရွှေဝါရောင်အကြောင်းတွေကိုရေးသားထားပါတယ်။

မြန်မာ့သံအဆိုတော်ကြီး (ဒေါ်)မာမာအေး စာရေးတယ်ဆိုတာကို မသိတဲ့သူတွေကတော့ သူရဲ့အတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ရှု ကြည့်စေချင်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ လေးမာအမည်နဲ့ ကဗျာ၊ သီချင်းများရေးသားခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ သိုးကလေးမေမေဆိုတဲ့ လုံချင်းဝတ္ထုကို ရေးသားခဲ့တာဖြစ်ပါတယ်။

ဆောင်းပါးနဲ့ပြန်လည်အောက်မေ့ခြင်း ပြန်ကာသာ ရှေ့နောက်တွေး၁မှ ၁၇အထိမှာ စကားပြောဟန်နဲ့ သီချင်းဆိုသလို ရေးသား ထားတာကို ဖတ်ရှုရမှာဖြစ်ပါတယ်။ သီချင်းဆို သလိုဆိုတာက ရှိုက်ရမယ့်နေရာမှာ ရှိုက်ပြီး၊ တရမယ့်နေရာ တဆိုထားလို့ဖြစ်ပါ တယ်။  ဒီကဏ္ဍမှာ စာချစ်သူများအတွက် ထူးခြားချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ကွယ်လွန်သူ ပြည်သူ့ ဘက်က ဗိုလ်ချုပ်ဟောင်းတယောက်ဖြစ်တဲ့ ဦးကြည်မောင်အကြောင်းပဲ ဖြစ်ပါတယ်။

ဘဘဦးကြည်မောင်ရဲ့နိုင်ငံရေးဖြတ်သန်းမှု၊ ယုံကြည်ချက်၊ ရပ်တည်ချက်များကို ရေးသားထားတဲ့ စာအုပ်စာတမ်းတွေ ရှိပြီးဖြစ် သော်လည်း ဒေါ်မာမာအေးရေးသား ပြောဆိုထား တာက ဦးကြည်မောင်ရဲ့လူမှုဘ၀စိတ်နေစိတ်ထား၊ အနုပညာချစ်စိတ် ကြီး မားခဲ့ပုံများကို ရေးသားထားတာဖြစ်ပါတယ်။

“ဦးကြည်မောင်ဟာ အနောက်တိုင်းမှာ တင်ဆက်ပုံမျိုးဖြစ်တဲ့ “အော်ပရာ”ပုံစံမျိုး ပြဇာတ်နှစ်ခု တင်ဆက်ပြသဖို့ ကြိုးစားခဲ့ဖူး သူဖြစ်ပါတယ်။ နောက်ခံတီးလုံးက နိုင်ငံတကာ ဓာတ်ပြားများထဲက အသံတွေချည်းဖြစ်ပါတယ်။ ပထမတစ်ခုနာမည်က “ကောဠိယ မြို့တံခါး” တဲ့ရှင့်။ ကပြသူများက စကားမပြောဘဲ အမူအရာဟန်နဲ့သာ သရုပ်ဆောင် ကပြခဲ့ကြပါတယ်။ ဇာတ်လမ်းက ရာဇ၀င်လို့ပြောရမှာပါပဲ။ ဂဏစနစ်နဲ့စုပေါင်းအုပ်ချုပ်ကြတဲ့လစ္စ၀ီမင်းတွေ ညီညွတ်ကြလွန်းလို့ တခြားတိုင်း ပြည်သားပုဏ္ဏားက တစ်ပါးနဲ့ တစ်ပါး စိတ်ဝမ်းကွဲအောင် ကြားဝင်ဂုံးချောတာမှာ မြို့တံခါးဖွင့်နိုင်သွားတာကြောင့် ကိုယ့်တိုင် ပြည် သူများလက် ပါရတဲ့အကြောင်း အဆင့်မြင့် ပြသခဲ့ခြင်းပါ။”

နောက်ပြဇာတ်နာမည်က ‘တရားလိုသက်သေ မနန်းမေ’ပါတဲ့ရှင့်။ တရားခွင်တခုက ဆွဲချ(ရှေ့နေ)နဲ့သက်သေထွက်ဆိုတဲ့အမျိုးသမီး အဓိကတင်ဆက်သွားတာပါ။ အဲဒီကျတော့ လေယူလေသိမ်း စကားအတင်အချတွေနဲ့ချည်း ကပြသွားတဲ့ ဇာတ် မျိုးပါ။ နောက်ခံတီးလုံးကလည်း လေသံမာရင် မာသလိုမြင့်သွား၊ နွဲ့ရင် နွဲ့သလိုအေးသွား ဖြစ်စေတဲ့ အနောက်နိုင်ငံက ဂီတသံတွေနဲ့ပဲ အတိအကျ ပံ့ပိုးထားပါတယ်။ အသံတွေကို စကားအကိုက် နာရီအကိုက် ချိန်ထားပြီး အသံသွင်းထားတဲ့ အတွက် ကတဲ့သူတွေက အပိုစကား အပိုသရုပ်ဆောင်ဖြည့်လို့ မရနိုင်ပါဘူး။

အဲဒီပြဇာတ်နှစ်ထုပ်ကို နိုင်ငံတော်ရဲအဖွဲ့က တည်ထောင်ထားတဲ့ကာလပေါ်တီးဝိုင်းနဲ့ ရဲပြဇာတ်အဖွဲ့က လူတွေနဲ့ သူ ကိုယ် တိုင်သင်ကြားပေးပြီး ကခိုင်းခဲ့တာပါရှင်။ ရဲပြဇာတ် အဖွဲ့မှာ အဆိုတော် ရုပ်ရှင်နဲ့ပြဇာတ်မင်းသားမြင့်စိုးတို့လည်း ရှိနေပါ တယ်။ ဇာတ်ဟန်တွေပါမှာစိုးလို့ မကခိုင်းပါဘူး။ တကယ့်အစိမ်းသက်သက်တွေကိုပဲ ကခိုင်းခဲ့ပါတယ်။ ပြင်ပကနာမည်ကြီး ပြဇာတ် မင်းသမီး၊ မင်းသား ရုပ်ရှင်မင်းသမီးမင်းသား အဆိုတော်တွေလည်း အများအပြားပေါ်ပေါက်နေတဲ့ကာလမှာ ဖြစ်ပေမယ့် အကူအညီတောင်းခြင်း စေခိုင်းခဲ့ခြင်း လုံးဝမရှိခဲ့ပါဘူး။ သူ့သဘောကတော့ သူများအချိန်တွေကို မတရား မလိုချင်ဘူးတဲ့။ ဒီအလုပ်လုပ်စားတဲ့သူကို ဘာတစ်ပြားမှ မချီးမြှင့်ဘဲနဲ့ မေတ္တာနဲ့ချည်းခိုင်းလို့ ဘယ်ဖြစ်မှာတုန်း၊ လူ တစ်ယောက်အောင်မြင်ဖို့ရာ အများကြီး အချိန်တွေ ရင်းထားခဲ့ရတာကို နားလည်ပေးရမှာပေါ့တဲ့ရှင်။ (စာ-၁၂၃)

အနောက်တိုင်းစစ်ဌာနချုပ်ကို ဦးလေးတာဝန်ယူရတဲ့အခါမှာတော့ ပုသိမ်မြို့ အခုတည်ရှိနေတဲ့နေရာမှာ ဘာအဆောက် အအုံမှ မရှိပါဘူးရှင်။ အဲဒါကိုမှ စောစောကရေးခဲ့တဲ့ ဗိသုကာပညာရှင်များ ဦးစီးရေးဆွဲစေပြီး သူကိုယ်တိုင် ကြပ်မတ် ကြီးကြပ်ဆောက်လုပ်ခဲ့ပါတယ်။ ကျမတို့မြင်နေကျ စစ်တပ်ဆိုတာ ရိုးရိုးတန်းလျားတွေ မဟုတ်လား။

အနောက်တိုင်းက နေသားတကျ  အလှအပလည်းဖြစ်စေနိုင်တဲ့ အဆောက်အဦးမျိုးတွေမို့ ကွာမှာပါပဲ။ သူ့ရဲဘော်တွေ ဘယ်လိုနေသင့်ထိုင်သင့်တယ်ဆိုတဲ့စေတနာမျိုးပေါ့ရှင်။ တိုင်းပြည်ဘဏ္ဍာချွေတာစေချင်လို့တဲ့။ သူများလို သီးခြားအ၀ယ် တော်ပွဲစားတွေ မသုံးခဲ့ပါဘူး။ (စာ-၁၂၅)

ဦးလေးဟာ သူနိုင်ငံ့တာဝန်က အနားယူလိုက်ချိန်မှာ ကျမရောက်သွားတော့ အပြီးအပိုင်တားခဲ့တယ်။ ‘ကိုယ့်ကြောင့် မင်းတို့ အငြိုးခံရနိုင်တဲ့အတွက် နောက်လာမတွေ့ပါနဲ့’ လို့ပြောခဲ့ပါတယ်။ ကျမကလည်း လိုက်နာခဲ့တယ်။

တစ်ခါမှာ ဦးလေး အပါအ၀င် တပ်မတော်အငြိမ်းစားလူကြီးများကိုဆိုင်ရာကခေါ်သွားခဲ့ကြောင်းနဲ့ပြန်ရောက်တဲ့အကြောင်း ကျမတပည့်တစ်ယောက်က လာပြောတယ်။ ဘာမှမ သိဘဲနေခဲ့ရတဲ့ကျမ  ချက်ချင်းထလိုက်သွားပါတယ်။ တကယ်ဆို ကျမအိမ်နဲ့ ဦးလေးအိမ်ဟာ ၅မိနစ်သာလျှောက်ရင် ရောက်တာပါ။ မလာရအမိန့်ကြောင့် ခါတိုင်းတစေ နာထောင်ခဲ့သော် လည်း ဒီတစ်ချီ ဇွတ်သွားတွေ့မိတယ်။ တွေ့တော့လည်း ၀မ်းပန်းတသာပြောနေတာပါပဲ။ “ဦးလေး နိုင်ငံရေး လုပ်တော့မှာ လား၊” ကျမအမေးစကားဟာ ဒါပါပဲ။
မလုပ်သေးပါဘူး။ ခုဟာက ကိုယ်တို့မိတ်ဆွေတစ်စု တစ်လတစ်ကြိမ် စုပြီး တိုင်းပြည်အကြောင်း တိုးတာဆုတ်တာတွေ ပြောရင်း ထမင်းစားကြတာပါ။ ဘာလို့မေးတာလဲ တဲ့။
ကျမက ဦးလေးနိုင်ငံရေးလုပ်ရင် ကျမလည်း ပါဝင်မယ်လို့ ပြောတာကို အပြောမခံဘူး။ “ကိုယ့်အလုပ် ကိုယ်လုပ် ကြိုးစား၊ ကိုယ့်ဘဝကြောင်း မပျက်စေနဲ့။ ပြန်တော့ နောက် မလာခဲ့နဲ့တဲ့”။ သူဟာ ဂီတချစ်တဲ့သူလေ။ ကျမကို ဒီကိစ္စမှာ မပါစေချင် ဘူး။ (စာ-၁၃၀)

ခု ကောက်နုတ်ဖော်ပြခဲ့တာတွေကတော့ (ဒေါ်)မာမာအေးရေးသားတဲ့ ပြန်ကာသာ ရှေ့နောက်တွေးဆောင်းပါးတွေထဲက စစ်ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထူထောင်သူတဦးဖြစ်တဲ့ ဘဘ ဦးကြည်မောင်အကြောင်းတွေ ထဲကဖြစ်ပါတယ်။ ရှေးဖြစ်နောက်ဟောင်းတွေဆိုသော်လည်း မသိမီလိုက်တဲ့လူငယ်များအတွက် သမိုင်းဆိုင်ရာအချက် အလက် များ ဖြစ်စေပါတယ်။

စာအုပ်မှာ ပါဝင်တဲ့စာစုအများစုကတော့ (ဒေါ်)မာမာအေးဟာ ၁၉၉၀ ကျော်ကာလတွေမှာ  အမိမြေကို ပြန်လည်ခြေချခွင့် စစ် အစိုးရက တားဆီးပိတ်ပင်ခြဲ့ပီးနောက် ရေခြားမြေခြားမှ အမိမြေရဲ့သတင်းတွေမြင်နေကြားနေရာက ပြန်လည်ခံစားတုန့်ပြန်မှု အနုပညာများလို့လည်း ဆိုနိုင်ပါတယ်။ အမိမြေအပေါ်ထားတဲ့ ၇၅နှစ်အရွယ် တေးသံရှင်ကြီးရဲ့ကဗျာတပုဒ်နဲ့ စာအုပ်ညွှန်းဆိုမှုကို ရပ်နားလိုက်ရပါတယ်။

ကဗျာအမည်က လွတ်လပ်ပြီးရင် လွတ်လပ်အောင်ဖြစ်ပါတယ်။

အမေ ဗမာ                                                        
ကိုယ်လည်း ဗမာ
ကိုယ့်နားမှာလည်း ဗမာ
အားလုံး တို့ ဗမာ
ဗမာတွေ စု
သာဓုခေါ်လို့ချည်း မပြီး
လွတ်လပ်ပြီးရင် လွတ်လပ်
ကျေချင်းကပ် ရင်ချင်းကပ်
တို့အချစ်တွေ ပေါင်းစပ်
မျိုးချစ်စိတ်နဲ့ ရပ်    ။           ။ 


ဝုမ်လျံစန်း/Myanmar Now - အကောင့်တုများကို MM Social ဖယ်ရှားမည်ဟုဆို

$
0
0

အကောင့်တုများကို  MM Social ဖယ်ရှားမည်ဟုဆို
MM Social ကို အဆိပ်အတောက်ကင်းသည့် ၀န်းကျင်အဖြစ် ဖော်ဆောင်သွားမည်ဟု တည်ထောင်သူက ကတိပြုထားသည်။

ဝုမ်လျံစန်း/Myanmar Now
စက်တင်ဘာ ၁၃၊ ၂၀၁၈
MM Social လူမှုကွန်ရက် စာမျက်နှာကို စတင် အသုံးပြုရန် ၎င်း၏ လိပ်စာဖြစ်သော http://mmsocial.net သို့ သွားလျှင် အထက်ပါပုံကို တွေ့ရမည်ဖြစ်သည်

(ရန်ကုန်) — မြန်မာလူမှုကွန်ရက် MM Social မှ အကောင့်အတုများကို ယခုသတင်းပတ်တွင် စတင်ဖယ်ရှားတော့မည်ဟု  တည်ထောင်သူ ကိုရန်နိုင်မြင့်က Myanmar Now ကို ပြောသည်။

အကောင့်အတု သေချာရင်တော့ ၎င်းသက်ဆိုင်ရာအကောင့်ကို ဖျက်ဆီးသွားမှာပါ။ မသေချာတဲ့အခြေအနေ ဆိုရင်တော့  ယာယီ ပိတ်လိုက်မှာဖြစ်ပြီး ထပ်မံ Verify လုပ်ခိုင်းမှာပါဟု ၄င်းက Myanmar Now ကို ပြောသည်။

MM Social တွင် အကောင့်တုများ တွေ့ရှိနေသည်ဟု တည်ထောင်သူက ၀န်ခံခဲ့သော်လည်း အရေအတွက် အတိအကျကို စိစစ်နေသည်ဟု ဆိုသည်။

ကိုရန်နိုင်မြင့်ကို Facebook မှတစ်ဆင့် ဆက်သွယ်မေးမြန်းရာ သူက  အကောင့်တုရှင်းလင်ရေးလုပ်ငန်းကို အနာဂတ်တွင် ပိုမိုအာရုံစိုက်မည်ဟု ပြောသည်။

မှားယွင်းပိတ်သိမ်းခံရသည့် ဖြစ်ရပ်မျိုး ဆိုလျှင် ကြိုတင် အသိပေးထားသည့် Email လိပ်စာ သို့မဟုတ် ဖုန်းနံပတ်တို့မှတစ်ဆင့် လွယ်လွယ်ကူကူ အကြောင်းကြားနိုင်မည်ဖြစ်ပြီး ပိုင်ရှင်မှန်ကန်ကြောင်း အထောက်အထားပြနိုင်ပါက ၎င်းအကောင့်ကို ပြန်လည်အသုံးပြုခွင့်ပေးမည်ဟုလည်း တည်ထောင်သူထံမှ သိရသည်။

စက်တင်ဘာ ၈ရက်က စတင်မိတ်ဆက်ခဲ့ပြီးနောက် ရက်အနည်းငယ်အတွင်း စမ်းသပ် သုံးစွဲသူ ၁၀,၀၀၀ အထိ ရှိလာသည့်  မြန်မာလူမှုကွန်ရက် MM Social ကို အဆိပ်အတောက်ကင်းသည့် ပတ်ဝန်းကျင်တစ်ခု အဖြစ် ဖော်ဆောင်သွားမည်ဟုလည်း တည်ထောင်သူ ကိုရန်နိုင်မြင့်က ပြောသည်။

အမုန်းစကား မူဝါဒကို ရေးသားထားပြီးသားပါ။ အမုန်းစကားဆိုပေမယ့် MM Social ရဲ့  အမုန်းစကား ကန့်သတ်မှုက မြန်မာတွေရဲ့ ယဉ်ကျေးမှု ထုံးတန်းအစဉ်အလာတွေနဲ့ ကိုက်ညီတဲ့ ကန့်သတ်မှုတွေ ဖြစ်လာမှာပါဟု ၄င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက် အသုံးပြု သွေးထိုးလှုံ့ ဆော်မှုများရှိကြောင်း ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးသံတမန် ယန်ဟီးလီနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက် ရှာဖွေရေး အဖွဲ့ ခေါင်းဆောင် Marzuki Darusman တို့က မေလအတွင်းက သတိပေးခဲ့သည်။

အဆိုပါစွပ်စွဲချက်များထွက်ပေါ်လာပြီးနောက် အပြင်းအထန်ဝေဖန်ခံခဲ့ရသည့် Facebook သည် အမုန်းတရား တားဆီးရေးအတွက် အလေးထား ဆောင်ရွက်ခဲ့ရသည်။

ပစ်မှတ်ထားပိတ်ဆို့သည့် အစီအစဉ်အတွင်း Facebook သည် အကောင့်တချို့ကို အွန်လိုင်းမှ ဖယ်ရှားခဲ့သည်။

ဤအတောအတွင်း ဆိုရှယ်မီဒီယာ နေရာသစ်ကို ရွေးချယ်သူတို့သည် လတ်တလော ပေါ်ပေါက်လာသော ပြည်တွင်းဖြစ် MM Social ထက် ရုရှားနိုင်ငံမှ VK ကို ပိုမို အသုံးပြုနေကြသည်။

##

ခင်နှင်းဝေ/Myanmar Now - ခွင့်ပြုချက်မကျသဖြင့် မန္တလေးမှုခင်းကျဆင်းရေး ဆွေးနွေးပွဲ ဖျက်သိမ်း

$
0
0

ခွင့်ပြုချက်မကျသဖြင့် မန္တလေးမှုခင်းကျဆင်းရေး ဆွေးနွေးပွဲ ဖျက်သိမ်း
  

ခင်နှင်းဝေ/Myanmar Now 

(မိုးမခ) စက်တင်ဘာ ၁၃၊ ၂ဝ၁၈

မန္တလေးလုံခြုံရေးကို သရော်ထားသည့် ကာတွန်းများ

(မန္တလေး) — မြို့ လည်ခေါင်လူသတ်ပွဲများအပါအဝင် မြို့ တွင်း ဖြစ်ပွားနေသည့် မှုခင်းများ အဆုံးသတ်စေရန် ဒေသခံ အထင်ကရ စာရေးဆရာများ ဦးဆောင်သည့် “မန္တလေးလူထုလုံခြုံမှုရေးရာ တွေ့ဆုံဆွေးနွေးပွဲ” ကို ယနေ့ (စက်တင်ဘာ၁၃တွင်) ပြုလုပ်ရန်စီစဉ်ထားရာ အစိုးရက ခွင့်ပြုချက် မချပေးသဖြင့် ဖျက်သိမ်းလိုက်ရသည်။
ညီပုလေး၊ နေဝင်းမြင့်၊ ဆူးငှက် စသည့် စာရေးဆရာများ၊ သံဃာများ၊ တက္ကသိုလ် ပါမောက္ခများ၊ ဆရာဝန်များ၊ ကုန်သည်များနှင့် လူမှုအသင်းများက   ၃၁ လမ်း သကျသီဟ ဘုရားဝန်းအတွင်း ဆွေးနွေးရန် စီစဉ်ထားခဲ့ကြသည်။

ပွဲကျင်းပနိုင်ရန် ရပ်ကွက်၊ မြို့ နယ်၊ ခရိုင်နှင့် တိုင်းအဆင့်အစိုးရအရာရှိများကို ခွင့်ပြုချက် တောင်းခဲ့သော်လည်း ပြန်လည် အကြောင်းမပြန်ခဲ့ကြောင်း၊ ဆွေးနွေးပွဲ လက်ခံကျင်းပပေးသည့်
ဓမ္မာရုံ၏ဂေါပကအဖွဲ့က သက်ဆိုင်ရာ ဌာနတစ်ခုခု၏ ခွင့်ပြုစာပါမှ တံခါးဖွင့်ပေးမည်ဟု ဆိုသောကြောင့် ဆွေးနွေးပွဲပျက်ခဲ့ရကြောင်း ပွဲစီစဉ်သူများက ပြောသည်။

လူသိများသည့် စာရေးဆရာ ညီပုလေးက မငြိမ်းချမ်းသည့် နယ်စပ်ဒေသများတွင် တွေ့ကြုံနေရသကဲ့သို့ မန္တလေးမြို့ တွင်လည်း
“ကိုယ့်အထွာနဲ့ကိုယ် မငြိမ်းချမ်းသလိုခံစားနေရတယ်"ဟု ဆိုသည်။

သတင်းထောက်များနှင့် တွေ့နေသော စာရေးဆရာ ညီပုလေး

ပွဲဖြစ်မြောက်ရေးတာဝန်ခံ ဦးတင်ကိုကိုဦးကလည်း လုံခြုံရေး အစီအစဉ်များ ကျေနပ်ဖွယ် မရှိသေးဟု ပြောသည်။

"အခုဆိုရင် သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူတွေက ပတ်ကင်းအဖွဲ့တွေနဲ့ သူတို့ တာဝန် ထမ်းဆောင်နေတာတွေ တွေ့ပါတယ်ခင်ဗျ။ ဒါပေမဲ့ သူတို့ ဘယ်နှစ်နှစ် ပတ်နိုင်မှာလဲ။ အဲဒီလိုပတ်တာနဲ့ရော ပပျောက်သွားနိုင်မယ် အာမခံပါသလား။ ကျွန်တော်တို့ အမြင်မှာလုံလောက်မှုမရှိသေးဘူး"ဟု
ဦးတင်ကိုကိုဦးက ပြောသည်။
မန္တလေးမြို့ တွင်းဖြစ်ပွားခဲ့သည့် အမှုအခင်းတို့သည် မူးယစ်ဆေးဝါးများနှင့် ဆက်နွယ်ကြောင်း ယူဆထားပြီး အဆိုပါပြသနာကို ဖြေရှင်းရန် သြဇာရှိသည့် မြို့ ခံများစုဝေးကြခြင်းဖြစ်ကြောင်း ကဗျာဆရာစံငြိမ်းဦးက ပြောသည်။
မကြာသေးမီက မန္တလေးမြို့ တွင် အုပ်စုဖွဲ့ ရန်ပွဲများ၊ လူသတ်ပွဲများနှင့် ခိုး၊ ဆိုး၊ လု၊ နှိုက် မှုခင်းများကြောင့် မြို့ လုံခြုံရေး အာရုံစိုက်ခံခဲ့ရသည်။
ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ သုံးလကြာမြင့်မည့် မှုခင်းလျော့ကျရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစီမံချက် (သိန်းငှက်စစ်ဆင်ရေး) ကို ဆောင်ရွက်နေပြီး နှစ်လတာ ကာလအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၈၇ မှု ရှိခဲ့ပြီး  သံသယတရားခံ ၁၃၉ ဦး ဖမ်းမိခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး The Voice သတင်းဌာနက စက်တင်ဘာ ၁ဝ တွင် ရေးသားခဲ့သည်။



ရဲရင့်သက်ဇွဲ ● မီးဝေးချိတ်

$
0
0
 ရဲရင့်သက်ဇွဲ ● မီးဝေးချိတ်
(မိုးမခ) စက်တင်ဘာ ၁၃၊ ၂၀၁၈

ကြေကွဲစရာ
မိုးကောင်းကင်တခုတည်းရဲ့အောက်မှာ
ဘဝတွေက
ရေခြား … မြေခြား
ဖြေသိမ့်စရာ စကား
ရှားပါးလို့  နေလေရဲ့ ….။

မင်းရှိတဲ့ အရပ်က မြင်ရတဲ့
ကောင်းကင် လမင်း ကြယ်စင်နဲ့ 
ငါရှိတဲ့ အရပ်က မြင်ရတဲ့
ကောင်းကင် လမင်း ကြယ်စင်
အတူတူပါကွဲ့ ….။

ငါတို့  …..
ဘဝတခုအတွက်
အိပ်မက်ဖူးတွေ ခူးခဲ့ကြဘူးရဲ့ 
အိပ်မက်က နိုးထ
မျက်ရည်စတွေနဲ့  ကြေကွဲကြရ ….။

ဝေးကွာခြင်းရဲ့ အတွင်းမှာ
စိတ်တွေက ခံတွင်းပျက်
အမြင်အာရုံတွေက ဖျားချင် နာချင်
အလွမ်းတွေ အန်ချလိုက်တဲ့အခါ
ငါ့မာနမှာ
ဆွေးမြေ့မှုအန်ဖတ်တွေ ပေကျံလို့ …..။

ယူဇနာပေါင်းများစွာက လာတဲ့အသံ
အချစ်ရဲ့နိဂုံး
အမုန်းဆိုလား … …
ငါ့နှလုံးသားက သဲ့သဲ့ကြားရ
တခဏမှာ
ဘယ်သူမှ မတတ်နိုင်
ဘယ်သူမှ ဘာမှ မတတ်နိုင်တော့ဘူး
တတွတ်တွတ် ရေရွတ်မြည်တမ်း
အိမ်ထောင်တခု ပျက်သုဉ်းချင်းရဲ့တမ်းချင်းထဲ
ဝေဒနာ သေရွာပါပြီပဲ……။

ကြေကွဲစရာ
မိုးကောင်းကင်တခုတည်းရဲ့အောက်မှာ
ဘဝတွေက
ရေခြား … မြေခြား … … …။

(သူငယ်ချင်းတဦးရဲ့  ရင်ဘတ်ထဲသို့ ဝင်ကြည့်ခြင်း)
ရဲရင့်သက်ဇွဲ

ဖြိုးသီဟချို/Myanamr Now - သေနတ်သမားကြည်လင်း၏ စာအုပ်တွင် အောင်ဝင်းထွန်းဖုန်းနံပတ် ရှိနေ

$
0
0

သေနတ်သမားကြည်လင်း၏ စာအုပ်တွင် အောင်ဝင်းထွန်းဖုန်းနံပတ် ရှိနေ

လေဆိပ်လုပ်ကြံမှု သံသယတရားခံအောင်ဝင်းထွန်းက   ကြည်လင်း ရေးမှတ်ထားသည့် ဖုန်းနံပတ်မှာ ၎င်းယခင်က အသုံးပြုခဲ့သည့် နံပတ်အဟောင်းဟု ထွက်ဆိုသည်။

ဖြိုးသီဟချို/Myanamr Now
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၈

၂၀၁၈ စက်တင်ဘာ ၁၃ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် တွေ့ရသော 


အောင်ဝင်းထွန်း (ဓာတ်ပုံ - ဖြိုးသီဟချို/Myanamr Now) 


(ရန်ကုန်) —    ရှေ့နေကြီး ဦးကိုနီကို ပစ်ခတ်လုပ်ကြံခဲ့သူ သေနတ်သမားကြည်လင်း၏  နေအိမ်မှ သိမ်းဆည်းရမိသော မှတ်စုစာအုပ်ထဲတွင် အောင်ဝင်းထွန်း၏ ဖုန်းနံပတ် ရေးမှတ်ထားခြင်းနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၃ တရားခွင်တွင် စစ်ဆေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် စိုင်းလျားကျေးရွာရှိ ကြည်လင်း၏နေအိမ်တွင် တွေ့ရသော မှတ်စု စာအုပ်တွင် အောင်ဝင်းထွန်းတို့ ဇနီးမောင်နှံ၏  ဖုန်းနံပတ်များ ရှိနေရခြင်းအကြောင်းကို မြောက်ပိုင်း ခရိုင်တရားရုံး ဥပဒေအရာရှိက မေးမြန်းခဲ့ခြင်းဖြစ်သည်။

အောင်ဝင်းထွန်းက ထိုနံပတ်မှာ  ယခင်က အသုံးပြုခဲ့ဖူးသည့် နံပတ်အဟောင်းဖြစ်ကြောင်း၊ ကြည်လင်းထံ မည်သို့ ရောက်ရှိနေသည်ကို မသိရှိကြောင်း ပြန်လည်  ဖြေကြားခဲ့သည်။

အောင်ဝင်းထွန်းမှာ ရှေ့နေကြီး ဦးကိုနီလုပ်ကြံရာတွင် အနီးကပ်စီစဉ် ညွန်ကြားသည်ဟု စွပ်စွဲခံထားရသည့် အောင်ဝင်းဇော်ကို ကားမောင်းပို့ဆောင်ခဲ့ခြင်းကြောင့် တရားခံအား လွတ်မြောက်အောင် ကြံစည်မှုဖြင့် တရားစွဲခံထားရသူဖြစ်သည်။

အသက် ၅၀ကျော်အရွယ်ရှိသည့် အောင်ဝင်းထွန်းက ၎င်းသည် ဧရာဝတီတိုင်းဒေသကြီးတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်ရန် ဘန်ဂလိုဆောက်လုပ်နေပြီး ဦးကိုနီလုပ်ကြံခံရသည့် နေ့က ရန်ကုန်တွင်မရှိကြောင်း တရားခွင်တွင် ထွက်ဆိုထားသည်။

ဦးကိုနီ လုပ်ကြံခံရပြီး နောက်တစ်ရက်အကြာဘားအံမြို့အဝင်တံတားတွင် ၎င်းတို့ညီအစ်ကိုနှစ်ဦး ဖမ်းဆီးခံရပုံနှင့် ပတ်သက်ပြီးလည်း ကာကွယ် ပြောဆိုခဲ့သည်။

ကရင်ပြည်နယ်သို့ သွားရောက်ရခြင်းမှာ အလှူတန်းပြုလုပ်ရန်အတွက် ဘားအံမြို့ရှိ တောင်ကလေး ဆရာတော်ထံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ညီဖြစ်သူ အောင်ဝင်းဇော်ကို မော်တော်ယာဉ် ကူမောင်းပေးရန် ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ၎င်းက တရားခွင်တွင် ထွက်ဆိုထားသည်။

တရားခံအား လွတ်မြောက်အောင် ကြံစည်မှုမှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် ၅နှစ်ထိ ချမှတ်နိုင်သော ပြစ်မှု ဖြစ်သည်။

သူသည် အင်းစိန်အကျဉ်းထောင် အတွင်းမှ ကြည်လင်း၊အောင်ဝင်းဇော်၊ဇေယျာဖြိုးတို့နှင့်အတူ တစ်နှစ်ကျော် တရား ရင်ဆိုင်ခဲ့ပြီးနောက် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့ ရုံးချိန်းတွင် မြောက်ပိုင်းခရိုင်တရားရုံး အထူးခုံရုံးက  အာမခံပေးလိုက်သည်။

အောင်ဝင်းထွန်း၏ ရှေ့နေ ဦးအောင်ခိုင်က ထိုဖုန်းနံပတ်များမှာ ကြည်လင်းကို အောင်ဝင်းဇော်က ပေးထားခြင်းဖြစ်ပြီး ၎င်း၏ အမှုသည်နှင့် ဆက်စပ်ခြင်းမရှိကြောင်း တရားခွင်မှ အထွက်တွင် ပြောသည်။

#






Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>